Melancholy [ Completed ]

By DoCheng

37.3K 2.8K 386

MarkHyuck ๐Ÿ’š 2Chan Unicode + Zawgyi " แ€žแ€ญแ€•แ€บแ€แ€ปแ€…แ€บแ€œแ€ฝแ€”แ€บแ€ธแ€œแ€ญแ€ฏแ€ท แ€œแ€พแ€ฑแ€ฌแ€„แ€บแ€•แ€ญแ€แ€บแ€‘แ€ฌแ€ธแ€แ€ปแ€„แ€บแ€แ€ฌแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€›แ€ฏแ€”แ€บแ€ธแ€‘แ€ฝแ€€แ€บแ€›แ€„แ€บ แ€”แ€ฌแ€€แ€ป... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ„
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ…
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ†
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‡
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แˆ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ€
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ‚
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ„
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ…
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ†
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ‡
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแˆ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแ‰
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ€
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ‚
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ„
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ…
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ†
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ‡
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แˆ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แ‰
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒแ€
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒแ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒแ‚
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒแƒ
New Book Announcement
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒแ„
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แƒแ… [ แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธแ€•แ€ญแ€ฏแ€„แ€บแ€ธ ]
Special Episode For MarkHyuck Lovers โ™ฅ
Hi DoCheng แ€•แ€ซ

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‰

824 88 10
By DoCheng

Unicode

         အခန်းတံခါးကို ဝုန်းခနဲ ဖွင့်လိုက်မိသည် ။ Hyuckie လေး ရှိမနေ ။

        " Hyuckie .!! ခလေး "

        ဒီအခန်းကလွဲရင် ဘယ်မှာမှ ရှိနိုင်မှာ မဟုတ်တဲ့အတွက် ရေချိုးခန်းကို ဦးတည်လိုက်သည် ။

        " Hyuckie !!!!! "

        " အ ..ဘာလို့ ဝင်လာတာလဲ "

        အပေါ်ပိုင်း အင်္ကျီချွတ်ထားတာကြောင့် မလုံမလဲ လက်လေးတွေနှင့် ရင်ဘတ်ကို ကာထား၏ ။ ကျွန်တော် အာရုံရောက်မိသည်က သူ့ရင်ဘတ်‌ပေါ်  မဟုတ်ပဲ  လက်မောင်း‌ပေါ် က ထင်းနေသည့် အရှိုးရာလေး ။

         " ဘာလို့လဲ ..ဘာလို့ ကိုကို့ကို ဒီဒဏ်ရာအကြောင်း မပြောပြတာလဲ "

         " ကျွန်တော် ပြောပြချိန်ရခဲ့လို့လား !?? ပြန်ရောက်ပါပြီဆိုကတည်းက ကျွန်တော့်ကို အရေးမပါတဲ့ မေးခွန်းတွေ မေးပြီး အရင်စိတ်ဆိုးနေခဲ့တာလေ "

         ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နားရွက်ဖျားလေးတွေကို မွတ်သိပ်စွာ အကြိမ်ကြိမ် နမ်းလိုက်မိသည် ။ ကျွန်တော် ဒီခလေးကို ဘယ်လိုတောင် တောင်းပန်ရတော့မလဲ ။

        " တောင်းပန်ပါတယ် ကိုကို့ သဝန်တိုမှုတွေကို ရှေ့တန်းတင်ခဲ့မိလို့ .."

     " အားးး သိပြီမလို့ လွှတ်တော့ အသက်ရှုကြပ်လာပြီ "

         တင်းနေအောင် ဖက်ထားမိသည့် ကိုယ်လေးကို ခလေး ဒီထက် အသက်ရှုမကြပ်ခင် လွှတ်ပေးလိုက်ရသည် ။ အရှိုးရာ နီနီလေးကို ကြည့်ပြီး စိတ်ထဲ မကောင်း ။ ကာကွယ်ပေးဖို့ ဆိုတာထက် ကျွန်တော်က စိတ်ဒုက္ခတွေ ပေးနေခဲ့မိတာ ။

         " ဆေးဗူး မရှာချင်လို့ Nature Republic ရှားစောင်းလက်ပက် လူးမယ်ဆိုပြီး နှိုက်တာ လက်သည်းက ရှည်နေတော့ လက်သည်းကြားထဲ ဝင်ဝင်နေတာ မနေတက်ဘူး ၊ အဲ့တာနဲ့ လက်နာနေတဲ့ကြားထဲက ကြိုးစားညှပ်နေရတာ Jeno ကူညှပ်ပေးလို့ အဆင်ပြေသွားတယ်လေ ၊ ကိုကို့ကို သဝန်တိုစေဖို့ မရည်ရွယ်ပါဘူး .."

        " ဟုတ်ပါပြီ ခလေးရယ် ..၊ ကိုကို့ကို ရှင်းပြစရာ မလိုပါဘူး .."
  
         ရိုက်မိထားတဲ့ နေရာက ယောင်ပြီးဖောင်းနေလို့ ဆေးအမြန် လူးပေးလိုက်ရသည် ။ တစ်ခါတစ်လေကျရင် ဒီကောင်လေး အပြစ်ကင်းစင်မှုက ကျွန်တော်နဲ့တောင် မထိုက်တန်ဘူးလို့ ခံစားမိသည် အထိ ။

         " မေ‌မေ့ကို စိတ်မဆိုးပါနဲ့နော် ၊ ကိုကိုက မေမေ ခွေးတွေ မုန်းတဲ့အကြောင်း အရင် ပြောပြထားသင့်တာ "

         " မဆိုးပါဘူး ၊ ကျွန်တော်လည်း မသိပဲ ခေါ်လာမိတာကိုး ၊ ကျွန်တော်ချီထားရင်းကနေ ခွေးလေးက ရုတ်ရက် ခုန်ဆင်းပြီး မီးဖိုခန်းထဲ ပြေးဝင်လို့ ကိုကို့မေမေက မောင်းရင်း ဖြစ်ကြတာ ၊ စိတ်မဆိုးဘူးဆိုပေမယ့် ဘာမှ နားမလည်တဲ့ ခွေးလေးကို မရိုက်သင့်ဘူးလေ "

        " ကိုယ့်မှာ အစ်ကိုကြီး Taeyong က  Hyuckie ကို အခြားသူနဲ့ ဆိုင်မှာ တွေ့တဲ့အကြောင်း ဖုန်းလှမ်းဆက်တော့ အလုပ်တောင် ကောင်းကောင်းမလုပ်နိုင်ဘူး သိရဲ့လား ၊ ပြောပါအုံး ဘာလို့ ကိုကို အလုပ်ကပြန်မလာခင်ကမှ အိမ်ကို ပြန်ရောက်တာလဲ "

        " JungWoo Hyung ဆီ သွားတာ ၊ ကိုကို့မေမေနဲ့ အိမ်မှာ မကျန်ခဲ့ တာကြာပြီဆိုတော့ အိမ်မပြန်ချင်ဘူး ၊ ဆူတာလည်း မခံချင်ဘူး ၊ အဲ့တာနဲ့ JungWoo Hyung ဆီမှာနေနေတာ ၊ အဲ့လိုနေတဲ့ကြားကို ရန်ကဖြစ်လိုက်ရသေး ၊ ကျွန်တော့်က ပြန်ပြန်ပြောလို့ ကိုကို့မေမေက ရိုင်းတယ်လို့ မှတ်နေမှာ ထင်တယ် ၊ ကိုကို့မေမေနဲ့ အဆင်မပြေပုံကလည်း နည်းနည်းတောင်မဟုတ်တော့ဘူး အကုန် ဆန့်ကျင်ဘက်တွေ ချည်းပဲ "

         ခေါင်းလုံးလုံးလေးကို တစ်ချက်ဆွဲယူပြီး နဖူးလေးကို နမ်းလိုက်သည် ။ Hyuckie ပူလောင်နေရတာတွေ ပျောက်လို့ ပျောက်ငြားပေါ့ ။

         " စိတ်ပူနေရတာနဲ့ပဲ ပြောဖို့ မေ့နေတာ ၊ ကိုကို ဒီနေ့ တိုက်ခန်း အသစ် ကြည့်လာခဲ့တယ် ၊ အဆင်ပြေတယ် .ပိုင်ရှင်နဲ့ စာချုပ်ချုပ်ဖို့ပါ တစ်ခါတည်း ပြောခဲ့တာ သူကလည်း မြန်မြန်လုပ်ချင်တယ်တဲ့ ၊ အဲ့တာ သဘက်ခါလို့ ချိန်းခဲ့တယ် "

       " ချက်ချင်းကြီး !! ကိုကို ပိုက်ဆံအဆင်ပြေလို့လား "

       " ပြေတယ် ၊ ဘာမှ မပူနဲ့နော် ၊ မေမေ့ဆီက အဆူမခံရတော့ပါဘူး "

       ***Kiss***

        မျက်နှာချင်းဆိုင် စကားပြောနေကြတာကနေ ဆက်ခနဲ ထလာပြီး နှုတ်ခမ်းကို ထိတယ်ဆိုရုံသာ လျှပ်တပြတ် နမ်းသွား၏ ။ မြန်လွန်းလို့ Hyuckie ပြန်ထိုင်ခါမှ ဪ ..ငါ့ကို နမ်းသွားတာလား ဟု အောက်မေ့သွားသည် ။

         " ထပ်နမ်းအုံး ..ဒီတစ်ခေါက် ကြာကြာလေး နမ်း "

          နှုတ်ခမ်းစူပြီး မျက်လုံးမှိတ်ထားကာ မျက်နှာရှေ့တိုးပေးထားလိုက်သည် ။ ကျရောက်လာသည့်ကတော့ စိုအိအိ နှုတ်ခမ်းလေးတွေ မဟုတ်ပဲ သေးငယ်သည့် လက်ချောင်းလေးတွေသာ ။

         " လူလည်ကြီးးးး ၊ Lee Donghyuck က ဘယ်အရာမှ နှစ်ခါမလုပ်ဘူးဆိုတာ လူလည်ကြီး သိရင် ကောင်းမယ် ..."

        " ဟုတ်လို့လား ဘယ်အရာမှ နှစ်ခါမလုပ်တာ "

        " တော်တန်တိတ် !!! စ မလာနဲ့ !! "

        စကားတက်လွန်းတဲ့ ထိုကောင်လေးကို ရင်ခွင်ထဲထွေးပွေ့ရင်း ပါးနှစ်ဖက်ကို အာဝါးးး တွေ လှိမ့်ပေးပစ်လိုက်သည် ။ ခုန တုန်းက ရန်ဖြစ်ခဲ့ကြတာ ဘယ်သူတွေပါ့လိမ့် ....။


3 Days Later

         စာချုပ်ချုပ်တာရယ် ‌ငွေရှင်းတာရယ် အားလုံးပြီးတော့ တိုက်ခန်းကို ပြောင်းလာလို့ ရပြီ ။ အထုပ်တွေ ပစ္စည်းတွေကို အားနေသည့် Jeno နဲ့ JiSung တို့ကို ခေါ်ပြီး နေရာချရနဲ့ မနက်က စလုပ်တာ ပြီးသွားတော့ ညနေပင် ရောက်နေပြီ ဖြစ်သည် ။ ပင်ပန်းသမျှက ပျော်နေတဲ့ Hyuckie လေး မျက်နှာမြင်ရင် ကြက်ပျောက်ငှက်ပျောက်တွေ ပျောက်ကုန်တာ ။

           တိုက်ခန်းမှာ နေရာချ ပြင်ဆင်ဖို့အတွက် အလုပ်က ခွင့်ယူခဲ့တာဆိုတော့ ပင်ပန်းပေမယ့် Hyuckie လေးနဲ့ တစ်ချိန်လုံး အတူတူရှိနေခဲ့သည် ။ ညီငယ်လေး နှစ်ယောက်လည်း လာလုပ်ကူရတာ ပေတူးလို့ ၊ အခုတော့ အိမ်ပြန်သွားကြပါပြီ ။ ကျွန်တော် ရယ် ကျွန်တော့်ရဲ့ အာပေတူးရယ်သာ ကျန်ခဲ့သည်ပေါ့ ။

           နှစ်ယောက်သား ကြမ်းပြင်ပေါ်မှာသာ ပက်လက်လှန်၍ အမောဖြေနေ၏ ။ မြင်နေရသည့် မျက်နှာကျက် အဖြူပေါ်တွင် ကျွန်တော့်စိတ်ကူးထဲက မိသားစု ဘဝလေးက ရောင်ပြေးလေး ဟပ်လို့ နေသည် ။

          " ဗိုက်ဆာတယ် ၊ ကျွန်တော်ရေအရင်ချိုးလိုက်မယ် ပြီးရင် တစ်ခုခုချက်စားကြမယ် "

         " ဟင် !! ချက်တက်လို့လား "

         " အမလေးးး ကြက်ဥတောင် ကောင်းကောင်းမကြော်တက်တဲ့သူက ၊ ဟိုတစ်ခါ ကိုကို ချက်ကျွေးမယ်ဆိုတုန်းက ငိုနေလို့သာ ၊ အဲ့တုန်းက အသေရယ်ချင်နေတာ ကို မနည်းအောင့်ထားရတယ် .."

          " ဘယ်လိုတောင် ပြောလိုက်တာ ကိုယ့်ယောက်ျားကို !!! "

          " JungWoo Hyung ဆိုင်မှာတုန်းက JungWoo Hyung က ဘယ်လိုချက်ရမလဲ ‌ပြောပြပါတယ် ၊ ကျွန်တော် သေချာမှတ်ထားတယ် ၊ မကောင်းလည်း ဘာဖြစ်လဲ ကိုယ့်ယောက်ျားလေး ချက်တာပဲ ယောက်ျားကြီးက စားလိုက်ပေါ့ ..."

         " ယောက်ျားကြီးက ယောက်ျားလေးကိုပဲ စားချင်တာ  ... "

         " လက်သီးပဲ ကျွေးလိုက်မယ် "

         " လက်သီးလည်း စားမှာပဲ အကုန် စားပစ်မယ် "

         ဘေးမှာလှဲနေသည့် Hyuckie ကိုယ်လေးကို ဆွဲယူကာ ကျွန်တော့်ကိုယ်ပေါ် တင်လိုက်သည် ။ လုံးလုံးတစ်တစ် ကျွန်တော့် ဝက်ဝံပေါက်လေးကို တင်တုန်းကတင်ပြီး ကျွန်တော့်မှာ အင့်ခနဲ ဖြစ်သွားသည် ။ပါးလေးနှစ်ဖက်ကို အုပ်မိုးကိုင်ပြီး အနမ်းခရီးစဉ်ကို စတင်ပြေးဆွဲဖို့ ကြံနေတာပေါ့လေ ။
           
          Hyuckie ရဲ့ နှုတ်ခမ်းအစုံက ကျွန်တော့်အနမ်းတွေကြား ယှက်ထွေးလို့နေသည် ။ ကျွန်တော်ကပဲ သူ့ကို နမ်းတက်အောင် သင်ပေးခဲ့တာလို့ Hyuckie ပြောရင် ကျွန်တော်က မော့ချီပြီး ဂုဏ်ယူဝံ့ကြားနေရတာပေါ့ ။ ကျွန်တော်ကပဲ ထိုခလေးရဲ့ အရာအားလုံးကို ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့သူ ။

            အတော်ကြာနမ်းပြီးတော့ Hyuckie အသက်ရှုကြပ်နေမှာ သိလို့ အနမ်းတွေ ရပ်ပေးလိုက်သည် ။ မျက်လုံးတွေ မှိတ်ထားတာ ကြာလို့ ထင်တယ် ကျွန်တော့်ကို ရီဝေဝေကြည့်နေလေသည် တစ်ခုခုကိုလည်း စဉ်းစားနေသလို ။

          " ဘာလဲ !!?? "

          " ကျွန်တော်လည်း တစ်ခါလောက် ကိုကို့ကို စားကြည့်သင့်တယ် မထင်ဘူးလား !? "

          " မရ အခါတစ်သောင်းနော် လုံးဝမရဘူး " ( မရ × 10000 )

         အခုဆိုရင် မနက်အတူအိပ်ယာထ အလုပ်သွားဖို့ပြင် Hyuckie လေးက ချက်ပြုတ် ( အယ် ..ကောင်းကောင်းတော့ မတက်သေးဘူးပေါ့လေ ) ၊ ပြီးရင် အလုပ်အတူသွား Hyuckie လေးကို JungWoo Hyung ဆီမှာ ထားခဲ့နှင့် အရာအားလုံးက အိုကေ စိုပြေနေလေသည် ။

          Mark Lee တို့များ ကံဇာတာ တက်နေသလားလို့တောင် တွေးမိရသည် ။ နောက်ထပ် ပျော်ရွှင်စရာ တစ်ခု...

            " Hyuckie ဒီအပတ်သောကြာနေ့‌ လေ ကုမ္ပဏီက လူတွေကို သူဌေးက ကမ်းခြေ အပျော်ခရီး ပို့ပေးမှာတဲ့ ၊ ကိုယ်က အစက Hyuckie လေး တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်လို့ သူဌေးကို မလိုက်ဖြစ်တဲ့အကြောင်း ပြောပြတာ ၊ သူဌေးက ‌ခေါ်ခဲ့လို့ ရတယ်တဲ့ သွားချင်လား "

           အင်္ကျီ မီးပူတိုက်နေသည့် Hyuckie ကို ဖက်ထားရင်း ကျွန်တော့်အပျော်တွေကို ရင်ခွင်နဲ့ပါ ဝေမျှနေသည် ။

         " ရုတ်တရက်ကြီး !! တကယ် လိုက်လို့ရတာလား "

         မီးပူကို ထောင်လိုက်ပြီး မယုံသလို ပြန်လှည့်မေးလာသည့် ပါးလေးကို တစ်ချက် မွှေးလိုက်သည် ။

         " တကယ်ပါဆို ၊ ကိုယ်တို့ ဟန်းနီးမွန်း မထွက်လိုက်ရလို့ စိတ်မကောင်းဖြစ်နေတာ ၊ အခွင့်ကြုံတုန်းလေး Hyuckie လည်း သွားချင်တယ်မလား "

        " ဒါပေါ့ ဒါပေါ့ ၊ ကမ်းခြေ မရောက်တာ ကြာလှနေပြီ အသေဆော့ပလိုက်မယ် "

         " အဲ့လောက်ထိ လုပ်မှ ရမှာလား "

          အစ်ကိုဝမ်းကွဲ ဖြစ်သူ Johnny က မအီမသာနဲ့ ခါးထောက်ထားပြီး ညီဖြစ်သူ လုပ်ရပ်ကို နားမလည်နိုင်သေး ။

          " SungChan မင်းက အစကတည်းက ဇာတ်သိမ်းရှိနေတဲ့ ဝတ္ထုကို ဇာတ်သိမ်း ပြင်ရေးချင်နေတာလား ၊ မင်းလုပ်ရပ်တွေ မှန်တယ်လို့ ငါမထင်ဘူး "

          "  မဟုတ်ဘူး နောက်ထပ် ဇာတ်သိမ်း တစ်ခု ဖန်တီးချင်တာ ၊ အတွဲ ၂ ဆိုပြီး ထပ်ရေးချင်တာ "

         " လက်လျှော့လိုက်စမ်းပါ ငါ့ညီရာ "

         " ကျွန်တော် လက်လျှော့ဖို့ ကိုရီးယားကို ပြန်လာခဲ့တယ် ထင်နေတာလား "

         " မဟုတ်ဘူး ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူးနော် ၊ ဟိုက တရားဝင်လက်ထပ်ပြီးသားတွေကို မင်းဘယ်လိုမှ ဆက်တိုးလို့ ရမှာ မဟုတ်ဘူး "

        " နောက်လူဆိုပြီး ကြိုးစားခွင့် မရှိတော့ဘူးလား ၊ ကျွန်တော်က သူများဆီက လုယူရမှာ မှန်ပေမယ့် တရားသောနည်းနဲ့ပဲ ယူမှာပါ ၊ သူ ကျွန်တော့်ဆီ မလာချင်သေးရင် အတင်းမခေါ်ဘူး လာချင်တဲ့ အချိန်ကို စောင့်ခေါ်ပြီး၊  ပြီးမှ တစ်သက်လုံး သိမ်းထားမှာ ၊ ပြီးတော့ သူ ကျွန်တော့်ဆီ လာမယ်လို့ ယုံကြည်တယ် "

           " မင်းတို့သုံးယောက်မှာ တစ်ယောက်ပဲ ပျော်ရွှင်ရမှာနော် ငါ တားနိုင်သလောက် မင်းကို တားနေရအုံးမှာပဲ "

           " ဒါက အချစ်တိုက်ပွဲပဲလေ ၊ နာကျင်မှုတွေကတော့ ရှိမှာပေါ့ ၊ တစ်ယောက်ပဲ ပျော်ရမယ်ဆို အဲ့တစ်ယောက်က Lee Donghyuck ဆိုတဲ့ ကျွန်တော် သိပ်ချစ်တဲ့ သူ ဖြစ်‌နေစေရမယ် "

          " မင်းက ရူးလွန်းတယ် SungChan "

          " ဟုတ်တယ် သူနဲ့ ဝေးကွာသွားရတဲ့ ဒဏ်ကြောင့် နေမှာပေါ့ .."
       

           စကားတွေ ကြွယ်လွန်းတဲ့ ညီဖြစ်သူ အတွက် ဒဏ်ရာတွေ မကြွယ်စေဖို့ ဆုတောင်းရင်း Johnny သက်ပြင်း ရှည်ရှည် ချလိုက်သည် ။

          ** မင်း ထပ်ရေးမယ့် အတွဲ ၂ ရဲ့ ဇာတ်သိမ်းလေး လှပါစေလို့ ငါ ဆုတောင်းပေးပါတယ် **
          
TBC

Zawgyi

         အခန္းတံခါးကို ဝုန္းခနဲ ဖြင့္လိုက္မိသည္ ။ Hyuckie ေလး ရွိမေန ။

        " Hyuckie .!! ခေလး "

        ဒီအခန္းကလြဲရင္ ဘယ္မွာမွ ရွိႏိုင္မွာ မဟုတ္တဲ့အတြက္ ေရခ်ိဳးခန္းကို ဦးတည္လိုက္သည္ ။

        " Hyuckie !!!!! "

        " အ ..ဘာလို႔ ဝင္လာတာလဲ "

        အေပၚပိုင္း အက်ႌခြၽတ္ထားတာေၾကာင့္ မလုံမလဲ လက္ေလးေတြႏွင့္ ရင္ဘတ္ကို ကာထား၏ ။ ကြၽန္ေတာ္ အာ႐ုံေရာက္မိသည္က သူ႔ရင္ဘတ္‌ေပၚ  မဟုတ္ပဲ  လက္ေမာင္း‌ေပၚ က ထင္းေနသည့္ အရႈိးရာေလး ။

         " ဘာလို႔လဲ ..ဘာလို႔ ကိုကို႔ကို ဒီဒဏ္ရာအေၾကာင္း မေျပာျပတာလဲ "

         " ကြၽန္ေတာ္ ေျပာျပခ်ိန္ရခဲ့လို႔လား !?? ျပန္ေရာက္ပါၿပီဆိုကတည္းက ကြၽန္ေတာ့္ကို အေရးမပါတဲ့ ေမးခြန္းေတြ ေမးၿပီး အရင္စိတ္ဆိုးေနခဲ့တာေလ "

         ေခါင္းလုံးလုံးေလးကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး နား႐ြက္ဖ်ားေလးေတြကို မြတ္သိပ္စြာ အႀကိမ္ႀကိမ္ နမ္းလိုက္မိသည္ ။ ကြၽန္ေတာ္ ဒီခေလးကို ဘယ္လိုေတာင္ ေတာင္းပန္ရေတာ့မလဲ ။

        " ေတာင္းပန္ပါတယ္ ကိုကို႔ သဝန္တိုမႈေတြကို ေရွ႕တန္းတင္ခဲ့မိလို႔ .."

     " အားးး သိၿပီမလို႔ လႊတ္ေတာ့ အသက္ရႈၾကပ္လာၿပီ "

         တင္းေနေအာင္ ဖက္ထားမိသည့္ ကိုယ္ေလးကို ခေလး ဒီထက္ အသက္ရႈမၾကပ္ခင္ လႊတ္ေပးလိုက္ရသည္ ။ အရႈိးရာ နီနီေလးကို ၾကည့္ၿပီး စိတ္ထဲ မေကာင္း ။ ကာကြယ္ေပးဖို႔ ဆိုတာထက္ ကြၽန္ေတာ္က စိတ္ဒုကၡေတြ ေပးေနခဲ့မိတာ ။

         " ေဆးဗူး မရွာခ်င္လို႔ Nature Republic ရွားေစာင္းလက္ပက္ လူးမယ္ဆိုၿပီး ႏႈိက္တာ လက္သည္းက ရွည္ေနေတာ့ လက္သည္းၾကားထဲ ဝင္ဝင္ေနတာ မေနတက္ဘူး ၊ အဲ့တာနဲ႔ လက္နာေနတဲ့ၾကားထဲက ႀကိဳးစားညႇပ္ေနရတာ Jeno ကူညႇပ္ေပးလို႔ အဆင္ေျပသြားတယ္ေလ ၊ ကိုကို႔ကို သဝန္တိုေစဖို႔ မရည္႐ြယ္ပါဘူး .."

        " ဟုတ္ပါၿပီ ခေလးရယ္ ..၊ ကိုကို႔ကို ရွင္းျပစရာ မလိုပါဘူး .."
  
         ႐ိုက္မိထားတဲ့ ေနရာက ေယာင္ၿပီးေဖာင္းေနလို႔ ေဆးအျမန္ လူးေပးလိုက္ရသည္ ။ တစ္ခါတစ္ေလက်ရင္ ဒီေကာင္ေလး အျပစ္ကင္းစင္မႈက ကြၽန္ေတာ္နဲ႔ေတာင္ မထိုက္တန္ဘူးလို႔ ခံစားမိသည္ အထိ ။

         " ေမ‌ေမ့ကို စိတ္မဆိုးပါနဲ႔ေနာ္ ၊ ကိုကိုက ေမေမ ေခြးေတြ မုန္းတဲ့အေၾကာင္း အရင္ ေျပာျပထားသင့္တာ "

         " မဆိုးပါဘူး ၊ ကြၽန္ေတာ္လည္း မသိပဲ ေခၚလာမိတာကိုး ၊ ကြၽန္ေတာ္ခ်ီထားရင္းကေန ေခြးေလးက ႐ုတ္ရက္ ခုန္ဆင္းၿပီး မီးဖိုခန္းထဲ ေျပးဝင္လို႔ ကိုကို႔ေမေမက ေမာင္းရင္း ျဖစ္ၾကတာ ၊ စိတ္မဆိုးဘူးဆိုေပမယ့္ ဘာမွ နားမလည္တဲ့ ေခြးေလးကို မ႐ိုက္သင့္ဘူးေလ "

        " ကိုယ့္မွာ အစ္ကိုႀကီး Taeyong က  Hyuckie ကို အျခားသူနဲ႔ ဆိုင္မွာ ေတြ႕တဲ့အေၾကာင္း ဖုန္းလွမ္းဆက္ေတာ့ အလုပ္ေတာင္ ေကာင္းေကာင္းမလုပ္ႏိုင္ဘူး သိရဲ႕လား ၊ ေျပာပါအုံး ဘာလို႔ ကိုကို အလုပ္ကျပန္မလာခင္ကမွ အိမ္ကို ျပန္ေရာက္တာလဲ "

        " JungWoo Hyung ဆီ သြားတာ ၊ ကိုကို႔ေမေမနဲ႔ အိမ္မွာ မက်န္ခဲ့ တာၾကာၿပီဆိုေတာ့ အိမ္မျပန္ခ်င္ဘူး ၊ ဆူတာလည္း မခံခ်င္ဘူး ၊ အဲ့တာနဲ႔ JungWoo Hyung ဆီမွာေနေနတာ ၊ အဲ့လိုေနတဲ့ၾကားကို ရန္ကျဖစ္လိုက္ရေသး ၊ ကြၽန္ေတာ့္က ျပန္ျပန္ေျပာလို႔ ကိုကို႔ေမေမက ႐ိုင္းတယ္လို႔ မွတ္ေနမွာ ထင္တယ္ ၊ ကိုကို႔ေမေမနဲ႔ အဆင္မေျပပုံကလည္း နည္းနည္းေတာင္မဟုတ္ေတာ့ဘူး အကုန္ ဆန႔္က်င္ဘက္ေတြ ခ်ည္းပဲ "

         ေခါင္းလုံးလုံးေလးကို တစ္ခ်က္ဆြဲယူၿပီး နဖူးေလးကို နမ္းလိုက္သည္ ။ Hyuckie ပူေလာင္ေနရတာေတြ ေပ်ာက္လို႔ ေပ်ာက္ျငားေပါ့ ။

         " စိတ္ပူေနရတာနဲ႔ပဲ ေျပာဖို႔ ေမ့ေနတာ ၊ ကိုကို ဒီေန႔ တိုက္ခန္း အသစ္ ၾကည့္လာခဲ့တယ္ ၊ အဆင္ေျပတယ္ .ပိုင္ရွင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ပါ တစ္ခါတည္း ေျပာခဲ့တာ သူကလည္း ျမန္ျမန္လုပ္ခ်င္တယ္တဲ့ ၊ အဲ့တာ သဘက္ခါလို႔ ခ်ိန္းခဲ့တယ္ "

       " ခ်က္ခ်င္းႀကီး !! ကိုကို ပိုက္ဆံအဆင္ေျပလို႔လား "

       " ေျပတယ္ ၊ ဘာမွ မပူနဲ႔ေနာ္ ၊ ေမေမ့ဆီက အဆူမခံရေတာ့ပါဘူး "

       ***Kiss***

        မ်က္ႏွာခ်င္းဆိုင္ စကားေျပာေနၾကတာကေန ဆက္ခနဲ ထလာၿပီး ႏႈတ္ခမ္းကို ထိတယ္ဆို႐ုံသာ လွ်ပ္တျပတ္ နမ္းသြား၏ ။ ျမန္လြန္းလို႔ Hyuckie ျပန္ထိုင္ခါမွ ဪ ..ငါ့ကို နမ္းသြားတာလား ဟု ေအာက္ေမ့သြားသည္ ။

         " ထပ္နမ္းအုံး ..ဒီတစ္ေခါက္ ၾကာၾကာေလး နမ္း "

          ႏႈတ္ခမ္းစူၿပီး မ်က္လုံးမွိတ္ထားကာ မ်က္ႏွာေရွ႕တိုးေပးထားလိုက္သည္ ။ က်ေရာက္လာသည့္ကေတာ့ စိုအိအိ ႏႈတ္ခမ္းေလးေတြ မဟုတ္ပဲ ေသးငယ္သည့္ လက္ေခ်ာင္းေလးေတြသာ ။

         " လူလည္ႀကီးးးး ၊ Lee Donghyuck က ဘယ္အရာမွ ႏွစ္ခါမလုပ္ဘူးဆိုတာ လူလည္ႀကီး သိရင္ ေကာင္းမယ္ ..."

        " ဟုတ္လို႔လား ဘယ္အရာမွ ႏွစ္ခါမလုပ္တာ "

        " ေတာ္တန္တိတ္ !!! စ မလာနဲ႔ !! "

        စကားတက္လြန္းတဲ့ ထိုေကာင္ေလးကို ရင္ခြင္ထဲေထြးေပြ႕ရင္း ပါးႏွစ္ဖက္ကို အာဝါးးး ေတြ လွိမ့္ေပးပစ္လိုက္သည္ ။ ခုန တုန္းက ရန္ျဖစ္ခဲ့ၾကတာ ဘယ္သူေတြပါ့လိမ့္ ....။


3 Days Later

         စာခ်ဳပ္ခ်ဳပ္တာရယ္ ‌ေငြရွင္းတာရယ္ အားလုံးၿပီးေတာ့ တိုက္ခန္းကို ေျပာင္းလာလို႔ ရၿပီ ။ အထုပ္ေတြ ပစၥည္းေတြကို အားေနသည့္ Jeno နဲ႔ JiSung တို႔ကို ေခၚၿပီး ေနရာခ်ရနဲ႔ မနက္က စလုပ္တာ ၿပီးသြားေတာ့ ညေနပင္ ေရာက္ေနၿပီ ျဖစ္သည္ ။ ပင္ပန္းသမွ်က ေပ်ာ္ေနတဲ့ Hyuckie ေလး မ်က္ႏွာျမင္ရင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ေတြ ေပ်ာက္ကုန္တာ ။

           တိုက္ခန္းမွာ ေနရာခ် ျပင္ဆင္ဖို႔အတြက္ အလုပ္က ခြင့္ယူခဲ့တာဆိုေတာ့ ပင္ပန္းေပမယ့္ Hyuckie ေလးနဲ႔ တစ္ခ်ိန္လုံး အတူတူရွိေနခဲ့သည္ ။ ညီငယ္ေလး ႏွစ္ေယာက္လည္း လာလုပ္ကူရတာ ေပတူးလို႔ ၊ အခုေတာ့ အိမ္ျပန္သြားၾကပါၿပီ ။ ကြၽန္ေတာ္ ရယ္ ကြၽန္ေတာ့္ရဲ႕ အာေပတူးရယ္သာ က်န္ခဲ့သည္ေပါ့ ။

           ႏွစ္ေယာက္သား ၾကမ္းျပင္ေပၚမွာသာ ပက္လက္လွန္၍ အေမာေျဖေန၏ ။ ျမင္ေနရသည့္ မ်က္ႏွာက်က္ အျဖဴေပၚတင္ ကြၽန္ေတာ့္စိတ္ကူးထဲက မိသားစု ဘဝေလးက ေရာင္ေျပးေလး ဟပ္လို႔ ေနသည္ ။

          " ဗိုက္ဆာတယ္ ၊ ကြၽန္ေတာ္ေရအရင္ခ်ိဳးလိုက္မယ္ ၿပီးရင္ တစ္ခုခုခ်က္စားၾကမယ္ "

         " ဟင္ !! ခ်က္တက္လို႔လား "

         " အမေလးးး ၾကက္ဥေတာင္ ေကာင္းေကာင္းမေၾကာ္တက္တဲ့သူက ၊ ဟိုတစ္ခါ ကိုကို ခ်က္ေကြၽးမယ္ဆိုတုန္းက ငိုေနလို႔သာ ၊ အဲ့တုန္းက အေသရယ္ခ်င္ေနတာ ကို မနည္းေအာင့္ထားရတယ္ .."

          " ဘယ္လိုေတာင္ ေျပာလိုက္တာ ကိုယ့္ေယာက္်ားကို !!! "

          " JungWoo Hyung ဆိုင္မွာတုန္းက JungWoo Hyung က ဘယ္လိုခ်က္ရမလဲ ‌ေျပာျပပါတယ္ ၊ ကြၽန္ေတာ္ ေသခ်ာမွတ္ထားတယ္ ၊ မေကာင္းလည္း ဘာျဖစ္လဲ ကိုယ့္ေယာက္်ားေလး ခ်က္တာပဲ ေယာက္်ားႀကီးက စားလိုက္ေပါ့ ..."

         " ေယာက္်ားႀကီးက ေယာက္်ားေလးကိုပဲ စားခ်င္တာ  ... "

         " လက္သီးပဲ ေကြၽးလိုက္မယ္ "

         " လက္သီးလည္း စားမွာပဲ အကုန္ စားပစ္မယ္ "

         ေဘးမွာလွဲေနသည့္ Hyuckie ကိုယ္ေလးကို ဆြဲယူကာ ကြၽန္ေတာ့္ကိုယ္ေပၚ တင္လိုက္သည္ ။ လုံးလုံးတစ္တစ္ ကြၽန္ေတာ့္ ဝက္ဝံေပါက္ေလးကို တင္တုန္းကတင္ၿပီး ကြၽန္ေတာ့္မွာ အင့္ခနဲ ျဖစ္သြားသည္ ။ပါးေလးႏွစ္ဖက္ကို အုပ္မိုးကိုင္ၿပီး အနမ္းခရီးစဥ္ကို စတင္ေျပးဆြဲဖို႔ ႀကံေနတာေပါ့ေလ ။
           
          Hyuckie ရဲ႕ ႏႈတ္ခမ္းအစုံက ကြၽန္ေတာ့္အနမ္းေတြၾကား ယွက္ေထြးလို႔ေနသည္ ။ ကြၽန္ေတာ္ကပဲ သူ႔ကို နမ္းတက္ေအာင္ သင္ေပးခဲ့တာလို႔ Hyuckie ေျပာရင္ ကြၽန္ေတာ္က ေမာ့ခ်ီၿပီး ဂုဏ္ယူဝံ့ၾကားေနရတာေပါ့ ။ ကြၽန္ေတာ္ကပဲ ထိုခေလးရဲ႕ အရာအားလုံးကို ပထမဆုံး ပိုင္ဆိုင္ခဲ့တဲ့သူ ။

            အေတာ္ၾကာနမ္းၿပီးေတာ့ Hyuckie အသက္ရႈၾကပ္ေနမွာ သိလို႔ အနမ္းေတြ ရပ္ေပးလိုက္သည္ ။ မ်က္လုံးေတြ မွိတ္ထားတာ ၾကာလို႔ ထင္တယ္ ကြၽန္ေတာ့္ကို ရီေဝေဝၾကည့္ေနေလသည္ တစ္ခုခုကိုလည္း စဥ္းစားေနသလို ။

          " ဘာလဲ !!?? "

          " ကြၽန္ေတာ္လည္း တစ္ခါေလာက္ ကိုကို႔ကို စားၾကည့္သင့္တယ္ မထင္ဘူးလား !? "

          " မရ အခါတစ္ေသာင္းေနာ္ လုံးဝမရဘူး " ( မရ × 10000 )

         အခုဆိုရင္ မနက္အတူအိပ္ယာထ အလုပ္သြားဖို႔ျပင္ Hyuckie ေလးက ခ်က္ျပဳတ္ ( အယ္ ..ေကာင္းေကာင္းေတာ့ မတက္ေသးဘူးေပါ့ေလ ) ၊ ၿပီးရင္ အလုပ္အတူသြား Hyuckie ေလးကို JungWoo Hyung ဆီမွာ ထားခဲ့ႏွင့္ အရာအားလုံးက အိုေက စိုေျပေနေလသည္ ။

          Mark Lee တို႔မ်ား ကံဇာတာ တက္ေနသလားလို႔ေတာင္ ေတြးမိရသည္ ။ ေနာက္ထပ္ ေပ်ာ္႐ႊင္စရာ တစ္ခု...

            " Hyuckie ဒီအပတ္ေသာၾကာေန႔‌ ေလ ကုမၸဏီက လူေတြကို သူေဌးက ကမ္းေျခ အေပ်ာ္ခရီး ပို႔ေပးမွာတဲ့ ၊ ကိုယ္က အစက Hyuckie ေလး တစ္ေယာက္တည္း ထားခဲ့လို႔ မျဖစ္လို႔ သူေဌးကို မလိုက္ျဖစ္တဲ့အေၾကာင္း ေျပာျပတာ ၊ သူေဌးက ‌ေခၚခဲ့လို႔ ရတယ္တဲ့ သြားခ်င္လား "

           အက်ႌ မီးပူတိုက္ေနသည့္ Hyuckie ကို ဖက္ထားရင္း ကြၽန္ေတာ့္အေပ်ာ္ေတြကို ရင္ခြင္နဲ႔ပါ ေဝမွ်ေနသည္ ။

         " ႐ုတ္တရက္ႀကီး !! တကယ္ လိုက္လို႔ရတာလား "

         မီးပူကို ေထာင္လိုက္ၿပီး မယုံသလို ျပန္လွည့္ေမးလာသည့္ ပါးေလးကို တစ္ခ်က္ ေမႊးလိုက္သည္ ။

         " တကယ္ပါဆို ၊ ကိုယ္တို႔ ဟန္းနီးမြန္း မထြက္လိုက္ရလို႔ စိတ္မေကာင္းျဖစ္ေနတာ ၊ အခြင့္ႀကဳံတုန္းေလး Hyuckie လည္း သြားခ်င္တယ္မလား "

        " ဒါေပါ့ ဒါေပါ့ ၊ ကမ္းေျခ မေရာက္တာ ၾကာလွေနၿပီ အေသေဆာ့ပလိုက္မယ္ "

         " အဲ့ေလာက္ထိ လုပ္မွ ရမွာလား "

          အစ္ကိုဝမ္းကြဲ ျဖစ္သူ Johnny က မအီမသာနဲ႔ ခါးေထာက္ထားၿပီး ညီျဖစ္သူ လုပ္ရပ္ကို နားမလည္ႏိုင္ေသး ။

          " SungChan မင္းက အစကတည္းက ဇာတ္သိမ္းရွိေနတဲ့ ဝတၳဳကို ဇာတ္သိမ္း ျပင္ေရးခ်င္ေနတာလား ၊ မင္းလုပ္ရပ္ေတြ မွန္တယ္လို႔ ငါမထင္ဘူး "

          "  မဟုတ္ဘူး ေနာက္ထပ္ ဇာတ္သိမ္း တစ္ခု ဖန္တီးခ်င္တာ ၊ အတြဲ ၂ ဆိုၿပီး ထပ္ေရးခ်င္တာ "

         " လက္ေလွ်ာ့လိုက္စမ္းပါ ငါ့ညီရာ "

         " ကြၽန္ေတာ္ လက္ေလွ်ာ့ဖို႔ ကိုရီးယားကို ျပန္လာခဲ့တယ္ ထင္ေနတာလား "

         " မဟုတ္ဘူး ဘယ္လိုမွ အဓိပၸါယ္ မရွိဘူးေနာ္ ၊ ဟိုက တရားဝင္လက္ထပ္ၿပီးသားေတြကို မင္းဘယ္လိုမွ ဆက္တိုးလို႔ ရမွာ မဟုတ္ဘူး "

        " ေနာက္လူဆိုၿပီး ႀကိဳးစားခြင့္ မရွိေတာ့ဘူးလား ၊ ကြၽန္ေတာ္က သူမ်ားဆီက လုယူရမွာ မွန္ေပမယ့္ တရားေသာနည္းနဲ႔ပဲ ယူမွာပါ ၊ သူ ကြၽန္ေတာ့္ဆီ မလာခ်င္ေသးရင္ အတင္းမေခၚဘူး လာခ်င္တဲ့ အခ်ိန္ကို ေစာင့္ေခၚၿပီး၊  ၿပီးမွ တစ္သက္လုံး သိမ္းထားမွာ ၊ ၿပီးေတာ့ သူ ကြၽန္ေတာ့္ဆီ လာမယ္လို႔ ယုံၾကည္တယ္ "

           " မင္းတို႔သုံးေယာက္မွာ တစ္ေယာက္ပဲ ေပ်ာ္႐ႊင္ရမွာေနာ္ ငါ တားႏိုင္သေလာက္ မင္းကို တားေနရအုံးမွာပဲ "

           " ဒါက အခ်စ္တိုက္ပြဲပဲေလ ၊ နာက်င္မႈေတြကေတာ့ ရွိမွာေပါ့ ၊ တစ္ေယာက္ပဲ ေပ်ာ္ရမယ္ဆို အဲ့တစ္ေယာက္က Lee Donghyuck ဆိုတဲ့ ကြၽန္ေတာ္ သိပ္ခ်စ္တဲ့ သူ ျဖစ္‌ေနေစရမယ္ "

          " မင္းက ႐ူးလြန္းတယ္ SungChan "

          " ဟုတ္တယ္ သူနဲ႔ ေဝးကြာသြားရတဲ့ ဒဏ္ေၾကာင့္ ေနမွာေပါ့ .."
       

           စကားေတြ ႂကြယ္လြန္းတဲ့ ညီျဖစ္သူ အတြက္ ဒဏ္ရာေတြ မႂကြယ္ေစဖို႔ ဆုေတာင္းရင္း Johnny သက္ျပင္း ရွည္ရွည္ ခ်လိုက္သည္ ။

          ** မင္း ထပ္ေရးမယ့္ အတြဲ ၂ ရဲ႕ ဇာတ္သိမ္းေလး လွပါေစလို႔ ငါ ဆုေတာင္းေပးပါတယ္ **
TBC            

       
       

Continue Reading

You'll Also Like

32.5K 3.4K 35
๐—›๐—ฎ๐—ฟ๐˜‚๐˜๐—ผ ร— ๐—ฃ๐—ฎ๐—ฟ๐—ธ ๐—๐—ฒ๐—ผ๐—ป๐—ด๐˜„๐—ผ๐—ผ [completed] โœŽ ๐˜€๐—ฐ๐—ต๐—ผ๐—ผ๐—น ๐—ฎ๐˜‚ โœŽ ๐—ฑ๐—ผ๐—ฐ๐˜๐—ผ๐—ฟ ๐˜… ๐—ถ๐—ฑ๐—ผ๐—น โœŽ ๐—ฒ๐—ป๐—ฒ๐—บ๐—ถ๐—ฒ๐˜€ ๐˜๐—ผ ๐—น๐—ผ๐˜ƒ๐—ฒ๐—ฟ๐˜€ โœŽ ๐˜„...
1M 39.4K 92
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
3.5K 316 6
Cause sometimes I look in his eyes And that's where I find a glimpse of us . Lee Jeno X Na Jaemin Started: 21 July 2022.
12.9K 1K 11
PODEMOS AMAR DE NUEVO? NoMin 1st Book (NoMin 1st Myanmar Mini FanFic) Start Date - 16.7.2021 End Date - 23.7.2021 |Completed|