ဟေမန္တအလွန်

By SuWei_Akii

209K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၂၉ (Z + U)

4K 435 21
By SuWei_Akii

[UNICODE]

ဆောင်းဥတုကား လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နွေရာသီက အင်းဝပြည်သို့ တစ်ဖန်အလည်အပတ်ရောက်လာပြန်သည်။ အပင်များတွင် အရွက်သစ် အဖူးသစ်များနှင့် စိမ်းဖန့်နေပြီး ကောင်းကင်က ကြည်လင်နေသည်။ ပန်းပွင့်များသည်လည်း အပြိုင်အဆိုင် ဖူးပွင့်ရန် အားယူနေကြပြီး အရာအားလုံးက သစ်လွင်လန်းဆန်းနေသည်။

ဟန်စစ်မင်းက ခြံထဲမှ ပန်းပင်များကို ရေလောင်းနေသည့် ဗညားကို အနောက်မှ ကြည့်နေသည်။
ဗညားက ရုတ်တရက် အနောက်လှည့်လိုက်သည့်အချိန်တွင် ပန်းပင်၏ ရိုးတံရှည်တစ်ခုက ဟန်စစ်မင်းထံသို့ ပျံလာပြီး ဟန်စစ်မင်းက လက်ချောင်းသုံးချောင်းဖြင့် ဖမ်းလိုက်သည်။

ဗညားက မေးငေါ့ပြလိုက်ပြီး ဆိုသည်။

"ပို မြန်လာပြီ။"

ဟန်စစ်မင်းက ပြုံးလျက် ညင်သာစွာ ခေါင်းခါပြီးနောက် ဗညားအနီးသို့ လျှောက်လာသည်။

"ပန်းတွေက တပြိုင်တည်း ပွင့်နေကြတာပဲ ၊ ဥယျာဉ်မှုးကောင်းရဲ့ လက်ထဲမှာ ကြီးပြင်းလာရလို့ ထင်ပ။"

ဗညားက လက်ချောင်းတစ်ချောင်းချင်းစီ
ချိုးကာ ဆိုသည်။

"ဒါပေါ့။ ကျွန်ုပ် အထိန်းသိမ်းတော်လို့ပဲ ပန်းပင်တွေက အခုအချိန်အထိ အသက်ရှင်နေတာ။"

ဟန်စစ်မင်းက ပန်းပင်များကို ကြည့်ကာ အတန်ကြာတွေးနေသဖြင့် ဗညားက လက်သုတ်ပုဝါဖြင့် လက်ကို သုတ်နေရင်း မေးသည်။

" စောယွန်းကို သတိရမိလို့လား ?"

ဟန်စစ်မင်းက မျက်ခုံးများကို ပင့်လျက် ဆိုသည်။

ကျွန်ုပ်က အဲဒီလောက်တောင် အကဲခတ်ရလွယ်သလား "

ဗညားက ပြုံးသည်။

ဒီပန်းပင်တွေကို  စောယွန်းက လွန်ခဲ့တဲ့ ၅နှစ်တုန်းက ဟန်စစ်အတွက် လက်ဆောင်ပေးခဲ့တယ်လို့ ပြောပြဖူးတယ်မဟုတ်လား၊ အပွင့်တွေ ဝေဆာနေတာကို ငေးကြည့်နေပုံထောက်ရင်
စောယွန်းကို သတိရနေတာဖြစ်မယ်လို့ ကျွန်ုပ်က ခန့်မှန်းမိတာပ။

စောယွန်းက ဟန်စစ်မင်းနှင့် အခြေအတင်ဖြစ်ပြီးနောက်ပိုင်း စကားမပြောခဲ့သော်ငြား သူ့အား တိတ်တဆိတ်လက်ဆောင်များ ပေးပို့နေခဲ့မြဲ ဖြစ်သည်။ သူ၏ လက်ပေါ်တွင် ကြီးပြင်းလာသည့် ထိုကောင်လေးကို မတွေ့ရတော့သည်မှာ သူ့အား အရှင်လတ်လတ်ဒဏ်ခတ်သည့် အကြီးမားဆုံးသော အပြစ်ဒဏ်သာ ဖြစ်လိမ့်မည်။

ဟန်စစ်မင်းက ဆိုသည်။

"အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပဲ ။"

ဟန်စစ်မင်းက သက်ပျင်း ငွေ့ငွေ့ချရင်းပြောသည်။

"ဟုတ်တာပေါ့ တစ်နှစ်တောင်ရှိသွားပြီ မဟုတ်လား။"

"ကျွန်ုပ်တော့ စောယွန်းကို သတိရနေတုန်းပဲ ။"

ဗညားက ဟန်စစ်မင်း၏ မျက်နှာကို လှမ်းကြည့်ကာ ပြုံးသည်။

"ကျုပ်လည်း ထပ်တူပါပဲ ၊ ညီငယ်စောယွန်းကို အမြဲ သတိရနေပါတယ် ။ အချိန်ရရင် ကျွန်ုပ်ကို ပထမစောယွန်းအကြောင်းပြောပါဦး။ ကျွန်ုပ်က ဒုတိယစောယွန်းနဲ့ပဲဆုံခဲ့ရတာမဟုတ်လား။"

ဟန်စစ်မင်းက ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်တွင်မူ စောယွန်းနှစ်ယောက်လုံးကိုသာ သတိရလွမ်းဆွတ်နေမိသည်။

သန္နီမြို့သည်လည်း မိတ်ဆွေဟောင်း နွေရာသီကို ကြိုဆိုနေပြီး မကြာမီတွင် ကျင်းပမည့် သင်္ကြန်ပွဲတော်ကို မြို့ခံများက တက်ကြွပျော်ရွှင်စွာ ပြင်ဆင်နေကြသည်။ မြို့၏ တောင်ကုန်းတစ်နေရာပေါ်မှ သစ်သားစာသင်ကျောင်းငယ်မှ ကလေးငယ်များ၏ တစ်ယောက်တစ်ပေါက် စာအံနေသည့်အသံများက တောင်ကုန်းတခွင် ပြန့်နှံ့နေသည်။

စာသင်ခန်းကား နှစ်ခန်းသာရှိပြီး တစ်ခန်းတွင် စာအံနေသည့် ကလေးများရှိကာ တစ်ခန်းကမူ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။ ကလေးများကော သင်ကြားသည့် ဆရာပါ ငြိမ်လွန်းလှပြီး အခန်းထဲတွင် အပ်ကျသံပင် မကြားရပေ။ အားလုံးက မိမိ၏ စာရွက်ပေါ်တွင်သာ အာရုံစူးစိုက်နေကြပြီး စာသင်ခန်းအပြင်ဘက်ရှိ သစ်ပင်များပေါ်မှ ငှက်များ၏ ကျီကျီကျာကျာသံများကသာ အခန်းကို လွှမ်းခြုံထားသည်။

ခေါင်းလောင်းတီးသံ နှစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ဆရာက မတ်တပ်ရပ်လိုက်သဖြင့် ကျောင်းသားကျောင်းသူများက တပြိုင်တည်း မတ်တပ်ရပ်လိုက်ကြသည်။ ဆရာနှင့်ကျောင်းသားများက အတူတကွ မိမိ၏ ပစ္စည်းများကို သိမ်းဆည်းကြပြီးနောက် ဆရာက ပြုံးလျက် ရှမ်းစကားဖြင့်ဆိုသည်။

"ဒီနေ့လည်း တိုးတိုးလေးနေပြီး ဆရာနဲ့အတူ ပန်းချီဆွဲပေးကြတဲ့အတွက် ကျေးဇူးပါဗျား။ မနက်ဖြန်ကျရင်တော့ သင်္ကြန်ပွဲတော်မှာ ရေကစားကြတာပေါ့။"

ကျောင်းသူကျောင်းသားများက သံပြိုင်ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပြီးနောက် သူတို့၏
လက်ထဲတွင် ကိုင်ထားသည့် ပန်းချီပုံများကို ဆရာ၏ လက်ထဲသို့ တရိုတသေ လက်နှစ်ဖက်ဖြင့် လာပေးကြသည်။ ဆရာက တစ်ယောက်ချင်းစီကို မုန့်တစ်ခုစီ ဝေပေးပြီးနောက်တွင် နောက်ဆုံးကျောင်းသားအလှည့်ရောက်လာသည်။

ကျောင်းသားလေးက နှာရည်များကို ရှုံ့လိုက်ပြီးနောက် အခန်းတွင်းမှ မထွက်သွားပဲ ပန်းချီကိုလည်း မပေးပဲနေနေသည်။ ဆရာက သူ၏ ဆံပင်များကို စုစည်းနေရင်း ကျောင်းသားလေး၏ ကျောနောက်တွင် ဖွက်ထားသည့် စက္ကူကို ငဲ့ကြည့်လိုက်သည်။ ထို့နောက် ဆရာက ကျောင်းသားလေး၏ အရှေ့တွင် လက်ဖြန့်လိုက်သည်။

"ပန်းချီပုံ ပေးပါဦး ။"

ကျောင်းသားလေးက ၇ နှစ်အရွယ်ခန့်သာရှိသေးပြီး သူက လက်သေးသေးလေးများနှင့် သူ၏ အရပ်တစ်ဝက်စာမျှ ကြီးသည့် စာရွက်ကို ဖွက်ထားသည်။ ဆရာက မုန့်တစ်ခုကို ယူကာ ကလေး၏ အရှေ့တွင် ပြလိုက်သဖြင့် ကလေးငယ်က လက်နှစ်ဖက်ဖြင့် ယူရန် ဟန်ပြင်လိုက်သဖြင့် စာရွက်က အလိုအလျောက် အရှေ့သို့ ရောက်လာသည်။

ဆရာက စာရွက်ကို ကြည့်သည့်အခါတွင် စာရွက်က ဗလာဖြစ်နေသဖြင့် အံ့သြသွားမိပြီး ကျောင်းသားလေးကို မေးသည်။

"ဘာဖြစ်လို့ ဘာမှ မဆွဲထားတာလဲ "

ကျောင်းသားလေးက ခေါင်းငုံ့လျက် ဖြေသည်။

"ကျွန်တော် စဉ်းစားထားတာကို မဆွဲတတ်လို့ပါ။"

ဆရာက ပြုံးလိုက်ပြီး စာရွက်ကို ယူကာ ကလေး၏ လက်ထဲသို့ မုန့်တစ်ခု ထည့်ပေးလိုက်သည်။ ကျောင်းသားလေးက တအံ့တသြ မော့ကြည့်သည်။

"ပန်းချီဆွဲမှ မုန့်ပေးမယ်ဆို။"

ကျောင်းသားလေး၏ စကားကြောင့် ဆရာက ကျောင်းသားလေး၏ ခေါင်းကို ညင်သာစွာ
ပုတ်လိုက်သည်။

"မင်းက ပန်းချီမဆွဲထားတာမှ မဟုတ်ပဲ။ ဒီစက္ကူပေါ်မှာ အရောင်မထင်ပေမယ့် မင်းရဲ့ စိတ်ကူးနဲ့ ဆွဲထားတယ်မဟုတ်လား။ ဒါဆိုရပြီ။"

ကျောင်းသားငယ်က ပျော်ရွှင်စွာ ကျေးဇူးတင်စကားဆိုပြီးနောက် အခန်းထဲမှ ထွက်သွားသည်။ ဆရာက အပြုံးမပျက်ပဲ လွယ်အိတ်ကို လွယ်ကာ ဖြည်းဖြည်းချင်း လျှောက်သွားပြီးနောက် အပြင်မှနေ၍ ကျောင်းခန်းတံခါးကို ပိတ်လိုက်သည်။ 

ထို့နောက် သူ၏ အိမ်ငယ်လေး ရှိရာသို့ ပြန်လာခဲ့သည်။ မြို့စွန် ဖြစ်သည်မို့ လူသူမရှုပ်ထွေးပဲ  အေးချမ်းလှသည်။ခြံအတွင်းတွင် စိန်ပန်းပြာပင် တစ်ပင်က ထီးထီးကြီးရှိနေပြီး အပင်နံဘေးတွင် သစ်သားခုံတန်းနှင့် စားပွဲတစ်ခုရှိနေသည်။ 

ဆရာလေးက အိမ်ပေါ်တွင် ပစ္စည်းများကို နေရာတကျချထားပြီးနောက် အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သည်။ အခန်းတစ်ခန်းလုံးက ပန်းချီကားများ၊ ပန်းချီပစ္စည်းများနှင့် ပြည့်နေပြီး အလင်းရောင်ကောင်းစွာရသည်။ အခန်းထဲမှ သုံးချောင်းထောက်တွင် ထောင်ထားသည့် ဆွဲလက်စ ပန်းချီကားကို တစ်ချက်မျှ ကြည့်လိုက်သည်။ ပန်းချီကားထဲမှ လူက သူ့အား ပြုံးပြနေသယောင်ရှိပြီး သူက နှုတ်ဆက်သည့်အနေဖြင့် ပန်းချီကားကို ပြန်လည်ပြုံးပြသည်။

ဆရာလေးက ပန်းချီကား၏ အရှေ့မှ ခုံပေါ်တွင် ခြေထောက်ချိတ်ထိုင်ကာ မေးထောက်၍ ကြည့်သည်။ထို့နောက် နံဘေးခွေးခြေခုံပေါ်မှ ဆေးပုလင်းများကို ယူကာ စုတ်တံဖြင့် လက်ကိုင် သစ်သားပြားပေါ်တွင် အရောင်စပ်သည်။ သို့သော် စုတ်တံက ပန်းချီကားပေါ်မရောက်မီ အနောက်မှ လက်တစ်စုံက သူ၏ရင်ဘတ်နှင့်ခါးကို ဖက်လိုက်ပြီး နှုတ်ခမ်းတစ်စုံ၏ အထိအတွေ့ကို သူ၏ လည်ကုတ်ပေါ်တွင် ရလိုက်သည်။

"အခုမှ ပြန်ရောက်တာ နားပါဦးလား ပီအိုက်။ "

"နောင့်စိုင်း ကလည်း ဒါလေး လတ်စသတ်ချင်လို့ပါ"

"ကျွန်တော်နဲ့အတူ ပြန်ပါပြောထားရဲ့သားနဲ့ ဒါကို အပြီးသတ်ချင်လို့ အိမ်ကို အရင် အပြေးပြန်လာတာမဟုတ်လား။ ဒီလိုနဲ့ ကျွန်တော်က ပုံတူ ပန်းချီကားကိုပါ သဝန်တိုရတော့မှာပဲ။"

စောယွန်းက ပြုံးလိုက်သည်။ မည်သူမှ မမြင်ဖူးသည့် သုန္ဓ၏ ကလေးတစ်ယောက်နှယ် ချွဲနွဲ့နေသည့် ပုံစံကား သူနှင့် နှစ်ယောက်တည်းအတူရှိချိန်ဆိုလျှင် ပေါ်လာလေ့ရှိမြဲပင်။ 

စောယွန်းက လက်ထဲမှ စုတ်တံကို ချလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ 

"ကဲ ကိုကို့ ကလေးလေးအတွက် အချိန်ပေးမယ်ဗျာ၊ ကိုကို ဘာလုပ်ပေးရမလဲ ပြော? "

"ဘယ် --- ဘယ်က ကိုကိုလဲ "

သုန္ဓက ကိုကိုဟူသည့်စကားကြောင့်  လွှတ်လိုက်ပြီး အနောက်သို့ ခြေလှမ်းနှစ်လှမ်းမျှ ဆုတ်လိုက်သည်။ ထိုစကားနှစ်လုံးကား သုန္ဓအဖို့ အလွန်ကြောက်ဖို့ကောင်းသည့် စကားလုံးများဖြစ်ရကား စောယွန်းက ပြောမနိုင်လျှင် ကိုကို နှင့်သာ ခြိမ်းခြောက်ရတော့သည်။ 

"ကိုကို့ ကလေးလေးက ရှက်လို့လား? ဒီကိုလာပါဦး။"

စောယွန်းက လက်နှစ်ဖက်ကို ဆန့်တန်းပေးကာ ပြောသည်။

"မရှက်ပါဘူး။ ဘယ်သူက ရှက်လို့လဲ "

မရှက်ဘူးဆိုသည့် သူမှာ မျက်နှာတစ်လုံး
ရဲနေသည်မို့ စောယွန်းက ရယ်သည်။ 

"ပီအိုက်!"

"အင်းပါ --- မစတော့ဘူး မစတော့ဘူး ၊ လာပါ ဖတ်ထားချင်လို့ --- "

သုန္ဓကား အခန်းထဲမှ နောက်ပြန်လျှောက်သွားပြီး အခန်းတံခါးဘောင်နှင့် တိုက်မိရာ အနောက်သို့ လန်ကျလုနီးပါးဖြစ်သွားသည်။ စောယွန်းက လျင်မြန်စွာ သုန္ဓ၏ ခါးကို လက်ဖြင့် ဖမ်းကာ
သုန္ဓ၏ ပါးနှစ်ဖက်လုံးကို တစ်လှည့်စီ နမ်းရှုံ့လိုက်သည်။

"မစတော့ဘူး၊ လာ နေ့လည်စာစားဖို့ မြို့ထဲကို သွားကြမယ်။"

သုန္ဓက လေပေါ်တွင် ခါးက နောက်သို့လန်နေလျက်သားအတိုင်း စောယွန်း၏ လည်တိုင်ကို လက်ဖြင့် ချိတ်ကာ စောယွန်း၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများနှင့် ထိကပ်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး ရယ်မောလိုက်ကြပြီး စောယွန်းက သုန္ဓ၏ လက်ကို ကိုင်ကာ အိမ်တွင်းမှ ထွက်လာသည်။

စောယွန်းက သုန္ဓ၏ လက်သူကြွယ်မှ လက်စွပ်နှင့် သူ၏ လက်သူကြွယ်မှ လက်စွပ်ကို ကြည့်လိုက်သည်။ သူပြန်တွေးမိတိုင်း အရာအားလုံးက အိပ်မက်ဆိုးတစ်ခု မက်ခဲ့သည့်နှယ်။

ထိုအဖြစ်အပျက်ဖြစ်ခဲ့သည်မှာ တစ်နှစ်ပင် ကျော်ခဲ့ပြီဖြစ်သည်။ 

လွန်ခဲ့သော တစ်နှစ်ခန့်ကဖြစ်သည်။ 

ဟန်စစ်မင်းက ထိုနေ့က စောယွန်း၏ စကားသံများကိုသာ ကြားယောင်နေခဲ့သည်။  သူချစ်ခဲ့ရသည့် စောယွန်းမဟုတ်သော်ငြား ဤစောယွန်းအပေါ်တွင် သံယောဇဉ်မရှိဟု သူ တပ်အပ်မပြောနိုင်ပေ။ သူ့ကိုယ်သူ အမှားလုပ်နေမှန်း သိသော်ငြား ဆင်ကန်းတောတိုးသည့်အတိုင်း ဆက်သွားရန် တွေးနေမိဆဲဖြစ်သည်။ သို့သော် စောယွန်း၏ စကားသံက သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီး တစ်ညလုံး အတွေးပေါင်းများစွာတွေးရင်းဖြင့် မိုးလင်းသွားခဲ့သည်။ 

ညနေစောင်း တစ်ခုတွင် စောယွန်းနှင့် သုန္ဓတို့က မထင်မရှားအသွင် ရုပ်ဖျက်ကာ မြို့ထဲသို့ ရောက်နေကြသည်။ ထို့နောက် အသင့်စောင့်နေသော ဟန်စစ်မင်းနှင့် ဆုံကာ လူသူကင်းရှင်းသည့် အိမ်တစ်ခုသို့ သွားခဲ့ကြသည်။ ထိုအိမ်မှာ ဟန်စစ်မင်း၏ အဘိုးနှင့်အဘွား ရှိစဥ်က နေခဲ့သော အိမ်ဖြစ်ပြီး ယခု မည်သူမှမနေပဲ  ဟန်စစ်မင်း သတိရတိုင်း လာရန် ယခုထိ ထားရှိထားခြင်းဖြစ်သည်။ 

သုံးယောက်သား အိမ်ထဲရောက်သည့်နှင့် ဟန်စစ်မင်းက သုန္ဓ၏ ရှေ့တွင် ဒူးထောက်ကာ ကိုယ်ကို ရို့ကျိုးလိုက်သည်။

"ကျွန်တော်မျိုး ကြီးလေးသော အပြစ်ကို ကျူးလွန်မိကြောင်းပါ ဘုရား။ "

သုန္ဓက ပြန်မဖြေပဲ ဟန်စစ်မင်းကိုသာ အရင်
ဆွဲထူလိုက်သည်။ 

"စစ်သူကြီးကို ကျွန်ုပ် အဆုံးထိ ယုံကြည်ထားခဲ့တာက အချဥ်းအနှီးမဖြစ်တာပဲ ဝမ်းသာလှပါပြီ။"

"အရှင့်သားပေးတဲ့ အပြစ်ဒဏ်ကို ကျွန်ုပ် ခံယူပါ့မယ် ။"

သုန္ဓက အနည်းငယ် ခေါင်းကို ခါယမ်းကာ
ပြုံးလိုက်သည်။

"သင့်ဆီက စာတစ်စောင်ရရှိတဲ့အချိန်မှာ
အဝမ်းသာဆုံးလူက အတိုင်ပင်ခံ စောယွန်းပေပဲ စစ်သူကြီး။ သူ့ရဲ့အကိုဖြစ်သူက လမ်းမှားကို ရောက်သွားမှာ အရာရာထက် ပိုကြောက်သူပါ။"

ဟန်စစ်မင်းက စောယွန်းကို ကြည့်လိုက်သည့်အခါ စောယွန်းက သွားတန်းညီညီများပေါ်လွင်သည်အထိ ပြုံးပြသည်။ သုန္ဓက ဆက်ပြောသည်။

"ကျွန်ုပ်တို့အတွက် သူလျှိုအဖြစ်လူလိုတယ်မဟုတ်လား စစ်သူကြီး။ အသင့်ရဲ့ အပြစ်ကို ကြေချင်သပဆိုရင် ကျွန်ုပ်တို့ကို သင်ရတဲ့ သတင်းမှန်သမျှကို ဝေမျှပေးပါ စစ်သူကြီးမင်း။"

"မှန်လှပါ ဘုရား ၊ အမိန့်တော်အတိုင်းပါ "

"ကောင်းပြီ ။ နောက်နှစ်ရက်နေရင် ကျွန်ုပ်တို့
ဒီအချိန် ဒီနေရာမှာ ပြန်ဆုံကြမယ် "

"မှန်လှပါ "။ 

"အကို ဟန်စစ် "

ဟန်စစ်မင်းက စောယွန်းကို ကြည့်လိုက်ပြီး
စောယွန်းက ဟန်စစ်မင်း၏ လက်များကို ဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ၊ အကို အခုလို ဆုံးဖြတ်လိုက်တာ ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။"

"ကျွန်ုပ်က ကျေးဇူးတင်ရမှာပါ။ အငြိုးအတေးတွေနဲ့ အပူမီးတွေကြားက ဆွဲထုတ်ပေးခဲ့တာ မဟုတ်လား။ အဲဒီနေ့က ပြောခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ် ။ ဘယ်စောယွန်းပဲ ဖြစ်ဖြစ် ကျွန်ုပ်အပေါ် ထားတဲ့စိတ်က အတူတူပဲလို့ ခံစားရတာပ။ "

ဟန်စစ်မင်းက မျက်လွှာချလိုက်သည်။

"အကိုဟန်စစ်က အမြဲတမ်း ကျွန်တော့်ရဲ့
အကိုကြီးပါပဲ။ ပြီးတော့ အကိုက အမနဲ့အဘတို့အတွက် တရားမျှတမှုကို လိုချင်တာမဟုတ်လား။ ကျွန်တော် ကူညီပါ့မယ်။ "

ဟန်စစ်မင်းက ရုတ်တရက် ဆို့နင့်လာသည်။
သူကား တစ်ကိုယ်ကောင်းဆန်ခဲ့မိပြီး အမှားအမှန်ထက် လက်စားချေလိုစိတ်ကို ရှေ့တန်းတင်ခဲ့မိသည်။ သူ၏ အရှေ့တွင် ရပ်နေသည့်
စောယွန်းကား သူထိန်းကြောင်းလာခဲ့ရသော၊ မြတ်နိုးခဲ့ရသော စောယွန်းမဟုတ်သော်ငြား
နွေးထွေးသော လက်များနှင့် သူ့ကို ချစ်ခင်သည့် နှလုံးသားကား ထပ်တူကျသည်ဟု ခံစားမိသည်။

နှစ်ရက်မြောက်နေ့တွင် ထိုအိမ်ကလေးထဲ လူလေးယောက်ဆုံကြသည်။ ထိုလေးယောက်မှာ သုန္ဓ ၊ စောယွန်း ၊ ဟန်စစ်မင်း နှင့် သီဟတို့ပင်ဖြစ်သည်။

"အရှင့်သား သူတို့က ပွဲအခမ်းအနားနေ့မှာ အရှင့်သားကို ဆက်သမယ့် အစားအသောက်ထဲ အဆိပ်ထည့်မည်ဖြစ်ကြောင်းပါ ။"

စောယွန်းက သက်ပျင်းသာချမိသည် ။

"ကျွန်တော် အဲ့အဆိပ်အကြောင်း သိချင်တယ် အကိုဟန်စစ် ။"

"ဆီမီးတောက်ပင်လို့ ခေါ်တယ် စောယွန်း။ အသေးစိတ်တော့ ကျွန်ုပ်မသိပေမယ့် အဆိပ်နဲ့ ပတ်သတ်ပြီး မင်းသမီးမယ်ဒေဝီ က တာဝန်ယူထားကြောင်းပါ "

"မင်းသမီးမယ်ဒေဝီက အနောက်ရွှေရေးဆောင်မိဖုရားရဲ့ သမီးတော် မဟုတ်လား "

သီဟက ဝင်ပြောသည်။

"သီဟ သူ့အကြောင်း သိသလား? "

"သိတယ် နောင်ကြီးစောယွန်း ၊ မိဖုရားက ကသည်းစော်ဘွားရဲ့ သမီးတော် ၊ အင်းဝဇာတိမဟုတ်ပေဘူး။ "

"ကသည်း ? --- "

စောယွန်းက မျက်မှောင်ကြုံ့က ခပ်တိုးတိုး ရေရွတ်သည်။

"မဏိပူရ လို့လည်း ခေါ်တယ် ။"

သုန္ဓက ဝင်ထောက်သည်။ 

စောယွန်းက မျက်လုံးမှိတ်လိုက်ရင်း လက်တစ်ဖက်က ခေါင်းကိုကိုင်ကာ စဥ်းစားသည်။ 

"အိုး -- သိပြီ ၊ အိန္နိယအနွယ်ဖွားတွေမဟုတ်လား ။  ဒါဆိုရင် အကိုဟန်စစ်က အဲဒီအပင် ဝင်လာမယ့် လမ်းကြောင်းကို စုံစမ်းထားပေးပါ ။ ဒါမှ ကျွန်တော်တို့ သက်သေရမှာ။ "

"ကောင်းပြီ စောယွန်း။ "

"အရှင့်သား သီဟက အဲဒီဆေးပင်အကြောင်း စုံစမ်းပေးပါ ဘယ်လို အာနိသင်ရှိလဲ သိထားရမယ် ၊ နောက်ပြီး ဖြစ်နိုင်ရင် အဲဒီအဆိပ်မိရင်
ဖြစ်တဲ့ လက္ခဏာနဲ့ ဆင်တူတာမျိုး ဖြစ်စေတဲ့ ဆေးဝါး တစ်ခုခုရှိသလား သိချင်တယ်။ ဒါမှ နောင်စိုင်းကို တကယ်အဆိပ်မိတယ် ထင်ရအောင်ပေါ့။ "

"ကောင်းပြီ နောင်ကြီးစောယွန်း ။"

"ကျွန်ုပ်ကော? "

သုန္ဓက ခပ်တည်တည်ဖြင့်မေးသည်။
တစ်ယောက်ချင်းစီ တာဝန်ရသော်လည်း သူ့အား စောယွန်းက ဘာမှမပြောသောကြောင့်
မျက်နှာသေနှင့် ဝင်ပြောသည်။

"နောင့်စိုင်းက ပီအိုက်နဲ့ လေ့ကျင့်ရမယ် ။ "

"ဘာကိုလဲ?"

"အရှင့်သားက သရုပ်ဆောင်လေ့ကျင့်ရမယ်လေ။ ပေါ့သေးသေး အိုက်တင်မဟုတ်ဘူး။ အဆိပ်မိတဲ့ပုံစံ သရုပ်ဆောင်ရမှာ။ ပီအိုက်ကို မျက်ရည်ပိုးပိုးပေါက်ပေါက်ကျစေမယ့် အိုက်တင်မျိုး လုပ်ရမှာ။"

သီဟနှင့် ဟန်စစ်မင်းက အိုက်တင်ဟူသည့် စကားလုံးများကို အသံမထွက်ပဲ ရေရွတ်နေကြပြီး မျက်မှောင်ကြုတ်နေကြသည်။ သုန္ဓကမူ အလွန်လေးနက်သည့် မျက်နှာထားဖြင့် ခေါင်းတဆတ်ဆတ်ညိတ်နေပြီး စောယွန်းကမူ အနုပညာတက္ကသိုလ်တက်ခဲ့စဉ်က တစ်ခန်းရပ်ပြဇာတ်များတွင် သရုပ်ဆောင်ခဲ့ဖူးသည့် အိုက်တင်များကို ပြန်စဉ်းစားနေမိသည်။ 

သို့နှင့် ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ 

ယုံကြည်စိတ်ချရသော အစေခံကိုသာ ညွှန်ကြားထားပြီး သုန္ဓ၏ ဟင်းပွဲကို လဲခဲ့သည်။ 

သုန္ဓက နန်းတွင်းသမားတော်ထံမှ ဆေးတစ်ဖုံကို ကြိုတင်သောက်ထားကာ အဆိပ်မိသယောင် လဲကျသွားခဲ့သည်။ 

သို့သော် မိဖုရားက သူ၏ အကြံအစည်တစ်ခုကို ဟန်စစ်မင်းအား ကွယ်ဝှက်ထားခဲ့သည်။ သုန္ဓတို့ဘက်မှ အားလုံး စီစဥ်ထားသည့်အတိုင်း အဆင်ပြေခဲ့သော်လည်း စောယွန်းအပေါ် အကွက်ချ စီစဥ်ခဲ့သည့်အပေါ် ချက်ချင်း မတုန့်ပြန်နိုင်ခဲ့ပေ။ 

စောယွန်းက အချုပ်ထဲတွင် နေခဲ့ရပြီး
ဟန်စစ်မင်း နှင့် သုန္ဓ သည်လည်း အနည်းငယ် အချင်းများခဲ့ကြသည်။ သီဟက ကြားမှ ဖြန်ဖြေကာ စောယွန်းအား အရင် ကယ်ရန် ပြောမှသာ ပြေလည်သွားခဲ့ကြသည်။ 

စောယွန်းသည် ဘဝတွင် ပထမဆုံး အချုပ်ခန်းတွင် နေဖူးခဲ့ပြီး ဟိုဟိုဒီဒီ အတွေးများစွာတွေးမိခဲ့သည်။ ဤလှည့်ကွက်ကို ကြိုတင်မစဉ်းစားထားမိ၍ မိဖုရားကြီးနှင့် တကွ အပေါင်းအပါများကိုလည်း မေတ္တာပို့မိသေးသည်။ သည်ကြားထဲ
ဟန်စစ်မင်းက ပုဝါနှင့် လက်စွပ်လာပို့ကာ သုန္ဓ ဘေးကင်းကြောင်း အချက်ပြခဲ့သည့်အတွက် စိတ်အေးခဲ့ရသည်။ သုန္ဓသည်သာ ထိုပုဝါနှင့် လက်စွပ်အကြောင်းသိသဖြင့် စောယွန်း၏ ရင်ဘတ်ထဲမှ အလုံးကြီးက ကျသွားခဲ့သည်။ 

ကံဆိုးစွာဖြင့် ညအချိန်မတော် မှောင်ရိပ်ခိုကာ မင်းသမီး မယ်ဒေဝီက အကျဉ်းဆောင်အပြင်တွင် သူ့အား တောက်လျှောက် ကြည့်နေခဲ့သဖြင့် ရှိသမျှ မျက်ရည်များ ညှစ်ထုတ်ကာ ဝမ်းနည်းစေရန် အတွေးပေါင်းစုံတွေးခဲ့ရသေးသည်။ 

နောက်ဆုံးငို၍ မရတော့ချိန်တွင် သူသေရတော့မည်ဟုသာ တွေးနေခဲ့မိသည်။ ရိုမီယို ဂျူးလိယက်ပြဇာတ်ထဲမှ ဂျူးလိယက်ကား သေပြီဟု အထင်ရောက်နေသော ရိုမီယိုကဲ့သို့ မုဒ် အပြည့်သွင်းရသေးသည်။ စောယွန်းကားထိုညလွန်သောအခါ  နောင်ဘဝအဆက်ဆက်တွင် မင်းသား မင်းသမီး မလုပ်ဟု ဆုံးဖြတ်လိုက်ရသည်။ 

သို့သော် တစ်ညလုံးမအိပ်ထားသဖြင့် လူက ကြောင်အမ်းအမ်းဖြစ်နေမိသည်။ အင်းဝပြည့်ရှင်က သူ့ကို သေမိန့်ချသည့်အခါမှ အသိပြန်ဝင်လာပြီး သုန္ဓအမြန်ဆုံးရောက်လာစေရန် ဆုတောင်းနေရသည်။ မိနစ်ပိုင်းအတွင်း ဘုရားစာပေါင်းစုံ သိသမျှ မှတ်သမျှ တတွတ်တွတ်ရွတ်ပြီးနောက်တွင် ကံကောင်းထောက်မစွာဖြင့် သုန္ဓ၊ ဟန်စစ်မင်းနှင့် သီဟတို့က ရောက်လာခဲ့သည်။

အရှင်မင်းကြီးသည် သုန္ဓကို မြင်သည်နှင့် အံ့သြသွားလေသည်။ သုန္ဓက ခမည်းတော်၏
ခြေတော်ရင်းအပါး ၀ပ်တွားကာ လျှောက်တင်သည်။ 

"ခမည်းတော်ဘုရား ၊ အတိုင်ပင်ခံစောယွန်းမှာ အပြစ်မရှိကြောင်းပါ ဘုရား။ သားတော် ယခုလို အသက်ရှင်နေသည်မှာလည်း အတိုင်ပင်ခံ
စောယွန်းကြောင့်ပါ ဘုရား ။"

"ခမည်းတော်ကို ဖြစ်ကြောင်းကုန်စင် လျှောက်တင်စမ်း ။ "

"သားတော် လျှောက်တင်ပါ့မယ် ဘုရား။ ကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ ခြယ်လှယ်နေသူမှာ မြောက်နန်းမိဖုကြီး ဖြစ်ကြောင်းပါဘုရား။ "

အနားရှိ အမတ်များ၏ တီးတိုးသံများက ခဏမျှ ထွက်ပေါ်လာပြီး သုန္ဓက ဆက်လက်လျှောက်တင်သည်။ 

"မြောက်နန်းမိဖုရားမှာ ထီးနန်းကို လိုချင်တပ်မက်သောကြောင့် သားတော်ကို လုပ်ကြံရန် ကြံစည်ကြောင်းပါ ဘုရား။ သက်သေအနေဖြင့် စစ်သူကြီးဟန်စစ်မင်းက သက်သေပြုပေးနိုင်ကြောင်းပါ။ "

ဟန်စစ်မင်းက ရှေ့သို့ ထွက်လာကာ အရှင်မင်းကြီး၏ ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။

"ကျွန်တော်မျိုး လျှောက်တင်ပါရစေ ဘုရား။ ကျွန်တော်မျိုးကို လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်ပြီး မင်းသားနန္ဒထံ သစ္စာတော်ခံယူရန် မြောက်နန်းမိဖုရားက စည်ရုံးခဲ့ကြောင်းပါ ။ အဲဒီနောက်မှာ အတိုင်ပင်ခံစောယွန်းနှင့် တိုင်ပင်ခဲ့ကြပြီး အမှုကို သက်သေနှင့် တကွ ဖော်ထုတ်ရန် ကြိုးစားခဲ့ကြောင်းပါ "

"ခမည်းတော် ဒီပြဿနာမှာ မင်းသမီး မယ်ဒေဝီ လည်း ပါဝင်နေပြီး အဆိပ်ကို မဏိပူရပြည်မှ တိုင်းတစ်ပါး ကုန်သည်တွေမှ တစ်ဆင့် သယ်ဆောင်ခဲ့ကြောင်းပါ၊ ထို ကုန်သည်တွေကိုလည်း ဖမ်းမိထားကြောင်းပါ ။"

"ဒါဆို သားတော် ပွဲနေ့က တကယ်ပဲ အဆိပ်မိတာ မဟုတ်ပေဘူးလား?"

"မှန်လှပါ ၊ သားတော်တို့ဘက်က အခြေအနေအားလုံးကို ကြိုတင်သိပြီးတာကြောင့် အစားသောက်ကို လဲထားခဲ့ပါတယ် ဘုရား။ ဒါ့အပြင် နန်းတွင်းသမားတော်ကြီးထံမှ ထိုအဆိပ်ရဲ့ လက္ခဏာနှင့်တူသော ဆေးဝါးကို ကြိုတင်စီမံထားခဲ့ကြောင်းပါ ဘုရား ။ ဒါကြောင့် သည်အစီအစဥ်တစ်ခုလုံးကို ဦး​ဆောင်ဖြေရှင်းပေးသူဟာ အတိုင်ပင်ခံ စောယွန်း ဖြစ်ကြောင်းပါ။ "

"အချိန်မှီရောက်လာ၍သာ ကံသီပေတာပ အတိုင်ပင်ခံစောယွန်းမှာ အပြစ်မရှိသည်မို့ အနှောင်အဖွဲ့မှ လွတ်စေ။ "

စောယွန်းကမူ တစ်ညလုံးမအိပ်ထားသဖြင့်စိတ်ကိုလျှော့ချမိလိုက်သည့်အခါ ထိုနေရာတွင် ပုံလျက်သား လဲကျသွားပြီး ခန်းမဆောင်၏ ကြမ်းပြင်ပေါ်တွင် တရှုးရှုး အိပ်မောကျသွားလေသည်။

ရက်အနည်းငယ်ကြာသည့်အခါ အိမ်ရှေ့စံကို အရိုက်အရာမှချကာ မင်းသားသီဟသို့ ဥပရာဇာဘွဲ့ပြောင်းလွှဲပေးအပ်ကြောင်း ကြေညာချက်တစ်ခုထွက်လာခဲ့သည်။

မြောက်နန်းမိဖုရားကား နန်းချခံရကာ နယ်နှင်ဒဏ်အပေးခံရပြီး နန္ဒကမူ မြို့စားအဖြစ် အပိုင်စားရသည့် မြို့သို့ပြောင်းရွှေ့ခဲ့ရသည်။ နန္ဒကား နောက်ဆုံးအချိန်တွင် သုန္ဓတို့ကို အကူအညီပေးခဲ့သည်။ ကုန်သည်များကို အမြန်ဆုံးရှာတွေ့နိုင်ခဲ့ရန် နန္ဒက ကူညီပေးခဲ့ခြင်းဖြစ်ကာ နန္ဒ၏ အကူအညီမပါလျှင် စောယွန်းကား သေပြီးနှင့်လောက်သည်။

သီဟမှာ စစ်သူကြီးဖြစ်ရန် အိမ်မက်ရှိသော်ငြား ရုတ်တရက် အိမ်ရှေ့စံ ဖြစ်လာသောကြောင့် အကိုတော်ထံ မကျေမနပ်သွားပြောခဲ့သေးသည်။
စောယွန်းကမူ သည်ညီအကိုများကို ကြည့်ကာပင် ရယ်မိတော့သည်။

သုန္ဓကား နောက်ဆုံးတွင် သိန္နီမြို့၌ စောယွန်းနှင့်အတူ အခြေချခဲ့သည်။ မြို့ငယ်လေးတွင်သာ
မထင်မရှားနေထိုင်ကြပြီး ကလေးငယ်များ စာသင်ပေးကာ ဘဝကို အေးချမ်းစွာ နေထိုင်ခဲ့ကြသည်။ 

[ZAWGYI]

ေဆာင္းဥတုကား လ်င္ျမန္စြာ ကုန္လြန္သြားခဲ့ၿပီး ႏြေရာသီက အင္းဝျပည္သို႔ တစ္ဖန္အလည္အပတ္ေရာက္လာျပန္သည္။ အပင္မ်ားတြင္ အ႐ြက္သစ္ အဖူးသစ္မ်ားႏွင့္ စိမ္းဖန႔္ေနၿပီး ေကာင္းကင္က ၾကည္လင္ေနသည္။ ပန္းပြင့္မ်ားသည္လည္း အၿပိဳင္အဆိုင္ ဖူးပြင့္ရန္ အားယူေနၾကၿပီး အရာအားလုံးက သစ္လြင္လန္းဆန္းေနသည္။

ဟန္စစ္မင္းက ၿခံထဲမွ ပန္းပင္မ်ားကို ေရေလာင္းေနသည့္ ဗညားကို အေနာက္မွ ၾကည့္ေနသည္။
ဗညားက ႐ုတ္တရက္ အေနာက္လွည့္လိုက္သည့္အခ်ိန္တြင္ ပန္းပင္၏ ရိုးတံရွည္တစ္ခုက ဟန္စစ္မင္းထံသို႔ ပ်ံလာၿပီး ဟန္စစ္မင္းက လက္ေခ်ာင္းသုံးေခ်ာင္းျဖင့္ ဖမ္းလိုက္သည္။

ဗညားက ေမးေငါ့ျပလိုက္ၿပီး ဆိုသည္။

"ပို ျမန္လာၿပီ။"

ဟန္စစ္မင္းက ၿပဳံးလ်က္ ညင္သာစြာ ေခါင္းခါၿပီးေနာက္ ဗညားအနီးသို႔ ေလွ်ာက္လာသည္။

"ပန္းေတြက တၿပိဳင္တည္း ပြင့္ေနၾကတာပဲ ၊ ဥယ်ာဥ္မႈးေကာင္းရဲ႕ လက္ထဲမွာ ႀကီးျပင္းလာရလို႔ ထင္ပ။"

ဗညားက လက္ေခ်ာင္းတစ္ေခ်ာင္းခ်င္းစီ
ခ်ိဳးကာ ဆိုသည္။

"ဒါေပါ့။ ကျွန်ုပ် အထိန္းသိမ္းေတာ္လို႔ပဲ ပန္းပင္ေတြက အခုအခ်ိန္အထိ အသက္ရွင္ေနတာ။"

ဟန္စစ္မင္းက ပန္းပင္မ်ားကို ၾကည့္ကာ အတန္ၾကာေတြးေနသျဖင့္ ဗညားက လက္သုတ္ပုဝါျဖင့္ လက္ကို သုတ္ေနရင္း ေမးသည္။

" ေစာယြန္းကို သတိရမိလို႔လား ?"

ဟန္စစ္မင္းက မ်က္ခုံးမ်ားကို ပင့္လ်က္ ဆိုသည္။

ကျွန်ုပ်က အဲဒီေလာက္ေတာင္ အကဲခတ္ရလြယ္သလား "

ဗညားက ၿပဳံးသည္။

ဒီပန္းပင္ေတြကို ေစာယြန္းက လြန္ခဲ့တဲ့ ၅ႏွစ္တုန္းက ဟန္စစ္အတြက္ လက္ေဆာင္ေပးခဲ့တယ္လို႔ ေျပာျပဖူးတယ္မဟုတ္လား၊ အပြင့္ေတြ ေဝဆာေနတာကို ေငးၾကည့္ေနပုံေထာက္ရင္
ေစာယြန္းကို သတိရေနတာျဖစ္မယ္လို႔ ကျွန်ုပ်က ခန႔္မွန္းမိတာပ။

ေစာယြန္းက ဟန္စစ္မင္းႏွင့္ အေျခအတင္ျဖစ္ၿပီးေနာက္ပိုင္း စကားမေျပာခဲ့ေသာ္ျငား သူ႕အား တိတ္တဆိတ္လက္ေဆာင္မ်ား ေပးပို႔ေနခဲ့ၿမဲ ျဖစ္သည္။ သူ၏ လက္ေပၚတြင္ ႀကီးျပင္းလာသည့္ ထိုေကာင္ေလးကို မေတြ႕ရေတာ့သည္မွာ သူ႕အား အရွင္လတ္လတ္ဒဏ္ခတ္သည့္ အႀကီးမားဆုံးေသာ အျပစ္ဒဏ္သာ ျဖစ္လိမ့္မည္။

ဟန္စစ္မင္းက ဆိုသည္။

"အျဖစ္အပ်က္ေတြက မေန႕တစ္ေန႕ကလိုပဲ ။"

ဟန္စစ္မင္းက သက္ပ်င္း ေငြ႕ေငြ႕ခ်ရင္းေျပာသည္။

"ဟုတ္တာေပါ့ တစ္ႏွစ္ေတာင္ရွိသြားၿပီ မဟုတ္လား။"

"ကျွန်ုပ်တော့ ေစာယြန္းကို သတိရေနတုန္းပဲ ။"

ဗညားက ဟန္စစ္မင္း၏ မ်က္ႏွာကို လွမ္းၾကည့္ကာ ၿပဳံးသည္။

"က်ဳပ္လည္း ထပ္တူပါပဲ ၊ ညီငယ္ေစာယြန္းကို အၿမဲ သတိရေနပါတယ္ ။ အခ်ိန္ရရင္ ကျွန်ုပ်ကို ပထမေစာယြန္းအေၾကာင္းေျပာပါဦး။ ကျွန်ုပ်က ဒုတိယေစာယြန္းနဲ႕ပဲဆုံခဲ့ရတာမဟုတ္လား။"

ဟန္စစ္မင္းက ေခါင္းညိတ္ျပလိုက္သည္။ ယခုအခ်ိန္တြင္မူ ေစာယြန္းႏွစ္ေယာက္လုံးကိုသာ သတိရလြမ္းဆြတ္ေနမိသည္။

သႏၷီၿမိဳ႕သည္လည္း မိတ္ေဆြေဟာင္း ႏြေရာသီကို ႀကိဳဆိုေနၿပီး မၾကာမီတြင္ က်င္းပမည့္ သၾကၤန္ပြဲေတာ္ကို ၿမိဳ႕ခံမ်ားက တက္ႂကြေပ်ာ္႐ႊင္စြာ ျပင္ဆင္ေနၾကသည္။ ၿမိဳ႕၏ ေတာင္ကုန္းတစ္ေနရာေပၚမွ သစ္သားစာသင္ေက်ာင္းငယ္မွ ကေလးငယ္မ်ား၏ တစ္ေယာက္တစ္ေပါက္ စာအံေနသည့္အသံမ်ားက ေတာင္ကုန္းတခြင္ ျပန႔္ႏွံ႕ေနသည္။

စာသင္ခန္းကား ႏွစ္ခန္းသာရွိၿပီး တစ္ခန္းတြင္ စာအံေနသည့္ ကေလးမ်ားရွိကာ တစ္ခန္းကမူ အလြန္တိတ္ဆိတ္ၿငိမ္သက္ေနသည္။ ကေလးမ်ားေကာ သင္ၾကားသည့္ ဆရာပါ ၿငိမ္လြန္းလွၿပီး အခန္းထဲတြင္ အပ္က်သံပင္ မၾကားရေပ။ အားလုံးက မိမိ၏ စာ႐ြက္ေပၚတြင္သာ အာ႐ုံစူးစိုက္ေနၾကၿပီး စာသင္ခန္းအျပင္ဘက္ရွိ သစ္ပင္မ်ားေပၚမွ ငွက္မ်ား၏ က်ီက်ီက်ာက်ာသံမ်ားကသာ အခန္းကို လႊမ္းၿခဳံထားသည္။

ေခါင္းေလာင္းတီးသံ ႏွစ္ခ်က္က တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီး ဆရာက မတ္တပ္ရပ္လိုက္သျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားက တၿပိဳင္တည္း မတ္တပ္ရပ္လိုက္ၾကသည္။ ဆရာႏွင့္ေက်ာင္းသားမ်ားက အတူတကြ မိမိ၏ ပစၥည္းမ်ားကို သိမ္းဆည္းၾကၿပီးေနာက္ ဆရာက ၿပဳံးလ်က္ ရွမ္းစကားျဖင့္ဆိုသည္။

"ဒီေန႕လည္း တိုးတိုးေလးေနၿပီး ဆရာနဲ႕အတူ ပန္းခ်ီဆြဲေပးၾကတဲ့အတြက္ ေက်းဇူးပါဗ်ား။ မနက္ျဖန္က်ရင္ေတာ့ သၾကၤန္ပြဲေတာ္မွာ ေရကစားၾကတာေပါ့။"

ေက်ာင္းသူေက်ာင္းသားမ်ားက သံၿပိဳင္ေပ်ာ္႐ႊင္စြာ ေအာ္ဟစ္လိုက္ၾကၿပီးေနာက္ သူတို႔၏
လက္ထဲတြင္ ကိုင္ထားသည့္ ပန္းခ်ီပုံမ်ားကို ဆရာ၏ လက္ထဲသို႔ တရိုတေသ လက္ႏွစ္ဖက္ျဖင့္ လာေပးၾကသည္။ ဆရာက တစ္ေယာက္ခ်င္းစီကို မုန႔္တစ္ခုစီ ေဝေပးၿပီးေနာက္တြင္ ေနာက္ဆုံးေက်ာင္းသားအလွည့္ေရာက္လာသည္။

ေက်ာင္းသားေလးက ႏွာရည္မ်ားကို ရႈံ႕လိုက္ၿပီးေနာက္ အခန္းတြင္းမွ မထြက္သြားပဲ ပန္းခ်ီကိုလည္း မေပးပဲေနေနသည္။ ဆရာက သူ၏ ဆံပင္မ်ားကို စုစည္းေနရင္း ေက်ာင္းသားေလး၏ ေက်ာေနာက္တြင္ ဖြက္ထားသည့္ စကၠဴကို ငဲ့ၾကည့္လိုက္သည္။ ထို႔ေနာက္ ဆရာက ေက်ာင္းသားေလး၏ အေရွ႕တြင္ လက္ျဖန႔္လိုက္သည္။

"ပန္းခ်ီပုံ ေပးပါဦး ။"

ေက်ာင္းသားေလးက ၇ ႏွစ္အ႐ြယ္ခန႔္သာရွိေသးၿပီး သူက လက္ေသးေသးေလးမ်ားႏွင့္ သူ၏ အရပ္တစ္ဝက္စာမွ် ႀကီးသည့္ စာ႐ြက္ကို ဖြက္ထားသည္။ ဆရာက မုန႔္တစ္ခုကို ယူကာ ကေလး၏ အေရွ႕တြင္ ျပလိုက္သျဖင့္ ကေလးငယ္က လက္ႏွစ္ဖက္ျဖင့္ ယူရန္ ဟန္ျပင္လိုက္သျဖင့္ စာ႐ြက္က အလိုအေလ်ာက္ အေရွ႕သို႔ ေရာက္လာသည္။

ဆရာက စာ႐ြက္ကို ၾကည့္သည့္အခါတြင္ စာ႐ြက္က ဗလာျဖစ္ေနသျဖင့္ အံ့ၾသသြားမိၿပီး ေက်ာင္းသားေလးကို ေမးသည္။

"ဘာျဖစ္လို႔ ဘာမွ မဆြဲထားတာလဲ"

ေက်ာင္းသားေလးက ေခါင္းငုံ႕လ်က္ ေျဖသည္။

"ကြၽန္ေတာ္ စဥ္းစားထားတာကို မဆြဲတတ္လို႔ပါ။"

ဆရာက ၿပဳံးလိုက္ၿပီး စာ႐ြက္ကို ယူကာ ကေလး၏ လက္ထဲသို႔ မုန႔္တစ္ခု ထည့္ေပးလိုက္သည္။ ေက်ာင္းသားေလးက တအံ့တၾသ ေမာ့ၾကည့္သည္။

"ပန္းခ်ီဆြဲမွ မုန႔္ေပးမယ္ဆို။"

ေက်ာင္းသားေလး၏ စကားေၾကာင့္ ဆရာက ေက်ာင္းသားေလး၏ ေခါင္းကို ညင္သာစြာ
ပုတ္လိုက္သည္။

"မင္းက ပန္းခ်ီမဆြဲထားတာမွ မဟုတ္ပဲ။ ဒီစကၠဴေပၚမွာ အေရာင္မထင္ေပမယ့္ မင္းရဲ႕ စိတ္ကူးနဲ႕ ဆြဲထားတယ္မဟုတ္လား။ ဒါဆိုရၿပီ။"

ေက်ာင္းသားငယ္က ေပ်ာ္႐ႊင္စြာ ေက်းဇူးတင္စကားဆိုၿပီးေနာက္ အခန္းထဲမွ ထြက္သြားသည္။ ဆရာက အၿပဳံးမပ်က္ပဲ လြယ္အိတ္ကို လြယ္ကာ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားၿပီးေနာက္ အျပင္မွေန၍ ေက်ာင္းခန္းတံခါးကို ပိတ္လိုက္သည္။

ထို႔ေနာက္ သူ၏ အိမ္ငယ္ေလး ရွိရာသို႔ ျပန္လာခဲ့သည္။ ၿမိဳ႕စြန္ ျဖစ္သည္မို႔ လူသူမရႈပ္ေထြးပဲ ေအးခ်မ္းလွသည္။ၿခံအတြင္းတြင္ စိန္ပန္းျပာပင္ တစ္ပင္က ထီးထီးႀကီးရွိေနၿပီး အပင္နံေဘးတြင္ သစ္သားခုံတန္းႏွင့္ စားပြဲတစ္ခုရွိေနသည္။

ဆရာေလးက အိမ္ေပၚတြင္ ပစၥည္းမ်ားကို ေနရာတက်ခ်ထားၿပီးေနာက္ အခန္းတစ္ခန္းထဲသို႔ ဝင္လိုက္သည္။ အခန္းတစ္ခန္းလုံးက ပန္းခ်ီကားမ်ား၊ ပန္းခ်ီပစၥည္းမ်ားႏွင့္ ျပည့္ေနၿပီး အလင္းေရာင္ေကာင္းစြာရသည္။ အခန္းထဲမွ သုံးေခ်ာင္းေထာက္တြင္ ေထာင္ထားသည့္ ဆြဲလက္စ ပန္းခ်ီကားကို တစ္ခ်က္မွ် ၾကည့္လိုက္သည္။ ပန္းခ်ီကားထဲမွ လူက သူ႕အား ၿပဳံးျပေနသေယာင္ရွိၿပီး သူက ႏႈတ္ဆက္သည့္အေနျဖင့္ ပန္းခ်ီကားကို ျပန္လည္ၿပဳံးျပသည္။

ဆရာေလးက ပန္းခ်ီကား၏ အေရွ႕မွ ခုံေပၚတြင္ ေျခေထာက္ခ်ိတ္ထိုင္ကာ ေမးေထာက္၍ ၾကည့္သည္။ထို႔ေနာက္ နံေဘးေခြးေျခခုံေပၚမွ ေဆးပုလင္းမ်ားကို ယူကာ စုတ္တံျဖင့္ လက္ကိုင္ သစ္သားျပားေပၚတြင္ အေရာင္စပ္သည္။ သို႔ေသာ္ စုတ္တံက ပန္းခ်ီကားေပၚမေရာက္မီ အေနာက္မွ လက္တစ္စုံက သူ၏ရင္ဘတ္ႏွင့္ခါးကို ဖက္လိုက္ၿပီး ႏႈတ္ခမ္းတစ္စုံ၏ အထိအေတြ႕ကို သူ၏ လည္ကုတ္ေပၚတြင္ ရလိုက္သည္။

"အခုမွ ျပန္ေရာက္တာ နားပါဦးလား ပီအိုက္။ "

"ေနာင့္စိုင္း ကလည္း ဒါေလး လတ္စသတ္ခ်င္လို႔ပါ"

"ကြၽန္ေတာ္နဲ႕အတူ ျပန္ပါေျပာထားရဲ႕သားနဲ႕ ဒါကို အၿပီးသတ္ခ်င္လို႔ အိမ္ကို အရင္ အေျပးျပန္လာတာမဟုတ္လား။ ဒီလိုနဲ႕ ကြၽန္ေတာ္က ပုံတူ ပန္းခ်ီကားကိုပါ သဝန္တိုရေတာ့မွာပဲ။"

ေစာယြန္းက ၿပဳံးလိုက္သည္။ မည္သူမွ မျမင္ဖူးသည့္ သုႏၶ၏ ကေလးတစ္ေယာက္ႏွယ္ ခြၽဲႏြဲ႕ေနသည့္ ပုံစံကား သူႏွင့္ ႏွစ္ေယာက္တည္းအတူရွိခ်ိန္ဆိုလွ်င္ ေပၚလာေလ့ရွိၿမဲပင္။

ေစာယြန္းက လက္ထဲမွ စုတ္တံကို ခ်လိဳက္ကာ မတ္တပ္ရပ္လိုက္သည္။

"ကဲ ကိုကို႔ ကေလးေလးအတြက္ အခ်ိန္ေပးမယ္ဗ်ာ၊ ကိုကို ဘာလုပ္ေပးရမလဲ ေျပာ? "

"ဘယ္ --- ဘယ္က ကိုကိုလဲ "

သုႏၶက ကိုကိုဟူသည့္စကားေၾကာင့္ လႊတ္လိုက္ၿပီး အေနာက္သို႔ ေျခလွမ္းႏွစ္လွမ္းမွ် ဆုတ္လိုက္သည္။ ထိုစကားႏွစ္လုံးကား သုႏၶအဖို႔ အလြန္ေၾကာက္ဖို႔ေကာင္းသည့္ စကားလုံးမ်ားျဖစ္ရကား ေစာယြန္းက ေျပာမနိုင္လွ်င္ ကိုကို ႏွင့္သာ ၿခိမ္းေျခာက္ရေတာ့သည္။

"ကိုကို႔ ကေလးေလးက ရွက္လို႔လား? ဒီကိုလာပါဦး။"

ေစာယြန္းက လက္ႏွစ္ဖက္ကို ဆန့္တန္းေပးကာ ေျပာသည္။

"မရွက္ပါဘူး။ ဘယ္သူက ရွက္လို႔လဲ "

မရွက္ဘူးဆိုသည့္ သူမွာ မ်က္ႏွာတစ္လုံး
ရဲေနသည္မို႔ ေစာယြန္းက ရယ္သည္။

"ပီအိုက္!"

"အင္းပါ --- မစေတာ့ဘူး မစေတာ့ဘူး ၊ လာပါ ဖတ္ထားခ်င္လို႔ --- "

သုႏၶကား အခန္းထဲမွ ေနာက္ျပန္ေလွ်ာက္သြားၿပီး အခန္းတံခါးေဘာင္ႏွင့္ တိုက္မိရာ အေနာက္သို႔ လန္က်လဳနီးပါးျဖစ္သြားသည္။ ေစာယြန္းက လ်င္ျမန္စြာ သုႏၶ၏ ခါးကို လက္ျဖင့္ ဖမ္းကာ
သုႏၶ၏ ပါးႏွစ္ဖက္လုံးကို တစ္လွည့္စီ နမ္းရႈံ႕လိုက္သည္။

"မစေတာ့ဘူး၊ လာ ေန႕လည္စာစားဖို႔ ၿမိဳ႕ထဲကို သြားၾကမယ္။"

သုႏၶက ေလေပၚတြင္ ခါးက ေနာက္သို႔လန္ေနလ်က္သားအတိုင္း ေစာယြန္း၏ လည္တိုင္ကို လက္ျဖင့္ ခ်ိတ္ကာ ေစာယြန္း၏ ႏႈတ္ခမ္းမ်ားကို သူ၏ ႏႈတ္ခမ္းမ်ားႏွင့္ ထိကပ္လိုက္သည္။ ထို႔ေနာက္ ႏွစ္ေယာက္လုံး ရယ္ေမာလိုက္ၾကၿပီး ေစာယြန္းက သုႏၶ၏ လက္ကို ကိုင္ကာ အိမ္တြင္းမွ ထြက္လာသည္။

ေစာယြန္းက သုႏၶ၏ လက္သူႂကြယ္မွ လက္စြပ္ႏွင့္ သူ၏ လက္သူႂကြယ္မွ လက္စြပ္ကို ၾကည့္လိုက္သည္။ သူျပန္ေတြးမိတိုင္း အရာအားလုံးက အိပ္မက္ဆိုးတစ္ခု မက္ခဲ့သည့္ႏွယ္။

ထိုအျဖစ္အပ်က္ျဖစ္ခဲ့သည္မွာ တစ္ႏွစ္ပင္ ေက်ာ္ခဲ့ၿပီျဖစ္သည္။

လြန္ခဲ့ေသာ တစ္ႏွစ္ခန့္ကျဖစ္သည္။

ဟန္စစ္မင္းက ထိုေန႕က ေစာယြန္း၏ စကားသံမ်ားကိုသာ ၾကားေယာင္ေနခဲ့သည္။ သူခ်စ္ခဲ့ရသည့္ ေစာယြန္းမဟုတ္ေသာ္ျငား ဤေစာယြန္းအေပၚတြင္ သံေယာဇဥ္မရွိဟု သူ တပ္အပ္မေျပာနိုင္ေပ။ သူ႕ကိုယ္သူ အမွားလုပ္ေနမွန္း သိေသာ္ျငား ဆင္ကန္းေတာတိုးသည့္အတိုင္း ဆက္သြားရန္ ေတြးေနမိဆဲျဖစ္သည္။ သို႔ေသာ္ ေစာယြန္း၏ စကားသံက သူ၏ ေခါင္းထဲတြင္ ပဲ့တင္ထပ္ေနၿပီး တစ္ညလုံး အေတြးေပါင္းမ်ားစြာေတြးရင္းျဖင့္ မိုးလင္းသြားခဲ့သည္။

ညေနေစာင္း တစ္ခုတြင္ ေစာယြန္းႏွင့္ သုႏၶတို႔က မထင္မရွားအသြင္ ႐ုပ္ဖ်က္ကာ ၿမိဳ႕ထဲသို႔ ေရာက္ေနၾကသည္။ ထို႔ေနာက္ အသင့္ေစာင့္ေနေသာ ဟန္စစ္မင္းႏွင့္ ဆုံကာ လူသူကင္းရွင္းသည့္ အိမ္တစ္ခုသို႔ သြားခဲ့ၾကသည္။ ထိုအိမ္မွာ ဟန္စစ္မင္း၏ အဘိုးႏွင့္အဘြား ရွိစဥ္က ေနခဲ့ေသာ အိမ္ျဖစ္ၿပီး ယခု မည္သူမွမေနပဲ ဟန္စစ္မင္း သတိရတိုင္း လာရန္ ယခုထိ ထားရွိထားျခင္းျဖစ္သည္။

သုံးေယာက္သား အိမ္ထဲေရာက္သည့္ႏွင့္ ဟန္စစ္မင္းက သုႏၶ၏ ေရွ႕တြင္ ဒူးေထာက္ကာ ကိုယ္ကို ရို႔က်ိဳးလိုက္သည္။

"ကြၽန္ေတာ္မ်ိဳး ႀကီးေလးေသာ အျပစ္ကို က်ဴးလြန္မိေၾကာင္းပါ ဘုရား။ "

သုႏၶက ျပန္မေျဖပဲ ဟန္စစ္မင္းကိုသာ အရင္
ဆြဲထူလိုက္သည္။

"စစ္သူႀကီးကို ကျွန်ုပ် အဆုံးထိ ယုံၾကည္ထားခဲ့တာက အခ်ဥ္းအႏွီးမျဖစ္တာပဲ ဝမ္းသာလွပါၿပီ။"

"အရွင့္သားေပးတဲ့ အျပစ္ဒဏ္ကို ကျွန်ုပ် ခံယူပါ့မယ္ ။"

သုႏၶက အနည္းငယ္ ေခါင္းကို ခါယမ္းကာ
ၿပဳံးလိုက္သည္။

"သင့္ဆီက စာတစ္ေစာင္ရရွိတဲ့အခ်ိန္မွာ
အဝမ္းသာဆုံးလူက အတိုင္ပင္ခံ ေစာယြန္းေပပဲ စစ္သူႀကီး။ သူ႕ရဲ႕အကိုျဖစ္သူက လမ္းမွားကို ေရာက္သြားမွာ အရာရာထက္ ပိုေၾကာက္သူပါ။"

ဟန္စစ္မင္းက ေစာယြန္းကို ၾကည့္လိုက္သည့္အခါ ေစာယြန္းက သြားတန္းညီညီမ်ားေပၚလြင္သည္အထိ ၿပဳံးျပသည္။ သုႏၶက ဆက္ေျပာသည္။

"ကျွန်ုပ်တို့အတွက် သူလွ်ိုအျဖစ္လူလိုတယ္မဟုတ္လား စစ္သူႀကီး။ အသင့္ရဲ႕ အျပစ္ကို ေၾကခ်င္သပဆိုရင္ ကျွန်ုပ်တို့ကို သင္ရတဲ့ သတင္းမွန္သမွ်ကို ေဝမွ်ေပးပါ စစ္သူႀကီးမင္း။"

"မွန္လွပါ ဘုရား ၊ အမိန့္ေတာ္အတိုင္းပါ "

"ေကာင္းၿပီ ။ ေနာက္ႏွစ္ရက္ေနရင္ ကျွန်ုပ်တို့
ဒီအခ်ိန္ ဒီေနရာမွာ ျပန္ဆုံၾကမယ္ "

"မွန္လွပါ "။

"အကို ဟန္စစ္ "

ဟန္စစ္မင္းက ေစာယြန္းကို ၾကည့္လိုက္ၿပီး
ေစာယြန္းက ဟန္စစ္မင္း၏ လက္မ်ားကို ဆုပ္ကိုင္လိုက္သည္။

"ေက်းဇူးတင္ပါတယ္ ၊ အကို အခုလို ဆုံးျဖတ္လိုက္တာ ကြၽန္ေတာ္ တကယ္ ေက်းဇူးတင္ပါတယ္။"

"ကျွန်ုပ်က ေက်းဇူးတင္ရမွာပါ။ အၿငိဳးအေတးေတြနဲ႕ အပူမီးေတြၾကားက ဆြဲထုတ္ေပးခဲ့တာ မဟုတ္လား။ အဲဒီေန႕က ေျပာခဲ့တာေတြအတြက္လည္း ေတာင္းပန္ပါတယ္ ။ ဘယ္ေစာယြန္းပဲ ျဖစ္ျဖစ္ ကျွန်ုပ်အပေါ် ထားတဲ့စိတ္က အတူတူပဲလို႔ ခံစားရတာပ။ "

ဟန္စစ္မင္းက မ်က္လႊာခ်လိဳက္သည္။

"အကိုဟန္စစ္က အၿမဲတမ္း ကြၽန္ေတာ့္ရဲ႕
အကိုႀကီးပါပဲ။ ၿပီးေတာ့ အကိုက အမနဲ႕အဘတို႔အတြက္ တရားမွ်တမႈကို လိုခ်င္တာမဟုတ္လား။ ကြၽန္ေတာ္ ကူညီပါ့မယ္။ "

ဟန္စစ္မင္းက ႐ုတ္တရက္ ဆို႔နင့္လာသည္။
သူကား တစ္ကိုယ္ေကာင္းဆန္ခဲ့မိၿပီး အမွားအမွန္ထက္ လက္စားေခ်လိဳစိတ္ကို ေရွ႕တန္းတင္ခဲ့မိသည္။ သူ၏ အေရွ႕တြင္ ရပ္ေနသည့္
ေစာယြန္းကား သူထိန္းေၾကာင္းလာခဲ့ရေသာ၊ ျမတ္နိုးခဲ့ရေသာ ေစာယြန္းမဟုတ္ေသာ္ျငား
ႏြေးေထြးေသာ လက္မ်ားႏွင့္ သူ႕ကို ခ်စ္ခင္သည့္ ႏွလုံးသားကား ထပ္တူက်သည္ဟု ခံစားမိသည္။

ႏွစ္ရက္ေျမာက္ေန႕တြင္ ထိုအိမ္ကေလးထဲ လူေလးေယာက္ဆုံၾကသည္။ ထိုေလးေယာက္မွာ သုႏၶ ၊ ေစာယြန္း ၊ ဟန္စစ္မင္း ႏွင့္ သီဟတို႔ပင္ျဖစ္သည္။

"အရွင့္သား သူတို႔က ပြဲအခမ္းအနားေန႕မွာ အရွင့္သားကို ဆက္သမယ့္ အစားအေသာက္ထဲ အဆိပ္ထည့္မည္ျဖစ္ေၾကာင္းပါ ။"

ေစာယြန္းက သက္ပ်င္းသာခ်မိသည္ ။

"ကြၽန္ေတာ္ အဲ့အဆိပ္အေၾကာင္း သိခ်င္တယ္ အကိုဟန္စစ္ ။"

"ဆီမီးေတာက္ပင္လို႔ ေခၚတယ္ ေစာယြန္း။ အေသးစိတ္ေတာ့ ကျွန်ုပ်မသိပေမယ့် အဆိပ္နဲ႕ ပတ္သတ္ၿပီး မင္းသမီးမယ္ေဒဝီ က တာဝန္ယူထားေၾကာင္းပါ "

"မင္းသမီးမယ္ေဒဝီက အေနာက္ေ႐ႊေရးေဆာင္မိဖုရားရဲ႕ သမီးေတာ္ မဟုတ္လား "

သီဟက ဝင္ေျပာသည္။

"သီဟ သူ႕အေၾကာင္း သိသလား? "

"သိတယ္ ေနာင္ႀကီးေစာယြန္း ၊ မိဖုရားက ကသည္းေစာ္ဘြားရဲ႕ သမီးေတာ္ ၊ အင္းဝဇာတိမဟုတ္ေပဘူး။ "

"ကသည္း ? --- "

ေစာယြန္းက မ်က္ေမွာင္ႀကဳံ႕က ခပ္တိုးတိုး ေရ႐ြတ္သည္။

"မဏိပူရ လို႔လည္း ေခၚတယ္ ။"

သုႏၶက ဝင္ေထာက္သည္။

ေစာယြန္းက မ်က္လုံးမွိတ္လိုက္ရင္း လက္တစ္ဖက္က ေခါင္းကိုကိုင္ကာ စဥ္းစားသည္။

"အိုး -- သိၿပီ ၊ အိႏၷိယအႏြယ္ဖြားေတြမဟုတ္လား ။ ဒါဆိုရင္ အကိုဟန္စစ္က အဲဒီအပင္ ဝင္လာမယ့္ လမ္းေၾကာင္းကို စုံစမ္းထားေပးပါ ။ ဒါမွ ကြၽန္ေတာ္တို႔ သက္ေသရမွာ။ "

"ေကာင္းၿပီ ေစာယြန္း။ "

"အရွင့္သား သီဟက အဲဒီေဆးပင္အေၾကာင္း စုံစမ္းေပးပါ ဘယ္လို အာနိသင္ရွိလဲ သိထားရမယ္ ၊ ေနာက္ၿပီး ျဖစ္နိုင္ရင္ အဲဒီအဆိပ္မိရင္
ျဖစ္တဲ့ လကၡဏာနဲ႕ ဆင္တူတာမ်ိဳး ျဖစ္ေစတဲ့ ေဆးဝါး တစ္ခုခုရွိသလား သိခ်င္တယ္။ ဒါမွ ေနာင္စိုင္းကို တကယ္အဆိပ္မိတယ္ ထင္ရေအာင္ေပါ့။ "

"ေကာင္းၿပီ ေနာင္ႀကီးေစာယြန္း ။"

"ကျွန်ုပ်ကော? "

သုႏၶက ခပ္တည္တည္ျဖင့္ေမးသည္။
တစ္ေယာက္ခ်င္းစီ တာဝန္ရေသာ္လည္း သူ႕အား ေစာယြန္းက ဘာမွမေျပာေသာေၾကာင့္
မ်က္ႏွာေသႏွင့္ ဝင္ေျပာသည္။

"ေနာင့္စိုင္းက ပီအိုက္နဲ႕ ေလ့က်င့္ရမယ္ ။ "

"ဘာကိုလဲ?"

"အရွင့္သားက သ႐ုပ္ေဆာင္ေလ့က်င့္ရမယ္ေလ။ ေပါ့ေသးေသး အိုက္တင္မဟုတ္ဘူး။ အဆိပ္မိတဲ့ပုံစံ သ႐ုပ္ေဆာင္ရမွာ။ ပီအိုက္ကို မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေစမယ့္ အိုက္တင္မ်ိဳး လုပ္ရမွာ။"

သီဟႏွင့္ ဟန္စစ္မင္းက အိုက္တင္ဟူသည့္ စကားလုံးမ်ားကို အသံမထြက္ပဲ ေရ႐ြတ္ေနၾကၿပီး မ်က္ေမွာင္ၾကဳတ္ေနၾကသည္။ သုႏၶကမူ အလြန္ေလးနက္သည့္ မ်က္ႏွာထားျဖင့္ ေခါင္းတဆတ္ဆတ္ညိတ္ေနၿပီး ေစာယြန္းကမူ အႏုပညာတကၠသိုလ္တက္ခဲ့စဥ္က တစ္ခန္းရပ္ျပဇာတ္မ်ားတြင္ သ႐ုပ္ေဆာင္ခဲ့ဖူးသည့္ အိုက္တင္မ်ားကို ျပန္စဥ္းစားေနမိသည္။

သို႔ႏွင့္ ပြဲေန႕သို႔ ေရာက္ရွိလာခဲ့သည္။

ယုံၾကည္စိတ္ခ်ရေသာ အေစခံကိုသာ ၫႊန္ၾကားထားၿပီး သုႏၶ၏ ဟင္းပြဲကို လဲခဲ့သည္။

သုႏၶက နန္းတြင္းသမားေတာ္ထံမွ ေဆးတစ္ဖုံကို ႀကိဳတင္ေသာက္ထားကာ အဆိပ္မိသေယာင္ လဲက်သြားခဲ့သည္။

သို႔ေသာ္ မိဖုရားက သူ၏ အႀကံအစည္တစ္ခုကို ဟန္စစ္မင္းအား ကြယ္ဝွက္ထားခဲ့သည္။ သုႏၶတို႔ဘက္မွ အားလုံး စီစဥ္ထားသည့္အတိုင္း အဆင္ေျပခဲ့ေသာ္လည္း ေစာယြန္းအေပၚ အကြက္ခ် စီစဥ္ခဲ့သည့္အေပၚ ခ်က္ခ်င္း မတုန့္ျပန္နိုင္ခဲ့ေပ။

ေစာယြန္းက အခ်ဳပ္ထဲတြင္ ေနခဲ့ရၿပီး
ဟန္စစ္မင္း ႏွင့္ သုႏၶ သည္လည္း အနည္းငယ္ အခ်င္းမ်ားခဲ့ၾကသည္။ သီဟက ၾကားမွ ျဖန္ေျဖကာ ေစာယြန္းအား အရင္ ကယ္ရန္ ေျပာမွသာ ေျပလည္သြားခဲ့ၾကသည္။

ေစာယြန္းသည္ ဘဝတြင္ ပထမဆုံး အခ်ဳပ္ခန္းတြင္ ေနဖူးခဲ့ၿပီး ဟိုဟိုဒီဒီ အေတြးမ်ားစြာေတြးမိခဲ့သည္။ ဤလွည့္ကြက္ကို ႀကိဳတင္မစဥ္းစားထားမိ၍ မိဖုရားႀကီးႏွင့္ တကြ အေပါင္းအပါမ်ားကိုလည္း ေမတၱာပို႔မိေသးသည္။ သည္ၾကားထဲ
ဟန္စစ္မင္းက ပုဝါႏွင့္ လက္စြပ္လာပို႔ကာ သုႏၶ ေဘးကင္းေၾကာင္း အခ်က္ျပခဲ့သည့္အတြက္ စိတ္ေအးခဲ့ရသည္။ သုႏၶသည္သာ ထိုပုဝါႏွင့္ လက္စြပ္အေၾကာင္းသိသျဖင့္ ေစာယြန္း၏ ရင္ဘတ္ထဲမွ အလုံးႀကီးက က်သြားခဲ့သည္။

ကံဆိုးစြာျဖင့္ ညအခ်ိန္မေတာ္ ေမွာင္ရိပ္ခိုကာ မင္းသမီး မယ္ေဒဝီက အက်ဥ္းေဆာင္အျပင္တြင္ သူ႕အား ေတာက္ေလွ်ာက္ ၾကည့္ေနခဲ့သျဖင့္ ရွိသမွ် မ်က္ရည္မ်ား ညွစ္ထုတ္ကာ ဝမ္းနည္းေစရန္ အေတြးေပါင္းစုံေတြးခဲ့ရေသးသည္။

ေနာက္ဆုံးငို၍ မရေတာ့ခ်ိန္တြင္ သူေသရေတာ့မည္ဟုသာ ေတြးေနခဲ့မိသည္။ ရိုမီယို ဂ်ဴးလိယက္ျပဇာတ္ထဲမွ ဂ်ဴးလိယက္ကား ေသၿပီဟု အထင္ေရာက္ေနေသာ ရိုမီယိုကဲ့သို႔ မုဒ္ အျပည့္သြင္းရေသးသည္။ ေစာယြန္းကားထိုညလြန္ေသာအခါ ေနာင္ဘဝအဆက္ဆက္တြင္ မင္းသား မင္းသမီး မလုပ္ဟု ဆုံးျဖတ္လိုက္ရသည္။

သို႔ေသာ္ တစ္ညလုံးမအိပ္ထားသျဖင့္ လူက ေၾကာင္အမ္းအမ္းျဖစ္ေနမိသည္။ အင္းဝျပည့္ရွင္က သူ႕ကို ေသမိန႔္ခ်သည့္အခါမွ အသိျပန္ဝင္လာၿပီး သုႏၶအျမန္ဆုံးေရာက္လာေစရန္ ဆုေတာင္းေနရသည္။ မိနစ္ပိုင္းအတြင္း ဘုရားစာေပါင္းစုံ သိသမွ် မွတ္သမွ် တတြတ္တြတ္႐ြတ္ၿပီးေနာက္တြင္ ကံေကာင္းေထာက္မစြာျဖင့္ သုႏၶ၊ ဟန္စစ္မင္းႏွင့္ သီဟတို႔က ေရာက္လာခဲ့သည္။

အရွင္မင္းႀကီးသည္ သုႏၶကို ျမင္သည္ႏွင့္ အံ့ၾသသြားေလသည္။ သုႏၶက ခမည္းေတာ္၏
ေျခေတာ္ရင္းအပါး ၀ပ်တွားကာ ေလွ်ာက္တင္သည္။

"ခမည္းေတာ္ဘုရား ၊ အတိုင္ပင္ခံေစာယြန္းမွာ အျပစ္မရွိေၾကာင္းပါ ဘုရား။ သားေတာ္ ယခုလို အသက္ရွင္ေနသည္မွာလည္း အတိုင္ပင္ခံ
ေစာယြန္းေၾကာင့္ပါ ဘုရား ။"

"ခမည္းေတာ္ကို ျဖစ္ေၾကာင္းကုန္စင္ ေလွ်ာက္တင္စမ္း ။ "

"သားေတာ္ ေလွ်ာက္တင္ပါ့မယ္ ဘုရား။ ကိစၥအားလုံးရဲ႕ ေနာက္ကြယ္မွာ ျခယ္လွယ္ေနသူမွာ ေျမာက္နန္းမိဖုႀကီး ျဖစ္ေၾကာင္းပါဘုရား။ "

အနားရွိ အမတ္မ်ား၏ တီးတိုးသံမ်ားက ခဏမွ် ထြက္ေပၚလာၿပီး သုႏၶက ဆက္လက္ေလွ်ာက္တင္သည္။

"ေျမာက္နန္းမိဖုရားမွာ ထီးနန္းကို လိုခ်င္တပ္မက္ေသာေၾကာင့္ သားေတာ္ကို လုပ္ႀကံရန္ ႀကံစည္ေၾကာင္းပါ ဘုရား။ သက္ေသအေနျဖင့္ စစ္သူႀကီးဟန္စစ္မင္းက သက္ေသျပဳေပးနိုင္ေၾကာင္းပါ။ "

ဟန္စစ္မင္းက ေရွ႕သို႔ ထြက္လာကာ အရွင္မင္းႀကီး၏ ေရွ႕တြင္ ဒူးေထာက္ထိုင္လိုက္သည္။

"ကြၽန္ေတာ္မ်ိဳး ေလွ်ာက္တင္ပါရေစ ဘုရား။ ကြၽန္ေတာ္မ်ိဳးကို လုပ္ႀကံမႈမွာ ပူးေပါင္းပါဝင္ၿပီး မင္းသားနႏၵထံ သစၥာေတာ္ခံယူရန္ ေျမာက္နန္းမိဖုရားက စည္႐ုံးခဲ့ေၾကာင္းပါ ။ အဲဒီေနာက္မွာ အတိုင္ပင္ခံေစာယြန္းႏွင့္ တိုင္ပင္ခဲ့ၾကၿပီး အမႈကို သက္ေသႏွင့္ တကြ ေဖာ္ထုတ္ရန္ ႀကိဳးစားခဲ့ေၾကာင္းပါ "

"ခမည္းေတာ္ ဒီျပႆနာမွာ မင္းသမီး မယ္ေဒဝီ လည္း ပါဝင္ေနၿပီး အဆိပ္ကို မဏိပူရျပည္မွ တိုင္းတစ္ပါး ကုန္သည္ေတြမွ တစ္ဆင့္ သယ္ေဆာင္ခဲ့ေၾကာင္းပါ၊ ထို ကုန္သည္ေတြကိုလည္း ဖမ္းမိထားေၾကာင္းပါ ။"

"ဒါဆို သားေတာ္ ပြဲေန႕က တကယ္ပဲ အဆိပ္မိတာ မဟုတ္ေပဘူးလား?"

"မွန္လွပါ ၊ သားေတာ္တို႔ဘက္က အေျခအေနအားလုံးကို ႀကိဳတင္သိၿပီးတာေၾကာင့္ အစားေသာက္ကို လဲထားခဲ့ပါတယ္ ဘုရား။ ဒါ့အျပင္ နန္းတြင္းသမားေတာ္ႀကီးထံမွ ထိုအဆိပ္ရဲ႕ လကၡဏာႏွင့္တူေသာ ေဆးဝါးကို ႀကိဳတင္စီမံထားခဲ့ေၾကာင္းပါ ဘုရား ။ ဒါေၾကာင့္ သည္အစီအစဥ္တစ္ခုလုံးကို ဦးေဆာင္ေျဖရွင္းေပးသူဟာ အတိုင္ပင္ခံ ေစာယြန္း ျဖစ္ေၾကာင္းပါ။ "

"အခ်ိန္မွီေရာက္လာ၍သာ ကံသီေပတာပ အတိုင္ပင္ခံေစာယြန္းမွာ အျပစ္မရွိသည္မို႔ အႏွောင္အဖြဲ႕မွ လြတ္ေစ။ "

ေစာယြန္းကမူ တစ္ညလုံးမအိပ္ထားသျဖင့္စိတ္ကိုေလွ်ာ့ခ်မိလိုက္သည့္အခါ ထိုေနရာတြင္ ပုံလ်က္သား လဲက်သြားၿပီး ခန္းမေဆာင္၏ ၾကမ္းျပင္ေပၚတြင္ တရႈးရႈး အိပ္ေမာက်သြားေလသည္။

ရက္အနည္းငယ္ၾကာသည့္အခါ အိမ္ေရွ႕စံကို အရိုက္အရာမွခ်ကာ မင္းသားသီဟသို႔ ဥပရာဇာဘြဲ႕ေျပာင္းလႊဲေပးအပ္ေၾကာင္း ေၾကညာခ်က္တစ္ခုထြက္လာခဲ့သည္။

ေျမာက္နန္းမိဖုရားကား နန္းခ်ခံရကာ နယ္ႏွင္ဒဏ္အေပးခံရၿပီး နႏၵကမူ ၿမိဳ႕စားအျဖစ္ အပိုင္စားရသည့္ ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕ခဲ့ရသည္။ နႏၵကား ေနာက္ဆုံးအခ်ိန္တြင္ သုႏၶတို႔ကို အကူအညီေပးခဲ့သည္။ ကုန္သည္မ်ားကို အျမန္ဆုံးရွာေတြ႕နိုင္ခဲ့ရန္ နႏၵက ကူညီေပးခဲ့ျခင္းျဖစ္ကာ နႏၵ၏ အကူအညီမပါလွ်င္ ေစာယြန္းကား ေသၿပီးႏွင့္ေလာက္သည္။

သီဟမွာ စစ္သူႀကီးျဖစ္ရန္ အိမ္မက္ရွိေသာ္ျငား ႐ုတ္တရက္ အိမ္ေရွ႕စံ ျဖစ္လာေသာေၾကာင့္ အကိုေတာ္ထံ မေက်မနပ္သြားေျပာခဲ့ေသးသည္။
ေစာယြန္းကမူ သည္ညီအကိုမ်ားကို ၾကည့္ကာပင္ ရယ္မိေတာ့သည္။

သုႏၶကား ေနာက္ဆုံးတြင္ သိႏၷီၿမိဳ႕၌ ေစာယြန္းႏွင့္အတူ အေျခခ်ခဲ့သည္။ ၿမိဳ႕ငယ္ေလးတြင္သာ
မထင္မရွားေနထိုင္ၾကၿပီး ကေလးငယ္မ်ား စာသင္ေပးကာ ဘဝကို ေအးခ်မ္းစြာ ေနထိုင္ခဲ့ၾကသည္။

Continue Reading

You'll Also Like

142K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...
P I E C E S By Arr_Sheng

Mystery / Thriller

65.5K 7.9K 10
This story book presented by Zawgyi & UNICODE. #Zawgyi ဤဇာတ္လမ္းတြင္ ပါဝင္ေသာ ဇာတ္ေကာင္၊အေၾကာင္းအရာမ်ားသည္ စာေရးသူ၏ ကုိယ္ပုိင္စိတ္ကူးျဖင့္ ဖန္တီးေရးသ...
490K 23.1K 50
Seme က Uke ကို ဘယ္​​ေလာက္​ခ်စ္​သလဲ? ငံုထားမတတ္​ခ်စ္​ပါတယ္​။ 😁😁😁 ကိုယ္​့အႀကိဳက္​ angst ​ေတြ drama ​ေတြ​ေရးၿပီး​ေတာ့ စာဖတ္​သူအႀကိဳက္​​ေလး​ေရးျဖစ္​တာ...
497K 50.3K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...