α€‘α€žα€€α€Ία€”α€Ύα€„α€Ία€·α€œα€²α (Completed)

By EmmaXing95

193K 11K 86

1st Fiction❀️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 23

3.3K 218 2
By EmmaXing95


Unicode

ဝမ်နင် သတိမရခင်အချိန်မှာ စစ်ကျွေးက ဘေးမှာစောင့်ပေးနေတယ် အစ်မဝမ်ချင်က သူစောင့်မယ်လို့ပြောပေမဲ့ အခုလေးတင် ခွဲခန်းဝင်ထားရတာ သူနားပါစေဆိုပြီး စစ်ကျွေးက ဘေးမှာတစ်ချိန်လုံးစောင့်ပေးနေတာ သတိရလာတဲ့အထိပဲ

"အင်း...ကျဲ"

"အစ်ကိုဝမ်နင် သတိရလာပြီလား ကျွန်တော် အစ်ကိုကျိုးချန်ကို သွားခေါ်လိုက်မယ်"

ကျိုးချန်က စစ်ကြည့်ပြီးတော့ ဘာမှစိုးရိမ်စရာမရှိတော့ကြောင်း ‌ေြခထောက်ပြန်မကောင်းမခြင်း ဘာမှလွန်လွန်ကျွံကျွံ မလုပ်ဖို့မှာသည်

အဲ့နောက်မှာတော့ ရောက်လာပါပြီ သူရဲ့သူငယ်ချင်းကြီး အမှန်တော့ ဟိုက သေနတ်နဲ့ ရိပေါ်ကိုပစ်တာ သူကနောက်ကရိပေါ်ကိုဆွဲချလိုက်တော့ ဟိုကမထိလို့ဆိုပြီးထပ်ပစ်ခါမှ သူ့ခြေထောက်ကိုမှန်တာ အမြန်ပစ်ပြီး မောင်းပြေးသွားတာမို့ ‌ေြခထောက်ပဲမှန်တာ ပစ်တဲ့သူက လက်တည့်ပုံမရဘူး

ဆေးရုံကားခေါ်ထားပေမဲ့ နောက်သေနတ်ထိတဲ့ တစ်ယောက်ရှိသေးတယ် တော်တော်သွေးထွက်လွန်နေပြီဖြစ်တာကြောင့် ရိပေါ်က သူ့အဝတ်ကိုချွတ်ပြီး ဖိထားပေးတာ အကျင်္ ီကိုရှောင်းကျန့်က မြင်ပြီး ရိပေါ်လို့ထင်သွားမိတာ

"ကဲ ဘိုးတော်အခုမှ ရောက်လာတာပေါ့လေ ငါကတော့ မင်းကိုကယ်ထားရတာ"

"မဟုတ်ပါဘူးကွာ ငါတစ်ခြားအစ်ကိုတစ်ယောက် (သေနတ်ထိတဲ့ရဲ) မိသားစုတွေရောက်မလာသေးလို့ စောင့်ပေးနေရတာ မင်းမှာ စစ်ကျွေးရှိတာပဲ သာယာနေပြီးတော့များ"

"ဗျာ"

စစ်ကျွေးအသံဖြစ်သည်

"ဟေ့ကောင် ဘာတွေလျှောက်ပြောနေတာလဲ စစ်ကျွေးက ငါ့ကိုစောင့်ပေးရုံပဲ ဘာမှမလုပ်ဘူး"

"အေးပါ"

"နေဦး နေဦး မင်းခုနက စကားအများကြီးပြောသွားတယ်"

"အဲ့တော့ဘာဖြစ်လဲ"

"မင်း တစ်ခုခုပျော်စရာရှိလို့လား မင်း တရားခံလွတ်သွားတာတောင်မှ ပျော်နိုင်သေးတယ်နော်"

"ဟုတ်သားပဲ အဲ့ကိစ္စရှိသေးတာပဲ"

"အေး အစ်ကိုရှီးချန်က သန်ဘက်ခါမှ အလုပ်ဆင်းမှာ မနက်ဖြန်မင်းတစ်ယောက်ထဲ အပင်ပန်းခံလိုက်ဦးပေါ့"

ဝမ်နင်ပြောသည့်အတိုင်းပါပင် စခန်းရောက်တော့ အဖွဲ့မှူး အော်တာခံလိုက်ရသည်
တိုင်စာတွေများပုံလို့

မီးနီဖြတ်ခြင်း ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးခြင်း စသဖြင့် သူတစ်ယောက်ထဲအကုန်ရှင်းရသည်

အနီးနားက CCTV ကိုရှာပြီး ဆိုင်ကယ်နံပါတ်ကိုကြည့်တော့ နံပါတ်ပြားမရှိတဲ့ဆိုင်ကယ်တွေ ဘယ်ကငှားထားမှန်းမသိဘူး ကျန်းလီမင် ခင်ဗျားကတော့ မှားပြီးရင်း မှားနေပြီ

"ရှောင်းကျန့် လာထိုင်စမ်း"

ကျိုးချန် ရှောင်းကျန့်ကိုအတင်းဆွဲကာ နားနေခန်းထဲခေါ်သွားလေသည် ဟိုမှာအကုန်လုံး
တစ်ယောက်မကျန်ရှိနေသည် ဝမ်ချင်ကလွဲလို့ သူက ဝမ်နင်ကို စောင့်ပေးနေတာလေ

"ဘာဖြစ်လို့လဲ"

"မင်း ခုနကအကြောင်းဆက်ပြောစမ်း တကယ်အနမ်းခံလိုက်ရတာလား"

မေ့လောက်ပြီဆို ပြန်အစဖော်တဲ့လူရှိကိုရှိတယ်

"အင်း အိပ်မက်ထဲမှာလေ"

"အပိုတွေမပြောနဲ့ မင်း...သေချာလား မဟုတ်မှ..အွန့်"

ကျိုးချန် ပါးစပ်ကိုပိတ်ကာ

"မင်းမဟုတ်တာတွေ ပြောတော့မှာမလား ငါဒီတိုင်း အိပ်မက်မက်တာပါကွာ ပြီးတော့ အဲ့တာငါ့ကိုနမ်းသွားတာ ဘယ်သူလဲဆိုတာ ငါစဥ်းစားနေတာနဲ့ အလုပ်တွေမှားကုန်တာပါကွာ"

"အွန်းးးးး"

"အစ်ကို အဲ့တာမိန်းကလေးလား ချောလားဟင်"

စစ်ကျွေးက မေးတော့
ရှောင်းကျန့် ကျိုးချန်သဘောထားကို သိချင်တာကြောင့်

"မဟုတ်ဘူး ယောကျာ်းလေး"

"ဘာ!!!!"

"ယောကျာ်းလေးတစ်ယောက် ရဲဝတ်စုံနဲ့ ခပ်ချောချောလေးကွ"

ကျိုးချန် အတင်းဖယ်ကာ

"အဲ့တာ ဟိုကောင်လေး...."

ထပ်အပိတ်ခံလိုက်ရပြန်သည်

"ကဲပါ လျှောက်ပြောမနေနဲ့ ငါလုပ်စရာရှိလို့သွားလိုက်ဦးမယ်"

ပြောပြီး ထွက်လာကာ သူ့ဖုန်းထဲက ရိပေါ်မှတ်ထားတဲ့ "ရိပေါ်တိ" ဆိုတဲ့ contact ကိုနှိပ်ကာ ဖုန်းခေါ်လိုက်သည်

ရိပေါ် အနီးနားက CCTV တွေထဲမှာကျင်းဇီရွှမ်းရဲ့ ကားကိုလိုက်ရှာနေတာ အခုထိမတွေ့သေးဘူး

*ဘယ်ပျောက်သွားတာလဲ
တစ်နေရာရာမှာတော့ ရိုက်ထားမိလောက်မှာပါ*

ဖုန်းလာတာကြောင့် ကိုင်လိုက်တော့ ကျန့်ကော

"ရိပေါ် မင်းဘယ်မှာလဲ"

"ကျွန်တော် အပြင်ရောက်နေတာ စုံစမ်းစရာလေးရှိလို့"

"အော် မအားဘူးပေါ့"

"ဘာဖြစ်လို့လဲ ကျွန်တော့်ကိုပြောစရာရှိလို့လား"

"မဟုတ်ပါဘူး မင်းမအားမှတော့ နောက်မှပေါ့"

ပြောပြီး ဖုန်းချသွားသည်

နာရီကြည့်တော့ ၄ နာရီ ဒီနေ့ ကျန့်ကောညဂျူတီရှိတယ်ထင်တယ် ၉ နာရီလောက်သွားကြိုရမယ်
ဆေးရုံမှာ မအိပ်‌ေစချင်ဘူး

ရိပေါ်နားထဲမှာ ကြားယောင်နေတာက ကျန်းစစ်လီရဲ့ ခြိမ်းခြောက်တဲ့စကားကိုပဲ သူ့အဖေက ထွက်ပြေးစေချင်တယ် သူကတော့ ထပ်ကျူးလွန်ချင်တယ် သူ ဒီလောက်လုပ်နိုင်တာ သူ့အဖေရှိနေလို့ပါ ဒီအတိုင်းဆို ဒီတစ်ခါ တစ်ခါထဲထောင်ထဲရောက်သွားအောင် နောက်က သူ့အဖေကိုဆွဲချရမယ် ဒါပေမဲ့လူတိုင်းရဲ့ အချစ်တော်ကြီးကို ငါဘယ်လို ယှဥ်တိုက်ရမလဲ

ကျန့်ကောကို ထပ်ထိလို့ကတော့ မင်းကိုသတ်ပြီး ငါထောင်ထဲဝင်မယ် ကျန်းစစ်လီ မင်းလိုလူမျိုး သေမှအေးမယ်

တစ်နေရာကိုဖုန်းထပ်ဆက်ပြီး

"ကျွန်တော်ပါ ကျန်းလီမင်ရဲ့ သမီး ကျန်းယန်လီရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပေးပါလား လိုအပ်လို့ပါ.."

ရှောင်းကျန့်ဘက်ကလည်း သူ့စိတ်သူဆန်းစစ်နေသည် သူရိပေါ်အပေါ် ဘယ်လိုစိတ်ထားရှိလဲဆိုတာ ဒါပေမဲ့ ခုနကလို့အခြေအနေမျိုးဆိုရင် သူပဲရင်ကွဲရမှာ ရိပေါ် သွေးသံရဲရဲနဲ့ ဆေးရုံကိုရောက်လာမဲ့တစ်နေ့တော့ ရှိလာမှာပဲ သူတို့နှစ်ယောက် စသိတုန်းကတောင် သူကသတိလစ်နေခဲ့တာ အဲ့လိုအခြေအနေအတွက် သူကြံ့ခိုင်ပါ့မလားဆိုတာပဲ

ရိပေါ်က မှီခိုချင်စရာကောင်းတယ် နွေးထွေးတယ် သူ့ကိုဂရုစိုက်တယ် ဒါတွေကို သူသဘောကျတယ် တစ်ခုပဲ သူနဲ့တစ်သက်လုံးအတူရှိနိုင်ပါ့မလား သူကရဲလေ ပြီးတော့ မားတို့သာသိသွားရင်...

ရှောင်းကျန့် စိတ်ထဲလွန်ဆွဲနေသည် နှလုံးသားအလိုကို လိုက်ပြီး အချစ်ဆိုတဲ့အရာဆီမှာ ကံကြမ္မာကို မျက်စိမှိတ်ပုံအပ်ရမလား ဒါမှမဟုတ် ဦးနှောက်နဲ့ ဆုံးဖြတ်ပြီး ဒီအတိုင်းပဲဆက်သွားမလားဆိုတာ

ဒါတွေကို သူ့ရင်ထဲမှာပဲ သိမ်းထားပြီး ဘယ်သူ့ကိုမှ ထုတ်မပြောပေ

ကျိုးချန်ကိုပြောလိုက်ကာမှ မားတို့သိသွားရင် ကိုယ့်စိတ်ကိုယ် မဆုံးဖြတ်နိုင်သေးခင် စင်ကာပူကိုမှာ သွားနေရလိမ့်မယ် နဂိုကမှ စိတ်မချဖြစ်နေတာ ကျိုးချန်နဲ့မို့လို့ လွှတ်ထားတာ

ည ၈ နာရီ ၄၅ မိနစ်

ရှောင်းကျန့် အရမ်းပင်ပန်းနေပြီ ဆက်တိုက် ခွဲခန်းဝင်ရတာ ဒီတိုင်းဆို အိမ်ပြန်နိုင်မှာ မဟုတ်ဘူး ဆေးရုံမှာပဲ အိပ်ရတော့မယ်

✉️ကျန့်ကော ကျွန်တော်လာကြိုမယ် စောင့်နေနော် ဘယ်မှမသွားနဲ့✉️

စာဝင်လာလို့ ဖတ်ကြည့်တော့ ရိပေါ်ဆီက တကယ်ပါပဲ သူ့ကိုအားတောင်နာလာပြီ အမြဲတမ်း အကြိုအပို့လုပ်နေတာ

✉️အင်း စောင့်နေမယ်✉️

ဆေးရုံရှေ့မှာ ရပ်စောင့်နေတဲ့ရှောင်းကျန့်

မကြာပါဘူး ရိပေါ်ရောက်လာတယ် ကားနဲ့

"ကျန့်ကော တက်လေ"

"အိမ်မပြန်ချင်သေးဘူး ဟိုနားမှာ တစ်ခုခုသွားစားရအောင်"

ပြတဲ့နေရာကြည့်လိုက်တော့ ညစျေးတန်းတစ်ခု ဆေးရုံနဲ့ ခပ်လှမ်းလှမ်းမှာ ဒီလိုနေရာရှိမှန်းသူမသိခဲ့ဘူး

"ညစာမစားရသေးဘူးလား"

"ပြီးပြီ ဗိုက်ထပ်ဆာလာလို့ ဟီး.."

"ကောင်းပြီလေ သွားမယ်"

"ကားနဲ့မသွားချင်ဘူး"

"အာ့ဆို လမ်းလျှောက်သွားမှာလား"

"အင်း"

ရိပေါ်ကားပေါ်ကဆင်းပြီ နှစ်ယောက်အတူသွားကြလေသည်

လမ်းလျှောက်နေရင်းက မျက်လုံးလေးမှိတ်ကျသွားလိုက် ပြန်ဖွင့်လိုက်နဲ့လုပ်နေတဲ့ ကျန့်ကောကို ရိပေါ်အသည်းယားလွန်းလို့

"ကော အိပ်ချင်နေပြီမလား ဝယ်ပြီး အိမ်ရောက်မှစားမယ်လေ"

"အင်း"

"လာ ကျွန်တော့်ကျောပေါ်တက်"

သူ့ရှေ့မှာ ထိုင်ချလိုက်တဲ့ရိပေါ် ပါးစပ်က မတက်ဘူးလို့ပြောနေပေမဲ့ ပင်ပန်းနေတဲ့
ကိုယ်‌ေလးက ‌ေကျာပေါ်ရောက်တောင်နေပြီ

ရဲသားလေးက ကျောပေါ်က ဒေါက်တာလေး အိပ်‌ေပျာ်အောင် ‌ေြဖးဖြေးချင်းလျှောက်‌ေပးနေသည်

ည ၉ နာရီဆိုပေမဲ့ လူတော်တော်များများသွားနေကြတုန်းပေ

တော်တော်ကြာအောင် အသံမကြားရတော့မှ အိပ်ပျော်သွားမှန်းသိပြီး စားစရာဝယ်ကာ အမြန်ပြန်ရတော့သည်

##########

💞Mei Xing💞

ကိုယ်က ထည့်ရေးချင်တာအများကြီး
အပိုင်းရှည်လို့ဆိုပြီး မဖတ်ကြတော့မှာစိုးလို့

မြန်မြန်တွဲစေချင်လား
မထိတထိလေးပဲဆက်ဖတ်မလား

Zawgyi

Continue Reading

You'll Also Like

170K 6.6K 48
It's a love and forced marriage story of an arrogant young man and a cute dreamworld mesmerised girl.He married her forcefully,... Will they fall in...
378K 12.7K 74
𝐛𝐨𝐨𝐀 𝐨𝐧𝐞. gilmore girls universe. π™š | B L U E Λ–βΊβ€§β‚ŠΛšβ™‘Λšβ‚Šβ€§βΊΛ– ─── blue eyes like the sea on a cold, rainy day ❝ π˜‰π˜“π˜œπ˜Œ π˜Œπ˜ π˜Œπ˜‹ π˜‰π˜Œπ˜ˆπ˜œπ˜›οΏ½...
220 60 15
"α€’α€«α€†α€­α€―α€α€™α€»α€¬α€Έα€œα€Šα€Ία€Έα€žα€­α€‘α€¬α€Έ!!α€žα€Όα€‡α€¬α€‚α€―α€α€Ία€†α€­α€―α€α€šα€Ία€·α€€α€»α€―α€•α€Ία€€α€…α€­α€α€Ία€α€­α€―α€›α€„α€Ία€™α€›α€α€‚α€―α€α€Ίβ€‹α€•α€Όα€±α€¬α€„α€Ία€Έα€žα€½α€¬α€Έα€α€α€Ία€α€šα€Ία€†α€­α€―α€α€¬" "α€™α€„α€Ία€Έα€˜α€¬α€·α€™α€„α€Ία€Έα€™α€›α€α€™α€€α€œα€­α€―α€·α€”α€α€›α€€α€Ίβ€‹α€•α€Όα€±α€¬α€„α€Ία€·α€Έα€•α€Όα€±α€¬α€„α€Ία€Έα€„α€«α€·α€œα€¬α€™β€‹α€•α€Όα€±α€¬α€”α€²α€·α‹β€‹α€‘α€±α€Έ..င...