That Omega is so cute and I c...

By Its_just_Thu

522K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... More

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

41• The feeling of FA

6.6K 927 109
By Its_just_Thu


That Omega is so cute and I can’t help Part 41

အချိန်တွေက ခပ်မြန်မြန်ပဲ ကုန်ဆုံးလို့သွားတယ်။

အခုဆိုရင် အိုလီနဲ့ကိုကိုကြီးလည်း မင်္ဂလာဆောင်ပြီးသွားလို့ အိုလီကRaymusတို့အိမ်ကို ရောက်လာခဲ့ပြီ။

နဂိုကတည်းက အိုလီက Raymusတို့အိမ်မှာ ဝင်ထွက်သွားလာနေကြဆိုတော့ အိုလီအိမ်ရောက်လာတာ ဘာမှထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမရှိဘူးဆိုပေမယ့် Raymus အတွက်တော့ ပိုပြီးအဖော်ရသွားတာအမှန်ပဲ။

အဲ ကိုကိုကြီးတို့က အဆင်ပြေသွားတယ်ဆိုပေမယ့် တစ်ချိန်တစ်ခါတုန်းက လက်သွက်ခဲ့တဲ့ပလေးဘွိုင်းကြီး ကိုလတ်ကတော့ အခုချိန်ထိ သူ့ရဲ့ယောကျာ်းကို အိမ်ကိုခေါ်မလာနိုင်သေးဘူး။

ခပ်ပျော်ပျော်နေတတ်တဲ့ အိုလီကတော့ အခွင့်အခါကြုံတိုင်း ကိုလတ်ကို “ဒါလေးတောင်မှ မကြိုးစားနိုင်ဘူးလား” ဆိုပြီးတော့ စနောက်လေ့ရှိတယ်။

ကိုကိုကြီးကတော့ သူ့ယောကျာ်းဘာလုပ်လုပ် အကုန်ကိုအကောင်းပဲမြင်နေတာ ဘာမှကိုမပြောဘူး။

ကိုကိုကြီးတို့ပြောင်းလဲသွားပုံများ၊ တစ်ချိန်တုန်းက အိုလီ့ကိုပြန်မချစ်နိုင်ပါဘူးလို့ ချေနေခဲ့တဲ့လူမဟုတ်သလိုပဲ။

အခုဆိုရင် အိုလီဘာလုပ်လုပ်ပြုံးဖြီးဖြီးနဲ့ကို အချိန်တိုင်းကြည့်နေတော့တာ။

အခုလည်း Raymus အိပ်ယာနိုးလာလို့ မနက်စာစားဖို့ ထမင်းစားခန်းထဲကို ခြေမချရသေးဘူး၊ ကိုကိုကြီးတို့ လင်လင်နှစ်ယောက်ရဲ့ ပျော်ရွှင်မြူးတူးပြီး ရယ်မောနေတဲ့အသံတွေကို စပြီးကြားလိုက်ရပြီ။

အိုလီတစ်ယောက်မှာ တဟီးဟီးတဟားဟားနဲ့ ပျော်ရွှင်နေတာ မြင်ပြင်းကပ်ချင်စရာကောင်းလှတယ်။

အခုတော့ သူငယ်ချင်းRaymusရေ ငါ့ကိုကူညီပါဦးဆိုတဲ့ အသံမျိုးမကြားရတော့ဘူး။

သူထမင်းစားခန်းထဲဝင်သွားတာတောင်မှ အိုလီက Raymuကို အဖက်လှည့်မလုပ်ဘူး။

သူ့ယောကျာ်းခွံ့ကျွေးတဲ့ပေါင်မုန့်ကို ပြုံးစိစိနဲ့စားနေတာကိုကြည့်မရတော့သည်မို့ Raymus လည်း အိုလီ့ရဲ့ ဇက်ပိုးကိုတစ်ချက်အုပ်ပြီး Morning လို့နှုတ်ဆက်လိုက်တယ်။

"ဟ ဟိတ်ကောင် သေမလို့ငါ့ကို နားရင်းအုပ်တာလား၊ ကိုကိုကြီး ဒီမှာ ကိုကိုကြီးညီကို ကြည့်ပြောဦး''

တကယ်လဲနာတာမဟုတ်ပဲ ဟန်လုပ်ပြီး သူ့ယောကျာ်းကိုတိုင်နေတဲ့ ယောက်ဖက ကြည့်လို့ရချင်စရာ တစ်စက်မှမရှိဘူး။

"ဟေ့ အငယ်လေး ဘာဖြစ်လို့အိုလီ့ကို အရမ်းလုပ်ရတာလဲ၊ ကလေး နာသွားလား ကိုကိုကြီးကိုပြပါဦး''

"အောင်မလေး လက်ကလေးနဲ့အသာလေးအုပ်လိုက်တာပါ၊ ဘယ်လိုဖြစ်လို့ အဲ့လောက်ထိကဲသဲနေကြတာလဲ၊ တကယ်ပါပဲ ဒီမှာညီက လူပျိုလေးဆိုတာလည်း သတိထားကြပါဦး''

"လူပျိုလေးမလုပ်ချင်ရင် မင်းလည်းလင်ယူရင်ယူလိုက်ပေါ့''

"အံမယ် ငါကမင်းတို့လိုအပူမရှာချင်ပါဘူး''

"ဘယ်သူကပူနေလို့လဲ ငါတို့နှစ်ယောက်ကအရမ်းအေးနေတာ နော်.. နော် .. ကိုကိုကြီးညီကို ပြောလိုက်ဦး''

"အဟမ်း အင်းပေါ့ ကိုယ့်ကလေးလေး အနားမှာ ရှိတဲ့အချိန်တွေက ကိုယ့်အတွက်တော့ အအေးချမ်းဆုံးအချိန်တွေပဲ''

ဘုရားစူး အဲ့စကားပြောလိုက်တာ Raymusရဲ့အစ်ကိုတဲ့လား၊ ဘယ်လိုမှ ယုံချင်စရာကိုမရှိဘူး။

"တကယ်ပါပဲ ကဲသဲနေလိုက်ကြတာ မိုးလင်းမရှောင် မိုးချုပ်မရှောင်ဆိုတာ ကိုကိုကြီးတို့ နှစ်ယောက်ပဲ ညညဆိုလည်း ယောင်ယမ်းပြီးတော့တောင် အခန်းရှေ့က ဖြတ်မသွားရဲဘူး မကြားဝံ့မနာသာတွေ ကြားနေရလို့''

သူတို့ကလူပျိုလေး Raymusကိုမရှက်မကြောက်နဲ့  ကဲသဲနေတာမို့ Raymus လည်း သူတို့ကို မြင်ပြင်းကပ်လှစွာ ပစ်ပစ်နှစ်နှစ်ပြောလိုက်မိတယ်။

လက်ကတော့ ပေါင်မုန့်ကိုထောပတ်သုတ်မပြတ်ဘူး။

"ဟိတ်ကောင် မကြားရဲဘူးဆိုရင် ငါတို့အခန်းရှေ့ကမဖြတ်နဲ့ပေါ့ ငါတို့က အသံထွက်နိုင်လို့ထွက်ရတာ၊ မင်းတောင်မှ အဲ့လိုအသံထွက်ချင်လို့ ထွက်လို့ရလို့လား''

"ဟာ ကိုကိုကြီး ကြည့်ဦး၊ ကိုယ့်ညီလေးကို အဲ့လိုမျိုးပြောနေတာ ဒီတိုင်းပဲကြည့်နေတော့မှာလား''

"ဪ ငါကအမှန်တွေပြောတာပဲ Raymusရဲ့''

"မင်းလိုပြောရဲဆိုရဲရှိတဲ့ အောက်ထက်ပုဂ္ဂိုလ်ကတော့ မင်းတစ်ယောက်ပဲရှိမယ်ထင်တယ်၊ မင်းကိုငါတကယ် လက်လန်ပါတယ် အိုလီရယ်”

"အောင်မာ ငါ့ကိုပဲပြောရတယ်ရှိသေး မင်းအလှည့်ကျမှ ပိုဆိုးမှာ Raymus Nathaniel ရဲ့ မင်းကိုယ်မင်းသိရဲ့လား''

"အမလေး ဘာကိုပိုဆိုးမှာလဲ ငါကလူပျိုကြီးလုပ်မှာ''

"နားရှိလို့သာကြားရတယ် Raymus ရယ် မယုံနိုင်စရာတွေ မပြောစမ်းပါနဲ့''

"ကဲ ကဲ သူငယ်ချင်းနှစ်ယောက်အချစ်မစမ်းကြနဲ့တော့ အိုလီလေးကလည်း Raymus ကိုမစနဲ့တော့ ကိုယ်အပြင်သွားတဲ့ အချိန်ကျလို့ရှိရင် အိုလီလေးက Raymusကိုပဲ အဖော်လုပ်ပြီးနေခဲ့ရမယ့်ဟာကို''

"ဟင် ကိုကိုကြီးက ဒီနေ့ရုံးပိတ်တယ်မဟုတ်ဘူးလား ဘယ်သွားမလို့လဲ''

"ဒီနေ့္စ ဝန်ကြီးချုပ်တစ်ယောက်နဲ့ Golfရိုက်ဖို့ချိန်းထားတယ် အိုလီ့အဖေလည်းပါတယ်၊ အဲ့တာကြောင့်ကိုကိုကြီး အိမ်မှာမရှိဘူး ထမင်းစားပြီးချိန်လောက်မှ ပြန်ရောက်မယ်ထင်တယ် ဝန်ကြီးကိုလည်း ထမင်းကျွေးရဦးမှာ''

"ဪ အဲ့ဒီလိုလား၊ အိုလီ မင်းကြားတယ်နော် မင်းမှာအားကိုးစရာ ငါပဲရှိတော့တာ ငါ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံ''

"ဟွန်း တွေ့လားကိုကိုကြီး အဲ့တာကိုကိုကြီး ကျွန်တော့်ကိုထားသွားလို့ အခုတော့ ကျွန်တော်အပြောခံရပြီ''

အိုလီက သူ့ဘေးမှာထိုင်နေတဲ့ ကိုကိုကြီးရဲ့လက်မောင်းကို ဆွဲရမ်းလို့ပြောတော့ ကိုကိုကြီးက အိုလီ့ကို ဆံပင်လေးပဲသပ်ပေးတော့မလို၊ ပွေ့ပဲချီတော့မလိုနဲ့ အိုဗာတင်းတွေလုပ်နေပြန်တယ်။

"ကလေးကလည်းကွာ ကိုယ်က အလုပ်ကိစ္စနဲ့ သွားမှာပဲဟာကို ပြီးတာနဲ့ပြန်လာခဲ့မှာ အိမ်မှာကောင်းကောင်းနေခဲ့နော်၊ ပြီးတော့ Assignmentတွေလည်း လုပ်စရာရှိသေးတယ်မဟုတ်လား''

ကိုကိုကြီးက အိုလီ့ရဲ့နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကိုသပ်တင်ပြီး ချစ်စနိုးလေးပြောတာမို Raymusလည်း ဘာရယ်မဟုတ်ပဲ ငေးကြည့်နေမိတယ်။

ပါးစပ်ကသာ အပိုတွေလျှောက်ပြောနေပေမယ့် ဒီသူငယ်ချင်းလေးနဲ့ ဒီအစ်ကိုအဆင်ပြေသွားတော့ အပျော်ရွှင်ရဆုံးလူက သူပဲ ဖြစ်ခဲ့တဲ့ဟာကို။

"အာ ဟုတ်သားပဲ Assignmentလုပ်ရဦးမှာ ပျင်းလိုက်တာ မလုပ်ချင်တော့ဘူး၊ ကျောင်းမတက်ပဲ ကိုကိုကြီးလုပ်စာထိုင်စားလို့မရဘူးလား''

"ထိုင်စားလို့တော့ရတာပေါ့ကလေးရဲ့ ဒါပေမယ့် ကိုယ်ကကလေးကို ပညာတတ်လေးဖြစ်စေချင်တာလေ၊ ကိုယ့်မှာပညာရှိထားတော့ ကိုယ်ကလက်အောက်ငယ်သားတွေကို ခိုင်းရတာ အဆင်ပြေတာပေါ့''

"ကိုကိုကြီး အဲ့တာက Daddyပြောနေကျ စကားမဟုတ်ဘူးလား''

"ဪ Daddyပြောနေကျစကားက ငါပြောလို့မရတော့ဘူးလား''

"အေးလေ ဟုတ်သားပဲ Raymusကလည်း ကိုကိုကြီးကို မပြောပါနဲ့''

"မပြောတော့ဘူး မပြောတော့ဘူး မင်းတို့လင်လင်နှစ်ယောက်ပြောတဲ့ စကားကြားထဲကို ငါဘာမှဝင်မပြောတော့ဘူး''

"ဟားဟား သူငယ်ချင်းလေးကလည်း စတာပါ စိတ်မဆိုးပါနဲ့''

"စိတ်မဆိုးပါဘူးကွာ ကိုကိုကြီးလည်း သွားမှာဖြင့်သွားတော့၊ အိုလီ ပြီးရင် မင်းနဲ့ငါစာလုပ်ရအောင် Willy လည်းလာမယ်လို့ပြောတယ်''

"အေးပါ လုပ်ရမှာပေါ့ ငါ့ချစ်ချစ်က ငါ့ကိုပညာတတ်ကြီး ဖြစ်စေချင်တာဆိုတေ့ာလည်း ငါစာမလုပ်ချင်ပေမယ့် လုပ်လိုက်ပါ့မယ်''

"အဲ့တာကြောင့် ကိုယ်က ကလေးကိုချစ်နေရတာ ကဲ ဒါဆိုကိုယ်သွားတော့မယ်နော် ယောက်ဖနှစ်ယောက် တည့်တည့်ရှုရှုနေနေကြ ကိုယ်ပြန်လာခါနီးဖုန်းဆက်လိုက်မယ် ကလေးမှာချင်တာရှိရင် လှမ်းမှာလိုက်နော်''

"ဟုတ်ကဲ့ ကိုကိုကြီးချစ်တယ်နော်''

"အွန်း ကိုယ်လည်းကလေးလေးကို ချစ်တယ်''

သွားခါနီးလာခါနီး အချစ်နလန်ထနေတဲ့ လင်လင်နှစ်ယောက်ကို Raymusက မနိုင်တော့သယောင် ဘာမှမပြောပဲ နှုတ်သာဆိတ်နေလိုက်တယ်။

ကိုယ့်ဘာကိုယ် ပေါင်မုန့်ထိုင်စားနေတာပဲ ကောင်းပါတယ်၊ အခုလိုအချိန်ကျတော့ FAဖြစ်ရတာ အားငယ်လိုက်တာ။

"ဒါနဲ့ အိုလီ ကိုလတ်က မနိုးသေးတာလား မတွေ့မိဘူးကော''

"မဟုတ်ဘူး မနက်က ငါတို့နိုးကတည်းက မတွေ့တာ ဘယ်သွားနေလဲမသိဘူး''

" ကိုလတ်တို့ကတော့ ကလေးအဖေသာဖြစ်လာတယ်၊ အိမ်ကပ်တယ်ကိုမရှိသေးဘူး”

"ဘယ်လိုလုပ်အိမ်ကပ်ချိန်ရှိမှာလဲကွာ သူ့မှာ အခုမှ ယောကျာ်းကို ပြန်ပိုးပန်းနေရတဲ့ဟာကို''

"ဟင် ပိုးပန်းနေတယ်ဟုတ်လား ကိုလတ်က သူ့ယောကျာ်းကိုမချစ်ဘူးဆို''

"Raymus ရယ် မင်းကတုံးရင်လဲနှစ်ယောက်မရှိဘူး မချစ်ဘူးဆိုတာ မင်းအစ်ကိုက အလကားလျှောက်ပြောနေတာ သူ့စိတ်ထဲမှာ အဲ့တစ်ယောက်ကို ပြန်ပြီးသဘောကျနေတယ်ဆိုတာ အသိသာကြီးဟာကို ငါ့မင်္ဂလာဆောင်တုန်းက ကြည့်ပါလား မျက်စိအောက်ကနေကို အပျောက်ခံတာမဟုတ်ဘူး''

"အေးနော် မင်းပြောမှငါစဉ်းစားကြည့်မိတယ် ဟုတ်တော့လည်းဟုတ်သားပဲ၊ ကိုလတ်ကလည်း ချစ်တယ်ဆိုရင် ချစ်တယ်လို့ပြောလိုက်ပြီး ဆွဲစိလိုက်ရင် ပြီးနေတဲ့ဟာကို ဘာတွေတွေဝေနေတာလဲ မသိပါဘူး''

"အဲ့တာတော့ မင်းအစ်ကိုပဲသိမှာပဲဟေ့ ဒါနဲ့ သူများကိုသာပြောနေတယ် မင်းကကော''

"ငါကဘာဖြစ်လို့လဲ''

"မင်းနဲ့Alexရဲ့အခြေအနေက ဘာမှမထူးသေးဘူးလား၊ မင်းတို့နှစ်ယောက်က Shipperတွေကို ဝမ်းနည်းအောင်လုပ်နေကြတာပဲ''

"အဲ့တာငါ့ကိုပြောရမှာ မဟုတ်ဘူး မင်းတို့ရဲ့Alphaကောင်ကြီးကို ပြောရမှာ၊ ငါကသာရေလာမြောင်းပေးလုပ်ပေမယ့် သူကမတုန်မလှုပ်နဲ့ ''

"ပြောချင်တာက မင်းကတော့ သူ့ကို သဘောကျနေပြီဆိုပါတော့''

"အဟမ့် ငါကသဘောကျတယ်ရယ်လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် သူကငါ့ကို ကြိုက်လှပါချည်ရဲ့ ဆိုတော့ ငါကစဉ်းစားပေးရမှာပေါ့''

"ဟားဟား အခုမှသိတော့တယ်၊ လက်စသတ်တော့ ငါတို့ရဲ့Raymusလေးက ရေစီးချင်တာတောင်မှ တစ်ဖက်ကမြောင်းဖောက်မလာလို့ စိတ်တိုနေတာကိုး''

"ဟိတ်ကောင် အိုလီဘာမှမဟုတ်ဘူး၊ ငါ့ကိုလာစမနေနဲ့နော်၊ ငါက သူငါ့ကိုလာကြိုက်တယ်ဆိုရင် အားနာပါးနာနဲ့ ပြန်ကြိုက်ပေးရင်ကောင်းမလားလို့ စဉ်းစားနေတုန်းပဲရှိသေးတာ''

"ဟုတ်ပါပြီ ဟုတ်ပါပြီ မှတ်ထားလိုက်ပါ့မယ်''

"စကားများမနေနဲ့ မြန်မြန်စား ပြီးရင်စာလုပ်ရမှာ''

အိုလီကို စကားမများနဲ့လို့ ဟန့်လိုက်ပေမယ့် သူကတော့ Alex အကြောင်းစဉ်းစားနေမိတာ မရပ်ခဲ့ဘူး။ အဲဒီကောင် Alex၊ ခြေသွက်လက်သွက်မရှိတဲ့အလကားကောင် အချေကောင်ကြီး၊ သူချေနေလို့ အခုတော့ Raymus က အနှိမ်ခံနေရပြီ။ မင်းငါ့ကို မြန်မြန်ဆွဲစိရင်စိ၊ မစိရင် ငါမင်းကို ဆွဲစိမိတော့မှာပဲ။

- That Omega is so cute and I can’t help –

အမှောင်ထုအများစု ကြီးစိုးနေတဲ့ အခန်းကျယ်ထဲမှာ လင်းလက်နေတာကတော့ disco မီးရောင်စုံတွေပဲ။

မျက်စိကျိန်းလောက်စေတာ Discoမီးရောင်တွေကြားမှာ လူအများစုကတော့ ပျော်ရွှင်စွာနဲ့ ကခုန်နေကြလေရဲ့။

Sam အခုရောက်ရှိနေတာကတော့ လူကုန်ထံအသိုင်းအဝိုင်း အများစုကျက်စားလေ့ရှိတဲ့ Night Clubတစ်ခုပဲ။

Samရဲ့သဘောအတိုင်းသာဆိုရင် ဒီလိုနေရာမျိုးကို လာဖို့လုံးဝစိတ်ကူးမရှိဘူး။ ဒီလိုနေရာက Samပုံစံနဲ့ သင့်လျော်တဲ့အနေအထားမှာ မရှိဘူးလေ။ Sam က နားအေးပါးအေးနေရတာကို အင်မတန်ကြိုက်တဲ့သူ။

ဒါပေမယ့် Samနဲ့တော်တော်လေးရင်းနှီးခဲ့တဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းက မကြာခင်မင်္ဂလာဆောင်တော့မှာမို့ သူ့ရဲ့ဖိတ်ကြားချက်အရ ဒီကိုရောက်လာခဲ့တာဖြစ်တယ်။

Sam ကအပေါင်းအသင်းသိပ်မများပေမယ့် အဲ့ဒီသူငယ်ချင်းကတော့တော်တော်လေးရင်းနှီးတဲ့ အထဲမှာပါတယ်။

သူငယ်ချင်းရဲ့အိမ်ထောက်ဘက်က T မြို့တော်က မဟုတ်တဲ့အတွက် သူငယ်ချင်းက မင်္ဂလာဆောင်ကို သူ့အိမ်ထောင်ဘက်ရှိတဲ့မြို့မှာ သွားလုပ်မှာ။

Sam က ကလေးတစ်ဖက် အလုပ်တစ်ဖက်နဲ့ သူငယ်ချင်းမင်္ဂလာဆောင်ကို မလိုက်နိုင်တာမို့ သူငယ်ချင်းက bachelor night partyဆိုပြီးတော့ ဒီClubမှာလုပ်တာကိုတော့ မဖြစ်ဖြစ်အောင် ရောက်သွားခဲ့ရတယ်။ မဟုတ်ရင် သူငယ်ချင်းက သူ့ကိုအကြီးအကျယ်စိတ်ဆိုးတော့မှာ။

Anna ကလည်း ဒီနေ့ Nixon လေးကို စောင့်ရင်းနဲ့အိမ်မှာလာအိပ်ပေးမယ်ဆိုတာနဲ့ Sam ရောက်လာဖြစ်ခဲ့တာ။

ဒါပေမယ့် ဒီလိုနေရာမှာ Samမပျော်နိုင်တာမို့ သိပ်မကြာခင်တော့ အိမ်ပြန်မယ်လို့ စိတ်ကူးထားတာပဲ။

သူ့မှာ အဲဒီလိုနေရာမှာမပျော်ရတဲ့အထဲ သူငယ်ချင်းက သင့်လျော်မယ်ထင်ပြီး ချိတ်ပေးခဲ့တဲ့ Alpha တစ်ယောက်ကိုလည်း အားနာပါးနာနဲ့ စကားပြန်ပြောပေးနေရသေးတယ်။

မေးခွန်းပေါင်းစုံမေးနေသော James လို့ခေါ်တဲ့ အဲ့ဒီ Alpha ကို အလိုက်သင့်ပြန်ပြောရင်းနဲ့ Jamesကို  သူ့သူငယ်ချင်းတစ်ယောက်က လာခေါ်သွားတာမို့ Samမှာ အသက်ရှူ ချောင်သွားသလို သက်ပြင်းချပြီး အရှေ့မှာရှိတဲ့အရက်ခွက်ကို နည်းနည်းကောက်မော့လိုက်တယ်။

မမြင်ချင်ပါဘူးဆိုကာမှ မျက်စိအကြည့်ရောက်သွားတာက VIP ခုံတန်းမှာ လူမြင်ကွင်းမရှောင်ပဲ ကဲချင်တိုင်းကဲနေတဲ့ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆီကို အကြည့်ရောက်လို့သွားတယ်။

မမြင်ရဲစရာကောင်းလောက်အောင် အနမ်းပေးပြီး ပွတ်သပ်နေကြတဲ့ နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်ဖို့ စဉ်းစားပေမယ့် အဲ့ဒီစားပွဲဝိုင်းက အမျိုးသားက သူမမြင်ချင်တဲ့ သူ့ကလေးရဲ့အဖေဖြစ်နေခြင်းပဲ။

သဝန်တိုခြင်းမမည်တဲ့ သူ့ရင်ထဲက နာကျင်မှုတွေက ဆစ်ကနဲရင်ဘတ်ဆီသို့ စိုက်ဝင်သွားသလို။

သူနဲ့လက်ထပ်ဖို့အသည်းအသန်တောင်းဆိုနေခဲ့တဲ့ သူ့ကလေးအဖေဖြစ်ပါရစေလို့ အချိန်ရှိတိုင်းပြောနေတဲ့ Nicholas က အခုချိန်အထိ မြာပွေတဲ့အကျင့်ကို မပြောင်းသေးဘူး။ ဒီလိုပုံစံနဲ့ယောကျာ်းတစ်ယောက်ကို သူကဘယ်လိုယုံကြည်မှုမျိုးနဲ့ သူ့ကလေးအဖေအဖြစ် လက်ခံပေးရမှာလဲ။

သူ့ကိုလုပ်ခဲ့သမျှ သည်းခံပေးလိုက်နိုင်တယ်ဆိုရင်တောင် အခုလိုမြာပွေနေတဲ့အကျင့်ကိုတော့ သူဘယ်လိုမှသည်းခံပေးနိုင်မှာ မဟုတ်ဘူး။ ဘယ်မိသားစုရဲ့သားသမီးမှ မဖြစ်ရင်နေ သူ့ကလေးကို အခုလိုမျိုး မိန်းမရှုပ်တဲ့ သူတစ်ယောက်ရဲ့သားတော့ မဖြစ်စေချင်ဘူး။

အခုလိုမြင်ကွင်းမျိုး သူမမြင်ခင်တုန်းက Nicholasပြောင်းလဲသွားပြီလို့ သူထင်ခဲ့မိတယ်။ အဲ့တာကြောင့်Nicholasနဲ့ ဥက္ကဌကြီးတောင်းဆိုသလို Nicholasကိုလက်ထပ်လိုက်ဖို့အထိတောင်မှ သူစဉ်းစားဖြစ်မိသေးတယ်။

အခုတော့ သူတွေးထားတာတွေ အကုန်လုံးက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့တယ်။

Nicholas Nicholas မင်းတစ်ယောက်ပဲ ရှုပ်ချင်တိုင်းရှုပ်ကဲချင်တိုင်းကဲလို့ရမယ်လို့ ထင်နေတာလား။

တကယ်တော့ ငါက ငြင်းဆန်နေခဲ့လို့သာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ငါ့အနားကိုကပ်ခွင့်မရခဲ့တာပါ၊ ငါကသာလက်ခံမယ်ဆိုရင် ငါနဲ့တွဲချင်တဲ့သူတွေက အပုံကြီးရှိတယ်။

"Sorry Samရေ ပျင်းနေပြီလား ဒီမှာသူငယ်ချင်းတွေက မတွေ့တာကြာလို့ဆိုပြီးတော့ ကိုယ့်ကိုသောက်ခိုင်းနေကြလို့''

James က အနားပြန်ရောက်လာပြီး Samကိုပြောတာမို့ Samရဲ့အာရုံကို Nicholas ဆီကနေလှည့်ကာ အရှေ့မှာပြန်လာထိုင်တဲ့Jamesကို ကြည့်နေလိုက်တယ်။ James က Nicholas လောက်မချောပဲ လူချောတစ်ယောက်ပဲ။ Nicholas ကို စိတ်တိုတိုနဲ့ James ကို နည်းနည်းလေး ပြန်အီပစ်လိုက်မယ်လို့ သူစိတ်ကူးလိုက်မိတယ်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး ကျွန်တော်လည်းခဏနေပြန်တော့မလားလို့စဉ်းစားနေတာ''

"ဟာ ပြန်တော့မလို့လားSamရဲ့ ခဏနေပါဦး အခုမှကိုယ်တို့ကစကားကောင်းနေတဲ့ဟာကို''

Jamesက Samကောင်းကောင်းမွန်မွန်ပြန်ပြောနေတာကို Signal အလွဲရသွားပုံရကာ Sam ရဲ့လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လို့ပြောတော့ Sam ဆတ်ကနဲရုန်းလိုက်မိတယ်။ သိစိတ်က ကြူပစ်မယ် ဘာညာစဉ်းစားနေပေမယ့် သူ့မသိစိတ်က သူစိမ်းတစ်ယောက်ကြားတစ်ယောက်နဲ့ ရင်းနှီးရတာကို လက်ခံနိုင်ဖို့ခက်ခဲနေတယ်။

"အင်း အဲ့တာဆိုလည်း ခဏလောက်တော့နေဦးမယ်လေ''

"ဒါနဲ့Samမှာ သားလေးတစ်ယောက်ရှိတယ်လို့ ပြောတယ်နော် ဘယ်အရွယ်ရောက်ပြီလဲ''

"သုံးနှစ်ကျော်ကျော်လောက်တော့ ရှိပြီ''

"ဪ ကလေးလေးက Samနဲ့တူရင်တော့ ချစ်စရာလေးနေမှာပဲ''

အဲ့ဒီစကားကြောင့်Samမှာ မချိသွားဖြဲလို့နေလိုက်ရတယ်။

တကယ်တော့ကလေးလေးက Samနဲ့တူတာထက် ဟိုအမြင်ကပ်စရာကောင်းတဲ့Nicholasနဲ့ တူနေတယ်ဆိုတဲ့အဖြစ်ကို Samကိုယ်တိုင်တောင် လက်ခံချင်တာမှမဟုတ်ပဲ။

"အဲ့ဒီလောက်လည်းမဟုတ်ပါဘူးဗျာ''

Sam ထိုသို့ပြန်ပြောလိုက်တော့ Jamesက ချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းကြီးတွေနဲ့ Samကိုကြည့်ပြီးပြောတယ်။

"တကယ်ပြောတာ Samကအရမ်းချောတော့ Samနဲ့တူတဲ့သားလေးဆိုရင် ချစ်စရာကောင်းမှာပဲ ကျွန်တော်ကကလေးချစ်တတ်တယ်''

"ဪ ဟုတ်လား''

ခပ်ပြုံးပြုံးနဲ့ Jamesရဲ့မေးခွန်းတွေကို ဖြေလိုက် အရက်သောက်လိုက်လုပ်နေတဲ့ Samနားကို Nicholasဘယ်ကနေဘယ်လိုရောက်လာသလဲ Samမသိဘူး။

"တော်တော်ပျော်နေတယ်ဟုတ်လား ဒါကဘာဖြစ်နေတာလဲ''

သူကပဲတစ်ပြန် အဲ့ဒီလိုမေးခွန်းမေးလာတော့ Samအသားတွေ တဆတ်ဆတ်နဲ့တောင် တုန်လာသလိုပဲ။

အခု ဘယ်သူကဘယ်သူ့ကို စိတ်တိုရမှာလဲ၊ မိန်းမတစ်ယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်ပြီး ဒီနေရာမှာတင် အဆင့်တက်ဖို့ အခြေအနေထိရောက်နေတဲ့သူကို Sam က မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲခဲ့ရတာလေ။

အခုသူက စားပွဲဝိုင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး အရက်သောက်နေတဲ့သူနှစ်ယောက်ကို စွပ်စွဲသလိုလာပြောနေတာပဲ။

"အရက်ထိုင်သောက်နေတာ ခင်ဗျားမမြင်ဘူးလား''

"ဘာ မင်းငါ့ကို ဘယ်လိုပြန်ပြောလိုက်တယ်၊ မင်းကိုယ်မင်း ကလေးတစ်ယောက်အဖေဆိုတာရော သိရဲ့လား''

"ကျွန်တော်က ကလေးတစ်ယောက်အဖေဆိုတာသိပါတယ်၊ တချို့သူတွေကသာ ကလေးတစ်ယောက်အဖေဖြစ်ရဲ့သားနဲ့ မိန်းမတစ်ယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ မဟုတ်ဘူးလား''

"မင်း မင်းဘာမြင်လို့လဲ''

"မြင်အောင်နေရင်တော့ မြင်မှာပဲလေ ဒါထူးဆန်းလို့လား၊ Nicholas က မမြင်စေချင်ရင် အနေအထိုင်ဆင်ခြင်မှပေါ့''

"မင်းငါ့ကိုဘာမှလာပြောမနေနဲ့ ငါကမင်းကိုပြောနေတာ၊ မင်းအနေအထိုင်ဆင်ခြင်ဖို့အရေးကြီးတယ်''

"ကျွန်တော်ကဘာဖြစ်နေလို့လဲ၊ Nicholasပြောသလို ကလေးအဖေတစ်ယောက်ဖြစ်တာချင်းအတူတူဆိုရင် Nicholas လည်းကလေးအဖေပဲမဟုတ်လား၊ Nicholas တောင်မိန်းမတစ်ယောက်နဲ့ ပျော်နေနိုင်ရင် ကျွန်တော်ကရော ဘာဖြစ်လို့ယောကျာ်းတစ်ယောက်နဲ့ မပျော်နေနိုင်ရမှာလဲ''

Samရဲ့စကားကြောင့် NicholasကSamကို မီးဝင်းဝင်းတောက်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်။

ဘေးနားကJamesကတော့ အခြေအနေကိုသေချာသဘောမပေါက်သေးသလို အကဲခတ်ပြီးမေးခွန်းထုတ်လာတယ်။

"ဒါနဲ့ ဒီကအစ်ကိုက ဘယ်သူလဲခင်ဗျ၊ ဘာဖြစ်လို့Samကို အခုလိုမျိုးတွေ လာပြောနေရတာလဲ''

အထူအပါးနားမလည်တဲ့ James က အဲ့ဒီလိုမေးတော့ Nicholasရဲ့ဒေါသတွေက Jamesအပေါ်ရောက်လို့သွားတယ်။

"ခင်ဗျားနဲ့ဘာဆိုင်လို့ ခင်ဗျားကလာပြောနေတာလဲ၊ ခင်ဗျားနဲ့အတူအရက်ထိုင်သောက်နေတဲ့သူက ကလေးတစ်ယောက်မွေးထားတဲ့သူဆိုတာ ခင်ဗျားသိရဲ့လား''

"သိပါတယ် အဲ့တာကျွန်တော့်အတွက် ပြဿနာမရှိပါဘူး''

James ရဲ့အဖြေစကားကြောင် Sam မှာ Nicholas ကို ဒေါသထွက်နေတဲ့ကြားက ရယ်ချင်သွားသေးတယ်။ ဒီလူကတော့Nicholasအကြောင်းကို မသိသေးဘူးပဲ။ Jamesတစ်ယောက် အသက်နဲ့အိုးစားမကွဲပါစေနဲ့လို့ Nicholas ဆုတောင်းပေးရလေတော့မယ်။

"Oh Nicholasဘယ်ရောက်သွားလဲလို့ လိုက်ရှာနေတာ ဒီရောက်နေတာကိုး''

Nicholas ရဲ့လက်မောင်းတွေကို ပွတ်သပ်ပြီးပြောလာတဲ့ အမျိုးသမီးက ခုနကNicholasနဲ့ နမ်းရှုံ့နေတဲ့အမျိုးသမီးပဲ။

နှာခေါင်းထဲမှာစူးကနဲဝင်ရောက်လာတဲ့ သူမရဲ့Omega pheromonesတွေက Samကိုစိတ်အနှောင့်အယှက်ဖြစ်စေတာ အရမ်းပဲ။

လိုအပ်တာထက်ပိုပြီး Pheromonesတွေထုတ်လွှတ်နေတဲ့ အမျိုးသမီးက Nicholasကိုဒီညသူမကုတင်ပေါ်အရောက် ခေါ်သွားချင်တဲ့ ဆန္ဒရှိပုံရတယ်။

Nicholas ကတော့ သူ့ကိုအတင်းဖက်တွယ်နေတဲ့ အမျိုးသမီးကို တစ်ချက်လေးမှဂရုမစိုက်ပဲ Sam တို့နှစ်ယောက်ကိုသာ ခပ်တည်တည်နဲ့ စူးစိုက်ကြည့်နေတယ်။

"လာ ထ အိမ်ပြန်မယ်''

"ဒီမှာ Nicholasကိုလာခေါ်နေတဲ့ အမျိုးသမီးရောက်နေတယ်လေ၊ သူမနဲ့ပြန်လိုက်သွားပါ ကျွန်တော်က ကျွန်တော့်ဘာသာပြန်နိုင်ပါတယ်''

"မလိုဘူး အခုချက်ချင်းငါနဲ့လိုက်ခဲ့ Sam''

"Nicholas ဘာဖြစ်နေတာလဲ ခုနကပြောတော့ ဒို့နဲ့ဒီညအချိန်ကုန်ဆုံးမယ်လို့ပြောထားတယ်လေ၊ သူကရော ဘယ်သူလဲ''

Samက ဘာမှဝင်မစွက်ဖက်ပေမယ့် Nicholasက အထစ်အငေါ့မရှိပဲ ပြောလိုက်တာများ။

"သူက ငါ့ယောကျာ်း''

"ဘယ်လို Nicholasယောကျာ်း ဟုတ်လား၊ Nicholas က Singleမဟုတ်ဘူးလား''

မထင်မှတ်ပဲ ကြားလိုက်ရတဲ့စကားကြောင့် သူမမျက်နှာက အရမ်းကိုပျက်ယွင်းသွားပြီး Nicholasလက်မောင်းကို ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကလည်း အောက်ကိုပြုတ်ကျသွားတယ်။

"ဟုတ်တယ် သူကငါ့ယောကျာ်းပဲ လာ Sam သွားမယ်''

သူတို့နှစ်ယောက်အနားမှာ ရှိနေတဲ့ James ရောအဲ့ဒီအမျိုးသမီးရော ဘာမှပြန်မပြောနိုင်ခင်မှာပဲ Nicholas က Sam ရဲ့လက်ကို အကြမ်းပတမ်းဆွဲခေါ်ပြီး Clubရဲ့အပြင်ဘက်ကို ခေါ်ဆောင်လာတယ်။

"ခင်ဗျားဘယ်လိုဖြစ်နေတာလဲ၊ ကျွန်တော့်ကို ဇွတ်အတင်းအဲ့လိုမလုပ်နဲ့ ကျွန်တော်မကြိုက်ဘူး''

"မင်းကြိုက်စရာမလိုဘူး ငါကြိုက်ရင်ရတယ် မင်းအချိုးတွေကိုပြင်ထားနော်Sam မင်းကNixonရဲ့အဖေဆိုတာမမေ့နဲ့''

"ကျွန်တော်ကNixonရဲ့အဖေဆိုတာမမေ့ဘူး ခင်ဗျားကသာ ကိုယ့်အနေအထားကို ကိုယ်မသိပဲ ကျွန်တော့်ကို အကြမ်းဖက်ဖို့ ကြိုးစားနေတာ၊ ကျွန်တော်နဲ့Nixonက သားအဖဆိုပေမယ့် ခင်ဗျားနဲ့ ကျွန်တော်နဲ့ကတော့ ဘာမှသက်ဆိုင်မှုမရှိဘူး၊ ခင်ဗျားလည်း ကြိုက်တဲ့မိန်းမ ကြိုက်တဲ့ယောကျာ်းနဲ့ သွားအိပ်လို့ရတယ် ကျွန်တော်လည်းအလားတူပဲ''

"မင်း''

Nicholasက Samကို စားတော့ဝါးတော့မယောင် ကြည့်နေပြီး လက်သီးကိုဆုပ်လို့ Samကိုလက်သီးနဲ့ထိုးဖို့ပြင်တယ်။

လက်သီးနဲ့ထိုးတာလောက်တော့ Samကလည်းမမှုပါဘူး။ သူထိုးချင်ရင် ထိုးပလေ့စေဆိုပြီး ရင်ကိုကော့ကာခေါင်းကိုမော့ထားလိုက်ပေမယ့် Nicholas က Sam မထင်ထားတာကို လုပ်ချလိုက်တယ်။

အဲ့တာကတော့ Samရဲ့ခါးကို သူ့ရဲ့ရှည်လျားသန်မာတဲ့လက်နဲ့ ဆောင့်ဆွဲလိုက်ပြီး Samနှုတ်ခမ်းကို အတင်းအကြပ်နမ်းလိုက်တာပဲ။

"Nic…''

Samရဲ့နှုတ်ဖျားက Nicholasနာမည်ကို ခေါ်တဲ့အသံက အပြင်မထွက်သွားနိုင်ဘူး။

ယောကျာ်းနှစ်ယောက်ပေမယ့် Nicholas က နဂိုကတည်းက သန်မာတဲ့သူဖြစ်ပြီး Sam ကတော့ Omegaဖြစ်တဲ့အပြင် လူကလည်းပိန်ပိန်ပါးပါးမို့ Nicholas ကိုရုန်းကန်နိုင်ဖို့ အားတွေမရှိဘူး။

သူ့လက်ထဲမှာ Samက အရုပ်တစ်ရုပ်လိုပဲ၊ အလွယ်တကူ သိမ်းပိုက်ခံနေရတယ်။

ဒါပေမယ့် Samကလည်း မကြည်ဖြူသူမို့ တတ်နိုင်သလောက် လက်နှစ်ဖက်နဲ့ Nicholasရဲ့ရင်ဘတ်ကို တဘုန်းဘုန်းထုလို့ အတင်းဖယ်ခိုင်းတဲ့နောက်မှာတော့ Nicholasကတစ်အောင့်အကြာမှာ လွှတ်ပေးလိုက်တယ်။

"မင်းကိုငါ အခါခါပြောထားပြီးပြီနော်၊ မင်းကငါ့အပိုင်ပဲ အဲ့တာကြောင့် ငါ့နောက်ကွယ်မှာဖောက်ပြားဖို့ မစဉ်းစားနဲ့''

Nicholas စကားကြောင့် Samမျက်နှာမဲ့ခနဲ ဖြစ်သွားတယ်။ ကျလည်းကျလောက်ပါရဲ့ သူ့အတွက်ကျတော့ သူသိတတ်လိုက်တာ။ Samကိုဘယ်သူနဲ့မှမပတ်သတ်နဲ့၊ ဘယ်သူနဲ့မှ မဖောက်ပြန်နဲ့တဲ့လား။

သူကကျတော့ ဖောက်ပြန်ချင်တိုင်းဖောက်ပြန်နေပြီးတော့။

အပြင်မှာ မျက်ရည်မထွက်ပေမယ့် Samရင်ထဲမှာတော့ မချိတင်ကဲစိတ်နဲ့ ဝမ်းနည်းနာကျင်စွာငိုကြွေးနေမိတယ်။

တကယ်လို့ Nicholasကသူ့ကို အခုထက်ပိုပြီး နည်းနည်းလေးကြင်နာရင် အခုလိုအခြေအနေမျိုးတွေ ဖြစ်လာမှာတောင်မဟုတ်ဘူး။

သူလိုချင်ခဲ့တာ Nicholasဆီက အချစ်နဲ့အကြင်နာတရားပါ။ ဒါပေမယ့်Nicholasဆီကသူ ပြန်ရတာက နိုင်ထက်စီးနင်းပြုမူမှုပဲ။

သူ့အပိုင်ဆိုပြီး စိတ်ကြိုက်လှည့်စားကစားတာတွေ သူ့စိတ်ထင်တိုင်းပြောဆိုပြုမူတာတွေကိုပဲ Samရရှိခဲ့တော့ ရင်ထဲမှာ Nicholas အပေါ်ထားတဲ့ အချစ်ဆိုတာက တစ်စစနဲ့ ပြိုကျပျက်စီးသွားတော့မယောင်ပဲ။

Part 42 to be continued

Zawgyi below

That Omega is so cute and I can’t help Part 41

အခ်ိန္ေတြက ခပ္ျမန္ျမန္ပဲ ကုန္ဆုံးလို႔သြားတယ္။

အခုဆိုရင္ အိုလီနဲ႕ကိုကိုႀကီးလည္း မဂၤလာေဆာင္ၿပီးသြားလို႔ အိုလီကRaymusတို႔အိမ္ကို ေရာက္လာခဲ့ၿပီ။

နဂိုကတည္းက အိုလီက Raymusတို႔အိမ္မွာ ဝင္ထြက္သြားလာေနၾကဆိုေတာ့ အိုလီအိမ္ေရာက္လာတာ ဘာမွထူးထူးျခားျခားႀကီး ေျပာင္းလဲသြားတာမရွိဘူးဆိုေပမယ့္ Raymus အတြက္ေတာ့ ပိုၿပီးအေဖာ္ရသြားတာအမွန္ပဲ။

အဲ ကိုကိုႀကီးတို႔က အဆင္ေျပသြားတယ္ဆိုေပမယ့္ တစ္ခ်ိန္တစ္ခါတုန္းက လက္သြက္ခဲ့တဲ့ပေလးဘြိုင္းႀကီး ကိုလတ္ကေတာ့ အခုခ်ိန္ထိ သူ႕ရဲ႕ေယာက်ာ္းကို အိမ္ကိုေခၚမလာနိုင္ေသးဘူး။

ခပ္ေပ်ာ္ေပ်ာ္ေနတတ္တဲ့ အိုလီကေတာ့ အခြင့္အခါႀကဳံတိုင္း ကိုလတ္ကို “ဒါေလးေတာင္မွ မႀကိဳးစားနိုင္ဘူးလား” ဆိုၿပီးေတာ့ စေနာက္ေလ့ရွိတယ္။

ကိုကိုႀကီးကေတာ့ သူ႕ေယာက်ာ္းဘာလုပ္လုပ္ အကုန္ကိုအေကာင္းပဲျမင္ေနတာ ဘာမွကိုမေျပာဘူး။

ကိုကိုႀကီးတို႔ေျပာင္းလဲသြားပုံမ်ား၊ တစ္ခ်ိန္တုန္းက အိုလီ့ကိုျပန္မခ်စ္နိုင္ပါဘူးလို႔ ေခ်ေနခဲ့တဲ့လူမဟုတ္သလိုပဲ။

အခုဆိုရင္ အိုလီဘာလုပ္လုပ္ၿပဳံးၿဖီးၿဖီးနဲ႕ကို အခ်ိန္တိုင္းၾကည့္ေနေတာ့တာ။

အခုလည္း Raymus အိပ္ယာနိုးလာလို႔ မနက္စာစားဖို႔ ထမင္းစားခန္းထဲကို ေျခမခ်ရေသးဘူး၊ ကိုကိုႀကီးတို႔ လင္လင္ႏွစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္ျမဴးတူးၿပီး ရယ္ေမာေနတဲ့အသံေတြကို စၿပီးၾကားလိုက္ရၿပီ။

အိုလီတစ္ေယာက္မွာ တဟီးဟီးတဟားဟားနဲ႕ ေပ်ာ္႐ႊင္ေနတာ ျမင္ျပင္းကပ္ခ်င္စရာေကာင္းလွတယ္။

အခုေတာ့ သူငယ္ခ်င္းRaymusေရ ငါ့ကိုကူညီပါဦးဆိုတဲ့ အသံမ်ိဳးမၾကားရေတာ့ဘူး။

သူထမင္းစားခန္းထဲဝင္သြားတာေတာင္မွ အိုလီက Raymuကို အဖက္လွည့္မလုပ္ဘူး။

သူ႕ေယာက်ာ္းခြံ႕ေကြၽးတဲ့ေပါင္မုန႔္ကို ၿပဳံးစိစိနဲ႕စားေနတာကိုၾကည့္မရေတာ့သည္မို႔ Raymus လည္း အိုလီ့ရဲ႕ ဇက္ပိုးကိုတစ္ခ်က္အုပ္ၿပီး Morning လို႔ႏႈတ္ဆက္လိုက္တယ္။

"ဟ ဟိတ္ေကာင္ ေသမလို႔ငါ့ကို နားရင္းအုပ္တာလား၊ ကိုကိုႀကီး ဒီမွာ ကိုကိုႀကီးညီကို ၾကည့္ေျပာဦး''

တကယ္လဲနာတာမဟုတ္ပဲ ဟန္လုပ္ၿပီး သူ႕ေယာက်ာ္းကိုတိုင္ေနတဲ့ ေယာက္ဖက ၾကည့္လို႔ရခ်င္စရာ တစ္စက္မွမရွိဘူး။

"ေဟ့ အငယ္ေလး ဘာျဖစ္လို႔အိုလီ့ကို အရမ္းလုပ္ရတာလဲ၊ ကေလး နာသြားလား ကိုကိုႀကီးကိုျပပါဦး''

"ေအာင္မေလး လက္ကေလးနဲ႕အသာေလးအုပ္လိုက္တာပါ၊ ဘယ္လိုျဖစ္လို႔ အဲ့ေလာက္ထိကဲသဲေနၾကတာလဲ၊ တကယ္ပါပဲ ဒီမွာညီက လူပ်ိဳေလးဆိုတာလည္း သတိထားၾကပါဦး''

"လူပ်ိဳေလးမလုပ္ခ်င္ရင္ မင္းလည္းလင္ယူရင္ယူလိုက္ေပါ့''

"အံမယ္ ငါကမင္းတို႔လိုအပူမရွာခ်င္ပါဘူး''

"ဘယ္သူကပူေနလို႔လဲ ငါတို႔ႏွစ္ေယာက္ကအရမ္းေအးေနတာ ေနာ္.. ေနာ္ .. ကိုကိုႀကီးညီကို ေျပာလိုက္ဦး''

"အဟမ္း အင္းေပါ့ ကိုယ့္ကေလးေလး အနားမွာ ရွိတဲ့အခ်ိန္ေတြက ကိုယ့္အတြက္ေတာ့ အေအးခ်မ္းဆုံးအခ်ိန္ေတြပဲ''

ဘုရားစူး အဲ့စကားေျပာလိုက္တာ Raymusရဲ႕အစ္ကိုတဲ့လား၊ ဘယ္လိုမွ ယုံခ်င္စရာကိုမရွိဘူး။

"တကယ္ပါပဲ ကဲသဲေနလိုက္ၾကတာ မိုးလင္းမေရွာင္ မိုးခ်ဳပ္မေရွာင္ဆိုတာ ကိုကိုႀကီးတို႔ ႏွစ္ေယာက္ပဲ ညညဆိုလည္း ေယာင္ယမ္းၿပီးေတာ့ေတာင္ အခန္းေရွ႕က ျဖတ္မသြားရဲဘူး မၾကားဝံ့မနာသာေတြ ၾကားေနရလို႔''

သူတို႔ကလူပ်ိဳေလး Raymusကိုမရွက္မေၾကာက္နဲ႕  ကဲသဲေနတာမို႔ Raymus လည္း သူတို႔ကို ျမင္ျပင္းကပ္လွစြာ ပစ္ပစ္ႏွစ္ႏွစ္ေျပာလိုက္မိတယ္။

လက္ကေတာ့ ေပါင္မုန႔္ကိုေထာပတ္သုတ္မျပတ္ဘူး။

"ဟိတ္ေကာင္ မၾကားရဲဘူးဆိုရင္ ငါတို႔အခန္းေရွ႕ကမျဖတ္နဲ႕ေပါ့ ငါတို႔က အသံထြက္နိုင္လို႔ထြက္ရတာ၊ မင္းေတာင္မွ အဲ့လိုအသံထြက္ခ်င္လို႔ ထြက္လို႔ရလို႔လား''

"ဟာ ကိုကိုႀကီး ၾကည့္ဦး၊ ကိုယ့္ညီေလးကို အဲ့လိုမ်ိဳးေျပာေနတာ ဒီတိုင္းပဲၾကည့္ေနေတာ့မွာလား''

"ဪ ငါကအမွန္ေတြေျပာတာပဲ Raymusရဲ႕''

"မင္းလိုေျပာရဲဆိုရဲရွိတဲ့ ေအာက္ထက္ပုဂၢိဳလ္ကေတာ့ မင္းတစ္ေယာက္ပဲရွိမယ္ထင္တယ္၊ မင္းကိုငါတကယ္ လက္လန္ပါတယ္ အိုလီရယ္”

"ေအာင္မာ ငါ့ကိုပဲေျပာရတယ္ရွိေသး မင္းအလွည့္က်မွ ပိုဆိုးမွာ Raymus Nathaniel ရဲ႕ မင္းကိုယ္မင္းသိရဲ႕လား''

"အမေလး ဘာကိုပိုဆိုးမွာလဲ ငါကလူပ်ိဳႀကီးလုပ္မွာ''

"နားရွိလို႔သာၾကားရတယ္ Raymus ရယ္ မယုံနိုင္စရာေတြ မေျပာစမ္းပါနဲ႕''

"ကဲ ကဲ သူငယ္ခ်င္းႏွစ္ေယာက္အခ်စ္မစမ္းၾကနဲ႕ေတာ့ အိုလီေလးကလည္း Raymus ကိုမစနဲ႕ေတာ့ ကိုယ္အျပင္သြားတဲ့ အခ်ိန္က်လိဳ႕ရွိရင္ အိုလီေလးက Raymusကိုပဲ အေဖာ္လုပ္ၿပီးေနခဲ့ရမယ့္ဟာကို''

"ဟင္ ကိုကိုႀကီးက ဒီေန႕႐ုံးပိတ္တယ္မဟုတ္ဘူးလား ဘယ္သြားမလို႔လဲ''

"ဒီေန႕ၥ ဝန္ႀကီးခ်ဳပ္တစ္ေယာက္နဲ႕ Golfရိုက္ဖို႔ခ်ိန္းထားတယ္ အိုလီ့အေဖလည္းပါတယ္၊ အဲ့တာေၾကာင့္ကိုကိုႀကီး အိမ္မွာမရွိဘူး ထမင္းစားၿပီးခ်ိန္ေလာက္မွ ျပန္ေရာက္မယ္ထင္တယ္ ဝန္ႀကီးကိုလည္း ထမင္းေကြၽးရဦးမွာ''

"ဪ အဲ့ဒီလိုလား၊ အိုလီ မင္းၾကားတယ္ေနာ္ မင္းမွာအားကိုးစရာ ငါပဲရွိေတာ့တာ ငါ့ကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံ''

"ဟြန္း ေတြ႕လားကိုကိုႀကီး အဲ့တာကိုကိုႀကီး ကြၽန္ေတာ့္ကိုထားသြားလို႔ အခုေတာ့ ကြၽန္ေတာ္အေျပာခံရၿပီ''

အိုလီက သူ႕ေဘးမွာထိုင္ေနတဲ့ ကိုကိုႀကီးရဲ႕လက္ေမာင္းကို ဆြဲရမ္းလို႔ေျပာေတာ့ ကိုကိုႀကီးက အိုလီ့ကို ဆံပင္ေလးပဲသပ္ေပးေတာ့မလို၊ ေပြ႕ပဲခ်ီေတာ့မလိုနဲ႕ အိုဗာတင္းေတြလုပ္ေနျပန္တယ္။

"ကေလးကလည္းကြာ ကိုယ္က အလုပ္ကိစၥနဲ႕ သြားမွာပဲဟာကို ၿပီးတာနဲ႕ျပန္လာခဲ့မွာ အိမ္မွာေကာင္းေကာင္းေနခဲ့ေနာ္၊ ၿပီးေတာ့ Assignmentေတြလည္း လုပ္စရာရွိေသးတယ္မဟုတ္လား''

ကိုကိုႀကီးက အိုလီ့ရဲ႕နဖူးေပၚဝဲက်ေနတဲ့ ဆံပင္ေတြကိုသပ္တင္ၿပီး ခ်စ္စနိုးေလးေျပာတာမို Raymusလည္း ဘာရယ္မဟုတ္ပဲ ေငးၾကည့္ေနမိတယ္။

ပါးစပ္ကသာ အပိုေတြေလွ်ာက္ေျပာေနေပမယ့္ ဒီသူငယ္ခ်င္းေလးနဲ႕ ဒီအစ္ကိုအဆင္ေျပသြားေတာ့ အေပ်ာ္႐ႊင္ရဆုံးလူက သူပဲ ျဖစ္ခဲ့တဲ့ဟာကို။

"အာ ဟုတ္သားပဲ Assignmentလုပ္ရဦးမွာ ပ်င္းလိုက္တာ မလုပ္ခ်င္ေတာ့ဘူး၊ ေက်ာင္းမတက္ပဲ ကိုကိုႀကီးလုပ္စာထိုင္စားလို႔မရဘူးလား''

"ထိုင္စားလို႔ေတာ့ရတာေပါ့ကေလးရဲ႕ ဒါေပမယ့္ ကိုယ္ကကေလးကို ပညာတတ္ေလးျဖစ္ေစခ်င္တာေလ၊ ကိုယ့္မွာပညာရွိထားေတာ့ ကိုယ္ကလက္ေအာက္ငယ္သားေတြကို ခိုင္းရတာ အဆင္ေျပတာေပါ့''

"ကိုကိုႀကီး အဲ့တာက Daddyေျပာေနက် စကားမဟုတ္ဘူးလား''

"ဪ Daddyေျပာေနက်စကားက ငါေျပာလို႔မရေတာ့ဘူးလား''

"ေအးေလ ဟုတ္သားပဲ Raymusကလည္း ကိုကိုႀကီးကို မေျပာပါနဲ႕''

"မေျပာေတာ့ဘူး မေျပာေတာ့ဘူး မင္းတို႔လင္လင္ႏွစ္ေယာက္ေျပာတဲ့ စကားၾကားထဲကို ငါဘာမွဝင္မေျပာေတာ့ဘူး''

"ဟားဟား သူငယ္ခ်င္းေလးကလည္း စတာပါ စိတ္မဆိုးပါနဲ႕''

"စိတ္မဆိုးပါဘူးကြာ ကိုကိုႀကီးလည္း သြားမွာျဖင့္သြားေတာ့၊ အိုလီ ၿပီးရင္ မင္းနဲ႕ငါစာလုပ္ရေအာင္ Willy လည္းလာမယ္လို႔ေျပာတယ္''

"ေအးပါ လုပ္ရမွာေပါ့ ငါ့ခ်စ္ခ်စ္က ငါ့ကိုပညာတတ္ႀကီး ျဖစ္ေစခ်င္တာဆိုေတ့ာလည္း ငါစာမလုပ္ခ်င္ေပမယ့္ လုပ္လိုက္ပါ့မယ္''

"အဲ့တာေၾကာင့္ ကိုယ္က ကေလးကိုခ်စ္ေနရတာ ကဲ ဒါဆိုကိုယ္သြားေတာ့မယ္ေနာ္ ေယာက္ဖႏွစ္ေယာက္ တည့္တည့္ရႈရႈေနေနၾက ကိုယ္ျပန္လာခါနီးဖုန္းဆက္လိုက္မယ္ ကေလးမွာခ်င္တာရွိရင္ လွမ္းမွာလိုက္ေနာ္''

"ဟုတ္ကဲ့ ကိုကိုႀကီးခ်စ္တယ္ေနာ္''

"အြန္း ကိုယ္လည္းကေလးေလးကို ခ်စ္တယ္''

သြားခါနီးလာခါနီး အခ်စ္နလန္ထေနတဲ့ လင္လင္ႏွစ္ေယာက္ကို Raymusက မနိုင္ေတာ့သေယာင္ ဘာမွမေျပာပဲ ႏႈတ္သာဆိတ္ေနလိုက္တယ္။

ကိုယ့္ဘာကိုယ္ ေပါင္မုန႔္ထိုင္စားေနတာပဲ ေကာင္းပါတယ္၊ အခုလိုအခ်ိန္က်ေတာ့ FAျဖစ္ရတာ အားငယ္လိုက္တာ။

"ဒါနဲ႕ အိုလီ ကိုလတ္က မနိုးေသးတာလား မေတြ႕မိဘူးေကာ''

"မဟုတ္ဘူး မနက္က ငါတို႔နိုးကတည္းက မေတြ႕တာ ဘယ္သြားေနလဲမသိဘူး''

" ကိုလတ္တို႔ကေတာ့ ကေလးအေဖသာျဖစ္လာတယ္၊ အိမ္ကပ္တယ္ကိုမရွိေသးဘူး”

"ဘယ္လိုလုပ္အိမ္ကပ္ခ်ိန္ရွိမွာလဲကြာ သူ႕မွာ အခုမွ ေယာက်ာ္းကို ျပန္ပိုးပန္းေနရတဲ့ဟာကို''

"ဟင္ ပိုးပန္းေနတယ္ဟုတ္လား ကိုလတ္က သူ႕ေယာက်ာ္းကိုမခ်စ္ဘူးဆို''

"Raymus ရယ္ မင္းကတုံးရင္လဲႏွစ္ေယာက္မရွိဘူး မခ်စ္ဘူးဆိုတာ မင္းအစ္ကိုက အလကားေလွ်ာက္ေျပာေနတာ သူ႕စိတ္ထဲမွာ အဲ့တစ္ေယာက္ကို ျပန္ၿပီးသေဘာက်ေနတယ္ဆိုတာ အသိသာႀကီးဟာကို ငါ့မဂၤလာေဆာင္တုန္းက ၾကည့္ပါလား မ်က္စိေအာက္ကေနကို အေပ်ာက္ခံတာမဟုတ္ဘူး''

"ေအးေနာ္ မင္းေျပာမွငါစဥ္းစားၾကည့္မိတယ္ ဟုတ္ေတာ့လည္းဟုတ္သားပဲ၊ ကိုလတ္ကလည္း ခ်စ္တယ္ဆိုရင္ ခ်စ္တယ္လို႔ေျပာလိုက္ၿပီး ဆြဲစိလိုက္ရင္ ၿပီးေနတဲ့ဟာကို ဘာေတြေတြေဝေနတာလဲ မသိပါဘူး''

"အဲ့တာေတာ့ မင္းအစ္ကိုပဲသိမွာပဲေဟ့ ဒါနဲ႕ သူမ်ားကိုသာေျပာေနတယ္ မင္းကေကာ''

"ငါကဘာျဖစ္လို႔လဲ''

"မင္းနဲ႕Alexရဲ႕အေျခအေနက ဘာမွမထူးေသးဘူးလား၊ မင္းတို႔ႏွစ္ေယာက္က Shipperေတြကို ဝမ္းနည္းေအာင္လုပ္ေနၾကတာပဲ''

"အဲ့တာငါ့ကိုေျပာရမွာ မဟုတ္ဘူး မင္းတို႔ရဲ႕Alphaေကာင္ႀကီးကို ေျပာရမွာ၊ ငါကသာေရလာေျမာင္းေပးလုပ္ေပမယ့္ သူကမတုန္မလႈပ္နဲ႕ ''

"ေျပာခ်င္တာက မင္းကေတာ့ သူ႕ကို သေဘာက်ေနၿပီဆိုပါေတာ့''

"အဟမ့္ ငါကသေဘာက်တယ္ရယ္လည္း မဟုတ္ပါဘူး၊ ဒါေပမယ့္ သူကငါ့ကို ႀကိဳက္လွပါခ်ည္ရဲ႕ ဆိုေတာ့ ငါကစဥ္းစားေပးရမွာေပါ့''

"ဟားဟား အခုမွသိေတာ့တယ္၊ လက္စသတ္ေတာ့ ငါတို႔ရဲ႕Raymusေလးက ေရစီးခ်င္တာေတာင္မွ တစ္ဖက္ကေျမာင္းေဖာက္မလာလို႔ စိတ္တိုေနတာကိုး''

"ဟိတ္ေကာင္ အိုလီဘာမွမဟုတ္ဘူး၊ ငါ့ကိုလာစမေနနဲ႕ေနာ္၊ ငါက သူငါ့ကိုလာႀကိဳက္တယ္ဆိုရင္ အားနာပါးနာနဲ႕ ျပန္ႀကိဳက္ေပးရင္ေကာင္းမလားလို႔ စဥ္းစားေနတုန္းပဲရွိေသးတာ''

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ မွတ္ထားလိုက္ပါ့မယ္''

"စကားမ်ားမေနနဲ႕ ျမန္ျမန္စား ၿပီးရင္စာလုပ္ရမွာ''

အိုလီကို စကားမမ်ားနဲ႕လို႔ ဟန႔္လိုက္ေပမယ့္ သူကေတာ့ Alex အေၾကာင္းစဥ္းစားေနမိတာ မရပ္ခဲ့ဘူး။ အဲဒီေကာင္ Alex၊ ေျခသြက္လက္သြက္မရွိတဲ့အလကားေကာင္ အေခ်ေကာင္ႀကီး၊ သူေခ်ေနလို႔ အခုေတာ့ Raymus က အႏွိမ္ခံေနရၿပီ။ မင္းငါ့ကို ျမန္ျမန္ဆြဲစိရင္စိ၊ မစိရင္ ငါမင္းကို ဆြဲစိမိေတာ့မွာပဲ။

- That Omega is so cute and I can’t help –

အေမွာင္ထုအမ်ားစု ႀကီးစိုးေနတဲ့ အခန္းက်ယ္ထဲမွာ လင္းလက္ေနတာကေတာ့ disco မီးေရာင္စုံေတြပဲ။

မ်က္စိက်ိန္းေလာက္ေစတာ Discoမီးေရာင္ေတြၾကားမွာ လူအမ်ားစုကေတာ့ ေပ်ာ္႐ႊင္စြာနဲ႕ ကခုန္ေနၾကေလရဲ႕။

Sam အခုေရာက္ရွိေနတာကေတာ့ လူကုန္ထံအသိုင္းအဝိုင္း အမ်ားစုက်က္စားေလ့ရွိတဲ့ Night Clubတစ္ခုပဲ။

Samရဲ႕သေဘာအတိုင္းသာဆိုရင္ ဒီလိုေနရာမ်ိဳးကို လာဖို႔လုံးဝစိတ္ကူးမရွိဘူး။ ဒီလိုေနရာက Samပုံစံနဲ႕ သင့္ေလ်ာ္တဲ့အေနအထားမွာ မရွိဘူးေလ။ Sam က နားေအးပါးေအးေနရတာကို အင္မတန္ႀကိဳက္တဲ့သူ။

ဒါေပမယ့္ Samနဲ႕ေတာ္ေတာ္ေလးရင္းႏွီးခဲ့တဲ့ အထက္တန္းေက်ာင္းတုန္းက သူငယ္ခ်င္းက မၾကာခင္မဂၤလာေဆာင္ေတာ့မွာမို႔ သူ႕ရဲ႕ဖိတ္ၾကားခ်က္အရ ဒီကိုေရာက္လာခဲ့တာျဖစ္တယ္။

Sam ကအေပါင္းအသင္းသိပ္မမ်ားေပမယ့္ အဲ့ဒီသူငယ္ခ်င္းကေတာ့ေတာ္ေတာ္ေလးရင္းႏွီးတဲ့ အထဲမွာပါတယ္။

သူငယ္ခ်င္းရဲ႕အိမ္ေထာက္ဘက္က T ၿမိဳ႕ေတာ္က မဟုတ္တဲ့အတြက္ သူငယ္ခ်င္းက မဂၤလာေဆာင္ကို သူ႕အိမ္ေထာင္ဘက္ရွိတဲ့ၿမိဳ႕မွာ သြားလုပ္မွာ။

Sam က ကေလးတစ္ဖက္ အလုပ္တစ္ဖက္နဲ႕ သူငယ္ခ်င္းမဂၤလာေဆာင္ကို မလိုက္နိုင္တာမို႔ သူငယ္ခ်င္းက bachelor night partyဆိုၿပီးေတာ့ ဒီClubမွာလုပ္တာကိုေတာ့ မျဖစ္ျဖစ္ေအာင္ ေရာက္သြားခဲ့ရတယ္။ မဟုတ္ရင္ သူငယ္ခ်င္းက သူ႕ကိုအႀကီးအက်ယ္စိတ္ဆိုးေတာ့မွာ။

Anna ကလည္း ဒီေန႕ Nixon ေလးကို ေစာင့္ရင္းနဲ႕အိမ္မွာလာအိပ္ေပးမယ္ဆိုတာနဲ႕ Sam ေရာက္လာျဖစ္ခဲ့တာ။

ဒါေပမယ့္ ဒီလိုေနရာမွာ Samမေပ်ာ္နိုင္တာမို႔ သိပ္မၾကာခင္ေတာ့ အိမ္ျပန္မယ္လို႔ စိတ္ကူးထားတာပဲ။

သူ႕မွာ အဲဒီလိုေနရာမွာမေပ်ာ္ရတဲ့အထဲ သူငယ္ခ်င္းက သင့္ေလ်ာ္မယ္ထင္ၿပီး ခ်ိတ္ေပးခဲ့တဲ့ Alpha တစ္ေယာက္ကိုလည္း အားနာပါးနာနဲ႕ စကားျပန္ေျပာေပးေနရေသးတယ္။

ေမးခြန္းေပါင္းစုံေမးေနေသာ James လို႔ေခၚတဲ့ အဲ့ဒီ Alpha ကို အလိုက္သင့္ျပန္ေျပာရင္းနဲ႕ Jamesကို  သူ႕သူငယ္ခ်င္းတစ္ေယာက္က လာေခၚသြားတာမို႔ Samမွာ အသက္ရႉ ေခ်ာင္သြားသလို သက္ျပင္းခ်ၿပီး အေရွ႕မွာရွိတဲ့အရက္ခြက္ကို နည္းနည္းေကာက္ေမာ့လိုက္တယ္။

မျမင္ခ်င္ပါဘူးဆိုကာမွ မ်က္စိအၾကည့္ေရာက္သြားတာက VIP ခုံတန္းမွာ လူျမင္ကြင္းမေရွာင္ပဲ ကဲခ်င္တိုင္းကဲေနတဲ့ ေယာက်ာ္းတစ္ေယာက္နဲ႕ မိန္းမတစ္ေယာက္ဆီကို အၾကည့္ေရာက္လို႔သြားတယ္။

မျမင္ရဲစရာေကာင္းေလာက္ေအာင္ အနမ္းေပးၿပီး ပြတ္သပ္ေနၾကတဲ့ ႏွစ္ေယာက္ကို မျမင္ခ်င္ေယာင္ေဆာင္ကာ အၾကည့္လႊဲလိုက္ဖို႔ စဥ္းစားေပမယ့္ အဲ့ဒီစားပြဲဝိုင္းက အမ်ိဳးသားက သူမျမင္ခ်င္တဲ့ သူ႕ကေလးရဲ႕အေဖျဖစ္ေနျခင္းပဲ။

သဝန္တိုျခင္းမမည္တဲ့ သူ႕ရင္ထဲက နာက်င္မႈေတြက ဆစ္ကနဲရင္ဘတ္ဆီသို႔ စိုက္ဝင္သြားသလို။

သူနဲ႕လက္ထပ္ဖို႔အသည္းအသန္ေတာင္းဆိုေနခဲ့တဲ့ သူ႕ကေလးအေဖျဖစ္ပါရေစလို႔ အခ်ိန္ရွိတိုင္းေျပာေနတဲ့ Nicholas က အခုခ်ိန္အထိ ျမာေပြတဲ့အက်င့္ကို မေျပာင္းေသးဘူး။ ဒီလိုပုံစံနဲ႕ေယာက်ာ္းတစ္ေယာက္ကို သူကဘယ္လိုယုံၾကည္မႈမ်ိဳးနဲ႕ သူ႕ကေလးအေဖအျဖစ္ လက္ခံေပးရမွာလဲ။

သူ႕ကိုလုပ္ခဲ့သမွ် သည္းခံေပးလိုက္နိုင္တယ္ဆိုရင္ေတာင္ အခုလိုျမာေပြေနတဲ့အက်င့္ကိုေတာ့ သူဘယ္လိုမွသည္းခံေပးနိုင္မွာ မဟုတ္ဘူး။ ဘယ္မိသားစုရဲ႕သားသမီးမွ မျဖစ္ရင္ေန သူ႕ကေလးကို အခုလိုမ်ိဳး မိန္းမရႈပ္တဲ့ သူတစ္ေယာက္ရဲ႕သားေတာ့ မျဖစ္ေစခ်င္ဘူး။

အခုလိုျမင္ကြင္းမ်ိဳး သူမျမင္ခင္တုန္းက Nicholasေျပာင္းလဲသြားၿပီလို႔ သူထင္ခဲ့မိတယ္။ အဲ့တာေၾကာင့္Nicholasနဲ႕ ဥကၠဌႀကီးေတာင္းဆိုသလို Nicholasကိုလက္ထပ္လိုက္ဖို႔အထိေတာင္မွ သူစဥ္းစားျဖစ္မိေသးတယ္။

အခုေတာ့ သူေတြးထားတာေတြ အကုန္လုံးက ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္သြားေတာ့တယ္။

Nicholas Nicholas မင္းတစ္ေယာက္ပဲ ရႈပ္ခ်င္တိုင္းရႈပ္ကဲခ်င္တိုင္းကဲလို႔ရမယ္လို႔ ထင္ေနတာလား။

တကယ္ေတာ့ ငါက ျငင္းဆန္ေနခဲ့လို႔သာ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ ငါ့အနားကိုကပ္ခြင့္မရခဲ့တာပါ၊ ငါကသာလက္ခံမယ္ဆိုရင္ ငါနဲ႕တြဲခ်င္တဲ့သူေတြက အပုံႀကီးရွိတယ္။

"Sorry Samေရ ပ်င္းေနၿပီလား ဒီမွာသူငယ္ခ်င္းေတြက မေတြ႕တာၾကာလို႔ဆိုၿပီးေတာ့ ကိုယ့္ကိုေသာက္ခိုင္းေနၾကလို႔''

James က အနားျပန္ေရာက္လာၿပီး Samကိုေျပာတာမို႔ Samရဲ႕အာ႐ုံကို Nicholas ဆီကေနလွည့္ကာ အေရွ႕မွာျပန္လာထိုင္တဲ့Jamesကို ၾကည့္ေနလိုက္တယ္။ James က Nicholas ေလာက္မေခ်ာပဲ လူေခ်ာတစ္ေယာက္ပဲ။ Nicholas ကို စိတ္တိုတိုနဲ႕ James ကို နည္းနည္းေလး ျပန္အီပစ္လိုက္မယ္လို႔ သူစိတ္ကူးလိုက္မိတယ္။

"ရပါတယ္ ဘာမွမျဖစ္ပါဘူး ကြၽန္ေတာ္လည္းခဏေနျပန္ေတာ့မလားလို႔စဥ္းစားေနတာ''

"ဟာ ျပန္ေတာ့မလို႔လားSamရဲ႕ ခဏေနပါဦး အခုမွကိုယ္တို႔ကစကားေကာင္းေနတဲ့ဟာကို''

Jamesက Samေကာင္းေကာင္းမြန္မြန္ျပန္ေျပာေနတာကို Signal အလြဲရသြားပုံရကာ Sam ရဲ႕လက္တစ္ဖက္ကို ခပ္ဖြဖြဆုပ္ကိုင္လို႔ေျပာေတာ့ Sam ဆတ္ကနဲ႐ုန္းလိုက္မိတယ္။ သိစိတ္က ၾကဴပစ္မယ္ ဘာညာစဥ္းစားေနေပမယ့္ သူ႕မသိစိတ္က သူစိမ္းတစ္ေယာက္ၾကားတစ္ေယာက္နဲ႕ ရင္းႏွီးရတာကို လက္ခံနိုင္ဖို႔ခက္ခဲေနတယ္။

"အင္း အဲ့တာဆိုလည္း ခဏေလာက္ေတာ့ေနဦးမယ္ေလ''

"ဒါနဲ႕Samမွာ သားေလးတစ္ေယာက္ရွိတယ္လို႔ ေျပာတယ္ေနာ္ ဘယ္အ႐ြယ္ေရာက္ၿပီလဲ''

"သုံးႏွစ္ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိၿပီ''

"ဪ ကေလးေလးက Samနဲ႕တူရင္ေတာ့ ခ်စ္စရာေလးေနမွာပဲ''

အဲ့ဒီစကားေၾကာင့္Samမွာ မခ်ိသြားၿဖဲလို႔ေနလိုက္ရတယ္။

တကယ္ေတာ့ကေလးေလးက Samနဲ႕တူတာထက္ ဟိုအျမင္ကပ္စရာေကာင္းတဲ့Nicholasနဲ႕ တူေနတယ္ဆိုတဲ့အျဖစ္ကို Samကိုယ္တိုင္ေတာင္ လက္ခံခ်င္တာမွမဟုတ္ပဲ။

"အဲ့ဒီေလာက္လည္းမဟုတ္ပါဘူးဗ်ာ''

Sam ထိုသို႔ျပန္ေျပာလိုက္ေတာ့ Jamesက ခ်စ္ရည္႐ႊန္းလဲ့တဲ့မ်က္ဝန္းႀကီးေတြနဲ႕ Samကိုၾကည့္ၿပီးေျပာတယ္။

"တကယ္ေျပာတာ Samကအရမ္းေခ်ာေတာ့ Samနဲ႕တူတဲ့သားေလးဆိုရင္ ခ်စ္စရာေကာင္းမွာပဲ ကြၽန္ေတာ္ကကေလးခ်စ္တတ္တယ္''

"ဪ ဟုတ္လား''

ခပ္ၿပဳံးၿပဳံးနဲ႕ Jamesရဲ႕ေမးခြန္းေတြကို ေျဖလိုက္ အရက္ေသာက္လိုက္လုပ္ေနတဲ့ Samနားကို Nicholasဘယ္ကေနဘယ္လိုေရာက္လာသလဲ Samမသိဘူး။

"ေတာ္ေတာ္ေပ်ာ္ေနတယ္ဟုတ္လား ဒါကဘာျဖစ္ေနတာလဲ''

သူကပဲတစ္ျပန္ အဲ့ဒီလိုေမးခြန္းေမးလာေတာ့ Samအသားေတြ တဆတ္ဆတ္နဲ႕ေတာင္ တုန္လာသလိုပဲ။

အခု ဘယ္သူကဘယ္သူ႕ကို စိတ္တိုရမွာလဲ၊ မိန္းမတစ္ေယာက္နဲ႕ျဖစ္ခ်င္တိုင္းျဖစ္ၿပီး ဒီေနရာမွာတင္ အဆင့္တက္ဖို႔ အေျခအေနထိေရာက္ေနတဲ့သူကို Sam က မျမင္ခ်င္ေယာင္ေဆာင္ၿပီး မ်က္ႏွာလႊဲခဲ့ရတာေလ။

အခုသူက စားပြဲဝိုင္းနဲ႕မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး အရက္ေသာက္ေနတဲ့သူႏွစ္ေယာက္ကို စြပ္စြဲသလိုလာေျပာေနတာပဲ။

"အရက္ထိုင္ေသာက္ေနတာ ခင္ဗ်ားမျမင္ဘူးလား''

"ဘာ မင္းငါ့ကို ဘယ္လိုျပန္ေျပာလိုက္တယ္၊ မင္းကိုယ္မင္း ကေလးတစ္ေယာက္အေဖဆိုတာေရာ သိရဲ႕လား''

"ကြၽန္ေတာ္က ကေလးတစ္ေယာက္အေဖဆိုတာသိပါတယ္၊ တခ်ိဳ႕သူေတြကသာ ကေလးတစ္ေယာက္အေဖျဖစ္ရဲ႕သားနဲ႕ မိန္းမတစ္ေယာက္နဲ႕ ျဖစ္ခ်င္တိုင္းျဖစ္ေနတာ မဟုတ္ဘူးလား''

"မင္း မင္းဘာျမင္လို႔လဲ''

"ျမင္ေအာင္ေနရင္ေတာ့ ျမင္မွာပဲေလ ဒါထူးဆန္းလို႔လား၊ Nicholas က မျမင္ေစခ်င္ရင္ အေနအထိုင္ဆင္ျခင္မွေပါ့''

"မင္းငါ့ကိုဘာမွလာေျပာမေနနဲ႕ ငါကမင္းကိုေျပာေနတာ၊ မင္းအေနအထိုင္ဆင္ျခင္ဖို႔အေရးႀကီးတယ္''

"ကြၽန္ေတာ္ကဘာျဖစ္ေနလို႔လဲ၊ Nicholasေျပာသလို ကေလးအေဖတစ္ေယာက္ျဖစ္တာခ်င္းအတူတူဆိုရင္ Nicholas လည္းကေလးအေဖပဲမဟုတ္လား၊ Nicholas ေတာင္မိန္းမတစ္ေယာက္နဲ႕ ေပ်ာ္ေနနိုင္ရင္ ကြၽန္ေတာ္ကေရာ ဘာျဖစ္လို႔ေယာက်ာ္းတစ္ေယာက္နဲ႕ မေပ်ာ္ေနနိုင္ရမွာလဲ''

Samရဲ႕စကားေၾကာင့္ NicholasကSamကို မီးဝင္းဝင္းေတာက္ေနတဲ့မ်က္ဝန္းေတြနဲ႕ၾကည့္တယ္။

ေဘးနားကJamesကေတာ့ အေျခအေနကိုေသခ်ာသေဘာမေပါက္ေသးသလို အကဲခတ္ၿပီးေမးခြန္းထုတ္လာတယ္။

"ဒါနဲ႕ ဒီကအစ္ကိုက ဘယ္သူလဲခင္ဗ်၊ ဘာျဖစ္လို႔Samကို အခုလိုမ်ိဳးေတြ လာေျပာေနရတာလဲ''

အထူအပါးနားမလည္တဲ့ James က အဲ့ဒီလိုေမးေတာ့ Nicholasရဲ႕ေဒါသေတြက Jamesအေပၚေရာက္လို႔သြားတယ္။

"ခင္ဗ်ားနဲ႕ဘာဆိုင္လို႔ ခင္ဗ်ားကလာေျပာေနတာလဲ၊ ခင္ဗ်ားနဲ႕အတူအရက္ထိုင္ေသာက္ေနတဲ့သူက ကေလးတစ္ေယာက္ေမြးထားတဲ့သူဆိုတာ ခင္ဗ်ားသိရဲ႕လား''

"သိပါတယ္ အဲ့တာကြၽန္ေတာ့္အတြက္ ျပႆနာမရွိပါဘူး''

James ရဲ႕အေျဖစကားေၾကာင္ Sam မွာ Nicholas ကို ေဒါသထြက္ေနတဲ့ၾကားက ရယ္ခ်င္သြားေသးတယ္။ ဒီလူကေတာ့Nicholasအေၾကာင္းကို မသိေသးဘူးပဲ။ Jamesတစ္ေယာက္ အသက္နဲ႕အိုးစားမကြဲပါေစနဲ႕လို႔ Nicholas ဆုေတာင္းေပးရေလေတာ့မယ္။

"Oh Nicholasဘယ္ေရာက္သြားလဲလို႔ လိုက္ရွာေနတာ ဒီေရာက္ေနတာကိုး''

Nicholas ရဲ႕လက္ေမာင္းေတြကို ပြတ္သပ္ၿပီးေျပာလာတဲ့ အမ်ိဳးသမီးက ခုနကNicholasနဲ႕ နမ္းရႈံ႕ေနတဲ့အမ်ိဳးသမီးပဲ။

ႏွာေခါင္းထဲမွာစူးကနဲဝင္ေရာက္လာတဲ့ သူမရဲ႕Omega pheromonesေတြက Samကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစတာ အရမ္းပဲ။

လိုအပ္တာထက္ပိုၿပီး Pheromonesေတြထုတ္လႊတ္ေနတဲ့ အမ်ိဳးသမီးက Nicholasကိုဒီညသူမကုတင္ေပၚအေရာက္ ေခၚသြားခ်င္တဲ့ ဆႏၵရွိပုံရတယ္။

Nicholas ကေတာ့ သူ႕ကိုအတင္းဖက္တြယ္ေနတဲ့ အမ်ိဳးသမီးကို တစ္ခ်က္ေလးမွဂ႐ုမစိုက္ပဲ Sam တို႔ႏွစ္ေယာက္ကိုသာ ခပ္တည္တည္နဲ႕ စူးစိုက္ၾကည့္ေနတယ္။

"လာ ထ အိမ္ျပန္မယ္''

"ဒီမွာ Nicholasကိုလာေခၚေနတဲ့ အမ်ိဳးသမီးေရာက္ေနတယ္ေလ၊ သူမနဲ႕ျပန္လိုက္သြားပါ ကြၽန္ေတာ္က ကြၽန္ေတာ့္ဘာသာျပန္နိုင္ပါတယ္''

"မလိုဘူး အခုခ်က္ခ်င္းငါနဲ႕လိုက္ခဲ့ Sam''

"Nicholas ဘာျဖစ္ေနတာလဲ ခုနကေျပာေတာ့ ဒို႔နဲ႕ဒီညအခ်ိန္ကုန္ဆုံးမယ္လို႔ေျပာထားတယ္ေလ၊ သူကေရာ ဘယ္သူလဲ''

Samက ဘာမွဝင္မစြက္ဖက္ေပမယ့္ Nicholasက အထစ္အေငါ့မရွိပဲ ေျပာလိုက္တာမ်ား။

"သူက ငါ့ေယာက်ာ္း''

"ဘယ္လို Nicholasေယာက်ာ္း ဟုတ္လား၊ Nicholas က Singleမဟုတ္ဘူးလား''

မထင္မွတ္ပဲ ၾကားလိုက္ရတဲ့စကားေၾကာင့္ သူမမ်က္ႏွာက အရမ္းကိုပ်က္ယြင္းသြားၿပီး Nicholasလက္ေမာင္းကို ဆုပ္ကိုင္ထားတဲ့ လက္တစ္ဖက္ကလည္း ေအာက္ကိုျပဳတ္က်သြားတယ္။

"ဟုတ္တယ္ သူကငါ့ေယာက်ာ္းပဲ လာ Sam သြားမယ္''

သူတို႔ႏွစ္ေယာက္အနားမွာ ရွိေနတဲ့ James ေရာအဲ့ဒီအမ်ိဳးသမီးေရာ ဘာမွျပန္မေျပာနိုင္ခင္မွာပဲ Nicholas က Sam ရဲ႕လက္ကို အၾကမ္းပတမ္းဆြဲေခၚၿပီး Clubရဲ႕အျပင္ဘက္ကို ေခၚေဆာင္လာတယ္။

"ခင္ဗ်ားဘယ္လိုျဖစ္ေနတာလဲ၊ ကြၽန္ေတာ့္ကို ဇြတ္အတင္းအဲ့လိုမလုပ္နဲ႕ ကြၽန္ေတာ္မႀကိဳက္ဘူး''

"မင္းႀကိဳက္စရာမလိုဘူး ငါႀကိဳက္ရင္ရတယ္ မင္းအခ်ိဳးေတြကိုျပင္ထားေနာ္Sam မင္းကNixonရဲ႕အေဖဆိုတာမေမ့နဲ႕''

"ကြၽန္ေတာ္ကNixonရဲ႕အေဖဆိုတာမေမ့ဘူး ခင္ဗ်ားကသာ ကိုယ့္အေနအထားကို ကိုယ္မသိပဲ ကြၽန္ေတာ့္ကို အၾကမ္းဖက္ဖို႔ ႀကိဳးစားေနတာ၊ ကြၽန္ေတာ္နဲ႕Nixonက သားအဖဆိုေပမယ့္ ခင္ဗ်ားနဲ႕ ကြၽန္ေတာ္နဲ႕ကေတာ့ ဘာမွသက္ဆိုင္မႈမရွိဘူး၊ ခင္ဗ်ားလည္း ႀကိဳက္တဲ့မိန္းမ ႀကိဳက္တဲ့ေယာက်ာ္းနဲ႕ သြားအိပ္လို႔ရတယ္ ကြၽန္ေတာ္လည္းအလားတူပဲ''

"မင္း''

Nicholasက Samကို စားေတာ့ဝါးေတာ့မေယာင္ ၾကည့္ေနၿပီး လက္သီးကိုဆုပ္လို႔ Samကိုလက္သီးနဲ႕ထိုးဖို႔ျပင္တယ္။

လက္သီးနဲ႕ထိုးတာေလာက္ေတာ့ Samကလည္းမမႈပါဘူး။ သူထိုးခ်င္ရင္ ထိုးပေလ့ေစဆိုၿပီး ရင္ကိုေကာ့ကာေခါင္းကိုေမာ့ထားလိုက္ေပမယ့္ Nicholas က Sam မထင္ထားတာကို လုပ္ခ်လိဳက္တယ္။

အဲ့တာကေတာ့ Samရဲ႕ခါးကို သူ႕ရဲ႕ရွည္လ်ားသန္မာတဲ့လက္နဲ႕ ေဆာင့္ဆြဲလိုက္ၿပီး Samႏႈတ္ခမ္းကို အတင္းအၾကပ္နမ္းလိုက္တာပဲ။

"Nic…''

Samရဲ႕ႏႈတ္ဖ်ားက Nicholasနာမည္ကို ေခၚတဲ့အသံက အျပင္မထြက္သြားနိုင္ဘူး။

ေယာက်ာ္းႏွစ္ေယာက္ေပမယ့္ Nicholas က နဂိုကတည္းက သန္မာတဲ့သူျဖစ္ၿပီး Sam ကေတာ့ Omegaျဖစ္တဲ့အျပင္ လူကလည္းပိန္ပိန္ပါးပါးမို႔ Nicholas ကို႐ုန္းကန္နိုင္ဖို႔ အားေတြမရွိဘူး။

သူ႕လက္ထဲမွာ Samက အ႐ုပ္တစ္႐ုပ္လိုပဲ၊ အလြယ္တကူ သိမ္းပိုက္ခံေနရတယ္။

ဒါေပမယ့္ Samကလည္း မၾကည္ျဖဴသူမို႔ တတ္နိုင္သေလာက္ လက္ႏွစ္ဖက္နဲ႕ Nicholasရဲ႕ရင္ဘတ္ကို တဘုန္းဘုန္းထုလို႔ အတင္းဖယ္ခိုင္းတဲ့ေနာက္မွာေတာ့ Nicholasကတစ္ေအာင့္အၾကာမွာ လႊတ္ေပးလိုက္တယ္။

"မင္းကိုငါ အခါခါေျပာထားၿပီးၿပီေနာ္၊ မင္းကငါ့အပိုင္ပဲ အဲ့တာေၾကာင့္ ငါ့ေနာက္ကြယ္မွာေဖာက္ျပားဖို႔ မစဥ္းစားနဲ႕''

Nicholas စကားေၾကာင့္ Samမ်က္ႏွာမဲ့ခနဲ ျဖစ္သြားတယ္။ က်လည္းက်ေလာက္ပါရဲ႕ သူ႕အတြက္က်ေတာ့ သူသိတတ္လိုက္တာ။ Samကိုဘယ္သူနဲ႕မွမပတ္သတ္နဲ႕၊ ဘယ္သူနဲ႕မွ မေဖာက္ျပန္နဲ႕တဲ့လား။

သူကက်ေတာ့ ေဖာက္ျပန္ခ်င္တိုင္းေဖာက္ျပန္ေနၿပီးေတာ့။

အျပင္မွာ မ်က္ရည္မထြက္ေပမယ့္ Samရင္ထဲမွာေတာ့ မခ်ိတင္ကဲစိတ္နဲ႕ ဝမ္းနည္းနာက်င္စြာငိုေႂကြးေနမိတယ္။

တကယ္လို႔ Nicholasကသူ႕ကို အခုထက္ပိုၿပီး နည္းနည္းေလးၾကင္နာရင္ အခုလိုအေျခအေနမ်ိဳးေတြ ျဖစ္လာမွာေတာင္မဟုတ္ဘူး။

သူလိုခ်င္ခဲ့တာ Nicholasဆီက အခ်စ္နဲ႕အၾကင္နာတရားပါ။ ဒါေပမယ့္Nicholasဆီကသူ ျပန္ရတာက နိုင္ထက္စီးနင္းျပဳမူမႈပဲ။

သူ႕အပိုင္ဆိုၿပီး စိတ္ႀကိဳက္လွည့္စားကစားတာေတြ သူ႕စိတ္ထင္တိုင္းေျပာဆိုျပဳမူတာေတြကိုပဲ Samရရွိခဲ့ေတာ့ ရင္ထဲမွာ Nicholas အေပၚထားတဲ့ အခ်စ္ဆိုတာက တစ္စစနဲ႕ ၿပိဳက်ပ်က္စီးသြားေတာ့မေယာင္ပဲ။

Part 42 to be continued

Continue Reading

You'll Also Like

432K 42.1K 31
ထက္ျမက္ေသာဘုရင္တစ္ပါးနွင့္ သူ၏အူေႀကာင္ေႀကာင္ အမႈထမ္းတစ္ဦး ။ ဘုရင့္၏ အရႈပ္ေတာ္ပံုတို႔ကို ကူညီေျဖရွင္းေပးေနျခင္းလား။ ဘုရင့္၏ အရႈပ္ေတာ္လုပ္ေနျခင္းလား။ ...
3.2K 350 13
ဒဏ်ရာတွေနဲ့ ကောင်လေးတစ်ယောက်ကို တစ်စုံတစ်ယောက်က ကုသပေးနိုင်ခဲ့တယ်။ လောကကြီးက မှောင်မည်းပြီး မကောင်းတဲ့လူတွေနဲ့ ပြည့်နေတယ်ဆိုတာ မဟုတ်ဘူး။ ငါ့မေတ္တာတွေ...
8.6K 1.4K 7
"လမိုက်ညဆို ရွာမြောက်ဘက်က တောင်နား ယောင်လို့တောင် မသွားမိစေနဲ့" "မိစ္ဆာက လူကို ဖမ်းစားတယ်လို့ ပြောကြတာပဲ" သည်လို ပြောစမှတ်ပြုကြတဲ့ ကိုမိုရီ ရွာလေးရဲ့...
580K 57.4K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...