အသက်နှင့်လဲ၍ (Completed)

By EmmaXing95

193K 11K 86

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 21

3.3K 219 2
By EmmaXing95


Unicode

ဝမ်ရိ‌ေပါ်- အပိုင်းကဖြင့် ၂၀ ကျော်နေပြီ အခုထိဘာမှမဖြစ်သေးဘူး ငါဘယ်တော့နမ်းရမှာလဲ

Author-လာပါပြီလို့👀
............

ရိပေါ် ရောက်လာတော့ ဝမ်ချင်က ဖြစ်ပျက်သမျှအကုန်ပြောပြလိုက်သည်

ဝမ်ချင်ပြောတာနားထောင်နေတုန်း ရှောင်းကျန့်က ထွက်လာသည်

"ရိပေါ် ရောက်လာပြီလား သွားမယ်လေ"

ရိပေါ်က ဘာမှပြန်မပြောဘဲ ရှောင်းကျန့်နားသွားကာ ကိုယ်ကိုစစ်ဆေးကြည့်သည် ဘယ်နေရာထိသွားသေးလဲပေါ့

"ခေါင်းကနာနေလား"

"ဝမ်ချင် နင်အရမ်းလျှာရှည်တာပဲ"

သူမေးတာကို မဖြေဘဲ ဝမ်ချင်ကိုရန်လုပ်နေတဲ့ ကောကို နောက်တစ်ခါထပ်မေးလိုက်သည်

"ခေါင်းနာနေလား"

"မနာပါဘူး နည်းနည်းလေးဆောင့်မိရုံဘဲ"

"သွားရအောင်"

"အင်း"

ရိပေါ် အဲ့အကြောင်းကြားပြီးကတည်းက ရုပ်တည်ကြီးဖြစ်သွားတာ အခုထိအဲ့အတိုင်းပဲ

ကားမောင်းနေရင်းနဲ့ တဖြည်းဖြည်း အရှိန်မြန်လာသလိုလို

"ရိပေါ် ဖြေးဖြေးမောင်းဦး"

ရှောင်းကျန့် ပြောကာမှ အရှိန်ပြန်လျှော့လိုက်သည်ထင် ပုံမှန်နှုန်း ပြန်ဖြစ်သွားသည်

တစ်လမ်းလုံး ရိပေါ်ဘာစကားမှမပြောပေ
ရှောင်းကျန့်လည်း ပင်ပန်းထားတာမို့ အိပ်ပျော်သွားသည်

ကားရပ်လိုက်တော့ ရှောင်းကျန့်အိမ် မဟုတ်ပေ
ရိပေါ်ခေါ်လာတာက သူအရင် အဖေနဲ့အမေ ‌ရှိတုန်းက နေခဲ့တဲ့အိမ် အဖေတို့မရှိတော့တဲ့ နောက်ပိုင်း သူကတိုက်ခန်းမှာသွားနေတာ သူ့အစ်ကိုပဲနေတော့တာ အခု ရှီးချန်က ဆေးရုံမှာဆိုတော့ အိမ်မှာ ဘယ်သူမှမရှိဘူးပေါ့

ကောကို ဟိုနေရာမှာ တစ်ယောက်ထဲအမြဲတမ်းထားခဲ့ရတာ စိတ်မချဘူး အဲ့လိုဆိုပြီး သူ့တိုက်ခန်းကို ခေါ်သွားဖို့ကြတော့လည်း ကျဥ္းလွန်းတယ် အနေခက်လိမ့်မယ် ဒီနေရာကိုပဲ ခေါ်လာဖို့ သူစဥ်းစားမိတော့တာ

ဘယ်တော့မှ ပြန်မလာဘူးလို့ သဓိဌာန် ချခဲ့တဲ့ ဒီနေရာကို အခုပြန်ရောက်လာခဲ့ပြီ

ဘေးကိုကြည့်လိုက်တော့ အိပ်ပျော်နေပြီဖြစ်တဲ့ ကျန့်ကော...မနိုးအောင် ခေါင်းကိုအသာလေး မကာ ကိုင်ကြည့်မိသည်

နည်းနည်းလေးဆောင့်မိတာလို့‌ေပြာပေမဲ့ အစ်မဝမ်ချင်က အားနဲ့တွန်းခံလိုက်ရတာလို့ပြောတယ်

ဟိုနေ့က သူရှောင်းကျန့်အိမ်ကို ရှင်းပေးတုန်း တုတ် တစ်ချောင်းတွေ့ခဲ့သေးတယ် အရိုက်ခံရမှန်း သံသယဖြစ်မိပေမဲ့ အရမ်းကြီးမဆိုးလောက်ဘူးထင်တာ အခုထပ်ဆောင့်မိတာဆိုရင်တော့ စိုးရိမ်စရာဖြစ်သွားပြီ

ခေါင်းကိုအသာလေးပြန်ချလိုက်သည်
နောက်တစ်ခါ ထပ်မြင်ရပြန်တဲ့ ကျန့်ကောရဲ့ အိပ်နေတဲ့ပုံလေးကို ရိပေါ်ငေးမိသည်
ဘယ်နှစ်ခါကြည့်ကြည့် ရိုးမသွားဘူး

အဲ့နေ့ညက ကားထဲမှာ အိပ်ပျော်နေတဲ့ ဒေါက်တာလေးရဲ့ပါးကို ရဲသားလေးက ခိုးနမ်းခဲ့ပါတယ်

ဒီ့ထက်တော့ ပိုမလုပ်ခဲ့ချေ ကောကိုအခွင့်အရေးမယူချင်ဘူး ကျန့်ကော သတိရှိနေတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့ နမ်းချင်တယ် အဲ့လိုလုပ်လို့ ကော ကျွန်တော့်ကို မုန်းသွားမယ်ဆိုရင်တောင် ကျွန်တော်နောက်မဆုတ်ဘူး

နောက်တစ်နေ့မနက်ရောက်တော့

နိုးလာတဲ့ ဆရာဝန်လေးက ကြောင်တောင်တောင်နဲ့ သူရောက်နေတဲ့အခန်းကို သေချာကြည့်နေတယ် သူဘယ်ရောက်နေတာလဲ ရိပေါ် သူ့ကိုလိုက်ပို့ပြီးတော့ ငါအိပ်ပျော်သွားပြန်တာလား ရှောင်းကျန့်ရားးးးး

မင်းရူးနေပြီ!!! တကယ်ကိုရူးနေပြီ!!!

ဒီတစ်ခါလည်း ထပ်ပြီး ပွေ့ချီ.....ငါအငွေ့သာပျံသွားလိုက်ချင်တယ်

တံခါးခေါက်သံကြောင့် ပြန်လှဲကာ အိပ်ချင်ယောင်ဆောင်လိုက်သည်

အခန်းထဲဝင်လာတဲ့ ရိပေါ်က လက်ထဲက
ပေါင်မုန့်နဲ့ နွားနို့ ကို ဘေးချကာ ကုတင်နားရောက်လာသည်

*ဘယ်လိုလုပ်မလဲ ငါသူ့ကို မျက်နှာမပြရဲဘူး*

"ကော နိုးနေမှန်းသိတယ်နော် ကျွန်တော်အပြင်ကအသံကြားရတယ် ထ မနက်စာစားမယ်လေ"

"အင်.... အင်း... ရိပေါ် မင်းဘာဖြစ်လို့ ဒီမှာရှိနေတာလဲ ဟင် ဒါငါ့အိမ်လည်း မဟုတ်ဘူး ငါဘယ်ရောက်နေတာလဲ"

မသိချင်ယောင်ဆောင်ကာ စကားတွေဆက်တိုက်ပြောနေတဲ့သူက အခုမှနိုးလာတာမှန်း အရမ်းပီပြင်တာပဲ ကျန့်ကောရာ

"ဒါကျွန်တော်ငယ်ငယ်ကနေခဲ့တဲ့အိမ်"

"ဟင် ဒါဆို မင်းအစ်ကိုနေတဲ့အိမ်ပေါ့"

"အင်း"

သူငါ့ကိုဘာလို့ ဒီခေါ်လာတာလဲ ဝမ်နင်ပြောတာ သူ့မိဘတွေအိမ်ကို မသွားတာ ကြာလှပြီတဲ့

"ငါ ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

"ကျွန်တော်ခေါ်လာတာလေ ဟိုမှာစိတ်မချလို့ ကျန့်ကော အိမ်ပြောင်းရမှာနော်"

"ဘာလို့လဲ အဲ့မှာဘဲနေမယ်လေ"

"မရဘူး ကျန့်ကော အိမ်ပြောင်းရင်ပြောင်း မပြောင်းရင် ကျွန်တော်လာနေရမလား"

"မင်းလာနေလို့မရဘူးလေ"

"အာ့ဆို ပြောင်းပေါ့"

ကျွန်တော်လာနေမှာကို အဲ့လောက်တောင်ကြောက်လား ကောကိုဘာလုပ်မှာမို့လို့လဲဗျာ

(မလုပ်မှာကြနေတာပဲ😑)

နွားနို့သောက်လို့ပေနေတဲ့ နှုတ်ခမ်း‌ေလးကို ရိပေါ်အကြည့်ရောက်သွားတဲ့အချိန်မှာတော့ အညို့ခံလိုက်ရသလိုပဲ ဘာမှမသိတော့ပေ တစ်နေရာထဲကိုပဲ စိုက်ကြည့်နေတာ

"ရိပေါ် ဟို...အမှုက ဘယ်လိုဖြစ်သွားပြီလဲ"

"ရိပေါ်~~ ဟေ့ ဝမ်ရိပေါ်~~"

"မင်း ငါပြောတာကြား.....အွန်း"

နောက်ဆုံးတော့ နမ်းလိုက်ပါပြီ
အဝေးကတောင် ထိန်းနေရပါတယ်ဆို အနားကပ်ပြီး လက်ကလေးရမ်းပြနေတာ အဲ့လက်ကိုဖမ်းပြီး နှုတ်ခမ်းချင်းကပ်လိုက်တော့တယ်

ချိုတယ် တော်တော်ချိုတာ ရိပေါ်မလွှတ်ဘဲနမ်းနေတာ တော်တော်ကြာမှ လွှတ်ပေးလိုက်ပြီး
ကျန့်ကောမျက်လုံးကိုကြည့်မိတယ်

ချိုတာတော့ ဟုတ်ပါပြီ အခုနေ အထိုးခံရတော့မှာ မြင်ယောင်နေတယ်

ဒါပေမဲ့ အချိန်အတော်ကြာအောင် တုံ့ပြန်မှုမရှိတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ပိုပြီးတော့တောင် ကြောက်သွားမိသည် ကျွန်‌ေတာ့်ကိုမုန်းသွားပြီလား

"ရိပေါ် ငါပြန်ချင်တယ်"

တော်တော်ကြာမှ တစ်ခွန်းပြောလိုက်တာက ပြန်ချင်တယ်တဲ့ သူလိုက်ပို့ခဲ့သည်

ကားရပ်တာနဲ့ ဆင်းကာ အိမ်ထဲတန်းဝင်သွားတဲ့သူ့ကို စောင့်နေမိသည် ခဏကြာတော့ အဝတ်အစားအသစ်နဲ့ ပြန်ထွက်လာတယ်

"မင်း ‌‌စောင့်နေတာလား"

"အင်း ကျွန်တော်လိုက်ပို့မယ်"

ကားထဲမှာ ငြိမ်ငြိမ်လေးနေတဲ့ ကောကြောင့် သူ့အမှားကို တောင်းပန်စကားစလိုက်သည်

"ကော ခုနက ကျွန်တော်...."

"ရိပေါ် မင်း ငါ့ကို ဘယ်လိုမြင်တာလဲ"

"........"

"မင်းက gay လားရိပေါ်"

ကားကိုလမ်းဘေးထိုးရပ်ကာ

"ကျွန်တော် gay မဟုတ်ဘူး ကျန့်ကော ဒါပေမဲ့ ကောကိုတော့ သဘောကျမိတယ် တခြားသူဆိုရင် ကျွန်တော်...."

"ရပြီ ငါနားလည်ပြီ"

"ကော ကျွန်တော် တောင်းပန်ပါတယ်"

"အင်း"

"ဒါပေမဲ့ ကျွန်တော် နောင်တမရဘူး"

"......."

"ကော ကျွန်တော့်ကို ‌အ‌ဖြေပြန်ပေးရမယ်"

"ငါ့ကို..စဥ်းစားချိန်ပေး.."

"ကော ကြိုက်တဲ့အချိန် ပေးလို့ရပါတယ် ဒါပေမဲ့ သေချာတော့စဥ်းစားပေး.."

"အင်း.."

မှိုင်ပြီးရောက်လာတဲ့ ရှောင်းကျန့်ကို အကုန်လုံးက ကြည့်နေကြတယ် တစ်‌ေနကုန် ဆေးတွေမှားလို့မှား လူနာမှားကုလို့ကုနဲ့ သူ့ကိုအတင်းဆွဲကာ ထိုင်ခိုင်းရတယ်

"ရှောင်းကျန့် မင်းမနေ့ကခေါင်းထိပြီး ဘာများဖြစ်သွားတာလဲ"

"ဟေ့ကောင် မင်းငါပြောတာကိုကြားလား"

"ရှောင်းကျန့်ရေ!!!!!"

"မင်းအမေပဲ ကြားတယ်ကွ"

"ကြားရင် ပြန်ပြောလေကွာ မင်းဘာဖြစ်နေတာလဲလို့"

"ငါ....."

အကုန်လုံး ဝိုင်းကြည့်နေသည်

"ငါ...အနမ်းခံလိုက်ရတယ်"

"ဘာ!!!!!!!"

အကုန်လုံးဝိုင်းအော်တာ နားကွဲပြီလား အောင့်မေ့ရတယ်

"မင်းတို့....ရှူး....တိုးတိုးနေကြစမ်းပါ...လူတွေဝိုင်းကြည့်ကုန်ပြီ"

"ငါ..အခုနားကြားများမှားတာလား ဘယ်သူကလဲ"

"ရှောင်းကျန့် နင် နောက်နေတာမလား"

"အစ်ကိုဘယ်သူကလဲ"

အတင်းဝိုင်းမေးနေတာကို သူ ရိပေါ်လို့ပြန်ဖြေလိုက်ရင် ရိ‌ေပါ် ကို gay လို့ထင်သွားနိုင်တယ် မဖြစ်ဘူး ရိပေါ်က gay မဟုတ်ဘူးလေ သူ့ကိုပဲသဘောကျတာတဲ့

"ဘာမှမဟုတ်ဘူး...ဟို......ညတုန်းက အိမ်မက်ထဲမှာ..အနမ်းခံလိုက်ရတယ်လို့.."

"ရှောင်းကျန့် နင်သေချင်ပြီလား"

"မင်း မှိုင်နေတာ တခြားအကြောင်းရှိရမယ် မှန်မှန်ပြောစမ်း"

"ဟုတ်တယ်"

"တကယ်ပါဆိုနေ..."

ထိုအချိန်

"အရေးပေါ်လူနာ!! ရဲတစ်ယောက် သေနတ်ထိလို့ သွေးထွက်လွန်နေပြီ!!"

########

💞Meixing💞

နောက်တစ်ပိုင်း ‌ေဒါက်တာ‌ေလး အချစ်တွေပေါက်ဖွားတော့မယ်
မနက်ဖြန် update မရှိဘူးနော် စာလုပ်ရဦးမှာမို့ သန်ဘက်ခါတစ်ပိုင်းအပ်မယ်😙

Zawgyi

Continue Reading

You'll Also Like

170K 6.6K 48
It's a love and forced marriage story of an arrogant young man and a cute dreamworld mesmerised girl.He married her forcefully,... Will they fall in...
56.8K 931 23
(completed) Unicode "" ထူးခြားသောမျက်လုံးပုံစံဖြင့် မွေးဖွားလာတာကြောင့် နတ်ဆိုးတိုင်းက သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတစ်ဖက်ကို လိုချင်ကြတယ် ဒီလိုနဲ့ထိုနတ...
58.4K 3.5K 24
Lee Woozi. A pretty face. With a pretty smile, But also, With a pretty secret. #prettyU --- written by asshat. suggested by her equally dysfunc...
151K 8.5K 17
CHANYEOL × SEHUN [CHANHUN] (Zawgyi-Unicode) cover present by @Y94Carolyn