ဟေမန္တအလွန်

By SuWei_Akii

210K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၂၁ (Z + U)

4K 433 5
By SuWei_Akii

[UNICODE]

"နောင့်စိုင်း။ "

စောယွန်း၏ အကြည့်များက အပြင်သို့
ရောက်နေလျက် သုန္ဓအား ခပ်တိုးတိုး လေသံနှင့် ပြောသည်။ 

"အင်း ပီအိုက်?"

"နန်းတော်ရဲ့ ပင်မစာကြည့်တိုက်ကို
ပီအိုက်ရဲ့ ရာထူးအဆင့်နဲ့ ဝင်ထွက်လို့
ရပါ့မလား?"

သုန္ဓက ရယ်ကာ စောယွန်း၏ ပုခုံးကို အနည်းငယ် ပုတ်လိုက်သည်။

"ပီအိုက်က အိမ်ရှေစံရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးပဲ၊ ရတာပ။ ဒါပေမယ့် ကျွန်ုပ် လူလွှတ်ပြီး ပီအိုက် ဖတ်ချင်တာကို ယူခိုင်းလိုက်ပါ့မယ်။"

"နန်းတော်ရဲ့ ရာထူးအဆင့်အလိုက် ပြုစုထားတဲ့ လူစာရင်းလိုမျိုး ရှိလား နောင့်စိုင်း ဒါမှမဟုတ် ဌာနတွေအကြောင်းပြုစုထားတာမျိုး ? "

သုန္ဓက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ 

"ပီအိုက်က ဘာကို သိချင်တာလဲ? "

စောယွန်းက သုန္ဓကို ကြည့်ကာ ပြုံးလိုက်ရင်း
ပြန်ဖြေသည်။ 

"အတွေးမလွန်ပါနဲ့ အရှင့်သားရယ် ။ ကျွန်တော်မျိုးက နန်းတော်မှာ အမှုတော်ထမ်းဖို့သာ ရောက်လာပေမယ့် နန်းတော်မှာ ဘယ်လို ဌာနတွေရှိတယ်။ ဘယ်သူတွေကတော့ ဘယ်လိုနေရာမှာ တာဝန်ထမ်းဆောင်နေတယ် စသဖြင့် သိထားရမယ်မဟုတ်လား။ ဘာမှ မသိပဲ နောင့်စိုင်းကို ဘယ်လို အကြံပေးရမလဲ? မဟုတ်ဘူးလား ။ အဲဒီအတွက် ပီအိုက် လေ့လာသင့်တယ်လေ "

"ကောင်းပြီ ၊ ပီအိုက်အတွက် လိုအပ်တာအကုန် ကျွန်ုပ် ယူခိုင်းလိုက်မယ်။ "

"ကျေးဇူးကြီးမားလှကြောင်းပါ အရှင့်သား။"

စောယွန်းက ဦးညွှတ်၍ ပြောသည့်အခါ သုန္ဓက လှစ်ခနဲ မျက်စောင်းထိုးသည်။ 

"ဟီး အရှင့်သားကလည်း စိတ်ကြီးပဲ။"

သုန္ဓက သူ့အား သွားများပေါ်သည်အထိ ရယ်ပြနေသော စောယွန်း၏ ပါးတစ်ဖက်ကို လက်နှင့် ဆွဲညှစ်လိုက်သည်။

"ခဏစောင့်၊ ကျွန်ုပ် အခုပဲ လူလွှတ်လိုက်မယ်။"

"ကောင်းပါပြီ "

"သည်လို အလုပ်ကြိုးစားတဲ့ အရာရှိကို ဆုချရဦးမလား။"

"အရှင့်သား ခဏ ခဏ ဆုပေးနေတော့ ကျွန်တော်မျိုးက များများကြိုးစားရတာပေါ့။"

သုန္ဓက သဘောကျကာ ရယ်သည်။ 

"ဆုများများလိုချင်လို့လား?"

စောယွန်းမျက်နှာက အနည်းငယ် ရဲသွားကာ
ပြန်​ဖြေသည်။ 

"အရှင့်သားပေးရင်တော့ လိုချင်တာပေါ့!"

"ဒါဆို ကိုယ်တော်က အလုပ်ကြိုးစားမှုအပေါ် မူတည်ပြီး ဆုကိုလည်း  ကောင်းကောင်းပေးရမှာပေါ့ "

"ကျေးဇူးကြီးမားလှကြောင်းပါ ဘုရား။"

သုန္ဓက အသံထွက်သည်အထိ ရယ်မောလိုက်သည်။ 

"တခြားသူတွေက ပြောရင်တော့ သာမန်၊ပုံမှန်ပါပဲ။ ဒါပေမယ့် ပီအိုက် ကြည့်ရတာ ပုံမှန်ဟုတ်ပုံ
မရဘူး။"

စောယွန်းက မျက်စောင်းထိုးသည်။ 

"ရယ်နေလိုက်။ "

"စိတ်ဆိုးသွားသလား?"

"မဆိုးဝံ့ပါဘူး။ "

"အပစ်ပေးမှာနော် ကိုယ်တော်က"

"ကြောက်ပါတယ် ကြောက်ပါတယ်။ "

သုန္ဓက ရယ်ပြန်သည်။

"မပေးရက်ပါဘူး။ ပီအိုက်ကို စိတ်ချမ်းသာအောင်ထားမယ်လေ။ ပီအိုက်စိတ်ချမ်းသာရင် အင်းဝတစ်ပြည်လုံးအေးချမ်းတာပ။"

စောယွန်းက မျက်လုံးအဝိုင်းသားနှင့် လက်သီးဆုပ်ပြသည်။

"အဲဒါ ဘာကိုဆိုလိုတာလဲရောသိရဲ့လား ၁၈ နှစ်သားလေး!?"

သုန္ဓက အနည်းငယ် မျက်မှောင်ကြုတ်ကာ ရိုးသားစွာဖြေသည်။

"ပီအိုက် စိတ်ချမ်းသာမှ တခြားလူတွေလည်း စိတ်ချမ်းသာမယ်ဆိုတဲ့ သဘောလေ။"

စောယွန်းထံတွင် စကားလုံးများပျောက်ဆုံးသွားသည်။ သို့သော် သုန္ဓက အငြိမ်မနေ၊ အတိုင်ပင်ခံကို ကလိထိုးကြည့်သည်။ သို့သော် စောယွန်းက မယားတတ်သဖြင့် သုန္ဓကို မျက်နှာသေနှင့် ကြည့်သည်။

"ဒါ ဘာလုပ်တာပါလဲ အရှင့်သား?"

သုန္ဓက လက်များကို ပြန်ရုတ်လိုက်သည်။ သို့သော် စောယွန်းက တန်ပြန်တိုက်စစ်ဆင်ပြီး ကလိပြန်ထိုးသည်။ သည်တစ်ခါ ခံရသူကား သုန္ဓပင်။ သုန္ဓက တွန့်လိမ်လူးလှိမ့်နေလျက် မျက်ရည်များထွက်သည်အထိ ရယ်နေသည်။ စောယွန်းက မရပ်။

အပြင်ဘက်မှ လူပျိုတော်များကမူ တပြိုင်နက်တည်း သူတို့၏ စိတ်ထဲတွင် တိတ်တဆိတ်မှတ်ချက်ချကြသည်။

"အတော်ကို ခင်မင်သည့် မိတ်ဆွေများဖြစ်ကြလေသကိုး။"

 

နန်းတော်၏ စာကြည့်တိုက်တွင် ဖြစ်သည်။ နန္ဒက စာကြည့်တိုက်ကို ရောက်ရှိနေပြီး  စာအုပ်နှင့် ပေစာထုပ်အချို့ကို ယူနေသည့် သုန္ဓ၏ လူပျိုတော်တစ်ယောက်ကို သတိထားမိလိုက်သည်။
နန္ဒက ထို လူပျိုတော်အနီးကို လျှောက်သွားသည့်အခါ လူပျိုတော်က ကိုယ်ကို ရို့ကျိုးစွာ အရိုအသေပေးပြီး နှုတ်ဆက်သည်။ 

"အကိုတော်က ဒါတွေယူလာဖို့ စေခိုင်းခဲ့သည်လား?"

"မှန်လှပါ အရှင်မင်းသား ၊ အိမ်ရှေ့စံက အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖတ်ရန်အတွက် ပေစာအချို့ ယူဆောင်ခိုင်းကြောင်းပါ။ "

နန္ဒက မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ထွက်သွားသည်။ ထို့နောက် စာကြည့်တိုက်မှ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် 
မယ်တော်ဖုရား၏ စကားသံများက နန္ဒ၏ အာရုံထဲကို ကြားယောင်နေခဲ့သည်။ ကြားယောင်နေမိသည်။

"သုန္ဓကို မယုံလေနဲ့ သားတော်။ သူက လောဘ၊မာန မရှိတဲ့အတိုင်း သရုပ်ဆောင်နေပေမယ့် အကြံကြီးသူဖြစ်တယ်။ ဉာဏ်ပညာရှိတဲ့ သူစိမ်းတစ်ယောက်ကို သူ့အနားမယ် အမြဲ ခေါ်ထားသည်ကို ကြည့်ပါလေ။ သူတို့နှစ်ဦးက တစ်စုံတစ်ရာကို ပူးပေါင်းကြံစည်နေနိုင်တယ်။ သုန္ဓသာ နန်းတက်နိုင်ခဲ့ရင် သားတော်ကို မလွဲမသွေ အဝေးတစ်နေရာကို နှင်ထုတ်လိမ့်မယ်။ ဒါကြောင့် သားတော် မယ်တော့် အစီအစဥ် အတိုင်းသာ ဆောင်ရွက်ပါ။"

နန္ဒသည် ခေါင်းကိုခါလိုက်ရင်းသာ လမ်းကို
ဆက်လျှောက်၍ နန်းဆောင်သို့ ပြန်လာခဲ့သည်။ သို့သော် မည်မျှပင် အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်သော်ငြား မယ်တော်၏ စကားများက
မမှားကြောင်းသာ အဖြေရခဲ့သည်။


လွန်ခဲ့သော ၂၅နှစ် ။ နယ်စွန်နယ်ဖျားတစ်ခုရှိ ကျေးရွာ တစ်ခုတွင်ဖြစ်သည်။

"ရှင်မရေ ကျုပ် သစ်ခုတ်သွားပြီ။"

"ဟုတ်ပြီ တော်ရေ ၊ သတိနဲ့သာ သွားနော်။"

သာမာန် အရပ်သားများဖြစ်ကြသည့် သူတို့ လင်မယားနှစ်ဦးမှာ အေးချမ်းစွာပင် ထိုရွာလေးတွင် နေထိုင်ကြသည်။ ထိုသူတို့တွင်သူတို့နှစ်ဦးထံတွင်  သားငယ်လေး တစ်ဦးလည်း ရှိသည်။
ထိုနေ့က ဖခင်ဖြစ်သူက သစ်ခုတ်သွားခဲ့ပြီး မိခင်ဖြစ်သူနှင့် ကလေးငယ်က အိမ်တွင် ကျန်ခဲ့သည်။ 
ထိုနေ့ ညနေစောင်းအချိန်တွင် သူတို့၏ ခြံငယ်ထဲသို့ လူတစ်ဦးက အလန့်တကြားပြေးဝင်လာခဲ့သည်။ 

"မိသွယ်! မိသွယ်ရေ --- "

ထို အမျိုးသမီးက ခေါ်သံကြောင့် အိမ်ပြင်သို့ ထွက်လာခဲ့သည်။ 

"ဘာဖြစ်လို့လဲ အကို?"

ခြံထဲ ဝင်လာသူမှာ အခြားသူမဟုတ်ပဲ မိသွယ်၏ အကို တစ်ဝမ်းကွဲ ဖြစ်သည်။ 

"နင့် ယောက်ျားကို အင်းဝ စစ်ကြောင်းက
ဖမ်းသွားပြီတဲ့ မကြာခင် ရွာထဲကို ရောက်လာတော့မှာ နင်တို့လည်း အန္တရာယ် ရှိနိုင်တာမို့ ကလေးကို ခေါ်ပြီး ကြီးဒေါ်တို့အိမ်ကိုသွားကြရအောင် ။"

"ရှင်! မောင်ကြီးက ဘာအပြစ်များ ကျူးလွန်မိလို့လဲ?"

"တစ်ဖက်တိုင်းပြည်ကို အင်းဝပြည်နဲ့သက်ဆိုင်တဲ့ အတွင်းရေးသတင်းတွေ ပေးခဲ့သတဲ့၊ ပုန်ကန်မှုဆိုပဲ ! "

"မဖြစ်နိုင်တာ ! တကယ်ကို မဖြစ်နိုင်တာ! "

မိသွယ်က အလွန်တုန်လှုပ်သွားကာ မြေကြီးပေါ် ထိုင်လျက်သားကျသွားသည်။ 

"အချိန်မရှိဘူး မိသွယ်၊ မြန်မြန် ဒီနေရာက ထွက်သွားရအောင်။"

မိသွယ်က မျက်ရည်များကို သုတ်ရင်း အကိုဖြစ်သူကို မော့ကြည့်လိုက်သည်။ 

"အကို အသွယ့်ကို တစ်ခု ကူညီပါ။ "

"နောက်မှ ပြော မိသွယ်။ အခု အချိန်မရှိဘူးဟ!"

"သားငယ်ကိုသာ ခေါ်သွားပေးပါ ၊ သားငယ်ကို အမေတို့ဆီ ရောက်အောင် ပို့ပေးပါ ။ တခြား
ဘာအကြောင်း ကိစ္စကိုမှ အမေ တို့ကို မပြောပါနဲ့ ။ သားငယ်ကို အဖိုးအဖွားတွေဆီမှာပဲ အသွယ် စိတ်ချနိုင်မှာ။ "

"နင် --- နင်ကရော ?"

"အသွယ်  စောင့်ကြည့်ချင်ပါသေးတယ်။ မောင်ကြီးက မတရားအစွပ်စွဲခံရကြောင်း အဖြစ်မှန်ပေါ်ရင် အသွယ်တို့ အတူပြန်လာခဲ့ပါ့မယ်၊ နော် အကိုနော်။ "

အကိုဖြစ်သူက မိသွယ်၏ ပုခုံးနှစ်ဖက်ကို
ကိုင်လျက် လှုပ်ခါသည်။

"မိသွယ်၊ ဒါ ပုန်ကန်မှုနော်။ နင့်သားကို မိမဲ့ဖမဲ့ဘဝ ရောက်စေချင်တာလား?"

မိသွယ်က ရှိုက်ကြီးတငင်ငိုလျက် ပြောသည်။

"အသွယ် သိပါတယ်။ အသွယ်တို့နှစ်ယောက်လုံး အတူပြန်လာပါ့မယ်။ သားငယ်ကို အမနဲ့အဘဆီရောက်အောင်သာ ပို့ပေးပါ။"

"ကောင်းပြီ မိသွယ် အစစအရာရာ ဂရုစိုက်ပါ ။"

အကိုဖြစ်သူက ခဏမျှ သူ၏ ညီမကို ကြည့်နေပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချချကာ  ကလေးငယ်ကို ချီလျက် ထိုရွာမှ ထွက်သွားခဲ့သည်။  

အဖြစ်မှန်မှာ မိသွယ်၏ ခင်ပွန်းဖြစ်သူ
သစ်ခုတ်သွားစဥ် သတင်းပေးအချို့စကားပြောကြသည်ကို ကြားသွားခဲ့သည်။ ထိုအခါ သတင်းပေးတို့က အမှု မပေါ်ပေါက်စေရန်
သူ့အား သတင်းပေးအဖြစ် ပြန်လည် ဉာဏ်ဆင်ခဲ့ခြင်းဖြစ်သည်။ 

ဘုရင်မင်းမြတ်က ထွက်ပြေးသည်နှင့် သတ်စေဟု အမိန့်ပေးခဲ့ရာ သစ်ခုတ်သမားကား ကြောက်လန့်၍ ထွက်ပြေးမိသဖြင့် နေရာတွင်ပင် ရဲမက်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ 

ထိုဇာတ်လမ်းကား မတရားသော်လည်း မထင်
မရှားဖြင့်သာ ကွယ်ပျောက်သွားခဲ့သည်။ 

"ဟန်စစ် -- ကျုပ် ဝင်ခဲ့လို့ရလား?"

အခန်းပြင်မှ ဗညား၏ အသံကြောင့် ဟန်စစ်မင်းက ပြန်လည် အသံပေးသည်။ 

"ဝင်ခဲ့ပါ။"

ဗညားက လင်ဗန်းတစ်ခုကို ကိုင်ရင်း အခန်းထဲသို့ ဝင်လာသည်။ 

"တစ်နေကုန် အခန်းထဲမှာနေနေတော့ မုန့်လာပို့ပေးတာ။"

ဗညားက ပြောလိုက်ရင်း ဗန်းကို ဘေးက စားပွဲပေါ်တင်လိုက်သည်။ 

"ကျေးဇူးပါ။ "

ဟန်စစ်မင်းက အားတုံ့အားနာ ပြန်ဖြေသည်။
ဗညားက စိတ်ရောကိုယ်ပါနှစ်၍ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်သည်။ ဟန်စစ်မင်းက အိမ်တွင် ဧည့်သည်အဖြစ် နေထိုင်စေသော်ငြား
ဗညားက ဒဏ်ရာ သက်သာစေရန် လှုပ်လှုပ်ရှားရှားအလုပ်လုပ်ချင်သည်ဟုဆိုကာ ဟန်စစ်မင်း အိမ်တွင် မရှိသည်နှင့် အိမ်တော်တွင် ထင်းခွဲ၊ရေထမ်းသည်မှအစ အလုပ်မျိုးစုံကို လုပ်ကိုင်သည်။ ဟန်စစ်မင်းက သိရှိသွားသည့်အခါ မည်သူ့ကို
ဆူငေါက်ရမည်မှန်းမသိတော့ပဲ နောက်ဆုံးတွင် လက်လျော့လိုက်ရသည်။

"ဟန်စစ်။"

"အင်း။"

"ကျုပ် ခဏ စကားပြောလို့ရမလား?"

"ပြောပါ။ "

ဗညားက ခုံတစ်လုံးကိုယူကာ ကုတင်စွန်းတွင်ထိုင်နေသည့် ဟန်စစ်မင်း၏ အရှေ့တွင် ထိုင်လိုက်သည်။

"ကျုပ်ရဲ့ ဒဏ်ရာတွေအကုန် ပျောက်သွားခဲ့ပြီ ။ လူလည်း နေကောင်းလာပြီမို့ အလုပ်တွေလည်း လုပ်နိုင်နေပြီ ။ ဟန်စစ်အတွက် ကျုပ်လုပ်ပေးနိုင်တာမျိုး ရှိရင်ပြောပါ ။"

"တကယ် ဘာမဆို လုပ်ပေးမှာလား?"

မထင်မှတ်ထားသည့် စကားကြောင့် ဗညားက အနည်းငယ် ပုခုံးတွန့်သွားသည်။  

"အင်း ဘာမဆိုလုပ်ပေးမယ် ၊ ကျုပ်အသက်ကိုတောင် ပေးဝံ့တာမို့ --- "

"သေအောင်တော့ မလုပ်ပါဘူး။ "

ဟန်စစ်မင်းက ဗညား၏ စကားကို ဆုံးသည်အထိ မစောင့်ပဲ  ဖြတ်ပြောသည်။ 

"အသက်မသေအောင်တောင် ကယ်ခဲ့သေးတာပဲ။ ထပ်ပြီး သေအောင်မလုပ်ပါဘူး ။ ဒီအတိုင်း ကျွန်ုပ် ယုံကြည်စိတ်ချရတဲ့ သူမျိုးပဲ လိုချင်တာပ။ "

"ကျုပ် ကို စိတ်ချပါ ။ "

"ဗညားကို ကျုပ်ယုံပါတယ် "

ဟန်စစ်မင်းက ပြောရင်းနှင့် အနည်းငယ်
ပြုံးလိုက်သဖြင့် ဗညား၏ မျက်ခုံးတစ်ဖက်က အနည်းငယ်မျှ တွန့်သွားသည်။

" ကျုပ်ကို ခွင့်ပြုပါဦး။ "

ဗညားက ထရန်ဟန်ပြင်လိုက်သည်။

"ကျုပ်တစ်ယောက်တည်းစားရတာ နေသားမကျတော့ဘူး။ "

ဟန်စစ်မင်းက မုန့်ပန်းကန်ကို ကြည့်ရင်းပြောသည်။

"ဘေးက ထိုင်နေပေးမယ်။"

"ဘယ်လိုလုပ် မြိုကျမှာလဲ? "

ဟန်စစ်မင်းပြောတော့ ဗညားက ရယ်သည်။ 

"ဒါဖြင့် အတူတူစားကြတာပေါ့။ "

"ဟုတ်ပြီ။"

"ဗညား --"

ဟန်စစ်မင်းက မုန့်တစ်ခုကို ယူလိုက်ရင်း ပြောသည်။ 

"ညနေကျရင် ကျွန်ုပ်နဲ့တစ်နေရာကို သွားကြရအောင်။ "

"ကောင်းပြီ ကျုပ်အဆင်သင့်ပြင်ထားလိုက်မယ်။"

ဗညားက မိမိ၏ ဆိုလိုရင်းကို သဘောပေါက်သည်မို့ ဟန်စစ်မင်းက ပြုံးလျှက် ခေါင်းကို
ညိတ်ပြသည်။ 

"မင်းသား သီဟ အခစားဝင်ရောက်ကြောင်းပါ။ "

နန်းဆောင်အပြင်မှ လူပျိုတော်၏ သတင်းပို့မှုကြောင့်  သုန္ဓနှင့် လက်မအနည်းငယ်သာ
ခြားသည့်နေရာတွင် စာဖတ်နေသည့် စောယွန်းက ခုံကို အလျင်အမြန်မ၍ ခပ်လှမ်းလှမ်းသို့
ရွှေ့လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သီဟက ဝင်ခွင့်ရသည့်အခါ လက်ထဲတွင် ရွှေရေး ယွန်းဘူးတစ်ဘူးကို ကိုင်လျက် အထဲသို့ဝင်လာသည်။ သုန္ဓအား အရိုအသေပေးပြီးနောက်
စောယွန်းက သူ့ကို ပြန်လည် အရိုအသေပေးသဖြင့် သီဟက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ 

"အကိုတော်ကို အားကျလိုက်တာ ၊ ဘေးမှာ အဖော်နဲ့ဆိုတော့ ပျင်းရိမှာမဟုတ်ဘူး။"

စောယွန်းကို အနည်းငယ် မေးငေါ့ပြကာ စနောက်သည်။ 

"ဒီလိုဆို ညီတော်လည်း အတိုင်ပင်ခံ
တစ်ယောက် ခန့်လိုက်ပါလား?"

သုန္ဓ၏ စကားကြောင့် သီဟက ရယ်မောလိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်သည်။

"ခန့်ချင်ပေမယ့် နောင်ကြီးစောယွန်းလို လူမျိုးမှ မရှိတာပ ၊ အကိုတော်ရှာပေးမလား?"

သီဟက ထိုသို့ပြောသည့်အခါ သုံးယောက်သား ပြိုင်တူ ရယ်မိကြသည်။

"ဒါနဲ့ ဘာအကြောင်းကိစ္စရှိလို့လဲ?"

သီဟက ခုံကို ကျောမှီကာ ထိုင်လိုက်ပြီး 
စောယွန်းကို ကြည့်သည်။ 

"နောင်ကြီးစောယွန်းထံ အလည်လာတယ်ပဲ ပြောရမှာပဲ။ ကျောင်းတော်မှာ တူတူပညာသင်ခဲ့ဖူးတဲ့ သံယောဇဥ်က ရှိသေးတယ်လေ။ "

"ညီတော်က အတိုင်ပင်ခံကို အတိုင်ပင်ခံလို့မခေါ်ပဲ နောင်ကြီးလို့ သုံးနှုန်းနေတာ အပြင်လူတွေ
မသိစေနဲ့၊တော်ကြာ ပီအိုက်က မင်းသားတွေနဲ့ ရင်းနှီးတယ်ဆိုပြီး အမြင်စောင်းခံရလိမ့်မယ်။ "

သီဟက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး စောယွန်း၏ လက်ကို ယူကာ သူ၏ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

"အကိုတော်ကလည်း . .ကျွန်ုပ်က
နောင်ကြီးစောယွန်းကို အကိုအရင်းတစ်ယောက်လို ချစ်ခင်တာမို့ အပြောအဆို မခံပါဘူး။
အကိုတော်တောင်မှ ကျွန်ုပ်တို့ချည်းပဲ ရှိနေရင်
ပီအိုက်-နောင့်စိုင်းဆိုပြီး သုံးနှုန်းနေတာပဲ။ ကျွန်ုပ်လည်း အခြားလူတွေမရှိချိန်မှာ နောင်ကြီးလို့ ခေါ်ချင်တာပေါ့။"

သုန္ဓက ဟုတ်ပါပြီဟု ပြောနေသယောင် မျက်လုံးမှိတ်ကာ ခေါင်းညိတ်ပြသဖြင့် သီဟက သွားများပေါ်သည်အထိ ပြုံးပြသည်။

သီဟကား ၁၆ နှစ်သာ ရှိသေးပြီး ရင့်ကျက်သည့် မင်းသားတစ်ပါးဖြစ်သော်ငြား ကလေးစိတ်က အနည်းအကျဉ်းမျှ ကျန်နေသေးသည်။ စောယွန်းက သီဟ၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပြီးနောက် လက်ထဲမှ သေတ္တာကို ကြည့်မိသည်။ ထိုအခါ သီဟက စောယွန်း၏ လက်ကို လွှတ်ပေးပြီး ဆိုသည်။

"ဒါက နောင်ကြီး စောယွန်းအတွက် လက်ဆောင်။"

သီဟက စောယွန်းလက်ထဲ ယွန်းဗူးလေး ထည့်ပေးရင်း ပြောသည်။ 

"ဘာများလဲ?"

စောယွန်းက ဗူးကို ယူလိုက်ရင်း ပြောသည်။ 

"နန်းတွင်း စားဖိုဆောင်မှာ မုန့်၊အချိုပွဲနဲ့ ပတ်သက်ရင် အထူးချွန်ဆုံး စားတော်ကဲကြီး ကိုယ်တိုင် ပြုလုပ်ထားတဲ့ မုန့်တွေပါ။ နောင်ကြီးက ဦးနှောက်အလုပ်လုပ်ရရင် ချိုတဲ့စားစရာကို စားရတာ ကြိုက်တယ်ဟုတ်? "

စောယွန်းက ခေါင်းညိတ်ကာ သီဟကို ပြုံးပြသည်။

"ကျေးဇူးကြီးမားလှပါတယ်  အရှင့်သား၊ ကောင်းကောင်းစားပါ့မယ်။"

"ကျွန်ုပ်ကိုလည်း ညီငယ်လို့ပဲ ခေါ်ပါနော်၊ နော်နော်။"

သုန္ဓက ထိုင်ရာမှအနည်းငယ် ထကာ အရှေ့သို့ ကိုင်း၍ သီဟ၏ နဖူးကို လက်ညိုးဖြင့် အသာတွန်းလိုက်သည်။

"ကလေးလား? ကလေးဆိုရင် အကိုတော်ရဲ့ သူငယ်တော်အဖြစ် လာအမှုထမ်းပါလား?"

သီဟက သုန္ဓ၏ လက်ညိုးကို ကိုက်ချင်သည့်အလား သွားကို တင်းတင်းစေ့ပြသည်။
စောယွန်း၏ မျက်လုံးထဲတွင် သူတို့နှစ်ယောက်က တောက်ပြောင်သားနားသေသပ်စွာ ဝတ်စားထားသော်ငြား သာမန် ညီအကိုများကဲ့သို့
စနောက်နေကြသဖြင့် သူတို့ကို ကလေးများဟု မြင်မိပြီး ရယ်မိသည်။

သီဟ၏ အကြည့်များက စောယွန်းထံသို့ ရောက်သွားပြီးနောက် သူပါ ပြုံးမိသွားပြီး တဖန် 
စာဖတ်ခန်း၏ နံရံတွင် ချိတ်ထားသည့် ပန်းချီကားပေါ်သို့ ရောက်သွားသည်။ 

"အိုး အတော်လက်ရာမြောက်တဲ့ပန်းချီကားပဲ ၊ 
အကိုတော် ၊ ဒါကို ဘယ်ပညာရှင်ဆီမှာ အပ်တာလဲ?"

သီဟက ပန်းချီကားကို ကြည့်ရင်း သဘောကျစွာ ပြောသည်။ 

"ပီအိုက်ဆွဲပေးတာလေ။"

သီဟက အံ့သြသွားကာ စောယွန်းကို ကြည့်သည်။ 

"နောင်ကြီး စောယွန်းက ပန်းချီပညာအထိ ကျွမ်းကျင်တာလား?"

စောယွန်းက ခေါင်းညိတ်ရင်းသာ ရယ်ပြသည်။ 

"တကယ်ပဲ အကိုတော်ကို မနာလိုဖြစ်မိတော့မှာပ။"

"ပီအိုက်က ကျွန်ုပ်တစ်ယောက်ထဲကိုပဲ ဆွဲပေးထားတာပ။ "

သုန္ဓ စကားကြားတော့ စောယွန်းနှင့် သီဟက ကြိတ်ရယ်သည်။ သီဟက ပြောသည်။

"ကျွန်ုပ် သိပါတယ် အကိုတော် ၊
နောင်ကြီးစောယွန်းကို မဆွဲခိုင်းပါဘူး ။ဒါပေမယ့် တကယ် ချီးကျူးမိတယ် ၊ ပန်းချီကားက တကယ် အသက်ဝင်တာပဲ ။၊ အင်းဝရဲ့
အတော်ဆုံး ပန်းချီပညာရှင်တောင် ဒီလောက်
ဆွဲနိုင်မယ်မထင်ဘူး "

"အဲဒီလောက်လည်း မဟုတ်ရပါဘူး။"

စောယွန်းက ဂုတ်ပိုးကို လက်ဖြင့်ပွတ်ရင်း ပြောသည်။

သီဟက ပန်းချီကားကို အတော်ကြာ ကြည့်နေပြီးနောက် ခဏအကြာတွင် သုန္ဓနှင့် စောယွန်းကို နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ 


သို့နှင့်အချိန်စက်ဝန်း၏ လည်ပတ်မှုကြောင့် ညနေသို့ ရောက်လာသည်။ ညတာရှည်သည့် ဆောင်းရာသီဖြစ်သည့်အလျောက် အမှောင်ထုက လျင်မြန်စွာ ကြီးစိုးလာပြီး သဘာ၀ အလင်းရောင်က ကွယ်ပျောက်သွားသဖြင့်
အင်းဝပြည်ကား လူဖန်တီးသော မီးအလင်းကို အားကိုးရန် ဟန်ပြင်ကြရတော့သည်။  

ဟန်စစ်မင်းက မြင်း၏ ဘေးတွင် ရပ်လျက် စောင့်ဆိုင်းနေသဖြင့် ဗညားက ခပ်သုတ်သုတ် လျှောက်လာသည်။ ထို့နောက် မြင်းကိုယ်စီဖြင့် မြို့အစွန်ဘက်သို့ ထွက်လာခဲ့သည်။ 

အင်းဝမြို့၏ အစွန်အဖျားပိုင်းသို့ ရောက်လေလေ လူနေအိမ်လည်း တဖြေးဖြေးကျဲလာသည်။ မှောင်လာသည်နှင့်အမျှ လမ်းတွင်ပင် လူသွားလူလာ မရှိတော့ပဲ ဟန်စစ်မင်းတို့
နှစ်ယောက်ထဲသာ ရှိသည်။ ထို့နောက်
ခပ်လှမ်းလှမ်းတွင် အိမ်ငယ်တစ်လုံးကို တွေ့ရပြီး မီးအလင်းရောင်ကိုပါ မြင်ရသည်။ ဟန်စစ်မင်းက ထိုအိမ်ကို ဦးတည်လိုက်သည်။

ခြံဝတွင် အစောင့်အချို့ ရှိပြီး ဟန်စစ်မင်းကို မြင်သည်နှင့် အရိုသေပေးကြသည်။ ဗညားက ဟန်စစ်မင်း၏ နောက်မှ နှုတ်ဆိတ်ကာ လိုက်လာခဲ့သည်။ 

အထဲတွင် သတ်လတ်ပိုင်း အမျိုးသားကြီးတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် လူငယ်တစ်ဦးတို့က ရောက်နှင့်နေပြီး ဟန်စစ်မင်းက အမျိုးသမီးဖြစ်သူနှင့် လူငယ်လေးထံ အရိုအသေပေးသည်။ ထို့နောက် ခုံတွင်ထိုင်လိုက်ကြသည်။ 

ဗညားကို တွေ့သည့်အခါ ထိုအမျိုးသမီးက တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း
ဟန်စစ်မင်းဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။ 

"စစ်သူကြီးက မှန်ကန်တဲ့ ဆုံဖြတ်ချက်ကို ချလိုက်တာပါပဲ"

"မှန်လှပါ။ "

"အခုအချိန်ကစပြီး ကျွန်ုပ်တို့က တစ်ဖက်တည်းက လူတွေဖြစ်သွားပါပြီ။ နောက်ပြန်လှည့်ခွင့်
မရှိတော့မှန်း စစ်သူကြီး သိပါလေစ?"

"ကျွန်တော်မျိုးက တစ်ဦးတစ်ယောက်ရဲ့
ဖိတ်ခေါ်မှုကြောင့်မဟုတ်ပဲ မိဘနှစ်ပါးအတွက်သာ ဒီနေရာကို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခြားလူတစ်ယောက်ရဲ့ အကျိုးကို ဆောင်ကြဉ်းပေးဖို့ လာရောက်ခဲ့တာမဟုတ်ပါဘူး။ ဒါကို မိဖုရားကြီးနဲ့ အတွင်းဝန်သာလျှင် အသိဆုံးမဟုတ်ပါလား ? "

မြောက်နန်းမိဖုရားတစ်ဖြစ်လဲ ထိုအမျိုးသမီး၏ မျက်နှာတွင် အပြုံးက ကွယ်ပျောက်သွားပြီး မျက်နှာထား အနည်းငယ် တင်းမာလာသည်။
သူ၏ အဓိက ရည်ရွယ်ချက်မှာ ဟန်စစ်မင်းကို ယနန္ဒအပေါ်တွင် သစ္စာစောင့်သီစေလိုခြင်း ဖြစ်သည်။

သို့သော် အကြံအစည်ကား အပြည့်အဝ
မအောင်မြင်ခဲ့ပေ။ 

"နောက်တစ်ပတ် အင်္ဂါနေ့မယ် အိမ်ရှေ့စံနှင့်အတူ မင်းညီမင်းသားတွေ တောကစားထွက်ကြလိမ့်မယ်။ အဲ့ဒီအချိန်က ကျွန်ုပ်တို့အတွက် အခွင့်အရေးပဲ။ "

ဗညားက တံတွေးအနည်းငယ် မြိုချမိပြီး အရှေ့မှ ဟန်စစ်မင်း၏ နောက်ကျောပြင်ကို ကြည့်နေမိသည်။ ဟန်စစ်မင်းကမူ တိတ်ဆိတ်နေသည်။

" စစ်သူကြီးရဲ့ ပထမဆုံးတာဝန်က အမှားအယွင်းမရှိ၊သက်သေမကျန်စေဖို့ စီစဉ်ရမှာဖြစ်တယ်။ "

ဟန်စစ်မင်းက မျက်ခုံးတစ်ဖက်ပင့်ကာ
ခေါင်းညွှတ်၍ မေးသည်။

"အိမ်ရှေ့စံက ပစ်မှတ်ဆိုလျှင် သူ ဘိသိက်မခံခင် အင်းဝပြည်နဲ့ အလှမ်းကွာတဲ့ သန္နီမှာ ဘာကြောင့် မလုပ်ကြံခဲ့ရတာပါလဲ? "

မြောက်နန်းမိဖုရားက ကွေးညွတ်တက်လာသည့် နှုတ်ခမ်းကို လက်ချောင်းများဖြင့် ကာလိုက်သည်။

"သန္နီအကြောင်း ကျွန်ုပ်အသိဆုံးဖြစ်တယ်။ သန္နီက ကျွန်ုပ်ရဲ့ မွေးရပ်မြေဖြစ်တဲ့အပြင် ကျွန်ုပ်ကို သစ္စာခံသူတွေ ခြေချင်းလိမ်နေတဲ့ နေရာလည်းဖြစ်တယ်။ သို့ပေမယ့် ဆရာကြီးနဲ့ သူ့ရဲ့ တပည့်တပန်းတွေကတော့ ကျွန်ုပ်အပေါ် သစ္စာမခံကြပေဘူး။ ဒီလိုနေရာမှာ သုန္ဓသာ သေဆုံးသွားခဲ့ရင် အရင်ဆုံးသူကိုယ်တိုင် အမှုစစ်ဆေးတဲ့အခါ တရားခံကို ချက်ချင်း ဖော်ထုတ်နိုင်လိမ့်မယ်။ တရားခံကို ချက်ချင်း မဖော်ထုတ်နိုင်ရင်တောင် ကျွန်ုပ်နဲ့ ပက်သတ်နေတယ်လို့ ကောက်ချက်ချနိုင်လိမ့်မယ်။ "

မြောက်နန်းမိဖုရားက စားပွဲပေါ်တွင် တင့်တယ်စွာ လက်ကို တင်လျက် မေးထောက်လိုက်သည်။
သူကား ငယ်ရွယ်နုပျိုဆဲဖြစ်ပြီး အလွန်လှပရကား အဆိပ်ပြင်းသည့် မြွေဟောက်တစ်ကောင်နှင့် တူနေသည်။

"အန္တရာယ်များတဲ့ နေရာထက် လုံခြုံတဲ့နေရာမှာ အလုပ်ကြံခံရတဲ့အခါ သံသယအဝင်ခံရမယ့် လူရှိပါ့မလား ? နန္ဒသည်လည်း အမှန်တကယ် တိုက်ခိုက်ရင်း ဒဏ်ရာအနာတရ ဖြစ်ရလိမ့်မယ်။ သို့ပေမယ့် သုန္ဓကတော့ သေကိုသေရလိမ့်မယ်။"

သူတို့ အတော်ကြာဆွေးနွေးကြပြီးနောက် မှောင်ရိပ်ခိုကာ လမ်းခွဲ၍ ပြန်ခဲ့ကြသည်။ လမ်းတွင် ဗညားက နှုတ်ဆိတ်နေပြီး
နှစ်ယောက်လုံးက စကားမစကြပေ။ အချိန်အတန်ကြာ မြင်းစီးလာပြီးနောက် ဟန်စစ်မင်း၏ အိမ်ရှေ့သို့ရောက်လာခဲ့ကြသည်။ 

"ဒီညအတွက် ကျေးဇူးပါ။ "

ဟန်စစ်က မြင်းပေါ်မှ ဆင်းလိုက်ရင်း ပြောသည်။

"မဟုတ်တာ၊ ရပါတယ် ။"

ဟန်စစ်မင်းက ဗညားကို ကြည့်လိုက်ရင်း တစ်ဖက်သို့ လှည့်သွားသည်။ ထို့နောက် မြင်းကို သိမ်းကာ အိမ်ထဲ ဝင်သွားခဲ့သည်။ 

ဗညားကမူ အိမ်ထဲ မဝင်သေးပဲ ခြံထဲတွင် ခဏ ထိုင်နေမိသည်။ သူတို့ အတော်ကြာဆွေးနွေးကြပြီးနောက် မှောင်ရိပ်ခိုကာ လမ်းခွဲ၍ ပြန်ခဲ့ကြသည်။ အင်းဝပြည်၏ အရှုပ်တော်ပုံကို သူ တွေးနေမိသည်။ အိမ်ရှေ့စံကို သတ်ဖြတ်လိုသည့် မိဖုရားတစ်ပါး၊ ထို့နောက် ဘုရင်နှင့် အနီးကပ်ဆုံး ရာထူးမှ အတွင်းဝန်၊ နောက်ဆုံးတွင် မိခင်က အတင်းအဓမ္မဆွဲခေါ်လာခြင်းကို ခံရသည့်နှယ် တစ်ချိန်လုံး စကားမပြောပဲ တိတ်ဆိတ်နေသည့် မင်းသားငယ်။ ဟန်စစ်မင်းကား အင်းဝပြည်အတွက် အသက်ကိုပင် ပေးနိုင်သည့် စစ်သူကြီးဖြစ်ရာ ဤသို့သော ကြောက်မက်ဖွယ် လုပ်ကြံမှုတွင် ပါဝင်စေရန် တစ်ခုခုနှင့် မြှားခေါ်ခဲ့ခြင်းဖြစ်မည်ဟု ဗညားတွေးမိသည်။

မိဘများ၊ မိဘနှင့်ပက်သတ်သည့် ကိစ္စဖြစ်ကြောင်း ဗညား ရိပ်စားမိသော်ငြား ဟန်စစ်မင်းက မိဘမဲ့တစ်ယောက်မှန်း သူသိထားသည်။ 

ဗညားက ဟန်စစ်မင်းအား ကူညီရန် ဆုံးဖြတ်ထားသော်ငြား ယခုကိစ္စက ထင်သလောက် မရိုးရှင်းသဖြင့် အခြေအနေကို စောင့်ကြည့်ကာ ပြေးပေါက်ကို ကြိုတင် ရှာထားရန် တွေးမိပြန်သည်။ ဟန်စစ်မင်းကိုတော့ ထိုအရှုပ်တော်ပုံထဲမှ ရအောင် ဆွဲထုတ်ရမည်ဟု ဗညားက ဆုံးဖြတ်ချက်ချသည်။

ဟန်စစ်မင်းကား အခန်း ပြတင်ပေါက်မှ ခြံထဲသို့ကြည့်မိရာ ခြံထဲတွင် ထိုင်နေသော ဗညားကို တွေ့သည်။ ထိုစဥ် ဗညားက သတိထားမိကာ
လှည့်ကြည့်လာသောကြောင့် ဟန်စစ်မင်းက
အကြည့်လွှဲကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။ ဗညားက ပြုံးလိုက်ပြီး ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။ 


[ZAWGYI]

"ေနာင့္စိုင္း။ "

ေစာယြန္း၏ အၾကည့္မ်ားက အျပင္သို႔
ေရာက္ေနလ်က္ သုႏၶအား ခပ္တိုးတိုး ေလသံႏွင့္ ေျပာသည္။

"အင္း ပီအိုက္?"

"နန္းေတာ္ရဲ႕ ပင္မစာၾကည့္တိုက္ကို
ပီအိုက္ရဲ႕ ရာထူးအဆင့္နဲ႕ ဝင္ထြက္လို႔
ရပါ့မလား?"

သုႏၶက ရယ္ကာ ေစာယြန္း၏ ပုခုံးကို အနည္းငယ္ ပုတ္လိုက္သည္။

"ပီအိုက္က အိမ္ေရွစံရဲ႕ အႀကံေပးပုဂၢိုလ္တစ္ဦးပဲ၊ ရတာပ။ ဒါေပမယ့္ ကျွန်ုပ် လူလႊတ္ၿပီး ပီအိုက္ ဖတ္ခ်င္တာကို ယူခိုင္းလိုက္ပါ့မယ္။"

"နန္းေတာ္ရဲ႕ ရာထူးအဆင့္အလိုက္ ျပဳစုထားတဲ့ လူစာရင္းလိုမ်ိဳး ရွိလား ေနာင့္စိုင္း ဒါမွမဟုတ္ ဌာနေတြအေၾကာင္းျပဳစုထားတာမ်ိဳး ? "

သုႏၶက မ်က္ခုံးတစ္ခ်က္ပင့္လိုက္သည္။

"ပီအိုက္က ဘာကို သိခ်င္တာလဲ? "

ေစာယြန္းက သုႏၶကို ၾကည့္ကာ ၿပဳံးလိုက္ရင္း
ျပန္ေျဖသည္။

"အေတြးမလြန္ပါနဲ႕ အရွင့္သားရယ္ ။ ကြၽန္ေတာ္မ်ိဳးက နန္းေတာ္မွာ အမႈေတာ္ထမ္းဖို႔သာ ေရာက္လာေပမယ့္ နန္းေတာ္မွာ ဘယ္လို ဌာနေတြရွိတယ္။ ဘယ္သူေတြကေတာ့ ဘယ္လိုေနရာမွာ တာဝန္ထမ္းေဆာင္ေနတယ္ စသျဖင့္ သိထားရမယ္မဟုတ္လား။ ဘာမွ မသိပဲ ေနာင့္စိုင္းကို ဘယ္လို အႀကံေပးရမလဲ? မဟုတ္ဘူးလား ။ အဲဒီအတြက္ ပီအိုက္ ေလ့လာသင့္တယ္ေလ "

"ေကာင္းၿပီ ၊ ပီအိုက္အတြက္ လိုအပ္တာအကုန္ ကျွန်ုပ် ယူခိုင္းလိုက္မယ္။ "

"ေက်းဇူးႀကီးမားလွေၾကာင္းပါ အရွင့္သား။"

ေစာယြန္းက ဦးၫႊတ္၍ ေျပာသည့္အခါ သုႏၶက လွစ္ခနဲ မ်က္ေစာင္းထိုးသည္။

"ဟီး အရွင့္သားကလည္း စိတ္ႀကီးပဲ။"

သုႏၶက သူ႕အား သြားမ်ားေပၚသည္အထိ ရယ္ျပေနေသာ ေစာယြန္း၏ ပါးတစ္ဖက္ကို လက္ႏွင့္ ဆြဲညွစ္လိုက္သည္။

"ခဏေစာင့္၊ ကျွန်ုပ် အခုပဲ လူလႊတ္လိုက္မယ္။"

"ေကာင္းပါၿပီ "

"သည္လို အလုပ္ႀကိဳးစားတဲ့ အရာရွိကို ဆုခ်ရဦးမလား။"

"အရွင့္သား ခဏ ခဏ ဆုေပးေနေတာ့ ကြၽန္ေတာ္မ်ိဳးက မ်ားမ်ားႀကိဳးစားရတာေပါ့။"

သုႏၶက သေဘာက်ကာ ရယ္သည္။

"ဆုမ်ားမ်ားလိုခ်င္လို႔လား?"

ေစာယြန္းမ်က္ႏွာက အနည္းငယ္ ရဲသြားကာ
ျပန္ေျဖသည္။

"အရွင့္သားေပးရင္ေတာ့ လိုခ်င္တာေပါ့!"

"ဒါဆို ကိုယ္ေတာ္က အလုပ္ႀကိဳးစားမႈအေပၚ မူတည္ၿပီး ဆုကိုလည္း ေကာင္းေကာင္းေပးရမွာေပါ့ "

"ေက်းဇူးႀကီးမားလွေၾကာင္းပါ ဘုရား။"

သုႏၶက အသံထြက္သည္အထိ ရယ္ေမာလိုက္သည္။

"တျခားသူေတြက ေျပာရင္ေတာ့ သာမန္၊ပုံမွန္ပါပဲ။ ဒါေပမယ့္ ပီအိုက္ ၾကည့္ရတာ ပုံမွန္ဟုတ္ပုံ
မရဘူး။"

ေစာယြန္းက မ်က္ေစာင္းထိုးသည္။

"ရယ္ေနလိုက္။ "

"စိတ္ဆိုးသြားသလား?"

"မဆိုးဝံ့ပါဘူး။ "

"အပစ္ေပးမွာေနာ္ ကိုယ္ေတာ္က"

"ေၾကာက္ပါတယ္ ေၾကာက္ပါတယ္။ "

သုႏၶက ရယ္ျပန္သည္။

"မေပးရက္ပါဘူး။ ပီအိုက္ကို စိတ္ခ်မ္းသာေအာင္ထားမယ္ေလ။ ပီအိုက္စိတ္ခ်မ္းသာရင္ အင္းဝတစ္ျပည္လုံးေအးခ်မ္းတာပ။"

ေစာယြန္းက မ်က္လုံးအဝိုင္းသားႏွင့္ လက္သီးဆုပ္ျပသည္။

"အဲဒါ ဘာကိုဆိုလိုတာလဲေရာသိရဲ႕လား ၁၈ ႏွစ္သားေလး!?"

သုႏၶက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ကာ ရိုးသားစြာေျဖသည္။

"ပီအိုက္ စိတ္ခ်မ္းသာမွ တျခားလူေတြလည္း စိတ္ခ်မ္းသာမယ္ဆိုတဲ့ သေဘာေလ။"

ေစာယြန္းထံတြင္ စကားလုံးမ်ားေပ်ာက္ဆုံးသြားသည္။ သို႔ေသာ္ သုႏၶက အၿငိမ္မေန၊ အတိုင္ပင္ခံကို ကလိထိုးၾကည့္သည္။ သို႔ေသာ္ ေစာယြန္းက မယားတတ္သျဖင့္ သုႏၶကို မ်က္ႏွာေသႏွင့္ ၾကည့္သည္။

"ဒါ ဘာလုပ္တာပါလဲ အရွင့္သား?"

သုႏၶက လက္မ်ားကို ျပန္႐ုတ္လိုက္သည္။ သို႔ေသာ္ ေစာယြန္းက တန္ျပန္တိုက္စစ္ဆင္ၿပီး ကလိျပန္ထိုးသည္။ သည္တစ္ခါ ခံရသူကား သုႏၶပင္။ သုႏၶက တြန႔္လိမ္လူးလွိမ့္ေနလ်က္ မ်က္ရည္မ်ားထြက္သည္အထိ ရယ္ေနသည္။ ေစာယြန္းက မရပ္။

အျပင္ဘက္မွ လူပ်ိဳေတာ္မ်ားကမူ တၿပိဳင္နက္တည္း သူတို႔၏ စိတ္ထဲတြင္ တိတ္တဆိတ္မွတ္ခ်က္ခ်ၾကသည္။

"အေတာ္ကို ခင္မင္သည့္ မိတ္ေဆြမ်ားျဖစ္ၾကေလသကိုး။"

နန္းေတာ္၏ စာၾကည့္တိုက္တြင္ ျဖစ္သည္။ နႏၵက စာၾကည့္တိုက္ကို ေရာက္ရွိေနၿပီး စာအုပ္ႏွင့္ ေပစာထုပ္အခ်ိဳ႕ကို ယူေနသည့္ သုႏၶ၏ လူပ်ိဳေတာ္တစ္ေယာက္ကို သတိထားမိလိုက္သည္။
နႏၵက ထို လူပ်ိဳေတာ္အနီးကို ေလွ်ာက္သြားသည့္အခါ လူပ်ိဳေတာ္က ကိုယ္ကို ရို႔က်ိဳးစြာ အရိုအေသေပးၿပီး ႏႈတ္ဆက္သည္။

"အကိုေတာ္က ဒါေတြယူလာဖို႔ ေစခိုင္းခဲ့သည္လား?"

"မွန္လွပါ အရွင္မင္းသား ၊ အိမ္ေရွ႕စံက အတိုင္ပင္ခံ ပုဂၢိုလ္ ဖတ္ရန္အတြက္ ေပစာအခ်ိဳ႕ ယူေဆာင္ခိုင္းေၾကာင္းပါ။ "

နႏၵက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လွည့္ထြက္သြားသည္။ ထို႔ေနာက္ စာၾကည့္တိုက္မွ ထြက္လာခဲ့သည္။ လမ္းတစ္ေလွ်ာက္တြင္
မယ္ေတာ္ဖုရား၏ စကားသံမ်ားက နႏၵ၏ အာ႐ုံထဲကို ၾကားေယာင္ေနခဲ့သည္။ ၾကားေယာင္ေနမိသည္။

"သုႏၶကို မယုံေလနဲ႕ သားေတာ္။ သူက ေလာဘ၊မာန မရွိတဲ့အတိုင္း သ႐ုပ္ေဆာင္ေနေပမယ့္ အႀကံႀကီးသူျဖစ္တယ္။ ဉာဏ္ပညာရွိတဲ့ သူစိမ္းတစ္ေယာက္ကို သူ႕အနားမယ္ အၿမဲ ေခၚထားသည္ကို ၾကည့္ပါေလ။ သူတို႔ႏွစ္ဦးက တစ္စုံတစ္ရာကို ပူးေပါင္းႀကံစည္ေနနိုင္တယ္။ သုႏၶသာ နန္းတက္နိုင္ခဲ့ရင္ သားေတာ္ကို မလြဲမေသြ အေဝးတစ္ေနရာကို ႏွင္ထုတ္လိမ့္မယ္။ ဒါေၾကာင့္ သားေတာ္ မယ္ေတာ့္ အစီအစဥ္ အတိုင္းသာ ေဆာင္႐ြက္ပါ။"

နႏၵသည္ ေခါင္းကိုခါလိုက္ရင္းသာ လမ္းကို
ဆက္ေလွ်ာက္၍ နန္းေဆာင္သို႔ ျပန္လာခဲ့သည္။ သို႔ေသာ္ မည္မွ်ပင္ အျပန္ျပန္အလွန္လွန္ စဥ္းစားၾကည့္ေသာ္ျငား မယ္ေတာ္၏ စကားမ်ားက
မမွားေၾကာင္းသာ အေျဖရခဲ့သည္။


လြန္ခဲ့ေသာ ၂၅ႏွစ္ ။ နယ္စြန္နယ္ဖ်ားတစ္ခုရွိ ေက်း႐ြာ တစ္ခုတြင္ျဖစ္သည္။

"ရွင္မေရ က်ဳပ္ သစ္ခုတ္သြားၿပီ။"

"ဟုတ္ၿပီ ေတာ္ေရ ၊ သတိနဲ႕သာ သြားေနာ္။"

သာမာန္ အရပ္သားမ်ားျဖစ္ၾကသည့္ သူတို႔ လင္မယားႏွစ္ဦးမွာ ေအးခ်မ္းစြာပင္ ထို႐ြာေလးတြင္ ေနထိုင္ၾကသည္။ ထိုသူတို႔တြင္သူတို႔ႏွစ္ဦးထံတြင္ သားငယ္ေလး တစ္ဦးလည္း ရွိသည္။
ထိုေန႕က ဖခင္ျဖစ္သူက သစ္ခုတ္သြားခဲ့ၿပီး မိခင္ျဖစ္သူႏွင့္ ကေလးငယ္က အိမ္တြင္ က်န္ခဲ့သည္။
ထိုေန႕ ညေနေစာင္းအခ်ိန္တြင္ သူတို႔၏ ၿခံငယ္ထဲသို႔ လူတစ္ဦးက အလန့္တၾကားေျပးဝင္လာခဲ့သည္။

"မိသြယ္! မိသြယ္ေရ --- "

ထို အမ်ိဳးသမီးက ေခၚသံေၾကာင့္ အိမ္ျပင္သို႔ ထြက္လာခဲ့သည္။

"ဘာျဖစ္လို႔လဲ အကို?"

ၿခံထဲ ဝင္လာသူမွာ အျခားသူမဟုတ္ပဲ မိသြယ္၏ အကို တစ္ဝမ္းကြဲ ျဖစ္သည္။

"နင့္ ေယာက္်ားကို အင္းဝ စစ္ေၾကာင္းက
ဖမ္းသြားၿပီတဲ့ မၾကာခင္ ႐ြာထဲကို ေရာက္လာေတာ့မွာ နင္တို႔လည္း အႏၱရာယ္ ရွိနိုင္တာမို႔ ကေလးကို ေခၚၿပီး ႀကီးေဒၚတို႔အိမ္ကိုသြားၾကရေအာင္ ။"

"ရွင္! ေမာင္ႀကီးက ဘာအျပစ္မ်ား က်ဴးလြန္မိလို႔လဲ?"

"တစ္ဖက္တိုင္းျပည္ကို အင္းဝျပည္နဲ႕သက္ဆိုင္တဲ့ အတြင္းေရးသတင္းေတြ ေပးခဲ့သတဲ့၊ ပုန္ကန္မႈဆိုပဲ ! "

"မျဖစ္နိုင္တာ ! တကယ္ကို မျဖစ္နိုင္တာ! "

မိသြယ္က အလြန္တုန္လႈပ္သြားကာ ေျမႀကီးေပၚ ထိုင္လ်က္သားက်သြားသည္။

"အခ်ိန္မရွိဘူး မိသြယ္၊ ျမန္ျမန္ ဒီေနရာက ထြက္သြားရေအာင္။"

မိသြယ္က မ်က္ရည္မ်ားကို သုတ္ရင္း အကိုျဖစ္သူကို ေမာ့ၾကည့္လိုက္သည္။

"အကို အသြယ့္ကို တစ္ခု ကူညီပါ။ "

"ေနာက္မွ ေျပာ မိသြယ္။ အခု အခ်ိန္မရွိဘူးဟ!"

"သားငယ္ကိုသာ ေခၚသြားေပးပါ ၊ သားငယ္ကို အေမတို႔ဆီ ေရာက္ေအာင္ ပို႔ေပးပါ ။ တျခား
ဘာအေၾကာင္း ကိစၥကိုမွ အေမ တို႔ကို မေျပာပါနဲ႕ ။ သားငယ္ကို အဖိုးအဖြားေတြဆီမွာပဲ အသြယ္ စိတ္ခ်နိဳင္မွာ။ "

"နင္ --- နင္ကေရာ ?"

"အသြယ္ ေစာင့္ၾကည့္ခ်င္ပါေသးတယ္။ ေမာင္ႀကီးက မတရားအစြပ္စြဲခံရေၾကာင္း အျဖစ္မွန္ေပၚရင္ အသြယ္တို႔ အတူျပန္လာခဲ့ပါ့မယ္၊ ေနာ္ အကိုေနာ္။ "

အကိုျဖစ္သူက မိသြယ္၏ ပုခုံးႏွစ္ဖက္ကို
ကိုင္လ်က္ လႈပ္ခါသည္။

"မိသြယ္၊ ဒါ ပုန္ကန္မႈေနာ္။ နင့္သားကို မိမဲ့ဖမဲ့ဘဝ ေရာက္ေစခ်င္တာလား?"

မိသြယ္က ရွိုက္ႀကီးတငင္ငိုလ်က္ ေျပာသည္။

"အသြယ္ သိပါတယ္။ အသြယ္တို႔ႏွစ္ေယာက္လုံး အတူျပန္လာပါ့မယ္။ သားငယ္ကို အမနဲ႕အဘဆီေရာက္ေအာင္သာ ပို႔ေပးပါ။"

"ေကာင္းၿပီ မိသြယ္ အစစအရာရာ ဂ႐ုစိုက္ပါ ။"

အကိုျဖစ္သူက ခဏမွ် သူ၏ ညီမကို ၾကည့္ေနၿပီးေနာက္ ေနာက္ဆုံးတြင္ ဆုံးျဖတ္ခ်ခ်ကာ ကေလးငယ္ကို ခ်ီလ်က္ ထို႐ြာမွ ထြက္သြားခဲ့သည္။

အျဖစ္မွန္မွာ မိသြယ္၏ ခင္ပြန္းျဖစ္သူ
သစ္ခုတ္သြားစဥ္ သတင္းေပးအခ်ိဳ႕စကားေျပာၾကသည္ကို ၾကားသြားခဲ့သည္။ ထိုအခါ သတင္းေပးတို႔က အမႈ မေပၚေပါက္ေစရန္
သူ႕အား သတင္းေပးအျဖစ္ ျပန္လည္ ဉာဏ္ဆင္ခဲ့ျခင္းျဖစ္သည္။

ဘုရင္မင္းျမတ္က ထြက္ေျပးသည္ႏွင့္ သတ္ေစဟု အမိန႔္ေပးခဲ့ရာ သစ္ခုတ္သမားကား ေၾကာက္လန႔္၍ ထြက္ေျပးမိသျဖင့္ ေနရာတြင္ပင္ ရဲမက္မ်ား၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။

ထိုဇာတ္လမ္းကား မတရားေသာ္လည္း မထင္
မရွားျဖင့္သာ ကြယ္ေပ်ာက္သြားခဲ့သည္။

"ဟန္စစ္ -- က်ဳပ္ ဝင္ခဲ့လို႔ရလား?"

အခန္းျပင္မွ ဗညား၏ အသံေၾကာင့္ ဟန္စစ္မင္းက ျပန္လည္ အသံေပးသည္။

"ဝင္ခဲ့ပါ။"

ဗညားက လင္ဗန္းတစ္ခုကို ကိုင္ရင္း အခန္းထဲသို႔ ဝင္လာသည္။

"တစ္ေနကုန္ အခန္းထဲမွာေနေနေတာ့ မုန့္လာပို႔ေပးတာ။"

ဗညားက ေျပာလိုက္ရင္း ဗန္းကို ေဘးက စားပြဲေပၚတင္လိုက္သည္။

"ေက်းဇူးပါ။ "

ဟန္စစ္မင္းက အားတုံ႕အားနာ ျပန္ေျဖသည္။
ဗညားက စိတ္ေရာကိုယ္ပါႏွစ္၍ ရိုးသားပြင့္လင္းစြာ ေျပာဆိုဆက္ဆံတတ္သည္။ ဟန္စစ္မင္းက အိမ္တြင္ ဧည့္သည္အျဖစ္ ေနထိုင္ေစေသာ္ျငား
ဗညားက ဒဏ္ရာ သက္သာေစရန္ လႈပ္လႈပ္ရွားရွားအလုပ္လုပ္ခ်င္သည္ဟုဆိုကာ ဟန္စစ္မင္း အိမ္တြင္ မရွိသည္ႏွင့္ အိမ္ေတာ္တြင္ ထင္းခြဲ၊ေရထမ္းသည္မွအစ အလုပ္မ်ိဳးစုံကို လုပ္ကိုင္သည္။ ဟန္စစ္မင္းက သိရွိသြားသည့္အခါ မည္သူ႕ကို
ဆူေငါက္ရမည္မွန္းမသိေတာ့ပဲ ေနာက္ဆုံးတြင္ လက္ေလ်ာ့လိုက္ရသည္။

"ဟန္စစ္။"

"အင္း။"

"က်ဳပ္ ခဏ စကားေျပာလို႔ရမလား?"

"ေျပာပါ။ "

ဗညားက ခုံတစ္လုံးကိုယူကာ ကုတင္စြန္းတြင္ထိုင္ေနသည့္ ဟန္စစ္မင္း၏ အေရွ႕တြင္ ထိုင္လိုက္သည္။

"က်ဳပ္ရဲ႕ ဒဏ္ရာေတြအကုန္ ေပ်ာက္သြားခဲ့ၿပီ ။ လူလည္း ေနေကာင္းလာၿပီမို႔ အလုပ္ေတြလည္း လုပ္နိုင္ေနၿပီ ။ ဟန္စစ္အတြက္ က်ဳပ္လုပ္ေပးနိုင္တာမ်ိဳး ရွိရင္ေျပာပါ ။"

"တကယ္ ဘာမဆို လုပ္ေပးမွာလား?"

မထင္မွတ္ထားသည့္ စကားေၾကာင့္ ဗညားက အနည္းငယ္ ပုခုံးတြန႔္သြားသည္။

"အင္း ဘာမဆိုလုပ္ေပးမယ္ ၊ က်ဳပ္အသက္ကိုေတာင္ ေပးဝံ့တာမို႔ --- "

"ေသေအာင္ေတာ့ မလုပ္ပါဘူး။ "

ဟန္စစ္မင္းက ဗညား၏ စကားကို ဆုံးသည္အထိ မေစာင့္ပဲ ျဖတ္ေျပာသည္။

"အသက္မေသေအာင္ေတာင္ ကယ္ခဲ့ေသးတာပဲ။ ထပ္ၿပီး ေသေအာင္မလုပ္ပါဘူး ။ ဒီအတိုင္း ကျွန်ုပ် ယုံၾကည္စိတ္ခ်ရတဲ့ သူမ်ိဳးပဲ လိုခ်င္တာပ။ "

"က်ဳပ္ ကို စိတ္ခ်ပါ ။ "

"ဗညားကို က်ဳပ္ယုံပါတယ္ "

ဟန္စစ္မင္းက ေျပာရင္းႏွင့္ အနည္းငယ္
ၿပဳံးလိုက္သျဖင့္ ဗညား၏ မ်က္ခုံးတစ္ဖက္က အနည္းငယ္မွ် တြန႔္သြားသည္။

" က်ဳပ္ကို ခြင့္ျပဳပါဦး။ "

ဗညားက ထရန္ဟန္ျပင္လိုက္သည္။

"က်ဳပ္တစ္ေယာက္တည္းစားရတာ ေနသားမက်ေတာ့ဘူး။ "

ဟန္စစ္မင္းက မုန့္ပန္းကန္ကို ၾကည့္ရင္းေျပာသည္။

"ေဘးက ထိုင္ေနေပးမယ္။"

"ဘယ္လိုလုပ္ ၿမိဳက်မွာလဲ? "

ဟန္စစ္မင္းေျပာေတာ့ ဗညားက ရယ္သည္။

"ဒါျဖင့္ အတူတူစားၾကတာေပါ့။ "

"ဟုတ္ၿပီ။"

"ဗညား --"

ဟန္စစ္မင္းက မုန့္တစ္ခုကို ယူလိုက္ရင္း ေျပာသည္။

"ညေနက်ရင္ ကျွန်ုပ်နဲ့တစ်နေရာကို သြားၾကရေအာင္။ "

"ေကာင္းၿပီ က်ဳပ္အဆင္သင့္ျပင္ထားလိုက္မယ္။"

ဗညားက မိမိ၏ ဆိုလိုရင္းကို သေဘာေပါက္သည္မို႔ ဟန္စစ္မင္းက ၿပဳံးလွ်က္ ေခါင္းကို
ညိတ္ျပသည္။

"မင္းသား သီဟ အခစားဝင္ေရာက္ေၾကာင္းပါ။ "

နန္းေဆာင္အျပင္မွ လူပ်ိဳေတာ္၏ သတင္းပို႔မႈေၾကာင့္ သုႏၶႏွင့္ လက္မအနည္းငယ္သာ
ျခားသည့္ေနရာတြင္ စာဖတ္ေနသည့္ ေစာယြန္းက ခုံကို အလ်င္အျမန္မ၍ ခပ္လွမ္းလွမ္းသို႔
ေ႐ႊ႕လိုက္ၿပီး မတ္တပ္ထရပ္လိုက္သည္။ သီဟက ဝင္ခြင့္ရသည့္အခါ လက္ထဲတြင္ ေ႐ႊေရး ယြန္းဘူးတစ္ဘူးကို ကိုင္လ်က္ အထဲသို႔ဝင္လာသည္။ သုႏၶအား အရိုအေသေပးၿပီးေနာက္
ေစာယြန္းက သူ႕ကို ျပန္လည္ အရိုအေသေပးသျဖင့္ သီဟက ၿပဳံး၍ ေခါင္းညိတ္လိုက္သည္။

"အကိုေတာ္ကို အားက်လိဳက္တာ ၊ ေဘးမွာ အေဖာ္နဲ႕ဆိုေတာ့ ပ်င္းရိမွာမဟုတ္ဘူး။"

ေစာယြန္းကို အနည္းငယ္ ေမးေငါ့ျပကာ စေနာက္သည္။

"ဒီလိုဆို ညီေတာ္လည္း အတိုင္ပင္ခံ
တစ္ေယာက္ ခန့္လိုက္ပါလား?"

သုႏၶ၏ စကားေၾကာင့္ သီဟက ရယ္ေမာလိုက္ၿပီး ထိုင္ခုံတြင္ ဝင္ထိုင္သည္။

"ခန့္ခ်င္ေပမယ့္ ေနာင္ႀကီးေစာယြန္းလို လူမ်ိဳးမွ မရွိတာပ ၊ အကိုေတာ္ရွာေပးမလား?"

သီဟက ထိုသို႔ေျပာသည့္အခါ သုံးေယာက္သား ၿပိဳင္တူ ရယ္မိၾကသည္။

"ဒါနဲ႕ ဘာအေၾကာင္းကိစၥရွိလို႔လဲ?"

သီဟက ခုံကို ေက်ာမွီကာ ထိုင္လိုက္ၿပီး
ေစာယြန္းကို ၾကည့္သည္။

"ေနာင္ႀကီးေစာယြန္းထံ အလည္လာတယ္ပဲ ေျပာရမွာပဲ။ ေက်ာင္းေတာ္မွာ တူတူပညာသင္ခဲ့ဖူးတဲ့ သံေယာဇဥ္က ရွိေသးတယ္ေလ။ "

"ညီေတာ္က အတိုင္ပင္ခံကို အတိုင္ပင္ခံလို႔မေခၚပဲ ေနာင္ႀကီးလို႔ သုံးႏႈန္းေနတာ အျပင္လူေတြ
မသိေစနဲ႕၊ေတာ္ၾကာ ပီအိုက္က မင္းသားေတြနဲ႕ ရင္းႏွီးတယ္ဆိုၿပီး အျမင္ေစာင္းခံရလိမ့္မယ္။ "

သီဟက အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေစာယြန္း၏ လက္ကို ယူကာ သူ၏ လက္ႏွစ္ဖက္ျဖင့္ ေပြ႕ဖက္လိုက္သည္။

"အကိုေတာ္ကလည္း . .ကျွန်ုပ်က
ေနာင္ႀကီးေစာယြန္းကို အကိုအရင္းတစ္ေယာက္လို ခ်စ္ခင္တာမို႔ အေျပာအဆို မခံပါဘူး။
အကိုေတာ္ေတာင္မွ ကျွန်ုပ်တို့ချည်းပဲ ရွိေနရင္
ပီအိုက္-ေနာင့္စိုင္းဆိုၿပီး သုံးႏႈန္းေနတာပဲ။ ကျွန်ုပ်လည်း အျခားလူေတြမရွိခ်ိန္မွာ ေနာင္ႀကီးလို႔ ေခၚခ်င္တာေပါ့။"

သုႏၶက ဟုတ္ပါၿပီဟု ေျပာေနသေယာင္ မ်က္လုံးမွိတ္ကာ ေခါင္းညိတ္ျပသျဖင့္ သီဟက သြားမ်ားေပၚသည္အထိ ၿပဳံးျပသည္။

သီဟကား ၁၆ ႏွစ္သာ ရွိေသးၿပီး ရင့္က်က္သည့္ မင္းသားတစ္ပါးျဖစ္ေသာ္ျငား ကေလးစိတ္က အနည္းအက်ဥ္းမွ် က်န္ေနေသးသည္။ ေစာယြန္းက သီဟ၏ လက္ေမာင္းကို ခပ္ဖြဖြ ပုတ္ၿပီးေနာက္ လက္ထဲမွ ေသတၱာကို ၾကည့္မိသည္။ ထိုအခါ သီဟက ေစာယြန္း၏ လက္ကို လႊတ္ေပးၿပီး ဆိုသည္။

"ဒါက ေနာင္ႀကီး ေစာယြန္းအတြက္ လက္ေဆာင္။"

သီဟက ေစာယြန္းလက္ထဲ ယြန္းဗူးေလး ထည့္ေပးရင္း ေျပာသည္။

"ဘာမ်ားလဲ?"

ေစာယြန္းက ဗူးကို ယူလိုက္ရင္း ေျပာသည္။

"နန္းတြင္း စားဖိုေဆာင္မွာ မုန႔္၊အခ်ိဳပြဲနဲ႕ ပတ္သက္ရင္ အထူးခြၽန္ဆုံး စားေတာ္ကဲႀကီး ကိုယ္တိုင္ ျပဳလုပ္ထားတဲ့ မုန႔္ေတြပါ။ ေနာင္ႀကီးက ဦးႏွောက္အလုပ္လုပ္ရရင္ ခ်ိဳတဲ့စားစရာကို စားရတာ ႀကိဳက္တယ္ဟုတ္? "

ေစာယြန္းက ေခါင္းညိတ္ကာ သီဟကို ၿပဳံးျပသည္။

"ေက်းဇူးႀကီးမားလွပါတယ္ အရွင့္သား၊ ေကာင္းေကာင္းစားပါ့မယ္။"

"ကျွန်ုပ်ကိုလည်း ညီငယ္လို႔ပဲ ေခၚပါေနာ္၊ ေနာ္ေနာ္။"

သုႏၶက ထိုင္ရာမွအနည္းငယ္ ထကာ အေရွ႕သို႔ ကိုင္း၍ သီဟ၏ နဖူးကို လက္ညိုးျဖင့္ အသာတြန္းလိုက္သည္။

"ကေလးလား? ကေလးဆိုရင္ အကိုေတာ္ရဲ႕ သူငယ္ေတာ္အျဖစ္ လာအမႈထမ္းပါလား?"

သီဟက သုႏၶ၏ လက္ညိုးကို ကိုက္ခ်င္သည့္အလား သြားကို တင္းတင္းေစ့ျပသည္။
ေစာယြန္း၏ မ်က္လုံးထဲတြင္ သူတို႔ႏွစ္ေယာက္က ေတာက္ေျပာင္သားနားေသသပ္စြာ ဝတ္စားထားေသာ္ျငား သာမန္ ညီအကိုမ်ားကဲ့သို႔
စေနာက္ေနၾကသျဖင့္ သူတို႔ကို ကေလးမ်ားဟု ျမင္မိၿပီး ရယ္မိသည္။

သီဟ၏ အၾကည့္မ်ားက ေစာယြန္းထံသို႔ ေရာက္သြားၿပီးေနာက္ သူပါ ၿပဳံးမိသြားၿပီး တဖန္
စာဖတ္ခန္း၏ နံရံတြင္ ခ်ိတ္ထားသည့္ ပန္းခ်ီကားေပၚသို႔ ေရာက္သြားသည္။

"အိုး အေတာ္လက္ရာေျမာက္တဲ့ပန္းခ်ီကားပဲ ၊
အကိုေတာ္ ၊ ဒါကို ဘယ္ပညာရွင္ဆီမွာ အပ္တာလဲ?"

သီဟက ပန္းခ်ီကားကို ၾကည့္ရင္း သေဘာက်စြာ ေျပာသည္။

"ပီအိုက္ဆြဲေပးတာေလ။"

သီဟက အံ့ၾသသြားကာ ေစာယြန္းကို ၾကည့္သည္။

"ေနာင္ႀကီး ေစာယြန္းက ပန္းခ်ီပညာအထိ ကြၽမ္းက်င္တာလား?"

ေစာယြန္းက ေခါင္းညိတ္ရင္းသာ ရယ္ျပသည္။

"တကယ္ပဲ အကိုေတာ္ကို မနာလိုျဖစ္မိေတာ့မွာပ။"

"ပီအိုက္က ကျွန်ုပ်တစ်ယောက်ထဲကိုပဲ ဆြဲေပးထားတာပ။ "

သုႏၶ စကားၾကားေတာ့ ေစာယြန္းႏွင့္ သီဟက ႀကိတ္ရယ္သည္။ သီဟက ေျပာသည္။

"ကျွန်ုပ် သိပါတယ္ အကိုေတာ္ ၊
ေနာင္ႀကီးေစာယြန္းကို မဆြဲခိုင္းပါဘူး ။ဒါေပမယ့္ တကယ္ ခ်ီးက်ဴးမိတယ္ ၊ ပန္းခ်ီကားက တကယ္ အသက္ဝင္တာပဲ ။၊ အင္းဝရဲ႕
အေတာ္ဆုံး ပန္းခ်ီပညာရွင္ေတာင္ ဒီေလာက္
ဆြဲနိုင္မယ္မထင္ဘူး "

"အဲဒီေလာက္လည္း မဟုတ္ရပါဘူး။"

ေစာယြန္းက ဂုတ္ပိုးကို လက္ျဖင့္ပြတ္ရင္း ေျပာသည္။

သီဟက ပန္းခ်ီကားကို အေတာ္ၾကာ ၾကည့္ေနၿပီးေနာက္ ခဏအၾကာတြင္ သုႏၶႏွင့္ ေစာယြန္းကို ႏႈတ္ဆက္ကာ ျပန္သြားခဲ့သည္။


သို႔ႏွင့္အခ်ိန္စက္ဝန္း၏ လည္ပတ္မႈေၾကာင့္ ညေနသို႔ ေရာက္လာသည္။ ညတာရွည္သည့္ ေဆာင္းရာသီျဖစ္သည့္အေလ်ာက္ အေမွာင္ထုက လ်င္ျမန္စြာ ႀကီးစိုးလာၿပီး သဘာ၀ အလင္းေရာင္က ကြယ္ေပ်ာက္သြားသျဖင့္
အင္းဝျပည္ကား လူဖန္တီးေသာ မီးအလင္းကို အားကိုးရန္ ဟန္ျပင္ၾကရေတာ့သည္။

ဟန္စစ္မင္းက ျမင္း၏ ေဘးတြင္ ရပ္လ်က္ ေစာင့္ဆိုင္းေနသျဖင့္ ဗညားက ခပ္သုတ္သုတ္ ေလွ်ာက္လာသည္။ ထို႔ေနာက္ ျမင္းကိုယ္စီျဖင့္ ၿမိဳ႕အစြန္ဘက္သို႔ ထြက္လာခဲ့သည္။

အင္းဝၿမိဳ႕၏ အစြန္အဖ်ားပိုင္းသို႔ ေရာက္ေလေလ လူေနအိမ္လည္း တေျဖးေျဖးက်ဲလာသည္။ ေမွာင္လာသည္ႏွင့္အမွ် လမ္းတြင္ပင္ လူသြားလူလာ မရွိေတာ့ပဲ ဟန္စစ္မင္းတို႔
ႏွစ္ေယာက္ထဲသာ ရွိသည္။ ထို႔ေနာက္
ခပ္လွမ္းလွမ္းတြင္ အိမ္ငယ္တစ္လုံးကို ေတြ႕ရၿပီး မီးအလင္းေရာင္ကိုပါ ျမင္ရသည္။ ဟန္စစ္မင္းက ထိုအိမ္ကို ဦးတည္လိုက္သည္။

ၿခံဝတြင္ အေစာင့္အခ်ိဳ႕ ရွိၿပီး ဟန္စစ္မင္းကို ျမင္သည္ႏွင့္ အရိုေသေပးၾကသည္။ ဗညားက ဟန္စစ္မင္း၏ ေနာက္မွ ႏႈတ္ဆိတ္ကာ လိုက္လာခဲ့သည္။

အထဲတြင္ သတ္လတ္ပိုင္း အမ်ိဳးသားႀကီးတစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ႏွင့္ လူငယ္တစ္ဦးတို႔က ေရာက္ႏွင့္ေနၿပီး ဟန္စစ္မင္းက အမ်ိဳးသမီးျဖစ္သူႏွင့္ လူငယ္ေလးထံ အရိုအေသေပးသည္။ ထို႔ေနာက္ ခုံတြင္ထိုင္လိုက္ၾကသည္။

ဗညားကို ေတြ႕သည့္အခါ ထိုအမ်ိဳးသမီးက တစ္ခ်က္ၾကည့္လိုက္ၿပီး ခ်က္ခ်င္း
ဟန္စစ္မင္းဘက္သို႔ လွည့္ကာ ၿပဳံးလိုက္သည္။

"စစ္သူႀကီးက မွန္ကန္တဲ့ ဆုံျဖတ္ခ်က္ကို ခ်လိဳက္တာပါပဲ"

"မွန္လွပါ။ "

"အခုအခ်ိန္ကစၿပီး ကျွန်ုပ်တို့က တစ္ဖက္တည္းက လူေတြျဖစ္သြားပါၿပီ။ ေနာက္ျပန္လွည့္ခြင့္
မရွိေတာ့မွန္း စစ္သူႀကီး သိပါေလစ?"

"ကြၽန္ေတာ္မ်ိဳးက တစ္ဦးတစ္ေယာက္ရဲ႕
ဖိတ္ေခၚမႈေၾကာင့္မဟုတ္ပဲ မိဘႏွစ္ပါးအတြက္သာ ဒီေနရာကို လာေရာက္ခဲ့ျခင္းျဖစ္ပါတယ္။ အျခားလူတစ္ေယာက္ရဲ႕ အက်ိဳးကို ေဆာင္ၾကဥ္းေပးဖို႔ လာေရာက္ခဲ့တာမဟုတ္ပါဘူး။ ဒါကို မိဖုရားႀကီးနဲ႕ အတြင္းဝန္သာလွ်င္ အသိဆုံးမဟုတ္ပါလား ? "

ေျမာက္နန္းမိဖုရားတစ္ျဖစ္လဲ ထိုအမ်ိဳးသမီး၏ မ်က္ႏွာတြင္ အၿပဳံးက ကြယ္ေပ်ာက္သြားၿပီး မ်က္ႏွာထား အနည္းငယ္ တင္းမာလာသည္။
သူ၏ အဓိက ရည္႐ြယ္ခ်က္မွာ ဟန္စစ္မင္းကို ယနႏၵအေပၚတြင္ သစၥာေစာင့္သီေစလိုျခင္း ျဖစ္သည္။

သို႔ေသာ္ အႀကံအစည္ကား အျပည့္အဝ
မေအာင္ျမင္ခဲ့ေပ။

"ေနာက္တစ္ပတ္ အဂၤါေန႕မယ္ အိမ္ေရွ႕စံႏွင့္အတူ မင္းညီမင္းသားေတြ ေတာကစားထြက္ၾကလိမ့္မယ္။ အဲ့ဒီအခ်ိန္က ကျွန်ုပ်တို့အတွက် အခြင့္အေရးပဲ။ "

ဗညားက တံေတြးအနည္းငယ္ ၿမိဳခ်မိၿပီး အေရွ႕မွ ဟန္စစ္မင္း၏ ေနာက္ေက်ာျပင္ကို ၾကည့္ေနမိသည္။ ဟန္စစ္မင္းကမူ တိတ္ဆိတ္ေနသည္။

" စစ္သူႀကီးရဲ႕ ပထမဆုံးတာဝန္က အမွားအယြင္းမရွိ၊သက္ေသမက်န္ေစဖို႔ စီစဥ္ရမွာျဖစ္တယ္။ "

ဟန္စစ္မင္းက မ်က္ခုံးတစ္ဖက္ပင့္ကာ
ေခါင္းၫႊတ္၍ ေမးသည္။

"အိမ္ေရွ႕စံက ပစ္မွတ္ဆိုလွ်င္ သူ ဘိသိက္မခံခင္ အင္းဝျပည္နဲ႕ အလွမ္းကြာတဲ့ သႏၷီမွာ ဘာေၾကာင့္ မလုပ္ႀကံခဲ့ရတာပါလဲ? "

ေျမာက္နန္းမိဖုရားက ေကြးၫြတ္တက္လာသည့္ ႏႈတ္ခမ္းကို လက္ေခ်ာင္းမ်ားျဖင့္ ကာလိုက္သည္။

"သႏၷီအေၾကာင္း ကျွန်ုပ်အသိဆုံးဖြစ်တယ်။ သႏၷီက ကျွန်ုပ်ရဲ့ ေမြးရပ္ေျမျဖစ္တဲ့အျပင္ ကျွန်ုပ်ကို သစၥာခံသူေတြ ေျခခ်င္းလိမ္ေနတဲ့ ေနရာလည္းျဖစ္တယ္။ သို႔ေပမယ့္ ဆရာႀကီးနဲ႕ သူ႕ရဲ႕ တပည့္တပန္းေတြကေတာ့ ကျွန်ုပ်အပေါ် သစၥာမခံၾကေပဘူး။ ဒီလိုေနရာမွာ သုႏၶသာ ေသဆုံးသြားခဲ့ရင္ အရင္ဆုံးသူကိုယ္တိုင္ အမႈစစ္ေဆးတဲ့အခါ တရားခံကို ခ်က္ခ်င္း ေဖာ္ထုတ္နိုင္လိမ့္မယ္။ တရားခံကို ခ်က္ခ်င္း မေဖာ္ထုတ္နိုင္ရင္ေတာင္ ကျွန်ုပ်နဲ့ ပက္သတ္ေနတယ္လို႔ ေကာက္ခ်က္ခ်နိဳင္လိမ့္မယ္။ "

ေျမာက္နန္းမိဖုရားက စားပြဲေပၚတြင္ တင့္တယ္စြာ လက္ကို တင္လ်က္ ေမးေထာက္လိုက္သည္။
သူကား ငယ္႐ြယ္ႏုပ်ိဳဆဲျဖစ္ၿပီး အလြန္လွပရကား အဆိပ္ျပင္းသည့္ ေႁမြေဟာက္တစ္ေကာင္ႏွင့္ တူေနသည္။

"အႏၱရာယ္မ်ားတဲ့ ေနရာထက္ လုံၿခဳံတဲ့ေနရာမွာ အလုပ္ႀကံခံရတဲ့အခါ သံသယအဝင္ခံရမယ့္ လူရွိပါ့မလား ? နႏၵသည္လည္း အမွန္တကယ္ တိုက္ခိုက္ရင္း ဒဏ္ရာအနာတရ ျဖစ္ရလိမ့္မယ္။ သို႔ေပမယ့္ သုႏၶကေတာ့ ေသကိုေသရလိမ့္မယ္။"

သူတို႔ အေတာ္ၾကာေဆြးႏြေးၾကၿပီးေနာက္ ေမွာင္ရိပ္ခိုကာ လမ္းခြဲ၍ ျပန္ခဲ့ၾကသည္။ လမ္းတြင္ ဗညားက ႏႈတ္ဆိတ္ေနၿပီး
ႏွစ္ေယာက္လုံးက စကားမစၾကေပ။ အခ်ိန္အတန္ၾကာ ျမင္းစီးလာၿပီးေနာက္ ဟန္စစ္မင္း၏ အိမ္ေရွ႕သို႔ေရာက္လာခဲ့ၾကသည္။

"ဒီညအတြက္ ေက်းဇူးပါ။ "

ဟန္စစ္က ျမင္းေပၚမွ ဆင္းလိုက္ရင္း ေျပာသည္။

"မဟုတ္တာ၊ ရပါတယ္ ။"

ဟန္စစ္မင္းက ဗညားကို ၾကည့္လိုက္ရင္း တစ္ဖက္သို႔ လွည့္သြားသည္။ ထို႔ေနာက္ ျမင္းကို သိမ္းကာ အိမ္ထဲ ဝင္သြားခဲ့သည္။

ဗညားကမူ အိမ္ထဲ မဝင္ေသးပဲ ၿခံထဲတြင္ ခဏ ထိုင္ေနမိသည္။ သူတို႔ အေတာ္ၾကာေဆြးႏြေးၾကၿပီးေနာက္ ေမွာင္ရိပ္ခိုကာ လမ္းခြဲ၍ ျပန္ခဲ့ၾကသည္။ အင္းဝျပည္၏ အရႈပ္ေတာ္ပုံကို သူ ေတြးေနမိသည္။ အိမ္ေရွ႕စံကို သတ္ျဖတ္လိုသည့္ မိဖုရားတစ္ပါး၊ ထို႔ေနာက္ ဘုရင္ႏွင့္ အနီးကပ္ဆုံး ရာထူးမွ အတြင္းဝန္၊ ေနာက္ဆုံးတြင္ မိခင္က အတင္းအဓမၼဆြဲေခၚလာျခင္းကို ခံရသည့္ႏွယ္ တစ္ခ်ိန္လုံး စကားမေျပာပဲ တိတ္ဆိတ္ေနသည့္ မင္းသားငယ္။ ဟန္စစ္မင္းကား အင္းဝျပည္အတြက္ အသက္ကိုပင္ ေပးနိုင္သည့္ စစ္သူႀကီးျဖစ္ရာ ဤသို႔ေသာ ေၾကာက္မက္ဖြယ္ လုပ္ႀကံမႈတြင္ ပါဝင္ေစရန္ တစ္ခုခုႏွင့္ ျမႇားေခၚခဲ့ျခင္းျဖစ္မည္ဟု ဗညားေတြးမိသည္။

မိဘမ်ား၊ မိဘႏွင့္ပက္သတ္သည့္ ကိစၥျဖစ္ေၾကာင္း ဗညား ရိပ္စားမိေသာ္ျငား ဟန္စစ္မင္းက မိဘမဲ့တစ္ေယာက္မွန္း သူသိထားသည္။

ဗညားက ဟန္စစ္မင္းအား ကူညီရန္ ဆုံးျဖတ္ထားေသာ္ျငား ယခုကိစၥက ထင္သေလာက္ မရိုးရွင္းသျဖင့္ အေျခအေနကို ေစာင့္ၾကည့္ကာ ေျပးေပါက္ကို ႀကိဳတင္ ရွာထားရန္ ေတြးမိျပန္သည္။ ဟန္စစ္မင္းကိုေတာ့ ထိုအရႈပ္ေတာ္ပုံထဲမွ ရေအာင္ ဆြဲထုတ္ရမည္ဟု ဗညားက ဆုံးျဖတ္ခ်က္ခ်သည္။

ဟန္စစ္မင္းကား အခန္း ျပတင္ေပါက္မွ ၿခံထဲသို႔ၾကည့္မိရာ ၿခံထဲတြင္ ထိုင္ေနေသာ ဗညားကို ေတြ႕သည္။ ထိုစဥ္ ဗညားက သတိထားမိကာ
လွည့္ၾကည့္လာေသာေၾကာင့္ ဟန္စစ္မင္းက
အၾကည့္လႊဲကာ ျပတင္းေပါက္ကို ပိတ္လိုက္သည္။ ဗညားက ၿပဳံးလိုက္ၿပီး ေကာင္းကင္ကိုသာ ေမာ့ၾကည့္လိုက္သည္။

Continue Reading

You'll Also Like

87.3K 5.7K 32
ကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်...
498K 50.4K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
151K 14.6K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။