အသက်နှင့်လဲ၍ (Completed)

By EmmaXing95

176K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 18

3.1K 232 3
By EmmaXing95


Unicode

‌ေရှာင်းကျန် ့ခုံမှာထိုင်ပြီးတော့ ရိပေါ်က စားစရာတွေချတယ်။ ညကထဲက ထမင်းမစားရသေးတာကြောင့် ရှောင်းကျန့်အားရပါးရစားနေ
တာကိုရိပေါ်ကြည့်ပြီး ပြုံးနေမိတယ်။

ပလုပ်ပလောင်းနဲ့ နင်နေပါဦးမယ်။

"ကော ရေသောက်ဦး"

စားသောက်ပြီးတော့ ရှောင်းကျန့်က ပန်းကန်ဆေးဖို့လုပ်တော့ ရိပေါ်က

"ကော ကျွန်တော်ဆေးမယ်"

"ရတယ် မင်းချက်တာ ငါစားမှတော့ ပန်းကန်ကိုငါဆေးရမှာပေါ့"

"ကော လက်ကကောင်းသွားပြီလား"

"အင်း နည်းနည်းတော့ နာနေသေးပေမဲ့ သက်သာလာမှာပါ"

.................

နောက်တစ်နေ့ကျတော့ ရှောင်းကျန့် ဆေးရုံမှာအလုပ်ပြန်ဆင်းပြီဖြစ်တယ်။

ဆေးရုံရောက်လာကတည်းက အရေးပေါ်ဌာနကိုလာတဲ့လမ်းတစ်လျှောက် နာ့စ်တွေရော ဆရာဝန်တွေရော သူ့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ဘာလား..

ကျိုးချန်ကို မတွေ့တော့။ ကောင်တာက မျန်မျန်ကို မေးကြည့်လိုက်သည်။

"မျန်မျန် ကျိုးချန်ရော"

"ဟင် အော်..ဟို...လူနာကြည့်နေတယ်"

"အော် အင်း"

ရှောင်းကျန့်အောက်က ဂျူတီချိန်ဘုတ်ပြားကိုကြည့်နေပေမဲ့ မျန်မျန်က တစ်ချက်တစ်ချက် ခိုးကြည့်တာကို သိနေသည်။ ခုနတုန်းကလည်း
နာ့စ်တွေ နေဦး..

ဖုန်းကိုအမြန်ထုတ်ကာ gp chat ထဲဝင်ကြည့်ကာမှ ‌ေရှာင်းကျန့်မျက်နှာရဲကနဲ။ gp chat ထဲမှာပြောထားတဲ့အကြောင်းကတော့ ရိပေါ်ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ဒေါက်တာရှောင်းကျန့်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ သူအိပ်နေတဲ့ပုံကို gp ထဲက လူတိုင်းမြင်ပြီးသွားပြီ။ ဒီပုံကို gp ထဲကို ဘယ်သူပို့လိုက်တာလဲဆိုတော့

"မျန်မျန်!"

"ရှင်!"

"မင်း! ဒီ...ဒီပုံကို ဘယ်ကရတာလဲ"

"ဟို...ဟို အဲ့တာက.."

*သေစမ်း gp ထဲမှာဒေါက်တာရှောင်း ရှိတာပဲ သူကိုယ်တိုင်ထည့်ပေးထားပြီး သူမေ့နေတာ သေစမ်း*

"ပြောလို့ ဘယ်သူရိုက်ထားတာလဲ"

"ဟို အဲ့တာ ဝမ်နင်ဆီကရတာပါ"

"ဘာ! သူဘယ်မှာလဲ"

မနေ့က...

"ကျဲ! ကျဲ!"

"ဟဲ့ ဝမ်နင် နင်ဘာလာလုပ်ပြန်တာလဲ"

"အစ်ကို ရှောင်းကျန့်အိမ်ကို ဟိုလူလာသွားလို့"

"ဘယ်သူလဲ"

"ဟာ တရားခံလေဗျာ အစ်ကို့ကို လည်ပင်းညစ်သတ်နေတာ ရိပေါ်အချိန်မှီရောက်သွားလို့ပေါ့"

"ဘာ!!!"

ဒါကတော့ ကျိုးချန် အသံပဲဖြစ်ပါတယ်။

"အခု သူအိမ်မှာတစ်ယောက်ထဲလား"

"မဟုတ်ဘူး ရိပေါ်ရှိတယ်"

"ငါသူ့ဆီသွားမယ်"

"အဲ ဟို‌ေဒါက်တာကျိုးချန် အရေးပေါ်ဌာနကို ဘယ်လိုလုပ်မလဲ လူနာတွေတန်းစီနေတာ"

"စစ်ကျွေးကို ကြည့်ခိုင်းထားလိုက်"

"ဟဲ့ ကျိုးချန် နင်ကလည်း ဂျူနီယာလေးကိုပဲခိုင်းနေတော့တာ"

"သူ့မခိုင်းလို့ ငါ့ညီက သေမလိုဖြစ်သွားတာလေ"

"ရိပေါ် ရှိတယ်တဲ့လေ"

"အဲ့အကောင်နဲ့မို့ ပိုတောင်စိတ်မချဘူး ဝမ်နင် မင်းငါ့ကိုလိုက်ပို့"

"အစ်ကို မနက်မှသွားပါလား"

"မင်းတို့ကဘာဖြစ်နေတာလဲ ငါ့ကိုအတင်းဆွဲထားတာ"

"ကျွန်တော် ဒီမှာပုံပြမယ်"

(ဝမ်နင်နေရာမှာ သာသာဆိုရင် ဒီလောက်အဖိုးတန်တဲ့ မြင်ကွင်းကို သေချာပေါက် ဓာတ်ပုံရိုက်ထားမှာ😃)

ဒီလိုနဲ့ ဝမ်နင်ပြတဲ့ပုံကို အကုန်မြင်ပြီးတော့မှ ခုနက ဂျူတီကုတ်ကို ချွတ်ကာ ကုတ်အကျင်္ ီဆွဲပြီးသွားမလို့လုပ်နေတဲ့ ကျိုးချန် လူနာသွား
ကြည့်တော့မယ် ဆိုပြီး ဒေါသတကြီးထွက်သွားလေသည်။

မျန်မျန်က ဝမ်နင်ဆီကပုံတောင်းပြီး gp ထဲကိုပို့လိုက်တော့တာပဲ။
ဆေးရုံက နာ့စ်တွေကတော့ ရှတဲ့လူကရှ သဘောတူတဲ့လူကတူ တစ်ချို့ကြတော့ ရိပေါ်ကိုမကျေနပ် ဒီလောက်ဆင်တဲ့ ဒေါက်တာလေး ပါသွားတာကို သူ့ဆီ။

ရှောင်းကျန့်တစ်ယောက်ရှက်လွန်းလို့ ဘယ်သွားလို့သွားရမှန်းမသိ။

*ဝမ်နင် ဝမ်နင် မင်းသေပြီသာမှတ် ငါ့ပုံကိုခိုးရိုက်ရဲတယ်ပေါ့*

(ရိပေါ်ခိုးရိုက်တာကိုသာ သိသွားကြည့်🙂)

နောက်ဆုံး သူ့ကိုလူမမြင်တဲ့နေရာဆိုလို့ ရိပေါ်အစ်ကို လူနာခန်းပဲရှိတော့တယ်။

ဟိုရောက်တော့ အစ်ကိုရှီးချန်က ‌ေဒါက်တာ့ကို သူ့ညီဆွဲထည့်တဲ့ကိစ္စ တောင်းပန်ပါတယ် ဘာညာနဲ့ သူလည်းအလိုက်သင့်ပြောနေလိုက်တယ်။ ရှောင်းကျန့်မျက်လုံးက လူလာမှာစိုးလို့ ဂနာမငြိမ်။

အမှတ်တမဲ့ အစ်ကိုရှီးချန်ဆီ မျက်လုံးရောက်သွားတော့ သူ့ကိုကြည့်နေတာနဲ့ တိုးတယ်။

"အဲ့ညက ဒေါက်တာ တော်တော်လန့်သွားမှာပဲ"

"ဗျာ အော် ဟုတ်ကဲ့"

*မဟုတ်မှ သိနေတာလား*

"ရိပေါ်အချိန်မှီရောက်လာလို့ပါ မဟုတ်ရင် ကျွန်တော်သေသွားလောက်တယ်"

"တကယ်ကို တော်သေးတာပေါ့"

"ဟုတ်"

"ကျွန်တော့်ကို ယဥ်ယဥ်ကျေးကျေးပြောစရာမလိုပါဘူး ဒေါက်တာက ကျွန်တော့် အသက်ကိုကယ်ထားတာလေ"

"ဒါနဲ့ ဒဏ်ရာကကောင်းနေပြီထင်တယ် မနက်ဖြန်ဆိုဆင်းလို့ရလောက်ပြီ"

"အော် ဟုတ်လား"

"အင်း"

ရှောင်းကျန့်မှာ သူများလူနာခန်းထဲလာပြီး ‌
ပရောပရေ ပြောနေရတာအဆင်မပြေ။ အမှန်ဆိုသူအခုချိန် ဆေးကုနေရမှာ ဝမ်နင်ကြောင့်ပေါ့။

"ဒေါက်တာ ဘာများပြောစရာကျန်သေးလို့လဲ"

"ဟို မကျန်တော့ပါဘူး ကျွန်တော်...သွားပြီနော်"

"ဟုတ်ကဲ့"

ဘာပဲဖြစ်ဖြစ် အကုန်သိတော့လည်းဘာဖြစ်လဲ။ သူကဘာလို့ ဂရုစိုက်ရမှာ။ တော်ကြာ ဒီမှာဆက်နေကာမှ ရိပေါ်လာရင် ပိုဆိုးနေမယ်။ သူမြင်ပြီးရှက်နေရမှာ။

ရှောင်းကျန့်သွားနေရင်းက အကွေ့မှာ ရိပေါ်နဲ့တိုက်မိပါလေရော။

*ကလေးစုတ် အသက်ရှည်ဦးမယ် အခုတွေးနေတာ တန်းပေါ်လာတယ်*

"ကျန့်ကော အစ်ကို့ဆီက ပြန်လာတာလား"

"အင်း"

"ကျန့်ကော~"

ရှောင်းကျန့်မှာ ရိပေါ်မျက်လုံးကိုရှောင်နေခြင်းပင် ဒါကိုရိပေါ်က သတိထားမိတော့ အတင်းလိုက်ကြည့်နေတာ။
ငါ့ကိုလွှတ်ထားစမ်းပါ။

ဒီကိုလာတုန်းကလည်း  လမ်းမှာ နာ့စ်တစ်သိုက်ကြီး သူ့ရှေ့လာရပ်ပြီးတော့

"ဒေါက်တာရှောင်းကျန့်နဲ့ နင်နဲ့ကဘာတွေလဲ"

နာ့စ်တစ်ယောက်ကမေးတော့

"မင်းတို့အပူပါလား"

မေးတဲ့တစ်ယောက် နင်သွားလေသည်။
နောက်ထပ်တစ်ယောက်က

"ငါတို့က support ပေးမလို့ပါဟယ် ဒီလောက်ကြီးမချေပါနဲ့"

"?????"

"နင်တို့နှစ်ယောက် တကယ်ဘာမှမဟုတ်ဘူးလား"

"အခုတော့ ဘာမှမဟုတ်ဘူး"

/အခုဘာမှမဟုတ်ဘူးဆိုတော့ နောက်ဖြစ်တော့မယ်ဆိုတဲ့သဘောလား/

/ဟုတ်မယ်ထင်တယ်/

/page ထောင်လိုက်တော့ သူတို့နှစ်‌ေယာက်ညားကိုညားရမယ်/

/Ok/

/page name ကိုဘယ်လိုပေးမှာလဲ/

/သူတို့နှစ်ယောက်နာမည်ပေးမယ်လေ/

Gp ထဲမှာဗြောင်းဆန်သွားသလို page အသစ်ကြီးတစ်ခုကတော့ ပေါ်လာလေတော့သည်။
နာမည်ကတော့ yizhan တဲ့။

########

💞Mei Xing💞

Update ကြာလို့သွေ့ပုချိ🙏
ဖတ်‌ေပးကြတဲ့သူတွေ အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့😘

Zawgyi

Continue Reading

You'll Also Like

12K 314 23
Unexpected commitments.They bound to marry each other...from being strangers to couples.Para silang mga aso't pusa and they tried to work things out...
1.4K 197 7
ဒေါ်လေးနဲ့ အီဟယ်ချန်းက စတာခံရပြီးတိုင်း "မုန်းတယ်" လို့ ခနခနရေရွတ်ဖြစ်တယ် ဒေါ်လေးကို မုန်းတာလည်း မဟုတ်သလို အီဟယ်ချန်းလေးကို မုန်းတာလည်း မဟုတ်တာ သူသိ...
11.8K 449 15
B l u r r e d 'Difficult to understand or remember clearly' "Opinions aren't facts Woongie, Stop worrying about what people say or think of you" I re...
61.5K 981 36
Please don't take any of my stories. COMPLETED BUT EDITING "You think you can actually run from me?" he whispered, close enough to feel his hot breat...