Black Orchid

By thei-xtet-naung

504 15 3

"pan....ကိုယ့္ကိုေစာင့္ေနပါ" #Rayan "ကြၽန္ေတာ္...ထပ္ေစာင့္ေနမယ္...ကြၽန္ေတာ့သခင္ေလး" #Pan More

ဘာနီဇလာေတာအုပ္ထဲကသစ္လံုးအိမ္🕸
သစ္ခြပင္ကို ယူလာမိၿပီ🍂
အမည္မသိဧည့္သည္❄

ဝီလ္ဆင္မိသားစုေသဆံုးျခင္း🐾

457 8 2
By thei-xtet-naung

Unicode

1952ခုနှစ်

လန်ဒန်မြို့ရဲ့သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွင်ဖြစ်သည်။ သူနာပြုများနဲ့ ဆရာဝန်များဟာ သူတို့အလုပ်တာဝန်ကို သူတို့ကျေပွန်အောင်ထမ်းဆောင်လျက်ရှိကြသည်။ဂေဟာလေးက အေးချမ်းတဲ့ ရေကန်လေးဘေးမှာတည်ရှိပြီး ပန်းခြံငယ်လေးလည်းရှိသည်။ သက်ကြီးရွယ်အိုတွေပဲ ရှိကြတော့ အရမ်စလည်းတိတ်ဆိတ်သည်။အဘိုးအဘွားများစွာ နေထိုင်ကြတဲ့ ဒီဂေဟာလေးမှာ ပုံပြင်ပြောတတ်တဲ့အဖိုးအိုRayကို မသိတဲ့သူမရှိကြပေ။ ဘာလို့ဆိုအဖိုးအိုဟာပုံပြင်လေးတစ်ပုဒ်ကိုပဲ အမြဲပြောလေ့ရှိသတဲ့ အဲ့ပုံပြင်လေးက

"Orchid.... တဲ့ သူနာပြုလေးရဲ့ အဖိုးပြောပြရမလား"
သူနာပြုမလေး ဟာဆေးပုလင်းကို သေချာဖြုတ်ရင်း ပြန်ဖြေလိုက်တယ်။

"ဥယျာဉ်ထဲအရင်ဆင်းကြမယ်လေ Ray ရယ်"

"အိုး...ကောင်းပါပြီကွာ..."

အဖိုးအိုဟာ တုန်ယင်နေတဲ့ အသံနဲ့ပြန်ပြောတယ်။ သူလဲပဲ အသက်ကြီးလာခဲ့ပြီကို....ဥယျာဉ်ထဲမှာ တခြားသက်ကြီးရွယ်အိုတွေလဲ ရှိကြတယ်။ အဖိုးအိုဟာ wheelchairကို ရေကန်အနားထိ တွန်းသွားခိုင်းခဲ့တယ်။ ရေကန်နားအရောက်မှာတော့ သူကမေးလိုက်တယ်။

"ကဲ...အဖိုးရဲ့ပုံပြင်လေးကိုပြောရတော့မလား..."

"ဟုတ်ကဲ့ Ray ကျွန်မနားထောင်မယ်လေ..."
Nancy ပြန်ဖြေလိုက်တယ်။ ပြီးရင်တော့ အဖိုးအိုဟာသူပြောနေကြပုံပြင်လေးကိုပဲ ထပ်ပြီးပြောပြပါတော့တယ်....

1890 ခုနှစ်

နာမည်ကြီးလူကုန်ထံ မိသားစုတစ်စုသေဆုံးတဲ့သတင်းသည် လူတွေအကြားပျံ့နှံ့လျက်ရှိသည်။ ဝီလ်ဆင်မိသားစုနာရေးသတင်းဟာ လူတန်းစားအသီးသီးကြားပျံ့နှံ့နေသည်။ ဝီလ်ဆင်ဇနီးမောင်နှံဟာ နယူးဇီလန်ကနေ ပြောင်းရွှေ့လာကြသူတွေ ဖြစ်ကြသည်။ လူကုန်ထံအသိုင်းအဝိုင်းကြားတွင်တော့ လက်ဖွာသည်ဟု နာမည်သတင်းကြီးလှသည်။ ထိုအချိန် လန်ဒန်မြို့ရဲ့လမ်းမကြီးပေါ် အပြေးသော့သော့နှင်လာသော မြင်းလှည်းလေးပေါ်မှာတော့ ပူဆွေးမှုများနဲ့ လူငယ်လေးတစ်ဦးလိုက်ပါလာလေသည်။ ထိုသူကားRayan Willsonsပင်ဖြစ်တော့သည်။

ကြီးကျယ်ခမ်းနားလှတဲ့ ခြံဝန်းရှေ့တွင် မြင်းလှည်းဟာရပ်တန့်သွားတယ်။ လူရွယ်တစ်ဦးဟာလဲ မြင်းလှည်းပေါ်ကနေ ဆင်းလာခဲ့တယ်။ ခဏအကြာမှာ ခြံစောင့် Din ဟာပြေးလာပြီး ခြံတံခါးကိုဖွင့်လို့ လူရွယ်ကိုခေါ်သွားလေတယ်။ အိမ်တော်ကြီးထဲတွင် အနက်ရောင်အဝတ်အစားများနဲ့ မိန်းမပျိုများ လူကြီးမင်းများရှိကြသည်။ ဝမ်းနည်းပူဆွေးမှု အခမ်းအနားအတွက်ဖြစ်ပေလိမ့်မည်။ Rayan စိတ်မဝင်စား...သူဟာအိမ်တော်ထိန်း Howran ကိုခေါ်လိုက်တယ်။ ပြီးနောက် သူမေးခွန်းတစ်ခုကိုစမေးခဲ့တယ်.... အဲ့တာက

"အကြောင်းအစုံကို ကျုပ်ကိုပြောပြပါ အန်ကယ်လ် Ran"

လွန်ခဲ့တဲ့ သုံးရက်ကအိမ်တော်ကြီးမှာ ထုံးစံအတိုင်းပျော်ပွဲကျင်းပနေခဲ့တယ်။ လူကုံထံများစွာလဲရှိကြတယ်။ပွဲက တစ်ညလုံးပေါက်ဖြစ်ပြီး လူတိုင်းပျော်ရွှင်လျက်သာ...အိမ်တော်သခင်မ James ဟာသခင်ကြီးနဲ့အတူ ဝိုင်သောက်လျက်ရှိနေတယ်။ ခဏအကြာသူမတို့နှစ်ဦးလုံး အိမ်အပေါ်ထပ်ကို တတ်သွားကြတယ်။ တော်တော်ကြာထိ ပြန်မရောက်လာသဖြင့် မြို့စားကြီးကRanနဲ့ အတူအပေါ်ကိုတတ်လာတယ် ထိုအချိန်မှာသူတို့မြင်လိုက်ရတာက ရှုပ်ပွနေတဲ့အခန်းနဲ့ အသက်မဲ့နေပြီဖြစ်သော Jamesတို့ရဲ့ အေးစက်စက်ခန္ဓာကိုယ်ကိုသာ....။ မြို့စားဟာ ချက်ချင်းပျော်ပွဲကို ရပ်ဆိုင်းလိုက်ပြီး ရဲတွေကိုခေါ်လိုက်တယ်။ ဘယ်လောက်ပဲစစ်ဆေးခဲ့ပါစေ ရလဒ်ကအချင်းချင်းရန်ဖြစ်ကြကာ သတ်ဖြတ်ခြင်းဟုသာ ထွက်လာတယ်။ သခင်ကြီးနဲ့James ဟာတကယ်လည်း မတည့်ကြပေ။ အမြဲလိုပြသာနာတတ်လေ့ရှိသည်။ ထိုညတွင်တော့ အိမ်အပေါ်ထပ်ကသေနတ်သံကို အောက်ထပ်ရှိမည်သူမှ မကြားလိုက်ခြင်းကသာ ပဟေဠိတစ်ပုဒ်အဖြစ် ရှိနေခဲ့တော့သည်။ အဖြစ်အပျက်တွေကို သိပြီးနောက် Rayan ဟာမည်သည့်စကားတစ်ခွန်းကိုမျှ မပြောချေ။ မိနစ်ပိုင်းခန့် ငြိမ်သက်ပြီးနောက်မှာတော့ သူကပြောလာတယ်။

"အန်ကယ်လ် Ran ကျေးဇူးပြုပြီး မနက်ဖြန်မြေချဖို့လုပ်ပေးပါ..ကျုပ်သူတို့ကိုအေးချမ်းစေချင်ပြီ"

"ကောင်းပါပြီ သခင်လေး"
ထိုအချိန်မှာပဲ မြို့စားကစကားပြောလာတယ်။

"ဒီလူရွယ်လေးကဘယ်သူလဲ Howran "

"သူက သခင်ကြီး ဝီလ်ဆင်တို့ရဲ့ တစ်ဦးတည်းသောသားပါ မြို့စား Jin "

မြို့စားဟာ အံ့သြသွားရတယ်။ Jamesတို့ လင်မယားတွင်သားရှိသည်ဟု သူမသိခဲ့ပေ။

"အိုး...ဒါဆိုသူအရင်ကဘယ်ရောက်နေတာလဲ "

ဒါဟာ သူ့ဘာသာ ရေရွတ်လိုက်ခြင်းဖြစ်သော်လည်း Rayan ကအဖြေပြန်ပေးလိုက်တယ်။

"ကျုပ်က ကျောင်းဆရာတစ်ဦးပါ ကျေးရွာတွေမှာစာလိုက်သင်နေတာမလို့ အိမ်တော်မှာမရှိတာပါ "

Rayanဟာထိုတစ်ခွန်းသာပြောပြီး အိမ်အပေါ်ထပ်ကိုတတ်သွားလေတယ်။ကျန်ရစ်ခဲ့တဲ့သူတွေဟာစွံ့အလျက်ရှိကြသည်။အိမ်အပေါ်ထပ်ရှိRayanသည်မိသားစုပန်းချီကားကြီးရှေ့တွင်ရပ်ကာတွေးတောလျက်ရှိသည်။အကယ်၍သူသာဝါသနာကိုစွန့်လွှတ်ခဲ့လျှင်မိသားစုကိုဆုံးရှုံးရမည်မဟုတ်မင်နီလာမြို့လေးကိုမခွဲချင်လို့မိသားစုကိုအတိုက်အခံလုပ်အဆက်ဖြတ်ခဲ့သည်။အခုတော့မိသားစုကသူ့အားထားသွားခဲ့လေပြီ။မွေ့ယာပေါ်သို့ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကိုပြစ်ချကာသူအိပ်စက်လိုက်သည်။ခေါင်းအုံးပေါ်သို့စီးကျသွားသောမျက်ရည်စက်များအားမသိကျိုးကျွန်ပြုလိုက်ရင်းပေါ့...
နောက်နေ့မနက်မှာသုသာန်၌မြေချခြင်းကိုလုပ်ဆောင်နေသည်။ဖာသာသည်ကျမ်းစာကိုရွတ်ဆိုနေသည်။လူတိုင်းသည်နှင်းဆီအဖြူကိုင်ဆောင်ထားကြသည်။ခဏအကြာမှာတော့လူတိုင်းဟာနှင်းဆီအဖြူလေးတွေကိုလာရောက်အပ်နံှရင်းJamesတို့နဲ့အတူမြှုပ်နံှလိုက်တော့သည်။လူတွေအားလုံးပြန်သွားပြီးနောက်သုသာန်မှာRayanတစ်ယောက်ပဲကျန်တော့သည်။အဝေးကကြည့်လျှင်သူသည်တစ်ခုခုပြောနေသယောင်...
အရာရာပြီးဆုံးပြီးနောက်...Rayanဟာလုပ်ငန်းတွေကိုလေလံတင်လိုက်သည်။ရလာသည်ငွေတွေအချို့တစ်ဝက်ကိုဆင်းရဲသားတွေကိုပေးကမ်းပြီးတစ်ချို့ကိုတော့မိဘမဲ့ကလေးတွေဘုရားကျောင်းတွေကိုလှူလိုက်သည်။အိမ်တော်ရှိလူတိုင်းကိုလဲအညီအမျှပေးကာအနားယူစေသည်။အိမ်တော်ကိုအလွတ်ကြီးသာဖြစ်စေခဲ့သည်။သူကိုယ်တိုင်လဲစုဆောင်းထားတဲ့ငွေအချို့ကိုယူကာလန်ဒန်မြို့ရဲ့နေရာသေးသေးလေးတစ်ခုကိုပြောင်းရွှေ့သွားခဲ့တော့သည်။

Zawgyi

1952ခုႏွစ္

လန္ဒန္ျမိဳ႕ရဲ႕သက္ႀကီးရြယ္အို ေစာင့္ေ႐ွာက္ေရးေဂဟာတြင္ျဖစ္သည္။ သူနာျပဳမ်ားနဲ႔ ဆရာဝန္မ်ားဟာ သူတို႔အလုပ္တာဝန္ကို သူတို႔ေက်ပြန္ေအာင္ထမ္းေဆာင္လ်က္႐ွိၾကသည္။​ေဂဟာ​ေလးက ​ေအးခ်မ္းတဲ့ ​ေရကန္​ေလး​ေဘးမွာတည္႐ွိၿပီး ပန္းျခံငယ္​ေလးလည္း႐ွိသည္။ သက္ႀကီးရြယ္အို​ေတြပဲ ႐ွိၾက​ေတာ့ အရမ္စလည္းတိတ္ဆိတ္သည္။အဘိုးအဘြားမ်ားစြာ ေနထိုင္ၾကတဲ့ ဒီေဂဟာေလးမွာ ပံုျပင္ေျပာတတ္တဲ့အဖိုးအိုRayကို မသိတဲ့သူမ႐ွိၾကေပ။ ဘာလို႔ဆိုအဖိုးအိုဟာပံုျပင္ေလးတစ္ပုဒ္ကိုပဲ အျမဲေျပာေလ့႐ွိသတဲ့ အဲ့ပံုျပင္ေလးက

"Orchid.... တဲ့ သူနာျပဳေလးရဲ႕ အဖိုးေျပာျပရမလား"
သူနာျပဳမေလး ဟာေဆးပုလင္းကို ေသခ်ာျဖဳတ္ရင္း ျပန္ေျဖလိုက္တယ္။

"ဥယ်ာဥ္ထဲအရင္ဆင္းၾကမယ္ေလ Ray ရယ္"

"အိုး...ေကာင္းပါၿပီကြာ..."

အဖိုးအိုဟာ တုန္ယင္ေနတဲ့ အသံနဲ႔ျပန္ေျပာတယ္။ သူလဲပဲ အသက္ႀကီးလာခဲ့ၿပီကို....ဥယ်ာဥ္ထဲမွာ တျခားသက္ႀကီးရြယ္အိုေတြလဲ ႐ွိၾကတယ္။ အဖိုးအိုဟာ wheelchairကို ေရကန္အနားထိ တြန္းသြားခိုင္းခဲ့တယ္။ ေရကန္နားအေရာက္မွာေတာ့ သူကေမးလိုက္တယ္။

"ကဲ...အဖိုးရဲ႕ပံုျပင္ေလးကိုေျပာရေတာ့မလား..."

"ဟုတ္ကဲ့ Ray ကြၽန္မနားေထာင္မယ္ေလ..."
Nancy ျပန္ေျဖလိုက္တယ္။ ၿပီးရင္ေတာ့ အဖိုးအိုဟာသူေျပာေနၾကပံုျပင္ေလးကိုပဲ ထပ္ၿပီးေျပာျပပါေတာ့တယ္....

1890 ခုႏွစ္

နာမည္ႀကီးလူကုန္ထံ မိသားစုတစ္စုေသဆံုးတဲ့သတင္းသည္ လူေတြအၾကားပ်ံ႕ႏွံ႔လ်က္႐ွိသည္။ ဝီလ္ဆင္မိသားစုနာေရးသတင္းဟာ လူတန္းစားအသီးသီးၾကားပ်ံ႕ႏွံ႔​ေနသည္။ ဝီလ္ဆင္ဇနီးေမာင္ႏွံဟာ နယူးဇီလန္ကေန ေျပာင္းေရႊ႔လာၾကသူေတြ ျဖစ္ၾကသည္။ လူကုန္ထံအသိုင္းအဝိုင္းၾကားတြင္ေတာ့ လက္ဖြာသည္ဟု နာမည္သတင္းႀကီးလွသည္။ ထိုအခ်ိန္ လန္ဒန္ၿမိဳ႕ရဲ႕လမ္းမႀကီးေပၚ အေျပးေသာ့ေသာ့ႏွင္လာေသာ ျမင္းလွည္းေလးေပၚမွာေတာ့ ပူေဆြးမႈမ်ားနဲ႔ လူငယ္ေလးတစ္ဦးလိုက္ပါလာေလသည္။ ထိုသူကားRayan Willsonsပင္ျဖစ္ေတာ့သည္။

ႀကီးက်ယ္ခမ္းနားလွတဲ့ ျခံဝန္းေ႐ွ႕တြင္ ျမင္းလွည္းဟာရပ္တန္႔သြားတယ္။ လူရြယ္တစ္ဦးဟာလဲ ျမင္းလွည္းေပၚကေန ဆင္းလာခဲ့တယ္။ ခဏအၾကာမွာ ျခံေစာင့္ Din ဟာေျပးလာၿပီး ျခံတံခါးကိုဖြင့္လို႔ လူရြယ္ကိုေခၚသြားေလတယ္။ အိမ္ေတာ္ႀကီးထဲတြင္ အနက္ေရာင္အဝတ္အစားမ်ားနဲ႔ မိန္းမပ်ိဳမ်ား လူႀကီးမင္းမ်ား႐ွိၾကသည္။ ဝမ္းနည္းပူေဆြးမႈ အခမ္းအနားအတြက္ျဖစ္ေပလိမ့္မည္။ Rayan စိတ္မဝင္စား...သူဟာအိမ္ေတာ္ထိန္း Howran ကိုေခၚလိုက္တယ္။ ၿပီးေနာက္ သူေမးခြန္းတစ္ခုကိုစေမးခဲ့တယ္.... အဲ့တာက

"အေၾကာင္းအစံုကို က်ဳပ္ကိုေျပာျပပါ အန္ကယ္လ္ Ran"

လြန္ခဲ့တဲ့ သံုးရက္ကအိမ္ေတာ္ႀကီးမွာ ထံုးစံအတိုင္းေပ်ာ္ပြဲက်င္းပေနခဲ့တယ္။ လူကံုထံမ်ားစြာလဲ႐ိွၾကတယ္။ပြဲက တစ္ညလံုးေပါက္ျဖစ္ၿပီး လူတိုင္းေပ်ာ္ရႊင္လ်က္သာ...အိမ္ေတာ္သခင္မ James ဟာသခင္ႀကီးနဲ႔အတူ ဝိုင္ေသာက္လ်က္႐ွိေနတယ္။ ခဏအၾကာသူမတို႔ႏွစ္ဦးလံုး အိမ္အေပၚထပ္ကို တတ္သြားၾကတယ္။ ေတာ္ေတာ္ၾကာထိ ျပန္မေရာက္လာသျဖင့္ ၿမိဳ႕စားႀကီးကRanနဲ႔ အတူအေပၚကိုတတ္လာတယ္ ထိုအခ်ိန္မွာသူတို႔ျမင္လိုက္ရတာက ရႈပ္ပြေနတဲ့အခန္းနဲ႔ အသက္မဲ့ေနၿပီျဖစ္ေသာ Jamesတို႔ရဲ႕ ေအးစက္စက္ခနၶာကိုယ္ကိုသာ....။ ၿမိဳ႕စားဟာ ခ်က္ခ်င္းေပ်ာ္ပြဲကို ရပ္ဆိုင္းလိုက္ၿပီး ရဲေတြကိုေခၚလိုက္တယ္။ ဘယ္ေလာက္ပဲစစ္ေဆးခဲ့ပါေစ ရလဒ္ကအခ်င္းခ်င္းရန္ျဖစ္ၾကကာ သတ္ျဖတ္ျခင္းဟုသာ ထြက္လာတယ္။ သခင္ႀကီးနဲ႔James ဟာတကယ္လည္း မတည့္ၾကေပ။ အျမဲလိုျပသာနာတတ္ေလ့႐ွိသည္။ ထိုညတြင္ေတာ့ အိမ္အေပၚထပ္ကေသနတ္သံကို ေအာက္ထပ္ရွိမည္သူမွ မၾကားလိုက္ျခင္းကသာ ပေဟဠိတစ္ပုဒ္အျဖစ္ ရွိေနခဲ့ေတာ့သည္။ အျဖစ္အပ်က္ေတြကို သိၿပီးေနာက္ Rayan ဟာမည္သည့္စကားတစ္ခြန္းကိုမွ် မေျပာေခ်။ မိနစ္ပိုင္းခန္႔ ၿငိမ္သက္ၿပီးေနာက္မွာေတာ့ သူကေျပာလာတယ္။

"အန္ကယ္လ္ Ran ေက်းဇူးျပဳၿပီး မနက္ျဖန္ေျမခ်ဖို႔လုပ္ေပးပါ..က်ဳပ္သူတို႔ကိုေအးခ်မ္းေစခ်င္ၿပီ"

"ေကာင္းပါၿပီ သခင္ေလး"
ထိုအခ်ိန္မွာပဲ ၿမိဳ႕စားကစကားေျပာလာတယ္။

"ဒီလူရြယ္ေလးကဘယ္သူလဲ Howran "

"သူက သခင္ႀကီး ဝီလ္ဆင္တို႔ရဲ႕ တစ္ဦးတည္းေသာသားပါ ၿမိဳ႕စား Jin "

ၿမိဳ႕စားဟာ အံ့ျသသြားရတယ္။ Jamesတို႔ လင္မယားတြင္သား႐ွိသည္ဟု သူမသိခဲ့ေပ။

"အိုး...ဒါဆိုသူအရင္ကဘယ္ေရာက္ေနတာလဲ "

ဒါဟာ သူ႔ဘာသာ ေရရြတ္လိုက္ျခင္းျဖစ္ေသာ္လည္း Rayan ကအေျဖျပန္ေပးလိုက္တယ္။

"က်ဳပ္က ေက်ာင္းဆရာတစ္ဦးပါ ေက်းရြာေတြမွာစာလိုက္သင္ေနတာမလို႔ အိမ္ေတာ္မွာမ႐ွိတာပါ "

Rayanဟာထိုတစ္ခြန္းသာေျပာၿပီး အိမ္အေပၚထပ္ကိုတတ္သြားေလတယ္။က်န္ရစ္ခဲ့တဲ့သူေတြဟာစြံ႔အလ်က္႐ွိၾကသည္။အိမ္အေပၚထပ္႐ွိRayanသည္မိသားစုပန္းခ်ီကားႀကီးေ႐ွ႕တြင္ရပ္ကာေတြးေတာလ်က္႐ွိသည္။အကယ္၍သူသာဝါသနာကိုစြန္႔လႊတ္ခဲ့လွ်င္မိသားစုကိုဆံုးရံႈးရမည္မဟုတ္မင္နီလာၿမိဳ႕ေလးကိုမခဲြခ်င္လို႔မိသားစုကိုအတိုက္အခံလုပ္အဆက္ျဖတ္ခဲ့သည္။အခုေတာ့မိသားစုကသူ႔အားထားသြားခဲ့ေလၿပီ။ေမြ႔ယာေပၚသို႔ပင္ပန္းေနတဲ့ခႏၶာကိုယ္ကိုျပစ္ခ်ကာသူအိပ္စက္လိုက္သည္။ေခါင္းအံုးေပၚသို႔စီးက်သြားေသာမ်က္ရည္စက္မ်ားအားမသိက်ိဳးကြၽန္ျပဳလိုက္ရင္းေပါ့...
ေနာက္ေန႔မနက္မွာသုသာန္၌ေျမခ်ျခင္းကိုလုပ္ေဆာင္ေနသည္။ဖာသာသည္က်မ္းစာကိုရြတ္ဆိုေနသည္။လူတိုင္းသည္ႏွင္းဆီအျဖဴကိုင္ေဆာင္ထားၾကသည္။ခဏအၾကာမွာေတာ့လူတိုင္းဟာႏွင္းဆီအျဖဴေလးေတြကိုလာေရာက္အပ္ႏံွရင္းJamesတို႔နဲ႔အတူျမႇဳပ္ႏံွလိုက္ေတာ့သည္။လူေတြအားလံုးျပန္သြားၿပီးေနာက္သုသာန္မွာRayanတစ္ေယာက္ပဲက်န္ေတာ့သည္။အေဝးကၾကည့္လွ်င္သူသည္တစ္ခုခုေျပာေနသေယာင္...
အရာရာၿပီးဆံုးၿပီးေနာက္...Rayanဟာလုပ္ငန္းေတြကိုေလလံတင္လိုက္သည္။ရလာသည္ေငြေတြအခ်ိဳ႕တစ္ဝက္ကိုဆင္းရဲသားေတြကိုေပးကမ္းၿပီးတစ္ခ်ိဳ႕ကိုေတာ့မိဘမဲ့ကေလးေတြဘုရားေက်ာင္းေတြကိုလွဴလိုက္သည္။အိမ္ေတာ္႐ွိလူတိုင္းကိုလဲအညီအမွ်ေပးကာအနားယူေစသည္။အိမ္ေတာ္ကိုအလြတ္ႀကီးသာျဖစ္ေစခဲ့သည္။သူကိုယ္တိုင္လဲစုေဆာင္းထားတဲ့ေငြအခ်ိဳ႕ကိုယူကာလန္ဒန္ၿမိဳ႕ရဲ့ေနရာေသးေသးေလးတစ္ခုကိုေျပာင္းေရႊ႔သြားခဲ့ေတာ့သည္။

Continue Reading

You'll Also Like

267K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
313K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
329K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"