That Omega is so cute and I c...

De Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... Mais

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

28• He left me with no choice

6.2K 879 51
De Its_just_Thu


Sam ဘဝမှာ ကံဆိုးခြင်းတွေ ဒုနဲ့ဒေး ကြုံခဲ့ရတာ
မနည်းပေမယ့် သူဘယ်တုန်းကမှ ကံကြမ္မာကို
အပြစ်မတင်ခဲ့ဘူး။

အရင်ဘဝက သူလုပ်ခဲ့တဲ့ အကုသိုလ်တွေ ပြန်ခံရတာပဲလို့ Sam က အရာအားလုံးကို အရှိအတိုင်း လက်ခံပေးဖို့ အကောင်းမြင်စိတ်ပဲ အမြဲမွေးခဲ့တာ။

ဒါပေမယ့် အခုချိန်မှာတော့ ကံကြမ္မာက သူ့ကို အရမ်းရက်စက်တယ်လို့ သူအပြစ်တင်ချင်မိတယ်။

သူလေးနှစ်ကျော်လောက် ထိန်းသိမ်းခဲ့တဲ့
အမှန်တရားတစ်ခုက အခုလို အချိန်တိုအတွင်းမှာပဲ
ပေါ်သွားလိမ့်မယ်လို့ Sam ဘယ်ထင်ခဲ့မှာလဲ။

အချစ်ဆိုတာကို နကန်းတစ်လုံးမှနားမလည်တဲ့ Sam
ဘဝထဲကို Nicholas က သူ့သဘောနဲ့သူ ဝင်လာခဲ့တယ်။

Sam အကြိမ်ကြိမ်အခါခါ ငြင်းဆိုခဲ့ပေမယ့် Nicholasက Sam ကို လွယ်လွယ်ကူကူလေးပဲ သိမ်းသွင်းသွားခဲ့တယ်။

Sam ဘဝမှာ တစ်ခါပဲချစ်ခဲ့ဖူးတဲ့ အချစ်က Nicholasဂတစ်ယောက်ထဲပဲ။

အဲ့တာကို Nicholas က ကောင်းကောင်းသိလို့ Samကို အရမ်းအနိုင်ယူခဲ့တယ်။
Sam နဲ့ တွဲနေတဲ့ အချိန်မှာပဲ တခြား omega မိန်းကလေး ယောကျာ်းလေးတွေနဲ့ တွဲတာကို မရပ်ခဲ့ဘူး။

Samက အဲ့ဒီ အ​ကြောင်းတွေကိုသိလို့
နောက်ဆုတ်တော့မယ် လက်လွှတ်တော့မယ်လို့
ပြောလိုက်တော့လည်း Nichola sက ဒေါသတကြီးနဲ့
မင်းထွက်မသွားရဘူးလို့ တားမြစ်ပိတ်ပင်ခဲ့တယ်။

အခုချိန်မှာ Babyလေး Nixon က Sam အတွက် မရုန်းထွက်နိုင်တဲ့ ကြိုးလေးတစ်မျှင်ဆိုရင် Nicholas က Sam အတွက် မရုန်းထွက်နိုင်တဲ့ နွံတစ်ခုဖြစ်ခဲ့တာ။

ရုန်းလေနစ်လေ အဲ့ဒီနွံထဲမှာ Sam တစ်ယောက် နာကျင်ရက်နဲ့ပဲ ကျေကျေနပ်နပ် နစ်မြှုပ်ခံခဲ့တယ်။

Nichoals ကြောင့် မျက်ရည်ကျခဲ့တဲ့အချိန်တွေ မနည်းမနော ရှိပေမယ့် Nicholas က Baby လို့ခေါ်ပြီး
နည်းနည်းလေးများ ကြင်နာလိုက်ရင် Sam က ဦးနှောက်မရှိတဲ့ လူတစ်ယောက်လိုပဲ အရူးအမူးပျော်ရွှင်ခဲ့ဖူးတယ်။

အနှစ်နှစ်ဆယ်ကျော် ထိန်းသိမ်းခဲ့တဲ့ လူပျိုရည်ဘဝကိုလည်း Nicholas ကြောင့်ပဲ Samဆုံးရှုံးခဲ့ပေမယ့်လည်း Sam သူ့ကို တစ်ချက်ကလေးတောင် မငြိုငြင်ခဲ့ဘူး။

သူ့ကို ဘယ်လောက်ထိများ နားလည်ပေးခဲ့သလဲဆိုရင် Nicholas က နိုင်ငံခြားသွားတော့မှာမို့ Sam ကို ထားခဲ့ချင်ပါတယ် ပြောတုန်းကလည်း သူ့ရင်ထဲမှာ ဘယ်လောက်ပဲ နာကျင်နေပါစေ Nicholas ကို လက်လွှတ်ပေးခဲ့တာပဲ။

အဲ့ဒီနေ့ကပေါ့.....

Throwback

လက်ထဲမှာ ဆေးစစ်ထားတဲ့ အဖြေစာရွက်လေးကို ကိုင်ပြီး Sam ကြည်နူးနေမိတယ်။

သူ့မှာ ကလေးလေးရှိနေတယ်ဆိုတာ Nicholas သိခဲ့ရင် ဘယ်လိုတုန့်ပြန်မှာပါလိမ့်။ Nicholasက ဒီကလေးလေးကို Sam ချစ်သလိုကော ချစ်မှာလား။

Samကတော့ အခုလိုမျိုး သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေးရှိနေပြီ ဆိုတာကို သိလိုက်တဲ့အချိန်မှာ ဟန်မဆောင်နိုင်အောင် ပျော်ရွှင်သွားမိတာ အမှန်ပဲ။

ကလေးလေးကိစ္စ Nicholas ကို ပြောပြဖို့ Sam ဖုန်းလှမ်းဆက်လိုက်တော့ Nicholas ကလည်း သူ့ကို ပြောစရာရှိတယ်လို့ ပြောတယ်။

ဘာများ ပြောမှာပါလိမ့်လို့ Sam သိချင်မိသလို Babyလေး အကြောင်း ပြောဖို့ကိုလည်း Sam ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်။

ကောင်းသောတုံ့ပြန်ခြင်းနဲ့ပဲ Nicholasတုံ့ပြန်လာပါစေလို့လည်း Samတိုးတိုးတိတ်တိတ် မျှော်လင့်မိပါရဲ့။

တစ်ကယ်လို့များ Babyလေးကို ငြိုငြင်တဲ့ စကားမျိုး Nicholas ပြောလာမယ်ဆိုရင် Samခံနိုင်ရည်ရှိပါ့မလား။

Nicholas က Baby လေးကို အလိုမရှိဘူးလို့ ပြောလာခဲ့ရင်တော့ Sam ရင်ကျိုးရမယ်ထင်ပါရဲ့။

အဲ့ဒီလိုမဖြစ်ပါလောက်ပါဘူးလေ၊ Nicholasက ဆိုးတယ်ပွေတယ်ဆိုပေမယ့် စိတ်ရင်းလေးတော့ကောင်းရှာပါတယ်။

သူ့ကိုလည်း တခြားတွဲနေတဲ့သူတွေထက်စာရင် ပိုပြီး သံယောဇဥ်ရှိတယ် မဟုတ်လား။

Nicholas က Babyလေးကို လက်ခံပါစေလို့ Sam ဆုတောင်းရတော့မှာပါပဲ။

Nicholas နဲ့ချိန်းထားတာမို့ သူတို့နှစ်ယောက်ဆုံနေကြ Nicholas ပိုင်တဲ့ တိုက်ခန်း တစ်ခုမှာ Samထိုင်စောင့်နေခဲ့တယ်။

Nicholas တို့ ညီအစ်ကိုတွေက သူတို့ပိုင်တဲ့ တိုက်ခန်းတွေအများကြီးရှိကြတာ မထူးဆန်းပါဘူး။

Nicholas တစ်ယောက်တည်းပိုင်တဲ့ တိုက်ခန်းတောင် လေး ငါးခုလောက်ရှိပြီး ဒီတစ်ခုကတော့  Nicholas နဲ့ Samတို့ တွေ့နေကျ အချစ်ဗိမ္ဘာနခဘုံလေးလို့လည်း
ပြောလို့ရတယ်။

ဒီအခန်းသော့က Nicholas မှာရော Sam မှာရော နှစ်ယောက်လုံးမှာရှိတာမို့ Nicholas မရောက်သေးပေမယ့် Sam အခန်းထဲမှာ ကြိုတင်ပြီးတော့  စောင့်နေလိုက်တယ်။

Nicholas လာရင် သောက်ရအောင်လို့ ​သူကြိုက်တတ်တဲ့ Black coffeeလေးကိုလည်း ကြိုပြီးနှပ်ထားဖို့ Samမမေ့ခဲ့ဘူး။

သူစောင့်ပြီး လေးဆယ့်ငါးမိနစ်လောက်အကြာမှာ Nicholasကရောက်လာခဲ့တယ်။

Nicholas မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့မို့ သူပျော်နေတယ်လို့ Samခန့်မှန်းရတာပါပဲ။

"ရောက်နေတာကြာပြီလားBaby''

"မကြာသေးပါဘူး Nic သောက်ဖို့အတွက် ရော့ Black coffee နှပ်ထားတယ်''

"Babyက လိမ်မာလိုက်တာကွာ အဲ့ဒီလို လိမ်မာတဲ့ Babyမရှိပဲ ကိုယ်ဘယ်လိုနေရပါ့မလဲ''

Nicholas စကားက Samအတွက် ပျော်စရာကောင်းတဲ့ စကားတစ်ခုတော့ ဖြစ်မနေခဲ့ဘူး။

သူက Nicholasဘေးမှာ ရှိနေတာပဲ မဟုတ်ဘူးလား။

မရှိတော့ရင်ဆိုတာ ဘာအဓိပ္ပါယ်နဲ့ ပြောလိုက်တာလဲ။

သိချင်လိုစိတ်တွေနဲ့ Sam တစ်ယောက် Nicholasမျက်နှာကို ငေးကြည့်နေမိတယ်။

Nicholasက Samဘေးနားကို လာထိုင်ပြီး Samကို ထွေးပွေ့တယ်။

"ကိုယ့်ကိုမဖက်တော့ဘူးလား Baby''

သူ့ကို ပွေ့ဖက်ပြီး မေးလာသူကို Sam လည်း အားမပါတဲ့ ပွေ့ဖက်မှုတွေနဲ့ ပြန်လည် ဖက်တွယ်ထားတယ်။

သူကြောက်နေတာ တစ်ခုခုမဖြစ်ပါစေနဲ့လို့လည်း Samရင်ထဲမှာ ဆုတောင်းခြင်းတွေ အပြည့်ပဲ။

"Baby ကိုယ့်ကိုပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ''

"Nicပဲ အရင်ပြောပါ၊ Nicလည်း ပြောစရာရှိတယ်ဆို''

"အာ ဟုတ်တယ် ကိုယ်အရင်ပြောရမလား ဒါဆို ကိုယ်ပဲ ပြောလိုက်မယ်နော် ကိုယ်နိုင်ငံခြားမှာ ကျောင်းသွားတက်ရမယ်''

"ဘယ် ဘယ်တော့လဲ''

ထေ့ထေ့ငေါ့ငေါ့နဲ့ Samပြန်မေးလိုက်မိတယ်။

"သိပ်မကြာခင်ပေါ့''

ချစ်သူနဲ့ ဝေးတဲ့နေရာမှာ ကျောင်းသွားတက်မယ်လို့ ပြောတဲ့ Nicholasရဲ့ ပုံစံက ဝမ်းနည်းပူဆွေးမှု မလျဥ်းမရှိဘူး။

Nicholas က Samနဲ့ ဝေးရမှာကို နည်းနည်းလေးမှ ဝမ်းနည်းခံစားရတာမျိုး မရှိဘူးလား။

"Nicက နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ကျွန်တော်ကရော''

"အွန်း အဲ့တာပဲ ကိုယ်ပြောမလို့ Baby က ကိုယ့်ကိုချစ်တယ် ဆိုတာတော့ ကိုယ်သိပါတယ် ဒါပေမယ့် LDRS ကို ကိုယ်အယုံအကြည်မရှိဘူး ကိုယ်မရှိတဲ့အချိန် ကိုယ့်ကို
စောင့်နိုင်မယ်လို့ ကိုယ်မထင်ဘူး အဲ့တာကြောင့်
ကိုယ်တို့တွေ ကောင်းသောလမ်းခွဲခြင်းနဲ့ပဲ လမ်းခွဲကြတာပေါ့''

"ဘယ်လို လမ်းခွဲမယ် ဟုတ်လား''

"ဟုတ်တယ်လေ တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာ မြင်လည်းမမြင်ရ ကြားလည်းမကြားရ ထိလည်းမထိရနဲ့ အဲ့ဒီ Relationshipက ဘာအဓိပ္ပါယ် ရှိဦးမှာလဲ''

ပြောရက်လိုက်တာ Nicရယ်လို့ Samရင်ထဲမှာ အကြိမ်ပေါင်းများစွာ မြည်ဟီးနေပေမယ့် ပါးစပ်ကနေ ထုတ်ပြီး Nicကို အပြစ်မတင်ရက်ခဲ့ဘူး။

Nicက အရင်တုန်းကတည်းက ဒီလိုလူပဲ၊ဒီလိုပုံစံပဲ ဆိုတာ သိရက်သားနဲ့ သူNicကို ချစ်ခဲ့မိတာ။

အရာအားလုံးက အစကတည်းက သူမှား​ေနခဲ့တာပဲလေ Nic​ ရဲ့အမှားမှ မဟုတ်တာ။

သူက မျှော်လင့်မိတာ သူက ချစ်ခဲ့မိတာ၊
သူကပဲ Nicရဲ့လက်ကို အဆုံးထိဆွဲထားချင်မိတာ၊
Nicက အဲ့လိုမှ မဟုတ်တာ။

"Baby လည်း ကိုယ်တွေးသလိုပဲ တွေတးယ်မဟုတ်လား တစ်ယောက်နဲ့တစ်ယောက်ဝေးနေပြီး အထိအတွေ့လည်း
မရှိ ဘာလုပ်မှာလဲကွာ အဲ့ဒီတော့ ကိုယ်တို့ အမုန်းတွေမရှိပဲ လမ်းခွဲလိုက်ကြတာ ပိုပြီး ကောင်းမှာပေါ့ Babyလည်း အဆင်ပြေမယ့်လူတစ်ယောက်ကို ရှာတွဲလို့ရတာပဲလေ''

သူပြောတော့ သိပ်လွယ်တယ် ကျွန်တော့်အတွက်က သူတစ်ယောက်ပဲ ရှိတာလေ။
သူ့လိုမျိုး ဟောတစ်ယောက် ဟောတစ်ယောက် တွဲနိုင်တဲ့သူမှ မဟုတ်ခဲ့တာ။

Sam အတွက်တော့ သူက တစ်ခုတည်းသောကမ္ဘာကြီးပဲ၊ ဒါပေမယ့် သူက Samရဲ့ စိတ်ကို နားမလည်ဘူး။

ဘောင်းဘီအိတ်ကပ်ထဲက ကိုယ်ဝန်ဆေးစစ်ချက်စာရွက်ကိုNicholasကို သူထုတ်မပြလိုက်တော့ဘူး။

အဲ့ဒီလိုပဲ သူ့ကိုထားပြီး ပျော်ပျော်ရွှင်ရွှင် ထွက်သွားချင်တဲ့ လူတစ်ယောက်ကို ထွက်မသွားပါနဲ့လို သူမတားဖြစ်ခဲ့ဘူး။

ဘာစကားဆက်ပြောရမလဲ မသိအောင် သူ့ရင်ထဲမှာ
စို့နင့်ပြီး ကြေကွဲနေပေမယ့် အပြင်မှာတော့ သူအပြစ်တင်စကားမပြောမိအောင်လို့ Samထိန်းချုပ်နိုင်ခဲ့တယ်။

"ဘာဖြစ်နေတာလဲ Babyရဲ့ ကိုယ့်ကို စိတ်ဆိုးနေတာလား ဟုတ်လား''

Nicholasရဲ့ အမေးကို Sam ခေါင်းသာ ခါပြလိုက်တယ်။

အခုအချိန်မှာ သူNicholas ကို ဘာပြောရမှန်း တကယ်ကို မသိတာပါ။

မသွားပါနဲ့လို့ တားမြစ်ချင်နေတဲ့ စကားလုံးတွေ သူ့နှုတ်ဖျားက မထွက်ဘူး။

ကိုယ်ချစ်တဲ့သူဘဝ ပိုပြီးသာယာဖို့ ပိုပြီးအဆင်ပြေဖို့ ကောင်းမွန်တဲ့လမ်းကို သွားတာဆိုရင် သူက ခလုတ်ကန်သင်းတစ်ခု မဖြစ်ချင်ဘူး။

Nicholas ကို Samငေးကြည့်နေတဲ့ အချိန်မှာပဲ Nicholas ရဲ့ ဖုန်းက မြည်လာခဲ့တယ်။

"Hello Daddy''

". ...''

"ဟုတ် ဟုတ်ကဲ့ Daddy အဲ့တာဆိုရင် ကျွန်တော်လာခဲ့ပါ့မယ်...."

Nicholas က ဖုန်းချပြီးနောက် Sam ကိုပြောတယ်။
"Baby ကိုယ့်ကို Daddyဖုန်းဆက်တယ် ခရီးသွားဖို့ ကိစ္စ လိုအပ်တာလေး သူပြောချင်တယ်ဆိုလို့ ကိုယ်Daddyဆီ သွားမှဖြစ်မယ် Babyလည်း ပြန်လိုက်တော့နော် ကိုယ့်ကိုကိုယ် ဂရုစိုက် ဟုတ်ပြီလား''

"ဟုတ်ကဲ့Nic ကောင်းကောင်းသွားပါ Nicပျော်ရွှင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်''

နောက်ဆုံးအကြိမ် အနေနဲ့ Nic က Sam ရဲ့ နဖူးကို ခပ်ဖွဖွအနမ်းပေးတယ်။

သူဘယ်လိုမှ မနေနိုင်ခဲ့ဘူး၊ Nicholas ကို တင်းတင်းကြပ်ကြပ်ကြီး သူဖက်ထားမိတယ်။

ဒါဟာ နောက်ဆုံးပွေ့ဖက်ခြင်းပဲ မဟုတ်လား။

အဲ့ဒီနေ့က သူနှပ်ထားတဲ့ Black coffeeကို Nicholas မသောက်သွားခဲ့ဘူး။

အဲ့ဒီနေ့က Nicholas မသွားခင် သူအနမ်းမခြွေခဲ့ဘူး။

အဲ့ဒီ့နေ့က Nicholas နဲ့သူ့မှာ ရင်သွေးလေးရှိနေတယ်ဆိုတဲ့ အကြောင်း Nicholas သိမသွားခဲ့ဘူး။

အဲ့ဒီနာကျင်မှုတွေအားလုံး သူတစ်ယောက်တည်း ကိုင်ဆုပ်ထားခဲ့တာ လေးနှစ်ကျော်ကြာခဲ့ပြီ။

အခုအချိန်ကျမှ ဒီကလေးက သူ့ကလေးပါလို့ အဖေနေရာယူချင်နေတဲ့ သူ့ကို သူဘယ်လိုတုံ့ပြန်သင့်တယ်လို့ ခင်ဗျားတို့ထင်လဲ။

Recommended song: Let me down slowly

A.N - သူများတွေ SE ဘယ်လိုရေးလဲမသိဟယ်၊ အိုင် Sam တို့လမ်းခွဲတဲ့အခန်းကို throwback ရေးတာတောင် မျက်ရည်တွေကျနေတာ 😭 ကိုလတ်ကတကယ်ရက်စက်တယ်။

Zawgyi below

Sam ဘဝမွာ ကံဆိုးျခင္းေတြ ဒုနဲ႕ေဒး ႀကဳံခဲ့ရတာ
မနည္းေပမယ့္ သူဘယ္တုန္းကမွ ကံၾကမၼာကို
အျပစ္မတင္ခဲ့ဘူး။

အရင္ဘဝက သူလုပ္ခဲ့တဲ့ အကုသိုလ္ေတြ ျပန္ခံရတာပဲလို႔ Sam က အရာအားလုံးကို အရွိအတိုင္း လက္ခံေပးဖို႔ အေကာင္းျမင္စိတ္ပဲ အၿမဲေမြးခဲ့တာ။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ကံၾကမၼာက သူ႕ကို အရမ္းရက္စက္တယ္လို႔ သူအျပစ္တင္ခ်င္မိတယ္။

သူေလးႏွစ္ေက်ာ္ေလာက္ ထိန္းသိမ္းခဲ့တဲ့
အမွန္တရားတစ္ခုက အခုလို အခ်ိန္တိုအတြင္းမွာပဲ
ေပၚသြားလိမ့္မယ္လို႔ Sam ဘယ္ထင္ခဲ့မွာလဲ။

အခ်စ္ဆိုတာကို နကန္းတစ္လုံးမွနားမလည္တဲ့ Sam
ဘဝထဲကို Nicholas က သူ႕သေဘာနဲ႕သူ ဝင္လာခဲ့တယ္။

Sam အႀကိမ္ႀကိမ္အခါခါ ျငင္းဆိုခဲ့ေပမယ့္ Nicholasက Sam ကို လြယ္လြယ္ကူကူေလးပဲ သိမ္းသြင္းသြားခဲ့တယ္။

Sam ဘဝမွာ တစ္ခါပဲခ်စ္ခဲ့ဖူးတဲ့ အခ်စ္က Nicholasဂတစ္ေယာက္ထဲပဲ။

အဲ့တာကို Nicholas က ေကာင္းေကာင္းသိလို႔ Samကို အရမ္းအနိုင္ယူခဲ့တယ္။
Sam နဲ႕ တြဲေနတဲ့ အခ်ိန္မွာပဲ တျခား omega မိန္းကေလး ေယာက်ာ္းေလးေတြနဲ႕ တြဲတာကို မရပ္ခဲ့ဘူး။

Samက အဲ့ဒီ အ​ေၾကာင္းေတြကိုသိလို႔
ေနာက္ဆုတ္ေတာ့မယ္ လက္လႊတ္ေတာ့မယ္လို႔
ေျပာလိုက္ေတာ့လည္း Nichola sက ေဒါသတႀကီးနဲ႕
မင္းထြက္မသြားရဘူးလို႔ တားျမစ္ပိတ္ပင္ခဲ့တယ္။

အခုခ်ိန္မွာ Babyေလး Nixon က Sam အတြက္ မ႐ုန္းထြက္နိုင္တဲ့ ႀကိဳးေလးတစ္မွ်င္ဆိုရင္ Nicholas က Sam အတြက္ မ႐ုန္းထြက္နိုင္တဲ့ ႏြံတစ္ခုျဖစ္ခဲ့တာ။

႐ုန္းေလနစ္ေလ အဲ့ဒီႏြံထဲမွာ Sam တစ္ေယာက္ နာက်င္ရက္နဲ႕ပဲ ေက်ေက်နပ္နပ္ နစ္ျမႇုပ္ခံခဲ့တယ္။

Nichoals ေၾကာင့္ မ်က္ရည္က်ခဲ့တဲ့အခ်ိန္ေတြ မနည္းမေနာ ရွိေပမယ့္ Nicholas က Baby လို႔ေခၚၿပီး
နည္းနည္းေလးမ်ား ၾကင္နာလိုက္ရင္ Sam က ဦးေႏွာက္မရွိတဲ့ လူတစ္ေယာက္လိုပဲ အ႐ူးအမူးေပ်ာ္႐ႊင္ခဲ့ဖူးတယ္။

အႏွစ္ႏွစ္ဆယ္ေက်ာ္ ထိန္းသိမ္းခဲ့တဲ့ လူပ်ိဳရည္ဘဝကိုလည္း Nicholas ေၾကာင့္ပဲ Samဆုံးရႈံးခဲ့ေပမယ့္လည္း Sam သူ႕ကို တစ္ခ်က္ကေလးေတာင္ မၿငိဳျငင္ခဲ့ဘူး။

သူ႕ကို ဘယ္ေလာက္ထိမ်ား နားလည္ေပးခဲ့သလဲဆိုရင္ Nicholas က နိုင္ငံျခားသြားေတာ့မွာမို႔ Sam ကို ထားခဲ့ခ်င္ပါတယ္ ေျပာတုန္းကလည္း သူ႕ရင္ထဲမွာ ဘယ္ေလာက္ပဲ နာက်င္ေနပါေစ Nicholas ကို လက္လႊတ္ေပးခဲ့တာပဲ။

အဲ့ဒီေန႕ကေပါ့.....

Throwback

လက္ထဲမွာ ေဆးစစ္ထားတဲ့ အေျဖစာ႐ြက္ေလးကို ကိုင္ၿပီး Sam ၾကည္ႏူးေနမိတယ္။

သူ႕မွာ ကေလးေလးရွိေနတယ္ဆိုတာ Nicholas သိခဲ့ရင္ ဘယ္လိုတုန့္ျပန္မွာပါလိမ့္။ Nicholasက ဒီကေလးေလးကို Sam ခ်စ္သလိုေကာ ခ်စ္မွာလား။

Samကေတာ့ အခုလိုမ်ိဳး သူတို႔ႏွစ္ေယာက္ရဲ႕ ရင္ေသြးေလးရွိေနၿပီ ဆိုတာကို သိလိုက္တဲ့အခ်ိန္မွာ ဟန္မေဆာင္နိုင္ေအာင္ ေပ်ာ္႐ႊင္သြားမိတာ အမွန္ပဲ။

ကေလးေလးကိစၥ Nicholas ကို ေျပာျပဖို႔ Sam ဖုန္းလွမ္းဆက္လိုက္ေတာ့ Nicholas ကလည္း သူ႕ကို ေျပာစရာရွိတယ္လို႔ ေျပာတယ္။

ဘာမ်ား ေျပာမွာပါလိမ့္လို႔ Sam သိခ်င္မိသလို Babyေလး အေၾကာင္း ေျပာဖို႔ကိုလည္း Sam ရင္ခုန္စိတ္လႈပ္ရွားေနမိတယ္။

ေကာင္းေသာတုံ႕ျပန္ျခင္းနဲ႕ပဲ Nicholasတုံ႕ျပန္လာပါေစလို႔လည္း Samတိုးတိုးတိတ္တိတ္ ေမွ်ာ္လင့္မိပါရဲ႕။

တစ္ကယ္လို႔မ်ား Babyေလးကို ၿငိဳျငင္တဲ့ စကားမ်ိဳး Nicholas ေျပာလာမယ္ဆိုရင္ Samခံနိုင္ရည္ရွိပါ့မလား။

Nicholas က Baby ေလးကို အလိုမရွိဘူးလို႔ ေျပာလာခဲ့ရင္ေတာ့ Sam ရင္က်ိဳးရမယ္ထင္ပါရဲ႕။

အဲ့ဒီလိုမျဖစ္ပါေလာက္ပါဘူးေလ၊ Nicholasက ဆိုးတယ္ေပြတယ္ဆိုေပမယ့္ စိတ္ရင္းေလးေတာ့ေကာင္းရွာပါတယ္။

သူ႕ကိုလည္း တျခားတြဲေနတဲ့သူေတြထက္စာရင္ ပိုၿပီး သံေယာဇဥ္ရွိတယ္ မဟုတ္လား။

Nicholas က Babyေလးကို လက္ခံပါေစလို႔ Sam ဆုေတာင္းရေတာ့မွာပါပဲ။

Nicholas နဲ႕ခ်ိန္းထားတာမို႔ သူတို႔ႏွစ္ေယာက္ဆုံေနၾက Nicholas ပိုင္တဲ့ တိုက္ခန္း တစ္ခုမွာ Samထိုင္ေစာင့္ေနခဲ့တယ္။

Nicholas တို႔ ညီအစ္ကိုေတြက သူတို႔ပိုင္တဲ့ တိုက္ခန္းေတြအမ်ားႀကီးရွိၾကတာ မထူးဆန္းပါဘူး။

Nicholas တစ္ေယာက္တည္းပိုင္တဲ့ တိုက္ခန္းေတာင္ ေလး ငါးခုေလာက္ရွိၿပီး ဒီတစ္ခုကေတာ့  Nicholas နဲ႕ Samတို႔ ေတြ႕ေနက် အခ်စ္ဗိမာၻနခဘုံေလးလို႔လည္း
ေျပာလို႔ရတယ္။

ဒီအခန္းေသာ့က Nicholas မွာေရာ Sam မွာေရာ ႏွစ္ေယာက္လုံးမွာရွိတာမို႔ Nicholas မေရာက္ေသးေပမယ့္ Sam အခန္းထဲမွာ ႀကိဳတင္ၿပီးေတာ့  ေစာင့္ေနလိုက္တယ္။

Nicholas လာရင္ ေသာက္ရေအာင္လို႔ ​သူႀကိဳက္တတ္တဲ့ Black coffeeေလးကိုလည္း ႀကိဳၿပီးႏွပ္ထားဖို႔ Samမေမ့ခဲ့ဘူး။

သူေစာင့္ၿပီး ေလးဆယ့္ငါးမိနစ္ေလာက္အၾကာမွာ Nicholasကေရာက္လာခဲ့တယ္။

Nicholas မ်က္ႏွာက ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕မို႔ သူေပ်ာ္ေနတယ္လို႔ Samခန့္မွန္းရတာပါပဲ။

"ေရာက္ေနတာၾကာၿပီလားBaby''

"မၾကာေသးပါဘူး Nic ေသာက္ဖို႔အတြက္ ေရာ့ Black coffee ႏွပ္ထားတယ္''

"Babyက လိမ္မာလိုက္တာကြာ အဲ့ဒီလို လိမ္မာတဲ့ Babyမရွိပဲ ကိုယ္ဘယ္လိုေနရပါ့မလဲ''

Nicholas စကားက Samအတြက္ ေပ်ာ္စရာေကာင္းတဲ့ စကားတစ္ခုေတာ့ ျဖစ္မေနခဲ့ဘူး။

သူက Nicholasေဘးမွာ ရွိေနတာပဲ မဟုတ္ဘူးလား။

မရွိေတာ့ရင္ဆိုတာ ဘာအဓိပၸါယ္နဲ႕ ေျပာလိုက္တာလဲ။

သိခ်င္လိုစိတ္ေတြနဲ႕ Sam တစ္ေယာက္ Nicholasမ်က္ႏွာကို ေငးၾကည့္ေနမိတယ္။

Nicholasက Samေဘးနားကို လာထိုင္ၿပီး Samကို ေထြးေပြ႕တယ္။

"ကိုယ့္ကိုမဖက္ေတာ့ဘူးလား Baby''

သူ႕ကို ေပြ႕ဖက္ၿပီး ေမးလာသူကို Sam လည္း အားမပါတဲ့ ေပြ႕ဖက္မႈေတြနဲ႕ ျပန္လည္ ဖက္တြယ္ထားတယ္။

သူေၾကာက္ေနတာ တစ္ခုခုမျဖစ္ပါေစနဲ႕လို႔လည္း Samရင္ထဲမွာ ဆုေတာင္းျခင္းေတြ အျပည့္ပဲ။

"Baby ကိုယ့္ကိုေျပာစရာရွိတယ္ဆို ဘာေျပာမလို႔လဲ''

"Nicပဲ အရင္ေျပာပါ၊ Nicလည္း ေျပာစရာရွိတယ္ဆို''

"အာ ဟုတ္တယ္ ကိုယ္အရင္ေျပာရမလား ဒါဆို ကိုယ္ပဲ ေျပာလိုက္မယ္ေနာ္ ကိုယ္နိုင္ငံျခားမွာ ေက်ာင္းသြားတက္ရမယ္''

"ဘယ္ ဘယ္ေတာ့လဲ''

ေထ့ေထ့ေငါ့ေငါ့နဲ႕ Samျပန္ေမးလိုက္မိတယ္။

"သိပ္မၾကာခင္ေပါ့''

ခ်စ္သူနဲ႕ ေဝးတဲ့ေနရာမွာ ေက်ာင္းသြားတက္မယ္လို႔ ေျပာတဲ့ Nicholasရဲ႕ ပုံစံက ဝမ္းနည္းပူေဆြးမႈ မလ်ဥ္းမရွိဘူး။

Nicholas က Samနဲ႕ ေဝးရမွာကို နည္းနည္းေလးမွ ဝမ္းနည္းခံစားရတာမ်ိဳး မရွိဘူးလား။

"Nicက နိုင္ငံျခားမွာ ေက်ာင္းသြားတက္မယ္ဆိုရင္ ကြၽန္ေတာ္ကေရာ''

"အြန္း အဲ့တာပဲ ကိုယ္ေျပာမလို႔ Baby က ကိုယ့္ကိုခ်စ္တယ္ ဆိုတာေတာ့ ကိုယ္သိပါတယ္ ဒါေပမယ့္ LDRS ကို ကိုယ္အယုံအၾကည္မရွိဘူး ကိုယ္မရွိတဲ့အခ်ိန္ ကိုယ့္ကို
ေစာင့္နိုင္မယ္လို႔ ကိုယ္မထင္ဘူး အဲ့တာေၾကာင့္
ကိုယ္တို႔ေတြ ေကာင္းေသာလမ္းခြဲျခင္းနဲ႕ပဲ လမ္းခြဲၾကတာေပါ့''

"ဘယ္လို လမ္းခြဲမယ္ ဟုတ္လား''

"ဟုတ္တယ္ေလ တစ္ေယာက္နဲ႕တစ္ေယာက္ အေဝးႀကီးမွာ ျမင္လည္းမျမင္ရ ၾကားလည္းမၾကားရ ထိလည္းမထိရနဲ႕ အဲ့ဒီ Relationshipက ဘာအဓိပၸါယ္ ရွိဦးမွာလဲ''

ေျပာရက္လိုက္တာ Nicရယ္လို႔ Samရင္ထဲမွာ အႀကိမ္ေပါင္းမ်ားစြာ ျမည္ဟီးေနေပမယ့္ ပါးစပ္ကေန ထုတ္ၿပီး Nicကို အျပစ္မတင္ရက္ခဲ့ဘူး။

Nicက အရင္တုန္းကတည္းက ဒီလိုလူပဲ၊ဒီလိုပုံစံပဲ ဆိုတာ သိရက္သားနဲ႕ သူNicကို ခ်စ္ခဲ့မိတာ။

အရာအားလုံးက အစကတည္းက သူမွား​ေနခဲ့တာပဲေလ Nic​ ရဲ႕အမွားမွ မဟုတ္တာ။

သူက ေမွ်ာ္လင့္မိတာ သူက ခ်စ္ခဲ့မိတာ၊
သူကပဲ Nicရဲ႕လက္ကို အဆုံးထိဆြဲထားခ်င္မိတာ၊
Nicက အဲ့လိုမွ မဟုတ္တာ။

"Baby လည္း ကိုယ္ေတြးသလိုပဲ ေတြတးယ္မဟုတ္လား တစ္ေယာက္နဲ႕တစ္ေယာက္ေဝးေနၿပီး အထိအေတြ႕လည္း
မရွိ ဘာလုပ္မွာလဲကြာ အဲ့ဒီေတာ့ ကိုယ္တို႔ အမုန္းေတြမရွိပဲ လမ္းခြဲလိုက္ၾကတာ ပိုၿပီး ေကာင္းမွာေပါ့ Babyလည္း အဆင္ေျပမယ့္လူတစ္ေယာက္ကို ရွာတြဲလို႔ရတာပဲေလ''

သူေျပာေတာ့ သိပ္လြယ္တယ္ ကြၽန္ေတာ့္အတြက္က သူတစ္ေယာက္ပဲ ရွိတာေလ။
သူ႕လိုမ်ိဳး ေဟာတစ္ေယာက္ ေဟာတစ္ေယာက္ တြဲနိုင္တဲ့သူမွ မဟုတ္ခဲ့တာ။

Sam အတြက္ေတာ့ သူက တစ္ခုတည္းေသာကမာၻႀကီးပဲ၊ ဒါေပမယ့္ သူက Samရဲ႕ စိတ္ကို နားမလည္ဘူး။

ေဘာင္းဘီအိတ္ကပ္ထဲက ကိုယ္ဝန္ေဆးစစ္ခ်က္စာ႐ြက္ကိုNicholasကို သူထုတ္မျပလိုက္ေတာ့ဘူး။

အဲ့ဒီလိုပဲ သူ႕ကိုထားၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ထြက္သြားခ်င္တဲ့ လူတစ္ေယာက္ကို ထြက္မသြားပါနဲ႕လို သူမတားျဖစ္ခဲ့ဘူး။

ဘာစကားဆက္ေျပာရမလဲ မသိေအာင္ သူ႕ရင္ထဲမွာ
စို႔နင့္ၿပီး ေၾကကြဲေနေပမယ့္ အျပင္မွာေတာ့ သူအျပစ္တင္စကားမေျပာမိေအာင္လို႔ Samထိန္းခ်ဳပ္နိုင္ခဲ့တယ္။

"ဘာျဖစ္ေနတာလဲ Babyရဲ႕ ကိုယ့္ကို စိတ္ဆိုးေနတာလား ဟုတ္လား''

Nicholasရဲ႕ အေမးကို Sam ေခါင္းသာ ခါျပလိုက္တယ္။

အခုအခ်ိန္မွာ သူNicholas ကို ဘာေျပာရမွန္း တကယ္ကို မသိတာပါ။

မသြားပါနဲ႕လို႔ တားျမစ္ခ်င္ေနတဲ့ စကားလုံးေတြ သူ႕ႏႈတ္ဖ်ားက မထြက္ဘူး။

ကိုယ္ခ်စ္တဲ့သူဘဝ ပိုၿပီးသာယာဖို႔ ပိုၿပီးအဆင္ေျပဖို႔ ေကာင္းမြန္တဲ့လမ္းကို သြားတာဆိုရင္ သူက ခလုတ္ကန္သင္းတစ္ခု မျဖစ္ခ်င္ဘူး။

Nicholas ကို Samေငးၾကည့္ေနတဲ့ အခ်ိန္မွာပဲ Nicholas ရဲ႕ ဖုန္းက ျမည္လာခဲ့တယ္။

"Hello Daddy''

". ...''

"ဟုတ္ ဟုတ္ကဲ့ Daddy အဲ့တာဆိုရင္ ကြၽန္ေတာ္လာခဲ့ပါ့မယ္...."

Nicholas က ဖုန္းခ်ၿပီးေနာက္ Sam ကိုေျပာတယ္။
"Baby ကိုယ့္ကို Daddyဖုန္းဆက္တယ္ ခရီးသြားဖို႔ ကိစၥ လိုအပ္တာေလး သူေျပာခ်င္တယ္ဆိုလို႔ ကိုယ္Daddyဆီ သြားမွျဖစ္မယ္ Babyလည္း ျပန္လိုက္ေတာ့ေနာ္ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ ဟုတ္ၿပီလား''

"ဟုတ္ကဲ့Nic ေကာင္းေကာင္းသြားပါ Nicေပ်ာ္႐ႊင္ပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းေပးလိုက္ပါတယ္''

ေနာက္ဆုံးအႀကိမ္ အေနနဲ႕ Nic က Sam ရဲ႕ နဖူးကို ခပ္ဖြဖြအနမ္းေပးတယ္။

သူဘယ္လိုမွ မေနနိုင္ခဲ့ဘူး၊ Nicholas ကို တင္းတင္းၾကပ္ၾကပ္ႀကီး သူဖက္ထားမိတယ္။

ဒါဟာ ေနာက္ဆုံးေပြ႕ဖက္ျခင္းပဲ မဟုတ္လား။

အဲ့ဒီေန႕က သူႏွပ္ထားတဲ့ Black coffeeကို Nicholas မေသာက္သြားခဲ့ဘူး။

အဲ့ဒီေန႕က Nicholas မသြားခင္ သူအနမ္းမေႁခြခဲ့ဘူး။

အဲ့ဒီ့ေန႕က Nicholas နဲ႕သူ႕မွာ ရင္ေသြးေလးရွိေနတယ္ဆိုတဲ့ အေၾကာင္း Nicholas သိမသြားခဲ့ဘူး။

အဲ့ဒီနာက်င္မႈေတြအားလုံး သူတစ္ေယာက္တည္း ကိုင္ဆုပ္ထားခဲ့တာ ေလးႏွစ္ေက်ာ္ၾကာခဲ့ၿပီ။

အခုအခ်ိန္က်မွ ဒီကေလးက သူ႕ကေလးပါလို႔ အေဖေနရာယူခ်င္ေနတဲ့ သူ႕ကို သူဘယ္လိုတုံ႕ျပန္သင့္တယ္လို႔ ခင္ဗ်ားတို႔ထင္လဲ။

Recommended song: Let me down slowly

A.N - သူမ်ားေတြ SE ဘယ္လိုေရးလဲမသိဟယ္၊ အိုင္ Sam တို႔လမ္းခြဲတဲ့အခန္းကို throwback ေရးတာေတာင္ မ်က္ရည္ေတြက်ေနတာ 😭 ကိုလတ္ကတကယ္ရက္စက္တယ္။





Continue lendo

Você também vai gostar

2.8M 393K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
98.7K 16.3K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
573K 56.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
224K 22.5K 44
Book-1 က Sueရဲ့ Accထဲမှာပဲ ရှိပါတယ် အဲ့မှာ Limitပြည့်သွားလို့ ခွဲတင်ပေးတာပါ💕 Do not Repost my Translation.🚫 All Crd To original Author & Artist.💯