Zawgyi
ေက်ာင္းပိတ္ရက္မို႔လို႔ ေဆာင္းဦးဘယ္မွသြားစရာမရွိ။ထက္ဘုန္းတို႔ကေတာ့ fresher welcome အတြက္ျပင္ဆင္ရန္ ပိတ္ရက္ႀကီးမွာေက်ာင္းကိုသြားရသည္။ဖုန္းဆက္ၿပီးရႈပ္မယ့္သူမရွိေသာေၾကာင့္ ေဆာင္းဦးသိပ္ကိုအဆင္ေျပေနသည္။ခါတိုင္းဆိုေက်ာင္းပိတ္ရက္တိုင္း ထက္ဘုန္းကသူ႔ကိုဖုန္းဆက္ၿပီး အိမ္လာဖို႔ခဏခဏဂ်ီက်ေသာေၾကာင့္ သူ႔မွာစာေကာင္းေကာင္းပင္လုပ္လို႔မရေပ။
ပိတ္ရက္တိုင္းဖုန္းဆက္ေသာေၾကာင့္ ဒီေန႔ဖုန္းမေခၚတာက တစ္မ်ိဳးႀကီးျဖစ္ေပမယ့္လည္း ခဏေလာက္ေမ့ထားလိုက္သည္။အခုခ်ိန္မွာထက္ဘုန္းထက္ပိုၿပီး အေရးႀကီးတာက သူစာေသခ်ာလုပ္ရဖို႔ေလ။စာၾကည့္စားပြဲေပၚမွာစာအုပ္ေတြကိုဖြင့္ရင္း ခုံေပၚမွာထိုင္လိုက္ကာ စာစလုပ္ဖို႔ျပင္ဆင္လိုက္သည္။Chocoကdream bedေပၚမွာအိပ္ေနရင္း သူ႔ေပါင္ေပၚေျပးတက္လာေသာေၾကာင့္ သူ႔ကိုေကာက္ေပြ႕လိုက္ကာ စကားဆိုလိုက္သည္။
"ကိုကို စာလုပ္မလို႔ ၿငိမ္ၿငိမ္ေလးအိပ္ေနေနာ္။ၿပီးရင္ေန႔လယ္စာေကြၽးမယ္ ဟုတ္ၿပီလား"
ဝုတ္ ဝုတ္
"အင္း လိမၼာတယ္။သြား အိပ္ရာေပၚမွာသြားအိပ္ေနေတာ့"
ထိုသို႔ေျပာကာၾကမ္းျပင္ေပၚခ်ေပးလိုက္ေတာ့ ေျပးသြားကာသူ႔ရဲ႕dream bedေပၚမွာသြားအိပ္ေလသည္။Chocoကသိပ္ကိုလိမၼာတာပဲ။ေဆာင္းဦးလည္းအေရွ႕ကိုျပန္လွည့္လိုက္ကာ ေဘာပင္ကိုလွည့္ရင္း ခုနကၾကည့္ေနေသာစာမ်ားကို ျပန္ၾကည့္ေနလိုက္သည္။သူမ်ားေတြေတာ့မသိ၊သူကေတာ့စာေရးသည့္အခ်ိန္မွလြဲ၍ က်န္ေသာအခ်ိန္မ်ားတြင္ စာၾကည့္တိုင္းေဘာပင္ကိုလွည့္ေလ့ရွိသည္။အဲ့လိုလုပ္ၿပီးစာၾကည့္တာက သူ႔ကိုစာျမန္ျမန္ပိုရေစသည္ေလ။
စာၾကည့္ေနတုန္း ဖုန္းမွေတာင္ခနဲအသံျမည္လာေသာေၾကာင့္ ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့ ထက္ဘုန္းကသူ႔ကိုmessageပို႔ထားျခင္းျဖစ္သည္။ဘာစာပို႔ထားလဲဆိုတာကို သူဝင္ၾကည့္လိုက္သည္။
"ကိုယ္အရမ္းပင္ပန္းတယ္သိလား။ဆရာေတြကအရမ္းအက်င့္ပုတ္တာပဲ။ကိုယ့္ကိုယ္ပဲအလုပ္ေတြစြတ္ခိုင္းေနတယ္။ဒီမွာေခြၽးေတြေတြ႕လား။အရမ္းပင္ပန္းတယ္လို႔"
သူပင္ပန္းတယ္ဆိုသည့္အေၾကာင္းကို စာအရွည္ႀကီးေရးထားၿပီး ေအာက္မွာလည္း sticker ေပါင္းစုံပို႔ထားေသာေၾကာင့္ သူအသံထြက္ကာ ေအာ္ရယ္လိုက္မိသည္။ကိုထက္ကဘယ္လိုေတာင္ ကေလးဆန္ရတာလဲ။အေတာ္ၾကာေအာင္ စာမျပန္မိေသာေၾကာင့္ ထက္ဘုန္းက စာေတြဆက္တိုက္ထပ္ပို႔လာသည္။
"စာျပန္ပို႔ေလ"
"ကိုယ့္ကိုဂ႐ုမစိုက္ေတာ့တာလားဟင္"
"ပင္ပန္းေနတာကိုအားေပးရမွာကို"
"အဲ့လိုႀကီးလ်စ္လ်ဴရႈထားေတာ့ကိုယ္ဝမ္းနည္းတယ္ေလ"
"ဟာ တကယ္စာျပန္မပို႔ေတာ့ဘူးလားဟင္"
"ကိုယ့္ေကာင္ေလးကိုဂ႐ုမစိုက္ဘဲေနလို႔မရဘူးေလ။စာျပန္လို႔"
စာေတြအဆက္မျပတ္ပို႔ေနေသာေၾကာင့္ သူ႔ဖုန္းေတာင္ေၾကာင္ေတာ့မလိုျဖစ္သြားသည္။စာျပန္ပို႔မလို႔ရွိေသး၊ဖုန္းဆက္လာေသာေၾကာင့္ ေဆာင္းဦးကိုဖုန္းကိုကိုင္လိုက္သည္။ဝင္ဝင္လာခ်င္းၾကားလိုက္တာရတာက ဆူေအာင့္ေအာင့္ႏွင့္သူ႔နာမည္ကိုေခၚလာေသာ အသံအက္အက္ေလး။
"ေဆာင္းဦး"
"ဗ်ာ"
"အာ အဲ့လိုမထူးနဲ႔ေလ။အဲ့လိုအသံေလးနဲ႔ထူးေတာ့ကိုယ္ကဘယ္လိုဆူလို႔ရေတာ့မွာလဲ"
"အယ္ အဲ့ဒါဆိုဘယ္လိုေျပာရမွာလဲ"
"ဘယ္လိုမွမေျပာနဲ႔။ေမ့လိုက္ေတာ့။ဘာလို႔ကိုယ့္ကိုစာျပန္မပို႔တာလဲ ေျပာ"
"ကြၽန္ေတာ္ကစာျပန္မလို႔ကို ကိုထက္ကစာေတြဆက္တိုက္ပို႔ေနလို႔ေလ အဲ့ဒါေၾကာင့္"
"အဲ့ဒါဆိုကိုယ္မွားတာေပါ့ ဟုတ္လား"
"မဟုတ္ပါဘူး။ကြၽန္ေတာ္ကအဲ့လိုေျပာတာမဟုတ္ဘူးေလ"
"ဟီးဟီး သိပါတယ္။ကိုယ္ကစတာ။ကိုယ္အခုအရမ္းပင္ပန္းေနတယ္သိလား"
"ဟုတ္လား၊မျပန္ရေသးဘူးလား အခုထိ"
"ညေနမွျပန္ရမွာတဲ့။အၾကာႀကီးေနရဦးမွာ သိလား"
"......."
"အဲ့ဒါေလ ကိုယ့္ကိုအားေဆးေလးဘာေလးမေပးခ်င္ဘူးလားဟင္"
"အားေဆး ဟုတ္လား။ဘယ္လိုေပးရမွာလဲ"
"ဖုန္းနားကပ္ၿပီးအာဘြားေပး"
"ဟင့္အင္း မလုပ္ဘူးေနာ္။ရွက္စရာႀကီးကို"
"လိမၼာတယ္ေလေနာ္။တစ္ခါတည္းပဲကို။ကိုယ္တကယ္အမ်ားႀကီးပင္ပန္းေနတာ။ေဆာင္းဦးအားေဆးေပးမွညအလုပ္ေတြအမ်ားႀကီးလုပ္လို႔ရမွာေလ။ေနာ္ ေပးေနာ္"
"အင္းပါ။ေပးမယ္ ဒါေပမယ့္တစ္ခါပဲေနာ္"
"အင္း ဟုတ္တယ္ တစ္ခါပဲ။ခဏ ခဏ အင္း ရၿပီ။ေပးလို႔ရၿပီ"
ေဆာင္းဦးလည္း ရွက္ရွက္ႏွင့္ ထက္ဘုန္းအလိုက်လုပ္ေပးလိုက္ေတာ့ တစ္ဖက္မွရယ္သံလြင္လြင္ေလးထြက္လာသည္။
"အာ ရွက္လိုက္တာ"
"ဘာရွက္စရာရွိလို႔လဲ။ကိုယ့္ခ်စ္သူကိုကိုယ္ေပးတာကို။ကိုယ့္ေကာင္ေလးကအရမ္းလိမၼာတာပဲ သိလား။အဲ့ဒါေၾကာင့္ကိုယ္ကအမ်ားႀကီးခ်စ္ေနရတာ"
"ေတာ္ၿပီ၊မေျပာနဲ႔ေတာ့လို႔။ကြၽန္ေတာ္ရွက္လာၿပီ"
"အင္းပါ အင္းပါ၊အဲ့ဒါဆိုဖုန္းခ်လိုက္ေတာ့မယ္ေနာ္။ၿပီးရင္ဖုန္းထပ္ဆက္လိုက္မယ္"
"ဟုတ္ တာ့တာေနာ္"
ေဆာင္းဦးဖုန္းခ်သြားသည္အထိတိုင္ေအာင္ ထက္ဘုန္းကဖုန္းကိုကိုင္ရင္း ၿပဳံးၿဖီးၿဖီးႏွင့္ျဖစ္ေနသည္။တစ္ေန႔ထက္တစ္ေန႔ပိုခ်စ္စရာေကာင္းလာလြန္းလို႔ဘယ္လိုလုပ္ရပါ့မလဲ။အခုေနမ်ားအရွက္သည္းေနမယ့္ပုံေလးကိုျမင္ေယာင္ေနေသး။အား ဒီေန႔ေက်ာင္းသာမသြားရရင္ ေဆာင္းဦးနဲ႔ေတြ႕ရမွာကို။
ထက္ဘုန္းတစ္ေယာက္စင္ေဘးမွာရပ္ကာ ၿပဳံးလိုက္၊မဲ့လိုက္လုပ္ေနတုန္း ရွင္ေႏွာင္းကသူ႔နားကိုေရာက္လာသည္။ပုခုံးကိုပုတ္သလိုခံစားလိုက္ရေသာေၾကာင့္ မ်က္ႏွာကိုျပန္တည္လိုက္ကာ သူ႔ဘက္ကိုလွည့္ၾကည့္လိုက္သည္။
"ဪ ရွင္ေႏွာင္း၊ေလ့က်င့္လို႔ၿပီးသြားၿပီလား"
ရွင္ေႏွာင္းက ကသည့္အဖြဲ႕ထဲမွာပါေသာေၾကာင့္ ထက္ဘုန္းကေမးလိုက္ျခင္းျဖစ္သည္။
"မၿပီးေသးဘူး။ခဏနားေနတာ။ထက္ကေရာဒီမွာတစ္ေယာက္တည္းရပ္ၿပီး ဘာလုပ္ေနတာလဲ"
"ေဆာင္းဦးနဲ႔ဖုန္းေျပာေနတာ"
"အဲ့လိုကို။ဖုန္းေျပာတာကိုမ်က္ႏွာကဘာလို႔အဲ့ေလာက္ၿပဳံးေနရတာလဲ"
"အဲ့ဒါကလား။အင္း ဒီတိုင္းပဲ၊သူစကားေျပာတဲ့ပုံေလးကခ်စ္စရာေကာင္းလို႔"
"ဪ အင္း ထားပါ။သူ႔အေၾကာင္းမေျပာနဲ႔ေတာ့"
ခ်က္ခ်င္းပင္စကားလမ္းေၾကာင္းလႊဲလိုက္မွန္း ထက္ဘုန္းသတိထားမိေပမယ့္ ဘာမွေတာ့မေျပာလိုက္ေပ။ဂ႐ုစိုက္ၿပီး လိုက္ေမးေနရေအာင္လည္း ရွင္ေႏွာင္းရဲ႕ကိစၥကသူႏွင့္မွမဆိုင္တာ။ရွင္ေႏွာင္းစကားေျပာေနတာကို သူအလိုက္သင့္ျပန္ေျပာေနလိုက္သည္။
ခဏေနမွဆရာက သူ႔ကိုအလုပ္လုပ္ဖို႔လာေခၚေသာေၾကာင့္ သူစိတ္သက္သာရာရသြားကာ ျမန္ျမန္ေျပးထြက္သြားေတာ့သည္။စကားေျပာေနရင္းမထိတထိလုပ္ေနေသာ ရွင္ေႏွာင္း၏အျပဳအမူကသူ႔ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစသည္ေလ။
ေဆာင္းဦးစာလုပ္ၿပီး အခ်ိန္ကိုၾကည့္လိုက္ေတာ့ႏွစ္နာရီေတာင္ထိုးေနၿပီျဖစ္သည္။Chocoကိုၾကည့္လိုက္ေတာ့လည္း ဗိုက္ဆာေနဟန္ရွိေသာေၾကာင့္ စာလုပ္တာရပ္လိုက္ၿပီး ထမင္းသြားစားဖို႔ျပင္လိုက္သည္။
အၾကာႀကီးထိုင္ထားေသာေၾကာင့္ အေၾကာနည္းနည္းဆန္႔လိုက္ၿပီးမွ ေအာက္ကိုဆင္းကာ ထမင္းစာခန္းထဲဝင္သြားေတာ့သည္။သူ႔ေမေမႏွင့္ေဖေဖကဒီအခ်ိန္ဆို တစ္ေရးအိပ္ေလ့ရွိေသာေၾကာင့္ Chocoအတြက္ဝယ္ထားေသာေခြးစာကို သူကိုယ္တိုင္ျပင္ေပးၿပီးမွ သူလည္းထမင္းစားေတာ့သည္။
သူ႔အစ္ကိုကေတာ့ ဒီေန႔ၿဖိဳးဉာဏ္ႏွင့္dateလုပ္မည္ျဖစ္ေသာေၾကာင့္ အိမ္တြင္မရွိ။ေလျပည္ႏွင့္ၿဖိဳးဉာဏ္ကႏွစ္ေယာက္တည္းေတြ႕ရသည့္အခ်ိန္အေတာ္ေလးနည္းသည္။ေလျပည္ကလည္းအလုပ္အားသည့္အခ်ိန္အေတာ္နည္းၿပီး ၿဖိဳးဉာဏ္ကလည္း ေက်ာင္းတစ္ဖက္ႏွင့္ျဖစ္ေသာေၾကာင့္ သူတို႔ကဖုန္းမွတဆင့္သာ ဆက္သြယ္ျဖစ္ၾကရသည္။
ထမင္းစားၿပီးေတာ့ ပန္းကန္ေတြကိုေဆးလိုက္သည္။ၿပီးေတာ့မွChocoႏွင့္အတူ ၿခံထဲကိုဆင္းလာခဲ့သည္။Chocoကိုေတာ့ၿခံထဲမွာ ေဆာ့ခိုင္းေနေစလိုက္ၿပီး သူကေတာ့အေညာင္းေျပအညာေျပလမ္းေလွ်ာက္ေနလိုက္သည္။ဖုန္းကိုဖြင့္လိုက္ရင္း မၾကည့္တာၾကာေသာ facebookထဲကိုဝင္ၾကည့္လိုက္သည္။
ဖြင့္ဖြင့္လိုက္ခ်င္းnews feedရဲ႕ထိပ္ဆုံးမွာတက္လာတာက သူ႔အစ္ကိုႏွင့္ၿဖိဳးဉာဏ္၏ဓာတ္ပုံေပါင္းေျမာက္ျမားစြာ။ႏွစ္ေယာက္အတူတူshort tripထြက္ရေသာေၾကာင့္ ေပ်ာ္ေနၾကပုံရသည္။သူတို႔ရဲ႕ပုံကိုreactေပးၿပီးၿပီးခ်င္းပင္ ၿဖိဳးဉာဏ္ဆီမွ video callဝင္လာေသာေၾကာင့္ ကိုင္လိုက္သည္။
"ေဆာင္းဦး ထူးထူးဆန္းဆန္းဖုန္းေတြဘာေတြသုံးလို႔ပါလား"
"အင္း စာလုပ္ၿပီးေတာ့ပ်င္းေနလို႔။မင္းတို႔ေရာေပ်ာ္ရဲ႕လား"
"ဟင့္အင္း အစ္ကိုပဲေပ်ာ္တာ။ငါကမေပ်ာ္ဘူး"
"အယ္ ဘာလို႔လဲ"
"ကေလးကလည္း ကိုယ္ဘာလုပ္လို႔လဲ"
"ခင္ဗ်ားလုပ္တာခင္ဗ်ားမသိဘူးလား။ခင္ဗ်ားကိုလိုက္ၾကည့္ေနတဲ့ေကာင္မေလးေတြကို အထာလိုက္ေပးေနတာေလ"
"ဟားဟား ကေလးရာ ဘာေတြေျပာေနတာလဲ"
"ေတြ႕လား ေဆာင္းဦး။မင္းအစ္ကိုကငါ့ကိုလာေလွာင္ေနတယ္"
ၿဖိဳးဉာဏ္ကငိုမဲ့မဲ့ႏွင့္ေျပာေတာ့ ေဆာင္းဦးလည္းေၾကာင္ေတာင္ေတာင္ႏွင့္ၾကည့္မိသည္။ေလျပည္ကေတာ့ မဟုတ္တာေတြေလွ်ာက္ရစ္ေနေသာ သူ႔ကေလးကိုရင္ခြင္ထဲထည့္လိုက္ကာ ဆံပင္ေလးထဲႏွာေခါင္းနစ္ေအာင္နမ္းလိုက္သည္။
"ဟာ အစ္ကို ေဆာင္းဦးၾကည့္ေနတာကို ဘယ္လိုျဖစ္ေနတာလဲ"
"ကေလးကထိုင္ရစ္ေနတာကို"
"မသိဘူး။ခင္ဗ်ားႀကီးအက်င့္မေကာင္းဘူး"
"ဟုတ္လား။ကိုယ္ကအက်င့္မေကာင္းဘူးလား"
"ဟုတ္တယ္ အာ့ ႏႈတ္ခမ္းကိုအတင္းမကိုက္နဲ႔ေလ"
"အက်င့္မေကာင္းဘူးဆိုလို႔ အက်င့္မေကာင္းေၾကာင္းျပတာေလ"
"အာ ေတာ္ေတာ့လို႔ အစ္ကို!!!"
"ဗ်ာ"
"မ႐ြဲ႕နဲ႔ေလ"
"ကိုယ္ဘာ႐ြဲ႕ေနလို႔လဲ ကေလးရဲ႕"
"ဟူး ေတာ္ၿပီ၊ေတာ္ၿပီ။ေဆာင္းဦးဒါပဲေနာ္ သိလား"
"အင္း အင္း ဟုတ္ၿပီ"
သူတို႔ဖုန္းခ်သြားေတာ့ ေဆာင္းဦးလည္းရယ္ကာ ဖုန္းကိုဆက္ၾကည့္ေနလိုက္သည္။တကယ္လိုက္လည္းလိုက္တဲ့အတြဲ။Postတစ္ခုၿပီးတစ္ခုၾကည့္ေနရင္း ရွင္ေႏွာင္း၏postနားကိုေရာက္ေတာ့ ရပ္လိုက္မိသည္။
"အာ ရွင္ေႏွာင္းလည္းေက်ာင္းေရာက္ေနတာလား"
သူတင္ထားသည့္ပုံကထူးထူးျခားျခားေတာ့မဟုတ္၊အဖြဲ႕လိုက္ပုံတင္ထားျခင္းျဖစ္သည္။အာ တစ္ခုေတာ့ရွိတယ္။ရွင္ေႏွာင္းကထက္ဘုန္းရင္ခြင္ထဲမွာရွိေနၿပီး ထက္ဘုန္းလက္ေတြက ရွင္ေႏွာင္းပုခုံးေပၚတင္ထားသည္။မ်က္ႏွာေလးနီရဲကာ လက္ေလးႏွစ္ေခ်ာင္းေထာင္ထားေသာ ရွင္ေႏွာင္းပုံစံေလးက ကေလးေလးႏွင့္တူလွသည္။ထက္ဘုန္းကေတာ့ သူ႔ဘာသာသူcameraကိုသာၾကည့္ေနျခင္းျဖစ္သည္။
ထိုပုံကိုၾကည့္ၿပီး အေၾကာင္းျပခ်က္ေရေရရာရာမရွိဘဲႏွင့္ ေဆာင္းဦးအလိုမက်ေတြျဖစ္လာရသည္။ဆံပင္ကိုဖြလိုက္ကာ ေလပူကိုမႈတ္ထုတ္လိုက္သည္။ၿပီးေတာ့မွေခါင္းကိုသုံးခ်က္ေလာက္ဆင့္ေခါက္လိုက္သည္။
"ေဆာင္းဦးစက္၊သူမ်ားကိုမေကာင္းမျမင္ရဘူးလို႔ေျပာထားတယ္ေလ။ရွင္ေႏွာင္းကသူ႔ဘာသာသူေနေနတာကို ဘာလို႔မေကာင္းျမင္ေနရတာလဲ။အဲ့ဒါကမေကာင္းဘူးေနာ္"
သူ႔ဘာသာသူသတိေတြဆက္တိုက္ေပးေနၿပီးမွ ခုံမွာထိုင္လိုက္သည္။Chocoကလည္းေဆာ့ရတာဝသြားေသာေၾကာင့္ သူ႔နားကိုေျပးလာသည္။ပြေယာင္းေနေသာChoco၏အေမႊးေတြကို ပြတ္သပ္ေနရင္း သူ႔အေတြးေတြကေတာ့ ေရာက္တတ္ရာရာ.....။
♤♤♤♤♤♤♤♤♤♤
Unicode
ကျောင်းပိတ်ရက်မို့လို့ ဆောင်းဦးဘယ်မှသွားစရာမရှိ။ထက်ဘုန်းတို့ကတော့ fresher welcome အတွက်ပြင်ဆင်ရန် ပိတ်ရက်ကြီးမှာကျောင်းကိုသွားရသည်။ဖုန်းဆက်ပြီးရှုပ်မယ့်သူမရှိသောကြောင့် ဆောင်းဦးသိပ်ကိုအဆင်ပြေနေသည်။ခါတိုင်းဆိုကျောင်းပိတ်ရက်တိုင်း ထက်ဘုန်းကသူ့ကိုဖုန်းဆက်ပြီး အိမ်လာဖို့ခဏခဏဂျီကျသောကြောင့် သူ့မှာစာကောင်းကောင်းပင်လုပ်လို့မရပေ။
ပိတ်ရက်တိုင်းဖုန်းဆက်သောကြောင့် ဒီနေ့ဖုန်းမခေါ်တာက တစ်မျိုးကြီးဖြစ်ပေမယ့်လည်း ခဏလောက်မေ့ထားလိုက်သည်။အခုချိန်မှာထက်ဘုန်းထက်ပိုပြီး အရေးကြီးတာက သူစာသေချာလုပ်ရဖို့လေ။စာကြည့်စားပွဲပေါ်မှာစာအုပ်တွေကိုဖွင့်ရင်း ခုံပေါ်မှာထိုင်လိုက်ကာ စာစလုပ်ဖို့ပြင်ဆင်လိုက်သည်။Chocoကdream bedပေါ်မှာအိပ်နေရင်း သူ့ပေါင်ပေါ်ပြေးတက်လာသောကြောင့် သူ့ကိုကောက်ပွေ့လိုက်ကာ စကားဆိုလိုက်သည်။
"ကိုကို စာလုပ်မလို့ ငြိမ်ငြိမ်လေးအိပ်နေနော်။ပြီးရင်နေ့လယ်စာကျွေးမယ် ဟုတ်ပြီလား"
ဝုတ် ဝုတ်
"အင်း လိမ္မာတယ်။သွား အိပ်ရာပေါ်မှာသွားအိပ်နေတော့"
ထိုသို့ပြောကာကြမ်းပြင်ပေါ်ချပေးလိုက်တော့ ပြေးသွားကာသူ့ရဲ့dream bedပေါ်မှာသွားအိပ်လေသည်။Chocoကသိပ်ကိုလိမ္မာတာပဲ။ဆောင်းဦးလည်းအရှေ့ကိုပြန်လှည့်လိုက်ကာ ဘောပင်ကိုလှည့်ရင်း ခုနကကြည့်နေသောစာများကို ပြန်ကြည့်နေလိုက်သည်။သူများတွေတော့မသိ၊သူကတော့စာရေးသည့်အချိန်မှလွဲ၍ ကျန်သောအချိန်များတွင် စာကြည့်တိုင်းဘောပင်ကိုလှည့်လေ့ရှိသည်။အဲ့လိုလုပ်ပြီးစာကြည့်တာက သူ့ကိုစာမြန်မြန်ပိုရစေသည်လေ။
စာကြည့်နေတုန်း ဖုန်းမှတောင်ခနဲအသံမြည်လာသောကြောင့် ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ထက်ဘုန်းကသူ့ကိုmessageပို့ထားခြင်းဖြစ်သည်။ဘာစာပို့ထားလဲဆိုတာကို သူဝင်ကြည့်လိုက်သည်။
"ကိုယ်အရမ်းပင်ပန်းတယ်သိလား။ဆရာတွေကအရမ်းအကျင့်ပုတ်တာပဲ။ကိုယ့်ကိုယ်ပဲအလုပ်တွေစွတ်ခိုင်းနေတယ်။ဒီမှာချွေးတွေတွေ့လား။အရမ်းပင်ပန်းတယ်လို့"
သူပင်ပန်းတယ်ဆိုသည့်အကြောင်းကို စာအရှည်ကြီးရေးထားပြီး အောက်မှာလည်း sticker ပေါင်းစုံပို့ထားသောကြောင့် သူအသံထွက်ကာ အော်ရယ်လိုက်မိသည်။ကိုထက်ကဘယ်လိုတောင် ကလေးဆန်ရတာလဲ။အတော်ကြာအောင် စာမပြန်မိသောကြောင့် ထက်ဘုန်းက စာတွေဆက်တိုက်ထပ်ပို့လာသည်။
"စာပြန်ပို့လေ"
"ကိုယ့်ကိုဂရုမစိုက်တော့တာလားဟင်"
"ပင်ပန်းနေတာကိုအားပေးရမှာကို"
"အဲ့လိုကြီးလျစ်လျူရှုထားတော့ကိုယ်ဝမ်းနည်းတယ်လေ"
"ဟာ တကယ်စာပြန်မပို့တော့ဘူးလားဟင်"
"ကိုယ့်ကောင်လေးကိုဂရုမစိုက်ဘဲနေလို့မရဘူးလေ။စာပြန်လို့"
စာတွေအဆက်မပြတ်ပို့နေသောကြောင့် သူ့ဖုန်းတောင်ကြောင်တော့မလိုဖြစ်သွားသည်။စာပြန်ပို့မလို့ရှိသေး၊ဖုန်းဆက်လာသောကြောင့် ဆောင်းဦးကိုဖုန်းကိုကိုင်လိုက်သည်။ဝင်ဝင်လာချင်းကြားလိုက်တာရတာက ဆူအောင့်အောင့်နှင့်သူ့နာမည်ကိုခေါ်လာသော အသံအက်အက်လေး။
"ဆောင်းဦး"
"ဗျာ"
"အာ အဲ့လိုမထူးနဲ့လေ။အဲ့လိုအသံလေးနဲ့ထူးတော့ကိုယ်ကဘယ်လိုဆူလို့ရတော့မှာလဲ"
"အယ် အဲ့ဒါဆိုဘယ်လိုပြောရမှာလဲ"
"ဘယ်လိုမှမပြောနဲ့။မေ့လိုက်တော့။ဘာလို့ကိုယ့်ကိုစာပြန်မပို့တာလဲ ပြော"
"ကျွန်တော်ကစာပြန်မလို့ကို ကိုထက်ကစာတွေဆက်တိုက်ပို့နေလို့လေ အဲ့ဒါကြောင့်"
"အဲ့ဒါဆိုကိုယ်မှားတာပေါ့ ဟုတ်လား"
"မဟုတ်ပါဘူး။ကျွန်တော်ကအဲ့လိုပြောတာမဟုတ်ဘူးလေ"
"ဟီးဟီး သိပါတယ်။ကိုယ်ကစတာ။ကိုယ်အခုအရမ်းပင်ပန်းနေတယ်သိလား"
"ဟုတ်လား၊မပြန်ရသေးဘူးလား အခုထိ"
"ညနေမှပြန်ရမှာတဲ့။အကြာကြီးနေရဦးမှာ သိလား"
"......."
"အဲ့ဒါလေ ကိုယ့်ကိုအားဆေးလေးဘာလေးမပေးချင်ဘူးလားဟင်"
"အားဆေး ဟုတ်လား။ဘယ်လိုပေးရမှာလဲ"
"ဖုန်းနားကပ်ပြီးအာဘွားပေး"
"ဟင့်အင်း မလုပ်ဘူးနော်။ရှက်စရာကြီးကို"
"လိမ္မာတယ်လေနော်။တစ်ခါတည်းပဲကို။ကိုယ်တကယ်အများကြီးပင်ပန်းနေတာ။ဆောင်းဦးအားဆေးပေးမှညအလုပ်တွေအများကြီးလုပ်လို့ရမှာလေ။နော် ပေးနော်"
"အင်းပါ။ပေးမယ် ဒါပေမယ့်တစ်ခါပဲနော်"
"အင်း ဟုတ်တယ် တစ်ခါပဲ။ခဏ ခဏ အင်း ရပြီ။ပေးလို့ရပြီ"
ဆောင်းဦးလည်း ရှက်ရှက်နှင့် ထက်ဘုန်းအလိုကျလုပ်ပေးလိုက်တော့ တစ်ဖက်မှရယ်သံလွင်လွင်လေးထွက်လာသည်။
"အာ ရှက်လိုက်တာ"
"ဘာရှက်စရာရှိလို့လဲ။ကိုယ့်ချစ်သူကိုကိုယ်ပေးတာကို။ကိုယ့်ကောင်လေးကအရမ်းလိမ္မာတာပဲ သိလား။အဲ့ဒါကြောင့်ကိုယ်ကအများကြီးချစ်နေရတာ"
"တော်ပြီ၊မပြောနဲ့တော့လို့။ကျွန်တော်ရှက်လာပြီ"
"အင်းပါ အင်းပါ၊အဲ့ဒါဆိုဖုန်းချလိုက်တော့မယ်နော်။ပြီးရင်ဖုန်းထပ်ဆက်လိုက်မယ်"
"ဟုတ် တာ့တာနော်"
ဆောင်းဦးဖုန်းချသွားသည်အထိတိုင်အောင် ထက်ဘုန်းကဖုန်းကိုကိုင်ရင်း ပြုံးဖြီးဖြီးနှင့်ဖြစ်နေသည်။တစ်နေ့ထက်တစ်နေ့ပိုချစ်စရာကောင်းလာလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ။အခုနေများအရှက်သည်းနေမယ့်ပုံလေးကိုမြင်ယောင်နေသေး။အား ဒီနေ့ကျောင်းသာမသွားရရင် ဆောင်းဦးနဲ့တွေ့ရမှာကို။
ထက်ဘုန်းတစ်ယောက်စင်ဘေးမှာရပ်ကာ ပြုံးလိုက်၊မဲ့လိုက်လုပ်နေတုန်း ရှင်နှောင်းကသူ့နားကိုရောက်လာသည်။ပုခုံးကိုပုတ်သလိုခံစားလိုက်ရသောကြောင့် မျက်နှာကိုပြန်တည်လိုက်ကာ သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။
"ဪ ရှင်နှောင်း၊လေ့ကျင့်လို့ပြီးသွားပြီလား"
ရှင်နှောင်းက ကသည့်အဖွဲ့ထဲမှာပါသောကြောင့် ထက်ဘုန်းကမေးလိုက်ခြင်းဖြစ်သည်။
"မပြီးသေးဘူး။ခဏနားနေတာ။ထက်ကရောဒီမှာတစ်ယောက်တည်းရပ်ပြီး ဘာလုပ်နေတာလဲ"
"ဆောင်းဦးနဲ့ဖုန်းပြောနေတာ"
"အဲ့လိုကို။ဖုန်းပြောတာကိုမျက်နှာကဘာလို့အဲ့လောက်ပြုံးနေရတာလဲ"
"အဲ့ဒါကလား။အင်း ဒီတိုင်းပဲ၊သူစကားပြောတဲ့ပုံလေးကချစ်စရာကောင်းလို့"
"ဪ အင်း ထားပါ။သူ့အကြောင်းမပြောနဲ့တော့"
ချက်ချင်းပင်စကားလမ်းကြောင်းလွှဲလိုက်မှန်း ထက်ဘုန်းသတိထားမိပေမယ့် ဘာမှတော့မပြောလိုက်ပေ။ဂရုစိုက်ပြီး လိုက်မေးနေရအောင်လည်း ရှင်နှောင်းရဲ့ကိစ္စကသူနှင့်မှမဆိုင်တာ။ရှင်နှောင်းစကားပြောနေတာကို သူအလိုက်သင့်ပြန်ပြောနေလိုက်သည်။
ခဏနေမှဆရာက သူ့ကိုအလုပ်လုပ်ဖို့လာခေါ်သောကြောင့် သူစိတ်သက်သာရာရသွားကာ မြန်မြန်ပြေးထွက်သွားတော့သည်။စကားပြောနေရင်းမထိတထိလုပ်နေသော ရှင်နှောင်း၏အပြုအမူကသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည်လေ။
ဆောင်းဦးစာလုပ်ပြီး အချိန်ကိုကြည့်လိုက်တော့နှစ်နာရီတောင်ထိုးနေပြီဖြစ်သည်။Chocoကိုကြည့်လိုက်တော့လည်း ဗိုက်ဆာနေဟန်ရှိသောကြောင့် စာလုပ်တာရပ်လိုက်ပြီး ထမင်းသွားစားဖို့ပြင်လိုက်သည်။
အကြာကြီးထိုင်ထားသောကြောင့် အကြောနည်းနည်းဆန့်လိုက်ပြီးမှ အောက်ကိုဆင်းကာ ထမင်းစာခန်းထဲဝင်သွားတော့သည်။သူ့မေမေနှင့်ဖေဖေကဒီအချိန်ဆို တစ်ရေးအိပ်လေ့ရှိသောကြောင့် Chocoအတွက်ဝယ်ထားသောခွေးစာကို သူကိုယ်တိုင်ပြင်ပေးပြီးမှ သူလည်းထမင်းစားတော့သည်။
သူ့အစ်ကိုကတော့ ဒီနေ့ဖြိုးဉာဏ်နှင့်dateလုပ်မည်ဖြစ်သောကြောင့် အိမ်တွင်မရှိ။လေပြည်နှင့်ဖြိုးဉာဏ်ကနှစ်ယောက်တည်းတွေ့ရသည့်အချိန်အတော်လေးနည်းသည်။လေပြည်ကလည်းအလုပ်အားသည့်အချိန်အတော်နည်းပြီး ဖြိုးဉာဏ်ကလည်း ကျောင်းတစ်ဖက်နှင့်ဖြစ်သောကြောင့် သူတို့ကဖုန်းမှတဆင့်သာ ဆက်သွယ်ဖြစ်ကြရသည်။
ထမင်းစားပြီးတော့ ပန်းကန်တွေကိုဆေးလိုက်သည်။ပြီးတော့မှChocoနှင့်အတူ ခြံထဲကိုဆင်းလာခဲ့သည်။Chocoကိုတော့ခြံထဲမှာ ဆော့ခိုင်းနေစေလိုက်ပြီး သူကတော့အညောင်းပြေအညာပြေလမ်းလျှောက်နေလိုက်သည်။ဖုန်းကိုဖွင့်လိုက်ရင်း မကြည့်တာကြာသော facebookထဲကိုဝင်ကြည့်လိုက်သည်။
ဖွင့်ဖွင့်လိုက်ချင်းnews feedရဲ့ထိပ်ဆုံးမှာတက်လာတာက သူ့အစ်ကိုနှင့်ဖြိုးဉာဏ်၏ဓာတ်ပုံပေါင်းမြောက်မြားစွာ။နှစ်ယောက်အတူတူshort tripထွက်ရသောကြောင့် ပျော်နေကြပုံရသည်။သူတို့ရဲ့ပုံကိုreactပေးပြီးပြီးချင်းပင် ဖြိုးဉာဏ်ဆီမှ video callဝင်လာသောကြောင့် ကိုင်လိုက်သည်။
"ဆောင်းဦး ထူးထူးဆန်းဆန်းဖုန်းတွေဘာတွေသုံးလို့ပါလား"
"အင်း စာလုပ်ပြီးတော့ပျင်းနေလို့။မင်းတို့ရောပျော်ရဲ့လား"
"ဟင့်အင်း အစ်ကိုပဲပျော်တာ။ငါကမပျော်ဘူး"
"အယ် ဘာလို့လဲ"
"ကလေးကလည်း ကိုယ်ဘာလုပ်လို့လဲ"
"ခင်ဗျားလုပ်တာခင်ဗျားမသိဘူးလား။ခင်ဗျားကိုလိုက်ကြည့်နေတဲ့ကောင်မလေးတွေကို အထာလိုက်ပေးနေတာလေ"
"ဟားဟား ကလေးရာ ဘာတွေပြောနေတာလဲ"
"တွေ့လား ဆောင်းဦး။မင်းအစ်ကိုကငါ့ကိုလာလှောင်နေတယ်"
ဖြိုးဉာဏ်ကငိုမဲ့မဲ့နှင့်ပြောတော့ ဆောင်းဦးလည်းကြောင်တောင်တောင်နှင့်ကြည့်မိသည်။လေပြည်ကတော့ မဟုတ်တာတွေလျှောက်ရစ်နေသော သူ့ကလေးကိုရင်ခွင်ထဲထည့်လိုက်ကာ ဆံပင်လေးထဲနှာခေါင်းနစ်အောင်နမ်းလိုက်သည်။
"ဟာ အစ်ကို ဆောင်းဦးကြည့်နေတာကို ဘယ်လိုဖြစ်နေတာလဲ"
"ကလေးကထိုင်ရစ်နေတာကို"
"မသိဘူး။ခင်ဗျားကြီးအကျင့်မကောင်းဘူး"
"ဟုတ်လား။ကိုယ်ကအကျင့်မကောင်းဘူးလား"
"ဟုတ်တယ် အာ့ နှုတ်ခမ်းကိုအတင်းမကိုက်နဲ့လေ"
"အကျင့်မကောင်းဘူးဆိုလို့ အကျင့်မကောင်းကြောင်းပြတာလေ"
"အာ တော်တော့လို့ အစ်ကို!!!"
"ဗျာ"
"မရွဲ့နဲ့လေ"
"ကိုယ်ဘာရွဲ့နေလို့လဲ ကလေးရဲ့"
"ဟူး တော်ပြီ၊တော်ပြီ။ဆောင်းဦးဒါပဲနော် သိလား"
"အင်း အင်း ဟုတ်ပြီ"
သူတို့ဖုန်းချသွားတော့ ဆောင်းဦးလည်းရယ်ကာ ဖုန်းကိုဆက်ကြည့်နေလိုက်သည်။တကယ်လိုက်လည်းလိုက်တဲ့အတွဲ။Postတစ်ခုပြီးတစ်ခုကြည့်နေရင်း ရှင်နှောင်း၏postနားကိုရောက်တော့ ရပ်လိုက်မိသည်။
"အာ ရှင်နှောင်းလည်းကျောင်းရောက်နေတာလား"
သူတင်ထားသည့်ပုံကထူးထူးခြားခြားတော့မဟုတ်၊အဖွဲ့လိုက်ပုံတင်ထားခြင်းဖြစ်သည်။အာ တစ်ခုတော့ရှိတယ်။ရှင်နှောင်းကထက်ဘုန်းရင်ခွင်ထဲမှာရှိနေပြီး ထက်ဘုန်းလက်တွေက ရှင်နှောင်းပုခုံးပေါ်တင်ထားသည်။မျက်နှာလေးနီရဲကာ လက်လေးနှစ်ချောင်းထောင်ထားသော ရှင်နှောင်းပုံစံလေးက ကလေးလေးနှင့်တူလှသည်။ထက်ဘုန်းကတော့ သူ့ဘာသာသူcameraကိုသာကြည့်နေခြင်းဖြစ်သည်။
ထိုပုံကိုကြည့်ပြီး အကြောင်းပြချက်ရေရေရာရာမရှိဘဲနှင့် ဆောင်းဦးအလိုမကျတွေဖြစ်လာရသည်။ဆံပင်ကိုဖွလိုက်ကာ လေပူကိုမှုတ်ထုတ်လိုက်သည်။ပြီးတော့မှခေါင်းကိုသုံးချက်လောက်ဆင့်ခေါက်လိုက်သည်။
"ဆောင်းဦးစက်၊သူများကိုမကောင်းမမြင်ရဘူးလို့ပြောထားတယ်လေ။ရှင်နှောင်းကသူ့ဘာသာသူနေနေတာကို ဘာလို့မကောင်းမြင်နေရတာလဲ။အဲ့ဒါကမကောင်းဘူးနော်"
သူ့ဘာသာသူသတိတွေဆက်တိုက်ပေးနေပြီးမှ ခုံမှာထိုင်လိုက်သည်။Chocoကလည်းဆော့ရတာဝသွားသောကြောင့် သူ့နားကိုပြေးလာသည်။ပွယောင်းနေသောChoco၏အမွှေးတွေကို ပွတ်သပ်နေရင်း သူ့အတွေးတွေကတော့ ရောက်တတ်ရာရာ.....။
♤♤♤♤♤♤♤♤♤♤