Clouds (Complete)

Від ANKhine

68.8K 5.1K 214

ပြောင်းလဲမှုများနေတဲ့ လောကကြီးထဲမှာ ကိုယ့်အတွ​က်မပြောင်းလဲတဲ့ အရာတစ်ခုလိုချင်တယ် Kim Soek Jin ကလေး မင်းအတွက်ဆ... Більше

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31 (End)

1

8.3K 290 11
Від ANKhine

အုံ့မှိုင်းမှိုင်းကောင်းကင်က ပြိုကျတော့မယ့်တိမ်စိုင်များကို လက်ယက်ခေါ်နေသလိုပင်။ တိုက်ခတ်လာသော လေပြေတို့သည်လည်း မိုးနံ့ကို ခံစားရရှိစေသည်။ မိုးဦးကာလသို့ စတင်ဝင်ရောက်လာပြီဖြစ်သဖြင့်မနက်ခင်း စောစော၌ မိုးနံ့လေးများသင်းပျံနေလျင် အိပ်ရာထက်၌ မထပဲ ကွေးနေချင်သည်မှာ ပုံမှန်ပဲဖြစ်သည်။
သို့သော် ထိုမနက်ခင်းမျိုးတွင် တခြားသူများနှင့် ဆန့်ကျင်လျက်ရှိသော အတွေးနှင့်ကောင်လေးတစ်ဦး

တီ တီ တီ
Alarm မြည်လာသည်နှင့် လက်က နာရီပေါ်သိ​ု့ ရောက်နှင့်ပြီးသား အချိန်အားဖြင့် မနက် 4:45

မှိတ်ထားသောမျက်လုံးအစုံတို့ကို ဖွင့်၍ အခန်းတံခါးမှန်ကို ကျော်ကြည့်လိုက်သောအခါ သူလိုချင်တဲ့ ရာသီဥတု အခြေအနေက ကြိုဆိုလျက်သား

မနေ့ညက မိုး​လေဝသရဲ့ရာသီဥတု ကြိုတင်ခန့်မှန်းချက်အရ ဒီနေ့မှစပြီး တစ်ပတ်လောက်က မိုးရွာသွန်းနိုင်ခြေများတယ်လို့ ကြော်ငြာထားပြီးသားဖြစ်သည်

Alarm အားပိတ်ပြီးသည်နှင့် မျက်နှာသစ်ရန် အခန်းထဲသို့ ထွက်ခဲ့လိုက်သည်
ထို့နောက် အားကစားဝတ်စုံ ဝတ်ဆင်ပြီးနောက် RJ ကုမ္ပဏီ၏ အသစ်ကြေငြာမယ့် Product ဖြစ်တဲ့ မိုးကာအတိုအားဝတ်ဆင်ပြီး အခန်းမှ ထွက်ခဲ့သည်

ထိုလူကား RJ Fashion Company ၏ ဥက္ကဋ္ဌ
Kim Seok Jin

အိမ်တွင် သူတစ်ယောက်ထဲနေထိုင်ရာဖြစ်ပြီး အိမ်သန့်ရှင်းရေးအတွက် အဒေါ်ကြီးမှာ တစ်ပတ်တစ်ရက်မှသာလျင် လာရောက်လေ့ရှိသည်

မိုးကာဝတ်ဆင်ပြီး အိမ်မှထွက်လာသည်နှင့် မိုးသည် အတော်အတန်ပင် စရွာလာခဲ့သည်။ ပုံမှန်ဆိုလျင် မနက်ခင်း အားကစားလုပ်သူများနှင့် ပြည့်နေမည် ဖြစ်သော လမ်းတစ်လျောက်တွင်လည်း မိုးရွာနေသောကြောင့် လူပင်မရှိ သူတစ်ယောက်ထဲသာ
အိမ်မှစ၍ ပြေးနေကျအတိုင်း ပြေးလာခဲ့ရာ ဟန်မြစ်ဘေးသို့ပင်ရောက်ခဲ့လေပြီ မိုးသာမရွာခဲ့လျင် ပြေးနေကျဖြစ်သော သူ့အဖို့ ပင်ပန်းမည်မဟုတ်သော်လည်း မိုးက သည်းထန်စွာရွာလာပြီဖြစ်သောကြောင့် အတော်ပင် ပင်ပန်းနေပြီဖြစ်သည်။
သို့သော်လည်း မတတ်နိုင် မိမိ၏အကျင့်အရ ကိုယ့် product ကို public သို့မထုတ်ဝေခင် ကြော်ငြာချက်တွေအတိုင်း ဖြစ်မဖြစ်ကို ကိုယ့တိုင်စမ်းသပ်ချင်သေးသည်။ ချုပ်လုပ်ရေးပိုင်းမှ စိတ်ချရသည်ဟု အာမခံထားသော်လည်း ကိုယ်တိုင်မှ မစစ်ဆေးရလျင် စိတ်တိုင်းမကျ။ ထိုသို့သော စစ်ဆေးချက်များကြောင့်လည်း RJ product များသည် ပြစ်ချက်မရှိ ထုတ်လုပ်မှုတိုင်း အောင်မြင်နေသည်။ထို့ကြောင့်လည်း မိုးရွာနေသောနေ့အား မပျက်မကွက် မိုးကာဝတ်၍ပြေးနေခြင်းဖြစ်သည်။

မိုးကာဝတ်ထားသော အပေါ်ပိုင်းသည် အတွင်းပိုင်းသို့ ရေမဆိုသော်လည်း အောက်ပိုင်းတွင်တော့ ရွဲရွဲစိုနေသည်။ မိုးသာမက လေပါတိုက်သောကြောင့် အေးစက်မှုက ခံနိုင်ရည်ကို ချိုးနှိမ်နေသလိုပင်။ ပြေးနေသော SJ ၏ ခြေထောက်များသည်ပင် ဆက်မပြေးနိုင်တော့ ဖြစ်နိုင်လျင် လှဲချလိုက်ချင်ပြီဖြစ်သည်။ သို့သော်လည်း ဒီလောက် စမ်းသပ်နေပြီးမှ လက်မလျော့ချင်
လေးနာရီလောက်ထိ ရေစိုမှုအား စိမ့်ဝင်ချင်းမရှိဆိုသော စကားကို အတည်ပြုချင်သေးသည်
5:00 မှ အိမ်က ထွက်လာခဲ့ရာ ယခုမှ 7:00 သာ ရှိသေးသည်။
SJ ၏ စမ်းသပ်ချက်အား မိုးကပင် အားပေးနေသလို အခုထိ မတိတ်သေး ပိုမိုရွာကောင်းနေဆဲပင်
Jin တစ်ယောက် မပြေးနိုင်တော့ပေမယ့် လမ်းလျောက်လိုက် မိုးရေထဲရပ်နားလိုက်နှင့် လေးနာရီပြည့်အောင်နေရန်ကြိုးစားနေသည်။

ယခုအချိန်ထိ အပေါ်ပိုင်းကို ရေမစိုသေးတာ​ကြောင့် မိုးကာအား အနည်းငယ်တော့ စိတ်ချလာသည် သို့သော်လည်း အချိန်ပြည့်နေမည်ဖြစ်သည်
ထိုသို့ စိတ်အားထက်သန်နေရသည်မှာလည်း မိမိတို့အား အပြစ်ရှာပြီး ထိုးနှက်ချင်နေသော ပြိုင်ဘက်များကြောင့်ဆိုရင်လည်း ဟုတ်သည်။

..............

လမ်းများရှင်း​နေသောညအချိန်တွင် အနက်ရောင်ပြိုင်ကားလေးတစ်စီးသည် အရှိန်ပြင်းစွာဖြင့် မောင်းနှင်လျက်

ထိုကားလေးပေါ်တွင် FILA အကျီလေးနှင့် လူငယ်ဆန်ဆန်ဝတ်ထားသောကောင်လေး
လွတ်လပ်ခြင်းများအား အပြည့်အဝခံစားနေဟန် မောင်းနှင်နေသည်။

အနှီကောင်လေးသည် Jeon Group မှ တစ်ဦးတည်းသောသား Jeon Jung Kook

လွတ်လပ်မှုကို မြတ်နိုးပြီး အဖေ့ရဲ့ အလုပ်တွေကို စိတ်မဝင်စားသဖြင့် USတွင် ကျောင်းတတ်ရင်း အပြီးနေထိုင်ရန်စဥ်းစားခဲ့သည်။
သို့သော်လည်း ကျောင်းပြီးသွားချိန်တွင် ဖခင်ရဲ့ စကားအား မရှောင်လွဲနိုင်သဖြင့် Korea ရှိ ဖခင်၏ Jeon Fashion company အား ဆက်ခံရန် ပြန်လာခဲ့ရသည်။
ပြန်ရောက်ရောက်ခြင်း အလုပ်ကိစ္စ များသာ ပြောကြားနေသော ဖခင်ကြောင့် စိတ်ညစ်နေ၍ လွတ်လပ်စွာ ကားမောင်းထွက်လာခဲ့သည်။
သူငယ်ချင်း များနှင့် အချိန်ဖြုန်းရန် ထွက်လာသော်လည်း စိတ်ပြောင်းသွားသဖြင့် ဘီယာများဝယ်ကာ ဟန်မြစ်ဘေးကားထိုးရင်း စိတ်ပြေလက်ပျောက် သောက်နေခဲ့သည်။ လေညင်းခံရင်းသောက်နေရာမှ မိုးစက်များကျလာသဖြင့်ကားထဲဝင်ကာ နေခဲ့ရသည်။
သေချာသည် ဒီညတော့ အိမ်ပြန်ဖြစ်မည်မဟုတ်
မိုးအရသာကို ခံစားရင်း ကားထဲတွင်သာ အိပ်ပျော်ခဲ့သည်။

မိုးရွာသံသည် အဆက်မပြတ် ကျနေရာမှ ပိုကျလာသောအခါ JK တစ်ယောက် လှုပ်လှုပ်ရွရွဖြစ်လာသည်
အပြင်ဘက်တွင်လည်း အလင်းရောင် နည်းနည်းထိုးဖောက်လျက် မိုးသည်းထန်စွာရွာနေသောကြောင့်နေရောင်ခြည်တော့မရှိ အချိန်ကား 6:00

ဟန်မြစ်ဘေးတွင် ကားရပ်ရင်း အိပ်ပျော်ခဲ့သည်မှာ မနက်ပင်ရောက်ခဲ့ပြီ
ဖုန်းအားဖွင့်ကြည့်တော့ ဖခင်၏ Missed call များစွာ
မိုးရွာနေလို့ ချက်ချင်း မပြန်ချင်သော စိတ်နဲ့အတူ နောက်မှပဲ ပြန်ဆက်မည်ဟု ဆုံးဖြတ်ရင်း ပြန်ပိတ်ထားလိုက်သည်။

မိုးရွာနေသောကြောင့် အားကစားလုပ်သူများပင်မရှိ ရှင်းလင်းသော လမ်းမကြီးသာJK တွေ့ရသည်

ပြန်မအိပ်ပျော်တာကြောင့် ကားပေါ်မှာထိုင်ကြည့်ရင်း လူတစ်ယောက် မြစ်ဘေးတွင်ပြေးနေသည်ကို တွေ့လိုက်ရသည်။

Jk' Pov

*ဟင် ဒီလောက်မိုးရွာနေတာ ထပြေးတဲ့သူကရှိသေးတာလား ဘယ်လိုလူပါလိမ့်*

JK တစ်ယောက် ကြည့်စရာမရှိ၍ ထိုလူခေါက်တုန့်ခေါက်ပြန် ပြေးနေသည်ကိုသာ ထိုင်ကြည့်နေမိသည်။
ထိုင်ကြည့်နေခဲ့သည်မှာ အချိန်ပင် တော်တော်ကုန်သွားသည် ထိုလူက မပြန်သေး ပြေးလိုက် လမ်းလျောက်လိုက် ရပ်နားလိုက်နှင့် အလုပ်ရှုပ်နေသည်။

*ဒီလူက ဘာလဲ တော်တော်ကြာနေပြီ မပြန်သေးပါလား ဘာဖြစ်ချင်နေတာလဲမသိဘူး
ပတ်ဝန်းကျင်မှာလည်း တစ်ယောက်မှမရှိဘူး တစ်ခုခုဖြစ်သွားမှဖြင့်
ကျစ် ငါကရော ဘာလို့ ထိုင်ကြည့်နေမိတာပါလိမ့်
ဘာတွေ စိုးရိမ်ပေးနေတာလဲ *

တခြားတစ်ယောက်ကိုမှ စိတ်မပူပေးတတ်သော JK တစ်ယောက် ထိုသို့ဖြစ်နေသည်မှာ ထူးဆန်းနေသည်
JK တစ်ယောက်ထဲ စိတ်ထဲတွင် ဗျာများလျက် ထိုလူသားအား အဆုံးထိ ထိုင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

................

Jin'Pov

* ဟင်းးး အေးလိုက်တာ ဆက်ပြီးသည်းခံရင်ကောင်းမလား ပြန်တော့ရင်ကောင်းမလား
ပြန်ရင်တောင် ငါ လျောက်နိုင်ပါဦးမလား
ရပါတယ် နောက်တစ်နာရီလောက်သည်းခံလိုက်ရင် အဆင်ပြေပြီပဲလေ သည်းခံ လိုက် Seok jin
သည်းခံလိုက် မင်းလုပ်နိုင်ပါတယ် *

ထိုသို့အားပေးနေသော်လည်း Jin တစ်ယောက် ခိုက်ခိုက်တုန်အောင် ချမ်းနေပြီဖြစ်သည်
လုပ်ချင်တာကို ဖြစ်မြောင်အောင်လုပ်တတ်ပြီး ခေါင်းမာတဲ့သူ့အဖို့ လက်လျော့ရန်ဆိုသည်မှာ အဝေးကြီးပင်

မတ်တပ်ဆက်မရပ်နိုင်တော့သည်ဖြစ်၍ ထိုင်နေရန်သာ ဆုံးဖြတ်လိုက်သည်။
သူ့လှုပ်ရှားမှုတွေကို ကားပေါ်မှာ ထိုင်ကြည့်နေတဲ့သူရှိတယ်ဆိုတာ Jin တစ်ယောက်မသိခဲ့။

အချိန်အတော်ကြာမိုးရေထဲထိုင်နေရင်း အတွေးများကလည်း ပျံ့နှံလျက်
အချိန်ကုန်မှန်းမသိကုန်ခဲ့ရာ မိုးပင်တိတ်ခဲ့ပြီ
အချိန်ကား 8:30

မိုးနည်းသွားတော့မှ Jin အတွေးတို့ လက်စဖြတ်ရင်း အိမ်ပြန်ရန်ထတော့သည်
ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်အပြင် ထိုင်တာကြာနေတော့ ထရန် ခက်ခဲနေလေသည်
ကိုယ့်ဒုက္ခ ကိုယ်ရှာထားတဲ့ သူ့အတွက်တော့ အားတင်းပြီး ပြန်ရန်မှ လွဲရင် တခြားမရှိ
အားမရှိသော ခြေလှမ်းတွေဖြင့် အိမ်ပြန်ရင် ဦးတည်ခဲ့သည်။


Продовжити читання

Вам також сподобається

101K 11.2K 32
(Unicode) ဒီကမ္ဘာကြီး​ပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသား​လေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်...
86.9K 5.7K 40
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
800K 29.8K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...