๐Ÿ’ž Eternal Love ๐Ÿ’ž { Complete...
By Aster_Brown
1.8M 118K 6K
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ]... More
Description
Main Character
Main Character
Chapter _ 1
Chapter _ 2
Chapter _ 3
Chapter _ 4
Chapter _ 5
Chapter _ 6
Chapter _ 7
Chapter _ 8
Chapter _ 9
Chapter _ 10
Chapter _ 11
Chapter _ 12
Chapter _ 14
Chapter _ 15
Chapter _ 16
Chapter _ 17
Chapter _ 18
Chapter _ 19
Chapter _ 20
Chapter _ 21
Chapter _ 22
Chapter _ 23
Chapter _ 24
Chapter _ 25
Chapter _ 26
Chapter _ 27
Chapter _ 28
Chapter _ 29
Chapter _ 30
๐ŸŒŒ Sweet Home ๐ŸŒŒ
Chapter _ 31
Chapter _ 32
Chapter _ 33
Chapter _ 34
Chapter _ 35
Chapter _ 36
Chapter _ 37
Chapter _ 38
Chapter _ 39
Chapter _ 40
Chapter _ 41
Chapter _ 42
Chapter _ 43
Chapter _ 44
Chapter _ 45
Chapter _ 46
Chapter _ 47
Chapter _ 48
Chapter _ 49
Chapter _ 50
Chapter _ 51
Chapter _ 52 [ Final ]
EXTRA _ 1
EXTRA _ 2
EXTRA _ 3
EXTRA _ 4
EXTRA _ 5
EXTRA _ 6
EXTRA _ 7
EXTRA _ 8
EXTRA _ 9
EXTRA _ 10
EXTRA _ 11
EXTRA _ 12
EXTRA _ 13
EXTRA _ 14
EXTRA _ 15 { End }
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌโคโค
Daddy?????
Chapter _ 13
26.6K 1.9K 62
By Aster_Brown
Unicode
********
Baby Bunny ရဲ့သတင်းရပြီဆိုတဲ့စကား
ကြားသည်နှင့် မာန် အလုပ်တွေအကုန်ပစ်ချ
ကာ Baby ရှိတဲ့နေရာကိုအမြန်ဆုံးထွက်လာ
ခဲ့သည် ။ ဘုန်းမင်း ပေးလာတဲ့သတင်းအချက်
အလက်တွေအရတော့ Baby ကအခုချိန်ဆို
ကျောင်းမှာဘဲရှိနေလောက်သည် ။
မာန် တို့ကားတွေကျောင်းရှေ့ကိုရောက်သွား
ချိန်မှာတော့ ကျောင်းမှာလူပင်မရှိတော့ချေ ။
သို့ပေမယ့် မာန့် စိတ်ထဲမှာ Baby ကအနီးနား
မှာဘဲရှိနေတယ်လို့ခံစားနေရတာကြောင့် ဒီနေ
ရာမှာအရင်ရှာပြီး Baby မရှိဘူးဆိုတာသေချာ
မှတခြားနေရာတွေကိုဆက်ရှာရမည် ။
ကျောင်းဝင်းတစ်ခုလုံးလူအင်အားသုံးပြီးရှာ
ဖွေခဲ့ပေမယ့် မာန့် Baby Bunny ကိုတော့ရှာ
မတွေ့ခဲ့ပေ...။ Baby ကျောင်းမှာမရှိလောက်
တော့ဘူးလို့စဥ်းစားမိနေစဥ်မှာဘဲ မာန့် လူတစ်
ယောက်ပို့လာတဲ့သတင်းအစအနလေးကို
လက်ခံရရှိခဲ့သည် ။
ကျောင်းအဆောင် ၂ မှာ Baby ရဲ့နာမည်ပါတဲ့
စာအုပ်တွေနဲ့ သွေးတွေကိုရှာတွေ့တယ်ဆိုတဲ့
သတင်းစကားကြောင့် မာန် စိတ်တွေမွန်းကြပ်
လာခဲ့သည် ။ အဲ့ဒီသွေးတွေက Baby သွေး
တွေသာဖြစ်နေခဲ့ရင်ဆိုတဲ့စိတ်နဲ့ မာန် အသက်
ရှူပင်မဝတော့...။
" ဒီနေရာတစ်ခုလုံးမြေလှန်ပစ်ရမယ်ဆိုရင်
တောင် Baby Bunny ကိုရအောင်ရှာ!!! "
မာန့် လူတွေကိုအမိန့်ပေးပြီးတာနဲ့ မာန် ကိုယ်
တိုင်လည်းကျောင်းအနောက်ဘက်အပြင်တွေ
အထိလိုက်ရှာနေခဲ့သည် ။ မာန် လိုက်ရှာနေစဥ်
ကျောင်းနောက်ကလမ်းငယ်လေးထဲမှာလှမ်း
မြင်လိုက်သည့် သေးငယ်တဲ့ပုံရိပ်လေးကြောင့်
မာန် စိတ်လှုပ်ရှားစွာဖြင့် အမြန်ပြေးသွားခဲ့မိ
သည် ။
အနီးနားရောက်ခါနီးလေးမှာ မျက်ရည်တွေရွဲ
ကာလှည့်ကြည့်လာတဲ့ပုံရိပ်လေးက မာန့် ရင်
ကိုအစိမ်းလိုက်ခွဲဖို့ ကြိုးစားချင်နေသလိုပင် ။
အညိုမဲစွဲနေတဲ့လက်လေးနှစ်ဖက်ကို မာန့် ဆီ
ကမ်းပေးကာလဲကျသွားတဲ့ Baby Bunny ရဲ့
ခန္ဓာကိုယ်လေးကိုအရှိန်ဖြင့်ပြေးကာဖမ်းပွေ့
ထားလိုက်ရသည် ။
မာန် ဘဝတစ်လျှောက်လုံးရှာဖွေခဲ့ရတဲ့ Baby
Bunny လေးကအခုလိုနွမ်းလျစွာနဲ့ရှင်သန်ခဲ့ရ
သည်တဲ့...။ သန့်ရှင်းနေပေမယ့်ဟောင်းနွမ်းစ
ပြုနေပြီဖြစ်တဲ့အဝတ်လေးတွေနဲ့ မာန့် လက်
တစ်ပွေ့စာဘဲရှိတဲ့ခန္ဓာကိုယ်လေးက ဒီနှစ်တွေ
ထဲမှာ Baby ဘယ်လိုရှင်သန်ခဲ့ရသလဲဆိုတာ
မြင်သာစေသည် ။ Baby က မာန့် ကိုရင်ကွဲနာ
ကျပြီးသေသွားစေချင်နေပြီထင်ပါရဲ့...။
အနှစ်နှစ်အလလကလွမ်းနေခဲ့ရတဲ့ Baby
Bunny လေးကို မာန့် ရင်ခွင်ထဲဆွဲပွေ့လိုက်
တော့ ခန္ဓာကိုယ်သေးသေးလေးကရင်ခွင်ထဲ
မှာအံ့ဝင်ခွင်ကျဖြစ်လျှက်...။ Baby နဲ့ဝေးခဲ့ရ
ပြီးနောက်ပိုင်းမှာ တစ်ခါမှကျခဲ့ခြင်းမရှိတော့တဲ့ မာန့် မျက်ရည်တွေကအခုချိန်မှာတော့
Baby ပါးပေါ်တစ်စက်ချင်းကျနေခဲ့သည် ။
မာန် ရင်ခွင်ထဲမေ့မျောနေတဲ့ Baby Bunny
လေးကိုပွေ့ချီလိုက်စဥ် Baby လည်တိုင်ပေါ်
ကနီရဲနေသည့်ကိုက်ရာအကွင်းလိုက်ကို မြင်
လိုက်ချိန်မှာတော့ မာန် စိတ်တွေထိန်းမရဖြစ်
လာခဲ့သည် ။ မာန့် ပိုင်ဆိုင်ရာလေးကိုလက်
တင်ရဲတဲ့ဘယ်အမျိုးယုတ်ကိုမဆို မာန် ကိုယ်
တိုင်ခြေမွပစ်မှာပင် ။
" ဘုန်းမင်း ဒီနေ့ကိစ္စကိုစုံစမ်းထားလိုက် "
" ဟုတ်ကဲ့..... Boss "
မာန့် လက်ထဲမှာတင်သတိလစ်မေ့မျောသွား
ရှာတဲ့ Baby Bunny လေးကိုစံအိမ်ရောက်
တဲ့အချိန်ထိ မာန့် လက်ထဲကမချနိုင်ခဲ့...။
ဆရာဝန်ရောက်လာပြီး ဆေးထိုးတာ ၊ ဆေး
ချိတ်ပေးတာတွေလုပ်နေစဥ်တောင် မာန့်
Baby လေးကိုရင်ခွင်ထဲမှာဘဲပွေ့ပိုက်ထားခဲ့
သည် ။
အနက်ရောင်မွေ့ယာပေါ်ခပ်လျောလျောမှီ
ထိုင်နေတဲ့ မာန့် ရင်ခွင်ထဲအိပ်ပျော်နေသည့်
Baby Bunny ကဖြူစင်သန့်ရှင်းနေသည် ။
အရင်ကလိုပါးဖောင်းဖောင်းလေးတွေအစား
ပိန်သွယ်သည့်မျက်နှာကျလေးကနေရာယူ
လာပြီး အရင်ကနို့ခဲလေးလိုအသားအရည်
လေးက အခုတော့စွဲမက်စရာကောင်းလောက်
အောင်ဖြူဖြူနုနုလေးဖြစ်လာသည် ။
မာန့် Baby Bunny ကဘုရင်တစ်ပါးလိုမြင့်
မြတ်တဲ့နေရာမှာရှင်သန်ရရင်တောင်မလုံ
လောက်တာ.... အခုလိုအခြေအနေဖြစ်စေတဲ့
လူတွေကို မာန် တစ်ယောက်မှမလွတ်ပေးမှာ
မဟုတ်ဘူး ။ Baby Bunny နဲ့ပြန်တွေ့ခဲ့သည့်
အချိန်ကိုစဥ်းစားမိတာနဲ့ မာန် စိတ်တွေဂနာမ
ငြိမ်ဖြစ်လာရသည် ။
............................
" Bunny လေးရေ...ဘာလို့အကြာကြီးအိပ်နေ
တာလဲကွာ...ကိုယ်..မင်းကိုအရမ်းလွမ်းနေပြီ..."
Baby Bunny အိပ်ပျော်နေတဲ့ ၂ ရက်လုံး
မာန် ဘယ်မှမသွားနိုင်သလို ဘာအလုပ်မှ
လည်းမလုပ်နိုင်ပေ..။ Baby အနားမှာဘဲတစ်
ချိန်လုံးကပ်နေပြီး ပါးလေးနမ်းလိုက် နဖူးလေး
နမ်းလိုက်ဖြင့်ကျေနပ်နေခဲ့ရသည် ။
** ဒေါက်....ဒေါက် **
တံခါးခေါက်ကာသတိပေးပြီးနောက် ဘုန်းမင်း
အခန်းထဲတန်းဝင်လာလိုက်သည် ။ Boss က
ဒီနှစ်ရက်လုံးအစားလဲသေချာမစားသလို
သေချာလည်းအနားမယူသေးဘူး...။ တစ်ချိန်
လုံး အဲ့ဒီကလေးကိုသာတစိမ့်စိမ့်ထိုင်ကြည့်
နေခဲ့တာပင်...။ ဒီတိုင်းသာဆက်သွားရင် Boss
ခန္ဓာကိုယ်ကခံနိုင်တော့မှာမဟုတ်...။
" Boss....ခဏလောက်အနားယူပါဦး..
ကျွန်တော် သခင်လေး ကိုစောင့်ပေးပါ့မယ် "
" မရဘူး!!...မင်းတို့က Baby ကိုထပ်ပြီး
ပျောက်သွားအောင်လုပ်လိုက်မှာ..."
နက်ရှိုင်းအေးစက်နေသည့်မျက်လုံးတွေဖြင့်
စိုက်ကြည့်ကာအော်ဟစ်လာတဲ့ Boss ကစိတ်
လွတ်နေဟန်ဖြင့်.....။ သခင်လေး နဲ့အတူ
ရှိနေစဥ်ကပုံမှန်အတိုင်းဖြစ်နေသည့် Boss က
တခြားလူချဥ်းကပ်လာတာခံစားမိတာနဲ့ လုံးဝ
ကိုပြောင်းလဲသွားခဲ့သည် ။
ကြည့်ရတာ Boss ကိုဆေးအကူအညီမပါဘဲ
ထိန်းချုပ်နိုင်တဲ့သူဆိုလို့ သခင်လေး ဘဲရှိတဲ့ပုံ
ပင်...။
" Boss ဘယ်မှသွားစရာမလိုပါဘူး သခင်လေး
ဘေးမှာဘဲအနားယူလို့ရပါတယ်... Boss ဒီ
ထက်ပိုပြီးပင်ပန်းလာရင် အိပ်ရာထဲလဲသွား
လိမ့်မယ် "
ဘုန်းမင်း စကားကိုအနည်းငယ်စဥ်းစားနေ
ဟန်ဖြင့်ငြိမ်သက်စွာတွေးတောနေပြီးနောက်
သခင်လေး ရဲ့ဘေးနားမှာငြင်သာစွာလှဲချ
လိုက်သည် ။ ဒါပေမယ့်အခုလိုဘေးချင်းကပ်
အနေအထားမှာတောင်စိတ်ချမှုမရှိတဲ့ Boss
က သခင်လေး ကိုခပ်ဖွဖွသိုင်းဖက်ထားသေး
သည် ။
" ကိုယ်တို့ခဏလောက်အိပ်ရအောင်..."
မာန် တကယ်ပင်ပန်းနေတာခံစားမိပေမယ့်
Baby Bunny အနားမှာမရှိစဥ်တုန်းကလည်း
မာန် သေချာအိပ်ပျော်တဲ့နေ့ဆိုတာအရမ်းရှား
ခဲ့တာဘဲမို့ ထူးထူးခြားခြားပြောင်းလဲသွားတာ
တော့မရှိ...။ သို့ပေမယ့်အခုချိန်မှာတော့ Baby
လည်ပင်းကြားလေးထဲ တိုးဝေ့ကာအိပ်စက်
လိုက်သည် ။
...............................................................
" မေမေ... ဟိုအကောင် အိမ်ပြန်မလာတာ ၂
ရက်ရှိပြီနော် "
ဧည့်ခန်းမှာထိုင်ပြီး လက်သည်းနီဆိုးနေတဲ့
ဒေါ်စိုးနန်းစံ က သမီးဖြစ်သူပြောလာတဲ့စကား
ကိုခေါင်းတစ်ဆက်ဆက်ငြိမ့်ကာ ထောက်ခံ
ဟန်ပြုလိုက်သည်။
" မလာတော့ပိုတောင်ကောင်းသေး...အကုန်
ကျလဲသက်သာတယ်...ပြန်ကိုမလာတော့ရင်
သူ့အတွက်ပေးခဲ့တဲ့အမွေတွေ ​ေမမေတို့ယူ
လိုက်ရုံဘဲ "
အမွေကိစ္စပါလာတာကြောင့် သော်နန်းစံ
စိတ်သိပ်မကြည်ချင်တော့...။ လက်ထဲကဖတ်
လက်စဝတ္ထုစာအုပ်ကိုစားပွဲပေါ်ဆောင့်ချပစ်
လိုက်ပြီး သေသွားတဲ့အဖေဖြစ်သူကိုအပြစ်
တင်လိုက်သည်။
" မဟုတ်သေးပါဘူး....အဖေကဘာကိစ္စ လမ်း
ဘေးကကောက်လာတဲ့ကောင်ကို သမီးတို့နဲ့
တန်းတူအမွေခွဲပေးခဲ့တာလဲ...အဓိပ္ပါယ်မရှိတာ
အရမ်းလုပ်တာဘဲ "
" အဲ့တာပြောတာလေ...သေတာတောင်ကောင်း
ကောင်းမသေဘူး...ခွေးလိုကောင်ကိုအမွေပေး
ခဲ့ရတယ်လို့အေ.....အံ့ဘ...အံ့ဘ...."
" အိမ်မှာနေခွင့်ပြုထားသေးတယ်...မေမေရာ
နှင်ထုတ်လိုက်ပါတော့လား..."
" မရလို့ပေါ့ဟယ်....သွားလေသူကြီးက သူ့
ရှေ့နေဆီမှာသေချာအပ်သွားတာ...အဲ့ခွေး
ကောင်အသက် ၁၈ ပြည့်မှ ရှေ့နေကအမွေ
ကိစ္စလာလုပ်ပေးမှာဟဲ့ အခုချိန်သွားနှင်ထုတ်
လိုက်ရင် ညည်းပါအမွေမရဖြစ်သွားမှာပေါ့ "
* တီး....တီး....တီး....တီး...*
ခြံရှေ့ကကားဟွန်းတီးသံကြောင့် ဒေါ်စိုးနန်းစံ
တို့စကားစပြတ်သွားခဲ့ကြသည်။ သမီးဖြစ်သူ
ခြံတံခါးသွားဖွင့်ပေးနေစဥ် ဒေါ်စိုးနန်းစံ လည်း
လက်သည်းနီဆိုးနေတာကိုရပ်ထားလိုက်သည် ။
ခြံဝင်းထဲဝင်လာသည့်ကားအဖြူကြီးကတော်
ရုံလူစီးနိုင်သည့်ကားမျိုးမဟုတ်..။ အဲ့ထက်အ
ရေးကြီးတာက ဒေါ်စိုးနန်းစံ တို့အသိထဲမှာဒီ
လောက်ချမ်းသာတဲ့သူမရှိတာဘဲ..။
" ဒါ..ရှိုင်းစေ ဆိုတဲ့ကောင်လေးအိမ်လား.."
ကားပေါ်ကဆင်းလာသည့်အမျိုးသမီးက
တော်တော်လေးအဆင့်တန်းရှိပုံပေါ်သည် ။
စကားပြောတာကအစ အထက်စီးဆန်ဆန်
ဖြင့်...။
" ဟုတ်တယ်....ဒါပေမယ့် အဲ့ကောင်ကိုလာရှာ
တာဆိုရင်တော့မရှိဘူး...အိမ်ပြန်မလာတာ ၂
ရက်ရှိပြီ "
ဘောက်ဆတ်ဆတ်ပြန်ပြောလိုက်တဲ့ သော်
နန်းစံကို ထိုမိန်းမကပြုံးရုံသာကြည့်နေခဲ့ပြီး
ကားပေါ်ကအသက်ငယ်ငယ် မိန်းကလေးတစ်
ဦးထပ်ဆင်းလာခဲ့သည်။
" သမီး..လူကြီးတွေကိုအိမ်ထဲအရင်ခေါ်ပါလား "
မဖိတ်ခေါ်ဘဲရောက်လာသူတွေကို အနည်းငယ်
အကဲခတ်ပြီးနောက် သော်နန်းစံ အိမ်ထဲဖိတ်
ခေါ်လိုက်တော့သည် ။ သော်နန်းစံ နဲ့အတူအိမ်
ထဲဝင်လာသည့် အမျိုးသမီးနှစ်ယောက်နဲ့
ယောက်ျားကြီးတစ်ယောက်ကို ဒေါ်စိုးနန်းစံ
ကြိုဆိုခြင်းမပြုခဲ့သလို ထိုင်ရာကပင်မထခဲ့..။
" ဘယ်သူတွေလဲ...သမီး..."
သော်နန်းစံ လည်းမသိဘူးဆိုတဲ့ပုံဖြင့်ပုခုံးတွန့်
ပြကာ အမေဖြစ်သူဘေးမှာခြေချိတ်ကာဝင်
ထိုင်နေလိုက်သည် ။ ဧည့်သည်အဖြစ်ရောက်
လာသူတွေကလည်း အိမ်ရှင်တွေရဲ့မတူမတန်
ဆက်ဆံခြင်းတွေကိုဂရုစိုက်ပုံမပေါ် အိမ်ရှင်
တွေရှေ့ကခုံမှာပင်ဝင်ထိုင်လိုက်ကြသည် ။
ပထမဆုံးစကားစပြောလာသူက တစ်ကိုယ်
လုံး စိန်တွေဝတ်ထားသည့်အမျိုးသမီးမဟုတ်
ပေ..။ အသက်နည်းနည်းပိုငယ်ပုံရသည့်အ
မျိုးသမီးက ဒေါ်စိုးနန်းစံ အိမ်ကိုလာရခြင်း
အကြောင်းကိုစတင်ပြောဆိုလာသည် ။
" အန်တီ က ရှိုင်းစေ နဲ့ဘာတော်တာလဲသိပါ
ရစေ "
ရှိုင်းစေ ဆိုတဲ့နာမည်ကြားတာနဲ့ ဒေါ်စိုးနန်းစံ
ကမဲ့ရွဲ့ကာဖြင့် မနှစ်မျိို့တ​ဲ့ပုံစံကိုပြသသည်။
" မွေးစားအမေပါ...ဘာလို့လဲ "
" ဟုတ်ကဲ့...ကျွန်မက ရှိုင်းစေ ရဲ့ကျောင်းက
ဆရာမ ပါဒီဘက်ကတော့ ကျောင်းအုပ်ဆရာ
ကြီးပါ...."
အမျိုးသမီးငယ် မိတ်ဆက်လာသည့်အခါမှ
ဒေါ်စိုးနန်းစံ အနည်းငယ်လေးစားဟန်ပြလိုက်
သည် ။
" ဪ....ဟုတ်ကဲ့...ကျွန်မက ရှိုင်းစေ ရဲ့
တရားဝင်အုပ်ထိန်းသူပါဘဲ...ဆရာမတို့လာ
ရင်းကိစ္စသာပြောပါ "
ဒေါ်စိုးနန်းစံ နဲ့ဤမျှအချိန်ယူရတာလေးကို
တောင် ဘေးမှာရှိနေတဲ့အမျိုးသမီးကြီးက
စိတ်မရှည်တော့ဟန်ဖြင့် မျက်ခုံးတွေတွန့်ချိုး
နေခဲ့သည် ။
" ကျောင်းအုပ်ကြီး ကိစ္စမြန်မြန်ရှင်းရအောင်
လာရင်းကိစ္စကိုသာပြောပြလိုက်ပါ "
ထိုမိန်းမရဲ့စကားက ကျောင်းအုပ်ဆရာကြီး
ဆိုတဲ့လူကို တွန့်ခနဲဖြစ်သွားစေသည်။
" ဟုတ်ကဲ့...ကျွန်တော့်လာရင်းကိစ္စက ရှိုင်းစေ
နဲ့ဒီဘက်က ဒေါ်ဧကရီ ရဲ့သားနဲ့ပြဿနာနည်း
နည်းဖြစ်သွားတာကြောင့် ကလေးတွေကိစ္စ
အစ်မ တို့နဲ့လာတိုင်ပင်တာပါ။ ပြီးတော့ဒီကိစ္စ
ကိုလဲဒီမှာဘဲပြီးစေချင်လို့ပါ "
တကယ်တမ်း ပြဿနာဖြစ်စေခဲ့တာက ဒေါ်
ဧကရီ ရဲ့သား မင်းခ ဖြစ်ပေမယ့်အကြောင်း
ရာအပြည့်စုံမသိသေးတဲ့ ဒေါ်စိုးနန်းစံ ထိုင်နေ
တဲ့ခုံကို လက်သည်းရှည်နဲ့ခေါက်ရင်းပြတ်
ပြတ်သားသားငြင်းဆိုလိုက်သည် ။
" ဘာလဲ... ရှိုင်းစေ ပြဿနာအတွက်လျော်
ကြေးလာတောင်းတာလား....ဒါဆိုရင်တော့
လာရာလမ်းအတိုင်း လှည့်ပြန်သွား....ကျွန်မ
တို့ကသူ့အတွက် အလျော်ပေးစရာဘာအ
ကြောင်းမှမရှိဘူး "
ဒေါ်စိုးနန်းစံ ရဲ့အဖြေက ဒေါ်ဧကရီ ကိုပျော်ရွှင်
သွားစေသည်။ သူလိုချင်တာကလည်း ဒီလိုလူ
မျိုးဘဲ....။ ပိုက်ဆံသာပုံပေးရင်လူသတ်ထား
ရင်တောင်ဖုံးပစ်လို့ရတယ် ။ ဒေါ်ဧကရီ ကခပ်
ပြုံးပြုံးပင်လက်ကိုင်အိတ်ထဲက တစ်သောင်း
တန်အုပ်တွေအထပ်လိုက်ကို စားပွဲပေါ်ပစ်တင်
ပေးလိုက်သည် ။
" အ​ေလျာ်တောင်းဖို့မဟုတ်ပါဘူး....အရင်ဆုံး
အစ်မတို့ဒီ CCTV ကရိုက်မိထားတာလေးကို
ကြည့်ပေးပါ "
ဒေါ်ဧကရီ ရဲ့ခွင့်ပြုချက်စောင့်နေသည့်ကျောင်း
အုပ်ကြီးကလည်း CCTV ဖွင့်ပြဖို့ပြောလိုက်
သည်နှင့် ဖုန်းထဲက Video တစ်ပုဒ်ကိုဖွင့်
ပြီး ဒေါ်စိုးနန်းစံ ရှေ့ချပေးလိုက်သည် ။
CCTV မှာမြင်နေရသည့်ပုံရိပ်တွေက ရှိုင်းစေ
ကိုကျောင်းသား ၅ ယောက်ကဆွဲလားရမ်းလားလုပ်နေပြီးထိုလုပ်ရပ်ကမဖွယ်မရာလုပ်
ရပ်ကိုကျူးလွန်ဖို့ဆိုတာသိသာနေခဲ့သည် ။
မိနစ်အနည်းငယ်ကြာပြီးနောက် ရှိုင်းစေ က
ကိုယ့်ကိုကိုယ်ကာကွယ်ဟန်ဖြင့် ချုပ်ထားတဲ့
ကြားကရအောင်ရုန်းထွက်ကာ ကျောင်းသား
တစ်ယောက်ကိုတွန်းပစ်လိုက်သည် ။
အတွန်းခံလိုက်ရတဲ့ကျောင်းသားက လှေကား
အစွန်းမှာရပ်နေတာကြောင့် လှေကားပေါ်က
လိမ့်ကျသွားခဲ့ပြီး ငြိမ်သက်သွားခဲ့သည် ။
Video ပြီးသွားချိန်မှာတော့ ဒေါ်စိုးနန်းစံ က
ဖုန်းကိုစားပွဲပေါ်ပြန်ချလိုက်ကာ ကျောင်း
အုပ်ကြီးဆိုသူကိုလှမ်းကြည့်လိုက်သည်။
" ဆိုတော့...ကျောင်းအုပ်ကြီးကဘယ်လိုဖြစ်
စေချင်တာလဲ.."
" ကျွန်တော်ကတော့ ဒီကိစ္စကိုဒီမှာဘဲပြီးစေ
ချင်တာပါ...ဒါပေမယ့် ဒါကကျွန်တော်တစ်
ယောက်တည်းဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်
ဘူးဖြစ်နေတယ် ။ ဒီကိစ္စကိုမထင်မှတ်ဘဲ
ကျောင်းကောင်စီအဖွဲ့ကသိသွားတော့ ရုံးတင်
ပြီးဖြေရှင်းဖို့လုပ်နေတယ် ။ အဲ့တာကြောင့်
အစ်မ တို့ကဘဲဒီကိစ္စကိုကျောင်းသားအချင်း
ချင်းအခန့်မသင့်လို့ရန်ဖြစ်ရင်းဒဏ်ရာရသွား
တာပါ လို့ဖြေရှင်းပေးစေချင်တယ်။ အဲ့အ
တွက်လဲ အစ်မတို့မနစ်နာစေရပါဘူး "
ကျောင်းအုပ်ကြီးပြောတဲ့စကားကရိုးရှင်းလွန်း
တာကြောင့် ဒေါ်စိုးနန်းစံ နားလည်ဖို့အချိန်မယူ
လိုက်ရပေ ။ ဒေါ်ဧကရီ ကလဲ ဒေါ်စိုးနန်းစံကို
သေချာကြည့်ပြီး အခြေနေကောင်းမှန်းရိပ်
မိလေသည်။
" ဒီကိစ္စသာရုံးတော်ရောက်သွားရင် နောက်နှစ်
ပညာတော်သင်သွားဖို့စီစဥ်ထားတဲ့ ကျွန်မသား
ကအများကြီးနှစ်နာသွားမှာ... အစ်မတို့ဘက်
ကဘာမှဖြစ်သွားတာလဲမဟုတ်တော့ ဒီပိုက်ဆံ
ယူပြီးကျေအေးပေးလိုက်ပါ မလုံလောက်ရင်
လဲပြောအားမနာပါနဲ့ "
ဒေါ်ဧကရီ ကစကားလည်းပြောရင်း အဆင်
သင့်ယူလာတဲ့ ပိုက်ဆံထည့်ထားတဲ့အိတ်ကို
ပါစားပွဲပေါ်တွန်းပို့လိုက်သည် ။ ဟန်ဆောင်
နေခြင်းတောင်မရှိတဲ့ ဒေါ်စိုးနန်းစံ ကထိုပိုက်
ဆံအိတ်ကိုချက်ချင်းဆွဲယူကြည့်နေခဲ့သည် ။
ပိုက်ဆံကအရာရာကိုဖြေရှင်းနိုင်တယ်ဆိုတာ
သိပ်မှန်သည် ။ ကြည့်ပါလား... သူတို့ရဲ့မွေး
စားသားရဲ့ဂုဏ်သိက္ခာနဲ့လဲပြီးမှရလာတဲ့ပိုက်
ဆံတွေကို ငမ်းငမ်းတက်ရေတွက်နေလိုက်ကြ
တာ...။ ​ေဩာ် မွေးစားသားဆိုတော့လည်းတန်
ဖိုးမရှိဘူးထင်ပါရဲ့...။
" လုံလောက်တာပေါ့...လုံလောက်တာထက်ကို
ပိုနေပြီ....အစ်မတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်
စေရမယ် စိတ်ချပါ..ဟင်း..ဟင်း..."
သိန်း ၁၀၀ ထက်မနည်းတဲ့ပိုက်ဆံတွေပိုင်ဆိုင်
လိုက်ရပြီမို့ ဒေါ်စိုးနန်းစံ အပြုအမူတွေချို
သာပျော့ပျောင်းသွားခဲ့သည် ။
" ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါဦး ပြီးတော့
ရှိုင်းစေ ကိုလဲဒီကိစ္စကိုကျောင်းမှာရော အပြင်
မှာပါတစ်ခွန်းမှမဟမိစေဖို့သေချာမှာထားပေး
ပါ "
" စိတ်ချပါ..စိတ်ချပါ...ရှိုင်းစေ တစ်ခွန်းမှ
မပြောစေရပါဘူး....ဟင်း...ဟင်း..."
မထင်မှတ်ဘဲငွေထုတ်ကြီးလာပေးတဲ့သူတွေ
ကိုခြံရှေ့ထိပြန်လိုက်ပို့ရင်း ဒေါ်စိုးနန်းစံ အ
ပျော်တွေဖုံးမရဖိမရဖြစ်နေခဲ့သည် ။
" ကဲ....မေမေ သမီးတစ်အုပ်ယူသွားမယ်နော်
Shopping မထွက်ရတာကြာပြီ သွားဖြုန်း
လိုက်ဦးမယ်...."
အိမ်ထဲပြန်ဝင်လာသည်နှင့်တန်းမြင်လိုက်ရတဲ့
သမီးဖြစ်သူပြုံးရွှင်နေတဲ့မျက်နှာလေးကြောင့်
ဒေါ်စိုးနန်းစံ နှလုံးသားထဲထိကြည်နူးသွားခဲ့
သည် ။ သူ့ဘဝမှာ သူ့သားသမီးတွေရဲ့ပျော်
ရွှင်မှုကအရေးကြီးဆုံးဘဲ ဘာနဲ့မှမလဲနိုင်ဘူး ။
" ယူသွား...ယူသွား....သမီးအကိုအတွက်လဲယူ
သွားပြီးတော့ ဘဏ်ဝင်ပြီးငွေဖြည့်ပေးလိုက်
ဦး "
" ကောင်းပါပြီရှင့်...ဟစ်..ဟစ်..."
________________________________________________________________________
မြတ်နိုးခြင်းများစွာဖြင့်.... Aster
#22.1.2021
Zawgyi
********
လက်ခံရရှိခဲ့သည် ။
ရှူပင်မဝတော့...။
အထိလိုက်ရှာနေခဲ့သည် ။ မာန် လိုက်ရှာနေစဉ်
သည် ။
ထားလိုက်ရသည် ။
တိုင်ခြေမွပစ်မှာပင် ။
" ဟုတ်ကဲ့..... Boss "
သည် ။
ငြိမ်ဖြစ်လာရသည် ။
............................
လည်းမလုပ်နိုင်ပေ..။ Baby အနားမှာဘဲတစ်
** ဒေါက်....ဒေါက် **
လွတ်နေဟန်ဖြင့်.....။ သခင်လေး နဲ့အတူ
ပင်...။
လိမ့်မယ် "
လိုက်သည် ။
...............................................................
ရက်ရှိပြီနော် "
ဟန်ပြုလိုက်သည်။
သူ့အတွက်ပေးခဲ့တဲ့အမွေတွေ မေမတေို့ယူ
လိုက်ရုံဘဲ "
တင်လိုက်သည်။
တန်းတူအမွေခွဲပေးခဲ့တာလဲ...အဓိပ်ပါယျမရှိတာ
အရမ်းလုပ်တာဘဲ "
* တီး....တီး....တီး....တီး...*
ဖြင့်...။
ရက်ရှိပြီ "
ဦးထပ်ဆင်းလာခဲ့သည်။
" ဘယ်သူတွေလဲ...သမီး..."
ထိုင်နေလိုက်သည် ။ ဧည့်သည်အဖြစ်ရောက်
ရစေ "
ကမဲ့ရွဲ့ကာဖြင့် မနှစ်မျို့တဲ့ပုံစံကိုပြသသည်။
ကြီးပါ...."
သည် ။
ရင်းကိစ္စသာပြောပါ "
နေခဲ့သည် ။
ကြောင်းမှမရှိဘူး "
ပေးလိုက်သည် ။
" အေလျာ်တောင်းဖို့မဟုတ်ပါဘူး....အရင္ဆုံး
ကြည့်ပေးပါ "
စေချင်တာလဲ.."
မိလေသည်။
လဲပြောအားမနာပါနဲ့ "
တာ...။ ဩျော မွေးစားသားဆိုတော့လည်းတန်
ဖိုးမရှိဘူးထင်ပါရဲ့...။
ပါ "
လိုက်ဦးမယ်...."
ဦး "
________________________________________________________________________
#22.1.2021
Continue Reading
You'll Also Like
141K 11.3K 94
แ€กแ€…แ€บแ€€แ€ญแ€ฏแ€‘แ€ฝแ€„แ€บแ€ธแ€€ แ€‡แ€ฌแ€แ€บแ€…แ€„แ€บแ€•แ€ฑแ€ซแ€บแ€™แ€šแ€บ แ€กแ€แ€ปแ€ญแ€ฏแ€ธแ€กแ€แ€ปแ€ญแ€แ€บแ€€แ€ปแ€€แ€ป แ€œแ€พแ€œแ€พแ€€แ€œแ€ฑแ€ธ แ€€แ€€แ€ผแ€ญแ€ฏแ€ธแ€†แ€„แ€บแ€•แ€ซแ€œแ€ฑ....แ€žแ€Šแ€บแ€™แ€ฑแ€ฌแ€„แ€บแ€€แ€แ€ฑแ€ฌแ€ท แ€‡แ€ฌแ€แ€บแ€…แ€„แ€บแ€กแ€ฑแ€ฌแ€€แ€บ แ€แ€…แ€บแ€”แ€ฑแ€›แ€ฌแ€€แ€”แ€ฑ แ€œแ€€แ€บแ€แ€ฏแ€•แ€บแ€แ€ฎแ€ธแ€”แ€ฑแ€•แ€ซแ€ทแ€™แ€šแ€บ...
252K 16.2K 37
แ€„แ€ซแ€ทแ€˜แ€แ€™แ€ฝแ€ฌโ€‹ โ€‹แ€ฑแ€œแ€ฌแ€˜แ€แ€€แ€นโ€‹แฟแ€•แ€ฎแ€ธ แ€•แ€ญแ€ฏแ€„แ€นโ€‹แ€†แ€ญแ€ฏแ€„แ€นโ€‹แ€แ€บแ€„แ€นโ€‹แ€แ€ฒแ€ทแ€แ€ฌแ€™แ€บแ€ญแ€ณแ€ธแ€†แ€ญแ€ฏแ€แ€ฌ แ€™แ€„แ€นโ€‹แ€ธแ€”แ€ฒแ‚”แ€™แ€ฝ แ€ปแ€–แ€…แ€นโ€‹โ€‹แ€ฑแ€•แšแ€œแ€ฌแ€แ€ฌแ€•แ€ซ แ€ฑแ€’แ€ซแ€žโ€‹แ€ฑแ€แ€ผแŠแ€™แ€ฌแ€”แ€นโ€‹แ€™แ€ฌแ€”โ€‹แ€ฑแ€แ€ผแ€”แ€ฒแ‚”โ€‹แ€ฑแ€™แ€บแ€ฝแ€ฌแ€นโ€‹แ€œแ€„แ€นโ€‹แ€ทแ€แ€บแ€€แ€นโ€‹แ€€แ€„แ€นโ€‹แ€ธแ€™แ€ฒแ€ทโ€‹แ€ฑแ€”แ€แ€บแ€ญแ€”แ€นโ€‹ แ€•แ€‘แ€™แ€†แ€ถ...
801K 51.5K 27
แ€™แ€ผแ€ญแ€ฏแ€ทแ€กแ€ฏแ€•แ€บแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€™แ€พ แ€แ€ปแ€…แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ท แ€“แ€ฌแ€ธแ€•แ€ผแ€แ€ฑแ€ซแ€„แ€บแ€ธแ€†แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฎแ€ธ๐Ÿค“ แฟแ€™แ€ญแ€ณแ‚”แ€กแ€ฏแ€•แ€นแ€™แ€„แ€นแ€ธแ€€แ€ญแ€ฏแ€™แ€ฝ แ€แ€บแ€…แ€นแ€™แ€ญแ€žแ€ผแ€ฌแ€ธแ€แ€ฒแ€ท แ€“แ€ฌแ€ธแ€ปแ€•แ€ฑแ€แ€ซแ€„แ€นแ€ธแ€ฑแ€†แ€ฌแ€„แ€นแ‚€แ€€แ€ฎแ€ธ๐Ÿค“ 1950 BL (Time travel) Unicode an...
168K 9.4K 66
"แ€€แ€ฑแ€œแ€ธ แ€†แ€ญแ€ฏแ€œแ€Šแ€นแ€ธแ€แ€บแ€…แ€นแ€™แ€ฝแ€ฌแ€•แ€ฒ แ€€แ€ฑแ€œแ€ธแ€›แ€…แ€นแ€œแ€ฒแ€แ€ถแ€™แ€ฝแ€ฌแ€•แ€ฒ แ€€แ€ฑแ€œแ€ธ แ€˜แ€šแ€นแ€œแ€ญแ€ฏแ€ฑแ€”แ€ฑแ€”แ€แ€บแ€…แ€นแ€™แ€ฝแ€ฌแ€•แ€ฒ" "แ€ฅแ€ฎแ€ธแ€€ แ€€แ€ฑแ€œแ€ธ แ€›แ€…แ€นแ€แ€šแ€นแ€ฑแ€ปแ€•แ€ฌแ€แ€บแ€„แ€นแ€แ€ฌแ€œแ€ฌแ€ธ แ€€แ€ฑแ€œแ€ธ แ€€แ€†แ€ญแ€ฏแ€ธแ€แ€šแ€นแ€†แ€ญแ€ฏแฟแ€•แ€ฎแ€ธแ€žแ€แ€นแ€™แ€ฝแ€แ€นแ€‘แ€ฌแ€ธแ€แ€šแ€นแ€ฑแ€•แ€ซแ€ท" ๐Ÿ–คPerthSaintโ™ฅ