ဟေမန္တအလွန်

By SuWei_Akii

210K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)

8.7K 506 23
By SuWei_Akii

[UNICODE]

နံနက်စောစောတွင် နေရောင်ချည်နုနုတို့ကား
နွေးထွေးမှုကို ပေးနေသကဲ့သို့ ကျေးငှက်တို့သည်လည်း ဟိုဟိုဒီဒီ ပျံသန်းကာ တွန်ကျူးသံများဖြင့် နံနက်ခင်း၏ အလှကိုတန်ဆာဆင်နေကြသည်။

စောယွန်းက အိမ်ထဲမှ ထွက်လာကာ လက်ထဲတွင် ဆန်တစ်ဆုပ်ကို ယူလာပြီး ခြံထဲတွင် ကျဲချသည်။  ဤသည်ကား မနက်နိုးသည်နှင့်
စောယွန်း၏ နေစဥ်ပြုနေကြအလုပ်တစ်ခုလည်း ဖြစ်သည်။ 

သည်နေ့တော့ ကျောင်းပိတ်ရက်ဖြစ်သည်မို့
နှစ်ယောက်စလုံး အိမ်တွင်အနားရကြသည်။ 

"ပီအိုက်! "

သုန္ဓက အနောက်မှ လျှောက်လာပြီး စောယွန်းကိုယ်ကို ဖက်လိုက်သည်။

"ပြော --- နောင့်စိုင်း "

စောယွန်းက ဆန်စေ့များကို စားနေသော ငှက်ကလေးများကို ကြည့်နေရင်း ပြန်ဖြေသည်။

"ဒီနေ့တော့ စျေးသွားကြရအောင်။ "

သုန္ဓက အနောက်မှ နေ၍ စောယွန်း၏ ပခုံးပေါ် မေးစေ့ တင်လိုက်သည်။

"သွားကြမယ်လေ ။"

"ဒီနေ့တော့ ပီအိုက် တနေကုန် ကျွန်တော့်ကို အချိန်ပေးရမယ်နော်။ "

"ဟုတ်ပါပြီ ။"

စောယွန်းက သုန္ဓ၏ ပါးကို နမ်းလိုက်ကာ ဖြေသည်။

ထို့နောက် အိမ်ထဲ ပြန်ဝင်သွားပြီး အဝတ်လဲဖယ်ရန်ပြင်သည်။ သုန္ဓက နောက်မှ လိုက်သွားပြီး ဘေးတွင်ရပ်နေကာ စကားဆက်ပြောသည်။ 

"ပီအိုက် ဘာစားချင်လဲ?  စားချင်တာရှိရင် ကျွန်တော် လုပ်ကျွေးမယ် ။"

စောယွန်းက အင်္ကျီကြယ်သီးတပ်နေရာမှ လက်က ရပ်သွားကာ သုန္ဓ ဘက်ကို လှည့်ကြည့်သည်။

သူက မနေ့ကတင်စားခဲ့သည့် ပဲပြားစတူးမဟုတ်သည့် ပဲပြားတူးဟင်းကို သတိရမိပြီး ခေါင်းခါလိုက်သည်။

"ဝယ်စားရင်စား မစားချင်ရင် ကျွန်တော်မျိုးချက်ပါ့မယ်။ အရှင့်သားက မချက်ပါနဲ့။"

သုန္ဓက မျက်လုံးပေကလပ်ပေကလပ်နှင့်ဆိုသည်။

"ဒါပေမယ့် ပီအိုက် အကုန်စားခဲ့တာပဲလေ။"

"အကုန်စားတာ ပီအိုက်ချက်တဲ့ဟင်းလေ။"

သုန္ဓက မျက်တာင် ပုတ်ခတ် ပုတ်ခတ်လုပ်လာသဖြင့် စောယွန်းက လက်ကာပြသည်။

"မကောင်းဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ နောင့်စိုင်းက ပီအိုက်ချက်တာ ဝိုင်းကူပေါ့။
ကူရင်းနဲ့ ချက်တတ်လာမှာပါ။"

စောယွန်းက သုန္ဓကို 'နော်'ဟု တစ်ခွန်းထပ်ပြောကာ တားလိုက်ရသည်။ သည်ကောင်လေး
ဟင်းချက်လျှင် တူးလျှင်တူး မတူးလျှင် ငန်ကြွပ်နေတတ်သဖြင့် မီးဖိုချောင်ထဲသို့ ခြေချမည်ကိုပင် စောယွန်းက ကြောက်နေရသည်။

"သွားရအောင် နေမမြင့်ခင် --- "

သုန္ဓက လက်မခံချင်သော်ငြား သူ့အစွမ်းအစကို သူအသိဆုံးဖြစ်သောကြောင့် လက်လျော့လိုက်ရလေသည်။

"အင်း ပီအိုက်။"

သို့နှင့် နှစ်ယောက်က သိန္နီစျေးထဲ စျေးဝယ်ထွက်ခဲ့ကြသည်။ သုန္ဓ၏ လက်မောင်းတစ်ဖက်ကို စောယွန်းက တွဲထားကာ ကျန်တစ်ဖက်မှာ ခြင်းတောင်းကို ဆွဲထားသည်။ 

"နောင့်စိုင်း မုန့်ညှင်းရွက်တွေ ဝယ်ရအောင် ။"

"အင်း ဝယ်လေ ပီအိုက် ။"

စောယွန်းက ဟင်းရွက်ရောင်းသည့် အဖွားရှေ့တွင် ဒူးတုတ်ကာ ထိုင်လိုက်ရင်း မုန့်ညှင်းရွက်အချို့ကို ကိုင်ကြည့်သည်။ 

"ဟင်းရွက်တွေက လတ်လတ်ဆတ်ဆတ်တွေချည်း မြေးငယ် ။"

"ဟုတ်ကဲ့ပါ အဖွား ။"

စောယွန်းက မုန့်ညှင်းရွက် လိုသလောက်ကို
ဝယ်ကာ သုန္ဓ လက်ထဲမှ ခြင်းထဲသို့ ထည့်လိုက်သည်။ သုန္ဓက အိတ်ရှုံ့ထဲမှ ငွေစယူကာ အဖွားကို လှမ်းပေးသည်။

"ငါ့မြေးနှစ်ယောက်ကိုကြည့်ရတာ ကြင်စဦး လင်မယားတွေတူလိုက်တာ ၊ ခက်တာက ယောက်ျားလေးတွေဖြစ်နေကြပဲ အဲ့လိုအတွေး
မဝင်မိတာ ၊ တကယ်ကို ကြင်စဦး လင်မယားတွေနဲ့တူတာပ။ "

သုန္ဓက ရယ်ချင်စိတ်ကို အောင့်ထားကာ
စောယွန်းကမူ မျက်နှာတစ်ခုလုံးရဲသွားသည်။ 

ထို့နောက်စောယွန်းက မတ်တပ်ရပ်လိုက်ကာ ဂုတ်ကို ပွတ်ရင်းပြောသည်။  

"အဖွားကလည်း ပေါက်ပေါက်ရှာရှာတွေ --- "

"ကဲ ကျွန်ုပ်တို့ သွားလိုက်ပါဦးမယ် အဖွား။"

အဖွားက ခေါင်းညိတ်ကာ ပြုံးပြသည်။ 

စောယွန်းကား သုန္ဓ၏ အင်္ကျီစကို ဆွဲကာ
ထိုနေရာမှ ခပ်သွက်သွက် ထွက်လာခဲ့သည်။

"အဖွားက အကဲခတ်တော်တယ်နော် ။"

သုန္ဓ၏ စကားကြောင့် စောယွန်းက နှုတ်ခမ်းစူလိုက်မိသည်။

"အဲသလောက်သိသာနေလို့လား?"

"ဘာလဲ ပီအိုက်က သည်လိုအပြောခံရတာ
မကြိုက်ဘူးလား?"

သုန္ဓအသံ ပြောင်းသွားသည်မို့ စောယွန်းက
ပြာပြာသလဲ ပြန်ဖြေသည်။ 

"မကြိုက်တာ မဟုတ်ပါဘူး။ တော်ကြာ ပတ်ဝန်းကျင်က နောင့်စိုင်း အပေါ် တမျိုးမြင်မှာ မလိုလားလို့ပါ။ "

သုန္ဓက ပုခုံးနှစ်ဖက်ကို တွန့်ကာ စောယွန်းနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး နောက်ပြန်လျှောက်ရင်းဆိုသည်။

"ကျွန်တော်ကတော့ အများကြီး သဘောကျတယ်။"

သုန္ဓက ပါးမို့မို့နှစ်ဖက်ပေါ်မှ အချိုင့်ရာများထင်းနေသည်အထိ ပြုံးပြသည်။ စောယွန်းက သုန္ဓ၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ အရှေ့ပြန်လှည့်စေပြီး သုန္ဓ၏ လက်မောင်းကို လက်ဖြင့်ချိတ်ကာ အခြားလိုအပ်သည့် အမယ်များကို ဝယ်ရန်ပြင်သည်။ 

သန္နီတစ်မြို့လုံးကမူ အနှီသည်းသည်းလှုပ် စုံတွဲအကြောင်း သိနေကြသော်ငြား ထူးဆန်းစွာဖြင့် သွားပုပ်လေလွင့်စကား မပြောခဲ့ကြပေ။ ထိုသူနှစ်ယောက်ကား သူတို့မြို့အဖို့ လက်ဆောင်မွန်ဟု ယူဆကြသောကြောင့်ဖြစ်သည်။

ချက်ပြုတ်ပြီးစီးကာ နေ့လည်စာ စားကြပြီးနောက် ခြံထဲရှိ စိန်ပန်းပင်အောက်မှ ခုံတန်းတွင် ခဏထိုင်ကြသည်။ 

မြို့စွန်ဖြစ်သည်မို့ တစ်ခြံနှင့်တစ်ခြံ ဝေးကွာလှပြီး တိရစ္ဆာန်များ၏ အသံများမှအပ အခြားဆူညံသံများကို မနှစ်မြို့ပဲ တိတ်ဆိတ်ခြင်းကို သဘောကျသည့် သူတို့နှစ်ဦးအဖို့  အေးချမ်းလှသည်။ စောယွန်းက သုန္ဓ၏ ပခုံးကို ခေါင်းမှီထားကာ သုန္ဓ၏ လက်က စောယွန်း၏ ပခုံးကို ကိုင်ထားသည်။ လေပြေမှာလည်း မသိမသာ တိုးဝှေ့ရင်း စိန်ပန်းပွင့်များကလည်း နည်းနည်းစီ ကြွေကျနေကြသည်။

"ဟိုနေရာမှာ ပိတောက်ပင် စိုက်ရင်ကောင်းမလား ပီအိုက် ။"

သုန္ဓက မျက်စောင်းထိုးမှ မြေကွက်လပ်ကို လက်ညှိုးထိုးရင်းပြောသည်။ 

"ကောင်းသားပဲ ၊ နန်းတော်ထဲက လေသာဆောင်ကို အမှတ်ရမိတာပေါ့ ၊ သီးပင်စားပင်လေးတွေပါ စိုက်မလား ၊ နည်းနည်းပါးပါး ပေါ့ ။"

"ကောင်းသားပဲ ၊ စိုက်ကြမယ်လေ ပီအိုက် ။"

"အတူတူလုပ်မှာနော် ၊ ပင်ပန်းမှ မင်းသားကို
ခိုင်းစားနေပါတယ်ဆိုပြီး နန်းတော်ကို တိုင်စာပို့ရင် လက်သီးစာမိမယ်။ "

သုန္ဓက အသံထွက်ကာပင် ရယ်သည်။ 

"ပီအိုက်ကတော့ တကယ်ပါပဲ ။  "

စောယွန်းက အင်္ကျီလက်ကို ခေါက်တင်ကာ ဆိုသည်။

"ဟောဒီမှာ မြင်တယ်မလား၊ တစ်ကိုယ်လုံး ကြွက်သားတွေက တောင့်တင်းခိုင်မာနေတာပဲ။ "

သုန္ဓက အရယ်မရပ်သေးပဲ စောယွန်း၏ လက်မောင်းကြွက်သားများကို လက်ဖြင့်ကိုင်ညှစ်လိုက်သည်။ 

"ဟုတ်ပါပြီ ၊တခြားကော တစ်ခုခုလုပ်ချင်တာ
မရှိဘူးလား?"

စောယွန်းက သုန္ဓကို မှီထားရင်းမှ တိမ်ကင်းနေသည့် ကောင်းကင်ယံကို မော့ကြည့်သည်။

"ပီအိုက်က နောင့်စိုင်းနဲ့ ခရီးထွက်ချင်တယ် "

"ဘယ်အရပ်ကို သွားချင်သလဲ? "

"ဘယ်အရပ်ဖြစ်ဖြစ် ၊ နောင့်စိုင်း နဲ့ အတူသွားချင်တာ ။"

"ဒါဆို နောက်မှ နေရာရွေးကြမယ် ။"

"နောင့်စိုင်း သွားချင်ရဲ့လား?"

"ပီအိုက်နဲ့ဆို ဘယ်နေရာပဲဖြစ်ဖြစ် အကုန်လိုက်မှာ "

"အပြောကတော့ ရွှေမန်းဗျာ "

သုန္ဓက မျက်မှောင်ကြုံ့ သည်။ 

"ဘာအဓိပ္ပါယ်လဲ? "

"အပြောကောင်းပါ့ လို့ ပြောတာ"

"ဒီပီအိုက်ကတော့ "

"ဘာလဲ ငြိုငြင်တာလား?"

"မငြိုငြင်ရပါဘူးဗျာ "

ခြံဝန်းထဲ ရယ်သံတို့က လွှမ်းခြုံသွားသည်။

"ပီအိုက် "

"အင်း နောင့်စိုင်း "

"ဒီအချိန်ဆို အင်းဝမှာ ကျန်ရစ်ခဲ့တဲ့ သူတွေလည်း အဆင်ပြေကြမှာပါနော် "

"ပြေကြမှာပါ။ ပီအိုက်တို့ လုံးလုံးမှ အဆက်အသွယ်မလုပ်ခဲ့တော့ စိတ်တော့ ပူနေကြမယ်ထင်တယ် ၊ နောင့်စိုင်းက အင်းဝကို လွမ်းလို့လား? "

"သတိတော့ ရတာပေါ့ ။"

"အတူတူပါပဲ။ "

"ဒါဆိုရင် ခရီးထွက်တဲ့အခါ တစ်ခေါက်တော့ သွားလည်ကြမလား?"

"ကောင်းတာပေါ့။ "

"အင်းဝသားတွေ မသွားဖူးတဲ့ ခရီးကို သွားရမယ် ။"

"တိုင်းတစ်ပါးပြည် သွားလည်မယ်လို့တော့မပြောနဲ့နော် ပီအိုက် "

"သွားလည်မယ်ဆိုရင်ကော ?"

"တကယ်ကြီးလား။ "

"တကယ်ကြီးဗျာ ၊ သ​​​​ေင်္ဘာစီးပြီး သွားချင်တာ ။နောင့်စိုင်းက အတွေ့အကြုံသစ်တွေ မလိုချင်ဘူးလား?"

သုန္ဓ၏ မျက်လုံးများက အရောင်များပင် လက်လာသဖြင့် စောယွန်းက အသံတိတ်ရယ်လိုက်မိသည်။

"တိုင်းတစ်ပါးနိုင်ငံကို သွားလည်ကြမယ်။ ပီအိုက်ပါနေတာမို့ ပီအိုက်ကိုသာ အားကိုးလိုက်စမ်းပါ။"

သုန္ဓက ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးပြပြန်သည်။ စောယွန်းက သုန္ဓ၏ ပါးနှစ်ဖက်ကို
ဆွဲညှစ်ကာ နမ်းမည်အပြုတွင် ခြံဝတွင် ရပ်နေသည့်လူနှစ်ယောက်ကြောင့် ယောင်ယမ်းကာ
ထခုန်လိုက်မိသည်။ သုန္ဓကမူ မျက်လုံးစုံမှိတ်လျက် နှုတ်ခမ်းစူထားသည်။

"အ--အကို ဟန်စစ်၊ အကိုဗညား။"

သုန္ဓက နှုတ်ခမ်းစူထားလျက် မျက်လုံးအဝိုင်းသားနှင့် ခြံဝသို့ လှည့်ကြည့်သည်။ ဟန်စစ်မင်းက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဗညားကမူ ကျောက်ရုပ်နှယ် ပါးစပ်အဟောင်းသားနှင့် သူတို့ကို ကြည့်နေသည်။

ဟန်စစ်မင်းက ချောင်းဟန့်ပါမှ ဗညားက အသိစိတ်ဝင်သွားပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။

စောယွန်းနှင့် သုန္ဓက ခြံဝသို့ ထွက်လာကာ ခရီးကြိုသည်။

အကိုတို့က စာလည်း ကြိုမပို့ဘူး။ ကျွန်တော်တို့ အိမ်မှာမရှိရင်ဘယ့်နှယ့်လုပ်မလဲ။

ဟန်စစ်မင်းက မြင်းများကို ကြိုးချည်ပြီးနောက် စောယွန်းကို စာတစ်စောင်ပေးသည်။ ထို့နောက် အရွယ်ကြီးသော အိတ်ရှုံ့တစ်ခုကို ပေးသည်။

"ဒါက--။"

ဟန်စစ်မင်းက ပြုံးလိုက်သည်။

"ခရီးထွက်ရင် ကျွန်ုပ်တို့ အသုံးပြုဖို့ စောယွန်းရဲ့ မိဘတွေက ပေးလိုက်တာပ။ စာတစ်စောင်လည်းပါသေးတယ်။"

စောယွန်းက ပါးစပ်အဟောင်းသားနှင့် မျက်မှောင်ကြုတ်လျက် ဟန်စစ်မင်းကို ကြည့်သည်။ ဟန်စစ်မင်းက စောယွန်း၏ ပုခုံးကို ပုတ်လိုက်သည်။

"မိဘတွေက အကုန်သိတယ် စောယွန်း၊
တိုင်းတစ်ပါးကို ခရီးထွက်မယ်ဆိုရင် မထွက်ခင် အင်းဝကို ဝင်ပြီး နှုတ်ဆက်ပါဦးလို့လည်း မှာလိုက်သေး။ ဒါပေမယ့် ကျွန်ုပ်နဲ့ ဗညားလည်း အင်းဝမှာ နေရတာ ငြီးငွေ့လာပြီ။ ကျွန်ုပ်တို့က တစ်နေရာတည်းမှာ အကြာကြီး နေရတာ
မကြိုက်နှစ်သက်တော့ စောယွန်းတို့နဲ့အတူ ခရီးသွားဖို့ အဖော်လာညှိတာပ။"

သုန္ဓက ဗညားနှင့် ဟန်စစ်မင်းကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

"ကောင်းတာပ။ ကျွန်ုပ်နဲ့ စောယွန်းနှစ်ယောက်တည်းဆိုလည်း အဆင်ပြေပေမယ့် လူများတော့ ပိုပြီးကောင်းတာပေါ့။"

စောယွန်းက သုန္ဓကို ကြည့်ပြီးနောက် ပြုံးလိုက်သည်။

ခရီးမထွက်မီတွင် အင်းဝသို့ ဝင်ကာ မိဘများကို နှုတ်ဆက်ဂါရဝပြုပြီးနောက် လေးယောက်သား သင်္ဘောဆိပ်သို့ ထွက်လာကြသည်။ သင်္ဘောကား ကြီးမားခမ်းနားလှပြီး စောယွန်းက သင်္ဘောကို တအံ့တသြမော့ကြည့်လိုက်သည်။ ကျန်သုံးယောက်သည်လည်း သူ့နည်းတူ အံ့အားသင့်နေကြပြီး စိတ်လှုပ်ရှားနေကြသည်။

လေးယောက်လုံး သင်္ဘောပေါ်သို့ တက်ကြပြီး ကုန်းပတ်ပေါ်မှနေ၍ မျက်စိတစ်ဆုံးတွင် ရေပြင်သာရှိသော ပင်လယ်ကို သူတို့ အတူတကွ
ငေးကြည့်မိကြသည်။ သူတို့၏ အရှေ့တွင် စိန်ခေါ်မှုများနှင့်ပြည့်နေသည့် စွန့်စားခန်းများသာရှိပြီး စိတ်ပူပန်ခြင်းများကို ပင်လယ်ပြင်တွင် လွှတ်ချလိုက်ကြသည်။

စောယွန်းနှင့် သုန္ဓ၏ နွေရာသွ စွန့်စားခန်းကား ယခုမှစတင်သည်။ မိုးကုပ်စက်ဝိုင်းပေါ်တွင်
မေးတင်နေသည့် နေဝန်းဆီသို့ သင်္ဘောကား ယတရွေ့ရွေ့ ခုတ်မောင်းလာခဲ့ပြီး သူတို့၏ နှလုံးသားများက ထပ်တူ ပျော်ရွှင်နေသည်။ 

ဤတွဲလက်ကိုသာ မဖြုတ်ပါလျှင် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိလိမ့်မည်ဟု သူတို့ တွေးမိကြသည်။ နှစ်ဦးလုံး၏ နှလုံးသားများထဲတွင် ဖြစ်တည်နေသည့် ရေခဲစိုင်များကလည်း နွေးထွေးသည့် နေဦးနှင့်တူသော ချစ်မေတ္တာကြောင့် အရည်ပျော်ခဲ့ပြီဖြစ်သည်။ 

ကြည်လင်နေသည့် ကောင်းကင်နှင့် သဟဇာတဖြစ်သော ရာသီဥတုကြောင့်
ခရီးအစက ဖြောင့်ဖြူးအေးချမ်းလှသည်။

အချိန်ကာလကား အရိုးခိုက်သည်အထိ အေးလှသော ဟေမန္တဆိုသည့် ဆောင်းဥတုကို လွန်ခဲ့ချေပြီ။

--ပြီးပါပြီ--


[ZAWGYI]

နံနက္ေစာေစာတြင္ ေနေရာင္ခ်ည္ႏုႏုတို႔ကား
ႏြေးေထြးမႈကို ေပးေနသကဲ့သို႔ ေက်းငွက္တို႔သည္လည္း ဟိုဟိုဒီဒီ ပ်ံသန္းကာ တြန္က်ဴးသံမ်ားျဖင့္ နံနက္ခင္း၏ အလွကိုတန္ဆာဆင္ေနၾကသည္။

ေစာယြန္းက အိမ္ထဲမွ ထြက္လာကာ လက္ထဲတြင္ ဆန္တစ္ဆုပ္ကို ယူလာၿပီး ၿခံထဲတြင္ က်ဲခ်သည္။ ဤသည္ကား မနက္နိုးသည္ႏွင့္
ေစာယြန္း၏ ေနစဥ္ျပဳေနၾကအလုပ္တစ္ခုလည္း ျဖစ္သည္။

သည္ေန႕ေတာ့ ေက်ာင္းပိတ္ရက္ျဖစ္သည္မို႔
ႏွစ္ေယာက္စလုံး အိမ္တြင္အနားရၾကသည္။

"ပီအိုက္! "

သုႏၶက အေနာက္မွ ေလွ်ာက္လာၿပီး ေစာယြန္းကိုယ္ကို ဖက္လိုက္သည္။

"ေျပာ --- ေနာင့္စိုင္း "

ေစာယြန္းက ဆန္ေစ့မ်ားကို စားေနေသာ ငွက္ကေလးမ်ားကို ၾကည့္ေနရင္း ျပန္ေျဖသည္။

"ဒီေန႕ေတာ့ ေစ်းသြားၾကရေအာင္။ "

သုႏၶက အေနာက္မွ ေန၍ ေစာယြန္း၏ ပခုံးေပၚ ေမးေစ့ တင္လိုက္သည္။

"သြားၾကမယ္ေလ ။"

"ဒီေန႕ေတာ့ ပီအိုက္ တေနကုန္ ကြၽန္ေတာ့္ကို အခ်ိန္ေပးရမယ္ေနာ္။ "

"ဟုတ္ပါၿပီ ။"

ေစာယြန္းက သုႏၶ၏ ပါးကို နမ္းလိုက္ကာ ေျဖသည္။

ထို႔ေနာက္ အိမ္ထဲ ျပန္ဝင္သြားၿပီး အဝတ္လဲဖယ္ရန္ျပင္သည္။ သုႏၶက ေနာက္မွ လိုက္သြားၿပီး ေဘးတြင္ရပ္ေနကာ စကားဆက္ေျပာသည္။

"ပီအိုက္ ဘာစားခ်င္လဲ? စားခ်င္တာရွိရင္ ကြၽန္ေတာ္ လုပ္ေကြၽးမယ္ ။"

ေစာယြန္းက အကၤ်ီၾကယ္သီးတပ္ေနရာမွ လက္က ရပ္သြားကာ သုႏၶ ဘက္ကို လွည့္ၾကည့္သည္။

သူက မေန႕ကတင္စားခဲ့သည့္ ပဲျပားစတူးမဟုတ္သည့္ ပဲျပားတူးဟင္းကို သတိရမိၿပီး ေခါင္းခါလိုက္သည္။

"ဝယ္စားရင္စား မစားခ်င္ရင္ ကြၽန္ေတာ္မ်ိဳးခ်က္ပါ့မယ္။ အရွင့္သားက မခ်က္ပါနဲ႕။"

သုႏၶက မ်က္လုံးေပကလပ္ေပကလပ္ႏွင့္ဆိုသည္။

"ဒါေပမယ့္ ပီအိုက္ အကုန္စားခဲ့တာပဲေလ။"

"အကုန္စားတာ ပီအိုက္ခ်က္တဲ့ဟင္းေလ။"

သုႏၶက မ်က္တာင္ ပုတ္ခတ္ ပုတ္ခတ္လုပ္လာသျဖင့္ ေစာယြန္းက လက္ကာျပသည္။

"မေကာင္းဘူးလို႔ ေျပာခ်င္တာမဟုတ္ပါဘူး။ ေနာင့္စိုင္းက ပီအိုက္ခ်က္တာ ဝိုင္းကူေပါ့။
ကူရင္းနဲ႕ ခ်က္တတ္လာမွာပါ။"

ေစာယြန္းက သုႏၶကို 'ေနာ္'ဟု တစ္ခြန္းထပ္ေျပာကာ တားလိုက္ရသည္။ သည္ေကာင္ေလး
ဟင္းခ်က္လွ်င္ တူးလွ်င္တူး မတူးလွ်င္ ငန္ႂကြပ္ေနတတ္သျဖင့္ မီးဖိုေခ်ာင္ထဲသို႔ ေျခခ်မည္ကိုပင္ ေစာယြန္းက ေၾကာက္ေနရသည္။

"သြားရေအာင္ ေနမျမင့္ခင္ --- "

သုႏၶက လက္မခံခ်င္ေသာ္ျငား သူ႕အစြမ္းအစကို သူအသိဆုံးျဖစ္ေသာေၾကာင့္ လက္ေလ်ာ့လိုက္ရေလသည္။

"အင္း ပီအိုက္။"

သို႔ႏွင့္ ႏွစ္ေယာက္က သိႏၷီေစ်းထဲ ေစ်းဝယ္ထြက္ခဲ့ၾကသည္။ သုႏၶ၏ လက္ေမာင္းတစ္ဖက္ကို ေစာယြန္းက တြဲထားကာ က်န္တစ္ဖက္မွာ ျခင္းေတာင္းကို ဆြဲထားသည္။

"ေနာင့္စိုင္း မုန့္ညွင္း႐ြက္ေတြ ဝယ္ရေအာင္ ။"

"အင္း ဝယ္ေလ ပီအိုက္ ။"

ေစာယြန္းက ဟင္း႐ြက္ေရာင္းသည့္ အဖြားေရွ႕တြင္ ဒူးတုတ္ကာ ထိုင္လိုက္ရင္း မုန့္ညွင္း႐ြက္အခ်ိဳ႕ကို ကိုင္ၾကည့္သည္။

"ဟင္း႐ြက္ေတြက လတ္လတ္ဆတ္ဆတ္ေတြခ်ည္း ေျမးငယ္ ။"

"ဟုတ္ကဲ့ပါ အဖြား ။"

ေစာယြန္းက မုန့္ညွင္း႐ြက္ လိုသေလာက္ကို
ဝယ္ကာ သုႏၶ လက္ထဲမွ ျခင္းထဲသို႔ ထည့္လိုက္သည္။ သုႏၶက အိတ္ရႈံ႕ထဲမွ ေငြစယူကာ အဖြားကို လွမ္းေပးသည္။

"ငါ့ေျမးႏွစ္ေယာက္ကိုၾကည့္ရတာ ၾကင္စဦး လင္မယားေတြတူလိုက္တာ ၊ ခက္တာက ေယာက္်ားေလးေတြျဖစ္ေနၾကပဲ အဲ့လိုအေတြး
မဝင္မိတာ ၊ တကယ္ကို ၾကင္စဦး လင္မယားေတြနဲ႕တူတာပ။ "

သုႏၶက ရယ္ခ်င္စိတ္ကို ေအာင့္ထားကာ
ေစာယြန္းကမူ မ်က္ႏွာတစ္ခုလုံးရဲသြားသည္။

ထို႔ေနာက္ေစာယြန္းက မတ္တပ္ရပ္လိုက္ကာ ဂုတ္ကို ပြတ္ရင္းေျပာသည္။

"အဖြားကလည္း ေပါက္ေပါက္ရွာရွာေတြ --- "

"ကဲ ကျွန်ုပ်တို့ သြားလိုက္ပါဦးမယ္ အဖြား။"

အဖြားက ေခါင္းညိတ္ကာ ၿပဳံးျပသည္။

ေစာယြန္းကား သုႏၶ၏ အကၤ်ီစကို ဆြဲကာ
ထိုေနရာမွ ခပ္သြက္သြက္ ထြက္လာခဲ့သည္။

"အဖြားက အကဲခတ္ေတာ္တယ္ေနာ္ ။"

သုႏၶ၏ စကားေၾကာင့္ ေစာယြန္းက ႏႈတ္ခမ္းစူလိုက္မိသည္။

"အဲသေလာက္သိသာေနလို႔လား?"

"ဘာလဲ ပီအိုက္က သည္လိုအေျပာခံရတာ
မႀကိဳက္ဘူးလား?"

သုႏၶအသံ ေျပာင္းသြားသည္မို႔ ေစာယြန္းက
ျပာျပာသလဲ ျပန္ေျဖသည္။

"မႀကိဳက္တာ မဟုတ္ပါဘူး။ ေတာ္ၾကာ ပတ္ဝန္းက်င္က ေနာင့္စိုင္း အေပၚ တမ်ိဳးျမင္မွာ မလိုလားလို႔ပါ။ "

သုႏၶက ပုခုံးႏွစ္ဖက္ကို တြန႔္ကာ ေစာယြန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ေနာက္ျပန္ေလွ်ာက္ရင္းဆိုသည္။

"ကြၽန္ေတာ္ကေတာ့ အမ်ားႀကီး သေဘာက်တယ္။"

သုႏၶက ပါးမို႔မို႔ႏွစ္ဖက္ေပၚမွ အခ်ိဳင့္ရာမ်ားထင္းေနသည္အထိ ၿပဳံးျပသည္။ ေစာယြန္းက သုႏၶ၏ ပုခုံးႏွစ္ဖက္ကို ကိုင္ကာ အေရွ႕ျပန္လွည့္ေစၿပီး သုႏၶ၏ လက္ေမာင္းကို လက္ျဖင့္ခ်ိတ္ကာ အျခားလိုအပ္သည့္ အမယ္မ်ားကို ဝယ္ရန္ျပင္သည္။

သႏၷီတစ္ၿမိဳ႕လုံးကမူ အႏွီသည္းသည္းလႈပ္ စုံတြဲအေၾကာင္း သိေနၾကေသာ္ျငား ထူးဆန္းစြာျဖင့္ သြားပုပ္ေလလြင့္စကား မေျပာခဲ့ၾကေပ။ ထိုသူႏွစ္ေယာက္ကား သူတို႔ၿမိဳ႕အဖို႔ လက္ေဆာင္မြန္ဟု ယူဆၾကေသာေၾကာင့္ျဖစ္သည္။

ခ်က္ျပဳတ္ၿပီးစီးကာ ေန႕လည္စာ စားၾကၿပီးေနာက္ ၿခံထဲရွိ စိန္ပန္းပင္ေအာက္မွ ခုံတန္းတြင္ ခဏထိုင္ၾကသည္။

ၿမိဳ႕စြန္ျဖစ္သည္မို႔ တစ္ၿခံႏွင့္တစ္ၿခံ ေဝးကြာလွၿပီး တိရစ္ဆာန္မ်ား၏ အသံမ်ားမွအပ အျခားဆူညံသံမ်ားကို မႏွစ္ၿမိဳ႕ပဲ တိတ္ဆိတ္ျခင္းကို သေဘာက်သည့္ သူတို႔ႏွစ္ဦးအဖို႔ ေအးခ်မ္းလွသည္။ ေစာယြန္းက သုႏၶ၏ ပခုံးကို ေခါင္းမွီထားကာ သုႏၶ၏ လက္က ေစာယြန္း၏ ပခုံးကို ကိုင္ထားသည္။ ေလေျပမွာလည္း မသိမသာ တိုးေဝွ႕ရင္း စိန္ပန္းပြင့္မ်ားကလည္း နည္းနည္းစီ ေႂကြက်ေနၾကသည္။

"ဟိုေနရာမွာ ပိေတာက္ပင္ စိုက္ရင္ေကာင္းမလား ပီအိုက္ ။"

သုႏၶက မ်က္ေစာင္းထိုးမွ ေျမကြက္လပ္ကို လက္ညွိုးထိုးရင္းေျပာသည္။

"ေကာင္းသားပဲ ၊ နန္းေတာ္ထဲက ေလသာေဆာင္ကို အမွတ္ရမိတာေပါ့ ၊ သီးပင္စားပင္ေလးေတြပါ စိုက္မလား ၊ နည္းနည္းပါးပါး ေပါ့ ။"

"ေကာင္းသားပဲ ၊ စိုက္ၾကမယ္ေလ ပီအိုက္ ။"

"အတူတူလုပ္မွာေနာ္ ၊ ပင္ပန္းမွ မင္းသားကို
ခိုင္းစားေနပါတယ္ဆိုၿပီး နန္းေတာ္ကို တိုင္စာပို႔ရင္ လက္သီးစာမိမယ္။ "

သုႏၶက အသံထြက္ကာပင္ ရယ္သည္။

"ပီအိုက္ကေတာ့ တကယ္ပါပဲ ။ "

ေစာယြန္းက အကၤ်ီလက္ကို ေခါက္တင္ကာ ဆိုသည္။

"ေဟာဒီမွာ ျမင္တယ္မလား၊ တစ္ကိုယ္လုံး ႂကြက္သားေတြက ေတာင့္တင္းခိုင္မာေနတာပဲ။ "

သုႏၶက အရယ္မရပ္ေသးပဲ ေစာယြန္း၏ လက္ေမာင္းႂကြက္သားမ်ားကို လက္ျဖင့္ကိုင္ညွစ္လိုက္သည္။

"ဟုတ္ပါၿပီ ၊တျခားေကာ တစ္ခုခုလုပ္ခ်င္တာ
မရွိဘူးလား?"

ေစာယြန္းက သုႏၶကို မွီထားရင္းမွ တိမ္ကင္းေနသည့္ ေကာင္းကင္ယံကို ေမာ့ၾကည့္သည္။

"ပီအိုက္က ေနာင့္စိုင္းနဲ႕ ခရီးထြက္ခ်င္တယ္ "

"ဘယ္အရပ္ကို သြားခ်င္သလဲ? "

"ဘယ္အရပ္ျဖစ္ျဖစ္ ၊ ေနာင့္စိုင္း နဲ႕ အတူသြားခ်င္တာ ။"

"ဒါဆို ေနာက္မွ ေနရာေ႐ြးၾကမယ္ ။"

"ေနာင့္စိုင္း သြားခ်င္ရဲ႕လား?"

"ပီအိုက္နဲ႕ဆို ဘယ္ေနရာပဲျဖစ္ျဖစ္ အကုန္လိုက္မွာ "

"အေျပာကေတာ့ ေ႐ႊမန္းဗ်ာ "

သုႏၶက မ်က္ေမွာင္ႀကဳံ႕ သည္။

"ဘာအဓိပ္ပါယ်လဲ? "

"အေျပာေကာင္းပါ့ လို႔ ေျပာတာ"

"ဒီပီအိုက္ကေတာ့ "

"ဘာလဲ ၿငိဳျငင္တာလား?"

"မၿငိဳျငင္ရပါဘူးဗ်ာ "

ၿခံဝန္းထဲ ရယ္သံတို႔က လႊမ္းၿခဳံသြားသည္။

"ပီအိုက္ "

"အင္း ေနာင့္စိုင္း "

"ဒီအခ်ိန္ဆို အင္းဝမွာ က်န္ရစ္ခဲ့တဲ့ သူေတြလည္း အဆင္ေျပၾကမွာပါေနာ္ "

"ေျပၾကမွာပါ။ ပီအိုက္တို႔ လုံးလုံးမွ အဆက္အသြယ္မလုပ္ခဲ့ေတာ့ စိတ္ေတာ့ ပူေနၾကမယ္ထင္တယ္ ၊ ေနာင့္စိုင္းက အင္းဝကို လြမ္းလို႔လား? "

"သတိေတာ့ ရတာေပါ့ ။"

"အတူတူပါပဲ။ "

"ဒါဆိုရင္ ခရီးထြက္တဲ့အခါ တစ္ေခါက္ေတာ့ သြားလည္ၾကမလား?"

"ေကာင္းတာေပါ့။ "

"အင္းဝသားေတြ မသြားဖူးတဲ့ ခရီးကို သြားရမယ္ ။"

"တိုင္းတစ္ပါးျပည္ သြားလည္မယ္လို႔ေတာ့မေျပာနဲ႕ေနာ္ ပီအိုက္ "

"သြားလည္မယ္ဆိုရင္ေကာ ?"

"တကယ္ႀကီးလား။ "

"တကယ္ႀကီးဗ်ာ ၊ သေင်္ဘာစီးပြီး သြားခ်င္တာ ။ေနာင့္စိုင္းက အေတြ႕အႀကဳံသစ္ေတြ မလိုခ်င္ဘူးလား?"

သုႏၶ၏ မ်က္လုံးမ်ားက အေရာင္မ်ားပင္ လက္လာသျဖင့္ ေစာယြန္းက အသံတိတ္ရယ္လိုက္မိသည္။

"တိုင္းတစ္ပါးနိုင္ငံကို သြားလည္ၾကမယ္။ ပီအိုက္ပါေနတာမို႔ ပီအိုက္ကိုသာ အားကိုးလိုက္စမ္းပါ။"

သုႏၶက ေခါင္းတဆတ္ဆတ္ညိတ္ကာ ၿပဳံးျပျပန္သည္။ ေစာယြန္းက သုႏၶ၏ ပါးႏွစ္ဖက္ကို
ဆြဲညွစ္ကာ နမ္းမည္အျပဳတြင္ ၿခံဝတြင္ ရပ္ေနသည့္လူႏွစ္ေယာက္ေၾကာင့္ ေယာင္ယမ္းကာ
ထခုန္လိုက္မိသည္။ သုႏၶကမူ မ်က္လုံးစုံမွိတ္လ်က္ ႏႈတ္ခမ္းစူထားသည္။

"အ--အကို ဟန္စစ္၊ အကိုဗညား။"

သုႏၶက ႏႈတ္ခမ္းစူထားလ်က္ မ်က္လုံးအဝိုင္းသားႏွင့္ ၿခံဝသို႔ လွည့္ၾကည့္သည္။ ဟန္စစ္မင္းက ျမင္းေပၚမွ ခုန္ဆင္းလိုက္ၿပီး ဗညားကမူ ေက်ာက္႐ုပ္ႏွယ္ ပါးစပ္အေဟာင္းသားႏွင့္ သူတို႔ကို ၾကည့္ေနသည္။

ဟန္စစ္မင္းက ေခ်ာင္းဟန႔္ပါမွ ဗညားက အသိစိတ္ဝင္သြားၿပီး ျမင္းေပၚမွ ဆင္းလိုက္သည္။

ေစာယြန္းႏွင့္ သုႏၶက ၿခံဝသို႔ ထြက္လာကာ ခရီးႀကိဳသည္။

အကိုတို႔က စာလည္း ႀကိဳမပို႔ဘူး။ ကြၽန္ေတာ္တို႔ အိမ္မွာမရွိရင္ဘယ့္ႏွယ့္လုပ္မလဲ။

ဟန္စစ္မင္းက ျမင္းမ်ားကို ႀကိဳးခ်ည္ၿပီးေနာက္ ေစာယြန္းကို စာတစ္ေစာင္ေပးသည္။ ထို႔ေနာက္ အ႐ြယ္ႀကီးေသာ အိတ္ရႈံ႕တစ္ခုကို ေပးသည္။

"ဒါက--။"

ဟန္စစ္မင္းက ၿပဳံးလိုက္သည္။

"ခရီးထြက္ရင္ ကျွန်ုပ်တို့ အသုံးျပဳဖို႔ ေစာယြန္းရဲ႕ မိဘေတြက ေပးလိုက္တာပ။ စာတစ္ေစာင္လည္းပါေသးတယ္။"

ေစာယြန္းက ပါးစပ္အေဟာင္းသားႏွင့္ မ်က္ေမွာင္ၾကဳတ္လ်က္ ဟန္စစ္မင္းကို ၾကည့္သည္။ ဟန္စစ္မင္းက ေစာယြန္း၏ ပုခုံးကို ပုတ္လိုက္သည္။

"မိဘေတြက အကုန္သိတယ္ ေစာယြန္း၊
တိုင္းတစ္ပါးကို ခရီးထြက္မယ္ဆိုရင္ မထြက္ခင္ အင္းဝကို ဝင္ၿပီး ႏႈတ္ဆက္ပါဦးလို႔လည္း မွာလိုက္ေသး။ ဒါေပမယ့္ ကျွန်ုပ်နဲ့ ဗညားလည္း အင္းဝမွာ ေနရတာ ၿငီးေငြ႕လာၿပီ။ ကျွန်ုပ်တို့က တစ္ေနရာတည္းမွာ အၾကာႀကီး ေနရတာ
မႀကိဳက္ႏွစ္သက္ေတာ့ ေစာယြန္းတို႔နဲ႕အတူ ခရီးသြားဖို႔ အေဖာ္လာညွိတာပ။"

သုႏၶက ဗညားႏွင့္ ဟန္စစ္မင္းကို ၾကည့္လိုက္ၿပီးေနာက္ ၿပဳံးလိုက္သည္။

"ေကာင္းတာပ။ ကျွန်ုပ်နဲ့ ေစာယြန္းႏွစ္ေယာက္တည္းဆိုလည္း အဆင္ေျပေပမယ့္ လူမ်ားေတာ့ ပိုၿပီးေကာင္းတာေပါ့။"

ေစာယြန္းက သုႏၶကို ၾကည့္ၿပီးေနာက္ ၿပဳံးလိုက္သည္။

ခရီးမထြက္မီတြင္ အင္းဝသို႔ ဝင္ကာ မိဘမ်ားကို ႏႈတ္ဆက္ဂါရဝျပဳၿပီးေနာက္ ေလးေယာက္သား သေဘၤာဆိပ္သို႔ ထြက္လာၾကသည္။သေဘၤာကား ႀကီးမားခမ္းနားလွၿပီး ေစာယြန္းက သေဘၤာကို တအံ့တၾသေမာ့ၾကည့္လိုက္သည္။ က်န္သုံးေယာက္သည္လည္း သူ႕နည္းတူ အံ့အားသင့္ေနၾကၿပီး စိတ္လႈပ္ရွားေနၾကသည္။

ေလးေယာက္လုံး သေဘၤာေပၚသို႔ တက္ၾကၿပီး ကုန္းပတ္ေပၚမွေန၍ မ်က္စိတစ္ဆုံးတြင္ ေရျပင္သာရွိေသာ ပင္လယ္ကို သူတို႔ အတူတကြ
ေငးၾကည့္မိၾကသည္။ သူတို႔၏ အေရွ႕တြင္ စိန္ေခၚမႈမ်ားႏွင့္ျပည့္ေနသည့္ စြန႔္စားခန္းမ်ားသာရွိၿပီး စိတ္ပူပန္ျခင္းမ်ားကို ပင္လယ္ျပင္တြင္ လႊတ္ခ်လိဳက္ၾကသည္။

ေစာယြန္းႏွင့္ သုႏၶ၏ ႏြေရာသြ စြန႔္စားခန္းကား ယခုမွစတင္သည္။ မိုးကုပ္စက္ဝိုင္းေပၚတြင္
ေမးတင္ေနသည့္ ေနဝန္းဆီသို႔ သေဘၤာကား ယတေ႐ြ႕ေ႐ြ႕ ခုတ္ေမာင္းလာခဲ့ၿပီး သူတို႔၏ ႏွလုံးသားမ်ားက ထပ္တူ ေပ်ာ္႐ႊင္ေနသည္။

ဤတြဲလက္ကိုသာ မျဖဳတ္ပါလွ်င္ မည္သည့္အခက္အခဲကိုမဆို ရင္ဆိုင္ေျဖရွင္းနိုင္စြမ္းရွိလိမ့္မည္ဟု သူတို႔ ေတြးမိၾကသည္။ ႏွစ္ဦးလုံး၏ ႏွလုံးသားမ်ားထဲတြင္ ျဖစ္တည္ေနသည့္ ေရခဲစိုင္မ်ားကလည္း ႏြေးေထြးသည့္ ေနဦးႏွင့္တူေသာ ခ်စ္ေမတၱာေၾကာင့္ အရည္ေပ်ာ္ခဲ့ၿပီျဖစ္သည္။

ၾကည္လင္ေနသည့္ ေကာင္းကင္ႏွင့္ သဟဇာတျဖစ္ေသာ ရာသီဥတုေၾကာင့္
ခရီးအစက ေျဖာင့္ျဖဴးေအးခ်မ္းလွသည္။

အခ်ိန္ကာလကား အရိုးခိုက္သည္အထိ ေအးလွေသာ ေဟမႏၱဆိုသည့္ ေဆာင္းဥတုကို လြန္ခဲ့ေခ်ၿပီ။

--ၿပီးပါၿပီ--

Continue Reading

You'll Also Like

142K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
151K 14.6K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။