Unicode
********
အနက်ရောင်တွေအများဆုံးအသုံးပြုထား
သည့် မာန့် အလုပ်ခန်းထဲတွင် ဘုန်းမင်း နဲ့
မြတ်သူ တို့နှစ်ယောက် ပရောဂျက်တစ်ခု
အတွက်ခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေ
ကြသည် ။ ထိုအချိန် မာန် ကတော့အလုပ်
စားပွဲမှာ Laptop တစ်လုံးနဲ့စရင်းတစ်ချို့
ကိုစစ်ဆေးနေလျှက်...။
အလုပ်ထဲကိုအာရုံစိုက်နေပေမယ့် မာန်
စိတ်တွေက Baby ဗိုက်သားလေးပေါ်က
ထိုးဖဲ့ခံထားရသည့်ဒဏ်ရာကိုသာထပ်ခါ
ထပ်ခါပြန်တွေးနေမိသည် ။ Baby ငတုံး
လေးက သူ့ကိုသက်သက်အနိုင်ကျင့်လိုက်
တယ်ဆိုတာတောင်မသိရှာ..။
Baby ကိုအဝတ်လဲပေးတဲ့အချိန် အဲ့ဒီဒဏ်
ရာကိုမြင်လိုက်တုန်းက မာန် အဲ့ဒီမိန်းမနှစ်
ယောက်ကိုတစ်ခါတည်းမသတ်ခဲ့မိတာ
နောင်တရလာသည် ။ Baby က မာန် စိတ်
ဆိုးမှာကြောက်နေမှန်းသိသာလွန်းစွာနဲ့
သော်နန်းစံ ဘက်ကကာကွယ်လိုက်သေး
တယ် ။
Baby က သော်နန်းစံ မကြိုက်တာလုပ်
လိုက်မိလို့အပြစ်ပေးခံရတာပါတဲ့...။ ပြီး
တော့အရမ်းလည်းမနာပါဘူးတဲ့လေ..။
ဟွန်း... မနာဘူးတဲ့လား Baby ကမညာ
တတ်ဘဲနဲ့ညာလိုက်သေးတာ ။ ဝတ်ထား
တဲ့အင်္ကျီစလေးနဲ့ပွတ်တိုက်မိသွားရင်
တောင်မျက်နှာလေးရှုံ့မဲ့သွားတာ မာန်
မမြင်တာမှမဟုတ်ဘဲ..။
အခုတော့ မာန် ကစိတ်မချတာရော Baby
က မာန့် ကိုညာတာကြောင့်ပါပေါင်းပြီး
တော့ကျောင်းသွားခွင့်ပိတ်ထားပစ်လိုက်
သည် ။ မာန် ကိုယ်တိုင်လည်း Company
မသွားတော့...။ Baby နဲ့အတူတူအိမ်မှာနေ
ပြီး လိုအပ်တဲ့ကိစ္စတွေကိုတော့ ဘုန်းမင်း
နဲ့သာလွဲထားလိုက်သည် ။
" Boss....ဒေါ်စိုးနန်းစံ တို့သားအမိထွက်
ပြေးသွားပြီ...ကျွန်တော် လူလွတ်လိုက်ရ
မလား "
သတင်းထူးရင်ချက်ချင်းသတိပေးဖို့မှာ
ထားတာကြောင့် ဒေါ်စိုးနန်းစံ တို့မိသားစု
ကိုစောင့်ကြည့်ဖို့ မာန် လွတ်ထားတဲ့လူတွေ
က ဘုန်းမင်း ဆီကိုချက်ချင်းသတင်းပို့လိုက်
ပုံရသည် ။
မာန် အတွေးလွန်နေမှန်းသိဟန်ဖြင့် ဘုန်း
မင်း ပြောလာတဲ့စကားသံကခပ်တိုးတိုး..။
မာန် ရှေ့က Laptop ကိုဘေးတွန်းလိုက်
ကာစားပွဲပေါ်က စီးကရက်တစ်လိပ်ကိုယူ
ပြီးမီးညှိလိုက်သည် ။ စီးကရက်ရှိုက်နေ
သည့် မာန့် နှုတ်ခမ်းတစ်စုံကယောင်ယောင်
လေးကွေးညွတ်လျှက်.....။
" ပြေးတာမြန်လှချည်လား...ငါကအခုမှ
သူတို့ကိုဘယ်လိုအပြစ်ပေးရမလဲ စဥ်း
စားနေတာ "
Boss ကလူတစ်ယောက်ကိုအပြစ်ပေးဖို့
စဥ်းစားတယ်ဆိုတာရှားသည် ။ Boss အ
ကြောင်းသိတဲ့ဘယ်သူမဆို အပြစ်ပေးဖို့
စဥ်းစားနေတယ်လို့ပြောလာရင်ဝမ်းသာ
နေမယ့်သူရှိမှာမဟုတ်...။ ချက်ချင်းသတ်
ပစ်လိုက်ဖို့သာတောင်းဆိုကြလိမ့်မည် ။
ဘာလို့လဲဆိုတော့ Dragon သခင်ကြီး ရဲ့
အပြစ်ပေးနည်းတွေက သေခြင်းထက်ဆိုး
ရွားသည့်အရှင်လတ်လတ် ငရဲကျသလိုခံ
စားရစေတာကြောင့်ပင် ။ သူတို့လိုပုံစံမျိုး
စုံလူသတ်ခဲ့ဖူးတဲ့သူတွေတောင် Boss ရဲ့
အပြစ်ပေးခန်းထဲဝင်ရမှာ ကြောက်ကြတဲ့
သူတွေချည်းဘဲ ။
" တစ်ယောက်ယောက်ကတစ်ဖက်လှည့်
နဲ့ ဒေါ်စိုးနန်းစံ ကိုစီးပွားပျက်အောင်လုပ်
ပြီးသူ့သားကိုလဲထောင်ထဲပို့ပစ်လိုက်တယ်
သူတို့ကထောင်ထဲကလူကိုတောင်ဂရုမ
စိုက်တော့ဘဲကိုယ်လွတ်ရုန်းပြီးထွက်ပြေး
သွားကြပြီ "
ဘုန်းမင်း တိတ်တိတ်လေးသက်ပြင်းခိုးချ
ရင်းလက်ခံရရှိထားတဲ့သတင်းတွေကိုထပ်
ဖြည့်ပြောလိုက်သည် ။ သူ့စကားကြောင့်
ပရောဂျက်ကိုသေချာစီစစ်နေတဲ့ မြတ်သူ
ကလက်ထဲကအလုပ်တွေကိုပစ်ချပြီးခေါင်း
ထောင်လာခဲ့သည် ။
" Boss....ဒေါ်စိုးနန်းစံ တို့ကိုဘဝပျက်
သွားအောင်လုပ်လိုက်တဲ့လူကို စုံစမ်း
လိုက်ရမလား "
စီးကရက်တစ်လိပ်ကိုအရသာခံပြီးရှိုက်
နေတဲ့ မာန် က မြတ်သူ ကိုခေါင်းရမ်းပြ
လိုက်သည်။
" မလိုတော့ဘူး...ဘယ်သူလဲဆိုတာ ငါ
သိတယ်..ငါ့ပြိုင်ဘက်ဖြစ်ချင်ရင် ဒီ
ကောင်လဲအဲ့လောက်တော့ တော်နေမှ
ဖြစ်မှာပေါ့ "
** ဒေါက်... ဒေါက် **
" ကိုကို......"
မာန့် VVIP လေးကတံခါးခေါက်ပြီးတာ
နဲ့တန်းဝင်လာတတ်တာအကျင့်တစ်ခုလို
ဖြစ်နေပြီ ။
" ကိုကိုတို့ အလုပ်လုပ်နေကြတာလား...
Baby နှောက်ယှက်မိသွားတာလား....ဟင် "
အခန်းထဲမှာ မာန် တို့သုံးယောက်လုံးရှိ
နေတာမြင်တော့နည်းနည်းလေးမဝံ့မရဲ
ဖြစ်သွားသေးသည် ။
" အနှောက်ယှက်မဖြစ်ပါဘူး...ကိုယ့် ဆီ
လာပါဦး "
မာန် လက်ထဲကစီးကရက်ကို ပြာခွက်ထဲ
ဖိချေကာမီးသတ်လိုက်ပြီး Baby ကိုလက်
ဆန့်ပေးကာအနားကိုခေါ်လိုက်သည်။ ပြုံး
ရွှင်သွားတဲ့ မာန့် Baby ကချက်ချင်းဘဲ
မာန့် လက်မောင်းကြီးတွေထဲပြေးဝင်လာ
ပြီး ပုံမှန်အတိုင်းပြုမှုဟန်ဖြင့်ပေါင်ပေါ်
ဘေးတစောင်းလေးတက်ထိုင်လာသည် ။
" Baby က ကိုကို့ကိုသေးသေးလေး
တောင်းဆိုစရာရှိလို့...."
ဦးနှောက်သေးသေးလေးနဲ့ အကြံအကြီး
ကြီးတွေအမြဲထုတ်နေတတ်တဲ့ Baby က
ကျောင်းတက်ရဖို့စည်းရုံးတော့မယ်ဆိုတာ
မာန် သိပေမယ့်မသိချင်ယောင်ဆောင်ပေး
လိုက်သည် ။
" မင်းတို့အရင်ထွက်သွားလိုက် "
ပြုံးစိစိလုပ်သွားတဲ့ ဘုန်းမင်း တို့ကို Baby
ကဂရုမစိုက်ဟန်ဖြင့် မာန့် မျက်နှာကိုသာ
မော့ကြည့်နေခဲ့သည် ။ အခန်းတံခါးဖွင့်ပြီး
ပြန်ပိတ်သွားတဲ့အသံကိုကြားသည်နှင့်
မာန့် ရင်ခွင်ထဲရောက်နေတဲ့ Baby ခါးလေး
ကိုခပ်တင်းတင်းပွေ့ဖက်ထားလိုက်သည် ။
" ပြောပါဦး...Baby ကဘာလို လို့လဲ "
ဉာဏ်ကြီးရှင်လေးရဲ့ ပရိယာယ်တွေကို
နားထောင်ပေးဖို့ပြင်လိုက်တော့ ကျောက်
စိမ်းရောင်မျက်လုံးလေးတွေက ဘလင်း
ဘလင်းကိုထလို့...။
" ကိုကို မေ့နေတာလား...Baby ကျောင်း
သွားရမယ်လေ... ဒီနေ့နဲ့ဆို... ၁,၂,၃,.....
၇ ရက်တောင်ရှိပြီ "
လက်ညိုးလေးချိုးပြီးသေချာရေတွက်
ပြနေတဲ့ Baby ကို မာန် မသိချင်ယောင်
ဆောင်ကာရှေ့တည့်တည့်က Laptop ကို
စိုက်ကြည့်နေလိုက်သည် ။
" အဲ့ကိစ္စဆို ထပ်ပြောစရာမလိုတော့ဘူး
ကိုယ် Baby ကိုဘယ်မှပေးသွားမှာမဟုတ်
ဘူး "
မာန် ကိုယ်တိုင်လည်းအရေးကြီးကိစ္စမဟုတ်
ရင် Company ကိုသွားမှာမဟုတ်လို့ Baby
လည်းကျောင်းသွားစရာမလို..။
" ဟို....ကိုကို..."
မဝံ့မရဲလေးနဲ့ခပ်တိုးတိုးခေါ်သံလေးကို
မာန် ဂရုမစိုက်ဟန်ပြုကာရှေ့က Laptop
ပေါ်လက်တွေတင်လိုက်ပြီးအလုပ်လုပ်ဟန်
ပြုလိုက်တော့ Baby ကစကားဆက်မပြော
တော့ချေ ။ ဒီတစ်ခါထပ်ပြီး မာန် အလျော့
ပေးလိုက်ရင်နောက်ထပ်ဘယ်လိုအန္တာရယ်
တွေ Baby အပေါ်ကျရောက်လာမလဲမသိ
နိုင်ပေ ။
မာန့် မျက်နှာတည်တင်းနေတာကိုမော့ကြည့်
ပြီးဘေးစောင်းလေးထိုင်နေတဲ့ Baby က
ခြေထောက်တစ်ဖက်ကိုအသာကြွပြီးမျက်
နှာချင်းဆိုင်ခွထိုင်သည့်အနေအထားကို
ပြောင်းလဲလိုက်သည် ။ မာန့် ပေါင်ပေါ်မှာ
အကြောက်အလန့်မရှိလှုပ်ယွနေတဲ့ Baby
ကိုယ်လုံးလေးကိုသိုင်းဖက်ပစ်လိုက်ရင်
တစ်ကိုယ်လုံးရင်ခွင်ထဲမြုပ်နေမှာအသေ
အချာပင် ။
" ကိုကို.....Baby နောက်တခါဘယ်သူနဲ့
မှမလိုက်သွားတော့ဘူးလေ နော်...ကိုကို
လို့ "
** ပြွတ်!....ပြွတ်!.....**
မာန့် ကိုခွထိုင်ထားတဲ့ Baby ကကြယ်သီး
သုံးလုံးလောက်ဖြုတ်ထားတဲ့ မာန့် ရင်ဘတ်
ကိုတစ်မွ မွ နမ်းရင်း မာန့် ကိုချော့နေသည် ။
နဂိုကတည်းကအလုပ်လုပ်ချင်ယောင်ဆောင်
နေတဲ့ မာန် ကရင်ဘတ်ပေါ်မှာပြေးလွှားနေတဲ့
Baby ရဲ့နှုတ်ခမ်းအိအိလေးကြောင့်သွေး
တောင်ပြောင်းပြန်စီးဆင်းသွားသလို...။
" ကျစ်....ကလေးလေး ငြိမ်ငြိမ်နေပါလား
ကွာ.."
မာန် စိတ်မထိန်းနိုင်မှာစိုးလို့တားမြစ်မိ
တော့ Baby ကအလိုမကျစွာ နှုတ်ခမ်း
လေးဆူလိုက်ပြီး မာန့် ကိုမော့ကြည့်ကာ
မေးဖျားလေးကိုဖျက်ခနဲနမ်းသွားပြန်သည်။
" ဟွန်း....Baby ကိုကို ဘဲ Baby လုပ်ချင်
တာလုပ်မှာပေါ့...ကိုကိုလဲ အလုပ်လုပ်နေ
လေ.."
ရင်ဘတ်လေးနမ်းလိုက် ပြီးရင် မာန့် မေး
ဖျားလေးကိုလည်ပင်းလေးဆန့်ပြီး နမ်း
လိုက်လုပ်နေတဲ့ Baby ကိုအသည်းယား
လာတာကြောင့်စားပွဲပေါ်က Laptop ကို
ဘေးဖယ်လိုက်ပြီးချိုင်းကနေ မ လိုက်ကာ
စားပွဲပေါ်ပွေ့တင်လိုက်သည်။
" baby က ကိုယ့် ကိုအသည်းယားအောင်
လုပ်နေတာဘဲ..ဟမ် "
Baby ဒူးနှစ်ဖက်ကိုပါခွဲပြီး မာန် တစ်ကိုယ်
လုံးရှေ့တိုးလိုက်တော့ မာန့် ပုခုံးပေါ်လက်
လေးနှစ်ဖက်ကိုတင်လိုက်သေးသည် ။
" ခစ်....ခစ်.....ခစ်....ပြွတ်! "
မျက်လုံးလေးတွေမှိတ်သွားတဲ့ထိရယ်နေ
သည့် Baby က မာန့် နဖူးလေးကိုငုံ့နမ်း
လိုက်ပြန်သည် ။ Baby ရဲ့အပြုမှုလေး
တွေက မာန့် စိတ်ကိုထိန်းမရအောင်ပြုစား
နေတာကြောင့် ခန္ဓာကိုယ်သေးသေးလေး
ကို လက်မောင်းကြီးတွေဖြင့်တင်းကြပ်နေ
အောင်ပွေ့ဖက်ရင်း Baby ရင်ဘတ်လေးထဲ
ကိုခေါင်းလေးနဲ့တိုးဝေ့ပစ်လိုက်သည် ။
" Baby Bunny လေးရာ ကိုယ်ခွင့်ပြုမိ
တော့မှာဘဲ "
" ဟိ...ဟိ...ကိုကို စကား တကယ် တကယ်
နားထောင်မှာပါ...နော်...ပြွတ်စ်...ဟိ..ဟိ "
Baby ရင်ဘတ်ထဲတိုးဝင်နေတဲ့ မာန့် ခေါင်း
လေးကို ငုံ့နမ်းပြီးတခစ်ခစ်နဲ့သဘောကျနေ
တဲ့ Baby မျက်နှာလေးကို မာန် မော့ကြည့်
လိုက်သည် ။
" ကိုယ့်ကိုနမ်း....ဒါဆို သွားခွင့်ပေးမယ် "
* ပြွတ်စ် *
မာန် နှုတ်ခမ်းလေးရှေ့ထိုးပေးလိုက်တော့
Baby ကချက်ချင်းဘဲ မာန့် နှုတ်ခမ်းလေး
ကိုကလေးတွေအနမ်းပေးသလိုထိရုံလေး
နမ်းလာသည်။
" ကိုယ် မြတ်သူ ကိုထည့်ပေးလိုက်မယ်..ဒီ
တစ်ခါ ကိုယ် ကလွဲရင်ဘယ်သူ့နောက်မှမ
လိုက်ရဘူးနော် "
" ဟုတ်....ဟုတ်.... ကိုကို ဖယ်တော့...
Baby ကျောင်းသွားဖို့လုပ်တော့မယ် "
" ဟုတ်ပါပြီဗျာ..."
မာန် Baby ရှေ့ကနေနောက်ဆုတ်လိုက်ပြီး
စားပွဲပေါ်ကနေပါတစ်ခါတည်းချပေးလိုက်
တော့ ပျော်ရွှင်နေတဲ့မျက်နှာလေးနဲ့ ဆံပင်
လေးဝဲခါနေအောင် အပြင်ကိုပြေးထွက်သွား
တော့သည်။
.......................................................
" ပိုးလေး!...ကျစ်....ပိုးလေးလို့..အိုက်ရား "
ရုတ်တရက်ကျောင်းဝင်းထဲကပြေးထွက်
သွားတဲ့ ပိုးပြည့်စုံ နောက်ကိုအသက်လတ်
ပိုင်းအရွယ်လူတစ်ယောက်ကအော်ခေါ်ရင်းပြေးလိုက်နေလေသည် ။ ကျောင်းထဲထိလိုက်
ပို့ပြီးမှ အပြင်ကိုပြန်ပြေးသွားတဲ့ ပိုးပြည့်စုံ
ကြောင့်အနောက်ကပြေးလိုက်ရသူမှာလည်း
ချွေးစို့နေချေပြီ ။
" ဘာလဲဗျာ...."
ပိုးပြည့်စုံ ကခြေဆောင့်ရင်းနှုတ်ခမ်းလေး
ဆူကာ ကျောင်းပေါက်ဝမှာရပ်လိုက်သည်။
" ဘာမှမထိခိုက်ပါဘူးနော် "
ဒီလောက်ကြီးအရူးတစ်ပိုင်း ပြေးထွက်
သွားတော့တစ်ခုခုများဖြစ်လို့လားဆိုပြီး
မေးခွန်းလေးထုတ်လိုက်မိသည် ။
" ဘာမှမဖြစ်ဘူး...အကောင်းကြီး...အ
ကောင်းကြီး...ဖေကြီးကလေ ဘာမှန်းလဲ
မသိဘူး...ဒီဦးလေးကြီးကို ကျောင်းတက်
ဖို့ထည့်ပေးလိုက်ရတယ်လို့ "
ပိုးလေး ရှေ့မှာအမောဖြေနေတဲ့လူကထို
စကားကြောင့် တံတွေးပါနင်ချင်သွားသည် ။
ပိုးလေး နဲ့ယှဥ်ရင်တော့အသက်ကွာတယ်ဆို
ပေမယ့် ကိုယ်ကအခုမှအသက် ၂၇ ဘဲရှိ
သေးတဲ့သူပါနော်....သူမို့လို့မှိုချိုး မျှစ်ချိုး
သူများကို ။
" ဒီမှာ ဦးလေးကြီး ပိုင်ဇင်ခ... ဖေကြီး
ဆီပြန်တော့..ကျွန်တော် ဦးလေးကြီးကို
မလိုဘူးလို့လဲပြန်ပြောလိုက် "
" မဖြစ်ပါဘူး...ဥက္ကဋ္ဌ က ပိုးလေးကိုသေ
ချာစောင့်ရှောက်ဖို့ ထည့်ပေးလိုက်တာ အ
ခုအတန်းတက်ရတော့မယ်...သွားရအောင် "
ဆရာသခင်လေးကိုလက်ဆွဲခေါ်ဖို့ပြင်
တော့ အဆွဲမခံ...။ သူ့လက်လေးကိုပိုက်
လိုက်ပြီးတစ်ဖက်လှည့်ပစ်လိုက်သည် ။
" မဝင်ဘူး...ရှိုင်းပေါက် ကိုစောင့်ရဦးမယ် "
" ဗျာ...ဘယ်သူ... "
" ဟာ...ဦးလေးကြီး မသိပါဘူးဗျာ...အဲ့မှာ
ငြိမ်ငြိမ်လေးဘဲ ရပ်နေ..."
ပိုင်ဇင်ခ စိတ်ထဲမှာတော့ သူ့ရင်ဘတ်သာ
သာလောက်ဘဲရှိတဲ့ ရှေ့က ကောင်လေးကို
ထုပစ်ချင်နေပြီ ။ ဥက္ကဌ ကြီးကအကူညီတောင်းထားလို့ဒီကလေးကို လာထိန်းပေးနေ
ရတာစိတ်ရှိတိုင်းသာဆိုထားပစ်ခဲ့လိုက်မှာ..။
ဘေးမှာရပ်နေတဲ့လူကြီးတဲ့ အံကြိတ်သံ
တွေကိုလျစ်လျူရှုထားတဲ့ ပိုးလေး က
တော့ကားလမ်းမကြီးဘက်ကိုသာလည်တ
ဆန့်ဆန့်နဲ့မျှော်တော်ယောင်လုပ်နေသည် ။
ပိုးလေး အရင်ရက်တွေကတည်းကကျောင်း
တက်ဖို့အတွက် ကျောင်းတွေတော်တော်
များများကိုလိုက်စုံစမ်းဖြစ်သည် ။
အဲ့ဒီထဲက S ကျောင်းကိုမတော်တဆခြေ
ချမိခဲ့ပြီး ရှိုင်းစေ ဆိုတဲ့ကောင်လေးအ
ကြောင်းကိုလည်းမစုံစမ်းပါဘဲသိခဲ့ရသည် ။
အူတူတူလေးနဲ့ သိပ်လှတဲ့မျက်လုံးတွေပိုင်
ဆိုင်ထားတဲ့ အကာအကွယ်လိုအပ်နေသည့်
ကောင်လေးကိုသူသိပ်သဘောကျသည် ။
ဒီနို့မစင်တဲ့ကောင်လေးကြောင့်ဘဲ သူဒီ
ကျောင်းမှာဒီကောင်လေးနဲ့အတူတူတက်
ရဖို့ ဖေကြီးကိုအတင်းပူဆာခဲ့တာပင် ။
ဒါပေမယ့်သူမျှော်လင့်ထားသလိုတော့ဖြစ်
မလာဘူး... ရှိုင်းပေါက် ကကျောင်းမလာ
တာအကြာကြီးဘဲ ။
" ရှိုင်းပေါက် ကဒီနေ့လဲမလာပြန်ဘူးလား
ကွာ "
ရှိုင်းပေါက် နဲ့ D & M ဥက္ကဋ္ဌ အကိုမာန် တို့
အကြောင်းကဖုံးကွယ်ထားခြင်းမရှိတာမို့
ကျောင်းမှာဆိုမသိချင်ရင်တောင်ကြားနေ
ရသည် ။ ပိုးလေး ကလည်း ရှိုင်းပေါက် တို့
အကြောင်းကိုကျောင်းကလူတွေကတစ်
ဆင့်သိခဲ့ရတာပင် ။
အခု ရှိုင်းပေါက် ကျောင်းမလာတာက
အကိုမာန် နဲ့သက်ဆိုင်နေလောက်သည် ။
အကိုမာန် ဆီဖုန်းဆက်ကြည့်ဖို့အတွက်
ဖုန်းထုတ်နေစဥ်မျက်မှန်းတန်းမိနေသည့်
ကားအနက်ကြီးကကျောင်းအနီးမှာရပ်လိုက်
တာမို့ သူ့ကျောပေါ်ကလွယ်အိတ်အနီလေး
ကိုဆွဲကိုင်ရင်းခုန်စွ ခုန်စွလုပ်လိုက်မိသည် ။
" ရှိုင်းပေါက်.....ရှိုင်းပေါက်ရေ..."
ရှိုင်းပေါက် ကားပေါ်ကဆင်းလိုက်တာမြင်
တာနဲ့ ပိုးလေး ထိုနေရာကိုအမြန်ခုန်ပေါက်
ပြေးသွားလိုက်သည် ။ ကျောင်းရောက်တာ
ကိုတောင်ဘာတွေမှာနေမှန်းမသိတဲ့ အကို
မာန် လက်ထဲက ရှိုင်းပေါက် ကိုသူကယ်
တင်ပေးရမည် ။
" ကိုကို..... သူကဘယ်သူ "
ဘယ်သူမှမခေါ်ဖူးတဲ့နာမည်ပြောင်ကသူ့
ကိုခေါ်နေမှန်း ရှိုင်းစေ သိသည် ။ ဒါပေ
မယ့်သူ့အသိတွေထဲမှာအခုလိုခေါ်တဲ့သူမ
ရှိတာမို့ ကိုကို ကွယ်နေတဲ့ကြားကချောင်း
ကြည့်လိုက်သည် ။ သူနဲ့ရွယ်တူလောက်ရှိ
မယ်ထင်ရတဲ့ကောင်လေးတစ်ယောက်က
အပြာရောင်ဆံပင်အုပ်အုပ်လေးကိုဝဲခါနေ
အောင်ခုန်ပေါက်ရင်း ရှိုင်းစေ ရပ်နေတဲ့နေ
ရာဆီကိုပြေးလာနေသည်တဲ့...။
" ဘုန်းမင်း...တားထား...သူကဘယ်သူလဲ "
ရှိုင်းစေ ငေးကြည့်နေတုန်း ကိုကို့ စကား
ကြောင့်အကိုဘုန်းမင်း ကအဲ့ဒီကောင်လေး
ရဲ့လက်မောင်းကိုဖမ်းဆွဲထားလိုက်သည် ။
" Silver Company ဥက္ကဋ္ဌ ဦးပိုင်ရဲ့သား
ပိုးပြည့်စုံ ပါ ။ Boss သတိမထားမိလို့ပါ
ဥက္ကဋ္ဌ ဦးပိုင်နဲ့အတူတူ ကျွန်တော် တို့
Company ကိုလိုက်လာတတ်တယ် "
ဘုန်းမင်း ပြောမှ မာန် မျက်လုံးထဲစမက်
ကျကျလေးထောင့်ကျကျမျက်မှန်နဲ့ရုပ်
ရည်ခပ်ဖြောင့်ဖြောင့်ရှိတဲ့ ဥက္ကဋ္ဌ ဦးပိုင်
ကိုတွေးမိသွားသည် ။ ဒီကောင်လေးကအဲ့
ဒီလူရဲ့သားတဲ့လား ။
" ဒီကို လွတ်စမ်းပါဦး "
လက်တစ်ကမ်းအလိုလေးမှာအဖမ်းခံ
လိုက်ရလို့စိတ်တိုနေတာကြောင့် အကို
ဘုန်းမင်း လက်ထဲကဆောင့်ရုန်းကာ အ
ကိုမာန် နောက်မှာမျက်လုံးဝိုင်းလေးနဲ့ရပ်
နေတဲ့ ရှိုင်းပေါက် ကိုပါဆွဲထုတ်လိုက်သည် ။
" ရှိုင်းပေါက်...ငါက ပိုးပြည့်စုံပါ မင်းနဲ့
သူငယ်ချင်းဖြစ်ချင်လို့...ဟီး.."
ရှိုင်းစေ ပုခုံးပေါ်လက်တင်ကာသိုင်းဖက်
ထားဟန်ဖြင့် ရင်းရင်းနှီးနှီးမိတ်ဆက်လာ
တဲ့ကောင်လေးကြောင့် သူကိုကို့ ကိုမော့
ကြည့်လိုက်မိသည် ။ ကိုကို ကသူ့ကိုသူငယ်
ချင်းမထားစေချင်ရင်သူထားမှာမဟုတ်ဘူး ။
ဒါပေမယ့် ကိုကို့ မျက်လုံးတွေက သူ့အ
ပေါ်မှာမရှိဘဲ ရှိုင်းစေ ပုခုံးပေါ်ကအဲ့ဒီကောင်
လေးရဲ့လက်ကိုသာစိုက်ကြည့်နေသည် ။
သူထင်တာမမှားဘူးဆိုရင် ကိုကို ကမျက်
ထောင့်နီကြီးနဲ့အံကြိတ်ပြီးစိုက်ကြည့်နေတာ
လားလို့....။
" ဟေ့..ကောင်လေး မင်းလက်ကိုဖယ်
လိုက်စမ်း! "
ပိုးလေး ကတော့ဂရုစိုက်မနေပေါင်..။
အကိုမာန် ရဲ့အံကြိတ်သံတွေကိုလျစ်လျူ
ရှုပြီးခေါင်းသာရမ်းပြလိုက်သည် ။
" ကပ်စေးနည်းမနေစမ်းပါနဲ့.. ရှိုင်းပေါက်
ကို ကျွန်တော် ကသေချာစောင့်ရှောက်ပေး
မှာမို့စိတ်ချလိုက်...အခုတော့အတန်းတက်
ရတော့မှာမို့ခေါ်သွားတော့မယ် ဘိုင့်...ဘိုင် "
မာန့် အဖြေကိုတောင်မစောင့်ဘဲ Baby
ကိုဆွဲခေါ်သွားတဲ့ ပိုးပြည့်စုံ ကိုမျက်ထောင့်
နီနဲ့ကြည့်နေတာကလွဲလို့ မာန် ဘာမှမလုပ်
လိုက်ရပေ ။
" မြတ်သူ..ဘာရပ်လုပ်နေတာလဲ...Baby
နောက်အမြန်လိုက်လေ "
ပိုးပြည့်စုံ ကိုမကျေနပ်သည့်စိတ်ကို မြတ်
သူ အပေါ်ပုံချရင်း မာန် ပိတ်ဟောက်ပစ်
လိုက်သည် ။ ဘာလို့အဟောက်ခံလိုက်ရ
မှန်းမသိတဲ့ကောင်ကတော့ မာန့် ကိုတောင်
နှုတ်ဆက်ဖို့မေ့ပြီး Baby နောက်ပြေးလိုက်
သွားခဲ့သည် ။
" ရှိုင်းပေါက်.... ငါ့ကို ကိုကြီး လို့ခေါ် ။
ငါက မင်းထက်တစ်နှစ်ကြီးတယ်.. ပြီး
တော့ ငါ့အိမ်မှာပြိုင်ကားတွေအများကြီး
ရှိတယ် မင်းကြိုက်တဲ့တစ်စီးပေးမယ် ။
အို...မင်းကအသက်မပြည့်သေးဘူးနော့်..
အဲ့တာဆိုတော့ မင်းမောင်းလို့ရဦးမှာမဟုတ်
ဘူးအဲ့တာကြောင့်ငါ့နောက်ဘဲလိုက်စီး...
ပြီးတော့............................ "
ကျောင်းဂိတ်ဝကနေစပြီးများလိုက်တဲ့စ
ကား ကျောင်းအဆောင်ပေါ်တက်တဲ့အချိန်
ထိတစ်ခါလေးမှပါးစပ်မပိတ်သေးဘူး ။
ရှိုင်းစေ ဆိုတဲ့ကောင်လေးဆီက တစ်ခါတစ်
ရံ" အင်း " ဆိုတဲ့အသံလေးထွက်လာတာက
လွဲပြီးတစ်ချိန်လုံး ပိုးပြည့်စုံ ပါးစပ်ကနေ
ဗြောက်အတွဲလိုက်ဖောက်နေသလိုဘဲ ။
" ပိုးလေး....စကားတွေများလိုက်တာကွာ
အခန်းထဲရောက်မှ အေးအေးဆေးဆေး
မိတ်ဆက်ပါလားဘာလို့ အလောတကြီး
ပြောပြနေရတာလဲ "
ကြည့်....ကြည့်.... ရှိုင်းပေါက် ကတောင်
ဘာမှမပြောဘူး ။ အိုးကမပူ စလောင်းက
ပူနေရသေးတယ် ။
" ဦးလေးကြီး ကဘာသိလို့လဲ...ရှိုင်းပေါက်
ကအရမ်းစကားနည်းတယ်လေ....အဲ့တာ
ကြောင့် ကျွန်တော်ကစကားများများပြော
ပေးရတာပေါ့...ဦးလေးကြီး နော်ကျွန်တော့်
နောက်လိုက်ပြီး ပွစိ ပွစိ မလုပ်နဲ့ ကျွန်တော်
စိတ်မရှည်ရင် ဦးလေးကြီးကို လင်ပေးစား
ပစ်မှာ.....ဟွန်း...."
ပိုင်ဇင်ခ ကိုလှည့်ပြီးရန်စွာပြီးတာနဲ့ ရှိုင်းစေ
လက်ကိုဆွဲကာလှေကားထစ်တွေပေါ်ပြေး
တက်သွားတဲ့ ပိုးပြည့်စုံ ကိုသူပါးစပ်အဟ
လိုက်နဲ့ကြောင်တောင်တောင်ရပ်ကြည့်ရင်း
ကျန်နေခဲ့တော့သည် ။
________________________________________________________________________________
မြတ်နိုးခြင်းများစွာဖြင့်..... Aster
#2.2.2021
Zawgyi
********
အနက္ေရာင္ေတြအမ်ားဆုံးအသုံးျပဳထား
သည့္ မာန့္ အလုပ္ခန္းထဲတြင္ ဘုန္းမင္း နဲ႕
ျမတ္သူ တို႔ႏွစ္ေယာက္ ပေရာဂ်က္တစ္ခု
အတြက္ေခါင္းခ်င္းဆိုင္ၿပီးေဆြးႏြေးေန
ၾကသည္ ။ ထိုအခ်ိန္ မာန္ ကေတာ့အလုပ္
စားပြဲမွာ Laptop တစ္လုံးနဲ႕စရင္းတစ္ခ်ိဳ႕
ကိုစစ္ေဆးေနလွ်က္..။
အလုပ္ထဲကိုအာ႐ုံစိုက္ေနေပမယ့္ မာန္
စိတ္ေတြက Baby ဗိုက္သားေလးေပၚက
ထိုးဖဲ့ခံထားရသည့္ဒဏ္ရာကိုသာထပ္ခါ
ထပ္ခါျပန္ေတြးေနမိသည္ ။ Baby ငတုံး
ေလးက သူ႕ကိုသက္သက္အနိုင္က်င့္လိုက္
တယ္ဆိုတာေတာင္မသိရွာ..။
Baby ကိုအဝတ္လဲေပးတဲ့အခ်ိန္ အဲ့ဒီဒဏ္
ရာကိုျမင္လိုက္တုန္းက မာန္ အဲ့ဒီမိန္းမႏွစ္
ေယာက္ကိုတစ္ခါတည္းမသတ္ခဲ့မိတာ
ေနာင္တရလာသည္ ။ Baby က မာန္ စိတ္
ဆိုးမွာေၾကာက္ေနမွန္းသိသာလြန္းစြာနဲ႕
ေသာ္နန္းစံ ဘက္ကကာကြယ္လိုက္ေသး
တယ္ ။
Baby က ေသာ္နန္းစံ မႀကိဳက္တာလုပ္
လိုက္မိလို႔အျပစ္ေပးခံရတာပါတဲ့...။ ၿပီး
ေတာ့အရမ္းလည္းမနာပါဘူးတဲ့ေလ..။
ဟြန္း... မနာဘူးတဲ့လား Baby ကမညာ
တတ္ဘဲနဲ႕ညာလိုက္ေသးတာ ။ ဝတ္ထား
တဲ့အကၤ်ီစေလးနဲ႕ပြတ္တိုက္မိသြားရင္
ေတာင္မ်က္ႏွာေလးရႈံ႕မဲ့သြားတာ မာန္
မျမင္တာမွမဟုတ္ဘဲ..။
အခုေတာ့ မာန္ ကစိတ္မခ်တာေရာ Baby
က မာန့္ ကိုညာတာေၾကာင့္ပါေပါင္းၿပီး
ေတာ့ေက်ာင္းသြားခြင့္ပိတ္ထားပစ္လိုက္
သည္ ။ မာန္ ကိုယ္တိုင္လည္း Company
မသြားေတာ့...။ Baby နဲ႕အတူတူအိမ္မွာေန
ၿပီး လိုအပ္တဲ့ကိစၥေတြကိုေတာ့ ဘုန္းမင္း
နဲ႕သာလြဲထားလိုက္သည္ ။
" Boss....ေဒၚစိုးနန္းစံ တို႔သားအမိထြက္
ေျပးသြားၿပီ...ကြၽန္ေတာ္ လူလြတ္လိုက္ရ
မလား "
သတင္းထူးရင္ခ်က္ခ်င္းသတိေပးဖို႔မွာ
ထားတာေၾကာင့္ ေဒၚစိုးနန္းစံ တို႔မိသားစု
ကိုေစာင့္ၾကည့္ဖို႔ မာန္ လြတ္ထားတဲ့လူေတြ
က ဘုန္းမင္း ဆီကိုခ်က္ခ်င္းသတင္းပို႔လိုက္
ပုံရသည္ ။
မာန္ အေတြးလြန္ေနမွန္းသိဟန္ျဖင့္ ဘုန္း
မင္း ေျပာလာတဲ့စကားသံကခပ္တိုးတိုး..။
မာန္ ေရွ႕က Laptop ကိုေဘးတြန္းလိုက္
ကာစားပြဲေပၚက စီးကရက္တစ္လိပ္ကိုယူ
ၿပီးမီးညွိလိုက္သည္ ။ စီးကရက္ရွိုက္ေန
သည့္ မာန့္ ႏႈတ္ခမ္းတစ္စုံကေယာင္ေယာင္
ေလးေကြးၫြတ္လွ်က္.....။
" ေျပးတာျမန္လွခ်ည္လား...ငါကအခုမွ
သူတို႔ကိုဘယ္လိုအျပစ္ေပးရမလဲ စဥ္း
စားေနတာ "
Boss ကလူတစ္ေယာက္ကိုအျပစ္ေပးဖို႔
စဥ္းစားတယ္ဆိုတာရွားသည္ ။ Boss အ
ေၾကာင္းသိတဲ့ဘယ္သူမဆို အျပစ္ေပးဖို႔
စဥ္းစားေနတယ္လို႔ေျပာလာရင္ဝမ္းသာ
ေနမယ့္သူရွိမွာမဟုတ္...။ ခ်က္ခ်င္းသတ္
ပစ္လိုက္ဖို႔သာေတာင္းဆိုၾကလိမ့္မည္ ။
ဘာလို႔လဲဆိုေတာ့ Dragon သခင္ႀကီး ရဲ႕
အျပစ္ေပးနည္းေတြက ေသျခင္းထက္ဆိုး
႐ြားသည့္အရွင္လတ္လတ္ ငရဲက်သလိုခံ
စားရေစတာေၾကာင့္ပင္ ။ သူတို႔လိုပုံစံမ်ိဳး
စုံလူသတ္ခဲ့ဖူးတဲ့သူေတြေတာင္ Boss ရဲ႕
အျပစ္ေပးခန္းထဲဝင္ရမွာ ေၾကာက္ၾကတဲ့
သူေတြခ်ည္းဘဲ ။
" တစ္ေယာက္ေယာက္ကတစ္ဖက္လွည့္
နဲ႕ ေဒၚစိုးနန္းစံ ကိုစီးပြားပ်က္ေအာင္လုပ္
ၿပီးသူ႕သားကိုလဲေထာင္ထဲပို႔ပစ္လိုက္တယ္
သူတို႔ကေထာင္ထဲကလူကိုေတာင္ဂ႐ုမ
စိုက္ေတာ့ဘဲကိုယ္လြတ္႐ုန္းၿပီးထြက္ေျပး
သြားၾကၿပီ "
ဘုန္းမင္း တိတ္တိတ္ေလးသက္ျပင္းခိုးခ်
ရင္းလက္ခံရရွိထားတဲ့သတင္းေတြကိုထပ္
ျဖည့္ေျပာလိုက္သည္ ။ သူ႕စကားေၾကာင့္
ပေရာဂ်က္ကိုေသခ်ာစီစစ္ေနတဲ့ ျမတ္သူ
ကလက္ထဲကအလုပ္ေတြကိုပစ္ခ်ၿပီးေခါင္း
ေထာင္လာခဲ့သည္ ။
" Boss....ေဒၚစိုးနန္းစံ တို႔ကိုဘဝပ်က္
သြားေအာင္လုပ္လိုက္တဲ့လူကို စုံစမ္း
လိုက္ရမလား "
စီးကရက္တစ္လိပ္ကိုအရသာခံၿပီးရွိုက္
ေနတဲ့ မာန္ က ျမတ္သူ ကိုေခါင္းရမ္းျပ
လိုက္သည္။
" မလိုေတာ့ဘူး...ဘယ္သူလဲဆိုတာ ငါ
သိတယ္..ငါ့ၿပိဳင္ဘက္ျဖစ္ခ်င္ရင္ ဒီ
ေကာင္လဲအဲ့ေလာက္ေတာ့ ေတာ္ေနမွ
ျဖစ္မွာေပါ့ "
** ေဒါက္... ေဒါက္ **
" ကိုကို......"
မာန့္ VVIP ေလးကတံခါးေခါက္ၿပီးတာ
နဲ႕တန္းဝင္လာတတ္တာအက်င့္တစ္ခုလို
ျဖစ္ေနၿပီ ။
" ကိုကိုတို႔ အလုပ္လုပ္ေနၾကတာလား...
Baby ႏွောက္ယွက္မိသြားတာလား....ဟင္ "
အခန္းထဲမွာ မာန္ တို႔သုံးေယာက္လုံးရွိ
ေနတာျမင္ေတာ့နည္းနည္းေလးမဝံ့မရဲ
ျဖစ္သြားေသးသည္ ။
" အႏွောက္ယွက္မျဖစ္ပါဘူး...ကိုယ့္ ဆီ
လာပါဦး "
မာန္ လက္ထဲကစီးကရက္ကို ျပာခြက္ထဲ
ဖိေခ်ကာမီးသတ္လိုက္ၿပီး Baby ကိုလက္
ဆန့္ေပးကာအနားကိုေခၚလိုက္သည္။ ၿပဳံး
႐ႊင္သြားတဲ့ မာန့္ Baby ကခ်က္ခ်င္းဘဲ
မာန့္ လက္ေမာင္းႀကီးေတြထဲေျပးဝင္လာ
ၿပီး ပုံမွန္အတိုင္းျပဳမႈဟန္ျဖင့္ေပါင္ေပၚ
ေဘးတေစာင္းေလးတက္ထိုင္လာသည္ ။
" Baby က ကိုကို႔ကိုေသးေသးေလး
ေတာင္းဆိုစရာရွိလို႔...."
ဦးႏွောက္ေသးေသးေလးနဲ႕ အႀကံအႀကီး
ႀကီးေတြအၿမဲထုတ္ေနတတ္တဲ့ Baby က
ေက်ာင္းတက္ရဖို႔စည္း႐ုံးေတာ့မယ္ဆိုတာ
မာန္ သိေပမယ့္မသိခ်င္ေယာင္ေဆာင္ေပး
လိုက္သည္ ။
" မင္းတို႔အရင္ထြက္သြားလိုက္ "
ၿပဳံးစိစိလုပ္သြားတဲ့ ဘုန္းမင္း တို႔ကို Baby
ကဂ႐ုမစိုက္ဟန္ျဖင့္ မာန့္ မ်က္ႏွာကိုသာ
ေမာ့ၾကည့္ေနခဲ့သည္ ။ အခန္းတံခါးဖြင့္ၿပီး
ျပန္ပိတ္သြားတဲ့အသံကိုၾကားသည္ႏွင့္
မာန့္ ရင္ခြင္ထဲေရာက္ေနတဲ့ Baby ခါးေလး
ကိုခပ္တင္းတင္းေပြ႕ဖက္ထားလိုက္သည္ ။
" ေျပာပါဦး...Baby ကဘာလို လို႔လဲ "
ဉာဏ္ႀကီးရွင္ေလးရဲ႕ ပရိယာယ္ေတြကို
နားေထာင္ေပးဖို႔ျပင္လိုက္ေတာ့ ေက်ာက္
စိမ္းေရာင္မ်က္လုံးေလးေတြက ဘလင္း
ဘလင္းကိုထလို႔...။
" ကိုကို ေမ့ေနတာလား...Baby ေက်ာင္း
သြားရမယ္ေလ... ဒီေန႕နဲ႕ဆို... ၁,၂,၃,.....
၇ ရက္ေတာင္ရွိၿပီ "
လက္ညိုးေလးခ်ိဳးၿပီးေသခ်ာေရတြက္
ျပေနတဲ့ Baby ကို မာန္ မသိခ်င္ေယာင္
ေဆာင္ကာေရွ႕တည့္တည့္က Laptop ကို
စိုက္ၾကည့္ေနလိုက္သည္ ။
" အဲ့ကိစၥဆို ထပ္ေျပာစရာမလိုေတာ့ဘူး
ကိုယ္ Baby ကိုဘယ္မွေပးသြားမွာမဟုတ္
ဘူး "
မာန္ ကိုယ္တိုင္လည္းအေရးႀကီးကိစၥမဟုတ္
ရင္ Company ကိုသြားမွာမဟုတ္လို႔ Baby
လည္းေက်ာင္းသြားစရာမလို..။
" ဟို....ကိုကို..."
မဝံ့မရဲေလးနဲ႕ခပ္တိုးတိုးေခၚသံေလးကို
မာန္ ဂ႐ုမစိုက္ဟန္ျပဳကာေရွ႕က Laptop
ေပၚလက္ေတြတင္လိုက္ၿပီးအလုပ္လုပ္ဟန္
ျပဳလိုက္ေတာ့ Baby ကစကားဆက္မေျပာ
ေတာ့ေခ် ။ ဒီတစ္ခါထပ္ၿပီး မာန္ အေလ်ာ့
ေပးလိုက္ရင္ေနာက္ထပ္ဘယ္လိုအႏၱာရယ္
ေတြ Baby အေပၚက်ေရာက္လာမလဲမသိ
နိုင္ေပ ။
မာန့္ မ်က္ႏွာတည္တင္းေနတာကိုေမာ့ၾကည့္
ၿပီးေဘးေစာင္းေလးထိုင္ေနတဲ့ Baby က
ေျခေထာက္တစ္ဖက္ကိုအသာႂကြၿပီးမ်က္
ႏွာခ်င္းဆိုင္ခြထိုင္သည့္အေနအထားကို
ေျပာင္းလဲလိုက္သည္ ။ မာန့္ ေပါင္ေပၚမွာ
အေၾကာက္အလန့္မရွိလႈပ္ယြေနတဲ့ Baby
ကိုယ္လုံးေလးကိုသိုင္းဖက္ပစ္လိုက္ရင္
တစ္ကိုယ္လုံးရင္ခြင္ထဲျမဳပ္ေနမွာအေသ
အခ်ာပင္ ။
" ကိုကို.....Baby ေနာက္တခါဘယ္သူနဲ႕
မွမလိုက္သြားေတာ့ဘူးေလ ေနာ္...ကိုကို
လို႔ "
** ႁပြတ္!....ႁပြတ္!.....**
မာန့္ ကိုခြထိုင္ထားတဲ့ Baby ကၾကယ္သီး
သုံးလုံးေလာက္ျဖဳတ္ထားတဲ့ မာန့္ ရင္ဘတ္
ကိုတစ္မြ မြ နမ္းရင္း မာန့္ ကိုေခ်ာ့ေနသည္ ။
နဂိုကတည္းကအလုပ္လုပ္ခ်င္ေယာင္ေဆာင္
ေနတဲ့ မာန္ ကရင္ဘတ္ေပၚမွာေျပးလႊားေနတဲ့
Baby ရဲ႕ႏႈတ္ခမ္းအိအိေလးေၾကာင့္ေသြး
ေတာင္ေျပာင္းျပန္စီးဆင္းသြားသလို...။
" က်စ္....ကေလးေလး ၿငိမ္ၿငိမ္ေနပါလား
ကြာ.."
မာန္ စိတ္မထိန္းနိုင္မွာစိုးလို႔တားျမစ္မိ
ေတာ့ Baby ကအလိုမက်စြာ ႏႈတ္ခမ္း
ေလးဆူလိုက္ၿပီး မာန့္ ကိုေမာ့ၾကည့္ကာ
ေမးဖ်ားေလးကိုဖ်က္ခနဲနမ္းသြားျပန္သည္။
" ဟြန္း....Baby ကိုကို ဘဲ Baby လုပ္ခ်င္
တာလုပ္မွာေပါ့...ကိုကိုလဲ အလုပ္လုပ္ေန
ေလ.."
ရင္ဘတ္ေလးနမ္းလိုက္ ၿပီးရင္ မာန့္ ေမး
ဖ်ားေလးကိုလည္ပင္းေလးဆန့္ၿပီး နမ္း
လိုက္လုပ္ေနတဲ့ Baby ကိုအသည္းယား
လာတာေၾကာင့္စားပြဲေပၚက Laptop ကို
ေဘးဖယ္လိုက္ၿပီးခ်ိဳင္းကေန မ လိုက္ကာ
စားပြဲေပၚေပြ႕တင္လိုက္သည္။
" baby က ကိုယ့္ ကိုအသည္းယားေအာင္
လုပ္ေနတာဘဲ..ဟမ္ "
Baby ဒူးႏွစ္ဖက္ကိုပါခြဲၿပီး မာန္ တစ္ကိုယ္
လုံးေရွ႕တိုးလိုက္ေတာ့ မာန့္ ပုခုံးေပၚလက္
ေလးႏွစ္ဖက္ကိုတင္လိုက္ေသးသည္ ။
" ခစ္....ခစ္.....ခစ္....ႁပြတ္! "
မ်က္လုံးေလးေတြမွိတ္သြားတဲ့ထိရယ္ေန
သည့္ Baby က မာန့္ နဖူးေလးကိုငုံ႕နမ္း
လိုက္ျပန္သည္ ။ Baby ရဲ႕အျပဳမႈေလး
ေတြက မာန့္ စိတ္ကိုထိန္းမရေအာင္ျပဳစား
ေနတာေၾကာင့္ ခႏၶာကိုယ္ေသးေသးေလး
ကို လက္ေမာင္းႀကီးေတြျဖင့္တင္းၾကပ္ေန
ေအာင္ေပြ႕ဖက္ရင္း Baby ရင္ဘတ္ေလးထဲ
ကိုေခါင္းေလးနဲ႕တိုးေဝ့ပစ္လိုက္သည္ ။
" Baby Bunny ေလးရာ ကိုယ္ခြင့္ျပဳမိ
ေတာ့မွာဘဲ "
" ဟိ...ဟိ...ကိုကို စကား တကယ္ တကယ္
နားေထာင္မွာပါ...ေနာ္...ႁပြတ္စ္...ဟိ..ဟိ "
Baby ရင္ဘတ္ထဲတိုးဝင္ေနတဲ့ မာန့္ ေခါင္း
ေလးကို ငုံ႕နမ္းၿပီးတခစ္ခစ္နဲ႕သေဘာက်ေန
တဲ့ Baby မ်က္ႏွာေလးကို မာန္ ေမာ့ၾကည့္
လိုက္သည္ ။
" ကိုယ့္ကိုနမ္း....ဒါဆို သြားခြင့္ေပးမယ္ "
* ႁပြတ္စ္ *
မာန္ ႏႈတ္ခမ္းေလးေရွ႕ထိုးေပးလိုက္ေတာ့
Baby ကခ်က္ခ်င္းဘဲ မာန့္ ႏႈတ္ခမ္းေလး
ကိုကေလးေတြအနမ္းေပးသလိုထိ႐ုံေလး
နမ္းလာသည္။
" ကိုယ္ ျမတ္သူ ကိုထည့္ေပးလိုက္မယ္..ဒီ
တစ္ခါ ကိုယ္ ကလြဲရင္ဘယ္သူ႕ေနာက္မွမ
လိုက္ရဘူးေနာ္ "
" ဟုတ္....ဟုတ္.... ကိုကို ဖယ္ေတာ့...
Baby ေက်ာင္းသြားဖို႔လုပ္ေတာ့မယ္ "
" ဟုတ္ပါၿပီဗ်ာ..."
မာန္ Baby ေရွ႕ကေနေနာက္ဆုတ္လိုက္ၿပီး
စားပြဲေပၚကေနပါတစ္ခါတည္းခ်ေပးလိုက္
ေတာ့ ေပ်ာ္႐ႊင္ေနတဲ့မ်က္ႏွာေလးနဲ႕ ဆံပင္
ေလးဝဲခါေနေအာင္ အျပင္ကိုေျပးထြက္သြား
ေတာ့သည္။
.......................................................
" ပိုးေလး!...က်စ္....ပိုးေလးလို႔..အိုက္ရား "
႐ုတ္တရက္ေက်ာင္းဝင္းထဲကေျပးထြက္
သြားတဲ့ ပိုးျပည့္စုံ ေနာက္ကိုအသက္လတ္
ပိုင္းအ႐ြယ္လူတစ္ေယာက္ကေအာ္ေခၚရင္းေျပးလိုက္ေနေလသည္ ။ ေက်ာင္းထဲထိလိုက္
ပို႔ၿပီးမွ အျပင္ကိုျပန္ေျပးသြားတဲ့ ပိုးျပည့္စုံ
ေၾကာင့္အေနာက္ကေျပးလိုက္ရသူမွာလည္း
ေခြၽးစို႔ေနေခ်ၿပီ ။
" ဘာလဲဗ်ာ...."
ပိုးျပည့္စုံ ကေျခေဆာင့္ရင္းႏႈတ္ခမ္းေလး
ဆူကာ ေက်ာင္းေပါက္ဝမွာရပ္လိုက္သည္။
" ဘာမွမထိခိုက္ပါဘူးေနာ္ "
ဒီေလာက္ႀကီးအ႐ူးတစ္ပိုင္း ေျပးထြက္
သြားေတာ့တစ္ခုခုမ်ားျဖစ္လို႔လားဆိုၿပီး
ေမးခြန္းေလးထုတ္လိုက္မိသည္ ။
" ဘာမွမျဖစ္ဘူး...အေကာင္းႀကီး...အ
ေကာင္းႀကီး...ေဖႀကီးကေလ ဘာမွန္းလဲ
မသိဘူး...ဒီဦးေလးႀကီးကို ေက်ာင္းတက္
ဖို႔ထည့္ေပးလိုက္ရတယ္လို႔ "
ပိုးေလး ေရွ႕မွာအေမာေျဖေနတဲ့လူကထို
စကားေၾကာင့္ တံေတြးပါနင္ခ်င္သြားသည္ ။
ပိုးေလး နဲ႕ယွဥ္ရင္ေတာ့အသက္ကြာတယ္ဆို
ေပမယ့္ ကိုယ္ကအခုမွအသက္ ၂၇ ဘဲရွိ
ေသးတဲ့သူပါေနာ္....သူမို႔လို႔မွိုခ်ိဳး မွ်စ္ခ်ိဳး
သူမ်ားကို ။
" ဒီမွာ ဦးေလးႀကီး ပိုင္ဇင္ခ... ေဖႀကီး
ဆီျပန္ေတာ့..ကြၽန္ေတာ္ ဦးေလးႀကီးကို
မလိုဘူးလို႔လဲျပန္ေျပာလိုက္ "
" မျဖစ္ပါဘူး...ဥကၠ႒ က ပိုးေလးကိုေသ
ခ်ာေစာင့္ေရွာက္ဖို႔ ထည့္ေပးလိုက္တာ အ
ခုအတန္းတက္ရေတာ့မယ္...သြားရေအာင္ "
ဆရာသခင္ေလးကိုလက္ဆြဲေခၚဖို႔ျပင္
ေတာ့ အဆြဲမခံ...။ သူ႕လက္ေလးကိုပိုက္
လိုက္ၿပီးတစ္ဖက္လွည့္ပစ္လိုက္သည္ ။
" မဝင္ဘူး...ရွိုင္းေပါက္ ကိုေစာင့္ရဦးမယ္ "
" ဗ်ာ...ဘယ္သူ... "
" ဟာ...ဦးေလးႀကီး မသိပါဘူးဗ်ာ...အဲ့မွာ
ၿငိမ္ၿငိမ္ေလးဘဲ ရပ္ေန..."
ပိုင္ဇင္ခ စိတ္ထဲမွာေတာ့ သူ႕ရင္ဘတ္သာ
သာေလာက္ဘဲရွိတဲ့ ေရွ႕က ေကာင္ေလးကို
ထုပစ္ခ်င္ေနၿပီ ။ ဥကၠဌ ႀကီးကအကူညီေတာင္းထားလို႔ဒီကေလးကို လာထိန္းေပးေန
ရတာစိတ္ရွိတိုင္းသာဆိုထားပစ္ခဲ့လိုက္မွာ..။
ေဘးမွာရပ္ေနတဲ့လူႀကီးတဲ့ အံႀကိတ္သံ
ေတြကိုလ်စ္လ်ဴရႈထားတဲ့ ပိုးေလး က
ေတာ့ကားလမ္းမႀကီးဘက္ကိုသာလည္တ
ဆန့္ဆန့္နဲ႕ေမွ်ာ္ေတာ္ေယာင္လုပ္ေနသည္ ။
ပိုးေလး အရင္ရက္ေတြကတည္းကေက်ာင္း
တက္ဖို႔အတြက္ ေက်ာင္းေတြေတာ္ေတာ္
မ်ားမ်ားကိုလိုက္စုံစမ္းျဖစ္သည္ ။
အဲ့ဒီထဲက S ေက်ာင္းကိုမေတာ္တဆေျခ
ခ်မိခဲ့ၿပီး ရွိုင္းေစ ဆိုတဲ့ေကာင္ေလးအ
ေၾကာင္းကိုလည္းမစုံစမ္းပါဘဲသိခဲ့ရသည္ ။
အူတူတူေလးနဲ႕ သိပ္လွတဲ့မ်က္လုံးေတြပိုင္
ဆိုင္ထားတဲ့ အကာအကြယ္လိုအပ္ေနသည့္
ေကာင္ေလးကိုသူသိပ္သေဘာက်သည္ ။
ဒီနို႔မစင္တဲ့ေကာင္ေလးေၾကာင့္ဘဲ သူဒီ
ေက်ာင္းမွာဒီေကာင္ေလးနဲ႕အတူတူတက္
ရဖို႔ ေဖႀကီးကိုအတင္းပူဆာခဲ့တာပင္ ။
ဒါေပမယ့္သူေမွ်ာ္လင့္ထားသလိုေတာ့ျဖစ္
မလာဘူး... ရွိုင္းေပါက္ ကေက်ာင္းမလာ
တာအၾကာႀကီးဘဲ ။
" ရွိုင္းေပါက္ ကဒီေန႕လဲမလာျပန္ဘူးလား
ကြာ "
ရွိုင္းေပါက္ နဲ႕ D & M ဥကၠ႒ အကိုမာန္ တို႔
အေၾကာင္းကဖုံးကြယ္ထားျခင္းမရွိတာမို႔
ေက်ာင္းမွာဆိုမသိခ်င္ရင္ေတာင္ၾကားေန
ရသည္ ။ ပိုးေလး ကလည္း ရွိုင္းေပါက္ တို႔
အေၾကာင္းကိုေက်ာင္းကလူေတြကတစ္
ဆင့္သိခဲ့ရတာပင္ ။
အခု ရွိုင္းေပါက္ ေက်ာင္းမလာတာက
အကိုမာန္ နဲ႕သက္ဆိုင္ေနေလာက္သည္ ။
အကိုမာန္ ဆီဖုန္းဆက္ၾကည့္ဖို႔အတြက္
ဖုန္းထုတ္ေနစဥ္မ်က္မွန္းတန္းမိေနသည့္
ကားအနက္ႀကီးကေက်ာင္းအနီးမွာရပ္လိုက္
တာမို႔ သူ႕ေက်ာေပၚကလြယ္အိတ္အနီေလး
ကိုဆြဲကိုင္ရင္းခုန္စြ ခုန္စြလုပ္လိုက္မိသည္ ။
" ရွိုင္းေပါက္.....ရွိုင္းေပါက္ေရ..."
ရွိုင္းေပါက္ ကားေပၚကဆင္းလိုက္တာျမင္
တာနဲ႕ ပိုးေလး ထိုေနရာကိုအျမန္ခုန္ေပါက္
ေျပးသြားလိုက္သည္ ။ ေက်ာင္းေရာက္တာ
ကိုေတာင္ဘာေတြမွာေနမွန္းမသိတဲ့ အကို
မာန္ လက္ထဲက ရွိုင္းေပါက္ ကိုသူကယ္
တင္ေပးရမည္ ။
" ကိုကို..... သူကဘယ္သူ "
ဘယ္သူမွမေခၚဖူးတဲ့နာမည္ေျပာင္ကသူ႕
ကိုေခၚေနမွန္း ရွိုင္းေစ သိသည္ ။ ဒါေပ
မယ့္သူ႕အသိေတြထဲမွာအခုလိုေခၚတဲ့သူမ
ရွိတာမို႔ ကိုကို ကြယ္ေနတဲ့ၾကားကေခ်ာင္း
ၾကည့္လိုက္သည္ ။ သူနဲ႕႐ြယ္တူေလာက္ရွိ
မယ္ထင္ရတဲ့ေကာင္ေလးတစ္ေယာက္က
အျပာေရာင္ဆံပင္အုပ္အုပ္ေလးကိုဝဲခါေန
ေအာင္ခုန္ေပါက္ရင္း ရွိုင္းေစ ရပ္ေနတဲ့ေန
ရာဆီကိုေျပးလာေနသည္တဲ့...။
" ဘုန္းမင္း...တားထား...သူကဘယ္သူလဲ "
ရွိုင္းေစ ေငးၾကည့္ေနတုန္း ကိုကို႔ စကား
ေၾကာင့္အကိုဘုန္းမင္း ကအဲ့ဒီေကာင္ေလး
ရဲ႕လက္ေမာင္းကိုဖမ္းဆြဲထားလိုက္သည္ ။
" Silver Company ဥကၠ႒ ဦးပိုင္ရဲ႕သား
ပိုးျပည့္စုံ ပါ ။ Boss သတိမထားမိလို႔ပါ
ဥကၠ႒ ဦးပိုင္နဲ႕အတူတူ ကြၽန္ေတာ္ တို႔
Company ကိုလိုက္လာတတ္တယ္ "
ဘုန္းမင္း ေျပာမွ မာန္ မ်က္လုံးထဲစမက္
က်က်ေလးေထာင့္က်က်မ်က္မွန္နဲ႕႐ုပ္
ရည္ခပ္ေျဖာင့္ေျဖာင့္ရွိတဲ့ ဥကၠ႒ ဦးပိုင္
ကိုေတြးမိသြားသည္ ။ ဒီေကာင္ေလးကအဲ့
ဒီလူရဲ႕သားတဲ့လား ။
" ဒီကို လြတ္စမ္းပါဦး "
လက္တစ္ကမ္းအလိုေလးမွာအဖမ္းခံ
လိုက္ရလို႔စိတ္တိုေနတာေၾကာင့္ အကို
ဘုန္းမင္း လက္ထဲကေဆာင့္႐ုန္းကာ အ
ကိုမာန္ ေနာက္မွာမ်က္လုံးဝိုင္းေလးနဲ႕ရပ္
ေနတဲ့ ရွိုင္းေပါက္ ကိုပါဆြဲထုတ္လိုက္သည္ ။
" ရွိုင္းေပါက္...ငါက ပိုးျပည့္စုံပါ မင္းနဲ႕
သူငယ္ခ်င္းျဖစ္ခ်င္လို႔...ဟီး.."
ရွိုင္းေစ ပုခုံးေပၚလက္တင္ကာသိုင္းဖက္
ထားဟန္ျဖင့္ ရင္းရင္းႏွီးႏွီးမိတ္ဆက္လာ
တဲ့ေကာင္ေလးေၾကာင့္ သူကိုကို႔ ကိုေမာ့
ၾကည့္လိုက္မိသည္ ။ ကိုကို ကသူ႕ကိုသူငယ္
ခ်င္းမထားေစခ်င္ရင္သူထားမွာမဟုတ္ဘူး ။
ဒါေပမယ့္ ကိုကို႔ မ်က္လုံးေတြက သူ႕အ
ေပၚမွာမရွိဘဲ ရွိုင္းေစ ပုခုံးေပၚကအဲ့ဒီေကာင္
ေလးရဲ႕လက္ကိုသာစိုက္ၾကည့္ေနသည္ ။
သူထင္တာမမွားဘူးဆိုရင္ ကိုကို ကမ်က္
ေထာင့္နီႀကီးနဲ႕အံႀကိတ္ၿပီးစိုက္ၾကည့္ေနတာ
လားလို႔....။
" ေဟ့..ေကာင္ေလး မင္းလက္ကိုဖယ္
လိုက္စမ္း! "
ပိုးေလး ကေတာ့ဂ႐ုစိုက္မေနေပါင္..။
အကိုမာန္ ရဲ႕အံႀကိတ္သံေတြကိုလ်စ္လ်ဴ
ရႈၿပီးေခါင္းသာရမ္းျပလိုက္သည္ ။
" ကပ္ေစးနည္းမေနစမ္းပါနဲ႕.. ရွိုင္းေပါက္
ကို ကြၽန္ေတာ္ ကေသခ်ာေစာင့္ေရွာက္ေပး
မွာမို႔စိတ္ခ်လိဳက္...အခုေတာ့အတန္းတက္
ရေတာ့မွာမို႔ေခၚသြားေတာ့မယ္ ဘိုင့္...ဘိုင္ "
မာန့္ အေျဖကိုေတာင္မေစာင့္ဘဲ Baby
ကိုဆြဲေခၚသြားတဲ့ ပိုးျပည့္စုံ ကိုမ်က္ေထာင့္
နီနဲ႕ၾကည့္ေနတာကလြဲလို႔ မာန္ ဘာမွမလုပ္
လိုက္ရေပ ။
" ျမတ္သူ..ဘာရပ္လုပ္ေနတာလဲ...Baby
ေနာက္အျမန္လိုက္ေလ "
ပိုးျပည့္စုံ ကိုမေက်နပ္သည့္စိတ္ကို ျမတ္
သူ အေပၚပုံခ်ရင္း မာန္ ပိတ္ေဟာက္ပစ္
လိုက္သည္ ။ ဘာလို႔အေဟာက္ခံလိုက္ရ
မွန္းမသိတဲ့ေကာင္ကေတာ့ မာန့္ ကိုေတာင္
ႏႈတ္ဆက္ဖို႔ေမ့ၿပီး Baby ေနာက္ေျပးလိုက္
သြားခဲ့သည္ ။
" ရွိုင္းေပါက္.... ငါ့ကို ကိုႀကီး လို႔ေခၚ ။
ငါက မင္းထက္တစ္ႏွစ္ႀကီးတယ္.. ၿပီး
ေတာ့ ငါ့အိမ္မွာၿပိဳင္ကားေတြအမ်ားႀကီး
ရွိတယ္ မင္းႀကိဳက္တဲ့တစ္စီးေပးမယ္ ။
အို...မင္းကအသက္မျပည့္ေသးဘူးေနာ့္..
အဲ့တာဆိုေတာ့ မင္းေမာင္းလို႔ရဦးမွာမဟုတ္
ဘူးအဲ့တာေၾကာင့္ငါ့ေနာက္ဘဲလိုက္စီး...
ၿပီးေတာ့............................ "
ေက်ာင္းဂိတ္ဝကေနစၿပီးမ်ားလိုက္တဲ့စ
ကား ေက်ာင္းအေဆာင္ေပၚတက္တဲ့အခ်ိန္
ထိတစ္ခါေလးမွပါးစပ္မပိတ္ေသးဘူး ။
ရွိုင္းေစ ဆိုတဲ့ေကာင္ေလးဆီက တစ္ခါတစ္
ရံ" အင္း " ဆိုတဲ့အသံေလးထြက္လာတာက
လြဲၿပီးတစ္ခ်ိန္လုံး ပိုးျပည့္စုံ ပါးစပ္ကေန
ေျဗာက္အတြဲလိုက္ေဖာက္ေနသလိုဘဲ ။
" ပိုးေလး....စကားေတြမ်ားလိုက္တာကြာ
အခန္းထဲေရာက္မွ ေအးေအးေဆးေဆး
မိတ္ဆက္ပါလားဘာလို႔ အေလာတႀကီး
ေျပာျပေနရတာလဲ "
ၾကည့္....ၾကည့္.... ရွိုင္းေပါက္ ကေတာင္
ဘာမွမေျပာဘူး ။ အိုးကမပူ စေလာင္းက
ပူေနရေသးတယ္ ။
" ဦးေလးႀကီး ကဘာသိလို႔လဲ...ရွိုင္းေပါက္
ကအရမ္းစကားနည္းတယ္ေလ....အဲ့တာ
ေၾကာင့္ ကြၽန္ေတာ္ကစကားမ်ားမ်ားေျပာ
ေပးရတာေပါ့...ဦးေလးႀကီး ေနာ္ကြၽန္ေတာ့္
ေနာက္လိုက္ၿပီး ပြစိ ပြစိ မလုပ္နဲ႕ ကြၽန္ေတာ္
စိတ္မရွည္ရင္ ဦးေလးႀကီးကို လင္ေပးစား
ပစ္မွာ.....ဟြန္း...."
ပိုင္ဇင္ခ ကိုလွည့္ၿပီးရန္စြာၿပီးတာနဲ႕ ရွိုင္းေစ
လက္ကိုဆြဲကာေလွကားထစ္ေတြေပၚေျပး
တက္သြားတဲ့ ပိုးျပည့္စုံ ကိုသူပါးစပ္အဟ
လိုက္နဲ႕ေၾကာင္ေတာင္ေတာင္ရပ္ၾကည့္ရင္း
က်န္ေနခဲ့ေတာ့သည္ ။
________________________________________________________________________________
ျမတ္နိုးျခင္းမ်ားစြာျဖင့္..... Aster
#2.2.2021