𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐎𝐟 𝐔𝐬...

By real_ponpon

1.4K 113 28

( Unicode + Zawgyi ) Seoul မြို့က ကျောင်းသားလေး နှစ်ယောက်ရဲ့ ရိုးရိုးရှင်းရှင်း တစ်ခန်းရပ် အချစ်ဇာတ်လမ်းလေး... More

Part - 2 ( End ) ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( End ) ( Zawgyi )

Part - 1 ( Unicode )

748 49 17
By real_ponpon

ဂျောင်း၀န်းတစ်ယောက် ကျောင်းထဲ ၀င်လာတာနဲ့ တစ်ပြိုင်နက် ရှိသမျှသော ကျောင်းသား ကျောင်းသူများက ဂျောင်း၀န်းကို ကွက်ကြည့် ကွက်ကြည့်နှင့်။

' ဘာဖြစ်လို့ လာကြည့်နေကြတာပါလိမ့် ? ဂျေးတစ်ခုခုများ ဖြစ်လို့လား ? မဖြစ်နိုင်ပါဘူး သူတစ်ခုခု ဖြစ်ရင် ငါ့ဆီ ph ဆက်မှာပေါ့ ဒီနေ့မနက်တောင် morning text ပို့နေကြတဲ့ဟာကို '

ဂျောင်း၀န်းတစ်ယောက် အတွေးပေါင်းစုံနဲ့ လမ်းဆက်လျှောက်လာရင်း

" ဟင် အရှေ့မှာ လူတွေ ဘာကို ဝိုင်းအုံကြည့်နေကြတာလဲ မသိဘူး သွားကြည့်ဦးမှ" ဟု တွေးရင်း

"နည်းနည်းလောက် လမ်းဖယ်ပေးပါ ခင်ဗျ"

ပြောလည်းပြော သူ့ ခန္ဓာကိုယ် ပိစိလေးနှင့်လည်း အတင်းတိုး၀င်လိုက်ပြီး မြင်လိုက်ရတာက နံရံတွင် ကပ်ထားသော ဓာတ်ပုံ ၁၀ ပုံခန့်
ပုံထဲတွင် ကောင်လေးတစ်ယောက် နှင့် ကောင်မလေးတစ်ယောက် တို့ ဖက်ထားသော ပုံများ ကောင်မလေးက ကောင်လေးရဲ့ ရင်ခွင်ထဲ မျက်နှာအပ်ထားသော ပုံများ

"ဒါ ဒါ ဘယ်လိုဖြစ်ရတာလဲ မောင် က ဘယ်လိုလုပ် ...."

ဂျောင်း၀န်း၏ စကားသံတို့က ထိန်းထားသည့် ကြားကပင် ပါးစပ်က ထွက်လာသည်

ဂျောင်း၀န်းမှာ emotional ဖြစ်လွယ်တာ ကြောင့်ပါးပြင်ပေါ် မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက် ဆင်းသက်လာသည် မျက်၀န်း အိမ်ထဲတွင်လည်း မျက်ရည်သီးလေးများ အလုအယက် ခိုတွဲလျက်

ဘေးနားက ကောင်မလေး တစ်ယောက်က

"ဟဲ့ ဂျောင်း၀န်း ! နင်တို့က ပြတ်သွားကြပြီလား?"

" နင် စကားကို ကြည့်ပြော မောင် နဲ့ ငါနဲ့က ဘယ်တော့မှ မပြတ်ဘူး "

" Sry ပါ ဂျောင်း၀န်းရယ် ငါ အဲ့လိုမဆိုလိုပါဘူးဟယ်"

"အေး ရတယ် Sry ငါလည်း အရမ်း စိတ်လောသွားလို့ "

ဂျောင်၀န်း တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် စာသင်ခန်းခန်းဘက်ကို ခြေဦးလှည့်လိုက်ရင်း
ဂျေးကိုလည်း ph ခေါ်လိုက်သည်
Ringtone ၀င်၀င်ခြင်းပင် ဂျေးဘက်က တန်းကိုင်လိုက်သည် ဂျေးဘက်က စကားကို နားထောင်မနေတော့ဘဲ ကိုယ့်ဘက်ကပဲ စပြောလိုက်သည်

"မောင် ငါ အခုအပေါ် ဆုံးထပ်မှာ စောင့်နေမယ်
အခုချက်ချင်း တက်လာခဲ့ "

ဂျောင်း၀န်းလည်း ပြောချင်တာပြောပြီး ph ချလိုက်လေသည် ပြေးမတတ်ခြေလှမ်းများဖြင့် အပေါ်ဆုံးထပ်ဆီသို့ ..
မျက်နှာတွင်လည်း မျက်ရည်များအပြည့်
‌ချစ်ဖို့ကောင်းသော puppy eyes လေးများ ပျောက်ကွယ်ကာ ဒေါသခိုးများဝေနေ‌လေသည်
နှုတ်ခမ်းကို ကိုက်ထားသည်မှာလည်း သွေးများပင် စို့သည့် အထိ အားလုံးနီးပါး ဝိုင်းကြည့်နေသော်လည်း ဂျောင်း၀န်းကတော့ မမှု

အပေါ်ထပ်သို့ရောက်သောအခါ တွေ့ပါပြီ ရင်နှင့် ရင်း၍ ချစ်ရသောသူ သည် ဂျောင်း၀န်းဘက်ကို ကျောပေးထားသည့် အနေနှင့် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ရပ်နေလေသည်..

"မောင် ! "

အေးတိအေးစက် အသံမာမာနှင့် ဆောင့်ကာ လှမ်း၍ ခေါ်လိုက်သည် ... ဂျေး လည်း ဂျောင်း၀န်းရှိရာသို့ ပြေးလာပြီး ဂျောင်း၀န်းကို အဓိပ္ပါယ်ပေါင်း များစွာ ပါသော အကြည့်တို့နှင့် ကြည့်လိုက်လေသည်

ဂျောင်၀န်း အဲ့အဓိပ္ပါယ်တွေကို မသိချင်ပါ သိလည်း မသိရဲပါ သိဖို့အတွက် သတ္တိမရှိဘူးလို့ ပြောရင် ပိုမှန်ပါလိမ့်မည်

ဘာလဲ နောက်မှ ရောက်လာတဲ့ မိန်းကလေး တစ်ယောက်အတွက်ကြောင့် အခု သူက လမ်းခွဲပေးရမှာလား

ဟင့်အင်း လမ်းမခွဲပေးနိုင်ပါဘူး လုံး၀ပဲ
သူ ဂျေးကို သေမတတ် ချစ်တာ သူသာလျှင် အသိဆုံး

မဟုတ်ဘူး သူ ဂျေးကို ပျော်အောင် မထားပေးနိုင်လို့ အခုလို ဖြစ်ရတာလေ သူမရှိမှ ပျော်မယ်ဆိုလည်း လမ်းခွဲပေးပါမယ်

စက္ကန့်ပိုင်းအတွင်း ဂျောင်း၀န်းခေါင်းထဲတွင် ရှုထောင့်ပေါင်းစုံမှ အတွေးပေါင်းများစွာသည် တသီတသန်းကြီး သူ့ထက်ငါ အပြိုင်၀င်လာသလို ဂျောင်း၀န်းကိုယ်တိုင်လည်း ဝေခွဲမရဖြစ်ကာ လွန်ဆွဲနေမိသည်

"ဘာလို့ အဲ့လောက်ထိ ငိုထားရတာလဲ ကွာ
နှုတ်ခမ်းကို ဘာလို့ သွေးထွက်အောင် ကိုက်ထားရတာလဲ ကလေးရယ် "

ဂျေးမှာ လက်ရှိပြဿနာကို ရှင်းဖို့ ထက် ဂျောင်း၀န်း ကိုသာ စိတ်ပူနေမိသည်
ထို့နောက် အကောင်ပေါက်လေးကို ရင်ခွင်ထဲ ‌‌ဆွဲသွင်းလိုက်ရင်း မျက်ရည်များလည်း အလုအယက် ကျလာသည်

ဂျေးရှင်းပြတာကို ဂျောင်း၀န်း နားထောင်ချင်ပါသည် ယခုလို စိတ်ရှုပ်‌နေချိန် ရင်ခွင်ထဲ နေနေရတာကိုလည်း အင်မတန်မှ ကြိုက်နှစ်သက်ပါသည် သို့သော် စိတ်ခံစားချက်နှင့် ပြုမူလိုက်သော အမူအရာတို့က တကယ့်ကို ဆန့်ကျင်ဘက်

ဂျေးရင်ခွင်ထဲမှ အတင်းရုန်းထွက်သော်လည်း ဂျေးကမူ မလွှတ်ပေး ...
အတင်းရုန်းရင်း ဂျေးကို ဆောင့်တွန်းသလို ဖြစ်သွားကာ သူသိပ်ချစ်ပါတယ်ဆိုတဲ့ ရယ်လိုက်ရင် ခွက်နေအောင် ချိုင့်နေတဲ့ ပါးချိုင့်လေး တည်ရှိရာ ပါးဖောင်းဖောင်းလေးကိုလည်း ဂျောင်း၀န်း ၏ လက်လေးတွေက နေရာ ယူသွားသည်

"ဖြန်းး"

"မင်း ငါ့အသားကို မထိနဲ့ အဲ့ ဓာတ်ပုံကိစ္စကိုလည်း လုံး၀ လာမရှင်းပြနဲ့ မှန်နေတာပဲလေ အဲ့တာကြောင့် အစထဲက ငါမင်းကို ပြောခဲ့သားပဲ
ငါတို့နှစ်ယောက်က လုံး၀ မလိုက်ဖက်ပါဘူး boy to boy မို့လို့ ဆိုပြီး ပြောခဲ့တယ်မဟုတ်လား နောက်ဆုံးတော့လည်း မင်းဘက်က စပြီး သစ္စာမဲ့ တာပဲ မောင် ..."

"YANG JUNG WON !!! မင်း ငါ ပြောတာ အရင်နားထောင်ဦး မင်းထင်ရာတွေပဲ လျှောက်ပြောမနေနဲ့ "

"ဘာ ! အရင်တုန်းက မပြောဖူးတဲ့ ပုံစံ တွေနဲ့ တောင် ပြောနေပါ ပေါ့လား တော်ပြီ ငါ မင်းနဲ့ ဘာမှ မပြောချင်တော့ဘူး မင်းနဲ့ငါ ဒီနေ့ကစပြီး ဘာမှ မပတ်သက်တော့ဘူး ပြတ်ပြီ "

ရင်ထဲရှိသော ခံစားချက်များနှင့် ပြောင်းပြန် ပြောခဲ့ပြီးနောက် ဂျောင်း၀န်း၏ ခြေလှမ်းများ ဦးတည်ရာမှာ အိမ်သို့ ...
ဒီစိတ်အခြေနေနှင့် စာသင်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေနေလေ ...

*****

" သား နေမကောင်းလို့ ပြန်လာတာလား "

"သား နေမကောင်းလို့ မတက်ဘဲ ပြန်လာလိုက်တာ အဲ့တာ အခု ဆေးသောက်ပြီး တစ်ရေးလောက်အိပ်မလို့ ညကျမှ သား အခန်းထဲက ထွက်လာခဲ့တော့မယ် အခုလောလောဆယ် သားတစ်ယောက်တည်းပဲ နေချင်တယ် "

ဂျောင်း၀န်း မေမေ့ မျက်နှာကိုတောင် လှည့်မကြည့်တော့ဘဲ အခန်းထဲသို့ ၀င်သွားတော့သည်

အခန်းထဲရောက်တော့ လွယ်အိတ်ကို ဘုံးခနဲ ပစ်ချကာ ကုတင်ပေါ်ထိုင်လိုက်ပြီး ph ကို silent လုပ်လိုက်လေသည် " မောင် ♡ " ဟုသော contact name လေးကို bl ရုံသာမက Social Media Acc များကိုပါ bl လိုက်လေသည်။

မျက်ရည်များကလည်း ပါးပြင်အထက် တသွင်သွင် စီးကျရင်း

" လုပ်ရက်လိုက်တာကွာ ပြောတော့ ကလေးကို တန်ဖိုးထားပါတယ်ဆို အခုကျတော့ ....... ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ မင်းကိုပဲ ဆက်ချစ်နေမှာ ဒါမဲ့ မင်းမမြင်စေရဘူး မလိုချင်လို့ အသစ်ရှာတဲ့ မင်းရှေ့မှာ ငါ့က ဒူးထောက်ပြရအောင် အရူးမဟုတ်သေးဘူး ! "


*****


Other side,

ဂျေးတစ်ယောက် canteen တွင် ထိုင်နေသည်။ ဘာမှလည်း မစားဘဲ ရှေ့တွင် ရေတစ်ခွက်သာ ချထားလေသည် ။ ထိုအချိန်တွင် ဆောင်းဟွန်းနှင့် ဂျယ်ယွန်း တို့ ရောက် လာကြသည်။

တိတ်ဆိတ်နေသည်ကို ဖြိုခွင်းလိုက်သူက
ဂျယ်ယွန်း .

" ငါတို့လည်း သတင်းကြားကြားချင်း ချက်ချင်း တန်းလာတာ ထင်သားပဲ မင်းဒီမှာ ရှိနေမယ်လို့ "

"အေး"

ဂျေးလည်း "အေး" တစ်လုံးမှ လွဲ၍ ဘာမှ ဆက်မပြော ။ စကားဝိုင်းက ထပ်တိတ်သွားပြန်ချေပြီ။ ဂျယ်ယွန်းလည်း စိတ်မရှည်တော့ သဖြင့်

"ကဲ တစ်ခုခုတော့ လုပ်ကြမယ်လေ ဒီတိုင်း ထိုင်နေရင် ဘာမှ မထူးဘူး ပြဿနာရှင်းဖို့ နည်းလမ်း မရှာဘဲ ထိုင်နေရင်လည်း အလကားပဲလေ ကွာ"

"ဟုတ်တယ် ဂျေးမင်းအခု ဘာဆက်လုပ်မလဲ "

"အခုက အားလုံး ပြီးသွားပြီကွ ဘာမှ ရှင်းလို့မရတော့ဘူး ငါ့ကို ရှင်းပြဖို့ အခွင့်အရေးလေးတောင် မပေးဘူး သူပြောချင်တာပဲ စွတ်ပြောပြီး ထွက်သွားတာ အခုလည်း ပြတ်ပြီတဲ့ "

"Arr...အဲ့တာကလည်း သွေးပူနေချိန် မို့ပါကွာ ဂျောင်း၀န်းအကြောင်းလည်း သိရဲ့သားနဲ့ ကွာ မင်းကလည်း ...လက်‌တော့မလျှော့ပါနဲ့ ကွာ"

"အေးလေ ကွာ ယောက်ျားတို့ဇွဲ သေကာမှ လျှော့တဲ့ "

ဆောင်းဟွန်းလည်း ဂျယ်ယွန်းစကားကိုထောက်ခံသည့် သဘောဖြင့်

"အဲ့တာတော့ ဟုတ်တယ်ကွ "

ရုတ်တရက် အနားသို့ရောက်လာကာ ထိုင်နေသော ဂျယ်ယွန်း၏ ပုခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သူက ဆောနူ .

"ကဲ ပြောပါဦး ဆရာကြီးရဲ့ ဩဝါဒလေးတွေ ခြွေပါဦး ..."

ဆောင်းဟွန်းက ၀င်နှောင့်လိုက်ခြင်းပင် ။

"အဲ့တာကို အသာထားပြီး အရင်ဆုံး လုပ်စရာရှိတာတွေကို အစဉ်တကျ လုပ်ရမယ် ..."

ဆောနူအပြောကို အားလုံးက ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံကြပြီး ဂျယ်ယွန်းကပင် စ၍

"ဘယ်က စလုပ်မယ်စဉ်းစားထားကြလဲ "

"မသိဘူးလေ ..."

" ဪ သောက်ရေးထဲ ရေတောင် နင်တယ် "

သောက်လက်စ ရေဘူးကိုချပြီး ပြောလည်းပြော လက်ကလည်း ဆောနူ ၏ လက်မောင်းကို ဆွဲဆိတ်လိုက်ပြီး

" ယော‌ဒေါပွန်း ...! "

"ဟော ငါ့ ကိုကိုလာပြီ "

" Wait ..! ငါ အခုလို အသည်းကွဲနေချိန်မှာ ကျေးဇူးပြုပြီး ငါ့ရှေ့မှာ လာ မ ro ကြပါနဲ့လားကွာ မင်းတို့အတွဲတွေက တစ်မှောင့် ..."

"ငါ လာတာက အကောင်းပြောမို့ပါကွ အခု မင်းကလေးလေးရဲ့ social media acc မှန်သမျှကို မင်းကြည့်လိုက် ..."

"အခုချိန်ကြည့်လည်း ဘာထူးမှာလဲကွာ
ငါ့ကို bl ထားမှာပဲ မဟုတ်တောင် သူနည်းနည်းလေး စိတ်ခုသွားပြီဆိုတာနဲ့ ငါ့မှာ
တစ်နေ့ထဲကို 365 ခါလောက် bl ခံနေရတဲ့ဟာ
ခုဆို ပိုဆိုးပေါ့ ဟူးးး ..."

"မင်းကလည်း အဲ့လို လဒ မှိုင် မှိုင်မနေပါနဲ့
ငါတစ်ယောက်လုံး ရှိပါတယ် "

"အင်းပါ ကွာ မင်းကိုပဲ အားကိုးပါတယ် အတန်းခေါင်းဆောင်လည်းဖြစ် တည်"ကြည်" အကိုကြီး အဖရာလည်းဖြစ်တော့ ....
ကျန်တဲ့ကောင်တွေက သုံးစားလို့လည်း
မရပါဘူးကွာ "

"ဒီတစ်ခါတော့အသည်းကွဲနေလို့ ညှာတာပေးလိုက်မယ် ပတ်‌ဆောင်းဟွန်းလက်သီးကို ဘာမှတ်နေလဲ "

"ကဲ တော်ပါတော့ ဒီလိုနဲ့ လိုရင်းက မရောက်တော့ဘူး ငါ့ကိုကိုက အတန်းဖျက်ပြီးလာထားရတာ ကဲ ကိုကိုပြော ..."

ဆောင်းဟွန်းနှင့် ဆောနူလည်း ဂျယ်ယွန်းကို မနိုင်ဘူးဆိုသည့်အကြည့်နှင့် ခေါင်းသာ ရမ်းပြ‌ နေကြ လေသည် ။

ဂျေးကတော့ မှိုင်မြဲ မှိုင်ဆဲ ...

" အခုချိန်မှာ ဂျောင်း၀န်းက သွေးပူနေမှာ ဘယ်သူ့ကိုမှအတွေ့ခံမှာ မဟုတ်ဘူး ဒါမဲ့ သူမတွေ့လည်း ငါတို့က မရရအောင် တွေ့ရမှာပဲ အဲ့တာမှ အဆင်ပြေမှာ မဟုတ်ရင် မင်းတို့ ပြတ်ဖို့ပဲ ရှိတယ် "

" ဒီလိုလုပ်မယ်ကွာ "

ဂျယ်ယွန်းစကားကို ဘယ်လိုလုပ်မှာလဲဟု ကျန်လေးယောက်က မေးငေါ့လိုက်ကြပြီး ...

"အခုဒီနေ့ကို ငါတို့အကုန်လုံး အတန်းလစ်လိုက်မယ် ငါတို့က ဂျောင်း၀န်းအိမ်ကိုသွားပြီး ဂျောင်း၀န်းနဲ့ မရရအောင်တွေ့မယ်ကွာ

ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်မယ် အဲ့မှာ ပြေလည်မယ် ပြီးတာနဲ့ ဂျောင်း၀န်းကို မင်းအိမ်ကို လွှတ်လိုက်မယ်

ဂျေး ! မင်းက အိမ်မှာ အေးဆေးထိုင်စောင့်နေ "

"မဆိုးပါဘူး အဲ့တာလည်း ... ဒါမဲ့ကွာ ဂျောင်း၀န်းက ငါတို့ ရှင်းပြတာကို လက်မခံရင်ကော ..."

" ဟာ ဆောင်းဟွန်းရယ် ... မင်းမလည်း တုံးရန်ကော ဒီလောက်အဖြေထွက်ပြီးသား လုပ်ကြံကိစ္စကြီးကိုကွာ သေချာရှင်းပြတော့ လက်ခံပေးရမှာပေါ့ကွ .."

" ဆောနူပြောတာ ဟုတ်တယ် ဒါမဲ့ ဆောင်းဟွန်းပြောသလို ထည့်တွက်ထားမှ ရမယ် ယန်းဂျောင်း၀န်း က လူကသာ ချစ်ဖို့ကောင်းတာ
တစ်ချက်"ကျ စိတ်က သိပ်မှန်ချင်တာ မဟုတ်ဘူး ...

ဒါမဲ့ မတတ်နိုင်ဘူးကွာ အခြေနေပေါ်မူတည်ပြီးပဲ မီးစင်ကြည့်ကကြတာပေါ့

နုသင့်ရင် နုမယ် ကြမ်းသင့်ရင်လည်း အပီ
ကြမ်းမယ်ကွာ .."

မျက်ခုံးနှစ်ခုကို တွန့်ချိုးလျက် မေးရိုးများထင်းနေအောင် အံကြိတ်ပြီး ပြောနေ‌သော ဂျေးကြောင့် ကျန်သူများလည်း တံတွေးကို မသိမသာ မျိုချလိုက်မိကြသည် ...

ယခုလို စိတ်ရှုပ်စရာ ဒေါသထွက်စရာတွေနှင့် ကြုံလာရင် စိတ်ကြီးတတ်သော ဂျေး အကျင့်ကို သိသောကြောင့်ပင် ...

ဂျေး ရုပ်တည်နေလျှင် ဂျောင်း၀န်း ပင် နည်း"လန့်ရတာမို့ ...
ကျန်သူငယ်ချင်းများကို‌တော့ မဆိုနှင့်တော့ ...

*****

ဂျေးတစ်ယောက် အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲချမိလိုက်သည်
စိတ်တွေလည်း ရူးမတတ်ကို ရှုပ်နေသည်မလား

*** တော်သေးတာပေါ့ appa က အလုပ်ကိစ္စနဲ့ ခရီး သွားနေလို့ မဟုတ်ရင် အဆင်ပြေမနေဘူး

ဟာ ... ချီးပဲကွာ ဘယ်ကနေ ဘယ်လို စမှားသွားရတာလဲလို့

ကလေးလေးရယ် မင်းတကယ်ပဲ ကိုယ့်ကို ရူးစေချင်နေတာလားကွာ

မင်းမရှိရင် မဖြစ်ဘူးဆိုတာ သိရက်သားနဲ့

မင်းက ကိုယ့်အတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာကို သိရက်သားနဲ့

မင်းကို ဘယ်လောက်ထိ အရူးအမူး ဖြစ်လဲဆိုတာကို သိရက်သားနဲ့

မင်းကို ကိုဘယ်လောက်ထိ အရာအားလုံးနဲ့ ရင်းပြီး ချစ်လဲ မင်းသိရက်သားနဲ့

အားလုံးကို သိရက်နဲ့ အခုလို ဆုံးဖြတ်ချက်ကြီးကို တစ်ယူသန်ချလိုက်တာ‌က ကိုယ့်အတွက် မတရားဘူးလေကွာ

ချစ်သူသက်တမ်း 3 နှစ်ပဲကျော်ပြီ uni final yr တောင် ရောက်နေပြီ
ခုထိ ကလေးစိတ်ကို မပြင်နိုင်သေးဘူး တစ်ယူသန် တစ်ဇွတ်ထိုးစိတ်ကောပဲ

ကိုယ့်ချစ်သူကို နည်းနည်းလေးတောင် မယုံကြည်ပေးနိုင်တဲ့ မင်းကိုလည်း မောင်အရမ်း အံ့ဩမိတယ်

တကယ်" ဘယ်လိုပဲဖြစ်နေပါစေဦး အကျိုးနဲ့အကြောင်းတော့ မေးသင့်တယ် မဟုတ်လား ထင်ရာမြင်ရာတွေနဲ့ ကောက်ချက်ချရဲ့တဲ့အထိ မောင်က မင်းအတွက် အရမ်းဈေးပေါသွားသလား

ဟူးး မောလိုက်တာကွာ ...

ဘယ်လိုလုပ်ပြီး ဒီလိုဟာလေးကိုမှ ချစ်မိသွားရတာလဲ ပတ်ဂျံဆောင်းရယ် မင်းမလည်း .... ***

တွေးရင်း" လွန်ခဲ့သော အတိတ်ကာလများသို့
ဂျေး တစ်ယောက် ရောက်ရှိသွားလေသည် ...

ဂျေး၏ မိခင်မှာ ဂျေး ငယ်ငယ်ထဲကပင် အဆုတ်ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့လေသည် ...

ထို့ကြောင့် ဂျေး၏ ဖခင်ကပင်
အမေလိုတစ်မျိုး အဖေလိုတစ်ဖုံ နောက်အိမ်ထောင်မပြုဘဲ ကြိုးစားရုန်းကန်ပြီး ဂျေးကို စောင့်ရှောက်ခဲ့သည်

ဂျေးအထက်တန်း ပထမနှစ်မရောက်ခင် ဂျေးအဖေ၏ အလုပ်ကိစ္စကော ဂျေးကျောင်းကိစ္စကော ရှေ့ရေးအတွက်ပါကြည့်၍ နေထိုင်ရာ နယ်မြို့လေးမှ Seoul မြို့သို့ ပြောင်းလာခဲ့ကြလေသည်

အထက်တန်း ပထမနှစ်၏ ပထမဦးဆုံး ကျောင်းတက်ရသောနေ့ ...

ကျောင်းသားကျောင်းသူများမှာ တကယ့်ကို အများကြီးပင် ။ နယ်မြို့မှ ပြောင်းလာသော ဂျေးအတွက်တော့ အထူးအဆန်းဖြစ်နေတာကတော့ အသေအချာပင် ။

"ဟေ့ ...! "

မျက်လုံးလေး ကလယ်ကလယ်နှင့် ရပ်ကြည့်နေ သော ဂျေးကို ဟေ့ဟုခေါ်ကာ အနောက်မှ ပုခုံးကို ပုတ်လိုက်သော ကောင်လေးတစ်ယောက်

ဂျေးလှည့်ကြည့်လိုက်သောအခါ puppy eyes လေးများဖြင့် ရယ်ပြနေသော ချစ်စရာ လုံးလုံးလေး

ထိုချစ်စရာ လုံးလုံးလေးမှပင် စ၍

" Arnyeo ...! ငါ့နာမည်က Yang Jung Won ပါ Jung Won လို့ပဲခေါ် ဒါနဲ့ မင်းနာမည်က Park .... "

"Park Jong Seong ပါ ဂျေးလို့ပဲ ခေါ်ကြတယ် "

" ဪ ဟုတ်တယ် မှတ်မိပြီ" Park Jong Seong ဟုတ်တယ်" ဟီး" "

" ဒါနဲ့ မင်းက ငါ့ကို သိလို့လား "

" ဪ အဲ့တာလား မင်းကျောင်းအပ်တဲ့နေ့က မင်းနောက်မှာ ငါလေ ... မင်းပုံစံကြည့်ရတာ ငါ့ကို သတိမထားမိဘူးနဲ့ တူတယ် ငါက မင်းအကြောင်းတွေကို နားထောင်နေတာ ဟီး"

သွားလေးဖြဲကာ ရယ်ရင်းပြောနေသော ချစ်စရာ လုံးလုံးလေးကို ကြည့်ရင်း ဂျေးလည်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားသည်ကတော့ အမှန်ပင်

*** ဟူး တော်ပါသေးရဲ့ ဒီလုံးလုံးလေးက ခင်ဖို့ကောင်းမဲ့ ပုံပါပဲ မာနမကြီးလို့ တော်သေး ...***

" ဟေ့ ဂျေး ! မင်းဘာတွေ တွေးနေတာလဲ
ငါနဲ့လိုက်ခဲ့ လာ သွားမယ် "

"ဟင် "

" ဘာ ဟင် လဲ ... မင်းနဲ့ငါက အခန်းတူတူပဲလေ ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရဦးမယ်
သူတို့က ရောက်တောင်ရောက်နှင့်လောက်ပြီ
မြန်မြန်လာ "

" ဪ အင်း" "

ပြောလည်းပြော လက်တစ်ဖက်ကိုလည်း အတင်းဆွဲကာ ရှေ့မှ ဖင်လေး လှုပ်ကာလှုပ်ကာ ဖြင့် ထွက်သွားသော ချစ်စရာလုံးလုံးလေး နောက်ကို လိုက်ရင်း ဂျေးတစ်ယောက် ကြိတ်ပြုံးမိလိုက်လေသည်

*****

စာသင်ခန်းထဲ ၀င်လိုက်သည်နှင့်
ဟောတွေ့ပါပြီ ရယ်လိုက်မောလိုက်နှင့်
စာသင်ခုံပေါ် တင်ပဆုံလွှဲထိုင်ကာ ရှင်းဂျယ်ယွန်းရှိရာ မျက်နှာမူနေသော ပတ်ဆောင်းဟွန်း ...

ဪ အတွဲတွေများ အချိန်တိုင်းကို ပြောစရာ စကားမကုန်နိုင်တာပါလား ဟု ဂျောင်၀န်းတွေးမိလိုက်သည် ။

စာသင်ခန်း၀ကို ကျောပေးထိုင်‌နေသော ပတ်ဆောင်းဟွန်းက က မိမိတို့နှစ်ယောက်ကို မမြင်ချေ ။

အတည့်ထိုင်နေလည်း မြင်မနေပါဘူး ။ ပတ်‌ဆောင်းဟွန်းဆိုတာ ရှင်းဂျယ်ယွန်း မျက်နှာ တစ်ကမ္ဘာမှတ်ပြီး တစ်နေကုန် တစ်စိမ့်စိမ့်ကြည့်နေတာပဲဟာ ...

စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ပတ်ဆောင်းဟွန်း ကို နှိပ်ကွပ်နေ‌သော မိမိအဖြစ်ကို သတိပြန်၀င်ကာ ဂျောင်၀န်းတစ်ယောက် ကိုယ့်ဘာသာ တစ်ချက်ရယ်ကာ ကြိတ်ပြုံးမိလိုက်လေသည် ...

" နောက်ကျလိုက်တာ ဂျောင်၀န်းရယ် ငါတို့စောင့်နေတာ ကြာပေါ့ "

" Sry ကွာ ငါ အိပ်ယာထနောက်ကျ သွားတာ နောက်ပြီး traffic ကြောင့်ရောပဲ "

စာသင်ခန်းထဲ ၀င်လာထဲက တွေ့သော ဂျယ်ယွန်းက စကားစလိုက်တော့မှ ဆောင်းဟွန်းက ရှေ့သို့ ပြန်လှည့်ကာ

" ပြောရင် အမြဲ အဲ့ဆင်ခြေပဲ ဟိုးမူလတန်း ပိစိပေါက်စထဲက ပြောနေတဲ့ ဆင်ခြေ ... အခုထိ အဲ့တာပဲ မရိုးနိုင်တော့ဘူး ... "

စကားပြောဆိုပုံတွေကြည့်ရတာ ဖော်ဖော်ရွေရွေပဲမို့ ဘေးလူ ဂျေးပင် စိတ်ထဲ နေရထိုင်ရ သက်သာသွားသလိုပင် ။

ကျောင်းသားသစ်ဆိုသော ၀န်ထုပ်၀န်ပိုးကြီးကြောင့် စိတ်လေးခဲ့တာကတော့ တကယ်ပါ ...
အခုတော့ မဆိုသလောက်အဆင်ပြေသွားပါသည်ပေါ့ ...

" ဒါနဲ့ အနောက်က ...? "

" ဟုတ်သားပဲ ငါပြောဖို့မေ့နေတာ ကျောင်းသားသစ် Park Jong Seong တဲ့ တစ်ယောက်တည်းဖြစ်နေလို့ ငါတို့နဲ့ ပေါင်းရအောင် ငါခေါ်လာခဲ့တာ ရင်း"နှီး ဖြစ်အောင် ဂျေးလို့ပဲ ခေါ်ကြ ငါလည်း ဂျေးလို့ပဲ ခေါ်တယ် "

" ဪ တွေ့ရတာ ၀မ်းသာတယ်နော် ဂျေး ... ငါ့နာမည်က ပတ်ဆောင်းဟွန်း ဒီဘက်က ငါ့ချစ်သူ ရှင်းဂျယ်ယွန်း ... "

အကဲပိုရန်ကောဆိုသည့်သဘောဖြင့် ဂျောင်၀န်းဆီမှ မျက်စောင်းတစ်ချက် ဆောင်းဟွန်းဆီသို့ ရောက်သွားလေသည်။

ဂျယ်ယွန်းကတော့ ဘာမှ၀င်မပြော ။ ကြည်နူးနေသောကြောင့်ပင် ။ ငါ့ချစ်သူ ဟုဆိုပြီး မိတ်ဆက်ခံရသောကြောင့် ထိုင်နေတာတောင် လေပေါ်မြောက်ချင်သွားသလိုလို , မျက်နှာက မှိုရနေတဲ့မျက်နှာ ဖြစ်နေတာကတော့ အသေအချာ ...

အခန်းထဲ စ၀င်ထဲက ပုံမှန်ထက် ထူးခြားနေသည့် အပြုအမူတစ်ချို့ကြောင့် ဂျေး ရိပ်မိပါသည် ။

အံ့ဩမှုတော့မရှိခဲ့ပါ ။ ယောက်ျားလေး သီးသန့်ကျောင်းဆိုတာတွေမှာ ဒီလိုမျိုးတွေက ရှားမှမရှားဘဲလေ ။

နောက်ပြီး သူကိုယ်တိုင်ကလည်း human rights ဆိုတာကို လက်ကိုင်ထားသောကြောင့်ပဲ ဆိုရမလား ။

ထို့ကြောင့် ခပ်ဟဟသာ ပြုံးနေမိလိုက်သည် ။

" ဪ ဂျေး ! လာလေ ဒီဘက်မှာ ထိုင်မယ် ငါနဲ့ လာထိုင် "

" အင်း "

" ငါမင်းကို မိတ်ဆက်ပေးဖို့ ကျန်သေးတယ် "

" ဪ .... အင်း "

" နှစ်ယောက်တည်းပါ တစ်ယောက်က အတန်းခေါင်းဆောင် အီဟီဆွန်း တဲ့ အရမ်းဖော်ရွေတာ နောက်တစ်ယောက်က သူ့ရဲ့ ချစ်ချစ် ကင်ဆောနူ တဲ့ "

" အခု သူတို့က မရောက်ကြသေးတာလား "

" ရောက်တာမှ ကြာလောက်ပေါ့ အတန်းခေါင်းဆောင်လည်းဖြစ် ပထမဦးဆုံးကျောင်းဖွင့်တဲ့ နေလည်းဖြစ်တော့ ကျောင်းသားရေးရာမှာ ရှိနေတာ နေမှာ သူ့ချစ်ချစ် ဆောနူ ကတော့ သူလိုတာမှန်သမျှ ဘေးက ကူပေါ့ ဟား ဟား "

" ဪ အဲ့လိုလား "

" အေး ... ဪ ဒါနဲ့ ဒီနေ့က 1st day ဆိုတော့ ဘာစာမှ သင်ရမှ မဟုတ်ဘူး အေးဆေးသာနေ သိလား "

" အေးပါ "

တစ်ခုကောင်းသည်က ငယ်ပေါင်းကြီးဖော်များဖြစ်သော သူတို့ကြားတွင် ယနေ့မှစ၍ ရောက်လာသော ဂျေးတစ်ယောက် လူစိမ်းဟု အထင်မခံရလောက်အောင်ပင် အားလုံးက နွေးထွေးပေးကြသည်

နေ့လည်စာစားချိန်တွင်လည်း သူငယ်ချင်း ၆ ယောက် ပျော်ပျော်ပါးပါး စားကြ သောက်ကြ နောက်ကြပင် ။

ဂျေး တကယ်ကိုပျော်မိပါသည်
ငယ်ငယ်ထဲက အမေမရှိတော့၍ သူငယ်ချင်းများကြားထဲတွင် သိသိသာသာကော မသိမသာကော အနှိမ်ခံရသောကြောင့် အပေါင်းသင်းဆိုတာ ဘာမှန်းတောင် မသိခဲ့ရပါ

သူကိုယ်တိုင်က မထားခဲ့တာလည်း ပါ ပါသည်ပေါ့

ဪ အခုလိုကျတော့လည်း အပေါင်းသင်းရှိတာ ပျော်ဖို့ကောင်းတာပဲဟု ကျောင်းတက်ရတဲ့ 1st day မှာတင် ဂျေးတစ်ယောက် နားလည်ခဲ့ရသည်

ဒီသူငယ်ချင်းတွေနဲ့ပင် အကြာကြီး ဖြတ်သန်းမည်ဟု စိတ်ထဲမှ ကြိတ်၍ ဆုံးဖြတ်မိသည်

သူငယ်ချင်း 5 ယောက်ထဲ puppy eyes လေးနှင့် လုံးလုံးလေးကတော့ သူအခင်မိဆုံးတစ်ယောက်ဆိုတာကတော့ အသေချာပေါ့လေ ...။

*****
#3527words
#TBC
#18.1.2022
#22:50
#with_slowed_update
#ポンポン

A/N

ပထမဆုံးရေးဖူးတာမဟုတ်ပေမဲ့ ဒါလေးကတော့ wp မှာ ပထမဆုံး up တဲ့ fic လေးပါ
အရေးသားက အရမ်းကို ညံ့လွန်းတာမို့ ဖတ်မဲ့သူလည်း ရှိမှာမဟုတ်ပါဘူး ဆယ်ယောက်ပြည့်ရင်‌တောင် ကံကောင်း ㅋㅋㅋ
စာရေး၊ စာဖတ်နေရရင်ကို ပျော်နေတဲ့သူမို့
ဒါလေးကို မနေနိုင် မထိုင်နိုင် လာ up လိုက်ရ ပါတယ် ^ ^
အကယ်ဖတ်တဲ့သူရှိရင်ပေါ့နော် !!!
ဒါလေးက ကျောင်းသားအရွယ်ပေါ့"ပါး" လေးနဲ့မို့
polaroid love လေးကို နားထောင်ပြီး ဖတ်တာက မိုက်မယ်ထင်တယ် အောက်မှာလည်း တစ်ချက်ထည့်ပေးထားပါမယ်
ပြီးတော့လေ အားရင်အားသလို Blessed-Cursed MV လေးကိုလည်း stream ကြပါလို့ ( နဂိုထဲက စကားများတဲ့သူမို့ မီးယား >< ) ok ! let me stop here ! See yahh ! 💙

Continue Reading

You'll Also Like

3.5K 539 13
Jihoon-ဟိုဘက်အိမ်ကကောင်အသံ ကြောင့်အိပ်လို့ကိုမရဘူး Hyunsuk-ဟိုဘက်အိမ်ကကောင် ရုပ်ကိုမြင်ကိုမမြင်ချင်ဘူး
42.1K 801 45
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...
474 57 4
junghwan "ငါတို့soမျိုးရိုးကိုထိခိုက်အောင်လုပ်ခဲ့တဲ့မင်းတို့ဘက်ကို ကလဲ့စားချေရုံသက်သက်ပဲ " မို့မင်းငါ့ပေါ်ချစ်လာအောင်ကြိုးစားခဲ့ယုံပဲ"ဒါပေမဲ့ငါလုပ်လိ...