သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၅-၂)

1.6K 410 47
By Ling____

Unicode

ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနရှိ ရှေးဟောင်းမှတ်တမ်းထိန်းသိမ်းရေးဌာန၏ ညဆိုင်းတာဝန်ခံဖြစ်သူသည်ကား ဌာနမှူးဖြစ်သော ဒေါက်တာဝမ်ကိုယ်တိုင်ပင်ဖြစ်သည်။

ဒေါက်တာဝမ်က ခပ်သေးသေးမျက်မှန်အဝိုင်းတစ်လက်ကိုတပ်ဆင်ထား၏။ ၎င်းမှာ ခါးကိုကိုင်းလျက် ခန္ဓာကိုယ်က ပင်မစေလွှတ်ရေးရုံးခန်းဆီသို့ ခြေသံတရှပ်ရှပ်ဖြင့် ခပ်သွက်သွက်လျှောက်လှမ်းလာနေဆဲဖြစ်သည့်တိုင် ထိုးထိုးထောင်ထောင်ဆန့်ထွက်နေသော သူ့လည်ပင်းကိုမူ ရှောင်းကျန်း၏စားပွဲမှနေ၍ နှစ်မိုင်ခန့်အကွာလောက်ကတည်းကပင် လှမ်းမြင်နေရပြီဖြစ်သည်။ ၎င်းမှာ 'မင်' မင်းဆက်နှောင်းပိုင်းတွင်မွေးဖွားလာခဲ့သူတစ်ဦးဖြစ်ပြီး သူ၏ထူးခြားစွမ်းရည်မှာ ကြီးကြီးကျယ်ကျယ်တော့မဟုတ်၊ မသေမျိုးတစ်ယောက်ဖြစ်နေခြင်းပင်ဖြစ်သည်။ အကြိမ်ပေါင်းသုံးဆယ်လောက် ပင်စင်ယူပြီးသည့်နောက်တွင်တော့ လျှို့ဝှက်ဆန်းကြယ်ရှေးဟောင်းစာပေများနှင့် ဂမ္ဘီရပညာရပ်များဆိုင်ရာ အထူးပြုသုတေသနပညာရှင်တစ်ဦးအဖြစ် ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနတွင်ပြန်လည်အလုပ်ခန့်အပ်ခြင်းကိုခံခဲ့ရပြန်သည်။ အဆိုပါအဘိုးကြီးသည်ကား အလွန်တရာမှတ်ဉာဏ်ကောင်းလှပြီး သက်ရှိစွယ်စုံကျမ်းစာအုပ်ကြီးတစ်အုပ်အလား ရှေးဟောင်းစာပေများနှင့်ခေတ်ပေါ်စာပေများကို ကောင်းကောင်းဖတ်တတ်သူလည်းဖြစ်၏။ တစ်ခုပဲပြောစရာရှိသည်မှာ အသက်အရွယ်ထောက်လာပြီဖြစ်သဖြင့် မည်သည့်အရာကိုမဆို နှေးနှေးကွေးကွေးသာ လုပ်တတ်ကိုင်တတ်လေရာ သူနှင့်အဆက်အဆံလုပ်ရန်အတွက်အတော်လေးကိုစိတ်ရှည်သည်းခံနိုင်မှပဲရပေလိမ့်မည်။

"'ပူဆွေးယဇ်ပူဇော်ပွဲ'....အာ....ဘုရားရေ....
'ယဇ်ပူဇော်ပွဲ' ဆိုတာ တားမြစ်ထားတဲ့ပညာရပ်တစ်ခုပဲ။ တစ်ခုခုမှားသွားရင် လူတွေသေကုန်ကြလိမ့်မယ်"

ဒေါက်တာဝမ်မှာ အလွန်တရာ 'နူးညံ့ချိုသာ''ပျော့ပျောင်း' လှသော *လောင်တန့် လေသံမျိုးဖြင့်ပြောဆိုနေခြင်းဖြစ်လေရာ နားထောင်နေသူ ရှောင်းကျန်းခမျာ ရှေ့သို့အမြန်ရစ်လို့ရသည့်ခလုတ်ကိုသာပြေးနှိပ်လိုက်ချင်မိတော့သည်။

*လောင်တန့် (老旦) ဆိုသည်မှာ တရုတ်အော်ပရာကပွဲများတွင် သဘာဝကျကျ အနိမ့်သံဖြင့် တေးသီချင်းသီဆိုဖျော်ဖြေရသော အသက်ကြီးကြီးအမျိုးသမီးတစ်ဦး၏ဇာတ်ကောင်ပုံစံမျိုးဖြစ်သည်။

"' ယဇ်ပူဇော်ပွဲ' ဆိုတာ 'မိစ္ဆာစာချုပ်' တစ်မျိုးပဲ။ အဲဒီထဲမှာ အသက်သာဆုံးတောင်းဆိုနိုင်တာက ကံဆိုးခြင်းနတ်ဘုရားကိုဆင့်ခေါ်ပြီး လူသားတွေကိုအမြစ်ပြတ်သုတ်သင်ချေမှုန်းဖို့ရယ်၊ အဆိုးဆုံးတောင်းဆိုနိုင်တာကတော့ မိစ္ဆာအပူးခံပြီး ကိုယ့်အတွက်လက်စားချေဖို့ရယ်ပဲ။ အဲသလို နတ်ဆိုးတွေ မိစ္ဆာတွေကို ဆင့်ခေါ်ဖို့ဆိုတာကလည်း ဘယ်လွယ်ပါ့မလဲ။ သူတို့က မင်းကိုယ်စားဆောင်ရွက်ပေးရမယ်ဆိုရင် မင်းဆီကနေ အဆတစ်ထောင်ပြန်တောင်းဆိုလိမ့်မယ်။ မင်းမေးတာနဲ့အတော်ပဲ...ဒါရိုက်တာရှောင်း။ ငါတို့ 'ယဇ်ပူဇော်ပွဲ' နဲ့ပတ်သက်တဲ့အကြောင်းကိုလေ့လာမှုတွေလုပ်ထားတာရှိတယ်။ ဖိုင်တွေကိုဘယ်မှာသိမ်းလိုက်မိပါလိမ့်.....အိုင်း...."

ရှောင်းကျန်း: "ဘယ်နေ့ကလုပ်ထားတာလဲ?"

"အာ......အရင်အပတ်တုန်းကပါ။ ဘယ်နေ့က လုပ်ထားတာပါလိမ့်?"

ရှောင်းကျန်းက သူ့လပ်တော့ပ်ကိုပိုက်ကာ အားသွင်းကြိုးကိုဒရွတ်တိုက်ဆွဲပြီး မော်ကွန်းတိုက်အခန်းသို့ အလျင်စလိုပြေးထွက်သွားလေတော့သည်။

ရှေးဟောင်းမှတ်တမ်းထိန်းသိမ်းရေးဌာနရှိမော်ကွန်းတိုက်အခန်းမှာ အပူချိန်နှင့်စိုထိုင်းဆကို တသမတ်တည်းထားရှိပြီး အလင်းရောင်မဝင်သောအခန်းမျိုးဖြစ်သည်။ အခန်းထဲတွင် သလင်းကျောက်ဗီရိုများကို အတန်းလိုက်စီတန်းထားရှိပြီး ဗီရိုထဲတွင်တော့ မူရင်းရှေးဟောင်းစာပေအမျိုးအစားပေါင်းစုံကိုထိန်းသိမ်းထား၏။ ဗီရိုတံခါးပေါ်တွင်မူ သုတေသနပညာရှင်များ၏မှတ်ချက်များကိုဝင်ရောက်ရှာဖွေကြည့်ရှုနိုင်သော အသေးစားကွန်ပျူတာဖန်သားပြင်လေးများထားရှိ၏။ ရှောင်းကျန်း၏တောင်းဆိုမှုကြောင့် သုတေသနပညာရှင်ဆယ်ယောက်ခန့်က ဗီရိုများကိုမွှေနှောက်ကာ အဆိုပါဖိုင်ကိုဝိုင်းဝန်းရှာဖွေပေးကြ၏။ မကြာခင်မှာပင် ယဇ်ပူဇော်ပွဲအကြောင်း မှတ်တမ်းများထားရှိသည့်ဗီရိုကိုတွေ့သွားကြသည်။

" 'ယဇ်ပူဇော်ပွဲ' ဆိုတာကို အရောင်းအဝယ်စာချုပ်တစ်မျိုးလို့ပဲ နားလည်ထားလို့ရတယ်။ ယဇ်ပူဇော်ပွဲတစ်ခုလုပ်ဖို့အတွက် အချက်(၄) ချက်လိုအပ်တယ်။ 'ယဇ်ကောင်' ၊ 'ယဇ်ပူဇော်သူ'၊ 'ကြားခံလူ'၊ 'ယဇ်ပူဇော်ပွဲစာချုပ်' ဆိုတာတွေပဲ"

သုတေသီက ရှောင်းကျန်းကိုရှင်းပြသည်။

" 'ယဇ်ကောင်' ဆိုတာက 'ပထမလူ'က ပေးရတဲ့'အဖိုးအခ' ဖြစ်ပြီး 'ယဇ်ပူဇော်သူ' ဆိုတာက အဲဒီအဖိုးအခကိုယူပြီးအလုပ်လုပ်ပေးတဲ့ 'ဒုတိယလူ'ပဲ__တစ်ခုမှတော့ ကောင်းတဲ့ဟာတွေမဟုတ်ဘူး။ တချို့သုတေသနပညာရှင်တွေယုံကြည်ထားကြတာကတော့ 'မိစ္ဆာ' ကပဲ 'ယဇ်ပူဇော်သူ' ဖြစ်နိုင်ပြီး 'ယဇ်ပူဇော်ပွဲ' ကို လုပ်​ဆောင်ပေးနိုင်တယ်တဲ့။ 'ကြားခံလူ' ဆိုတာကတော့ မိစ္ဆာနဲ့ဆက်သွယ်ပေးတဲ့အရာပေါ့။ ရောင်းသူနဲ့ဝယ်သူကိုဆက်သွယ်ပေးတဲ့အချိတ်အဆက်တစ်ခုလို့ပဲ နားလည်ထားလို့ရတယ်။ နောက်ဆုံး 'ယဇ်ပူဇော်ပွဲစာချုပ်' ဆိုတာက ဒီအလဲအလှယ်အတွက် သဘောတူညီချက် စာချုပ်စာတမ်းတစ်ခုပဲ။ အဲဒီစာချုပ်မှာ ရေးသားလို့မရတဲ့ဘာသာစကားတစ်မျိုးကိုအသုံးပြုကြတယ်လို့ပြောကြတာပဲ။ အားလုံးလုပ်ပြီးသွားရင်​တော့ စာချုပ်ကအသက်ဝင်လာပြီး နှစ်ဖက်စလုံး ဘယ်သူကမှ နောက်ပြန်ဆုတ်လို့မရတော့ဘူး။ 'ယဇ်ပူဇော်ပွဲစာချုပ်' မှာ သတ်မှတ်ရေးသားထားတဲ့အတိုင်း 'ယဇ်ကောင်'ကို ပေးဆပ်ရမှာဖြစ်ပြီး 'ယဇ်ပူဇော်သူ' က တောင်းဆိုချက်ကိုဖြည့်ဆည်းပေးရမှာဖြစ်တယ်။ စာချုပ်ကိုဖောက်ဖျက်ခဲ့ရင်​တော့ တန်ပြန်အကျိုးဆက်တွေကိုခံစားရလိမ့်မယ်"

ရွှမ်းကျီးက ဆက်မေးလိုက်၏။

" 'ပူဆွေးယဇ်ပူဇော်ပွဲ' အကြောင်းကိုလည်း အသေးစိတ်ရှင်းပြပါဦး"

"ပူဆွေးယဇ်ပူဇော်ပွဲဆိုတာကလည်း 'ယဇ်ပူဇော်ပွဲ' တွေထဲက အမျိုးအစားတစ်ခုပဲ။ ယုံတမ်းစကားတွေအရတော့ ဒီအစီအရင်အတွက် ယဇ်ပူဇော်သူက ထူးခြားတယ်တဲ့။ သူက ချိပ်ပိတ်ခံထားရတဲ့မိစ္ဆာပဲ။ ပူဆွေးယဇ်ပူဇော်ပွဲက အဲဒီချိပ်ပိတ်ထားတာကိုဖယ်ရှားပေးနိုင်တယ်လေ။ ဒါကြောင့် သူ့ကို 'မိစ္ဆာဆင့်ခေါ်ပူဇော်ပွဲ' လို့လည်းခေါ်​ကြတယ်။ 'ကြားခံလူ' က သူတို့ကိုယ်သူတို့ ယဇ်ကောင်အဖြစ် စတေးခံရတတ်တယ်"

သုတေသီက ရှင်းပြ၏။ " အဲဒီဟာက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပူဆွေးယဇ်ပူဇော်ပွဲကို အစပြုတဲ့သူက ဘယ်လိုနည်းနဲ့မှ အဆုံးသတ်ကောင်းမှာမဟုတ်ဘူးဆိုတာအသိသာကြီးပဲ။ အဲဒီနည်းလမ်းမျိုးက ကြံရာမရတဲ့အဆုံး လုပ်မိလုပ်ရာလုပ်လိုက်တဲ့ 'ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်' တဲ့နည်းလမ်းပဲ"

ရှောင်းကျန်း: "မိစ္ဆာ....'မိစ္ဆာ' ဆိုတာကရော ဘာကိုပြောတာလဲ?"

"ငါတို့မှာ အဲဒါနဲ့ပတ်သက်လို့အချက်အလက်များများစားစားမရှိသေးဘူး။ ရှေးဟောင်းစာပေတွေမှာရေးထားတာအရတော့ မိစ္ဆာတွေဟာ 'ထာဝရရှင်သန်နိုင်စွမ်းရှိပြီး အကန့်အသတ်မဲ့စွမ်းအင်' တွေကိုပိုင်ဆိုင်ကြတယ်တဲ့။ သူတို့ကိုချိပ်ပိတ်ထားနိုင်ရင်ထား၊ ဒါမှမဟုတ် သူတို့ဘာသာသူတို့ပျောက်ကွယ်သွားတာကိုပဲ စောင့်နေရတာကလွဲလို့ ပြင်ပကစွမ်းအားတွေနဲ့ဖျက်ဆီးလို့မရနိုင်ဘူးတဲ့။ ဒီဖော်ပြချက်ကိုအခြေခံပြီး 'မိစ္ဆာ' ဆိုတာ တကယ်တော့ အန္တရာယ်ရှိပြီး မသန့်စင်တဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့စွမ်းအင်တစ်မျိုးပဲလို့ အခုခေတ်ပညာရေးအသိုင်းအဝိုင်းက ယေဘုယျအားဖြင့်လက်ခံထားကြတယ်"

ရှောင်းကျန်းက နားရှုပ်နေဆဲဖြစ်၏။

"စွမ်းအင်တွေကို ဘယ်လိုမျိုးအရောင်းအဝယ်လုပ်ကြမှာလဲ? စာချုပ်ထဲကသတ်မှတ်ချက်တွေကိုရော သူတို့ဘယ်လိုဖြည့်ဆည်းပေးကြမှာလဲ?"

"တောင်းပန်ပါတယ်....ဒါရိုက်တာ။ ကျွန်တော်လည်း သေချာတော့မပြောနိုင်ပါဘူး။ 'မိစ္ဆာ' ပဲဖြစ်ဖြစ် 'ယဇ်ပူဇော်ပွဲ' ပဲဖြစ်ဖြစ် အဲဒါတွေအားလုံးဟာ ရှေးဟောင်းစာပေတွေထဲမှာရေးထားတဲ့ဒဏ္ဍာရီပုံပြင်တွေပါပဲ။ အတိတ်ကလူသားတွေရဲ့ မဟုတ်မဟတ်စိတ်ကူးယဥ်ဇာတ်လမ်းတွေတောင်ဖြစ်နိုင်ပါသေးတယ်__ဒါပေမယ့်.....'လူသားမိစ္ဆာ' အကြောင်းကိုရေးထားတဲ့ ပျက်စီးနေတဲ့ရှေးဟောင်းစာပေတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ကတော့ အဲဒီ 'မိစ္ဆာ' လို့ခေါ်တဲ့ မူမမှန်တဲ့ထူးခြားစွမ်းအင်တွေက လူတစ်ဦးတစ်ယောက်အပေါ်မှာ အစွမ်းပြသနိုင်တယ်လို့ ထင်တာပဲ။ အဲဒီလူက အဲဒီထူးခြားစွမ်းအင်ကိုချုပ်ကိုင်အသုံးချနိုင်သွားတာ၊ ဒါမှမဟုတ် အားကောင်းတဲ့ထူးခြားစွမ်းအင်က သူ့ကိုပြန်ပြီးချုပ်ကိုင်အသုံးချသွားတာမျိုးဖြစ်လာခဲ့ရင်​တော့ သူက အစစ်အမှန်မိစ္ဆာတစ်ကောင်ဖြစ်လာနိုင်တယ်"

ဟုတ်သားပဲ။ ချိယွမ်းဆေးရုံမှာ ဘယ်ကနေရောက်လာမှန်းမသိတဲ့ လူထူးလူဆန်း....
ရှောင်းကျန်း၏မျက်ဝန်းထောင့်များက တွန့်ခနဲဖြစ်လို့သွားတော့သည်။
" 'လူသားမိစ္ဆာ' အကြောင်းနဲ့ပတ်သက်ပြီးတော့ရော ကျွန်တော်တို့ဆီမှာ ဘာသတင်းအချက်အလက်တွေရှိသေးလဲ?"

"လူသားမိစ္ဆာဆိုတာက သဘာဝကပ်ဘေးတစ်ခုနဲ့တူတယ်လို့ပြောလို့ရတယ်"

သုတေသနပညာရှင်က scan ဖတ်ထားသော မှတ်တမ်းတစ်ခုကိုခလုတ်နှိပ်ပြလာသည်။ ၎င်းမှာ နံရံဆေးရေးပန်းချီပုံစံတူတစ်ခုဖြစ်သည်။ ထိုပုံထဲတွင် သေခြင်းတရား၏ အနိဋ္ဌာရုံများကိုအသေးစိတ်ရေးဆွဲထားပြီး ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ ကပ်ရောဂါဆိုးများနှင့် စစ်ပွဲများနှင့်ပတ်သက်သည့်မြင်ကွင်းများကိုသရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်သည်။ အဆိုပါပန်းချီကားထဲတွင် ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုးဖြင့်သေဆုံးနေကြသော အလောင်းများရှိနေ၏။ ထိုကဲ့သို့ သက်ရှိငရဲပြည်နှင့်တူသောမြင်ကွင်းများထဲတွင် နောက်ခံပုံများထဲမှကွဲထွက်နေသည့် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသောပုံရိပ်တစ်ခုက အမြဲလိုလိုပါဝင်လို့နေသည်။ ၎င်း၏မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရဘဲ အကြောက်တရားတစ်ခုခုကိုပုံဖော်ထားသော ဥပစာတစ်ခုလို။

"ဒီအဖြူရောင်ဝတ်ရုံနဲ့လူကိုတွေ့လား? ရေကြီးနေတဲ့မြင်ကွင်းမှာဆိုရင် သူက မြစ်ညာကနေပြီး ရေတွေကိုခလောက်ဆန်အောင်လုပ်နေတာ။ စစ်ပွဲမြင်ကွင်းမှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဓားနဲ့ထိုးနေကြတဲ့လူနှစ်ယောက်ရှိတယ်။ အဖြူရောင်ဝတ်ရုံနဲ့လူက ခွက်ကိုကိုင်ပြီး ဓားထိပ်ကစီးကျလာတဲ့သွေးတွေကိုသောက်နေတာ__ဒါတွေကိုကြည့််မယ်ဆိုရင် သူက အကြီးစားသဘာဝဘေးအန္တရာယ်တွေနဲ့ဆက်စပ်နေတဲ့ပုံရတယ်။ မင်းသတိထားမိလား? အဲဒီအဖြူရောင်ဝတ်ရုံနဲ့လူကလွဲရင် ပန်းချီကားထဲမှာရှိသမျှ ကျန်တဲ့လူတွေအကုန်လုံးက အလောင်းတွေချည်းပဲ။ ဒီပန်းချီကားရဲ့နာမည်ကို 'လူသားမိစ္ဆာ' လို့ခေါ်တယ်"

ရှောင်းကျန်း:"....."

သွားပြီ။ ရွှမ်းကျီးတော့ မသာပေါ်တော့မှာပဲ

ရွှမ်းကျီးခမျာ မသာပေါ်ရုံသာပေါ်တော့မည်မဟုတ်။ ခေါင်းကနေခြေထောက်အထိ တစ်ကိုယ်လုံးတောင့်ခဲနေပြီဖြစ်သည်။ သူ့လက်နှစ်ဖက်လုံးကလည်း ရေခဲမှုန်များအစွမ်းဖြင့် အေးခဲနေပြီဖြစ်ကာ တလက်လက်​တောက်ပနေသော သလင်းကျောက်လက်အိတ်တစ်စုံကိုဝတ်ဆင်ထားသည့်နှယ်။

ရှန့်လင်ယွမ်း__အဆိုပါလူသားမိစ္ဆာက ခေါင်းကိုငုံ့ကာ သူ့ကိုယ်ပေါ်ရှိ သွေးနီရောင်အမှတ်အသားများကိုတစ်ချက်ကြည့်လိုက်၏။ ၎င်းမှာ အသည်းအသန်ရုန်းကန်လှုပ်ရှားရမည်ကိုပျင်းရိနေသည့်အလား မပွင့်တပွင့်ပြုံးလို့နေလျက် သူ့လက်ခုပ်ထဲသို့ရောက်နေသောကြက်ပေါက်စလေးတစ်ကောင်ကို စိမ်ပြေနပြေထိုင်ကြည့်နေသော ကြောင်အိုကြီးတစ်ကောင်လို။ ကြက်ပေါက်ကလေးက ရုန်းကန်လေလေ၊ သူကပိုပြီးပျော်ရွှင်လေလေဖြစ်သည်။ သူက အေးတိအေးစက်ဖြင့် အကြံပြုစကားဆိုလိုက်၏။

"မိစ္ဆာလေး....ငါ့မျက်လုံးထဲမှာတော့ မင်းက အတော်လေးချစ်စရာကောင်းနေတာပဲ။ ငါ မင်းကိုမြင်မြင်ချင်းသဘောကျသွားပြီ။ မင်းကို ထိခိုက်အောင်မလုပ်ချင်ဘူး။ အခုပဲ မြန်မြန်နောက်ဆုတ်လိုက်တော့"

ရွှမ်းကျီးမှာ သူ့ကိုယ်သူ 'အချစ်နာကျနေရှာသည့် အရူးတစ်ယောက်' ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားမိခဲ့ပါချေ။ သို့သော်လည်း 'ငါ မင်းကို မြင်မြင်ချင်း သဘောကျမိသွားပြီ' ဆိုသော စကားက သူ၏နားစည်ကိုရိုက်ခတ်သွားလျှင်သွားချင်းမှာပင် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသော ထူးဆန်းသည့်ခံစားချက်တချို့ဖြစ်ပေါ်လာတော့သည်။ တစ်စုံတစ်ယောက်၏ သဘောကျမှုကိုခံရသဖြင့် ရုတ်တရက် ဘဝင်လေဟပ်သွားသောခံစားချက်မျိုးပင်။ သူ့နှလုံးခုန်သံမှာလည်း စည်းချက်နှစ်ချက်လောက်ပိုမြန်သွားကာ သံချိန်းကြိုးကိုကိုင်ထားသောလက်များကိုပင်လွှတ်ချမိတော့မယောင်။

ထိုအခိုက်အတန့်မှာပင် အချိန်အတော်ကြာသုံးစားလို့မရသော <<မိစ္ဆာတစ်ထောင်အချပ်ပို>> စာအုပ်ကပြန်ပေါ်လာသည်။ 'လူသားမိစ္ဆာ' ဟူသောစကားလုံးအောက်တွင် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကိုပြသလာ၏။

"ရမ္မက်ဆန္ဒခြောက်မျိုးလုံးကိုသိရှိနားလည်ပြီး အထူးသဖြင့် လူသားတို့၏နှလုံးသားကို ကိုက်ခဲဝါးမျိုတတ်သောမိစ္ဆာ"

ရွှမ်းကျီးတစ်ယောက်တုန်တက်သွားရပြီး သူ့မျက်စိရှေ့က မြင်ကွင်းကိုရှင်းလင်းလိုက်ရတော့သည်__ဒီမိစ္ဆာက ဖြားယောင်းသွေးဆောင်ဖို့ကြိုးစားနေတာပဲ! အရှက်မရှိလိုက်တာ!

"ကျစ်" မိစ္ဆာက သနားကရုဏာသက်ဟန်ဖြင့်ခေါင်းကိုခါယမ်းလိုက်၏။ " မင်းက အသက်ငယ်သေးသလောက် စိတ်ဓာတ်ကတော့အတော်ပြင်းထန်တဲ့သူပဲ။ ငါက မင်းဒုက္ခရောက်မှာစိုးလို့တားနေတာ။ မင်းသိအောင်ပြောပြလိုက်မယ်။ ဒါက 'အသက်တစ်ထောင်ယဇ်ပူဇော်ပွဲ' ပဲ။ ယဇ်ပူဇော်ပွဲစာချုပ်ကလည်းရေးသားပြီးပြီ။ နောက်ဆုံး 'သက်ရှိယဇ်ကောင်' တစ်ယောက်ပဲလိုတော့တာ။ မင်းက လက်သည်တရားခံကိုသွားမရှာဘဲနဲ့ ဘာလို့ ငါ့ကိုလိုက်ရှုပ်နေရတာလဲ?"

"ခင်ဗျား ကိုက်စားလိုက်မှာစိုးလို့လေ"

ရွှမ်းကျီးက အေးတိအေးစက်ရယ်လိုက်ပြီး <<မိစ္ဆာတစ်ထောင်အချပ်ပို >> စာအုပ်ကိုဖောက်ထွင်းကာ နံရံထက်တွင်ရေးထားသော "ပူဆွေးယဇ်ပူဇော်ပွဲ" ဟူသည့်စာသားကို လှမ်းကြည့်လိုက်၏။

အမြဲတစေ နှေးကွေးလေးလံနေခဲ့သော <<မိစ္ဆာတစ်ထောင်အချပ်ပို >> စာအုပ်က နောက်ဆုံးတော့ တစ်ကြိမ်မျှအသုံးတည့်သွား၏။ စာမျက်နှာအတွင်း ပူဆွေးယဇ်ပူဇော်ပွဲအကြောင်းနှင့်ပတ်သက်သည့် ဘာသာပြန်ဆိုချက်များပေါ်ထွက်လာသည်။ ရွှမ်းကျီးက တစ်ခါဖတ်လျှင် စာကြောင်းရေဆယ်ကြောင်းလောက်အထိ ကပျာကယာလှမ်းဖတ်လိုက်သည်။ သူ့ခေါင်းထဲသို့အတွေးတစ်ခုဝင်လာပြီးနောက် သူ၏ဖုန်းက အိတ်ကပ်ထဲမှ အလိုလိုပျံထွက်လာကာ နားရွက်နားတွင်လွင့်​မျောနေ၏။ သူက ရှောင်းကျန်းကိုဖုန်းခေါ်လိုက်သည်။

ပထမဆုံးဖုန်းမြည်သံမပြီးဆုံးသေးခင်မှာပင် ရှောင်းကျန်းက ချက်ချင်းဖုန်းကိုင်လာသည်။

'ဟယ်လို....မင်း အခုထိ..."

"အခုထိတော့ အသက်ရှင်နေသေးတယ်။ ငါ ပြောတာကိုအရင်နားထောင်"

ရွှမ်းကျီး၏လျှာကလည်း ထူးခြားစွမ်းရည်ရှိပုံရ၏။ သူက အများသုံးဘာသာစကားကို သာမန်ထက် ငါးဆလောက်မြန်အောင်ပြောနေခြင်းဖြစ်သည်။ မြန်လွန်းသဖြင့်အသံနေအသံထားပင်မမှန်ရှာ​တော့။ သူပြောသည့်စကားများကိုနားလည်နိုင်ရန်အတွက် တရုတ် Rap စကားလုံးများလို တစ်လုံးချင်းတစ်လုံးချင်း နှုတ်တိုက်ချရေးပေးရမလိုပင်။

"ငါ 'ပူဆွေးယဇ်ပူဇော်ပွဲ' ဆိုတဲ့စာသားအကြောင်းကိုနားလည်သွားပြီ။ သတ်မှတ်ထားတဲ့ယဇ်ကောင်ဆိုတာက 'အသက်တစ်ထောင်အစီအရင်' ကိုပြောတာပဲ။ ပူဆွေးယဇ်ပူဇော်ပွဲကို တစ်လအတွင်းပြီးအောင်လုပ်ရမှာ။ ပထမဆုံးသက်ရှိယဇ်ကောင်ကို 'လပြက္ခဒိန်ရဲ့ ပထမဆုံးရက်' *'ဇီအချိန်'မှာ ပူဇော်ပသရမှာ။ နောက်တစ်ကြိမ် 'လပြက္ခဒိန်ရဲ့ ပထမဆုံးရက်' 'ဇီအချိန်'မှာပဲ နောက်ဆုံးသက်ရှိယဇ်ကောင်ကိုပူဇော်ရလိမ့်မယ်။ ငါအမှတ်မမှားဘူးဆိုရင် ဒီနေ့က 'လပြက္ခဒိန်ရဲ့ပထမဆုံးရက်' ပဲ! "

*ဇီအချိန် = ည ၁၁နာရီမှ မနက်၁နာရီအတွင်း

ရှန့်လင်ယွမ်းမှာ အလွန်တရာမြန်ဆန်လွန်းလှသော အဆိုပါ Rap စာသားများကိုနားမလည်ပါချေ။ သူက ရွှမ်းကျီးလက်ထဲ၌ကိုင်ထားသောဖုန်းကိုသာ စိတ်ဝင်တစားစူးစိုက်ကြည့်ရှုနေ၏။

"သက်ရှိယဇ်ကောင်ဟာ သဘာဝမကျတဲ့ဖြစ်ရပ်ကြောင့်သေဆုံးရလိမ့်မယ်"

နှာခေါင်းနှင့်ပါးစပ်ပေါက်များကိုဖြတ်သန်းကာ အဆုတ်ထဲသို့တိုးဝင်လာသည့် အအေးဓာတ်များကြောင့် ရွှမ်းကျီး၏အသက်ရှူသံများမှာ ကမောက်ကမဖြစ်လာရတော့သည်။

"တစ်လ....အဟွတ်.....တစ်လအတွင်းမှာ လူအယောက်တစ်ထောင်ဟာ သဘာဝမကျတဲ့ဖြစ်ရပ်တွေနဲ့သေဆုံးသွားလိမ့်မယ်...ဒါက ဘယ်လိုမှကို ဖုံးဖုံးဖိဖိလုပ်လို့မရတဲ့ကိစ္စပဲ...."

"ရဲကိုအ​ကြောင်းကြားလိုက်။ ဒီလပိုင်းအတွင်း သဘာဝမကျတဲ့သေဆုံးမှုဖြစ်စဥ်တွေကိုစုံစမ်းလိုက်"

ရှောင်းကျန်းက အနားရှိကွင်းဆင်းဝန်ထမ်းတစ်ယောက်ကိုခပ်သွက်သွက်အမိန့်ပေးလိုက်သည်။ ထို့နောက် သူကမေးလိုက်၏။

"မင်းရော...အဆင်ပြေရဲ့လား? ဘယ်လောက်ကြာကြာထိဆက်တောင့်ခံထားနိုင်သေးလဲ?"

"နည်းနည်းလေးမှအဆင်မပြေဘူး"

ရွှမ်းကျီးခမျာ မေးတဆတ်ဆတ်ရိုက်ခတ်နေမှုကိုတားဆီးရန် အံကိုတင်းတင်းကြိတ်ထားနေရရှာသည်။

"ငါတို့တောင်ပိုင်းပြည်နယ်ကြီးမှာ ဘာလို့ အပူပေးစနစ်မရှိရတာလဲ! "

16.1.21

🔥🔥🔥🔥🔥🔥🔥

Zawgyi

ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာနရွိ ေရွးေဟာင္းမွတ္တမ္းထိန္းသိမ္းေရးဌာန၏ ညဆိုင္းတာဝန္ခံျဖစ္သူသည္ကား ဌာနမႉးျဖစ္ေသာ ေဒါက္တာဝမ္ကိုယ္တိုင္ပင္ျဖစ္သည္။

ေဒါက္တာဝမ္က ခပ္ေသးေသးမ်က္မွန္အဝိုင္းတစ္လက္ကိုတပ္ဆင္ထား၏။ ၎မွာ ခါးကိုကိုင္းလ်က္ ခႏၶာကိုယ္က ပင္မေစလႊတ္ေရး႐ုံးခန္းဆီသို႔ ေျခသံတရွပ္ရွပ္ျဖင့္ ခပ္သြက္သြက္ေလွ်ာက္လွမ္းလာေနဆဲျဖစ္သည့္တိုင္ ထိုးထိုးေထာင္ေထာင္ဆန့္ထြက္ေနေသာ သူ႕လည္ပင္းကိုမူ ေရွာင္းက်န္း၏စားပြဲမွေန၍ ႏွစ္မိုင္ခန့္အကြာေလာက္ကတည္းကပင္ လွမ္းျမင္ေနရၿပီျဖစ္သည္။ ၎မွာ 'မင္' မင္းဆက္ေႏွာင္းပိုင္းတြင္ေမြးဖြားလာခဲ့သူတစ္ဦးျဖစ္ၿပီး သူ၏ထူးျခားစြမ္းရည္မွာ ႀကီးႀကီးက်ယ္က်ယ္ေတာ့မဟုတ္၊ မေသမ်ိဳးတစ္ေယာက္ျဖစ္ေနျခင္းပင္ျဖစ္သည္။ အႀကိမ္ေပါင္းသုံးဆယ္ေလာက္ ပင္စင္ယူၿပီးသည့္ေနာက္တြင္ေတာ့ လွ်ို႔ဝွက္ဆန္းၾကယ္ေရွးေဟာင္းစာေပမ်ားႏွင့္ ဂမၻီရပညာရပ္မ်ားဆိုင္ရာ အထူးျပဳသုေတသနပညာရွင္တစ္ဦးအျဖစ္ ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာနတြင္ျပန္လည္အလုပ္ခန့္အပ္ျခင္းကိုခံခဲ့ရျပန္သည္။ အဆိုပါအဘိုးႀကီးသည္ကား အလြန္တရာမွတ္ဉာဏ္ေကာင္းလွၿပီး သက္ရွိစြယ္စုံက်မ္းစာအုပ္ႀကီးတစ္အုပ္အလား ေရွးေဟာင္းစာေပမ်ားႏွင့္ေခတ္ေပၚစာေပမ်ားကို ေကာင္းေကာင္းဖတ္တတ္သူလည္းျဖစ္၏။ တစ္ခုပဲေျပာစရာရွိသည္မွာ အသက္အ႐ြယ္ေထာက္လာၿပီျဖစ္သျဖင့္ မည္သည့္အရာကိုမဆို ေႏွးေႏွးေကြးေကြးသာ လုပ္တတ္ကိုင္တတ္ေလရာ သူႏွင့္အဆက္အဆံလုပ္ရန္အတြက္အေတာ္ေလးကိုစိတ္ရွည္သည္းခံနိုင္မွပဲရေပလိမ့္မည္။

"'ပူေဆြးယဇ္ပူေဇာ္ပြဲ'....အာ....ဘုရားေရ....'ယဇ္ပူေဇာ္ပြဲ' ဆိုတာ တားျမစ္ထားတဲ့ပညာရပ္တစ္ခုပဲ။ တစ္ခုခုမွားသြားရင္ လူေတြေသကုန္ၾကလိမ့္မယ္"

ေဒါက္တာဝမ္မွာ အလြန္တရာ 'ႏူးညံ့ခ်ိဳသာ''ေပ်ာ့ေပ်ာင္း' လွေသာ *ေလာင္တန့္ ေလသံမ်ိဳးျဖင့္ေျပာဆိုေနျခင္းျဖစ္ေလရာ နားေထာင္ေနသူ ေရွာင္းက်န္းခမ်ာ ေရွ႕သို႔အျမန္ရစ္လို႔ရသည့္ခလုတ္ကိုသာေျပးႏွိပ္လိုက္ခ်င္မိေတာ့သည္။

*ေလာင္တန့္ (老旦) ဆိုသည္မွာ တ႐ုတ္ေအာ္ပရာကပြဲမ်ားတြင္ သဘာဝက်က် အနိမ့္သံျဖင့္ ေတးသီခ်င္းသီဆိုေဖ်ာ္ေျဖရေသာ အသက္ႀကီးႀကီးအမ်ိဳးသမီးတစ္ဦး၏ဇာတ္ေကာင္ပုံစံမ်ိဳးျဖစ္သည္။

"' ယဇ္ပူေဇာ္ပြဲ' ဆိုတာ 'မိစာၦစာခ်ဳပ္' တစ္မ်ိဳးပဲ။ အဲဒီထဲမွာ အသက္သာဆုံးေတာင္းဆိုနိုင္တာက ကံဆိုးျခင္းနတ္ဘုရားကိုဆင့္ေခၚၿပီး လူသားေတြကိုအျမစ္ျပတ္သုတ္သင္ေခ်မႈန္းဖို႔ရယ္၊ အဆိုးဆုံးေတာင္းဆိုနိုင္တာကေတာ့ မိစာၦအပူးခံၿပီး ကိုယ့္အတြက္လက္စားေခ်ဖိဳ႕ရယ္ပဲ။ အဲသလို နတ္ဆိုးေတြ မိစာၦေတြကို ဆင့္ေခၚဖို႔ဆိုတာကလည္း ဘယ္လြယ္ပါ့မလဲ။ သူတို႔က မင္းကိုယ္စားေဆာင္႐ြက္ေပးရမယ္ဆိုရင္ မင္းဆီကေန အဆတစ္ေထာင္ျပန္ေတာင္းဆိုလိမ့္မယ္။ မင္းေမးတာနဲ႕အေတာ္ပဲ...ဒါရိုက္တာေရွာင္း။ ငါတို႔ 'ယဇ္ပူေဇာ္ပြဲ' နဲ႕ပတ္သက္တဲ့အေၾကာင္းကိုေလ့လာမႈေတြလုပ္ထားတာရွိတယ္။ ဖိုင္ေတြကိုဘယ္မွာသိမ္းလိုက္မိပါလိမ့္.....အိုင္း...."

ေရွာင္းက်န္း: "ဘယ္ေန႕ကလုပ္ထားတာလဲ?"

"အာ......အရင္အပတ္တုန္းကပါ။ ဘယ္ေန႕က လုပ္ထားတာပါလိမ့္?"

ေရွာင္းက်န္းက သူ႕လပ္ေတာ့ပ္ကိုပိုက္ကာ အားသြင္းႀကိဳးကိုဒ႐ြတ္တိုက္ဆြဲၿပီး ေမာ္ကြန္းတိုက္အခန္းသို႔ အလ်င္စလိုေျပးထြက္သြားေလေတာ့သည္။

ေရွးေဟာင္းမွတ္တမ္းထိန္းသိမ္းေရးဌာနရွိေမာ္ကြန္းတိုက္အခန္းမွာ အပူခ်ိန္ႏွင့္စိုထိုင္းဆကို တသမတ္တည္းထားရွိၿပီး အလင္းေရာင္မဝင္ေသာအခန္းမ်ိဳးျဖစ္သည္။ အခန္းထဲတြင္ သလင္းေက်ာက္ဗီရိုမ်ားကို အတန္းလိုက္စီတန္းထားရွိၿပီး ဗီရိုထဲတြင္ေတာ့ မူရင္းေရွးေဟာင္းစာေပအမ်ိဳးအစားေပါင္းစုံကိုထိန္းသိမ္းထား၏။ ဗီရိုတံခါးေပၚတြင္မူ သုေတသနပညာရွင္မ်ား၏မွတ္ခ်က္မ်ားကိုဝင္ေရာက္ရွာေဖြၾကည့္ရႈနိုင္ေသာ အေသးစားကြန္ပ်ဴတာဖန္သားျပင္ေလးမ်ားထားရွိ၏။ ေရွာင္းက်န္း၏ေတာင္းဆိုမႈေၾကာင့္ သုေတသနပညာရွင္ဆယ္ေယာက္ခန့္က ဗီရိုမ်ားကိုေမႊေႏွာက္ကာ အဆိုပါဖိုင္ကိုဝိုင္းဝန္းရွာေဖြေပးၾက၏။ မၾကာခင္မွာပင္ ယဇ္ပူေဇာ္ပြဲအေၾကာင္း မွတ္တမ္းမ်ားထားရွိသည့္ဗီရိုကိုေတြ႕သြားၾကသည္။

" 'ယဇ္ပူေဇာ္ပြဲ' ဆိုတာကို အေရာင္းအဝယ္စာခ်ဳပ္တစ္မ်ိဳးလို႔ပဲ နားလည္ထားလို႔ရတယ္။ ယဇ္ပူေဇာ္ပြဲတစ္ခုလုပ္ဖို႔အတြက္ အခ်က္(၄) ခ်က္လိုအပ္တယ္။ 'ယဇ္ေကာင္' ၊ 'ယဇ္ပူေဇာ္သူ'၊ 'ၾကားခံလူ'၊ 'ယဇ္ပူေဇာ္ပြဲစာခ်ဳပ္' ဆိုတာေတြပဲ"

သုေတသီက ေရွာင္းက်န္းကိုရွင္းျပသည္။

" 'ယဇ္ေကာင္' ဆိုတာက 'ပထမလူ'က ေပးရတဲ့'အဖိုးအခ' ျဖစ္ၿပီး 'ယဇ္ပူေဇာ္သူ' ဆိုတာက အဲဒီအဖိုးအခကိုယူၿပီးအလုပ္လုပ္ေပးတဲ့ 'ဒုတိယလူ'ပဲ__တစ္ခုမွေတာ့ ေကာင္းတဲ့ဟာေတြမဟုတ္ဘူး။ တခ်ိဳ႕သုေတသနပညာရွင္ေတြယုံၾကည္ထားၾကတာကေတာ့ 'မိစာၦ' ကပဲ 'ယဇ္ပူေဇာ္သူ' ျဖစ္နိုင္ၿပီး 'ယဇ္ပူေဇာ္ပြဲ' ကို လုပ္​ေဆာင္ေပးနိုင္တယ္တဲ့။ 'ၾကားခံလူ' ဆိုတာကေတာ့ မိစာၦနဲ႕ဆက္သြယ္ေပးတဲ့အရာေပါ့။ ေရာင္းသူနဲ႕ဝယ္သူကိုဆက္သြယ္ေပးတဲ့အခ်ိတ္အဆက္တစ္ခုလို႔ပဲ နားလည္ထားလို႔ရတယ္။ ေနာက္ဆုံး 'ယဇ္ပူေဇာ္ပြဲစာခ်ဳပ္' ဆိုတာက ဒီအလဲအလွယ္အတြက္ သေဘာတူညီခ်က္ စာခ်ဳပ္စာတမ္းတစ္ခုပဲ။ အဲဒီစာခ်ဳပ္မွာ ေရးသားလို႔မရတဲ့ဘာသာစကားတစ္မ်ိဳးကိုအသုံးျပဳၾကတယ္လို႔ေျပာၾကတာပဲ။ အားလုံးလုပ္ၿပီးသြားရင္​ေတာ့ စာခ်ဳပ္ကအသက္ဝင္လာၿပီး ႏွစ္ဖက္စလုံး ဘယ္သူကမွ ေနာက္ျပန္ဆုတ္လို႔မရေတာ့ဘူး။ 'ယဇ္ပူေဇာ္ပြဲစာခ်ဳပ္' မွာ သတ္မွတ္ေရးသားထားတဲ့အတိုင္း 'ယဇ္ေကာင္'ကို ေပးဆပ္ရမွာျဖစ္ၿပီး 'ယဇ္ပူေဇာ္သူ' က ေတာင္းဆိုခ်က္ကိုျဖည့္ဆည္းေပးရမွာျဖစ္တယ္။ စာခ်ဳပ္ကိုေဖာက္ဖ်က္ခဲ့ရင္​ေတာ့ တန္ျပန္အက်ိဳးဆက္ေတြကိုခံစားရလိမ့္မယ္"

႐ႊမ္းက်ီးက ဆက္ေမးလိုက္၏။

" 'ပူေဆြးယဇ္ပူေဇာ္ပြဲ' အေၾကာင္းကိုလည္း အေသးစိတ္ရွင္းျပပါဦး"

"ပူေဆြးယဇ္ပူေဇာ္ပြဲဆိုတာကလည္း 'ယဇ္ပူေဇာ္ပြဲ' ေတြထဲက အမ်ိဳးအစားတစ္ခုပဲ။ ယုံတမ္းစကားေတြအရေတာ့ ဒီအစီအရင္အတြက္ ယဇ္ပူေဇာ္သူက ထူးျခားတယ္တဲ့။ သူက ခ်ိပ္ပိတ္ခံထားရတဲ့မိစာၦပဲ။ ပူေဆြးယဇ္ပူေဇာ္ပြဲက အဲဒီခ်ိပ္ပိတ္ထားတာကိုဖယ္ရွားေပးနိုင္တယ္ေလ။ ဒါေၾကာင့္ သူ႕ကို 'မိစာၦဆင့္ေခၚပူေဇာ္ပြဲ' လို႔လည္းေခၚ​ၾကတယ္။ 'ၾကားခံလူ' က သူတို႔ကိုယ္သူတို႔ ယဇ္ေကာင္အျဖစ္ စေတးခံရတတ္တယ္"

သုေတသီက ရွင္းျပ၏။ " အဲဒီဟာက ေအာင္ျမင္သည္ျဖစ္ေစ၊ မေအာင္ျမင္သည္ျဖစ္ေစ ပူေဆြးယဇ္ပူေဇာ္ပြဲကို အစျပဳတဲ့သူက ဘယ္လိုနည္းနဲ႕မွ အဆုံးသတ္ေကာင္းမွာမဟုတ္ဘူးဆိုတာအသိသာႀကီးပဲ။ အဲဒီနည္းလမ္းမ်ိဳးက ႀကံရာမရတဲ့အဆုံး လုပ္မိလုပ္ရာလုပ္လိုက္တဲ့ 'ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္' တဲ့နည္းလမ္းပဲ"

ေရွာင္းက်န္း: "မိစာၦ....'မိစာၦ' ဆိုတာကေရာ ဘာကိုေျပာတာလဲ?"

"ငါတို႔မွာ အဲဒါနဲ႕ပတ္သက္လို႔အခ်က္အလက္မ်ားမ်ားစားစားမရွိေသးဘူး။ ေရွးေဟာင္းစာေပေတြမွာေရးထားတာအရေတာ့ မိစာၦေတြဟာ 'ထာဝရရွင္သန္နိုင္စြမ္းရွိၿပီး အကန့္အသတ္မဲ့စြမ္းအင္' ေတြကိုပိုင္ဆိုင္ၾကတယ္တဲ့။ သူတို႔ကိုခ်ိပ္ပိတ္ထားနိုင္ရင္ခ်ိပ္ပိတ္ထား၊ ဒါမွမဟုတ္ သူတို႔ဘာသာသူတို႔ေပ်ာက္ကြယ္သြားတာကိုပဲ ေစာင့္ေနရတာကလြဲလို႔ ျပင္ပကစြမ္းအားေတြနဲ႕ဖ်က္ဆီးလို႔မရနိုင္ဘူးတဲ့။ ဒီေဖာ္ျပခ်က္ကိုအေျခခံၿပီး 'မိစာၦ' ဆိုတာ တကယ္ေတာ့ အႏၲရာယ္ရွိၿပီး မသန့္စင္တဲ့ ေဖာက္လြဲေဖာက္ျပန္ျဖစ္ေနတဲ့စြမ္းအင္ပဲလို႔ အခုေခတ္ပညာေရးအသိုင္းအဝိုင္းက ေယဘုယ်အားျဖင့္လက္ခံထားၾကတယ္"

ေရွာင္းက်န္းက နားရႈပ္ေနဆဲျဖစ္၏။

"စြမ္းအင္ေတြကို ဘယ္လိုမ်ိဳးအေရာင္းအဝယ္လုပ္ၾကမွာလဲ? စာခ်ဳပ္ထဲကသတ္မွတ္ခ်က္ေတြကိုေရာ သူတို႔ဘယ္လိုျဖည့္ဆည္းေပးၾကမွာလဲ?"

"ေတာင္းပန္ပါတယ္....ဒါရိုက္တာ။ ကြၽန္ေတာ္လည္း ေသခ်ာေတာ့မေျပာနိုင္ပါဘူး။ 'မိစာၦ' ပဲျဖစ္ျဖစ္ 'ယဇ္ပူေဇာ္ပြဲ' ပဲျဖစ္ျဖစ္ အဲဒါေတြအားလုံးဟာ ေရွးေဟာင္းစာေပေတြထဲမွာေရးထားတဲ့ဒ႑ာရီပုံျပင္ေတြပါပဲ။ အတိတ္ကလူသားေတြရဲ႕ မဟုတ္မဟတ္စိတ္ကူးယဥ္ဇာတ္လမ္းေတြေတာင္ျဖစ္နိုင္ပါေသးတယ္__ဒါေပမယ့္.....'လူသားမိစာၦ' အေၾကာင္းကိုေရးထားတဲ့ ပ်က္စီးေနတဲ့ေရွးေဟာင္းစာေပတစ္ခုေတာ့ရွိတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အဲဒီ 'မိစာၦ' လို႔ေခၚတဲ့ မူမမွန္တဲ့ထူးျခားစြမ္းအင္ေတြက လူတစ္ဦးတစ္ေယာက္အေပၚမွာ အစြမ္းျပသနိုင္တယ္လို႔ ထင္တာပဲ။ အဲဒီလူက အဲဒီထူးျခားစြမ္းအင္ကိုခ်ဳပ္ကိုင္အသုံးခ်နိဳင္သြားတာ၊ ဒါမွမဟုတ္ အားေကာင္းတဲ့ထူးျခားစြမ္းအင္က သူ႕ကိုျပန္ၿပီးခ်ဳပ္ကိုင္အသုံးခ်သြားတာမ်ိဳးျဖစ္လာခဲ့ရင္​ေတာ့ သူက အစစ္အမွန္မိစာၦတစ္ေကာင္ျဖစ္လာနိုင္တယ္"

ဟုတ္သားပဲ။ ခ်ိယြမ္းေဆး႐ုံမွာ ဘယ္ကေနေရာက္လာမွန္းမသိတဲ့ လူထူးလူဆန္း....
ေရွာင္းက်န္း၏မ်က္ဝန္းေထာင့္မ်ားက တြန့္ခနဲျဖစ္လို႔သြားေတာ့သည္။
" 'လူသားမိစာၦ' အေၾကာင္းနဲ႕ပတ္သက္ၿပီးေတာ့ေရာ ကြၽန္ေတာ္တို႔ဆီမွာ ဘာသတင္းအခ်က္အလက္ေတြရွိေသးလဲ?"

"လူသားမိစာၦဆိုတာက သဘာဝကပ္ေဘးတစ္ခုနဲ႕တူတယ္လို႔ေျပာလို႔ရတယ္"

သုေတသနပညာရွင္က scan ဖတ္ထားေသာ မွတ္တမ္းတစ္ခုကိုခလုတ္ႏွိပ္ျပလာသည္။ ၎မွာ နံရံေဆးေရးပန္းခ်ီပုံစံတူတစ္ခုျဖစ္သည္။ ထိုပုံထဲတြင္ ေသျခင္းတရား၏ အနိ႒ာ႐ုံမ်ားကိုအေသးစိတ္ေရးဆြဲထားၿပီး ေရႀကီးျခင္း၊ ငလ်င္လႈပ္ျခင္း၊ ကပ္ေရာဂါဆိုးမ်ားႏွင့္ စစ္ပြဲမ်ားႏွင့္ပတ္သက္သည့္ျမင္ကြင္းမ်ားကိုသ႐ုပ္ေဖာ္ေရးဆြဲထားျခင္းျဖစ္သည္။ အဆိုပါပန္းခ်ီကားထဲတြင္ ပုံစံအမ်ိဳးမ်ိဳး၊ အေနအထားအမ်ိဳးမ်ိဳးျဖင့္ေသဆုံးေနၾကေသာ အေလာင္းမ်ားရွိေန၏။ ထိုကဲ့သို႔ သက္ရွိငရဲျပည္ႏွင့္တူေသာျမင္ကြင္းမ်ားထဲတြင္ ေနာက္ခံပုံမ်ားထဲမွကြဲထြက္ေနသည့္ အျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ထားေသာပုံရိပ္တစ္ခုက အၿမဲလိုလိုပါဝင္လို႔ေနသည္။ ၎၏မ်က္ႏွာကိုေတာ့ သဲသဲကြဲကြဲမျမင္ရဘဲ အေၾကာက္တရားတစ္ခုခုကိုပုံေဖာ္ထားေသာ ဥပစာတစ္ခုလို။

"ဒီအျဖဴေရာင္ဝတ္႐ုံနဲ႕လူကိုေတြ႕လား? ေရႀကီးေနတဲ့ျမင္ကြင္းမွာဆိုရင္ သူက ျမစ္ညာကေနၿပီး ေရေတြကိုခေလာက္ဆန္ေအာင္လုပ္ေနတာ။ စစ္ပြဲျမင္ကြင္းမွာဆိုရင္လည္း တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ဓားနဲ႕ထိုးေနၾကတဲ့လူႏွစ္ေယာက္ရွိတယ္။ အျဖဴေရာင္ဝတ္႐ုံနဲ႕လူက ခြက္ကိုကိုင္ၿပီး ဓားထိပ္ကစီးက်လာတဲ့ေသြးေတြကိုေသာက္ေနတာ__ဒါေတြကိုၾကည့္္မယ္ဆိုရင္ သူက အႀကီးစားသဘာဝေဘးအႏၲရာယ္ေတြနဲ႕ဆက္စပ္ေနတဲ့ပုံရတယ္။ မင္းသတိထားမိလား? အဲဒီအျဖဴေရာင္ဝတ္႐ုံနဲ႕လူကလြဲရင္ ပန္းခ်ီကားထဲမွာရွိတဲ့ က်န္တဲ့လူေတြအကုန္လုံးက အေလာင္းေတြခ်ည္းပဲ။ ဒီပန္းခ်ီကားရဲ႕နာမည္ကို 'လူသားမိစာၦ' လို႔ေခၚတယ္"

ေရွာင္းက်န္း:"....."

သြားၿပီ။ ႐ႊမ္းက်ီးေတာ့ မသာေပၚေတာ့မွာပဲ

႐ႊမ္းက်ီးခမ်ာ မသာေပၚ႐ုံသာေပၚေတာ့မည္မဟုတ္။ ေခါင္းကေနေျခေထာက္အထိ တစ္ကိုယ္လုံးေတာင့္ခဲေနၿပီျဖစ္သည္။ သူ႕လက္ႏွစ္ဖက္လုံးကလည္း ေရခဲမႈန္မ်ားအစြမ္းျဖင့္ ေအးခဲေနၿပီျဖစ္ကာ တလက္လက္​ေတာက္ပေနေသာ သလင္းေက်ာက္လက္အိတ္တစ္စုံကိုဝတ္ဆင္ထားသည့္ႏွယ္။

ရွန့္လင္ယြမ္း__အဆိုပါလူသားမိစာၦက ေခါင္းကိုငုံ႕ကာ သူ႕ကိုယ္ေပၚရွိ ေသြးနီေရာင္အမွတ္အသားမ်ားကိုတစ္ခ်က္ၾကည့္လိုက္၏။ ၎မွာ အသည္းအသန္႐ုန္းကန္လႈပ္ရွားရမည္ကိုပ်င္းရိေနသည့္အလား မပြင့္တပြင့္ၿပဳံးလို႔ေနလ်က္ သူ႕လက္ခုပ္ထဲသို႔ေရာက္ေနေသာၾကက္ေပါက္စေလးတစ္ေကာင္ကို စိမ္ေျပနေျပထိုင္ၾကည့္ေနေသာ ေၾကာင္အိုႀကီးတစ္ေကာင္လို။ ၾကက္ေပါက္ကေလးက ႐ုန္းကန္ေလေလ၊ သူကပိုၿပီးေပ်ာ္႐ႊင္ေလေလျဖစ္သည္။ သူက ေအးတိေအးစက္ျဖင့္ အႀကံျပဳစကားဆိုလိုက္၏။

"မိစာၦေလး....ငါ့မ်က္လုံးထဲမွာေတာ့ မင္းက အေတာ္ေလးခ်စ္စရာေကာင္းေနတာပဲ။ ငါ မင္းကိုျမင္ျမင္ခ်င္းသေဘာက်သြားၿပီ။ မင္းကို ထိခိုက္ေအာင္မလုပ္ခ်င္ဘူး။ အခုပဲ ျမန္ျမန္ေနာက္ဆုတ္လိုက္ေတာ့"

႐ႊမ္းက်ီးမွာ သူ႕ကိုယ္သူ 'အခ်စ္နာက်ေနရွာသည့္ အ႐ူးတစ္ေယာက္' ျဖစ္ေနလိမ့္မည္ဟု ဘယ္တုန္းကမွ ထင္မထားမိခဲ့ပါေခ်။ သို႔ေသာ္လည္း 'ငါ မင္းကို ျမင္ျမင္ခ်င္း သေဘာက်မိသြားၿပီ' ဆိုေသာ စကားက သူ၏နားစည္ကိုရိုက္ခတ္သြားလွ်င္သြားခ်င္းမွာပင္ မည္သည့္ေနရာမွထြက္ေပၚလာမွန္းမသိေသာ ထူးဆန္းသည့္ခံစားခ်က္တခ်ိဳ႕ျဖစ္ေပၚလာေတာ့သည္။ တစ္စုံတစ္ေယာက္၏ သေဘာက်မႈကိုခံရသျဖင့္ ႐ုတ္တရက္ ဘဝင္ေလဟပ္သြားေသာခံစားခ်က္မ်ိဳးပင္။ သူ႕ႏွလုံးခုန္သံမွာလည္း စည္းခ်က္ႏွစ္ခ်က္ေလာက္ပိုျမန္သြားကာ သံခ်ိန္းႀကိဳးကိုကိုင္ထားေသာလက္မ်ားကိုပင္လႊတ္ခ်မိေတာ့မေယာင္။

ထိုအခိုက္အတန့္မွာပင္ အခ်ိန္အေတာ္ၾကာသုံးစားလို႔မရေသာ <<မိစာၦတစ္ေထာင္အခ်ပ္ပို>> စာအုပ္ကျပန္ေပၚလာသည္။ 'လူသားမိစာၦ' ဟူေသာစကားလုံးေအာက္တြင္ အဓိပၸါယ္ဖြင့္ဆိုခ်က္တစ္ခုကိုျပသလာ၏။

"ရမၼက္ဆႏၵေျခာက္မ်ိဳးလုံးကိုသိရွိနားလည္ၿပီး အထူးသျဖင့္ လူသားတို႔၏ႏွလုံးသားကို ကိုက္ခဲဝါးမ်ိဳတတ္ေသာမိစာၦ"

႐ႊမ္းက်ီးတစ္ေယာက္တုန္တက္သြားရၿပီး သူ႕မ်က္စိေရွ႕က ျမင္ကြင္းကိုရွင္းလင္းလိုက္ရေတာ့သည္__ဒီမိစာၦက ျဖားေယာင္းေသြးေဆာင္ဖို႔ႀကိဳးစားေနတာပဲ! အရွက္မရွိလိုက္တာ!

"က်စ္" မိစာၦက သနားက႐ုဏာသက္ဟန္ျဖင့္ေခါင္းကိုခါယမ္းလိုက္၏။ " မင္းက အသက္ငယ္ေသးသေလာက္ စိတ္ဓာတ္ကေတာ့အေတာ္ျပင္းထန္တဲ့သူပဲ။ ငါက မင္းဒုကၡေရာက္မွာစိုးလို႔တားေနတာ။ မင္းသိေအာင္ေျပာျပလိုက္မယ္။ ဒါက 'အသက္တစ္ေထာင္ယဇ္ပူေဇာ္ပြဲ' ပဲ။ ယဇ္ပူေဇာ္ပြဲစာခ်ဳပ္ကလည္းေရးသားၿပီးၿပီ။ ေနာက္ဆုံး 'သက္ရွိယဇ္ေကာင္' တစ္ေယာက္ပဲလိုေတာ့တာ။ မင္းက လက္သည္တရားခံကိုသြားမရွာဘဲနဲ႕ ဘာလို႔ ငါ့ကိုလိုက္ရႈပ္ေနရတာလဲ?"

"ခင္ဗ်ား ကိုက္စားလိုက္မွာစိုးလို႔ေလ"

႐ႊမ္းက်ီးက ေအးတိေအးစက္ရယ္လိုက္ၿပီး <<မိစာၦတစ္ေထာင္အခ်ပ္ပို >> စာအုပ္ကိုေဖာက္ထြင္းကာ နံရံထက္တြင္ေရးထားေသာ "ပူေဆြးယဇ္ပူေဇာ္ပြဲ" ဟူသည့္စာသားကို လွမ္းၾကည့္လိုက္၏။

အၿမဲတေစ ေႏွးေကြးေလးလံေနခဲ့ေသာ <<မိစာၦတစ္ေထာင္အခ်ပ္ပို >> စာအုပ္က ေနာက္ဆုံးေတာ့ တစ္ႀကိမ္မွ်အသုံးတည့္သြား၏။ စာမ်က္ႏွာအတြင္း ပူေဆြးယဇ္ပူေဇာ္ပြဲအေၾကာင္းႏွင့္ပတ္သက္သည့္ ဘာသာျပန္ဆိုခ်က္မ်ားေပၚထြက္လာသည္။ ႐ႊမ္းက်ီးက တစ္ခါဖတ္လွ်င္ စာေၾကာင္းေရဆယ္ေၾကာင္းေလာက္အထိ ကပ်ာကယာလွမ္းဖတ္လိုက္သည္။ သူ႕ေခါင္းထဲသို႔အေတြးတစ္ခုဝင္လာၿပီးေနာက္ သူ၏ဖုန္းက အိတ္ကပ္ထဲမွ အလိုလိုပ်ံထြက္လာကာ နား႐ြက္နားတြင္လြင့္​ေမ်ာေန၏။ သူက ေရွာင္းက်န္းကိုဖုန္းေခၚလိုက္သည္။

ပထမဆုံးဖုန္းျမည္သံမၿပီးဆုံးေသးခင္မွာပင္ ေရွာင္းက်န္းက ခ်က္ခ်င္းဖုန္းကိုင္လာသည္။

'ဟယ္လို....မင္း အခုထိ..."

"အခုထိေတာ့ အသက္ရွင္ေနေသးတယ္။ ငါ ေျပာတာကိုအရင္နားေထာင္"

႐ႊမ္းက်ီး၏လွ်ာကလည္း ထူးျခားစြမ္းရည္ရွိပုံရ၏။ သူက အမ်ားသုံးဘာသာစကားကို သာမန္ထက္ ငါးဆေလာက္ျမန္ေအာင္ေျပာေနျခင္းျဖစ္သည္။ ျမန္လြန္းသျဖင့္အသံေနအသံထားပင္မမွန္ရွာ​ေတာ့။ သူေျပာသည့္စကားမ်ားကိုနားလည္နိုင္ရန္အတြက္ တ႐ုတ္ Rap စကားလုံးမ်ားလို တစ္လုံးခ်င္းတစ္လုံးခ်င္း ႏႈတ္တိုက္ခ်ေရးေပးရမလိုပင္။

"ငါ 'ပူေဆြးယဇ္ပူေဇာ္ပြဲ' ဆိုတဲ့စာသားအေၾကာင္းကိုနားလည္သြားၿပီ။ သတ္မွတ္ထားတဲ့ယဇ္ေကာင္ဆိုတာက 'အသက္တစ္ေထာင္အစီအရင္' ကိုေျပာတာပဲ။ ပူေဆြးယဇ္ပူေဇာ္ပြဲကို တစ္လအတြင္းၿပီးေအာင္လုပ္ရမွာ။ ပထမဆုံးသက္ရွိယဇ္ေကာင္ကို 'လျပကၡဒိန္ရဲ႕ ပထမဆုံးရက္' *'ဇီအခ်ိန္'မွာ ပူေဇာ္ပသရမွာ။ ေနာက္တစ္ႀကိမ္ 'လျပကၡဒိန္ရဲ႕ ပထမဆုံးရက္' 'ဇီအခ်ိန္'မွာပဲ ေနာက္ဆုံးသက္ရွိယဇ္ေကာင္ကိုပူေဇာ္ရလိမ့္မယ္။ ငါအမွတ္မမွားဘူးဆိုရင္ ဒီေန႕က 'လျပကၡဒိန္ရဲ႕ပထမဆုံးရက္' ပဲ! "

*ဇီအခ်ိန္ = ည ၁၁နာရီမွ မနက္၁နာရီအတြင္း

ရွန့္လင္ယြမ္းမွာ အလြန္တရာျမန္ဆန္လြန္းလွေသာ အဆိုပါ Rap စာသားမ်ားကိုနားမလည္ပါေခ်။ သူက ႐ႊမ္းက်ီးလက္ထဲ၌ကိုင္ထားေသာဖုန္းကိုသာ စိတ္ဝင္တစားစူးစိုက္ၾကည့္ရႈေန၏။

"သက္ရွိယဇ္ေကာင္ဟာ သဘာဝမက်တဲ့ျဖစ္ရပ္ေၾကာင့္ေသဆုံးရလိမ့္မယ္"

ႏွာေခါင္းႏွင့္ပါးစပ္ေပါက္မ်ားကိုျဖတ္သန္းကာ အဆုတ္ထဲသို႔တိုးဝင္လာသည့္ အေအးဓာတ္မ်ားေၾကာင့္ ႐ႊမ္းက်ီး၏အသက္ရႉသံမ်ားမွာ ကေမာက္ကမျဖစ္လာရေတာ့သည္။

"တစ္လ....အဟြတ္.....တစ္လအတြင္းမွာ လူအေယာက္တစ္ေထာင္ဟာ သဘာဝမက်တဲ့ျဖစ္ရပ္ေတြနဲ႕ေသဆုံးသြားလိမ့္မယ္...ဒါက ဘယ္လိုမွကို ဖုံးဖုံးဖိဖိလုပ္လို႔မရတဲ့ကိစၥပဲ...."

"ရဲကိုအ​ေၾကာင္းၾကားလိုက္။ ဒီလပိုင္းအတြင္း သဘာဝမက်တဲ့ေသဆုံးမႈျဖစ္စဥ္ေတြကိုစုံစမ္းလိုက္"

ေရွာင္းက်န္းက အနားရွိကြင္းဆင္းဝန္ထမ္းတစ္ေယာက္ကိုခပ္သြက္သြက္အမိန့္ေပးလိုက္သည္။ ထို႔ေနာက္ သူကေမးလိုက္၏။

"မင္းေရာ...အဆင္ေျပရဲ႕လား? ဘယ္ေလာက္ၾကာၾကာထိဆက္ေတာင့္ခံထားနိုင္ေသးလဲ?"

"နည္းနည္းေလးမွအဆင္မေျပဘူး"

႐ႊမ္းက်ီးခမ်ာ ေမးတဆတ္ဆတ္ရိုက္ခတ္ေနမႈကိုတားဆီးရန္ အံကိုတင္းတင္းႀကိတ္ထားေနရရွာသည္။

"ငါတို႔ေတာင္ပိုင္းျပည္နယ္ႀကီးမွာ ဘာလို႔ အပူေပးစနစ္မရွိရတာလဲ! "

🔥🔥🔥🔥🔥🔥

Continue Reading

You'll Also Like

748K 32.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
262K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023