I'm The Husband Of A Villain...

By henryake04

10.6K 815 64

လူနှစ်ဦးရဲ့ ချစ်ခြင်းကို ဖျက်စီး ခဲ့တဲ့သူကို ဗီလန် လို့ သတ်မှတ်ကြတယ်မလား ခက်တာက အဲ့ ဗီလိန်ရဲ့ ခင်ပွန်းက ငါဖြ... More

Part (1)
Part (2)
Character Introduce
Part (3)
Part(4)
Part(5)
Part (7-1)
Part (7-2)
kwi><
Part (8)

Part(6)

798 71 9
By henryake04

Unicode

သောမတ်စ်၏အိမ်မှ Mayfair ရဲ့ Ashburton Pl မှာရှိတဲ့  Clarges Mayfair သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် လီယို ၏ အတွေးများရှုပ်ထွေးနေခဲ့သည်။

Apartment ရှိ သူ နေထိုင်ရာ အခန်းသို့ရောက်သောအခါ ရှုပ်ထွေးနေသော စိတ်ကို ရှင်းစေရန် Black Coffee တစ်ခွက်ကို ဖျော်လိုက်သည်။ပြီးနောက် ထိုကော်ဖီခွက်ကို ယူ၍ ဝရန်တာ သို့ထွက်လာမိ၏။ဝရန်တာတွင် ကော်ဖီ ကို အရသာခံသောက်နေစဥ် မျက်နှာပေါ်သို့ ဖြတ်ပြီး ဖြေးညှင်းစွာ တိုက်ခတ်သွားသော လေနုအေး ကြောင့် မျက်လုံးအစုံကို မှိတ်ချလိုက်ပြီး အေးမြသောခံစားမှုကို ခံယူနေမိသညျ။

ထိုအချိန်တွင် အခန်းတံခါး ပိတ်သံ အကျယ်ကြီး ကြောင့် လီယို နောက်သို့ လှည့်ကြည့်မိသော အခါ ဒန်နီရယ်(Daniel) ဖြစ်နေသောကြောင့် လီယို အံ့ဩသည် ထက်ပိုသော ခံစားချက်ကို ခံစားရ၏။သူ့ကို မျက်ဝန်းကျယ်များဖြင့် ကြည့်နေသော လီယို ကြောင့် ဒန်နီရယ် မဲ့ ပြုံးတစ်ခုကို ပြုံးလိုက်ပြီး

"ဟေး ညီလေး ကိုကြီး လာလို့ လန့်သွားတာလား"

လီယို ဒန်နီရယ် အား ပြန်ပြုံးပြလိုက်ပြီး

"ဘာလန့်စရာရှိလို့လဲ ဒန်နီရယ် ပြီးတော့ မင်း ငါ့ကို ညီလေးလို့ ခေါ်စရာ မလို ဘူး ဘာလို့ဆို ငါတို့က အသက်တူတူ မလို့"

လီယို စကားကြောင့် ဒန်နီရယ် အသံထွက်ရယ်လိုက်ပြီး လီယို အနားသို့ သွားလိုက်သည်။သူ့ထက် အနည်း ငယ် အရပ်ပုသော လီယို ကို ဒန်နီရယ် ခပ်စေ့စေ့ ကြည့်ပြီး လီယို၏ မေးဖျားကို ဆွဲမော့ကာ

"အို ငါတို့က အသက်တူတူ ဆိုပေမယ့် မင်းက အငယ်အနှောင်းရဲ့ သားဆိုတော့ ညီလေး လို့ ခေါ်သင့်တယ် ထင်လို့ ခေါ်လိုက်တာပါကွာ စိတ်မဆိုးပါနဲ့ အလှလေးရယ် ဟက်"

လီယို  ခနဲ့တဲ့တဲ့ စကားများဆိုနေသော ဒန်နီရယ် ကြောင့် ဒေါသ ထွက်ကာ သူ့မေးကို ကိုင်ထားသော ဒန်နီရယ် ၏ လက်ကို အားဖြင့် ပုတ်ချလိုက်ပြီး

"မင်း ငါ့ကို အလှလေးလို့လဲ ခေါ်စရာမလိုသလို ငါ့အမေကိုလည်း အငယ်အနှောင်း လို့ပြောစရာမလိုဘူး"

"အော် အငယ်အနှောင်း မဟုတ်ခဲ့ရင် ဘာလို့ မင်းနဲ့ငါက လ ပိုင်း ပဲ ခြားပြီး မွေးလာရတာလဲ မင်း အမေက ငါ့ ဒယ်ဒီ ကို ဘယ် အချိန်တည်းက ချူနေခဲ့တာလဲ ဟမ်
ဟက် ငါ့မာမီ ဆုံးသွားတော့လည်း မျက်နှာပြောင်တိုက်ပြီး အိမ်ပေါ်တက်လာလိုက်ကြများ"

"ဒန်နီရယ် မင်းစကားတွေ လွန်မလာနဲ့ ငါ့အမေ ကို ဒယ်ဒီက ခေါ်လို့ ဒယ်ဒီ့ အိမ်ကို ပြောင်းလာတာလေ အဲ့တာ ဘာမကျေနပ်စရာများ ရှိနေလို့လဲ"

"မကျေနပ်စရာ သိပ်ရှိတာပေါ့ မင်းတို့ သားအမိ အိမ်ပေါ် ရောက်လာတဲ့ နေကစပြီး ဒယ်ဒီက ငါ့ ကို လျစ်လျူရှုခဲ့တာကွ
ကိုယ့် သှေးသား ချင်းတူတူကို ကွာ အငယ်အနှောင်းရဲ့ သားကို မှ ပိုရတယ် လို့"

"ဟေ့ကောင် ဒန်နီရယ် ငါ့ကို ကြိုက်သလို ပြောလို့ရတယ် ငါ့အမေကိုတော့ အငယ်အနှောင်းလို့ မခေါ်နဲ့"

လီယို သူ့ထက် အနည်းငယ်သာ အရပ်မြင့်သော ဒန်နီရယ် ၏ ကော်လံစ တစ်ဖက်ကို ကိုင်ပြီး ဆွဲထိုးလိုက်သည်။လီယို ထိုးလိုက်သော အားမှာ မနည်း သောကြောင့် ဒန်နီရယ်၏ မျက်နှာ တစ်ဖက်သို့် လည်ထွက်သွားပြီး နှုတ်ခမ်းဒေါင့်မှ သွေးများစီးကျလာသည်။

ဒန်နီရယ် စီးကျလာသော သွေးများကို သုတ်ပစ် လိုက်ပြီး လီယို ကို အမုန်းရိပ်သန်းနေသော မျက်လုံးဖြင့် ကြည့်ကာ

"မင်း လုပ်ရပ်အတွက် မင်း နောင်တရကိုရစေရမယ် လီယို"

ဒန်နီရယ် ထိုစကားကိုပြောပြီး လီယို ရှေ့မှာထွက်လာသော်လည်း လီယို က စောစောက နေရာမှာပင်...။
ဒန်နီရယ် အခန်းတံခါး ကို ဆွဲဖွင့်လိုက်ပြီး လီယို ရှိရာ အရပ်သို့ ပြန်လှည့်ကြည့်ပြီး

"ဟေ့ အလှလေး မင်း သောမတ်စ် ဆိုတဲ့ ဘဲကြီး ကိုကြွေနေတာမလား
Oh wait! နာမည်အရင်းက သောမတ်စ် ဂျက်ဖာဆန်
အော် ပြီးတော့ သူက The Mirror Bar မှာ အလုပ်လုပ်တာ ဟုတ်တယ်မလား
ချစ်ခြင်းမေတ္တာတွေ လုယူခံရတဲ့အခါ ဘယ်လိုခံစားရလဲ ဆိုတာ မင်းကို ငါသင်ပြပေးမယ် လီယို မက်စ်
အခုတော့ ငါပြန်ပြီ"

ဒန်နီရယ်၏ စကားအဆုံး လီယို ခြေများပင် မခိုင်ချင်ဖြစ်ကာ မတ်တပ်ရပ်ရာမှ ခွေကျသွားတော့သည်။ထို့အတူ မျက်ဝန်းအိမ်များမှပူနွေးသော အရည်များသည် လီယို ၏ ပါးပေါ်မှ တစ်ဆင့် ကြမ်းပြင်ပေါ်သို့ ကျဆင်းကုန်၏။မျက်ရည်များကိုလည်း လီယို မသုတ်မိ ကြမ်းပေါ်တွင် အရုပ်ကြိုးပျက်သာ ထိုင်ကျပြီး

'ငါမင်းဆီကနေ ဒယ်ဒီ့ရဲ့အချစ်တွေကို မလုယူခဲ့ပါဘူး ဒန်နီရယ်
အမှန်တော့ ဒယ်ဒီ က မင်းကို ပိုချစ်တာပါ ဘာလို့ ငါ အဲ့လို ပြောနိုင်ရတာလဲဆို ဒယ်ဒီက ငါ့ရဲ့ အဝါရောင်ဆံပင်တွေကိုတောင် အနက်ရောင် ပြောင်းခိုင်းခဲ့တယ်
ပြီးတော့ မင်းနဲ့ ပက်သက်တဲ့ အမှုတစ်ခုကိုတောင် အခြားလူတစ်ယောက် ကိုလွဲချပြီး ထောင်ကျခိုင်းခဲ့တဲ့ အကြောင်းကို မင်း မေ့နေခဲ့တာလား
ငါလေ ငယ်ငယ်က မင်းကို ငါ့ညီလေး ဆိုပြီး ချစ်ခဲ့တာ ဒါပေမယ့် မင်းကတော့ ငါ့ကို အငယ်အနှောင်းရဲ့ သားတဲ့ မင်းနဲ့ ဘယ်လောက် စကားအခြေအတင်တွေ ဖြစ်ဖြစ် မင်း ငါ့ကို ဘယ်လောက်အရှက်ခွဲခွဲ ငါမင်းကို မမုန်းခဲ့ပါဘူး ဒန်နီရယ်
သောမတ်စ် ဆိုတဲ့ သူကိုတော့ ငါ့ဆီက နေ မလုယူပါနဲ့ ဒန်နီရယ် ငါတောင်းပန်ပါတယ် ငါ့ကို မေတ္တာအစစ် ပေးဖူးတာဆိုလို့ အဲ့လူတစ်ယောက်ပဲ ရှိလို့ပါကွာ ငါတောင်းပန်ပါတယ် ဒန်နီရယ် သောမတ်စ် ကိုတော့ ငါ့ဆီက မဆွဲထုတ်သွားပါနဲ့ '

လီယို ထို စကားများကို ဒန်နီရယ် ဆိုတဲ့ ကောင်လေး မကြားနိုင်မှန်း သိပေမယ့် ရေရွတ်နေမိသည်။ ငိုရလွန်းသော ကြောင့် လီယို ပင်ပန်းနွမ်းနယ်လာပြီး ထိုနေရာတွင်ပင် အိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားသည်။

သောမတ်စ် ကတော့ သူ့ အခန်းထဲတွင် F.Scott Fitzgerald ရဲ့ The Great Gatsby ဆိုတဲ့ စာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေသည်။ နေ့တိုင်း သောမတ်စ်သည် စာအုပ်ဖတ်ပြီး တရေးတမော အိပ်ခြင်းဖြင့်
သူ၏ နေ့လည်နေ့ခငျး အချိန်များကို ကုန်ဆုံးစေသည်။
အိပ်စက်ပြီး နိုးလာသောအခါ ရေချိုးသန့်စင်ပြီး အလုပ်လုပ်ရာနေရာသို့ သောမတ်စ် ထွက်ခွာခဲ့သည်။ဤသည်များ မှာသောမတ်စ်၏ နေ့စဥ် ဖြစ်ပျက်နေသမျှ အရာတစ်ခုဖြစ်သည်။

Bar သို့ရောက်သောအခါ သောမတ်စ် သူ၏ cocktail စပ်ခြင်း လုပ်ငန်းကို စတင်ရတော့သည်။ထိုသို့ ဖြင့် ည ၉ နာရီသို့ရောက်သောအခါ သောမတ်စ်တို့ cocktail ဖျော်စပ်ရာ bar counter ရှေ့တွင် အာရှသားမျက်နှာပေါက်ရှိပြီး အသားအရည်ဖြူဖွေးကာ အနက်ရောင် ဆံပင်ခပ်အုပ်အုပ်နှင့် လူငယ် တစ်ယောက်လာထိုင်သည်။ထို လူငယ်၏ အသက်ကို ခန့်မှန်းရလျှင် လီယို အသက် နှင့်အတူတူသာ ရှိလောက်မည်။

"ဦးလေးကြီး ကျွန်တော့်ကို Tequila"

"ဘာ အမျိုးအစားလဲ ချာတိတ်"

"Don Juilo 1942"

"မင်း တကယ်သောက်မှာလား အဲ့တာက alcohol 40 percent တောင်ပါတာနော်"

"ပေး မှာသာ ပေးပါဗျာ"

"အေးပါ ချာတိတ်ရာ"

ဒန်နီရယ် ဒီလူ၏ ချာတိတ် ဟူသော အသုံးအနှုန်းကို သဘောကျမိသည်။ နှုတ်ခမ်းမွှေး ခပ်ရေးရေး နှင့် ဤသူ ၏ ဥပဓိရုပ်သည် တကယ့်ကို ခန့်ညားလှပြီး အမျိုးသမီး များသာမက အမျိုးသားများကို ပါ ဆွဲဆောင်နိုင်သည်။စကားပြောလျှင် ခပ်ပြုံးပြုံး ပြောတတ်သော သောမတ်စ် ဆိုသော သူသည် သဘောကောင်းမည့်ပုံ ရှိသလို ခပ်အအ ပုံစံလည်း ရှိသည်။ပြီးလျှင် သူသည် ဖြောင့်တန်းနေသော လမ်းမီးတိုင်ကြီး နှင့်တူပြန်သည်။ထို့ကြောင့် ထိုသူ ကို အလွယ်တကူ ကွေးညွှတ်အောင် ပြုလုပ်နိုင်မည်မဟုတ်။

ဒန်နီရယ် ကိုယ့်ကို ပြန်သုံးသပ်တော့ သူသည်လည်း ဖြောင့်တန်းသော ဓာတ်တိုင်ငယ်လေးပင်။ဒန်နီရယ် အတန်ငယ် အကြပ်ရိုက်သွားသော်လည်း လီယိုအား မကျေနပ်မှုများ လွှမ်းမိုးနေသောကြောင့် သူ့ကိုယ် သူ စပရိန်ဖြစ်ရန် ကြိုးစားမည်။ထိုမျှသာမက မိမိရှေ့ရှိ သောမတ်စ် ဟူသော သူကိုယ်လည်း သံချောင်းကွေးသွားသကဲ့သို့ ဖြစ်အောင် ပြုလုပ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။

လီယို နာကျင်မှုများနှင့်အတူ ကြမ်းပြင်ပေါ့မှ နိုးထလာသည်။
နံရံ ရှိ နာရီကို ကြည့်တော့ ၉နာရီ၃၀ မိနစ်...။
သူ ဒီကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး အိပ်ပျော်သွားသောကြောင့် ကိုယ်လက်များ နာကျင်နေသည်။
အနည်းငယ် ကိုက်နေသော ခေါင်းကြောင့် နားထင်ကို လက်တစ်ဖက်ဖြင့်ဖိကာ ကျန်တစ်ဖက်က ကြမ်းပြင်ကို လက်ထောက်ကာ အားပြုပြီး မတ်တပ်ရပ်လိုက်ရသည်။ထိုင်းမှိုင်းနေသော ကိုယ်ခန္ဓာ ကို လန်းဆန်း သွားစေရန် ရေချိုးလိုက်သည်။ရေချိုးနေစဥ် ဒန်နီရယ် သူ့အား ပြောသွားသော စကားများ လီယို၏ ခေါင်းထဲတွငိ အစီအရီ ပြန်ပေါ်လာသည်။
ဒန်နီရယ် သည် ယနေ့ ပြောသောစကားကို နောက်နေ့မကူးစေပဲ ချက်ချင်း ပြုလုပ်တတ်သူ ဖြစ်ကြောင်း သူသိသည်။
ထို့ကြောင့် သူ ရေအမြန်ချိုးလိုက်ပြီး အဝတ်ဝတ်ကာ သူထင်ထားသလို မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းရင်း သောမတ်စ် အလုပ်လုပ်ရာ Bar သို့ လီယို ကားဖြင့် ထွက်လာမိသည်။

သောမတ်စ် ခွက်များအား အဝတ်စဖြင့်သုတ်နေပုံကို ဒန်နီရယ် ကြည့်မိသည်။ထိုသူ၏ လက်ဖျံတွင် အစိမ်းရောင်သွေးကြောများသည် ထင်ရှားစွာတည်ရှိနေပြီး အမွှေးအမျှင်တစ်ချို့ ပိုကြည့်ကောင်းစေရန် ကူညီပေးနေသည်။ ဒန်နီရယ် ၂ ခွက်မြောက် သောက်အပြီးတွင် သူနှင့် သောမတ်စ် အကြားတိတ်ဆိတ်နေသော လူထုအား စတင်ဖြိုခွဲလိုက်တော့သည်။

"ဟေ့ ဦးလေးကြီး ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ"

"ကိုယ့်နာမည်လား"

အူတူတူဖြင့် သူ့ကိုယ်သူ လက်ညိုးထိုးမေးလာသည့် သောမတ်စ် ကြောင့် ဒန်နီရယ် ပြုံးလိုက်ပြီး

"ဟုတ်တာပေါ့"

"ကိုယ့် နာမည်က သောမတ်စ် ဂျက်ဖာဆန်(Thomas Jefferson)"

"ကျွန်တော့်နာမည်က ဒန်နီရယ် ကောလင်းလ်(Daniel Colin)"

ဒန်နီရယ် သူ၏နာမည်ကို ပြောပြီး လက်ကမ်းပေးလိုက်သောအခါ ထိုသူ ဘက်မှ အလိုက်တသိပင် လက်ဆွဲနှုတ်ဆက်လာသည်။
သောမတ်စ် ဆိုသူ၏ လက်ဖုဝါးသည် ကြမ်းတမ်းနေသော်လည်း ပူနွေးနေသောကြောင့် ထိတွေ့ရသည်မှာ နှစ်သက်ဖွယ် ကောင်းလွန်းသည်ဟု ဒန်နီရယ် မှတ်ချက်ချမိသည်။

"ဦးလေးကြီး အသက် ကရော"

"၃၄ နှစ်ရှိပြီ"

"Wow!! ဒါဆို ကျွန်တော့်ထက် ၁၅ နှစ်တောင် ကြီးတာပဲ"

"ဒါဆို မင်းအသက်က ၁၉ နှစ်လား"

"ဟုတ်တာပေါ့ဗျ"

"ထင်တော့ထင်သားပဲ မင်းအသက်က လီယို နဲ့ တူတူလောက်ပဲ ရှိမယ်ဆိုတာ"

"လီယို က...?"

"ကိုယ့် အသိ တစ်ယောက်ပါ
အင်း တူလို သားလို ချစ်ရတဲ့ အသိလေးပေါ့"

သောမတ်စ်၏ စကားကြောင့် ဒန်နီရယ် အတော်တွေဝေ သွား၏။ဒီလူကြီးသည် သူ၏ ခန့်ညားမှုနှင့် မလိုက်အောင်ပင် တုံးအလွန်းလှသည်။ဘာကြောင့် မိမိအား ချစ်သူရည်းစား ကဲ့သို့ သဘောကျ နှစ်သက်သူကို သားအဖဧရိယာ သို့ ထည့်သွင်းနေရပါသနည်း။

"အော် ဟုတ်ကဲ့ ဒါနဲ့ ဦးလေးကြီး က ဘယ်မှာနေတာလဲ "

"ကိုယ်က Marylebone က Linhope Street မှာနေတာ"

"ကျွန်တော်ကလည်း Marylebone ထဲမှာပဲရှိတဲ့ George Street မှာ နေတာ"

"ဒါနဲ့ မင်းက အာရှသားလား"

"ဟုတ်တယ် ဒါပေမယ့် ကျွန်တော်က အာရှသားစစ်စစ်တော့မဟုတ်ပါဘူး"

" နီဟောင် (你好)"

"ဟမ် ဘာလို့ တရုတ်လိုကြီး နှုတ်ဆက်တာလဲ"

"မင်းပဲ အာရှသားဆို"

"ဦးလေးကြီး က ဒူလိုက်တာ အာရှသားဆိုတိုင်း တရုတ်မဟုတ်ဘူးလေဗျာ ကျွန်တော်က ကိုရီးယားစပ်တာ
ကျွန်တော့် ဒယ်ဒီက England သား ကျွန်တော့် မာမီက South Korea ကသူ"

"ဟုတ်ပါပြီ ချာတိတ်ရာ"

ဒန်နီရယ် မည်သည့်စကား ထပ်ပြောရမည် မသိတော့သောကြောင့် Tequila သာ ဆက်သောက်ရန် ဆုံးဖြတ်လိုက်ပြီး

"ဦးလေးကြီး ကျွန်တော့်ကို Don Juilo 1942 နောက်တစ်ခွက်ထပ်ပေးဦး"

ဒန်နီရယ် ၄ ခွက်မြှောက် သောက်အပြီးတွင် အတော်လေး ရီဝေ လာသောကြောင့်  ခေါင်းမှောက် ပြီး မှေးနေလိုက်ရသည်။

သောမတ်စ် အလုပ်လုပ်သည့် bar ရှေ့သို့ လီယို ရောက်တော့ လီယို ၏ ဆုတောင်းများ မပြည့်မှန်းသိခဲ့ရသည်။အဘယ့်ကြောင့်ဆိုသော်
ဆိုင်ရှေ့တွင် ရပ်ထားသော 2009 lamborghini murcielago lp640 all black ကြောင့်...
သို့ပေမယ့် လီယို Bar အတွင်းသို့ အားတင်းကာ ဝင်လာမိသည်။

bar counter ပေါ် လက်တင်ကာ ခေါင်းငုံပြီး  အိပ်နေသည့် ဒန်နီရယ် ကြောင့် သောမတ်စ် bar counter အတွင်းမှ ထွက်၍ ဒန်နီရယ် ဘေးနား သို့ သွားကာ ပုခုံးနှစ်ဖက် ကို အသာကိုင်ပြီး နှိုးလိုကျသညျ။သောမတျဈ ခေါင်းပြန်မတ်လာသော ဒန်နီရယ် အားကြည်ပြီး

"ချာတိတ် အဆင်ပြေရဲ့လား"

"ပြေပါတယ်"

"ဦးလေး"

ထိုအချိန်တွင် သောမတ်စ် အား လှမ်းခေါ်လိုက်သော လီယို၏ အသံကြောင့် ဒန်နီရယ် မဲ့ပြုံးတစ်ခုကို ပြုံးလိုက်သည်။

ဒန်နီရယ် မတ်တပ်ရပ်လိုက်တော့ မူးနေသည့် အရှိန်ကြောင့် သောမတ်စ် ရင်ခွင်ထဲသို့ လဲ ပြိုကျသွားသည်။သောမတ်စ်ကတော့ ဒန်နီရယ် လဲကျသွားမှာစိုးရိမ်သည့် အတွက် ဒန်နီရယ်၏ ပုခုံးကိုသာ ခပ်တင်းတင်း စုပ်ကိုင်ထားမိသည်။
သောမတ်စ်၏ ရင်ခွင်တွင်းတွင် ဘေးတစ်စောင်းရှိသည့် အနေအထားမှ သောမတ်စ်၏ မျက်နှာချင်းဆိုင်ဖြစ်အောင် နေလိုက်ပြီး ပိရိသေသပ်သော နှုတ်ခမ်း ပေါ်သို့ မိမိ၏ နှုတ်ခမ်းများ ထပ်တူကျစေခဲ့သည်။

ရင်ခွင်ထဲမှ ကောင်လေး၏ အပြုအမူကြောင့် သောမတ်စ် အံ့ဩသွားသော်လည်း တွန်းဖယ်ခြင်းတော့မပြုခဲ့..။
အဘယ့်ကြောင့်ဆိုသော် အချို့သော သူများတွင် အမူးလွန်လျှင် လိုက်နမ်းတတ်သည့် အကျင့်ရှိသည်။သောမတ်စ်၏ လုပ်ဖော်ကိုင်ဖက် များထဲမှ တစ်ဦးတစ်လေ တွင်လည်း ထိုအကျင့်ရှိဖူးသောသောကြောင့် ဒန်နီရယ် ဆိုသော ကောင်လေးတွင်လည်း ထိုကဲ့သို့ အကျင့်မျိုးရှိသည် ဟု မှတ်ယူကာ ချက်ချင်း မတွန်းဖယ်မိခြင်း ဖြစ်သည်။၁ မိနစ် လောက်အကြာတွင်တော့ သောမတ်စ်  ဒန်နီရယ်၏ ပုခုံးကိုကိုင်ကာ ဖယ်ခွာလိုက်ပြီး မျက်လုံးမပွင့်တော့သော ဒန်နီရယ် ကို မိမိပုခုံးပေါ်သို့ နေရာပြောင်းလိုက်ရသည်။

ထို အဖြစ်ကို ကြောင်အ စွာငေးကြည့်ရင်း မျက်ရည် များဝေသီနေခဲ့သော ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့သည်။

-----------------------

A/N

Tequila ကိုတော့ Mexico နိုင်ငံ ကစတင်ခဲ့တာဖြစ်ပါတယ်
အတိအကျ ပြောရရင် Mexico နိုင်ငံထဲမှာရှိတဲ့ Jalisco ကနေ စတင်ခဲ့တာပါ
Tequila မှာ alcohol ပါဝင်မှုနှုန်းက 38% ကနေ 55% ထိရှိနိုင်ပါတယ်

ဒန်နီရယ် သောက်တဲ့ Tequila အမျိုးအစား မှာတော့ alcohol 40 % ပဲပါပါတယ်

ဒါကတော့ Daniel သောက်တဲ့ Don Julio 1942 ပါ
ဒီ 750ml တစ်ပုလင်းကို pound နဲ့တွက်ရင် 161.19 pounds ပါ
မြန်မာ ငွေနဲ့ဆို 292400 ကျပ်ပါ
The Mirror Bar မှာတော့ Don Juilo 1942 တစ်ခွက်ကို 35 pounds နဲ့ရောင်းပါတယ်
မြန်မာငွေနဲ့ဆို 63500 ကျပ်ပါ

ဒါက Daniel စီးတဲ့ 2009 lamborghini murcielago lp640 ပါ
Us dollar နဲ့ဆို 382,400 dollars ပါ
မြန်မာငွေနဲ့ဆို 508,289,900 ကျပ်ပါ

Thomas က Daniel အာရှသားဆိုတာ သိတော့ တရုတ်လို နှုတ်ဆက် ရတာ ဘာကြောင့်လဲဆိုတော့ များသော အားဖြင့် European တွေက အာရှသားဆို Chinese တွေကိုပဲ ပြေးမြင်တတ်ကြလို့ပါ

Daniel ပုံကို Character Introduce မှာပဲ ထည့်ပေးထားပါ့မယ်
အခုလို ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
ဆက်လက်ကြိုးစားသွားပါဦးမယ် 💙

Zawgyi

ေသာမတ္စ္၏အိမ္မွ Mayfair ရဲ႕ Ashburton Pl မွာရွိတဲ့  Clarges Mayfair သို႔ ျပန္လာသည့္ လမ္းတစ္ေလွ်ာက္တြင္ လီယို ၏ အေတြးမ်ားရႈပ္ေထြးေနခဲ့သည္။

Apartment ရွိ သူ ေနထိုင္ရာ အခန္းသို႔ေရာက္ေသာအခါ ရႈပ္ေထြးေနေသာ စိတ္ကို ရွင္းေစရန္ Black Coffee တစ္ခြက္ကို ေဖ်ာ္လိုက္သည္။ၿပီးေနာက္ ထိုေကာ္ဖီခြက္ကို ယူ၍ ဝရန္တာ သို႔ထြက္လာမိ၏။ဝရန္တာတြင္ ေကာ္ဖီ ကို အရသာခံေသာက္ေနစဥ္ မ်က္ႏွာေပၚသို႔ ျဖတ္ၿပီး ေျဖးညွင္းစြာ တိုက္ခတ္သြားေသာ ေလႏုေအး ေၾကာင့္ မ်က္လုံးအစုံကို မွိတ္ခ်လိဳက္ၿပီး ေအးျမေသာခံစားမႈကို ခံယူေနမိသည်။

ထိုအခ်ိန္တြင္ အခန္းတံခါး ပိတ္သံ အက်ယ္ႀကီး ေၾကာင့္ လီယို ေနာက္သို႔ လွည့္ၾကည့္မိေသာ အခါ ဒန္နီရယ္(Daniel) ျဖစ္ေနေသာေၾကာင့္ လီယို အံ့ဩသည္ ထက္ပိုေသာ ခံစားခ်က္ကို ခံစားရ၏။သူ႕ကို မ်က္ဝန္းက်ယ္မ်ားျဖင့္ ၾကည့္ေနေသာ လီယို ေၾကာင့္ ဒန္နီရယ္ မဲ့ ၿပဳံးတစ္ခုကို ၿပဳံးလိုက္ၿပီး

"ေဟး ညီေလး ကိုႀကီး လာလို႔ လန့္သြားတာလား"

လီယို ဒန္နီရယ္ အား ျပန္ၿပဳံးျပလိုက္ၿပီး

"ဘာလန့္စရာရွိလို႔လဲ ဒန္နီရယ္ ၿပီးေတာ့ မင္း ငါ့ကို ညီေလးလို႔ ေခၚစရာ မလို ဘူး ဘာလို႔ဆို ငါတို႔က အသက္တူတူ မလို႔"

လီယို စကားေၾကာင့္ ဒန္နီရယ္ အသံထြက္ရယ္လိုက္ၿပီး လီယို အနားသို႔ သြားလိုက္သည္။သူ႕ထက္ အနည္း ငယ္ အရပ္ပုေသာ လီယို ကို ဒန္နီရယ္ ခပ္ေစ့ေစ့ ၾကည့္ၿပီး လီယို၏ ေမးဖ်ားကို ဆြဲေမာ့ကာ

"အို ငါတို႔က အသက္တူတူ ဆိုေပမယ့္ မင္းက အငယ္အႏွောင္းရဲ႕ သားဆိုေတာ့ ညီေလး လို႔ ေခၚသင့္တယ္ ထင္လို႔ ေခၚလိုက္တာပါကြာ စိတ္မဆိုးပါနဲ႕ အလွေလးရယ္ ဟက္"

လီယို  ခနဲ႕တဲ့တဲ့ စကားမ်ားဆိုေနေသာ ဒန္နီရယ္ ေၾကာင့္ ေဒါသ ထြက္ကာ သူ႕ေမးကို ကိုင္ထားေသာ ဒန္နီရယ္ ၏ လက္ကို အားျဖင့္ ပုတ္ခ်လိဳက္ၿပီး

"မင္း ငါ့ကို အလွေလးလို႔လဲ ေခၚစရာမလိုသလို ငါ့အေမကိုလည္း အငယ္အႏွောင္း လို႔ေျပာစရာမလိုဘူး"

"ေအာ္ အငယ္အႏွောင္း မဟုတ္ခဲ့ရင္ ဘာလို႔ မင္းနဲ႕ငါက လ ပိုင္း ပဲ ျခားၿပီး ေမြးလာရတာလဲ မင္း အေမက ငါ့ ဒယ္ဒီ ကို ဘယ္ အခ်ိန္တည္းက ခ်ဴေနခဲ့တာလဲ ဟမ္
ဟက္ ငါ့မာမီ ဆုံးသြားေတာ့လည္း မ်က္ႏွာေျပာင္တိုက္ၿပီး အိမ္ေပၚတက္လာလိုက္ၾကမ်ား"

"ဒန္နီရယ္ မင္းစကားေတြ လြန္မလာနဲ႕ ငါ့အေမ ကို ဒယ္ဒီက ေခၚလို႔ ဒယ္ဒီ့ အိမ္ကို ေျပာင္းလာတာေလ အဲ့တာ ဘာမေက်နပ္စရာမ်ား ရွိေနလို႔လဲ"

"မေက်နပ္စရာ သိပ္ရွိတာေပါ့ မင္းတို႔ သားအမိ အိမ္ေပၚ ေရာက္လာတဲ့ ေနကစၿပီး ဒယ္ဒီက ငါ့ ကို လ်စ္လ်ဴရႈခဲ့တာကြ
ကိုယ့္ ေသွးသား ခ်င္းတူတူကို ကြာ အငယ္အႏွောင္းရဲ႕ သားကို မွ ပိုရတယ္ လို႔"

"ေဟ့ေကာင္ ဒန္နီရယ္ ငါ့ကို ႀကိဳက္သလို ေျပာလို႔ရတယ္ ငါ့အေမကိုေတာ့ အငယ္အႏွောင္းလို႔ မေခၚနဲ႕"

လီယို သူ႕ထက္ အနည္းငယ္သာ အရပ္ျမင့္ေသာ ဒန္နီရယ္ ၏ ေကာ္လံစ တစ္ဖက္ကို ကိုင္ၿပီး ဆြဲထိုးလိုက္သည္။လီယို ထိုးလိုက္ေသာ အားမွာ မနည္း ေသာေၾကာင့္ ဒန္နီရယ္၏ မ်က္ႏွာ တစ္ဖက္သို့္ လည္ထြက္သြားၿပီး ႏႈတ္ခမ္းေဒါင့္မွ ေသြးမ်ားစီးက်လာသည္။

ဒန္နီရယ္ စီးက်လာေသာ ေသြးမ်ားကို သုတ္ပစ္ လိုက္ၿပီး လီယို ကို အမုန္းရိပ္သန္းေနေသာ မ်က္လုံးျဖင့္ ၾကည့္ကာ

"မင္း လုပ္ရပ္အတြက္ မင္း ေနာင္တရကိုရေစရမယ္ လီယို"

ဒန္နီရယ္ ထိုစကားကိုေျပာၿပီး လီယို ေရွ႕မွာထြက္လာေသာ္လည္း လီယို က ေစာေစာက ေနရာမွာပင္...။
ဒန္နီရယ္ အခန္းတံခါး ကို ဆြဲဖြင့္လိုက္ၿပီး လီယို ရွိရာ အရပ္သို႔ ျပန္လွည့္ၾကည့္ၿပီး

"ေဟ့ အလွေလး မင္း ေသာမတ္စ္ ဆိုတဲ့ ဘဲႀကီး ကိုေႂကြေနတာမလား
Oh wait! နာမည္အရင္းက ေသာမတ္စ္ ဂ်က္ဖာဆန္
ေအာ္ ၿပီးေတာ့ သူက The Mirror Bar မွာ အလုပ္လုပ္တာ ဟုတ္တယ္မလား
ခ်စ္ျခင္းေမတၱာေတြ လုယူခံရတဲ့အခါ ဘယ္လိုခံစားရလဲ ဆိုတာ မင္းကို ငါသင္ျပေပးမယ္ လီယို မက္စ္
အခုေတာ့ ငါျပန္ၿပီ"

ဒန္နီရယ္၏ စကားအဆုံး လီယို ေျခမ်ားပင္ မခိုင္ခ်င္ျဖစ္ကာ မတ္တပ္ရပ္ရာမွ ေခြက်သြားေတာ့သည္။ထို႔အတူ မ်က္ဝန္းအိမ္မ်ားမွပူႏြေးေသာ အရည္မ်ားသည္ လီယို ၏ ပါးေပၚမွ တစ္ဆင့္ ၾကမ္းျပင္ေပၚသို႔ က်ဆင္းကုန္၏။မ်က္ရည္မ်ားကိုလည္း လီယို မသုတ္မိ ၾကမ္းေပၚတြင္ အ႐ုပ္ႀကိဳးပ်က္သာ ထိုင္က်ၿပီး

'ငါမင္းဆီကေန ဒယ္ဒီ့ရဲ႕အခ်စ္ေတြကို မလုယူခဲ့ပါဘူး ဒန္နီရယ္
အမွန္ေတာ့ ဒယ္ဒီ က မင္းကို ပိုခ်စ္တာပါ ဘာလို႔ ငါ အဲ့လို ေျပာနိုင္ရတာလဲဆို ဒယ္ဒီက ငါ့ရဲ႕ အဝါေရာင္ဆံပင္ေတြကိုေတာင္ အနက္ေရာင္ ေျပာင္းခိုင္းခဲ့တယ္
ၿပီးေတာ့ မင္းနဲ႕ ပက္သက္တဲ့ အမႈတစ္ခုကိုေတာင္ အျခားလူတစ္ေယာက္ ကိုလြဲခ်ၿပီး ေထာင္က်ခိဳင္းခဲ့တဲ့ အေၾကာင္းကို မင္း ေမ့ေနခဲ့တာလား
ငါေလ ငယ္ငယ္က မင္းကို ငါ့ညီေလး ဆိုၿပီး ခ်စ္ခဲ့တာ ဒါေပမယ့္ မင္းကေတာ့ ငါ့ကို အငယ္အႏွောင္းရဲ႕ သားတဲ့ မင္းနဲ႕ ဘယ္ေလာက္ စကားအေျခအတင္ေတြ ျဖစ္ျဖစ္ မင္း ငါ့ကို ဘယ္ေလာက္အရွက္ခြဲခြဲ ငါမင္းကို မမုန္းခဲ့ပါဘူး ဒန္နီရယ္
ေသာမတ္စ္ ဆိုတဲ့ သူကိုေတာ့ ငါ့ဆီက ေန မလုယူပါနဲ႕ ဒန္နီရယ္ ငါေတာင္းပန္ပါတယ္ ငါ့ကို ေမတၱာအစစ္ ေပးဖူးတာဆိုလို႔ အဲ့လူတစ္ေယာက္ပဲ ရွိလို႔ပါကြာ ငါေတာင္းပန္ပါတယ္ ဒန္နီရယ္ ေသာမတ္စ္ ကိုေတာ့ ငါ့ဆီက မဆြဲထုတ္သြားပါနဲ႕ '

လီယို ထို စကားမ်ားကို ဒန္နီရယ္ ဆိုတဲ့ ေကာင္ေလး မၾကားနိုင္မွန္း သိေပမယ့္ ေရ႐ြတ္ေနမိသည္။ ငိုရလြန္းေသာ ေၾကာင့္ လီယို ပင္ပန္းႏြမ္းနယ္လာၿပီး ထိုေနရာတြင္ပင္ အိပ္စက္ျခင္းဆီသို႔ ေရာက္ရွိသြားသည္။

ေသာမတ္စ္ ကေတာ့ သူ႕ အခန္းထဲတြင္ F.Scott Fitzgerald ရဲ႕ The Great Gatsby ဆိုတဲ့ စာအုပ္ကို စိတ္ဝင္တစားဖတ္ရႈေနသည္။ ေန႕တိုင္း ေသာမတ္စ္သည္ စာအုပ္ဖတ္ၿပီး တေရးတေမာ အိပ္ျခင္းျဖင့္
သူ၏ ေန႕လည္ေန႕ခင်း အခ်ိန္မ်ားကို ကုန္ဆုံးေစသည္။
အိပ္စက္ၿပီး နိုးလာေသာအခါ ေရခ်ိဳးသန့္စင္ၿပီး အလုပ္လုပ္ရာေနရာသို႔ ေသာမတ္စ္ ထြက္ခြာခဲ့သည္။ဤသည္မ်ား မွာေသာမတ္စ္၏ ေန႕စဥ္ ျဖစ္ပ်က္ေနသမွ် အရာတစ္ခုျဖစ္သည္။

Bar သို႔ေရာက္ေသာအခါ ေသာမတ္စ္ သူ၏ cocktail စပ္ျခင္း လုပ္ငန္းကို စတင္ရေတာ့သည္။ထိုသို႔ ျဖင့္ ည ၉ နာရီသို႔ေရာက္ေသာအခါ ေသာမတ္စ္တို႔ cocktail ေဖ်ာ္စပ္ရာ bar counter ေရွ႕တြင္ အာရွသားမ်က္ႏွာေပါက္ရွိၿပီး အသားအရည္ျဖဴေဖြးကာ အနက္ေရာင္ ဆံပင္ခပ္အုပ္အုပ္ႏွင့္ လူငယ္ တစ္ေယာက္လာထိုင္သည္။ထို လူငယ္၏ အသက္ကို ခန့္မွန္းရလွ်င္ လီယို အသက္ ႏွင့္အတူတူသာ ရွိေလာက္မည္။

"ဦးေလးႀကီး ကြၽန္ေတာ့္ကို Tequila"

"ဘာ အမ်ိဳးအစားလဲ ခ်ာတိတ္"

"Don Juilo 1942"

"မင္း တကယ္ေသာက္မွာလား အဲ့တာက alcohol 40 percent ေတာင္ပါတာေနာ္"

"ေပး မွာသာ ေပးပါဗ်ာ"

"ေအးပါ ခ်ာတိတ္ရာ"

ဒန္နီရယ္ ဒီလူ၏ ခ်ာတိတ္ ဟူေသာ အသုံးအႏႈန္းကို သေဘာက်မိသည္။ ႏႈတ္ခမ္းေမႊး ခပ္ေရးေရး ႏွင့္ ဤသူ ၏ ဥပဓိ႐ုပ္သည္ တကယ့္ကို ခန့္ညားလွၿပီး အမ်ိဳးသမီး မ်ားသာမက အမ်ိဳးသားမ်ားကို ပါ ဆြဲေဆာင္နိုင္သည္။စကားေျပာလွ်င္ ခပ္ၿပဳံးၿပဳံး ေျပာတတ္ေသာ ေသာမတ္စ္ ဆိုေသာ သူသည္ သေဘာေကာင္းမည့္ပုံ ရွိသလို ခပ္အအ ပုံစံလည္း ရွိသည္။ၿပီးလွ်င္ သူသည္ ေျဖာင့္တန္းေနေသာ လမ္းမီးတိုင္ႀကီး ႏွင့္တူျပန္သည္။ထို႔ေၾကာင့္ ထိုသူ ကို အလြယ္တကူ ေကြးၫႊတ္ေအာင္ ျပဳလုပ္နိုင္မည္မဟုတ္။

ဒန္နီရယ္ ကိုယ့္ကို ျပန္သုံးသပ္ေတာ့ သူသည္လည္း ေျဖာင့္တန္းေသာ ဓာတ္တိုင္ငယ္ေလးပင္။ဒန္နီရယ္ အတန္ငယ္ အၾကပ္ရိုက္သြားေသာ္လည္း လီယိုအား မေက်နပ္မႈမ်ား လႊမ္းမိုးေနေသာေၾကာင့္ သူ႕ကိုယ္ သူ စပရိန္ျဖစ္ရန္ ႀကိဳးစားမည္။ထိုမွ်သာမက မိမိေရွ႕ရွိ ေသာမတ္စ္ ဟူေသာ သူကိုယ္လည္း သံေခ်ာင္းေကြးသြားသကဲ့သို႔ ျဖစ္ေအာင္ ျပဳလုပ္မည္ဟု ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။

လီယို နာက်င္မႈမ်ားႏွင့္အတူ ၾကမ္းျပင္ေပါ့မွ နိုးထလာသည္။
နံရံ ရွိ နာရီကို ၾကည့္ေတာ့ ၉နာရီ၃၀ မိနစ္...။
သူ ဒီၾကမ္းျပင္ေပၚတြင္ အခ်ိန္အၾကာႀကီး အိပ္ေပ်ာ္သြားေသာေၾကာင့္ ကိုယ္လက္မ်ား နာက်င္ေနသည္။
အနည္းငယ္ ကိုက္ေနေသာ ေခါင္းေၾကာင့္ နားထင္ကို လက္တစ္ဖက္ျဖင့္ဖိကာ က်န္တစ္ဖက္က ၾကမ္းျပင္ကို လက္ေထာက္ကာ အားျပဳၿပီး မတ္တပ္ရပ္လိုက္ရသည္။ထိုင္းမွိုင္းေနေသာ ကိုယ္ခႏၶာ ကို လန္းဆန္း သြားေစရန္ ေရခ်ိဳးလိုက္သည္။ေရခ်ိဳးေနစဥ္ ဒန္နီရယ္ သူ႕အား ေျပာသြားေသာ စကားမ်ား လီယို၏ ေခါင္းထဲတြငိ အစီအရီ ျပန္ေပၚလာသည္။
ဒန္နီရယ္ သည္ ယေန႕ ေျပာေသာစကားကို ေနာက္ေန႕မကူးေစပဲ ခ်က္ခ်င္း ျပဳလုပ္တတ္သူ ျဖစ္ေၾကာင္း သူသိသည္။
ထို႔ေၾကာင့္ သူ ေရအျမန္ခ်ိဳးလိုက္ၿပီး အဝတ္ဝတ္ကာ သူထင္ထားသလို မျဖစ္ပါေစနဲ႕ဟုသာ ဆုေတာင္းရင္း ေသာမတ္စ္ အလုပ္လုပ္ရာ Bar သို႔ လီယို ကားျဖင့္ ထြက္လာမိသည္။

ေသာမတ္စ္ ခြက္မ်ားအား အဝတ္စျဖင့္သုတ္ေနပုံကို ဒန္နီရယ္ ၾကည့္မိသည္။ထိုသူ၏ လက္ဖ်ံတြင္ အစိမ္းေရာင္ေသြးေၾကာမ်ားသည္ ထင္ရွားစြာတည္ရွိေနၿပီး အေမႊးအမွ်င္တစ္ခ်ိဳ႕ ပိုၾကည့္ေကာင္းေစရန္ ကူညီေပးေနသည္။ ဒန္နီရယ္ ၂ ခြက္ေျမာက္ ေသာက္အၿပီးတြင္ သူႏွင့္ ေသာမတ္စ္ အၾကားတိတ္ဆိတ္ေနေသာ လူထုအား စတင္ၿဖိဳခြဲလိုက္ေတာ့သည္။

"ေဟ့ ဦးေလးႀကီး ခင္ဗ်ား နာမည္ ဘယ္လိုေခၚလဲ"

"ကိုယ့္နာမည္လား"

အူတူတူျဖင့္ သူ႕ကိုယ္သူ လက္ညိုးထိုးေမးလာသည့္ ေသာမတ္စ္ ေၾကာင့္ ဒန္နီရယ္ ၿပဳံးလိုက္ၿပီး

"ဟုတ္တာေပါ့"

"ကိုယ့္ နာမည္က ေသာမတ္စ္ ဂ်က္ဖာဆန္(Thomas Jefferson)"

"ကြၽန္ေတာ့္နာမည္က ဒန္နီရယ္ ေကာလင္းလ္(Daniel Colin)"

ဒန္နီရယ္ သူ၏နာမည္ကို ေျပာၿပီး လက္ကမ္းေပးလိုက္ေသာအခါ ထိုသူ ဘက္မွ အလိုက္တသိပင္ လက္ဆြဲႏႈတ္ဆက္လာသည္။
ေသာမတ္စ္ ဆိုသူ၏ လက္ဖုဝါးသည္ ၾကမ္းတမ္းေနေသာ္လည္း ပူႏြေးေနေသာေၾကာင့္ ထိေတြ႕ရသည္မွာ ႏွစ္သက္ဖြယ္ ေကာင္းလြန္းသည္ဟု ဒန္နီရယ္ မွတ္ခ်က္ခ်မိသည္။

"ဦးေလးႀကီး အသက္ ကေရာ"

"၃၄ ႏွစ္ရွိၿပီ"

"Wow!! ဒါဆို ကြၽန္ေတာ့္ထက္ ၁၅ ႏွစ္ေတာင္ ႀကီးတာပဲ"

"ဒါဆို မင္းအသက္က ၁၉ ႏွစ္လား"

"ဟုတ္တာေပါ့ဗ်"

"ထင္ေတာ့ထင္သားပဲ မင္းအသက္က လီယို နဲ႕ တူတူေလာက္ပဲ ရွိမယ္ဆိုတာ"

"လီယို က...?"

"ကိုယ့္ အသိ တစ္ေယာက္ပါ
အင္း တူလို သားလို ခ်စ္ရတဲ့ အသိေလးေပါ့"

ေသာမတ္စ္၏ စကားေၾကာင့္ ဒန္နီရယ္ အေတာ္ေတြေဝ သြား၏။ဒီလူႀကီးသည္ သူ၏ ခန့္ညားမႈႏွင့္ မလိုက္ေအာင္ပင္ တုံးအလြန္းလွသည္။ဘာေၾကာင့္ မိမိအား ခ်စ္သူရည္းစား ကဲ့သို႔ သေဘာက် ႏွစ္သက္သူကို သားအဖဧရိယာ သို႔ ထည့္သြင္းေနရပါသနည္း။

"ေအာ္ ဟုတ္ကဲ့ ဒါနဲ႕ ဦးေလးႀကီး က ဘယ္မွာေနတာလဲ "

"ကိုယ္က Marylebone က Linhope Street မွာေနတာ"

"ကြၽန္ေတာ္ကလည္း Marylebone ထဲမွာပဲရွိတဲ့ George Street မွာ ေနတာ"

"ဒါနဲ႕ မင္းက အာရွသားလား"

"ဟုတ္တယ္ ဒါေပမယ့္ ကြၽန္ေတာ္က အာရွသားစစ္စစ္ေတာ့မဟုတ္ပါဘူး"

" နီေဟာင္ (你好)"

"ဟမ္ ဘာလို႔ တ႐ုတ္လိုႀကီး ႏႈတ္ဆက္တာလဲ"

"မင္းပဲ အာရွသားဆို"

"ဦးေလးႀကီး က ဒူလိုက္တာ အာရွသားဆိုတိုင္း တ႐ုတ္မဟုတ္ဘူးေလဗ်ာ ကြၽန္ေတာ္က ကိုရီးယားစပ္တာ
ကြၽန္ေတာ့္ ဒယ္ဒီက England သား ကြၽန္ေတာ့္ မာမီက South Korea ကသူ"

"ဟုတ္ပါၿပီ ခ်ာတိတ္ရာ"

ဒန္နီရယ္ မည္သည့္စကား ထပ္ေျပာရမည္ မသိေတာ့ေသာေၾကာင့္ Tequila သာ ဆက္ေသာက္ရန္ ဆုံးျဖတ္လိုက္ၿပီး

"ဦးေလးႀကီး ကြၽန္ေတာ့္ကို Don Juilo 1942 ေနာက္တစ္ခြက္ထပ္ေပးဦး"

ဒန္နီရယ္ ၄ ခြက္ျမႇောက္ ေသာက္အၿပီးတြင္ အေတာ္ေလး ရီေဝ လာေသာေၾကာင့္  ေခါင္းေမွာက္ ၿပီး ေမွးေနလိုက္ရသည္။

ေသာမတ္စ္ အလုပ္လုပ္သည့္ bar ေရွ႕သို႔ လီယို ေရာက္ေတာ့ လီယို ၏ ဆုေတာင္းမ်ား မျပည့္မွန္းသိခဲ့ရသည္။အဘယ့္ေၾကာင့္ဆိုေသာ္
ဆိုင္ေရွ႕တြင္ ရပ္ထားေသာ 2009 lamborghini murcielago lp640 all black ေၾကာင့္...
သို႔ေပမယ့္ လီယို Bar အတြင္းသို႔ အားတင္းကာ ဝင္လာမိသည္။

bar counter ေပၚ လက္တင္ကာ ေခါင္းငုံၿပီး  အိပ္ေနသည့္ ဒန္နီရယ္ ေၾကာင့္ ေသာမတ္စ္ bar counter အတြင္းမွ ထြက္၍ ဒန္နီရယ္ ေဘးနား သို႔ သြားကာ ပုခုံးႏွစ္ဖက္ ကို အသာကိုင္ၿပီး ႏွိုးလိုက်သည်။ေသာမတ်ဈ ေခါင္းျပန္မတ္လာေသာ ဒန္နီရယ္ အားၾကည္ၿပီး

"ခ်ာတိတ္ အဆင္ေျပရဲ႕လား"

"ေျပပါတယ္"

"ဦးေလး"

ထိုအခ်ိန္တြင္ ေသာမတ္စ္ အား လွမ္းေခၚလိုက္ေသာ လီယို၏ အသံေၾကာင့္ ဒန္နီရယ္ မဲ့ၿပဳံးတစ္ခုကို ၿပဳံးလိုက္သည္။

ဒန္နီရယ္ မတ္တပ္ရပ္လိုက္ေတာ့ မူးေနသည့္ အရွိန္ေၾကာင့္ ေသာမတ္စ္ ရင္ခြင္ထဲသို႔ လဲ ၿပိဳက်သြားသည္။ေသာမတ္စ္ကေတာ့ ဒန္နီရယ္ လဲက်သြားမွာစိုးရိမ္သည့္ အတြက္ ဒန္နီရယ္၏ ပုခုံးကိုသာ ခပ္တင္းတင္း စုပ္ကိုင္ထားမိသည္။
ေသာမတ္စ္၏ ရင္ခြင္တြင္းတြင္ ေဘးတစ္ေစာင္းရွိသည့္ အေနအထားမွ ေသာမတ္စ္၏ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ေနလိုက္ၿပီး ပိရိေသသပ္ေသာ ႏႈတ္ခမ္း ေပၚသို႔ မိမိ၏ ႏႈတ္ခမ္းမ်ား ထပ္တူက်ေစခဲ့သည္။

ရင္ခြင္ထဲမွ ေကာင္ေလး၏ အျပဳအမူေၾကာင့္ ေသာမတ္စ္ အံ့ဩသြားေသာ္လည္း တြန္းဖယ္ျခင္းေတာ့မျပဳခဲ့..။
အဘယ့္ေၾကာင့္ဆိုေသာ္ အခ်ိဳ႕ေသာ သူမ်ားတြင္ အမူးလြန္လွ်င္ လိုက္နမ္းတတ္သည့္ အက်င့္ရွိသည္။ေသာမတ္စ္၏ လုပ္ေဖာ္ကိုင္ဖက္ မ်ားထဲမွ တစ္ဦးတစ္ေလ တြင္လည္း ထိုအက်င့္ရွိဖူးေသာေသာေၾကာင့္ ဒန္နီရယ္ ဆိုေသာ ေကာင္ေလးတြင္လည္း ထိုကဲ့သို႔ အက်င့္မ်ိဳးရွိသည္ ဟု မွတ္ယူကာ ခ်က္ခ်င္း မတြန္းဖယ္မိျခင္း ျဖစ္သည္။၁ မိနစ္ ေလာက္အၾကာတြင္ေတာ့ ေသာမတ္စ္  ဒန္နီရယ္၏ ပုခုံးကိုကိုင္ကာ ဖယ္ခြာလိုက္ၿပီး မ်က္လုံးမပြင့္ေတာ့ေသာ ဒန္နီရယ္ ကို မိမိပုခုံးေပၚသို႔ ေနရာေျပာင္းလိုက္ရသည္။

ထို အျဖစ္ကို ေၾကာင္အ စြာေငးၾကည့္ရင္း မ်က္ရည္ မ်ားေဝသီေနခဲ့သော ေကာင္ေလးတစ္ေယာက္လည္း ရွိေနခဲ့သည္။

-----------------------

A/N

Tequila ကိုေတာ့ Mexico နိုင္ငံ ကစတင္ခဲ့တာျဖစ္ပါတယ္
အတိအက် ေျပာရရင္ Mexico နိုင္ငံထဲမွာရွိတဲ့ Jalisco ကေန စတင္ခဲ့တာပါ
Tequila မွာ alcohol ပါဝင္မႈႏႈန္းက 38% ကေန 55% ထိရွိနိုင္ပါတယ္

ဒန္နီရယ္ ေသာက္တဲ့ Tequila အမ်ိဳးအစား မွာေတာ့ alcohol 40 % ပဲပါပါတယ္

ဒါကေတာ့ Daniel ေသာက္တဲ့ Don Julio 1942 ပါ
ဒီ 750ml တစ္ပုလင္းကို pound နဲ႕တြက္ရင္ 161.19 pounds ပါ
ျမန္မာ ေငြနဲ႕ဆို 292400 က်ပ္ပါ
The Mirror Bar မွာေတာ့ Don Juilo 1942 တစ္ခြက္ကို 35 pounds နဲ႕ေရာင္းပါတယ္
ျမန္မာေငြနဲ႕ဆို 63500 က်ပ္ပါ


ဒါက Daniel စီးတဲ့ 2009 lamborghini murcielago lp640 ပါ
Us dollar နဲ႕ဆို 382,400 dollars ပါ
ျမန္မာေငြနဲ႕ဆို 508,289,900 က်ပ္ပါ

Thomas က Daniel အာရွသားဆိုတာ သိေတာ့ တ႐ုတ္လို ႏႈတ္ဆက္ ရတာ ဘာေၾကာင့္လဲဆိုေတာ့ မ်ားေသာ အားျဖင့္ European ေတြက အာရွသားဆို Chinese ေတြကိုပဲ ေျပးျမင္တတ္ၾကလို႔ပါ

Daniel ပုံကို Character Introduce မွာပဲ ထည့္ေပးထားပါ့မယ္
အခုလို ဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္
ဆက္လက္ႀကိဳးစားသြားပါဦးမယ္ 💙

Continue Reading

You'll Also Like

60.1K 2.4K 5
2 tom dylogii ,,Agony"
111K 167 22
just my thoughts tyy for 40k reads in just 16 days BTW MY INSTA USERNAME IS NOW @yum1kim_
123K 18.9K 89
Translation novel Unicode only Zawgyi users များ page မှာဖတ်လို့ရပါတယ်ရှင်
169K 8.7K 85
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...