နောက်တစ်နေ့မနက်
hyungwonအိပ်ယာကနိုးလာတော့အရင်နေ့တွေကနဲ့မတူပဲ နေလို့ကောင်းနေတယ် ပြီးတော့မှသူ့လက္မှာချည်ထားတဲ့ကြိုးတွေမရှိတော့တာ သိလိုက်ရတယ်
"ဟင်! ငါ့ကိုကြိုးဘယ်သူဖြည်ပေးလိုက်တာလဲ Minhyukလား? ဒါမှမဟုတ် yoonလား?"
ဒေါက်* ဒေါက်* ဒေါက်*
"၀င်ခဲ့"
"အကိုလေး အကိုလေးminhyukမရှိဘူးလား"
"ဒီမှာတော့မရှိဘူး ကျွန်တော်လဲအခုမှနိုးတာ "
"ဟုတ် အပြင်ထွက်သွားတယ်ထင်တယ် ဒါဆို ခွင့်ပြုပါဦး"
"နေဦး!"
"...."
"မင်းလက်ထဲကဘာလဲ"
"ဘာ..ဘာမှမဟုတ်ပါဘူး ရိုးရိုးသတင်းစာပါ"
yoonပုံစံကပုံမှန်မဟုတ် အခန်းထဲ၀င်လာကတည်းကတစ်ခုခုကိုစိုးရိမ်နေတဲ့ပုံစံဆိုတော့ hyungwonမသင်္ကာဖြစ်သွားတယ်
"ငါကြည့်လို့ရမလား"
"ဟို..."
yoonတွေ၀ေနတုန်းမှာပဲ hyungwon yoonလက်ထဲကသတင်းစာကိုဆွဲယူလိုက်တယ်
"သွားလို့ရပြီ"
"ရှင်! မဟုတ်ဘူး အကိုလေး ဟိုဟာ"
"ဘာဖြစ်လို့လဲ ငါလဲသတင်းစာဖတ်ချင်လို့လေ ငါဖတ်ပြီးရင်မင်းကိုလာပြန်ပေးမှာမို့လို့ အခုအခန်းထဲကထွက်သွားပေးလို့ရမလား"
မတက်နိုင်တဲ့အဆုံးyoonလည်းအခန်းထဲကထွက်လာလိုက်ရတယ်။
yoonအခန်းအပြင်ရောက်တော့ minhyukဆီချက်ချင်းဖုန်းဆက်ပြီး အကြောင်းစုံရှင်းပြလိုက်တယ်။
"ဘာ!! မင်းကဘာလို့ရအောင်မတားပဲဒီအတိုင်းပေးလိုက်ရတာလဲ ကျစ်* အေး ငါအခုချက်ချင်းပြန်လာခဲ့မယ်"
yoonဆီကအကြောင်းစုံသိရတာနဲ့minhyukအလုပ်ကိစ္စတွေအကုန်ပစ်ထားခဲ့ပြီးအိမ်ကိုအမြန်ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့ချက်ချင်းပဲအပေါ်တက်သွားပြီး hyungwonရှိနေတဲ့အခန်းထဲ၀င်သွားလိုက်တယ် စိတ်ပူနေတာမို့လို့အခန်းတံခါးတောင်မခေါက္မိ
"Hyungwon!!"
ကြည့်လိုက်တော့ကုတင်ပေါ်မှာထိုင်နေတဲ့hyungwon သူ့ဘေးမှာတော့ စုတ်ဖြဲထားတဲ့သတင်းစာစက္ကူတွေ ကျောပေးပြီးထိုင်နေလို့မျက်နှာကိုမမြင်ရပေမဲ့ တဆက်ဆက်တုန်နေတဲ့ခန္ဓာကိုယ်ကြောင့် ငိုနေတယ်ဆိုတာသိလိုက်တယ်။
"Hyungwon ah..."
"ထွက်သွား"
"hyungwon ငါပြောတာနားထောင်ပါဦး"
"မင်းကိုထွက်သွားလို့ပြောနေတယ် ငါမင်းမျက်နှာမမြင်ချင်ဘူး!!!"
"hyungwon ငါ..."
"မင်းပျော်တယ်မဟုတ်လား မင်းကဒီလိုမျိုးဖြစ်စေချင်နေတာမဟုတ်လား ဟမ် အခုမင်းပျော်လို့ရပြီ ငါ့အမေကငါ့ကိုသားအဖြစ်ကအမွေဖြတ်စွန့်လွှတ်လိုက်ပြီ မင်းပျော်လို့ရပြီ"
"hyungwon..."
"ငါ့အမေကငါ့ကိုအထင်လွဲသွားပြီ ငါ့မှာရှင်းပြဖို့အခွင့်အရေးတောင်မရှိတော့ဘူး အဲ့တာမင်းကြောင့် မင်းလုပ်လို့ဒါတွေဖြစ်ရတာ ငါ့ဘ၀ကိုဖျက်စီးတာမင်း မုန်းတယ် ငါမင်းကိုအရမ်းမုန်းတယ်"
"hyungwonစိတ်ကိုအေးအေးထားပါ ငါပြောတာကိုနားထောင်ပါဦး"
"ဘာမှမပြောနဲ့မကြားချင်ဘူး"
"ငါအရမ်းပင်ပန်းနေပြီ ဒီလိုဘ၀မျိုးကြီးမှာရှင်သန်နေရတာပင်ပန်းနေပြီ အရုပ်တစ်ရုပ်လိုထိန်းချုပ်ခံနေရတာ...ငါ့ကိုငါလဲစိတ်ပျက်လာပြီ အဲ့တော့..."
hyungwonသူ့ဘေးနားကခုံပေါ်မှာရှိနေတဲ့ ဖန်ခွက်ကိုရိုက်ခွဲလိုက်ပြီး ဖန်ကွဲစတစ်ခုကိုယူကာသူ့လက်ကောက်ဝတ်လှီးမလို့လုပ်လိုက်တယ်
"Hyungwon မလုပ်နဲ့!!!အဲ့တာကိုချထားလိုက်"
"ငါအသက်ဆက္မရှင်ချင်တော့ဘူး အရုပ်တစ်ရုပ်လိုထိန်းချုပ်ခံနေရတဲ့ဘ၀ကြီးကိုမုန်းတယ်"
"Hyungwonငါတောင်းပန်ပါတယ် မလုပ်ပါနဲ့"
"ငါ့နားကိုမလာနဲ့နော်!!!"
"Hyungwonအဲ့လိုစိတ်လိုက္မာန်ပါမလုပ်ပါနဲ့ မင်းအမေကိုငါကိုယ်တိုင်သွားရှင်းပြပေးပါ့မယ် ငါတို့သေချာပြောပြလိုက်ရင်ဒီကိစ္စတွေပြန်ပြေလည်သွားမှာ လက်ထဲကဖန်ကွဲစကိုချထားလိုက်ပါ ငါတောင်းပန်ပါတယ်"
"ဟင့်အင်း ငါ့အမေအကြောင်းငါသိတယ် သူငါ့ကိုခွင့်လွှတ်ပေးမှာမဟုတ်တော့ဘူး"
"ငါရအောင်ရှင်းပြပေးပါ့မယ်hyungwonရယ် ငါဒူးထောက်ပြီးတောင်းပန်ဆိုလဲတောင်းပန်ပေးပါ့မယ်"
အသိစိတ်လွတ်နေတဲ့hyungwonက ဘယ်လိုမှဖျောင်းဖျ၍မရ
"ငါ့ကိုလွတ်လပ်ခွင့်ပေးပါ Minhyuk ah....ငါတကယ်ပင်ပန်းနေပြီ အသက်ဆက်ရှင်နေရင်ပိုပြီးပင်ပန်းရမှာ အဲ့တော့ဒီလမ်းကငါ့အတွက်အကောင်းဆုံးလမ်းပဲ..."
hyungwonဘာမှဆက္မစဉ္းစားတော့ပဲ မျက်လုံးစုံမှိတ်ကာသူ့လက်ကောက်၀တ်ကိုသူ ဖန်ကွဲစဖြင့်လှီးချလိုက်သည်။
"Hyungwon!!!!"
~~~~~~~~~~~~~~~~~~~~~ဆက်ရန်
HE or SE 🙄🙄🙄🙄
ဒီနေ့အပိုင်းကတော့ေတာ်ေတာ်တိုသွားတယ်။
ဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်🥰