အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.8K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 19

3.1K 213 5
By EmmaXing95


Unicode

ရှောင်းကျန့် ရိပေါ်နဲ့တိုက်မိပြီး ခုနကသူ့ပံုကို မြင်ယောင်ကာ ရှက်လွန်းလို့ ခေါင်းကိုငုံ့ထားရသည်

တကယ်ပါပဲ အဲ့တုန်းက ငါဘာလို့အိပ်ပျော်သွားရတာလဲ ယောကျာ်းလေးဖြစ်ပြီး ကိုယ့်ထက်ငယ်တဲ့ကလေးရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကိုအိပ်ပျော်နေရလား ရှောင်းကျန့်ရ

ခေါင်းကိုငုံ့ထားပေမဲ့ ပါးလေးတွေရဲနေမှန်း
ရိပေါ် မြင်နေရတယ် ဘာကိုဒီလောက်ရှက်နေတာလဲ

"ကျန့်ကော ကျွန်တော့်ကိုကြည့်ဦး"

"ဟို....ဟိုနေ့ညက ငါ ဘာလုပ်မိသေးလဲ"

"ဘယ်နေ့ညလဲ"

"ငါ့ကို လာသတ်တဲ့နေ့ကလေ ငါအိပ်ပျော်သွားတာပြီးတော့ ငါတစ်ခုခုလုပ်မိသေးလားလို့"

"ဘာမှမလုပ်ပါဘူး ကျန့်ကောအိပ်ပျော်သွားတာနဲ့ ကျွန်တော်လည်းအိပ်ရာပေါ်တင်ပေးပြီး အိမ်ကိုရှင်းပေးခဲ့တာ"

"မင်းငါ့ကို အိပ်ရာပေါ်ကိုဘယ်လိုတင်ခဲ့တာလဲ"

"ပွေ့ချီပြီးတော့လေ"

မမေးမိတာမှ ကောင်းဦးမယ် ငါ့သိက္ခာတွေသွားပါပြီ။

"ကျန့်ကော ဘာဖြစ်နေတာလဲ ကျွန်တော်ဘာများလုပ်မိလို့လဲ"

"ဘာမှမဟုတ်ဘူး ဒီအတိုင်းမေးကြည့်တာ သိချင်လို့"

တစ်ခုခုမှန်း ရိပေါ်သိနေပေမဲ့ မပြောချင်တဲ့ပုံစံကြောင့် ဆက်မမေးတော့ပေ

ငါ့လို ယောကျာ်းရင့်မာကြီးတစ်ယောက်က အချီခံရတယ်တဲ့လား ဘောပဲ

"ဒီအကြောင်းကို ဘယ်သူသိသေးလဲ"

"မသိဘူး ကျွန်တော်နဲ့ကောပဲ"

"ကောင်းတယ် ဒီအကြောင်းကို ဘယ်သူမှမပြောနဲ့ ကြားလား"

"အင်း"

"မင်းအစ်ကိုကို တွေ့မလို့မလား သွားတွေ့လေ ငါသွားပြီ"

"အင်း"

ရိပေါ် သူ့အစ်ကိုအခန်းထဲရောက်တော့

"ရိပေါ် မင်းလမ်းမှာ ဒေါက်တာနဲ့ တွေ့သေးလား"

"အင်း တွေ့ခဲ့တယ်"

"ရိပေါ် မင်းငါ့ကိုအမှန်အတိုင်းပြောစမ်း ဒေါက်တာကို မင်းသဘောကျနေပြီလား"

"ဘာကိုဆိုလိုတာလဲ"

"မသိချင်ယောင်ဆောင်မနေနဲ့ ငါပြောချင်တာကို မင်းသိတယ်"

"ဒီနေ့ တော်တော်ထူးဆန်းနေတယ် အစ်ကိုရော နာ့စ်တွေရော ကျန့်ကောရောပဲ ကျွန်တော့်ကိုရှက်နေတာ ကျွန်‌ေတာ်ဘာလုပ်မိလို့လဲ"

"ငါမင်းကိုပြမယ် ဒီမှာ"

ရှီးချန်ပြတဲ့ပုံကို ရိပေါ်ကြည့်ပြီး ဓာတ်ပုံကိုရိုက်တဲ့ ရှုထောင့်အရ ဝမ်နင်လက်ချက်မှန်းသိသည် သူရိုက်တာဆို ဒီလိုအဝေးက မြင်ကွင်းမဟုတ်ဘူး

"ဝမ်နင်လား ကျန့်ကောက အဲ့တာကိုမြင်ပြီး ကျွန်တော့်ကို...ဟက် ရှက်နေတာပေါ့.."

ပြောရင်းက ပြုံးသွားတဲ့ရိပေါ်ကို ရှီးချန်က ဘာများပြုံးစရာပါနေလို့လဲ တွေးမိတယ်

ရိပေါ်ပြုံးတာက ရှောင်းကျန့်ရှက်နေတဲ့ပုံကို တွေးမိပြီး ချစ်ဖို့ကောင်းလို့ အသည်းယားနေတာပဲဖြစ်တယ် ခုနကတည်းက သူမနေနိုင်ဖြစ်နေတာ မျက်နှာကိုမနည်းထိန်းထားရတယ်
ကျန့်ကောရှေ့မှာ နဂိုကမှ သူနဲ့မတွေ့ချင်တဲ့ပုံ ရယ်လိုက်ရင် တစ်မျိုးဖြစ်သွားမှာစိုးလို့

"မင်းသိလား ဒါဆေးရုံတစ်ခုလုံးမြင်ပြီးသွားပြီ"

"အစ်ကို့ဆီ ဒါဘယ်လိုရောက်နေတာလဲ"

"ငါ့ကို မုန့်ယောင်ပေးတာ"

"မုန့်ယောင်? ဟိုသူနာပြု ကောင်လေးလား"

"အင်း သူလည်း gp ထဲဝင်ထားတယ်လေ"

"ဘာ gp ကိုပြောတာ"

ရှီးချန်ပြောပြကာမှ ရိပေါ်က

"ဒီဆေးရုံကလူတွေ တော်တော်ထူးဆန်းတာပဲ ဒေါက်တာတွေ ဘယ်သူ့ကြိုက်ကြိုက် သူတို့နဲ့ဘာဆိုင်လို့"

"ငါတော့ ဒီနေရာကို သဘောကျတယ်"

"အစ်ကို သဘောကျလည်း မနေရဘူး ကျွန်တော်နဲ့ ဝမ်နင်နဲ့ အစ်ကို့နေရာကို လူစားမထိုးခင်
မြန်မြန်ဆင်းတော့ ဆေးရုံက"

....................

"အစ်ကိုရှောင်းကျန့်! အလုပ်ပြန်ဆင်းပြီပေါ့ ကျွန်တော်ဖြင့် ဟိုနေ့ညက လန့်သွားတာပဲ!"

ကောင်တာမှာ ရှောင်းကျန့်နဲ့ မျန်မျန်နဲ့ ဝမ်ချင်လည်းရှိတယ် ရောက်လာတဲ့ ဝမ်နင်က
ရှောင်းကျန့်ကို လှမ်းပြောတာ ဘေးနားက
မျန်မျန်က နင်ပြေးတော့ဆိုတဲ့ ပုံစံနဲ့ သူ့ကိုသွားခိုင်းနေတယ် ဒါကိုဝမ်နင်က နားမလည်
ရှောင်းကျန့်က

"အော် ဝမ်နင်~ မင်းရောက်လာပြီကိုး"

"ဟုတ်တယ် ကျွန်တော် တွေ့စရာလူရှိလို့"

"အင်း ငါမင်းကိုပြစရာရှိတယ်"

ရှောင်းကျန့်က ဖုန်းထုတ်ကာ ပြတော့

"အော် အဲ့ပုံက.........အဲ..အစ်..အစ်ကိုရှောင်းကျန့်! ကျွန်တော်ရှင်းပြတာကို နားထောင်ဦး! နေဦး! ကျွန်တော်အဲ့တာ....."

ဝမ်နင်ပြေးမလို့ပေမဲ့ မမှီတော့ ရှောင်းကျန့်က သူ့ကို အတင်းဆွဲထားကာ သမတော့သည်

ဝမ်နင်က ပြန်လုပ်လို့ရပေမဲ့ သူအပြစ်လုပ်တာမို့ ငြိမ်နေလိုက်သည် မျန်မျန်က သူပြောတာကို နားမထောင်ဘူးဆိုကာ စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေရော ဝမ်ချင်ကတော့ သူ့မောင်ကို ရှောင်းကျန့်အသေသတ်မှာစိုးလို့ ဝင်တားနေရတယ်

ရိပေါ် လက်ကသူ့ဒဏ်ရာကို အစ်ကိုရှီးချန်က မြင်ပြီး အပြန်မှာဆေးထည့်ဦးဆိုလို့ ဆေးဝင်ဝယ်တာ အိမ်ကျမှထည့်မယ်ပေါ့ ဟိုနေ့က ကျန်းစစ်လီ ကို ထိုးတာသူ့လက်လည်း သွေးထွက်သွားတယ် ရှိသမျှ ဒေါသတွေအကုန်ပေါက်ကွဲသွားတာ မနည်းထိန်းလိုက်ရတယ်

ဆေးဝယ်နေတဲ့ သူ့ကိုရှောင်းကျန့်ကမြင်ပြီး ပြန်လှည့်မလို့လုပ်ပြီးကာမှ

နေဦး သူဘာလို့ဆေးဝယ်တာလဲ နေမကောင်းလို့လား ငါနေမကောင်းတုန်းက သူပြုစုပေးတာ ငါသူ့ကို အကြွေးတင်နေတယ်

"ရိပေါ် မင်းနေမကောင်းဘူးလား"

"ကျန့်ကော မဟုတ်ပါဘူး"

ပြောလည်းပြော သူ့လက်ကို နောက်ပို့လိုက်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်က ဆေးကိုကြည့်လိုက်တော့ အနာလိမ်းဆေးရယ် ပြီးတော့ ပတ်တီးရယ်

ပတ်တီးတောင်စည်းရတာဆိုတော့ ဘယ်လောက်တောင်ထိထားလို့လဲ ခုနက အရှက်သည်းနေတာ ‌ေသချာမကြည့်မိဘူး

ရိပေါ်လက်ကို ဆွဲယူကြည့်တော့ လက်ခုံမှာ ပွန်းနေတာ တော်တော်ကြည့်ရဆိုးတယ်

"ရိပေါ် မင်း တစ်ယောက်ယောက်ကိုထိုးခဲ့တာလား"

"ဘာမှမဖြစ်ဘူး အသေးစားလေးပါ"

"ဘာလို့မဖြစ်ရမှာလဲ မင်းလက်ကိုကြည့် ဘယ်လောက်ကြည့်ရဆိုးလဲ အခုဆေးမထည့်ရင် နောက်ကြအမာရွတ်တွေကျန်ကုန်လိမ့်မယ်"

"ကျွန်တော် ရဲပဲကို အမာရွတ်ကျန်တာမဆန်းပါဘူး"

"ရဲဆိုတိုင်း ဒီလို ဂရုမစိုက်ပဲနေလို့မရဘူးလေ ရဲလည်းလူပဲကို ဆေးထည့်သင့်တာပေါ့ ဒဏ်ရာကို"

"အဲ့ဒါကြောင့် ကျွန်တော်အခုဆေးဝယ်နေတာပဲလေ"

"မင်းဝယ်တဲ့အနာလိမ်းဆေးနဲနဲ လိမ်းပြီး ပတ်တီးစည်းရုံနဲ့ ရမယ်လို့ထင်လား"

"ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ"

"မင်းလုပ်ရမှာက...."

လက်ကိုကိုင်လျက်သားလေး ပြောနေခြင်း..

"အခုတစ်ခါတည်းပြောရင် ကျွန်တော်က အဲ့လောက်မှတ်ဥာဏ်မကောင်းဘူး မှတ်မိမှာမဟုတ်ဘူး"

"အဲ့လောက်ကြီးမများပါဘူး"

"ကျန့်ကော ကျွန်တော့်ကိုဆေးထည့်ပေးပါလား"

ရှောင်းကျန့် မျက်နှာနားကပ်ကာ ပြောလိုက်တဲ့ရိပေါ်ကြောင့် ရှောင်းကျန့် ရင်ခုန်မိတော့မလို့

ငါ့နှယ် နှလုံးရောဂါရတော့မှာပဲ

သူတို့နှစ်ယောက်ကိုကြည့်နေတဲ့ နာ့စ်မလေးတွေအများကြီးကိုတော့ မမြင်ပေ နှစ်ယောက်လုံး အကြည့်တွေ အပြန်အလှန်ဖလှယ်နေတာ
ကြောင့်ပေ

အခုရိပေါ်ကို ရှောင်းကျန့်က အခန်းတစ်ခုမှာ ဆေးထည့်ပေးနေသည်

အနာကို သေချာဆေးထည့်ပေးနေတဲ့
ရှောင်းကျန့်ကို ရိပေါ်ကမျက်တောင်မခတ်ကြည့်နေသည်။ သူ့အကြည့်တွေက ရှောင်းကျန့်ရဲ့ မျက်လုံး နှာခေါင်းကနေတစ်ဆင့် ပန်းဆီရောင် နှုတ်ခမ်းသားလေး နားမှာတဝဲလည်လည်နဲ့နှုတ်ခမ်းအောက်က မှည့်နက်လေးကိုလည်း
အကြည့်ခွာမရပေ

"ရိ...ရိပေါ်"

ရိပေါ် ဘာဖြစ်သွားမှန်းမသိလိုက် သူသတိဝင်တော့ ရှောင်းကျန့်မျက်နှာနဲ့ နီးနီးလေးမှာ
1 စင်တီမီတာလောက်ပဲခြားတော့တယ်

ရလာတဲ့ အခွင့်အရေးကို လက်မလွှတ်ချင်တော့ ဒီထက်ပိုနီးအောင် တိုးလိုက်ကာမှ

"ရှောင်းကျန့်!!!!!!"

#########

💞Mei Xing💞

ဘယ်‌ေကာင်သာသနာဖျက်တာလဲ!🙂

နောက်ပိုင်း အချို‌ေတွ‌ေရးမှာပါ
ရှေ့ပိုင်းတွေတုန်းက ပျင်းစရာကြီးနော်😑
ဖတ်ပေးကြတဲ့သူတွေအားလုံး ကျေးဇူးပါ😘

Zawgyi

Continue Reading

You'll Also Like

36.2K 342 17
Y/n uzumaki ,twelve years old,neglected by his father minato namikaze who spoils his sisters.Y/n was born different than the others.Being a vessel fo...
672K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
35.3K 1.1K 7
in which the new girl asks to borrow a lighter. [ COMPLETED / SHORT STORY ] [ ©️ PVACHY ON WATTPAD ]
223K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...