Zawgyi
"ခွန်းငယ်..."
"ဒါနဲ့ ဟိုVedio..."
"ဘာ ဘာဖြစ်လို့လဲ..."
"အော် ခဏခွင့်ပြုပါဦး..."
"ဟုတ်ကဲ့ပါဒေါက်တာ..."
"ကောင်းပါပြီဗျာ..."
"အေးပြော..."
...............
"လာစမ်းဒီကို ဖြန်း!..."
"ကောင်းပါပြီ..."
"ဟင် သုဝဏ္ဏလာပြီ..."
"ဟားဟား😅 လိမ်တတ်နေပြီ..."
..........
"အဘွား..."
"ဟုတ်..."
"ကြွပါဘုန်းဘုန်း..."
"မှော်ဘီဘက်ကပါဘုရား..."
"ဘာလဲ လူလား နာနာဘာဝလား..."
"တင်ပါ့ဘုရား..."
............
"သုဝဏ္ဏ..."
"ဟင်..."
"ထားခဲ့ပါတယ်..."
"ဘယ်တုန်းကလဲ ဖြေ..."
"အိမ်မက်ထဲမှာ..."
"ပြောတာဘဲ..."
"Omm ခဏဘဲစောင့်..."
"ရှင်... မခွန်းကြီး"
"ကြယ်လေးကရော..."
"ဟုတ်..."
"ကြယ်လေး..."
"အော် သွားပေါ့..."
"ဟုတ်..."
"နင် နင် ဘယ်သူလဲ..."
...........
တရားခံနဲ့နီးနေပါပြီ😁
Thanks all my reader...
😘😘😘😘😘😘
#DVassan
.....................
Meow-25
Unicode
ရဲမှူးစကားလာပြောတော့ ခပ်လန့်လန့်ရယ်...
ဘာဘဲဖြစ်ဖြစ် ငါမှားတာမရှိတော့ အားတင်းရမှာဘဲလေ😔...
"ညီမ Vedioလာယူတဲ့နေ့က ပြောစရာရှိလို့ စကားစလိုက်တယ်မလား အဲ့တာ အစ်ကိုကိုပြောပြနိုင်မလား အဲ့နေ့ကအရေးကြီးကိစ္စရှိနေလို့ စကားပြတ်သွားတာ☺️..."
"ဟို ထွေထွေထူးထူးတော့မရှိပါဘူး Vedioက ညီမစကြည့်တဲ့ဟာနဲ့ နည်းနည်းကွာတယ် ဘယ်လိုပြောရမလဲ..."
"ဘယ်လိုမျိုးလဲ Editထားတဲ့ပုံစံမျိုးလား ဒါမှမဟုတ် Vedioကနောက်တစ်ခုဖြစ်နေတာလား..."
"အဲ့လိုထင်ရပေမဲ့ အဲ့နေ့ကမမရာအခန်းထဲ ညီမကလွဲကျန်တဲ့သူမရှိပါဘူး... ဝင်လာတဲ့သူလည်းမရှိဘူး အစ်ကိုရောက်မလာခင်အထိ ညီမကြည့်နေပေမဲ့ အစ်ကိုဝင်ကြည့်တော့ ပုံတွေကအဲ့လိုတွေဖြစ်သွားတာပါဘဲ..."
"မျက်နှာမဲနေတာ နှစ်ယောက်တည်းမလား... Vedioထဲကနေ အစ်ကိုပုံထုတ်လာတယ် ဒီမိန်းကလေးကိုမြင်ဖူးလား..."
"ခွန်းငယ်..."
မမရာရောက်လာတာ ငါ့ကိုစိတ်ပူနေတဲ့ပုံဘဲ မမရာလုပ်မှ ဟိုကပိုသံသယဝင်တော့မှာဘဲ...
"အော် ဒေါက်တာ ခုမှပထမဆုံးအကြိမ်တွေ့ဆုံရတာ ဝမ်းသာပါတယ်ခင်ဗျာ..."
"ဟုတ်ကဲ့ ရဲမှူးလှိုင်မင်းအကြောင်းကြားဖူးပြီးသားမလို့ ဆုံချင်နေခဲ့တာ... တွေ့ရတာဝမ်းသာပါတယ်ရှင့်..."
"ဒါနဲ့ ဟိုVedio..."
"ဘာ ဘာဖြစ်လို့လဲ..."
မမရာ စကားထစ်နေပုံနဲ့တော့ ဘယ်လိုစကားဖြတ်ရမလဲ...
"ဒီမယ်လေ မမရာ Vedioထဲကကောင်မလေးပုံကိုပြတာ မြင်ဖူးလားတဲ့..."
"အော် မှတ်မိပြီ... ဒီကလေးမရဲ့အမေ အသတ်ခံလိုက်ရတာ ရက်ရက်စက်စက်ဘဲ... စိတ်ကျန်းမာရေးဆေးရုံမှာ လူတစ်ယောက်ရဲ့နှလုံးကို သစ်သားအချွန်နဲ့ထိုးတာ သွေးအေးချက်ဘဲ... သူ့အသက်က ခန့်မှန်းခြေ ၂၅နှစ်လောက်ရှိပြီထင်တယ်..."
"ဘယ်လို... မဖြစ်နိုင်တာ သူမအကြောင်းစုံစမ်းကြည့်တော့ ဒေါ်နန်းလွှာဖြူတို့နဲ့ပတ်သက်နေတယ်ဗျ..."
"ကျွန်မသိတာတော့ သူကစိတ္တဇဝေဒနာရှင်ပါ မေးခွန်းတွေထုတ်နေကြတာ သူကသူ့အမေကိုပြန်သတ်သလားဆိုပြီးပေါ့..."
"သူ့နာမည်အပြည့်စုံတော့မသိရသေးပေမဲ့ ဒေါ်နန်းလွှာဖြူထောက်ပံ့ကြေးပေးနေတဲ့ ကျောင်းသူတစ်ယောက်ပါ အသက်က၁၆နှစ်ဝန်းကျင် အချိန်ပိုင်းအလုပ်တွေလည်းလုပ်တယ်တဲ့... ခက်တာ မတော်တဆဖြစ်တဲ့ရက်က ရန်ကုန်မှာအလုပ်လုပ်နေတဲ့ CCTVအလီဘိုင်ရှိနေတော့ သဲလွန်စပျောက်သွားပြန်တယ်... ဒေါက်တာပြောတဲ့စိတ်ဝေဒနာသည်ကိုဘဲ အလီဘိုင်စစ်ရမဲ့ပုံပေါက်နေပြီ..."
"ရှင်စစ်စရာမလိုတော့ဘူး... ကျွန်မသံသယဝင်နေလို့ အလီဘိုင်တောင်းထားတယ် ဒီမှာစာရွက်စာတမ်း သူရဲ့စိတ်အခြေအနေအရမ်းဆိုးရွားနေလို့ တိုက်ပိတ်ထားရတဲ့အခြေနေပါ... ဒါဆို ဒါကဘယ်သူများလဲ..."
"မမရာ Phလာနေတယ်ထင်တယ် အိတ်ကပ်ကတုန်နေတယ်..."
"အော် ခဏခွင့်ပြုပါဦး..."
"ဟုတ်ကဲ့ပါဒေါက်တာ..."
"ညီမတို့ပတ်ဝန်းကျင်မှာ သူနဲ့တူတဲ့လူတွေ့ရင် ဒီနံပါတ်ကို အကြောင်းကြားပေးပါ..."
"ဟုတ် ဒါဆိုညီမကိုသွားခွင့်ပြုပါဦး..."
"ကောင်းပါပြီဗျာ..."
သံသယဝင်စရာမရှိပေမဲ့ ဒေါက်တာကိုကြည့်ရတာ စိုးရိမ်နေစိတ်များနေတယ်... ဘာကိုဖုံးကွယ်ထားကြတာလဲ... အရေးကြောင်းဆို ဌာနကလူတွေ တစ်ချိန်လုံးPhခေါ်နေတယ်...
"အေးပြော..."
"ဆရာစုံစမ်းတဲ့ကလေးမရဲ့အလီဘိုင်ကထူးဆန်းနေပါတယ်..."
"ဘာကထူးဆန်းနေတာလဲ သေချာရှင်းအောင်ပြောစမ်း..."
"အလီဘိုင်အပြည့်တင်ပေမဲ့ တစ်ချက်တစ်ချက် သူပြုံးနေတဲ့ပုံက စိတ္တဇဝေဒနာရှင်နဲ့ဆင်တယ် ပြီးတော့တစ်ချိန်လုံး တစ်စုံတစ်ရာကိုရွတ်နေသလိုဘဲ..."
"အေး စစ်မေးထားလိုက် သူ့မိဘBackgroundကိုပါလိုက် တစ်ခုမကျန်သိချင်တယ်..."
ထူးထူးဆန်းဆန်း မှူးဝဿန်ပါလား... ဘေးက Bodyguardတွေနဲ့ ဆေးရုံကိုဘာလာလုပ်ကြတာပါလိမ့် မသင်္ကာစရာကောင်းနေတယ် လက်ထဲကအမဲထုတ်ကဘာဖြစ်နိုင်သလဲ...
...............
တကယ်ဘယ်သူများလဲလို့ ကျိန်စာမိနေတာ နန်းကြယ်ဖြူပါလား... ဒါဆိုသုဝဏ္ဏဒေဝီမသိသေးတဲ့ လျှိုဝှက်ချက်က...
"ဆရာမရောက်နေတာပါလား... အဖေက ဘာ ဘာဖြစ်လို့..."
"လာစမ်းဒီကို ဖြန်း!..."
ရှိသမျှလူတွေအကုန်ကြောင်သွားတယ် ရုတ်တရက်ကြီး ချွေးမဖြစ်သူကိုရိုက်လိုက်တော့...
"အဖေ ဘာဖြစ်လို့နန်းကိုရိုက်တာလဲ..."
"မင်းပါးစပ်ပိတ်ထား... သူတို့မျိုးရိုးကြောင့် ငါ့မြေးထိခိုက်နေရတာ..."
"မိသားစုကိစ္စကို ဝင်မပါသင့်ပေမဲ့ ဒါကဆေးရုံပါ လူနာတွေရှိတာမလို့ အတွင်းရေးဆိုအပြင်မှာဘဲရှင်းကြပါ..."
"တောင်းပန်ပါတယ် ဒေါက်တာ... သမီးနဲ့တွေ့လို့မရသေးဘူးလား သတိရနေပြီဆို..."
"24hrsပြည့်မှ ဧည့်တွေ့ခွင့်ရမှာပါ VIP Roomအခန်းထဲပြောင်းထားပေးပြီးပါပြီ ဒီမှာလူနာတွေများလို့ ခဏပြန်နားကြပါ လူနာစိတ်ချရတဲ့အနေအထားကျမှ Phဆက်လိုက်ပါမယ်..."
"ကောင်းပါပြီ..."
ခွန်းငယ်အခန်းထဲဝင်လာတော့ ဝတ်စုံအပြည့်နဲ့ပေါ့... လူနာကစိတ်ချရတဲ့အနေထားမဟုတ်တော့ စိတ်ပူတယ်...
"ဟင် သုဝဏ္ဏလာပြီ..."
"ကြယ်လေးရယ် ခွန်းငယ်လေ ခွန်းသစ္စာချိုပါ..."
"ဟားဟား😅 လိမ်တတ်နေပြီ..."
ရုတ်တရက် သတိလစ်သွားတဲ့ ခန္ဓာကတဖြည်းဖြည်းလေဟာနယ်ကို ဆန့်ကျင်ပြီး အမှောင်ထုထဲ...
"ကြယ်လေး ကြယ်လေး... မမရာ ကြယ်လေးသတိလစ်သွားပြီ..."
အော်ခေါ်နေပေမဲ့ ဘယ်သူမလာ... ဆေးရုံတစ်ခုလုံးအမှောင်ကျသွားပြီး တစ်စုံတစ်ယောက်ဆွဲတာခံလိုက်ရတာနဲ့အတူ ရေထဲကျသွားတယ်... ငါဘယ်ရောက်နေတာလဲ မွန်း မွန်းတယ်...
"အဘရေ အဘ ဒီမယ်တော့လူတစ်ယောက် ပိုက်ကွန်ထဲမိလို့ပါ ကျုပ်ကြောက်လို့လာကြည့်ပေးပါဦးတော်..."
အသံကြားရာစိုက်ကြည့်ဖို့အားမရှိတော့ နှုတ်ခမ်းပါးမှ ကယ်ပေးပါဆိုတာဘဲ ပဲ့ထင်နေပြီ...
..........
မန္တာန်ကိုအဘွားရွတ်ခိုင်းလို့ ရွတ်နေတုန်း မီးတွေပျက်သွားပြီ အချိန်ခဏလောက်ရပ်တန့်သွားသလိုခံစားလိုက်ရတယ်...
"အဘွား..."
"မြေးရယ် မန္တာန်ရွတ်တာတော့အောင်မြင်ပြီ ရာဇဝင်ကိုပြန်ပြင်ရမှာက သက်ဆိုင်တဲ့သူတွေဘဲ..."
"အဘွား ဘာကြောင့်အဘိုးကကျမ်းစာကို ပြင်ရေးရတာလဲ..."
"မြေးကိုပြောဖူးပြီးသာဖြစ်မှာပါ... ရာဇဝင်မတွင်တဲ့ လိင်တူချစ်သူဘုရင်မနဲ့ကြင်ယာတော်အကြောင်း ဘယ်သူသိမှာလဲ... မျိုးရိုးတွေပြောင်းလာတဲ့နဲ့အမျှ အဘွားတို့မျိုးရိုးထဲ လိင်တူချစ်ခင်မိတဲ့သူတိုင်း အချိန်မစေ့ဘဲ သေပွဲဝင်ခဲ့ရတယ်... ဒါကြောင့် ကျမ်းစာကိုပြင်ရေးလိုက်တဲ့အခါ လိင်တူချစ်ကြိုက်မှုနည်းသွားသလို အသေပျောက်နည်းလာခဲ့တယ်... ကျမ်းစာထဲကတရားခံအစစ်က ခုအပြင်လောကကြီးထဲကို ဝင်ရောက်စပြုနေပြီ မန္တန်အမှန်မရှိဘဲ သူ့ကိုခေါ်လိုက်တဲ့သူရဲ့ ခန္ဓာထဲကိုပေါ့..."
"ဒါဆိုတရားခံကို သမီးတို့ကမပြောပြဘဲ ကျိန်စာမိနေတဲ့သူကိုယ်တိုင်ရှာရမှာပေါ့..."
"ဟုတ်တယ်မြေး အချိန်လေးရက်အတွင်း ရာဇဝင်နဲ့သက်ဆိုင်သူတွေတိုင်း မေ့မျောနေကြလိမ့်မယ်... ရာဇဝင်ထဲက အတိတ်ကိုပြန်ပြင်ရေးနိုင်ဖို့နဲ့ အထင်လွဲမှားမှုတွေကို ပယ်ဖျက်နိုင်ခဲ့ရင် ကျိန်စာမိတဲ့ကလေး အသက်ရှင်မယ်..."
"မပယ်ဖျက်နိုင်ရင် သေမှာလားအဘွား..."
"မပယ်ဖျက်နိုင်ရင်တော့ အတိတ်ကိုရောက်တဲ့သူအားလုံး ကိုမာအခြေနေရောက်သွားလိမ့်မယ်..."
"ကယ်နိုင်မဲ့နည်းလမ်းမရှိဘူးလားအဘွားရယ်..."
"ဒီလောကကိုရောက်နေတဲ့ ယန္တရားကိုကြိုးကိုင်နေတဲ့သူရဲ့ အစီရင်ကို ဖျက်ဆီးပစ်ပြီး အဲ့လူကိုတန်ပြန်မန္တန်ရွတ်မှ အကုန်အဆင်ပြေနိုင်လိမ့်မယ်..."
"ဒါဆို အဲ့လူကိုရှာခိုင်းလိုက်မယ်လေ..."
"မဖြစ်နိုင်ဘူးမြေး ကမ်းခြေမှာအလောင်းတွေထပ်နေတာကြားတယ်မလား..."
"ဟုတ်..."
"သူလူတွေစားနေပြီ ခုချိန်သူအင်အားကြီးနေတဲ့အချိန် အတိတ်ကကျိန်စာသင့်တဲ့သူမှန်သမျှ သူထားရာနေစေရာသွားမဲ့ ရုပ်သေးရုပ်တွေဖြစ်နေကြပြီ..."
"သနားပါတယ် ကြင်ယာတော်ကို အဆိပ်ခတ်ရုံတင်မက သမီးတော်သုန္ဒရီပါ သတ်ပစ်ရတယ်လို့... တကယ်တော့ ယန္တရားစက်ဖန်တီးနေတုန်းဘဲ ဧချင်းကလျာချောင်းမြောင်းသတ်ခံလိုက်ရတယ် ကျိန်စာတိုက်တာ ရူပဒေဝီရဲ့ဖခင်ဖြစ်ပေမဲ့ ဒီလိုကျိန်စာဖန်တီးတဲ့သူက..."
"အဘွားကို သူဌေးကတော်က တွေ့ခွင့်တောင်းနေပါတယ်..."
"သူဌေးကတော် ကောင်းပြီ ဝင်ခိုင်းလိုက်ပါ..."
ဘုန်းကြီးတစ်ပါးနဲ့ ပယောဂဆရာထင်တယ်... ဘာပတ်သက်မှုရှိလို့ပါလိမ့် သူ့လက်ထဲက ငါတို့ထိန်းသိမ်းထားရတဲ့ ကျိန်စာသင့်ကြောင်ရုပ်နဲ့ပါလား...
"ကြွပါဘုန်းဘုန်း..."
"ဒကာကြီးဆီကကြားထားပါတယ် ဒကာမကြီးတို့ မူရင်းမဟုတ်တဲ့ဟာ ဘုန်းကြီးတစ်ပါးကိုလှူလိုက်တယ်ဆို..."
"တင်ပါ့ဘုန်းဘုန်း တပည့်တော်မတို့ဆီသမိုင်းကြောင်းအကုန်ပြောပြပြီး အကူညီတောင်းလို့ လှူလိုက်တာပါ..."
"အဲ့ကိုယ်တော် ဘယ်ကလဲကွဲ့..."
"မှော်ဘီဘက်ကပါဘုရား..."
"အနိစ္စ ဒုက္ခ အနတ္တ...မူရင်းကျမ်းတဲ့ သတ်တဲ့တရားခံပါသလား..."
"တင်ပါ့ ကျိန်စာစတဲ့သူက..."
"ဘုန်းဘုန်း ပယောဂဆရာရဲ့ထောင်ချောက်ကို ကျိန်စာတိုက်တဲ့တရားခံမိနေပါပြီ..."
"ဘာလဲ လူလား နာနာဘာဝလား..."
"ပြောရခက်နေလို့ပါဘုန်းဘုန်း တစ်ချက်လာကြည့်ပေးပါ..."
"ကဲ ဒကာမတို့လည်းလိုက်ခဲ့ တရားခံကိုသိတာဆိုလို့ ဒကာမတို့ဘဲရှိတယ်လေ မန္တန်စာအုပ်ပါယူခဲ့..."
"တင်ပါ့ဘုရား..."
............
နီးနေပေမဲ့ ဝေးနေတဲ့ခံစားချက်က အချစ်စစ်မှာရှိနိုင်ပါ့မလား...မျှော်လင့်ခြင်းနဲ့အသက်ဆက်နေကြတဲ့ လူတစ်ချို့အတွက် မာနတွေကိုခဝါချထားတာလား...
"သုဝဏ္ဏ..."
"ဟင်..."
"မနေ့က ဘာလို့ထားခဲ့တာလဲ..."
"မထားခဲ့ပါဘူးကြယ်လေးရယ်..."
"ထားခဲ့ပါတယ်..."
"ဘယ်တုန်းကလဲ ဖြေ..."
"အိမ်မက်ထဲမှာ..."
"ဟားဟား😂...အပြင်မှာထားမသွားပါဘူးဗျာ..."
"ပြောတာဘဲ..."
"ခွန်းငယ် မာမီကစကားပြောချင်လို့တဲ့ ခဏအပြင်ထွက်ခဲ့ဦး..."
"မြန်မြန်ပြန်လာနော် သုဝဏ္ဏ..."
"Omm ခဏဘဲစောင့်..."
"ခွန်းငယ် ဒယ်ဒီAccidentဖြစ်လို့ USလိုက်သွားရမယ်ထင်တယ်..."
"ရှင်... မခွန်းကြီး"
"ခုမာမီကUSလာဖို့ပြောနေတယ် ဒယ်ဒီအောက်ပိုင်းထိသွားတာ အခြေနေဆိုးတယ် ခွန်းငယ်..."
"ကြယ်လေးကရော..."
"ခွန်းငယ် ဒါကနောက်စရာမဟုတ်ဘူးနော် ဒယ်ဒီနဲ့သူစိမ်းပါ နှိုင်းယှဉ်ရမဲ့အနေထားမဟုတ်ဘူး..."
"ခွန်းငယ်ကိုခဏလောက်အချိန်ပေးပါ..."
"ဟူး... ကောင်းပါပြီ အချိန်တော့မကြာစေနဲ့..."
"ဟုတ်..."
လူတွေကတော့တွေးမှာပေါ့ မိဘနဲ့သူစိမ်းကြား သူစိမ်းကိုပိုဖက်တွယ်နေတာဆိုပြီး...
သူနဲ့စတွေ့ကတည်းက အတိတ်ဆိုတဲ့အိမ်မက်ကမ္ဘာကို ပုံဖော်မိပြီးသားပါ သူဘယ်သူလဲဆိုလဲ သိနှင့်ပြီးသားပါ... ငယ်ကတည်းက စွဲလမ်းခဲ့ရတဲ့ မင်းသမီးလေးက သက်ရှိတစ်ဦးဖြစ်နေပြီ ၁၅၀၀နဲ့၅၂၈စစ်ပြိုင်ခင်းတဲ့အခါ ကြားထဲကမြေစာပင်လေးဘဲ ထိခိုက်တာပါ...
"ကြယ်လေး..."
"ပြန်လာပြီ မျက်နှာမကောင်းပါလား..."
"ခွန်းငယ်ဒယ်ဒီနေမကောင်းလို့ USခဏသွားရမယ်..."
"အော် သွားပေါ့..."
သိနေပါတယ် သူစိတ်မကောင်းဖြစ်သွားပြီ... ဘယ်တတ်နိုင်မလဲ မိဘဆိုတာ အစားထိုးလို့မှမရတာ ထိုနည်းတူဘဲ သူလည်းအစားထိုးလို့မရဘူး...
"စိတ်မကောင်းမဖြစ်ပါနဲ့လေ..."
"မဖြစ်ပါဘူး... ဂရုစိုက်သွားနော် သုဝဏ္ဏ..."
"Omm ကြယ်လေးလည်းဂရုစိုက်နော်..."
"ဟုတ်..."
ထားမသွားပါဘူးဆိုပြီး ထားသွားပြန်ပြီ ကတိတွေမတည်နိုင်ဘဲ ဘာလို့မျှော်လင့်ချက်တွေပေးရတာလဲ... ဘဝကို မျှော်လင့်ခြင်းတွေနဲ့ အသက်ဆက်ရှင်ရတာ ဆားမပါတဲ့ဟင်းတစ်ခွက်လိုဘဲ ပြီးပြည့်စုံတယ်လို့ကိုမရှိဘူး...
"ဟားဟား🤣 အိမ်မက်ထဲတောင် အထားခံရလို့ ဝမ်းနည်းနေပါလား ကျွတ် ကျွတ် မြင်ရတာ သနားလိုက်တာ😎..."
"နင် နင် ဘယ်သူလဲ..."
"မကြောက်ပါနဲ့ရူပလေးရယ်... ဟိုမှာကြည့် ဒီဘဝမှာဆက်နွယ်နေတဲ့သူအကုန်လုံး သက်ဆိုင်ရာအရပ်မှာ အသက်လုနေရပြီဆိုတာ😏..."
"နင်ဘာလိုချင်တာလဲ... ကျန်တဲ့သူတွေကို ဒုက္ခမပေးပါနဲ့ နင်လိုချင်တာငါပေးမယ်..."
"ဟားဟား😂 ငါလိုချင်တာက မှော်ယန္တရားလေ ခက်တာ ဒီလိုအန္တရာယ်တွေကိုကြိုသိလို့ ဧချင်းကလျာက ရူပရဲ့နှလုံးနဲ့အစားထိုးသွားတာဘဲ..."
"လိုချင်ရင် ငါ့အသက်ပါပေးပါတယ် ကျန်တဲ့သူတွေကို ဒုက္ခမပေးပါနဲ့..."
"ရူပကအရင်တုန်းကလို ခပ်တုံးတုံးပါဘဲလား😕... ထားပါလေ မန္တန်ကအသက်ဝင်လာပြီဆိုတော့ အတိတ်ဘဝရဲ့ ကျိန်စာကို ရူပကိုယ်တိုင်ပယ်ဖျက်ပါ ကျိန်စာစတင်တဲ့ တရားခံအစစ်ကိုရှာပါ မဟုတ်ရင်တော့ အသက်ပေါင်းများစွာစတေးရမယ်ဆိုတာ မြဲမြဲမှတ်ထား ဟားဟား😈..."
အမှောင်ထုထဲကျရောက်သွားပြီ... သုဝဏ္ဏဘာမှမဖြစ်ရဘူး ကျိန်စာစတင်တဲ့ တရားခံအစစ်တဲ့
ဘယ်သူဖြစ်နိုင်မလဲ ကျိန်စာအသက်သွင်းတဲ့သူကရော ဘယ်သူဖြစ်နိုင်မလဲ... ရူးတော့မှာဘဲ အချစ်စစ်မှန်ရင် ခက်ခဲကြမ်းတမ်းတယ်တဲ့ ဒီစမ်းသပ်ချက်တွေအောင်မြင်ပါ့မလား ခုတောင် ငါဘယ်ရောက်နေလဲမသိ...
...........
တရားခံနဲ့နီးနေပါပြီ😁
updateကြာလို့တောင်းပန်ပါတယ်ဗျာ ကျွန်တော်နေမကောင်းဖြစ်နေလို့ နည်းနည်းကြာသွားတယ်...
Thanks all my reader...
😘😘😘😘😘😘
#DVassan