Clouds (Complete)

By ANKhine

70K 5.1K 214

ပြောင်းလဲမှုများနေတဲ့ လောကကြီးထဲမှာ ကိုယ့်အတွ​က်မပြောင်းလဲတဲ့ အရာတစ်ခုလိုချင်တယ် Kim Soek Jin ကလေး မင်းအတွက်ဆ... More

1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31 (End)

2

3.1K 248 6
By ANKhine

JK တစ်ယောက် ထိုင်ကြည့်နေခဲ့ရာ ထိုလူသားလေးမှာ လမ်းလျောက်ခြင်းမပြုတော့ပဲ ထိုင်သွားခဲ့သည်
သူကြည့်နေသည့်မြင်ကွင်းထဲမှာပင် ထိုကောင်လေးရှိနေခဲ့သည် မျက်နှာအားမြင်ချင်သော်လည်း ကျောပေးလျက် အနေအထားအပြင် မိုးကာဝတ်ထားသောကြောင့် မြင်တွေ့ရန် ခက်ခဲနေသည်
မိုးကာလွတ်နေသော အောက်ပိုင်းတို့သည်ကား ဖြူစွတ်ချင်းတို့ ကြီးစိုးလျက်

Jk ထိုင့ကြည့်နေကာမှ တစ်ချက် အိပ်ငိုက်သွားခဲ့ရာ နိုးလာချိန်တွင် မိုးပင်နည်း၍ တိတ်တော့မည့်အသွင်
နာရီကြည့်တော့ 8:30

*ဟိုတစ်ယောက်ပြန်သွားပြီလား ထိုင်နေတဲ့နေရာမှာမတွေ့ပါလား *

ကားထဲမှနေ၍ ဟိုကြည့်ဒီကြည့်ရှာနေမိတော့ တွေ့ပါပြီ ယိုင်တိုင်တိုင်နဲ့ကောင်လေး

*အခုမှ ပြန်တာလား တော်တော်ကြာနေပြီကို လမ်းလျောက်နေတဲ့ပုံက အားရချင်စရာမရှိဘူး
အဆင်မှပြေရဲ့လား
ဟာ ငါဘာတွေ စဥ်းစားပေးနေတာလဲ သိလည်ူ မသိ မြင်တောင်မမြင်ရတဲ့သူကို *

Jk တစ်ယောက် ခေါင်းကုတ်ရင်း ကားပေါ်၌ ဆက်ထိုင်နေမိသည်

Euphoria ~~

Ringtone တောင် အစပျိုးတုန်းရှိသေးသည့်ဖုန်းကို ကိုင်လိုက်ကာ

JK -Hello အဖေ

-------

Jk -ပြန်လာပြီ စိတ်ချပါ ဘယ်မှမသွားဘူး

------

Jk-ကျွန်တော်သိပါတယ်အဖေ အရမ်းကြီး မတင်းကျပ်ပါနဲ့လား အဖေ့အလုပ်တွေကို လက်ခံပေးမှာပါ

--------

Jk- ဒါပဲ အဖေ

ဟင်းးးးးးးးးး
Jk တစ်ယောက် သက်ပြင်း အရှည်ကြီး ချလိုက်သည်
လွတ်လပ်မှု ဆုံးရှုံးရသလိုဖြစ်ပေမယ့် အဖေ့ကိုလည်း အပြစ်မြင်လိုမရ အဖေ့အလုပ်တွေကို လုပ​ပေးမယ့်သူက ကိုယ်တစ်ယောက်ပဲရှိသည်မဟုတ်လား မတတ်နိုင်တော့ပေ မလုပ်ချင်လည်း လုပ်ရမှာပဲ
အမေမရှိတော့ကတည်းက ကိုလိုချင်သမျှကို လိုက်လျောပြီး ထားပေးတဲ့ အဖေဆိုတော့လည်း အတိုက်အခံလုပ်ပြီး မငြင်းချင်တော့
ကိုယ်သဘောကျတဲ့ ပန်းချီဆွဲခြင်းကိုတော့ တတ်နိုင်သလောက် ခွလုပ်မည်ဟုပဲ စိတ်ဆုံးဖြတ်လိုက်သည်။

* တွေးနေလိုက်တာ ဟိုတစ်ယောက်လည်း ဘယ်ရောက်သွားပါလိမ့် ထားလိုက်ပါ ငါ့ဘာသာ ပြန်စရာရှိတာ ပြန်တော့မယ် *

Jin ကို မတွေ့တော့တဲ့ အဆုံး ပြန်ဖို့သာ JK ဆုံးဖြတ်လိုက်သည်။

JK ဖြေးညင်းစွာပဲ မောင်းလာခဲ့သည်။
မိုးရွာထားသည့်အ​​ပြင် ပိတ်ရက်​​လည်း ဖြစ်နေသောကြောင့် လမ်းမက ရှင်းနေတုန်းဖြစ်သည်။
ဘေးဘီကို လျောက်ကြည့်ရင်း မောင်းနေခဲ့တာ တစ်နေရာအရောက် ဟိုလူရဲ့ကျောပြင်လေးကို မြင်လိုက်ရသည်
ဘာမှမဆိုင်သော်လည်း ပျောက်ဆုံးနေသောအရာလေးတွေ့ရသလို စိတ်ထဲ ကျိတ်​ပျော်နေမိသည် အကြောင်းအရင်းကို JK လည်း ကိုယ့တိုင်မသိ။
ကြည့်နေတဲ့ မြင်ကွင်းထဲမှာပဲ ထိုလူရပ်တန့်သွားသည် ပြီးတော့ ယိုင်နဲ့တဲ့ခြေလှမ်းနှင့်အတူ လဲကျသွားသည်
Jk တစ်ယောက် ကားကို ဘေးတွင်ရပ်ကာ ထိုလူဆီ အပြေးဆင်းသွားမိသည်။

JK - ဟေ့လူ ဟေ့ သတိထားဦးလေ ကြားရလား ကျနော်ပြောနေတာ ဟေ့

လဲကျသွားသော ထိုလူဆီရောက်ရောက်ခြင်း ခေါ်ကြည့်တော့ မရ ဘာဖြစ်သွားတာလဲ ဆိုတဲ့စိတ်နဲ့အတူ မျက်နှာလေးကို ကြည့်မိတော့
အလို ကြည့်ကောာင်းလိုက်လေခြင်း ယောကျာ်းလေးမှ ဟုတ်ရဲ့လားလို့တောင်ထင်မိတယ်
အေးစက်နေတဲ့ မျက်နှာပြင်က တုန်ရီနေတဲ့အပြင် နှုတ်ခမ်းသားဖူးဖူးလေးတို့ကလည်း သွေးရောင် ပျောက်ချင်နေပြီ
ထိုအခြေအနေမှာတောင် ကြည့်ကောင်းနေတဲ့ ထိုလူသား ပုံမှန်ဆိုရင် အသက်ရှုမှားလောက်အောက် လှနေမည် ဖြစ်သည်
Jk ခေါ်နေသော်လည်း မရသောကြောင့် ထိုလူအားပွေ့ချီလာပြီး ကားပေါ်တင်လိုက်ပြီးသည်နှင့် ဆေးရုံကိုသာ အပြေး မောင်းနှင်ခဲ့တော့သည်။

JK မောင်းနေရင်းနှင့် သတိမေ့နေသော ထိုလူသားအား လှည့်လှညိ့ ကြည့်ရသေးတယ် အဆင်ပြေပါစေဟု ဆုတောင်းပေးရင်းနဲ့ပေါ့

JK 'Pov

* ဒီလောက်အကြာကြီးနေမှတော့ ဖြစ်ပြီပေါ့
ထင်တယ် ထင်တယ် တစ်ခုခုဖြစ်မှာဆိုးလို့ ကြည့်နေတာ တကယ်ဖြစ်ပြီ ဆိုးဆိုးရွားရွားမဖြစ်ဖို့ပဲ အရေးကြီးတယ် ဘာတွေများဖြစ်လို့ ဒီလောက်အကြာကြီး နေခဲ့တာပါလိမ့်*

Jk တွေးရင်းနဲ့ပဲ ဆေးရုံသို့ မောင်းခဲ့လိုက်သည်။

..................

Jin ထိုင်နေရာမှ ပြန်ရန် ထလာခဲ့သည် ခြေလှမ်းတို့သည် အားမရှိတော့ပေမယ့် အားတင်းရင်းသာ လျောက်ခဲ့သည်
အတွေးတွေ ပျံမနေခဲ့ရင် သူ့အချိန်နှင့်သူ ပြန်ဖြစ်ဦးမည် အခုတော့ တော်တော် ပင်ပန်းတဲ့ ဒဏ်ကို ခံနေရသည်
မိုးကာအတွင်းတွင်ရှိသော အိပ်ကပ်အားနှိုက်လိုက်တော့ အိမ်မှထည့်လာတဲ့ဖုန်းလေး (မိုးကာက အရမ်းကောင်းတော့ ဖုန်းလည်းရေမစိုဘူး)
အိမ်ပြန်ရန် အကူအညီတောင်းဖို့ ဖုန်းဖွင့်ပြီး contact ကို နှိပ်ရန်ပြင်သည်
သူငယ်ချင်းဖြစ်သူ Min Yoongi ဆီ ခေါ်ရန် စဥ်းစားမိပြီးကာမှ အပြောအဆိုခံရမည်ကို တွေးပြီး ပြန်ပိတ်လိုက်သည်
အခုလို မိုးရွာတာကို လာတာသိရင် အပြောခံရမည်မှာ မသက်သာ နားအပူခံရမှာကိုမကြိုက်သဖြင့် (အထူးသဖြင့် သူ့ကို စိတ်ပူနေမှာကို) မဆက်တော့ပေ
အားတင်းပြီးလျောက်နေပေမယ့် ထင်သလောက် မဖြစ်မြောက်တော့ပေ

Jin Pov
* အချိန်ကျော်နေပြီ ပင်ပန်းလိုက်တာ ဆေးသောက်ဖို့လည်း မယူလာဖြစ်လိုက်ဘူး yoongi ဆီ ဆက်ရမလား ဟုတ်တယ် ငါမရတော့ဘူး *

Jin တွင် မွေးရာပါ မဟုတ်ပေမယ့် စိတ်ဖိစီးမှုတွေ များလာရာမှ နှလုံးအားနည်းခြင်းကအစပြုနေပြီဖြသ်၍ ဆေးသောက်နေရခြင်းဖြစ်သည်
လေ့ကျင့်ခန်းများအား အလွန်အကျူးမလုပ်ရန်လည်း ဆရာဝန်မှ မှာကြားထားသည်
ထိုအကြောင်းကိုသိသော yoongi မှ ဒီနေ့ကိစ္စသိလျင် ပြောတော့မည်ကို သိနေသောကြောင့် ခေါ်ရန် နောက်ဆုတ်နေခြင်းဖြစ်သည်
သို့သော်လည်း အခုတော့ မဟန်တော့သဖြင့် ဖုန်းထုတ်ဖို့ လက်လှမ်းနေတုန်း အမှောင်အတိကျသွားလေသည်။

.................

At hospital

Doctor - ဒီကလူနာရှင်လား လူနာက နှလုံးအားနည်း​တယ်ဆိုတာမသိဘူးလား အဲ့တာကို ဒီလောက်အအေးခံလာတာလား ဒီထက်တာ ကြာကြာအအေးခံရင်တော့ အဆင်မပြေဘူး နောက်ဆို မဖြစ်စေနဲ့

JK - လူနာရှင်မဟုတ်ဘူးခင်ဗျ ကျနော်က လမ်းမှာတွေ့လို့ ခေါ်လာပေးတါပါ

Doctor - aww ဟုတ်ကဲ့ ဆေးသွင်းထားတယ်ဆိုတော့ ဆေးကုန်ရင်တော့ သတိရလာမှာပါ

JK - ဟုတ်ကဲ့

Doctor - ဒါဆို လူနာရှင်ကို ဆက်သွယ်ဖို့က ...

JK - ရတယ် ကျနော်ပဲ ရှာလိုက်ပါ့မယ့် Doctor

Doctor - ဒါဆို ခွင့်ပြုပါဦး

Jk လည်း doctor ထွက်သွားမှ Jin အနားသွားကာ

Jk - လူကဖြင့် နေမကောင်းပဲနဲ့ ဘာလို့ ဒီလောက်လုပ်ရတာလဲကွာ

Jin အားကြည့်ရင်း ပြောနေခဲ့သည် ထို့နောက် Jin မိုးကာလေးအား ကြည့်ရာ အထဲမှ ဖုန်းတွေ့၍ဖွင့်လိုက်ရာ

* Yoongi ဆိုပါလား missed call တွေ အများကြီးပဲ *

Jk လည်းဖုန်းကိုကြည့်နေတုန်း Yoongi ဆိုသောလူမှ ထပ်ခေါ်လာသည် JK လည်း ကိုင်လိုက်ရာ

Yoongi - Jin ဘာလို့မကိုင်တာလဲ ခေါ်နေခဲ့တာလေ အကြာကြီးပဲ ဘာဖြစ်လို့လဲ အခုမှနိုးတာလား

မေးခွန်းတွေ ဆက်တိုက်ကို ကြားလိုက်ရတဲ့ JK မှာ ဖြေဖို့တောင် အခွင့်အရေး မရလိုက် စိတ်မရှည်တော့သဖြင့်

Jk - ဒီမှာ ခဏနေပါဦး

Yoongi - ဟင် Jin မဟုတ်ဘူးလား အခုကဘယ်သူလဲ

Jk - ကျနော်က JK လို့ခေါ်ပါတယ် ဒီဖုန်းပိုင်ရှင်ကို လမ်းမှာလဲနေတာတွေ့လို့ ဆေးရုံကို ပို့ပေးတါပါ

Yoongi - အခုက ဘယ်ဆေးရုံလဲ

JK -****** မှာပါ ကျနော်စောင့်နေပေးပါ့မယ်

Yoongi - ကျေးဇူးပါ

Continue Reading

You'll Also Like

793K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
1M 33.5K 79
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
114K 8.9K 31
ချစ်စရာကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်........။
223K 15.2K 34
ငါ မင်းကို မုန်းတယ်...မင်း ငါ့အချစ်တွေကိုကစားခဲ့ တာ...ငါ့ရဲ့အချစ်တွေ မင်းကိုပေးဖို့တောင်မထိုက်တန် ဘူး..... ...