ခိုင်မြဲစေလို...

By Thalynn_Nyo

38.5K 2K 157

ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ Ca... More

ခိုင်မြဲစေလို
♡︎(1)♡︎[U+Z]
♡︎(2)♡︎[U+Z]
♡︎(3)♡︎ [U+Z]
♡︎(5)♡︎[U+Z]
♡︎(6)♡︎[U+Z]
♡︎(7)♡︎[U+Z]
♡︎(8)♡︎[U+Z]
♡︎(9)♡︎[U+Z]
♡︎(10)♡︎[U+Z]
♡︎(11)♡︎[U+Z]
♡︎(12)♡︎ (U+Z)
♡︎(12-II)♡︎[U+Z]
♡︎(13)♡︎[U+Z]
♡︎(14)♡︎[U+Z]
♡︎(15)♡︎[U+Z]
♡︎(16)♡︎[U+Z]
♡︎(17)♡︎[U+Z]
Happy Birthday Our Precious Paing🕯️
♡︎(18)♡︎ [U+Z]
♡︎(19)♡︎[U+Z]
20 [U+Z]
New fic
Extra
ပိတောက်လက်ဆောင်

♡︎(4)♡︎[U+Z]

1.4K 99 0
By Thalynn_Nyo

ခိုင်မြဲစေလို[Unicode]

Chapter-4♡︎

"ပျင်းနေပြီလား..."

အသံလာရာအခန်းဝကို လှည့်ကြည့်မိတော့ မျက်ချီးပေလေးက ရေစက်ရေပေါက်များတွဲခိုလျက် သန့်ရှင်းနေပြီ။

"မပျင်းပါဘူး...ဒါနဲ့ မနက်စာမစားဘူးလား"

ခိုင်ခံ့ မေးလိုက်တော့ ခွန်မြဲက ပခုံးတွန့်ပြီး

"မင်းကို ထိုင်စောင့်နေခိုင်းပြီး ငါမနက်စာစားနေရင် မင်းပျင်းပြီး သေသွားမှာပေါ့"ဟုဆိုလာသည်။

ခွန်မြဲ အခန်းထောင့်ရှိ ဗီရိုမှ အဝတ်တစ်စုံထုတ်လိုက်ပြီး ညအိပ်ဝတ်စုံကို ကြယ်သီးတစ်လုံးချင်းဖြုတ်နေသည်မို့ ခိုင်ခံ့ စာအုပ်ပုံသို့သာအကြည့်လွှဲလိုက်သည်။

နံရံပေါ်တွင် ခွန်မြဲ၏ လွယ်အိတ်အစိမ်းလေးကိုတွေ့ရသည်မို့ ဘာရယ်မဟုတ် ဖြုတ်ယူလိုက်သည်။

"မင်းက တစ်ဦးတည်းသောသားပေါ့"
ခံ့ သူများလွယ်အိတ်ဇစ်ကို ကလိရင်းမေးနေသော်လည်း ပိုင်ရှင်က ဟန့်တားခြင်းပင်မပြု။

"အင်း...ငါငယ်ငယ်တည်းက တစ်ယောက်တည်း အရမ်းပျင်းစရာကောင်းတာ။ငါ၄တန်းနှစ်မှာပဲ ဖေဖေ ဆုံးသွားတာ"
ခွန်မြဲ လေသံက ပုံမှန်ထက် တိုးနေသည်မို့ ခိုင်ခံ့ ပင်စိတ်မကောင်းဖြစ်မိသည်။

"စိတ်မကောင်းပါဘူး။ဒါပေမယ့် အခု ငါရှိပါတယ်။ငါက မင်းနဲ့ အစ်ကိုလို လျှောက်သွားပေးပြီး အဖေလို စောင့်ရှောက်ပေးမယ်လေ"

ခိုင်ခံ့ သူ့ရှေ့ကကောင်လေးကို နူးနူးညံ့ညံ့ကြည့်လိုက်ပြီး ညီငယ်လေးကိုအလိုလိုက်တတ်သည့် အစ်ကိုကြီးတစ်ယောက်လို ပြုံးပြလိုက်သည်။

"စကားများလိုက်တာ။မနက်စာသွားစားမလို့။မင်းပါလိုက်ခဲ့"

ပြောပြီးသည်နှင့် သူအရင် အခန်းထဲမှယထွက်သွားသည်မို့ ခိုင်ခံ့လည်း နောက်မှ လိုက်ပါခဲ့သည်။

"သား...လာလေ...ခံ့လေးက အုန်းနို့ခေါက်ဆွဲလာပို့ထားတယ်
သားခံ့ လည်း နွားနို့သောက်ဦးလေ။
အန်တီနု ဖျော်ထားပြီ"

ခွန်မြဲနှင့်ခံ့ လှေကားပေါ်မှဆင်းလာတော့ အန်တီနုက ဆီးပြောသည်။ခွန်မြဲ ကလည်း "လာလေ" ဟူသည့် သဘောဖြင့် သူ့ကို ကြည့်လာသည်မို့ ခံ့ မငြင်းလိုက်တော့ပေ။

ထမင်းစားခန်းကလည်း သပ်သပ်ရပ်ရပ်။
ရေခဲသေတ္တာတစ်လုံး၊စားပွဲတစ်လုံးနှင့် ထိုင်ခုံ၅ခုံသာ ရှိသည်။

ခံ့လည်း ခွန်မြဲထိုင်နေသောခုံ၏ ဘေးခုံမှာပင် ဝင်ထိုင်လိုက်သည်။

အန်တီနုကတော့ ခွန်မြဲကို အုန်းနို့ခေါက်ဆွဲထည့်ပေးရင်း "သားခံ့ရော စားပြီးသွားပြီလား" ဟုမေးလာသည်။

"ဟုတ်ကဲ့ အန်တီ။လာမပို့ခင်တည်းက စားပြီးပါပြီ။ဟီး..." ခံ့က သွားအဖြီးသားနှင့်ပြောလိုက်တော့ ဘာရယ်မဟုတ် ခွန်မြဲ ငေးမိသည်။

"ဟိန်လေးက ဒီလို အုန်းနို့ခေါက်ဆွဲတို့၊မုန့်ဟင်းခါးတို့ဆိုသိပ်ကြိုက်တာ သားရဲ့။
အန်တီကလည်း အလုပ်တဖက်နဲ့ဆိုတော့ သေချာလုပ်မကျွေးဖြစ်ဘူး။
သားအမေ လက်ရာက ဘယ်တော့မှမရိုးဘူး။"

"ဟုတ်ကဲ့ပါ အန်တီ။တကူးတကကြီးမဟုတ်ပါဘူး။ခွန်မြဲ ကြိုက်ရင် သား နောက်ဆိုလည်းလာပို့ပေးမယ်လေ။"

သွေးရောင်လွှမ်းနေသော ခံ့ နှုတ်ခမ်းထူထူတို့၏ လှုပ်ရှားမှုက ခွန်မြဲ အတွက် အကြည့်မလွှဲချင်စရာ။

မဖြူမညို အသားအရည်က ခံ့ မျက်နှာကျနှင့် တော်တော်လေးလိုက်ဖက်သည်ဟု ခွန်မြဲ တွေးမိပါသည်။

အရပ်ရှည်ရှည်နဲ့မို့ ခံ့က ကြည့်ကောင်းတာထက်ပိုပါသည်။

အကဲခက်လို့ဝမှ ခွန်မြဲ
အုန်းနို့ခေါက်ဆွဲကို ငုံ့စားသည်။

အန်တီနု က ခိုင်ခံ့နှင့်ခွန်မြဲအတွက် နွားနို့တစ်ယောက်တစ်ခွက်စီနှင့် ခိုင်ခံ့ရှေ့တွင်ဘီစကစ်မုန့်တစ်ပန်းကန်လာချပေးသည်။

"အန်တီတို့ ျိုတုန်းကဆို သားအမေက
အမြဲမုန့်လုပ်ကျွေးနေကျ။ခိုင်က ကိုယ့်အစ်မအရင်းလိုပါပဲ။"

ခွန်မြဲအမေက လူငယ်တစ်ယောက်လို သွက်သွက်လက်လက်ဆိုလာတော့ ခိုင်ခံ့ ပြုံးလိုက်မိသည်။

အန်တီနုက အသက်၄၀ အရွယ်မှာတောင်နာမည်နှင့်လိုက်အောင်နုနေဆဲပင်ဖြစ်သည်။

ဂျင်းစကတ်အရှည်နှင့် အင်္ကျီလက်ရှည်ကိုဝတ်ထားသဖြင့် ကလေးအမေလို့ပင် ထင်ချင်စရာမရှိ။

မေမေက အေးသလောက် အန်တီနုက ထက်မြက် သွက်လက်သည်။

"မုန့်စားနော် သားခံ့...။အန်တီအဝတ်တွေသွားလျှော်လိုက်ဦးမယ်။သားငယ်လေး နွားနို့လည်းကုန်အောင်သောက်နော်။"

အန်တီနုက ကျွန်တော်နဲ့ ခွန်မြဲကို​မှာပြီး ထမင်းစားခန်းထဲကထွက်သွားသည်။

ကျွန်တော်နှင့်ခွန်မြဲလည်း စကားတပြောပြောနှင့် မနက်စာဆက်စားခဲ့ကြသည်။

______________________________________

"ခွန်မြဲ...ခုထိမထသေးဘူးလားကွ"
ခွန်မြဲဟိန်တစ်ယောက် မနက်စောစော ကျူရှင်သွားခါနီး သင်္ချာစာအုပ်ပျောက်၍ရှာနေခိုက် ခြံရှေ့မှအော်သံကအခန်းထိ လွင့်ပျံလာသည်။

"လာပြီကွ..."
ဘယ်လိုရှာရှာ ရှာဖွေ၍မရသောသင်္ချာစာအုပ်ကို ခွန်မြဲ လက်လျှော့လိုက်ပြီး လွယ်အိတ်ကိုလွယ်ကာ ခြေမျက်စိဖုံးနေသော ကျောင်းစိမ်းပုဆိုးတကားကားကို မလျက် အခန်းထဲမှ ထွက်လာခဲ့တော့သည်။

အိမ်ပေါ်ကဆင်းသည်နှင့် စက်ဘီးအညိုလေးကိုဒေါက်ထောက်လျက် ရပ်နေသော ခိုင်ခံ့ ၏ မျက်နှာတွင် စိတ်မရှည်သည့်အရိပ်အယောင်တို့ကအထင်းသား။

"မင်းကလည်းကြာလိုက်တာကွာ။
မိန်းမလည်းမဟုတ်ဘဲ အဲ့လောက်ပြင်ဆင်နေရလား"

ခိုင်ခံ့သည် ခွန်မြဲ ခေါင်းကဂျယ်အကူအညီဖြင့် သေသပ်နေသော ဆံနွယ်ညိုညိုတို့ကိုကြည့်ပြီးပြောလာသည်။

ခိုင်ခံ့ ဆိုတဲ့ကောင်ဟာ သူ ဆံပင် ဂျယ်ထောင်
ထားရင် တစ်ခုမဟုတ်တစ်ခုပြောရမှ။

မျက်လုံးတို့ကိုတမင်ကြည့်မကောင်းအောင်မှေးစင်း၍ သူ့အားကြည့်လာသော ခိုင်ခံ့မောင် အား ခွန်မြဲ သွားအဖြီးလေးဖြင့် မျက်နှာချိုသွေးကာ စက်ဘီးကယ်ရီယာပေါ်တွင်ထိုင်လိုက်သည်။

ခံ့၏ စက်ဘီးလေးသည် ခွန်မြဲတို့ အိမ်ရှေ့လမ်းလေးမှ တလိမ့်လိမ့်ထွက်ခွာခဲ့လေသည်။

ကျူရှင်အိမ်မှာ ချစ်စဖွယ် တစ်ထပ်တိုက်ပုလေးဖြစ်သည်။

စက်ဘီးနင်းလာသည့် ခံ့ ကိုမြင်တော့
မေထက်သူကအလိုက်သိစွာ သူမ တစ်ဝက်တစ်ပျက်ပိတ်နေဆဲ ခြံတံခါးကို ပြန်ဖွင့်ပေးသည်။

ထို့နောက် ခံ့ နောက်မှပါလာသည့် ခွန်မြဲကိုမြင်တော့ မျက်လုံးလေးပင်အနည်းငယ်ပြူး၍ အံ့သြသွားပုံရသည်။ပြီးမှ ကျူရှင်အိမ်အတွင်းသို့ ခပ်သွက်သွက် ဝင်သွားသည်။

ခွန်မြဲကတော့ စက်ဘီးဒေါက်ထောက်နေသော ခံ့အား ရပ်စောင့်နေပြီး အိမ်အတွင်းသို့အတူဝင်ကြသည်။

ဧည့်ခန်းမှနေ၍ အိမ်တွင်းသို့အနည်းငယ်လျှောက်မှ သူတို့စာသင်ရန်ပြုလုပ်ထားသည့် အခန်းကျယ်အတွင်းသို့ရောက်သည်။

အခန်း၏ ရှေ့နံရံတွင် ၃ပေခွဲ ၄ ပေခန့်ကျယ်သော Whiteboard ကိုချိတ်ဆွဲထားပြီး ကျောင်းသားများအတွက် ခုံတန်းရှည်များကို အတန်းလိုက် ချထားသည်။
ခုံတန်းရှည် ဆိုသော်လည်း ထိုင်လိုက်လျှင် သူတို့ရင်ဘတ်အထိပင်မရောက်သော ခုံအပုများဖြစ်သည်။

ကော်ဇော်တစ်ထပ်ပေါ်တွင် ဖျာချောပါထပ်ခင်းထား၍ ထိုင်ရသည်မှာ သိပ်မဆိုးလှ။

ခွန်မြဲဟိန်သည် ယမန်နေ့များကဲ့သို့ပင်
ခိုင်ခံ့မောင် နေရာဘေးရှိ ဒုတိယတန်းတွင်ရှိသော သူ့နေရာ၌ ဝင်ထိုင်လိုက်သည်။

ခွန်မြဲ ထိုင်လိုက်သည်နှင့် ခံ့ခိုင်မောင်ကလည်း အစွန်ဆုံးရှိ သူ့နေရာတွင်သူ သွက်လက်စွာ ဝင်ထိုင်သည်။

ခံ့ နေရာက အစွန်ဆုံးဆိုတော့ ဘယ်ဘက်ခြမ်းရှိ မိန်းကလေးတန်းနှင့် လမ်းသွားရုံလောက်သာအနည်းငယ်ခြား၍ ဘေးချင်းယှဥ်လျက်ရှိနေသည်။

တစ်ခါတစ်လေ မိန်းကလေးများက ခံ့ စာအုပ်ကို ဆွဲယူသွား၍ မတွက်တတ်သည့် ပုစ္ဆာ များအား ကူးချတတ်ကြသည်။

ထိုအခါမျိုးတွင် ခိုင်ခံ့မောင်က စိတ်မရှည်သော်လည်း ကြည်ကြည်သာသာပေးလိုက်မြဲဖြစ်သည်။

ကျူရှင်ချိန်မရောက်သေးသဖြင့် ဆရာမ ဝင်မလာသေးတော့ ​အတွေးနယ်ချဲ့ရင်း ခွန်မြဲ သူ့ ဘယ်ဘက်တွင် ထိုင်နေသော ခိုင်ခံ့မောင် အားကြည့်မိတော့ သကောင့်သားက ဘာဖြစ်လို့လဲ ဟူသည့် မျက်နှာပေးဖြင့် မျက်ခုံးပင့်ပြသည်။

ခွန်မြဲ မျက်မှောင်ကျုံ့ရင်းခေါင်းခါပြလိုက်တော့ သကောင့်သားက ရှေ့တည့်တည့်သို့ပြန်လှည့်သွားသည်။

"ခိုင်ခံ့...နင် မနေ့က အိမ်စာတွေပြီးပြီလား"

ဘယ်ဘက်အခြမ်းရှိ မိန်းကလေးအတန်းမှ အသံထွက်လာတော့ ခိုင်ခံ့မောင်က ဘယ်ဘက်သို့လှည့်၍ စကားပြောနေသည်။

ခွန်မြဲ လည်း အတွေးတွေထပ်မများတော့
စေရန် ညာဘက်ရှိ သုတထွန်းနှင့်သာ စကားပြောရင်း သူ့ဘယ်ဘက်ရှိ ရယ်မောသံများအား လျစ်လျူရှုထားလိုက်တော့သည်။

______________________________________

A/N:
Lohanက မိန်းကလေးဖြစ်နေတဲ့အပြင်၊တရင်းတနှီးပေါင်းနေတဲ့ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်လေးတောင်
မရှိတော့ ယောက်ျားလေးနှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးကို ပေါ်အောင် မရေးနိုင်မှာကို တော်တော်လေးစိုးရိမ်မိပါတယ်။
အဆင်မပြေတာ အကြံပေးချင်တာရှိရင် ပြောခဲ့လို့ရပါတယ်။

ကိုယ့်ကလေးတွေကို ချစ်ပေးကြပါလို့။
အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်
တကယ့်ကို ကျေးဇူးတင်ပါတယ်ဗျား။❤️

Lohanan🌻

_____________________________________

ခိုင္ၿမဲေစလို[Zawgyi]

Chapter-4♡︎

"ပ်င္းေနၿပီလား..."

အသံလာရာအခန္းဝကို လွည့္ၾကည့္မိေတာ့ မ်က္ခ်ီးေပေလးက ေရစက္ေရေပါက္မ်ားတြဲခိုလ်က္ သန္႔ရွင္းေနၿပီ။

"မပ်င္းပါဘူး...ဒါနဲ႔ မနက္စာမစားဘူးလား"

ခိုင္ခံ့ ေမးလိုက္ေတာ့ ခြန္ၿမဲက ပခံုးတြန္႔ၿပီး

"မင္းကို ထိုင္ေစာင့္ေနခိုင္းၿပီး ငါမနက္စာစားေနရင္ မင္းပ်င္းၿပီး ေသသြားမွာေပါ့"ဟုဆိုလာသည္။

ခြန္ၿမဲ အခန္းေထာင့္ရိွ ဗီရိုမွ အဝတ္တစ္စံုထုတ္လိုက္ၿပီး ညအိပ္ဝတ္စံုကို ၾကယ္သီးတစ္လံုးခ်င္းျဖဳတ္ေနသည္မို႔ ခိုင္ခံ့ စာအုပ္ပံုသို႔သာအၾကည့္လႊဲလိုက္သည္။

နံရံေပၚတြင္ ခြန္ၿမဲ၏ လြယ္အိတ္အစိမ္းေလးကိုေတြ့ရသည္မို႔ ဘာရယ္မဟုတ္ ျဖဳတ္ယူလိုက္သည္။

"မင္းက တစ္ၪီးတည္းေသာသားေပါ့"
ခံ့ သူမ်ားလြယ္အိတ္ဇစ္ကို ကလိရင္းေမးေနေသာ္လည္း ပိုင္ရွင္က ဟန္႔တားျခင္းပင္မျပဳ။

"အင္း...ငါငယ္ငယ္တည္းက တစ္ေယာက္တည္း အရမ္းပ်င္းစရာေကာင္းတာ။ငါ၄တန္းႏွစ္မွာပဲ ေဖေဖ ဆံုးသြားတာ"
ခြန္ၿမဲ ေလသံက ပံုမွန္ထက္ တိုးေနသည္မို႔ ခိုင္ခံ့ ပင္စိတ္မေကာင္းျဖစ္မိသည္။

"စိတ္မေကာင္းပါဘူး။ဒါေပမယ့္ အခု ငါရိွပါတယ္။ငါက မင္းနဲ႔ အစ္ကိုလို ေလ်ွာက္သြားေပးၿပီး အေဖလို ေစာင့္ေရွာက္ေပးမယ္ေလ"

ခိုင္ခံ့ သူ႔ေရ႔ွကေကာင္ေလးကို ႏူးႏူးညံ့ညံ့ၾကည့္လိုက္ၿပီး ညီငယ္ေလးကိုအလိုလိုက္တတ္သည့္ အစ္ကိုႀကီးတစ္ေယာက္လို ၿပံဳးျပလိုက္သည္။

"စကားမ်ားလိုက္တာ။မနက္စာသြားစားမလို႔။မင္းပါလိုက္ခဲ့"

ေျပာၿပီးသည္ႏွင့္ သူအရင္ အခန္းထဲမွယထြက္သြားသည္မို႔ ခိုင္ခံ့လည္း ေနာက္မွ လိုက္ပါခဲ့သည္။

"သား...လာေလ...ခံ့ေလးက အုန္းႏို႔ေခါက္ဆြဲလာပို႔ထားတယ္
သားခံ့ လည္း ႏြားႏို႔ေသာက္ၪီးေလ။
အန္တီႏု ေဖ်ာ္ထားၿပီ"

ခြန္ၿမဲႏွင့္ခံ့ ေလွကားေပၚမွဆင္းလာေတာ့ အန္တီႏုက ဆီးေျပာသည္။ခြန္ၿမဲ ကလည္း "လာေလ" ဟူသည့္ သေဘာျဖင့္ သူ႔ကို ၾကည့္လာသည္မို႔ ခံ့ မျငင္းလိုက္ေတာ့ေပ။

ထမင္းစားခန္းကလည္း သပ္သပ္ရပ္ရပ္။
ေရခဲေသတၲာတစ္လံုး၊စားပြဲတစ္လံုးႏွင့္ ထိုင္ခံု၅ခံုသာ ရိွသည္။

ခံ့လည္း ခြန္ၿမဲထိုင္ေနေသာခံု၏ ေဘးခံုမွာပင္ ဝင္ထိုင္လိုက္သည္။

အန္တီႏုကေတာ့ ခြန္ၿမဲကို အုန္းႏို႔ေခါက္ဆြဲထည့္ေပးရင္း "သားခံ့ေရာ စားၿပီးသြားၿပီလား" ဟုေမးလာသည္။

"ဟုတ္ကဲ့ အန္တီ။လာမပို႔ခင္တည္းက စားၿပီးပါၿပီ။ဟီး..." ခံ့က သြားအၿဖီးသားႏွင့္ေျပာလိုက္ေတာ့ ဘာရယ္မဟုတ္ ခြန္ၿမဲ ေငးမိသည္။

"ဟိန္ေလးက ဒီလို အုန္းႏို႔ေခါက္ဆြဲတို႔၊မုန္႔ဟင္းခါးတို႔ဆိုသိပ္ႀကိဳက္တာ သားရဲ့။
အန္တီကလည္း အလုပ္တဖက္နဲ႔ဆိုေတာ့ ေသခ်ာလုပ္မေကြၽးျဖစ္ဘူး။
သားအေမ လက္ရာက ဘယ္ေတာ့မွမရိုးဘူး။"

"ဟုတ္ကဲ့ပါ အန္တီ။တကူးတကႀကီးမဟုတ္ပါဘူး။ခြန္ၿမဲ ႀကိဳက္ရင္ သား ေနာက္ဆိုလည္းလာပို႔ေပးမယ္ေလ။"

ေသြးေရာင္လႊမ္းေနေသာ ခံ့ ႏႈတ္ခမ္းထူထူတို႔၏ လႈပ္ရွားမႈက ခြန္ၿမဲ အတြက္ အၾကည့္မလႊဲခ်င္စရာ။

မျဖဴမညို အသားအရည္က ခံ့ မ်က္ႏွာက်ႏွင့္ ေတာ္ေတာ္ေလးလိုက္ဖက္သည္ဟု ခြန္ၿမဲ ေတြးမိပါသည္။

အရပ္ရွည္ရွည္နဲ႔မို႔ ခံ့က ၾကည့္ေကာင္းတာထက္ပိုပါသည္။

အကဲခက္လို႔ဝမွ ခြန္ၿမဲ
အုန္းႏို႔ေခါက္ဆြဲကို ငံု႔စားသည္။

အန္တီႏု က ခိုင္ခံ့ႏွင့္ခြန္ၿမဲအတြက္ ႏြားႏို႔တစ္ေယာက္တစ္ခြက္စီႏွင့္ ခိုင္ခံ့ေရ႔ွတြင္ဘီစကစ္မုန္႔တစ္ပန္းကန္လာခ်ေပးသည္။

"အန္တီတို႔ အပ်ိဳတုန္းကဆို သားအေမက
အၿမဲမုန္႔လုပ္ေကြၽးေနက်။ခိုင္က ကိုယ့္အစ္မအရင္းလိုပါပဲ။"

ခြန္ၿမဲအေမက လူငယ္တစ္ေယာက္လို သြက္သြက္လက္လက္ဆိုလာေတာ့ ခိုင္ခံ့ ၿပံဳးလိုက္မိသည္။

အန္တီႏုက အသက္၄၀ အရြယ္မွာေတာင္နာမည္ႏွင့္လိုက္ေအာင္ႏုေနဆဲပင္ျဖစ္သည္။

ဂ်င္းစကတ္အရွည္ႏွင့္ အက်ႌလက္ရွည္ကိုဝတ္ထားသျဖင့္ ကေလးအေမလို႔ပင္ ထင္ခ်င္စရာမရိွ။

ေမေမက ေအးသေလာက္ အန္တီႏုက ထက္ျမက္ သြက္လက္သည္။

"မုန္႔စားေနာ္ သားခံ့...။အန္တီအဝတ္ေတြသြားေလ်ွာ္လိုက္ၪီးမယ္။သားငယ္ေလး ႏြားႏို႔လည္းကုန္ေအာင္ေသာက္ေနာ္။"

အန္တီႏုက ကြၽန္ေတာ္နဲ႔ ခြန္ၿမဲကို​မွာၿပီး ထမင္းစားခန္းထဲကထြက္သြားသည္။

ကြၽန္ေတာ္ႏွင့္ခြန္ၿမဲလည္း စကားတေျပာေျပာႏွင့္ မနက္စာဆက္စားခဲ့ၾကသည္။

______________________________________

"ခြန္ၿမဲ...ခုထိမထေသးဘူးလားကြ"
ခြန္ၿမဲဟိန္တစ္ေယာက္ မနက္ေစာေစာ က်ူရွင္သြားခါနီး သခ်ၤာစာအုပ္ေပ်ာက္၍ရွာေနခိုက္ ၿခံေရ႔ွမွေအာ္သံကအခန္းထိ လြင့္ပ်ံလာသည္။

"လာၿပီကြ..."
ဘယ္လိုရွာရွာ ရွာေဖြ၍မရေသာသခ်ၤာစာအုပ္ကို ခြန္ၿမဲ လက္ေလ်ွာ့လိုက္ၿပီး လြယ္အိတ္ကိုလြယ္ကာ ေျခမ်က္စိဖံုးေနေသာ ေက်ာင္းစိမ္းပုဆိုးတကားကားကို မလ်က္ အခန္းထဲမွ ထြက္လာခဲ့ေတာ့သည္။

အိမ္ေပၚကဆင္းသည္ႏွင့္ စက္ဘီးအညိုေလးကိုေဒါက္ေထာက္လ်က္ ရပ္ေနေသာ ခိုင္ခံ့ ၏ မ်က္ႏွာတြင္ စိတ္မရွည္သည့္အရိပ္အေယာင္တို႔ကအထင္းသား။

"မင္းကလည္းၾကာလိုက္တာကြာ။
မိန္းမလည္းမဟုတ္ဘဲ အဲ့ေလာက္ျပင္ဆင္ေနရလား"

ခိုင္ခံ့သည္ ခြန္ၿမဲ ေခါင္းကဂ်ယ္အကူအညီျဖင့္ ေသသပ္ေနေသာ ဆံႏြယ္ညိုညိုတို႔ကိုၾကည့္ၿပီးေျပာလာသည္။

ခိုင္ခံ့ ဆိုတဲ့ေကာင္ဟာ သူ ဆံပင္ ဂ်ယ္ေထာင္
ထားရင္ တစ္ခုမဟုတ္တစ္ခုေျပာရမွ။

မ်က္လံုးတို႔ကိုတမင္ၾကည့္မေကာင္းေအာင္ေမွးစင္း၍ သူ႔အားၾကည့္လာေသာ ခိုင္ခံ့ေမာင္ အား ခြန္ၿမဲ သြားအၿဖီးေလးျဖင့္ မ်က္ႏွာခ်ိဳေသြးကာ စက္ဘီးကယ္ရီယာေပၚတြင္ထိုင္လိုက္သည္။

ခံ့၏ စက္ဘီးေလးသည္ ခြန္ၿမဲတို႔ အိမ္ေရ႔ွလမ္းေလးမွ တလိမ့္လိမ့္ထြက္ခြာခဲ့ေလသည္။

က်ူရွင္အိမ္မွာ ခ်စ္စဖြယ္ တစ္ထပ္တိုက္ပုေလးျဖစ္သည္။

စက္ဘီးနင္းလာသည့္ ခံ့ ကိုျမင္ေတာ့
ေမထက္သူကအလိုက္သိစြာ သူမ တစ္ဝက္တစ္ပ်က္ပိတ္ေနဆဲ ၿခံတံခါးကို ျပန္ဖြင့္ေပးသည္။

ထို႔ေနာက္ ခံ့ ေနာက္မွပါလာသည့္ ခြန္ၿမဲကိုျမင္ေတာ့ မ်က္လံုးေလးပင္အနည္းငယ္ျပဴး၍ အံ့ၾသသြားပံုရသည္။ၿပီးမွ က်ူရွင္အိမ္အတြင္းသို႔ ခပ္သြက္သြက္ ဝင္သြားသည္။

ခြန္ၿမဲကေတာ့ စက္ဘီးေဒါက္ေထာက္ေနေသာ ခံ့အား ရပ္ေစာင့္ေနၿပီး အိမ္အတြင္းသို႔အတူဝင္ၾကသည္။

ဧည့္ခန္းမွေန၍ အိမ္တြင္းသို႔အနည္းငယ္ေလ်ွာက္မွ သူတို႔စာသင္ရန္ျပဳလုပ္ထားသည့္ အခန္းက်ယ္အတြင္းသို႔ေရာက္သည္။

အခန္း၏ ေရ႔ွနံရံတြင္ ၃ေပခြဲ ၄ ေပခန္႔က်ယ္ေသာ Whiteboard ကိုခ်ိတ္ဆြဲထားၿပီး ေက်ာင္းသားမ်ားအတြက္ ခံုတန္းရွည္မ်ားကို အတန္းလိုက္ ခ်ထားသည္။
ခံုတန္းရွည္ ဆိုေသာ္လည္း ထိုင္လိုက္လ်ွင္ သူတို႔ရင္ဘတ္အထိပင္မေရာက္ေသာ ခံုအပုမ်ားျဖစ္သည္။

ေကာ္ေဇာ္တစ္ထပ္ေပၚတြင္ ဖ်ာေခ်ာပါထပ္ခင္းထား၍ ထိုင္ရသည္မွာ သိပ္မဆိုးလွ။

ခြန္ၿမဲဟိန္သည္ ယမန္ေန့မ်ားကဲ့သို႔ပင္
ခိုင္ခံ့ေမာင္ ေနရာေဘးရိွ ဒုတိယတန္းတြင္ရိွေသာ သူ႔ေနရာ၌ ဝင္ထိုင္လိုက္သည္။

ခြန္ၿမဲ ထိုင္လိုက္သည္ႏွင့္ ခံ့ခိုင္ေမာင္ကလည္း အစြန္ဆံုးရိွ သူ႔ေနရာတြင္သူ သြက္လက္စြာ ဝင္ထိုင္သည္။

ခံ့ ေနရာက အစြန္ဆံုးဆိုေတာ့ ဘယ္ဘက္ျခမ္းရိွ မိန္းကေလးတန္းႏွင့္ လမ္းသြားရံုေလာက္သာအနည္းငယ္ျခား၍ ေဘးခ်င္းယွဥ္လ်က္ရိွေနသည္။

တစ္ခါတစ္ေလ မိန္းကေလးမ်ားက ခံ့ စာအုပ္ကို ဆြဲယူသြား၍ မတြက္တတ္သည့္ ပုစၧာ မ်ားအား ကူးခ်တတ္ၾကသည္။

ထိုအခါမ်ိဳးတြင္ ခိုင္ခံ့ေမာင္က စိတ္မရွည္ေသာ္လည္း ၾကည္ၾကည္သာသာေပးလိုက္ၿမဲျဖစ္သည္။

က်ူရွင္ခ်ိန္မေရာက္ေသးသျဖင့္ ဆရာမ ဝင်မလာေသးေတာ့ ​အေတြးနယ္ခ်ဲ့ရင္း ခြန္ၿမဲ သူ႔ ဘယ္ဘက္တြင္ ထိုင္ေနေသာ ခိုင္ခံ့ေမာင္ အားၾကည့္မိေတာ့ သေကာင့္သားက ဘာျဖစ္လို႔လဲ ဟူသည့္ မ်က္ႏွာေပးျဖင့္ မ်က္ခံုးပင့္ျပသည္။

ခြန္ၿမဲ မ်က္ေမွာင္က်ံဳ႔ရင္းေခါင္းခါျပလိုက္ေတာ့ သေကာင့္သားက ေရ႔ွတည့္တည့္သို႔ျပန္လွည့္သြားသည္။

"ခိုင္ခံ့...နင္ မေန့က အိမ္စာေတြၿပီးၿပီလား"

ဘယ္ဘက္အျခမ္းရိွ မိန္းကေလးအတန္းမွ အသံထြက္လာေတာ့ ခိုင္ခံ့ေမာင္က ဘယ္ဘက္သို႔လွည့္၍ စကားေျပာေနသည္။

ခြန္ၿမဲ လည္း အေတြးေတြထပ္မမ်ားေတာ့
ေစရန္ ညာဘက္ရိွ သုတထြန္းႏွင့္သာ စကားေျပာရင္း သူ႔ဘယ္ဘက္ရိွ ရယ္ေမာသံမ်ားအား လ်စ္လ်ူရႈထားလိုက္ေတာ့သည္။

______________________________________

A/N:
Lohanက မိန္းကေလးျဖစ္ေနတဲ့အျပင္၊တရင္းတႏွီးေပါင္းေနတဲ့ေယာက်္ားေလးသူငယ္ခ်င္းတစ္ေယာက္ေလးေတာင္
မရိွေတာ့ ေယာက္်ားေလးႏွစ္ေယာက္ၾကားက သူငယ္ခ်င္းဆက္ဆံေရးကို ေပၚေအာင္ မေရးႏိုင္မွာကို ေတာ္ေတာ္ေလးစိုးရိမ္မိပါတယ္။
အဆင္မေျပတာ အႀကံေပးခ်င္တာရိွရင္ ေျပာခဲ့လို႔ရပါတယ္။

ကိုယ့္ကေလးေတြကို ခ်စ္ေပးၾကပါလို႔။
အခ်ိန္ေပးၿပီးဖတ္ေပးတဲ့အတြက္
တကယ့္ကို ေက်းဇူးတင္ပါတယ္ဗ်ား။❤️

Lohanan🌻

Continue Reading

You'll Also Like

251K 13.8K 34
သန္​႔စင္​တဲ့ငါတုိ႔ႏွစ္​​ေယာက္​ရဲ႕ခ်စ္​ျခင္​း​ေတြ ႀကီးျမတ္​လာရင္​ ဘာဆက္​ျဖစ္​မွာလဲ စ်ာန္​ .....????? ♡ အရင္​ဆုံး ဒီficက ကြၽန္​​ေတာ္​ရဲ႕ ပထမဆုံးfic​ေလ...
270K 21.5K 42
#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ္၍ အခ်စ္ကိုအခ်စ္အတိုင္းသာ သီးသန႔္ခံစားၾကည့္ခဲ့ပါလွ်င္
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
59K 3.4K 31
အသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃 အသြင္မတူေကာင္ေလးႏွစ္ေယာက္ရဲ့ ငယ္ဘဝမွ တစ္သက္တာသို႔....🍃