๐Ÿ’ž Eternal Love ๐Ÿ’ž { Complete...
By Aster_Brown
1.8M 118K 6K
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ]... More
Description
Main Character
Main Character
Chapter _ 1
Chapter _ 2
Chapter _ 3
Chapter _ 4
Chapter _ 5
Chapter _ 6
Chapter _ 7
Chapter _ 8
Chapter _ 9
Chapter _ 10
Chapter _ 11
Chapter _ 12
Chapter _ 13
Chapter _ 14
Chapter _ 15
Chapter _ 16
Chapter _ 17
Chapter _ 18
Chapter _ 19
Chapter _ 20
Chapter _ 22
Chapter _ 23
Chapter _ 24
Chapter _ 25
Chapter _ 26
Chapter _ 27
Chapter _ 28
Chapter _ 29
Chapter _ 30
๐ŸŒŒ Sweet Home ๐ŸŒŒ
Chapter _ 31
Chapter _ 32
Chapter _ 33
Chapter _ 34
Chapter _ 35
Chapter _ 36
Chapter _ 37
Chapter _ 38
Chapter _ 39
Chapter _ 40
Chapter _ 41
Chapter _ 42
Chapter _ 43
Chapter _ 44
Chapter _ 45
Chapter _ 46
Chapter _ 47
Chapter _ 48
Chapter _ 49
Chapter _ 50
Chapter _ 51
Chapter _ 52 [ Final ]
EXTRA _ 1
EXTRA _ 2
EXTRA _ 3
EXTRA _ 4
EXTRA _ 5
EXTRA _ 6
EXTRA _ 7
EXTRA _ 8
EXTRA _ 9
EXTRA _ 10
EXTRA _ 11
EXTRA _ 12
EXTRA _ 13
EXTRA _ 14
EXTRA _ 15 { End }
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌโคโค
Daddy?????
Chapter _ 21
25.9K 1.8K 37
By Aster_Brown
Unicode
********
" မေမေ!... မေမေ! "
နောက်ကနေ ကျားလိုက်သလိုပရမ်းပတာ
ဖြင့်အခန်းထဲပြေးဝင်လာတဲ့ သမီးဖြစ်သူ
သော်နန်းစံ ကြောင့် ဒေါ်စိုးနန်းစံ နှုတ်ခမ်း
နီဆိုးနေရာကလက်ချော်သွားရသည် ။
" ဟဲ့..ဘာဖြစ်လာတာလဲ..ချွေးတွေလဲရွဲလို့
ပါလား မိန်းကလေးဖြစ်ပြီး အေးအေးဆေး
ဆေးကို​မရှိဘူး "
" မေမေ ဒီလိုလုပ်ရမယ့်အချိန်မဟုတ်ဘူး.."
ပူပင်သောကရောက်နေတဲ့ သော်နန်းစံ က
သူမအမေကိုအချိန်ယူပြီးမရှင်းပြနိုင်တော့ ။
အမေဖြစ်သူကို မှန်တင်ခုံရှေ့ကအတင်းဆွဲ
ထူကာအခန်းပြင်ဆွဲထုတ်လာခဲ့သည် ။
" အချိန်ဆွဲနေလို့မရတော့ဘူး ေမမေ
ကိုကြီး ကိုဆေးမှုနဲ့ဖမ်းထားတယ်တဲ့..
အခု အချုပ်ထဲရောက်နေပြီ "
" ဟမ်...ဘာ..ဘာပြောတယ် အချုပ်တဲ့လား "
" ဟုတ်တယ်...ဟုတ်တယ်..ဘယ်သူသတင်း
ပေးလိုက်လဲမသိဘူး...အချုပ်ထဲရောက်
နေပြီ မြန်မြန်လိုက်သွားရအောင် "
သားဖြစ်သူအချုပ်ထဲရောက်နေပြီဆိုတာ
သိရတော့မှ ဒေါ်စိုးနန်းစံ ထူပူပြီးကားပေါ်
ပြေးတက်တော့သည် ။ သားဇောနဲ့ပူပင်
သောကရောက်ေနတဲ့ ဒေါ်စိုးနန်းစံ က ဆူ
ညံနေအောင်ဝင်နေတဲ့ဖုန်းတွေကိုကိုင်ဖို့
လည်းအသိမရှိပေ ။
သော်နန်းစံ ကကားကိုစခန်းရှေ့ရပ်လိုက်
တာနဲ့ ဒေါ်စိုးနန်းစံ ကားပေါ်ကအမြန်ဆင်း
ကာအချုပ်ခန်းရှိရာကိုပြေးသွားခဲ့သည်။
( A/N ဒီနားမှာ AirLi ကစခန်းအကြောင်း
သိပ်မသိလို့ ဒါဒါလေးတွေနားလည်ပေးပါ)
အချုပ်ခန်းထဲက သံတိုင်အနောက်ဘက်
မှာဒူးပိုက်ပြီးငိုင်နေတဲ့ နေစစ် ကအသက်
တောင်ရှူနေရဲ့လားမသိ...ငြိမ်ကုပ်လို့ ။
သားဖြစ်သူကိုမြင်တာနဲ့ ဒေါ်စိုးနန်းစံ ချုံး
ပွဲချငိုကြွေးတော့သည် ။ သူ(မ)သားကနည်း
နည်းလေးမလိမ္မာရုံလေးပါ ။ ဒီလောက်ကြီး
အပြစ်ပေးခံရတာမဖြစ်သင့်တဲ့ကိစ္စဘဲ..။
" သား...နေစစ် အမလေး ငါ့သားလူလိမ္မာ
လေးကို... "
" မေမေ!..."
" ဘယ်လိုဖြစ်တာလဲ... "
သံတိုင်တွေကိုဆုပ်ကိုင်ထားတဲ့ နေစစ် ရဲ့
လက်တွေကဒေါသကြောင့်တုန်ရင်နေသည် ။
" ထောက်ချောက်ဆင်ခံရတာ မေမေ..တိုင်
တဲ့လူနဲ့အမှုလုပ်ထားတဲ့လူနဲ့တစ်ယောက်
တည်းဖြစ်နိုင်တယ်...မေမေ အမှုပိတ်ပေးဖို့
သွားပြောပေးပါနော်....ငွေတောင်းရင်လဲ
ပေးလိုက်ဗျာ..."
" အေး...အေး...မေမေ အခုစုံစမ်းပြီး..အခု
ဘဲသွားပြောပေးမယ်..."
ဒေါ်စိုးနန်းစံ အချုပ်ခန်းထဲကပြန်ပြေး
ထွက်လာပြီးနောက် စခန်းမူးရှိရာကိုသွား
ရပြန်သည်။ အလုပ်ရှိနေလို့မတွေ့အားဘူး
ဆိုပြီးအတွေ့မခံတဲ့ စခန်းမှူးကို ဒေါ်စိုးနန်းစံ
ညနေ နေဝင်တဲ့အချိန်ထိစောင့်ခဲ့ရသည် ။
ထိုအချိန် သော်နန်းစံ ဘက်မှာလည်းအခြေ
နေကအကောင်းတိုင်းရှိမနေခဲ့ပေ ။ မအေ
ဖြစ်သူဆီဖုန်းဆက်မရတော့ တစ်ဖက်လူ
ရဲ့ဖုန်းတွေက သော်နန်းစံ ကိုဆက်သွယ်
လာပြီးဖြေရှင်းချက်တွေပေးခိုင်းနေချေပြီ ။
" ဒေါ်စိုးနန်းစံ....ဝင်တွေ့လို့ရပြီ "
မှောင်ရီပျိုးစအချိန်ကျမှ ဒေါ်စိုးနန်းစံ
စခန်းမှူးရုံးခန်းထဲကိုဝင်ခွင့်ရခဲ့သည် ။
ဒေါ်စိုးနန်းစံ ကိုတစ်ချက်သာမော့ကြည့်ပြီး
စားပွဲပေါ်ကဖိုင်တွေကို တဖျတ်ဖျတ်လှန်နေ
တဲ့စခန်းမှူးက သူမကိုမတတ်သာလို့ဝင်
ခွင့်ပေးလိုက်ရတဲ့ပုံစံဖြင့်.....။
" ဒေါ်စိုးနန်းစံ ဟုတ်လား "
" ဟုတ်ကဲ့...ဆရာ ဆေးမှုနဲ့ရောက်လာတဲ့
အဖွဲ့ထဲက နေစစ် ရဲ့အုပ်ထိန်းသူပါ ဒီအမှု
ကိုဘယ်သူဖွင့်ထားတာလဲသိချင်လို့..အဲ့တာ "
" ခင်ဗျား..အနားတောင်ကပ်နိုင်မှာမဟုတ်
တဲ့လူတစ်ယောက်ဘဲ..အဲ့တာတောင်သိချင်
သေးလား "
" ဟုတ်ကဲ့ "
စခန်းမှူး ဆိုသူက သူမကိုအထင်သေး
တဲ့မျက်လုံးတွေဖြင့်စိုက်ကြည့်ပြီးမှ လက်
ထဲကဖိုင်တွဲတစ်ခုကို သူမရှေ့ချပေးလာ
သည် ။
" G & S ဥက္ကဋ္ဌ ဂုဏ်ရှိုန်သွေး.. "
" ဟုတ်တယ်... ခင်ဗျား သားကိုဒီထဲရောက်
အောင်လုပ်လိုက်တဲ့သူက ဂုဏ်ရှိန်သွေး ဘဲ "
ဒေါ်စိုးနန်းစံ စကားပင်မပြောနိုင်လောက်
အောင်စွံ့အနေစဥ်ရုံးခန်းထဲကို သော်နန်းစံ
ကဖုန်းကိုင်ပြီးပြေးဝင်လာခ​ဲ့သည်။
" မေမေ....စက်ရုံမှာပြဿနာတွေဖြစ်နေပြီ
ပြီးတော့......"
သော်နန်းစံ စကားမဆုံးခင်မှာဘဲ မအေ
ဖြစ်သူကရုံးခန်းအပြင်ကိုဆွဲထုတ်သွားခဲ့
သည် ။ မအေ ဖြစ်သူကဘာတွေတွေးနေ
လဲသူ မစဥ်းစားတတ်တော့...။
" သော်လေး....ဘယ်လိုနည်းဘဲသုံးရသုံးရ
ဂုဏ်ရှိုန်သွေး ကို မေမေတို့ဘက်ပါအောင်
လုပ်မှရတော့မယ်...သမီး အကိုကိစ္စမှာ ဂုဏ်
ရှိုန်သွေးကအဓိကပါဝင်နေတာ...အဲ့တာ
ကြောင့်လေ သူဘာဘဲလိုချင်လိုချင် သမီး
ကဖြည့်ဆည်းပေးရမယ်...ကြားလား.."
လမ်းတစ်လျှောက်စကားပြောလာတဲ့
ဒေါ်စိုးနန်းစံက သမီးဖြစ်သူကိုကားပေါ်
တွန်းတင်လိုက်ပြီးတာနဲ့ သူမကိုယ်တိုင်
လည်းကားမောင်းသူ နေရာကိုဝင်ထိုင်လိုက်
သည် ။
" မေမေ အဲ့တာက ဘာစကားပြောတာလဲ
ဂုဏ့် ကိုဘာဘဲဖြစ်ဖြစ်ဖြည့်ဆည်းပေးတဲ့
လား..."
" သမီးအတွက်အရှုံးမရှိပါဘူး...ဒီအမေက
သမီးနစ်နာအောင်လုပ်ပါ့မလား...G & S
company ကိုမြန်မြန်သွားရအောင် "
ဂုဏ်ရှိုန်သွေး ရဲ့ Company လို့ပြောလာ
တာကြောင့် သော်နန်းစံ အမေဖြစ်သူကို
လှမ်းကြည့်ပြီး သက်ပြင်းဖွဖွချမိလိုက်
သည်။ နောက်ဆုံးတော့ မေမေ့ရဲ့ထိုး
ကျွေးရာက သူကိုယ်တိုင်ဖြစ်လာခ​ဲ့ပြီထင်
ပါရဲ့......။
" မေမေ...အထည်စက်ရုံကိုအကြွေးနဲ့လာ
သိမ်းတယ်ဆိုလို့ စက်ရုံမှာပြဿနာဖြစ်နေ
တယ်တဲ့ ။ အလုပ်သမားတွေကလဲ လုပ်
အားခရှင်းပေးဖို့ပြောနေကြပြီ ။ ဘာတွေ
ဖြစ်နေတာလဲ... နောက်စက်ရုံတစ်ခုကလဲ
လည်ပတ်ဖို့ခက်ခဲနေပြီ..."
သမီးဖြစ်သူရဲ့စကားကြောင့် ကားမောင်း
နေတဲ့ ဒေါ်စိုးနန်းစံ လက်တွေတုန်ယင်သွား
ခဲ့သည် ။ အသုံးအဖြုန်းကြီးတဲ့ သားနဲ့သမီး
အပြင် သူမကိုယ်တိုင်ကပါ လောင်းကစား
စွဲလာတာကြောင့် လုပ်ငန်းမှာတော်တော်
ထိခိုက်လာသည် ။
ဒါကြောင့်လဲ သော်နန်းစံ ကို ဂုဏ်ရှိုန်သွေး
နဲ့အမြန်နီးစပ်စေချင်နေတာပင် ။ ဂုဏ်ရှိုန်
သွေး နဲ့နီးစပ်အောင်ပင်မလုပ်နိုင်သေး သူမ
တို့မှာကံဆိုးမိုးမှောင်ကျနေချေပြီ။
................................................
" CEO ခိုင်းထားတာတွေလုပ်ပြီးပါပြီ "
ဆန်းထူး စကားကြောင့်ရုံးခန်းထဲကစားပွဲ
မှာထိုင်ပြီး ခါးသက်သက်ကော်ဖီတစ်ခွက်
ကိုအရသာခံနေတဲ့ ဂုဏ် ရဲ့နှုတ်ခမ်းတို့ကွေး
ညွတ်သွားခဲ့သည် ။
" အမှုကလွတ်မသွားအောင်သေချာလုပ်
ထား...ပြီးတော့ ကလေးငယ် နဲ့ ငြိုးမာန်လျှမ်း
သိုက် ရဲ့ပတ်သက်မှုကိုစုံစမ်းပြီးပြီလား "
အကို က ရှိုင်းစေ ကိုတကယ်ချစ်မိသွား
ပုံပင် ။ အကို့ ရဲ့အချိန်တိုင်းက ရှိုင်းစေ အ
တွက်စဥ်းစားရင်းနဲ့ဘဲကုန်ဆုံးနေခဲ့တာလေ ။
" D & M ဥက္ကဋ္ဌ က ရှိုင်းစေ ကိုကျောင်း
မှာပြဿနာဖြစ်တဲ့နေ့ကတည်းကခေါ်သွား
တာပါတဲ့ ။ ပြီးတော့ကျောင်းမှာခြိမ်းခြောက်
သောင်းကြမ်းတာတွေလုပ်သွားတာကလဲ
ရှိုင်းစေ ကိုထိပါးခဲ့တာကြောင့်တဲ့ ။ သူတို့
နှစ်ယောက်ရဲ့ပတ်သက်မှုကတော့တိတိကျ
ကျမသိရသေးပါဘူး "
ဆန်းထူး စကားက ဂုဏ့် ကိုစိတ်ကျေနပ်မှု
မပေးနိုင်ပေ ။ ကလေးငယ် နဲ့ပတ်သက်ပြီး
စုံစမ်းရင်း Hotel မှာ ကလေးငယ် ကိုယုတ်
မာဖို့ကြိုးစားဖူးတဲ့သူက ကလေးငယ်ရဲ့မွေး
စားအကိုမှန်းသိသွားတဲ့အချိန်မှာ ဂုဏ် ရူး
သွပ်သွားမတတ်ဘဲ ။
ကလေးငယ် ကိုဒီသားအမိတွေအနိုင်ကျင့်
စော်ကားနေခဲ့ကြတာကိုတောင်မသိဘဲ
ဂုဏ် ကိုယ်တိုင်ကပါဒုက္ခရောက်မိစေခဲ့သေး
သည် ။ ဒီသားအမိ ၃ ယောက်ကို ဂုဏ့် လက်
တွေနဲ့ကိုယ်တိုင်ခြေမွပစ်လိုက်ချင်ပေမယ့်
သေချာပြန်စဥ်းစားပြီးနောက် ဥပဒေအရသာ
ကိုင်တွယ်ဖို့ဆုံးဖြတ်ခဲ့ရသည် ။
** ဒေါက်....ဒေါက် **
ဂုဏ့် ရုံးခန်းတံခါးကိုခပ်ဖွဖွခေါက်ပြီးအသိ
ပေးလာတဲ့သူကြောင့် ဆန်းထူး ကတံခါး
သွားဖွင့်ပေးခဲ့သည် ။ ရုံးခန်းရှေ့မှာရပ်နေ
သည့် လုံခြုံရေးဝန်ထမ်းက ဆန်းထူး ကို
စကားတစ်ချို့ပြောလိုက်ပြီးနောက် နေရာ
မှာဘဲဆက်ပြီးရပ်နေသည် ။
" CEO....ဒေါ်စိုးနန်းစံ တွေ့ခွင့်တောင်းနေ
တာပါ မတွေ့ရမချင်းမပြန်ဘူးလို့လဲပြော
နေတယ်တဲ့ "
ဂုဏ် မျက်ခုံးတစ်ဖက်ကိုအသာပင့်လိုက်
မိသည် ။ ကြည့်ရတာကြံရမရတဲ့အဆုံး
ဂုဏ့် ဆီကိုဘဲရောက်ချလာကြပုံရသည် ။
ဒီမိန်းမတွေ ဂုဏ့် ကိုဘာပြောလာမလဲလို့
သိတော့သိချင်သားဘဲ ။
" ဆန်းထူး သူတို့ကိုဝင်ခွင့်ပေးလိုက် "
ဝင်ခွင့်ရသွားသည်နှင့်တစ်ဟုန်ထိုးများ
ပြေးတက်လာကြသလားမသိ ။ မိနစ်အ
နည်းငယ်အတွင်းမှာ ဒေါ်စိုးနန်းစံ ကရုံး
ခန်းထဲဝင်လာပြီး ဂုဏ့် ရှေ့မှာဒူးထောက်
နေချေပြီ ။
" သား....အန်တီ့သားရဲ့အမှုကိုပြန်သိမ်း
ပေးပါ..ေနာ်....အန်တီ သားလိုချင်တာပေး
ပါ့မယ်...ဟင် "
" ဟား...ဟား...ဟား.."
ဒေါ်စိုးနန်းစံ ရဲ့စကားကြောင့် ဂုဏ် အားရ
ပါးရရယ်မောလိုက်မိသည် ။ ဒီမိန်းမတွေက
သိပ်ကိုအပေါစားဆန်မှန်း ဂုဏ် မသိခဲ့ဘူး ။
" ဒေါ်စိုးနန်းစံ ခင်ဗျားကသိပ်ရယ်စရာ
ကောင်းတာဘဲ.....ခင်ဗျားသား ကလေးငယ်
ကိုဘယ်လိုလုပ်ရပ်တွေကျူးလွန်ထားလဲ
ခင်ဗျားသိလား "
" အန်တီ့သားဘာတွေလုပ်ထားလဲတော့
မသိဘူး ဒါပေမယ့်လေ အန်တီ ရှိုင်းစေ ကို
ကျေနပ်အောင်တောင်းပန်ပေးမယ်...သား
လိုချင်တာလဲဖြစ်အောင်လုပ်ပေးမယ်
ကျေးဇူးပြုပြီး အန်တီ့သားကိုကယ်ပါ..."
ဂုဏ့် ရှေ့မှာဒူးထောက်နေသည့် ဒေါ်စိုးနန်း
စံ ကအသနားခံသည့်မျက်လုံးတွေဖြင့်မော့
ကြည့်နေပေမယ့် ဂုဏ် နည်းနည်းလေးမှသ
နားစိတ်မဝင်မိ ။ ရုံးခန်းထဲဝင်ခွင့်မရတဲ့
သော်နန်းစံ ကတော့သူမ အမေရဲ့အခြေနေ
ကိုမသိသေးပေ ။
" ကျွန်တော်လိုချင်တာက...ရှိုင်းစေ ဖြစ်နေ
ရင်ရော ခင်ဗျား ရအောင်လုပ်ပေးမှာလား "
ဂုဏ် လိုချင်တာက ရှိုင်းစေ ဆိုတာကြောင့်
ဒေါ်စိုးနန်းစံ မျက်နှာပျက်နေသည်။ ဂုဏ်ရှိုန်
သွေး ဆိုတဲ့လူဆီသူကိုယ်တိုင် ရှိုင်းစေ ကို
ထည့်ပေးရလောက်အောင် မရူးသေးဘူး။
ဘယ်သူကောင်းစားဖို့ ရှိုင်းစေ ကိုဒီငွေတွင်း
ထဲပို့ပေးရမှာလဲ ။
" ဟိုလေ....သော်လေးဆိုရင်ရော....သော်
လေးဆိုရင်ဖြစ်နိုင်မလား...သူက သားအ
တွက်အကောင်းဆုံးလက်တွဲဖော်ဖြစ်စေမှာ
ပါ "
ဂုဏ် လိုချင်တဲ့အရာက ကလေးငယ် ဆိုတဲ့
ဖြစ်တည်မှုလေးဘဲရှိတယ်ဆိုတာသိအောင်
တမင်ထုတ်ပြောလိုက်တာဖြစ်ပေမယ့် ဒေါ်
စိုးနန်းစံ ကအကြံကြီးစွာသူ့သမီးကိုထိုးကျွေး
ဖို့စဥ်းစားသည်တဲ့ ။
" ခင်ဗျား ရဲ့အကြံတွေဒါအကုန်ဘဲလား
ဟမ် ခင်ဗျား ရှိုင်းစေ အပေါ်မှာဘယ်လို
ဆိုးယုတ်ခဲ့တယ်ဆိုတာ ကျုပ်သိတယ် ။
အခုခင်ဗျားလုပ်ခဲ့သမျှတွေထပ်အဆပေါင်း
များစွာပြန်ပေးဆပ်ရအောင် ကျုပ်ကမရ , ရ
တဲ့နည်းနဲ့လုပ်မှာ...နောက်ထပ် ခင်ဗျားနဲ့ထပ်
တွေ့စရာအကြောင်းမရှိတော့ဘူး "
ဒူးထောက်ပြီးမျက်ရည်ကျပြနေတဲ့ ဒေါ်စိုး
နန်းစံ ကိုအကြည့်တစ်ချက်ပင်မပေးတော့
ဘဲ ဂုဏ် ရုံးခန်းထဲကထွက်သွားဖို့ပြင်လိုက်
စဥ် ထိုမိန်းမကရှက်ရွံ့ခြင်းမရှိ ဂုဏ့် ခြေ
ထောက်တစ်ဖက်ကိုသိုင်းဖက်ထားခဲ့သည် ။
" မလုပ်ပါနဲ့....သား..အန်တီတောင်းပန်ပါ
တယ်ဘာဘဲလုပ်ရလုပ်ရပါ....နော်..."
ဂုဏ် ဒီမိန်းမအပေါ်မှာနာကျည်းမုန်းတီး
ခြင်းကလွဲပြီးဘာခံစားချက်မှမရှိတော့ ။
ထိုမိန်းမရဲ့ညစ်ပတ်တဲ့လက်တွေထဲကရုန်း
ထွက်လိုက်ကာ ရုံးခန်းတံခါးဆီကိုခြေဦး
တည့်လိုက်သည် ။
" ဒါနဲ့...ဒေါ်စိုးနန်းစံ ခင်ဗျား သမီးက ကျုပ်
အိပ်ရာပေါ်တက်ရလောက်တဲ့ထိ အရည်
ချင်းမရှိသေးဘူး...သေချာသင်ပြပြီးတော့
မှ ကျုပ် အိပ်ရာပေါ်လွတ်လိုက်ပေါ့...။ တန်
ရာတန်ကြေးတော့ပေးမှာပါ "
ဂုဏ် ခပ်ဟဟရယ်ရင်း ဆန်းထူး နဲ့အတူ
ရုံးခန်းထဲကထွက်သွားလိုက်တော့သည် ။
ဂုဏ် ထွက်သွားတာနဲ့ ရုံးခန်းထဲပြေးဝင်
သွားသည့် သော်နန်းစံ ရဲ့မျက်လုံးတွေက
ဂုဏ့် ဆီမှာဘဲဆိုတာမကြည့်ဘဲနဲ့တောင်
သိနေသည် ။
" သမီးရေ..... ဂုဏ်ရှိန်သွေး ကလက်လျော့
မှာမဟုတ်ဘူးတဲ့....ဘယ်လိုလုပ်ကြမလဲ..
အင့်.....ဟင့်...... "
ကြမ်းပြင်မှာပုံကျလျက်သားဖြင့်အော်ငို
နေတဲ့ အမေဖြစ်သူကိုဆွဲထူရင်း သူမကိုယ်
တိုင်လည်းမျက်ရည်တွေကျနေသည် ။
သူ့ရဲ့မျက်ရည်တွေက အကိုဒုက္ခရောက်နေ
လို့လည်းမဟုတ်သလို အမေဖြစ်သူမျက်
ရည်ကျနေတာကြောင့်လည်းမဟုတ်ပေ ။
သူမ တို့အခုချိန်မှာကုန်းကောက်စရာမရှိ
အောင်ဆင်းရဲသွားတော့မှာကိုစဥ်းစားမိ
တာကြောင့်ပင် ။ သူဆင်းရဲသွားရင် ဘယ်
သူငယ်ချင်းကလာပေါင်းချင်တော့မှာလဲ ။
သူသုံးနေကျပစ္စည်းတွေ လက်ဝတ်ရတနာ
တွေလည်းဝယ်လို့ရတော့မှာမဟုတ်..။ သူ
ဒီကိစ္စတွေတွေး တွေးပြီးငိုနေမိသည် ။
" မေမေ...အဲ့တာကအရေးမကြီးဘူး...အ
ခုဘဲစက်ရုံမှူးကဖုန်းဆက်လာတယ် စက်
ရုံပိတ်လိုက်ရပြီတဲ့...အဟင့်..အင့်..သမီး
တို့ဆင်းရဲသွားတော့မှာလို့... အခု....အခု
အိမ်ပြန်မှရမယ် "
သော်နန်းစံ အမေဖြစ်သူကိုကားပေါ်ဆွဲ
တင်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့ပေမယ့်
ဖရိုဖရဲဖြစ်နေတဲ့ အိမ်ကြီးကိုသာသွေး
ပျက်ဖွယ်တွေ့လိုက်ရသည် ။ သန်မာ
အားကောင်းလှသည့် ဗလတောင့်တောင့်
နဲ့လူကြီးတွေကခြံဝင်းတစ်ခုလုံး ရစရာမ
ရှိအောင်ဖျက်ဆီးထားသည် ။
ဒါတင်မလုံလောက်သေး အိမ်ထဲကပစ္စည်း
တွေကိုပါခြံပြင်ထိပစ်ထုတ်ကာ ဖျက်ဆီး
နေကြသည် ။ ဒေါ်စိုးနန်းစံ ကသူ့အိမ်ကိုဒီ
လိုဖျက်ဆီးနေတာမြင်တော့ ဘယ်လိုမှ
သည်းမခံနိုင်တော့ဘဲကားပေါ်ကပြေးဆင်း
သွားခဲ့သည် ။
" ဘယ်သူတွေလဲ! ငါ့အိမ်ကိုဘာလုပ်ကြ
တာလဲ!....ထွက်သွားကြစမ်း..."
ဒေါ်စိုးနန်းစံ ကသွေးရူးသွေးတမ်းဖြင့်နီးရာ
လူတစ်ယောက်ကိုပြေးဆွဲပြီး ရိုက်ပုတ်နေ
တာကြောင့်ထိုလူက ဒေါ်စိုးနန်းစံ ကိုမြေကြီး
ပေါ်တွန်းလဲပစ်လိုက်သည် ။
" ဒီအိမ်ကို သိမ်းလိုက်ပြီ...ခင်ဗျားတို့မြန်
မြန်ထွက်သွားတော့...ထပ်ပြီးလာနှောက်
ယှက်ရင်တော့ ခင်ဗျား တို့ကိုထောင်ထဲပို့
ပစ်မယ် "
ဒေါ်စိုးနန်းစံ ရူးသွားဖို့လုံလောက်တဲ့အနေ
အထားပင်ရောက်နေခဲ့ပြီ မြေကြီးပေါ်မှာ
ခြေပစ်လက်ပစ်ထိုင်နေပြီး လှုပ်ရှားမှုမရှိ
တဲ့မျက်လုံးနဲ့ ငြိမ်သက်ကာအသံလဲတစ်
စက်မှမထွက်တော့ပေ ။
" မေမေ...သမီးတို့ပြေးမှရတော့မယ်...ဟင့်
စက်ရုံကငွေအလွဲသုံးစားလုပ်မှုနဲ့ စခန်းမှာ
အမှုဖွင့်လိုက်လို့ သမီးတို့ကိုလာဖမ်းတော့
မယ်တဲ့..အခုမပြေးရင်မမှီတော့ဘူး...ဟင့်
ဟင့်.....ရွတ်....."
သော်နန်းစံ လက်ထဲကပြောလက်စဖုန်းကို
ပင်ချဖို့အချိန်မရလိုက်... အရူးတစ်ယောက်
လိုကြောင်တောင်တောင်ဖြစ်နေတဲ့ အမေ
ဖြစ်သူကိုမျက်ရည်စက်လက်ဖြင့်ဆွဲထူ
လိုက်သည် ။ သူမ အမေကတော့ဘာမှနား
ထဲမဝင်တော့သလို မျက်နှာသေကြီးဖြင့်
အိမ်ကိုသာစိုက်ကြည့်နေသည် ။
သော်နန်းစံ မှာလည်းအချိန်ကြာကြာလုပ်မ
ရတာကြောင့်အမေဖြစ်သူကိုဆွဲထူပြီးတာ
နဲ့ကားပေါ်အမြန်တွန်းထည့်လိုက်ပြီးနောက်
ဘာပစ္စည်းမှတောင်မယူနိုင်တော့ဘဲထို
နေရာကနေထွက်ပြေးခဲ့ရတော့သည် ။
______________________________________________________________
မြတ်နိုးခြင်းများစွာဖြင့်.... Aster
#31.1.2021
Zawgyi
********
" မေမေ!... မေမေ! "
ဆေးကိုမရှိဘူး "
" အချိန်ဆွဲနေလို့မရတော့ဘူး မေမေ
" ဟမ်...ဘာ..ဘာပြောတယျ အချုပ်တဲ့လား "
ပြေးတက်တော့သည် ။ သားဇောနဲ့ပူပင်
သောကရောကျနေတဲ့ ဒေါ်စိုးနန်းစံ က ဆူ
လည်းအသိမရှိပေ ။
လေးကို... "
" မေမေ!..."
" ဘယ်လိုဖြစ်တာလဲ... "
ပေးလိုက်ဗျာ..."
ဘဲသွားပြောပေးမယ်..."
သေးလား "
" ဟုတ်ကဲ့ "
သည် ။
ပြီးတော့......"
သည် ။
လား..."
ပါရဲ့......။
တယ်တဲ့ ။ အလုပ်သမားတွေကလဲ လုပ်
ထိခိုက်လာသည် ။
................................................
ညွတ်သွားခဲ့သည် ။
ကျမသိရသေးပါဘူး "
သွပ်သွားမတတ်ဘဲ ။
** ဒေါက်....ဒေါက် **
နေတယ်တဲ့ "
သိတော့သိချင်သားဘဲ ။
ပြေးတက်လာကြသလားမသိ ။ မိနစ်အ
နေချေပြီ ။
ပေးပါ..နျော....အန်တီ သားလိုချင်တာပေး
ပါ့မယ်...ဟင် "
" ဟား...ဟား...ဟား.."
ခင်ဗျားသိလား "
ကိုမသိသေးပေ ။
ထဲပို့ပေးရမှာလဲ ။
ပါ "
ဖို့စဉ်းစားသည်တဲ့ ။
တည့်လိုက်သည် ။
သိနေသည် ။
အင့်.....ဟင့်...... "
တာကြောင့်ပင် ။ သူဆင်းရဲသွားရင် ဘယ်
အိမ်ပြန်မှရမယ် "
သွားခဲ့သည် ။
တာလဲ!....ထွက်သွားကြစမ်း..."
ပစ်မယ် "
စက်မှမထွက်တော့ပေ ။
ဟင့်.....ရွတ်....."
လိုက်သည် ။ သူမ အမေကတော့ဘာမှနား
______________________________________________________________
#31.1.2021
Continue Reading
You'll Also Like
252K 16.2K 37
แ€„แ€ซแ€ทแ€˜แ€แ€™แ€ฝแ€ฌโ€‹ โ€‹แ€ฑแ€œแ€ฌแ€˜แ€แ€€แ€นโ€‹แฟแ€•แ€ฎแ€ธ แ€•แ€ญแ€ฏแ€„แ€นโ€‹แ€†แ€ญแ€ฏแ€„แ€นโ€‹แ€แ€บแ€„แ€นโ€‹แ€แ€ฒแ€ทแ€แ€ฌแ€™แ€บแ€ญแ€ณแ€ธแ€†แ€ญแ€ฏแ€แ€ฌ แ€™แ€„แ€นโ€‹แ€ธแ€”แ€ฒแ‚”แ€™แ€ฝ แ€ปแ€–แ€…แ€นโ€‹โ€‹แ€ฑแ€•แšแ€œแ€ฌแ€แ€ฌแ€•แ€ซ แ€ฑแ€’แ€ซแ€žโ€‹แ€ฑแ€แ€ผแŠแ€™แ€ฌแ€”แ€นโ€‹แ€™แ€ฌแ€”โ€‹แ€ฑแ€แ€ผแ€”แ€ฒแ‚”โ€‹แ€ฑแ€™แ€บแ€ฝแ€ฌแ€นโ€‹แ€œแ€„แ€นโ€‹แ€ทแ€แ€บแ€€แ€นโ€‹แ€€แ€„แ€นโ€‹แ€ธแ€™แ€ฒแ€ทโ€‹แ€ฑแ€”แ€แ€บแ€ญแ€”แ€นโ€‹ แ€•แ€‘แ€™แ€†แ€ถ...
984K 59.1K 58
โฆ{Own Creation}โฆ Unicode "แ€™แ€ฑแ€ทแ€œแ€ปแ€ฑแ€ฌแ€ทแ€แ€ถแ€›แ€แ€ฒแ€ท แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ฑแ€แ€นแ€แ€ฌแ€แ€ฝแ€ฑ" แ€กแ€œแ€ฑแ€ธแ€กแ€”แ€€แ€บ แ€™แ€‘แ€ฌแ€ธแ€™แ€ญแ€แ€ผแ€„แ€บแ€ธแ€”แ€ฒแ€ท แ€•แ€ฑแ€ซแ€ทแ€›แ€ฑแ€ฌแ€ทแ€™แ€พแ€ฏแ€แ€ฝแ€ฑแ€›แ€ฒแ€ท แ€กแ€†แ€ฏแ€ถแ€ธแ€žแ€แ€บแ€™แ€พแ€ฌ แ€˜แ€ฌแ€แ€ฝแ€ฑแ€™แ€ปแ€ฌแ€ธแ€›แ€พแ€ญแ€”แ€ฑแ€”แ€ญแ€ฏแ€„แ€บแ€™แ€œแ€ฒแ‹ Author-Lil...
57.7K 7.7K 24
แ€€แ€ผแ€šแ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€กแ€แ€ฐแ€แ€ฐ แ€›แ€ฑแ€€แ€ผแ€Šแ€ทแ€บแ€€แ€ผแ€›แ€กแ€ฑแ€ฌแ€„แ€บ แ€แ€ฐแ€Šแ€ฎ แ€แ€ฒแ€ทแ€กแ€–แ€ผแ€ฑแ€‘แ€ฝแ€€แ€บแ€แ€šแ€บ แ€†แ€ญแ€ฏแ€›แ€„แ€บ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€แ€ญแ€ฏแ€ท แ€กแ€แ€ปแ€…แ€บแ€…แ€…แ€บแ€œแ€ญแ€ฏแ€ทแ€•แ€ฑแ€ซแ€ท... แพแ€€แ€šแ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏแ€กแ€แ€ฐแ€แ€ฐ แ€ฑแ€›แพแ€€แ€Šแ€ทแ€นแพแ€€แ€›แ€ฑแ€กแ€ฌแ€„แ€น แ€แ€ฐแ€Šแ€ฎ แ€แ€ฒแ€ทแ€กแ€ฑแ€ปแ€–แ€‘แ€ผแ€€แ€นแ€แ€šแ€น แ€†แ€ญแ€ฏ...
141K 11.3K 94
แ€กแ€…แ€บแ€€แ€ญแ€ฏแ€‘แ€ฝแ€„แ€บแ€ธแ€€ แ€‡แ€ฌแ€แ€บแ€…แ€„แ€บแ€•แ€ฑแ€ซแ€บแ€™แ€šแ€บ แ€กแ€แ€ปแ€ญแ€ฏแ€ธแ€กแ€แ€ปแ€ญแ€แ€บแ€€แ€ปแ€€แ€ป แ€œแ€พแ€œแ€พแ€€แ€œแ€ฑแ€ธ แ€€แ€€แ€ผแ€ญแ€ฏแ€ธแ€†แ€„แ€บแ€•แ€ซแ€œแ€ฑ....แ€žแ€Šแ€บแ€™แ€ฑแ€ฌแ€„แ€บแ€€แ€แ€ฑแ€ฌแ€ท แ€‡แ€ฌแ€แ€บแ€…แ€„แ€บแ€กแ€ฑแ€ฌแ€€แ€บ แ€แ€…แ€บแ€”แ€ฑแ€›แ€ฌแ€€แ€”แ€ฑ แ€œแ€€แ€บแ€แ€ฏแ€•แ€บแ€แ€ฎแ€ธแ€”แ€ฑแ€•แ€ซแ€ทแ€™แ€šแ€บ...