[UNICODE]
"သေချာ စီစဥ်ထားတဲ့ကြားက
ပျက်စီးရတယ်လို့ ။"
မြောက်နန်းဆောင်တွင်ဖြစ်သည်။ မြောက်နန်းဆောင် မိဖုရား၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်ငြား အသံကမူ အလွန်တင်းမာနေသဖြင့် အမျက်ထွက်နေမှန်း သိသာလှသည်။
"အဖွဲ့ကွဲသွားပေမယ့် မင်းသားသီဟနဲ့ အဖွဲ့က တောကောင်ရှာရင်း အိမ်ရှေ့စံရှိတဲ့နေရာကို ရောက်လာခဲ့တာပါ။ အိမ်ရှေ့မင်းသားက ကံကောင်းသွားခဲ့တာပါ။"
"သင်းသာ မရောက်လာရင် အားလုံး အစီအစဥ်တိုင်းဖြစ်မှာပ။ အခုတော့ အားလုံးပျက်စီးကုန်ပြီ။ "
မြောက်နန်းမိဖုရားက လက်သီးကို တင်းကြပ်စွာ ဆုပ်ထားပြီးနောက် ဆံပင်ကို သပ်လိုက်သည်။
"နောက်ထပ်အချိန်အခါကောင်းကို ထပ်မံ စောင့်ဆိုင်းသင့်ကြောင်းပါ ဘုရား၊ ယခုဆိုလျှင် မင်းသားသုန္ဓအနား လုံခြုံရေးပိုမို တင်းကြပ်ထားပေတာမို့ မဆင်မခြင် လှုပ်ရှားရန် မသင့်တော်သေးကြောင်းပါ။ "
"အငိုက်ဖမ်းကာမှ သတိပေးသလို ဖြစ်သွားတယ်မဟုတ်လား ၊ ရှေ့လျှောက် လှုပ်ရှားဖို့အတွက်က ဟာကွက်မရှိအောင် ပြင်ဆင်နိုင်မှ ရမယ် ၊ မဟုတ်ရင် သားရဲတွင်းကို ကိုယ်တိုင်ဝင်တာနဲ့ အတူတူပဲ။ "
"မှန်လှပါ ။"
"စစ်သူကြီးဘက်ကရော ခြေရာလက်ရာ မကျန်တာ သေချာသလား ။"
"သေချာကြောင်းပါ ဘုရား ၊ ဖမ်းမိသူအချို့က ထိုနေရာမှာတင် အဆုံးစီရင်သွားကြောင်းပါ ။"
မိဖုရားက ပြန်မပြောပဲ သက်ပျင်းချလိုက်သည်။
သူ၏ပုံမှာ အလွန်စိတ်ပျက်နေပုံရပြီး မျက်လုံးများ မှိတ်ထားကာ လက်ချောင်းများဖြင့် မျက်ရိုးကိုသာ ဖိနေသည်။ အကယ်၍ အမှုက အစအန ကျန်ခဲ့ပါလျှင် နှစ်ရှည်လများ စီမံထားသမျှ အကုန် သဲထဲရေသွန်ဖြစ်ပေတော့မည်မို့ သူမ စိုးရိမ်မိသည်တော့ အမှန်ပင်။
အတွင်းဝန်မင်းမှာလည်း စကားပြန်ပြောရန် အနေရခက်နေကာ အခြေအနေက တိတ်ဆိတ်သွားသည်။
"သုန္ဓအနားက အတိုင်ပင်ခံဆိုတဲ့ သူကိုလည်း လျှော့မတွက်သင့်ဘူး။ အဲဒီအတိုင်ပင်ခံက ဉာဏ်များလွန်းတဲ့အပြင် သုန္ဓအနားကလည်း မခွာပြန်ဘူး။ စစ်သူကြီးနဲ့လည်း သင်းက တော်ရုံပတ်သတ်နေတာမဟုတ်ပြန်ဘူး။ ကျောင်းတော်မှာတုန်းက အကြောင်းတွေ စုံစမ်းထားမိပေလို့ပေါ့ "
"သည်လိုဆို သုန္ဓ အနားက သူ့ကို ရှင်းထုတ်ရင်ကော မကောင်းပေဘူးလား "
"မဖြစ်ဘူး အဲဒီလိုလုပ်ရင် စစ်သူကြီးနဲ့ ကြားမှာ
ပိုပြီး အဆင်မပြေဖြစ်သွားလိမ့်မယ်"
အတွင်းဝန်မှာ အကြံအိုက်သွားကာ မေးစေ့ရှိ နှုတ်ခမ်းမွှေးများကိုသာ အသာပွတ်သည်။
မိဖုရား၏ အကြည့်တို့က စူးရှနေပြီး တစ်ခုခုကြံစည်ရန် လမ်းစရှာနေသည့်နှယ် ဖြစ်နေသည်။
နေ့ခင်း ဖြစ်သော်ငြား လုပ်စရာဟူ၍ အထွေးအထူး မရှိ၍ စောယွန်းက သုန္ဓ နားတွင်ထိုင်ကာ ပေစာဖတ်နေခဲ့သည်။ သုန္ဓကမူ စောယွန်းကို အတန်ကြာကြည့်နေပြီးမှ စကားစသည်။
"ပီအိုက်။ "
"အင်း။"
စောယွန်းက သုန္ဓကို ငြိမ်ငြိမ်ထိုင်နေရန် ပြောစရာမလိုပေ။ သုန္ဓ၏ အသွင်အပြင်က သူ၏
မှတ်ဉာဏ်ထဲတွင် ကော်ပီပွားထားသည့်နှယ် အတိအကျမှတ်မိနေပြီဖြစ်သည်။ သုန္ဓက
စောယွန်း၏ ပုခုံးတစ်ဖက်ပေါ် လက်တင်ကာ ပန်းချီကားကို ကြည့်နေရင်း ပြောသည်။
"မနေ့က ကိစ္စကို ဘယ်လိုမြင်လဲ? ပီအိုက် အမြင်ကို သိချင်တယ်။"
စောယွန်း၏ လက်ထဲမှ စုတ်တံက လေထဲတွင် တန့်သွားသည်။ ထို့နောက် စောယွန်းက စုတ်တံကို နံဘေးစားပွဲပေါ်မှ ရေခွက်ထဲတွင် နှစ်လိုက်ပြီး ပုခုံးပေါ်မှ သုန္ဓ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ပီအိုက် အခု ပြောတာကမှန်တယ်လို့ မဆိုလိုဘူး ။ ဒီအတိုင်း ဖြစ်နိုင်ချေအရှိဆုံးကို တွေးကြည့်တာပါ။"
သုန္ဓက စောယွန်း၏ အနီးမှ ခုံတွင် ထိုင်လိုက်ပြီး စောယွန်း၏ လက်ကို ဆုပ်ကိုင်ကာ ခေါင်းညိတ်ပြသည်။
"ပီအိုက် အတွေ့အကြုံအရဆို ဖြစ်နိုင်ချေ
တစ်ခုပဲ ရှိတယ်။ နန်းတော်က တစ်ယောက်ယောက် ပါဝင်ပတ်သတ်နေတယ်ဆိုတာပဲ ၊ တောကစားပွဲ ရှိတဲ့အကြောင်းကို နန်းတော်က လူပဲသိတာမဟုတ်လား။ ဒါက ပွဲတော်တစ်ခုလို လူသိရှင်ကြား ကြေငြာထားတာလည်း မဟုတ်လေတော့ အပြင်လူ သိခဲ့ရင်တောင် နန်းတော်ထဲမှာ သတင်းပေး ရှိကိုရှိမှာပဲ ။ အဲဒီတော့ နန်းတော်ထဲကသူတွေကို အရင်ဆုံး သတိထားရမယ်။ ရင်းနှီးတယ်ဆိုပြီးလည်း လျှော့မတွေးသင့်ဘူး ။ ဒီအချိန်က သတိနဲ့နေသင့်တယ်လို့ ပီအိုက်မြင်တယ်။"
"အင်း ၊ဒါပေမယ့် အချိန်တစ်ခုအထိတော့ သူတို့ လှုပ်ရှားဦးမှာ မဟုတ်ဘူး ပီအိုက်။ ထပ်လှုပ်ရှားတာနဲ့ သူတို့ကိုယ်သူတို့ ဖော်သလို ဖြစ်မှာပဲ။ "
စောယွန်းက ခေါင်းအနည်းငယ် ခါလိုက်သည်။
"အဲဒီလို ငြိမ်နေတာလည်း အန္တရာယ်ပိုများတာပဲ ၊ နောက်ထပ် အကြံအစည်ကို ကြံနေတာလို့ မပြောနိုင်ဘူး မဟုတ်လား?"
သုန္ဓက အနည်းငယ် ပြုံးလိုက်ပြီး စောယွန်းအား မျက်ခုံးပင့်ပြသည်။
" ပီအိုက် ၊ သန္နီမှာတုန်းကလို ကျွန်ုပ်တို့ ငါးစာ
ချကြမလား?"
စောယွန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ပီအိုက် ခွင့်မပြုဘူး နောင့်စိုင်း။ အရမ်း အန္တရာယ်များတယ် ၊ ငါးစာချတိုင်း မိတာ မဟုတ်တာ နောင့်စိုင်း မသိတာလည်း မဟုတ် ၊
ပီအိုက်ကို စိတ်ပူပြီး သေအောင် လုပ်မလို့လား?"။ အတွေ့အကြုံနည်းတဲ့ ငါးလေးတွေသာ
ခပ်မြန်မြန် အစာကို ဟပ်ကြလိမ့်မယ်။ မနေ့က အဖြစ်အပျက်က သာမန် ဖြစ်ကတတ်စမ်း စီစဉ်ပြီး တိုက်ခိုက်ကြတာမဟုတ်ဘူး။ အဆက်အသွယ်ကောင်း အတွေ့အကြုံကောင်းရှိတဲ့ ငါးကြီးတွေပဲ ဖြစ်ရမယ်။ ဒီလို ငါးတွေက အလွယ်တကူ အစာကို လာဟပ်ကြမှာမဟုတ်ဘူး။
"ဒါဆိုရင် သူတို့နောက်တစ်ကြိမ်လာတိုက်ခိုက်တဲ့အထိ ကျွန်ုပ်တို့က ထိုင်စောင့်နေရမှာလား
ပီအိုက်?"
"မဟုတ်သေးဘူး ၊ ကြားထဲ ပီအိုက်တို့ စုံစမ်းဖို့လိုတယ်။ "
သုန္ဓက မေးစေ့ကို ပွတ်သည်။
"ဒါပေမယ့် ကျွန်ုပ်တို့ဘက်ကမဟုတ်တဲ့ လူတစ်ယောက်က ပီအိုက်ကို ကာကွယ်ပေးခဲ့တာပဲ။တိုက်ခိုက်နေစဉ်အတွင်းမှာလည်း အဲဒီလူက ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ "
စောယွန်းက သက်ပျင်းချသည်။
"ပီအိုက်လည်း အဲဒီကိစ္စကိုပဲ တွေးနေမိတာ။ "
စောယွန်း၏ မျက်နှာ မကောင်းသည်ကို သုန္ဓ သတိထားမိလိုက်သည်။ စောယွန်းကမူ
ဆွဲလက်စ ပန်းချီကားပေါ်သို့ အကြည့်ရောက်သွားသည်။
စောယွန်း၏ ပန်းချီများတွင် အသက်ဝင်ဆုံး အရာကား မျက်လုံးများဖြစ်သည်။ စောယွန်းက လူပန်းချီဆွဲရာတွင် မျက်လုံးကို ဦးစားပေးကာ ဆွဲလေ့ရှိပြီး မျက်လုံးများက စိတ်၏ ပြတင်းပေါက်ဟူသော ရှိတ်စပီးယား၏ စကားကို သူ လက်ခံယုံကြည်သည်။ သူကိုယ်တိုင်လည်း လူတစ်ယောက်နှင့် စကားပြောလျှင် ထိုသူ၏ မျက်လုံးများကို ကြည့်လေ့ရှိသည်။
ထိုနေ့က မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများကို သူမြင်ဖူးသည်ဟု ခံစားမိပြီး သူ့ကို ထိခိုက်လိုစိတ်မရှိသော မျက်လုံးများဖြစ်ကြောင် သူခံစားမိသည်။
"ပီအိုက်ကို သိန္နီတုန်းက ကိစ္စတစ်ခု ပြောပြစရာရှိတယ်။"
"ပြောလေ နောင့်စိုင်း။ "
"ကျွန်ုပ်တို့ ပထမဆုံး စျေးထဲသွားတုန်းက နောက်ယောင်ခံလိုက်ခံရတာ မှတ်မိလား "
စောယွန်းက သုန္ဓကို လှမ်းကြည့်လိုက်သည်။
"အင်း မှတ်မိတယ်။ "
"ကျွန်ုပ်တို့ အင်းဝမပြန်ခင် ပီအိုက်ကို လက်ဆောင်ဝယ်ပေးဖို့ စျေးထဲသွားတုန်းက စစ်သူကြီးနဲ့ အဲဒီလူတွေ စားသောက်ဆိုင်ထဲမှာ စကားပြောနေတာ တွေ့ခဲ့တယ်။ ဒါပေမယ့်
ပီအိုက်က စစ်သူကြီး အပေါ် ယုံကြည်နေခဲ့တာမို့ ကျွန်ုပ်မပြောဖြစ်ခဲ့တာပဲ"
"အကိုဟန်စစ်က? "
"အင်း "
စောယွန်း၏မျက်လုံးများက အနည်းငယ်
ပြူးကျယ်သွားသည်။ သို့သော် ခဏမျှ နှုတ်ဆိတ်နေမိသည်။
"အကိုဟန်စစ်က တိုင်းပြည်အပေါ် သစ္စာရှိတာမို့ ဒါမျိုးလုပ်မယ်လို့တော့ မယူဆသင့်ဘူး။
ဒါပေမယ့် ပီအိုက်ကို ကာကွယ်ပေးဖို့အတွက်
လူလွှတ်နိုင်တာကလည်း သူတစ်ယောက်ပဲ
ရှိတယ်။ အင်းဝမှာ ပီအိုက်သိတာက ပီအိုက်မိသားစုနဲ့ သုန္ဓတို့အပြင် သူပဲရှိတယ်။"
"ဒီကိစ္စကို သူက အစောထဲက ကြိုသိနေတာလား? "
စောယွန်းက အလျင်အမြန်ခေါင်းခါသည်။
"ဒါပေမယ့် သန္နီမှာတုန်းက ပီအိုက်တို့ကို နောက်ယောင်ခံလိုက်တဲ့သူတွေက အန္တရာယ်မပေးခဲ့လို့ အခုကိစ္စနဲ့ ဆက်စပ်ပြီး တွေးဖို့ မဖြစ်နိုင်ဘူး နောင့်စိုင်း။ ပီအိုက်ကတော့ တခြားတစ်ခုခုကို စဉ်းစားသင့်တယ်ထင်တယ်။ အကိုဟန်စစ်မင်းက တိုင်းပြည်အတွက် အသက်ပေးနိုင်တဲ့လူပါ...မင်းလောင်းဖြစ်တဲ့ အိမ်ရှေ့စံကို ထိခိုက်ဝံ့ပါ့မလား?"
"ပီအိုက်ရဲ့ စကားကို ကျွန်ုပ် လက်ခံပါတယ်။ "
စောယွန်းက လက်မလက်သည်းကို အနည်းငယ် ကိုက်လိုက်သည်။
"နောက်ကွယ်မှာ အာဏာကြီးတဲ့ သူတစ်ဦးဦး ပါဝင်ပတ်သတ်နေမှာကိုပဲ စိုးရိမ်မိတယ် ။
ပီအိုက် အနာဂတ်မှာတုန်းက သင်ခဲ့ရတဲ့ ၊ သိခဲ့ရတဲ့ သမိုင်းဇာတ်ကြောင်းတွေထဲမှာ နန်းတော်က ကြောက်ဖို့အကောင်းဆုံးနေရာပဲ။ ဘုရင်ဖြစ်ဖို့အတွက် မိဘကို သတ်တာ ရှိသလို၊ ညီအကိုချင်းလည်း သတ်ဖို့ ဝန်မလေးကြဘူး။ အမျိုးမျိုး
လှည့်ဖျားပြီး ထီးနန်းကိုရဖို့ ကြိုးစားကြတယ်။"
"ပီအိုက် ဆိုလိုချင်တာကို နောင့်စိုင်း နားလည်ပါတယ်။ အဲဒီလို အခြေအနေတွေအထိ မဖြစ်အောင် ကျွန်ုပ်တို့ တားဆီးနိုင်မှာပါ။ "
"အချိန်မှီ တားဆီးနိုင်ရင်ပဲ ကျေနပ်ပါပြီ ၊ အနည်းဆုံးတော့ သမိုင်းမှာ အမည်းစက်ကြီး ကျန်မနေတော့ဘူးပေါ့ ။"
"ပီအိုက်-- အနာဂတ်က လူတွေက ကျွန်ုပ်တို့ အကြောင်းတွေကို သိနိုင်တာလား ?"
"သိနိုင်တယ်လို့ပဲ ပြောရမှာပေါ့ ၊ အတိအကျ မဟုတ်ပေမယ့် ဘယ်ခေတ်မှာ ဘယ်လို တိုးတက်မှုတွေရှိခဲ့တယ်၊ဘယ်ဘုရင်
ဘယ်မင်းသားကတော့ ဘယ်လိုဆိုပြီး သမိုင်းရာဇဝင်တွေကို မှတ်တမ်းတင်ထားကြတာပေါ့။ "
"ဒါဆိုရင် ပီအိုက်က အခု ဖြစ်လာမယ့်အရာကို သိမှာပေါ့။ "
စောယွန်းက ခေါင်းခါလိုက်သည်။
"တကယ်တော့ အခု နောင့်စိုင်းတို့ ခေတ်ကာလက ပီအိုက် ဖတ်ဖူးတဲ့ သမိုင်းထဲကနဲ့ မတူပဲ ပိုပြီး ခေတ်ရှေ့ပြေးနေတယ် ။ မင်းဆက်ကလည်း
မတူသလို ပိုပြီးလည်း တိုးတက်နေတာမို့ ပီအိုက် ကြိုမသိနိုင်ဘူး ။"
"ဒါပေမယ့်အနည်းဆုံးတော့ နောင်လာမယ့် သမိုင်းမှာ အိမ်ရှေ့စံနဲ့ သူ မြတ်နိုးရတဲ့ ပီအိုက်တို့အကြောင်းတော့ ကျန်ရစ်ခဲ့လောက်မှာပါ ။"
စောယွန်းက သုန္ဓစကားကြားတော့ ရယ်သည်။ သမိုင်းတွင် ပထမဆုံး ဗီရိုအတွင်းမှ ထွက်လာသူ (COME OUT OF CLOSET) အိမ်ရှေ့စံဟူ၍ နာမည်တွင်လာတော့မည်ဟု စောယွန်းက တွေးမိသည်။
"ဘာရယ်စရာ ပါလို့လဲ? "
သုန္ဓက မျက်စောင်းထိုးကာ ပြောသဖြင့်
စောယွန်းက အရယ်ရပ်အောင် ထိန်းလိုက်သည်။
" မရယ်တော့ဘူး -- လာပါ။ ပြန်ထိုင်ပါဦး
မော်ဒယ်ရယ်။ ဆွဲလက်စ ပန်းချီလေး တစ်ဝက်တော့ ပြီးပါရစေ။"
"စာချည်းပဲ ဖတ်မနေပါနဲ့လား ၊ နေမကောင်းတဲ့သူကိုလည်း အဖော်ပြုပေးပါဦး ။ ကုတင်ပေါ်ကလည်း မဆင်းခိုင်းတဲ့အပြင် အကုန်ယူပေးပြီး
ဒီတိုင်းကြီး ထိုင်ခိုင်းထားတော့ လူက ပျင်းလာပြီ"
သုန္ဓ ပြောတော့ စောယွန်းက ပြန်ပြောရန်
ပြင်လိုက်ရုံရှိသေးသော်လည်း သုန္ဓက တစ်ခုခုကို သတိရသွားဟန် အရင်ဦးအောင် ပြောလိုက်သည်။
"ညကလိုတော့ မခေါ်ခိုင်းနဲ့နော် ၊ အဲ့တာတော့
မဖြစ်ဘူးပ "
စောယွန်းက အသံထွက်သည်အထိ ရယ်သည်။
"မခေါ်ခိုင်းတော့ပါဘူး ၊ ဒါပေမယ့် ညက
နောင့်စိုင်းခေါ်တာလေးက ပီအိုက်
တကယ်သဘောကျတယ်။ အသံသွင်းထားလို့ရရင် ကောင်းမှာပဲ ခဏ ခဏ နားထောင်လို့
ရတယ် "
"အသံသွင်းတာ?"
"အာ --- အဲဒါက ဒီလို ၊ ပီအိုက်လာတဲ့ ခေတ်မှာက တစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်သွယ်ဖို့ နည်းပညာတွေ ရှိတယ်လေ။ အသံတွေလည်း သိမ်းထားလို့ ရသလို အရမ်းဝေးနေတဲ့ နေရာတွေရောက်နေကြလည်း တစ်ယောက် နဲ့ တစ်ယောက် ကြားခံအရာနေတစ်ဆင့် မြင်နိုင် ကြားနိုင်ကြတယ် "
"တကယ်ကို တိုးတက်နေတာပဲ "
"ဒါပေါ့"
"ကျွန်ုပ်တောင် ရောက်ဖူးချင်လာပြီ "
"ပီအိုက်လည်း ခေါ်သွားလို့ရရင် ခေါ်သွားချင်ပါတယ် "
စောယွန်းက ကလေးငယ်ပမာ သုန္ဓ၏ ခေါင်းကို ပုတ်လိုက်ရင်းပြောသည်။
သုန္ဓက ထိုင်ခုံမှ ထကာ စောယွန်း၏ ပေါင်ပေါ်တွင် ထိုင်လိုက်သဖြင့် စောယွန်း၏ ကိုယ်က အလိုအလျောက် တွန့်သွားရသည်။ ထို့နောက်
သုန္ဓက စောယွန်း၏ ပုခုံးပေါ် မေးတင်လျက်
နားအနီးတွင် တီးတိုးဆိုသည်။
"ကျွန်ုပ်ကို မချစ်တော့ဘူးလား?"
တစ်သက်လုံး အခြားသူများကိုသာ ချွဲနွဲ့ခဲ့သော စောယွန်းကား တကိုယ်လုံး ကြက်သီးမွှေးညှင်းများပင်ထလာသည်။ သို့သော် သုန္ဓ၏ ဘက်ညီမျှမှုက သူ့ကို ချစ်ရသည့်များစွာသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ ပြောရလျှင်
သုန္ဓကား လူနှစ်ယောက်၏ စိတ်နေစိတ်ထားကို တစ်ကိုယ်တည်းတွင် ပေါင်းစုထားသည့်နှယ်။ စောယွန်းက သုန္ဓ၏ လည်ပင်းကို နမ်းလိုက်ပြီး ကျောကို ပွတ်သပ်ပေးသည်။
"အခုအထိတော့ချစ်ပါသေးတယ်။"
စောယွန်းက စနောက်လိုက်သော်ငြား သုန္ဓက ခေါင်းထောင်ကာ စောယွန်းကို ကြည့်သည်။
သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များက အလွန်နီးကပ်နေပြီး သုန္ဓက စောယွန်းကို အကောင်လိုက် မြိုချချင်နေသည့် စပါးအုံးမြွေနှင့်တူနေကာ စောယွန်းက သုန္ဓ၏ ညှို့ချက်အောက်တွင် တဝဲလည်လည်ဖြစ်နေသော သားကောင်နှင့် တူနေသည်။
သုန္ဓက စောယွန်း၏ အင်္ကျီအောက်ထဲသို့ လက်လျှိုကာ စောယွန်း၏ ခါးကို ကိုင်လိုက်ပြီး စောယွန်းကား သူ၏ အရေပြားက ထိုနေရာမှစ၍ သုန္ဓ၏ လက်သွားရာ ကျောပြင်တလျှောက် ပူနွေးလာသည်ဟု ခံစားမိနေသည်။ သုန္ဓကမူ စောယွန်း၏ ညှပ်ရိုးများကို လက်မဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး ခေါင်းငုံ့၍ နှုတ်ခမ်းများနှင့် ထိကပ်လိုက်သည်။ ထို့နောက် သုန္ဓ၏ နှုတ်ခမ်းနှစ်လွှာက စောယွန်း၏ လည်ပင်းဆီသို့ ရောက်လာချိန်တွင် စောယွန်းက သတိဝင်လာပြီး ကပျာကယာ အခန်းတံခါးသို့ ကြည့်မိသည့်အခါ တံခါးကို အတွင်းမှ ချက်ချထားကြောင်း အတည်ပြုလိုက်နိုင်သည်။
အပြင်ဘက်တွင်မူ နေအလင်းရောင်က မျက်စိကျိန်းလုနီးပါး တောက်ပနေပြီး အရာခပ်သိမ်းက တိတ်ဆိတ်နေသည်။ ထာဝရတည်မြဲသော အရာမရှိသည့်တိုင် အေးချမ်းဆိတ်ငြိမ်မှုက တခဏတာမျှ လွှမ်းမိုးထားခြင်းကား အဆက်မပြတ် ထိတ်လန့်နေရရှာသည့် နှလုံးသားများကို ထိုတခဏအတွင်း တည်ငြိမ်မှုကို
ပေးစွမ်းနေသည်။
"ဦးဦးဗညား။ "
"ဗျား ။"
"မိငယ် ပျင်းတယ် ။"
ထိုကလေးပေါက်စကား ဗညားနားအတော်ကပ်သည်ဟုပြောရမည်။ ယခုလည်း ထင်းခွဲနေသည့် ဗညားအား သူနှင့်ဆော့ရန် ပြောနေပြန်သည်။
"ဦးဦး ဒါတွေ ပြီးအောင် အရင်လုပ်ရမယ် မိငယ်၊ အလုပ်တွေပြီးရင် မိငယ်အတွက် အချိန်ပေးမယ်လေနော်။ "
ဗညားက မအားကြောင်းပြောတော့ ပေါက်စက နှုတ်ခမ်းဆူသည်။
"ဦးဦးကို အမောပြေ ရေလေးတစ်ခွက်လောက်မတိုက်ချင်ဘူးလား? "
ဗညားက ပြုံးကာ ပြောသည်။
"မိငယ် ခပ်ပေးမယ်။"
ပေါက်စက ချက်ချင်းပင် လှုပ်တုတ်လှုပ်တုတ်နှင့် အိမ်ထဲ ပြေးသွားတော့သည်။ ဗညားကမူ ထင်းခွဲခြင်းအလုပ်တွင်သာ အာရုံစူးစိုက်ထားသည်။
ထိုစဥ် ဟန်စစ်မင်းက အပြင်မှ ပြန်လာကာ ခြံဝရောက်နေသည်။ မိငယ်က ရေတစ်ခွက်ကိုင်ကာ အိမ်ထဲမှ ထွက်လာသည်ကို မြင်လိုက်သော
ကြောင့် ဟန်စစ်မင်းက ပြုံးလိုက်သည်။ စိတ်ထဲမှလည်း သည်ကလေး အတော်သိတတ်သည်ဟု တွေးလိုက်သေးသည်။ သို့သော် မိငယ်ကား သူ့ဆီမလာပဲ ကွေ့သွားကာ တစ်ဖက်ရှိ ထင်းခုတ်နေသော ဗညားဆီသို့ ရောက်သွားသည်။
ဟန်စစ်မင်းမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ မျက်နှာကို လွှဲလိုက်ပြီး အိမ်ထဲ ဝင်သွားလေသည်။ ဗညားက ရေခွက်ကို ယူလိုက်သော်လည်း သောက်ရန် မြိုမကျဖြစ်သွားပြီး ဟန်စစ်မင်း၏ နောက်ကျောကို လှမ်းကြည့်သည်။
ညနေရောက်သည့်အခါဟန်စစ်မင်းက အခန်းထဲမှ ထွက်ကာ ခြံထဲ ဆင်းရန်ပြင်သည်။ သို့သော် ခြံထဲတွင် မိငယ်နှင့် ဆော့နေသည့် ဗညားကို မြင်လိုက်ရသည်။ ဗညားက ဟန်စစ်ကို မြင်သည်နှင့် ဆော့နေရာမှ ရပ်လိုက်ကာ လှမ်းကြည့်သည်။ ဟန်စစ်မင်းက မရပ်လိုက်ရန် အရိပ်အကဲပြကာ အိမ်ရှေ့ ကွတ်ပြစ်တွင် ထိုင်လိုက်ပြီး ကြည့်နေသည်။ ဗညားက ခဏကြာ ဆော့နေပေးပြီးနောက် မိငယ်ကို ပြောသည်။
"မိငယ်! "
"ရှင် ဦးဦး"
"ညစာ စားဖို့ နောက်မကျရဘူးလို့ ဦးဦးမှာထားတယ် မဟုတ်လား။ စကားနားမထောင်တဲ့ ကလေးတွေဆို ဦးဦးက မချစ်တာ မိငယ်သိတယ်ဟုတ် "
ဗညားပြောတော့ ပေါက်စက သွားများပေါ်သည်အထိ ရယ်ပြကာ စားဖိုဆောင်ဘက်သို့ ပြေးသွားတော့သည်။
ထို့နောက် ဗညားက ဟန်စစ်မင်းဘက်သို့ လျှောက်သွားကာ မလှမ်းမကမ်းတွင် ထိုင်လိုက်သည်။
"ဟိုနေ့က တာဝန်ကျေပါတယ်။"
ဟန်စစ်မင်းက ပြောလိုက်ရင်း အိတ်ရှုံ့တစ်ခုကို လှမ်းပေးသည်။ ဗညားက အိတ်ကို ဟန်စစ်မင်းထံ ပြန်ပေးရင်းပြောသည်။
"သည်အိမ်မှာ နေဖို့ စားဖို့ပေးထားတာကပဲ အဖိုးအခပေးပြီးသားပါ ။"
"အသုံးလိုတဲ့အခါတော့ အချိန်မရွေးပြောပါ ။"
"ကောင်းပါပြီ ။"
အတန်ကြာ နှစ်ယောက်သား တိတ်ဆိတ်နေပြီးမှ ဟန်စစ်မင်းက ပြောသည်။
"ဗညားက ကလေးချစ်တတ်တယ်နဲ့တူတယ်။"
ဗညားက ဟန်စစ်မင်းကို လှည့်ကြည့်သည်။
"ဆိုပါတော့ အမနဲ့အဘက ကျွန်ုပ် ငယ်စဥ်ထဲက ဆုံးပါးသွားခဲ့တော့ အမျိုးအဆွေတွေထဲက အငယ်တွေကို ထိန်းကျောင်းလာခဲ့ရတာမို့ ကလေးတွေအကြောင်း သိတယ်ပဲ
ပြောရမှာပေါ့။ "
"မိငယ်က ဗညားနား ပိုကပ်တာသာ
ကြည့်ပါလေ ။"
ဗညားက ပြုံးလိုက်သည်။
"ဟန်စစ်ကရော ကလေး မချစ်တတ်ဘူးလား ။"
"အင်း ခပ်ဆိုးဆိုး ကလေးတစ်ယောက်ကိုတော့ ထိန်းခဲ့ဖူးတယ်။ တစ်ယောက်ထဲသာ ထိန်းခဲ့ဖူးပေမယ့် ခုထိ စိတ်မဖြောင့်နိုင်သေးဘူး။ အရွယ်ရောက်လာလို့ ရင့်ကျက်လာလည်း စိတ်ပူနေမိတုန်းပဲ "
ဟန်စစ်က အကြည့်လွှဲရင်း ပြောသည်။
"စောယွန်းလား?"
"အင်း။"
"ညီငယ်စောယွန်းက ကံကောင်းပါတယ်။ ချစ်ခင်နှစ်သက်သူ ပေါများတယ်မဟုတ်လား?"
ဟန်စစ်မင်းက အနည်းငယ် သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် အရွယ်ရောက်လာလေ ကျွန်ုပ်အနားက ဝေးကွာသွားလေလို့ ခံစားရတယ် "
"ဒါကတော့ ပုံမှန်ဖြစ်နေကြအရာ မဟုတ်လား ၊ အချိန်တန်အရွယ်ရောက်ရင်တော့ အကုန်လုံးက ဝေးကွာသွားကြတာပဲ မဟုတ်လား ။"
"နားလည်ပေမယ့် ကျွန်ုပ် တစ်ကိုယ်ကောင်းဆန်နေမိတုန်းပဲ "
ဗညားက ဟန်စစ်မင်းကိုကြည့်ကာ ပြုံးလိုက်သည်။
"ဟန်စစ်က အဖေတစ်ယောက်နဲ့တူတယ်။ စိတ်ချပါ စောယွန်းကို အရှင့်သားက ဂရုစိုက်ပါတယ်။ ကျွန်ုပ် ခဏလေးတွေ့တာတောင် အဲဒါကို ခံစားမိတယ်။ မင်းသားတစ်ပါးဖြစ်ပေမယ့် စောယွန်းရှေ့ကနေ သူကာကွယ်ပေးသေးတယ်"
ဟန်စစ်မင်း မျက်နှာမှာ ရုတ်တရက် မုန်တိုင်းထန်သွားကာ မည်းမှောင်သွားသည်။
"ပင်ပန်းနေလို့ နားတော့မယ် "
ဗညားက စကားဝိုင်းကားလျင်မြန်စွာ အဆုံးသတ်သွား၍ ကြောင်အမ်းအမ်းဖြစ်နေမိသည်။
"ကောင်း--ကောင်းပါပြီ။"
ဟန်စစ်မင်းက ရုတ်တရက် စကားဖြတ်ကာ
ထသွားတော့သည်။ ဗညားကမူ ခြံထဲတွင် ခဏကြာသည်အထိ ထိုင်နေပြီးနောက် တွေးတောနေမိသည်။ ထို့နောက် ဗညား၏ နှုတ်ခမ်းထောင့်က ကွေးသွားပြီး အဖြေတစ်ခုကို သိသွားသည့်
သူပမာ ပြုံးလိုက်တော့သည်။
[ZAWGYI]
"ေသခ်ာ စီစဥ္ထားတဲ့ၾကားက
ပ်က္စီးရတယ္လို႔ ။"
ေျမာက္နန္းေဆာင္တြင္ျဖစ္သည္။ ေျမာက္နန္းေဆာင္ မိဖုရား၏ မ်က္ႏွာအမူအရာက တည္ၿငိမ္ေနေသာ္ျငား အသံကမူ အလြန္တင္းမာေနသျဖင့္ အမ်က္ထြက္ေနမွန္း သိသာလွသည္။
"အဖြဲ႕ကြဲသြားေပမယ့္ မင္းသားသီဟနဲ႕ အဖြဲ႕က ေတာေကာင္ရွာရင္း အိမ္ေရွ႕စံရွိတဲ့ေနရာကို ေရာက္လာခဲ့တာပါ။ အိမ္ေရွ႕မင္းသားက ကံေကာင္းသြားခဲ့တာပါ။"
"သင္းသာ မေရာက္လာရင္ အားလုံး အစီအစဥ္တိုင္းျဖစ္မွာပ။ အခုေတာ့ အားလုံးပ်က္စီးကုန္ၿပီ။ "
ေျမာက္နန္းမိဖုရားက လက္သီးကို တင္းၾကပ္စြာ ဆုပ္ထားၿပီးေနာက္ ဆံပင္ကို သပ္လိုက္သည္။
"ေနာက္ထပ္အခ်ိန္အခါေကာင္းကို ထပ္မံ ေစာင့္ဆိုင္းသင့္ေၾကာင္းပါ ဘုရား၊ ယခုဆိုလွ်င္ မင္းသားသုႏၶအနား လုံၿခဳံေရးပိုမို တင္းၾကပ္ထားေပတာမို႔ မဆင္မျခင္ လႈပ္ရွားရန္ မသင့္ေတာ္ေသးေၾကာင္းပါ။ "
"အငိုက္ဖမ္းကာမွ သတိေပးသလို ျဖစ္သြားတယ္မဟုတ္လား ၊ ေရွ႕ေလွ်ာက္ လႈပ္ရွားဖို႔အတြက္က ဟာကြက္မရွိေအာင္ ျပင္ဆင္နိုင္မွ ရမယ္ ၊ မဟုတ္ရင္ သားရဲတြင္းကို ကိုယ္တိုင္ဝင္တာနဲ႕ အတူတူပဲ။ "
"မွန္လွပါ ။"
"စစ္သူႀကီးဘက္ကေရာ ေျခရာလက္ရာ မက်န္တာ ေသခ်ာသလား ။"
"ေသခ်ာေၾကာင္းပါ ဘုရား ၊ ဖမ္းမိသူအခ်ိဳ႕က ထိုေနရာမွာတင္ အဆုံးစီရင္သြားေၾကာင္းပါ ။"
မိဖုရားက ျပန္မေျပာပဲ သက္ပ်င္းခ်လိဳက္သည္။
သူ၏ပုံမွာ အလြန္စိတ္ပ်က္ေနပုံရၿပီး မ်က္လုံးမ်ား မွိတ္ထားကာ လက္ေခ်ာင္းမ်ားျဖင့္ မ်က္ရိုးကိုသာ ဖိေနသည္။ အကယ္၍ အမႈက အစအန က်န္ခဲ့ပါလွ်င္ ႏွစ္ရွည္လမ်ား စီမံထားသမွ် အကုန္ သဲထဲေရသြန္ျဖစ္ေပေတာ့မည္မို႔ သူမ စိုးရိမ္မိသည္ေတာ့ အမွန္ပင္။
အတြင္းဝန္မင္းမွာလည္း စကားျပန္ေျပာရန္ အေနရခက္ေနကာ အေျခအေနက တိတ္ဆိတ္သြားသည္။
"သုႏၶအနားက အတိုင္ပင္ခံဆိုတဲ့ သူကိုလည္း ေလွ်ာ့မတြက္သင့္ဘူး။ အဲဒီအတိုင္ပင္ခံက ဉာဏ္မ်ားလြန္းတဲ့အျပင္ သုႏၶအနားကလည္း မခြာျပန္ဘူး။ စစ္သူႀကီးနဲ႕လည္း သင္းက ေတာ္႐ုံပတ္သတ္ေနတာမဟုတ္ျပန္ဘူး။ ေက်ာင္းေတာ္မွာတုန္းက အေၾကာင္းေတြ စုံစမ္းထားမိေပလို႔ေပါ့ "
"သည္လိုဆို သုႏၶ အနားက သူ႕ကို ရွင္းထုတ္ရင္ေကာ မေကာင္းေပဘူးလား "
"မျဖစ္ဘူး အဲဒီလိုလုပ္ရင္ စစ္သူႀကီးနဲ႕ ၾကားမွာ
ပိုၿပီး အဆင္မေျပျဖစ္သြားလိမ့္မယ္"
အတြင္းဝန္မွာ အႀကံအိုက္သြားကာ ေမးေစ့ရွိ ႏႈတ္ခမ္းေမႊးမ်ားကိုသာ အသာပြတ္သည္။
မိဖုရား၏ အၾကည့္တို႔က စူးရွေနၿပီး တစ္ခုခုႀကံစည္ရန္ လမ္းစရွာေနသည့္ႏွယ္ ျဖစ္ေနသည္။
ေန႕ခင္း ျဖစ္ေသာ္ျငား လုပ္စရာဟူ၍ အေထြးအထူး မရွိ၍ ေစာယြန္းက သုႏၶ နားတြင္ထိုင္ကာ ေပစာဖတ္ေနခဲ့သည္။ သုႏၶကမူ ေစာယြန္းကို အတန္ၾကာၾကည့္ေနၿပီးမွ စကားစသည္။
"ပီအိုက္။ "
"အင္း။"
ေစာယြန္းက သုႏၶကို ၿငိမ္ၿငိမ္ထိုင္ေနရန္ ေျပာစရာမလိုေပ။ သုႏၶ၏ အသြင္အျပင္က သူ၏
မွတ္ဉာဏ္ထဲတြင္ ေကာ္ပီပြားထားသည့္ႏွယ္ အတိအက်မွတ္မိေနၿပီျဖစ္သည္။ သုႏၶက
ေစာယြန္း၏ ပုခုံးတစ္ဖက္ေပၚ လက္တင္ကာ ပန္းခ်ီကားကို ၾကည့္ေနရင္း ေျပာသည္။
"မေန႕က ကိစၥကို ဘယ္လိုျမင္လဲ? ပီအိုက္ အျမင္ကို သိခ်င္တယ္။"
ေစာယြန္း၏ လက္ထဲမွ စုတ္တံက ေလထဲတြင္ တန႔္သြားသည္။ ထို႔ေနာက္ ေစာယြန္းက စုတ္တံကို နံေဘးစားပြဲေပၚမွ ေရခြက္ထဲတြင္ ႏွစ္လိုက္ၿပီး ပုခုံးေပၚမွ သုႏၶ၏ လက္ကို ဆုပ္ကိုင္လိုက္သည္။
"ပီအိုက္ အခု ေျပာတာကမွန္တယ္လို႔ မဆိုလိုဘူး ။ ဒီအတိုင္း ျဖစ္နိုင္ေခ်အရွိဆုံးကို ေတြးၾကည့္တာပါ။"
သုႏၶက ေစာယြန္း၏ အနီးမွ ခုံတြင္ ထိုင္လိုက္ၿပီး ေစာယြန္း၏ လက္ကို ဆုပ္ကိုင္ကာ ေခါင္းညိတ္ျပသည္။
"ပီအိုက္ အေတြ႕အႀကဳံအရဆို ျဖစ္နိုင္ေခ်
တစ္ခုပဲ ရွိတယ္။ နန္းေတာ္က တစ္ေယာက္ေယာက္ ပါဝင္ပတ္သတ္ေနတယ္ဆိုတာပဲ ၊ ေတာကစားပြဲ ရွိတဲ့အေၾကာင္းကို နန္းေတာ္က လူပဲသိတာမဟုတ္လား။ ဒါက ပြဲေတာ္တစ္ခုလို လူသိရွင္ၾကား ေၾကျငာထားတာလည္း မဟုတ္ေလေတာ့ အျပင္လူ သိခဲ့ရင္ေတာင္ နန္းေတာ္ထဲမွာ သတင္းေပး ရွိကိုရွိမွာပဲ ။ အဲဒီေတာ့ နန္းေတာ္ထဲကသူေတြကို အရင္ဆုံး သတိထားရမယ္။ ရင္းႏွီးတယ္ဆိုၿပီးလည္း ေလွ်ာ့မေတြးသင့္ဘူး ။ ဒီအခ်ိန္က သတိနဲ႕ေနသင့္တယ္လို႔ ပီအိုက္ျမင္တယ္။"
"အင္း ၊ဒါေပမယ့္ အခ်ိန္တစ္ခုအထိေတာ့ သူတို႔ လႈပ္ရွားဦးမွာ မဟုတ္ဘူး ပီအိုက္။ ထပ္လႈပ္ရွားတာနဲ႕ သူတို႔ကိုယ္သူတို႔ ေဖာ္သလို ျဖစ္မွာပဲ။ "
ေစာယြန္းက ေခါင္းအနည္းငယ္ ခါလိုက္သည္။
"အဲဒီလို ၿငိမ္ေနတာလည္း အႏၱရာယ္ပိုမ်ားတာပဲ ၊ ေနာက္ထပ္ အႀကံအစည္ကို ႀကံေနတာလို႔ မေျပာနိုင္ဘူး မဟုတ္လား?"
သုႏၶက အနည္းငယ္ ၿပဳံးလိုက္ၿပီး ေစာယြန္းအား မ်က္ခုံးပင့္ျပသည္။
" ပီအိုက္ ၊ သႏၷီမွာတုန္းကလို ကျွန်ုပ်တို့ ငါးစာ
ခ်ၾကမလား?"
ေစာယြန္းက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ပီအိုက္ ခြင့္မျပဳဘူး ေနာင့္စိုင္း။ အရမ္း အႏၱရာယ္မ်ားတယ္ ၊ ငါးစာခ်တိဳင္း မိတာ မဟုတ္တာ ေနာင့္စိုင္း မသိတာလည္း မဟုတ္ ၊
ပီအိုက္ကို စိတ္ပူၿပီး ေသေအာင္ လုပ္မလို႔လား?"။ အေတြ႕အႀကဳံနည္းတဲ့ ငါးေလးေတြသာ
ခပ္ျမန္ျမန္ အစာကို ဟပ္ၾကလိမ့္မယ္။ မေန႕က အျဖစ္အပ်က္က သာမန္ ျဖစ္ကတတ္စမ္း စီစဥ္ၿပီး တိုက္ခိုက္ၾကတာမဟုတ္ဘူး။ အဆက္အသြယ္ေကာင္း အေတြ႕အႀကဳံေကာင္းရွိတဲ့ ငါးႀကီးေတြပဲ ျဖစ္ရမယ္။ ဒီလို ငါးေတြက အလြယ္တကူ အစာကို လာဟပ္ၾကမွာမဟုတ္ဘူး။
"ဒါဆိုရင္ သူတို႔ေနာက္တစ္ႀကိမ္လာတိုက္ခိုက္တဲ့အထိ ကျွန်ုပ်တို့က ထိုင္ေစာင့္ေနရမွာလား
ပီအိုက္?"
"မဟုတ္ေသးဘူး ၊ ၾကားထဲ ပီအိုက္တို႔ စုံစမ္းဖို႔လိုတယ္။ "
သုႏၶက ေမးေစ့ကို ပြတ္သည္။
"ဒါေပမယ့္ ကျွန်ုပ်တို့ဘက်ကမဟုတ်တဲ့ လူတစ္ေယာက္က ပီအိုက္ကို ကာကြယ္ေပးခဲ့တာပဲ။တိုက္ခိုက္ေနစဥ္အတြင္းမွာလည္း အဲဒီလူက ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့တယ္။ "
ေစာယြန္းက သက္ပ်င္းခ်သည္။
"ပီအိုက္လည္း အဲဒီကိစၥကိုပဲ ေတြးေနမိတာ။ "
ေစာယြန္း၏ မ်က္ႏွာ မေကာင္းသည္ကို သုႏၶ သတိထားမိလိုက္သည္။ေစာယြန္းကမူ
ဆြဲလက္စ ပန္းခ်ီကားေပၚသို႔ အၾကည့္ေရာက္သြားသည္။
ေစာယြန္း၏ ပန္းခ်ီမ်ားတြင္ အသက္ဝင္ဆုံး အရာကား မ်က္လုံးမ်ားျဖစ္သည္။ ေစာယြန္းက လူပန္းခ်ီဆြဲရာတြင္ မ်က္လုံးကို ဦးစားေပးကာ ဆြဲေလ့ရွိၿပီး မ်က္လုံးမ်ားက စိတ္၏ ျပတင္းေပါက္ဟူေသာ ရွိတ္စပီးယား၏ စကားကို သူ လက္ခံယုံၾကည္သည္။ သူကိုယ္တိုင္လည္း လူတစ္ေယာက္ႏွင့္ စကားေျပာလွ်င္ ထိုသူ၏ မ်က္လုံးမ်ားကို ၾကည့္ေလ့ရွိသည္။
ထိုေန႕က မ်က္ႏွာဖုံးေနာက္ကြယ္မွ မ်က္လုံးမ်ားကို သူျမင္ဖူးသည္ဟု ခံစားမိၿပီး သူ႕ကို ထိခိုက္လိုစိတ္မရွိေသာ မ်က္လုံးမ်ားျဖစ္ေၾကာင္ သူခံစားမိသည္။
"ပီအိုက္ကို သိႏၷီတုန္းက ကိစၥတစ္ခု ေျပာျပစရာရွိတယ္။"
"ေျပာေလ ေနာင့္စိုင္း။ "
"ကျွန်ုပ်တို့ ပထမဆုံး ေစ်းထဲသြားတုန္းက ေနာက္ေယာင္ခံလိုက္ခံရတာ မွတ္မိလား "
ေစာယြန္းက သုႏၶကို လွမ္းၾကည့္လိုက္သည္။
"အင္း မွတ္မိတယ္။ "
"ကျွန်ုပ်တို့ အင္းဝမျပန္ခင္ ပီအိုက္ကို လက္ေဆာင္ဝယ္ေပးဖို႔ ေစ်းထဲသြားတုန္းက စစ္သူႀကီးနဲ႕ အဲဒီလူေတြ စားေသာက္ဆိုင္ထဲမွာ စကားေျပာေနတာ ေတြ႕ခဲ့တယ္။ ဒါေပမယ့္
ပီအိုက္က စစ္သူႀကီး အေပၚ ယုံၾကည္ေနခဲ့တာမို႔ ကျွန်ုပ်မပြောဖြစ်ခဲ့တာပဲ"
"အကိုဟန္စစ္က? "
"အင္း "
ေစာယြန္း၏မ်က္လုံးမ်ားက အနည္းငယ္
ျပဴးက်ယ္သြားသည္။ သို႔ေသာ္ ခဏမွ် ႏႈတ္ဆိတ္ေနမိသည္။
"အကိုဟန္စစ္က တိုင္းျပည္အေပၚ သစၥာရွိတာမို႔ ဒါမ်ိဳးလုပ္မယ္လို႔ေတာ့ မယူဆသင့္ဘူး။
ဒါေပမယ့္ ပီအိုက္ကို ကာကြယ္ေပးဖို႔အတြက္
လူလႊတ္နိုင္တာကလည္း သူတစ္ေယာက္ပဲ
ရွိတယ္။ အင္းဝမွာ ပီအိုက္သိတာက ပီအိုက္မိသားစုနဲ႕ သုႏၶတို႔အျပင္ သူပဲရွိတယ္။"
"ဒီကိစၥကို သူက အေစာထဲက ႀကိဳသိေနတာလား? "
ေစာယြန္းက အလ်င္အျမန္ေခါင္းခါသည္။
"ဒါေပမယ့္ သႏၷီမွာတုန္းက ပီအိုက္တို႔ကို ေနာက္ေယာင္ခံလိုက္တဲ့သူေတြက အႏၱရာယ္မေပးခဲ့လို႔ အခုကိစၥနဲ႕ ဆက္စပ္ၿပီး ေတြးဖို႔ မျဖစ္နိုင္ဘူး ေနာင့္စိုင္း။ ပီအိုက္ကေတာ့ တျခားတစ္ခုခုကို စဥ္းစားသင့္တယ္ထင္တယ္။ အကိုဟန္စစ္မင္းက တိုင္းျပည္အတြက္ အသက္ေပးနိုင္တဲ့လူပါ...မင္းေလာင္းျဖစ္တဲ့ အိမ္ေရွ႕စံကို ထိခိုက္ဝံ့ပါ့မလား?"
"ပီအိုက္ရဲ႕ စကားကို ကျွန်ုပ် လက္ခံပါတယ္။ "
ေစာယြန္းက လက္မလက္သည္းကို အနည္းငယ္ ကိုက္လိုက္သည္။
"ေနာက္ကြယ္မွာ အာဏာႀကီးတဲ့ သူတစ္ဦးဦး ပါဝင္ပတ္သတ္ေနမွာကိုပဲ စိုးရိမ္မိတယ္ ။
ပီအိုက္ အနာဂတ္မွာတုန္းက သင္ခဲ့ရတဲ့ ၊ သိခဲ့ရတဲ့ သမိုင္းဇာတ္ေၾကာင္းေတြထဲမွာ နန္းေတာ္က ေၾကာက္ဖို႔အေကာင္းဆုံးေနရာပဲ။ ဘုရင္ျဖစ္ဖို႔အတြက္ မိဘကို သတ္တာ ရွိသလို၊ ညီအကိုခ်င္းလည္း သတ္ဖို႔ ဝန္မေလးၾကဘူး။ အမ်ိဳးမ်ိဳး
လွည့္ဖ်ားၿပီး ထီးနန္းကိုရဖို႔ ႀကိဳးစားၾကတယ္။"
"ပီအိုက္ ဆိုလိုခ်င္တာကို ေနာင့္စိုင္း နားလည္ပါတယ္။ အဲဒီလို အေျခအေနေတြအထိ မျဖစ္ေအာင္ ကျွန်ုပ်တို့ တားဆီးနိုင္မွာပါ။ "
"အခ်ိန္မွီ တားဆီးနိုင္ရင္ပဲ ေက်နပ္ပါၿပီ ၊ အနည္းဆုံးေတာ့ သမိုင္းမွာ အမည္းစက္ႀကီး က်န္မေနေတာ့ဘူးေပါ့ ။"
"ပီအိုက္-- အနာဂတ္က လူေတြက ကျွန်ုပ်တို့ အေၾကာင္းေတြကို သိနိုင္တာလား ?"
"သိနိုင္တယ္လို႔ပဲ ေျပာရမွာေပါ့ ၊ အတိအက် မဟုတ္ေပမယ့္ ဘယ္ေခတ္မွာ ဘယ္လို တိုးတက္မႈေတြရွိခဲ့တယ္၊ဘယ္ဘုရင္
ဘယ္မင္းသားကေတာ့ ဘယ္လိုဆိုၿပီး သမိုင္းရာဇဝင္ေတြကို မွတ္တမ္းတင္ထားၾကတာေပါ့။ "
"ဒါဆိုရင္ ပီအိုက္က အခု ျဖစ္လာမယ့္အရာကို သိမွာေပါ့။ "
ေစာယြန္းက ေခါင္းခါလိုက္သည္။
"တကယ္ေတာ့ အခု ေနာင့္စိုင္းတို႔ ေခတ္ကာလက ပီအိုက္ ဖတ္ဖူးတဲ့ သမိုင္းထဲကနဲ႕ မတူပဲ ပိုၿပီး ေခတ္ေရွ႕ေျပးေနတယ္ ။ မင္းဆက္ကလည္း
မတူသလို ပိုၿပီးလည္း တိုးတက္ေနတာမို႔ ပီအိုက္ ႀကိဳမသိနိုင္ဘူး ။"
"ဒါေပမယ့္အနည္းဆုံးေတာ့ ေနာင္လာမယ့္ သမိုင္းမွာ အိမ္ေရွ႕စံနဲ႕ သူ ျမတ္နိုးရတဲ့ ပီအိုက္တို႔အေၾကာင္းေတာ့ က်န္ရစ္ခဲ့ေလာက္မွာပါ ။"
ေစာယြန္းက သုႏၶစကားၾကားေတာ့ ရယ္သည္။ သမိုင္းတြင္ ပထမဆုံး ဗီရိုအတြင္းမွ ထြက္လာသူ (COME OUT OF CLOSET) အိမ္ေရွ႕စံဟူ၍ နာမည္တြင္လာေတာ့မည္ဟု ေစာယြန္းက ေတြးမိသည္။
"ဘာရယ္စရာ ပါလို႔လဲ? "
သုႏၶက မ်က္ေစာင္းထိုးကာ ေျပာသျဖင့္
ေစာယြန္းက အရယ္ရပ္ေအာင္ ထိန္းလိုက္သည္။
" မရယ္ေတာ့ဘူး -- လာပါ။ ျပန္ထိုင္ပါဦး
ေမာ္ဒယ္ရယ္။ ဆြဲလက္စ ပန္းခ်ီေလး တစ္ဝက္ေတာ့ ၿပီးပါရေစ။"
"စာခ်ည္းပဲ ဖတ္မေနပါနဲ႕လား ၊ ေနမေကာင္းတဲ့သူကိုလည္း အေဖာ္ျပဳေပးပါဦး ။ကုတင္ေပၚကလည္း မဆင္းခိုင္းတဲ့အျပင္ အကုန္ယူေပးၿပီး
ဒီတိုင္းႀကီး ထိုင္ခိုင္းထားေတာ့ လူက ပ်င္းလာၿပီ"
သုႏၶ ေျပာေတာ့ ေစာယြန္းက ျပန္ေျပာရန္
ျပင္လိုက္႐ုံရွိေသးေသာ္လည္း သုႏၶက တစ္ခုခုကို သတိရသြားဟန္ အရင္ဦးေအာင္ ေျပာလိုက္သည္။
"ညကလိုေတာ့ မေခၚခိုင္းနဲ႕ေနာ္ ၊ အဲ့တာေတာ့
မျဖစ္ဘူးပ "
ေစာယြန္းက အသံထြက္သည္အထိ ရယ္သည္။
"မေခၚခိုင္းေတာ့ပါဘူး ၊ ဒါေပမယ့္ ညက
ေနာင့္စိုင္းေခၚတာေလးက ပီအိုက္
တကယ္သေဘာက်တယ္။ အသံသြင္းထားလို႔ရရင္ ေကာင္းမွာပဲ ခဏ ခဏ နားေထာင္လို႔
ရတယ္ "
"အသံသြင္းတာ?"
"အာ --- အဲဒါက ဒီလို ၊ ပီအိုက္လာတဲ့ ေခတ္မွာက တစ္ေယာက္နဲ႕ တစ္ေယာက္ၾကား ဆက္သြယ္ဖို႔ နည္းပညာေတြ ရွိတယ္ေလ။ အသံေတြလည္း သိမ္းထားလို႔ ရသလို အရမ္းေဝးေနတဲ့ ေနရာေတြေရာက္ေနၾကလည္း တစ္ေယာက္ နဲ႕ တစ္ေယာက္ ၾကားခံအရာေနတစ္ဆင့္ ျမင္နိုင္ ၾကားနိုင္ၾကတယ္ "
"တကယ္ကို တိုးတက္ေနတာပဲ "
"ဒါေပါ့"
"ကျွန်ုပ်တောင် ေရာက္ဖူးခ်င္လာၿပီ "
"ပီအိုက္လည္း ေခၚသြားလို႔ရရင္ ေခၚသြားခ်င္ပါတယ္ "
ေစာယြန္းက ကေလးငယ္ပမာ သုႏၶ၏ ေခါင္းကို ပုတ္လိုက္ရင္းေျပာသည္။
သုႏၶက ထိုင္ခုံမွ ထကာ ေစာယြန္း၏ ေပါင္ေပၚတြင္ ထိုင္လိုက္သျဖင့္ ေစာယြန္း၏ ကိုယ္က အလိုအေလ်ာက္ တြန႔္သြားရသည္။ ထို႔ေနာက္
သုႏၶက ေစာယြန္း၏ ပုခုံးေပၚ ေမးတင္လ်က္
နားအနီးတြင္ တီးတိုးဆိုသည္။
"ကျွန်ုပ်ကို မခ်စ္ေတာ့ဘူးလား?"
တစ္သက္လုံး အျခားသူမ်ားကိုသာ ခြၽဲႏြဲ႕ခဲ့ေသာ ေစာယြန္းကား တကိုယ္လုံး ၾကက္သီးေမႊးညွင္းမ်ားပင္ထလာသည္။ သို႔ေသာ္ သုႏၶ၏ ဘက္ညီမွ်မႈက သူ႕ကို ခ်စ္ရသည့္မ်ားစြာေသာ အေၾကာင္းအရင္းမ်ားထဲမွ တစ္ခုျဖစ္သည္။ ေျပာရလွ်င္
သုႏၶကား လူႏွစ္ေယာက္၏ စိတ္ေနစိတ္ထားကို တစ္ကိုယ္တည္းတြင္ ေပါင္းစုထားသည့္ႏွယ္။ ေစာယြန္းက သုႏၶ၏ လည္ပင္းကို နမ္းလိုက္ၿပီး ေက်ာကို ပြတ္သပ္ေပးသည္။
"အခုအထိေတာ့ခ်စ္ပါေသးတယ္။"
ေစာယြန္းက စေနာက္လိုက္ေသာ္ျငား သုႏၶက ေခါင္းေထာင္ကာ ေစာယြန္းကို ၾကည့္သည္။
သူတို႔ႏွစ္ေယာက္၏ ခႏၶာကိုယ္မ်ားက အလြန္နီးကပ္ေနၿပီး သုႏၶက ေစာယြန္းကို အေကာင္လိုက္ ၿမိဳခ်ခ်င္ေနသည့္ စပါးအုံးေႁမြႏွင့္တူေနကာ ေစာယြန္းက သုႏၶ၏ ညွို႔ခ်က္ေအာက္တြင္ တဝဲလည္လည္ျဖစ္ေနေသာ သားေကာင္ႏွင့္ တူေနသည္။
သုႏၶက ေစာယြန္း၏ အကၤ်ီေအာက္ထဲသို႔ လက္လွ်ိုကာ ေစာယြန္း၏ ခါးကို ကိုင္လိုက္ၿပီး ေစာယြန္းကား သူ၏ အေရျပားက ထိုေနရာမွစ၍ သုႏၶ၏ လက္သြားရာ ေက်ာျပင္တေလွ်ာက္ ပူႏြေးလာသည္ဟု ခံစားမိေနသည္။ သုႏၶကမူ ေစာယြန္း၏ ညွပ္ရိုးမ်ားကို လက္မျဖင့္ ညင္သာစြာ ပြတ္သပ္လိုက္ၿပီး ေခါင္းငုံ႕၍ ႏႈတ္ခမ္းမ်ားႏွင့္ ထိကပ္လိုက္သည္။ ထို႔ေနာက္ သုႏၶ၏ ႏႈတ္ခမ္းႏွစ္လႊာက ေစာယြန္း၏ လည္ပင္းဆီသို႔ ေရာက္လာခ်ိန္တြင္ ေစာယြန္းက သတိဝင္လာၿပီး ကပ်ာကယာ အခန္းတံခါးသို႔ ၾကည့္မိသည့္အခါ တံခါးကို အတြင္းမွ ခ်က္ခ်ထားေၾကာင္း အတည္ျပဳလိုက္နိုင္သည္။
အျပင္ဘက္တြင္မူ ေနအလင္းေရာင္က မ်က္စိက်ိန္းလုနီးပါး ေတာက္ပေနၿပီး အရာခပ္သိမ္းက တိတ္ဆိတ္ေနသည္။ ထာဝရတည္ၿမဲေသာ အရာမရွိသည့္တိုင္ ေအးခ်မ္းဆိတ္ၿငိမ္မႈက တခဏတာမွ် လႊမ္းမိုးထားျခင္းကား အဆက္မျပတ္ ထိတ္လန႔္ေနရရွာသည့္ ႏွလုံးသားမ်ားကို ထိုတခဏအတြင္း တည္ၿငိမ္မႈကို
ေပးစြမ္းေနသည္။
"ဦးဦးဗညား။ "
"ဗ်ား ။"
"မိငယ္ ပ်င္းတယ္ ။"
ထိုကေလးေပါက္စကား ဗညားနားအေတာ္ကပ္သည္ဟုေျပာရမည္။ ယခုလည္း ထင္းခြဲေနသည့္ ဗညားအား သူႏွင့္ေဆာ့ရန္ ေျပာေနျပန္သည္။
"ဦးဦး ဒါေတြ ၿပီးေအာင္ အရင္လုပ္ရမယ္ မိငယ္၊ အလုပ္ေတြၿပီးရင္ မိငယ္အတြက္ အခ်ိန္ေပးမယ္ေလေနာ္။ "
ဗညားက မအားေၾကာင္းေျပာေတာ့ ေပါက္စက ႏႈတ္ခမ္းဆူသည္။
"ဦးဦးကို အေမာေျပ ေရေလးတစ္ခြက္ေလာက္မတိုက္ခ်င္ဘူးလား? "
ဗညားက ၿပဳံးကာ ေျပာသည္။
"မိငယ္ ခပ္ေပးမယ္။"
ေပါက္စက ခ်က္ခ်င္းပင္ လႈပ္တုတ္လႈပ္တုတ္ႏွင့္ အိမ္ထဲ ေျပးသြားေတာ့သည္။ ဗညားကမူ ထင္းခြဲျခင္းအလုပ္တြင္သာ အာ႐ုံစူးစိုက္ထားသည္။
ထိုစဥ္ ဟန္စစ္မင္းက အျပင္မွ ျပန္လာကာ ၿခံဝေရာက္ေနသည္။ မိငယ္က ေရတစ္ခြက္ကိုင္ကာ အိမ္ထဲမွ ထြက္လာသည္ကို ျမင္လိုက္ေသာ
ေၾကာင့္ ဟန္စစ္မင္းက ၿပဳံးလိုက္သည္။ စိတ္ထဲမွလည္း သည္ကေလး အေတာ္သိတတ္သည္ဟု ေတြးလိုက္ေသးသည္။ သို႔ေသာ္ မိငယ္ကား သူ႕ဆီမလာပဲ ေကြ႕သြားကာ တစ္ဖက္ရွိ ထင္းခုတ္ေနေသာ ဗညားဆီသို႔ ေရာက္သြားသည္။
ဟန္စစ္မင္းမွာ ရွက္ကိုးရွက္ကန္းျဖစ္သြားကာ မ်က္ႏွာကို လႊဲလိုက္ၿပီး အိမ္ထဲ ဝင္သြားေလသည္။ ဗညားက ေရခြက္ကို ယူလိုက္ေသာ္လည္း ေသာက္ရန္ ၿမိဳမက်ျဖစ္သြားၿပီး ဟန္စစ္မင္း၏ ေနာက္ေက်ာကို လွမ္းၾကည့္သည္။
ညေနေရာက္သည့္အခါဟန္စစ္မင္းက အခန္းထဲမွ ထြက္ကာ ၿခံထဲ ဆင္းရန္ျပင္သည္။ သို႔ေသာ္ ၿခံထဲတြင္ မိငယ္ႏွင့္ ေဆာ့ေနသည့္ ဗညားကို ျမင္လိုက္ရသည္။ ဗညားက ဟန္စစ္ကို ျမင္သည္ႏွင့္ ေဆာ့ေနရာမွ ရပ္လိုက္ကာ လွမ္းၾကည့္သည္။ ဟန္စစ္မင္းက မရပ္လိုက္ရန္ အရိပ္အကဲျပကာ အိမ္ေရွ႕ ကြတ္ျပစ္တြင္ ထိုင္လိုက္ၿပီး ၾကည့္ေနသည္။ ဗညားက ခဏၾကာ ေဆာ့ေနေပးၿပီးေနာက္ မိငယ္ကို ေျပာသည္။
"မိငယ္! "
"ရွင္ ဦးဦး"
"ညစာ စားဖို႔ ေနာက္မက်ရဘူးလို႔ ဦးဦးမွာထားတယ္ မဟုတ္လား။ စကားနားမေထာင္တဲ့ ကေလးေတြဆို ဦးဦးက မခ်စ္တာ မိငယ္သိတယ္ဟုတ္ "
ဗညားေျပာေတာ့ ေပါက္စက သြားမ်ားေပၚသည္အထိ ရယ္ျပကာ စားဖိုေဆာင္ဘက္သို႔ ေျပးသြားေတာ့သည္။
ထို႔ေနာက္ ဗညားက ဟန္စစ္မင္းဘက္သို႔ ေလွ်ာက္သြားကာ မလွမ္းမကမ္းတြင္ ထိုင္လိုက္သည္။
"ဟိုေန႕က တာဝန္ေက်ပါတယ္။"
ဟန္စစ္မင္းက ေျပာလိုက္ရင္း အိတ္ရႈံ႕တစ္ခုကို လွမ္းေပးသည္။ ဗညားက အိတ္ကို ဟန္စစ္မင္းထံ ျပန္ေပးရင္းေျပာသည္။
"သည္အိမ္မွာ ေနဖို႔ စားဖို႔ေပးထားတာကပဲ အဖိုးအခေပးၿပီးသားပါ ။"
"အသုံးလိုတဲ့အခါေတာ့ အခ်ိန္မေ႐ြးေျပာပါ ။"
"ေကာင္းပါၿပီ ။"
အတန္ၾကာ ႏွစ္ေယာက္သား တိတ္ဆိတ္ေနၿပီးမွ ဟန္စစ္မင္းက ေျပာသည္။
"ဗညားက ကေလးခ်စ္တတ္တယ္နဲ႕တူတယ္။"
ဗညားက ဟန္စစ္မင္းကို လွည့္ၾကည့္သည္။
"ဆိုပါေတာ့ အမနဲ႕အဘက ကျွန်ုပ် ငယ္စဥ္ထဲက ဆုံးပါးသြားခဲ့ေတာ့ အမ်ိဳးအေဆြေတြထဲက အငယ္ေတြကို ထိန္းေက်ာင္းလာခဲ့ရတာမို႔ ကေလးေတြအေၾကာင္း သိတယ္ပဲ
ေျပာရမွာေပါ့။ "
"မိငယ္က ဗညားနား ပိုကပ္တာသာ
ၾကည့္ပါေလ ။"
ဗညားက ၿပဳံးလိုက္သည္။
"ဟန္စစ္ကေရာ ကေလး မခ်စ္တတ္ဘူးလား ။"
"အင္း ခပ္ဆိုးဆိုး ကေလးတစ္ေယာက္ကိုေတာ့ ထိန္းခဲ့ဖူးတယ္။ တစ္ေယာက္ထဲသာ ထိန္းခဲ့ဖူးေပမယ့္ ခုထိ စိတ္မေျဖာင့္နိုင္ေသးဘူး။ အ႐ြယ္ေရာက္လာလို႔ ရင့္က်က္လာလည္း စိတ္ပူေနမိတုန္းပဲ "
ဟန္စစ္က အၾကည့္လႊဲရင္း ေျပာသည္။
"ေစာယြန္းလား?"
"အင္း။"
"ညီငယ္ေစာယြန္းက ကံေကာင္းပါတယ္။ ခ်စ္ခင္ႏွစ္သက္သူ ေပါမ်ားတယ္မဟုတ္လား?"
ဟန္စစ္မင္းက အနည္းငယ္ သက္ျပင္းခ်လိဳက္သည္။
"ဒါေပမယ့္ အ႐ြယ္ေရာက္လာေလ ကျွန်ုပ်အနားက ေဝးကြာသြားေလလို႔ ခံစားရတယ္ "
"ဒါကေတာ့ ပုံမွန္ျဖစ္ေနၾကအရာ မဟုတ္လား ၊ အခ်ိန္တန္အ႐ြယ္ေရာက္ရင္ေတာ့ အကုန္လုံးက ေဝးကြာသြားၾကတာပဲ မဟုတ္လား ။"
"နားလည္ေပမယ့္ ကျွန်ုပ် တစ္ကိုယ္ေကာင္းဆန္ေနမိတုန္းပဲ "
ဗညားက ဟန္စစ္မင္းကိုၾကည့္ကာ ၿပဳံးလိုက္သည္။
"ဟန္စစ္က အေဖတစ္ေယာက္နဲ႕တူတယ္။ စိတ္ခ်ပါ ေစာယြန္းကို အရွင့္သားက ဂ႐ုစိုက္ပါတယ္။ ကျွန်ုပ် ခဏေလးေတြ႕တာေတာင္ အဲဒါကို ခံစားမိတယ္။ မင္းသားတစ္ပါးျဖစ္ေပမယ့္ ေစာယြန္းေရွ႕ကေန သူကာကြယ္ေပးေသးတယ္"
ဟန္စစ္မင္း မ်က္ႏွာမွာ ႐ုတ္တရက္ မုန္တိုင္းထန္သြားကာ မည္းေမွာင္သြားသည္။
"ပင္ပန္းေနလို႔ နားေတာ့မယ္ "
ဗညားက စကားဝိုင္းကားလ်င္ျမန္စြာ အဆုံးသတ္သြား၍ ေၾကာင္အမ္းအမ္းျဖစ္ေနမိသည္။
"ေကာင္း--ေကာင္းပါၿပီ။"
ဟန္စစ္မင္းက ႐ုတ္တရက္ စကားျဖတ္ကာ
ထသြားေတာ့သည္။ ဗညားကမူ ၿခံထဲတြင္ ခဏၾကာသည္အထိ ထိုင္ေနၿပီးေနာက္ ေတြးေတာေနမိသည္။ ထို႔ေနာက္ ဗညား၏ ႏႈတ္ခမ္းေထာင့္က ေကြးသြားၿပီး အေျဖတစ္ခုကို သိသြားသည့္
သူပမာ ၿပဳံးလိုက္ေတာ့သည္။