Unicode
ကြီးစန်းဆန်ပြုတ်ယူဖို့ အောက်ဆင်းသွားတော့
"ငါ အသက်မရှင်ချင်တော့ဘူး ငါ့ကလေးတောင်သေသွားတာ ငါလည်းလိုက်သေမယ်"
ဖန်ခွက်တစ်ခွက် အနားမှာရှိတာနဲ့
"ခွမ်း"
ဖန်ခွက်ကိုကွဲအောင်နံရံနဲ့ရိုက်လိုက်ပြီး အဲ့ကဖန်ကွဲစတစ်ခုနဲ့ လက်ကောက်ဝတ်ကို ခြစ်ချလိုက်သည်။
"ကျွန်မရှင့်ကို ဘယ်တော့မှခွင့်မလွှတ်ဘူး"
ပြောပြီး နှင်းတစ်ယောက်လဲကျသွားကာသွေးတွေကလည်း ပန်းထွက်လာ၏။
ကြီးစန်းဆန်ပြုတ်ပန်းကန်ယူပြီးအပေါ်ထပ်တက်အလာ နှင်းအခန်းထဲဝင်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
"သမီး နှင်းးး"
"ခွမ်းးး"
လက်ထဲကပန်းကန်ပါအောက်ကိုပြုတ်ကျသွားတော့သည်။
နှင်းတစ်ယောက်နေရာမှာလဲနေပြီး သွေးတွေကလည်းအရမ်းကိုထွက်နေ၏။
"သမီးနှင်း နှင်းရေ သမီး"
ကြီးစန်း ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့။
မင်းမြတ်ကိုပြောပြဖို့အောက်ထပ်ကိုဆင်းလာခဲ့၏။
အခန်းတံခါးကိုတောင်မခေါက်ဘဲဝင်လာတဲ့ကြီးစန်းကြောင့် မင်းမြတ်တစ်ခုခုဖြစ်ပြီဆိုတာသိလိုက်သည်။ ကြီးစန်းက ဘယ်တော့မှအခန်းတံခါးမခေါက်ဘဲအခန်းထဲကိုမဝင်တတ်။
"ကြီးစန်း ဘာဖြစ်လို့လဲ"
"နှင်းလေ နှင်း!"
ကြီးစန်းစကားတောင်မဆုံးလိုက် မင်းမြတ်အပေါ်ထပ်နှင်းအခန်းရှိရာကိုတဟုန်ထိုးပြေးသွား၏။
အခန်းထဲဝင်လိုက်တော့လဲကျနေတဲ့ နှင်း။
မင်းမြတ် ဝိဉာဉ်လွင့်ထွက်မတတ်လန့်သွားကာ ခနငြိမ်သွားသည်။ပြီးမှအသိစိတ်ပြန်ဝင်လာကာ ဆေးရုံကားခေါ်လိုက်၏။
"ဝီးယော် ဝီးယော်"
ဆေးရုံကားပေါ်မှာလည်းမင်းမြတ် နှင်းရဲ့လက်တစ်ဖက်ကို ကိုင်ထားပြီး
"မင်းဘာမှမဖြစ်ရဘူးနော် ဘာမှမဖြစ်ရဘူး"
🚑🚑🚑
"သွေးထွက်လွန်သွားလို့သွေးသွင်းရမယ်"
"ဟုတ်ကဲ့ ဒေါက်တာ သူကဘာသွေးလဲမသိဘူး"
"AB ပါ"
"ကျွန်တော်လည်း AB ပါ ကျွန်တော်ပေးပါ့မယ်"
"ဟုတ်ပြီ အဲ့ဒါဆိုဟိုဘက်မှာသွေးသွားစစ်လိုက်နော်"
"ဟုတ်ကဲ့ ဒေါက်တာ"
မင်းမြတ်သွေးနဲ့နှင်းကိုသွေးသွင်းခွင့်ရ၏။
ခွဲစိတ်ပြီး ဆရာဝန်ထွက်လာတော့
"ဆရာလူနာအခြေအနေဘယ်လိုရှိလဲဟင်"
"ကံကောင်းလို့ပေါ့ နောက်ထပ် 2 မီလီမီတာလောက်ထပ်နက်သွားရင်အသက်ဆုံးမှာ ပြီးတော့သွေးလဲအချိန်မှီသွင်းရလို့ပေါ့ အစကတော့ AB ကရှားလို့စိတ်ပူနေတာ လူနာရှင်နဲ့ကိုက်လို့တော်ပါသေးတယ်"
"ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးအများကြီးတင်ပါတယ်"
"ဟုတ်ပါပြီ ဒါပေမယ့်သတိရဖို့တော့ခဲယဉ်းဦးမယ်"
"ဘာလို့လဲ ဆရာ"
ဆရာက အပြင်မှာပြောဖို့အဆင်မပြေလို့ထင်ပါသည်။ ရုံးခန်းထဲမှာ ပြောဖို့ခေါ်တာကြောင့်မင်းမြတ်လည်းလိုက်သွား၏။
"လူနာက ကိုယ်ဝန်ဖျက်ချထားတယ်မလား"
"ဟုတ် ဟုတ်ပါတယ်"
"အဲ့အတွက်ကြောင့် လူနာကအားအင်လျော့နေပြီးသတိရဖို့ ခဲယဉ်းတာပါ ကိုယ်ဝန်သာဖျက်မချထားရင်ဒီလောက်ထိဖြစ်မှာမဟုတ်ပါဘူး"
"ဟုတ်ကဲ့ ဒေါက်တာ ဘယ်လောက်လောက်ထိမေ့နေနိုင်လဲဟင်"
"အနည်းဆုံးတစ်ပတ်ပါ အများဆုံးကတော့မပြောနိုင်သေးပါဘူး"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
💢💢💢
မျက်လုံးဖွင့်လိုက်တော့ ပထမဆုံးမြင်လိုက်ရသည့်ဆေးရုံမျက်နှာကျက်ကြောင့်ဆေးရုံရောက်နေမှန်းသိလိုက်၏။
"သတိရလာပြီလား"
အသံပိုင်ရှင်ကမင်းမြတ်
"ကျွန်မမသေဘူးလားဘာလို့လဲ"
"အဲ့လောက်တောင် သေချင်နေတာလား"
"ဟုတ်တယ် ဘာလို့ကျွန်မကိုသေအောင်လွှတ်မထားရတာလဲ ရှင်လည်းကျွန်မကိုသေစေချင်တယ်မဟုတ်လား ဘာလို့ကယ်ထားရတာလဲ"
"မင်းသေလို့မရသေးဘူး"
"ဘာလို့လဲ ဘာလို့သေလို့မရတာလဲ"
"မင်းအဆိုးဆုံးနာကျင်မှုတွေကိုခံစားရဦးမယ်"
"အဆိုးဆုံးနာကျင်မှု! ဟုတ်လား"
နှင်းတစ်ချက်အသက်မပါသလို ရယ်လိုက်ပြီး
"ကျွန်မကလေးကိုဆုံးရှုံးသွားတာကအဆိုးဆုံးနာကျင်မှု မဟုတ်ရင် ဘာလဲ!"
နှင်းအော်လိုက်ပြီး မျက်လုံးထဲ၌မျက်ရည်များပြည့်နက်လာသည်။
"အဲ့ဒါက ငါခံစားခဲ့ရသလောက်တော့မဆိုးပါဘူး"
"ရှင်ကဘာတွေများခံစားခဲ့ရလို့လဲ အဲ့ဒါတွေကရောကျွန်မနဲ့ ဘာဆိုင်လို့လဲ"
"မင်းမိဘတွေ! မင်းမိဘတွေဘာလုပ်ခဲ့လဲဆိုတာမင်းမသိဘူးမလား သူတို့ဘယ်လောက်တောင်ယုတ်မာရက်စက်ခဲ့ကြသလဲ မင်းမသိဘူးမလား ငါပြောပြရမလား မင်းမိဘတွေဘာလုပ်ခဲ့ကြလဲဆိုတာ"
---
လွန်ခဲ့သော 30 နှစ်ခန့်က
"သခင်ကြီး ကျွန်မမှာကိုယ်ဝန်ရှိနေပြီ"
"ဘာပြောတယ်"
"ဟုတ်တယ် ကျွန်မမှာကိုယ်ဝန်ရှိနေပြီ"
"ရူးနေလား ဘာလို့အဲ့ကိုယ်ဝန်ကိုယူရတာလဲ ပြဿနာတွေဖြစ်မယ်ဆိုတာ မင်းမသိဘူးလား"
"ကျွန်မသိပါတယ် ဒါပေမယ့်ကလေးမှာဘာအပြစ်မှမရှိဘူးလေ"
"အဲ့လိုဆိုပေမယ့် ငါ့မိန်းမ ငါ့မိန်းမ သိသွားရင်ဘယ်လိုလုပ်မလဲ"
"သခင်ကြီးကြောင့်ဖြစ်ရတာပါ သခင်ကြီးမူးနေတဲ့ညက ကျွန်မကိုသာ.."
"တော်လိုက်တော့ ပြီးပြီးသားအကြောင်းတွေကိုပြောမနေနဲ့တော့ ငါဖြေရှင်းမယ် ခုတော့သွားလိုက်တော့"
သခင်ကြီးဆိုသူမှာစီးပွားရေးလောကရဲ့ ထိပ်ခေါင်။ ကြီးကြီးတက်ချမ်းသာတဲ့သူဌေးကြီးဦးမင်းမဟာ။
ချမ်းသာပေမယ့် မိန်းမရှုပ်တယ်။ ငွေအတွက်သာဆိုရင် ဘာမဆိုလုပ်မယ့်သူမျိုး။
သူ့မိန်းမက ဒေါ်နှင်းသက်မှုန်
ဦးမင်းမဟာရဲ့စီးပွားရေးပြိုင်ဖက်ရဲ့သမီး။ ဦးမင်းမဟာ ငွေကြောင့်အခက်အခဲဖြစ်နေချိန်မှာ ဒေါ်နှင်းသက်မှုန်အဖေက ကူညီပေးပြီး သူ့သမီးနဲ့လက်ထက်ပေးခဲ့တာ။ ဦးမင်းမဟာ ဒီလောက်ထိအောင်မြင်ပြီးချမ်းသာလာတာက ဒေါ်နှင်းသက်မှုန် တို့မိသားစုကြောင့်ဆိုရင်လည်းမမှားဘူး။ အဲ့ဒါကြောင့် ဒေါ်နှင်းသက်မှုန် စိတ်ပျက်ရမဲ့ကိစ္စမျိုးဖြစ်မှာ ဦးမင်းမဟာသိပ်ကြောက်လှသည်။
ဒါပေမယ့်ခုတော့ဖြစ်လာပြီဖြစ်၏။ကြာဖြူကိစ္စ။ကြာဖြူက သူတို့အိမ်ရဲ့အိမ်ဖော်။ဦးမင်းမဟာအရက်မူးပြီးမှားရာက ကိုယ်ဝန်ရှိသွားတာ။
ခုဦးမင်းမဟာတစ်ယောက်ဘာလုပ်ရမှန်းမသိ
"မင်းလိုသူတစ်ယောက်အတွက်နဲ့တော့ ငါ့အိမ်ထောင်ရေးကိုအပျက်မခံနိုင်ဘူး တစ်ခုခုတော့လုပ်ရမယ် ဟုတ်ပြီ"
ဦးမင်းမဟာအကြံရသွား၏။
"ကြာဖြူ ခန လာခဲ့စမ်း!"
"ဟုတ်ကဲ့ မမလေး"
မမလေးခေါ်တာကြောင့် ကြာဖြူအခန်းထဲဝင်သွားလိုက်တော့ အခန်းထဲမှာမမလေးနဲ့အတူထိုင်နေတဲ့ ဦးမင်းမဟာကိုပါတွေ့လိုက်ရ၏။
"ကြာဖြူ ငါနင့်ကိုမေးစရာရှိလို့ခေါ်လိုက်တာ"
"ဟုတ် မမလေး"
"နင့်မှာ ငါ့ယောက်ျားနဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်ဆိုဟုတ်လား"
"ဟုတ် ဟုတ်ပါတယ် မမလေး"
"ဖြောင်း!"
ဒေါ်နှင်းသက်မှုန် ကြာဖြူ့ပါးကိုရိုက်လိုက်၏။
"နင်ကများရာရာစစ ငါ့ယောကျာ်းကိုမြှူဆွယ်ပြီးကိုယ်ဝန်ရှိအောင်လုပ်တယ် ဟုတ်လား နင်ကများလေ"
"ကြာဖြူမြှူဆွယ်တာမဟုတ်ပါဘူး သခင်ကြီးက သခင်ကြီး"
"နင်ကများ အဲ့ဒါဆိုငါ့ယောကျာ်းကဘဲ နင့်ကိုလာပတ်သက်တာပေါ့လေ နင်ပြောချင်တာက ငါ့ယောကျာ်းကနင့်လိုအိမ်ဖော်မကိုကြိုက်မယ်လို့ထင်နေတာလား"
"သက်ရယ်သူကအဲ့လိုဘဲ ကိုယ့်ကိုလဲသူဘဲလာလာမြှူဆွယ်နေတာ"
"မဟုတ်ပါဘူး မဟုတ်ရပါဘူးနော် မမလေး"
"ဖြောင်း!"
ဦးမင်းမဟာကပါ ကြာဖြူ့ကိုပါးထပ်ရိုက်လိုက်၏။
"သူ့ကိုအခန်းထဲခေါ်သွားပြီးပိတ်ထားလိုက်"
ဒေါ်နှင်းသက်မှုန်သူ့လူတွေကိုခေါ်ပြီးအမိန့်ပေးလိုက်သည်။
"မလုပ်ပါနဲ့ မလုပ်ပါနဲ့ မမလေးရယ် "
"ခေါ်သွားကြစမ်း ဒါကနင်ငါ့ယောက်ျားနဲ့လာပတ်သက်လို့နင်ခံရတာဘဲနင့်အပြစ်နဲ့နင်"
"မလုပ်ပါနဲ့ မလုပ်ပါနဲ့ မမလေးး"
ကြာဖြူအရမ်းကြောက်နေသည်။ဘာလို့လဲဆိုတော့ သူတို့အဲ့လိုအခန်းထဲပိတ်ပြီးရင်ဘာလုပ်တယ်ဆိုတာ ကြာဖြူသိနေသောကြောင့်ပင်။
အခန်းထဲမှာကြာဖြူ့ကိုကြိုးတုပ်ထားပြီး ထားထား၏။
"ကလေးရေ မကြောက်နဲ့နော် မေမေက မေမေက ကလေးကိုရအောင် ကယ်မယ်နော် မကြောက်နဲ့နော်"
---
"နင်အဲ့ကလေးကိုဖျက်ချလိုက် အဲ့ဒါဆိုနင့်ကိုလျှော့ပေါ့ပေးမယ်"
"မလုပ်နိုင်ပါဘူး မမလေး"
"ဘာလို့မလုပ်နိုင်တာလဲ ဘာလဲနင်ကအဲ့ကလေးကိုအကြောင်းပြပြီး ငါ့ယောက်ျားနဲ့ထပ်ပတ်သက်ချင်နေတာလား"
"မဟုတ်ပါဘူး မမလေး ဒီကလေးကကြာဖြူ့ရဲ့သွေးသားပါ ဒီကလေးမှာဘာအပြစ်မှလဲမရှိပါဘူး ကလေးကိုတော့ချမ်းသာပေးပါ"
"ငါကဘာလို့ချမ်းသာပေးရမှာလဲ မလုပ်နိုင်ဘူး ဖျက်ချလိုက် နင်မဖျက်ချရက်ဘူးဆိုရင်ငါဖျက်ချပေးမယ်"
"မလုပ်နိုင်ပါဘူး မမလေး မမလေးသာဆိုရင်ကိုယ့်ကလေးကို ဖျက်ချမှာလား"
"မဖျက်ချဘူးပေါ့ ငါကနင့်လိုလူမျိုးမဟုတ်ဘူးလေ ငါကနင့်လိုသူများယောက်ျားနဲ့ရတာလဲမဟုတ်ဘူး နင့်လို အောက်တန်းစားလဲမဟုတ်ဘူး"
"မမလေး ဒီလိုလုပ်နေတာကရောအောက်တန်းကျတယ်လို့မထင်ဘူးလား"
"ဘာ နင်ကများ"
"ဖြောင်း!"
ဒေါ်နှင်းသက်မှုန်ကြာဖြူ့ကိုပါးရိုက်လိုက်ပြီး အနီးနားက တုတ်ကိုယူပြီးကြာဖြူ့ကိုရိုက်တော့သည်။
"ကဲဟယ် ကဲဟယ် နင်ကများငါ့ကိုပြန်ပြောရဲတယ် နင်ကများ ရာရာစစ"
"အား အ အား"
"ဒုတ်! ဒုတ်! ဒုတ်!"
အချက်ပေါင်းများစွာရိုက်ပြီးနောက်
"ဒီနေ့တော့ ဒီလောက်ဘဲပေါ့ နောက်နေ့ကျရင်ထပ်လာပြီးမေးဦးမယ် အဲ့ကျအဖြေတိတိကျကျရှိနေပါစေ"
ကြာဖြူ့တစ်ကိုယ်လုံးလဲ သွေးတွေဒဏ်ရာတွေနဲ့ပြည့်နေ၏။
"ကလေးရေ လန့်သွားတယ်မလား မေမေကတောင်းပန်ပါတယ်နော် ကလေးရေ မေမေက တောင်းပန်ပါတယ်နော် မေမေက...အဟင့်..."
"ဘယ်လိုလဲ ဖျက်ချမယ်တဲ့လား"
"မလုပ်ဘူးတဲ့ စိတ်တိုလိုက်တာ"
"အဲ့ဒါဆို ဘယ်လိုလုပ်မလဲ"
"ဘာကိုဘယ်လိုလုပ်ရမှာလဲ အတင်းအကျပ်လုပ်ရုံပေါ့ အဲ့ဒါမှ လက်မခံလဲသတ်ပစ်ရုံဘဲပေါ့"
"ဟုတ်တယ် သူ့လိုမိန်းမမျိုးကအဲ့လိုဘဲလုပ်သင့်တယ်"
"ဒါတွေအကုန်လုံးရှင့်ကြောင့် ရှင်ကရောဘယ်လိုဖြစ်ပြီးသူနဲ့အဲ့လိုဖြစ်သွားရတာလဲ"
"သက်ရယ်ကိုပြောပြထားတဲ့အတိုင်းဘဲလေ သူကကိုယ့်ကိုလာလာမြှူဆွယ်နေတာပါဆို အဲ့နေ့ကလည်းကိုလည်းမူးနေတော့ သူ့ခွင်ဘဲဆိုပြီးသူကကြံစည်လိုက်တာ သက်လည်းသိပါတယ် ကိုကသက်တစ်ယောက်ကိုဘဲချစ်တာပါ"
"အင်းပါ ယုံပါတယ် ဒါနဲ့ဒီကိစ္စကိုသက်အဖေသိလို့မဖြစ်ဘူးနော်"
"အင်းပါ သက်ရဲ့ကိုသိပါတယ်"
"ပြီးရော"
💢💢💢
"ဖြန်း"
"ထတော့"
ဦးမင်းမဟာ ကြာဖြူ့ကိုရေနဲ့ပက်ပြီ နှိုးလိုက်သည်။
"ကြည့်ပါဦးမင်းရဲ့လှပတဲ့မျက်နှာလေးကခုတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျွတ် ကျွတ် ကျွတ် အဲ့ဒါကြောင့်မင်းကိုအစကတည်းကငါ့မိန်းမမသိခင် ဖျက်ချလိုက်လို့ပြောတာလေ ခုတော့မင်းခေါင်းမာမှုကြောင့်ခုလိုဖြစ်ပြီ"
"ဒါရှင်ပြောရမယ့်စကားလား ဒါရှင့်ကလေးပါ ရှင့်မိန်းမသိသွားရင်တောင် ရှင် ရှင့်သွေးသားကိုကာကွယ်ပေးရမှာ မဟုတ်ဘူးလား"
"ဟား ဟား ဟား ငါကဘာလို့မင်းလိုမိန်းမရဲ့ကလေးကို ကာကွယ်ပေးရမှာလဲ ဟာသတွေလာမပြောနေစမ်းပါနဲ့ကွာ
ကလေးဖျက်ချလိုက်"
"ရှင် လူမှဟုတ်သေးရဲ့လားဟင် ဘယ်အဖေကမှသူ့ကလေး ကိုဖျက်ချဖို့မပြောဘူး"
"လူတွေမလူတွေပြောမနေနဲ့ ခုမင်းလုပ်ရမှာက ကလေးကိုဖျက်ချလိုက်အဲ့ဒါဆိုကိစ္စအားလုံးပြီးသွားလိမ့်မယ်"
"ထွီ လူမဆန်တဲ့ကောင်လူယုတ်မာကောင်"
"ဟ မင်းကများငါ့ကိုတံတွေးနဲ့ထွေးတယ်မင်းကများ"
"ဖြောင်း! ဖြောင်း!"
"လာကြစမ်း"
ဦးမင်းမဟာ အမိန့်ပေးလိုက်တာနဲ့သူ့လူတွေဝင်လာပြီး
"ရိုက်လိုက်ကြစမ်းး"
"ဒုတ်! ဒုတ်! ဒုတ်! ဒုတ်! ဒုတ်! ဒုတ်! ဒုတ်!"
"အာ အား"
'ခံပေးဦးပေါ့ကွာ မင်းအပြစ်နဲ့မင်းဘဲ'
---
"ဘယ်လိုလဲ စဉ်းစားပြီးပြီလား"
"မလုပ်နိုင်ပါဘူး"
"နင်မလုပ်နိုင်ရင်လည်း အတင်းအကျပ်လုပ်ရုံပေါ့"
"မမလေး မမလေးလည်းသိတယ်မလား ခုကိစ္စမှာကျွန်မမြှူဆွယ်တာမဟုတ်တာကို မမလေးလည်းသိတာဘဲမလား"
"ဟုတ်တယ် ငါသိတယ် အဲ့တော့ဘာဖြစ်လဲ နင်အစကတည်းကကင်းကင်းရှင်းရှင်းနေခဲ့ပါလား နင်သာအဲ့လိုလုပ်ခဲ့ရင်ခုလိုဖြစ်မှာမဟုတ်ဘူးလေ"
"မမလေးးး"
"ဘာလဲ ငါ့ကိုအော်တာလား နင်ကဘာမိုလို့လဲ!!!"
"ဒီကိစ္စတွေကိုမမလေး အဖေသိသွားရင် ဘယ်လိုလုပ်မလဲ
ပြီးတော့ သခင်ကြီးနဲ့ဒီလိုဖြစ်တာကျွန်မတစ်ယောက်တည်း မဟုတ်ဘူးထင်တယ်နော် ဒီအတောအတွင်းရှင်းခဲ့တဲ့သူတွေ ဘယ်လောက်တောင်လဲ ဒါတွေသာမမလေးအဖေသိသွားရင်"
"ဘာ! နင် နင် ကများ!!! ကဲဟယ် ကဲဟယ်"
"ဖြောင်း! ဖြောင်း! ဖြောင်း! ဖြောင်း!"
"နင်ဒီလိုပြောတဲ့အတွက် နင် နင်ပေးဆပ်ရမယ်"
ဒေါ်နှင်းသက်မှုန် အပြင်ကို အလောတကြီး ပြေးထွက်သွား၏။
ကြာဖြူ ငိုချလိုက်သည်။
'ဒီဝဋ်ကနေဘယ်တော့များမှကျွတ်မှာလဲ"
"ကြာဖြူ ကြာဖြူ ထွက်ပြေးတော့ ထွက်ပြေးတော့"
"ဟင် ကိုဦး"
ကိုဦးဆိုသည်မှာ ဒီအိမ်ကကားဒရိုင်ဘာ။
"ထွက်ပြေးတော့"
"ဟုတ် ဟုတ် ကိုဦး ကျေးဇူး ကျေးဇူးတင်ပါတယ်"
"ရပါတယ် သွား ထွက်ပြေးတော့"
"ဟုတ် ဟုတ်"
ကြာဖြူပျော်လွန်းလို့ မျက်ရည်တွေတောင်ဝဲနေ၏။
ကြာဖြူအခန်းထဲကထွက်ပြီးတော့အပြင်ရောက်တော့ အပြင်မှာအစောင့်အနည်းငယ်ရှိသည်။ သူတို့ကိုပုန်းပြီးပြေးနိုင်သမျှ ထွက်ပြေးသည်။ဒဏ်ရာတွေနဲ့ဆိုတော့အနည်ငယ်နှေးပေမယ့်ပေါ့။အိမ်ကသုံးထပ်။ထွက်ပြေးရင်းထွက်ပြေးရင်းနဲ့ ဒုတိယ ထပ်နဲ့အောက်ထပ်ကိုဆက်တဲ့လှေကားနားအရောက်
"အားးး"
__________________
Up နောက်ကျ သွားလို့တောင်းပန်ပါတယ်🙏🙏🙏
ရှည်ရှည်လေရေးပေးလိုက်တယ်နော်
******************
Zawgyi
ႀကီးစန္းဆန္ျပဳတ္ယူဖို႔ ေအာက္ဆင္းသြားေတာ့
"ငါ အသက္မရွင္ခ်င္ေတာ့ဘူး ငါ့ကေလးေတာင္ေသသြားတာ ငါလည္းလိုက္ေသမယ္"
ဖန္ခြက္တစ္ခြက္ အနားမွာရွိတာနဲ႕
"ခြမ္း"
ဖန္ခြက္ကိုကြဲေအာင္နံရံနဲ႕ရိုက္လိုက္ၿပီး အဲ့ကဖန္ကြဲစတစ္ခုနဲ႕ လက္ေကာက္ဝတ္ကို ျခစ္ခ်လိဳက္သည္။
"ကြၽန္မရွင့္ကို ဘယ္ေတာ့မွခြင့္မလႊတ္ဘူး"
ေျပာၿပီး ႏွင္းတစ္ေယာက္လဲက်သြားကာေသြးေတြကလည္း ပန္းထြက္လာ၏။
ႀကီးစန္းဆန္ျပဳတ္ပန္းကန္ယူၿပီးအေပၚထပ္တက္အလာ ႏွင္းအခန္းထဲဝင္လိုက္ေတာ့ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္
"သမီး ႏွင္းးး"
"ခြမ္းးး"
လက္ထဲကပန္းကန္ပါေအာက္ကိုျပဳတ္က်သြားေတာ့သည္။
ႏွင္းတစ္ေယာက္ေနရာမွာလဲေနၿပီး ေသြးေတြကလည္းအရမ္းကိုထြက္ေန၏။
"သမီးႏွင္း ႏွင္းေရ သမီး"
ႀကီးစန္း ဘာလုပ္လို႔ဘာကိုင္ရမလဲမသိေတာ့။
မင္းျမတ္ကိုေျပာျပဖို႔ေအာက္ထပ္ကိုဆင္းလာခဲ့၏။
အခန္းတံခါးကိုေတာင္မေခါက္ဘဲဝင္လာတဲ့ႀကီးစန္းေၾကာင့္ မင္းျမတ္တစ္ခုခုျဖစ္ၿပီဆိုတာသိလိုက္သည္။ ႀကီးစန္းက ဘယ္ေတာ့မွအခန္းတံခါးမေခါက္ဘဲအခန္းထဲကိုမဝင္တတ္။
"ႀကီးစန္း ဘာျဖစ္လို႔လဲ"
"ႏွင္းေလ ႏွင္း!"
ႀကီးစန္းစကားေတာင္မဆုံးလိုက္ မင္းျမတ္အေပၚထပ္ႏွင္းအခန္းရွိရာကိုတဟုန္ထိုးေျပးသြား၏။
အခန္းထဲဝင္လိုက္ေတာ့လဲက်ေနတဲ့ ႏွင္း။
မင္းျမတ္ ဝိဉာဥ္လြင့္ထြက္မတတ္လန႔္သြားကာ ခနၿငိမ္သြားသည္။ၿပီးမွအသိစိတ္ျပန္ဝင္လာကာ ေဆး႐ုံကားေခၚလိုက္၏။
"ဝီးေယာ္ ဝီးေယာ္"
ေဆး႐ုံကားေပၚမွာလည္းမင္းျမတ္ ႏွင္းရဲ႕လက္တစ္ဖက္ကို ကိုင္ထားၿပီး
"မင္းဘာမွမျဖစ္ရဘူးေနာ္ ဘာမွမျဖစ္ရဘူး"
🚑🚑🚑
"ေသြးထြက္လြန္သြားလို႔ေသြးသြင္းရမယ္"
"ဟုတ္ကဲ့ ေဒါက္တာ သူကဘာေသြးလဲမသိဘူး"
"AB ပါ"
"ကြၽန္ေတာ္လည္း AB ပါ ကြၽန္ေတာ္ေပးပါ့မယ္"
"ဟုတ္ၿပီ အဲ့ဒါဆိုဟိုဘက္မွာေသြးသြားစစ္လိုက္ေနာ္"
"ဟုတ္ကဲ့ ေဒါက္တာ"
မင္းျမတ္ေသြးနဲ႕ႏွင္းကိုေသြးသြင္းခြင့္ရ၏။
ခြဲစိတ္ၿပီး ဆရာဝန္ထြက္လာေတာ့
"ဆရာလူနာအေျခအေနဘယ္လိုရွိလဲဟင္"
"ကံေကာင္းလို႔ေပါ့ ေနာက္ထပ္ 2 မီလီမီတာေလာက္ထပ္နက္သြားရင္အသက္ဆုံးမွာ ၿပီးေတာ့ေသြးလဲအခ်ိန္မွီသြင္းရလို႔ေပါ့ အစကေတာ့ AB ကရွားလို႔စိတ္ပူေနတာ လူနာရွင္နဲ႕ကိုက္လို႔ေတာ္ပါေသးတယ္"
"ဟုတ္ကဲ့ ေဒါက္တာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"ဟုတ္ပါၿပီ ဒါေပမယ့္သတိရဖို႔ေတာ့ခဲယဥ္းဦးမယ္"
"ဘာလို႔လဲ ဆရာ"
ဆရာက အျပင္မွာေျပာဖို႔အဆင္မေျပလို႔ထင္ပါသည္။ ႐ုံးခန္းထဲမွာ ေျပာဖို႔ေခၚတာေၾကာင့္မင္းျမတ္လည္းလိုက္သြား၏။
"လူနာက ကိုယ္ဝန္ဖ်က္ခ်ထားတယ္မလား"
"ဟုတ္ ဟုတ္ပါတယ္"
"အဲ့အတြက္ေၾကာင့္ လူနာကအားအင္ေလ်ာ့ေနၿပီးသတိရဖို႔ ခဲယဥ္းတာပါ ကိုယ္ဝန္သာဖ်က္မခ်ထားရင္ဒီေလာက္ထိျဖစ္မွာမဟုတ္ပါဘူး"
"ဟုတ္ကဲ့ ေဒါက္တာ ဘယ္ေလာက္ေလာက္ထိေမ့ေနနိုင္လဲဟင္"
"အနည္းဆုံးတစ္ပတ္ပါ အမ်ားဆုံးကေတာ့မေျပာနိုင္ေသးပါဘူး"
"ဟုတ္ကဲ့ပါ ေဒါက္တာ"
💢💢💢
မ်က္လုံးဖြင့္လိုက္ေတာ့ ပထမဆုံးျမင္လိုက္ရသည့္ေဆး႐ုံမ်က္ႏွာက်က္ေၾကာင့္ေဆး႐ုံေရာက္ေနမွန္းသိလိုက္၏။
"သတိရလာၿပီလား"
အသံပိုင္ရွင္ကမင္းျမတ္
"ကြၽန္မမေသဘူးလားဘာလို႔လဲ"
"အဲ့ေလာက္ေတာင္ ေသခ်င္ေနတာလား"
"ဟုတ္တယ္ ဘာလို႔ကြၽန္မကိုေသေအာင္လႊတ္မထားရတာလဲ ရွင္လည္းကြၽန္မကိုေသေစခ်င္တယ္မဟုတ္လား ဘာလို႔ကယ္ထားရတာလဲ"
"မင္းေသလို႔မရေသးဘူး"
"ဘာလို႔လဲ ဘာလို႔ေသလို႔မရတာလဲ"
"မင္းအဆိုးဆုံးနာက်င္မႈေတြကိုခံစားရဦးမယ္"
"အဆိုးဆုံးနာက်င္မႈ! ဟုတ္လား"
ႏွင္းတစ္ခ်က္အသက္မပါသလို ရယ္လိုက္ၿပီး
"ကြၽန္မကေလးကိုဆုံးရႈံးသြားတာကအဆိုးဆုံးနာက်င္မႈ မဟုတ္ရင္ ဘာလဲ!"
ႏွင္းေအာ္လိုက္ၿပီး မ်က္လုံးထဲ၌မ်က္ရည္မ်ားျပည့္နက္လာသည္။
"အဲ့ဒါက ငါခံစားခဲ့ရသေလာက္ေတာ့မဆိုးပါဘူး"
"ရွင္ကဘာေတြမ်ားခံစားခဲ့ရလို႔လဲ အဲ့ဒါေတြကေရာကြၽန္မနဲ႕ ဘာဆိုင္လို႔လဲ"
"မင္းမိဘေတြ! မင္းမိဘေတြဘာလုပ္ခဲ့လဲဆိုတာမင္းမသိဘူးမလား သူတို႔ဘယ္ေလာက္ေတာင္ယုတ္မာရက္စက္ခဲ့ၾကသလဲ မင္းမသိဘူးမလား ငါေျပာျပရမလား မင္းမိဘေတြဘာလုပ္ခဲ့ၾကလဲဆိုတာ"
---
လြန္ခဲ့ေသာ 30 ႏွစ္ခန႔္က
"သခင္ႀကီး ကြၽန္မမွာကိုယ္ဝန္ရွိေနၿပီ"
"ဘာေျပာတယ္"
"ဟုတ္တယ္ ကြၽန္မမွာကိုယ္ဝန္ရွိေနၿပီ"
"႐ူးေနလား ဘာလို႔အဲ့ကိုယ္ဝန္ကိုယူရတာလဲ ျပႆနာေတြျဖစ္မယ္ဆိုတာ မင္းမသိဘူးလား"
"ကြၽန္မသိပါတယ္ ဒါေပမယ့္ကေလးမွာဘာအျပစ္မွမရွိဘူးေလ"
"အဲ့လိုဆိုေပမယ့္ ငါ့မိန္းမ ငါ့မိန္းမ သိသြားရင္ဘယ္လိုလုပ္မလဲ"
"သခင္ႀကီးေၾကာင့္ျဖစ္ရတာပါ သခင္ႀကီးမူးေနတဲ့ညက ကြၽန္မကိုသာ.."
"ေတာ္လိုက္ေတာ့ ၿပီးၿပီးသားအေၾကာင္းေတြကိုေျပာမေနနဲ႕ေတာ့ ငါေျဖရွင္းမယ္ ခုေတာ့သြားလိုက္ေတာ့"
သခင္ႀကီးဆိုသူမွာစီးပြားေရးေလာကရဲ႕ ထိပ္ေခါင္။ ႀကီးႀကီးတက္ခ်မ္းသာတဲ့သူေဌးႀကီးဦးမင္းမဟာ။
ခ်မ္းသာေပမယ့္ မိန္းမရႈပ္တယ္။ ေငြအတြက္သာဆိုရင္ ဘာမဆိုလုပ္မယ့္သူမ်ိဳး။
သူ႕မိန္းမက ေဒၚႏွင္းသက္မႈန္
ဦးမင္းမဟာရဲ႕စီးပြားေရးၿပိဳင္ဖက္ရဲ႕သမီး။ ဦးမင္းမဟာ ေငြေၾကာင့္အခက္အခဲျဖစ္ေနခ်ိန္မွာ ေဒၚႏွင္းသက္မႈန္အေဖက ကူညီေပးၿပီး သူ႕သမီးနဲ႕လက္ထက္ေပးခဲ့တာ။ ဦးမင္းမဟာ ဒီေလာက္ထိေအာင္ျမင္ၿပီးခ်မ္းသာလာတာက ေဒၚႏွင္းသက္မႈန္ တို႔မိသားစုေၾကာင့္ဆိုရင္လည္းမမွားဘူး။ အဲ့ဒါေၾကာင့္ ေဒၚႏွင္းသက္မႈန္ စိတ္ပ်က္ရမဲ့ကိစၥမ်ိဳးျဖစ္မွာ ဦးမင္းမဟာသိပ္ေၾကာက္လွသည္။
ဒါေပမယ့္ခုေတာ့ျဖစ္လာၿပီျဖစ္၏။ၾကာျဖဴကိစၥ။ၾကာျဖဴက သူတို႔အိမ္ရဲ႕အိမ္ေဖာ္။ဦးမင္းမဟာအရက္မူးၿပီးမွားရာက ကိုယ္ဝန္ရွိသြားတာ။
ခုဦးမင္းမဟာတစ္ေယာက္ဘာလုပ္ရမွန္းမသိ
"မင္းလိုသူတစ္ေယာက္အတြက္နဲ႕ေတာ့ ငါ့အိမ္ေထာင္ေရးကိုအပ်က္မခံနိုင္ဘူး တစ္ခုခုေတာ့လုပ္ရမယ္ ဟုတ္ၿပီ"
ဦးမင္းမဟာအႀကံရသြား၏။
"ၾကာျဖဴ ခန လာခဲ့စမ္း!"
"ဟုတ္ကဲ့ မမေလး"
မမေလးေခၚတာေၾကာင့္ ၾကာျဖဴအခန္းထဲဝင္သြားလိုက္ေတာ့ အခန္းထဲမွာမမေလးနဲ႕အတူထိုင္ေနတဲ့ ဦးမင္းမဟာကိုပါေတြ႕လိုက္ရ၏။
"ၾကာျဖဴ ငါနင့္ကိုေမးစရာရွိလို႔ေခၚလိုက္တာ"
"ဟုတ္ မမေလး"
"နင့္မွာ ငါ့ေယာက္်ားနဲ႕ရတဲ့ကိုယ္ဝန္ရွိေနတယ္ဆိုဟုတ္လား"
"ဟုတ္ ဟုတ္ပါတယ္ မမေလး"
"ေျဖာင္း!"
ေဒၚႏွင္းသက္မႈန္ ၾကာျဖဴ႕ပါးကိုရိုက္လိုက္၏။
"နင္ကမ်ားရာရာစစ ငါ့ေယာက်ာ္းကိုျမႇူဆြယ္ၿပီးကိုယ္ဝန္ရွိေအာင္လုပ္တယ္ ဟုတ္လား နင္ကမ်ားေလ"
"ၾကာျဖဴျမႇူဆြယ္တာမဟုတ္ပါဘူး သခင္ႀကီးက သခင္ႀကီး"
"နင္ကမ်ား အဲ့ဒါဆိုငါ့ေယာက်ာ္းကဘဲ နင့္ကိုလာပတ္သက္တာေပါ့ေလ နင္ေျပာခ်င္တာက ငါ့ေယာက်ာ္းကနင့္လိုအိမ္ေဖာ္မကိုႀကိဳက္မယ္လို႔ထင္ေနတာလား"
"သက္ရယ္သူကအဲ့လိုဘဲ ကိုယ့္ကိုလဲသူဘဲလာလာျမႇူဆြယ္ေနတာ"
"မဟုတ္ပါဘူး မဟုတ္ရပါဘူးေနာ္ မမေလး"
"ေျဖာင္း!"
ဦးမင္းမဟာကပါ ၾကာျဖဴ႕ကိုပါးထပ္ရိုက္လိုက္၏။
"သူ႕ကိုအခန္းထဲေခၚသြားၿပီးပိတ္ထားလိုက္"
ေဒၚႏွင္းသက္မႈန္သူ႕လူေတြကိုေခၚၿပီးအမိန႔္ေပးလိုက္သည္။
"မလုပ္ပါနဲ႕ မလုပ္ပါနဲ႕ မမေလးရယ္ "
"ေခၚသြားၾကစမ္း ဒါကနင္ငါ့ေယာက္်ားနဲ႕လာပတ္သက္လို႔နင္ခံရတာဘဲနင့္အျပစ္နဲ႕နင္"
"မလုပ္ပါနဲ႕ မလုပ္ပါနဲ႕ မမေလးး"
ၾကာျဖဴအရမ္းေၾကာက္ေနသည္။ဘာလို႔လဲဆိုေတာ့ သူတို႔အဲ့လိုအခန္းထဲပိတ္ၿပီးရင္ဘာလုပ္တယ္ဆိုတာ ၾကာျဖဴသိေနေသာေၾကာင့္ပင္။
အခန္းထဲမွာၾကာျဖဴ႕ကိုႀကိဳးတုပ္ထားၿပီး ထားထား၏။
"ကေလးေရ မေၾကာက္နဲ႕ေနာ္ ေမေမက ေမေမက ကေလးကိုရေအာင္ ကယ္မယ္ေနာ္ မေၾကာက္နဲ႕ေနာ္"
---
"နင္အဲ့ကေလးကိုဖ်က္ခ်လိဳက္ အဲ့ဒါဆိုနင့္ကိုေလွ်ာ့ေပါ့ေပးမယ္"
"မလုပ္နိုင္ပါဘူး မမေလး"
"ဘာလို႔မလုပ္နိုင္တာလဲ ဘာလဲနင္ကအဲ့ကေလးကိုအေၾကာင္းျပၿပီး ငါ့ေယာက္်ားနဲ႕ထပ္ပတ္သက္ခ်င္ေနတာလား"
"မဟုတ္ပါဘူး မမေလး ဒီကေလးကၾကာျဖဴ႕ရဲ႕ေသြးသားပါ ဒီကေလးမွာဘာအျပစ္မွလဲမရွိပါဘူး ကေလးကိုေတာ့ခ်မ္းသာေပးပါ"
"ငါကဘာလို႔ခ်မ္းသာေပးရမွာလဲ မလုပ္နိုင္ဘူး ဖ်က္ခ်လိဳက္ နင္မဖ်က္ခ်ရက္ဘူးဆိုရင္ငါဖ်က္ခ်ေပးမယ္"
"မလုပ္နိုင္ပါဘူး မမေလး မမေလးသာဆိုရင္ကိုယ့္ကေလးကို ဖ်က္ခ်မွာလား"
"မဖ်က္ခ်ဘဴးေပါ့ ငါကနင့္လိုလူမ်ိဳးမဟုတ္ဘူးေလ ငါကနင့္လိုသူမ်ားေယာက္်ားနဲ႕ရတာလဲမဟုတ္ဘူး နင့္လို ေအာက္တန္းစားလဲမဟုတ္ဘူး"
"မမေလး ဒီလိုလုပ္ေနတာကေရာေအာက္တန္းက်တယ္လို႔မထင္ဘူးလား"
"ဘာ နင္ကမ်ား"
"ေျဖာင္း!"
ေဒၚႏွင္းသက္မႈန္ၾကာျဖဴ႕ကိုပါးရိုက္လိုက္ၿပီး အနီးနားက တုတ္ကိုယူၿပီးၾကာျဖဴ႕ကိုရိုက္ေတာ့သည္။
"ကဲဟယ္ ကဲဟယ္ နင္ကမ်ားငါ့ကိုျပန္ေျပာရဲတယ္ နင္ကမ်ား ရာရာစစ"
"အား အ အား"
"ဒုတ္! ဒုတ္! ဒုတ္!"
အခ်က္ေပါင္းမ်ားစြာရိုက္ၿပီးေနာက္
"ဒီေန႕ေတာ့ ဒီေလာက္ဘဲေပါ့ ေနာက္ေန႕က်ရင္ထပ္လာၿပီးေမးဦးမယ္ အဲ့က်အေျဖတိတိက်က်ရွိေနပါေစ"
ၾကာျဖဴ႕တစ္ကိုယ္လုံးလဲ ေသြးေတြဒဏ္ရာေတြနဲ႕ျပည့္ေန၏။
"ကေလးေရ လန႔္သြားတယ္မလား ေမေမကေတာင္းပန္ပါတယ္ေနာ္ ကေလးေရ ေမေမက ေတာင္းပန္ပါတယ္ေနာ္ ေမေမက...အဟင့္..."
"ဘယ္လိုလဲ ဖ်က္ခ်မယ္တဲ့လား"
"မလုပ္ဘူးတဲ့ စိတ္တိုလိုက္တာ"
"အဲ့ဒါဆို ဘယ္လိုလုပ္မလဲ"
"ဘာကိုဘယ္လိုလုပ္ရမွာလဲ အတင္းအက်ပ္လုပ္႐ုံေပါ့ အဲ့ဒါမွ လက္မခံလဲသတ္ပစ္႐ုံဘဲေပါ့"
"ဟုတ္တယ္ သူ႕လိုမိန္းမမ်ိဳးကအဲ့လိုဘဲလုပ္သင့္တယ္"
"ဒါေတြအကုန္လုံးရွင့္ေၾကာင့္ ရွင္ကေရာဘယ္လိုျဖစ္ၿပီးသူနဲ႕အဲ့လိုျဖစ္သြားရတာလဲ"
"သက္ရယ္ကိုေျပာျပထားတဲ့အတိုင္းဘဲေလ သူကကိုယ့္ကိုလာလာျမႇူဆြယ္ေနတာပါဆို အဲ့ေန႕ကလည္းကိုလည္းမူးေနေတာ့ သူ႕ခြင္ဘဲဆိုၿပီးသူကႀကံစည္လိုက္တာ သက္လည္းသိပါတယ္ ကိုကသက္တစ္ေယာက္ကိုဘဲခ်စ္တာပါ"
"အင္းပါ ယုံပါတယ္ ဒါနဲ႕ဒီကိစၥကိုသက္အေဖသိလို႔မျဖစ္ဘူးေနာ္"
"အင္းပါ သက္ရဲ႕ကိုသိပါတယ္"
"ၿပီးေရာ"
💢💢💢
"ျဖန္း"
"ထေတာ့"
ဦးမင္းမဟာ ၾကာျဖဴ႕ကိုေရနဲ႕ပက္ၿပီ ႏွိုးလိုက္သည္။
"ၾကည့္ပါဦးမင္းရဲ႕လွပတဲ့မ်က္ႏွာေလးကခုေတာ့ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႕ ကြၽတ္ ကြၽတ္ ကြၽတ္ အဲ့ဒါေၾကာင့္မင္းကိုအစကတည္းကငါ့မိန္းမမသိခင္ ဖ်က္ခ်လိဳက္လို႔ေျပာတာေလ ခုေတာ့မင္းေခါင္းမာမႈေၾကာင့္ခုလိုျဖစ္ၿပီ"
"ဒါရွင္ေျပာရမယ့္စကားလား ဒါရွင့္ကေလးပါ ရွင့္မိန္းမသိသြားရင္ေတာင္ ရွင္ ရွင့္ေသြးသားကိုကာကြယ္ေပးရမွာ မဟုတ္ဘူးလား"
"ဟား ဟား ဟား ငါကဘာလို႔မင္းလိုမိန္းမရဲ႕ကေလးကို ကာကြယ္ေပးရမွာလဲ ဟာသေတြလာမေျပာေနစမ္းပါနဲ႕ကြာ
ကေလးဖ်က္ခ်လိဳက္"
"ရွင္ လူမွဟုတ္ေသးရဲ႕လားဟင္ ဘယ္အေဖကမွသူ႕ကေလး ကိုဖ်က္ခ်ဖိဳ႕မေျပာဘူး"
"လူေတြမလူေတြေျပာမေနနဲ႕ ခုမင္းလုပ္ရမွာက ကေလးကိုဖ်က္ခ်လိဳက္အဲ့ဒါဆိုကိစၥအားလုံးၿပီးသြားလိမ့္မယ္"
"ထြီ လူမဆန္တဲ့ေကာင္လူယုတ္မာေကာင္"
"ဟ မင္းကမ်ားငါ့ကိုတံေတြးနဲ႕ေထြးတယ္မင္းကမ်ား"
"ေျဖာင္း! ေျဖာင္း!"
"လာၾကစမ္း"
ဦးမင္းမဟာ အမိန႔္ေပးလိုက္တာနဲ႕သူ႕လူေတြဝင္လာၿပီး
"ရိုက္လိုက္ၾကစမ္းး"
"ဒုတ္! ဒုတ္! ဒုတ္! ဒုတ္! ဒုတ္! ဒုတ္! ဒုတ္!"
"အာ အား"
'ခံေပးဦးေပါ့ကြာ မင္းအျပစ္နဲ႕မင္းဘဲ'
---
"ဘယ္လိုလဲ စဥ္းစားၿပီးၿပီလား"
"မလုပ္နိုင္ပါဘူး"
"နင္မလုပ္နိုင္ရင္လည္း အတင္းအက်ပ္လုပ္႐ုံေပါ့"
"မမေလး မမေလးလည္းသိတယ္မလား ခုကိစၥမွာကြၽန္မျမႇူဆြယ္တာမဟုတ္တာကို မမေလးလည္းသိတာဘဲမလား"
"ဟုတ္တယ္ ငါသိတယ္ အဲ့ေတာ့ဘာျဖစ္လဲ နင္အစကတည္းကကင္းကင္းရွင္းရွင္းေနခဲ့ပါလား နင္သာအဲ့လိုလုပ္ခဲ့ရင္ခုလိုျဖစ္မွာမဟုတ္ဘူးေလ"
"မမေလးးး"
"ဘာလဲ ငါ့ကိုေအာ္တာလား နင္ကဘာမိုလို႔လဲ!!!"
"ဒီကိစၥေတြကိုမမေလး အေဖသိသြားရင္ ဘယ္လိုလုပ္မလဲ
ၿပီးေတာ့ သခင္ႀကီးနဲ႕ဒီလိုျဖစ္တာကြၽန္မတစ္ေယာက္တည္း မဟုတ္ဘူးထင္တယ္ေနာ္ ဒီအေတာအတြင္းရွင္းခဲ့တဲ့သူေတြ ဘယ္ေလာက္ေတာင္လဲ ဒါေတြသာမမေလးအေဖသိသြားရင္"
"ဘာ! နင္ နင္ ကမ်ား!!! ကဲဟယ္ ကဲဟယ္"
"ေျဖာင္း! ေျဖာင္း! ေျဖာင္း! ေျဖာင္း!"
"နင္ဒီလိုေျပာတဲ့အတြက္ နင္ နင္ေပးဆပ္ရမယ္"
ေဒၚႏွင္းသက္မႈန္ အျပင္ကို အေလာတႀကီး ေျပးထြက္သြား၏။
ၾကာျဖဴ ငိုခ်လိဳက္သည္။
'ဒီဝဋ္ကေနဘယ္ေတာ့မ်ားမွကြၽတ္မွာလဲ"
"ၾကာျဖဴ ၾကာျဖဴ ထြက္ေျပးေတာ့ ထြက္ေျပးေတာ့"
"ဟင္ ကိုဦး"
ကိုဦးဆိုသည္မွာ ဒီအိမ္ကကားဒရိုင္ဘာ။
"ထြက္ေျပးေတာ့"
"ဟုတ္ ဟုတ္ ကိုဦး ေက်းဇူး ေက်းဇူးတင္ပါတယ္"
"ရပါတယ္ သြား ထြက္ေျပးေတာ့"
"ဟုတ္ ဟုတ္"
ၾကာျဖဴေပ်ာ္လြန္းလို႔ မ်က္ရည္ေတြေတာင္ဝဲေန၏။
ၾကာျဖဴအခန္းထဲကထြက္ၿပီးေတာ့အျပင္ေရာက္ေတာ့ အျပင္မွာအေစာင့္အနည္းငယ္ရွိသည္။ သူတို႔ကိုပုန္းၿပီးေျပးနိုင္သမွ် ထြက္ေျပးသည္။ဒဏ္ရာေတြနဲ႕ဆိုေတာ့အနည္ငယ္ႏွေးေပမယ့္ေပါ့။အိမ္ကသုံးထပ္။ထြက္ေျပးရင္းထြက္ေျပးရင္းနဲ႕ ဒုတိယ ထပ္နဲ႕ေအာက္ထပ္ကိုဆက္တဲ့ေလွကားနားအေရာက္
"အားးး"
__________________
Up ေနာက္က် သြားလို႔ေတာင္းပန္ပါတယ္🙏🙏🙏
ရွည္ရွည္ေလေရးေပးလိုက္တယ္ေနာ္