Unicode
"တီ တီ တီ"
ဖုန်းမြည်သံကြောင့်ကြည့်လိုက်တော့ မသိတဲ့နံပါတ်တစ်ခု။
"ဟယ်လို"
"ဒေါ်လေးမုံ သမီးနှင်းပါ"
"သမီး သမီးရယ်ဘယ်တွေပျောက်နေတာလဲ စိတ်ပူလိုက်ရတာ"
"တောင်းပန်ပါတယ် ဒေါ်လေးရယ် ဒေါ်လေးကိုမပြောမဆို ထွက်သွားခဲ့မိလို့"
"ရပါတယ်သမီးရယ် သမီးရောအခုဘယ်မှာလဲ ဘာတွေလုပ်နေလဲ"
"အကြောင်းစုံကိုရှင်ပြဖို့ သမီးတို့မနက်ဖြန်တွေ့ရအောင်လေ Cherry Cafe မှာမနက်ဖြန် 10 နာရီ ဒေါ်လေးလာခဲ့ပေးမယ်မဟုတ်လား"
"အင်း ရတယ်လေ သမီး ဒေါ်လေးလာခဲ့မယ်"
"ဟုတ် ဒါဆိုဒေါ်လေးမနက်ဖြန်တွေ့မယ်နော်"
"အင်းအင်း သမီး"
"ဒါဆို သမီးဖုန်းချလိုက်ပြီနော်"
"အင်းအင်း သမီး ကျန်းမာရေးဂရုစိုက်နော်"
"ဟုတ် ဒေါ်လေးရောဘဲ"
နှင်းဖုန်းချပြီးနောက် မင်းမြတ်က
"မနက်ဖြန်တွေ့ရင် ငါမှာထားသလိုပြောနော်"
"အင်းပါ"
"တစ်ခုခုလုပ်လို့ကတော့"
"ဘာမှမလုပ်ပါဘူး ဟုတ်ပြီလား"
နှင်းနဲ့မနက်ဖြန်တွေ့ရတော့မယ်ဆိုသောအသိကြောင့်ဒေါ်လေးမုံ ကောင်းကောင်းတောင်အိပ်မပျော်။မနက်ဖြန်ကိုသာမြန်မြန်ရောက်ချင်နေ၏။
_____/\_______/\_______
"မျက်လုံးကိုစည်းမယ်?"
"ဟုတ်တယ် မင်းလမ်းတွေကိုမှတ်မိနေရင်ဘယ်လိုလုပ်မလဲ"
"ဟုတ်ပါပြီ စည်းပါ စည်းပါ"
နှင်းမျက်လုံးကိုစည်းပြီးနောက်ကားကခြံထဲကနေထွက်ပြီး အပြင်ကိုမောင်းသွားတော့သည်။
ဒေါ်လေးမုံ နှင်းကိုတွေ့ချင်နေတာနဲ့ 9:30 ကတည်းကကြိုရောက်နေ၏။
တစ်ယောက်ထဲဂနာမငြိမ် ထလိုက်အပြင်ကိုထွက်ကြည့်လိုက်နှင့်။
ရောက်ပြီထင်ပါသည်။ကားထိုးရပ်လိုက်ပြီး မျက်လုံးကစည်းထားတာကိုဖြေပေးသည်။
"ငါမှာထားတာကို မမေ့နဲ့နော်"
"အင်းပါ ကျွန်မမှတ်မိပါတယ်"
"တစ်ခုခုလုပ်လို့ကတော့ သေမယ်သာမှတ်"
နှင်းသူ့ကိုစကားမပြန်နေတော့ဘဲနဲ့ ကားပေါ်ကဆင်းလာခဲ့သည်။
ဆိုင်ရှေ့ကိုကြည့်လိုက်တော့ ဒေါ်လေးမုံကဆိုင်ရှေ့မှာ
"ဒေါ်လေး"
"သမီး နှင်း"
နှင်းနဲ့ဒေါ်လေးမုံရဲ့ကြားမှာ ကားလမ်းမတစ်ခုခြား၏။
နှင်းလည်းလမ်းဖြတ် ဒေါ်လေးမုံလည်းလမ်းဖြတ်လာတော့
"တီ တီ တီ တီ"
"ဘုန်းးးးး"
"ဒေါ်လေးးးးး!"
ကားတစ်စီး ဒေါ်လေးမုံကိုဝင်တိုက်သွား၏။
---
လူနာတင်ကားပေါ်ကနေဆင်းပြီး ဆေးရုံထဲကိုအဝင်
ဒေါ်လေးမှာတော့ခေါင်းတစ်ခုလုံးသွေးတွေချည်းဘဲ။နှင်းတစ်ယောက်လည်းလိပ်ပြာလွင့်မတက်။
"ဒေါ်လေး ဒေါ်လေး သတိထားဦးလေ ဒေါ်လေး"
နှင်းတစ်ယောက်မျက်ရည်တွေလည်းကျနေပြီး အသံတွေလည်းတုန်ယင်နေသည်။
"ဝင်လို့မရပါဘူးရှင့်"
အရေပေါ်ခွဲစိတ်ခန်းထဲ ဒေါ်လေးဝင်သွားသည်။
နှင်းတစ်ယောက် မတ်တပ်ရပ်နိုင်စွမ်းမရှိတော့။အောက်ကိုခွေကျသွားပြီးမျက်ရည်တွေလဲအဆက်မပြက်စီးကျလာသည်။
ပါးစပ်ကလည်း
"ဒေါ်လေး ဘာမှမဖြစ်ရဘူးနော် ဒေါ်လေးဘာမှဖြစ်လို့မဖြစ်ဘူး ဒေါ်လေး ဒေါ်လေး"
မင်းမြတ်နဲ့ဝဏခွဲစိတ်ခန်းရှေ့ရောက်လာတော့ နှင်းကမင်းမြတ်ရဲ့ကော်လံအင်္ကျီစကိုဆွဲပြီး
"ဒါတွေရှင့်ကြောင့်ဖြစ်ရတာ! ဒေါ်လေး တစ်ခုခုဖြစ်လို့ကတော့ ရှင့်ကိုဒီအတိုင်းမထာဘူးသတ်ပစ်မှာ!!!"
နှင်းပုံစံကအသိစိတ်လွတ်နေကာ ဘာကိုမှမျက်လုံးထဲမရှိသလို။နှင်းရဲ့ဒီလိုပုံစံကအနည်းငယ်တော့လန့်စရာကောင်းလှသည်။
"မနှင်းပန်းပွင့် သတိလေးထားပါဦး"
ပြောပြီး ဝဏကနှင်းကိုဆွဲသည်။
နှင်းတစ်ယောက်မင်းမြတ်ကိုဆွဲထားတဲ့လက်တွေကို လွှတ်လိုက်ပြီး မူးလဲသွားတော့၏။
"နှင်းပန်းပွင့်! နှင်းပန်းပွင့်!"
_____/\_______/\_______
မျက်လုံးကိုဖွင့်လိုက်တော့ ဆေးရုံခန်းထဲကိုရောက်နေ၏။
လက်မှာလည်းဆေးပိုက်တန်းလန်းနဲ့
"ပင်ပန်းပြီးအားနည်းသွားလို့မူးလဲသွားတာပါ အားဆေးသွင်းပေးထားတယ်နော်"
"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ"
ပြန်ဖြေတဲ့သူက မင်းမြတ်။
"သတိရလာပြီလား"
"ဒေါ်လေးမုံ! ဒေါ်လေးမုံရောဟင်"
"ရှိတယ်"
"ဒေါ်လေးမုံ ဘာမှမဖြစ်ဘူးမလားဟင်"
"အင်း ဘာမှမဖြစ်ဘူး ခွဲစိတ်တာအောင်မြင်တယ်"
"တော်ပါသေးတယ် ကျွန်မဒေါ်လေးမုံကိုသွားတွေ့ချင်တယ်"
"မင်းရရဲ့လား"
"ရပါတယ်"
"အဲ့ဒါဆိုလည်း သွားတွေ့လေ"
"အင်း"
_____/\_______/\_______
အခန်းထဲဝင်လိုက်တော့ ဆေးပိုက်တွေအောက်ဆီဂျင်ပိုက်တန်းလန်းတွေနဲ့ဒေါ်လေးမုံ။
"ခွဲစိတ်တာတော့အောင်မြင်ပါတယ် ဒါပေမယ့်သတိရဖို့တော့ ခက်ခဲမယ်"
"အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးမလား ဆရာ"
"ဒါတော့မပြောနိုင်သေးပါဘူး အခြေအနေကိုစောင့်ကြည့်ရမှာပေါ့ ဒါပေမယ့်ကိုမာအနေအထားဖြစ်ဖို့များတယ်"
"ကိုမာ! ကိုမာဆိုရင်သတိမရတော့ဘဲနဲ့လဲနေတာကိုပြောတာမလား"
"ဟုတ်ပါတယ်"
နှင်းမျက်ရည်တွေမထိန်ထားနိုင်တော့အားရပါးရသာငိုချပစ်လိုက်တော့သည်။
"ဒေါ်လေး ဒါတွေအကုန်လုံးသမီးကြောင့်ဖြစ်ရတာပါ သမီးတောင်းပန်ပါတယ်ဒေါ်လေးရယ်"
ခုတစ်ခေါက်မှာတော့မျက်ရည်တွေနဲ့ကောင်မလေးကိုနှစ်သိမ့်ကာဖက်ထားပေးမယ့်နွေးထွေးတဲ့ရင်ခွင်ငယ်တစ်ခုရှိမနေတော့။
---
"ကိုမာတဲ့လား"
"ဟုတ်ပါတယ် Boss"
မင်းမြတ်စိတ်မကောင်းပေမယ့်လည်းမတတ်နိုင်
"ဒီလိုဖြစ်သွားတာကောင်းတာတစ်ခုတော့ရှိတယ် သူ့ကိုထိန်းချုပ်ဖို့လက်နက်တစ်ခုတော့ရတာပေါ့"
---
"သွားရအောင်"
"ဘယ်ကိုလဲ"
"အိမ်ကို"
"ပြန်မလိုက်နိုင်ဘူး"
"ဘာလို့လဲ မင်းကငါ့အိမ်ရဲ့အိမ်ဖော်မလား အဲ့တော့အိမ်အလုပ်တွေပြန်လုပ်ရမယ်လေ"
"ရူးနေတာလား ဒေါ်လေးမုံကဒီလိုဖြစ်နေတာကိုကျွန်မကအိမ်ကိုပြန်လိုက်ရမှာလား"
"ဟုတ်ပြီလေဒီနေ့တစ်နေ့တော့ဒီမှာနေလိုက်ဦးပေါ့ ဒါပေမယ့် မနက်ဖြန်ဆိုရင်တော့ပြန်လိုက်ရမယ် အိမ်မှာအိမ်ဖော်ကမင်းတစ်ယောက်ထဲရှိတာနော် မင်းမရှိရင်ဘယ်လိုလုပ်မလဲ"
"ကျွန်မဒေါ်လေးသက်သာသွားရင်ပြန်လိုက်ခဲ့ပါ့မယ်"
"No no ငါပြောတာကမနက်ဖြန်"
"ဒေါ်လေးသက်သာသွားရင်ပြန်လိုက်ခဲ့မယ်"
"မနက်ဖြန်"
"ရှင်တော်တော်စာနာစိတ်မရှိတာဘဲ"
"ဟုတ်တယ် ငါ့မှာစာနာစိတ်မရှိဘူး ငါပြောပြီးသားနော်မနက်ဖြန်"
"ဟုတ်ပါပြီ မနက်ဖြန်"
"ဒီလိုမှပေါ့"
မင်းမြတ်တစ်ယောက်အနိုင်ရသူပမာပြုံးလိုက်ပြီး အခန်းထဲကထွက်လာခဲ့၏။
"ကျွန်မရှင့်ရဲ့အဲ့လိုအပြုံးတွေကိုအရမ်းမုန်းတာဘဲ"
💥💢💥
နောက်တစ်နေ့
ဆေးရုံလူနာခန်းထဲ၌ နှင်းတစ်ယောက်လူနာကုတင်ပေါ်မှာခေါင်းလေးတင်ပြီး အိပ်ပျော်နေ၏။ဘေးမှာတော့ဆေးပိုက်တွေအောက်ဆီဂျင်ပိုက်တွေတန်းလန်းနဲ့ ဒေါ်လေးမုံ။
မင်းမြတ်ဆေးရုံကိုလာပြီး အခန်းထဲဝင်လာတော့အိပ်နေတဲ့ နှင်းကိုတွေ့၏။
'ဒီလိုကျတော့ မင်းကဘာမှမသိတဲ့အပြစ်ကင်းစင်တဲ့ကလေးလေးလိုဘဲ'
မင်းမြတ်က်ိုယ့်ဘာသာက်ိုတစ်ယောက်တည်းစိတ်ထဲမှာတွေးမိနေခြင်း။
"ရှင်ရောက်လာပြီလား"
"ဟုတ်တယ် မင်းကိုလာခေါ်တာအိမ်ကိုပြန်လိုက်ခဲ့"
"တောင်းပန်ပါတယ်ကျွန်မမလိုက်နိုင်ဘူး ဒေါ်လေးကိုတစ်ယောက်တည်းမထားခဲ့နိုင်ဘူး"
"ဆေးရုံမှာလည်းဆရာဝန်တွေသူနာပြုတွေရှိနေတာဘဲလေ မင်းရှိတော့ရော မင်းကဘာလုပ်နိုင်မှာမိုလို့လဲပြန်လိုက်ခဲ့"
"မလိုက်နိုင်ဘူးလို့"
"အမိန့်ပေးနေတာ ပြန်လိုက်ခဲ့ ငါစိတ်မတိုချင်ဘူးနော်"
ခုချိန်မှာသူစိတ်တိုလို့မဖြစ်သေးတာကို နှင်းသိသည်။သို့အတွက်ကြောင့်
"အဲ့ဒါဆိုအိမ်အလုပ်တွေအကုန်ပြီးသွားရင်ကျွန်မဒီကို ပြန်လာမယ်ရလား"
"ရတယ်"
"အဲ့ဒါဆို ကျွန်မပြန်လိုက်ခဲ့မယ်"
အိမ်ပြန်ရောက်တော့အိမ်အလုပ်တွေအကုန်ကိုသူမလုပ်သည်။ မြန်မြန်ပြီးလေ ဆေးရုံကိုမြန်မြန်ပြန်သွားရလေဆိုတဲ့စိတ်နဲ့ နှင်းတစ်ယောက်အိမ်အလုပ်တွေကိုမြန်မြန်ပြီးအောင်အားကြိုးမာန်တက်နဲ့ကြိုးစားလုပ်နေ၏။
ည 7 နာရီ လောက်ရောက်တော့ အလုပ်တွေအကုန်ပြီးသွား၏။
"ကျွန်မအလုပ်တွေအကုန်ပြီးသွားပြီ ကျွန်မကိုဆေးရုံကိုပြန်လိုက်ပို့ပေးပါ"
"အကုန်လုံးပြီးပြီလား"
"အင်း မယုံရင်စစ်ကြည့်လို့ရတယ်"
"ဟုတ်ပါပြီ မစစ်တော့ပါဘူး အဝတ်အစားသွားလဲ သွားမယ်"
"အင်း"
"မြန်မြန်တော့လဲနော် ငါစိတ်မရှည်ဘူး"
"အင်းပါ ဒါနဲ့...ကျေးဇူး"
ပြောပြီး နှင်းအဝတ်အစားလဲဖို့ အခန်းပြန်ခဲ့၏။
နှင်းဆီကကျေးဇူးဆိုတဲ့စကားကြားတော့မင်းမြတ်စိတ်ထဲ တစ်မျိုးတော့ဖြစ်သွားတာအမှန်။ဒါပေမယ့်အဲ့ဒါကဘာမှန်းတော့မင်းမြတ်လဲမသိ။
---
ဆေးရုံခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာရှင်းလင်းနေပြီး
သူနာပြုလေးတစ်ယောက်သာသန့်ရှင်းရေးလုပ်နေ၏။
"ဆရာမ ဒီကုတင်ကလူနာရောဟင်"
"ဆေးရုံပြောင်းသွားပါတယ်ရှင့်"
"ရှင် ဘယ်သူကပြောင်းလိုက်တာလဲ လူနာရှင်ကကျွန်မပါ ဘယ်ကိုပြောင်းလိုက်တာလဲဆိုတာရောသိလားရှင့်"
"အဲ့ဒါတော့ ကျွန်မလည်းမသိပါဘူး သွားခွင့်ပြုပါဦး"
နှင်းတစ်ယောက် ရူးချင်စိတ်တောင်ပေါက်သွားရသည်။
"ဘယ်သူကလုပ်တာလဲ ဘယ်သူလဲမဟုတ်မှလွဲရော"
"ရှင်လုပ်လိုက်တာမလား"
"သိရင်ပြီးတာဘဲ"
"ဒေါ်လေးကို ဘယ်ကိုပို့လိုက်တာလဲ"
"ငါကဘာလို့ပြောပြရမှာလဲ"
"ရှင် ရှင် ကျွန်မတောင်းပန်ပါတယ် ပြောပြပါနော်"
"မင်းလုပ်ရက်တွေအပေါ်ကိုမူတည်တယ် မင်းငါ့အနားမှာ သစ္စာရှိရှိနဲ့နေရင်မင်းအဒေါ်ကိုငါပြန်ပေးမယ် မဟုတ်ရင်တော့"
"ဖြန်း"
နှင်း မင်းမြတ်ပါးကိုရိုက်လိုက်၏။
"ရှင့်ကိုယုံခဲ့မိတာကျွန်မမှားတာဘဲ ရှင့်ကိုနည်းနည်းပြောင်းလဲ သွားပြီထင်လိုက်တာ နောက်ဆုံးတော့ရှင်ကရှင်ဘဲကို"
"ဟုတ်တယ် ငါဆိုတဲ့ကောင်ကဘယ်တော့မှမပြောင်းလဲဘူး နားလည်လား နောက်ဆိုရင်ငါ့ပါးကိုထပ်မရိုက်နဲ့နောက်တစ်ခါဆိုငါမခံဘူး သွားမယ်"
နှင်းမျက်ရည်တွေနဲ့သာသူ့နောက်ကလိုက်လာခဲ့ရသည်။
အိမ်ရောက်တော့လည်းတစ်ညလုံးအခန်းထဲမှာနှင်းတစ်ယောက်ငိုနေလေရဲ့။ဒီကံကြမ္မာဆိုးကနေဘယ်တော့များမှလွတ်မြောက်မှာလဲ။လွတ်ရောလွတ်မြောက်နိုင်ပါဦးမလား။
---
နောက်နေ့တွေပုံမှန်အတိုင်းဘဲအလုပ်တွေဆက်လုပ်။
ညကတစ်ညလုံးငိုထားတာကြောင့်နေမယ် နှင်းခေါင်းတွေမူးနေတာ မနက်စာတောင်မစားနိုင်။
နှင်းအခန်းတွေကိုသန့်ရှင်းရေးလုပ်နေရင်း
"ဝေါ့"
ပျို့အန်လာတာကြောင့်အိမ်သာမြန်မြန်ပြေးရ၏။
"ဝေါ့ ဝေါ့"
အတော်ကြာအန်ပြီးရပ်သွားသည့်နောက်မှာတော့
"မဟုတ်မှလွဲရော ငါ ငါ"
_________________________
အရင်ရက်ကမအားလို့အခုမှ up ဖြစ်တယ် sorry ပါနော်🙏🙏🙏နောက်ဆိုတစ်နေ့တစ်ပိုင်း up ဖြစ်အောင် ကြိုးစားပေးပါ့မယ်နော်
*************************
Zawgyi
"တီ တီ တီ"
ဖုန္းျမည္သံေၾကာင့္ၾကည့္လိုက္ေတာ့ မသိတဲ့နံပါတ္တစ္ခု။
"ဟယ္လို"
"ေဒၚေလးမုံ သမီးႏွင္းပါ"
"သမီး သမီးရယ္ဘယ္ေတြေပ်ာက္ေနတာလဲ စိတ္ပူလိုက္ရတာ"
"ေတာင္းပန္ပါတယ္ ေဒၚေလးရယ္ ေဒၚေလးကိုမေျပာမဆို ထြက္သြားခဲ့မိလို႔"
"ရပါတယ္သမီးရယ္ သမီးေရာအခုဘယ္မွာလဲ ဘာေတြလုပ္ေနလဲ"
"အေၾကာင္းစုံကိုရွင္ျပဖို႔ သမီးတို႔မနက္ျဖန္ေတြ႕ရေအာင္ေလ Cherry Cafe မွာမနက္ျဖန္ 10 နာရီ ေဒၚေလးလာခဲ့ေပးမယ္မဟုတ္လား"
"အင္း ရတယ္ေလ သမီး ေဒၚေလးလာခဲ့မယ္"
"ဟုတ္ ဒါဆိုေဒၚေလးမနက္ျဖန္ေတြ႕မယ္ေနာ္"
"အင္းအင္း သမီး"
"ဒါဆို သမီးဖုန္းခ်လိဳက္ၿပီေနာ္"
"အင္းအင္း သမီး က်န္းမာေရးဂ႐ုစိုက္ေနာ္"
"ဟုတ္ ေဒၚေလးေရာဘဲ"
ႏွင္းဖုန္းခ်ၿပီးေနာက္ မင္းျမတ္က
"မနက္ျဖန္ေတြ႕ရင္ ငါမွာထားသလိုေျပာေနာ္"
"အင္းပါ"
"တစ္ခုခုလုပ္လို႔ကေတာ့"
"ဘာမွမလုပ္ပါဘူး ဟုတ္ၿပီလား"
ႏွင္းနဲ႕မနက္ျဖန္ေတြ႕ရေတာ့မယ္ဆိုေသာအသိေၾကာင့္ေဒၚေလးမုံ ေကာင္းေကာင္းေတာင္အိပ္မေပ်ာ္။မနက္ျဖန္ကိုသာျမန္ျမန္ေရာက္ခ်င္ေန၏။
_____/\_______/\_______
"မ်က္လုံးကိုစည္းမယ္?"
"ဟုတ္တယ္ မင္းလမ္းေတြကိုမွတ္မိေနရင္ဘယ္လိုလုပ္မလဲ"
"ဟုတ္ပါၿပီ စည္းပါ စည္းပါ"
ႏွင္းမ်က္လုံးကိုစည္းၿပီးေနာက္ကားကၿခံထဲကေနထြက္ၿပီး အျပင္ကိုေမာင္းသြားေတာ့သည္။
ေဒၚေလးမုံ ႏွင္းကိုေတြ႕ခ်င္ေနတာနဲ႕ 9:30 ကတည္းကႀကိဳေရာက္ေန၏။
တစ္ေယာက္ထဲဂနာမၿငိမ္ ထလိုက္အျပင္ကိုထြက္ၾကည့္လိုက္ႏွင့္။
ေရာက္ၿပီထင္ပါသည္။ကားထိုးရပ္လိုက္ၿပီး မ်က္လုံးကစည္းထားတာကိုေျဖေပးသည္။
"ငါမွာထားတာကို မေမ့နဲ႕ေနာ္"
"အင္းပါ ကြၽန္မမွတ္မိပါတယ္"
"တစ္ခုခုလုပ္လို႔ကေတာ့ ေသမယ္သာမွတ္"
ႏွင္းသူ႕ကိုစကားမျပန္ေနေတာ့ဘဲနဲ႕ ကားေပၚကဆင္းလာခဲ့သည္။
ဆိုင္ေရွ႕ကိုၾကည့္လိုက္ေတာ့ ေဒၚေလးမုံကဆိုင္ေရွ႕မွာ
"ေဒၚေလး"
"သမီး ႏွင္း"
ႏွင္းနဲ႕ေဒၚေလးမုံရဲ႕ၾကားမွာ ကားလမ္းမတစ္ခုျခား၏။
ႏွင္းလည္းလမ္းျဖတ္ ေဒၚေလးမုံလည္းလမ္းျဖတ္လာေတာ့
"တီ တီ တီ တီ"
"ဘုန္းးးးး"
"ေဒၚေလးးးးး!"
ကားတစ္စီး ေဒၚေလးမုံကိုဝင္တိုက္သြား၏။
---
လူနာတင္ကားေပၚကေနဆင္းၿပီး ေဆး႐ုံထဲကိုအဝင္
ေဒၚေလးမွာေတာ့ေခါင္းတစ္ခုလုံးေသြးေတြခ်ည္းဘဲ။ႏွင္းတစ္ေယာက္လည္းလိပ္ျပာလြင့္မတက္။
"ေဒၚေလး ေဒၚေလး သတိထားဦးေလ ေဒၚေလး"
ႏွင္းတစ္ေယာက္မ်က္ရည္ေတြလည္းက်ေနၿပီး အသံေတြလည္းတုန္ယင္ေနသည္။
"ဝင္လို႔မရပါဘူးရွင့္"
အေရေပၚခြဲစိတ္ခန္းထဲ ေဒၚေလးဝင္သြားသည္။
ႏွင္းတစ္ေယာက္ မတ္တပ္ရပ္နိုင္စြမ္းမရွိေတာ့။ေအာက္ကိုေခြက်သြားၿပီးမ်က္ရည္ေတြလဲအဆက္မျပက္စီးက်လာသည္။
ပါးစပ္ကလည္း
"ေဒၚေလး ဘာမွမျဖစ္ရဘူးေနာ္ ေဒၚေလးဘာမွျဖစ္လို႔မျဖစ္ဘူး ေဒၚေလး ေဒၚေလး"
မင္းျမတ္နဲ႕ဝဏခြဲစိတ္ခန္းေရွ႕ေရာက္လာေတာ့ ႏွင္းကမင္းျမတ္ရဲ႕ေကာ္လံအကၤ်ီစကိုဆြဲၿပီး
"ဒါေတြရွင့္ေၾကာင့္ျဖစ္ရတာ! ေဒၚေလး တစ္ခုခုျဖစ္လို႔ကေတာ့ ရွင့္ကိုဒီအတိုင္းမထာဘူးသတ္ပစ္မွာ!!!"
ႏွင္းပုံစံကအသိစိတ္လြတ္ေနကာ ဘာကိုမွမ်က္လုံးထဲမရွိသလို။ႏွင္းရဲ႕ဒီလိုပုံစံကအနည္းငယ္ေတာ့လန႔္စရာေကာင္းလွသည္။
"မႏွင္းပန္းပြင့္ သတိေလးထားပါဦး"
ေျပာၿပီး ဝဏကႏွင္းကိုဆြဲသည္။
ႏွင္းတစ္ေယာက္မင္းျမတ္ကိုဆြဲထားတဲ့လက္ေတြကို လႊတ္လိုက္ၿပီး မူးလဲသြားေတာ့၏။
"ႏွင္းပန္းပြင့္! ႏွင္းပန္းပြင့္!"
_____/\_______/\_______
မ်က္လုံးကိုဖြင့္လိုက္ေတာ့ ေဆး႐ုံခန္းထဲကိုေရာက္ေန၏။
လက္မွာလည္းေဆးပိုက္တန္းလန္းနဲ႕
"ပင္ပန္းၿပီးအားနည္းသြားလို႔မူးလဲသြားတာပါ အားေဆးသြင္းေပးထားတယ္ေနာ္"
"ဟုတ္ကဲ့ ေက်းဇူးပါ ေဒါက္တာ"
ျပန္ေျဖတဲ့သူက မင္းျမတ္။
"သတိရလာၿပီလား"
"ေဒၚေလးမုံ! ေဒၚေလးမုံေရာဟင္"
"ရွိတယ္"
"ေဒၚေလးမုံ ဘာမွမျဖစ္ဘူးမလားဟင္"
"အင္း ဘာမွမျဖစ္ဘူး ခြဲစိတ္တာေအာင္ျမင္တယ္"
"ေတာ္ပါေသးတယ္ ကြၽန္မေဒၚေလးမုံကိုသြားေတြ႕ခ်င္တယ္"
"မင္းရရဲ႕လား"
"ရပါတယ္"
"အဲ့ဒါဆိုလည္း သြားေတြ႕ေလ"
"အင္း"
_____/\_______/\_______
အခန္းထဲဝင္လိုက္ေတာ့ ေဆးပိုက္ေတြေအာက္ဆီဂ်င္ပိုက္တန္းလန္းေတြနဲ႕ေဒၚေလးမုံ။
"ခြဲစိတ္တာေတာ့ေအာင္ျမင္ပါတယ္ ဒါေပမယ့္သတိရဖို႔ေတာ့ ခက္ခဲမယ္"
"အသက္အႏၱရာယ္ေတာ့မစိုးရိမ္ရဘူးမလား ဆရာ"
"ဒါေတာ့မေျပာနိုင္ေသးပါဘူး အေျခအေနကိုေစာင့္ၾကည့္ရမွာေပါ့ ဒါေပမယ့္ကိုမာအေနအထားျဖစ္ဖို႔မ်ားတယ္"
"ကိုမာ! ကိုမာဆိုရင္သတိမရေတာ့ဘဲနဲ႕လဲေနတာကိုေျပာတာမလား"
"ဟုတ္ပါတယ္"
ႏွင္းမ်က္ရည္ေတြမထိန္ထားနိုင္ေတာ့အားရပါးရသာငိုခ်ပစ္လိုက္ေတာ့သည္။
"ေဒၚေလး ဒါေတြအကုန္လုံးသမီးေၾကာင့္ျဖစ္ရတာပါ သမီးေတာင္းပန္ပါတယ္ေဒၚေလးရယ္"
ခုတစ္ေခါက္မွာေတာ့မ်က္ရည္ေတြနဲ႕ေကာင္မေလးကိုႏွစ္သိမ့္ကာဖက္ထားေပးမယ့္ႏြေးေထြးတဲ့ရင္ခြင္ငယ္တစ္ခုရွိမေနေတာ့။
---
"ကိုမာတဲ့လား"
"ဟုတ္ပါတယ္ Boss"
မင္းျမတ္စိတ္မေကာင္းေပမယ့္လည္းမတတ္နိုင္
"ဒီလိုျဖစ္သြားတာေကာင္းတာတစ္ခုေတာ့ရွိတယ္ သူ႕ကိုထိန္းခ်ဳပ္ဖို႔လက္နက္တစ္ခုေတာ့ရတာေပါ့"
---
"သြားရေအာင္"
"ဘယ္ကိုလဲ"
"အိမ္ကို"
"ျပန္မလိုက္နိုင္ဘူး"
"ဘာလို႔လဲ မင္းကငါ့အိမ္ရဲ႕အိမ္ေဖာ္မလား အဲ့ေတာ့အိမ္အလုပ္ေတြျပန္လုပ္ရမယ္ေလ"
"႐ူးေနတာလား ေဒၚေလးမုံကဒီလိုျဖစ္ေနတာကိုကြၽန္မကအိမ္ကိုျပန္လိုက္ရမွာလား"
"ဟုတ္ၿပီေလဒီေန႕တစ္ေန႕ေတာ့ဒီမွာေနလိုက္ဦးေပါ့ ဒါေပမယ့္ မနက္ျဖန္ဆိုရင္ေတာ့ျပန္လိုက္ရမယ္ အိမ္မွာအိမ္ေဖာ္ကမင္းတစ္ေယာက္ထဲရွိတာေနာ္ မင္းမရွိရင္ဘယ္လိုလုပ္မလဲ"
"ကြၽန္မေဒၚေလးသက္သာသြားရင္ျပန္လိုက္ခဲ့ပါ့မယ္"
"No no ငါေျပာတာကမနက္ျဖန္"
"ေဒၚေလးသက္သာသြားရင္ျပန္လိုက္ခဲ့မယ္"
"မနက္ျဖန္"
"ရွင္ေတာ္ေတာ္စာနာစိတ္မရွိတာဘဲ"
"ဟုတ္တယ္ ငါ့မွာစာနာစိတ္မရွိဘူး ငါေျပာၿပီးသားေနာ္မနက္ျဖန္"
"ဟုတ္ပါၿပီ မနက္ျဖန္"
"ဒီလိုမွေပါ့"
မင္းျမတ္တစ္ေယာက္အနိုင္ရသူပမာၿပဳံးလိုက္ၿပီး အခန္းထဲကထြက္လာခဲ့၏။
"ကြၽန္မရွင့္ရဲ႕အဲ့လိုအၿပဳံးေတြကိုအရမ္းမုန္းတာဘဲ"
💥💢💥
ေနာက္တစ္ေန႕
ေဆး႐ုံလူနာခန္းထဲ၌ ႏွင္းတစ္ေယာက္လူနာကုတင္ေပၚမွာေခါင္းေလးတင္ၿပီး အိပ္ေပ်ာ္ေန၏။ေဘးမွာေတာ့ေဆးပိုက္ေတြေအာက္ဆီဂ်င္ပိုက္ေတြတန္းလန္းနဲ႕ ေဒၚေလးမုံ။
မင္းျမတ္ေဆး႐ုံကိုလာၿပီး အခန္းထဲဝင္လာေတာ့အိပ္ေနတဲ့ ႏွင္းကိုေတြ႕၏။
'ဒီလိုက်ေတာ့ မင္းကဘာမွမသိတဲ့အျပစ္ကင္းစင္တဲ့ကေလးေလးလိုဘဲ'
မင်းမြတ်က်ိုယ့်ဘာသာက်ိုတစ်ယောက်တည်းစိတ်ထဲမှာတွေးမိနေခြင်း။
"ရွင္ေရာက္လာၿပီလား"
"ဟုတ္တယ္ မင္းကိုလာေခၚတာအိမ္ကိုျပန္လိုက္ခဲ့"
"ေတာင္းပန္ပါတယ္ကြၽန္မမလိုက္နိုင္ဘူး ေဒၚေလးကိုတစ္ေယာက္တည္းမထားခဲ့နိုင္ဘူး"
"ေဆး႐ုံမွာလည္းဆရာဝန္ေတြသူနာျပဳေတြရွိေနတာဘဲေလ မင္းရွိေတာ့ေရာ မင္းကဘာလုပ္နိုင္မွာမိုလို႔လဲျပန္လိုက္ခဲ့"
"မလိုက္နိုင္ဘူးလို႔"
"အမိန႔္ေပးေနတာ ျပန္လိုက္ခဲ့ ငါစိတ္မတိုခ်င္ဘူးေနာ္"
ခုခ်ိန္မွာသူစိတ္တိုလို႔မျဖစ္ေသးတာကို ႏွင္းသိသည္။သို႔အတြက္ေၾကာင့္
"အဲ့ဒါဆိုအိမ္အလုပ္ေတြအကုန္ၿပီးသြားရင္ကြၽန္မဒီကို ျပန္လာမယ္ရလား"
"ရတယ္"
"အဲ့ဒါဆို ကြၽန္မျပန္လိုက္ခဲ့မယ္"
အိမ္ျပန္ေရာက္ေတာ့အိမ္အလုပ္ေတြအကုန္ကိုသူမလုပ္သည္။ ျမန္ျမန္ၿပီးေလ ေဆး႐ုံကိုျမန္ျမန္ျပန္သြားရေလဆိုတဲ့စိတ္နဲ႕ ႏွင္းတစ္ေယာက္အိမ္အလုပ္ေတြကိုျမန္ျမန္ၿပီးေအာင္အားႀကိဳးမာန္တက္နဲ႕ႀကိဳးစားလုပ္ေန၏။
ည 7 နာရီ ေလာက္ေရာက္ေတာ့ အလုပ္ေတြအကုန္ၿပီးသြား၏။
"ကြၽန္မအလုပ္ေတြအကုန္ၿပီးသြားၿပီ ကြၽန္မကိုေဆး႐ုံကိုျပန္လိုက္ပို႔ေပးပါ"
"အကုန္လုံးၿပီးၿပီလား"
"အင္း မယုံရင္စစ္ၾကည့္လို႔ရတယ္"
"ဟုတ္ပါၿပီ မစစ္ေတာ့ပါဘူး အဝတ္အစားသြားလဲ သြားမယ္"
"အင္း"
"ျမန္ျမန္ေတာ့လဲေနာ္ ငါစိတ္မရွည္ဘူး"
"အင္းပါ ဒါနဲ႕...ေက်းဇူး"
ေျပာၿပီး ႏွင္းအဝတ္အစားလဲဖို႔ အခန္းျပန္ခဲ့၏။
ႏွင္းဆီကေက်းဇူးဆိုတဲ့စကားၾကားေတာ့မင္းျမတ္စိတ္ထဲ တစ္မ်ိဳးေတာ့ျဖစ္သြားတာအမွန္။ဒါေပမယ့္အဲ့ဒါကဘာမွန္းေတာ့မင္းျမတ္လဲမသိ။
---
ေဆး႐ုံခန္းထဲဝင္လိုက္ေတာ့ ကုတင္ေပၚမွာရွင္းလင္းေနၿပီး
သူနာျပဳေလးတစ္ေယာက္သာသန႔္ရွင္းေရးလုပ္ေန၏။
"ဆရာမ ဒီကုတင္ကလူနာေရာဟင္"
"ေဆး႐ုံေျပာင္းသြားပါတယ္ရွင့္"
"ရွင္ ဘယ္သူကေျပာင္းလိုက္တာလဲ လူနာရွင္ကကြၽန္မပါ ဘယ္ကိုေျပာင္းလိုက္တာလဲဆိုတာေရာသိလားရွင့္"
"အဲ့ဒါေတာ့ ကြၽန္မလည္းမသိပါဘူး သြားခြင့္ျပဳပါဦး"
ႏွင္းတစ္ေယာက္ ႐ူးခ်င္စိတ္ေတာင္ေပါက္သြားရသည္။
"ဘယ္သူကလုပ္တာလဲ ဘယ္သူလဲမဟုတ္မွလြဲေရာ"
"ရွင္လုပ္လိုက္တာမလား"
"သိရင္ၿပီးတာဘဲ"
"ေဒၚေလးကို ဘယ္ကိုပို႔လိုက္တာလဲ"
"ငါကဘာလို႔ေျပာျပရမွာလဲ"
"ရွင္ ရွင္ ကြၽန္မေတာင္းပန္ပါတယ္ ေျပာျပပါေနာ္"
"မင္းလုပ္ရက္ေတြအေပၚကိုမူတည္တယ္ မင္းငါ့အနားမွာ သစၥာရွိရွိနဲ႕ေနရင္မင္းအေဒၚကိုငါျပန္ေပးမယ္ မဟုတ္ရင္ေတာ့"
"ျဖန္း"
ႏွင္း မင္းျမတ္ပါးကိုရိုက္လိုက္၏။
"ရွင့္ကိုယုံခဲ့မိတာကြၽန္မမွားတာဘဲ ရွင့္ကိုနည္းနည္းေျပာင္းလဲ သြားၿပီထင္လိုက္တာ ေနာက္ဆုံးေတာ့ရွင္ကရွင္ဘဲကို"
"ဟုတ္တယ္ ငါဆိုတဲ့ေကာင္ကဘယ္ေတာ့မွမေျပာင္းလဲဘူး နားလည္လား ေနာက္ဆိုရင္ငါ့ပါးကိုထပ္မရိုက္နဲ႕ေနာက္တစ္ခါဆိုငါမခံဘူး သြားမယ္"
ႏွင္းမ်က္ရည္ေတြနဲ႕သာသူ႕ေနာက္ကလိုက္လာခဲ့ရသည္။
အိမ္ေရာက္ေတာ့လည္းတစ္ညလုံးအခန္းထဲမွာႏွင္းတစ္ေယာက္ငိုေနေလရဲ႕။ဒီကံၾကမၼာဆိုးကေနဘယ္ေတာ့မ်ားမွလြတ္ေျမာက္မွာလဲ။လြတ္ေရာလြတ္ေျမာက္နိုင္ပါဦးမလား။
---
ေနာက္ေန႕ေတြပုံမွန္အတိုင္းဘဲအလုပ္ေတြဆက္လုပ္။
ညကတစ္ညလုံးငိုထားတာေၾကာင့္ေနမယ္ ႏွင္းေခါင္းေတြမူးေနတာ မနက္စာေတာင္မစားနိုင္။
ႏွင္းအခန္းေတြကိုသန႔္ရွင္းေရးလုပ္ေနရင္း
"ေဝါ့"
ပ်ိဳ႕အန္လာတာေၾကာင့္အိမ္သာျမန္ျမန္ေျပးရ၏။
"ေဝါ့ ေဝါ့"
အေတာ္ၾကာအန္ၿပီးရပ္သြားသည့္ေနာက္မွာေတာ့
"မဟုတ္မွလြဲေရာ ငါ ငါ"
_________________________
အရင္ရက္ကမအားလို႔အခုမွ up ျဖစ္တယ္ sorry ပါေနာ္🙏🙏🙏ေနာက္ဆိုတစ္ေန႕တစ္ပိုင္း up ျဖစ္ေအာင္ ႀကိဳးစားေပးပါ့မယ္ေနာ္