အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 24

2.9K 208 0
By EmmaXing95


Unicode

မြန်မြန်ပြန်လာရတဲ့ အကြောင်းအရင်းကတော့
လမ်းသွားလမ်းလာတွေရဲ့အကြည့်က သူ့ရဲ့ ချောမောလှတဲ့ဒေါက်တာလေးဆီမှာ ဒီကြားထဲ ကောင်မလေးတစ်ယောက်က ဓာတ်ပုံရိုက်နေလို့ ထောင်ထဲထည့်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ရသေးတယ် အဲ့တော့မှ ဖျက်ပေးတယ်

သူ့ကျောပေါ်က ကျန့်ကောကို ညီလေးလားတဲ့ ငါထက်တောင်ကြီးတဲ့ သူကို အေးပေါ့လေ အရွယ်နဲ့မလိုက်အောင် ချစ်ဖို့ကောင်းလွန်းနေတာကို သူ့ရည်းစားလို့ပြောပြီး ထွက်လာခဲ့တယ်
ကျန်ခဲ့တဲ့သူကတော့ မျက်လုံးပြူးလို့

ကားထဲရောက်မှ ရိပေါ်သက်ပြင်းချရတယ်

*ဟူး သူများတွေ ကြည့်တာ မကြိုက်ဘူး ခင်ဗျားလေးကို ဘယ်နားသွားဖွက်ထားရမလဲဗျာ*

ရိပေါ် သူ့ရဲ့မိဘအိမ်ကိုမခေါ်တော့ပဲ သူ့တိုက်ခန်းကိုသာ ခေါ်သွားလိုက်သည် ဟိုအိမ်မှာ သူ့အစ်ကိုပြန်ရောက်နေပြီလေ သူလိုက်ပို့ပါမယ်ဆိုတာကို တစ်ယောက်ထဲပြန်သွားတာ

အိမ်ရောက်တော့ ကျန့်ကောကိုမနှိုးခင် သူ့အခန်းကို လူနေတာနဲ့တူအောင် ရှင်းလိုက်ရသေးတယ် အရင်က အခန်းရှင်းရမှာကို သေလောက်အောင် ပျင်းတဲ့သူက အခုတော့ သေသေချာချာကိုလုပ်နေတာ ဟိုတစ်ခါ ရှောင်းကျန့်အိမ်မှာတုန်းကရောပဲ

ကျန့်ကောကို နှိုးပြီး ခြေလက်ဆေးခိုင်းကာ ဝယ်လာတဲ့စားစရာတွေကို ပလုတ်ပလောင်းနဲ့ စားနေတဲ့ ဒေါက်တာလေးကို ငေးရတယ်

အခု သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ
ကော ဘယ်တော့အဖြေပေးမှာလဲ အတွေးလည်းများခဲ့သည်

မနက်ရောက်တော့ ရိပေါ်နိုးလာတယ် ဘေးကိုကြည့်တော့ သူများအိမ်မှန်းတောင်မေ့နေလား မသိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ရှောင်းကျန့် သူနဲ့ခုတင်ပေါ်မှာ အတူအိပ်တာ အရင်ကထက်စာရင် သူ့အပေါ်ပိုပြီး ချိုသာလာတယ် ရင်းရင်းနှီးနှီးနေတယ်
အဖြေတော့မပေးသေးဘူး

ရိပေါ် စခန်းက သူ့နေရာမှာ စိတ်ပျက်လက်ပျက်ထိုင်နေတာကို ရှီးချန်က မြင်တော့ သူ့အနားလာပြီး

"ရိပေါ် အမှုအဆင်ပြေလား"

"အင်း နေ့လည်ကြရင် ကျန်းယန်လီနဲ့တွေ့ဖို့လုပ်ထားတယ်"

"ကျန်းယန်လီ? ကျန်းလီမင်ရဲ့ သမီးလား"

"အင်း"

"ကျင်းဇီရွှမ်းကိုရော တွေ့ပြီလား"

"မတွေ့သေးဘူး ကျန်းယန်လီ နဲ့တွေ့ရင် သူ့ကိုအကူအညီတောင်းမလို့"

"အော်"

"အစ်ကို လူတစ်ယောက်ကိုချစ်ဖူးလား"

မဆီမဆိုင်ထမေးတာ မဟုတ်မှ သူဒီလိုဖြစ်နေတာ ဟိုဒေါက်တာလေးကြောင့်ပေါ့

"ချစ်တယ်ဆိုတဲ့အထိတော့ မဖြစ်ဖူးဘူး သဘောကျတာလောက်ပဲ ကိုယ့်ကိုယ်ကို ဆန်းစစ်တုန်းပေါ့"

"အစ်ကိုသဘောကျတဲ့လူရှိတယ်ပေါ့"

"အင်း"

"သူကရော အစ်ကို့အပေါ်မှာဘယ်လိုလဲ"

"ကောင်းပါတယ် သူကအရမ်းတုံးတော့ ငါ့စိတ်ကိုမသိဘူး"

"......."

"မင်းဘာလို့မေးတာလဲ ဒေါက်တာကြောင့်လား"

"အင်း ကျွန်တော်...သူ့ကိုဖွင့်ပြောလိုက်ပြီ"

"ဘယ်လို ဘယ်တုန်းကလဲ"

"ဟိုတစ်ခါတုန်းက အမေတို့အိမ်မှာ"

"မင်းအဲ့ကိုသွားခဲ့တာလား"

"အင်း သူ့ကိုခေါ်သွားချင်လို့
ပြီးတော့...နမ်းလည်းနမ်းခဲ့တယ်"

"ဘာ!!"

"အစ်ကို! ရှူး..တိုးတိုး"

စွံလိုက်တဲ့ ငါညီ နမ်းတောင်ပြီးသွားပြီတဲ့လား

"အဲ့တော့ သူဘာပြောလဲ"

"ကျွန်တော့်ကို အဖြေမပေးသေးဘူး စောင့်တဲ့"

"မင်းအခုလိုဖြစ်နေတာ အာ့ကြောင့်လား"

"အင်း သူကျွန်တော့်ကိုချစ်မချစ် ကျွန်တော်မြန်မြန်သိချင်ပြီ"

"ဒါကတော့ မင်းဘက်ကစိတ်ရှည်ရမယ်လေကွာ သူလည်းစဥ်းစားဦးမှာပေါ့ သူမင်းကိုချစ်တယ်ဆိုရင်တောင် မင်းတို့နှစ်ယောက်ကယောကျာ်းလေးတွေ သူ့မိသားစုမကြိုက်ရင်ဘယ်လိုလုပ်မလဲ သူ့အတွက်အချိန်လိုမှာပေါ့"

"အဲ့တော့...အစ်ကိုပြောတဲ့သဘောက သူကျွန်တော့်ကို မချစ်တာမဟုတ်ဘူး ပတ်ဝန်းကျင်ကြောင့်ပေါ့"

"အင်း အဲ့လိုဖြစ်နိုင်ပါတယ်"

သူပြောကာမှ ပြုံးပြုံးကြီးဖြစ်သွားတဲ့ရိပေါ်ကို သူတကယ်မနိုင်တော့ သူလည်းဘယ်တော့ပြောရမလဲ

"ရှောင်းကျန့် နင်ညကဘယ်အချိန်ပြန်လဲ"

ဝမ်ချင်အမေးကို ရှောင်းကျန့်က

"၉ နာရီလောက်ပေါ့"

"နင်တစ်ယောက်တည်းပြန်တာလား"

"မဟုတ်ဘူး ရိပေါ်လာကြိုတာ"

မေးမိတဲ့ ကိုယ့်ပါးစပ်ကိုတောင် ပြန်ရိုက်ချင်သွားတယ် တစ်ချိန်လုံး ရိပေါ် ရိပေါ် ရိပေါ် နဲ့ တစ်ပေါ်တည်းပေါ်နေတော့တာပဲ

ကျိုးချန်ကတော့မရှိ ဒီနေ့ခွင့်ယူထားတယ်
ဝမ်ချင်လည်း နေ့တစ်ဝက်ခွင့်ယူမယ်တဲ့ နှစ်ယောက်သားဘာလုပ်ဦးမလို့လဲ

စစ်ကျွေးက ဝမ်နင်ဆီမှာ အစ်ကိုရှီးချန်ကလည်း ဆေးရုံကိုရောက်လာပြီး တွေ့စရာလူရှိလို့တဲ့

သူနဲ့မျန်မျန်ပဲကျန်တော့တယ် ပျင်းလိုက်တာ ဒီနေ့လူနာလည်း နည်းတယ် ငါလည်းခွင့်ယူလိုက်ရင်ကောင်းမလား မဖြစ်ပါဘူး ဝုန်းခနဲလူနာအုပ်ကြီး ရောက်ချလာကာမှ အရေးပေါ်ဌာနမှာ ဆရာဝန်မရှိလို့ဆိုပြီး ပြဿနာတက်နေမယ်

ရိပေါ်ဆီဖုန်းဆက်ဖို့ကြတော့လည်း ဘာအကြောင်းပြချက်နဲ့ဖုန်းဆက်ရမလဲ သူ့ကိုဖုန်းတစ်ခါဆက်ရင် အဖြေပေးတော့မှာလားနဲ့ တစ်ချိန်လုံးမေးနေတာ အရမ်းမူလို့လဲ မကောင်းဘူး တော်ကြာ သူများနောက်ပါသွားရင် သူပဲရင်ကျိုးရမှာ မြန်မြန်ဆုံးဖြတ်ချက်ချရမယ်

######

💞MeiXing💞

တိုသွားပြီ sorry for late

Zawgyi









အဖြေတော့မပေးသေးဘူး





"အင်း"



"အော်"





"အင်း"



"......."



"ဘယ်လို ဘယ်တုန်းကလဲ"




"ဘာ!!"

"အစ်ကို! ရှူး..တိုးတိုး"


"အဲ့တော့ သူဘာပြောလဲ"










"၉ နာရီလောက်ပေါ့"








######

💞MeiXing💞


Continue Reading

You'll Also Like

1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
951K 21.8K 49
In wich a one night stand turns out to be a lot more than that.
239K 2.3K 58
y'all I did it. yea if you went to this book it obviously means you're as bored as I am so let's buckle down and talk about p5 ships time to party ig
24.2K 787 35
in which a newsies crew member tries to ignore her feelings for a Broadway actor (it's recommended to read Ten Minutes Ago before this book) ~~ [Josh...