Club 9***
clubထဲ လ်ွံလက္ကေလးဆြဲကာ ဝင္ခဲ့ၿပီး သူငယ္ခ်င္းေတြဆံုရပ္ေနရာကို ဦးေဆာင္တက္လာခဲ့လိုက္သည္။
Disco light ေတြနဲ႔ လူေတြအေရာင္စံုေနလ်ွက္ sound box ကထြက္လာတဲ့ base သံ တစ္ဒုန္းဒုန္းေအာက္မွာ ဝုန္းဒိုင္းၾကဲေနေလ၏။
New year ညဆို ကန္ေပါင္တို႔ ပန္းျခံတို႔သာေရာက္ဖူးတဲ့ လ်ွံအတြက္ အရာရာက ဆန္းသစ္ေနေလသည္မို႔ ရင္တစ္ထိတ္ထိတ္နဲ႔ေမာင့္လက္ကို ဆုပ္ထားမိရသည္။
"Hey bro"
"Hey men"
" wow ေပါက္စေလးပါ ေခၚလာတာကိုး"
လ်ွံကိုမ်ားေပါက္စတဲ့ ေမာင့္အရပ္ထက္နည္းနည္းေလးပဲ နိမ့္တာမ်ားဘယ္လိုမ်ား ေပါက္စလို႔ထင္သည္မသိ။
"လ်ွံ ေမာင့္သူငယ္ခ်င္းေတြ မွတ္မိတယ္မလား"
"ဟီး လူေတာ့ မွတ္မိတယ္ နာမည္ေတြ ေမ့ကုန္ျပီ"
"ဟားဟားပြင့္လင္းလိုက္တာ"
"အလြယ္ပဲ မွတ္လိုက္ ကိုဟိန္း ကိုသက္ ကိုေန ကို႐ိုး"
လက္ဝါးေတြေထာင္ကာ ႏႈတ္ဆက္လာတဲ့ ေမာင့္သူငယ္ခ်င္းေတြၾကားမွာ လ်ွံ မ်က္စိသူငယ္ နားသူငယ္နဲ႔ ျပံဳးကာ ေနရသည္။
"ေမာင္ နည္းနည္း ေသာက္မယ္ေနာ္ လ်ွံအတြက္ cocktailေပ်ာ့ေပ်ာ့ေလး ယူေပးမယ္ေနာ္"
"အင္း ေမာင္ "
"ေသာက္မယ္ ေသာက္မယ္ ၿပီးရင္ ဆင္းက
ရမွာေနာ္ မခ"
"အာ မလုပ္နဲ႔ ကိုယ္ဘာကိုယ္ သြားကဲၾက"
"အိုး ဟို မျငင္းနဲ႔ ကိုယ့္လူ ငါတို႔ မဆံုျဖစ္တာ ဘယ္ေလာက္ၾကာၿပီလဲ ဒီတစ္ခါေတာ့ လုပ္ပါကြာ"
"ငါ့ baby ကို စိတ္မခ်ဘူးကြ"
"လ်ွံ ေနခဲ့မယ္ေမာင္ ခန သြားကေလ"
"ျမင္လား သူက ဘာမွမျဖစ္ဘူး မင္းကိုက ပိုတာ"
"တစ္ေယာက္ေတာ့ babyကို အေဖာ္လုပ္ေပးကြာ"
"ငါေနခဲ့မယ္ မင္းတို႔တက္လာမွ ငါသြားမယ္"
"Thank you bro "
"ေမာင္ရဲ႕ လ်ွံေနတတ္ပါတယ္ "
"ေမာင္ ခနေလးပဲေနာ္ မၾကာေစရဘူး "
"အင္းပါ ေမာင္ရဲ႕ စိတ္ေျဖာင့္ေျဖာင့္သြား ေမာင့္ေၾကာင့္ သူငယ္ခ်င္းေတြ မေပ်ာ္ဘဲေနလိမ့္မယ္"
"ကဲ အားလံုး ေမာ့လိုက္ၾကရေအာင္"
"Cheers"
ဖန္ခြက္တိုက္သံ တခြၽင္ခြၽင္နဲ႔ ဆူညံသြားၿပီး ႐ွန္လဲ လ်ွာစြတ္ရံုေသာက္လိုက္ရသည္။ ေမႊးေမႊးခ်ိဳခ်ိဳေလး သီးစံု cocktail က alcohol ပါတယ္ဆိုရံုေလးမို႔ လ်ွံ ေက်နပ္သြားသည္။ လ်ွံက အရက္ ဘီယာ လံုးဝမႀကိဳက္။ ခါးသက္သက္အရသာကို မခံစားႏိုင္ေပ။
ေမာင္ကေတာ့ အရက္ေသာက္တာေတာင္ အထာက်လွသည္။တရုတ္ကားေတြထဲက bossေတြေသာက္သလို ဖန္ခြက္ေသး ေသးေလးထဲ ဘာမွမေရာပဲ တခ်က္ထဲ ေမာ့ေသာက္သည္။
လ်ွံ႔ကို ဘာေၾကာင့္ေပါက္စလို႔ေခၚမွန္းခုမွသိသည္ လ်ွံက gentleman ေတြၾကားမွာ အျဖဴထည္လို ျဖစ္ေနတာကိုး။တစ္ခြက္ၿပီးတစ္ခြက္ကုန္လာ
တဲ့ေနာက္မွာ အ႐ွိန္ရလာသလို လႈပ္စိလႈပ္စိနဲ႔ ျမဴးလာၾကၿပီး ကမယ္ ကမယ္ျဖစ္ၾကၿပီ။
သူငယ္ခ်င္းေတြ အတင္းေခၚသြားတဲ့ေနာက္ ပါသြားတဲ့ ေမာင္က လ်ွံကို လွည့္တၾကည့္ၾကည့္။
ပြဲျကည့္စင္လို ေမာင္တို႔ ကေနတဲ့ေနရာကို လ်ွံတို႔ေနရာကေန ျမင္ေနရေလသည္။ လင္းတစ္လွည့္ ေမွာင္တစ္လွည့္ မီးေရာင္စံုေအာက္မွာေတာင္ ေမာင္က ထင္းလင္းေနသည္။ လည္သာအနက္ ဝမ္းဆက္နဲ႔ ႐ွဴးလည္သာ နီညိဳေရာင္စီးထားတဲ့ေမာင္က ေတာ္ဝင္မင္းသားေတြလို ၾကည့္ေကာင္းလြန္းလွသည္။ music အလိုက္ ယိမ္းကာ လႈပ္႐ွားေနတဲ့ လူေတြအမ်ားႀကီးၾကားထဲ ေမာင့္ကို႐ွင္း႐ွင္း ျမင္ေနရသည္။
ဟိုၾကည့္၊ဒီၾကည့္ ေလ်ွာက္ၾကည့္မိေသာ္ျငားလ်ွံမ်က္
လံုးဘူတာကမိုးမခေမာင္ဆိုေခ်ာလြန္းလွတဲ့ေမာင့္ဆီ
ကိုသာ။
"သြားကမလား လိုက္ပို႔မယ္ေလ"
ကို႐ိုးရဲ႕အေျပာကို ေခါင္းခါျပရင္း...
ဟင့္အင္း ဒီတိုင္းပဲ ၾကည့္ခ်င္လို႔"
"ျမင္ေကာ ျမင္ရရဲ႕လား မခကို"
"ဟုတ္ ျမင္တယ္"
လ်ွံၾကည့္တုန္း ေမာင့္နားနားကပ္ကာ ဘာေတြေျပာမွန္းမသိတဲ့မိန္းကေလးတစ္ေယာက္ေၾကာင့္ ကိုယ္က မတ္သြားကာ အေသခ်ာၾကည့္မိေလသည္။ ျမင္ဖူးသလိုလိုပင္။
လူေတြတိုးေနတာမို႔ ေမာင့္ရင္ခြင္ထဲဝင္ေတာ့မတတ္ျဖစ္ေနတဲ့တစ္ေယာက္ေၾကာင့္ စိတ္ေစာစြာ
ထရပ္ၿပီးေ႐ွ႕တိုးၾကည့္လိုက္မိတဲ့လ်ွံ။
"ျခမ္း"
တစ္ဖက္လူကိုင္ထားတဲ့ ဖန္ခြက္ကိုတိုက္လိုက္မိၿပီး လ်ွံရင္ဘတ္မွာ စိုသြားေလသည္။ အနံ႔ေတြလိႈင္တက္လာမို႔ ႏွာေခါင္း႐ွံု႔လိုက္မိေလသည္။တိုက္မိတဲ့ မိန္းကေလးရဲ႕ လည္သာ႐ွဴးေပၚမွာလဲ အရက္ေတြ ေပကုန္ေလ၏။
" sorry ဗ်ာ ကြၽန္ေတာ္မျမင္လိုက္လို႔"
"အဟက္ ဘယ္ျမင္မလဲ မျမင္ဖူးမေတြ႔ဖူးသလို လိုက္ေငးေနတာကိုး"
ကို႐ိုးက ဆူညံသံေတြနဲ႔ ေဝးတဲ့ဘက္ဖုန္းေျပာရင္း လွည့္ၾကည့္လာကာ ...
"လ်ွံ ဘာျဖစ္တာလဲ"
"တိုက္မိလိုက္လို႔ ကို႐ိုး "
"ဒီက ညီမ ကြၽန္ေတာ္ ျပန္ေလ်ာ္ေပးပါ့မယ္"
လ်ွံက မေခ်မငံေျပာတဲ့ တစ္ဖက္မိန္းကေလးက ေသာက္ထားတာမို႔ေ႐ွာင္လြဲဖို႔ ႀကိဳးစားလိုက္ေပမယ့္
"အဲ့ဒီိဖိနပ္က တစ္ကမၻာလံုးမွာ ၃ရံထဲထုတ္တာ ဘယ္လိုျပန္ေလ်ာ္နိုင္မွာလဲ"
"အာ"
"လ်ွံ ေနာက္ဆုတ္ေန ကိုယ္ေျပာမယ္"
"ေမာင္"
"အက်ီ ၤေတြ စိုကုန္တာလား ခနေနာ္"
အေပၚထပ္လည္သာ ဂ်ာကင္ကို လ်ွံေပၚျခံဳလႊမ္းေပးလိုက္ရင္း မခ အံတင္းတင္းႀကိတ္လိုက္မိသည္။ မိမိရဲ႕ ေပါ့ဆမႈေၾကာင့္ လ်ွံကို ထိပါးခံလိုက္ရသည္။ က ေနရင္း စင္ဒီက ျမင္သြားကာ မခနားကပ္ဖို႔ ႀကိဳးစားေနသည္မို႔ လ်ွံမ်ားျမင္သြားမလား စိုးကာ
ေမာ့ၾကည့္လိုက္မိတာနဲ့မခ လ်ွံတစ္ခုခု ျဖစ္ေနၿပီ
ဆိုၿပီး ေျပးတက္လာခဲ့တာ။
။ ၾကားလိုက္ရတဲ့ နားစြန္နားဖ်ားစကားနဲ႔တင္ အဲ့ဒီ မိန္းမကို သတ္ပစ္ခ်င္လွသည္။ လ်ွံ လန္႔သြားမွာစိုးလို႔ စိတ္ကို အတတ္ႏိုင္ဆံုး ထိန္းေနရေပမယ့္ မ်က္ႏွာက ေၾကာက္စရာေကာင္းေလာက္ေအာင္ တင္းမာေနမွာ ေသခ်ာေလ၏။
မခတို႔ ထိုင္ေနၾကေနရာမွာ တပ္ထားတဲ့ cctvေ႐ွ႕ရပ္ကာ လက္သီးဆုပ္ျပလိုက္တာနဲ႔ ဆူညံေပါက္ကြဲေနတဲ့ သီခ်င္းသံေတြ တိကနဲ ရပ္သြားေတာ့သည္။
မၾကာတဲ့ အခ်ိန္အတြင္းမွာ
Club 9ပိုင္႐ွင္ ေရာက္ရာ အရပ္က ေျပးလာပါလိမ့္မည္။ မခတို႔အဖြဲ႔ clubထဲ ဝင္လိုက္တာနဲ႔ ထိန္းခ်ဳပ္ခန္းက လူေတြ ေသးေတာင္ ထမေပါက္ရဲတာမို႔ မခ အခ်က္ေပးတာကိုတန္းသိကာ musicေတြ
ပိတ္ခ်လိုက္ရသည္။
Clubတစ္ခုလံုး တိတ္သြားၿပီဆိုရင္ vvipခန္းက တစ္ခုခုပဲဆိုတာ လာေနၾကလူေတြက သိတာမို႔ မခ တို႔အခန္းဘက္ အသီးသီးၾကည့္လာၾကသည္။
လ်ွံကို မေခ်မငံေျပာေနတဲ့ မိန္းကေလးနဲ႔ ေဘးက ပြဲၾကည့္ပရိတ္သတ္လုပ္ေနတဲ့ အေပါင္းအပါ ေယာက်္ားေလးတစ္သိုက္ ျပာေတာက္သြားေလၿပီ။ မျပာလို႔က မျဖစ္ သူတို႔ မိသားစုေတြရဲ႕ စီးပြားေရးက မိုးမခေမာင္ လက္ေအာက္မွာ။ တခ်က္မွားတာနဲ႔ ခ်က္ခ်င္း ျပာပံုဘဝ ေရာက္သြားႏိုင္သည္မို႔။
" မိုး မိုးမခ ..."
"မိုးမခေမာင္"
"မင္းရဲ႕ ၃ရံထဲထုတ္တဲ့ ေနရာတစ္ခုလံုးကိုေတာင္ ဝယ္ၿပီး မီး႐ိႈ့လို႔ရတယ္ ယံုလား"
"ကို မိုးမခေမာင္ သူငယ္ခ်င္းမွန္းမသိလို႔ပါ ေတာင္းပန္ပါတယ္"
မခ လ်ွံနဲ႔ဆင္တူဝတ္ထားတဲ့ လက္ထပ္လက္စြပ္ကို
ျမင္ေအာင္ျပလိုက္ၿပီး...
" ဒါ ငါ့အမ်ိဳးသား ျပည့္ၿဖိဳးလ်ွံ မျမင္ဖူးဘူးမလား
ၾကည့္ထားေနာက္ဆို ငါ့baby ေ႐ွ႕ ျဖတ္ေတာင္မေလ်ွာက္နဲ႔"
"မင္းရဲ႕ စုတ္ပဲ့တဲ့ ဖန္ခြက္ေၾကာင့္ ငါ့ baby အက်ီ ၤညစ္ပတ္သြားၿပီ ငါ ဘယ္လိုလုပ္သင့္လဲ ထူးျမတ္ေသာ္"
မိန္းကေလးျဖစ္သူရဲ႕ ရည္းစားကို နာမည္တပ္ေခၚေပးလိုက္ေတာ့ မ်က္ႏွာ အပ်က္ပ်က္အယြင္းယြင္းနဲ႔ ေ႐ွ႕တိုးကာ...
"ကိုမိုးမခေမာင္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ဒီကညီေလး ေက်နပ္ေအာင္ ကြၽန္ေတာ္ ဘာလုပ္ေပးရလဲ"
ပိုက္ဆံ႐ွိလုပ္ငန္း႐ွင္တစ္ေယာက္ေပမယ့္ ရြယ္တူခ်င္းေတာင္ ကိုတပ္ေခၚရတာမို႔ ယြန္းမီတစ္ေယာက္လဲ ငိုခ်မတတ္ ထိတ္လန္႔သြားရေတာ့၏။
MMK၏သခင္ေလး မိုးမခေမာင္ဆိုသည္မွာ႐ုပ္႐ွိ
ေရလ်ွံရံုတင္မဟုတ္ဘဲစီးပြားေရးေလာကရဲ႕ဘုရင္
င္တစ္ပါး။ငယ္ရြယ္ၿပီးလူတိုင္းမရႏိုင္တဲ့ဘဝမ်ိဳးမွာ
ေရႊဘံုစံေနသူ။ရည္းစားမ်ားတယ္လို႔နာမည္ႀကီးေသာ္
လည္းေတာ္ရံုအရည္အခ်င္းႏွင့္မိုးမခအရိပ္ခိုလို႔ေတာင္မရႏိုင္ေပ။
.မိုးမခ ကိုသြားထိလို႔က လူကိုလက္ဖ်ားနဲ႔ေတာင္ထိစရာမလိုပဲ အကုန္ လမ္းေဘးေရာက္သြားႏိုင္တာ လူတိုင္းအသိ။ ႀကီးမားလွတဲ့ ဒီလို clubမွာ လူေပါင္း ေထာင္ခ်ီေတာင္မူး႐ူးေနတဲ့ၾကားက sound boxေတြ ပိတ္သြားလို႔မည္သူတစ္ဦးတစ္ေယာက္မ်ွ ေစာဒကမတက္ရဲေခ်။
ဘာတဲ့ ဘယ္သူလို႔ပဲ ေမးလိုက္ မိုးမခအဖြဲ႔ ဆိုတာနဲ႔ အသံေတာင္ထြက္ရဲလိမ့္မည္မဟုတ္။
" ယြန္း ျမန္ျမန္ေတာင္းပန္လိုက္ေလ"
"ေတာင္း ေတာင္းပန္ပါတယ္ ကိုမိုးမခရယ္ ဒီတစ္ခါေလာက္ ခြင့္လႊတ္ေပးပါ"
"ငါ့ကိုေတာင္းပန္ရမွာမဟုတ္ဘူး "
"မင္း ပမာမခန္႔ေျပာလိုက္တဲ့ ငါ့babyက မင္းတို႔ တစ္ေဆြလံုး တစ္မ်ိဳးလံုးထက္ တန္ဖိုးႀကီးတယ္ နားလည္ရဲ႕လား"
"ေမာင္ ေတာ္ပါေတာ့ လ်ွံ ဘာမွျဖစ္တာမွမဟုတ္ဘဲ"
"ကိုျပည့္ၿဖိဳးလ်ွံ ယြန္းေတာင္းပန္ပါတယ္ မသိလို႔ေျပာမိတာပါ"
"ထားလိုက္ေတာ့ ေမာင္ သြားရေအာင္ မိန္းကေလးနဲ႔ ဖက္ျဖစ္ေနတာ ႐ွက္စရာႀကီး"
ဝိုင္းအံုၾကည့္ေနတဲ့ လူေပါင္းမ်ားစြာ ကိုယ့္ေၾကာင့္ အေပ်ာ္ေတြရပ္ကုန္တာမို႔ လ်ွံ မ်က္ႏွာပူလွသည္။
"မိန္းကေလးမို႔သာေပါ့ ေယာက်္ားေလးဆို
ဒီနားတင္ သတ္ပစ္တယ္"
"မခ ဒီကိစၥငါတို႔နဲ႔ထားခဲ့လိုက္ လ်ွံ ညစ္ပတ္ေနတာ အရင္သြားလုပ္လိုက္"
"အားလံုးပဲ အေႏွာင့္ယွက္ျဖစ္သြားတာ sorry"
မခ လက္ဝါးျဖန္ကာ ေထာင္လိုက္တာနဲ႔ musicသံက အုန္းကနဲ ဆူညံသြားေလၿပီ။
"ေဝးးး"
ျပန္လည္လႈပ္႐ွားသက္ဝင္သြားတဲ့ လူပင္လယ္ႀကီးေတာ့ ကိုယ္နဲ႔အလြတ္ႀကီးမို႔ ဝမ္းသာအားရ ျပန္လည္ ကခုန္ၾကေလသည္။
သူငယ္ခ်င္းေတြဘက္လွည့္ကာ...
"ျပန္ႏွင့္ေတာ့မယ္"
"ေအးကြာ လ်ွံ စိတ္႐ႈပ္သြားတာ sorryပါကြာ"
"အာမဟုတ္တာရပါတယ္ဆက္ေပ်ာ္ၾကပါ
Clubထဲက အသံေတြရပ္သြားတာနဲ႔ bodyguard တစ္ဖြဲ႔လံုး အထဲဝင္လာကာ အေျခအေနၾကည့္လာတာမို႔ မခ လ်ွံပခံုးကိုဖက္ကာ ဆင္းလာလိုက္သည္။ ေဘးကပ္ရပ္ေပးၾကတဲ့ လူတစ္တန္းႀကီးက မခကလ်ွံ႔ကို ဂ႐ုတစိုက္႐ွိလွတာမို႔ ေနာက္မ်ားၾကံဳလာခဲ့ရင္ ေ႐ွာင္ရေအာင္ အလုအယက္မွတ္မိေအာင္ ၾကည့္ၾကေလသည္။
အစအဆံုးကို ျမင္လိုက္တဲ့ စင္ဒီကေတာ့ လ်ွံကို
ႀကီးစြာ မနာလိုမိေလ၏။ ကိုယ္နဲ႔တြဲလာတဲ့ ၄လမွာ
ကိုယ့္ဘက္ကသာ ေရပူေရေအး ကမ္းခဲ့ရတယ္ အိုပါးကေတာ့ ဒီလိုဂ႐ုစိုက္ေပးဖို႔ေနေနသာသာ ေသေသ႐ွင္႐ွင္ လွည့္ၾကည့္မယ္မထင္။
ျမင္ဖူးသလိုလိုထင္မိတဲ့ မ်က္ႏွာက စင္ဒီမွန္းျမင္လိုက္တဲ့ေနာက္မွာ လ်ွံ အျပင္သာ ျမန္ျမန္ေရာက္ခ်င္သြားသည္။
သူတို႔ေတြ ဒီလိုေနရာမွာ အတူတူေသာက္ အတူတူကကာ ေပ်ာ္ခဲ့မွာပဲ ဆိုတဲ့အေတြးက ပူေလာင္လာေစသည္။ကိုယ္ကေတာ့ ဒီလိုေနရာနဲ႔ မသက္ဆိုင္တဲ့
အျပင္လူတစ္ေယာက္။ ေမာင္အရမ္း ဂ႐ုစိုက္လြန္း
လို႔ ေပ်ာ္ရမလိုလို ဂုဏ္ယူရမလိုလို ခံစားခ်က္က
ဝင္လာတဲ့ အေတြးေတြေအာက္မွာ ေပ်ာက္႐ွကုန္ေလသည္။
Unicode
Club 9***
clubထဲ လျှံလက်ကလေးဆွဲကာ ဝင်ခဲ့ပြီး သူငယ်ချင်းတွေဆုံရပ်နေရာကို ဦးဆောင်တက်လာခဲ့လိုက်သည်။
Disco light တွေနဲ့ လူတွေအရောင်စုံနေလျှက် sound box ကထွက်လာတဲ့ base သံ တစ်ဒုန်းဒုန်းအောက်မှာ ဝုန်းဒိုင်းကြဲနေလေ၏။
New year ညဆို ကန်ပေါင်တို့ ပန်းခြံတို့သာရောက်ဖူးတဲ့ လျှံအတွက် အရာရာက ဆန်းသစ်နေလေသည်မို့ ရင်တစ်ထိတ်ထိတ်နဲ့မောင့်လက်ကို ဆုပ်ထားမိရသည်။
"Hey bro"
"Hey men"
" wow ပေါက်စလေးပါ ခေါ်လာတာကိုး"
လျှံကိုများပေါက်စတဲ့ မောင့်အရပ်ထက်နည်းနည်းလေးပဲ နိမ့်တာများဘယ်လိုများ ပေါက်စလို့ထင်သည်မသိ။
"လျှံ မောင့်သူငယ်ချင်းတွေ မှတ်မိတယ်မလား"
"ဟီး လူတော့ မှတ်မိတယ် နာမည်တွေ မေ့ကုန်ပြီ"
"ဟားဟားပွင့်လင်းလိုက်တာ"
"အလွယ်ပဲ မှတ်လိုက် ကိုဟိန်း ကိုသက် ကိုနေ ကိုရိုး"
လက်ဝါးတွေထောင်ကာ နှုတ်ဆက်လာတဲ့ မောင့်သူငယ်ချင်းတွေကြားမှာ လျှံ မျက်စိသူငယ် နားသူငယ်နဲ့ ပြုံးကာ နေရသည်။
"မောင် နည်းနည်း သောက်မယ်နော် လျှံအတွက် cocktailပျော့ပျော့လေး ယူပေးမယ်နော်"
"အင်း မောင် "
"သောက်မယ် သောက်မယ် ပြီးရင် ဆင်းက
ရမှာနော် မခ"
"အာ မလုပ်နဲ့ ကိုယ်ဘာကိုယ် သွားကဲကြ"
"အိုး ဟို မငြင်းနဲ့ ကိုယ့်လူ ငါတို့ မဆုံဖြစ်တာ ဘယ်လောက်ကြာပြီလဲ ဒီတစ်ခါတော့ လုပ်ပါကွာ"
"ငါ့ baby ကို စိတ်မချဘူးကွ"
"လျှံ နေခဲ့မယ်မောင် ခန သွားကလေ"
"မြင်လား သူက ဘာမှမဖြစ်ဘူး မင်းကိုက ပိုတာ"
"တစ်ယောက်တော့ babyကို အဖော်လုပ်ပေးကွာ"
"ငါနေခဲ့မယ် မင်းတို့တက်လာမှ ငါသွားမယ်"
"Thank you bro "
"မောင်ရဲ့ လျှံနေတတ်ပါတယ် "
"မောင် ခနလေးပဲနော် မကြာစေရဘူး "
"အင်းပါ မောင်ရဲ့ စိတ်ဖြောင့်ဖြောင့်သွား မောင့်ကြောင့် သူငယ်ချင်းတွေ မပျော်ဘဲနေလိမ့်မယ်"
"ကဲ အားလုံး မော့လိုက်ကြရအောင်"
"Cheers"
ဖန်ခွက်တိုက်သံ တချွင်ချွင်နဲ့ ဆူညံသွားပြီး ရှန်လဲ လျှာစွတ်ရုံသောက်လိုက်ရသည်။ မွှေးမွှေးချိုချိုလေး သီးစုံ cocktail က alcohol ပါတယ်ဆိုရုံလေးမို့ လျှံ ကျေနပ်သွားသည်။ လျှံက အရက် ဘီယာ လုံးဝမကြိုက်။ ခါးသက်သက်အရသာကို မခံစားနိုင်ပေ။
မောင်ကတော့ အရက်သောက်တာတောင် အထာကျလှသည်။တရုတ်ကားတွေထဲက bossတွေသောက်သလို ဖန်ခွက်သေး သေးလေးထဲ ဘာမှမရောပဲ တချက်ထဲ မော့သောက်သည်။
လျှံ့ကို ဘာကြောင့်ပေါက်စလို့ခေါ်မှန်းခုမှသိသည် လျှံက gentleman တွေကြားမှာ အဖြူထည်လို ဖြစ်နေတာကိုး။တစ်ခွက်ပြီးတစ်ခွက်ကုန်လာ
တဲ့နောက်မှာ အရှိန်ရလာသလို လှုပ်စိလှုပ်စိနဲ့ မြူးလာကြပြီး ကမယ် ကမယ်ဖြစ်ကြပြီ။
သူငယ်ချင်းတွေ အတင်းခေါ်သွားတဲ့နောက် ပါသွားတဲ့ မောင်က လျှံကို လှည့်တကြည့်ကြည့်။
ပွဲကြည့်စင်လို မောင်တို့ ကနေတဲ့နေရာကို လျှံတို့နေရာကနေ မြင်နေရလေသည်။ လင်းတစ်လှည့် မှောင်တစ်လှည့် မီးရောင်စုံအောက်မှာတောင် မောင်က ထင်းလင်းနေသည်။ လည်သာအနက် ဝမ်းဆက်နဲ့ ရှူးလည်သာ နီညိုရောင်စီးထားတဲ့မောင်က တော်ဝင်မင်းသားတွေလို ကြည့်ကောင်းလွန်းလှသည်။ music အလိုက် ယိမ်းကာ လှုပ်ရှားနေတဲ့ လူတွေအများကြီးကြားထဲ မောင့်ကိုရှင်းရှင်း မြင်နေရသည်။
ဟိုကြည့်၊ဒီကြည့် လျှောက်ကြည့်မိသော်ငြားလျှံမျက်
လုံးဘူတာကမိုးမခမောင်ဆိုချောလွန်းလှတဲ့မောင့်ဆီ
ကိုသာ။
"သွားကမလား လိုက်ပို့မယ်လေ"
ကိုရိုးရဲ့အပြောကို ခေါင်းခါပြရင်း...
ဟင့်အင်း ဒီတိုင်းပဲ ကြည့်ချင်လို့"
"မြင်ကော မြင်ရရဲ့လား မခကို"
"ဟုတ် မြင်တယ်"
လျှံကြည့်တုန်း မောင့်နားနားကပ်ကာ ဘာတွေပြောမှန်းမသိတဲ့မိန်းကလေးတစ်ယောက်ကြောင့် ကိုယ်က မတ်သွားကာ အသေချာကြည့်မိလေသည်။ မြင်ဖူးသလိုလိုပင်။
လူတွေတိုးနေတာမို့ မောင့်ရင်ခွင်ထဲဝင်တော့မတတ်ဖြစ်နေတဲ့တစ်ယောက်ကြောင့် စိတ်စောစွာ
ထရပ်ပြီးရှေ့တိုးကြည့်လိုက်မိတဲ့လျှံ။
"ခြမ်း"
တစ်ဖက်လူကိုင်ထားတဲ့ ဖန်ခွက်ကိုတိုက်လိုက်မိပြီး လျှံရင်ဘတ်မှာ စိုသွားလေသည်။ အနံ့တွေလှိုင်တက်လာမို့ နှာခေါင်းရှုံ့လိုက်မိလေသည်။တိုက်မိတဲ့ မိန်းကလေးရဲ့ လည်သာရှူးပေါ်မှာလဲ အရက်တွေ ပေကုန်လေ၏။
" sorry ဗျာ ကျွန်တော်မမြင်လိုက်လို့"
"အဟက် ဘယ်မြင်မလဲ မမြင်ဖူးမတွေ့ဖူးသလို လိုက်ငေးနေတာကိုး"
ကိုရိုးက ဆူညံသံတွေနဲ့ ဝေးတဲ့ဘက်ဖုန်းပြောရင်း လှည့်ကြည့်လာကာ ...
"လျှံ ဘာဖြစ်တာလဲ"
"တိုက်မိလိုက်လို့ ကိုရိုး "
"ဒီက ညီမ ကျွန်တော် ပြန်လျော်ပေးပါ့မယ်"
လျှံက မချေမငံပြောတဲ့ တစ်ဖက်မိန်းကလေးက သောက်ထားတာမို့ရှောင်လွဲဖို့ ကြိုးစားလိုက်ပေမယ့်
"အဲ့ဒီိဖိနပ်က တစ်ကမ္ဘာလုံးမှာ ၃ရံထဲထုတ်တာ ဘယ်လိုပြန်လျော်နိုင်မှာလဲ"
"အာ"
"လျှံ နောက်ဆုတ်နေ ကိုယ်ပြောမယ်"
"မောင်"
"အကျီ ၤတွေ စိုကုန်တာလား ခနနော်"
အပေါ်ထပ်လည်သာ ဂျာကင်ကို လျှံပေါ်ခြုံလွှမ်းပေးလိုက်ရင်း မခ အံတင်းတင်းကြိတ်လိုက်မိသည်။ မိမိရဲ့ ပေါ့ဆမှုကြောင့် လျှံကို ထိပါးခံလိုက်ရသည်။ က နေရင်း စင်ဒီက မြင်သွားကာ မခနားကပ်ဖို့ ကြိုးစားနေသည်မို့ လျှံများမြင်သွားမလား စိုးကာ
မော့ကြည့်လိုက်မိတာနဲ့မခ လျှံတစ်ခုခု ဖြစ်နေပြီ
ဆိုပြီး ပြေးတက်လာခဲ့တာ။
။ ကြားလိုက်ရတဲ့ နားစွန်နားဖျားစကားနဲ့တင် အဲ့ဒီ မိန်းမကို သတ်ပစ်ချင်လှသည်။ လျှံ လန့်သွားမှာစိုးလို့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းနေရပေမယ့် မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာနေမှာ သေချာလေ၏။
မခတို့ ထိုင်နေကြနေရာမှာ တပ်ထားတဲ့ cctvရှေ့ရပ်ကာ လက်သီးဆုပ်ပြလိုက်တာနဲ့ ဆူညံပေါက်ကွဲနေတဲ့ သီချင်းသံတွေ တိကနဲ ရပ်သွားတော့သည်။
မကြာတဲ့ အချိန်အတွင်းမှာ
Club 9ပိုင်ရှင် ရောက်ရာ အရပ်က ပြေးလာပါလိမ့်မည်။ မခတို့အဖွဲ့ clubထဲ ဝင်လိုက်တာနဲ့ ထိန်းချုပ်ခန်းက လူတွေ သေးတောင် ထမပေါက်ရဲတာမို့ မခ အချက်ပေးတာကိုတန်းသိကာ musicတွေ
ပိတ်ချလိုက်ရသည်။
Clubတစ်ခုလုံး တိတ်သွားပြီဆိုရင် vvipခန်းက တစ်ခုခုပဲဆိုတာ လာနေကြလူတွေက သိတာမို့ မခ တို့အခန်းဘက် အသီးသီးကြည့်လာကြသည်။
လျှံကို မချေမငံပြောနေတဲ့ မိန်းကလေးနဲ့ ဘေးက ပွဲကြည့်ပရိတ်သတ်လုပ်နေတဲ့ အပေါင်းအပါ ယောကျ်ားလေးတစ်သိုက် ပြာတောက်သွားလေပြီ။ မပြာလို့က မဖြစ် သူတို့ မိသားစုတွေရဲ့ စီးပွားရေးက မိုးမခမောင် လက်အောက်မှာ။ တချက်မှားတာနဲ့ ချက်ချင်း ပြာပုံဘဝ ရောက်သွားနိုင်သည်မို့။
" မိုး မိုးမခ ..."
"မိုးမခမောင်"
"မင်းရဲ့ ၃ရံထဲထုတ်တဲ့ နေရာတစ်ခုလုံးကိုတောင် ဝယ်ပြီး မီးရှို့လို့ရတယ် ယုံလား"
"ကို မိုးမခမောင် သူငယ်ချင်းမှန်းမသိလို့ပါ တောင်းပန်ပါတယ်"
မခ လျှံနဲ့ဆင်တူဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကို
မြင်အောင်ပြလိုက်ပြီး...
" ဒါ ငါ့အမျိုးသား ပြည့်ဖြိုးလျှံ မမြင်ဖူးဘူးမလား
ကြည့်ထားနောက်ဆို ငါ့baby ရှေ့ ဖြတ်တောင်မလျှောက်နဲ့"
"မင်းရဲ့ စုတ်ပဲ့တဲ့ ဖန်ခွက်ကြောင့် ငါ့ baby အကျီ ၤညစ်ပတ်သွားပြီ ငါ ဘယ်လိုလုပ်သင့်လဲ ထူးမြတ်သော်"
မိန်းကလေးဖြစ်သူရဲ့ ရည်းစားကို နာမည်တပ်ခေါ်ပေးလိုက်တော့ မျက်နှာ အပျက်ပျက်အယွင်းယွင်းနဲ့ ရှေ့တိုးကာ...
"ကိုမိုးမခမောင် ကျွန်တော်တောင်းပန်ပါတယ် ဒီကညီလေး ကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးရလဲ"
ပိုက်ဆံရှိလုပ်ငန်းရှင်တစ်ယောက်ပေမယ့် ရွယ်တူချင်းတောင် ကိုတပ်ခေါ်ရတာမို့ ယွန်းမီတစ်ယောက်လဲ ငိုချမတတ် ထိတ်လန့်သွားရတော့၏။
MMK၏သခင်လေး မိုးမခမောင်ဆိုသည်မှာရုပ်ရှိ
ရေလျှံရုံတင်မဟုတ်ဘဲစီးပွားရေးလောကရဲ့ဘုရင်
င်တစ်ပါး။ငယ်ရွယ်ပြီးလူတိုင်းမရနိုင်တဲ့ဘဝမျိုးမှာ
ရွှေဘုံစံနေသူ။ရည်းစားများတယ်လို့နာမည်ကြီးသော်
လည်းတော်ရုံအရည်အချင်းနှင့်မိုးမခအရိပ်ခိုလို့တောင်မရနိုင်ပေ။
.မိုးမခ ကိုသွားထိလို့က လူကိုလက်ဖျားနဲ့တောင်ထိစရာမလိုပဲ အကုန် လမ်းဘေးရောက်သွားနိုင်တာ လူတိုင်းအသိ။ ကြီးမားလှတဲ့ ဒီလို clubမှာ လူပေါင်း ထောင်ချီတောင်မူးရူးနေတဲ့ကြားက sound boxတွေ ပိတ်သွားလို့မည်သူတစ်ဦးတစ်ယောက်မျှ စောဒကမတက်ရဲချေ။
ဘာတဲ့ ဘယ်သူလို့ပဲ မေးလိုက် မိုးမခအဖွဲ့ ဆိုတာနဲ့ အသံတောင်ထွက်ရဲလိမ့်မည်မဟုတ်။
" ယွန်း မြန်မြန်တောင်းပန်လိုက်လေ"
"တောင်း တောင်းပန်ပါတယ် ကိုမိုးမခရယ် ဒီတစ်ခါလောက် ခွင့်လွှတ်ပေးပါ"
"ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူး "
"မင်း ပမာမခန့်ပြောလိုက်တဲ့ ငါ့babyက မင်းတို့ တစ်ဆွေလုံး တစ်မျိုးလုံးထက် တန်ဖိုးကြီးတယ် နားလည်ရဲ့လား"
"မောင် တော်ပါတော့ လျှံ ဘာမှဖြစ်တာမှမဟုတ်ဘဲ"
"ကိုပြည့်ဖြိုးလျှံ ယွန်းတောင်းပန်ပါတယ် မသိလို့ပြောမိတာပါ"
"ထားလိုက်တော့ မောင် သွားရအောင် မိန်းကလေးနဲ့ ဖက်ဖြစ်နေတာ ရှက်စရာကြီး"
ဝိုင်းအုံကြည့်နေတဲ့ လူပေါင်းများစွာ ကိုယ့်ကြောင့် အပျော်တွေရပ်ကုန်တာမို့ လျှံ မျက်နှာပူလှသည်။
"မိန်းကလေးမို့သာပေါ့ ယောကျ်ားလေးဆို
ဒီနားတင် သတ်ပစ်တယ်"
"မခ ဒီကိစ္စငါတို့နဲ့ထားခဲ့လိုက် လျှံ ညစ်ပတ်နေတာ အရင်သွားလုပ်လိုက်"
"အားလုံးပဲ အနှောင့်ယှက်ဖြစ်သွားတာ sorry"
မခ လက်ဝါးဖြန်ကာ ထောင်လိုက်တာနဲ့ musicသံက အုန်းကနဲ ဆူညံသွားလေပြီ။
"ဝေးးး"
ပြန်လည်လှုပ်ရှားသက်ဝင်သွားတဲ့ လူပင်လယ်ကြီးတော့ ကိုယ်နဲ့အလွတ်ကြီးမို့ ဝမ်းသာအားရ ပြန်လည် ကခုန်ကြလေသည်။
သူငယ်ချင်းတွေဘက်လှည့်ကာ...
"ပြန်နှင့်တော့မယ်"
"အေးကွာ လျှံ စိတ်ရှုပ်သွားတာ sorryပါကွာ"
"အာမဟုတ်တာရပါတယ်ဆက်ပျော်ကြပါ
Clubထဲက အသံတွေရပ်သွားတာနဲ့ bodyguard တစ်ဖွဲ့လုံး အထဲဝင်လာကာ အခြေအနေကြည့်လာတာမို့ မခ လျှံပခုံးကိုဖက်ကာ ဆင်းလာလိုက်သည်။ ဘေးကပ်ရပ်ပေးကြတဲ့ လူတစ်တန်းကြီးက မခကလျှံ့ကို ဂရုတစိုက်ရှိလှတာမို့ နောက်များကြုံလာခဲ့ရင် ရှောင်ရအောင် အလုအယက်မှတ်မိအောင် ကြည့်ကြလေသည်။
အစအဆုံးကို မြင်လိုက်တဲ့ စင်ဒီကတော့ လျှံကို
ကြီးစွာ မနာလိုမိလေ၏။ ကိုယ်နဲ့တွဲလာတဲ့ ၄လမှာ
ကိုယ့်ဘက်ကသာ ရေပူရေအေး ကမ်းခဲ့ရတယ် အိုပါးကတော့ ဒီလိုဂရုစိုက်ပေးဖို့နေနေသာသာ သေသေရှင်ရှင် လှည့်ကြည့်မယ်မထင်။
မြင်ဖူးသလိုလိုထင်မိတဲ့ မျက်နှာက စင်ဒီမှန်းမြင်လိုက်တဲ့နောက်မှာ လျှံ အပြင်သာ မြန်မြန်ရောက်ချင်သွားသည်။
သူတို့တွေ ဒီလိုနေရာမှာ အတူတူသောက် အတူတူကကာ ပျော်ခဲ့မှာပဲ ဆိုတဲ့အတွေးက ပူလောင်လာစေသည်။ကိုယ်ကတော့ ဒီလိုနေရာနဲ့ မသက်ဆိုင်တဲ့
အပြင်လူတစ်ယောက်။ မောင်အရမ်း ဂရုစိုက်လွန်း
လို့ ပျော်ရမလိုလို ဂုဏ်ယူရမလိုလို ခံစားချက်က
ဝင်လာတဲ့ အတွေးတွေအောက်မှာ ပျောက်ရှကုန်လေသည်။