ဧကရာဇ်ဗျူဟာ
Autorstwa ArtemisJT21
2.1M 369K 55.3K
"ဒီတစ်ခေါက်ရော အလဲအလှယ်အနေနဲ့ ကိုယ်တော်ဘက်က ဘာပြန်ပေးရမလဲ" "မင်း" Więcej
Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)
အခန်း - ၁၁၁ (ဒူဝူ)
9.8K 1.9K 516
Autorstwa ArtemisJT21
[နှစ်တိုင်း နှစ်တိုင်း ပိုးထည်စအနီတွေ ဝယ်ဝယ်နေရတာ သည်းမခံနိုင်တော့ဘူး]
သွမ့်နေ့က ထိုအဝတ်ထုပ်ကို ဖြည်ပြလိုက်တော့  ဖုန်းလေက အပေါ်ယံသာ လျှပ်ကြည့်လိုက်ပြီးနောက် သရော်ပြုံးပြုံးလိုက်သည်။
"ကြည့်ရတာ အသင်တို့နှစ်ယောက်က သိမ်းဆည်းထားတဲ့ အမှိုက်ဟောင်းလေးတွေကို လာရောင်းနေတဲ့ပုံပဲ။ ဒါဆိုရင်တော့ ကျွန်ုပ်ရဲ့ လျိုစန်းဓားပျံဂိုဏ်းဆီ လာနေစရာမလိုပါဘူး။ သူဖုန်းစားဂိုဏ်းတွေ သဘောကျလောက်မယ့် ပစ္စည်းမျိုးပဲဖြစ်နေပါတယ်"
"စောင့်ရှောက်သူက သေသေချာချာတောင်မကြည့်ရသေးဘဲနဲ့ ဒီပစ္စည်းက အမှိုက်သရိုက်ပါလို့ ဘယ်လိုလုပ်ပြီး သေချာတပ်အပ် ပြောနိုင်တာလဲ။ ပြောတော့ တာ့ချူက ယဥ်ကျေးပျူငှာမှုရှိလှတဲ့ နယ်မြေဒေသဆို၊ လက်စသတ်တော့ ဒီလိုပါလား"
"အမြန်သာ ပြန်သွားကြပါတော့"
သွမ့်ပိုင်ယွဲ့က မကျေမနပ်ပြောလာတော့ ဖုန်းလေက သူနှင့် အချေအတင် ဆက်မငြင်းချင်တော့သည့်နှယ် လက်ဟန်ဖြင့် နှင်ထုတ်လိုက်၏။
သွမ့်နေ့က ဘေးနားရှိ လက်ဖက်ရည်ကရားကို ယူလိုက်ကာ အဝတ်ထုပ်ပေါ် လောင်းချလိုက်သည်။
"တယ်!!!!! မိုက်ရိုင်းလှချည်လား!!!!! "
အနောက်တွင်ရပ်နေသောကိုယ်ရံတော်များက သွမ့်နေ့ ပြဿနာရှာနေသည်ဟု ထင်သွားကာ ချက်ချင်းအော်လာ၏။ ထို့ကြောင့် ဘေးနားတစ်ဝိုက်ရှိ ကုန်သည်များက သူတို့ဘက်သို့ အာရုံစူးစိုက်လာကြတော့သည်။
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ ဖုန်းလေဘက်သို့ ပြောလိုက်သည်။
"အခုရော စောင့်ရှောက်သူက ကျွန်တော်တို့နဲ့အရောင်းအဝယ်လုပ်ဖို့ စိတ်ကူးလိုက်ပြီလား"
ဖုန်းလေ မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး ထော့နဲ့ထော့နဲ့ဖြင့် အဝတ်ထုပ်အနားသို့ရွှေ့ကာ ကိုယ်ကိုကိုင်းပြီး ပိတ်စကို လက်ဖြင့် ကိုင်တွယ်ပွတ်သပ်ကြည့်လိုက်၏။ ထို့နောက်  ချက်ချင်းပင်အံ့ဩသွားသည်။ ထိုအဝတ်စက အင်မတန်မှ ချောမွတ်နေလွန်းလေရာ ပိုးထည်ချည်မျှင်ကို ထိတွေ့နေရသည်နှင့်မတူဘဲ ငါးအရေခွံကို ကိုင်နေရသည်နှင့် ပိုတူနေသောကြောင့်ဖြစ်သည်။
သူ့မျက်နှာထား ပြောင်းလဲသွားသည်ကိုမြင်တော့ ဘေးနားရှိကုန်သည်များက အတော်အံ့ဩသွားကြကာ ပျော်စရာဖြစ်ရပ်ကို  ဝိုင်းအုံကြည့်ရှုလာကြသည်။ သို့သော် ဖုန်းလေက ချက်ချင်းပင် အဝတ်အိတ်ကိုပြန်ပိတ်လိုက်ကာ တောင်ဝှေးကို လှမ်းယူလိုက်ပြီး -
"စောနက ကျွန်ုပ် ရိုင်းပျမိသွားပါတယ်။ အခု အသင်တို့နှစ်ယောက် လျိုစန်းဓားပျံဂိုဏ်းဆီ လိုက်သွား​ြပီး အရောင်းအဝယ်ဆွေးနွေးဖို့ စိတ်ဝင်စားပါရဲ့လားခင်ဗျာ"
သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လိုက်သည်။
"သေချာပေါက် စိတ်ဝင်စားတာပေါ့"
ကိုယ်ရံတော်များကလည်း အခြေအနေကို နားလည်သွားကြသည်ထင် ၊ ချက်ချင်းပင် ဝေါယာဥ်သွားစီစဥ်ပေးကြကာ သွမ့်ပိုင်ယွဲ့တို့နှင့် ဖုန်းလေအား ဂိုဏ်းသို့ခေါ်ဆောင်သွားကြသည်။ ဘာဖြစ်သွားမှန်း မသိလိုက်ပေမင့် ထိုအဝတ်ထုပ်ထဲတွင် အင်မတန်မှ ထူးခြားဆန်းကြယ်သောအရာရှိနေလိမ့်မည်ဟုတော့ ထင်ကြေးပေးကြသည်။ ထိုနေရာတွင် ကျန်ခဲ့သော ကုန်သည်ကြီးများကတော့ အမျိုးမျိုးအထွေထွေ ထင်မြင်ချက်ပေးကြကာ တိုးတိုးတိတ်တိတ် ​ပြောဆိုနေကြသည်။ ဘယ်အရာကများ လျိုစန်းဓားပျံဂိုဏ်း၏ ဒုခေါင်းဆောင်ကို ထိုမျှလောက် အံ့ဩသွားအောင် လုပ်နိုင်သလဲနော်။
****
ဝေါယာဥ်က လမ်းမကြီးနှင့် လမ်းသွယ်များတစ်လျှောက် ဖြတ်သန်းသွားကာ နောက်ဆုံးမှာတော့ မြို့ပြင်တစ်နေရာရှိ တောင်ပေါ်စံအိမ်ကြီးတစ်ခုသို့ ရောက်ရှိသွားကြသည်။ အတော်လေးပင် ခမ်းနားကြီးကျယ် ထည်ဝါလှသော်လည်း စံအိမ်အမည်ကို ထွင်းထုထားသော အမည်ပြားမရှိပေ။ ချူယွမ်ပြောပြခဲ့ဖူးသလိုပင်၊  ချူရှိန့်ရာထူးလျှောကျနိမ့်ဆင်းသွားသည့်နောက်ပိုင်း ဒီဂိုဏ်းကလည်း နာမည်မရှိ ဂုဏ်သတင်းနတ္ထိနှင့် ငြိမ်ဝပ်နေခဲ့ခြင်း​ြဖစ်မည်။
ထိုနှစ်ယောက်ကို ဧည့်ခန်းဆောင်ကြီးသို့ ခေါ်လာလိုက်ပြီးနောက် ဖုန်းလေကပြောသည်။
"အသင်တို့နှစ်ယောက် ဒီနေရာမှာပဲ လက်ဖက်ရည်သုံးဆောင်ရင်း စောင့်နေရစ်ပါ။ ခဏနေ ကျွန်ုပ် ဂိုဏ်းချုပ်ကြီးကို သွားရောက်ပန်ကြားပေးပါ့မယ်"
သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်ပြလိုက်သည်။ ခဏကြာတော့ အစေခံများက စီတန်းရောက်ရှိလာပြီး လက်ဖက်ရည်နှင့် အချိုတည်းစရာမုန့်များ လာရောက်ကျွေးမွေးဧည့်ခံကြသည်။ သို့သော် လက်ဖက်ရည်ခွက်ကို မပြီးသောက်မည်အလုပ်၊  တစ်ဖက်လမ်းဆီမှ ခြေသံများကို ကြားလိုက်ကြရသည် ။
ဝင်ရောက်လာသော ယောက်ျားသားမှာ အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်သည်၊ မျက်ခုံးနှင့် မျက်လုံးမှာ ရှည်လျားသွယ်တန်းကာ မျက်နှာကတော့ သွေးမရှိသလို အတော်ပင် ဖြူဖွေးနေ၏။
"ဂိုဏ်းချုပ်သခင်ကြီး"
သွမ့်ပိုင်ယွဲ့က ဂါရဝပြုလိုက်သည်။ လျိုစန်းဓားပျံဂိုဏ်းခေါင်းဆောင် ရှောင်းရှောင်းအာက ဆို၏။
"အသင်တို့နှစ်ယောက်စလုံးကို အကြာကြီးစောင့်ခိုင်းစေမိပါပြီ။ ဒါပေမယ့်လည်း ဒီစံအိမ်ကြီးမှာ လုပ်စရာအမှုကိစ္စများ ပေါများလွန်းတာမို့  ကျွန်ုပ်ကို အပြစ်မယူဖို့ တောင်းဆိုပါတယ်ခင်ဗျာ"
"အပြစ်မယူပါဘူးခင်ဗျာ။ အရောင်းအဝယ်သာ အောင်မြင်မယ်ဆိုရင် နောက်ထပ်နည်းနည်းလောက် ဆက်စောင့်ခိုင်းမယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး "
သွမ့်နေ့လည်း အဝတ်ထုပ်ကို ချက်ချင်းလှမ်းပေးလိုက်သည်။ ရှောင်းရှောင်းအာလည်း ဖုန်းလေဆီမှ ဖြစ်ကြောင်းကုန်စင်ကို အတော်အတန်ကြားဖူးပြီးသားဖြစ်သောကြောင့် လက်ထဲ အဝတ်ထုပ်ရောက်လာသည်နှင့် လက်ဖက်ရည်တစ်ခွက် လောင်းချကြည့်လိုက်သည်၊ ထို့နောက် ကျေနပ်အားရသောဟန်ဖြင့် အဝတ်ကိုပွတ်ကြည့်လိုက်ရင်း -
"ဒီလောက်ထူးခြားဆန်းကြယ်တဲ့ အထည်ရက်လုပ်မှုမျိုးကို ကျွန်ုပ်တစ်ခါမှ မမြင်ဖူးသေးဘူး"
"ဂိုဏ်းချုပ်သခင်ကြီး ချီးမွမ်းတာများသွားပါပြီ။ဒါပေမယ့် ကြိုတင်ပြီးပြောထားပါရစေ၊ ဒီလိုအထည်မျိုးရဲ့ အဖိုးအခကလည်း သိပ်ပြီးမနည်း​ပါးကြောင်းပါခင်ဗျာ "
"သေချာတာပေါ့။ အဖိုးအခကိစ္စ ညှိနှိုင်းဆွေးနွေးလို့ရပါတယ်၊ ဒါပေမယ့် အသင်တို့လက်ထဲမှာရော ကုန်ပစ္စည်းပမာဏ ဘယ်လောက်ရှိထားပါသလဲ"
"ချုပ်လုပ်ပြီးသားအထည်တွေဆိုရင်တော့ တစ်ရာကျော်လောက်ရှိပါတယ်"
"ပိတ်စသက်သက်ကရော?"
ရှောင်းရှောင်းအာက ထပ်မေးလာတော့ သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -
"ကျွန်ုပ်ရဲ့မျိုးနွယ်စုက ချုပ်လုပ်ပြီးသားတွေကိုပဲ ရောင်းကြတာပါ။ တစ်ခါရောင်းရင်လည်း အထည်တစ်ရာထက် မပိုပါဘူး။ ပိတ်စသက်သက် မရောင်းကြပါဘူး၊ ပြီးတော့ ချုပ်လုပ်တဲ့အတတ်ပညာကိုမျှဝေပို့ချဖို့ဆို ပိုတောင်မဖြစ်နိုင်ပါဘူး"
"ဘယ်ကိစ္စမဆို ညှိနှိုင်းကြည့်လို့ရပါတယ်။ ဘာကြောင့်များ ဒီလောက်အတည်ပေါက်ကြီးတွေ ပြောနေတာလဲ။ အရောင်းအဝယ်လုပ်နေပြီးမှတော့ ငွေအများကြီးရမှာ ကြောက်နေကြသလား"
သွမ့်ပိုင်ယွဲ့က ပြန်ပြောလိုက်သည်။
"ဘိုးဘေးစဥ်ဆက်ကတည်းက ဆင်းသက်လာတဲ့ စည်းမျဥ်းစည်းကမ်းတွေပါ။ ကျွနု်ပ်တစ်ယောက်တည်းရဲ့ အင်အားနဲ့ ဘာမှပြောင်းလဲလို့မရနိုင်ပါ ခင်ဗျာ"
"အသင်က တုန်းဟိုင်ရဲ့ ဘယ်ဒေသကနေ လာတာလဲ"
"နာမည်မရှိတဲ့ ကျွန်းငယ်လေးတစ်ကျွန်းကပါ၊ ပြောလိုက်ရင်တောင် ဂိုဏ်းချုပ်သခင်ကြီး သိမှာမဟုတ်လောက်ပါဘူး"
"ဘာလို့ အဲ့လောက်ဆက်ဆံရေးတင်းမာနေတာလဲ ၊ နောင်ကြီး။ စီးပွားကိစ္စ ညှိနှိုင်းကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညီညွတ်မှ သဟဇာတဖြစ်မှ ဥစ္စာစီးပွားကြီးပွားတိုးတက်မှာလေ"
ရှောင်းရှောင်းအာ ပြောပြီးသွားတော့ ဘေးနားကဖုန်းလေမှ ဆက်ပြီး ဝင်ရောက်ထောက်ခံလာ၏။
"လျိုစန်းဓားပျံဂိုဏ်းမှာ နှစ်ရက်သုံးရက်လောက် နားနားနေနေ တည်းသွားပါဦးလား။ ဒါဆို ဖြည်းဖြည်းချင်းစီ စိတ်အေးလက်အေးဆွေးနွေးသွားလို့ ရတာပေါ့"
"နှစ်ရက်သုံးရက်ကို မပြောပါသေးနဲ့။ နှစ်နှစ် သုံးနှစ်ဆက်နေခိုင်းရင်တောင် ကျွန်ုပ်ရောင်းပေးနိုင်တာ အထည်တစ်ရာကျော်ပဲ ရှိပါတယ် "
သွမ့်ပိုင်ယွဲ့ကတော့ အခိုင်အမာ​ေပြာဆိုလိုက်သည်။
"အနည်းဆုံးတော့ ကျွန်ုပ်တို့ကြားက ဆက်ဆံရေး ပိုပြီးပြေလည်သွားတာပေါ့"
ရှောင်းရှောင်းအာက ဆက်ဆိုသည်။
"ကျွန်တော်တို့စံအိမ်ကြီးဆီ အရက်အကောင်းစားတွေ ရောက်လာတာနဲ့အကိုက်ပဲ။ ဒီည ကျွန်ုပ် ညစာစားပွဲ ကျင်းပဧည့်ခံမယ်၊ အသင်တို့နှစ်ယောက်လည်း လာပြီးတက်ရောက်ချီးမြှင့်ပေးပါဦးလား "
သွမ့်ပိုင်ယွဲ့ အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထို့နောက်မှာမှ ခေါင်းညိတ်လက်ခံလိုက်သည်။
"ဟုတ်ကဲ့၊ ရပါတယ်"
"ဧည့်သည်တွေ အနားယူဖို့ သွားပို့လိုက် ၊ ပြီးတော့ သေသေချာချာ ကောင်းကောင်းမွန်မွန် ပြုစုဧည့်ခံဖို့ အစေခံတွေကို မှာလိုက်ဦး "
ရှောင်းရှောင်းအာက အမိန့်ပေးလိုက်တော့ ဖုန်းလေလည်း နာခံလိုက်ကာ ဧည့်သည်နားနေရာအဆောင်တစ်ဆောင်သို့ ခေါ်သွားလိုက်သည်။ လုပ်ကျွေးပြုစုစရာ အစေခံအမျိုးသမီးများလည်း မပြတ်လပ်စေရ၊ ထို့အပြင် တံခါးအပြင်ဘက်တွင်လည်း အစောင့်တပ်သားများ များစွာရှိနေသေးသည်။
သွမ့်ပိုင်ယွဲ့မျက်နှာမဲ့သွားသည်။
"ဂိုဏ်းချုပ်သခင်ကြီးက ကျွန်ုပ်တို့နှစ်ယောက်ကို အသွားအလာကန့်သတ်ချင်နေတာလား"
"ကြီးမြတ်တဲ့ဧည့်သည်တော်တို့ အရမ်းစိုးရိမ်လွန်နေပါပြီ။ လျိုစန်းဓားပျံဂိုဏ်းက ကျန်းဟူသိုင်းလောကရဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့အတွက် သိုင်းသမားတွေ အများကြီးရှိနေတာ ပုံမှန်ပါပဲ။ တံခါးရှေ့မှာစောင့်နေကြပေမယ့် အသင်တို့နှစ်ယောက်ရဲ့ အတွင်းရေးကိစ္စတွေကို ဝင်မစွက်ဖက်ပါဘူး။စိတ်ထဲ အများကြီး ထည့်မတွေးကြပါနဲ့"
"လက်စသတ်တော့ ဒီလိုကိုး"
"ဒါဆိုရင် အသင်တို့နှစ်ယောက် အနားယူလိုက်ကြပါဦး"
ဖုန်းလေက လက်တစ်ဖက်တည်းဖြင့် ဂါရဝပြုလိုက်ကာ တောင်ဝှေးဖြင့်ထောက်ပြီး ထွက်ခွာသွားသည်။ မျက်စိတစ်ဆုံးထိ ပျောက်ကွယ်သွားခါမှ သွမ့်နေ့က မှတ်ချက်ဆိုလာသည်။
"ကြည့်ရတာ သိုင်းပညာ မနိမ့်လောက်ဘူးပဲ"
သွမ့်ပိုင်ယွဲ့က သူ့အတွက် သူ လက်ဖက်ရည်ငှဲ့လိုက်ကာ -
"ဒီနေရာက ကျန်းဟူသိုင်းလောကရဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်တယ်လို့ သူ စောနလေးမှတင် ပြောသွားတာပဲ။ တံခါးရှေ့က စောင့်နေတဲ့လူတွေကလည်း သိုင်းပညာအဆင့်မြင့်တဲ့လူတွေလို့ ယူဆလို့ရတယ်"
သွမ့်နေ့က သွမ့်ပိုင်ယွဲ့ဘေးနားတွင် ထိုင်လိုက်ကာ ပြောလာ၏။
"ဒီတစ်ခေါက် ကံကောင်းတယ်လို့ပြောရမယ်။ ချူရှိန့်ရဲ့လူတွေဆိုတော့ နောင်တစ်ချိန်ကျရင် ပင်လယ်ပြင်မှာတိုက်ပွဲဖြစ်မယ်မှန်း ကြိုသိနေတယ်၊ ဒါကြောင့်လည်း ငါးအရေခွံလို ခံစားရစေတဲ့ အထည်မျိုး တွေ့လိုက်ရတော့ ငွေဘယ်လောက်ပဲကုန်ကုန် ဒီအထည်ကို ချုပ်တဲ့နည်း မရရအောင် ရှာယူခဲ့ရမယ်လို့ တွေးကြတယ်ထင်ပါတယ်"
"ဒါဆိုရင်လည်း အကိုက်ပဲဖြစ်သွားတာပေါ့"
"ဒါပေမယ့် တံခါးရှေ့မှာလည်း လူအင်အားအရမ်းများပါတယ်၊ ဝမ်ရယ်။ ညအချိန်ကျရင် သွားရောက်စုံစမ်းကြည့်ဖို့ အခွင့်မသာလှဘူး။ ဒီလျိုစန်းဓားပျံဂိုဏ်းရဲ့ပိုင်နက်ကလည်း သေးတယ်လို့ ပြောလို့မှမရတာ၊ အဲ့ဒီပိုင်ရှန့်ပြည်က အဖွဲ့ကို ဒီမှာ ဝှက်ထားခဲ့ရင်တောင် လွယ်လွယ်နဲ့ရှာတွေ့မှာ မဟုတ်လောက်ဘူး ဝမ်ရယ်"
"လွယ်လွယ်နဲ့ရှာတွေ့မှာ မဟုတ်ဘူးဆိုတာ လုံးဝရှာမတွေ့နိုင်ဘူးလို့မှ မဆိုလိုတာ။ ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကနေ ခြေရာလက်ရာ သဲလွန်စလေးတော့ ထွက်လာမှာပါ၊ သေသေချာချာ စောင့်ကြည့်လိုက်ရင် ရပါပြီ"
သွမ့်နေ့လည်း ခေါင်းညိတ်ပြလိုက်ကာ မုန့်တစ်ခုယူစားလိုက်သည်။ သို့သော် တစ်ခုခုကို ပြောမည်လုပ်ပြီးမှ ရပ်သွားသည်။
"ပြောစရာရှိတာ ပြော"
သွမ့်ပိုင်ယွဲ့က ပြောလိုက်တော့မှ -
ဒါဆိုလည်း ကျွန်တော်မျိုး  ထုတ်ပြောလိုက်တော့မယ်နော်။
သွမ့်နေ့က လည်ချောင်းရှင်းအောင် ချောင်းဟန့်လိုက်သည်။ ထို့နောက် -
"တုန်းဟိုင်စစ်ပွဲပြီးသွားကတည်းက ဝမ်ရယ် လက်ထပ်လို့ရနေပြီမဟုတ်လားခင်ဗျ!!!!"
သွမ့်ပိုင်ယွဲ့ - "....."
"အရီးတော်ကျင်းက ကျွန်တော်မျိုးကို မေးခိုင်းလိုက်ပါတယ်။ စံအိမ်တော်ထဲက ပိုးထည်စအနီတွေ ဆွေးမြည့်သွားလို့ အသစ်တွေ ထပ်ဝယ်ထားရတယ်တဲ့။ ဒီတစ်ခေါက်ကျ နဂါးနဲ့ ငန်းပုံတွေပါ ထိုးပေးထားမှာ၊ အကြာကြီးပစ်ထားရင် ရွှေချည်ကြိုးတွေက အရောင်မှိန်ကုန်မယ်တဲ့။ ဒါပေမယ့် ကြိုပြီးမချုပ်ထားလို့လည်းမရပါဘူးတဲ့။ ဘာပဲပြောပြော အဘွားကျီးကျင်ကလည်း အသက်အရမ်းကြီးနေပြီမို့ တစ်နှစ်ကို အထည်များများ လက်ခံနိုင်တော့တာမဟုတ်ဘူး၊ အပြိုင်အဆိုင် သွားအပ်ကြရတာတဲ့ "
သွမ့်ပိုင်ယွဲ့မှာ သွွမ့်နေ့မျက်နှာကိုသာ ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ သွမ့်နေ့က သတိကြီးစွာထားကာ ဆက်​မေးလာသည်။
"ဒါဆို ချုပ်ထားခိုင်းလိုက်တော့မယ်နော်၊ ဝမ်ရယ်"
သွမ့်ပိုင်ယွဲ့တစ်ယောက် ခေါင်းညိတ်ပြပြီးသည်နှင့် လက်ဖက်ရည်ကို တစ်ခါတည်း အကုန်မော့သောက်လိုက်သည်။
သွမ့်နေ့ကတော့ ရင်ထဲတွင် အားပါးတရ လက်သီးလက်မောင်းတန်းနေပြီဖြစ်သည်။
ဒီတစ်ခါတော့ တကယ် အခြေအနေထူးပြီကွ!!!!
*****
မီးအိမ်ထွန်းရမည့် ညနေချိန်ခါ ကျရောက်လာတော့ ရှောင်းရှောင်းအာလည်း ဧည့်ခံပွဲကျင်းပပေးသည်၊ သူကိုယ်တိုင် သွမ့်ပိုင်ယွဲ့တို့ကို လာရောက်ကြိုဆိုသေးသည်၊ အမူအရာများကတော့ အတော်ပင် လေးစားရိုသေသမှုရှိသည်။ သေရည်များကိုလည်စ အတူသောက်သုံးကြသည်။ အခြေအနေက တိုးတက်ကောင်းမွန်လာသော်လည်း သွမ့်ပိုင်ယွဲ့ကတော့ ချုပ်လုပ်ပြီးသားအထည်များကိုသာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုလာသည်။ ထို့ကြောင့် ရှောင်းရှောင်းအာလည်း ဘယ်လိုညှိနိှိုင်းမှုမျိုးမှ အတင်းအကျပ် မကမ်းလှမ်းလာတော့။ သေရည်များဖြငမ့ ဧည့်ခံပြီးသည့်နောက် ကချေသည်မိန်းမပျိုများဝင်လာပြီး ကပြ ဖျော်ဖြေကြကာ ပျော်ရွှင်စည်ကားမှုများ ဖန်တီးပေးလာသည်။ သို့နှင့် ညဥ့်သန်းခေါင်သို့ပင် တိုင်ခဲ့ကာ ဖုန်းလေကပင် သူတို့နှစ်ယောက်ကို ပြန်လိုက်ပို့ဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ပြောလိုက်သည်။
"မသိလို့ မေးပါရစေခင်ဗျာ၊ ဘယ်တော့များမှ စရန်ငွေပေးဖို့ ကတိစာချုပ် လုပ်ကြမှာလဲ။ ဒါမှ ကျွန်ုပ်လည်း ကုန်ပစ္စည်းတွေကို သွားယူပေးလို့ရမှာလေ"
"မလောပါနဲ့"
ဘီးတွဲထိုင်ခုံပေါ်တွင် ထိုင်နေလျက်ရှိသော ဖုန်းလေက အပြုံးတစ်ပွင့်နှင့်အတူ ဆက်ပြောလာသည်။
" ဒီစံအိမ်မှာသာ စိတ်ချမ်းချမ်းသာသာ နားနေဖို့ပဲ တွေးကြပါလေ"
"ဒုဂိုဏ်းချုပ် ဒီလိုပြောတာ သိပ်တော့မဟုတ်သေးဘူးဗျ။ ကျွန်ုပ်တို့က ကူးသန်းရောင်းဝယ်ဖို့ လာကြတာလေ၊ ဒီလိုမျိုး လျိုစန်းဓားပျံဂိုဏ်းမှာ သောင်တင်နေစရာ အကြောင်းကိစ္စမှမရှိဘဲ"
သွမ့်နေ့က ထိုသို့မေးလိုက်ပေမင့် ဖုန်းလေကတော့ သူ့ဘီးတွဲထိုင်ခုံ၏ ဘီးကို လက်ဖြင့်လှိမ့်ကာ ထွက်သွားပြီဖြစ်သည်။ သွမ့်နေ့က သူ့နောက် လိုကသွားမည်အလုပ်၊ သွမ့်ပိုင်ယွဲ့က အရင်ဆွဲထားလိုက်သည်။
"အခန်းထဲ ဝင်ကြစို့"
သွမ့်နေ့လည်း ဘေးနားတွင် ရပ်နေကြသော၊ လက်ထဲတွင် ဓားများ ကိုင်ဆောင်ထားကြသည့် လူများကိုကြည့်လိုက်ကာ အခန်းထဲသို့ ဆောင့်ဆောင့်အောင့်အောင့် ဝင်သွားသည်။
သွမ့်ပိုင်ယွဲ့က တံခါးပိတ်လိုက်ပြီးမှ ပြောလာသည်။
"သရုပ်ဆောင်တာ မဆိုးဘူးပဲ"
"ရှောင်ဝမ်ရယ်ဆီက သင်လာတာပါခင်ဗျာ"
သွမ့်ပို်င်ယွဲ့ ရယ်မိသွားသည်။
"ကြည့်ရတာ ရှောင်းရှောင်းအာက ငါတို့ဆီကနေ အထည်ချုပ်တဲ့ပညာကို ရအောင်ယူဖို့ အကျယ်ချုပ်ချလိုက်တဲ့နည်းကို သုံးလိုက်တဲ့ပုံပဲ။ မနက်ဖြန်ညကစပြီး ငါ အပြင်ဘက်ကို သွားပြီးစစ်ဆေးကြည့်မယ်။ မင်းကတော့ ဒီမှာ နေခဲ့ပြီး အခြေအနေအတိုင်း ဆက်ကစားနေလိုက်  "
"ဟုတ်ကဲ့"
သွမ့်နေ့လည်း ခေါင်းညိတ်ပြလိုက်သည်။
အပြင်ဘက်က အစောင့်များကလည်း အတန်ကြာအောင် ခိုးနားထောင်နေကြသေးသည်။ သို့သော် အထဲကလူနှစ်ယောက်မှာ အတော်အတန်ငြိမ်သက်နေကြသဖြင့် မိမိတို့နေရာတွင် ပြန်ပြီးနေရာယူကြကာ တစ်ညလုံးစောင့်နေခဲ့ကြသည်။ မနက်ရောက်သည့်အထိ ထိုအခန်းငယ်လေးမှာ တိတ်ဆိတ်ငြိမ်သက်နေမြဲ၊ ရှောင်းရှောင်းအာလည်း မလာ၊ ဖုန်းလေလည်း မလာပေ။
ညရောက်တော့ သွမ့်ပိုင်ယွဲ့က သစ်ပင်ဖျားများထက်ကတစ်ဆင့် ဆယ်ယောက်ကျော်သော အစောင့်တို့ တစ်ယောက်မှ သတိမထားမိဘဲနှင့် အိမ်ငယ်လေးဆီမှ တိတ်တဆိတ် ထွက်ခွာသွားသည်။
လျိုစန်းဓားပျံဂိုဏ်း၏ တည်ရှိရာနေရာမှာ နယ်နိမိတ်အတော်ကျယ်ဝန်းသည်။ ဧည့်ခန်းဆောင် အိမ်ငယ်လေးသည်ပင် ဆယ့်ခုနစ်၊ ဆယ့်ရှစ်ခုလောက်ရှိနေပြီ။ ဘေးအဆောင်ငယ်၊ ပင်မအိမ်တော်ကြီးနှင့် မရေမတွက်နိုင်အောင်များသော လျှို့ဝှက်ခန်းတို့ကို ထည့်မတွက်ရသေး။ သွမ့်ပိုင်ယွဲ့က ခပ်မြင့်မြင့်နေရာတစ်ခုပေါ်တက်ပြီး အပေါ်စီးမှခြုံကြည့်လိုက်ရာ နေရာတိုင်းတွင် မီးတုတ်များကိုင်ဆောင်ထားသော အစောင့်များ ရှိနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် နေရာတိုင်းက လူများကို ဖမ်းဆီးချုပ်နှောင်ထားသောနေရာ ဖြစ်နိုင်ကြသည်ပင်။
"ဝမ်ရယ်"
ရှီးနန်၏ လျှို့ဝှက်တပ်သားတစ်ယောက်င သူ့ဘေးနားသို့ရောက်ရှိလာသည်။
"အခြေအနေ ဘယ်လိုလဲ"
"မနေ့က ကျွန်တော်မျိုး တစ်ခေါက် သွားစုံစမ်းကြည့်ပြီးပါပြီ၊ ပိုင်ရှန့်ပြည်ကလူတွေကို ဖွက်ထားတဲ့နေရာ တစ်နေရာမှ မတွေ့ခဲ့ကြောင်းပါ ဝမ်ရယ်"
"နန်းတော်ကလူတွေရော?"
သွမ့်ပိုင်ယွဲ့က ဆက်မေးလာသည်။
"သူတို့လည်း ဘာမှမတွေ့ရှိကြောင်းပါခင်ဗျာ။ ကျွေ့ယင်တပ်သားတွေနဲ့လည်း လမ်းခုလတ်မှာ တွေ့လိုက်ပါသေးတယ်၊ သူတို့လည်း ဘာမှရလာတဲ့ပုံမပေါ်ကြောင်းပါ"
"ဆက်ရှာကြ။ သဲလွန်စတွေ့တဲ့အထိ မရပ်လိုက်ကြနဲ့"
လက်အောက်ငယ်သားဖြစ်သူကလည်း အမိန့်ကိုနာခံကာ ပြန်ထွက်သွား၏။ မိုးလင်းခါနီးဖြစ်နေပြီဖြစ်သော ကောင်းကင်ကြီးကိုတွေ့တော့ သွမ့်ပိုင်ယွဲလည်း အောက်သို့ပြန်ဆင်းလာခဲ့ကာ အိမ်ငယ်လေးဆီ ပြန်လာခဲ့သည်။
*****
သုံးရက်မြောက်ည နှင့် လေးရက်မြောက်ညအထိ ဘာသတင်းမှမရသေး။
ငါးရက်မြောက်​ေန့မှာတော့ -
သွမ့်ပိုင်ယွဲ့က မိုးပေါ်မှ ခုန်ဆင်းလာသော ကျွေ့ယင်တပ်သားတစ်ယောက်ကိုကြည့်နေသည်။ တစ်ဖက်လူက ဤသို့လှမ်းမေးလာသည်။
"သစ်အယ်သီးတွေ စားလို့ကောင်းလား"
ထိုအရိပ်တပ်သားက စိတ်ဆန္ဒထက်သန်စွာပင် သွမ့်ပိုင်ယွဲ့အား သစ်အယ်သီးတစ်ဆုပ်လှမ်းပေးလိုက်သည်။
သကြားပါထည့်စား၊ အရမ်းအရသာရှိတာ!!!!!
သွမ့်ပိုင်ယွဲ့က သစ်အယ်သီးတစ်လုံး ခွာလိုက်ကာ -
"ဒီရက်ပိုင်း မင်းတို့လည်း နားနားနေနေမနေရ​ဘူးလို့ ကြားရတယ်၊ ဘာများ စုံစမ်းလို့ ရခဲ့သလဲဆိုတာ ပန်ဝမ်ကို ပေးသိလို့ရမလား"
အရိပ်တပ်သားကြီးက သစ်အယ်သီးအခွံများကို ပုတ်ထုတ်လိုက်ကာ သွမ့်ပိုင်ယွဲ့အနားသို့တိုးပြီး စကားနှစ်ခွန်းပြောလိုက်သည်။ သွမ့်ပိုင်ယွဲ့ ရယ်မိသွား၏။
"ကျေးဇူးအများကြီးတင်ပါတယ်"
"အားမနာပါနဲ့ ခင်ဗျာ"
ကျွေ့ယင်တပ်သားကြီးက ချိုသာစွာပြုံးရင်းပြောလိုက်သည်။
ဘာပဲပြောပြော ၊ ကျွန်တော်မျိုးတို့က အစကတညး်က အရည်အချင်းရှိပြီးသားလေ။ ပြီးတော့ အရမ်းလည်း ဖော​ေ်ဖော်ရွေရွေရှိတာ။
ရှီးနန်တပ်သားများနှင့် နန်းတော်၏ လျှို့ဝှက်ကိုယ်ရံတော်များကတော့ ထိုမြင်ကွင်းကို အဝေးမှကြည့်နေကာ ဒင်းတို့အဖွဲ့ကို ထုရိုက်ပစ်ချင်စိတ်များ တဖွားဖွားပေါ်နေသည်။
ဘာလို့များ အကြိမ်တိုင်းလိုလို  ငါတို့ရှေ့ကနေ ဖြတ်ခုတ်သွားတာလဲဟ။
*****
ဒီနေ့ နေ့ခင်းပိုင်းမှာတော့ ဖုန်းလေက နောက်တစ်ခေါက် ကိုယ်ထင်ပြလာသည်း။ သူက ဘီးတွဲထိုင်ခုံပေါ်ထိုင်ကာ ထိုအိမ်ငယ်လေးဆီ တစ်ယောက်တည်း ရောက်လာခဲ့သည်။
သွမ့်နေ့က ကျောက်တုံးတစ်ခုပေါ် ထိုင်နေသည်၊ မျက်နှာကလည်း အေးစက်ခက်ထန်နေသည်။ ဖုန်းလေက ပြုံးလိုက်ကာ -
"ဧည့်သည်တော်ကြီး၊ ဒေါသထွက်နေပါသလားခင်ဗျာ"
သွမ့်ပိုင်ယွဲ့က မေးလိုက်သည်။
"အဲ့တော့ ကျွန်တော်တို့ကို ဘယ်တော့မှ ပြန်လွှတ်ပေးမှာလဲ"
"ဧည့်သည်တော်ကြီး တစ်ခုခုကို အထင်လွဲနေပုံရပါတယ်။ ဂိုဏ်းချုပ်သခင်ကြီး အမိန့်ချမှတ်လာတဲ့အရာကို ကျွန်ုပ် လိုက်နာနိုင်ရုံပဲရှိပါတယ်၊ ပြောင်းလဲပိုင်ခွင့်မရှိပါဘူး"
"ဒို့ညီအစ်ကိုနှစ်ယောက် တာ့ချူကိုရောက်လာတာ လက်ထဲကကုန်ပစ္စည်းကို ရောင်းချချင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ လျိုစန်းဓားပျံဂိုဏ်းမှာ အကျယ်ချုပ်အချခံနေရပါတယ် ၊ အကြောင်းရင်းက ဘာများလဲ"
"ကျွန်ုပ် စောနက ပြောပြီးသားပဲ၊ ဒါက ဂိုဏ်းချုပ်သခင်ကြီး စေခိုင်းလိုက်တဲ့ကိစ္စပါဆိုတာ။ ဒီရက်ပိုင်း သူလည်း တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့ ဒီဧည့်ခန်းဆောင်အိမ်ငယ်လေးဆီ လာဖို့ အချိန်ရှိမှာမဟုတ်ငေးပါဘူး။ အခြေအနေအချိန်အခါကို နားလည်တဲ့သူကမှ ပညာရှိပီသတာပါ၊ အသင်တို့နှစ်ယောက်လုံး ကျွန်ုပ်ပြောဖူးတဲ့စကားအတိုင်းပဲ လိုက်နာကြပါလေ၊ စိတ်လက်ပေါ့ပါးစွာ အနားယူနေကြပါခင်ဗျာ"
သွမ့်ပိုင်ယွဲ့က အနည်းငယ်ချိန်ဆပြီးမေးကြည့်လိုက်သည်။
"ဒါဆိုရင် ဒုဂိုဏ်းချုပ်လည်း ကျွန်တော်တို့ကိုသက်သာပေါ့ပါးစေအောင်လို့ လွှတ်ပေးလိုက်ရင် မကောင်းပေဘူးလား "
ဖုန်းလေက ထိုစကားကိုကြားတော့ ရယ်မောလိုက်သည်။
"ဧည့်သည်တော်ကြီးက တစ်နယ်တစ်ကျေးကလာတဲ့လူ အရမ်းပီသတာပဲ၊ စက​ားကို တည့်တည့်ပဲ ပြောတတ်ပေတယ်။ ဒါပေမယ့် ဂိုဏ်းချုပ်သခင်ကြီးသာ လာကြားသွားရင်တော့ ကျွန်ုပ် ဇီဝိန်ချုပ်သွားလောက်ပါပြီဗျာ"
"ကျွန်ုပ်ဘက်က တောင်းပန်တိုးလျှိုးပါတယ်လို့ ဒုဂိုဏ်းချုပ် သဘောထားပေးပါဗျာ"
တစ်ဖက်လူက နည်းနည်းအလျှော့ပေးလာသည့်ပုံကိုမြင်လိုက်သဖြင့် သွမ့်ပိုင်ယွဲ့လည်း ဆက်ပြောလိုက်သည်။
"ဒီနေရာကနေသာ ဘေးကင်းရန်ကင်း ရှောင်တိမ်းထွက်ခွာသွားနိုင်မယ်ဆို နောင်တစ်ချိန်ကျ အသင့်ကို ထိုက်တန်စွာ ကျေးဇူးပြန်ဆပ်ပါ့မယ်"
ဖုန်းလေက သွမ့်ပိုင်ယွဲ့ကို အကဲခတ်လာသည့်နှယ် စိုက်ကြည့်လာ၏။ ဘေးနားက သွမ့်နေ့သည်ပင် စိတ်ထဲမှ စိုးရိမ်နေကာ သူ ဘာပြောလာမလဲဟု စောင့်နေ၏။ သို့သော် ဖုန်းလေက အစောင့်တပ်သားကို လက်ယပ်ခေါ်လိုက်ကာ သူ့ဘီးတွဲထိုင်ခုံကို တွန်းခိုင်းလိုက်ပြီး အိမ်ငယ်လေးမှ ထွက်သွားလိုက်သည်။
"ဒီ မြေခွေးအိုကတော့!!!"
သွမ့်နေ့က ထိုသို့ပြောလာသည်၊ သွမ့်ပိုင်ယွဲ့ကတော့ ပြုံးလိုက်ကာ -
"ဒီနေ့ရောက်လာမှတော့ ....ကပြစရာဇာတ်ကားရှိလိမ့်မယ်လို့ ဆိုလိုတာပဲ။ စောင့်ကြည့်ဖို့ပဲ လိုတော့တယ်"
****
စာကြည့်ဆောင်ထဲဝယ်။
ရှောင်းရှောင်းအာက လက်ထဲမှစာအုပ်ကိုချကာ မေးလိုက်သည်။
"ခုထက်ထိ လက်မခံသေးဘူးလား"
ဖုန်းလေက ခေါင်းခါပြလိုက်သည်။
"လက်မခံသေးကြောင်းပါခင်ဗျာ"
ရှောင်းရှောင်းအာက မကျေနပ်​သည့်နှယ် နှာမှုတ်လိုက်ကာ -
"ခေါင်းမာနေလိုက်ကြတာများ.....တောရွာဇနပုဒ်ကလာမှန်း သိသာလိုက်တာ"
"ဒီလိုမျိုး ဆက်ပြီး အချိန်အကုန်ခံနေလို့မရတော့ပါဘူးခင်ဗျာ။ ဒူဝူကို တာဝန်လွှဲပေးလိုက်ရင် ပိုမမြန်လောက်ဘူးလား"
ဖုန်းလေက ထိုသို့ပြောလာတော့ ရှောင်းရှောင်းအာက ပြန်ပြီးသတိပေးလိုက်သည်။
"ငါ အဲ့အထည်ချုပ်တဲ့ပညာကို တကယ်လိုချင်နေတာ။ ဒူဝူကို ကိစ္စရှင်းလိုက်လို့ကတော့ သူတို့အသက်တောင်ပြန်ပါလာနိုင်ကြမလားတောင် မသိဘူး"
"အသက်တွေကိုနှုတ်ယူဖို့ ဂိုဏ်းချုပ်အမိန့်ပေးလိုက်ရင် ရပါပြီ။ ဘာပဲပြောပြော အဲ့နှစ်ယောက်က အထည်တွေကို သယ်လာတဲ့လူသက်သက်ပဲ၊ တကယ့်အတတ်ပညာရှင်မဟုတ်ဘူး။ ကျွန်းရဲ့တည်နေရာကိုသာ ​သိလိုက်ရရင် သူတို့သေသွားလည်း ဘာမှမဖြစ်ပါဘူးခင်ဗျာ"
"မင်းပြောတာလည်း ဟုတ်သားပဲ"
ရှောင်းရှောင်းအာက ခေတ္တမျှ စဥ္းစားလိုက်ပြီးနောက် ခေါင်းတညိတ်ညိတ်လုပ်လိုက်ကာ -
"ဒူဝူကို သွားခေါ်လာစမ်း"
ဖုန်းလေက အမိန့်ကိုနာခံယူလိုက်ကာ စာကြည့်ခန်းထဲမှ ထွက်သွားလိုက်သည်။
****
ညနေစောင်းရောက်တော့ သွမ့်နေ့ခမျာ ဗိုက်ထဲမှအသံမြည်အောင်ကို ဆာလောင်နေကာ ပွစိပွစိ ရေရွတ်လာ၏။
"အရောင်းအဝယ်လည်း ညှိနှိုင်းရတာ အဆင်မပြေဘူး။ စားစရာထမင်းလည်း မကျွေးပြန်ဘူး"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။
"ထမင်းမကျွေးတာလောက် မဟုတ်မှာတောင် စိုးရတယ်"
"ဟင်? ဝမ်ရယ် ဒီလိုပြောတာ ဘာသဘောလဲ"
သွမ့်နေ့ နားမလည်ချေ။ ထို့နောက် ကိုယ်ရံတော်နှင့် အပေါင်းအပါများ အခန်းတံခါးမှ ဝုန်းခနဲ ကျူးကျော်ဝင်ရောက်လာကြသည်ကို တွေ့လိုက်သည်။
"တယ်!!!!! အတင့်ရဲလိုက်လေခြင်း!!!!!"
သွမ့်နေ့က သတိကြီးစွာထားရင်း အော်လိုက်ကာ ချက်ချင်း သွမ့်ပိုင်ယွဲ့ရှေ့ထရပ်ပြီး ကာကွယ်လိုက်သည်။
"မင်းတို့ ဘာလုပ်ကြမလို့လဲ"
အဖွဲ့ခေါင်းဆောင်မှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ နှာခေါင်းတွင်လည်း အပေါက်ဖောက်ပြီး သတ္တုကွင်းများဝတ်ဆင်ထားသေးသဖြင့် အတော်ပင် အရိုင်းအစိုင်းဆန်လှပေသည်။
သွမ့်ပိုင်ယွဲ့မျက်နှာ အနည်းငယ်ပျက်ယွင်းသွားပြီး -
"မင်းတို့ ဘာလုပ်ကြမလို့လဲ"
ဒူဝူက လက်ဝှေ့ယမ်းပြလိုက်သည်။
"စကားများမနေနဲ့။ ဒီနှစ်ယောက်ကို ခြေတစ်ရာအဆိပ်တွင်းဆီ ခေါ်သွားလိုက် "
ကိုယ်ရံတော်များက သူတို့အား ဝန်းရံဖမ်းဆီးလာကြသည်။ ဤမျှထိ လူအင်အားများသောလူအုပ်ကြီးက သူတို့ကို သံကြိုးဖြင့် တုပ်ပြီး ဆွဲခေါ်သွားတော့ သွမ့်နေ့က ကိုယ့်ကိုယ်ကို သနားလာမိသည်။
ဒီလောက်တောင်လုပ်ထားရတာကို ဒီတစ်ခေါက် ဝမ်ရယ် လက်မထပ်သေးဘူးဆိုရင် တော့......တန်မှတန်ပါ့မလား။
တန်မှတန်ပါ့မလား။
တန်မှတန်ရဲ့လားလို့ ဖြေကြည့်စမ်းပါဦး။
*****
ခြေတစ်ရာအဆိပ်တွင်း။
နာမည်ကြားလိုက်ရုံနှင့် လှပသာယာသောနေရာမဟုတ်မှန်း လုံးဝသေချာသည်။ တောနက်ထဲ ရုန်းရင်းဆန်ရင်း ဝင်ရောက်သွားတော့ အမျိုးစုံ အသွေးစုံ မြွေများနှင့် ပိုးကောင်မျိုးစုံကို တွေ့လိုက်ရသည်။ သွမ့်နေ့မျက်မှာမှာ ဖြူဆုတ်သွားပြီး အော်​ဟစ်ရုန်းကန်လာ၏။
"ငါ့ကို ချက်ချင်းလွှတ်ပေးစမ်း!!!!!"
သွမ့်ပိုင်ယွဲ့လည်း အံကြိတ်လိုက်ကာ ခက်ထန်စွာဆိုလာသည်။
"ဒါက လျိုစန်းဓားပျံဂိုဏ်းရဲ့ ဧည့်ဝတ်ကျေပွန်မှုတွေပေါ့လေ"
ဒူဝူက ကြာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။
"သိရင်လည်းပြီးတာပဲ။ ဒါဆိုရင် ဂိုဏ်းချုပ်သခင်ကြီး လိုချင်တဲ့ဟာကို မြန်မြန်ပေးလိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင် မင်းတို့တွေ ဒီဂိုဏ်းကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာမဟုတ်ဘူး"
*****
"အဆင်မှပြေပါ့မလား"
အတန်ငယ်အလှမ်းဝေးသော ကုန်းမြင့်တစ်နေရာတွင် ကျွေ့ယင်တပ်သားများက  လည်ပင်းဆန့်ပြီး စိုးရိမ်တကြီး မျှော်ကြည့်နေကြသည်။ သို့သော် ရှီးနန်တပ်သားများကတော့ သိုင်းလောက၏လာဘ်ခေါ်ကောင်* များကို အာရုံစိုက်ဖို့ရန် စိတ်ကူးမရှိအားသေးဘဲ နန်းတော်ထဲက လျှို့ဝှက်ကိုယ်ရံတော်များကို အတန်တန်မှာကြားနေကြည်။
"တကယ်လို့များ ဝမ်ရယ်သာ တကယ်အဆော်ခံရမယ်ဆိုရင် အရှင်မင်းမြတ်ကို အမှန်အတိုင်း တစ်လုံးမကျန် လျှောက်တင်ပေးပါ။ ဆိုးဆိုးရွားရွား ပုံဖော်ပြီးပြောနိုင်လေ ကောင်းလေပဲ။ သေခါနီး မျော့မျော့လေးပဲကျန်တော့တယ်ဆိုတဲ့အထိ အခြေအနေဆိုးနေပြီလို့ပြောနိုင်ရင် အကောင်းဆုံးပဲ"
ရှီးနန်စံအိမ်တော်က ဒီထက်ပိုပြီး ချမ်းသာကြွယ်ဝနေလျှင်တောင် ၊ အရီးတော်ကျင်း၏ နှစ်စဥ္နှစ်တိုင်း ပိုးထည်စအနီ လဲလှယ်ဝယ်ယူနေရခြင်းကို အဆင်​ပြေမနေလောက်တော့။။
​ထိုပိုးထည်စအနီများကို မြန်မြန်အသုံးချရမှ ပိုကောင်းရော့မည်။
*****
2021.01.20.
Thanks for loving this story. 💜💛
*သိုင်းလောကရဲ့ လာဘ်ခေါ်ကောင် = ကျွေ့ယင်ဂိုဏ်းသားများ
*****
အခန်း - ၁၁၁ (ဒူဝူ)
****
"ဂိုဏ်းချုပ်သခင်ကြီး"
"ပိတ်စသက်သက်ကရော?"
သွမ့်ပိုင်ယွဲ့ကတော့ အခိုင်အမာ​ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့၊ ရပါတယ်"
"ဧည့်သည်တွေ အနားယူဖို့ သွားပို့လိုက် ၊ ပြီးတော့ သေသေချာချာ ကောင်းကောင်းမွန်မွန် ပြုစုဧည့်ခံဖို့ အစေခံတွေကို မှာလိုက်ဉီး "
"ဒါဆိုရင် အသင်တို့နှစ်ယောက် အနားယူလိုက်ကြပါဉီး"
"ပြောစရာရှိတာ ပြော"
သွမ့်ပိုင်ယွဲ့ - "....."
*****
"မလောပါနဲ့"
"အခန်းထဲ ဝင်ကြစို့"
သွမ့်ပိုင်ယွဲ့ ရယ်မိသွားသည်။
"ဟုတ်ကဲ့"
"ဝမ်ရယ်"
"အခြေအနေ ဘယ်လိုလဲ"
"နန်းတော်ကလူတွေရော?"
*****
ငါးရက်မြောက်​နေ့မှာတော့ -
"အားမနာပါနဲ့ ခင်ဗျာ"
*****
"ဒီ မြေခွေးအိုကတော့!!!"
****
စာကြည့်ဆောင်ထဲဝယ်။
ရှောင်းရှောင်းအာက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းတညိတ်ညိတ်လုပ်လိုက်ကာ -
****
တန်မှတန်ပါ့မလား။
တန်မှတန်ရဲ့လားလို့ ဖြေကြည့်စမ်းပါဉီး။
*****
ခြေတစ်ရာအဆိပ်တွင်း။
*****
"အဆင်မှပြေပါ့မလား"
*****
2021.01.20.
Czytaj Dalej
To Też Polubisz
33.7K 3.4K 6
အရမ်း​ဖြောင့်​တယ်​။ အရမ်းဖြောင့်တယ်။
81.9K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
441K 16.5K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
443K 54.3K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...