My Confusing Partner (โœ”๏ธŽ)

By Cremie3407

39.5K 5.3K 1.7K

Try not to fall in love with your partner! A Park Jimin FanFiction. Cremie's fourth completed fiction. oct112... More

๐Ÿ’˜One
๐Ÿ’˜Two
๐Ÿ’˜Three
๐Ÿ’˜Four
๐Ÿ’˜Five
๐Ÿ’˜Six
๐Ÿ’˜Seven
๐Ÿ’˜Eight
๐Ÿ’˜Nine
๐Ÿ’˜Ten
๐Ÿ’˜Eleven
๐Ÿ’˜Twelve
๐Ÿ’˜Thirteen
๐Ÿ’˜Fifteen
๐Ÿ’˜Sixteen
๐Ÿ’˜Seventeen
๐Ÿ’˜Eighteen
๐Ÿ’˜Nineteen
๐Ÿ’˜Twenty
๐Ÿ’˜Twenty 1
๐Ÿ’˜Final

๐Ÿ’˜Fourteen

1.4K 212 26
By Cremie3407

Unicode

မှိုင်နေသည်မဟုတ်ပေမယ့်လန်းရွှင်မနေသောစိတ်အထွေအထွေကဘာလုပ်လုပ်နှေးဖြေးစေတဲ့အကြောင်းပြချက်တစ်ခု။ မမြင်ချင်ယောင်ဆောင်လို့ဖြစ်ပေမယ့် မကြားချင်ယောင်ဆောင်လို့မရတဲ့ဝန်းကျင်တဝိုက်ကအတင်ခြေဆူပူသံတစ်ချို့။ စိတ်ရှိတိုင်းဆို ထိုအသံတွေကိုလျစ်လျူရှူမနေဘဲလုပ်လက်စကိုပစ်ချ.. ၊ ခြေလှမ်းသွက်သွက်နဲ့သွားပြီး Jiminရှေ့မှာငိုကြွေးနေတဲ့heejinကို သူဆွဲခေါ်ချင်လာမိသည်။

Heejinစိတ်ပင်ပမ်း‌အောင်မလုပ်ဖို့Jiminကိုစိတ်လိုက်မာန်ပါအမိန့်ပေးချင်သော်လည်း... တစ်ကယ်တမ်းကမဖြစ်နိုင်ဘူးလေ။ သူတို့သမီးရည်းစားအချင်းချင်းရန်ဖြစ်ကြတဲ့အရာမို့ namjoonအမိန့်ပေးဖို့ရာ ဘာတတ်နိုင်မှာမလို့လဲ။ ကော်ဖီစေ့တစ်ချို့ကိုခွက်နဲ့ခပ်ယူကာကြိတ်စက်ထဲထည့်ပြီးအားပါးတရကြိတ်ရင်း သူတို့ဆီအာရုံမရောက်နိုင်ဖို့ကိုကြိုးစားမိသည်။

တစ်ခနအကြာတွင်... jiminတို့ထံမှတိတ်ဆိတ်သွားမှုကြောင့် namjoonလှည့်ကြည့်မိတော့ ဆိုင်တံခါးကိုတောင်မပိတ်နိုင်ဘဲခပ်သုတ်သုတ်ထွက်သွားတဲ့heejinကိုတွေ့လိုက်သည်။ ဒေါသကြောင့်ဆူပူအပြစ်တင်ချင်ပေမယ့် တစ်ဖက်ကကြည့်ပြန်လည်းjiminဆိုတာ သူ့အတွက်တော့နှစ်ယောက်မရှိနိုင်တဲ့ညီငယ်လေးလေ။

တင်းဖျင်းနေသောစိတ်အခဲကြီးကိုမြိုသိပ်ချကာjiminဆီသို့ခြေလှမ်းကျဲကျဲဖြင့်လျှောက်သွားလိုက်သည်။ ဘေးခုံမှာဝင်ထိုင်လိုက်ပြီး ဘာမှမဖြစ်သလိုဟန်နဲ့စကားပြောရန်ပြင်လေတော့..
လက်ဦးစွားကာဆိုလာသူကjimin။

" ကျွန်တော် Heejinနဲ့လမ်းခွဲလိုက်ပြီ "

" အင်း..."

အံ့မဩသလိုဟန်ဆောင်နေတဲ့namjoonကို သူရိပ်မိသည်။ Namjoonရင်ထဲမှာဒေါသအလိပ်လိုက်ထွက်နေမှာလည်းသိသည်။ Namjoonဆိုတာက.. Heejinကိုမပိုင်ဆိုင်ရတောင် သူမ,ပျော်ဖို့ပဲဦးစားပေးတတ်သူကြီးလေ။

" အဲ့တော့ အခု မင်းကheejinကိုလွှတ်ချလိုက်ပြီပေါ့။ တခြားမိန်းကလေးအတွက်နဲ့လေ...။"

" လွှတ်ချလိုက်တာမဟုတ်ဘူး hyung... Heejinကအစတည်းကကျွန်တော့်လောင်းရိပ်အောက်ကလွတ်ထွက်နေပြီးသား။ ယောကျာ်းတစ်ယောက်မို့စောင်းမြောင်းမပြောတော့ဘူး hyung... Heejinကိုချစ်နေတယ်မလား...။ ကျွန်တော့်ထက်heejinကိုအစစအရာရာအလိုလိုက်ပြီးနားလည်ပေးခဲ့တာပဲ‌။ အခုပဲဖြစ်ဖြစ် Heejinကိုဆွဲထားလိုက်ပါ hyung..။ Heejinဘက်ကလည်း hyungအပေါ်ကိုခံစားချက်တစ်ခုခုရှိနေမှာသေချာတယ်။ "

Jiminထံမှတစ်လုံးချင်းစီထွက်အံလာတဲ့စကား‌လုံးတွေကိုကြားပြီးnamjoonဘာမှပြန်မပြောနိုင်ဖြစ်‌နေမိသည်။

အမှန်ဆို ချစ်သူဖြစ်တဲ့Jiminရဲ့စကားထက် သူ့စကားကိုပိုပြီးနားဝင်တတ်တဲ့ သူမ... လိုချင်တာရှိရင်jiminထက်အရင် သူ့ကိုပူဆာတတ်တဲ့သူမ... တစ်ခုခုရင်ဖွင့်စရာရှိနေရင် Jiminဆီသွားရမယ့်အစား သူ့ဆီသာအမြဲလာပြီးတီးတိုးငိုရှိုက်တတ်တဲ့သူမ...၊ ဒါတွေကသူ့ကိုအစ်ကိုတစ်ယောက်လို ၊ သူငယ်ချင်းတစ်ယောက်လိုတွေးခင်တဲ့ဆက်ဆံရေးကြောင့်ဖြစ်လာတာလို့ တောက်လျှောက်တွေးနေမိသည်။ တစ်ကယ်တမ်းပဲ Jiminပြောသလို သူမလည်းသူ့အပေါ်ကိုခံစားချက်တစ်စုံတရာရှိနေခဲ့တာလား။ 

သူနဲ့အတူရှိနေတဲ့အချိန်ဆို တစ်ခြားအချိန်‌တွေထက်သက်တောင့်သက်သာရှိလွန်းပုံရတာမို့  Heejinကjiminထက်သူ့အပေါ်ကိုပိုပြီးခင်တွယ်တယ်လို့ခံစားမိတာကြာပြီဖြစ်ပေမယ့်... ခံစားချက်ရှိနေလို့ဆိုတာကတော့... ဟာ... မဟုတ်လောက်ပါဘူး။

" မကြားခဲ့ဘူးပဲသတ်မှတ်လိုက်မယ် Jimin..."

" ... "

" ဒါနဲ့ မင်းကောင်မလေးကဘယ်သူလဲ။"

ပြောပြလည်းအသာတကြည်ယုံမှာမဟုတ်တာသိနေသည်လေ။ Haeunကိစ္စကိုကသဘာဝလွန်နေတဲ့စင်စစ်အမှန်တရားမလား..။

" နောက်တော့မိတ်ဆက်ပေးမယ် hyung..."

" အင်း Jimin.."

" ဒါနဲ့လေ.."

Namjoonထိုင်ခုံမှထသွားဖို့အလုပ်တွင်... Jiminဘက်မှစကားလမ်းကြောင်းပြန်စလာပေမယ့် ပြောစရာရှိသည်ကိုတန်းမပြောနိုင်ဘဲအဖျားဆွဲနေတဲ့Jiminကို စိတ်ရှည်ရှည်စောင့်နေမိသည်။

" ဘာများလဲ jimin.."

" Hoseok hyungကလေ hyungကိုနတ်သမီးအကြောင်းတွေဘာတွေများပြောဖူးလား "

ထိုအခါမှ ဆိုလိုရင်းကိုနားလည်သလိုရယ်လေတဲ့namjoon..။

" အင်း.. ပြောဖူးတာပေါ့။ ဒါနဲ့လေ သေချာတွေးကြည့်တော့ မင်းနဲ့hoseokကတပုံတည်းပဲ။ တစ်ယောက်ကနတ်သမီးတဲ့... နောက်တစ်ယောက်က ဝိဉာဉ်သရဲမလေးတဲ့... တစ်ကယ်ရှိနေရင်တောင်  Hyungကအဲ့လိုကိစ္စတွေကိုသိပ်ပြီးfeelingမထားတတ်ဘူး Jimin..။ "

ပြောပြီးတာနဲ့အပြုံးခပ်ကြီးကြီးတစ်ခုကိုပြုံးကာကောင်တာဆီပြန်သွားလိုက်တဲ့namjoon။ အခုလိုပဲဖြစ်မယ်ဆိုတာ Jiminသိနေသည်။ Namjoonအားယုံပေးဖို့တောင်းမဆိုချင်မိ။ အခုလိုအခြေအနေကပိုကောင်းမည်လို့တွေးထင်မိသည်။

" Jimin... ‌"

‌ဘေးနားမှကြားလိုက်ရတဲ့အသံလေးကြောင့် ညစ်နေသောစိတ်အစဉ်တို့ပြေလျော့သွားသည်။ သက်ပြင်းသဲ့သဲ့လေးချလိုက်ပြီးသူမ့ရှိရာသို့လှည့်ကြည့်လိုက်သည်။ လက်ဖမိုးပေါ်ကိုယှက်တင်လာတဲ့သူမရဲ့လက်နုနုတွေကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး အရာရာအဆင်ပြေသွားပါပြီဆိုတဲ့စကားလေးကိုသူမကြားသည်ဆိုရုံမျှတိုးညှင်းညှင်းလေးပြောလိုက်သည်။

ပြီးနောက်... နေရာမှထကာလုပ်စရာရှိတဲ့အလုပ်တွေကိုဆက်လုပ်နေတဲ့jimin။ သူမကတော့ မထတမ်းထိုနေရာတွင်ပင်ထိုင်နေဆဲ။

အရာရာအဆင်ပြေသွားပြီတဲ့...။ အဲ့သလိုသာဆိုရင်ကောင်းမှာပဲ။ တစ်ကယ်တမ်းကတော့ ဟုတ်မနေဘူး Jiminရယ်...။

✨✨✨

" Hyungအဲ့တာဆို ကျွန်တော်ပြန်ပြီနော်။"

ခေါင်းသာတစ်ချက်ညိတ်ပြလာတဲ့namjoonကိုလက်ပြနှုတ်ဆက်ပြီးဆိုင်ထဲမှထွက်လာခဲ့လိုက်သည်။ Namjoonပြန်ရောက်လာပြီမို့ ဆိုင်သိမ်းတာကိုအရင်လိုတစ်ယောက်တလှည့်ပြန်လုပ်ဖြစ်ကြသည်။

Haeunနဲ့Jiminတို့ကားရပ်ထားတဲ့နေရာအထိလမ်းလျှောက်သွားခဲ့ကြသည်။ ချစ်သူတွေဖြစ်နေကြမို့ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီးလမ်းအတူလျှောက်ချင်မိသည်။ အခုထိလက်ကိုင်ဖို့မဆိုသာနဲ့  မနက်တည်းကနေစကားတစ်ခွန်းသေချာမပြောရသေး။ အလုပ်မအားလို့လား... Jiminကပဲအေးစက်လွန်းနေတာလား... သေချာမသိတော့ပေ။

Haeunတစ်ယောက် နှုတ်ခမ်းစများကိုတတိတိကိုက်ချေကာ လက်များကအငြိမ်မသက်နိုင်ဖြစ်နေသည်။ သူမဘက်ကစကာjiminရဲ့လက်ကိုလှမ်းကိုင်ဖို့ကြိုးစားပေမယ့် အခုချိန်မှာမှတဆဆတိုးပွားနေတဲ့သတ္တိကြောင်စိတ်တွေကြောင့်ရှုံးနိမ့်ခဲ့ရသည်။ တရွေ့ရွေ့သွားနေတဲ့jimin‌ကတော့ သူမကိုမရိပ်မိဘူးထင်ပါရဲ့။

နောက်ဆုံးတစ်ခါ အရဲစွန့်ပြီးကိုင်ကြည့်ဖို့ရာတွေးပြီးသူ့လက်နားကိုသူမလက်ကလေးတိုးသွားရုံမျှရှိသေး...  ရုတ်တရက်ရပ်လိုက်တဲ့သူ့ခြေလှမ်းတွေကြောင့် သူ့လက်သန်းလေးနဲ့ထိသည်ဆိုရုံမျှလေးထိမိသွားသည်။ အရင်တုန်းကလည်း လက်ကိုင်တာမျိုးလောက်ကိုလုပ်ဖူးပါရဲ့... အခု လက်သန်းလေးနဲ့ပင်ထိရသေး... အခုမှဘာလို့အဲ့လောက်ရင်ခုန်နေရသလဲ ...။ ချစ်သူဆိုတဲ့ဆက်ဆံရေးအောက်မှာအထိအတွေ့တစ်ချို့ကိုနေသားမကျသေးတာကြောင့်ထင်ပါရဲ့။

" ဘာ..လို့ရပ်လိုက်တာလဲ Jimin ssi.."

" မင်းပုံကြည့်ရတာ တခုခုပြောချင်ပုံပေါက်နေလို့... "

" အာ... ဘာမှမဟုတ်ပါဘူး။ "

" ဟုတ်လား... အဲ့တာဆိုလည်း ပြီးတာပဲလေ။"

ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်ဘာစကားမှမပြောဖြစ်ကြဘဲ ကားရပ်ထားတဲ့နေရာထိအရောက်လျှောက်လာခဲ့လိုက်ကြသည်။

ကားထဲတွင်...

" ခါးပတ်သေချာပတ်နော် Haeun.."

" အင်း..."

ကားမောင်းနေတဲ့သူ့ကိုအနှောင့်ယှက်မပေးလိုတာမို့ ပြူတင်းဘက်ကိုလှည့်၍သာကောင်းကင်ကြီးကိုမော့ကြ ည့်နေမိသည်။ ထိုစ‌ဉ်... သူမရဲ့လက်ချောင်းတွေကြားတိုးဝင်လာတဲ့သူ့လက်ချောင်းလေးတွေ...။ ရုတ်တရက်မို့သူ့ဘက်လှည့်ကြည့်မိတော့ လက်တစ်ဖက်မှကားမောင်းနေရင်းကျန်လက်တစ်ဖက်နဲ့သူမလက်ကိုယှက်ကိုင်ထားခဲ့တာပဲ...။

" ဘာတွေမူနေတာလဲ Haeun"

" ဟင်?"

" ကိုယ်တို့ကချစ်သူတွေဖြစ်နေပြီလေ။ ဒါကြောင့် လက်ကိုင်ချင်ကိုင်လို့ရတယ်.. နမ်းချင်နမ်းလို့ရတယ်။ ဘာအတွက် တွန့်ဆုတ်နေတာလဲ။"

" ရုတ်...တရက်မို့ နေသားမကျသေးလို့ပါ။"

"...."

" ဒါနဲ့... နမ်းချင်နမ်းလို့ရတယ်??
လက်မထပ်ရသေးခင်အထိအသားမယူဘူးလို့ Heejinကိုပြောဖူးတယ်မလား။ ကျွန်မကိုကျ နမ်းချင်နမ်းလို့ရတယ်ပေါ့??"

ထိုအခါ ကပျာကယာဖြစ်သွားတဲ့jiminကိုကြည့်ပြီး သူမ,ရယ်ချင်စိတ်တွေကိုထိန်းထားရသည်။ အဲ့စကားလေးတစ်ခုကိုကတ်သတ်ပြီးဂွမကျချင်ပေမယ့် Jiminကိုတမင်စပြီးသူ့ရဲ့အခုဖြစ်နေတဲ့ပုံလေးကိုမြင်ချင်တာမို့ အခုလိုရစ်လိုက်ရခြင်းပေ။

" ဪ... အသားမယူဘူးဆိုပြန်တော့လည်း မင်းလေးနဲ့ကနမ်းဖူးပြီးသား ဖက်ဖူးပြီးသား အတူအိပ်ဖူးပြီးသားလေကွာ။"

" ဟင်...?
ရိုးရိုးအိပ်တာပါ"

" ဟော်... ကိုယ်လည်းဘာပြောနေလို့တုန်း။"

" ဘာမှမဟုတ်တော့ဘူး"

တစ်ဖက်ခြမ်းသို့လှည့်ကာလက်တစ်ဖက်နဲ့သူမမျက်နှာသူမခပ်သွက်သွက်ယပ်ခတ်နေပုံလေးကိုကြည့်ပြီးjiminအားပါးတရပြုံးမိသည်။

" အရူးမလေး... "

သူမရဲ့လက်ချောင်းလေးတွေကြားကသူ့လက်ချောင်းတွေကိုဖြေလျော့လိုက်ပြီး ခပ်ဖွဖွလေးပြန်ကိုင်ကာလက်ချောင်းလေးတွေကိုကစားနေတဲ့jimin..။ တစ်ချက်တစ်ချက်သူမလက်ချောင်းလေးတွေကိုယူပြီး သူ့နှုတ်ခမ်းဖူးဖူးလေးပေါ်တင်ကာ အနမ်းမမည်တဲ့အနမ်းသေးသေးလေးတွေကိုခပ်ဖွဖွခြွေသေးသည်။ သူ့အထိအတွေ့ကနူးညံ့လွန်းတာမို့ သူမကြက်သီးမွှေးညှင်းလေးများပင်ထောင်လာရပြီ။

" ဒါနဲ့လေ... မနက်က‌ေခြလက်တွေကိုက်ခဲနေတာပဲ။ မသိရင်ဆိုဖာမှာအိပ်ထားသလားအောက်မေ့ရတယ်။ "

" ဟင်... ညက ကိုယ်နဲ့အတူဆိုဖာပေါ်မှာအိပ်ခဲ့တာပဲလေ။"

" ဟင်..! ဟုတ်လား။ "

" အင်း... သေချာတွေးကြည့်ပါဦး..."

" အာ... ဟုတ်သားပဲ။ မေ့သွားတာ ဟီး "

Jiminစိတ်ပူမှာစိုး၍ အခုလိုပြောလိုက်ရပေမယ့် အမှန်တော့ သူမ,မမှတ်မိပေ။ အခုတလော အိပ်ရေးပျက်တာများလို့ထင်ပါရဲ့... ။ မေ့တတ်လာလိုက်တာများ...။

" မေ့တယ်?? ဒါဆို မမေ့အောင်ဒီညလည်းဆိုဖာမှာအတူထပ်အိပ်ရမယ်။ "

" လူလည်ကြီး..."

တလွင်လွင်ထွက်ပေါ်လာတဲ့ရယ်သံလေးတွေနဲ့အတူ ကားလေးဟာအိမ်ဆီသို့တရွေ့ရွေ့မောင်းနှင်နေခဲ့လေသည်။

✨✨✨

😘❤️

January 15,2021
Friday
#with love












































Zawgyi

မႈိင္ေနသည္မဟုတ္ေပမယ့္လန္း႐ႊင္မေနေသာစိတ္အေထြအေထြကဘာလုပ္လုပ္ေႏွးေျဖးေစတဲ့အေၾကာင္းျပခ်က္တစ္ခု။ မျမင္ခ်င္ေယာင္ေဆာင္လို႔ျဖစ္ေပမယ့္ မၾကားခ်င္ေယာင္ေဆာင္လို႔မရတဲ့ဝန္းက်င္တဝိုက္ကအတင္ေျခဆူပူသံတစ္ခ်ိဳ႕။ စိတ္ရွိတိုင္းဆို ထိုအသံေတြကိုလ်စ္လ်ဴရႉမေနဘဲလုပ္လက္စကိုပစ္ခ်.. ၊ ေျခလွမ္းသြက္သြက္နဲ႔သြားၿပီး Jiminေရွ႕မွာငိုေႂကြးေနတဲ့heejinကို သူဆြဲေခၚခ်င္လာမိသည္။

Heejinစိတ္ပင္ပမ္း‌ေအာင္မလုပ္ဖို႔Jiminကိုစိတ္လိုက္မာန္ပါအမိန႔္ေပးခ်င္ေသာ္လည္း... တစ္ကယ္တမ္းကမျဖစ္ႏိုင္ဘူးေလ။ သူတို႔သမီးရည္းစားအခ်င္းခ်င္းရန္ျဖစ္ၾကတဲ့အရာမို႔ namjoonအမိန္႔ေပးဖို႔ရာ ဘာတတ္ႏိုင္မွာမလို႔လဲ။ ေကာ္ဖီေစ့တစ္ခ်ိဳ႕ကိုခြက္နဲ႔ခပ္ယူကာႀကိတ္စက္ထဲထည့္ၿပီးအားပါးတရႀကိတ္ရင္း သူတို႔ဆီအာ႐ုံမေရာက္ႏိုင္ဖို႔ကိုႀကိဳးစားမိသည္။

တစ္ခနအၾကာတြင္... jiminတို႔ထံမွတိတ္ဆိတ္သြားမႈေၾကာင့္ namjoonလွည့္ၾကည့္မိေတာ့ ဆိုင္တံခါးကိုေတာင္မပိတ္ႏိုင္ဘဲခပ္သုတ္သုတ္ထြက္သြားတဲ့heejinကိုေတြ႕လိုက္သည္။ ေဒါသေၾကာင့္ဆူပူအျပစ္တင္ခ်င္ေပမယ့္ တစ္ဖက္ကၾကည့္ျပန္လည္းjiminဆိုတာ သူ႔အတြက္ေတာ့ႏွစ္ေယာက္မရွိႏိုင္တဲ့ညီငယ္ေလးေလ။

တင္းဖ်င္းေနေသာစိတ္အခဲႀကီးကိုၿမိဳသိပ္ခ်ကာjiminဆီသို႔ေျခလွမ္းက်ဲက်ဲျဖင့္ေလွ်ာက္သြားလိုက္သည္။ ေဘးခုံမွာဝင္ထိုင္လိုက္ၿပီး ဘာမွမျဖစ္သလိုဟန္နဲ႔စကားေျပာရန္ျပင္ေလေတာ့..
လက္ဦးစြားကာဆိုလာသူကjimin။

" ကြၽန္ေတာ္ Heejinနဲ႔လမ္းခြဲလိုက္ၿပီ "

" အင္း..."

အံ့မဩသလိုဟန္ေဆာင္ေနတဲ့namjoonကို သူရိပ္မိသည္။ Namjoonရင္ထဲမွာေဒါသအလိပ္လိုက္ထြက္ေနမွာလည္းသိသည္။ Namjoonဆိုတာက.. Heejinကိုမပိုင္ဆိုင္ရေတာင္ သူမ,ေပ်ာ္ဖို႔ပဲဦးစားေပးတတ္သူႀကီးေလ။

" အဲ့ေတာ့ အခု မင္းကheejinကိုလႊတ္ခ်လိုက္ၿပီေပါ့။ တျခားမိန္းကေလးအတြက္နဲ႔ေလ...။"

" လႊတ္ခ်လိုက္တာမဟုတ္ဘူး hyung... Heejinကအစတည္းကကြၽန္ေတာ့္ေလာင္းရိပ္ေအာက္ကလြတ္ထြက္ေနၿပီးသား။ ေယာက်ာ္းတစ္ေယာက္မို႔ေစာင္းေျမာင္းမေျပာေတာ့ဘူး hyung... Heejinကိုခ်စ္ေနတယ္မလား...။ ကြၽန္ေတာ့္ထက္heejinကိုအစစအရာရာအလိုလိုက္ၿပီးနားလည္ေပးခဲ့တာပဲ‌။ အခုပဲျဖစ္ျဖစ္ Heejinကိုဆြဲထားလိုက္ပါ hyung..။ Heejinဘက္ကလည္း hyungအေပၚကိုခံစားခ်က္တစ္ခုခုရွိေနမွာေသခ်ာတယ္။ "

Jiminထံမွတစ္လုံးခ်င္းစီထြက္အံလာတဲ့စကား‌လုံးေတြကိုၾကားၿပီးnamjoonဘာမွျပန္မေျပာႏိုင္ျဖစ္‌ေနမိသည္။

အမွန္ဆို ခ်စ္သူျဖစ္တဲ့Jiminရဲ႕စကားထက္ သူ႔စကားကိုပိုၿပီးနားဝင္တတ္တဲ့ သူမ... လိုခ်င္တာရွိရင္jiminထက္အရင္ သူ႔ကိုပူဆာတတ္တဲ့သူမ... တစ္ခုခုရင္ဖြင့္စရာရွိေနရင္ Jiminဆီသြားရမယ့္အစား သူ႔ဆီသာအၿမဲလာၿပီးတီးတိုးငိုရႈိက္တတ္တဲ့သူမ...၊ ဒါေတြကသူ႔ကိုအစ္ကိုတစ္ေယာက္လို ၊ သူငယ္ခ်င္းတစ္ေယာက္လိုေတြးခင္တဲ့ဆက္ဆံေရးေၾကာင့္ျဖစ္လာတာလို႔ ေတာက္ေလွ်ာက္ေတြးေနမိသည္။ တစ္ကယ္တမ္းပဲ Jiminေျပာသလို သူမလည္းသူ႔အေပၚကိုခံစားခ်က္တစ္စုံတရာရွိေနခဲ့တာလား။ 

သူနဲ႔အတူရွိေနတဲ့အခ်ိန္ဆို တစ္ျခားအခ်ိန္‌ေတြထက္သက္ေတာင့္သက္သာရွိလြန္းပုံရတာမို႔  Heejinကjiminထက္သူ႔အေပၚကိုပိုၿပီးခင္တြယ္တယ္လို႔ခံစားမိတာၾကာၿပီျဖစ္ေပမယ့္... ခံစားခ်က္ရွိေနလို႔ဆိုတာကေတာ့... ဟာ... မဟုတ္ေလာက္ပါဘူး။

" မၾကားခဲ့ဘူးပဲသတ္မွတ္လိုက္မယ္ Jimin..."

" ... "

" ဒါနဲ႔ မင္းေကာင္မေလးကဘယ္သူလဲ။"

ေျပာျပလည္းအသာတၾကည္ယုံမွာမဟုတ္တာသိေနသည္ေလ။ Haeunကိစၥကိုကသဘာဝလြန္ေနတဲ့စင္စစ္အမွန္တရားမလား..။

" ေနာက္ေတာ့မိတ္ဆက္ေပးမယ္ hyung..."

" အင္း Jimin.."

" ဒါနဲ႔ေလ.."

Namjoonထိုင္ခုံမွထသြားဖို႔အလုပ္တြင္... Jiminဘက္မွစကားလမ္းေၾကာင္းျပန္စလာေပမယ့္ ေျပာစရာရွိသည္ကိုတန္းမေျပာႏိုင္ဘဲအဖ်ားဆြဲေနတဲ့Jiminကို စိတ္ရွည္ရွည္ေစာင့္ေနမိသည္။

" ဘာမ်ားလဲ jimin.."

" Hoseok hyungကေလ hyungကိုနတ္သမီးအေၾကာင္းေတြဘာေတြမ်ားေျပာဖူးလား "

ထိုအခါမွ ဆိုလိုရင္းကိုနားလည္သလိုရယ္ေလတဲ့namjoon..။

" အင္း.. ေျပာဖူးတာေပါ့။ ဒါနဲ႔ေလ ေသခ်ာေတြးၾကည့္ေတာ့ မင္းနဲ႔hoseokကတပုံတည္းပဲ။ တစ္ေယာက္ကနတ္သမီးတဲ့... ေနာက္တစ္ေယာက္က ဝိဉာဥ္သရဲမေလးတဲ့... တစ္ကယ္ရွိေနရင္ေတာင္  Hyungကအဲ့လိုကိစၥေတြကိုသိပ္ၿပီးfeelingမထားတတ္ဘူး Jimin..။ "

ေျပာၿပီးတာနဲ႔အၿပဳံးခပ္ႀကီးႀကီးတစ္ခုကိုၿပဳံးကာေကာင္တာဆီျပန္သြားလိုက္တဲ့namjoon။ အခုလိုပဲျဖစ္မယ္ဆိုတာ Jiminသိေနသည္။ Namjoonအားယုံေပးဖို႔ေတာင္းမဆိုခ်င္မိ။ အခုလိုအေျခအေနကပိုေကာင္းမည္လို႔ေတြးထင္မိသည္။

" Jimin... ‌"

‌ေဘးနားမွၾကားလိုက္ရတဲ့အသံေလးေၾကာင့္ ညစ္ေနေသာစိတ္အစဥ္တို႔ေျပေလ်ာ့သြားသည္။ သက္ျပင္းသဲ့သဲ့ေလးခ်လိုက္ၿပီးသူမ့ရွိရာသို႔လွည့္ၾကည့္လိုက္သည္။ လက္ဖမိုးေပၚကိုယွက္တင္လာတဲ့သူမရဲ႕လက္ႏုႏုေတြကိုျပန္လည္ဆုပ္ကိုင္လိုက္ၿပီး အရာရာအဆင္ေျပသြားပါၿပီဆိုတဲ့စကားေလးကိုသူမၾကားသည္ဆို႐ုံမွ်တိုးညႇင္းညႇင္းေလးေျပာလိုက္သည္။

ၿပီးေနာက္... ေနရာမွထကာလုပ္စရာရွိတဲ့အလုပ္ေတြကိုဆက္လုပ္ေနတဲ့jimin။ သူမကေတာ့ မထတမ္းထိုေနရာတြင္ပင္ထိုင္ေနဆဲ။

အရာရာအဆင္ေျပသြားၿပီတဲ့...။ အဲ့သလိုသာဆိုရင္ေကာင္းမွာပဲ။ တစ္ကယ္တမ္းကေတာ့ ဟုတ္မေနဘူး Jiminရယ္...။

✨✨✨

" Hyungအဲ့တာဆို ကြၽန္ေတာ္ျပန္ၿပီေနာ္။"

ေခါင္းသာတစ္ခ်က္ညိတ္ျပလာတဲ့namjoonကိုလက္ျပႏႈတ္ဆက္ၿပီးဆိုင္ထဲမွထြက္လာခဲ့လိုက္သည္။ Namjoonျပန္ေရာက္လာၿပီမို႔ ဆိုင္သိမ္းတာကိုအရင္လိုတစ္ေယာက္တလွည့္ျပန္လုပ္ျဖစ္ၾကသည္။

Haeunနဲ႔Jiminတို႔ကားရပ္ထားတဲ့ေနရာအထိလမ္းေလွ်ာက္သြားခဲ့ၾကသည္။ ခ်စ္သူေတြျဖစ္ေနၾကမို႔ တစ္ေယာက္လက္တစ္ေယာက္ကိုင္ၿပီးလမ္းအတူေလွ်ာက္ခ်င္မိသည္။ အခုထိလက္ကိုင္ဖို႔မဆိုသာနဲ႔  မနက္တည္းကေနစကားတစ္ခြန္းေသခ်ာမေျပာရေသး။ အလုပ္မအားလို႔လား... Jiminကပဲေအးစက္လြန္းေနတာလား... ေသခ်ာမသိေတာ့ေပ။

Haeunတစ္ေယာက္ ႏႈတ္ခမ္းစမ်ားကိုတတိတိကိုက္ေခ်ကာ လက္မ်ားကအၿငိမ္မသက္ႏိုင္ျဖစ္ေနသည္။ သူမဘက္ကစကာjiminရဲ႕လက္ကိုလွမ္းကိုင္ဖို႔ႀကိဳးစားေပမယ့္ အခုခ်ိန္မွာမွတဆဆတိုးပြားေနတဲ့သတၱိေၾကာင္စိတ္ေတြေၾကာင့္ရႈံးနိမ့္ခဲ့ရသည္။ တေ႐ြ႕ေ႐ြ႕သြားေနတဲ့jimin‌ကေတာ့ သူမကိုမရိပ္မိဘူးထင္ပါရဲ႕။

ေနာက္ဆုံးတစ္ခါ အရဲစြန္႔ၿပီးကိုင္ၾကည့္ဖို႔ရာေတြးၿပီးသူ႔လက္နားကိုသူမလက္ကေလးတိုးသြား႐ုံမွ်ရွိေသး...  ႐ုတ္တရက္ရပ္လိုက္တဲ့သူ႔ေျခလွမ္းေတြေၾကာင့္ သူ႔လက္သန္းေလးနဲ႔ထိသည္ဆို႐ုံမွ်ေလးထိမိသြားသည္။ အရင္တုန္းကလည္း လက္ကိုင္တာမ်ိဳးေလာက္ကိုလုပ္ဖူးပါရဲ႕... အခု လက္သန္းေလးနဲ႔ပင္ထိရေသး... အခုမွဘာလို႔အဲ့ေလာက္ရင္ခုန္ေနရသလဲ ...။ ခ်စ္သူဆိုတဲ့ဆက္ဆံေရးေအာက္မွာအထိအေတြ႕တစ္ခ်ိဳ႕ကိုေနသားမက်ေသးတာေၾကာင့္ထင္ပါရဲ႕။

" ဘာ..လို႔ရပ္လိုက္တာလဲ Jimin ssi.."

" မင္းပုံၾကည့္ရတာ တခုခုေျပာခ်င္ပုံေပါက္ေနလို႔... "

" အာ... ဘာမွမဟုတ္ပါဘူး။ "

" ဟုတ္လား... အဲ့တာဆိုလည္း ၿပီးတာပဲေလ။"

ၿပီးေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္ဘာစကားမွမေျပာျဖစ္ၾကဘဲ ကားရပ္ထားတဲ့ေနရာထိအေရာက္ေလွ်ာက္လာခဲ့လိုက္ၾကသည္။

ကားထဲတြင္...

" ခါးပတ္ေသခ်ာပတ္ေနာ္ Haeun.."

" အင္း..."

ကားေမာင္းေနတဲ့သူ႔ကိုအေႏွာင့္ယွက္မေပးလိုတာမို႔ ျပဴတင္းဘက္ကိုလွည့္၍သာေကာင္းကင္ႀကီးကိုေမာ့ၾက ည့္ေနမိသည္။ ထိုစ‌ဥ္... သူမရဲ႕လက္ေခ်ာင္းေတြၾကားတိုးဝင္လာတဲ့သူ႔လက္ေခ်ာင္းေလးေတြ...။ ႐ုတ္တရက္မို႔သူ႔ဘက္လွည့္ၾကည့္မိေတာ့ လက္တစ္ဖက္မွကားေမာင္းေနရင္းက်န္လက္တစ္ဖက္နဲ႔သူမလက္ကိုယွက္ကိုင္ထားခဲ့တာပဲ...။

" ဘာေတြမူေနတာလဲ Haeun"

" ဟင္?"

" ကိုယ္တို႔ကခ်စ္သူေတြျဖစ္ေနၿပီေလ။ ဒါေၾကာင့္ လက္ကိုင္ခ်င္ကိုင္လို႔ရတယ္.. နမ္းခ်င္နမ္းလို႔ရတယ္။ ဘာအတြက္ တြန႔္ဆုတ္ေနတာလဲ။"

" ႐ုတ္...တရက္မို႔ ေနသားမက်ေသးလို႔ပါ။"

"...."

" ဒါနဲ႔... နမ္းခ်င္နမ္းလို႔ရတယ္??
လက္မထပ္ရေသးခင္အထိအသားမယူဘူးလို႔ Heejinကိုေျပာဖူးတယ္မလား။ ကြၽန္မကိုက် နမ္းခ်င္နမ္းလို႔ရတယ္ေပါ့??"

ထိုအခါ ကပ်ာကယာျဖစ္သြားတဲ့jiminကိုၾကည့္ၿပီး သူမ,ရယ္ခ်င္စိတ္ေတြကိုထိန္းထားရသည္။ အဲ့စကားေလးတစ္ခုကိုကတ္သတ္ၿပီးဂြမက်ခ်င္ေပမယ့္ Jiminကိုတမင္စၿပီးသူ႔ရဲ႕အခုျဖစ္ေနတဲ့ပုံေလးကိုျမင္ခ်င္တာမို႔ အခုလိုရစ္လိုက္ရျခင္းေပ။

" ဪ... အသားမယူဘူးဆိုျပန္ေတာ့လည္း မင္းေလးနဲ႔ကနမ္းဖူးၿပီးသား ဖက္ဖူးၿပီးသား အတူအိပ္ဖူးၿပီးသားေလကြာ။"

" ဟင္...?
႐ိုး႐ိုးအိပ္တာပါ"

" ေဟာ္... ကိုယ္လည္းဘာေျပာေနလို႔တုန္း။"

" ဘာမွမဟုတ္ေတာ့ဘူး"

တစ္ဖက္ျခမ္းသို႔လွည့္ကာလက္တစ္ဖက္နဲ႔သူမမ်က္ႏွာသူမခပ္သြက္သြက္ယပ္ခတ္ေနပုံေလးကိုၾကည့္ၿပီးjiminအားပါးတရၿပဳံးမိသည္။

" အ႐ူးမေလး... "

သူမရဲ႕လက္ေခ်ာင္းေလးေတြၾကားကသူ႔လက္ေခ်ာင္းေတြကိုေျဖေလ်ာ့လိုက္ၿပီး ခပ္ဖြဖြေလးျပန္ကိုင္ကာလက္ေခ်ာင္းေလးေတြကိုကစားေနတဲ့jimin..။ တစ္ခ်က္တစ္ခ်က္သူမလက္ေခ်ာင္းေလးေတြကိုယူၿပီး သူ႔ႏႈတ္ခမ္းဖူးဖူးေလးေပၚတင္ကာ အနမ္းမမည္တဲ့အနမ္းေသးေသးေလးေတြကိုခပ္ဖြဖြေႁခြေသးသည္။ သူ႔အထိအေတြ႕ကႏူးညံ့လြန္းတာမို႔ သူမၾကက္သီးေမႊးညႇင္းေလးမ်ားပင္ေထာင္လာရၿပီ။

" ဒါနဲ႔ေလ... မနက္က‌ေျခလက္ေတြကိုက္ခဲေနတာပဲ။ မသိရင္ဆိုဖာမွာအိပ္ထားသလားေအာက္ေမ့ရတယ္။ "

" ဟင္... ညက ကိုယ္နဲ႔အတူဆိုဖာေပၚမွာအိပ္ခဲ့တာပဲေလ။"

" ဟင္..! ဟုတ္လား။ "

" အင္း... ေသခ်ာေတြးၾကည့္ပါဦး..."

" အာ... ဟုတ္သားပဲ။ ေမ့သြားတာ ဟီး "

Jiminစိတ္ပူမွာစိုး၍ အခုလိုေျပာလိုက္ရေပမယ့္ အမွန္ေတာ့ သူမ,မမွတ္မိေပ။ အခုတေလာ အိပ္ေရးပ်က္တာမ်ားလို႔ထင္ပါရဲ႕... ။ ေမ့တတ္လာလိုက္တာမ်ား...။

" ေမ့တယ္?? ဒါဆို မေမ့ေအာင္ဒီညလည္းဆိုဖာမွာအတူထပ္အိပ္ရမယ္။ "

" လူလည္ႀကီး..."

တလြင္လြင္ထြက္ေပၚလာတဲ့ရယ္သံေလးေတြနဲ႔အတူ ကားေလးဟာအိမ္ဆီသို႔တေ႐ြ႕ေ႐ြ႕ေမာင္းႏွင္ေနခဲ့ေလသည္။

✨✨✨

😘❤️

January 15,2021
Friday
#with love



Continue Reading

You'll Also Like

89.2K 9.5K 29
If I could change the fact that I love you... Jk x Nabi Taehyung x Jiae Cremie's third completed fiction. August 24, 2020 - January 4, 2021 #cremie
28.5K 3K 27
Houseแ€†แ€ญแ€ฏแ€แ€ฌแ€€แ€แ€ฑแ€ฌแ€ท แ€กแ€ญแ€™แ€บแ€แ€…แ€บแ€œแ€ฏแ€ถแ€ธแ€žแ€•แ€บแ€žแ€•แ€บแ€žแ€ฌแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธ~ Homeแ€†แ€ญแ€ฏแ€แ€ฌแ€€แ€แ€ฑแ€ฌแ€ท แ€”แ€ฝแ€ฑแ€ธแ€‘แ€ฝแ€ฑแ€ธแ€€แ€ผแ€„แ€บแ€”แ€ฌแ€™แ€พแ€ฏแ€แ€ฝแ€ฑ แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€แ€›แ€ฌแ€ธแ€แ€ฝแ€ฑแ€”แ€ฒแ€ท แ€†แ€ฑแ€ฌแ€€แ€บแ€œแ€ฏแ€•แ€บแ€‘แ€ฌแ€ธแ€แ€ฒแ€ท แ€”แ€ฌแ€ธแ€แ€ญแ€ฏแ€›แ€ฌแ€›แ€ญแ€•แ€บแ€™แ€ผแ€ฏแ€ถแ€œแ€ฑแ€ธแ€แ€…แ€บแ€แ€ฏแ€•แ€ฑแ€ซแ€ท~...
1.7K 90 3
แ€€แ€ปแ€ฝแ€”แ€บแ€™แ€›แ€ฒแ€ทแ€แ€ปแ€…แ€บแ€œแ€พแ€…แ€ฝแ€ฌแ€žแ€ฑแ€ฌ แ€žแ€ฌแ€žแ€ฌ Haesooแ€กแ€แ€ฝแ€€แ€บ แ€™แ€ฝแ€ฑแ€ธแ€”แ€ฑแ€ทแ€œแ€€แ€บแ€†แ€ฑแ€ฌแ€„แ€บแ€กแ€–แ€ผแ€…แ€บแ€›แ€ฑแ€ธแ€•แ€ฑแ€ธแ€‘แ€ฌแ€ธแ€แ€ฒแ€ทficแ€œแ€ฑแ€ธแ€•แ€ฒแ€–แ€ผแ€…แ€บแ€•แ€ซแ€แ€šแ€บ๐Ÿ’œ แ€”แ€พแ€…แ€บแ€แ€ญแ€ฏแ€„แ€บแ€ธ แ€”แ€ญแ€ฏแ€แ€„แ€บแ€˜แ€ฌ10แ€›แ€€แ€บแ€”แ€ฑแ€ทแ€™แ€พแ€ฌ one shot แ€แ€…แ€บแ€•แ€ฏแ€’แ€บแ€€แ€ญแ€ฏแ€™แ€ฝแ€ฑแ€ธแ€”แ€ฑแ€ทแ€œ...
93.7K 8.6K 19
Kim Taehyung X OC ๐˜›๐˜ฉ๐˜ฆ ๐˜ฏ๐˜ฆ๐˜ข๐˜ณ๐˜ฆ๐˜ณ ๐˜ต๐˜ฉ๐˜ฆ ๐˜ญ๐˜ฐ๐˜ท๐˜ฆ๐˜ณ, ๐˜ต๐˜ฉ๐˜ฆ ๐˜ง๐˜ถ๐˜ณ๐˜ต๐˜ฉ๐˜ฆ๐˜ณ ๐˜ธ๐˜ฆ ๐˜ณ๐˜ถ๐˜ฏ ๐˜ข๐˜ธ๐˜ข๐˜บ...โ™ก๏ธŽ