သူမလည္း အခုဆို ေဆး႐ုံကဆင္းလို႔ အိမ္မွာပင္နားနားေနေန ေနျဖစ္ေနသည္။ သူမ ေဆး႐ုံဆင္းၿပီးကတည္းက Jennie နဲ႕မေတြ႕ျဖစ္ေတာ့။
တစ္ေယာက္နဲ႕တစ္ေယာက္ အဆက္အသြယ္လည္းမလုပ္ျဖစ္ၾက။ ေနာင္ရက္အနည္းငယ္ေလာက္ဆ္ို သူမလည္း အလုပ္ျပန္ဆင္းေတာ့မည္။
ကံေကာင္းသည္ေျပာရမည္။ သူမကို ဒီႏြန္ company က အလုပ္မျဖဳတ္ပစ္ပဲ က်န္းမာေရးျပန္ေကာင္းမွ အလုပ္ဆင္းခြင့္ျပဳထားသည္။ ပုံမွန္ဆို သူမအလုပ္ျပဳတ္သည္မွာ က်ိန္းေသမလြဲ မည္သည့္ကိစၥရွိပါေစ တစ္လလုံး အလုပ္မဆင္းသည့္သူဆို Staff ျဖစ္ခြင့္ကိုတန္းပိတ္သည့္ Company မ်ိဳးပင္။ အခုကိစၥကေတာ့ ထူးဆန္းေနသည္။ ထားပါ ။
"ညီမေလး''
ကိုကိုက သူမအနားမွာထိုင္ကာစကားလာေျပာေနသည္မို႔
"ဟုတ္ကိိုကို''
"ေနာက္တစ္ပတ္ေလာက္ဆို ကိုကိုနဲ႕Charm ေလးတို႔ သူ႕အေမရွိရာကိုလိုက္သြားေတာ့မယ္။ Charm ေလးက္ိုလည္း ဟိုမွာပဲေက်ာင္းထားေတာ့မယ္။ ကိုကို႔သေဘာကေတာ့ ညီမေလးကိုပါေခၚသြားခ်င္တယ္''
သူမဝမ္းနည္းသြားသည္။ သို႔ေသာ္ ကိုကိုလည္းသူ႕ဘဝႏွင့္သူျဖစ္သလို သူမလည္း ကေလး မဟုတ္ေတာ့။ ကိုကိုႏွင့္လိုက္မသြားခ်င္ ကိုကို႔မိန္းမက သူမကို သေဘာမက်တာလည္းပါမည္။ ဘာအေၾကာင္းေၾကာင့္လည္းသူမနားမလည္။ ကိုယ္ကလည္း အဲ့ေလာက္ထိ စိတ္ဝင္တစားမရွိတာမို႔။ သို႔ေသာ္ Charmေလးႏွင့္ခြဲရမည္မို႔ စိတ္ထိခိုက္သြားသည္။
"ညီမေလး မလိုက္ခ်င္ပါဘူး ဒီမွာလည္းအေျခခ်ေနၿပီ ေနာက္ၿပီး ကိုကို႔ညီမေလးက 27ျဖစ္ေနၿပီ 17ႏွစ္အ႐ြယ္လည္းမဟုတ္ေတာ့ဘူး''
"ကိုကို႔မ်က္လုံးထဲမွာ ေတာ့ ညီမေလးက ကေလးပဲ လာပါဦး ကိုကို႔ညီမေလးကို တစ္ခါေလာက္ ဖက္ထားခ်င္လို႔''
သူမ ပုခုံးေပၚမွာစိုစြတ္မႈကိုခံစားရသည္။
'အင္း ကိုကို ငိုေနျပန္ၿပီပဲ' သူမေနာက္ဆုံးမ်က္ရည္က်မိခဲ့တာ Jennie မီးထဲမွာပိတ္မိေနတုန္းက။ အဲ့ဒီကတည္းက မ်က္ရည္မက်ခဲ့တာခုထိပဲ။
............
ပုံမွန္အတိုင္း အလုပ္ဆင္းသည္။ ႐ုံးဆင္းခ်ိန္ သူမရဲ႕ေဆြးေႏြးခန္းကိုဖြင့္သည္။ Young က လည္းကိုယ္ဝန္ရေနသည္မို႔ အရင္လို ေလွ်ာက္မလည္နိုင္ေတာ့။ စာအုပ္ ဖတ္တယ္ တစ္ခါတေလ စာေရးတယ္။ တခ်ိဳ႕ရက္ေတြမွာ Charm နဲ႕ဖုန္းထဲကေနစကားေျပာတယ္။ ဒီလိုနဲ႕ပဲ သူမ ဘဝက လည္ပတ္ေနသည္။
ပိတ္ရက္ျဖစ္တာမို႔ သူမအိမ္နားက ပန္းၿခံမွာတစ္ေယာက္တည္းလမ္းေလွ်ာက္ေနလိုက္သည္။ ညေနခင္းျဖစ္တာမု႔ိ ကေလးေတြက အသီးသီးကစားလ်က္။ သူမလည္း ခုံတန္းတစ္ခုေပၚမွာထိုင္ၿပီး ကေလးေတြကို ၾကည့္ေနလိုက္သည္။
သူမရဲ႕ေဘးနားမွာ အဘြားအိုတစ္ေယာက္ကလာထိုင္သည္။
"လူမရွိရင္ အဘြားထိုင္မယ္ေနာ္ မိန္းကေလး''
"ဟုတ္ထိုင္ပါ အဘြား''
"မိန္းကေလးက အသက္ဘယ္ေလာက္ရွိၿပီလဲ''
"27ပါ အဘြား''
"မိန္းကေလးအသက္ရဲ႕ေျပာင္းျပန္ပဲအဘြားအသက္က''
"ဟုတ္ကဲ့''
"အရင္တုန္းကေတာ့ အစြမ္းကုန္ေတာက္ပခဲ့တာပဲ အခုေတာ့လည္းမီးစာကုန္ခန္းတဲ့ဘဝေရာက္ေန ၿပီ''
အဘြားက သူ႕ဘာသာေျပာေနသည္လား သူမကိုေျပာေနသည္လားမေျပာတတ္။ သူမကေတာ့ၿငိမ္သက္စြာနားေထာင္ေနသည္။
"ကေလးဘဝတုန္းကေတာ့ အသက္ျမန္ျမန္ႀကီးခ်င္ခဲ့တာ အခုလိုအသက္ႀကီးလာေတာ့လည္း ကေလးဘဝကိုပဲ ျပန္တမ္းတမိျပန္တယ္''
အဘြားအိုက ထိုမွ်သာေျပာၿပီး သူမအနားမွထြက္သြားသည္။
Acivii ရဲ႕သီခ်င္းလိုေပါ့
တျဖည္းျဖည္း အသက္ႀကီးပ်င္းလာတဲ့အခါမွာ
ငါတို႔ရဲ႕ ႏွလုံးသားဟာ ငယ္႐ြယ္စဥ္က ေန႕ရက္ေတြလိုပဲ ရွင္သန္ေနခ်င္တုန္းပဲ
တစ္ေန႕က်ရင္ ဒီကမၻာႀကီးကို ငါတို႔ခ်န္ထားခဲ့ရမွာ
ဒါေၾကာင့္ ငါတို႔မွတ္မိေနမဲ့ဘဝတစ္ခုမွာပဲ
အေကာင္းဆုံးေနထိုင္ၾကမယ္ တဲ့
ေလကတျဖဴးျဖဴးတိုက္ေနသည္။ သူမ ဖုန္းထုတ္ကာ နားထဲ in-ear ထည့္ရင္း သီခ်င္းဖြင့္ထားလိုက္သည္။
သူမ Jisooနဲ႕ေတြ႕ခ်င္ေနသည္။ ေနာ့တန္မွာ ကိစၥေတြရွိတာမို႔ သူမ Jisoo ႏွင့္အဆက္အသြယ္ျပတ္ေနတာတစ္လနီးပါး ၾကာခဲ့သည္။ သူမ ph ကလည္း ပ်က္သြားသလို Jisoo ph no. လည္း မမွတ္မိ၍ ပိုဆိုးသြားသည္။ ေအာ္လီ႐ြန္ကိုေရာက္ေရာက္ခ်င္း သူမ ေဆး႐ုံကိုတန္းသြားသည္။ ဟိုေရာက္ေတာ့ Jisoo က လြန္ခဲ့သည့္ႏွစ္ပတ္ကတည္းက ေဆး႐ုံဆင္းသြားသည္ေျပာတာမို႔ သူမ ဘယ္သြားရမွန္းမသိ။ ေတာ္ေသးသည္ အျပန္မွာ Leo ႏွင့္ေတြ႕၍ Jisoo အိမ္လိပ္စာႏွင့္ပါ ph no. ေတာင္းလိုက္သည္။ ဖုန္းဆက္ေတာ့ Jisoo ဖုန္းက စက္ပိတ္ထားသည္မို႔ အိမ္ကိုပဲလိုက္သြားလိုက္သည္။
Jisoo အိမ္နားမေရာက္ခင္ ပန္းၿခံနားမွာ Jisoo ကိုေတြ႕လိုက္ရ၍ သူမ အဲ့နားမွာပဲဆင္းကာ Jisoo နားေလွ်ာက္သြားလိုက္သည္။
Jisoo က နားၾကပ္တပ္ၿပီး သီခ်င္းနားေထာင္ေနပုံရတယ္။ စာသားမပါတဲ့ သံစဥ္အခ်ိဳ႕က္ိုလည္း ညည္းေနေလရဲ႕။ သီခ်င္းက အနည္းငယ္ျမဴး မယ္ထင္တယ္။ Jisoo ေျခေထာက္ေတြက တခ်က္တခ်က္ လႈပ္ရွားေနသည္။ မ်က္လုံးမွိတ္ထားၿပီး သူ႕ရဲ႕လက္ႏွစ္ဖက္ကို ခုံတန္းလ်ား မွာေထာက္ထားတယ္။
Jisoo ဟာ သူမနဲ႕မတူ လက္သည္းကိုညီညီညာညာလွီးျဖတ္ထားသည္။ သူမကေတာ့ လက္သည္းကိုအရွည္ထားသည့္ အျပင္ လက္သည္းခြံမွာလည္းပုံေဖာ္ထားေသးသည္။ Jisoo လက္သည္းခြံေတြကေတာ့ ပုလဲ ျဖဴ အေရာင္ေလးလိုပဲ။
သူမသီခ်င္းနားေထာင္ေနရင္း ေမႊးပ်ံ့တဲ့အနံ႕တစ္ခုရလိုက္တာမို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူမကိုစိုက္ၾကည့္ေနတဲ့Jennie။
"ထိုင္ေလ''
Jisoo က သူမကိုၿပဳံးျပကာေျပာသည္။ အခုမွေတြ႕လိုက္ရလို႔လည္း အ့ံၾသ သည့္ပုံမေပၚ။ သူမဘယ္လိုသိၿပီးေရာက္လာတာလည္းဆိုတာက္ိုလည္းမေမး။Jisoo က အရမ္းႏႈတ္ဆိတ္လြန္းတာပဲ။
"ေရာ့''
Jisoo က သူ႕အိတ္ကပ္ထဲက towel တစ္ထည္ေပးရင္း
"နင့္နဖူးမွာ ေခြၽးစို႔္ေနတယ္ သုတ္လိုက္ဦး''
"အင္း''
"ဘာစားၿပီးၿပီလဲ''
"ဘာမွမစားရေသးဘူး''
Jisoo မတ္တပ္ထရပ္ကာ
"သြားမယ္ တစ္ခုခုလုပ္ေကြၽးမယ္''
Jisoo အိမ္က ေမွာင္မဲေနသည္။ ဘယ္သူမွရွိပုံမေပၚ။
"Charm ကသူ႕အေမဆီအၿပီးသြားေနၿပီေလ ငါတစ္ေယာက္တည္းပဲေနေတာ့တာ''
"ေၾသာ္''
"နင့္ၾကည့္ရတာေတာ္ေတာ္ႏြမ္းေနတယ္ ေရခ်ိဳးလိုက္ပါလား ငါ့ကိုအားမနာနဲ႕''
သူမလည္း တကယ္ေရခ်ိဳးခ်င္ေနသည္။ထို႔ေၾကာင့္
"အင္း ငါ့ကိုအက်ႌငွါးေပး''
Jisoo က သူ႕အခန္းက ေရခ်ိဳးခန္းကိုသုံးခိုင္းသည္။
သူမေခါင္းပါ တစ္ခါတည္းေလွ်ာ္လိုက္သည္။
"Jisoo သုံးတဲ့ Shampoo အန႕ံကေကာင္းသားပဲ''
ခုတင္ေပၚမွာ သူမအတြက္ အက်ႌ ခ်ထားေပးခဲ့သည္။
အခုမွ Jisoo အခန္းကိုေသခ်ာၾကည့္မိသည္။
အခန္းရဲ႕တဝက္ေလာက္က စာအုပ္ေတြႏွင့္ျပည့္ေနသည္
'Jisoo က စာေတာ္ေတာ္ဖတ္တာပဲ'
ကုတင္နားကစားပြဲခုံေပၚမွာ SnowBall ေလးေတြက အစီအရီစီထားလ်က္။
သူမေရတြက္ၾကည့္ေတာ့ ၁၃လုံး။
ဘာမွန္းေတာ့သူမ မသိ။ ေနာက္ ဓာတ္ပုံေလးေတြစီထားသည္။ Jisoo ငယ္ငယ္တုန္းက ႐ုပ္ေလးနဲ႕ ေဘးနားက Jisoo အေမျဖစ္မယ္႐ုပ္ဆင္သည္။ ေနာက္ၿပီး Young ရယ္ Liceရယ္နဲ႕ရိုက္ထားတာတစ္ပုံ။ Charm နဲ႕ရိုက္ထားတဲ့ပုံတစ္ပုံ။
"ၿပီးၿပီလား''
Jisoo အသံၾကားတာမို႔
"အင္း ငါသိခြင့္ရွိလား ဒီေပၚက Snowball ၁၃လုံးက ဘာအဓိပၸါယ္လဲ''
"Young ကသူနဲ႕စခင္ကတည္းက Christmas ေန႕တိုင္း တစ္လုံးစီေပးတယ္ေလ ခင္မင္မႈသက္တမ္းေပါ့''
Jisoo တို႔ Friendship ကိုသူမအားက်သြားသည္။
"နင့္ေခါင္းကမေျခာက္ေသးဘူး ငါDryerမႈတ္ေပးမယ္''
Jisoo က သူမေခါင္းကိုေျခာက္ေအာင္မႈတ္ေပးေနသည္။
'Jisoo နဲ႕ငါက သူငယ္ခ်င္းေတြလား
ဒါမွမဟုတ္ ညီအမဆက္ဆံေရးလား
မဟုတ္ေသးပါဘူး
မိန္းကေလးႏွစ္ေယာက္ၾကား အခ်စ္နဲ႕ဆက္သြယ္ထားတာမ်ိဳးလား'
သူမကသာ ေပါက္ကရအေတြးေတြလြန္ဆြဲေနသည္။
Jisoo က ေအးေအးေဆးေဆးပင္။
Jennie က တစ္ခ်က္တစ္ခ်က္ ေခါင္းခါေနသည္။
"Jennie ဘာျဖစ္လို႔လဲ''
အေျခာက္ခံေနရာမွရပ္ကာ
"ဟင္ ဘာမွမျဖစ္ပါဘူး''
ထို႔ေနာက္ Jisoo ျပင္ေပးထားေသာ spaghetti ကိုစားသည္။
'Jisoo က ဒါမ်ိဳးေတြလည္းလုပ္တတ္သား'
စားေသာက္ၿပီးေတာ့
"Jennie''
"အင္း''
"ဘာလို႔ တစ္လ လုံးေပ်ာက္ေနတာလဲ''
ေမးေဖာ္ရလို႔ ေက်းဇူးေတာင္တင္ခ်င္သြားသည္။
"Daddy ဆီမွာ အေမြသြားေတာင္းတာေလ''
"Umm''
Jisoo ကေၾကာင္စီစီႏွင့္သူမကိုျပန္ၾကည့္လာသည္။
"အင္း သူေနာက္အိမ္ေထာင္ျပဳေတာ့မွာေလ haha ငါ့ထက္ေတာင္ငယ္ေသးတယ္ အဲ့ဒါေၾကာင့္ငါရသင့္ရထိုက္တာ သြားေတာင္းတာ လိုအပ္ေနလို႔ရယ္ေတာ့မဟုတ္ပါဘူး Mommy ရဲ႕ပ္ိုင္ဆိုင္မႈတခ်ိဳ႕ကို သူမ်ားလက္ထဲမေရာက္ေစခ်င္တဲ့သေဘာပဲ''
Jennie က ေျပာရင္း မ်က္ရည္ေတြဝဲလာသည္မို႔ Jisoo Jennie ကိုဖက္ကာ ႏွစ္သိမ့္ေပးလိုက္သည္။
"စိတ္မာခ်င္ေယာင္ေဆာင္မေနနဲ႕ ငိုခ်င္ရင္ငါပုခုံးငွါးေပးမယ္ နင့္နာက်င္မႈက ငါ့နာက်င္မႈပဲ Jennie''
Jennie ေကာင္းေကာင္းသိလိုက္ရသည္။ ဒီရင္ခြင္ငယ္ေလးဟာ သူမ ခိုလံႈလို႔ရမဲ့ ကမၻာငယ္ပင္။
သူမရဲ႕စိတ္ခံစားခ်က္ေတြကို အိတ္သြန္ဖာေမွာက္ ဖြင့္ခ်လို႔ရမဲ့ရင္ခြင္။ ေနာက္ၿပီးဒီလူသားကိုလည္း သူမ လက္မလႊတ္ခ်င္စိတ္က ႀကီးစိုးလာသည္။
Unicode
သူမလည်း အခုဆို ဆေးရုံကဆင်းလို့ အိမ်မှာပင်နားနားနေနေ နေဖြစ်နေသည်။ သူမ ဆေးရုံဆင်းပြီးကတည်းက Jennie နဲ့မတွေ့ဖြစ်တော့။
တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လည်းမလုပ်ဖြစ်ကြ။ နောင်ရက်အနည်းငယ်လောက်ဆ်ို သူမလည်း အလုပ်ပြန်ဆင်းတော့မည်။
ကံကောင်းသည်ပြောရမည်။ သူမကို ဒီနွန် company က အလုပ်မဖြုတ်ပစ်ပဲ ကျန်းမာရေးပြန်ကောင်းမှ အလုပ်ဆင်းခွင့်ပြုထားသည်။ ပုံမှန်ဆို သူမအလုပ်ပြုတ်သည်မှာ ကျိန်းသေမလွဲ မည်သည့်ကိစ္စရှိပါစေ တစ်လလုံး အလုပ်မဆင်းသည့်သူဆို Staff ဖြစ်ခွင့်ကိုတန်းပိတ်သည့် Company မျိုးပင်။ အခုကိစ္စကတော့ ထူးဆန်းနေသည်။ ထားပါ ။
"ညီမလေး''
ကိုကိုက သူမအနားမှာထိုင်ကာစကားလာပြောနေသည်မို့
"ဟုတ်ကိိုကို''
"နောက်တစ်ပတ်လောက်ဆို ကိုကိုနဲ့Charm လေးတို့ သူ့အမေရှိရာကိုလိုက်သွားတော့မယ်။ Charm လေးက်ိုလည်း ဟိုမှာပဲကျောင်းထားတော့မယ်။ ကိုကို့သဘောကတော့ ညီမလေးကိုပါခေါ်သွားချင်တယ်''
သူမဝမ်းနည်းသွားသည်။ သို့သော် ကိုကိုလည်းသူ့ဘဝနှင့်သူဖြစ်သလို သူမလည်း ကလေး မဟုတ်တော့။ ကိုကိုနှင့်လိုက်မသွားချင် ကိုကို့မိန်းမက သူမကို သဘောမကျတာလည်းပါမည်။ ဘာအကြောင်းကြောင့်လည်းသူမနားမလည်။ ကိုယ်ကလည်း အဲ့လောက်ထိ စိတ်ဝင်တစားမရှိတာမို့။ သို့သော် Charmလေးနှင့်ခွဲရမည်မို့ စိတ်ထိခိုက်သွားသည်။
"ညီမလေး မလိုက်ချင်ပါဘူး ဒီမှာလည်းအခြေချနေပြီ နောက်ပြီး ကိုကို့ညီမလေးက 27ဖြစ်နေပြီ 17နှစ်အရွယ်လည်းမဟုတ်တော့ဘူး''
"ကိုကို့မျက်လုံးထဲမှာ တော့ ညီမလေးက ကလေးပဲ လာပါဦး ကိုကို့ညီမလေးကို တစ်ခါလောက် ဖက်ထားချင်လို့''
သူမ ပုခုံးပေါ်မှာစိုစွတ်မှုကိုခံစားရသည်။
'အင်း ကိုကို ငိုနေပြန်ပြီပဲ' သူမနောက်ဆုံးမျက်ရည်ကျမိခဲ့တာ Jennie မီးထဲမှာပိတ်မိနေတုန်းက။ အဲ့ဒီကတည်းက မျက်ရည်မကျခဲ့တာခုထိပဲ။
............
ပုံမှန်အတိုင်း အလုပ်ဆင်းသည်။ ရုံးဆင်းချိန် သူမရဲ့ဆွေးနွေးခန်းကိုဖွင့်သည်။ Young က လည်းကိုယ်ဝန်ရနေသည်မို့ အရင်လို လျှောက်မလည်နိုင်တော့။ စာအုပ် ဖတ်တယ် တစ်ခါတလေ စာရေးတယ်။ တချို့ရက်တွေမှာ Charm နဲ့ဖုန်းထဲကနေစကားပြောတယ်။ ဒီလိုနဲ့ပဲ သူမ ဘဝက လည်ပတ်နေသည်။
ပိတ်ရက်ဖြစ်တာမို့ သူမအိမ်နားက ပန်းခြံမှာတစ်ယောက်တည်းလမ်းလျှောက်နေလိုက်သည်။ ညနေခင်းဖြစ်တာမု့ိ ကလေးတွေက အသီးသီးကစားလျက်။ သူမလည်း ခုံတန်းတစ်ခုပေါ်မှာထိုင်ပြီး ကလေးတွေကို ကြည့်နေလိုက်သည်။
သူမရဲ့ဘေးနားမှာ အဘွားအိုတစ်ယောက်ကလာထိုင်သည်။
"လူမရှိရင် အဘွားထိုင်မယ်နော် မိန်းကလေး''
"ဟုတ်ထိုင်ပါ အဘွား''
"မိန်းကလေးက အသက်ဘယ်လောက်ရှိပြီလဲ''
"27ပါ အဘွား''
"မိန်းကလေးအသက်ရဲ့ပြောင်းပြန်ပဲအဘွားအသက်က''
"ဟုတ်ကဲ့''
"အရင်တုန်းကတော့ အစွမ်းကုန်တောက်ပခဲ့တာပဲ အခုတော့လည်းမီးစာကုန်ခန်းတဲ့ဘဝရောက်နေ ပြီ''
အဘွားက သူ့ဘာသာပြောနေသည်လား သူမကိုပြောနေသည်လားမပြောတတ်။ သူမကတော့ငြိမ်သက်စွာနားထောင်နေသည်။
"ကလေးဘဝတုန်းကတော့ အသက်မြန်မြန်ကြီးချင်ခဲ့တာ အခုလိုအသက်ကြီးလာတော့လည်း ကလေးဘဝကိုပဲ ပြန်တမ်းတမိပြန်တယ်''
အဘွားအိုက ထိုမျှသာပြောပြီး သူမအနားမှထွက်သွားသည်။
Acivii ရဲ့သီချင်းလိုပေါ့
တဖြည်းဖြည်း အသက်ကြီးပျင်းလာတဲ့အခါမှာ
ငါတို့ရဲ့ နှလုံးသားဟာ ငယ်ရွယ်စဉ်က နေ့ရက်တွေလိုပဲ ရှင်သန်နေချင်တုန်းပဲ
တစ်နေ့ကျရင် ဒီကမ်ဘာကြီးကို ငါတို့ချန်ထားခဲ့ရမှာ
ဒါကြောင့် ငါတို့မှတ်မိနေမဲ့ဘဝတစ်ခုမှာပဲ
အကောင်းဆုံးနေထိုင်ကြမယ် တဲ့
လေကတဖြူးဖြူးတိုက်နေသည်။ သူမ ဖုန်းထုတ်ကာ နားထဲ in-ear ထည့်ရင်း သီချင်းဖွင့်ထားလိုက်သည်။
သူမ Jisooနဲ့တွေ့ချင်နေသည်။ နော့တန်မှာ ကိစ္စတွေရှိတာမို့ သူမ Jisoo နှင့်အဆက်အသွယ်ပြတ်နေတာတစ်လနီးပါး ကြာခဲ့သည်။ သူမ ph ကလည်း ပျက်သွားသလို Jisoo ph no. လည်း မမှတ်မိ၍ ပိုဆိုးသွားသည်။ အော်လီရွန်ကိုရောက်ရောက်ချင်း သူမ ဆေးရုံကိုတန်းသွားသည်။ ဟိုရောက်တော့ Jisoo က လွန်ခဲ့သည့်နှစ်ပတ်ကတည်းက ဆေးရုံဆင်းသွားသည်ပြောတာမို့ သူမ ဘယ်သွားရမှန်းမသိ။ တော်သေးသည် အပြန်မှာ Leo နှင့်တွေ့၍ Jisoo အိမ်လိပ်စာနှင့်ပါ ph no. တောင်းလိုက်သည်။ ဖုန်းဆက်တော့ Jisoo ဖုန်းက စက်ပိတ်ထားသည်မို့ အိမ်ကိုပဲလိုက်သွားလိုက်သည်။
Jisoo အိမ်နားမရောက်ခင် ပန်းခြံနားမှာ Jisoo ကိုတွေ့လိုက်ရ၍ သူမ အဲ့နားမှာပဲဆင်းကာ Jisoo နားလျှောက်သွားလိုက်သည်။
Jisoo က နားကြပ်တပ်ပြီး သီချင်းနားထောင်နေပုံရတယ်။ စာသားမပါတဲ့ သံစဉ်အချို့က်ိုလည်း ညည်းနေလေရဲ့။ သီချင်းက အနည်းငယ်မြူး မယ်ထင်တယ်။ Jisoo ခြေထောက်တွေက တချက်တချက် လှုပ်ရှားနေသည်။ မျက်လုံးမှိတ်ထားပြီး သူ့ရဲ့လက်နှစ်ဖက်ကို ခုံတန်းလျား မှာထောက်ထားတယ်။
Jisoo ဟာ သူမနဲ့မတူ လက်သည်းကိုညီညီညာညာလှီးဖြတ်ထားသည်။ သူမကတော့ လက်သည်းကိုအရှည်ထားသည့် အပြင် လက်သည်းခွံမှာလည်းပုံဖော်ထားသေးသည်။ Jisoo လက်သည်းခွံတွေကတော့ ပုလဲ ဖြူ အရောင်လေးလိုပဲ။
သူမသီချင်းနားထောင်နေရင်း မွှေးပျံ့တဲ့အနံ့တစ်ခုရလိုက်တာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမကိုစိုက်ကြည့်နေတဲ့Jennie။
"ထိုင်လေ''
Jisoo က သူမကိုပြုံးပြကာပြောသည်။ အခုမှတွေ့လိုက်ရလို့လည်း အ့ံသြ သည့်ပုံမပေါ်။ သူမဘယ်လိုသိပြီးရောက်လာတာလည်းဆိုတာက်ိုလည်းမမေး။Jisoo က အရမ်းနှုတ်ဆိတ်လွန်းတာပဲ။
"ရော့''
Jisoo က သူ့အိတ်ကပ်ထဲက towel တစ်ထည်ပေးရင်း
"နင့်နဖူးမှာ ချွေးစို့်နေတယ် သုတ်လိုက်ဦး''
"အင်း''
"ဘာစားပြီးပြီလဲ''
"ဘာမှမစားရသေးဘူး''
Jisoo မတ်တပ်ထရပ်ကာ
"သွားမယ် တစ်ခုခုလုပ်ကျွေးမယ်''
Jisoo အိမ်က မှောင်မဲနေသည်။ ဘယ်သူမှရှိပုံမပေါ်။
"Charm ကသူ့အမေဆီအပြီးသွားနေပြီလေ ငါတစ်ယောက်တည်းပဲနေတော့တာ''
"သြော်''
"နင့်ကြည့်ရတာတော်တော်နွမ်းနေတယ် ရေချိုးလိုက်ပါလား ငါ့ကိုအားမနာနဲ့''
သူမလည်း တကယ်ရေချိုးချင်နေသည်။ထို့ကြောင့်
"အင်း ငါ့ကိုအင်္ကျီငှါးပေး''
Jisoo က သူ့အခန်းက ရေချိုးခန်းကိုသုံးခိုင်းသည်။
သူမခေါင်းပါ တစ်ခါတည်းလျှော်လိုက်သည်။
"Jisoo သုံးတဲ့ Shampoo အန့ံကကောင်းသားပဲ''
ခုတင်ပေါ်မှာ သူမအတွက် အကျႌ ချထားပေးခဲ့သည်။
အခုမှ Jisoo အခန်းကိုသေချာကြည့်မိသည်။
အခန်းရဲ့တဝက်လောက်က စာအုပ်တွေနှင့်ပြည့်နေသည်
'Jisoo က စာတော်တော်ဖတ်တာပဲ'
ကုတင်နားကစားပွဲခုံပေါ်မှာ SnowBall လေးတွေက အစီအရီစီထားလျက်။
သူမရေတွက်ကြည့်တော့ ၁၃လုံး။
ဘာမှန်းတော့သူမ မသိ။ နောက် ဓာတ်ပုံလေးတွေစီထားသည်။ Jisoo ငယ်ငယ်တုန်းက ရုပ်လေးနဲ့ ဘေးနားက Jisoo အမေဖြစ်မယ်ရုပ်ဆင်သည်။ နောက်ပြီး Young ရယ် Liceရယ်နဲ့ရိုက်ထားတာတစ်ပုံ။ Charm နဲ့ရိုက်ထားတဲ့ပုံတစ်ပုံ။
"ပြီးပြီလား''
Jisoo အသံကြားတာမို့
"အင်း ငါသိခွင့်ရှိလား ဒီပေါ်က Snowball ၁၃လုံးက ဘာအဓိပ္ပါယ်လဲ''
"Young ကသူနဲ့စခင်ကတည်းက Christmas နေ့တိုင်း တစ်လုံးစီပေးတယ်လေ ခင်မင်မှုသက်တမ်းပေါ့''
Jisoo တို့ Friendship ကိုသူမအားကျသွားသည်။
"နင့်ခေါင်းကမခြောက်သေးဘူး ငါDryerမှုတ်ပေးမယ်''
Jisoo က သူမခေါင်းကိုခြောက်အောင်မှုတ်ပေးနေသည်။
'Jisoo နဲ့ငါက သူငယ်ချင်းတွေလား
ဒါမှမဟုတ် ညီအမဆက်ဆံရေးလား
မဟုတ်သေးပါဘူး
မိန်းကလေးနှစ်ယောက်ကြား အချစ်နဲ့ဆက်သွယ်ထားတာမျိုးလား'
သူမကသာ ပေါက်ကရအတွေးတွေလွန်ဆွဲနေသည်။
Jisoo က အေးအေးဆေးဆေးပင်။
Jennie က တစ်ချက်တစ်ချက် ခေါင်းခါနေသည်။
"Jennie ဘာဖြစ်လို့လဲ''
အခြောက်ခံနေရာမှရပ်ကာ
"ဟင် ဘာမှမဖြစ်ပါဘူး''
ထို့နောက် Jisoo ပြင်ပေးထားသော spaghetti ကိုစားသည်။
'Jisoo က ဒါမျိုးတွေလည်းလုပ်တတ်သား'
စားသောက်ပြီးတော့
"Jennie''
"အင်း''
"ဘာလို့ တစ်လ လုံးပျောက်နေတာလဲ''
မေးဖော်ရလို့ ကျေးဇူးတောင်တင်ချင်သွားသည်။
"Daddy ဆီမှာ အမွေသွားတောင်းတာလေ''
"Umm''
Jisoo ကကြောင်စီစီနှင့်သူမကိုပြန်ကြည့်လာသည်။
"အင်း သူနောက်အိမ်ထောင်ပြုတော့မှာလေ haha ငါ့ထက်တောင်ငယ်သေးတယ် အဲ့ဒါကြောင့်ငါရသင့်ရထိုက်တာ သွားတောင်းတာ လိုအပ်နေလို့ရယ်တော့မဟုတ်ပါဘူး Mommy ရဲ့ပ်ိုင်ဆိုင်မှုတချို့ကို သူများလက်ထဲမရောက်စေချင်တဲ့သဘောပဲ''
Jennie က ပြောရင်း မျက်ရည်တွေဝဲလာသည်မို့ Jisoo Jennie ကိုဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မာချင်ယောင်ဆောင်မနေနဲ့ ငိုချင်ရင်ငါပုခုံးငှါးပေးမယ် နင့်နာကျင်မှုက ငါ့နာကျင်မှုပဲ Jennie''
Jennie ကောင်းကောင်းသိလိုက်ရသည်။ ဒီရင်ခွင်ငယ်လေးဟာ သူမ ခိုလှုံလို့ရမဲ့ ကမ္ဘာငယ်ပင်။
သူမရဲ့စိတ်ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ဖွင့်ချလို့ရမဲ့ရင်ခွင်။ နောက်ပြီးဒီလူသားကိုလည်း သူမ လက်မလွှတ်ချင်စိတ်က ကြီးစိုးလာသည်။