Black Orchid

By thei-xtet-naung

505 15 3

"pan....ကိုယ့္ကိုေစာင့္ေနပါ" #Rayan "ကြၽန္ေတာ္...ထပ္ေစာင့္ေနမယ္...ကြၽန္ေတာ့သခင္ေလး" #Pan More

ဝီလ္ဆင္မိသားစုေသဆံုးျခင္း🐾
ဘာနီဇလာေတာအုပ္ထဲကသစ္လံုးအိမ္🕸
သစ္ခြပင္ကို ယူလာမိၿပီ🍂

အမည္မသိဧည့္သည္❄

19 3 0
By thei-xtet-naung

Unicode

နောက်တစ်နေ့မနက်မှာတော့ Rayan ဟာစောစီးစွာပဲနိုးထလာတယ်။ သူအရင်ဆုံး လုပ်တာကတော့ ခြံအနောက်ထဲသွားပြီး ပန်းပင်ကို သွားကြည့်တာပဲ...ပန်းပင် မရှင်သန်မှာ သူစိုးရိမ်တယ်။ ကံကောင်းစွာပဲ ပန်းပင်လေးဟာ ကောင်းမွန်စွာ ရှင်သန်နေခဲ့တယ်။ သူလည်းပဲ စိတ်ချသွားပြီး ကိုယ်လက်သန့်စင်ကာ ရွာထဲထွက်သွားခဲ့တယ်။ ရွာထဲကပြန်လာတော့ သူနှင့်အတူ Tytan ပါလာခဲ့တယ်။ ကောင်ငယ်လေးဟာ ပျော်ရွှင်စွာ လိုက်လာခဲ့တယ်။ သူမြို့သွားတုန်းက အကြောင်းတွေလည်း ပြောရင်းပေါ့...

သူတို့နှစ်ဦးသား မနက်စာ အတူတူစားကြပြီး စာသင်ကြတယ်။ တခါတရံ Tytan အိပ်ငိုက်နေတတ်တယ်။ နွေလယ်ရောက်လာတော့ Tytan မလာတော့ပေ...သူတို့ မအားလပ်ကြတော့သောကြောင့်...သစ်ခုတ်သမားဟာလည်း တခြားအလုပ်ကို ရှာနေတယ်ကြားတယ်။
ရာသီတွေလည်း ကုန်လာပြီး ဆောင်းဦးပေါက်လာခဲ့တယ်။ တစ်ခုသော ဆောင်းမနက်မှာ Rayan ဟာထုံးစံအတိုင်း ခြံနောက်ထဲဆင်းလာခဲ့တယ်။ ခြံအနောက်ထဲက တစ်ချို့နေရာတွေမှာ နှင်းတစ်ချို့ရှိနေတယ်။ ကံကောင်းစွာပဲ သူဟာကြိုတင်ပြင်ဆင်ခဲ့လို့ ဆောင်းတွင်းအတွက် ပူနေစရာမလိုပေ။ သို့သော်လည်း သူ့ပန်းပင်တွေ အတွက်တော့ပူပန်နေရတုန်းပဲ...သူပန်းပင်တွေအနား ရောက်တဲ့အခါမှာတော့...လေထဲမှာ တွဲလောင်းကျနေတဲ့သစ်ခွပင်လေးမှာ အဖူးလေးတစ်ဖူးထွက်နေခဲ့တယ်။ သူဝမ်းသာ သွားတယ်။ နောက်ဆုံးတော့ မင်းပွင့်တော့မယ်ပေါ့...

နှစ်ရက်ခန့် ကျော်လွန်ပြီးနောက်မှာတော့ သစ်ခွပန်းလေးဟာ ပွင့်အာလာခဲ့တော့တယ်။ အလွန်ကိုလှပပြီး ကြီးမားတဲ့ပွင့်ဖက်တွေနဲ့ သစ်ခွနက်လေးပေါ့...အရမ်းကိုလှတယ်။ Rayan သူဟာ ပန်းလေးကို အခိုင်လိုက်ခူးယူလာခဲ့တယ်။ သူ့အိပ်ခန်းထဲက စားပွဲပေါ်မှာ သူပန်းအိုးနဲ့ထားထားတယ်...ပန်းဟာတစ်ပွင့်ထဲ ပွင့်အာနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သစ်ခုတ်သမားရဲ့ အိမ်မှာ...

"အဖေ..ရွာထဲကမိန်းမကြီးပြောတာကြားခဲ့တယ် ပန်းပွင့်ပြီတဲ့..."

"အိုး..ကောင်းရောကွာ ငါသခင်ငယ်လေးကိုမပြောပြခဲ့ရဘူး"

"ဘယ်လို..."

ဒါကတော့ Manni ဆီကအသံပေ။ အံ့သြနေတဲ့ Manni ဟာသူမခင်ပွန်းကို ဆူဆဲနေခဲ့တယ်။ တောထဲသွားဖို့က မဖြစ်နိုင်တော့ပေ။ နှင်းတွေဖုံးလာတော့မည်...

"သခင်လေး Rayan ခြံထဲမှာတော့ ကျွန်တော်သစ်ခွပင်မတွေ့ခဲ့ဘူး အမေ သူမခူးဘူးထင်တယ် "

"အဲ့ဒီလိုဆို ကောင်းလိမ့်မယ် "

Manni တို့မိသားစုဟာ စွပ်ပြုတ်ကို ညစာလုပ်လိုက်ကြပြီး တခြားအကြောင်းအရာများစွာကို ပြောခဲ့ကြတယ်။ မကြာခင်မှာတော့ သူတို့လည်း အိပ်စက်ကြတော့တယ်။

"Nancy ရေ...နေ့လည်စာစားရအောင်"

သူနာပြုတစ်ယောက်ဟာ လှမ်းပြောလိုက်တယ်။ အဖိုးအိုရဲ့ပုံပြင်လေးဟာ ဒီနားမှာရပ်သွားခဲ့တယ်....ကောင်ငယ်လေးဟာ အဖိုးကို လက်ကိုကိုင်ရင်းကထလိုက်တယ်။ ပြီးတော့သူက...

"Ray အတွက် ကျွန်တော် နေ့လည်စာလုပ်လာတယ်..."

Nancyဟာ မြေးအဖိုးနှစ်ယောက်ကို ထားပြီး ထွက်လာခဲ့တယ်။ ကောင်ငယ်လေးဟာ Ray ကိုပြုံးပြပြီးပြောလိုက်တယ်။

"Ray ကြိုက်တဲ့ အသီးတွေ ကျွန်တော်ယူလာသေးတယ်...ပြီးတော့ ဟင်းတစ်ချို့ရောပဲ"

Ray ဟာ ပြုံးလိုက်တယ်။ သူတို့ ထိုအနားလေးမှာပဲ နေ့လည်စာစားကြတယ်။ အသီးတစ်ချို့ကို ကောင်ငယ်လေးဟာ အဖိုးအိုကို ခွံကျွေးနေခဲ့တယ်။

"Ray ရေ ရှင်နားချင်ပြီလား..."

"အိုး...ပြန်လာပြီလား..ငါမနားချင်ပါဘူး လာပါစကားဆက်ပြောရအောင်.."

အချိန်တွေ ရွေ့လာလိုက်တာ...ဆောင်းတွင်း တောင်ရောက်လာခဲ့ပြီ။ Rayan တစ်ယောက် အပျင်းတစ်နေမိတယ်။ သူဟာမီးလင်းဖို ရှေ့ကနေတောင် မရွှေ့ချင်လောက်အောင်ပဲ ဒီဆောင်းညမှာတော့ ဝံပုလွေအူသံတွေမကြားရပေ။

"အင်း.....အေးလိုက်တာ"

တိတ်ဆိတ်နေတဲ့ တောထဲမှာ နေတဲ့ Rayan ကို ခြောက်ခြားစေခဲ့တာကတော့ အိမ်ရှေ့တံခါးဆီက အသံတိုးတိုးပဲ....

"ကျေးဇူးပြုပြီး အထဲပေးဝင်ပါ...အပြင်မှာအေးလို့ပါ"

ခပ်တိုးတိုး အသံငယ်ဟာ သူစိမ်းယောကျ်ားတစ်ဦးရဲ့အသံပေ...Rayan ချက်ချင်းပင် နှစ်လုံးပြူးသေနတ်ကို ထယူလိုက်ပြီး တံခါးနားတိုးသွားခဲ့တယ်။ တံခါးကို ဖြေးညှင်းစွာဖွင့်လိုက်တဲ့နောက်မှာတော့ ဆောင်းလေအေးတွေဟာ အလုအယက်တိုးဝင်လာခဲ့တယ်။ အိမ်တံခါးရှေ့မှာတော့ သူ့ထက်ခေါင်းတစ်လုံးနိမ့်တဲ့ ကောင်ငယ်လေးဟာ ရပ်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးကျုံ့ထားပုံအရသူအရမ်းအေးနေပုံပေါက်တယ်။

" မင်းဘယ်သူလဲ"

Rayanဟာ မေးလိုက်တယ်။ ကောင်ငယ်လေးဟာ ခေါင်းမော့လာခဲ့ပြီး တုန်ရီစွာပြန်ပြောတယ် ။

"ကျေးဇူးပြုပြီး အထဲပေးဝင်ပါ ကျွန်တော်အေးနေလို့"

ထိုညကစလို့...Rayan အိမ်မှာ ထိုကောင်လေးသောင်တင်နေခဲ့တယ်။ အေးစက်နေတဲ့ ညအလယ်မှာ အိမ်ကိုရောက်လာတဲ့ ထိုကောင်လေးဟာ ထူးထူးဆန်းဆန်းတွေချည်းပြောခဲ့တယ်။ သူ့ကိုခေါ်လာပြီး ဘာကြောင့်အပြင်မှာထားရတာလဲတဲ့..Rayan နားမလည်ခဲ့ပေ။ သူ့စိတ်အထင် ဒီကောင်လေးဟာ မှတ်ဉာဏ်မကောင်းဘူးလို့သာ သူထင်တယ်။

Zawgyi

ေနာက္တစ္ေန႔မနက္မွာေတာ့ Rayan ဟာေစာစီးစြာပဲႏိုးထလာတယ္။ သူအရင္ဆံုး လုပ္တာကေတာ့ ျခံအေနာက္ထဲသြားၿပီး ပန္းပင္ကို သြားၾကည့္တာပဲ...ပန္းပင္ မ႐ွင္သန္မွာ သူစိုးရိမ္တယ္။ ကံေကာင္းစြာပဲ ပန္းပင္ေလးဟာ ေကာင္းမြန္စြာ ႐ွင္သန္ေနခဲ့တယ္။ သူလည္းပဲ စိတ္ခ်သြားၿပီး ကိုယ္လက္သန္႔စင္ကာ ရြာထဲထြက္သြားခဲ့တယ္။ ရြာထဲကျပန္လာေတာ့ သူႏွင့္အတူ Tytan ပါလာခဲ့တယ္။ ေကာင္ငယ္ေလးဟာ ေပ်ာ္ရႊင္စြာ လိုက္လာခဲ့တယ္။ သူၿမိဳ႕သြားတုန္းက အေၾကာင္းေတြလည္း ေျပာရင္းေပါ့...

သူတို႔ႏွစ္ဦးသား မနက္စာ အတူတူစားၾကၿပီး စာသင္ၾကတယ္။ တခါတရံ Tytan အိပ္ငိုက္ေနတတ္တယ္။ ေႏြလယ္ေရာက္လာေတာ့ Tytan မလာေတာ့ေပ...သူတို႔ မအားလပ္ၾကေတာ့ေသာေၾကာင့္...သစ္ခုတ္သမားဟာလည္း တျခားအလုပ္ကို ႐ွာေနတယ္ၾကားတယ္။
ရာသီေတြလည္း ကုန္လာၿပီး ေဆာင္းဦးေပါက္လာခဲ့တယ္။ တစ္ခုေသာ ေဆာင္းမနက္မွာ Rayan ဟာထံုးစံအတိုင္း ျခံေနာက္ထဲဆင္းလာခဲ့တယ္။ ျခံအေနာက္ထဲက တစ္ခ်ိဳ႕ေနရာေတြမွာ ႏွင္းတစ္ခ်ိဳ႕႐ွိေနတယ္။ ကံေကာင္းစြာပဲ သူဟာႀကိဳတင္ျပင္ဆင္ခဲ့လို႔ ေဆာင္းတြင္းအတြက္ ပူေနစရာမလိုေပ။ သို႔ေသာ္လည္း သူ႔ပန္းပင္ေတြ အတြက္ေတာ့ပူပန္ေနရတုန္းပဲ...သူပန္းပင္ေတြအနား ေရာက္တဲ့အခါမွာေတာ့...ေလထဲမွာ တြဲေလာင္းက်ေနတဲ့သစ္ခြပင္ေလးမွာ အဖူးေလးတစ္ဖူးထြက္ေနခဲ့တယ္။ သူဝမ္းသာ သြားတယ္။ ေနာက္ဆံုးေတာ့ မင္းပြင့္ေတာ့မယ္ေပါ့...

ႏွစ္ရက္ခန္႔ ေက်ာ္လြန္ၿပီးေနာက္မွာေတာ့ သစ္ခြပန္းေလးဟာ ပြင့္အာလာခဲ့ေတာ့တယ္။ အလြန္ကိုလွပၿပီး ႀကီးမားတဲ့ပြင့္ဖက္ေတြနဲ႔ သစ္ခြနက္ေလးေပါ့...အရမ္းကိုလွတယ္။ Rayan သူဟာ ပန္း​ေလးကို အခိုင္လိုက္ခူးယူလာခဲ့တယ္။ သူ႔အိပ္ခန္းထဲက စားပြဲေပၚမွာ သူပန္းအိုးနဲ႔ထားထားတယ္...ပန္းဟာတစ္ပြင့္ထဲ ပြင့္အာေနခဲ့တယ္။ တစ္ခ်ိန္ထဲမွာပဲ သစ္ခုတ္သမားရဲ႕ အိမ္မွာ...

"အေဖ..ရြာထဲကမိန္းမႀကီးေျပာတာၾကားခဲ့တယ္ ပန္းပြင့္ၿပီတဲ့..."

"အိုး..ေကာင္းေရာကြာ ငါသခင္ငယ္ေလးကိုမေျပာျပခဲ့ရဘူး"

"ဘယ္လို..."

ဒါကေတာ့ Manni ဆီကအသံေပ။ အံ့ျသေနတဲ့ Manni ဟာသူမခင္ပြန္းကို ဆူဆဲေနခဲ့တယ္။ ေတာထဲသြားဖို႔က မျဖစ္ႏိုင္ေတာ့ေပ။ ႏွင္းေတြဖံုးလာေတာ့မည္...

"သခင္ေလး Rayan ျခံထဲမွာေတာ့ ကြၽန္ေတာ္သစ္ခြပင္မေတြ႔ခဲ့ဘူး အေမ သူမခူးဘူးထင္တယ္ "

"အဲ့ဒီလိုဆို ေကာင္းလိမ့္မယ္ "

Manni တို႔မိသားစုဟာ စြပ္ျပဳတ္ကို ညစာလုပ္လိုက္ၾကၿပီး တျခားအေၾကာင္းအရာမ်ားစြာကို ေျပာခဲ့ၾကတယ္။ မၾကာခင္မွာေတာ့ သူတို႔လည္း အိပ္စက္ၾကေတာ့တယ္။

"Nancy ေရ...ေန႔လည္စာစားရေအာင္"

သူနာျပဳတစ္ေယာက္ဟာ လွမ္းေျပာလိုက္တယ္။ အဖိုးအိုရဲ႕ပံုျပင္ေလးဟာ ဒီနားမွာရပ္သြားခဲ့တယ္....ေကာင္ငယ္ေလးဟာ အဖိုးကို လက္ကိုကိုင္ရင္းကထလိုက္တယ္။ ၿပီးေတာ့သူက...

"Ray အတြက္ ကြၽန္ေတာ္ ေန႔လည္စာလုပ္လာတယ္..."

Nancyဟာ ေျမးအဖိုးႏွစ္ေယာက္ကို ထားၿပီး ထြက္လာခဲ့တယ္။ ေကာင္ငယ္ေလးဟာ Ray ကိုျပံဳးျပၿပီးေျပာလိုက္တယ္။

"Ray ႀကိဳက္တဲ့ အသီးေတြ ကြၽန္ေတာ္ယူလာေသးတယ္...ၿပီးေတာ့ ဟင္းတစ္ခ်ိဳ႕ေရာပဲ"

Ray ဟာ ျပံဳးလိုက္တယ္။ သူတို႔ ထိုအနားေလးမွာပဲ ေန႔လည္စာစားၾကတယ္။ အသီးတစ္ခ်ိဳ႕ကို ေကာင္ငယ္ေလးဟာ အဖိုးအိုကို ခြံေကြၽးေနခဲ့တယ္။

"Ray ေရ ႐ွင္နားခ်င္ၿပီလား..."

"အိုး...ျပန္လာၿပီလား..ငါမနားခ်င္ပါဘူး လာပါစကားဆက္ေျပာရေအာင္.."

အခ်ိန္ေတြ ေရြ႔လာလိုက္တာ...ေဆာင္းတြင္း ေတာင္ေရာက္လာခဲ့ၿပီ။ Rayan တစ္ေယာက္ အပ်င္းတစ္ေနမိတယ္။ သူဟာမီးလင္းဖို ေ႐ွ႕ကေနေတာင္ မေရႊ႕ခ်င္ေလာက္ေအာင္ပဲ ဒီေဆာင္းညမွာေတာ့ ဝံပုေလြအူသံေတြမၾကားရေပ။

"အင္း.....ေအးလိုက္တာ"

တိတ္ဆိတ္ေနတဲ့ ေတာထဲမွာ ေနတဲ့ Rayan ကို ေျခာက္ျခားေစခဲ့တာကေတာ့ အိမ္ေ႐ွ႕တံခါးဆီက အသံတိုးတိုးပဲ....

"ေက်းဇူးျပဳၿပီး အထဲေပးဝင္ပါ...အျပင္မွာေအးလို႔ပါ"

ခပ္တိုးတိုး အသံငယ္ဟာ သူစိမ္းေယာက်္ားတစ္ဦးရဲ႕အသံေပ...Rayan ခ်က္ခ်င္းပင္ ႏွစ္လံုးျပဴးေသနတ္ကို ထယူလို္က္ၿပီး တံခါးနားတိုးသြြားခဲ့တယ္။ တံခါးကို ေျဖးညႇင္းစြာဖြင့္လိုက္တဲ့ေနာက္မွာေတာ့ ေဆာင္းေလေအးေတြဟာ အလုအယက္တိုးဝင္လာခဲ့တယ္။ အိမ္တံခါးေ႐ွ႕မွာေတာ့ သူ႔ထက္ေခါင္းတစ္လံုးနိမ့္တဲ့ ေကာင္ငယ္ေလးဟာ ရပ္ေနခဲ့တယ္။ သူ႔တစ္ကိုယ္လံုးက်ံဳ႕ထားပံုအရသူအရမ္းေအးေနပံုေပါက္တယ္။

" မင္းဘယ္သူလဲ"

Rayanဟာ ေမးလို္က္တယ္။ ေကာင္ငယ္ေလးဟာ ေခါင္းေမာ့လာခဲ့ၿပီး တုန္ရီစြာျပန္ေျပာတယ္ ။

"ေက်းဇူးျပဳၿပီး အထဲေပးဝင္ပါ ကြၽန္ေတာ္ေအးေနလို႔"

ထိုညကစလို႔...Rayan အိမ္မွာ ထိုေကာင္ေလးေသာင္တင္ေနခဲ့တယ္။ ေအးစက္ေနတဲ့ ညအလယ္မွာ အိမ္ကိုေရာက္လာတဲ့ ထိုေကာင္ေလးဟာ ထူးထူးဆန္းဆန္းေတြခ်ည္းေျပာခဲ့တယ္။ သူ႔ကိုေခၚလာၿပီး ဘာေၾကာင့္အျပင္မွာထားရတာလဲတဲ့..Rayan နားမလည္ခဲ့ေပ။ သူ႔စိတ္အထင္ ဒီေကာင္ေလးဟာ မွတ္ဥာဏ္မေကာင္းဘူးလို႔သာ သူထင္တယ္။

Continue Reading

You'll Also Like

783K 30.1K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
504K 11.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
1.5M 33K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်