ခိုင်မြဲစေလို(Unicode)
Chapter-3♡︎
"ခွန်မြဲ...ခွန်မြဲဟိန်..."
ခွန်မြဲလွတ်သွားတဲ့စာတွေကူးနေတုန်း အိမ်ရှေ့က ကိုယ့်နာမည်ခေါ်သံကြားလို့ ထွက်ကြည့်မိသည်။
နံရံပေါ်က နာရီကိုအကြည့်ရောက်သွားတော့ ညနေ၅နာရီခွဲ။
ပြောထားပြီးသားဖြစ်ပေမယ့် ကိုယ်ပဲ
မေ့နေတာမို့ ခံ့ တကယ်ရောက်နေတော့
ခွန်မြဲ အံ့သြရသည်။
မနက်ကလိုမဟုတ်ဘဲ တီရှပ် အနက်ရောင်အပေါ်မှာ ဂျာကင်လေးထပ်ထားတဲ့ ခိုင်ခံ့ က ရိုးရိုးလေးနဲ့ပင် ကြည့်ကောင်းနေသည်။
အရပ်ရှည်သူမို့ ဘောင်းဘီအရှည်နဲ့ တော်တော်လေးကို လိုက်ဖက်လွန်းသည်။
ငယ်ငယ်လေးနဲ့တောင် ဒီလောက်ချောနေဖို့မကောင်းဘူး ခံ့။
လှေကားတိုလေးကနေ အူကြောင်ကြောင်လေးဆင်းလာတဲ့ ခွန်မြဲက JJ ဘောင်းဘီလေးနဲ့ ၄တန်းကလေးလေးလို နုနယ်နေသည်။
"ဟားဟား...မင်းက ၇တန်းတဲ့လား။jj ဘောင်းဘီနဲ့။ကလေးပေါက်စ ကျနေတာပဲ"
ခံ့ က ငယ်ပေါင်းကြီးဖော်လို လှောင်ရယ်နေသည်မို့ ခွန်မြဲ မျက်လုံးတို့ကို တမင် မှေးစင်း၍ သာ ခံ့ ကို ကြည့်လိုက်သည်။
"ဟယ်...ခံ့လေးလာတာလား။အိမ်ပေါ်တက်လေ။သြော် ငါ့သားကလည်း အိမ်ပေါ်တောင်မခေါ်ဘူး"
အိမ်အတွင်းမှ ခွန်မြဲ မေမေ ထွက်လာ၍ ခိုင်ခံ့အားအိမ်ထဲဝင်ရန်ခေါ်သည်။
"မဝင်တော့ပါဘူးအန်တီ။ဟိုလေ ...သား ခွန်မြဲကို ဟိုနားဒီနား ခဏ ခေါ်သွားလို့ ရမလား။မမှောင်ခင် ပြန်လာပို့ပါမယ်ဗျ"
လူကြီးတွေနဲ့ဆက်ဆံရင် အချိုးက လုံးဝကို ပြောင်းပြန်ဖြစ်သွားတဲ့ ခံ့ တစ်ယောက်ကြောင့် ခွန်မြဲ မဲ့ရွဲ့ပြလိုက်သည်။
"သြော်...အေးလေ...သားငယ်လေးလည်း ပျင်းနေမှာပေါ့။ခေါ်သွားခေါ်သွား။သတိထားသွားကြနော်သား"
မေမေ့ဆီမှ ခွင့်ပြုချက်ရတော့ ခံ့က
သူ့စက်ဘီးအညိုလေးရဲ့နောက်ခုံကို မျက်စပစ်ပြသည်။
ကျွန်တော်လည်းနှစ်ခါပင်စဥ်းစားမနေတော့ဘဲ စက်ဘီး ကယ်ရီယာပေါ်တွင် ခွထိုင်လိုက်သည်။
"အရင်ဆုံးတံတားကဖြတ်ပြီး အံတော် ဘက်ကိုအရင်လိုက်ပြမယ်"
ခံ့က စက်ဘီးကို တစ်ပတ်ကွေ့လိုက်ပြီး လျင်မြန်ပေါ့ပါးစွာ မောင်းနှင်နေသည်။
မြို့ရဲ့လက်ချိုးရေလို့ရတဲ့မီးပွိုင့်တွေထဲက တစ်ခုဖြစ်တဲ့ မီးပွိုင့်မှာ မီးနီမိနေတာမို့ ခံ့က စက်ဘီးကိုရပ်ရင်း သူ့ကိုရှင်းပြပြန်သည်။
"ရှေ့တည့်တည့်သွားရင် ရွှေနံတော်ဘုရားကိုသွားတဲ့လမ်းပဲ။ပန်းခြံရှိတယ်၊G.T.I ကျောင်းကလည်း အဲ့ဘက်မှာပဲ။အဲ့ဘက်မှာပဲ
အထက(၁)ကျောင်းက တော်တော်ကြီးကိုကျယ်တာ"
ခွန်မြဲကို ရှင်းပြရင်းပင် သူ့အတွက်
မေမေအမြဲ စိတ်ပူတတ်သော လမ်းဆုံမီးပွိုင့်ကို ဂရုတစိုက်ဖြတ်ကျော်ပြီး လက်ယာဘက်သို့ ကျွမ်းကျင်စွာ ကွေ့လိုက်သည်။
ကုန်းတက်မို့ အရှိန်နည်းနည်းတင်လိုက်တော့ နောက်မှ ဘာမှမကိုင်ထားတဲ့ ခွန်မြဲ က အနည်းငယ်အနေအထားပျက်သွားသည်။
"သတိထားမှပေါ့ကွ...ငါ့ပခုံးကိုကိုင်ထားလေ။ယောကျ်ားလေးအချင်းချင်းပဲ မင်း
မနစ်နာပါဘူး"
ထိုးချင်စရာကောင်းလောက်အောင် စကားကို ကပ်သီးကပ်ဖဲ့ပြောတတ်သော ခိုင်ခံ့ မျက်နှာသည် ပြောင်စပ်စပ်ဖြစ်နေမည်ကို မမြင်ရသော်လည်း ခွန်မြဲ ရိပ်စားမိပါသည်။
အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ခွန်မြဲတစ်ယောက် သူပြောတဲ့စကားကိုနားမထောင်တော့ သကောင့်သားက အရေးထဲ စက်ဘီးမောင်းနေရင်းမှပင် လက်တစ်ဖက်ကိုလွှတ်ပြီး နောက်မှ ခွန်မြဲလက်ကိုလှမ်းစမ်းသည်။
စမ်းမိသွားတော့မှ "ကိုင်ထား"
ဟူသည့် သဘောဖြင့် ခွန်မြဲလက်ကို သူ့ပုခုံးပေါ်သို့ထားပေးသည်။
"နှစ်ကောင်လုံးမသာပေါ်ကုန်ဦးမယ်ကွ။လက်နှစ်ဖက်နဲ့မောင်းစမ်းပါ ကားက ရှုပ်ပါတယ်ဆိုမှကွာ"
နောက်မှ ပွစိပွစိ ရေရွတ်သံကြောင့် ခံ့ ပိုစချင်သွားကာ စက်ဘီးအရှိန်ကို ပိုတင်လိုက်သည်။
ပြန့်ပြူးညီညာသောတံတားရှည်ကြီး ပေါ်မှ မြင်ရသော ညနေဆည်းဆာက သူမြင်ဖူးသမျှထဲမှာအလှဆုံးဖြစ်သည်။
ခံ့ကို စက်ဘီးခဏရပ်ပေးဖို့ပြောတော့ အပြန်မှ ရပ်ပေးမယ် ဟုဆိုလာသည်။
ခံ့၏ စက်ဘီးနင်းကျွမ်းကျင်မှုကြောင့် တံတားရှည်ကြီးကိုပင် သိပ်မကြာလိုက်ဘဲ ကျော်လွန်လာရသည်။
"ညာဘက်က စျေးတဲ့။ဘာစျေးဆိုလည်းတော့မသိတော့ပါဘူး။"
ခံ့ စကားကြောင့် ခွန်မြဲ သွားစွယ်လေးများပေါ်သည်အထိ သဘောတကျရယ်မိသည်။
ညနေနေဝင်ခါနီးမို့ လေပြင်းသိပ်မတိုက်သော်လည်း စက်ဘီးစီးနေရသည်မို့ လေအေးအေးက ခွန်မြဲ ၏ ဆံပင်ညိုတို့အား ကျီစယ်နေကြသည်။
"ဟိုမှာ ဘောလုံးကွင်းလေ"
စက်ဘီးအရှိန်ကိုတော့ မလျှော့ဘဲ ဘယ်ဘက်ကိုသာ တစ်ချက်ကြည့်ရင်း ဆိုလာသည်။
ဒီလမ်းကိုဝင်ရင် ကျောက်ပန်းတောင်းဘုရား၊ ဟို လမ်းကဝင်ရင် ရွှေအံတော် ဘုရား စသည်ဖြင့် ခံ့က စိတ်ရှည်လက်ရှည်ရှင်းပြပေးသည်။
ဆီဆိုင်ကိုကျော်လွန်လာသည်အထိ ခံ့က နောက်ပြန်လှည့်ချင်ပုံမပေါ်။
"ဟိုးမြင်နေတဲ့ကျောင်းက အ.ထ.က (၂) လေ" ခံ့ မေးဆတ်ပြရာသို့ ခွန်မြဲ လှမ်းကြည့်လိုက်မိသည်။
မေမေသာ ဝန်ထမ်းအိမ်ရာမှာနေဖြစ်ရင် ခွန်မြဲ ထ(၂) မှာတက်ရမှာဟု မေမေ ပြောသည်ကို သတိရသွားသည်။
နေ့အလင်းရောင်က တဖြည်းဖြည်းလျော့လာသည်အထိ ခံ့က စက်ဘီးအရှိန်ကိုမလျှော့။
ခွန်မြဲ လည်း ခံ့ ပခုံးပေါ်က သူ့လက်ကို သူ မရုတ်မိ။
စကားတပြောပြောဖြင့် ပျော်ရွှင်ဖွယ်ကောင်းပါသည်။ဘုန်းကြီးကျောင်း တစ်ကျောင်းကို အနည်းငယ်ကျော်လွန်လာမှသာ ခံ့က စက်ဘီးကိုပြန်ကွေ့သည်။
အနည်းငယ်ယိုင်နဲ့သွားတော့ ခံ့ ပခုံးကို ခပ်တင်းတင်း ကိုင်မိသည်။ဤ နေဝင်ချိန်သည် ခွန်မြဲ တစ်သက် ၁၂နှစ်တာကာလတစ်ခုလုံးတွင် အပြည့်စုံဆုံးနှင့် အလှပဆုံးနေဝင်ချိန်တစ်ခုဖြစ်ခဲ့ကြောင်း ခံ့ အား ကျေးဇူးတင်စွာ ဝန်ခံရပေလိမ့်မည်။
_🍀_🍀_🍀_
"ခွန်မြဲရေ...ခွန်မြဲ..."
"အယ်...ခံ့လေး...အပေါ်တက်လေ။လက်ထဲမှာလည်းချိုင့်နဲ့ပါလား။"
အန်တီနုက သူ့ပုခုံးကိုဖက်ပြီးအိမ်ပေါ်ခေါ်သည်။ခိုင်ခံ့ လည်း ငြင်းလို့မကောင်းတာနဲ့ လက်ထဲမှာပါလာတဲ့ထီးကို ဝရံတာမှာချိတ် ပြီးဧည့်ခန်းက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
အိမ်က သိပ်မကြီးသော်လည်း ပရိဘောဂများက သူ့နေရာနှင့်သူ သပ်သပ်ရပ်ရှိနေသည်။ကျယ်ကျယ်ဝန်းဝန်းနှင့် နေချင်စဖွယ်ဖြစ်သော အိမ်မျိုးဖြစ်သည်။
ဝရံတာဘက်တွင်လည်း သစ်ခွပန်းမျိုးစုံကို အစီအရီ ချိတ်ဆွဲထားသည်။
ဝရံတာကို ကျောပေးထားသည့်ခိုင်ခံ့မောင်၏
ရှေ့၌သစ်သားစားပွဲတစ်လုံးရှိပြီး မျက်စောင်းထိုးဟုပြောရလောက်သည့် အနေအထားတွင် တီဗွီစင် ရှိနေသည်။
ဧည့်ခန်းသည်ပင် အတန်ငယ်ကျယ်ဝန်းသည်မို့ အခန်းထောင့်တွင်နေရာယူထားသော စာအုပ်စင်သည် ရှင်းရှင်းလင်းလင်းဖြစ်နေ၏။
"သွင်လေး ပူဆာလို့ မေမေက အုန်းနို့ခေါက်ဆွဲချက်တာ လာပို့ခိုင်းလို့
အန်တီ။ဒါနဲ့ ခွန်မြဲရော မနိုးသေးဘူးလား"
ရှစ်နာရီခွဲ ဆိုသည့်အချိန်က သိပ်နောက်မကျသော်လည်း သိပ်တော့ စောတော့သည်မဟုတ်။
"မနိုးသေးဘူးသားရဲ့...အဲ့ကောင်လေးက အပေါ်မှာ မိုးအေးအေးနဲ့ နှပ်နေတုန်း။
သားသွားနှိုးလိုက်မလား။
အန်တီ ဘုရားကို အုန်းနို့ခေါက်ဆွဲ ကပ်မလို့"
ခွန်မြဲ မေမေရဲ့စကားကို ခံ့ ခေါင်းပြုတ်မတတ် ခေါင်းညိတ်ထောက်ခံရင်း အတွင်းဘက်သို့ ဝင်လာခဲ့သည်။
အတွင်းဘက်တွင် ဘုရားခန်းသီးသန့်ရှိနေသည်ကို ကလေးပီပီ လိုက်ကာစကို ဖယ်၍ စပ်စုမိသောကြောင့် ခံ့ သိခဲ့ရသည်။
အိမ်အပေါ်ထပ်သို့တက်သည့်လှေကားရှိနေသည်မို့ အန်တီနု စကားအရ ခွန်မြဲ အခန်းက အပေါ်ထပ် မှာဖြစ်လောက်၍ ခံ့ ခပ်သွက်သွက်ပင် ပြေးတက်လိုက်သည်။
လှေကားဆုံးတော့ ဧည့်ခန်းကဲ့သို့ပင်ကျယ်ဝန်းသော မည်သည့် အခန်းဟု ခံ့ မယ်မယ်ရရ နာမည်မတပ်တတ်သည့် အခန်းသို့ရောက်သည်။
မှန်ဗီရိုအချို့နှင့် စာအုပ်စင်အချို့ကိုသာတွေ့ရသည်။လိုက်ကာစကိုပင့်၍ အတွင်းဘက်သို့ လျှောက်လာမိတော့ ခွန်မြဲ အခန်းဖြစ်လောက်သည့် လျှောက်လမ်း၏ လက်ယာဘက် အခန်းတစ်ခန်းရှေ့တွင် ခံ့ ရပ်လိုက်သည်။
"ခွန်မြဲဟိန်...ငါလာတယ်ကွ။တံခါးဖွင့်ဦး။
နေဖင်ထိုးနေပြီ ထတော့"
တံခါးကို တစ်ဒုန်းဒုန်းထု၍ မညှာမတာနှိုးနေသော သကောင့်သားကြောင့် ခွန်မြဲ လေးလံနေဆဲဖြစ်သောမျက်ခွံများအား ပင့်တင်ကာ မထချင်ထချင်နှင့် ချစ်လှစွာသော အိပ်ရာလေးအား ခွဲခွာခဲ့ရသည်။
တံခါးဖွင့်လိုက်တော့ ခွန်မြဲအခန်း၏
မျက်နှာချင်းဆိုင် အခန်းတံခါးအား
သည်းသည်းမည်းမည်းထုနေသည့် ခိုင်ခံ့မောင်၏ ကျောပြင်အား တွေ့လိုက်ရသည်။
"မင်းယောက်ဖ ငါက ဒီမှာ"
ကျောဘက်အရပ်မှ အသံထွက်ပေါ်လာသည်မို့ ခိုင်ခံ့ ချက်ချင်းလှည့်ကြည့်မိသည်။
ငှက်သိုက်ကိုခေါင်းမှာတင်ထားသလို ဆံပင်အချို့က ခေါင်းမြီးချုံထားတဲ့ စောင်ဖြူဖြူအောက်က တစ်စွန်းတစ်စထွက်နေကြသည်။
အရုပ်ကလေးများပါသည့် ညအိပ်ဝတ်စုံ အပြာရောင်က သူနဲ့ တကယ်လည်း လိုက်ပါသည်။
ငါ့ကောင်မလေးရဲ့ အိပ်ရာထစ အလှကို
တစိမ့်စိမ့်ကြည့်ရမယ့် အစား ငါ့မှာ ခေါင်းညိုကောင်ရဲ့ စုတ်ဖွာနေမှုကို ထိုင်ကြည့်နေရတယ်။
ခပ်နောက်နောက်တွေးလိုက်မိသော်လည်း မျက်နှာပင်သစ်ရသေးဟန်မတူသော ရှေ့မှမျက်ချီးပေကောင်သည် ဖြူဖြူဖွေးဖွေးလေးမို့ အရမ်းကြီး စုတ်ပြတ်မနေ။
မျက်နှာမသစ်ထားတာတောင် သူ့ဟာနဲ့သူ ချစ်စရာကောင်းနေသေးသည်။
"ဝှား...မင်းကွာ...ငါအိပ်နေတာကို စောစောစီးစီး လာနှောင့်ယှက်ပြီး စတိုခန်းတံခါးကိုတစ်ဒုန်းဒုန်းထုနေတဲ့ကောင်က ရှိသေးတယ်။"
ခံ့ တစ်ချိန်လုံး စိုက်ကြည့်နေရာမှ ခွန်မြဲ စကားကြောင့် အိပ်မက်က လှန့်နှိုးခံလိုက်ရတဲ့လူလို အသိဝင်လာရသည်။
"မင်းကြီးတော်မို့ မနက်စောစောရမှာလား။မင်းဘကြီး သိကြားမင်းက မိုးရွာနေလို့ လင်းမနေတာ။၉နာရီတောင်ထိုးတော့မှာကွ။"
ခွန်မြဲတွင် မရှိသည့် ကြီးတော်တွေ ဘကြီးတွေအကုန်ဆွဲထည့်ပြီးပြောမှ ခွန်မြဲ သည့် သူ့အခန်းတံခါးကို တွန်းဖွင့်ပေးကာ ဝင်လာခဲ့ ဟု မျက်ရိပ်ပြသည်။
ခွန်မြဲ အခန်းသည်လည်း သိပ်တော့ မထူးခြားလှပါ။ကျွန်းဗီရိုကြီးတစ်လုံးနှင့် စာဖတ်ခုံတစ်စုံ၊ ကုတင်ကျယ်ကြီးတစ်လုံးရှိသည်
အခန်းကတော့ ခိုင်ခံ့ အခန်းနဲ့ အကျယ်အဝန်းသိပ်မကွာ။ပြတင်းပေါက်ကတော့ တစ်ပေါက်တည်းသာရှိသည်။
သို့သော် အလင်းကြိုက်သော ခံ့ အတွက်
ခွန်မြဲ အခန်းက နဂိုထက် ပိုမှောင်နေသလို ခံစားရသည်။
"အောက်မှာ မျက်နှာသွားသစ်မလို့၊ဒီမှာခဏကျန်နေခဲ့နော်"
ခွန်မြဲက တစ်ဝှားဝှား သန်းရင်း ဆိုလာတာမို့ တစ်ယောက်တည်းမကျန်ခဲ့ချင်သော်လည်း
ခံ့ အထွန့်တက်မနေတော့ဘဲ ခွန်မြဲ စာဖတ်ခုံရှေ့ရှိ ကုလားထိုင်တွင်သာ ဝင်ထိုင်လိုက်သည်။
စာရေးစားပွဲပေါ်တွင် စိတ်ဝင်စားစရာအဖြစ် ချစ်စရာနာရီအဖြူလေးတစ်လုံးနှင့် စားပွဲတင် ဓာတ်ပုံလေးတစ်ပုံရှိသည်။
စာရေးကိရိယာများနှင့် စာအုပ်များကို သပ်သပ်ရပ်ရပ် စီထားသည်မှာ ခံ့ အခန်းနှင့်တခြားစီ။
ခုဏကမှနိုးတဲ့ကောင်ရဲ့အိပ်ရာက သေသပ်
ပြန့်ပြူးနေသည်။
စောင်ဖြူဖြူကိုလည်း ကုတင်ခြေရင်းတွင်စနစ်တကျ ခေါက်၍ တင်ထားသည်ကို
တွေ့ရသည်။
ခံ့ စားပွဲပေါ်က ဓာတ်ပုံလေးဆီ အကြည့်ရောက်သွားသည်။
မှုန်ကုပ်ကုပ်နှင့် ငိုတော့မည့်မျက်နှာထားမျိုး
ဖြင့် မူလတန်းအရွယ် ခွန်မြဲဟိန် ပေါက်စအား အသည်းယားစဖွယ်တွေ့ရသည်။
ခိုင်ခံ့ တစ်ယောက်တည်း သဘောတကျ အသံထွက်အောင် ရယ်လိုက်မိပြီး ဓာတ်ပုံကို လက်ချောင်းများနှင့် ခပ်ဖွဖွ တို့ထိလိုက်သည်။
ခွန်မြဲဟိန်က အခုထိလည်း အလိုမကျရင် မှုန်ကုပ်ကုပ် ကလေးပေါက်စဖြစ်နေတုန်းပါပဲ။
______________________________________
ခိုင္ၿမဲေစလို(Zawgyi)
Chapter-3♡︎
"ခြန္ၿမဲ...ခြန္ၿမဲဟိန္..."
ခြန္ၿမဲလြတ္သြားတဲ့စာေတြကူးေနတုန္း အိမ္ေရ႔ွက ကိုယ့္နာမည္ေခၚသံၾကားလို႔ ထြက္ၾကည့္မိသည္။
နံရံေပၚက နာရီကိုအၾကည့္ေရာက္သြားေတာ့ ညေန၅နာရီခြဲ။
ေျပာထားၿပီးသားျဖစ္ေပမယ့္ ကိုယ္ပဲ
ေမ့ေနတာမို႔ ခံ့ တကယ္ေရာက္ေနေတာ့
ခြန္ၿမဲ အံ့ၾသရသည္။
မနက္ကလိုမဟုတ္ဘဲ တီရွပ္ အနက္ေရာင္အေပၚမွာ ဂ်ာကင္ေလးထပ္ထားတဲ့ ခိုင္ခံ့ က ရိုးရိုးေလးနဲ႔ပင္ ၾကည့္ေကာင္းေနသည္။
အရပ္ရွည္သူမို႔ ေဘာင္းဘီအရွည္နဲ႔ ေတာ္ေတာ္ေလးကို လိုက္ဖက္လြန္းသည္။
ငယ္ငယ္ေလးနဲ႔ေတာင္ ဒီေလာက္ေခ်ာေနဖို႔မေကာင္းဘူး ခံ့။
ေလွကားတိုေလးကေန အူေၾကာင္ေၾကာင္ေလးဆင္းလာတဲ့ ခြန္ၿမဲက JJ ေဘာင္းဘီေလးနဲ႔ ၄တန္းကေလးေလးလို ႏုနယ္ေနသည္။
"ဟားဟား...မင္းက ၇တန္းတဲ့လား။jj ေဘာင္းဘီနဲ႔။ကေလးေပါက္စ က်ေနတာပဲ"
ခံ့ က ငယ္ေပါင္းႀကီးေဖာ္လို ေလွာင္ရယ္ေနသည္မို႔ ခြန္ၿမဲ မ်က္လံုးတို႔ကို တမင္ ေမွးစင္း၍ သာ ခံ့ ကို ၾကည့္လိုက္သည္။
"ဟယ္...ခံ့ေလးလာတာလား။အိမ္ေပၚတက္ေလ။ေၾသာ္ ငါ့သားကလည္း အိမ္ေပၚေတာင္မေခၚဘူး"
အိမ္အတြင္းမွ ခြန္ၿမဲ ေမေမ ထြက္လာ၍ ခိုင္ခံ့အားအိမ္ထဲဝင္ရန္ေခၚသည္။
"မဝင္ေတာ့ပါဘူးအန္တီ။ဟိုေလ ...သား ခြန္ၿမဲကို ဟိုနားဒီနား ခဏ ေခၚသြားလို႔ ရမလား။မေမွာင္ခင္ ျပန္လာပို႔ပါမယ္ဗ်"
လူႀကီးေတြနဲ႔ဆက္ဆံရင္ အခ်ိဳးက လံုးဝကို ေျပာင္းျပန္ျဖစ္သြားတဲ့ ခံ့ တစ္ေယာက္ေၾကာင့္ ခြန္ၿမဲ မဲ့ရြဲ႔ျပလိုက္သည္။
"ေၾသာ္...ေအးေလ...သားငယ္ေလးလည္း ပ်င္းေနမွာေပါ့။ေခၚသြားေခၚသြား။သတိထားသြားၾကေနာ္သား"
ေမေမ့ဆီမွ ခြင့္ျပဳခ်က္ရေတာ့ ခံ့က
သူ႔စက္ဘီးအညိုေလးရဲ့ေနာက္ခံုကို မ်က္စပစ္ျပသည္။
ကြၽန္ေတာ္လည္းႏွစ္ခါပင္စဥ္းစားမေနေတာ့ဘဲ စက္ဘီး ကယ္ရီယာေပၚတြင္ ခြထိုင္လိုက္သည္။
"အရင္ဆံုးတံတားကျဖတ္ၿပီး အံေတာ္ ဘက္ကိုအရင္လိုက္ျပမယ္"
ခံ့က စက္ဘီးကို တစ္ပတ္ေကြ့လိုက္ၿပီး လ်င္ျမန္ေပါ့ပါးစြာ ေမာင္းႏွင္ေနသည္။
ၿမိဳ႔ရဲ့လက္ခ်ိဳးေရလို႔ရတဲ့မီးပြိုင့္ေတြထဲက တစ္ခုျဖစ္တဲ့ မီးပြိုင့္မွာ မီးနီမိေနတာမို႔ ခံ့က စက္ဘီးကိုရပ္ရင္း သူ႔ကိုရွင္းျပျပန္သည္။
"ေရ႔ွတည့္တည့္သြားရင္ ေရႊနံေတာ္ဘုရားကိုသြားတဲ့လမ္းပဲ။ပန္းၿခံရိွတယ္၊G.T.I ေက်ာင္းကလည္း အဲ့ဘက္မွာပဲ။အဲ့ဘက္မွာပဲ
အထက(၁)ေက်ာင္းက ေတာ္ေတာ္ႀကီးကိုက်ယ္တာ"
ခြန္ၿမဲကို ရွင္းျပရင္းပင္ သူ႔အတြက္
ေမေမအၿမဲ စိတ္ပူတတ္ေသာ လမ္းဆံုမီးပြိုင့္ကို ဂရုတစိုက္ျဖတ္ေက်ာ္ၿပီး လက္ယာဘက္သို႔ ကြၽမ္းက်င္စြာ ေကြ့လိုက္သည္။
ကုန္းတက္မို႔ အရိွန္နည္းနည္းတင္လိုက္ေတာ့ ေနာက္မွ ဘာမွမကိုင္ထားတဲ့ ခြန္ၿမဲ က အနည္းငယ္အေနအထားပ်က္သြားသည္။
"သတိထားမွေပါ့ကြ...ငါ့ပခံုးကိုကိုင္ထားေလ။ေယာက်္ားေလးအခ်င္းခ်င္းပဲ မင္း
မနစ္နာပါဘူး"
ထိုးခ်င္စရာေကာင္းေလာက္ေအာင္ စကားကို ကပ္သီးကပ္ဖဲ့ေျပာတတ္ေသာ ခိုင္ခံ့ မ်က္ႏွာသည္ ေျပာင္စပ္စပ္ျဖစ္ေနမည္ကို မျမင္ရေသာ္လည္း ခြန္ၿမဲ ရိပ္စားမိပါသည္။
အေတြးေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ခြန္ၿမဲတစ္ေယာက္ သူေျပာတဲ့စကားကိုနားမေထာင္ေတာ့ သေကာင့္သားက အေရးထဲ စက္ဘီးေမာင္းေနရင္းမွပင္ လက္တစ္ဖက္ကိုလႊတ္ၿပီး ေနာက္မွ ခြန္ၿမဲလက္ကိုလွမ္းစမ္းသည္။
စမ္းမိသြားေတာ့မွ "ကိုင္ထား"
ဟူသည့္ သေဘာျဖင့္ ခြန္ၿမဲလက္ကို သူ႔ပုခံုးေပၚသို႔ထားေပးသည္။
"ႏွစ္ေကာင္လံုးမသာေပၚကုန္ၪီးမယ္ကြ။လက္ႏွစ္ဖက္နဲ႔ေမာင္းစမ္းပါ ကားက ရႈပ္ပါတယ္ဆိုမွကြာ"
ေနာက္မွ ပြစိပြစိ ေရရြတ္သံေၾကာင့္ ခံ့ ပိုစခ်င္သြားကာ စက္ဘီးအရိွန္ကို ပိုတင္လိုက္သည္။
ျပန္႔ျပဴးညီညာေသာတံတားရွည္ႀကီး ေပၚမွ ျမင္ရေသာ ညေနဆည္းဆာက သူျမင္ဖူးသမ်ွထဲမွာအလွဆံုးျဖစ္သည္။
ခံ့ကို စက္ဘီးခဏရပ္ေပးဖို႔ေျပာေတာ့ အျပန္မွ ရပ္ေပးမယ္ ဟုဆိုလာသည္။
ခံ့၏ စက္ဘီးနင္းကြၽမ္းက်င္မႈေၾကာင့္ တံတားရွည္ႀကီးကိုပင္ သိပ္မၾကာလိုက္ဘဲ ေက်ာ္လြန္လာရသည္။
"ညာဘက္က ေစ်းတဲ့။ဘာေစ်းဆိုလည္းေတာ့မသိေတာ့ပါဘူး။"
ခံ့ စကားေၾကာင့္ ခြန္ၿမဲ သြားစြယ္ေလးမ်ားေပၚသည္အထိ သေဘာတက်ရယ္မိသည္။
ညေနေနဝင္ခါနီးမို႔ ေလျပင္းသိပ္မတိုက္ေသာ္လည္း စက္ဘီးစီးေနရသည္မို႔ ေလေအးေအးက ခြန္ၿမဲ ၏ ဆံပင္ညိုတို႔အား က်ီစယ္ေနၾကသည္။
"ဟိုမွာ ေဘာလံုးကြင္းေလ"
စက္ဘီးအရိွန္ကိုေတာ့ မေလ်ွာ့ဘဲ ဘယ္ဘက္ကိုသာ တစ္ခ်က္ၾကည့္ရင္း ဆိုလာသည္။
ဒီလမ္းကိုဝင္ရင္ ေက်ာက္ပန္းေတာင္းဘုရား၊ ဟို လမ္းကဝင္ရင္ ေရႊအံေတာ္ ဘုရား စသည္ျဖင့္ ခံ့က စိတ္ရွည္လက္ရွည္ရွင္းျပေပးသည္။
ဆီဆိုင္ကိုေက်ာ္လြန္လာသည္အထိ ခံ့က ေနာက္ျပန္လွည့္ခ်င္ပံုမေပၚ။
"ဟိုးျမင္ေနတဲ့ေက်ာင္းက အ.ထ.က (၂) ေလ" ခံ့ ေမးဆတ္ျပရာသို႔ ခြန္ၿမဲ လွမ္းၾကည့္လိုက္မိသည္။
ေမေမသာ ဝန္ထမ္းအိမ္ရာမွာေနျဖစ္ရင္ ခြန္ၿမဲ ထ(၂) မွာတက္ရမွာဟု ေမေမ ေျပာသည္ကို သတိရသြားသည္။
ေန့အလင္းေရာင္က တျဖည္းျဖည္းေလ်ာ့လာသည္အထိ ခံ့က စက္ဘီးအရိွန္ကိုမေလ်ွာ့။
ခြန္ၿမဲ လည္း ခံ့ ပခံုးေပၚက သူ႔လက္ကို သူ မရုတ္မိ။
စကားတေျပာေျပာျဖင့္ ေပ်ာ္ရႊင္ဖြယ္ေကာင္းပါသည္။ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းကို အနည္းငယ္ေက်ာ္လြန္လာမွသာ ခံ့က စက္ဘီးကိုျပန္ေကြ့သည္။
အနည္းငယ္ယိုင္နဲ႔သြားေတာ့ ခံ့ ပခံုးကို ခပ္တင္းတင္း ကိုင္မိသည္။ဤ ေနဝင္ခ်ိန္သည္ ခြန္ၿမဲ တစ္သက္ ၁၂ႏွစ္တာကာလတစ္ခုလံုးတြင္ အျပည့္စံုဆံုးႏွင့္ အလွပဆံုးေနဝင္ခ်ိန္တစ္ခုျဖစ္ခဲ့ေၾကာင္း ခံ့ အား ေက်းဇူးတင္စြာ ဝန္ခံရေပလိမ့္မည္။
_🍀_🍀_🍀_
"ခြန္ၿမဲေရ...ခြန္ၿမဲ..."
"အယ္...ခံ့ေလး...အေပၚတက္ေလ။လက္ထဲမွာလည္းခ်ိဳင့္နဲ႔ပါလား။"
အန္တီႏုက သူ႔ပုခံုးကိုဖက္ၿပီးအိမ္ေပၚေခၚသည္။ခိုင္ခံ့ လည္း ျငင္းလို႔မေကာင္းတာနဲ႔ လက္ထဲမွာပါလာတဲ့ထီးကို ဝရံတာမွာခ်ိတ္ ၿပီးဧည့္ခန္းက ထိုင္ခံုမွာ ဝင္ထိုင္လိုက္သည္။
အိမ္က သိပ္မႀကီးေသာ္လည္း ပရိေဘာဂမ်ားက သူ႔ေနရာႏွင့္သူ သပ္သပ္ရပ္ရိွေနသည္။က်ယ္က်ယ္ဝန္းဝန္းႏွင့္ ေနခ်င္စဖြယ္ျဖစ္ေသာ အိမ္မ်ိဳးျဖစ္သည္။
ဝရံတာဘက္တြင္လည္း သစ္ခြပန္းမ်ိဳးစံုကို အစီအရီ ခ်ိတ္ဆြဲထားသည္။
ဝရံတာကို ေက်ာေပးထားသည့္ခိုင္ခံ့ေမာင္၏
ေရ႔ွ၌သစ္သားစားပြဲတစ္လံုးရိွၿပီး မ်က္ေစာင္းထိုးဟုေျပာရေလာက္သည့္ အေနအထားတြင္ တီဗြီစင္ ရိွေနသည္။
ဧည့္ခန္းသည္ပင္ အတန္ငယ္က်ယ္ဝန္းသည္မို႔ အခန္းေထာင့္တြင္ေနရာယူထားေသာ စာအုပ္စင္သည္ ရွင္းရွင္းလင္းလင္းျဖစ္ေန၏။
"သြင္ေလး ပူဆာလို႔ ေမေမက အုန္းႏို႔ေခါက္ဆြဲခ်က္တာ လာပို႔ခိုင္းလို႔
အန္တီ။ဒါနဲ႔ ခြန္ၿမဲေရာ မႏိုးေသးဘူးလား"
ရွစ္နာရီခြဲ ဆိုသည့္အခ်ိန္က သိပ္ေနာက္မက်ေသာ္လည္း သိပ္ေတာ့ ေစာေတာ့သည္မဟုတ္။
"မႏိုးေသးဘူးသားရဲ့...အဲ့ေကာင္ေလးက အေပၚမွာ မိုးေအးေအးနဲ႔ ႏွပ္ေနတုန္း။
သားသြားႏိႈးလိုက္မလား။
အန္တီ ဘုရားကို အုန္းႏို႔ေခါက္ဆြဲ ကပ္မလို႔"
ခြန္ၿမဲ ေမေမရဲ့စကားကို ခံ့ ေခါင္းျပဳတ္မတတ္ ေခါင္းညိတ္ေထာက္ခံရင္း အတြင္းဘက္သို႔ ဝင္လာခဲ့သည္။
အတြင္းဘက္တြင္ ဘုရားခန္းသီးသန္႔ရိွေနသည္ကို ကေလးပီပီ လိုက္ကာစကို ဖယ္၍ စပ္စုမိေသာေၾကာင့္ ခံ့ သိခဲ့ရသည္။
အိမ္အေပၚထပ္သို႔တက္သည့္ေလွကားရိွေနသည္မို႔ အန္တီႏု စကားအရ ခြန္ၿမဲ အခန္းက အေပၚထပ္ မွာျဖစ္ေလာက္၍ ခံ့ ခပ္သြက္သြက္ပင္ ေျပးတက္လိုက္သည္။
ေလွကားဆံုးေတာ့ ဧည့္ခန္းကဲ့သို႔ပင္က်ယ္ဝန္းေသာ မည္သည့္ အခန္းဟု ခံ့ မယ္မယ္ရရ နာမည္မတပ္တတ္သည့္ အခန္းသို႔ေရာက္သည္။
မွန္ဗီရိုအခ်ိဳ႕ႏွင့္ စာအုပ္စင္အခ်ိဳ႕ကိုသာေတြ့ရသည္။လိုက္ကာစကိုပင့္၍ အတြင္းဘက္သို႔ ေလ်ွာက္လာမိေတာ့ ခြန္ၿမဲ အခန္းျဖစ္ေလာက္သည့္ ေလ်ွာက္လမ္း၏ လက္ယာဘက္ အခန္းတစ္ခန္းေရ႔ွတြင္ ခံ့ ရပ္လိုက္သည္။
"ခြန္ၿမဲဟိန္...ငါလာတယ္ကြ။တံခါးဖြင့္ၪီး။
ေနဖင္ထိုးေနၿပီ ထေတာ့"
တံခါးကို တစ္ဒုန္းဒုန္းထု၍ မၫွာမတာႏိႈးေနေသာ သေကာင့္သားေၾကာင့္ ခြန္ၿမဲ ေလးလံေနဆဲျဖစ္ေသာမ်က္ခြံမ်ားအား ပင့္တင္ကာ မထခ်င္ထခ်င္ႏွင့္ ခ်စ္လွစြာေသာ အိပ္ရာေလးအား ခြဲခြာခဲ့ရသည္။
တံခါးဖြင့္လိုက္ေတာ့ ခြန္ၿမဲအခန္း၏
မ်က္ႏွာခ်င္းဆိုင္ အခန္းတံခါးအား
သည္းသည္းမည္းမည္းထုေနသည့္ ခိုင္ခံ့ေမာင္၏ ေက်ာျပင္အား ေတြ့လိုက္ရသည္။
"မင္းေယာက္ဖ ငါက ဒီမွာ"
ေက်ာဘက္အရပ္မွ အသံထြက္ေပၚလာသည္မို႔ ခိုင္ခံ့ ခ်က္ခ်င္းလွည့္ၾကည့္မိသည္။
ငွက္သိုက္ကိုေခါင္းမွာတင္ထားသလို ဆံပင္အခ်ိဳ႕က ေခါင္းၿမီးခ်ံဳထားတဲ့ ေစာင္ျဖဴျဖဴေအာက္က တစ္စြန္းတစ္စထြက္ေနၾကသည္။
အရုပ္ကေလးမ်ားပါသည့္ ညအိပ္ဝတ္စံု အျပာေရာင္က သူနဲ႔ တကယ္လည္း လိုက္ပါသည္။
ငါ့ေကာင္မေလးရဲ့ အိပ္ရာထစ အလွကို
တစိမ့္စိမ့္ၾကည့္ရမယ့္ အစား ငါ့မွာ ေခါင္းညိုေကာင္ရဲ့ စုတ္ဖြာေနမႈကို ထိုင္ၾကည့္ေနရတယ္။
ခပ္ေနာက္ေနာက္ေတြးလိုက္မိေသာ္လည္း မ်က္ႏွာပင္သစ္ရေသးဟန္မတူေသာ ေရ႔ွမွမ်က္ခ်ီးေပေကာင္သည္ ျဖဴျဖဴေဖြးေဖြးေလးမို႔ အရမ္းႀကီး စုတ္ျပတ္မေန။
မ်က္ႏွာမသစ္ထားတာေတာင္ သူ႔ဟာနဲ႔သူ ခ်စ္စရာေကာင္းေနေသးသည္။
"ဝွား...မင္းကြာ...ငါအိပ္ေနတာကို ေစာေစာစီးစီး လာေနွာင့္ယွက္ၿပီး စတိုခန္းတံခါးကိုတစ္ဒုန္းဒုန္းထုေနတဲ့ေကာင္က ရိွေသးတယ္။"
ခံ့ တစ္ခ်ိန္လံုး စိုက္ၾကည့္ေနရာမွ ခြန္ၿမဲ စကားေၾကာင့္ အိပ္မက္က လွန္႔ႏိႈးခံလိုက္ရတဲ့လူလို အသိဝင္လာရသည္။
"မင္းႀကီးေတာ္မို႔ မနက္ေစာေစာရမွာလား။မင္းဘႀကီး သိၾကားမင္းက မိုးရြာေနလို႔ လင္းမေနတာ။၉နာရီေတာင္ထိုးေတာ့မွာကြ။"
ခြန္ၿမဲတြင္ မရိွသည့္ ႀကီးေတာ္ေတြ ဘႀကီးေတြအကုန္ဆြဲထည့္ၿပီးေျပာမွ ခြန္ၿမဲ သည့္ သူ႔အခန္းတံခါးကို တြန္းဖြင့္ေပးကာ ဝင္လာခဲ့ ဟု မ်က္ရိပ္ျပသည္။
ခြန္ၿမဲ အခန္းသည္လည္း သိပ္ေတာ့ မထူးျခားလွပါ။ကြၽန္းဗီရိုႀကီးတစ္လံုးႏွင့္ စာဖတ္ခံုတစ္စံု၊ ကုတင္က်ယ္ႀကီးတစ္လံုးရိွသည္
အခန္းကေတာ့ ခိုင္ခံ့ အခန္းနဲ႔ အက်ယ္အဝန္းသိပ္မကြာ။ျပတင္းေပါက္ကေတာ့ တစ္ေပါက္တည္းသာရိွသည္။
သို႔ေသာ္ အလင္းႀကိဳက္ေသာ ခံ့ အတြက္
ခြန္ၿမဲ အခန္းက နဂိုထက္ ပိုေမွာင္ေနသလို ခံစားရသည္။
"ေအာက္မွာ မ်က္ႏွာသြားသစ္မလို႔၊ဒီမွာခဏက်န္ေနခဲ့ေနာ္"
ခြန္ၿမဲက တစ္ဝွားဝွား သန္းရင္း ဆိုလာတာမို႔ တစ္ေယာက္တည္းမက်န္ခဲ့ခ်င္ေသာ္လည္း
ခံ့ အထြန္႔တက္မေနေတာ့ဘဲ ခြန္ၿမဲ စာဖတ္ခံုေရ႔ွရိွ ကုလားထိုင္တြင္သာ ဝင္ထိုင္လိုက္သည္။
စာေရးစားပြဲေပၚတြင္ စိတ္ဝင္စားစရာအျဖစ္ ခ်စ္စရာနာရီအျဖဴေလးတစ္လံုးႏွင့္ စားပြဲတင္ ဓာတ္ပံုေလးတစ္ပံုရိွသည္။
စာေရးကိရိယာမ်ားႏွင့္ စာအုပ္မ်ားကို သပ္သပ္ရပ္ရပ္ စီထားသည္မွာ ခံ့ အခန္းႏွင့္တျခားစီ။
ခုဏကမွႏိုးတဲ့ေကာင္ရဲ့အိပ္ရာက ေသသပ္
ျပန္႔ျပဴးေနသည္။
ေစာင္ျဖဴျဖဴကိုလည္း ကုတင္ေျခရင္းတြင္စနစ္တက် ေခါက္၍ တင္ထားသည္ကို
ေတြ့ရသည္။
ခံ့ စားပြဲေပၚက ဓာတ္ပံုေလးဆီ အၾကည့္ေရာက္သြားသည္။
မႈန္ကုပ္ကုပ္ႏွင့္ ငိုေတာ့မည့္မ်က္ႏွာထားမ်ိဳး
ျဖင့္ မူလတန္းအရြယ္ ခြန္ၿမဲဟိန္ ေပါက္စအား အသည္းယားစဖြယ္ေတြ့ရသည္။
ခိုင္ခံ့ တစ္ေယာက္တည္း သေဘာတက် အသံထြက္ေအာင္ ရယ္လိုက္မိၿပီး ဓာတ္ပံုကို လက္ေခ်ာင္းမ်ားႏွင့္ ခပ္ဖြဖြ တို႔ထိလိုက္သည္။
ခြန္ၿမဲဟိန္က အခုထိလည္း အလိုမက်ရင္ မႈန္ကုပ္ကုပ္ ကေလးေပါက္စျဖစ္ေနတုန္းပါပဲ။
______________________________________