"Hyungwon!!!"
လက်ကောက်၀တ်ေနရာကနေသွေးတွေစီးကျလာပြီး ကြမ်းပြင်ပေါ်ကိုလဲကျသွားတဲ့hyungwon
မျက်စိတစ်မှိတ်အတွင်းမှာဖြစ်ပျက်သွားတာမို့လို့ minhyukမယုံနိုင်တဲ့မျက်လုံးတွေနဲ့ဒီအတိုင်းငေးကြည့်နေမိတယ်
ပြီးမှသွေးအိုင်ထဲမှာလဲနေတဲ့hyungwonအနားကိုသွားကာ ရင်ခွင်ထဲပွေ့ယူလိုက်ပြီး...
"Hyungwon! Hyungwon သတိထားဦးလေ ဘာလို့အခုလိုလုပ်လိုက်ရတာလဲ Hyungwonရာ Hyungwon!!!"
အခန်းထဲကအသံတွေကြာင့်yoonစိတ်ပူပြီး အခန်းေပြးထဲ၀င်လာလိုက်တော့ hyungwonကိုရင်ခွင်ထဲမှာေပွ့ထားပြီး သွေးတွေအဆက္မပြတ်ထွက်နေတဲ့လက်ကောက်၀တ်ကိုဆုပ်ကိုင်ထားတဲ့ minhyukနဲ့ သွေးမရှိတော့သလိုတစ်ကိုယ်လုံးဖြူဆုတ်နေတဲ့hyungwon ဘေးပတ်ပတ်လည်မှာလည်းသွေးတွေကမြင်မကောင်းလောက်အောင်ဖြစ်နေတာ တကယ့်ကိုသွေးပျက်စရာမြင်ကွင်း...
"ဆေး...ဆေးရုံကားြမန်မြန်ခေါ်လိုက်"
yoonလည်းတုန်ယင်စွာနဲ့ဆေးရုံကားကိုဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တယ်...
******************************
ဆေးရုံရောက်တော့ hyungwonကိုအရေးပေါ်ခန်းထဲခေါ်သွားကြသည်။
Minhyuk အရေးပေါ်အခန်းရှေ့မှာစောင့်နေတုန်းခဏကြာတော့ Kihyunရောက်လာသည်။
"Minhyuk ah!!!"
"Kihyun!!!"
Minhyukကိုတွေ့တာနဲ့kihyunချက်ချင်းပြေးဖက်လိုက်သည်။
"hyungwonတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ငါဘာလုပ်ရမလဲ kihyun ah... hyungwonအခုလိုဖြစ်ရတာငါ့ကြောင့်!!! ငါ့ကြောင့်!!! သူသာတစ်ခုခုဖြစ်သွားရင်ငါသေလိမ့်မယ်..."
အရူးတစ်ပိုင်းြဖစ်နေတဲ့minhyukကိုကြည့်ပြီး kihyunဘာလုပ်ရမှန်းမသိ
"Minhyuk ah~ hyungwonအဆင်ပြေလောက္မှာပါ စိတ်ကိုအေးအေးထားနော်"
2နာရီလောက်ကြာတော့အရေးပေါ်ခန်းထဲကနေဆရာ၀န်ထွက်လာတယ်။
"ဆရာ hyungwonအခြေအနေဘယ်လိုရှိလဲဟင်"
"ဒဏ်ရာကအရမ်းမနက်လို့ အသက်အန္တရာယ်ေတာ့စိုးရိမ်စရာမရှိေတာ့ပါဘူး ဒါပေမဲ့လူနာကအရမ်းအားနည်းနေတယ် စိတ်ပိုင်းဆိုင်ရာထိခိုက္မှုတွေအများကြီးရှိခဲ့တယ်ထင်တယ်"
"အခုသူ့ကိုသွားကြည့်လို့ရမလား ဆရာ"
"ရပါတယ်"
ဆရာ၀န်ဆီကခွင့်ပြုချက်တောင်းပြီးတော့ minhyukနဲ့kihyunအတူတူhyungwonရှိတဲ့အခန်းကိုလာခဲ့တယ်
အခန်းထဲမှာတော့ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေတဲ့hyungwon
Minhyukကုတင်ေဘးကထိုင်ခံုမှာ၀င်ထိုင်လိုက်ပြီး hyungwonရဲ့လက်ကလေးကိုအသာယူလိုက်တယ်။ပြီးတော့ပတ်တီးအဖွေးသားနဲ့လက်ကောက်၀တ်ေလးကိုဖွဖွလေးကိုင်လိုက်ပြီး...
"အရမ်းနာကျင်ခဲ့မှာပဲ...တောင်းပန်ပါတယ် ငါအရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့မိတယ် မင်းရဲ့ခံစားချက်တွေကိုလျစ်လျှူရှုခဲ့မိတယ် ငါမင်းကိုချစ်တဲ့စိတ်နဲ့လုပ်မိလုပ်ရာတွေလုပ်ခဲ့မိတယ် ငါတောင်းပန်ပါတယ်"
သတိမေ့နေတဲ့hyungwonက ေတာ့မကြားနိုင်ေပမဲ့ minhyukက ေတာ့အကြိမ်ကြိမ်တောင်းပန်နေခဲ့တယ်....
"Minhyuk ah အိမ်ပြန်ပြီးအ၀တ်အစားလေးဘာလေးလဲလိုက်ပါလား ငါနဲ့yoonနဲ့hyungwonကိုစောင့်ပေးထားမယ်လေ နော်"
Kihyunပြောတော့minhyukခေါင်းတစ်ချက်ငြိမ့်လိုက်တယ်။အင်္ကျီတစ်ထည်လုံးလဲသွေးတွေနဲ့မြင်မကောင်းတာမို့လို့ ဒီအတိုင်းနေနေလို့တော့အဆင်မပြေဘူးလေ။
"အဲ့တာဆို ငါအိမ်ခဏပြန်လိုက်ဦးမယ် တစ်ခုခုထူးခြားတာနဲ့ငါဆီချက်ချင်းဖုန်းဆက်ပေးနော်"
"အေးပါကွာ ဂရုစိုက်ဦး"
******************************
ဒီနေ့နဲ့ဆိုhyungwonသတိမရတာနှစ်ရက်ရှိပြီ minhyukကတော့အိမ်ကပြန်လာပြီးကတည်းက hyungwonေဘးကနေတစ်ဖဝါးမှမခွာပဲထိုင်စောင့်နေတာ
hyungwonဘာလို့သတိမရသေးတာလဲဆိုပြီးဆေးရုံကလူတွေကိုပြဿနာထရှာလို့ kihyunကလိုက်တောင်းပန်ပေးရသေးတယ်။
"Minhyuk ah~တစ်ခုခုစားလိုက်ပါဦး မင်းအိပ်လဲမအိပ် စားလဲမစားနဲ့"
"အခုချိန်မှာငါဘယ်လိုလုပ်စားနိုင်အိပ်နိုင်မှာလဲကွာ hyungwonကဘာလို့ခုထိသတိမရသေးတာလဲ ပြောတော့စိုးရိမ်စရာမရှိတော့ပါဘူးဆို ဆေးအရှိုန်ကြောင့်ဆိုပေမဲ့အခု2ရက်တောင်ရှိနေပြီ ဘာမှမထူးခြားသေးဘူး..."
"နိုးလာမှာပေါ့ကွာ အဲ့လောက်ကြီးမစိုးရိမ်ပါနဲ့ မင်းကိုယ်မင်းလဲနည်းနည်းဂရုစိုက်ဦး"
"ဟို... hyungwonအမေဆီဆက်သွယ်ပြီးပြီလား"
"အင်း ငါလှမ်းဖုန်းဆက်ထားတယ် မင်းကောသူ့အမေနဲ့တွေ့ဖို့အဆင်ပြေပါ့မလား ငါ့အထင် မင်း....."
"သား!!!! သားလေး!!! hyungwon!!!"
စကားမဆုံးသေးခင်မှာပဲဆေးရုံခန်းထဲကိုအသည်းအသည်၀င်လာတဲ့ hyungwonရဲ့အမေနဲ့အဒါ်
"သားလေး!!! ဘယ်လိုဖြစ်ရတာလဲသားလေးရယ်!"
"သတိမရသေးပေမဲ့ စိုးရိမ်စရာေတာ့မရှိေတာ့ပါဘူးအန်တီ"
"ဟင်! မင်း...ငါ့သားကိုအခုလိုဖြစ်အောင်လုပ်တာမင်းမှတ်လား မင်းကိုငါကိုယ်တိုင်သတ်မယ်!"
minhyukရဲ့အင်္ကျီကော်လံစကိုအတင်းဆွဲကာအော်ဟစ်နေတဲ့ hyungwonရဲအမေကြောင့် ေဘးမှာရှိေနတဲ့kihyunတင်မက ဆေးရုံကသူနာပြုတွေပါဝိုင်းဆွဲရသည်။
"လွှတ်ကြစမ်းငါ့ကို!!! ငါဒီကောင့်ကိုတစ်ခုခုလုပ်ရမှကျေနပ်မယ်!!"
"အန်တီကျွန်တော့ကိုကြိုက်သလိုလုပ်ပါ သတ်ပစ်ချင်လဲသတ်ပစ်လိုက်လို့ရတယ် ဒါပေမဲ့ Hyungwonကိုအမွေဖြတ်စွန့်လွှတ်တဲ့ကိစ္စကိုတော့ပြန်ရုတ်သိမ်းပေးပါ hyungwonမှာဘာအပြစ်မှမရှိပါဘူး ကျွန်တော်ပဲhyungwonကိုအတင်းခေါ်သွားခဲ့တာပါ အန်တီကျွန်တော့်ကိုကြိုက်သလိုအပြစ်ပေးနိုင်ပေမဲ့ hyungwonအပေါ်မှာတော့အမြင်ရှင်းစေချင်ပါတယ်...."
"ဒါဆို မင်းကငါ့သားဆန္ဒမပါပဲမင်းကခေါ်သွားခဲ့တာပေါ့ဟုတ်လား"
"ဟုတ်ပါတယ်...."
"မင်းဘာလို့အခုလိုလုပ်ရတာလဲ!! ဘာလို့ငါတို့ဘ၀ကိုဖျက်စီးဖို့ကြိုးစားရတာလဲ!! ဟမ်!"
"အဲ့လိုမဟုတ်ပါဘူးအန်တီ ကျွန်တော်...ကျွန်တော်hyungwonကိုအရမ်းချစ်လို့ပါ ကျွန်တော်သူ့ကိုတခြားတစ်ယောက်ရဲ့လက်ထဲကိုမထည့်ပေးနိုင်ဘူးအန်တီ ကျွန်တော်သူနဲ့မခွဲနိုင်ဘူး အဲ့တာကြောင့်ကျွန်တော်သူ့ကိုခေါ်သွားခဲ့တာပါ..."
"ဘာ..."
hyungwonအမေလည်းဘာဆက်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။ပြီးမှစိတ်ကိုလျော့ချလိုက်ကာ hyungwonကုတင်ဘေးကထိုင်ခုံမှာထိုင်လိုက်တယ်။အ ေြခအနေတွေကငြိမ်သွားတာမို့လို့kihyunအပါအ၀င်သူနာပြုတွေေကာအခြားသူေတွပါအခန်းထဲကအလိုက်တသိထွက်သွားကြတယ်။
အခန်းထဲမှာတော့ minhyukရယ်hyungwonရယ်
hyungwonအမေရယ်ပဲကျန်ခဲ့တာပေါ့
"...မင်းအန်တီ့သားကိုတကယ်ချစ်တာလား"
"ချစ်တာပေါ့အန်တီရယ် hyungwonအတွက်ဆိုကျွန်တော်သေဆိုလည်းသေရဲပါတယ်"
"...."
"ဒီလိုဖြစ်ရပ်မျိုးသားေလးဆီမှာလာဖြစ်လိမ့်မယ်လို့တကယ်မထင်ထားဘူး..."
"ဘာကိုလဲအန်တီ"
"ဒီကိစ္စတွေကိုဘယ်တော့မှပြန်မ ေပြာတော့ဘူးဆိုဆုံးဖြတ်ထားတာ hyungwonကိုတောင်မပြောပြခဲ့ဘူး"
"hyungwonရဲ့ဦးလေး အန်တီ့အကိုဆုံးသွားတဲ့အကြောင်းရင်းကိုသိလား"
Minhyukခေါင်းခါလိုက်တယ်
"သစွာအဖောက်ခံရလို့လက်ေကာက်၀တ်ကိုဓားနဲ့လှီးပြီးကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာ"
"ဗျာ!"
"အန်တီတို့မိသားစုအသိုင်းအဝိုင်းကအန်တီ့အကို လိင်တူချင်းချစ်ကြိုက်နေတာသိေတာ့အပြင်းအထန်ကန့်ကွက်ခဲ့ကြပေမဲ့ သူတို့နှစ်ယောက်ကတကယ်ချစ်ကြတာမို့လို့ အကိုနဲ့သူ့ချစ်သူကိုသဘောတူပေးခဲ့တယ် အန်တီတို့မိသားစုအရမ်းအယူသည်းကြတာမျိုးမဟုတ်ဘူးလေ"
"ဒါပေမဲ့...."
"အကို့ဘက်ကသာတကယ်ချစ်ခဲ့တာ သူ့ချစ်သူဆိုတဲ့လူကတော့အကို့ကိုချူစားရုံသက်သက်တွဲခဲ့တာ"
"တရားရုံးမှာလက္မှတ်ထိုးဖို့အထိလုပ်ခဲ့ကြပြီးမှ အဲ့လူကတခြားမိန်းမတစ်ေယာက်ကိုခိုးပြေးပြီးနိုင်ငံခြားကိုအပြီးထွက်သွားခဲ့တယ်..."
"အန်တီ့အကိုကတော့....."
"မင်းနဲ့သားနဲ့တွဲနေကြတယ်ဆိုတာကြားကြားချင်းတုန်းကဆို အကို့မျက်နှာကိုပဲအရင်ဆုံးပြေးြမင်မိတာ အဲ့တာကြောင့်အန်တီမင်းနဲ့hyungwonကိုခွဲဖို့လုပ်ခဲ့တာ...မဟုတ်ရင်"
"အန်တီ့သားလည်း သူ့....သူ့ဦးလေးလို..."
"အန်တီ"
"ကျွန်တော်ကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး ကျွန်တော်hyungwonကိုတကယ်ချစ်တာပါ ကျွန်တော့ကိုယုံပေးပါ"
"အန်တီနားလည်ပါတယ်...အန်တီကဒီလိုကိစ္စမျိုးကြုံဖူးတော့ပိုနားလည်တယ် အန်တီ့အကိုနဲ့သူ့ချစ်သူနဲ့ချိန်းတွေ့တုန်းကဆို အိမ်ကမရိပ်မိအောင်အန်တီကိုယ်တိုင်ကူညီပေးခဲ့တာ"
"အချစ်မှာယောကျာ်းမိန်းမမခွဲခြားဘူးဆိုတာအန်တီအကိုကိုတွေ့ပြီးအန်တီယုံကြည်ခဲ့တယ် ယောကျာ်းလေးဆိုရင်မိန်းကလေးကိုပဲချစ်ရမယ်ဆိုပြီးပုံသေသက္မှတ်ထားကြတဲ့လူတွေထဲမှာအန်တီမပါဘူး မင်းကိုအန်တီယုံပါတယ်"
"ဒါဆို အန်တီဆိုလိုတဲ့သဘောကကျွန်တော်တို့ကိုသဘောတူတယ်ပေါ့ ဟုတ်လားအန်တီ"
"ဒါကတော့hyungwonနိုးလာမှဆက်ပြောကြတာပေါ့ hyungwonကဆန္ဒရှိတယ်ဆိုအန်တီကဘာမဆိုလိုက်လျောပေးသွားမှာပါ"
"ကျေးဇူးတင်ပါတယ်အန်တီ ပြီးတော့တောင်းပန်ပါတယ် ကျွန်တော်ထင်ရာတွေေလျှာက်လုပ်ခဲ့မိတယ်"
"အန်တီလဲမှားလည်းမကင်းပါဘူးကွယ်"
"မမကြီး"
"အော် လာ မိတ်ဆက်ပေးရဦးမယ် ဒါကသားေလးရဲ့အဒေါ် အန်တီ့ညီမတစ်၀မ်းကွဲလေ"
"မမကြီး ဆေးသောက်ချိန်နီးနေပြီ အိမ်ခဏပြန်ကြမယ်လေ နောက္မှပြန်လာကြတာပေါ့"
"hyungwonနိုးတဲ့အထိစောင့်ချင်သေးတယ်"
"ဟုတ်ပါတယ်အန်တီရဲ့ အိမ်ပြန်လိုက်ပါ ကျွန်တော်ရှိနေတာမို့လို့ hyungwonနိုးတာနဲ့အန်တီ့ဆီ ချက်ချင်းလှမ်းပြောပါ့မယ်"
"ဟုတ်ပြီလေ ဒါဆိုလည်းပြန်လိုက်ပါမယ် နောက္မှလာခဲ့မယ်"
"ကဲ တို့ဆရာ၀န်ကြီးကိုနှုတ်ဆက်ပြီးပြန်ကြမယ်"
"ဟုတ် မမကြီး"
Hyungwonအမေပြန်သွားတော့kihyunလည်းအခန်းလဲပြန်၀င်လာတယ်
"ဘယ်လိုလဲ အဆင်ပြေသွားပြီလား"
"အင်း hyungwonအမေကစိတ်ထားနူးညံ့ပါတယ်hyungwonလိုပဲ ငါတို့၂ယောက်ကိုလဲလက်ခံပေးတော့မယ်ထင်တယ်"
"တကယ်လား ဒီလိုမျိုးကြာရတာငါတကယ်၀မ်းသာတယ်ကွာ အစောကြီးကတည်းကဒီလိုမျိုးဖြစ်ခဲ့သင့်တာ"
"မင်းကိုလည်းကျေးဇူးတင်ပါတယ် ဒုက္ခများသွားခဲ့ပြီ"
"မဟုတ်တာကွာ ငါတို့ကသူငယ်ချင်းတွေပဲ မင်းအပူကလည်းငါ့အပူ မင်းအပျော်ကလည်းငါ့အပျော်ပဲ ဟုတ်တယ်မှတ်လား"
"မှန်တာပေါ့"
"ဒါဆိုငါလည်းအိမ်ခဏပြန်ဦးမယ် လိုတာရှိရင်ငါ့ကိုဖုန်းဆက်လေ"
"အေးပါ ဂရုစိုက်ပြန်"
"အေး ဒါဆိုသွားပြီနော်"
အကုန်လုံးပြန်သွားတော့မှ minhyukလည်းhyungwonဘေးနားကိုသွားပြီးလက်ကလေးကိုကိုင်ကာ
"အခုအရာအားလုံးအဆင်ပြေသွားပြီ အဲ့တာကြောင့်မင်းနိုးလာဖို့ပဲလိုတော့တယ် အကုန်လုံးကမင်းကိုစောင့်နေကြတာမို့လို့ ကျေးဇူးပြုပြီးမြန်မြန်နိုးလာပါတော့"
~~~~~~~~~~~~~~~~~~~~ဆက်ရန်
ဒီရက်ပိုင်းအလုပ်နည်းနည်းများနေလို့updateကြာသွားတယ်။ဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်❤️🙇🏻♀️