🙆Tommy🙆🙆🙆🙆🙆
🙆အားးး...🙆🙆
🙎ဘာတွေလဲ ဘယ်သူလဲအဲ့ဒါ
"Krub ကိုကို..."
"ချစ်တယ်ကိုကို..."
"ဟုတ်..."
"Hey ဒါလင်..."
"ကိုကို... အင့်.."
"အရမ်းချစ်တယ်Jim..."
"အဟင့်..."
"အွန်းး... "
"Jimm...အရမ်းချစ်တယ်..."
"အွန်းး... မွ😘"
ပြွတ်စ်.....
Now!
At Beach.....!
တညလုံးသောင်းကျန်းထားကြပြီးမနက်3နာရီလောက်မှအိပ်သွားကြတဲ့BounPrem... မနက်ခင်6း:00မှာပဲBounရဲ့ဖုန်းကိုစာတွေဝင်လာတယ်... ဖုန်းကPremအိပ်တဲ့ခေါင်းနားမှာဆိုတော့Premလည်းစာဝင်သံကြောင့်နိုးလာခဲ့တယ်.... ဖုန်းကိုယူပီးဖွင့်ကြည့်လိုက်တော့ ပို့လာတဲ့စာတွေကြောင့်သူ့မျက်လုံးကိုပင်သူမယုံနိုင်...
"Por...."
#
#unicode
Tommyတစ်ယောက်တည်းအခန်းထဲမှာစိတ်ပျက်လက်ပျက်နဲ့ထိုင်ရင်းအတွေးတွေကဟိုဒီပျံ့ကြဲလို့... ပိုဆိုးတာကထိုနေ့ညကိုသူမေ့လို့မရခဲ့ခြင်း.. စိတ်ပူနေတယ်ဆိုရင်ပိုမှန်လိမ့်မယ်...
Flash Back...! (လွန်ခဲ့တဲ့တစ်လPorနဲ့စကားများတဲ့နေ့ကိုပြန်သွားကြမယ်)
ညနေခင်းမှာTommyသီချင်းသွားဆိုမှာဖြစ်တာကြောင့်Jimmyနဲ့Tommyနှစ်ယောက်အတူထွက်လာခဲ့ကြတယ်.. Clubကိုရောက်တော့Tommyကိုထားခဲ့ပီး.. သီချင်းဆိုတဲ့အချိန်အနီးကပ်ကြည့်လို့ရမယ့်နေရာမှာJimmyထိုင်လိုက်တယ်....
🎤အခုသီဆိုမယ့်သူကတော့.. မိန်းကလေးတွေရဲ့အသဲစွဲ... အသံချိုချိုအေးအေးလေးကိုပိုင်ဆိုင်ထားတဲ့.. Tell Nowသီချင်းကိုဆိုတဲ့....🎤
🙆Tommy🙆🙆🙆🙆🙆
တစ်ယောက်တစ်ပေါက်နဲ့အော်ဟစ်နေကြတဲ့မိန်းကလေးတွေကိုမြင်တော့ Jimmyနဲနဲတော့စိတ်ဆိုးမိသား... ဒါပေမယ့်လည်းTomကိုကြိုက်တဲ့သူတွေအများကြီးထဲကမှ သူကကံအကောင်းဆုံးသူဖြစ်ခဲ့တော့စိတ်ဖြေစရာလေးရှိတာပေါ့...
"ဆာဝါဒီခရပ်... ပျော်ရွှင်စရာညနေခင်းလေးပါဗျ..."
🙆အားးး...🙆🙆
"ကျွန်တော်ဒီနေ့သီချင်းမဆိုခင် လူတစ်ယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်.. သူကကျွန်တော့ဘဝအတွက်အရေးကြီးဆုံးလူသားပါ... ကျွန်တော်ဆိုးသမျှကိုသည်းခံနိုင်တဲ့တစ်ယောက်တည်းသောသူပေါ့... ပီးတော့ကျွန်တော်ချစ်ရတဲ့တစ်ယောက်တည်းသောသူ..."
🙎ဘာတွေလဲ ဘယ်သူလဲအဲ့ဒါ
🙎ငါမငိုချင်ဘူးနော်.. idolကရည်းစားရှိတာလား..😭
Jimmyကတော့ဘေးကမိန်းကလေးတွေပြောတာနားထောင်ပီး ငိုရမလိုရယ်ရမလိုဖြစ်နေလေရဲ့.. ပထမတော့သူလည်းကြောင်သွားတာလေ.. Tommyကအခုလိုလုပ်လိမ့်မယ်လို့မှမထင်တာ... ပီးမှမနက်ကပြောတာပြန်သတိရသွားတာ...
"Jimmy... ကိုယ်နဲ့အတူလာထိုင်ပေးနိုင်မလား..."
"Krub ကိုကို..."
Jimmyတစ်ယောက်ပြောပီးထသွားတော့သူ့ဘေးကကောင်မလေးတွေမှာပါးစပ်အဟောင်းသားလေးတြွေဖစ်လို့.. သူ့လိုအရပ်ရှည်ပီးခပ်မိုက်မိုက်ပုံစံနဲ့ကောင်လေးကိုဘယ်သူကမကြိုက်ပဲနေပါ့မလဲ.. သူ့ကိုလိုချင်လို့အနားကပ်နေဆဲ့ကောင်မလေးတွေတော့ရင်ကွဲလို့မဆုံးပဲ...
အကျီအဖြူရောင်နဲ့ညအမှောင်ထဲမှာတောင် ထင်းထွက်နေတဲ့JimmyပုံစံကClubထဲကမိန်းကလေးတွေရဲ့စိတ်ကိုဖမ်းစားထားတယ်... Tommyကိုအားကျနေတဲ့သူတွေကလည်းတစ်ပုံကြီးပေါ့...
"ချစ်တယ်ကိုကို..."
"ကိုယ်လည်းအရမ်းချစ်တယ်... ဒီနားမှာထိုင်အတူဆိုရအောင်..."
"ဟုတ်..."
Tommyထိုင်လိုက်ပီးတော့Jimmyကဘေးမှာကပ်ပီးထိုင်လိုက်တယ်... ဂစ်တာလေးကိုကိုင်ပီးJimmyရဲ့လက်တွေကTommyကိုသိုင်းဖက်လို့ဂစ်တာလေးကိုနှစ်ယောက်အတူတီးလို့သီချင်းဆိုခဲ့တယ်... သီချင်းလေးအဆုံးမှာတော့နှစ်ယောက်လုံးမျက်နှာချင်းဆိုင်လိုက်ကြပီးမနမ်းရုံတမယ်ထိကပ်ထားလိုက်ကြတယ်... Clubတစ်ခုလုံးမှာလည်းလက်ခုပ်သံတွေကဆူညံလို့ပေါ့....
သီချင်းဆိုပီးတော့မပြန်ကြသေးပဲလူတွေကြားမှာနှစ်ယောက်သားပွေ့ဖက်လို့အတူကခဲ့ကြတယ်... သူတို့ကိုမြင်တဲ့သူတိုင်းကလည်းသဘောကျနေကြတာပေါ့.. အဲ့ထဲမှာTommyကိုလူတွေနဲ့ရိုက်ခဲ့တဲ့Viewလည်းပါတာပေါ့...
"Hey ဒါလင်..."
"နင်ဘာလုပ်ဦးမလို့လဲView.. ငါ့မှာချစ်သူရှိတယ်..."
"ဘာမှမလုပ်ပါဘူး.. ငါဒီကောင်လေးကိုဂုဏ်ပြုမလို့လာတာ"
"Jimmyနဲ့ဘာမှပြောစရာမလိုဘူး..."
"ဟိုးး..စိတ်လျှော့ပါ.. Jimmy.. ဟုတ်တယ်နော်.. သူကနင့်ကိုအချစ်ကိုပိုင်ဆိုင်ရတဲ့သူမလို့ဂုဏ်ပြုပေးချင်လို့ပါ..."
"ဒါဆိုရင်တော့ကျေးဇူးပါပဲ.. Jimပြန်မယ်လာခဲ့.."
Tomလည်းJimmyကိုခေါ်ပီးအိမ်ပြန်ဖို့ထွက်လာခဲ့လိုက်တယ်.. ဒါပေမယ့်အိမ်မပြန်သေးပဲတံတားမှာရပ်ပီးဆင်းလိုက်တော့ အနောက်ကနေဆင်းလိုက်လာတဲ့Jimmy...
"ကိုကို... အင့်.."
"အရမ်းချစ်တယ်Jim..."
Jimကိုဆွဲဖက်ပီးပြောလာတဲ့Tommyဟာတကယ့်ကလေးပေါက်လေးအတိုင်းပဲ.. Jimmyကအရပ်ရှည်လေတော့Tommyကိုယ်လေးကရင်ခွင်ထဲမှာမြုပ်နေတာပေါ့..
"ကိုကို... ကျွန်တော့ကိုကြည့်ပါဦး.."
"အဟင့်..."
"ကိုကိုငိုနေတာလား.. ဘာလို့လဲ..."
"အဟင့်.. Jimm... ကိုယ်မှားသွားပီလား.."
"ကိုကို.. ကျွန်တော့ကိုကြည့်ပီးဘာဖြစ်တာလဲဆိုတာအရင်ပြောဦး..."
"ကိုယ်ဖျားတဲ့နေ့ကိုမှတ်မိတယ်မလား.. ကိုယ့်ဆီမှာဒဏ်ရာတွေနဲ့လေ..."
"ကျွန်တော်နဲ့ကိုကိုရဲ့ပထမဆုံးနေ့ကို ကျွန်တော်မေ့နိုင်ပါ့မလား... "
"အဲ့နေ့က... Viewကကိုယ့်ကိုသူ့လူတွေနဲ့ရိုက်ခိုင်းလိုက်တာ.. Premရောက်လာလို့ကိုယ်နည်းနည်းပဲခံလာရတာ..."
"ဘာပြောတယ်... ကျွန်တော်အခုသူ့ကိုသွားသတ်မယ်..."
"မရဘူးJim... သူကMarfiaဂိုဏ်းခေါင်းဆောင်ရဲ့သမီး... ကိုယ်အခုမင်းကိုဘယ်လောက်စိတ်ပူနေလဲသိလား..."
"ကျွန်တော်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ပါတယ်.. "
"ကိုယ်မင်းကိုလူတွေသိအောင်ချပြမိတာမှားပီထင်တယ်... သူမင်းကိုတစ်ခုခုလုပ်လိုက်မှာကြောက်နေတယ်..."
"ဟူးး... ကိုကိုစိတ်ကိုအေးအေးထား.. ကျွန်တော်ဘာမှမဖြစ်စေရဘူး..."
"အဟင့်.. ကိုယ်ငိုချင်တာပဲသိတယ်... "
"ကိုကိုစိုးရိမ်လွန်နေတာပါ.. သူအဲ့လိုမလုပ်လောက်ပါဘူး... တိတ်နော်..."
"Jimဘာမှမဖြစ်ဘူးလို့ကတိပေးနိုင်မလား..."
"ကတိပေးပါတယ်ဗျာ အခုတော့အေးနေပီအိမ်ပြန်ကြမယ်နော်..."
"အွန်းး... "
Jimmyကားဖက်လှည့်မယ်အလုပ်မှာခါးကိုပြန်ဆွဲကာဖက်ထားလိုက်ပီးး...
"Jimm...အရမ်းချစ်တယ်..."
"အရမ်းချစ်တယ်ကိုကို... ဘာမှလျှောက်မတွေးတော့နဲ့နော်..."
"အွန်းး... မွ😘"
ပြွတ်စ်.....
Jimmyလည်းTommyကိုချော့ပီးအိမ်ပြန်လာခဲ့တာပေါ့..ဒါပေမယ့်Tommyဘယ်လိုမှစိတ်မချနိုင်ပါ.. ViewကJimကိုတစ်ခုခုလုပ်မှာသူကြောက်နေတယ်လေ...
Now!
At Beach.....!
တညလုံးသောင်းကျန်းထားကြပြီးမနက်3နာရီလောက်မှအိပ်သွားကြတဲ့BounPrem... မနက်ခင်း6:00မှာပဲBounရဲ့ဖုန်းကိုစာတွေဝင်လာတယ်... ဖုန်းကPremအိပ်တဲ့ခေါင်းနားမှာဆိုတော့Premလည်းစာဝင်သံကြောင့်နိုးလာခဲ့တယ်.... ဖုန်းကိုယူပီးဖွင့်ကြည့်လိုက်တော့ ပို့လာတဲ့စာတွေကြောင့်သူ့မျက်လုံးကိုပင်သူမယုံနိုင်...
💬Boun... ငါ့သားကိုထားခဲ့ပီးထွက်သွားတော့...
💬ငါပြောထားတဲ့အတိုင်းမလုပ်ဘူးဆိုရင် ဘာဖြစ်မယ်ဆိုတာငါပြောပီးသားနော်
💬မင်းအိတ်ထဲမှာပိုက်ဆံရောလေယာဉ်လက်မှတ်ရော ငါထည့်ပေးထားပီးသား... ငါ့သားနဲ့အဆက်အသွယ်လုံးဝမလုပ်ပါနဲ့...
Premစာတွေကိုဖတ်ပီးBounကိုကြည့်လိုက်တော့အိပ်ပျော်နေသေးသည်... အခုချိန်မှာသူဒေါသတွေအရမ်းထွက်နေပါပီ.. PorကBounကိုပိုက်ဆံပေးပီးထွက်သွားခိုင်းတာတဲ့လား... သူBounရဲ့ပါးကိုတစ်ချက်နမ်းလိုက်ပီး.. အဝတ်စားတွေလဲကာအိမ်ကိုပြန်လာခဲ့လိုက်တယ်.. Bounကအိပ်ပျော်နေသေးတော့ဘာမှမသိပဲတစ်ယောက်တည်းကျန်ခဲ့တော့တယ်....
"Por...."
"သားပြန်လာပီလား... Bounရော..."
"Porမသိချင်ယောင်ဆောင်ပီးမေးမနေနဲ့...အကုန်လုံးကPorစီစဉ်ထားတာမဟုတ်လား..."
"Porကဘာကိုစီစဉ်ရမှာလဲ..."
"PorအခုBounဆီပို့တဲ့စာတွေအကုန်တွေ့ပီးသွားပီ..."
"ဟုတ်ပီလေ... အခုBounကမင်းကိုထားခဲ့ဖို့လမ်းကိုရွေးသွားတာ မင်းဘာမှမဖြစ်ဘူးလား..."
"သူကPorဖိအားပေးလို့ပဲ ကျွန်တော့်ကိုထားခဲ့ဖို့ရွေးတာ..."
"ငါဘာမှဖိအားပေးထားတာမရှိဘူး Bounသူကိုယ်တိုင်ရွေးချယ်ခဲ့တာ... "
"Porလိမ်နေတာ... Bounကကျွန်တော့ကိုဘယ်တော့မှထားသွားမှာမဟုတ်ဘူး.."
"သူ့မှာမင်းကိုထားခဲ့လို့ရလောက်တဲ့ မက်မောစရာတွေရှိနေရင်ရော..."
"တော်ပီဗျာ porလိမ်တယ်..Porကိုမုန်းတယ်.. Porနဲ့အတူမနေနိုင်ဘူး... "
"Prem..မင်းအခုပြန်လာခဲ့.."
"ကျွန်တော်သေရင်တောင်Porနဲ့မနေဘူး..."
Premတစ်ယောက်ကားပေါ်တက်ပီးBounဆ်ီကိုပြန်ထွက်လာခဲ့တယ်... ကမ်းခြေကိုပြန်ရောက်တော့အခန်းထဲမှာBounရှိမနေတော့... နားထဲမှာPorပြောတာတြွေပန်ကြားပီးသူ့မှာစဉ်းစားနိုင်စွမ်းမရှိတော့ Bounသူ့ကိုထားခဲ့ပီလို့ထင်သွားတယ်... တကယ်တော့Bounကသူ့ကိုမတွေ့လို့လိုက်ရှာနေခဲ့တာပါ..
"Boun.. မင်းငါ့ကိုထားခဲ့လို့မရဘူး..😭.. ငါမင်းနဲ့မခွဲနိုင်ဘူးဆိုတာမင်းမသိတာလား... ငါမင်းမရှိရင်သေသွားလိမ့်မယ်... ကျေးဇူးပြုပီးငါ့ဆီပြန်လာခဲ့ပေးပါ... မဟုတ်ဘူးမင်းမရှိမှတော့ငါအသက်ရှင်နေလို့ဘာထူးမှာလဲ... "
Premတစ်ယောက်ငိုယိုနေပီး... ကမ်းခြေကိုပြေးထွက်လာခဲ့တယ်.. သူ့ရဲ့ခြေလှမ်းတွေကတဖြေးဖြေးခြင်းပင်လယ်ထဲကိုလျှောက်လှမ်းနေတယ်... လူတကိုယ်လုံးမြှုပ်ခါနီးအချိန်မှာပဲ....
"Babe... မင်းဘာတွေလုပ်နေတာလဲ... အခုကိုယ့်ဆီပြန်လာခဲ့...."
"Boun... ငါမင်းကိုအရမ်းချစ်တယ်..."
Premရဲ့အသံတွေကတဖြေးဖြေးနစ်ဝင်သွားခဲ့တယ်... ဘာလို့ဆိုပင်လယ်ကြီးကသူ့ကိုခေါ်ဆောင်သွားခဲ့ပီမို့လို့ပဲ....
#
ဒီနေ့တော့တိုတိုပဲဖတ်ပေးကြနော် P'Bounရဲ့ဆေးစစ်ချက်အဖြေကြောင့်Deဘယ်လိုမှရေးလို့အဆင်မပြေတော့လို့ပါ...