That Omega is so cute and I c...

Від Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... Більше

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

34• Treat you better

7K 935 141
Від Its_just_Thu


That Omega is so cute and I can't help Part 34

တစ်ညလုံး မထွေးနိုင် မအန်နိုင်ဖြစ်ပြီး Thomas တစ်ညလုံး ခေါင်းတအားခဲနေခဲ့ပေမယ့် ဖြေရှင်းရမယ့်နည်းလမ်းဆိုတာကို Thoma sစဉ်းစားမိလိုက်တော့ မနက်စောစောပဲ အိပ်ယာက နိုးထလာခဲ့တယ်။

အမှန်ကတော့ တစ်ညလုံးလုံး မအိပ်ရသေးဘူးဆိုရင်တော့ ပိုမှန်မှာပဲ။

ဒီနေ့ သူလုပ်မယ့်အရေးကြီးတဲ့အရာတစ်ခုရှိတာမို့ တက်ကြွစွာနဲ့ပဲ ရေအမြန်ချိုးပြီး အဝတ်အစားလှဲလိုက်တယ်။

အဲ့ဒီနောက် သူအိမ်ကနေထွက်ခဲ့တော့ အိမ်က ညီနှစ်ယောက်တောင်နိုးသေးပုံမရဘူး။

မနက် ခုနစ်နာရီလောက်ကြီး အိုလီ့ရဲ့ အိမ်ရှေ့ရောက်နေပေမယ့် Thomas မှာ အိုလီ့ကို ဖုန်းခေါ်ဖို့အတွက် ခြေတုံချတုံနဲ့ စဉ်းစားနေမိတာ ဘယ်နှစ်မိနစ်ရှိသွားပြီမသိတော့။ ဘယ်တုန်းကမှ သူ့ဘက်ကနေ စမခေါ်ဖူးခဲ့တဲ့ ဖုန်းနံပါတ်လေးကိုကြည့်ပြီး သူရင်ခုန်နေမိတယ်။

ဒါပေမယ့် သူအခုချိန်မှာ ဖုန်းမခေါ်လိုက်ဘူးဆိုရင် သိပ်မကြာခင်အချိန်မှာ အိုလီက တခြားသူနဲ့ စေ့စပ်တော့မှာ။

အဲ့ဒီလိုအဖြစ်မျိုးကို သူအဖြစ်မခံနိုင်ဘူး၊အဲ့တာကြောင့်လက်တုန်တုန်နဲ့ပဲ သူအိုလီ့ဆီ ဖုန်းခေါ်လိုက်တယ်။

"Hello ကိုကိုကြီး''

အိုလီက ဖုန်းကိုင်ပါ့မလားလို့ Thomas စိတ်ပူနေခဲ့ပေမယ့် ပထမဦးဆုံးအကြိမ် ဖုန်းခေါ်တဲ့အချိန်မှာပဲ အိုလီက ဖုန်းပြန်ဖြေတာမို့ Thomas အားတက်သွားတာအမှန်။ ဒါပေမယ့် အသံလေးကတော့ အိပ်ချင်မူးတူး၊ မနက်စောစောမထတတ်တဲ့ကောင်လေးက သူစေ့စပ်မယ့်နေ့မှာတောင် အိပ်ပုတ်ကြီးလို့ကောင်းနေတုန်း။

"Hello အိုလီလား''

"ဟုတ်ကဲ့ ကိုကိုကြီး ဘာပြောစရာရှိလို့လဲ''

အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ နေခဲ့တဲ့ Thomasက အခုတော့ အိုလီ့ကို တောင်းပန်စကား ဘယ်ကနေ စပြောရမှန်းမသိဘူး ။

"ဟိုလေ ခြံပြင်ခဏ ထွက်ခဲ့ပါ့လား''

"ဗျာ ခြံပြင် ... ကိုကိုကြီး ကျွန်တော့်ခြံရှေ့ရောက်နေတာလား"

"အင်း..."

"ဘာပြောစရာရှိလို့လဲ ကိုကိုကြီး ဟို ကိုကိုကြီး ပြောစရာရှိလို့ရှိရင် ဖုန်းထဲမှာပဲ ပြောလို့မရဘူးလား ကျွန်တော်အပြင်ထွက်လာဖို့ အဆင်မပြေလို့ပါ''

အိုလီ ထွက်လာဖို့ အဆင်မပြေဘူးဆိုတာ ဒီနေ့ လုပ်မယ့် စေ့စပ်ပွဲကြောင့်ဆိုတာ Thomas သိတယ်။

ဒါပေမယ့် အိုလီ့ကို အဲ့စေ့စပ်ပွဲမလုပ်ဖြစ်အောင် သူတားနိုင်မှဖြစ်မှာမို့ အိုလီ့ကို ရအောင်အပြင်ခေါ်ထုတ်ရမှာပဲ။

"အရေးကြီးလို့ပါ အိုလီ Raymus နဲ့ဆိုင်တဲ့ ကိစ္စမို့ အိုလီနဲ့တွေ့မှ ဖြစ်မှာ''

သူတို့သူငယ်ချင်းနှစ်ယောက်က အရမ်းသံယောဇဉ်ကြီးကြတာကို သိတာမို့ Raymus နာမည်သုံးပြီး သူပြောလိုက်တော့ အိုလီက လက်ခံသွားတယ်။

ခြံတံခါးအပြင်ကို ထွက်လာတဲ့ အိုလီ့ပုံစံကိုကြည့်ပြီး Thomas မပြုံးပဲမနေနိုင်ဘူး။

အခုမှ အိပ်ယာနိုးပုံရတဲ့ ကောင်လေးက ညအိပ်အကျီဝမ်းဆက်နဲ့ ဆံပင်တွေလည်း ပွယောင်းယောင်း ဖြစ်လို့၊ မှုန်ကုတ်ကုတ်နဲ့ထလာပုံကိုကြည့်ရင် သူဖုန်းဆက်လိုက်လို့ အိပ်ရာကနိုးသွားတာများလား။

ဒီကောင်လေးက ချောတယ်ဆိုတာ သိပေမယ့် ညီလေးတစ်ယောက်လိုပဲ သူသဘောထားခဲ့တာမို့ ဘယ်တုန်းကမှ သေသေချာချာ စေ့စေ့မကြည့်ခဲ့ဖူးပေမယ့် အခုလို သေသေချာချာကြည့်တော့လဲ အိုလီက အတော်လေးချစ်ဖို့ကောင်းတာ အမှန်ပဲ။

ချစ်စရာကောင်းတဲ့ အိုလီ့ကို Thomas အကြည့်မလွှဲနိုင်ဘဲ ဆက်ပြီးငေးနေမိတာ အိုလီက သူ့ဘေးက Lover Seat တံခါးကိုဖွင့်ပြီး ဝင်ထိုင်တဲ့အထိပဲ။

အဲ့ဒီထိလည်း Thomas စကားပြောဖို့မေ့နေလို့ အိုလီက ချောင်းတစ်ချက်ဟန့်ပြီး အသံပြုတယ်။

"အဟမ်း ကိုကိုကြီး''

"ဪ အိုလီ''

"ကိုကိုကြီး ပြောစရာရှိတာ မြန်မြန်လေးပြောပေးပါလား ကျွန်တော် ခဏနေရင် ရေမိုးချိုးပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမှာ Raymus ဘာဖြစ်လို့လဲ''

"အာ... Raymus နေမကောင်းဖြစ်နေတယ် ဆေးရုံတင်ထားရလို့''

"ဗျာဘယ်လိုဖြစ်တာလဲ မနေ့ညတုန်းက ကျွန်တော်နဲ့ ဖုန်းပြောတုန်းက အကောင်းကြီးပါ''

"ဟုတ်တယ် ဒီမနက်မှ ဗိုက်အောင့်တယ် ဗိုက်အောင့်တယ်ဆိုလို့ ဆေးရုံကို ပို့ထားရတာ အဲ့တာ Nicholas ကလည်း အိမ်မှာမရှိလို့ ကိုယ်တစ်ယောက်တည်း Raymus ကလဲခွဲခန်းဝင်ရမှာလားမသိဘူး၊ အဲဒါ အနားမှာ ဘယ်သူမှမရှိရင် အဆင်မပြေလို့ အိုလီခဏလောက် လိုက်ခဲ့ပေးပါ''

"ဟာ ဒုက္ခပဲ ကျွန်တော်က ဒီနေ့ ကိစ္စတစ်ခုရှိတယ်''

သူစေ့စပ်မယ်ဆိုတဲ့ အကြောင်းတောင် ထုတ်မပြောနိုင်တဲ့ အိုလီ့ကို ကြည့်ပြီး Thomas ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာလာတယ်။ အခုတော့ ကိုယ့်ကို မင်းရဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေတောင် ထုတ်မပြောချင်တော့ဘူးပေါ့နော်။ ကိုယ့်အလှည့်ကျ ခံစားရမှာသိပ်သိတတ်နေတဲ့ Thomas လည်း အိုလီ့ကို လက်လွှတ်လိုက်ဖို့ အစီအစဉ်မရှိတာမို့ ဇွတ်မှိတ်ပြီး ပြောချလိုက်တယ်။

"ခဏလေးပါပဲ ခဏလေးပဲလိုက်ခဲ့ပေး ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ''

"ဟာ ကိုကိုကြီးကလည်း ကိုကိုကြီးက Raymus နားမှာ နေမှဖြစ်မှာပေါ့ ကျွန်တော့်ဘာသာပဲ ပြန်လိုက်မယ် လိုအပ်တာတွေ လိုက်စီစဉ်ဖို့ ခဏပဲ လိုက်ခဲ့မယ်လေနော်''

"ရတယ် ရတယ်''

အိုလီက သူနဲ့အတူ လိုက်ခဲ့ဖို့ သဘောတူသွားတာမို့ ထိုင်ခုံခါးပတ်ကို ဆွဲကာ အိုလီ့ကို ခါးပတ်ပတ်ပေးလိုက်တယ်။

ပြီးတော့ ကားကို အမြန်နှုန်းနဲ့ မြို့ပြင်ဘက်ကို သူမောင်းလာလိုက်တယ်။

ကားရဲ့ဦးတည်ရာက ဆေးရုံတစ်ရုံကို သွားနေတာ မဟုတ်ဘူးလို့ သဘောပေါက်သွားတဲ့ အိုလီက သူ့ဘက်ကို အကဲခတ်သလိုကြည့်လာပြီး မေးခွန်းထုတ်တော့တယ်။

"ကိုကိုကြီး ကားက ဘယ်ကိုသွားနေတာလဲ ဒါက ဆေးရုံသွားနေတာ မဟုတ်ဘူးမလား''

ဆေးရုံသွားနေတာလား မြို့ပြင်သွားနေတာလားဆိုတာ မသိရလောက်အောင် အိုလီက တုံးအနေတဲ့သူ မဟုတ်ပါ။

သူလည်း သိပ်မကြာခင်မှာ ဝန်ခံရမယ်ဆိုတာ သိပေမယ့် အချိန်ရသလောက် ဆွဲနေမိတာ။

တော်ကြာ အိုလီက လက်မခံနိုင်ဘူး ဘာညာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကာ ကားပေါ်က ဆင်းပြေးသွားမှာ Thomas စိုးရိမ်နေရသေးတယ်။

"ကိုယ် အိုလီ့ကို ခိုးပြေးလာတာ''

အိုလီ့ဘက်လှည့်ကာ Thomas ပြောလိုက်တော့ မယုံနိုင်သလို ပွင့်အသွားတဲ့ နှုတ်ခမ်းတွေက မယုံနိုင်ခြင်းတွေကို အတိအကျဖော်ညွှန်းလို့နေတယ်။

"ကိုကိုကြီး .. ကိုကိုကြီး ဘယ်လိုပြောလိုက်တယ်''

"ကိုယ် အိုလီ့ကို ခိုးပြေးလာတာလို့''

"မဟုတ်ဘူးလေ ကိုကိုကြီးက သိပ်မကြာခင် စေ့စပ်တော့မှာလေ ပြီးတော့ ကျွန်တော် ကျွန်တော်လည်း''

"အိုလီ့အိမ်က အိုလီ့ကို စေ့စပ်ပေးဖို့ စီစဉ်နေတာမလား ကိုယ်သိတယ် ဒါပေမယ့် အဲ့ဒီလိုအဖြစ်မျိုးကို ကိုယ်လက်မခံနိုင်ဘူး ကိုယ်အိုလီ့ကို အဆုံးရှူံးမခံနိုင်ဘူး''

"ကိုကိုကြီး ကိုကိုကြီးပြောတော့ ကျွန်တော့်ကို မချစ်ဘူးဆို ဘယ်လိုဖြစ်ပြီး''

"ကိုယ့်ကို အရမ်းအများကြီး မမေးပါနဲ့ အခုချိန်မှာ ကိုယ်ပြောနိုင်တာက ကိုယ်အိုလီ့ကို အဆုံးရှုံးခံမှာ မဟုတ်ဘူးဆိုတာပဲ အဲ့တာကြောင့် ကိုယ် အိုလီ့ကို ခိုးပြေးလာတာ''

"ကိုကိုကြီး အဲ့လိုစိတ်ထဲမှာ ရှိသလို လုပ်လို့မဖြစ်ဘူး ကျွန်တော်က ဒီနေ့ပဲ စေ့စပ်ရတော့မှာ ကျွန်တော့မိဘတွေ မျက်နှာပျက်ကြမယ့် အဖြစ်မျိုးကို ကျွန်တော် မလိုချင်ဘူး၊ ပြီးတော့ ကိုကိုကြီးကိုယ်တိုင်လည်း ဟိုဒေါက်တာမလေးနဲ့ စေ့စပ်ဖို့ စီစဉ်ပြီးပြီမဟုတ်လား''

"အဲ့တာတွေက အရေးမကြီးပါဘူး''

"အရေးမကြီးဘူး ပြောလို့မရဘူးလေ နှစ်ဖက်က မိသားစု သိက္ခာကရှိသေးတယ်လေ ပြီးတော့ ကိုကိုကြီးက ကျွန်တော် ချစ်ပါတယ်လို့ ပြောနေတဲ့ အချိန်တုန်းကတော့ ကျွန်တော့်အချစ်ကို မတုန့်ပြန်ခဲ့ပဲနဲ့ ဘာဖြစ်လို့ အခုချိန်ကျမှ ပြင်ဆင်လို့မရနိုင်တော့တဲ့ အခြေအနေကျမှ ဘာဖြစ်လို့ ကျွန်တော့်ကို အခုလိုမျိုး လုပ်ရတာလဲ''

"ပြင်ဆင်လို့မရနိုင်ဘူးဆိုတာတော့ မရှိပါဘူး ကိုယ်နဲ့အိုလီက အခုချိန်ထိ လွတ်လပ်ကြတဲ့သူတွေပဲလေ အဲ့ဒီတော့ ကိုယ်တို့မှာ ဆုံးဖြတ်ခွင့်ရှိသေးတာပဲ''

"ဟင့်အင်း ကျွန်တော်မလိုက်နိုင်ဘူး ကိုကိုကြီး ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါ တကယ်လို့ ကိုကိုကြီးက ကျွန်တော့်ကို တကယ်ပဲ သဘောကျလို့ လက်ထပ်ချင်တယ်ဆိုရင်တောင်မှ အိမ်မှာ လူကြီးတွေကို လာပြောပြီး ကောင်းကောင်းမွန်မွန် တောင်းရမ်းယူမှပေါ့်''

အိုလီပြောတဲ့ အစီအစဉ်ကို သူအရင်တုန်းက တွေးခဲ့မိပေမယ့် အခုချိန်ကျမှတော့ မဖြစ်နိုင်တော့ဘူးလေ။

မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မယ်၊စေ့စပ်ပေးပါလို့ Daddyကို မနေ့တစ်နေ့ကမှ ပြောထားတာမို့ အခုချိန်ကျမှ အိုလီ့ကိုပြောင်းပြီး သွားတောင်းပေးပါလို့ ပြောရင်လည်း Daddyကသူ့ကို ကောင်းကောင်းကြီးဆဲမှာ။

ပြီးတော့ အိုလီ့အိမ်ကလည်း အို့လီကို စေ့စပ်ပေးဖို့ စီစဉ်ပြီးသားဖြစ်နေပြီဆိုတော့ သူသွားပြီး တောင်းဆိုလည်း ဘယ်လိုမှဖြစ်နိုင်တော့မှာ မဟုတ်ဘူး။

"အိုလီ ကျေးဇူးပြုပြီး တိတ်တ်ိတ်နေကွာ ကိုယ်ကားမောင်းနေတာ စိတ်မရှုပ်ချင်ဘူး''

စိတ်ရှုပ်ရှုပ်နဲ့ သူ့ရဲ့လေသံ နည်းနည်းမာသွားတော့ အိုလီက သူ့ကို မကျေမနပ်နဲ့ ပြောလာတယ်။

"ကိုကိုကြီးက အမြဲတမ်း ကိုယ့်အတွက်ပဲကိုယ် ကြည့်တာပဲ ကျွန်တော့်အတွက်ကို ဘယ်တုန်းကမှ မကြည့်ခဲ့ပဲနဲ့ အခုချိန်မှ ကျွန်တော့်ကို လက်မလွှတ်နိုင်လို့ လက်ထပ်ချင်ပါတယ်ဆိုတဲ့ စကားကို ကျွန်တော်က ဘယ်လိုယုံကြည်ရမှာလဲ''

".... ..''

"ကျွန်တော့်ကို အခုပြန်ပို့ပေးပါ ကျွန်တော် ကိုကိုကြီးနဲ့ မလိုက်နိုင်ဘူး ''

ကောင်းကောင်းပြောနေတာကို မရပဲနဲ့ သူ့ကို တစ်ခွန်းမကျန်အောင် ပြန်ပြောနေတဲ့ ကောင်လေးကို Thoma sစိတ်မရှည်တော့ဘူး။

အဲ့ဒီလိုမျိုး မလုပ်ချင်ပေမယ့် အိုလီက အသာတကြည် မလိုက်ဘူးဆိုရင် သူမလုပ်ချင်တဲ့ အလုပ်ကိုလုပ်ရတော့မှာပဲ။

အဲ့တာက သူ့ရဲ့ခုံဘေးမှာ အသင့်ချထားတဲ့ လက်ကိုင်ပုဝါကို ဆွဲယူပြီး အိုလီ့နှာခေါင်းကို အုပ်လိုက်တယ်။

"Sorryပါ အိုလီ တကယ်လို့ကိုယ့်ကို ရန်တွေ့မယ်ဆိုရင်လည်း အိုလီသတိရလာမှ ရန်တွေ့ပါတော့''

- That Omega is so cute and I can't help -

အရှေ့မှာ ဆရာမက စာသင်နေပေမယ့် Raymusကတော့ ဆရာမဆီမှာ အာရုံမရှိဘူး။

Raymus စိတ်နဲ့ Raymus သာဆိုရင် အတန်းတက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့မှာ ဘာမဆိုင်ညာမဆိုင်နဲ့ Alexကို ကြောက်နေရတာကြောင့် အတန်းထဲကိုတော့ ရောက်နေလေတယ်။

Willy ကတော့ အိပ်ရေးမဝလို့ဆိုကာ သူ့ဘေးမှာ ထိုင်ကာငိုက်နေတယ်။

Alex ကတော့ သူ့ရဲ့ဘေးတစ်ဖက်မှာ ထိုင်ပြီး ဆရာမစာရှင်းပြတာကို တကုတ်ကုတ်နဲ့ လိုက်မှတ်နေလေရဲ့။ အခုနောက်ပိုင်း Alex က အိုလီ့ကို Willy ရဲဘေးမှာသွားထိုင်ဖို့ပြောပြီး သူ့ဘေးနားက ခုံမှာလာထိုင်ခဲ့တယ်။

ဒီနေဆရာမသင်နေတာက Customer တွေကို ဘယ်လိုစိတ်ကျေနပ်မှုပေးရမယ်ဆိုတဲ့အကြောင်း၊ ဒီအကြောင်းက Raymus သိစရာမှမလိုတာ။ တကယ်တမ်း ဒီဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သင့်တာက Alexပဲ။

Alex အနေနဲ့က Raymusကို စိတ်ကျေနပ်မှုပေးဖို့လိုတယ်လေ။ သူက ကိုယ့်ကို စာသင်ပေးနေရတဲ့သူဆိုတော့ ကိုယ်ကသူ့ရဲ့ Customer လို့ ပြောလို့ရတယ်မဟုတ်လား။ အဲဒီတော့ Alex က Raymus ကို စိတ်ချမ်းသာအောင်ထားသင့်တာပေါ့။

စာတစ်ခုတည်း ကွက်တော်နေတဲ့ Alex က ကျန်တဲ့အရာတွေမှာဆိုရင် တအားကိုပိန်းတလိန်းနေတာ။

ဥပမာတစ်ခုပြောပြရမယ်ဆိုရင် Alex ဆိုတဲ့ငနဲက Raymusကို အတော်လေးကြိတ်ကြွေနေတာတောင်မှ အခုချိန်ထိ ဖွင့်မပြောရဲသေးဘူးလေ။ အဲ့ဒါသူ အသုံးမကျတာပဲပေါ့ မဟုတ်ဘူးလားဗျာ။

ဒီနေ့ အိုလီကျောင်းမတက်တာ သူအတော်ပျင်းနေရတယ်၊ Willy က အတန်းထဲမှာစာသင်ရင် အမြဲတမ်းငိုက်နေကျဆိုတော့ အခုလည်း သူငိုက်နေတာ မထူးဆန်းဘူး။

ခါတိုင်းဆိုရင်တော့ Raymus ဘေးမှာထိုင်တဲ့ အိုလီနဲ့ နှစ်ယောက်သားစကားထိုင်များပြီး ပေါက်ပေါက်ဖောက်နေကျ။

ဒီနေ့တော့ အိုလီက သူ့အိမ်က စေ့စပ်ကြောင်းလမ်းပေးမှာရှိလို့ ကျောင်းမလာနိုင်ဘူးလေ။ အဲ စေ့စပ်ကြောင်းလမ်းတယ်ဆိုမှ အိုလီတစ်ယောက် အဆင်ပြေရဲ့လားမသိဘူး။

အိုလီက လတ်တလောအသည်းကွဲထားတာမို့ ကိုကိုကြီးမချစ်တဲ့ဘဝမှာ အလူးလူးအလဲလဲ ဖြစ်နေတာမို့ သူ့အိမ်ကစီစဉ်ပေးတာကို လက်ခံလိုက်တာ။ တကယ်ဆိုရင် အိုလီက အဲ့ဒီတစ်ယောက်ကို သဘောကျတာမှ မဟုတ်တာ။ အိုလီ့ပြောပုံအရဆိုရင် အဲ့ဒီကောင်မလေးနဲ့ တစ်ခေါက်ပဲ တွေ့ဖူးသေးတာတဲ့။

အဲ့တာကို ဘာကြောင့်များ စေ့စပ်ဖို့လက်ခံလိုက်လဲ Raymus နားမလည်နိုင်ပါဘူး။ သူ့မှာ အိုလီ့ကို မချင့်မရဲ ဖြစ်နေပေမယ့် ဘာမှလည်းမပြောရဲဘူး ပြဿနာအရင်းခံက သူ့အကိုဖြစ်နေတာကိုး။

ကိုကိုကြီးက ဟိုဆရာဝန်ဆိုတဲ့ အမျိုးသမီးနဲ့ စေ့စပ်ဖို့မပြောခဲ့ရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး။

အိုလီ့အခြေအနေကိုသိချင်တာမို့ Raymusဖုန်းကိုထုတ်ကာ အိုလီ့ဆီစာပို့လိုက်ပေမယ့် အိုလီကစာမပြန်လာပေ။ အိုလီ့အကြောင်းကို Raymusက အသိဆုံး၊ ဒင်းက အိမ်သာဝင်ရင်တောင်မှ ဖုန်းကိုယူသွားတတ်တဲ့သူမို့ သူ့messageကို စာမပြန်ဘူးဆိုတော့ အလုပ်တွေများနေလို့လားမသိ။

အဲ့တာနဲ့ပဲ ဆရာမရဲ့အရိပ်အခြေကြည့်ပြီး Raymus အိုလီ့ဆီဖုန်းခေါ်လိုက်တော့လည်း အိုလီက ဖုန်းမကိုင်ဘူး။

ဒါတော့ ထူးဆန်းသွားပြီ အိုလီတစ်ယောက် အဆင်မှပြေရဲ့လားမသိဘူး။ တော်ကြာ ကိုကိုကြီးကိုလည်းမရ အိမ်ကပေးစားတဲ့မိန်းမကိုလည်း မလိုချင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်သတ်သေနေမှ ဒုက္ခ ။

Raymus ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာကို ဘေးမှာထိုင်နေတဲ့ Alex က မြင်သွားပြီး သူ့ကို မျက်စောင်းကြီးခဲပြီး ကြည့်နေတယ်။ Raymus လည်း ပုခုံးအသာကျုံ့လို့ Alex မမြင်အောင် ကြိတ်ပြီးဖုန်းခေါ်နေရတယ်။

"ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ ဆရာမသွားစရာလေးရှိလို့ အတန်းကို ဆယ်မိနစ်လောက်စောဆင်းပေးလိုက်မယ်နော် ဒီနေ့သင်တဲ့ သင်ခန်းစာကို ကြည့်ထားပါ နောက်လာမယ့် Assignmentက ဒီနေ့သင်တဲ့ အခန်းအကြောင်းပါတယ်''

ဆရာမအတန်းထဲက ထွက်သွားတော့ Alexက Raymusဘက်ကို ကြည့်ပြီးပြောတယ်။

"Raymus စာသင်နေတဲ့တစ်လျှောက်လုံး အဲ့ဒီဖုန်းကိုတကိုင်ကိုင်နဲ့ ဘယ်သူနဲ့ပြောနေတာလဲ''

Alexက မေးလည်းမေး သူ့လက်ထဲက ဖုန်းကိုလည်း ဆွဲယူဖို့ကြိုးစားတယ်။

"ဘယ်သူနဲ့မှ မဟုတ်ပါဘူးကွာ ဒီမှာအိုလီ့ဆီ စာပို့နေတာ''

"မင်းက တစ်ခါလာလည်းအိုလီ တစ်ခါလာလည်းအိုလီနဲ့ အိုလီ့ကိုကြိုက်နေတာလား''

စူပုတ်ပုတ်နဲ့မေးတဲ့ Alex ကြောင့် Raymus အော်ကြီးဟစ်ကျယ် ထရယ်မိတော့တာပဲ။ ဒီကောင့်နဲ့ကွာ ထင်မှထင်တတ်ပါပေ့။

"မဟုတ်တာကွာ မင်းကလည်း အိုလီက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲဟာ''

"အချစ်ဆုံးသူငယ်ချင်း အချစ်ဆုံးသူငယ်ချင်းနဲ့ မင်းတို့နှစ်ယောက်ကို ကြည့်လိုက်ရင် အချိန်ရှိတိုင်း ဖက်နေတာချည်းပဲ မင်းနော် အနေအထိုင်ဆင်ခြင်''

"ဟော် ငါနဲ့အိုလီနဲ့က ငယ်ငယ်တည်းက အဲ့လိုပဲနေလာတလေ ဘာဖြစ်လို့လဲ မင်းကငါ့ကို သဝန်တိုနေလို့လား''

"ဘာ... ဘာလို့ငါကမင်းကို သဝန်တိုရမှာလဲ''

မျက်လုံးအကြည့်ကို တောင်ကပ်လိုက် မြောက်ကပ်လိုက်နဲ့ လုပ်ပြီး ပြန်ဖြေတဲ့ Alexပုံစံက ရယ်ချင်စရာ။

Alex က သူ့မေးခွန်းကြောင့် ရှက်သွားပုံရကာ မျက်နှာရဲကနဲ ဖြစ်သွားတာကို Raymus အရသာခံပြီး ကြည့်နေမိတယ်။

ဒီကောင့်ပုံစံကကွာ ဘုရားစူး Alpha တဲ့၊ သူသာ Alex Rutဝင်နေတဲ့အချိန်နဲ့ မကြုံခဲ့ဘူးဆိုရင် Alex က Alphaဆိုတာ ဘယ်လိုမှ ယုံနိုင်မှာ မဟုတ်ဘူး။

Raymus တစ်ယောက် Alexကို စနေတဲ့အချိန်မှာပဲ သူ့ရဲ့ဖုန်းလေး ထမြည်လာခဲ့တယ်။

ဖုန်းခေါ်သူကို ကြည့်လိုက်တော့ ခေါ်တဲ့သူက အိုလီဖြစ်နေတာမို့ သူလည်း ဖုန်းကိုမြန်မြန်ကောက်ကိုင်လိုက်တယ်။

"ဟေ့ အိုလီ အဆင်ပြေရဲ့လား ငါမင်းကို ဖုန်းဆက်နေတာ ကြာလှပြီ''

"Hello မောင်လေး Raymus လား မမက အိုလီ့အစ်မပါ''

"ဟာ မမ ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲဟင် အိုလီမရှိဘူးလား''

"အဲ့တာပဲပြောမလို့ မောင်လေးရေ အိုလီပျောက်သွားလို့''

"ဗျာ အိုလီပျောက်သွားလို့ ဟုတ်လား''

အိုလီ့အစ်မရဲ့ ပြောစကားကြောင့် Raymus ခေါင်းနပန်းကြီး သွားမိတယ်။

ခုနလေးကတင် အိုလီသူ့ကိုယ်သူ သတ်သေရင် ဒုက္ခပဲလို့ Raymus တွေးနေမိတာလေ။ မလုပ်ကောင်းလုပ်ကောင်းတွေတော့ အိုလီမလုပ်လောက်ပါဘူးနော်။

"မောင်လေးရေ မောင်လေးနဲ့သူနဲ့ ဘယ်တုန်းက နောက်ဆုံးအဆက်အသွယ်ရတာလဲဟင်''

"ကျွန်တော်တို့ မနေ့ကညက ဖုန်းပြောသေးတယ်မမ သူဒီနေ့ စေ့စပ်တဲ့ ကိစ္စရှိလို့ ကျောင်းမလာနိုင်ဘူးဆိုပြီး ကျွန်တော့်ကို လှမ်းပြောတာ အဲ့တာနောက်ဆုံးပဲ''

"မမသတိထားမိသလောက်တော့ မနေ့ကညအထိ အိမ်မှာရှိသေးတယ် အိမ်က သူ့ယောက်ဖပြောတာကတော့ မနက်က အိုလီခြံထဲဆင်းသွားတာတော့ တွေ့တယ်တဲ့ ဒါပေမယ့် အိမ်ကနေထွက်ပြေးတာမျိုးလည်း မဟုတ်လောက်ဘူး သူ့ဖုန်းကအစ အကုန်လုံးကျန်ခဲ့တာ''

"အဲ့တာဆို ဘယ်များသွားတာလဲ မသိဘူးနော် ဟိုနားဒီနား သွားတာကော မဖြစ်နိုင်ဘူးလားမမ''

"ဟိုနားဒီနား သွားတာတော့ လုံးဝမဖြစ်နိုင်ဘူး အခုသူပျောက်နေတာက တော်တော်ကြာနေပြီ မနက်ကတည်းက ပျောက်နေတာဆိုတော့ ဟိုနားဒီနားသွားတာတော့ လုံးဝမဖြစ်နိုင်ဘူး''

"ဟာ အဲဒါဆို ဒုက္ခပဲ အိုအီတစ်ယောက်ကတော့ ဘယ်ထွက်သွားတာလဲ မသိဘူး''

"ဟို ဒါနဲ့လေ မောင်လေး အိုလီ့မှာ ရည်းစားတွေဘာတွေကောရှိလားဟင် ဟို အစ်မတို့လူကြီးတွေ စီစဉ်တာကို သဘောမတူလို့ ရည်းစားနဲ့ခိုးပြေးသွားတာတွေ ဘာတွေကောဖြစ်နိုင်လား''

"အာအဲ့တာလည်းမဖြစ်နိုင်ဘူး အိုလီ့မှာရည်းစားမရှိဘူး''

"ဟယ် ဒါဆို မမတို့က ရဲစခန်းပဲလိုက်ရမလား ဆေးရုံဆေးခန်းပဲလိုက်ရမလား မသိဘူးဖြစ်သွားပြီ''

"ဟိုလေ မမ ကျွန်တော် Willy ကို မေးပြီးပြန်ခေါ်လိုက်မယ်နော် မမတို့လည်း အကြောင်းထူးရင် ကျွန်တော့်ကိုပြန်ဆက်ပါဦး ကျွန်တော်အခုပဲ မမတို့အိမ်လာခဲ့မယ် သိလား''

"အေးပါကွယ် မင်းတို့သူငယ်ချင်းကို ကူရှာပေးကြပါဦး စေ့စပ်ပွဲပျက်တာ မပျက်တာ အရေးမကြီးပါဘူး အခုဟာက လူပျောက်တိုင်ရတော့မှာလား ဘာလား မမတို့လည်း မသိဘူးဖြစ်နေကြလို့''

"ဟုတ်ကဲ့ မမ ကျွန်တော်နားလည်ပါတယ် ကျွန်တော်သိရတာနဲ့ ချက်ချင်းအကြောင်းကြားမယ်နော်''

Willy ဆီမေးမယ်ဆိုပြီး Raymus ဖုန်းချလိုက်ပေမယ့် တကယ်တမ်းမေးမှာက Willy ကိုမဟုတ်ပဲ ကိုယ့်အစ်ကိုကို မေးမလို့ပါ။ အိုလီ့သတင်းကြားကြားချင်ဒ အိုလီအသည်းကွဲပြီးတစ်ခုခုများ လုပ်နေသလားလို့ သူစိတ်ပူမိခဲ့ပေမယ့် နောက်မှ သူသတိရသွားတာက မနေ့က သူနဲ့ကိုကိုကြီးနဲ့ စကားပြောခဲ့တဲ့ အကြောင်းအရာတွေကိုပဲ။

ကိုယ့်အစ်ကိုကို ကိုယ်အရမ်းယုံကြည်မှု မရှိပေမယ့် မတော်တဆများ ကိုကိုကြီး သဘောပေါက်သွားပြီး အိုလီ့ကို ခိုးပြေးတာလားလို့ သူတိတ်တဆိတ် မျှော်လင့်မိတယ်။

အဲ့ဒီလိုဆိုရင်တော့ အိုလီက အရမ်းပျော်နေမယ်ဆိုတာ သူသိတယ်လေ။

ဒါပေမယ့် သူနားမလည်တာက အိုလီက ဖုန်းတွေဘာတွေပါ အကုန်လုံးထားပြီး ထွက်သွားတယ်ဆိုတော့ ကိုကိုကြီးနဲ့ရှိတာ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးမိပြန်ရော။

Raymus ဖုန်းပြောနေတာကိုကြားတဲ့ Willy က ဘေးကနေမေးခွန်းထုတ်တယ်။

"ဟိတ်ကောင် Raymus အိုလီ့အစ်မဆက်တာလား ဘာတဲ့လဲ''

"အေး အိုလီကအိမ်ကနေ ထွက်သွားလို့တဲ့ ''

"ဟေ ထွက်သွားလို့ ဟုတ်လား ဘယ်လိုထွက်သွားတာတုန်း''

"အေး မနက်စောစောတုန်းက ခြံထဲဆင်းသွားတာကို တွေ့ပြီးတုန်းကတည်းကကို ပြန်ရောက်မလာတော့တာတဲ့ ဖုန်းကလည်းအိမ်မှာကျန်ခဲ့တယ် လူတစ်ယောက်ပဲပျောက်နေတာ ဘာပစ္စည်းမှလဲ ယူမသွားဘူးတဲ့ ပိုက်ဆံအိတ်ကအစ အိမ်မှာ ကျန်ခဲ့တာလို့ပြောတယ်''

"မင်းသူငယ်ချင်းက ခိုးရာလိုက်သွားတာလား ဒါမှမဟုတ် မိန်းမခိုးပြေးသွားတာလား''

အခြေအနေ အစအဆုံးကို သဘောပေါက်တဲ့ Alex က ဘေးကနေ ဝင်မေးတယ်။

"မိန်းမခိုးသွားရအောင် သူက မိန်းတစ်ယောက်နဲ့ ကြိုက်နေတာ မဟုတ်ဘူး''

"ဟမ် ဒါဆို ယောကျာ်းနဲ့လား''

"ဟုတ်တော့ဟုတ်တယ် ဒါပေမယ့်လည်း မဟုတ်ဘူး''

Raymus ကအဲ့ဒီလိုပြောတော့ Alex က မျက်မှောင်လည်းကျုံပြီး ခေါင်းကိုလည်းကုတ်တယ်။

"ဟျောင့် Raymus ရှင်းရှင်းပြောစမ်း ငါ့ဟာငါ နဂိုကတည်းက လည်နေရတဲ့အထဲ''

"ဟာ မင်းကလည်း တုံးလိုက်တာ ဒီလိုကွာ အိုလီက ယောကျာ်းလေးကို ကြိုက်တာတော့ ဟုတ်တယ် ဒါပေမယ့် ယောကျာ်းခိုးပြေးသွားတာကြီးက မဟုတ်လောက်ပြန်ဘူး သူကြိုက်နေတာ ငါ့အစ်ကို ငါ့အစ်ကိုက သူ့ကိုပြန်မကြိုက်နိုင်ဘူးလို့ ငြင်းထားတာ"

"ဪ အဲ့ဒီလိုလား''

"ဟုတ်တယ် မင်းက အဲ့တာကိုမသိပဲနဲ့ ငါနဲ့အတင်း ဇွတ်ပေးစားနေတာ ''

"ဪ ငါမှမသိတာ မင်းကလည်း ''

"ကဲကဲ မင်းတို့နှစ်ယောက်ရဲ့ အချစ်စစ်ပွဲကို ခဏထားလိုက်ဦး အိုလီ့ ကိစ္စကို ဆက်ပြောစမ်းပါဦး''

Willyက အဲ့လိုစလိုက်တော့ Alex က ရှက်သွားပေမယ့် Raymus ကတော့ ဘယ်လိုမှ မနေတော့ဘူး။

သူတို့နှစ်ယောက်ကို Willyတို့က အဲ့လိုစနေတာ အမြဲတမ်းမို့လို့ ထူးပြီး ရှက်မနေတော့ပါဘူး။ အခုစိတ်ပူရမှာ သူ့သူငယ်ချင်းကိုပဲ။

"ငါကိုကိုကြီးကို ဖုန်းခေါ်ကြည့်လိုက်ဦးမယ်''

"ဟျောင့် မင်းအစ်ကိုက အိုလီ့ကို ဒီလောက်အသည်းအသန် ငြင်းထားတဲ့ဟာကို အိုလီနဲ့အတူတူရှိနေတာ ဖြစ်နိုင်ပါ့မလား''

"အဲ့တာတော့ ငါ့အစ်ကိုအသိဆုံး ဖြစ်မှာပဲဟေ့ ငါလည်းမပြောတတ်ဘူး''

"နေပါဦး မင်းကဘာဖြစ်လို့ မင်းအစ်ကို သိလောက်တယ်လို့ ထင်နေတာလဲ''

"ဘာဖြစ်လို့လဲဆိုတေ့ာ မနေ့က ကိုကိုကြီးက ငါ့ကို အိုလီ့အကြောင်းတွေ လာမေးသွားလို့ ငါအိုလီစေ့စပ်တော့မယ်ဆိုတာ ပြောပြလိုက်တယ် .. အဲ .. အဲ ခဏနေဦး ဒီမှာ ကိုကိုကြီးဆီ ဖုန်းခေါ်နေတာဝင်သွားပြီ''

"Hello ကိုကိုကြီးလား''

"အေး ငယ်လေး ပြော''

"ဟိုလေ ကိုကိုကြီး ကိုကိုကြီးနဲ့အိုလီနဲ့ အခုတူတူရှိနေတာလား''

"အာ ငယ်လေးသိသွားပြီလား''

"ဗျာ ဒါဆို ကိုကိုကြီးနဲ့အိုလီက တကယ်ရှိနေတာလား ''

"အင်း ဟုတ်တယ် ကိုကိုကကြီး အိုလီ့ကို ခိုးပြေးသွားတာ''

"ဗျာ''

Raymus ထအော်လိုက်တာ ကျယ်လွန်းလို့ ဘေးနားမှာရှိတဲ့ Willy ကတောင် သူ့နားနှစ်ဖက်ကို အတင်းအုပ်ပိတ်လိုက်တယ်။

Raymusမအံ့ဩပဲ မနေနိုင်၊မတော်တဆများ အဲ့ဒီလို ဖြစ်နိုင်တယ်လို့ တွေးထားတာတောင် တကယ်တမ်း ကိုကိုကြီးဆီက ကြားရတဲ့အချိန်မှာ သူမအံ့ဩပဲ ဘယ်လိုမှမနေနိုင်ခဲ့ဘူး။

ကိုကိုကြီးတို့များ လက်သွက်ချက်ကဗျာ။

"ကိုကိုကြီး အဲ့ဒါဆို တကယ်ပေါ့လေ ဘယ်ကနေဘယ်လိုဖြစ်ပြီး အိုလီ့ကို ခိုးပြေးသွားတာလဲ''

"အဲ့တာတွေက ပြောရရင်ရှည်တယ် ငယ်လးရာ လောလောဆယ် အိုလီ့အိမ်ကို အဲ့ဒီလိုပဲ အကြောင်းကြားထားပေး နောက်မှ ငါသူ့ကို ပြန်အပ်မယ်လို့ပဲ ပြောထားပေး အားကိုးမယ်ကွာ''

"ဟာ ကိုကိုကြီး ခဏနေဦးလေ ဟယ်လို ကိုကိုကြီးရေ''

ကိုကိုကြီးကို သူဖုန်းပြန်ခေါ်ပေမယ့် ကိုကိုကြီးက ဖုန်းကို စက်ပိတ်သွားတာကြောင့် Raymus မှာ ခေါ်လို့မရတော့ဘူး။

ဪ တရားကျပါပေ့ ညီဖြစ်သူ ယောကျာ်းနောက်လိုက်ပြေးသွားတာကိုအစ်ကိုက လိုက်စီစဉ်ပေးတယ်ဆို ထားပါတော့။

သူ့မှာတော့ အချစ်ဆုံးသူငယ်ချင်းနဲ့ အစ်ကိုနဲ့ ခိုးရာလိုက်သွားတဲ့ ကိစ္စကို ရှေ့မျက်နှာ နောက်ထားပြီး အချစ်ဆုံးသူငယ်ချင်းအိမ်ကို သွားပြောရမယ့် အဖြစ်ပါလား။

"ဟိတ်ကောင် ဟိတ်ကောင် မင်းအစ်ကိုက ဘာတဲ့လဲ''

"အေး ဟုတ်တယ် ငါ့အစ်ကိုက အိုလီ့ကို မသွားတာဟေ့''

"ဟာ မင်းအစ်ကိုက မထင်ရဘူး ကြည့်စမ်း''

"မထင်ရဘူး ကြည့်စမ်း လုပ်မနေနဲ့ ငါတို့အိုလီ့အိမ် လိုက်သွားရမယ် Willyမင်းလိုက်ခဲ့''

"ငါ ငါလည်း လိုက်မယ်''

Alex ကပါ ဝင်ပြောတော့ Raymus မှာ တအံ့တဩနဲ့ သူ့ကိုကြည့်ရတယ်။ Alex က ဘယ်တုန်းက တခြားသူရဲ့ ကိစ္စကို ဝင်ပါဖို့ စိတ်ဝင်စားသွားတာလဲ။

"ဟင် မင်းက ဘာလိုက်လုပ်မှာလဲ''

"မင်းတစ်ယောက်တည်းဖြစ်နေတယ်လေ''

"ဟိတ်ကောင် ငါလည်းလူလေ''

Willy ကမကျေမချမ်းနဲ့ ဝင်ပြောပေမယ့် Alexက Willyစကားကို ရှိတယ်လို့တောင် မထင်ဘူး။

"ဘယ်လိုပဲဖြစ်ဖြစ် ငါလိုက်ခဲ့မယ် သွားမယ် လာ''

Part 35 to be continued

ကိုကိုကြီးက အိုင်တို့ကလေးကို "မ" သွားပါပြီ။ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဆက်လက်စောင့်စားပါရှန်။

Zawgyi below

That Omega is so cute and I can't help Part 34

တစ္ညလုံး မေထြးနိုင္ မအန္နိုင္ျဖစ္ၿပီး Thomas တစ္ညလုံး ေခါင္းတအားခဲေနခဲ့ေပမယ့္ ေျဖရွင္းရမယ့္နည္းလမ္းဆိုတာကို Thoma sစဥ္းစားမိလိုက္ေတာ့ မနက္ေစာေစာပဲ အိပ္ယာက နိုးထလာခဲ့တယ္။

အမွန္ကေတာ့ တစ္ညလုံးလုံး မအိပ္ရေသးဘူးဆိုရင္ေတာ့ ပိုမွန္မွာပဲ။

ဒီေန႕ သူလုပ္မယ့္အေရးႀကီးတဲ့အရာတစ္ခုရွိတာမို႔ တက္ႂကြစြာနဲ႕ပဲ ေရအျမန္ခ်ိဳးၿပီး အဝတ္အစားလွဲလိုက္တယ္။

အဲ့ဒီေနာက္ သူအိမ္ကေနထြက္ခဲ့ေတာ့ အိမ္က ညီႏွစ္ေယာက္ေတာင္နိုးေသးပုံမရဘူး။

မနက္ ခုနစ္နာရီေလာက္ႀကီး အိုလီ့ရဲ႕ အိမ္ေရွ႕ေရာက္ေနေပမယ့္ Thomas မွာ အိုလီ့ကို ဖုန္းေခၚဖို႔အတြက္ ေျခတုံခ်တဳံနဲ႕ စဥ္းစားေနမိတာ ဘယ္ႏွစ္မိနစ္ရွိသြားၿပီမသိေတာ့။ ဘယ္တုန္းကမွ သူ႕ဘက္ကေန စမေခၚဖူးခဲ့တဲ့ ဖုန္းနံပါတ္ေလးကိုၾကည့္ၿပီး သူရင္ခုန္ေနမိတယ္။

ဒါေပမယ့္ သူအခုခ်ိန္မွာ ဖုန္းမေခၚလိုက္ဘူးဆိုရင္ သိပ္မၾကာခင္အခ်ိန္မွာ အိုလီက တျခားသူနဲ႕ ေစ့စပ္ေတာ့မွာ။

အဲ့ဒီလိုအျဖစ္မ်ိဳးကို သူအျဖစ္မခံနိုင္ဘူး၊အဲ့တာေၾကာင့္လက္တုန္တုန္နဲ႕ပဲ သူအိုလီ့ဆီ ဖုန္းေခၚလိုက္တယ္။

"Hello ကိုကိုႀကီး''

အိုလီက ဖုန္းကိုင္ပါ့မလားလို႔ Thomas စိတ္ပူေနခဲ့ေပမယ့္ ပထမဦးဆုံးအႀကိမ္ ဖုန္းေခၚတဲ့အခ်ိန္မွာပဲ အိုလီက ဖုန္းျပန္ေျဖတာမို႔ Thomas အားတက္သြားတာအမွန္။ ဒါေပမယ့္ အသံေလးကေတာ့ အိပ္ခ်င္မူးတူး၊ မနက္ေစာေစာမထတတ္တဲ့ေကာင္ေလးက သူေစ့စပ္မယ့္ေန႕မွာေတာင္ အိပ္ပုတ္ႀကီးလို႔ေကာင္းေနတုန္း။

"Hello အိုလီလား''

"ဟုတ္ကဲ့ ကိုကိုႀကီး ဘာေျပာစရာရွိလို႔လဲ''

အၿမဲတမ္း ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္နဲ႕ ေနခဲ့တဲ့ Thomasက အခုေတာ့ အိုလီ့ကို ေတာင္းပန္စကား ဘယ္ကေန စေျပာရမွန္းမသိဘူး ။

"ဟိုေလ ၿခံျပင္ခဏ ထြက္ခဲ့ပါ့လား''

"ဗ်ာ ၿခံျပင္ ... ကိုကိုႀကီး ကြၽန္ေတာ့္ၿခံေရွ႕ေရာက္ေနတာလား"

"အင္း..."

"ဘာေျပာစရာရွိလို႔လဲ ကိုကိုႀကီး ဟို ကိုကိုႀကီး ေျပာစရာရွိလို႔ရွိရင္ ဖုန္းထဲမွာပဲ ေျပာလို႔မရဘူးလား ကြၽန္ေတာ္အျပင္ထြက္လာဖို႔ အဆင္မေျပလို႔ပါ''

အိုလီ ထြက္လာဖို႔ အဆင္မေျပဘူးဆိုတာ ဒီေန႕ လုပ္မယ့္ ေစ့စပ္ပြဲေၾကာင့္ဆိုတာ Thomas သိတယ္။

ဒါေပမယ့္ အိုလီ့ကို အဲ့ေစ့စပ္ပြဲမလုပ္ျဖစ္ေအာင္ သူတားနိုင္မွျဖစ္မွာမို႔ အိုလီ့ကို ရေအာင္အျပင္ေခၚထုတ္ရမွာပဲ။

"အေရးႀကီးလို႔ပါ အိုလီ Raymus နဲ႕ဆိုင္တဲ့ ကိစၥမို႔ အိုလီနဲ႕ေတြ႕မွ ျဖစ္မွာ''

သူတို႔သူငယ္ခ်င္းႏွစ္ေယာက္က အရမ္းသံေယာဇဥ္ႀကီးၾကတာကို သိတာမို႔ Raymus နာမည္သုံးၿပီး သူေျပာလိုက္ေတာ့ အိုလီက လက္ခံသြားတယ္။

ၿခံတံခါးအျပင္ကို ထြက္လာတဲ့ အိုလီ့ပုံစံကိုၾကည့္ၿပီး Thomas မၿပဳံးပဲမေနနိုင္ဘူး။

အခုမွ အိပ္ယာနိုးပုံရတဲ့ ေကာင္ေလးက ညအိပ္အက်ီဝမ္းဆက္နဲ႕ ဆံပင္ေတြလည္း ပြေယာင္းေယာင္း ျဖစ္လို႔၊ မႈန္ကုတ္ကုတ္နဲ႕ထလာပုံကိုၾကည့္ရင္ သူဖုန္းဆက္လိုက္လို႔ အိပ္ရာကနိုးသြားတာမ်ားလား။

ဒီေကာင္ေလးက ေခ်ာတယ္ဆိုတာ သိေပမယ့္ ညီေလးတစ္ေယာက္လိုပဲ သူသေဘာထားခဲ့တာမို႔ ဘယ္တုန္းကမွ ေသေသခ်ာခ်ာ ေစ့ေစ့မၾကည့္ခဲ့ဖူးေပမယ့္ အခုလို ေသေသခ်ာခ်ာၾကည့္ေတာ့လဲ အိုလီက အေတာ္ေလးခ်စ္ဖို႔ေကာင္းတာ အမွန္ပဲ။

ခ်စ္စရာေကာင္းတဲ့ အိုလီ့ကို Thomas အၾကည့္မလႊဲနိုင္ဘဲ ဆက္ၿပီးေငးေနမိတာ အိုလီက သူ႕ေဘးက Lover Seat တံခါးကိုဖြင့္ၿပီး ဝင္ထိုင္တဲ့အထိပဲ။

အဲ့ဒီထိလည္း Thomas စကားေျပာဖို႔ေမ့ေနလို႔ အိုလီက ေခ်ာင္းတစ္ခ်က္ဟန႔္ၿပီး အသံျပဳတယ္။

"အဟမ္း ကိုကိုႀကီး''

"ဪ အိုလီ''

"ကိုကိုႀကီး ေျပာစရာရွိတာ ျမန္ျမန္ေလးေျပာေပးပါလား ကြၽန္ေတာ္ ခဏေနရင္ ေရမိုးခ်ိဳးၿပီး ျပင္ဆင္စရာရွိတာ ျပင္ဆင္ရဦးမွာ Raymus ဘာျဖစ္လို႔လဲ''

"အာ... Raymus ေနမေကာင္းျဖစ္ေနတယ္ ေဆး႐ုံတင္ထားရလို႔''

"ဗ်ာဘယ္လိုျဖစ္တာလဲ မေန႕ညတုန္းက ကြၽန္ေတာ္နဲ႕ ဖုန္းေျပာတုန္းက အေကာင္းႀကီးပါ''

"ဟုတ္တယ္ ဒီမနက္မွ ဗိုက္ေအာင့္တယ္ ဗိုက္ေအာင့္တယ္ဆိုလို႔ ေဆး႐ုံကို ပို႔ထားရတာ အဲ့တာ Nicholas ကလည္း အိမ္မွာမရွိလို႔ ကိုယ္တစ္ေယာက္တည္း Raymus ကလဲခြဲခန္းဝင္ရမွာလားမသိဘူး၊ အဲဒါ အနားမွာ ဘယ္သူမွမရွိရင္ အဆင္မေျပလို႔ အိုလီခဏေလာက္ လိုက္ခဲ့ေပးပါ''

"ဟာ ဒုကၡပဲ ကြၽန္ေတာ္က ဒီေန႕ ကိစၥတစ္ခုရွိတယ္''

သူေစ့စပ္မယ္ဆိုတဲ့ အေၾကာင္းေတာင္ ထုတ္မေျပာနိုင္တဲ့ အိုလီ့ကို ၾကည့္ၿပီး Thomas ရင္ထဲမွာ တဆစ္ဆစ္နဲ႕ နာလာတယ္။ အခုေတာ့ ကိုယ့္ကို မင္းရဲ႕ အေရးႀကီးတဲ့ အေၾကာင္းအရာေတြေတာင္ ထုတ္မေျပာခ်င္ေတာ့ဘူးေပါ့ေနာ္။ ကိုယ့္အလွည့္က် ခံစားရမွာသိပ္သိတတ္ေနတဲ့ Thomas လည္း အိုလီ့ကို လက္လႊတ္လိုက္ဖို႔ အစီအစဥ္မရွိတာမို႔ ဇြတ္မွိတ္ၿပီး ေျပာခ်လိဳက္တယ္။

"ခဏေလးပါပဲ ခဏေလးပဲလိုက္ခဲ့ေပး ကိုယ္ျပန္လိုက္ပို႔ေပးမယ္ေလ''

"ဟာ ကိုကိုႀကီးကလည္း ကိုကိုႀကီးက Raymus နားမွာ ေနမွျဖစ္မွာေပါ့ ကြၽန္ေတာ့္ဘာသာပဲ ျပန္လိုက္မယ္ လိုအပ္တာေတြ လိုက္စီစဥ္ဖို႔ ခဏပဲ လိုက္ခဲ့မယ္ေလေနာ္''

"ရတယ္ ရတယ္''

အိုလီက သူနဲ႕အတူ လိုက္ခဲ့ဖို႔ သေဘာတူသြားတာမို႔ ထိုင္ခုံခါးပတ္ကို ဆြဲကာ အိုလီ့ကို ခါးပတ္ပတ္ေပးလိုက္တယ္။

ၿပီးေတာ့ ကားကို အျမန္ႏႈန္းနဲ႕ ၿမိဳ႕ျပင္ဘက္ကို သူေမာင္းလာလိုက္တယ္။

ကားရဲ႕ဦးတည္ရာက ေဆး႐ုံတစ္႐ုံကို သြားေနတာ မဟုတ္ဘူးလို႔ သေဘာေပါက္သြားတဲ့ အိုလီက သူ႕ဘက္ကို အကဲခတ္သလိုၾကည့္လာၿပီး ေမးခြန္းထုတ္ေတာ့တယ္။

"ကိုကိုႀကီး ကားက ဘယ္ကိုသြားေနတာလဲ ဒါက ေဆး႐ုံသြားေနတာ မဟုတ္ဘူးမလား''

ေဆး႐ုံသြားေနတာလား ၿမိဳ႕ျပင္သြားေနတာလားဆိုတာ မသိရေလာက္ေအာင္ အိုလီက တုံးအေနတဲ့သူ မဟုတ္ပါ။

သူလည္း သိပ္မၾကာခင္မွာ ဝန္ခံရမယ္ဆိုတာ သိေပမယ့္ အခ်ိန္ရသေလာက္ ဆြဲေနမိတာ။

ေတာ္ၾကာ အိုလီက လက္မခံနိုင္ဘူး ဘာညာနဲ႕ ႐ုတ္႐ုတ္သဲသဲ ျဖစ္ကာ ကားေပၚက ဆင္းေျပးသြားမွာ Thomas စိုးရိမ္ေနရေသးတယ္။

"ကိုယ္ အိုလီ့ကို ခိုးေျပးလာတာ''

အိုလီ့ဘက္လွည့္ကာ Thomas ေျပာလိုက္ေတာ့ မယုံနိုင္သလို ပြင့္အသြားတဲ့ ႏႈတ္ခမ္းေတြက မယုံနိုင္ျခင္းေတြကို အတိအက်ေဖာ္ၫႊန္းလို႔ေနတယ္။

"ကိုကိုႀကီး .. ကိုကိုႀကီး ဘယ္လိုေျပာလိုက္တယ္''

"ကိုယ္ အိုလီ့ကို ခိုးေျပးလာတာလို႔''

"မဟုတ္ဘူးေလ ကိုကိုႀကီးက သိပ္မၾကာခင္ ေစ့စပ္ေတာ့မွာေလ ၿပီးေတာ့ ကြၽန္ေတာ္ ကြၽန္ေတာ္လည္း''

"အိုလီ့အိမ္က အိုလီ့ကို ေစ့စပ္ေပးဖို႔ စီစဥ္ေနတာမလား ကိုယ္သိတယ္ ဒါေပမယ့္ အဲ့ဒီလိုအျဖစ္မ်ိဳးကို ကိုယ္လက္မခံနိုင္ဘူး ကိုယ္အိုလီ့ကို အဆုံးရႉံးမခံနိုင္ဘူး''

"ကိုကိုႀကီး ကိုကိုႀကီးေျပာေတာ့ ကြၽန္ေတာ့္ကို မခ်စ္ဘူးဆို ဘယ္လိုျဖစ္ၿပီး''

"ကိုယ့္ကို အရမ္းအမ်ားႀကီး မေမးပါနဲ႕ အခုခ်ိန္မွာ ကိုယ္ေျပာနိုင္တာက ကိုယ္အိုလီ့ကို အဆုံးရႈံးခံမွာ မဟုတ္ဘူးဆိုတာပဲ အဲ့တာေၾကာင့္ ကိုယ္ အိုလီ့ကို ခိုးေျပးလာတာ''

"ကိုကိုႀကီး အဲ့လိုစိတ္ထဲမွာ ရွိသလို လုပ္လို႔မျဖစ္ဘူး ကြၽန္ေတာ္က ဒီေန႕ပဲ ေစ့စပ္ရေတာ့မွာ ကြၽန္ေတာ့မိဘေတြ မ်က္ႏွာပ်က္ၾကမယ့္ အျဖစ္မ်ိဳးကို ကြၽန္ေတာ္ မလိုခ်င္ဘူး၊ ၿပီးေတာ့ ကိုကိုႀကီးကိုယ္တိုင္လည္း ဟိုေဒါက္တာမေလးနဲ႕ ေစ့စပ္ဖို႔ စီစဥ္ၿပီးၿပီမဟုတ္လား''

"အဲ့တာေတြက အေရးမႀကီးပါဘူး''

"အေရးမႀကီးဘူး ေျပာလို႔မရဘူးေလ ႏွစ္ဖက္က မိသားစု သိကၡာကရွိေသးတယ္ေလ ၿပီးေတာ့ ကိုကိုႀကီးက ကြၽန္ေတာ္ ခ်စ္ပါတယ္လို႔ ေျပာေနတဲ့ အခ်ိန္တုန္းကေတာ့ ကြၽန္ေတာ့္အခ်စ္ကို မတုန႔္ျပန္ခဲ့ပဲနဲ႕ ဘာျဖစ္လို႔ အခုခ်ိန္က်မွ ျပင္ဆင္လို႔မရနိုင္ေတာ့တဲ့ အေျခအေနက်မွ ဘာျဖစ္လို႔ ကြၽန္ေတာ့္ကို အခုလိုမ်ိဳး လုပ္ရတာလဲ''

"ျပင္ဆင္လို႔မရနိုင္ဘူးဆိုတာေတာ့ မရွိပါဘူး ကိုယ္နဲ႕အိုလီက အခုခ်ိန္ထိ လြတ္လပ္ၾကတဲ့သူေတြပဲေလ အဲ့ဒီေတာ့ ကိုယ္တို႔မွာ ဆုံးျဖတ္ခြင့္ရွိေသးတာပဲ''

"ဟင့္အင္း ကြၽန္ေတာ္မလိုက္နိုင္ဘူး ကိုကိုႀကီး ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔ေပးပါ တကယ္လို႔ ကိုကိုႀကီးက ကြၽန္ေတာ့္ကို တကယ္ပဲ သေဘာက်လိဳ႕ လက္ထပ္ခ်င္တယ္ဆိုရင္ေတာင္မွ အိမ္မွာ လူႀကီးေတြကို လာေျပာၿပီး ေကာင္းေကာင္းမြန္မြန္ ေတာင္းရမ္းယူမွေပါ့္''

အိုလီေျပာတဲ့ အစီအစဥ္ကို သူအရင္တုန္းက ေတြးခဲ့မိေပမယ့္ အခုခ်ိန္က်မွေတာ့ မျဖစ္နိုင္ေတာ့ဘူးေလ။

မိန္းကေလးတစ္ေယာက္နဲ႕ လက္ထပ္မယ္၊ေစ့စပ္ေပးပါလို႔ Daddyကို မေန႕တစ္ေန႕ကမွ ေျပာထားတာမို႔ အခုခ်ိန္က်မွ အိုလီ့ကိုေျပာင္းၿပီး သြားေတာင္းေပးပါလို႔ ေျပာရင္လည္း Daddyကသူ႕ကို ေကာင္းေကာင္းႀကီးဆဲမွာ။

ၿပီးေတာ့ အိုလီ့အိမ္ကလည္း အို႔လီကို ေစ့စပ္ေပးဖို႔ စီစဥ္ၿပီးသားျဖစ္ေနၿပီဆိုေတာ့ သူသြားၿပီး ေတာင္းဆိုလည္း ဘယ္လိုမွျဖစ္နိုင္ေတာ့မွာ မဟုတ္ဘူး။

"အိုလီ ေက်းဇူးျပဳၿပီး တိတ္တ္ိတ္ေနကြာ ကိုယ္ကားေမာင္းေနတာ စိတ္မရႈပ္ခ်င္ဘူး''

စိတ္ရႈပ္ရႈပ္နဲ႕ သူ႕ရဲ႕ေလသံ နည္းနည္းမာသြားေတာ့ အိုလီက သူ႕ကို မေက်မနပ္နဲ႕ ေျပာလာတယ္။

"ကိုကိုႀကီးက အၿမဲတမ္း ကိုယ့္အတြက္ပဲကိုယ္ ၾကည့္တာပဲ ကြၽန္ေတာ့္အတြက္ကို ဘယ္တုန္းကမွ မၾကည့္ခဲ့ပဲနဲ႕ အခုခ်ိန္မွ ကြၽန္ေတာ့္ကို လက္မလႊတ္နိုင္လို႔ လက္ထပ္ခ်င္ပါတယ္ဆိုတဲ့ စကားကို ကြၽန္ေတာ္က ဘယ္လိုယုံၾကည္ရမွာလဲ''

".... ..''

"ကြၽန္ေတာ့္ကို အခုျပန္ပို႔ေပးပါ ကြၽန္ေတာ္ ကိုကိုႀကီးနဲ႕ မလိုက္နိုင္ဘူး ''

ေကာင္းေကာင္းေျပာေနတာကို မရပဲနဲ႕ သူ႕ကို တစ္ခြန္းမက်န္ေအာင္ ျပန္ေျပာေနတဲ့ ေကာင္ေလးကို Thoma sစိတ္မရွည္ေတာ့ဘူး။

အဲ့ဒီလိုမ်ိဳး မလုပ္ခ်င္ေပမယ့္ အိုလီက အသာတၾကည္ မလိုက္ဘူးဆိုရင္ သူမလုပ္ခ်င္တဲ့ အလုပ္ကိုလုပ္ရေတာ့မွာပဲ။

အဲ့တာက သူ႕ရဲ႕ခုံေဘးမွာ အသင့္ခ်ထားတဲ့ လက္ကိုင္ပုဝါကို ဆြဲယူၿပီး အိုလီ့ႏွာေခါင္းကို အုပ္လိုက္တယ္။

"Sorryပါ အိုလီ တကယ္လို႔ကိုယ့္ကို ရန္ေတြ႕မယ္ဆိုရင္လည္း အိုလီသတိရလာမွ ရန္ေတြ႕ပါေတာ့''

- That Omega is so cute and I can't help -

အေရွ႕မွာ ဆရာမက စာသင္ေနေပမယ့္ Raymusကေတာ့ ဆရာမဆီမွာ အာ႐ုံမရွိဘူး။

Raymus စိတ္နဲ႕ Raymus သာဆိုရင္ အတန္းတက္မွာ မဟုတ္ဘူး၊ ဒါေပမယ့္ သူ႕မွာ ဘာမဆိုင္ညာမဆိုင္နဲ႕ Alexကို ေၾကာက္ေနရတာေၾကာင့္ အတန္းထဲကိုေတာ့ ေရာက္ေနေလတယ္။

Willy ကေတာ့ အိပ္ေရးမဝလို႔ဆိုကာ သူ႕ေဘးမွာ ထိုင္ကာငိုက္ေနတယ္။

Alex ကေတာ့ သူ႕ရဲ႕ေဘးတစ္ဖက္မွာ ထိုင္ၿပီး ဆရာမစာရွင္းျပတာကို တကုတ္ကုတ္နဲ႕ လိုက္မွတ္ေနေလရဲ႕။ အခုေနာက္ပိုင္း Alex က အိုလီ့ကို Willy ရဲေဘးမွာသြားထိုင္ဖို႔ေျပာၿပီး သူ႕ေဘးနားက ခုံမွာလာထိုင္ခဲ့တယ္။

ဒီေနဆရာမသင္ေနတာက Customer ေတြကို ဘယ္လိုစိတ္ေက်နပ္မႈေပးရမယ္ဆိုတဲ့အေၾကာင္း၊ ဒီအေၾကာင္းက Raymus သိစရာမွမလိုတာ။ တကယ္တမ္း ဒီဘာသာရပ္ကို ကြၽမ္းကြၽမ္းက်င္က်င္ တတ္ေျမာက္သင့္တာက Alexပဲ။

Alex အေနနဲ႕က Raymusကို စိတ္ေက်နပ္မႈေပးဖို႔လိုတယ္ေလ။ သူက ကိုယ့္ကို စာသင္ေပးေနရတဲ့သူဆိုေတာ့ ကိုယ္ကသူ႕ရဲ႕ Customer လို႔ ေျပာလို႔ရတယ္မဟုတ္လား။ အဲဒီေတာ့ Alex က Raymus ကို စိတ္ခ်မ္းသာေအာင္ထားသင့္တာေပါ့။

စာတစ္ခုတည္း ကြက္ေတာ္ေနတဲ့ Alex က က်န္တဲ့အရာေတြမွာဆိုရင္ တအားကိုပိန္းတလိန္းေနတာ။

ဥပမာတစ္ခုေျပာျပရမယ္ဆိုရင္ Alex ဆိုတဲ့ငနဲက Raymusကို အေတာ္ေလးႀကိတ္ေႂကြေနတာေတာင္မွ အခုခ်ိန္ထိ ဖြင့္မေျပာရဲေသးဘူးေလ။ အဲ့ဒါသူ အသုံးမက်တာပဲေပါ့ မဟုတ္ဘူးလားဗ်ာ။

ဒီေန႕ အိုလီေက်ာင္းမတက္တာ သူအေတာ္ပ်င္းေနရတယ္၊ Willy က အတန္းထဲမွာစာသင္ရင္ အၿမဲတမ္းငိုက္ေနက်ဆိဳေတာ့ အခုလည္း သူငိုက္ေနတာ မထူးဆန္းဘူး။

ခါတိုင္းဆိုရင္ေတာ့ Raymus ေဘးမွာထိုင္တဲ့ အိုလီနဲ႕ ႏွစ္ေယာက္သားစကားထိုင္မ်ားၿပီး ေပါက္ေပါက္ေဖာက္ေနက်။

ဒီေန႕ေတာ့ အိုလီက သူ႕အိမ္က ေစ့စပ္ေၾကာင္းလမ္းေပးမွာရွိလို႔ ေက်ာင္းမလာနိုင္ဘူးေလ။ အဲ ေစ့စပ္ေၾကာင္းလမ္းတယ္ဆိုမွ အိုလီတစ္ေယာက္ အဆင္ေျပရဲ႕လားမသိဘူး။

အိုလီက လတ္တေလာအသည္းကြဲထားတာမို႔ ကိုကိုႀကီးမခ်စ္တဲ့ဘဝမွာ အလူးလူးအလဲလဲ ျဖစ္ေနတာမို႔ သူ႕အိမ္ကစီစဥ္ေပးတာကို လက္ခံလိုက္တာ။ တကယ္ဆိုရင္ အိုလီက အဲ့ဒီတစ္ေယာက္ကို သေဘာက်တာမွ မဟုတ္တာ။ အိုလီ့ေျပာပုံအရဆိုရင္ အဲ့ဒီေကာင္မေလးနဲ႕ တစ္ေခါက္ပဲ ေတြ႕ဖူးေသးတာတဲ့။

အဲ့တာကို ဘာေၾကာင့္မ်ား ေစ့စပ္ဖို႔လက္ခံလိုက္လဲ Raymus နားမလည္နိုင္ပါဘူး။ သူ႕မွာ အိုလီ့ကို မခ်င့္မရဲ ျဖစ္ေနေပမယ့္ ဘာမွလည္းမေျပာရဲဘူး ျပႆနာအရင္းခံက သူ႕အကိုျဖစ္ေနတာကိုး။

ကိုကိုႀကီးက ဟိုဆရာဝန္ဆိုတဲ့ အမ်ိဳးသမီးနဲ႕ ေစ့စပ္ဖို႔မေျပာခဲ့ရင္ အခုလိုေတြျဖစ္လာမွာမဟုတ္ဘူး။

အိုလီ့အေျခအေနကိုသိခ်င္တာမို႔ Raymusဖုန္းကိုထုတ္ကာ အိုလီ့ဆီစာပို႔လိုက္ေပမယ့္ အိုလီကစာမျပန္လာေပ။ အိုလီ့အေၾကာင္းကို Raymusက အသိဆုံး၊ ဒင္းက အိမ္သာဝင္ရင္ေတာင္မွ ဖုန္းကိုယူသြားတတ္တဲ့သူမို႔ သူ႕messageကို စာမျပန္ဘူးဆိုေတာ့ အလုပ္ေတြမ်ားေနလို႔လားမသိ။

အဲ့တာနဲ႕ပဲ ဆရာမရဲ႕အရိပ္အေျခၾကည့္ၿပီး Raymus အိုလီ့ဆီဖုန္းေခၚလိုက္ေတာ့လည္း အိုလီက ဖုန္းမကိုင္ဘူး။

ဒါေတာ့ ထူးဆန္းသြားၿပီ အိုလီတစ္ေယာက္ အဆင္မွေျပရဲ႕လားမသိဘူး။ ေတာ္ၾကာ ကိုကိုႀကီးကိုလည္းမရ အိမ္ကေပးစားတဲ့မိန္းမကိုလည္း မလိုခ်င္ဘူးဆိုၿပီး ကိုယ့္ကိုကိုယ္သတ္ေသေနမွ ဒုကၡ ။

Raymus ဖုန္းတစ္လုံးနဲ႕ အလုပ္ရႈပ္ေနတာကို ေဘးမွာထိုင္ေနတဲ့ Alex က ျမင္သြားၿပီး သူ႕ကို မ်က္ေစာင္းႀကီးခဲၿပီး ၾကည့္ေနတယ္။ Raymus လည္း ပုခုံးအသာက်ဳံ႕လို႔ Alex မျမင္ေအာင္ ႀကိတ္ၿပီးဖုန္းေခၚေနရတယ္။

"ကဲ ဒီေန႕ေတာ့ ဒီေလာက္ပါပဲ ဆရာမသြားစရာေလးရွိလို႔ အတန္းကို ဆယ္မိနစ္ေလာက္ေစာဆင္းေပးလိုက္မယ္ေနာ္ ဒီေန႕သင္တဲ့ သင္ခန္းစာကို ၾကည့္ထားပါ ေနာက္လာမယ့္ Assignmentက ဒီေန႕သင္တဲ့ အခန္းအေၾကာင္းပါတယ္''

ဆရာမအတန္းထဲက ထြက္သြားေတာ့ Alexက Raymusဘက္ကို ၾကည့္ၿပီးေျပာတယ္။

"Raymus စာသင္ေနတဲ့တစ္ေလွ်ာက္လုံး အဲ့ဒီဖုန္းကိုတကိုင္ကိုင္နဲ႕ ဘယ္သူနဲ႕ေျပာေနတာလဲ''

Alexက ေမးလည္းေမး သူ႕လက္ထဲက ဖုန္းကိုလည္း ဆြဲယူဖို႔ႀကိဳးစားတယ္။

"ဘယ္သူနဲ႕မွ မဟုတ္ပါဘူးကြာ ဒီမွာအိုလီ့ဆီ စာပို႔ေနတာ''

"မင္းက တစ္ခါလာလည္းအိုလီ တစ္ခါလာလည္းအိုလီနဲ႕ အိုလီ့ကိုႀကိဳက္ေနတာလား''

စူပုတ္ပုတ္နဲ႕ေမးတဲ့ Alex ေၾကာင့္ Raymus ေအာ္ႀကီးဟစ္က်ယ္ ထရယ္မိေတာ့တာပဲ။ ဒီေကာင့္နဲ႕ကြာ ထင္မွထင္တတ္ပါေပ့။

"မဟုတ္တာကြာ မင္းကလည္း အိုလီက ငါ့ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းပဲဟာ''

"အခ်စ္ဆုံးသူငယ္ခ်င္း အခ်စ္ဆုံးသူငယ္ခ်င္းနဲ႕ မင္းတို႔ႏွစ္ေယာက္ကို ၾကည့္လိုက္ရင္ အခ်ိန္ရွိတိုင္း ဖက္ေနတာခ်ည္းပဲ မင္းေနာ္ အေနအထိုင္ဆင္ျခင္''

"ေဟာ္ ငါနဲ႕အိုလီနဲ႕က ငယ္ငယ္တည္းက အဲ့လိုပဲေနလာတေလ ဘာျဖစ္လို႔လဲ မင္းကငါ့ကို သဝန္တိုေနလို႔လား''

"ဘာ... ဘာလို႔ငါကမင္းကို သဝန္တိုရမွာလဲ''

မ်က္လုံးအၾကည့္ကို ေတာင္ကပ္လိုက္ ေျမာက္ကပ္လိုက္နဲ႕ လုပ္ၿပီး ျပန္ေျဖတဲ့ Alexပုံစံက ရယ္ခ်င္စရာ။

Alex က သူ႕ေမးခြန္းေၾကာင့္ ရွက္သြားပုံရကာ မ်က္ႏွာရဲကနဲ ျဖစ္သြားတာကို Raymus အရသာခံၿပီး ၾကည့္ေနမိတယ္။

ဒီေကာင့္ပုံစံကကြာ ဘုရားစူး Alpha တဲ့၊ သူသာ Alex Rutဝင္ေနတဲ့အခ်ိန္နဲ႕ မႀကဳံခဲ့ဘူးဆိုရင္ Alex က Alphaဆိုတာ ဘယ္လိုမွ ယုံနိုင္မွာ မဟုတ္ဘူး။

Raymus တစ္ေယာက္ Alexကို စေနတဲ့အခ်ိန္မွာပဲ သူ႕ရဲ႕ဖုန္းေလး ထျမည္လာခဲ့တယ္။

ဖုန္းေခၚသူကို ၾကည့္လိုက္ေတာ့ ေခၚတဲ့သူက အိုလီျဖစ္ေနတာမို႔ သူလည္း ဖုန္းကိုျမန္ျမန္ေကာက္ကိုင္လိုက္တယ္။

"ေဟ့ အိုလီ အဆင္ေျပရဲ႕လား ငါမင္းကို ဖုန္းဆက္ေနတာ ၾကာလွၿပီ''

"Hello ေမာင္ေလး Raymus လား မမက အိုလီ့အစ္မပါ''

"ဟာ မမ ဟုတ္ကဲ့ ဘာကိစၥရွိလို႔လဲဟင္ အိုလီမရွိဘူးလား''

"အဲ့တာပဲေျပာမလို႔ ေမာင္ေလးေရ အိုလီေပ်ာက္သြားလို႔''

"ဗ်ာ အိုလီေပ်ာက္သြားလို႔ ဟုတ္လား''

အိုလီ့အစ္မရဲ႕ ေျပာစကားေၾကာင့္ Raymus ေခါင္းနပန္းႀကီး သြားမိတယ္။

ခုနေလးကတင္ အိုလီသူ႕ကိုယ္သူ သတ္ေသရင္ ဒုကၡပဲလို႔ Raymus ေတြးေနမိတာေလ။ မလုပ္ေကာင္းလုပ္ေကာင္းေတြေတာ့ အိုလီမလုပ္ေလာက္ပါဘူးေနာ္။

"ေမာင္ေလးေရ ေမာင္ေလးနဲ႕သူနဲ႕ ဘယ္တုန္းက ေနာက္ဆုံးအဆက္အသြယ္ရတာလဲဟင္''

"ကြၽန္ေတာ္တို႔ မေန႕ကညက ဖုန္းေျပာေသးတယ္မမ သူဒီေန႕ ေစ့စပ္တဲ့ ကိစၥရွိလို႔ ေက်ာင္းမလာနိုင္ဘူးဆိုၿပီး ကြၽန္ေတာ့္ကို လွမ္းေျပာတာ အဲ့တာေနာက္ဆုံးပဲ''

"မမသတိထားမိသေလာက္ေတာ့ မေန႕ကညအထိ အိမ္မွာရွိေသးတယ္ အိမ္က သူ႕ေယာက္ဖေျပာတာကေတာ့ မနက္က အိုလီၿခံထဲဆင္းသြားတာေတာ့ ေတြ႕တယ္တဲ့ ဒါေပမယ့္ အိမ္ကေနထြက္ေျပးတာမ်ိဳးလည္း မဟုတ္ေလာက္ဘူး သူ႕ဖုန္းကအစ အကုန္လုံးက်န္ခဲ့တာ''

"အဲ့တာဆို ဘယ္မ်ားသြားတာလဲ မသိဘူးေနာ္ ဟိုနားဒီနား သြားတာေကာ မျဖစ္နိုင္ဘူးလားမမ''

"ဟိုနားဒီနား သြားတာေတာ့ လုံးဝမျဖစ္နိုင္ဘူး အခုသူေပ်ာက္ေနတာက ေတာ္ေတာ္ၾကာေနၿပီ မနက္ကတည္းက ေပ်ာက္ေနတာဆိုေတာ့ ဟိုနားဒီနားသြားတာေတာ့ လုံးဝမျဖစ္နိုင္ဘူး''

"ဟာ အဲဒါဆို ဒုကၡပဲ အိုအီတစ္ေယာက္ကေတာ့ ဘယ္ထြက္သြားတာလဲ မသိဘူး''

"ဟို ဒါနဲ႕ေလ ေမာင္ေလး အိုလီ့မွာ ရည္းစားေတြဘာေတြေကာရွိလားဟင္ ဟို အစ္မတို႔လူႀကီးေတြ စီစဥ္တာကို သေဘာမတူလို႔ ရည္းစားနဲ႕ခိုးေျပးသြားတာေတြ ဘာေတြေကာျဖစ္နိုင္လား''

"အာအဲ့တာလည္းမျဖစ္နိုင္ဘူး အိုလီ့မွာရည္းစားမရွိဘူး''

"ဟယ္ ဒါဆို မမတို႔က ရဲစခန္းပဲလိုက္ရမလား ေဆး႐ုံေဆးခန္းပဲလိုက္ရမလား မသိဘူးျဖစ္သြားၿပီ''

"ဟိုေလ မမ ကြၽန္ေတာ္ Willy ကို ေမးၿပီးျပန္ေခၚလိုက္မယ္ေနာ္ မမတို႔လည္း အေၾကာင္းထူးရင္ ကြၽန္ေတာ့္ကိုျပန္ဆက္ပါဦး ကြၽန္ေတာ္အခုပဲ မမတို႔အိမ္လာခဲ့မယ္ သိလား''

"ေအးပါကြယ္ မင္းတို႔သူငယ္ခ်င္းကို ကူရွာေပးၾကပါဦး ေစ့စပ္ပြဲပ်က္တာ မပ်က္တာ အေရးမႀကီးပါဘူး အခုဟာက လူေပ်ာက္တိုင္ရေတာ့မွာလား ဘာလား မမတို႔လည္း မသိဘူးျဖစ္ေနၾကလို႔''

"ဟုတ္ကဲ့ မမ ကြၽန္ေတာ္နားလည္ပါတယ္ ကြၽန္ေတာ္သိရတာနဲ႕ ခ်က္ခ်င္းအေၾကာင္းၾကားမယ္ေနာ္''

Willy ဆီေမးမယ္ဆိုၿပီး Raymus ဖုန္းခ်လိဳက္ေပမယ့္ တကယ္တမ္းေမးမွာက Willy ကိုမဟုတ္ပဲ ကိုယ့္အစ္ကိုကို ေမးမလို႔ပါ။ အိုလီ့သတင္းၾကားၾကားခ်င္ဒ အိုလီအသည္းကြဲၿပီးတစ္ခုခုမ်ား လုပ္ေနသလားလို႔ သူစိတ္ပူမိခဲ့ေပမယ့္ ေနာက္မွ သူသတိရသြားတာက မေန႕က သူနဲ႕ကိုကိုႀကီးနဲ႕ စကားေျပာခဲ့တဲ့ အေၾကာင္းအရာေတြကိုပဲ။

ကိုယ့္အစ္ကိုကို ကိုယ္အရမ္းယုံၾကည္မႈ မရွိေပမယ့္ မေတာ္တဆမ်ား ကိုကိုႀကီး သေဘာေပါက္သြားၿပီး အိုလီ့ကို ခိုးေျပးတာလားလို႔ သူတိတ္တဆိတ္ ေမွ်ာ္လင့္မိတယ္။

အဲ့ဒီလိုဆိုရင္ေတာ့ အိုလီက အရမ္းေပ်ာ္ေနမယ္ဆိုတာ သူသိတယ္ေလ။

ဒါေပမယ့္ သူနားမလည္တာက အိုလီက ဖုန္းေတြဘာေတြပါ အကုန္လုံးထားၿပီး ထြက္သြားတယ္ဆိုေတာ့ ကိုကိုႀကီးနဲ႕ရွိတာ ဟုတ္မွဟုတ္ရဲ႕လားလို႔ ေတြးမိျပန္ေရာ။

Raymus ဖုန္းေျပာေနတာကိုၾကားတဲ့ Willy က ေဘးကေနေမးခြန္းထုတ္တယ္။

"ဟိတ္ေကာင္ Raymus အိုလီ့အစ္မဆက္တာလား ဘာတဲ့လဲ''

"ေအး အိုလီကအိမ္ကေန ထြက္သြားလို႔တဲ့ ''

"ေဟ ထြက္သြားလို႔ ဟုတ္လား ဘယ္လိုထြက္သြားတာတုန္း''

"ေအး မနက္ေစာေစာတုန္းက ၿခံထဲဆင္းသြားတာကို ေတြ႕ၿပီးတုန္းကတည္းကကို ျပန္ေရာက္မလာေတာ့တာတဲ့ ဖုန္းကလည္းအိမ္မွာက်န္ခဲ့တယ္ လူတစ္ေယာက္ပဲေပ်ာက္ေနတာ ဘာပစၥည္းမွလဲ ယူမသြားဘူးတဲ့ ပိုက္ဆံအိတ္ကအစ အိမ္မွာ က်န္ခဲ့တာလို႔ေျပာတယ္''

"မင္းသူငယ္ခ်င္းက ခိုးရာလိုက္သြားတာလား ဒါမွမဟုတ္ မိန္းမခိုးေျပးသြားတာလား''

အေျခအေန အစအဆုံးကို သေဘာေပါက္တဲ့ Alex က ေဘးကေန ဝင္ေမးတယ္။

"မိန္းမခိုးသြားရေအာင္ သူက မိန္းတစ္ေယာက္နဲ႕ ႀကိဳက္ေနတာ မဟုတ္ဘူး''

"ဟမ္ ဒါဆို ေယာက်ာ္းနဲ႕လား''

"ဟုတ္ေတာ့ဟုတ္တယ္ ဒါေပမယ့္လည္း မဟုတ္ဘူး''

Raymus ကအဲ့ဒီလိုေျပာေတာ့ Alex က မ်က္ေမွာင္လည္းက်ဳံၿပီး ေခါင္းကိုလည္းကုတ္တယ္။

"ေဟ်ာင့္ Raymus ရွင္းရွင္းေျပာစမ္း ငါ့ဟာငါ နဂိုကတည္းက လည္ေနရတဲ့အထဲ''

"ဟာ မင္းကလည္း တုံးလိုက္တာ ဒီလိုကြာ အိုလီက ေယာက်ာ္းေလးကို ႀကိဳက္တာေတာ့ ဟုတ္တယ္ ဒါေပမယ့္ ေယာက်ာ္းခိုးေျပးသြားတာႀကီးက မဟုတ္ေလာက္ျပန္ဘူး သူႀကိဳက္ေနတာ ငါ့အစ္ကို ငါ့အစ္ကိုက သူ႕ကိုျပန္မႀကိဳက္နိုင္ဘူးလို႔ ျငင္းထားတာ"

"ဪ အဲ့ဒီလိုလား''

"ဟုတ္တယ္ မင္းက အဲ့တာကိုမသိပဲနဲ႕ ငါနဲ႕အတင္း ဇြတ္ေပးစားေနတာ ''

"ဪ ငါမွမသိတာ မင္းကလည္း ''

"ကဲကဲ မင္းတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္စစ္ပြဲကို ခဏထားလိုက္ဦး အိုလီ့ ကိစၥကို ဆက္ေျပာစမ္းပါဦး''

Willyက အဲ့လိုစလိုက္ေတာ့ Alex က ရွက္သြားေပမယ့္ Raymus ကေတာ့ ဘယ္လိုမွ မေနေတာ့ဘူး။

သူတို႔ႏွစ္ေယာက္ကို Willyတို႔က အဲ့လိုစေနတာ အၿမဲတမ္းမို႔လို႔ ထူးၿပီး ရွက္မေနေတာ့ပါဘူး။ အခုစိတ္ပူရမွာ သူ႕သူငယ္ခ်င္းကိုပဲ။

"ငါကိုကိုႀကီးကို ဖုန္းေခၚၾကည့္လိုက္ဦးမယ္''

"ေဟ်ာင့္ မင္းအစ္ကိုက အိုလီ့ကို ဒီေလာက္အသည္းအသန္ ျငင္းထားတဲ့ဟာကို အိုလီနဲ႕အတူတူရွိေနတာ ျဖစ္နိုင္ပါ့မလား''

"အဲ့တာေတာ့ ငါ့အစ္ကိုအသိဆုံး ျဖစ္မွာပဲေဟ့ ငါလည္းမေျပာတတ္ဘူး''

"ေနပါဦး မင္းကဘာျဖစ္လို႔ မင္းအစ္ကို သိေလာက္တယ္လို႔ ထင္ေနတာလဲ''

"ဘာျဖစ္လို႔လဲဆိုေတ့ာ မေန႕က ကိုကိုႀကီးက ငါ့ကို အိုလီ့အေၾကာင္းေတြ လာေမးသြားလို႔ ငါအိုလီေစ့စပ္ေတာ့မယ္ဆိုတာ ေျပာျပလိုက္တယ္ .. အဲ .. အဲ ခဏေနဦး ဒီမွာ ကိုကိုႀကီးဆီ ဖုန္းေခၚေနတာဝင္သြားၿပီ''

"Hello ကိုကိုႀကီးလား''

"ေအး ငယ္ေလး ေျပာ''

"ဟိုေလ ကိုကိုႀကီး ကိုကိုႀကီးနဲ႕အိုလီနဲ႕ အခုတူတူရွိေနတာလား''

"အာ ငယ္ေလးသိသြားၿပီလား''

"ဗ်ာ ဒါဆို ကိုကိုႀကီးနဲ႕အိုလီက တကယ္ရွိေနတာလား ''

"အင္း ဟုတ္တယ္ ကိုကိုကႀကီး အိုလီ့ကို ခိုးေျပးသြားတာ''

"ဗ်ာ''

Raymus ထေအာ္လိုက္တာ က်ယ္လြန္းလို႔ ေဘးနားမွာရွိတဲ့ Willy ကေတာင္ သူ႕နားႏွစ္ဖက္ကို အတင္းအုပ္ပိတ္လိုက္တယ္။

Raymusမအံ့ဩပဲ မေနနိုင္၊မေတာ္တဆမ်ား အဲ့ဒီလို ျဖစ္နိုင္တယ္လို႔ ေတြးထားတာေတာင္ တကယ္တမ္း ကိုကိုႀကီးဆီက ၾကားရတဲ့အခ်ိန္မွာ သူမအံ့ဩပဲ ဘယ္လိုမွမေနနိုင္ခဲ့ဘူး။

ကိုကိုႀကီးတို႔မ်ား လက္သြက္ခ်က္ကဗ်ာ။

"ကိုကိုႀကီး အဲ့ဒါဆို တကယ္ေပါ့ေလ ဘယ္ကေနဘယ္လိုျဖစ္ၿပီး အိုလီ့ကို ခိုးေျပးသြားတာလဲ''

"အဲ့တာေတြက ေျပာရရင္ရွည္တယ္ ငယ္လးရာ ေလာေလာဆယ္ အိုလီ့အိမ္ကို အဲ့ဒီလိုပဲ အေၾကာင္းၾကားထားေပး ေနာက္မွ ငါသူ႕ကို ျပန္အပ္မယ္လို႔ပဲ ေျပာထားေပး အားကိုးမယ္ကြာ''

"ဟာ ကိုကိုႀကီး ခဏေနဦးေလ ဟယ္လို ကိုကိုႀကီးေရ''

ကိုကိုႀကီးကို သူဖုန္းျပန္ေခၚေပမယ့္ ကိုကိုႀကီးက ဖုန္းကို စက္ပိတ္သြားတာေၾကာင့္ Raymus မွာ ေခၚလို႔မရေတာ့ဘူး။

ဪ တရားက်ပါေပ့ ညီျဖစ္သူ ေယာက်ာ္းေနာက္လိုက္ေျပးသြားတာကိုအစ္ကိုက လိုက္စီစဥ္ေပးတယ္ဆို ထားပါေတာ့။

သူ႕မွာေတာ့ အခ်စ္ဆုံးသူငယ္ခ်င္းနဲ႕ အစ္ကိုနဲ႕ ခိုးရာလိုက္သြားတဲ့ ကိစၥကို ေရွ႕မ်က္ႏွာ ေနာက္ထားၿပီး အခ်စ္ဆုံးသူငယ္ခ်င္းအိမ္ကို သြားေျပာရမယ့္ အျဖစ္ပါလား။

"ဟိတ္ေကာင္ ဟိတ္ေကာင္ မင္းအစ္ကိုက ဘာတဲ့လဲ''

"ေအး ဟုတ္တယ္ ငါ့အစ္ကိုက အိုလီ့ကို မသြားတာေဟ့''

"ဟာ မင္းအစ္ကိုက မထင္ရဘူး ၾကည့္စမ္း''

"မထင္ရဘူး ၾကည့္စမ္း လုပ္မေနနဲ႕ ငါတို႔အိုလီ့အိမ္ လိုက္သြားရမယ္ Willyမင္းလိုက္ခဲ့''

"ငါ ငါလည္း လိုက္မယ္''

Alex ကပါ ဝင္ေျပာေတာ့ Raymus မွာ တအံ့တဩနဲ႕ သူ႕ကိုၾကည့္ရတယ္။ Alex က ဘယ္တုန္းက တျခားသူရဲ႕ ကိစၥကို ဝင္ပါဖို႔ စိတ္ဝင္စားသြားတာလဲ။

"ဟင္ မင္းက ဘာလိုက္လုပ္မွာလဲ''

"မင္းတစ္ေယာက္တည္းျဖစ္ေနတယ္ေလ''

"ဟိတ္ေကာင္ ငါလည္းလူေလ''

Willy ကမေက်မခ်မ္းနဲ႕ ဝင္ေျပာေပမယ့္ Alexက Willyစကားကို ရွိတယ္လို႔ေတာင္ မထင္ဘူး။

"ဘယ္လိုပဲျဖစ္ျဖစ္ ငါလိုက္ခဲ့မယ္ သြားမယ္ လာ''

Part 35 to be continued

ကိုကိုႀကီးက အိုင္တို႔ကေလးကို "မ" သြားပါၿပီ။ ဘာေတြဆက္ျဖစ္မလဲဆိုတာကေတာ့ ဆက္လက္ေစာင့္စားပါရွန္။

Продовжити читання

Вам також сподобається

431K 42.1K 31
ထက္ျမက္ေသာဘုရင္တစ္ပါးနွင့္ သူ၏အူေႀကာင္ေႀကာင္ အမႈထမ္းတစ္ဦး ။ ဘုရင့္၏ အရႈပ္ေတာ္ပံုတို႔ကို ကူညီေျဖရွင္းေပးေနျခင္းလား။ ဘုရင့္၏ အရႈပ္ေတာ္လုပ္ေနျခင္းလား။ ...
338K 26.8K 29
Mini Story Uni Life Style Sweet Romance
2.5M 133K 48
Lazy Touma suddenly wakes up in a BL novel as the Villain, Nakamura Shin. "..." Fuck the villain role, let me sleep. A grumpy cat-like person wakes...
259K 16.8K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...