That Omega is so cute and I c...

By Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... More

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

42• Is X-Ray cp is real?

6.6K 888 30
By Its_just_Thu


That Omega is so cute and I can’t help Part 42

Alex တို့ကျောင်းဖွင့်တာ လေးလကျော်ရှိပြီမို့ အခုကာလက First semester ရဲ့ Assignment တွေတင်ရတဲ့ ကာလဖြစ်တယ်။

စာကြိုးစားတဲ့ကျောင်းသားပီပီ အခုလိုအချိန်မျိုးက Alex အတွက်အလုပ်များတဲ့ အချိန်ပေါ့။ Assignment တိုင်းကို grade ကောင်းကောင်းရဖို့လိုတဲ့သူ့အတွက် ဒီအချိန်ကစာအုပ်နဲ့မျက်နှာမခွာရမယ့်အချိန်ဆိုပေမယ့် Raymus ကတော့ စာလုပ်ဖို့ကို မနည်းကိုဆော်ဩနေရပြီး အချိန်ရှိသရွေ့ ဂိမ်းဆော့လိုက် အိပ်လိုက်နဲ့ အလုပ်များနေတယ်။

အခုလည်း Alex မှာ Group Assignmentရှိတာမို့ အတန်းထဲက ကျောင်းသားတစ်ချို့နဲ့ စာလုပ်ဖို့အတွက် စာသင်ခန်းအလွတ်တစ်ခုမှာ ဆွေးနွေးတိုင်ပင်နေကြတာ။

Assignmemt တွေက အဖွဲ့နဲ့လုပ်ရတဲ့ Group Assignment တွေရှိသလို တစ်ယောက်ထဲလုပ်ရတဲ့ Assignment တွေလည်း ရှိတယ်။ ဘာသာရပ်အသီးသီးကဆရာမတွေက Group တွေခွဲပေးတာမတူတာမို့ ဒီဘာသာရပ်အတွက် Group Assignment မှာ Alex နဲ့Raymus က အဖွဲ့မတူကြပေ။

"ဒါနဲ့ဒီနေ့ Alexတစ်ယောက်တည်းပါလား၊ Raymusရော မပါဘူးလား''

စာအတူလုပ်တဲ့ အတန်းထဲကကျောင်းသားက Alex ကိုမေးတာမို့ Alex လည်း စာရေးနေရာကနေ ပြန်ဖြေလိုက်တယ်။

"သူလည်း သူ့ဟာသူစာလုပ်နေမှာပေါ့၊ သူနဲ့ငါတို့နဲ့က Groupမှမတူတာ''

"Groupမတူလည်း ခါတိုင်းမင်းတို့နှစ်ယောက်က တပူးတွဲတွဲနဲ့ရှိနေလို့လေ၊ အဲ့တာကြောင့်ငါက မေးကြည့်တာ''

"သူ့ဟာနဲ့သူရှိမှာပေါ့ကွာ ငါကသူ့ကိုလိုက်ကြည့်နေတာမှမဟုတ်တာ''

"ဟဲဟဲ Alexကလည်း ဒါလေးမေးတာကို ဘာလို့စိတ်ဆိုးနေတာလဲ''

"စိတ်မဆိုးပါဘူး ငါကဒီတိုင်းပဲပြောပြတဲ့ဟာကို''

အမှန်ကတော့ Alex စိတ်ဆိုးနေတာပဲ၊ သူစာလုပ်နေတဲ့အချိန်မှာ အဲ့ဒီလိုစကားလာပြောနေရင် သူအရမ်းဒေါသထွက်တာ။

ဒါပေမယ့် Raymusကတော့ ချွင်းချက်ပေါ့၊ Raymusဆိုတဲ့ကောင်စုတ်ကလေးက စိတ်ဆိုးလည်း စကားလာမပြောနဲ့ဆိုလည်း ပြောလို့ရတဲ့ဟာလေးမှ မဟုတ်တာ။

"ဒါနဲ့လေAlex မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး၊ ငါမင်းကိုတစ်ခုလောက် မေးလို့ရမလား''

"မင်းကဘာမေးဦးမလို့လဲ''

Alexတကယ်ကို စိတ်ပေါက်လာပြီဖြစ်သည်၊ စာအတူလုပ်ကြတဲ့ ငါးယောက်အဖွဲ့ထဲမှာ ဒီကောင် Aden က စကားအများဆုံးပဲ။

စာလုပ်ဖို့အတူစထိုင်ကတည်းက သူချည်းစကားတွေမနားတမ်းပြောနေတာ အခုချိန်ထိ ပြတ်သွားတယ်ကို မရှိဘူး။

"မင်းနဲ့Raymusက ဘယ်တော့officialတွဲကြမှာလဲ''

"ဘာ ဘာကိုတွဲမယ်ပြောတာလဲ''

Aden အမေးစကားကြောင့် Alex မျက်လုံးကြီးပြူးကာမေးလိုက်မိတယ်။

"ဟာ တွဲပါတယ်ဆိုမှ ဘယ်လိုတွဲတယ်ရှိသေးလို့လဲ သမီးရည်းစားလိုတွဲတာကိုပြောတာပေါ့ကွ ''

"ငါကဘာဖြစ်လို့ Raymusနဲ့တွဲရမှာလဲ''

"ဟမ် မင်းတို့နှစ်ယောက်က ကြိုက်နေကြတာမဟုတ်ဘူးလား''

"ဟာ မဟုတ်ပါဘူး''

"အမ် မဟုတ်ဘူးလား ငါတို့တစ်တန်းလုံးက မင်းတို့နှစ်ယောက်ကို ကြိုက်နေတယ်လို့ ထင်တာလေ မင်းတို့ဘယ်တော့ Official ချပြမလဲလို့ စောင့်နေတာ''

"ဟာ ကြံကြီးစည်ရာ မဟုတ်ပါဘူး၊ ငါကဘာဖြစ်လို့ သူနဲ့တွဲရမှာလဲ''

"ဘာဖြစ်လို့လဲဆိုတော့ မင်းတို့နှစ်ယောက်လောက် ပူးတာ မင်းတို့နှစ်ယောက်ပဲရှိလို့လေ၊ ပြီးတော့ Raymus အနားကို ကပ်ခွင့်ရတဲ့ Alpha ဆိုလို့ မင်းတစ်ယောက်တည်းရှိတာလေ။ အစကဆို  ငါတို့ကိုမှန်မှန်ပြောစမ်းပါ မင်းရှက်နေတာမလား''

"ဟာ မဟုတ်ပါဘူး၊ မင်းတို့ကလည်းကွာ ''

စမေးတုန်းက တစ်ယောက်ပေမယ့်အခုတော့ စာအတူလုပ်နေတဲ့လူအားလုံးက Alexကို ပုလိပ်စစ်သလိုစစ်နေတာမို့ Alex လည်း ခပ်ရှက်ရှက်နဲ့ ဇွတ်ငြင်းရတော့တာပဲ။

"Alex အဲ့တာဆိုမင်းက Raymusကို တကယ်မကြိုက်ဘူးပေါ့''

"မကြိုက်ပါဘူးဆိုကွာ မင်းတို့ကလည်းဇွတ်ပဲ''

"မင်းကတော့ လူထူးလူဆန်းပဲဟေ့ ငါတို့ကျောင်းမှာ Raymus ကို မကြိုက်ဘူးလို့ငြင်းတဲ့Alpha မင်းပဲရှိသေးတယ်''

“ဟုတ်ပါ့ကွာ Raymus ကိုဆို တစ်ရက်လောက်တွဲခွင့်ရမယ်ဆိုရင်တောင် တွဲချင်ကြတဲ့သူတွေဝိုင်းနေတာ။ မင်းအလှည့်ကျမှ ဒီလောက်အခြေအနေပေးနေတာကို မကြိုက်ဘူးတဲ့။ ငါဆို Raymus နဲ့သာကြိုက်ခွင့်ရကြည့်။ အခုအီနေတဲ့ omega လေးတွေအကုန်လုံးကိုပစ်ချပြီး Raymus ကိုရွေးမှာ”

အတန်းထဲမှာ king မဟုတ်သော်လည်း အတော်လေးလူကြိုက်များတဲ့ ခပ်ချောချော Alpha ကောင်လေးကပါ Aden စကားကိုထောက်ခံလာတယ်။ Alex ကတော့ ဒီကောင်တွေဘာလို့အဲလောက် Raymus ကိုကြိုက်နေလဲစဉ်းစားလို့တောင်မရ။

"မင်းတို့ကလည်း ငါကရူးနေလို့ Raymusကိုကြိုက်ရမှာလား၊ ကြိုက်ချင်းကြိုက်Omega မိန်းမလှလေးတွေကိုပဲ ကြိုက်မှာပေါ့ကွ ယောကျာ်းလေးချင်းကြီး မကြိုက်ပါဘူး၊ ငါက ဂေးမဟုတ်ဘူး''

Alex ရဲ့အဲ့လိုပြန်ဖြေတဲ့အသံကို Alexမျက်နှာကိုကြည့်ပြီး နားထောင်နေတဲ့သူဆိုရင်တော့ Alex ရှက်ပြီးလျှောက်ပြောတယ်ဆိုတာကို သဘောပေါက်မှာပဲ။ တကယ်တော့ သူအဲဒီလိုပြောလိုက်မိတာ Raymus ကိုမကြိုက်လို့ဆိုတာထက် Raymus ကိုသည်းသည်းလှုပ်ပြနေတဲ့ အဲဒီကောင်တွေကို သောက်မြင်ကတ်လို့ပြောလိုက်မိတာပဲဖြစ်သည်။

ဒါပေမယ့်ဒီတိုင်း အနောက်ကနေနားထောင်မယ်ဆိုရင်တော့ Alex ပြန်ဖြေတဲ့အသံက အတည်ပေါက်ငြင်းနေတယ်လို့ ထင်ကြမှာ။

ဒီကောင်တွေမေးကြသလို သူ Raymus ကိုကြိုက်နေသလားဆိုတော့ သူကိုယ်တိုင်တောင်မသိဘူး။

Raymusကို သံယောဇဉ်ရှိတာ၊ Raymusနားမှာ ရှိနေတာပျော်တယ်ဆိုတာကတော့ အမှန်ပဲ။ ဒါပေမယ့် အဲ့ဒီလောက်လေးနဲ့တော့ သူRaymusကို ချစ်နေတယ်လို့ သူစိမ်းတွေကိုမပြောချင်ပါဘူး။

တော်ကြာ Raymusနဲ့သူ့ကြားမှာရှိတဲ့ နားလည်မှုလေး ပျက်ပြားသွားမှာကို သူတကယ်မလိုလားဘူးလေ။

သူဘယ်သိခဲ့ပါ့မလဲ သူအဲ့လိုပြောလိုက်တာကို Raymus ကကြားသွားပြီး စိတ်မကောင်းဖြစ်သွားမယ်လို့ သူသိခဲ့ရင် သူအဲ့ဒီလို ငြင်းမိခဲ့မှာမဟုတ်ဘူး။

ဒါပေမယ့် တချို့အရာတွေက ပြန်ပြင်ဖို့မလွယ်လောက်တဲ့အထိ နောက်ကျသွားခဲ့တယ်လေ။

"ဟာ ဟိုမှာ Raymusမဟုတ်လား''

"ဟင် ဘယ် .. ဘယ်မှာလဲ''

Alex ရဲ့အရှေ့မှာ တံခါးပေါက်ကိုမျက်နှာမူပြီးထိုင်နေတဲ့ Aden ရဲ့ပြောစကားကြောင့် Alex အလန့်တကြားနဲ့ သူညွှန်ပြရာကို ကြည့်မိတယ်။

နောက်ကျောပဲ မြင်ရတဲ့သူတစ်ယောက်က အနောက်ကနေလှမ်းကြည့်တာကတော့ Raymuနဲ့အတော်တူတယ်။

ပြီးတော့ ဝတ်ထားတဲ့ အဝတ်အစားကလည်း မနက်က Raymus ကျောင်းကိုဝတ်လာတဲ့ Hoodie အနီရောင်လေးဖြစ်လို့နေတယ်။

ငါတော့သွားပါပြီ Raymus တော့ ငါ့ကိုစိတ်ဆိုးသွားတော့မှာပဲလို့ တွေးမိလိုက်တော့ Alex ရင်ထဲမှာ အရမ်းမောပန်းလာတယ်။

သူကဟိုကောင်တွေ အတင်းမေးနေလို့ လျှောက်ပြောလိုက်တာလေ။ တကယ်တမ်း သူ Raymus ကို စိတ်မကောင်းဖြစ်သွားစေချင်လို့မှမဟုတ်ခဲ့ပဲ။

"ငါ Toiletခဏသွားဦးမယ်''

Alex စာအတူလုပ်နေတဲ့ကောင်တွေကို ပြောပြီး ထထွက်လာခဲ့တယ်။ သူ Raymus နောက်လိုက်သွားပြီး သူအဲ့လိုပြောချင်တာမဟုတ်ဘူးဆိုတာကို ရှင်းပြမှဖြစ်လိမ့်မယ်။

ကျန်ခဲ့တဲ့သူငယ်ချင်းတွေကတော့ မပြေးရုံတစ်မယ် အသည်းအသန်ထွက်သွားတဲ့Alexကိုကြည့်ပြီး သဘောတကျနဲ့ ရယ်နေကြလေရဲ့။

"Alex Alex ပြောတော့ဖြင့်မကြိုက်ဘူး မကြိုက်ဘူးနဲ့ ပြီးတော့ထွက်သွားလိုက်တာများ၊ သူနောက်ကျောပဲမြင်လိုက်ရတဲ့သူက Raymus ဟုတ်လား မဟုတ်လားတောင်မှ မသိဘူး။ အဲ့တာနဲ့များ မကြိုက်ဘူးလို့ငြင်းနေသေးတယ် ရယ်ချင်လိုက်တာကွာ''

"ဟုတ်ပါ့ကွာ မကြိုက်ပေလို့ပဲ ကြိုက်များကြိုက်လို့ကတော့ ဘယ်လိုနေမလဲမသိ၊ ဒါနဲ့မင်းကဘာလို့ အဲ့လိုပြောလိုက်တာလဲ Aden မင်းပြောတာမဟုတ်မှန်းသိရင် မင်းကို Alexက ကောင်းကောင်းဆဲမှာနော်''

"သူ့စိတ်ကိုသူညာနေတာ မကြည့်ချင်လို့လေ အလကားပါကွာ ကြည့်နေ Alex နဲ့ Raymus သိပ်မကြာခင် ရည်းစားတွေဖြစ်သွားလိမ့်မယ်''

"မင်းကသိလှချည်လားကွ ဗေဒင်ဆရာလား''

"ဒါမျိုးက ဗေဒင်ဆရာဆိုရင်တောင် သိချင်မှသိမှာ။ သူတို့ကိုအမြဲတမ်းလိုက်ကြည့်နေတဲ့ ငါကသိတယ်ကွ။ သူတို့ကိုယ်သူတို့သာ ဝန်မခံတာ သူတို့မျက်လုံးတွေက အသိသာကြီးဟာကို''

"အဲ့တာတော့ ငါလည်းထောက်ခံတယ်''

Alex က စာသင်ခန်းထဲက ထွက်သွားပေမယ့် Alex နဲ့Raymus အကြောင်းကို ကျန်တဲ့သူငယ်ချင်းတစ်သိုက်က ဆွေးနွေးပြီးကျန်ခဲ့တယ်။

Alexနောက်ထပ်မသိလိုက်တာက သူ့ကို အချွန်နဲ့မလိုက်တဲ့ Aden က X-Ray fandom ရဲ့ ခေါင်းကိုင်ဖခင်ကြီး၊ အကြီးစား Shipper ကြီးဆိုတာပဲ။

- That Omega is so cute and I can’t help -

ဒီနေ့မနက် Nicholas ရုံးရောက်လာတော့ သူ့ရုံးခန်းရှေ့က Samရဲ့ ထိုင်ခုံမှာ Sam ကရှိမနေဘူး။

တစ်ရက်တစ်လေ ရုံးနည်းနည်းနောက်ကျတာ ဖြစ်မှာပါလေလို့ Nicholasက ပေါ့ပေါ့တန်တန်ပဲတွေးလိုက်တယ်။ သူကလည်းဒီနေ့ ရုံးကို ခါတိုင်းထက်၁၅မိနစ်လောက် စောပြီးရောက်နေတာကို။

Sam ရှိရင်တော့ Samကို  Babyလေးအကြောင်း မေးမယ်လို့စဉ်းစားထားပေမယ့် Sam မရှိနေတာမို့ Nicholas ရုံးခန်းထဲဝင်ပြီး အလုပ်လုပ်နေလိုက်တယ်။

ကိုကိုကြီးဆီကိုတင်ပြရမယ့် Reportတစ်ခုကို အချောသတ်စစ်နေတာမို့ အချိန်ကုန်လို့ကုန်မှန်းမသိလိုက်။

Reportစစ်ပြီးတဲ့အချိန် Samရောက်နေပြီလားလို့ Samရဲ့ extension ဖုန်းကို ခေါ်လိုက်တော့ ဖုန်းဖြေမယ့်သူ တစ်ယောက်မှမရှိ။ အဲ့တာနဲ့ပဲ Nicholasလည်း ရုံးခန်းထဲကထွက်လာလိုက်တော့ Samထိုင်ခုံမှာ Sam မရောက်သေးတာကို သတိထားလိုက်မိတယ်။

Samရုံးပဲမရောက်သေးတာလား ဒါမှမဟုတ်ရင် တစ်နေရာရာသွားနေတာလားလို့ သူသိချင်တာမို့ Samရဲ့စားပွဲအနီးကို လျှောက်သွားလိုက်ပြီး အိတ်တို့ဖုန်းတို့ရှိလားလို့ ကြည့်လိုက်မိတော့ ရှိမနေဘူး။

Sam ရုံးမတက်တာလား ခါတိုင်းရုံးနောက်ကျရင် ဒါမှမဟုတ်ရင်လည်း ကိစ္စတစ်ခုခုကြောင့် ခွင့်ယူမယ်ဆိုလို့ရှိရင် Sam က သူ့ကို အသိပေးနေကြ။ အခု Sam ကသူ့ကို အသိမပေးဘူးဆိုတော့ ပြီးခဲ့တဲ့သောကြာနေ့ညတုန်းက Clubမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့်များလားလို့ Nicholasတွေးမိတယ်။

သူလည်းစနေနေ့တုန်းက အရက်နာကျနေတာနဲ့ တနင်္ဂနွေကျတော့ နေလို့သိပ်မကောင်းချင်တာနဲ့ Sam ကိုမဆက်သွယ်ဖြစ်ခဲ့ဘူး။ အခုတော့ Sam က ပေါ်မလာဇာတ်လမ်းရိုက်ခဲ့လေပြီ။

သူခပ်မြန်မြန်ပဲ လက်ထဲမှာကိုင်ထားတဲ့ဖုန်းနဲ့ Samကို ဖုန်းကောက်ခေါ်လိုက်တော့ Samကဖုန်းမဖြေဘူး။ နှစ်ခါသုံးခါဆက်လို့ ဖုန်းမဖြေတဲ့အခါ Nicholas စိတ်မရှည်တော့ပဲ Samရဲ့အိမ်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။

Xxxxx

Nicholas တစ်ယောက် Sam အိမ်ရဲ့ လူခေါ်ဘဲလ်ကိုမနှိပ်နေပေမယ့် အထဲကSam က လာမဖွင့်ပြန်။

Sam နေတဲ့တိုက်ခန်းက အရင်ခေတ်ကတည်းက တိုက်ခန်းဖြစ်တာမို့ ဒီခေတ်ကွန်ဒိုတိုက်ခန်းတွေလို finger-print systemတို့ code-number systemတို့နဲ့ ဖွင့်လို့ရတဲ့တံခါးလည်း မဟုတ်ပဲသော့ခလောက်နဲ့ခတ်တဲ့ အခန်းတစ်ခန်းမျိုးဖြစ်တယ်။

သော့ကိုအပြင်ကခတ်ထားတာ မဟုတ်တာကြောင့် Sam အိမ်ထဲမှာရှိနေမယ်ဆိုတာကိုတော့ Nicholas ကျိန်းသေပေါက်ခန့်မှန်းလို့ရတယ်။ အဲ့ဒီအတွေးကြောင့်ပဲ Nicholasတဖြည်းဖြည်းစိတ်ပူလာမိတယ်။

Samအထဲမှာ တစ်ခုခုဖြစ်နေတာများလားလို့တွေးမိတော့ Samရဲ့အိမ်ခန်းတံခါးကို Nicholas သော့ဖျက်ပြီးဖွင့်မယ်လို့စဉ်းစားနေတုန်းမှာပဲ တံခါးချက်ကဖြတ်ကနဲပွင့်လာတယ်။

Sam ကဆံပင်တွေလည်းရှုပ်ပွပြီး နှုတ်ခမ်းတွေကလည်းသွေးမရှိသလို ဖြူလျော့နေတာကို တွေ့ရတာမို့ Nicholas လည်း အလောတကြီးနဲ့ မေးလိုက်မိတယ်။

"Sam ဘာဖြစ်နေတာလဲ၊ မင်းဘာဖြစ်နေလို့ရုံးမတက်တာလဲ။ နေမကောင်းတာလား''

"နားငြီးလိုက်တာ Nicholas ရာ ဩဇာအာဏာတွေလာပေးနေမယ်ဆိုရင် လာရာခရီးကပြန်လိုက်တော့''

Sam က Nicholasကို ပြန်စွာနေပေမယ့် သူ့ရဲ့အသံတွေမှာတော့ အားမပါတာသေချာနေပြန်တယ်၊ Sam နေမကောင်းဘူးလား မသိဘူး။

"နေမကောင်းဖြစ်နေတာလား အသံတွေလည်းနာနေသလိုပဲ''

"ဟုတ်တယ် နေမကောင်းဖြစ်နေတာ အခုသိရပြီမလား ပြန်တော့''

"ဘယ်လိုလုပ်ပြန်လို့ဖြစ်မှာလဲ နေမကောင်းဘူးဆို ဆေးရုံမသွားဘူးလား၊ ဆေးရောမသောက်ဘူးလား''

Sam က နှင်နေပေမယ့် Nicholas ကတော့ Samနှင်နေတာကို ဂရုမစိုက်တဲ့အလား  တိုက်ခန်းထဲကို ဇွတ်တရွတ်ဝင်လိုက်တယ်။

"Babyလေးရော မူကြိုသွားပို့ထားတာလား''

"မဟုတ်ဘူး Babyလေးပါနေမကောင်းတာ''

"ဘာ Babyလေးပါနေမကောင်းဘူး ဟုတ်လား ဘယ်မှာလဲအခု အခန်းထဲမှာလား''

Sam က Nicholasကို ရင်းရင်းနှီးနှီးမဆက်ဆံပေမယ့် Nicholas ကလည်း ဇွတ်အတင်းသူ့လက်သူ့ခြေ ဒီအိမ်ထဲမှာဝင်လုပ်နေကြမို့ Sam တို့ဘယ်အခန်းမှာနေတယ်ဆိုတာလည်း Nicholasကသိထားတယ်။

အဲ့တာကြောင့် Samအဖြေစကားကို စောင့်မနေပဲNicholas အိပ်ခန်းတွင်းသို့ခပ်မြန်မြန်လျှောက်သွားကာ Babyလေးကို ရှာလိုက်တော့ Babyလေးက ကုတင်ပေါ်မှာ စောင်ခြုံရက်လေး အိပ်ပျော်နေတယ်။

Babyလေးပုံစံကလည်း Samအလားတူ ဖြူဖျော့နေတာပဲ၊ ဒီသားအဖနှစ်ယောက်တော့ ဒုက္ခပါပဲ။

"Samရာ နှစ်ယောက်လုံးဒီလောက်နေမကောင်းဖြစ်နေတာ ကိုယ့်ကိုလှမ်းပြောမှပေါ့၊ နှစ်ယောက်စလုံး အဖျားကြီးပြီး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ''

"ကျွန်တော်ကခင်ဗျားကို ဘာကိစ္စလှမ်းပြောရမှာလဲ''

"ဘာဖြစ်လို့လှမ်းပြောရမှာလဲ ကိုယ်ကမင်းယောကျာ်း ဒီကလေးရဲ့အဖေမို့လို့ပေါ့''

"ယောကျာ်း ယောကျာ်းဆိုတဲ့ စကားကို ဂုဏ်ယူပြီးပြောမနေပါနဲ့  အဲ့ဒီယောကျာ်းဆိုတဲ့သူကပဲ နောက်မှာ တခြားမိန်းမတစ်ယောက်နဲ့ပျော်မွေ့နေတာ မဟုတ်လား''

"Sam ရာ နေမကောင်းဖြစ်တာတောင်မှ စကားနာထိုးနိုင်သေးတယ်၊ လာကုတင်ပေါ်မှာလာလှဲနေ ဘာဆေးသောက်ပြီးပြီလဲ''

အခုလိုမျိုး ပြူးပြူးပြာပြာနဲ့ စိတ်ပူတတ်တာ Nicholasရဲ့ ထုံးစံမဟုတ်မှန်း သူ့ကိုယ်သူလည်းသိတယ်။

Nicholasက သူမဟုတ်တဲ့ တခြားသူတစ်ယောက်ကို ဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး။

ဒါပေမယ့် Samနဲ့Babyလေးကတော့ ချွင်းချက်ဖြစ်နေခဲ့တယ်။

ဘယ်အချိန်တည်းက စခဲ့တဲ့သံယောဇဉ်လဲတော့ သူမသိဘူး။

ဒါပေမယ့် Nixon လေးကသူ့သားဆိုတာကို သိလိုက်ရတဲ့အချိန်မှာ Nixon လေးကိုကာကွယ်စောင့်ရှောက်ချင်သလို Sam ကိုပါကာကွယ်ပေးချင်လာတယ်။

သူတို့နှစ်ယောက်Nicholasကို အားကိုးအားထားပြုပြီး အကူအညီတောင်းတာကို လိုချင်ပြန်လာတယ်။

သူတို့နှစ်ယောက်လိုအပ်တာတွေကို ဖြည့်ဆည်းပေးချင်လာတယ်၊ ဒါက ကလေးအဖေဖြစ်သွားရင် အဲ့လိုမျိုးစိတ်ထားမျိုး ရှိတတ်ကြတာလား Nicholasလည်းသေချာမသိဘူး။

"Nicholas ခင်ဗျားပြန်တော့လို့ ကျွန်တော်ခေါင်းအရမ်းမူးနေတယ် ခင်ဗျားနဲ့ရန်မဖြစ်ချင်ဘူး''

"ခေါင်းမူနေမှာသိတယ်လေ အဲ့တာကြောင့် ပြုစုပေးမလို့ဟာကို၊ ဒီမှာလာလှဲနေစမ်းပါကွာ''

သူ Babyလေးရဲ့နဖူးကို ဟိုစမ်းဒီစမ်းလုပ်ပြီး စူးစမ်းနေရာမှ မတ်တပ်ရပ်နေတဲ့Samလက်ကို ဆွဲပြီးကုတင်ပေါ်မှာအတင်းဆွဲလှဲစေတယ်။

အားပြတ်နေပုံရတဲ့Samက ပါးစပ်ကသာစွာနေပေမယ့် လူကတော့Nicholasကို မရုန်းနိုင်ပဲ ကုတင်ပေါ်မှာ ခွေခွေလေးပြန်ရောက်လာတယ်။

"ဘာစားပြီးပြီလဲ ဘာဆေးသောက်ပြီးပြီလဲ''

"ဘာမှမစားရသေးဘူး မနက်ကတော့ Babyလေးကို ဆန်ပြုတ်ပြုတ်တိုက်ရင်းနဲ့ ပိုတဲ့ဆန်ပြုတ်တော့နဲနဲစားထားတယ်''

"ဟာ နေမကောင်းတာကို ဘာလို့ဆန်ပြုတ်တွေစားတာလဲကွာ။ ပြန်အန်နေရင် ဘယ်လိုလုပ်မလဲ။ အခုနှစ်ယောက်လုံးဆေးကောသောက်ပြီးပြီလား ''

"မနက်ဆေးတော့သောက်ထားတယ်''

"အဲ့တာဆိုရင် တစ်ခုခုစားဖို့လုပ်ပေးမယ် ဆေးတော့ထပ်သောက်မှရမယ် Babyလေးကအိပ်နေတာဆိုတော့ မနှိုးပဲထားထားလိုက်အုံး။ မင်းပါ ကလေးနဲ့အတူအိပ်လိုက်။ ကိုယ်စားဖို့ပြင်ဆင်ထားပေးမယ်”

"ဘယ်လို ခင်ဗျားက ကျွန်တော်တို့သားအဖစားဖို့ တစ်ခုခုလုပ်ပေးမယ်ဟုတ်လား''

"ဟုတ်တယ်လေ ဘာလဲ ကိုယ့်ဟင်းချက်လက်ရာကို မယုံလို့လား ဟိုမှာအကြာကြီးကျောင်းတက်ခဲ့တော့ ကိုယ့်ဘာကိုယ်ပဲ ချက်စားခဲ့တာပါ မင်းတို့စားဖို့ နည်းနည်းပါးပါးတော့ လုပ်ပေးနိုင်ပါတယ်''

"အင်းအင်း အဲ့တာဆိုလည်း ပြီးတာပဲ ကျွန်တော်အရမ်းမူးနေလို့ ခဏအိပ်လိုက်ဦးမယ်''

Sam ကမျက်လုံးတောင်မဖွင့်တော့ပဲ Nicholas ကိုပြောလာတာမို့ Nicholas လည်း ကုတင်ပေါ်မှာတွေ့တဲ့စောင်ကို Sam ကိုယ်ပေါ်ဆွဲခြုံပေးလိုက်တယ်။

ဒီလိုမျိုး သူစိမ်းတစ်ယောက်ကို ဂရုစိုက်ကြင်နာပေးတာမျိုးကို သဘောမကျခဲ့ပေမယ့် အဲ့တာက အခုချိန်မှာ Nicholasလုပ်ချင်နေတဲ့ အရာပဲဖြစ်နေခဲ့တယ်။

Part 43 to be continued

ရက်ခြားမှအပ်ပေးနိုင်တာဆော်ရီးပါ။ ဒီရက်ပိုင်း အရမ်းအရမ်းကို အလုပ်ရှုပ်နေလို့ပါနော်။

Zawgyi below

That Omega is so cute and I can’t help Part 42

Alex တို႔ေက်ာင္းဖြင့္တာ ေလးလေက်ာ္ရွိၿပီမို႔ အခုကာလက First semester ရဲ႕ Assignment ေတြတင္ရတဲ့ ကာလျဖစ္တယ္။

စာႀကိဳးစားတဲ့ေက်ာင္းသားပီပီ အခုလိုအခ်ိန္မ်ိဳးက Alex အတြက္အလုပ္မ်ားတဲ့ အခ်ိန္ေပါ့။ Assignment တိုင္းကို grade ေကာင္းေကာင္းရဖို႔လိုတဲ့သူ႕အတြက္ ဒီအခ်ိန္ကစာအုပ္နဲ႕မ်က္ႏွာမခြာရမယ့္အခ်ိန္ဆိုေပမယ့္ Raymus ကေတာ့ စာလုပ္ဖို႔ကို မနည္းကိုေဆာ္ဩေနရၿပီး အခ်ိန္ရွိသေ႐ြ႕ ဂိမ္းေဆာ့လိုက္ အိပ္လိုက္နဲ႕ အလုပ္မ်ားေနတယ္။

အခုလည္း Alex မွာ Group Assignmentရွိတာမို႔ အတန္းထဲက ေက်ာင္းသားတစ္ခ်ိဳ႕နဲ႕ စာလုပ္ဖို႔အတြက္ စာသင္ခန္းအလြတ္တစ္ခုမွာ ေဆြးေႏြးတိုင္ပင္ေနၾကတာ။

Assignmemt ေတြက အဖြဲ႕နဲ႕လုပ္ရတဲ့ Group Assignment ေတြရွိသလို တစ္ေယာက္ထဲလုပ္ရတဲ့ Assignment ေတြလည္း ရွိတယ္။ ဘာသာရပ္အသီးသီးကဆရာမေတြက Group ေတြခြဲေပးတာမတူတာမို႔ ဒီဘာသာရပ္အတြက္ Group Assignment မွာ Alex နဲ႕Raymus က အဖြဲ႕မတူၾကေပ။

"ဒါနဲ႕ဒီေန႕ Alexတစ္ေယာက္တည္းပါလား၊ Raymusေရာ မပါဘူးလား''

စာအတူလုပ္တဲ့ အတန္းထဲကေက်ာင္းသားက Alex ကိုေမးတာမို႔ Alex လည္း စာေရးေနရာကေန ျပန္ေျဖလိုက္တယ္။

"သူလည္း သူ႕ဟာသူစာလုပ္ေနမွာေပါ့၊ သူနဲ႕ငါတို႔နဲ႕က Groupမွမတူတာ''

"Groupမတူလည္း ခါတိုင္းမင္းတို႔ႏွစ္ေယာက္က တပူးတြဲတြဲနဲ႕ရွိေနလို႔ေလ၊ အဲ့တာေၾကာင့္ငါက ေမးၾကည့္တာ''

"သူ႕ဟာနဲ႕သူရွိမွာေပါ့ကြာ ငါကသူ႕ကိုလိုက္ၾကည့္ေနတာမွမဟုတ္တာ''

"ဟဲဟဲ Alexကလည္း ဒါေလးေမးတာကို ဘာလို႔စိတ္ဆိုးေနတာလဲ''

"စိတ္မဆိုးပါဘူး ငါကဒီတိုင္းပဲေျပာျပတဲ့ဟာကို''

အမွန္ကေတာ့ Alex စိတ္ဆိုးေနတာပဲ၊ သူစာလုပ္ေနတဲ့အခ်ိန္မွာ အဲ့ဒီလိုစကားလာေျပာေနရင္ သူအရမ္းေဒါသထြက္တာ။

ဒါေပမယ့္ Raymusကေတာ့ ခြၽင္းခ်က္ေပါ့၊ Raymusဆိုတဲ့ေကာင္စုတ္ကေလးက စိတ္ဆိုးလည္း စကားလာမေျပာနဲ႕ဆိုလည္း ေျပာလို႔ရတဲ့ဟာေလးမွ မဟုတ္တာ။

"ဒါနဲ႕ေလAlex ေမးမယ္ေမးမယ္နဲ႕ မေမးျဖစ္ဘူး၊ ငါမင္းကိုတစ္ခုေလာက္ ေမးလို႔ရမလား''

"မင္းကဘာေမးဦးမလို႔လဲ''

Alexတကယ္ကို စိတ္ေပါက္လာၿပီျဖစ္သည္၊ စာအတူလုပ္ၾကတဲ့ ငါးေယာက္အဖြဲ႕ထဲမွာ ဒီေကာင္ Aden က စကားအမ်ားဆုံးပဲ။

စာလုပ္ဖို႔အတူစထိုင္ကတည္းက သူခ်ည္းစကားေတြမနားတမ္းေျပာေနတာ အခုခ်ိန္ထိ ျပတ္သြားတယ္ကို မရွိဘူး။

"မင္းနဲ႕Raymusက ဘယ္ေတာ့officialတြဲၾကမွာလဲ''

"ဘာ ဘာကိုတြဲမယ္ေျပာတာလဲ''

Aden အေမးစကားေၾကာင့္ Alex မ်က္လုံးႀကီးျပဴးကာေမးလိုက္မိတယ္။

"ဟာ တြဲပါတယ္ဆိုမွ ဘယ္လိုတြဲတယ္ရွိေသးလို႔လဲ သမီးရည္းစားလိုတြဲတာကိုေျပာတာေပါ့ကြ ''

"ငါကဘာျဖစ္လို႔ Raymusနဲ႕တြဲရမွာလဲ''

"ဟမ္ မင္းတို႔ႏွစ္ေယာက္က ႀကိဳက္ေနၾကတာမဟုတ္ဘူးလား''

"ဟာ မဟုတ္ပါဘူး''

"အမ္ မဟုတ္ဘူးလား ငါတို႔တစ္တန္းလုံးက မင္းတို႔ႏွစ္ေယာက္ကို ႀကိဳက္ေနတယ္လို႔ ထင္တာေလ မင္းတို႔ဘယ္ေတာ့ Official ခ်ျပမလဲလို႔ ေစာင့္ေနတာ''

"ဟာ ႀကံႀကီးစည္ရာ မဟုတ္ပါဘူး၊ ငါကဘာျဖစ္လို႔ သူနဲ႕တြဲရမွာလဲ''

"ဘာျဖစ္လို႔လဲဆိုေတာ့ မင္းတို႔ႏွစ္ေယာက္ေလာက္ ပူးတာ မင္းတို႔ႏွစ္ေယာက္ပဲရွိလို႔ေလ၊ ၿပီးေတာ့ Raymus အနားကို ကပ္ခြင့္ရတဲ့ Alpha ဆိုလို႔ မင္းတစ္ေယာက္တည္းရွိတာေလ။ အစကဆို  ငါတို႔ကိုမွန္မွန္ေျပာစမ္းပါ မင္းရွက္ေနတာမလား''

"ဟာ မဟုတ္ပါဘူး၊ မင္းတို႔ကလည္းကြာ ''

စေမးတုန္းက တစ္ေယာက္ေပမယ့္အခုေတာ့ စာအတူလုပ္ေနတဲ့လူအားလုံးက Alexကို ပုလိပ္စစ္သလိုစစ္ေနတာမို႔ Alex လည္း ခပ္ရွက္ရွက္နဲ႕ ဇြတ္ျငင္းရေတာ့တာပဲ။

"Alex အဲ့တာဆိုမင္းက Raymusကို တကယ္မႀကိဳက္ဘူးေပါ့''

"မႀကိဳက္ပါဘူးဆိုကြာ မင္းတို႔ကလည္းဇြတ္ပဲ''

"မင္းကေတာ့ လူထူးလူဆန္းပဲေဟ့ ငါတို႔ေက်ာင္းမွာ Raymus ကို မႀကိဳက္ဘူးလို႔ျငင္းတဲ့Alpha မင္းပဲရွိေသးတယ္''

“ဟုတ္ပါ့ကြာ Raymus ကိုဆို တစ္ရက္ေလာက္တြဲခြင့္ရမယ္ဆိုရင္ေတာင္ တြဲခ်င္ၾကတဲ့သူေတြဝိုင္းေနတာ။ မင္းအလွည့္က်မွ ဒီေလာက္အေျခအေနေပးေနတာကို မႀကိဳက္ဘူးတဲ့။ ငါဆို Raymus နဲ႕သာႀကိဳက္ခြင့္ရၾကည့္။ အခုအီေနတဲ့ omega ေလးေတြအကုန္လုံးကိုပစ္ခ်ၿပီး Raymus ကိုေ႐ြးမွာ”

အတန္းထဲမွာ king မဟုတ္ေသာ္လည္း အေတာ္ေလးလူႀကိဳက္မ်ားတဲ့ ခပ္ေခ်ာေခ်ာ Alpha ေကာင္ေလးကပါ Aden စကားကိုေထာက္ခံလာတယ္။ Alex ကေတာ့ ဒီေကာင္ေတြဘာလို႔အဲေလာက္ Raymus ကိုႀကိဳက္ေနလဲစဥ္းစားလို႔ေတာင္မရ။

"မင္းတို႔ကလည္း ငါက႐ူးေနလို႔ Raymusကိုႀကိဳက္ရမွာလား၊ ႀကိဳက္ခ်င္းႀကိဳက္Omega မိန္းမလွေလးေတြကိုပဲ ႀကိဳက္မွာေပါ့ကြ ေယာက်ာ္းေလးခ်င္းႀကီး မႀကိဳက္ပါဘူး၊ ငါက ေဂးမဟုတ္ဘူး''

Alex ရဲ႕အဲ့လိုျပန္ေျဖတဲ့အသံကို Alexမ်က္ႏွာကိုၾကည့္ၿပီး နားေထာင္ေနတဲ့သူဆိုရင္ေတာ့ Alex ရွက္ၿပီးေလွ်ာက္ေျပာတယ္ဆိုတာကို သေဘာေပါက္မွာပဲ။ တကယ္ေတာ့ သူအဲဒီလိုေျပာလိုက္မိတာ Raymus ကိုမႀကိဳက္လို႔ဆိုတာထက္ Raymus ကိုသည္းသည္းလႈပ္ျပေနတဲ့ အဲဒီေကာင္ေတြကို ေသာက္ျမင္ကတ္လို႔ေျပာလိုက္မိတာပဲျဖစ္သည္။

ဒါေပမယ့္ဒီတိုင္း အေနာက္ကေနနားေထာင္မယ္ဆိုရင္ေတာ့ Alex ျပန္ေျဖတဲ့အသံက အတည္ေပါက္ျငင္းေနတယ္လို႔ ထင္ၾကမွာ။

ဒီေကာင္ေတြေမးၾကသလို သူ Raymus ကိုႀကိဳက္ေနသလားဆိုေတာ့ သူကိုယ္တိုင္ေတာင္မသိဘူး။

Raymusကို သံေယာဇဥ္ရွိတာ၊ Raymusနားမွာ ရွိေနတာေပ်ာ္တယ္ဆိုတာကေတာ့ အမွန္ပဲ။ ဒါေပမယ့္ အဲ့ဒီေလာက္ေလးနဲ႕ေတာ့ သူRaymusကို ခ်စ္ေနတယ္လို႔ သူစိမ္းေတြကိုမေျပာခ်င္ပါဘူး။

ေတာ္ၾကာ Raymusနဲ႕သူ႕ၾကားမွာရွိတဲ့ နားလည္မႈေလး ပ်က္ျပားသြားမွာကို သူတကယ္မလိုလားဘူးေလ။

သူဘယ္သိခဲ့ပါ့မလဲ သူအဲ့လိုေျပာလိုက္တာကို Raymus ကၾကားသြားၿပီး စိတ္မေကာင္းျဖစ္သြားမယ္လို႔ သူသိခဲ့ရင္ သူအဲ့ဒီလို ျငင္းမိခဲ့မွာမဟုတ္ဘူး။

ဒါေပမယ့္ တခ်ိဳ႕အရာေတြက ျပန္ျပင္ဖို႔မလြယ္ေလာက္တဲ့အထိ ေနာက္က်သြားခဲ့တယ္ေလ။

"ဟာ ဟိုမွာ Raymusမဟုတ္လား''

"ဟင္ ဘယ္ .. ဘယ္မွာလဲ''

Alex ရဲ႕အေရွ႕မွာ တံခါးေပါက္ကိုမ်က္ႏွာမူၿပီးထိုင္ေနတဲ့ Aden ရဲ႕ေျပာစကားေၾကာင့္ Alex အလန႔္တၾကားနဲ႕ သူၫႊန္ျပရာကို ၾကည့္မိတယ္။

ေနာက္ေက်ာပဲ ျမင္ရတဲ့သူတစ္ေယာက္က အေနာက္ကေနလွမ္းၾကည့္တာကေတာ့ Raymuနဲ႕အေတာ္တူတယ္။

ၿပီးေတာ့ ဝတ္ထားတဲ့ အဝတ္အစားကလည္း မနက္က Raymus ေက်ာင္းကိုဝတ္လာတဲ့ Hoodie အနီေရာင္ေလးျဖစ္လို႔ေနတယ္။

ငါေတာ့သြားပါၿပီ Raymus ေတာ့ ငါ့ကိုစိတ္ဆိုးသြားေတာ့မွာပဲလို႔ ေတြးမိလိုက္ေတာ့ Alex ရင္ထဲမွာ အရမ္းေမာပန္းလာတယ္။

သူကဟိုေကာင္ေတြ အတင္းေမးေနလို႔ ေလွ်ာက္ေျပာလိုက္တာေလ။ တကယ္တမ္း သူ Raymus ကို စိတ္မေကာင္းျဖစ္သြားေစခ်င္လို႔မွမဟုတ္ခဲ့ပဲ။

"ငါ Toiletခဏသြားဦးမယ္''

Alex စာအတူလုပ္ေနတဲ့ေကာင္ေတြကို ေျပာၿပီး ထထြက္လာခဲ့တယ္။ သူ Raymus ေနာက္လိုက္သြားၿပီး သူအဲ့လိုေျပာခ်င္တာမဟုတ္ဘူးဆိုတာကို ရွင္းျပမွျဖစ္လိမ့္မယ္။

က်န္ခဲ့တဲ့သူငယ္ခ်င္းေတြကေတာ့ မေျပး႐ုံတစ္မယ္ အသည္းအသန္ထြက္သြားတဲ့Alexကိုၾကည့္ၿပီး သေဘာတက်နဲ႕ ရယ္ေနၾကေလရဲ႕။

"Alex Alex ေျပာေတာ့ျဖင့္မႀကိဳက္ဘူး မႀကိဳက္ဘူးနဲ႕ ၿပီးေတာ့ထြက္သြားလိုက္တာမ်ား၊ သူေနာက္ေက်ာပဲျမင္လိုက္ရတဲ့သူက Raymus ဟုတ္လား မဟုတ္လားေတာင္မွ မသိဘူး။ အဲ့တာနဲ႕မ်ား မႀကိဳက္ဘူးလို႔ျငင္းေနေသးတယ္ ရယ္ခ်င္လိုက္တာကြာ''

"ဟုတ္ပါ့ကြာ မႀကိဳက္ေပလို႔ပဲ ႀကိဳက္မ်ားႀကိဳက္လို႔ကေတာ့ ဘယ္လိုေနမလဲမသိ၊ ဒါနဲ႕မင္းကဘာလို႔ အဲ့လိုေျပာလိုက္တာလဲ Aden မင္းေျပာတာမဟုတ္မွန္းသိရင္ မင္းကို Alexက ေကာင္းေကာင္းဆဲမွာေနာ္''

"သူ႕စိတ္ကိုသူညာေနတာ မၾကည့္ခ်င္လို႔ေလ အလကားပါကြာ ၾကည့္ေန Alex နဲ႕ Raymus သိပ္မၾကာခင္ ရည္းစားေတြျဖစ္သြားလိမ့္မယ္''

"မင္းကသိလွခ်ည္လားကြ ေဗဒင္ဆရာလား''

"ဒါမ်ိဳးက ေဗဒင္ဆရာဆိုရင္ေတာင္ သိခ်င္မွသိမွာ။ သူတို႔ကိုအၿမဲတမ္းလိုက္ၾကည့္ေနတဲ့ ငါကသိတယ္ကြ။ သူတို႔ကိုယ္သူတို႔သာ ဝန္မခံတာ သူတို႔မ်က္လုံးေတြက အသိသာႀကီးဟာကို''

"အဲ့တာေတာ့ ငါလည္းေထာက္ခံတယ္''

Alex က စာသင္ခန္းထဲက ထြက္သြားေပမယ့္ Alex နဲ႕Raymus အေၾကာင္းကို က်န္တဲ့သူငယ္ခ်င္းတစ္သိုက္က ေဆြးေႏြးၿပီးက်န္ခဲ့တယ္။

Alexေနာက္ထပ္မသိလိုက္တာက သူ႕ကို အခြၽန္နဲ႕မလိုက္တဲ့ Aden က X-Ray fandom ရဲ႕ ေခါင္းကိုင္ဖခင္ႀကီး၊ အႀကီးစား Shipper ႀကီးဆိုတာပဲ။

- That Omega is so cute and I can’t help -

ဒီေန႕မနက္ Nicholas ႐ုံးေရာက္လာေတာ့ သူ႕႐ုံးခန္းေရွ႕က Samရဲ႕ ထိုင္ခုံမွာ Sam ကရွိမေနဘူး။

တစ္ရက္တစ္ေလ ႐ုံးနည္းနည္းေနာက္က်တာ ျဖစ္မွာပါေလလို႔ Nicholasက ေပါ့ေပါ့တန္တန္ပဲေတြးလိုက္တယ္။ သူကလည္းဒီေန႕ ႐ုံးကို ခါတိုင္းထက္၁၅မိနစ္ေလာက္ ေစာၿပီးေရာက္ေနတာကို။

Sam ရွိရင္ေတာ့ Samကို  Babyေလးအေၾကာင္း ေမးမယ္လို႔စဥ္းစားထားေပမယ့္ Sam မရွိေနတာမို႔ Nicholas ႐ုံးခန္းထဲဝင္ၿပီး အလုပ္လုပ္ေနလိုက္တယ္။

ကိုကိုႀကီးဆီကိုတင္ျပရမယ့္ Reportတစ္ခုကို အေခ်ာသတ္စစ္ေနတာမို႔ အခ်ိန္ကုန္လို႔ကုန္မွန္းမသိလိုက္။

Reportစစ္ၿပီးတဲ့အခ်ိန္ Samေရာက္ေနၿပီလားလို႔ Samရဲ႕ extension ဖုန္းကို ေခၚလိုက္ေတာ့ ဖုန္းေျဖမယ့္သူ တစ္ေယာက္မွမရွိ။ အဲ့တာနဲ႕ပဲ Nicholasလည္း ႐ုံးခန္းထဲကထြက္လာလိုက္ေတာ့ Samထိုင္ခုံမွာ Sam မေရာက္ေသးတာကို သတိထားလိုက္မိတယ္။

Sam႐ုံးပဲမေရာက္ေသးတာလား ဒါမွမဟုတ္ရင္ တစ္ေနရာရာသြားေနတာလားလို႔ သူသိခ်င္တာမို႔ Samရဲ႕စားပြဲအနီးကို ေလွ်ာက္သြားလိုက္ၿပီး အိတ္တို႔ဖုန္းတို႔ရွိလားလို႔ ၾကည့္လိုက္မိေတာ့ ရွိမေနဘူး။

Sam ႐ုံးမတက္တာလား ခါတိုင္း႐ုံးေနာက္က်ရင္ ဒါမွမဟုတ္ရင္လည္း ကိစၥတစ္ခုခုေၾကာင့္ ခြင့္ယူမယ္ဆိုလို႔ရွိရင္ Sam က သူ႕ကို အသိေပးေနၾက။ အခု Sam ကသူ႕ကို အသိမေပးဘူးဆိုေတာ့ ၿပီးခဲ့တဲ့ေသာၾကာေန႕ညတုန္းက Clubမွာျဖစ္ခဲ့တဲ့ ကိစၥေၾကာင့္မ်ားလားလို႔ Nicholasေတြးမိတယ္။

သူလည္းစေနေန႕တုန္းက အရက္နာက်ေနတာနဲ႕ တနဂၤေႏြက်ေတာ့ ေနလို႔သိပ္မေကာင္းခ်င္တာနဲ႕ Sam ကိုမဆက္သြယ္ျဖစ္ခဲ့ဘူး။ အခုေတာ့ Sam က ေပၚမလာဇာတ္လမ္းရိုက္ခဲ့ေလၿပီ။

သူခပ္ျမန္ျမန္ပဲ လက္ထဲမွာကိုင္ထားတဲ့ဖုန္းနဲ႕ Samကို ဖုန္းေကာက္ေခၚလိုက္ေတာ့ Samကဖုန္းမေျဖဘူး။ ႏွစ္ခါသုံးခါဆက္လို႔ ဖုန္းမေျဖတဲ့အခါ Nicholas စိတ္မရွည္ေတာ့ပဲ Samရဲ႕အိမ္ကိုလိုက္သြားဖို႔ဆုံးျဖတ္လိုက္တယ္။

Xxxxx

Nicholas တစ္ေယာက္ Sam အိမ္ရဲ႕ လူေခၚဘဲလ္ကိုမႏွိပ္ေနေပမယ့္ အထဲကSam က လာမဖြင့္ျပန္။

Sam ေနတဲ့တိုက္ခန္းက အရင္ေခတ္ကတည္းက တိုက္ခန္းျဖစ္တာမို႔ ဒီေခတ္ကြန္ဒိုတိုက္ခန္းေတြလို finger-print systemတို႔ code-number systemတို႔နဲ႕ ဖြင့္လို႔ရတဲ့တံခါးလည္း မဟုတ္ပဲေသာ့ခေလာက္နဲ႕ခတ္တဲ့ အခန္းတစ္ခန္းမ်ိဳးျဖစ္တယ္။

ေသာ့ကိုအျပင္ကခတ္ထားတာ မဟုတ္တာေၾကာင့္ Sam အိမ္ထဲမွာရွိေနမယ္ဆိုတာကိုေတာ့ Nicholas က်ိန္းေသေပါက္ခန႔္မွန္းလို႔ရတယ္။ အဲ့ဒီအေတြးေၾကာင့္ပဲ Nicholasတျဖည္းျဖည္းစိတ္ပူလာမိတယ္။

Samအထဲမွာ တစ္ခုခုျဖစ္ေနတာမ်ားလားလို႔ေတြးမိေတာ့ Samရဲ႕အိမ္ခန္းတံခါးကို Nicholas ေသာ့ဖ်က္ၿပီးဖြင့္မယ္လို႔စဥ္းစားေနတုန္းမွာပဲ တံခါးခ်က္ကျဖတ္ကနဲပြင့္လာတယ္။

Sam ကဆံပင္ေတြလည္းရႈပ္ပြၿပီး ႏႈတ္ခမ္းေတြကလည္းေသြးမရွိသလို ျဖဴေလ်ာ့ေနတာကို ေတြ႕ရတာမို႔ Nicholas လည္း အေလာတႀကီးနဲ႕ ေမးလိုက္မိတယ္။

"Sam ဘာျဖစ္ေနတာလဲ၊ မင္းဘာျဖစ္ေနလို႔႐ုံးမတက္တာလဲ။ ေနမေကာင္းတာလား''

"နားၿငီးလိုက္တာ Nicholas ရာ ဩဇာအာဏာေတြလာေပးေနမယ္ဆိုရင္ လာရာခရီးကျပန္လိုက္ေတာ့''

Sam က Nicholasကို ျပန္စြာေနေပမယ့္ သူ႕ရဲ႕အသံေတြမွာေတာ့ အားမပါတာေသခ်ာေနျပန္တယ္၊ Sam ေနမေကာင္းဘူးလား မသိဘူး။

"ေနမေကာင္းျဖစ္ေနတာလား အသံေတြလည္းနာေနသလိုပဲ''

"ဟုတ္တယ္ ေနမေကာင္းျဖစ္ေနတာ အခုသိရၿပီမလား ျပန္ေတာ့''

"ဘယ္လိုလုပ္ျပန္လို႔ျဖစ္မွာလဲ ေနမေကာင္းဘူးဆို ေဆး႐ုံမသြားဘူးလား၊ ေဆးေရာမေသာက္ဘူးလား''

Sam က ႏွင္ေနေပမယ့္ Nicholas ကေတာ့ Samႏွင္ေနတာကို ဂ႐ုမစိုက္တဲ့အလား  တိုက္ခန္းထဲကို ဇြတ္တ႐ြတ္ဝင္လိုက္တယ္။

"Babyေလးေရာ မူႀကိဳသြားပို႔ထားတာလား''

"မဟုတ္ဘူး Babyေလးပါေနမေကာင္းတာ''

"ဘာ Babyေလးပါေနမေကာင္းဘူး ဟုတ္လား ဘယ္မွာလဲအခု အခန္းထဲမွာလား''

Sam က Nicholasကို ရင္းရင္းႏွီးႏွီးမဆက္ဆံေပမယ့္ Nicholas ကလည္း ဇြတ္အတင္းသူ႕လက္သူ႕ေျခ ဒီအိမ္ထဲမွာဝင္လုပ္ေနၾကမို႔ Sam တို႔ဘယ္အခန္းမွာေနတယ္ဆိုတာလည္း Nicholasကသိထားတယ္။

အဲ့တာေၾကာင့္ Samအေျဖစကားကို ေစာင့္မေနပဲNicholas အိပ္ခန္းတြင္းသို႔ခပ္ျမန္ျမန္ေလွ်ာက္သြားကာ Babyေလးကို ရွာလိုက္ေတာ့ Babyေလးက ကုတင္ေပၚမွာ ေစာင္ၿခဳံရက္ေလး အိပ္ေပ်ာ္ေနတယ္။

Babyေလးပုံစံကလည္း Samအလားတူ ျဖဴေဖ်ာ့ေနတာပဲ၊ ဒီသားအဖႏွစ္ေယာက္ေတာ့ ဒုကၡပါပဲ။

"Samရာ ႏွစ္ေယာက္လုံးဒီေလာက္ေနမေကာင္းျဖစ္ေနတာ ကိုယ့္ကိုလွမ္းေျပာမွေပါ့၊ ႏွစ္ေယာက္စလုံး အဖ်ားႀကီးၿပီး တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ''

"ကြၽန္ေတာ္ကခင္ဗ်ားကို ဘာကိစၥလွမ္းေျပာရမွာလဲ''

"ဘာျဖစ္လို႔လွမ္းေျပာရမွာလဲ ကိုယ္ကမင္းေယာက်ာ္း ဒီကေလးရဲ႕အေဖမို႔လို႔ေပါ့''

"ေယာက်ာ္း ေယာက်ာ္းဆိုတဲ့ စကားကို ဂုဏ္ယူၿပီးေျပာမေနပါနဲ႕  အဲ့ဒီေယာက်ာ္းဆိုတဲ့သူကပဲ ေနာက္မွာ တျခားမိန္းမတစ္ေယာက္နဲ႕ေပ်ာ္ေမြ႕ေနတာ မဟုတ္လား''

"Sam ရာ ေနမေကာင္းျဖစ္တာေတာင္မွ စကားနာထိုးနိုင္ေသးတယ္၊ လာကုတင္ေပၚမွာလာလွဲေန ဘာေဆးေသာက္ၿပီးၿပီလဲ''

အခုလိုမ်ိဳး ျပဴးျပဴးျပာျပာနဲ႕ စိတ္ပူတတ္တာ Nicholasရဲ႕ ထုံးစံမဟုတ္မွန္း သူ႕ကိုယ္သူလည္းသိတယ္။

Nicholasက သူမဟုတ္တဲ့ တျခားသူတစ္ေယာက္ကို ဂ႐ုစိုက္တတ္တဲ့သူမဟုတ္ဘူး။

ဒါေပမယ့္ Samနဲ႕Babyေလးကေတာ့ ခြၽင္းခ်က္ျဖစ္ေနခဲ့တယ္။

ဘယ္အခ်ိန္တည္းက စခဲ့တဲ့သံေယာဇဥ္လဲေတာ့ သူမသိဘူး။

ဒါေပမယ့္ Nixon ေလးကသူ႕သားဆိုတာကို သိလိုက္ရတဲ့အခ်ိန္မွာ Nixon ေလးကိုကာကြယ္ေစာင့္ေရွာက္ခ်င္သလို Sam ကိုပါကာကြယ္ေပးခ်င္လာတယ္။

သူတို႔ႏွစ္ေယာက္Nicholasကို အားကိုးအားထားျပဳၿပီး အကူအညီေတာင္းတာကို လိုခ်င္ျပန္လာတယ္။

သူတို႔ႏွစ္ေယာက္လိုအပ္တာေတြကို ျဖည့္ဆည္းေပးခ်င္လာတယ္၊ ဒါက ကေလးအေဖျဖစ္သြားရင္ အဲ့လိုမ်ိဳးစိတ္ထားမ်ိဳး ရွိတတ္ၾကတာလား Nicholasလည္းေသခ်ာမသိဘူး။

"Nicholas ခင္ဗ်ားျပန္ေတာ့လို႔ ကြၽန္ေတာ္ေခါင္းအရမ္းမူးေနတယ္ ခင္ဗ်ားနဲ႕ရန္မျဖစ္ခ်င္ဘူး''

"ေခါင္းမူေနမွာသိတယ္ေလ အဲ့တာေၾကာင့္ ျပဳစုေပးမလို႔ဟာကို၊ ဒီမွာလာလွဲေနစမ္းပါကြာ''

သူ Babyေလးရဲ႕နဖူးကို ဟိုစမ္းဒီစမ္းလုပ္ၿပီး စူးစမ္းေနရာမွ မတ္တပ္ရပ္ေနတဲ့Samလက္ကို ဆြဲၿပီးကုတင္ေပၚမွာအတင္းဆြဲလွဲေစတယ္။

အားျပတ္ေနပုံရတဲ့Samက ပါးစပ္ကသာစြာေနေပမယ့္ လူကေတာ့Nicholasကို မ႐ုန္းနိုင္ပဲ ကုတင္ေပၚမွာ ေခြေခြေလးျပန္ေရာက္လာတယ္။

"ဘာစားၿပီးၿပီလဲ ဘာေဆးေသာက္ၿပီးၿပီလဲ''

"ဘာမွမစားရေသးဘူး မနက္ကေတာ့ Babyေလးကို ဆန္ျပဳတ္ျပဳတ္တိုက္ရင္းနဲ႕ ပိုတဲ့ဆန္ျပဳတ္ေတာ့နဲနဲစားထားတယ္''

"ဟာ ေနမေကာင္းတာကို ဘာလို႔ဆန္ျပဳတ္ေတြစားတာလဲကြာ။ ျပန္အန္ေနရင္ ဘယ္လိုလုပ္မလဲ။ အခုႏွစ္ေယာက္လုံးေဆးေကာေသာက္ၿပီးၿပီလား ''

"မနက္ေဆးေတာ့ေသာက္ထားတယ္''

"အဲ့တာဆိုရင္ တစ္ခုခုစားဖို႔လုပ္ေပးမယ္ ေဆးေတာ့ထပ္ေသာက္မွရမယ္ Babyေလးကအိပ္ေနတာဆိုေတာ့ မႏွိုးပဲထားထားလိုက္အုံး။ မင္းပါ ကေလးနဲ႕အတူအိပ္လိုက္။ ကိုယ္စားဖို႔ျပင္ဆင္ထားေပးမယ္”

"ဘယ္လို ခင္ဗ်ားက ကြၽန္ေတာ္တို႔သားအဖစားဖို႔ တစ္ခုခုလုပ္ေပးမယ္ဟုတ္လား''

"ဟုတ္တယ္ေလ ဘာလဲ ကိုယ့္ဟင္းခ်က္လက္ရာကို မယုံလို႔လား ဟိုမွာအၾကာႀကီးေက်ာင္းတက္ခဲ့ေတာ့ ကိုယ့္ဘာကိုယ္ပဲ ခ်က္စားခဲ့တာပါ မင္းတို႔စားဖို႔ နည္းနည္းပါးပါးေတာ့ လုပ္ေပးနိုင္ပါတယ္''

"အင္းအင္း အဲ့တာဆိုလည္း ၿပီးတာပဲ ကြၽန္ေတာ္အရမ္းမူးေနလို႔ ခဏအိပ္လိုက္ဦးမယ္''

Sam ကမ်က္လုံးေတာင္မဖြင့္ေတာ့ပဲ Nicholas ကိုေျပာလာတာမို႔ Nicholas လည္း ကုတင္ေပၚမွာေတြ႕တဲ့ေစာင္ကို Sam ကိုယ္ေပၚဆြဲၿခဳံေပးလိုက္တယ္။

ဒီလိုမ်ိဳး သူစိမ္းတစ္ေယာက္ကို ဂ႐ုစိုက္ၾကင္နာေပးတာမ်ိဳးကို သေဘာမက်ခဲ့ေပမယ့္ အဲ့တာက အခုခ်ိန္မွာ Nicholasလုပ္ခ်င္ေနတဲ့ အရာပဲျဖစ္ေနခဲ့တယ္။

Part 43 to be continued

ရက္ျခားမွအပ္ေပးနိုင္တာေဆာ္ရီးပါ။ ဒီရက္ပိုင္း အရမ္းအရမ္းကို အလုပ္ရႈပ္ေနလို႔ပါေနာ္။

Continue Reading

You'll Also Like

770K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
986K 51.7K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
152K 1.7K 2
ကျွန်​တော် သူ့ဆီက​နေ ထွက်​သွားခဲ့တယ် ။သို့​​သော် ကျွန်​တော် ကိုယ်တိုင်ပဲ ပြန်လာခဲ့တယ် ။ ဒိတစ်ခါ​တော့အရင်လို သူ့ အသည်းကို ထပ်ခွဲဖို့ မဟုတ် ........ က...
214K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်