My Confusing Partner (✔︎)

By Cremie3407

38.9K 5.2K 1.7K

Try not to fall in love with your partner! A Park Jimin FanFiction. Cremie's fourth completed fiction. oct112... More

💘One
💘Two
💘Three
💘Four
💘Five
💘Six
💘Seven
💘Eight
💘Nine
💘Ten
💘Eleven
💘Twelve
💘Fourteen
💘Fifteen
💘Sixteen
💘Seventeen
💘Eighteen
💘Nineteen
💘Twenty
💘Twenty 1
💘Final

💘Thirteen

1.4K 214 37
By Cremie3407

Unicode

ဆိုင်သိမ်းပြီးချိန်တွင် အိမ်ပြန်လမ်းတစ်လျှောက်တိတ်ဆိတ်တဲ့လေထုကသူတို့နှစ်ဦးကြား,ကြားဝင်နေခဲ့သည်။ အတွေးကိုယ်စီနဲ့ပြည့်နှက်နေတဲ့အသိစိတ်တို့က အငြိမ်မသက်နိုင်ပေ။

ထိုစဉ် တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းသူကHaeun....။

" Jimin ssi.. အပမ်းမကြီးရင် အိမ်တန်းမပြန်သေးဘဲဟန်မြစ်ဆီသွားရအောင်လား..။ "

" အင်း... သွားကြတာပေါ့ "

ဟုတ်တယ်... ဒီနေ့နတ်သားမူဆီကကြားရတဲ့စကားတွေအရဆို Jiminကိုမေးစရာတွေ ၊ ပြောပြစရာတွေတပုံကြီးရှိနေတယ်။ နောင်တတွေပွေ့ပိုက်ပြီးအဆုံးသတ်လိုက်ရမယ့်အစား... အတည်ပြုသင့်တာကိုအတည်ပြုရမယ်။

မကြာမီတွင်ပင် မှောင်ရီပျိုးနေပြီဖြစ်တဲ့ကောင်းကင်ကြီးအောက်က လှိုင်းသဲ့သဲ့လေးထနေတဲ့ရေပြင်ကြီးကိုမြင်စပြုလာတော့ ဟန်မြစ်ဆီရောက်ပြီဆိုတာသိလိုက်ပြီ။ Jiminလည်းမြစ်နံဘေးက‌လမ်းလေးပေါ်မှာ ကားကိုခနတာရပ်လိုက်ပြီး ဘေးဘီကိုလှည့်ကြည့်မိချိန်တွင် သူ့ဆီကိုအကြည့်တွေကျရောက်နေပြီးဖြစ်တဲ့haeunရဲ့မျက်ဝန်းနက်နက်တွေနဲ့ အကြည့်ချင်းဆုံကြိုက်ရသည်။ Jiminရဲ့နေသားမကျသလိုဖြစ်နေတဲ့စိတ်အစဉ်ဟာ ခါတိုင်းနဲ့မတူစွာထူးကဲနေတဲ့သူမရဲ့စူးနင့်နင့်အကြည့်ကြောင့်ပေ။ အဓိပ္ပာယ်တစ်ချို့ရှိနေလောက်သည်လား...။

" ဆင်းရအောင်လေ။ စိတ်ပြေလက်ပျောက်လမ်းလေးဘာလေးလျှောက်ရအောင် "

" အင်း Jimin.."

ဆိတ်ငြိမ်တဲ့ဝန်းကျင်... အစဖော်မရတဲ့ စကားလုံး... ဒီလိုနဲ့ပဲ ဒီအခိုက်အတန့်ကကုန်ဆုံးမည်ထင်။ ထိုစဉ် တိုးညှင်းညှင်းခုန်မြည်နေတဲ့ရင်ခုန်သံကိုအံတုဖို့ ဘယ်ဘက်ရင်‌ပေါ်ကိုလက်နဲ့ဖိလိုက်တော့အ‌ေကာင်‌ပေါက်ရဲ့စည်းချက်တွေဟာ သူမရဲ့လက်ဖဝါးနုနုဆီသိသိသာသာလာရောက်ထိတွေ့ခံစားမိသည်။ ဪ... သူနဲ့ပတ်သတ်ရင်ဒီလောက်တောင်ရင်ခုန်နေရပြီလား...။

" Jimin ssi.. "

အားတို့စုကာခေါ်မိလေတော့ သူ့ဆီကချက်ချင်းပင်ထူးသံတန်ပြန်လာသည်။

" ပြောလေ Haeun..."

" ဒီနေ့ hoseok oppaဆီကကြားခဲ့တဲ့ နတ်သမီးအကြောင်းကို ဘယ်လိုမြင်လဲ။ "

" အွန်း..."

မျက်လွှာကိုအပေါ်သို့ပင့်ကာစဉ်းစားဟန်ပြုနေတဲ့jiminဆီကအဖြေကို သူမ,စောင့်နေမိသည်။

" ဘယ်လိုပြောရမလဲ...။ အခု ဝိဉာဉ်ဖြစ်တဲ့မင်းနဲ့တောင်မှဆုံပြီးနေပြီပဲ.. ငါ့အတွက်နတ်သမီးဆိုတာမျိုးက ယုံလို့ရမယ့်ဖြစ်တည်မှုတစ်ခုဖြစ်နေမယ်ထင်တယ်။"

" ယုံလိုက်ပါ jimin..."

ထိုအခါ ရယ်ကျဲကျဲပြုလာတဲ့jiminရဲ့မျက်ဝန်းတွေဟာမှေးကနဲ။

" ဘာလို့အမိန့်ပေးသလိုဖြစ်နေတာပါလိမ့်။"

" ကျွန်မအမိန့်ပေးနေတာ မဟုတ်ဘူး။ အမှန်တရားမို့ပြောနေတာ။"

" အမှန်တရား?"

Haeunမျက်နှာနားသို့နီးကပ်သွားသောသူ့မျက်ဝန်းတွေဟာhaeunမျက်ဝန်းနှစ်ဖက်ကို တစ်လှည့်ဆီစေ့စေ့ကြည့်ရင်း...

" မင်းက ဘလိုသက်သေပြမှာလဲ။"

" သက်သေ? ကျွန်မကိုယ်တိုင်ကခိုင်လုံတဲ့သက်သေပဲလေ။"

" ဘာ?"

စိတ်ရှုပ်သွားဟန်ရှိတဲ့သူ့ကိုhaeunနားလည်နိုင်သည်။ ဝိဉာဉ်တစ်ကောင်ကဘယ်လိုသက်သေဖြစ်ပေးနိုင်မှာလဲလို့တွေးကောင်းတွေးနေမှာပေါ့။

" hoseok oppaပြောသွားတဲ့ နတ်သမီးဆိုတာကျွန်မပဲ။ "

" ဟင်..?"

" ရှင်သေချာပြန်တွေးကြည့်နိုင်မလား။ hoseok oppaနဲ့ namjoon oppaတို့ကားမတော်တဆဖြစ်တဲ့နေ့က ရှင်ဆေးရုံလိုက်သွားခဲ့သေးလား။"

" အင်း... ငါလိုက်သွားခဲ့တယ်။ ဒါပေမယ့် namjoon hyungနဲ့အတူမ‌တော်တဆမှုထဲပါနေတဲ့လူက hoseok hyungဖြစ်နေမှန်းမသိခဲ့ဘူး။"

ထိုအခါမှ တစ်ခုခုကိုသေချာသိသွားဟန်ပြုံးလိုက်တဲ့haeun.။

" ကျွန်မက ရှင်မွေးဖွားလာတည်းက ရှင့်ကိုစောင့်ရှောက်ပေးဖို့တာဝန်ရှိတဲ့နတ်သမီးပဲ။ ဒါကြောင့် အဲ့နေ့ကရှင်နဲ့အတူကျွန်မလည်းရှိနေခဲ့တယ်။ ကျန်တာကတော့hoseok oppaပြောပြတဲ့အတိုင်းပါပဲ "

Jiminလည်းကြားကြားချင်းမင်သက်သွားပေမယ့် စိတ်တွေကိုပြန်စုစည်းကာသိသင့်တာတွေမေးရဦးမည်မလား။

" ဒါဆို မင်းကဝိဉာဉ်တစ်ကောင် အထူးသဖြင့်သရဲမဟုတ်ဘူးပေါ့။ အဲ့ဒါထက် မင်းကငါ့ကို ငါငယ်ငယ်တည်းကသိနေခဲ့တာပေါ့။ "

" ကျွန်မတစ်ချို့အရာတွေကိုတစ်ခုမှမမှတ်မိဘူး။ ကျွန်မကအပြစ်ခံနေရတဲ့နတ်သမီးလေ။ ဒါကြောင့် နတ်ဘဝကမှတ်ဉာဏ်မှန်သမျှဘာမှကျန်မနေတော့ဘဲ အခုလိုဘာအင်အားမှမရှိတဲ့ဝိဉာဉ်တစ်ကောင်ဖြစ်နေတာ။ "

" ဪ...
ဒါနဲ့ နေပါဦး။ မင်းကနတ်သမီးဆိုတာကိုမင်းဘယ်လိုမှတ်မိသလဲ။"

" ဒါက ကျွန်မပြောပြလိုက်လို့လည်း ရှင်ယုံကြည်ပေးဖို့ခဲယဉ်းတဲ့အရာမို့ ရှင်မသိလည်းဖြစ်တယ်။ "

" အာ.... "

သူ့ထံမှထွက်လာတဲ့ရယ်သံသဲ့သဲ့ကြောင့် Haeunနားမလည်နိုင်စွာကြည့်မိသည်။ သူလှောင်နေတာလား.. သူမရဲ့ဖြစ်တည်မှုကိုလေ...။

" ဘာရယ်တာလဲ!"

" ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း... မင်းလိုရှပ်ပြာလေးက နတ်သမီးဆိုတာက....."

" ကျွန်မကဘာဖြစ်နေလို့လဲ။ ကျွန်မရုပ်ရည်ကိုပဲကြည့်.. နတ်သမီးတစ်ပါးဆိုတာအသိသာချည်း.. ။ "

" ဪ...."

" .... "

" ဒါနဲ့ တက်တူးကရော..."

" အဲ့တာ တက်တူးမဟုတ်ဘူး။ အမှတ်အသား တစ်ခု။"

" ဟုတ်ပါပြီ။

လေစိမ်းတိုက်နေလို့ တော်တော်အေးလာပြီ။ "

ဟုတ်ပ... သူပြောမှသတိထားမိတာတစ်ခုက မိုးချုပ်လာသည်နှင့်အမျှ မြစ်ရေရဲ့လှိုင်းအဝေ့တွေကြောင့်လေထုကပိုအေးစက်လာသည်။ လေအေးဒဏ်ကိုသတိထားမိကာမှ အေးရကောင်းမှန်းသိသည်ထင်... လက်မောင်းနှစ်ဖက်ကိုခပ်ဆဆပွတ်ကာ နွေးလိုနွေးငြားပြုမိသည်။

" အေးလို့လား.. Haeun။"

" အင်း... ရှင်ကရော မအေးလို့လား။"

အမေးပင်မဆုံးနိုင်သေး.. သူမရဲ့ကိုယ်သေးသေးလေးပေါ်သို့လာရောက်ခြုံလွှမ်းသည်က သူ့ရဲ့long coat...။ long coatရဲ့အသားကပဲနွေးတာလား.. သူ့ကိုယ်ငွေ့သင်းသင်းကပဲစွဲကျန်နေတာလားမသိပေမယ့်.. အနံ့သင်းသင်းလေးနဲ့အတူရလိုက်တဲ့နွေးထွေးမှုကအတိုင်းဆမဲ့၏။ ကျေးဇူးဟူသောစကားမှလွဲ သူမပြောမထွက်ခဲ့။

* အပြစ်ဒဏ်..။ အခုလည်းအပြစ်ဒဏ်ခံနေရတာဆိုပေမယ့် ခန့်မှန်းလို့မရတဲ့အရာကတော့ရှိနေသေးတယ်။ အဲ့တာက ဒီ့ထက်ဆိုးရွားတာလည်းဖြစ်နိုင်တယ်။ ဘာလဲဆိုတာကတော့ ငါလည်းသိခွင့်မရှိတာမို့ ပြောမပြတတ်ဘူးမိန်းကလေး။ ဒါတွေက ဖန်ဆင်းရှင်ရဲ့အလိုတော်အရပဲ။ *

ညနေကနတ်သားမူပြောတဲ့စကားတစ်ချို့ကရုတ်ချည်းကြားယောင်လာမိသည်။ ထိုစကားတွေကြောင့် ကိစ္စတစ်ခုခုကိုပြတ်ပြတ်သားသားဆုံးဖြတ်ဖို့သင့်ပြီလို့တွေးမိသည်။ ဘာမှမသိရစွာ ထပ်ရှိနေသေးတယ်ဆိုတဲ့အပြစ်ဒဏ်က မရေရာတာမို့... ထိုအရာတွေကိုရင်မဆိုင်ရသေးခင် Jiminကိုစကားလေးတစ်ခွန်းတော့ပြောဖြစ်အောင်ပြောသွားချင်သည်လေ။

" Ji..Min"

အားပြုပြီးခေါ်လိုက်တော့သူမဆီသို့လှည့်ကြည့်ကာ မေးငေါ့ရင်းထူးလာသည်။

" ရှင်... ကျွန်မနဲ့... တွဲကြမလား။"

" ဟင်...?"

" ကျွန်မတို့တွဲကြမလားလို့။"

" အာ... ဒါက "

သူဒုတိယအကြိမ်တွေဝေပြန်ပြီ။ ဒါဆိုသေချာပါပြီ။ သူ့စိတ်ထဲမှာ သူမနဲ့‌တွဲဖို့တွေးမနေဘူးဆိုတာ။

" ဒါနောက်ဆုံးအနေနဲ့အတည်ပြုကြည့်တာမလို့... နောက်တစ်ခါမမေးတော့ပါဘူး။ အခုလိုမေးလိုက်တာ စိတ်အနှောင့်ယှက်ဖြစ်သွားမယ်ဆို တောင်းပန်ပါတယ်။"

" စိတ်အနှောင့်ယှက်ဖြစ်တယ်လို့ ဘယ်သူပြောလဲ။"

" ဘယ်သူမှမပြောပါဘူး။ ကျွန်မဘာသာထင်တာ။"

" အရူးမလေး..."

" .... "

" ဟုတ်ပြီလေ... တွဲကြတာပေါ့။ "

အံ့ဩမိသည်။ သူအခု တွဲကြမယ်လို့ပြောလိုက်တာလား...။ ကြားရသည်ကိုပင် မယုံနိုင်မိ။

" တစ်..တစ်ကယ်လား ဟင်"

" တစ်ကယ်... တွဲကြရအောင် Haeun..။"

" အင်း.. အင်းး Jimin..။ တွဲကြမယ်။"

ဒါဆို အခုချစ်သူတွေဖြစ်သွားပြီပေါ့နော်... အပျော်လွန်သည်မို့ ဒီတဒင်္ဂလေးပျောက်ကွယ်သွားမှာတောင်စိုးရိမ်သည်။

" ပြန်ကြရအောင်... အရမ်းအေးလာပြီ။ တော်ကြာကျ မင်းဖျားနေမယ်။"

သူ့စကားကိုလက်ခံသည့်သဘောနဲ့ခေါင်းညိတ်ပြလေတော့... မျက်ဝန်းလေးများမှေးစင်းကာပြုံးရင်း သူမလက်တွေကိုခပ်ဖွဖွကိုင်လာတယ်။ လှလွန်းတဲ့သူ့အပြုံး... နူးညံ့တဲ့သူ့အထိတွေ့... ပိုင်ဆိုင်ရတာတစ်ခနတာလေးပဲရှိသေးတာတောင် ထိုအရာတွေကယစ်မူးဖွယ်ကောင်းလွန်းသည်။

အေးစိမ့်တဲ့ညလေးထဲ ကားပြူတင်းမှတဆင့်ကောင်းကင်ယံကိုမော့ကြည့်ရင်း သူမောင်းတဲ့ကားလေးထဲတငြိမ့်ငြိမ့်လေးစီးကာ အိမ်ပြန်ခဲ့ကြသည်။ စွင့်ကားလွန်းတဲ့အပြုံးပန်းကြီးဟာလည်း သူမမျက်နှာထက်နေရာယူရင်းသာ...။

အိမ်ပြန်ရောက်လို့ကိုယ်စီအခန်းတွေဆီဝင်ခါနီး အခုထိနေသားမကျသေးတဲ့ဆက်ဆံရေးမို့ ဘယ်လိုစကားလုံးတွေနဲ့နှုတ်ဆက်ရမလဲ သူတို့မသိ။ ဒါကြောင့်မို့ ကောင်းသောညပါဆိုတဲ့ခပ်ရိုးရိုးနှုတ်ဆက်စကားလေးကသာ လက်လှမ်းမီရာတစ်ခုဖြစ်ခဲ့သည်။ ဒါတောင် ပုံမှန်နေ့တွေထက်စာရင် အနူးညံ့ဆုံးနှုတ်ဆက်တဲ့စကားလေ။

Haeunလည်းကိုယ်လက်သန့်စင်ပြီးလို့အိပ်တော့မည်ကြံ‌တော့ မအိပ်ခင်ရေသောက်လေ့ရှိတဲ့အကျင့်ကြောင့် မီးဖိုခန်းထဲထွက်လာခဲ့လိုက်သည်။ မီးဖိုခန်းထဲမရောက်ခင်ဘဲ သူမခြေလှမ်းတွေဟာဧည့်ခန်းမှာတင် တုံ့ကနဲရပ်တန့်သွားသည်။ အကြောင်းမှာ အခုထိမအိပ်သေးဘဲဆိုဖာပေါ်ထိုင်ကာ မျက်မှန်အပါးတစ်လက်တပ်ပြီး... laptopတစ်လုံးပေါင်ပေါ်တင်လျက် တစ်ကုပ်ကုပ်လုပ်နေတဲ့Jiminကြောင့်ပေ။

အစကတော့ သူ့ကိုမသိဟန်ပြုကာကျော်သွားဖို့တွေးပေမယ့် အတွေးနောက်ကိုယ်မပါခဲ့။ ခြေလှမ်းတွေဟာသူ့ဆီသာတန်းမတ်မတ်ဦးတည်သွားမိသည်။

" ဘာလုပ်နေတာလဲ Jimin ssi..."

" အာ.. အတော်ပဲ။ အခုပဲလာခေါ်တော့မလို့။"

" ဘာလို့..."

ထိုအခါ laptopကိုဆိုဖာရှေ့က စားပွဲပေါ်တင်လိုက်ပြီး သူကတော့ဆိုဖာပေါ်လှဲလိုက်ကာ သူ့ရင်ခွင်ကိုလက်နဲ့ပုတ်ပြနေသည်။ အခု... သူနဲ့အတူအိပ်ဖို့ခေါ်နေတာလား...။

" လာခဲ့လေ Haeun.. ရုပ်ရှင်အတူကြည့်ကြမယ်။"

သူမလည်းသူခေါ်တဲ့အတိုင်း သူ့ဘေးဆီဝင်လှဲပြီးသူ့ရင်ခွင်ထဲကျောအပ်ကာ laptopဖန်သားပေါ်မှာလာနေတဲ့ရုပ်ရှင်ကိုသူနဲ့အတူကြည့်ခဲ့သည်။ တစ်ချက်တစ်ချက် အကြည့်တို့ဟာရုပ်ရှင်မှာခွာကာ အပေါ်စီးကအုပ်မိုးထားတဲ့သူမျက်နှာလေးဆီခိုးကြည့်မိပြန်သည်။ တစ်စောင်းအနေထားနဲ့မြင်နေရပေမယ့် ပြည့်စုံလွန်းတဲ့မျက်နှာလေးဟာဝင်းကနဲမို့ သူမရင်ခုန်သံတွေဟာအတိုင်းဆမဲ့စွာခုန်လာရပြန်သည်။

ရုတ်တရက်ဖန်သားပြင်ပေါ်,ပေါ်လာတဲ့အနမ်းခန်းကြောင့်မျက်နှာတို့ကပူလာရသည်။ သူရော.. သူဘယ်လိုနေမလဲမသိပေမယ့် အချစ်ဇတ်ကားမို့နမ်းရာမှတစ်ဆင့်ပြီးတစ်ဆင့်တိုးလာသောဇာတ်ဝင်ခန်းတွေကြောင့် သူမဆက်ကြည့်မနေနိုင်တော့ပေ... အဓိက,က ပူအိုက်လာတဲ့စိတ်တို့ကြောင့်လည်းပါသည်။

" ကျွန်မ.. အိပ်ချင်ပြီ။ ဆက်မကြည့်ပါနဲ့တော့လား။"

ထိုအခါ ဘာမှမဖြစ်သလိုlaptopကိုလှမ်းပိတ်လိုက်တဲ့သူရယ်ပါ။ ထို့နောက် သူ့ကိုကျောပေးထားရာမှ ရင်ခွင်ဆီလှည့်ကာမျက်နှာအပ်ရင်းကိုယ်သင်းနံ့ကိုခပ်ဖွဖွရှူရှိုက်ကြည့်တော့ အနံ့မွှေးသင်းသင်းလေးကနှာဖျားထက်ဆွတ်ပျံ့သွားသည်။ ကြွက်သားတွေကြောင့်ရင်အုပ်ကတင်းမာနေပေမယ့် နူးညံ့သောခံစားချက်ကိုပေးသည်။ တစ်ပွေ့တစ်ပိုက်တင်းကျပ်စွာထွေးဖက်လာတဲ့သူ့လက်မောင်းတွေကြား သူမကိုယ်လေးဟာသေးသလေး‌ပင်ရှိသည်။

သူမမျက်နှာနုနုပေါ်လာရောက်ထိတွေ့တဲ့ သူ့ဝင်လေထွက်လေနွေးနွေးကိုတဝကြီးခံယူရင်း ထိုညလေးကိုသက်သောင့်သက်သာအိပ်စက်ခဲ့ရပါသည်။

❤️❤️❤️

မနက်မိုးစင်စင်လင်းတော့မှအိပ်ရာနိုးလာတဲ့သူမ... မျက်လုံးတွေဖွင့်ဖွင့်ချင်းပင် မျက်စိရှေ့မှာမြင်လိုက်ရတဲ့ချစ်ရသူကြောင့်ရင်ခုန်ရသလိုပျော်လည်းပျော်ရပါသည်။ ထိုအဖြူ‌ရိပ်ရောင်လူသားလေးကတော့ အိပ်လို့ကောင်းနေဆဲ။

သူ့မျက်နှာနုနုအားတစိမ့်စိမ့်ကြည့်‌နေရာမှ ဦးစွာ သူ့မျက်ခုံးတန်းလေးကိုလက်မလေးနဲ့ခပ်ဖွဖွပွတ်ဆွဲမိသည်။ ပြီး မျက်ခွံမို့မို့.. နှာတံသေးသေးကိုပါထိတွေ့မိတော့ တအင်းအင်းနဲ့အသံပိစိလေးကထွက်လာသည်။ နှုတ်ခမ်းဖူးဖူးတွေကိုလက်ညှိုးနဲ့တို့ထိကာ သူမနှုတ်ခမ်းနဲ့ထိသည်ဆိုရုံမျှဖိကပ်လိုက်‌ပြီး ချစ်တယ်ဆိုတဲ့စကားလေးကိုပါဆိုရင်း... သူမခါးပေါ်ယှက်တင်ထားတဲ့သူ့လက်တွေကိုအသာလေးမ,ဖယ်ကာ အိပ်နေရာမှထခဲ့လိုက်သည်။

တစ်ခနအကြာမှာတော့ Jiminလည်းနိုးလာပြီဖြစ်ကာရေမိုးချိုးပြင်ဆင်ပြီးတာနဲ့ cafe shopလေးကိုနှစ်ဦးသားထွက်လာခဲ့ကြသည်။ ချစ်သူဖြစ်သည်ဆိုတာကလွဲပြီး ခါတိုင်းနေ့လိုပင်... ဘာမှထူးမခြားနာခဲ့...။

ဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲမှာတွေ့လိုက်ရတဲ့heejinကြောင့် Haeunခြေလှမ်းတွေဟာရပ်တန့်သွားခဲ့သည်။ သူမကသာလိုချင်တာတစ်ခုပဲကြည့်ခဲ့တာ.. တစ်ကယ်တမ်းမေ့နေခဲ့သည်က Jiminကသူများရည်းစားလေ။

ရှေ့ဆက်လှမ်းဖို့တုန်လှုပ်နေတဲ့သူမကိုရိပ်မိတာမို့ သူမလက်တွေကိုတင်းကျပ်စွာဆုပ်ကိုင်လာတဲ့jimin...။ Jiminကိုလှည့်ကြည့်မိတော့ သူမကိုအနူးညံ့ဆုံးပြုံးပြနေခဲ့တယ်။ အကြောင်းရင်းကိုမသိပေမယ့် ထိုအပြုံးကသူမအတွက်လုံခြုံသလိုခံစားရသည်။ ထိုစိတ်နဲ့ပဲဆိုင်ထဲကိုလှမ်းသွားခဲ့သည်။

" Oppa..."

ဆိုင်ထဲရောက်တာနဲ့jiminကိုပြေးဖက်လေတဲ့heejin...။ Jiminပြန်မဖက်ခဲ့ပေ။ ဒါကို သတိထားမိတဲ့heejin..။ တစ်ဖက်ကကောင်တာမှာရှိတဲ့namjoonဆီလှမ်းကြည့်မိတော့ သက်သောင့်သက်သာစကားပြောနိုင်ဖို့မသိချင်ယောင်ဆောင်ပေးနေဟန်တူသည်။

" Oppa... အဲ့နေ့ကကိစ္စကလေ ဘေဘီသေချာစဉ်းစားပြီးပြီ။ oppaအသစ်တွေ့တာကလည်း ခနတာစိတ်‌ဆော့တာမလားဟင်။ ပြီးရင် ဘေဘီဆီပဲပြန်လာမှာမလား။ ဘေဘီ... ဘေဘီစောင့်နေမယ်လေ... ဒါကြောင့် ဘေဘီ့ကိုထားမသွားပါနဲ့... နော်။"

" စောင့်မနေပါနဲ့တော့ ဘေဘီ... ကိုယ်... ပြန်မလာဖြစ်တော့ဘူး။"

အဖြေသိပြီးသလိုခေါင်းတညိတ်ညိတ်နဲ့heejinဟာ မျက်ရည်တွေကြားနစ်နေခဲ့သည်။

ခနပဲငိုရမှာပါ ဘေဘီ။ အမှန်တော့ ဘေဘီ့အတွက်ကိုယ်ကအစတည်းကသင့်တော်တဲ့လူမဟုတ်ခဲ့ဘူး။ ဘေဘီ့ကလည်းကိုယ့်အတွက်ဟုတ်မနေခဲ့ဘူးဆိုတာရိပ်မိတည်းက တွေဝေနေရတဲ့ဆက်ဆံရေးထက် အခုလိုပြတ်သားလိုက်တာကပိုသင့်တော်တယ်လေ။ ဘေဘီ့ကိုကိုယ့်ထက်ပိုချစ်ပေးနိုင်တဲ့လူ.. ကိုယ့်ထက်အလိုလိုက်ပေးနိုင်တဲ့လူရှိနေပြီးသားမို့ အချိန်နည်းနည်းလောက်ကြာတာနဲ့ဘေဘီ့နှလုံးသားကကုစားပြီးသားဖြစ်သွားမှာပါ။

ထိုစကားတွေကို တစ်ကယ်တမ်းထုတ်မပြောဖြစ်ခဲ့။ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းဖိသုတ်ကာဆိုင်ပြင်သို့ပြေးထွက်သွားတဲ့နောက်ကျော‌တစ်စုံနဲ့ အတူ သူမလက်တွေကိုလှမ်းဆွဲပြီးမတားမိပေ။

ပိုသာတဲ့ရင်ခွင်မှာ အလှဆုံးပြုံးနေပါ Heejin....။

❤️❤️❤️

ခန့်မှန်းခြေ အပိုင်း၂၀ ဝန်းကျင်လောက်ထိရှိပါတယ်နော်😍

Jan13,2021
Wednesday
#with love





















Zawgyi

ဆိုင္သိမ္းၿပီးခ်ိန္တြင္ အိမ္ျပန္လမ္းတစ္ေလွ်ာက္တိတ္ဆိတ္တဲ့ေလထုကသူတို႔ႏွစ္ဦးၾကား,ၾကားဝင္ေနခဲ့သည္။ အေတြးကိုယ္စီနဲ႔ျပည့္ႏွက္ေနတဲ့အသိစိတ္တို႔က အၿငိမ္မသက္ႏိုင္ေပ။

ထိုစဥ္ တိတ္ဆိတ္မႈကိုစတင္ၿဖိဳခြင္းသူကHaeun....။

" Jimin ssi.. အပမ္းမႀကီးရင္ အိမ္တန္းမျပန္ေသးဘဲဟန္ျမစ္ဆီသြားရေအာင္လား..။ "

" အင္း... သြားၾကတာေပါ့ "

ဟုတ္တယ္... ဒီေန႔နတ္သားမူဆီကၾကားရတဲ့စကားေတြအရဆို Jiminကိုေမးစရာေတြ ၊ ေျပာျပစရာေတြတပုံႀကီးရွိေနတယ္။ ေနာင္တေတြေပြ႕ပိုက္ၿပီးအဆုံးသတ္လိုက္ရမယ့္အစား... အတည္ျပဳသင့္တာကိုအတည္ျပဳရမယ္။

မၾကာမီတြင္ပင္ ေမွာင္ရီပ်ိဳးေနၿပီျဖစ္တဲ့ေကာင္းကင္ႀကီးေအာက္က လႈိင္းသဲ့သဲ့ေလးထေနတဲ့ေရျပင္ႀကီးကိုျမင္စျပဳလာေတာ့ ဟန္ျမစ္ဆီေရာက္ၿပီဆိုတာသိလိုက္ၿပီ။ Jiminလည္းျမစ္နံေဘးက‌လမ္းေလးေပၚမွာ ကားကိုခနတာရပ္လိုက္ၿပီး ေဘးဘီကိုလွည့္ၾကည့္မိခ်ိန္တြင္ သူ႔ဆီကိုအၾကည့္ေတြက်ေရာက္ေနၿပီးျဖစ္တဲ့haeunရဲ႕မ်က္ဝန္းနက္နက္ေတြနဲ႔ အၾကည့္ခ်င္းဆုံႀကိဳက္ရသည္။ Jiminရဲ႕ေနသားမက်သလိုျဖစ္ေနတဲ့စိတ္အစဥ္ဟာ ခါတိုင္းနဲ႔မတူစြာထူးကဲေနတဲ့သူမရဲ႕စူးနင့္နင့္အၾကည့္ေၾကာင့္ေပ။ အဓိပၸာယ္တစ္ခ်ိဳ႕ရွိေနေလာက္သည္လား...။

" ဆင္းရေအာင္ေလ။ စိတ္ေျပလက္ေပ်ာက္လမ္းေလးဘာေလးေလွ်ာက္ရေအာင္ "

" အင္း Jimin.."

ဆိတ္ၿငိမ္တဲ့ဝန္းက်င္... အစေဖာ္မရတဲ့ စကားလုံး... ဒီလိုနဲ႔ပဲ ဒီအခိုက္အတန႔္ကကုန္ဆုံးမည္ထင္။ ထိုစဥ္ တိုးညႇင္းညႇင္းခုန္ျမည္ေနတဲ့ရင္ခုန္သံကိုအံတုဖို႔ ဘယ္ဘက္ရင္‌ေပၚကိုလက္နဲ႔ဖိလိုက္ေတာ့အ‌ေကာင္‌ေပါက္ရဲ႕စည္းခ်က္ေတြဟာ သူမရဲ႕လက္ဖဝါးႏုႏုဆီသိသိသာသာလာေရာက္ထိေတြ႕ခံစားမိသည္။ ဪ... သူနဲ႔ပတ္သတ္ရင္ဒီေလာက္ေတာင္ရင္ခုန္ေနရၿပီလား...။

" Jimin ssi.. "

အားတို႔စုကာေခၚမိေလေတာ့ သူ႔ဆီကခ်က္ခ်င္းပင္ထူးသံတန္ျပန္လာသည္။

" ေျပာေလ Haeun..."

" ဒီေန႔ hoseok oppaဆီကၾကားခဲ့တဲ့ နတ္သမီးအေၾကာင္းကို ဘယ္လိုျမင္လဲ။ "

" အြန္း..."

မ်က္လႊာကိုအေပၚသို႔ပင့္ကာစဥ္းစားဟန္ျပဳေနတဲ့jiminဆီကအေျဖကို သူမ,ေစာင့္ေနမိသည္။

" ဘယ္လိုေျပာရမလဲ...။ အခု ဝိဉာဥ္ျဖစ္တဲ့မင္းနဲ႔ေတာင္မွဆုံၿပီးေနၿပီပဲ.. ငါ့အတြက္နတ္သမီးဆိုတာမ်ိဳးက ယုံလို႔ရမယ့္ျဖစ္တည္မႈတစ္ခုျဖစ္ေနမယ္ထင္တယ္။"

" ယုံလိုက္ပါ jimin..."

ထိုအခါ ရယ္က်ဲက်ဲျပဳလာတဲ့jiminရဲ႕မ်က္ဝန္းေတြဟာေမွးကနဲ။

" ဘာလို႔အမိန႔္ေပးသလိုျဖစ္ေနတာပါလိမ့္။"

" ကြၽန္မအမိန႔္ေပးေနတာ မဟုတ္ဘူး။ အမွန္တရားမို႔ေျပာေနတာ။"

" အမွန္တရား?"

Haeunမ်က္ႏွာနားသို႔နီးကပ္သြားေသာသူ႔မ်က္ဝန္းေတြဟာhaeunမ်က္ဝန္းႏွစ္ဖက္ကို တစ္လွည့္ဆီေစ့ေစ့ၾကည့္ရင္း...

" မင္းက ဘလိုသက္ေသျပမွာလဲ။"

" သက္ေသ? ကြၽန္မကိုယ္တိုင္ကခိုင္လုံတဲ့သက္ေသပဲေလ။"

" ဘာ?"

စိတ္ရႈပ္သြားဟန္ရွိတဲ့သူ႔ကိုhaeunနားလည္ႏိုင္သည္။ ဝိဉာဥ္တစ္ေကာင္ကဘယ္လိုသက္ေသျဖစ္ေပးႏိုင္မွာလဲလို႔ေတြးေကာင္းေတြးေနမွာေပါ့။

" hoseok oppaေျပာသြားတဲ့ နတ္သမီးဆိုတာကြၽန္မပဲ။ "

" ဟင္..?"

" ရွင္ေသခ်ာျပန္ေတြးၾကည့္ႏိုင္မလား။ hoseok oppaနဲ႔ namjoon oppaတို႔ကားမေတာ္တဆျဖစ္တဲ့ေန႔က ရွင္ေဆး႐ုံလိုက္သြားခဲ့ေသးလား။"

" အင္း... ငါလိုက္သြားခဲ့တယ္။ ဒါေပမယ့္ namjoon hyungနဲ႔အတူမ‌ေတာ္တဆမႈထဲပါေနတဲ့လူက hoseok hyungျဖစ္ေနမွန္းမသိခဲ့ဘူး။"

ထိုအခါမွ တစ္ခုခုကိုေသခ်ာသိသြားဟန္ၿပဳံးလိုက္တဲ့haeun.။

" ကြၽန္မက ရွင္ေမြးဖြားလာတည္းက ရွင့္ကိုေစာင့္ေရွာက္ေပးဖို႔တာဝန္ရွိတဲ့နတ္သမီးပဲ။ ဒါေၾကာင့္ အဲ့ေန႔ကရွင္နဲ႔အတူကြၽန္မလည္းရွိေနခဲ့တယ္။ က်န္တာကေတာ့hoseok oppaေျပာျပတဲ့အတိုင္းပါပဲ "

Jiminလည္းၾကားၾကားခ်င္းမင္သက္သြားေပမယ့္ စိတ္ေတြကိုျပန္စုစည္းကာသိသင့္တာေတြေမးရဦးမည္မလား။

" ဒါဆို မင္းကဝိဉာဥ္တစ္ေကာင္ အထူးသျဖင့္သရဲမဟုတ္ဘူးေပါ့။ အဲ့ဒါထက္ မင္းကငါ့ကို ငါငယ္ငယ္တည္းကသိေနခဲ့တာေပါ့။ "

" ကြၽန္မတစ္ခ်ိဳ႕အရာေတြကိုတစ္ခုမွမမွတ္မိဘူး။ ကြၽန္မကအျပစ္ခံေနရတဲ့နတ္သမီးေလ။ ဒါေၾကာင့္ နတ္ဘဝကမွတ္ဉာဏ္မွန္သမွ်ဘာမွက်န္မေနေတာ့ဘဲ အခုလိုဘာအင္အားမွမရွိတဲ့ဝိဉာဥ္တစ္ေကာင္ျဖစ္ေနတာ။ "

" ဪ...
ဒါနဲ႔ ေနပါဦး။ မင္းကနတ္သမီးဆိုတာကိုမင္းဘယ္လိုမွတ္မိသလဲ။"

" ဒါက ကြၽန္မေျပာျပလိုက္လို႔လည္း ရွင္ယုံၾကည္ေပးဖို႔ခဲယဥ္းတဲ့အရာမို႔ ရွင္မသိလည္းျဖစ္တယ္။ "

" အာ.... "

သူ႔ထံမွထြက္လာတဲ့ရယ္သံသဲ့သဲ့ေၾကာင့္ Haeunနားမလည္ႏိုင္စြာၾကည့္မိသည္။ သူေလွာင္ေနတာလား.. သူမရဲ႕ျဖစ္တည္မႈကိုေလ...။

" ဘာရယ္တာလဲ!"

" ဘာမွမဟုတ္ပါဘူး။ ဒီတိုင္း... မင္းလိုရွပ္ျပာေလးက နတ္သမီးဆိုတာက....."

" ကြၽန္မကဘာျဖစ္ေနလို႔လဲ။ ကြၽန္မ႐ုပ္ရည္ကိုပဲၾကည့္.. နတ္သမီးတစ္ပါးဆိုတာအသိသာခ်ည္း.. ။ "

" ဪ...."

" .... "

" ဒါနဲ႔ တက္တူးကေရာ..."

" အဲ့တာ တက္တူးမဟုတ္ဘူး။ အမွတ္အသား တစ္ခု။"

" ဟုတ္ပါၿပီ။

ေလစိမ္းတိုက္ေနလို႔ ေတာ္ေတာ္ေအးလာၿပီ။ "

ဟုတ္ပ... သူေျပာမွသတိထားမိတာတစ္ခုက မိုးခ်ဳပ္လာသည္ႏွင့္အမွ် ျမစ္ေရရဲ႕လႈိင္းအေဝ့ေတြေၾကာင့္ေလထုကပိုေအးစက္လာသည္။ ေလေအးဒဏ္ကိုသတိထားမိကာမွ ေအးရေကာင္းမွန္းသိသည္ထင္... လက္ေမာင္းႏွစ္ဖက္ကိုခပ္ဆဆပြတ္ကာ ေႏြးလိုေႏြးျငားျပဳမိသည္။

" ေအးလို႔လား.. Haeun။"

" အင္း... ရွင္ကေရာ မေအးလို႔လား။"

အေမးပင္မဆုံးႏိုင္ေသး.. သူမရဲ႕ကိုယ္ေသးေသးေလးေပၚသို႔လာေရာက္ၿခဳံလႊမ္းသည္က သူ႔ရဲ႕long coat...။ long coatရဲ႕အသားကပဲေႏြးတာလား.. သူ႔ကိုယ္ေငြ႕သင္းသင္းကပဲစြဲက်န္ေနတာလားမသိေပမယ့္.. အနံ႔သင္းသင္းေလးနဲ႔အတူရလိုက္တဲ့ေႏြးေထြးမႈကအတိုင္းဆမဲ့၏။ ေက်းဇူးဟူေသာစကားမွလြဲ သူမေျပာမထြက္ခဲ့။

* အျပစ္ဒဏ္..။ အခုလည္းအျပစ္ဒဏ္ခံေနရတာဆိုေပမယ့္ ခန႔္မွန္းလို႔မရတဲ့အရာကေတာ့ရွိေနေသးတယ္။ အဲ့တာက ဒီ့ထက္ဆိုး႐ြားတာလည္းျဖစ္ႏိုင္တယ္။ ဘာလဲဆိုတာကေတာ့ ငါလည္းသိခြင့္မရွိတာမို႔ ေျပာမျပတတ္ဘူးမိန္းကေလး။ ဒါေတြက ဖန္ဆင္းရွင္ရဲ႕အလိုေတာ္အရပဲ။ *

ညေနကနတ္သားမူေျပာတဲ့စကားတစ္ခ်ိဳ႕က႐ုတ္ခ်ည္းၾကားေယာင္လာမိသည္။ ထိုစကားေတြေၾကာင့္ ကိစၥတစ္ခုခုကိုျပတ္ျပတ္သားသားဆုံးျဖတ္ဖို႔သင့္ၿပီလို႔ေတြးမိသည္။ ဘာမွမသိရစြာ ထပ္ရွိေနေသးတယ္ဆိုတဲ့အျပစ္ဒဏ္က မေရရာတာမို႔... ထိုအရာေတြကိုရင္မဆိုင္ရေသးခင္ Jiminကိုစကားေလးတစ္ခြန္းေတာ့ေျပာျဖစ္ေအာင္ေျပာသြားခ်င္သည္ေလ။

" Ji..Min"

အားျပဳၿပီးေခၚလိုက္ေတာ့သူမဆီသို႔လွည့္ၾကည့္ကာ ေမးေငါ့ရင္းထူးလာသည္။

" ရွင္... ကြၽန္မနဲ႔... တြဲၾကမလား။"

" ဟင္...?"

" ကြၽန္မတို႔တြဲၾကမလားလို႔။"

" အာ... ဒါက "

သူဒုတိယအႀကိမ္ေတြေဝျပန္ၿပီ။ ဒါဆိုေသခ်ာပါၿပီ။ သူ႔စိတ္ထဲမွာ သူမနဲ႔‌တြဲဖို႔ေတြးမေနဘူးဆိုတာ။

" ဒါေနာက္ဆုံးအေနနဲ႔အတည္ျပဳၾကည့္တာမလို႔... ေနာက္တစ္ခါမေမးေတာ့ပါဘူး။ အခုလိုေမးလိုက္တာ စိတ္အေႏွာင့္ယွက္ျဖစ္သြားမယ္ဆို ေတာင္းပန္ပါတယ္။"

" စိတ္အေႏွာင့္ယွက္ျဖစ္တယ္လို႔ ဘယ္သူေျပာလဲ။"

" ဘယ္သူမွမေျပာပါဘူး။ ကြၽန္မဘာသာထင္တာ။"

" အ႐ူးမေလး..."

" .... "

" ဟုတ္ၿပီေလ... တြဲၾကတာေပါ့။ "

အံ့ဩမိသည္။ သူအခု တြဲၾကမယ္လို႔ေျပာလိုက္တာလား...။ ၾကားရသည္ကိုပင္ မယုံႏိုင္မိ။

" တစ္..တစ္ကယ္လား ဟင္"

" တစ္ကယ္... တြဲၾကရေအာင္ Haeun..။"

" အင္း.. အင္းး Jimin..။ တြဲၾကမယ္။"

ဒါဆို အခုခ်စ္သူေတြျဖစ္သြားၿပီေပါ့ေနာ္... အေပ်ာ္လြန္သည္မို႔ ဒီတဒဂၤေလးေပ်ာက္ကြယ္သြားမွာေတာင္စိုးရိမ္သည္။

" ျပန္ၾကရေအာင္... အရမ္းေအးလာၿပီ။ ေတာ္ၾကာက် မင္းဖ်ားေနမယ္။"

သူ႔စကားကိုလက္ခံသည့္သေဘာနဲ႔ေခါင္းညိတ္ျပေလေတာ့... မ်က္ဝန္းေလးမ်ားေမွးစင္းကာၿပဳံးရင္း သူမလက္ေတြကိုခပ္ဖြဖြကိုင္လာတယ္။ လွလြန္းတဲ့သူ႔အၿပဳံး... ႏူးညံ့တဲ့သူ႔အထိေတြ႕... ပိုင္ဆိုင္ရတာတစ္ခနတာေလးပဲရွိေသးတာေတာင္ ထိုအရာေတြကယစ္မူးဖြယ္ေကာင္းလြန္းသည္။

ေအးစိမ့္တဲ့ညေလးထဲ ကားျပဴတင္းမွတဆင့္ေကာင္းကင္ယံကိုေမာ့ၾကည့္ရင္း သူေမာင္းတဲ့ကားေလးထဲတၿငိမ့္ၿငိမ့္ေလးစီးကာ အိမ္ျပန္ခဲ့ၾကသည္။ စြင့္ကားလြန္းတဲ့အၿပဳံးပန္းႀကီးဟာလည္း သူမမ်က္ႏွာထက္ေနရာယူရင္းသာ...။

အိမ္ျပန္ေရာက္လို႔ကိုယ္စီအခန္းေတြဆီဝင္ခါနီး အခုထိေနသားမက်ေသးတဲ့ဆက္ဆံေရးမို႔ ဘယ္လိုစကားလုံးေတြနဲ႔ႏႈတ္ဆက္ရမလဲ သူတို႔မသိ။ ဒါေၾကာင့္မို႔ ေကာင္းေသာညပါဆိုတဲ့ခပ္႐ိုး႐ိုးႏႈတ္ဆက္စကားေလးကသာ လက္လွမ္းမီရာတစ္ခုျဖစ္ခဲ့သည္။ ဒါေတာင္ ပုံမွန္ေန႔ေတြထက္စာရင္ အႏူးညံ့ဆုံးႏႈတ္ဆက္တဲ့စကားေလ။

Haeunလည္းကိုယ္လက္သန္႔စင္ၿပီးလို႔အိပ္ေတာ့မည္ႀကံ‌ေတာ့ မအိပ္ခင္ေရေသာက္ေလ့ရွိတဲ့အက်င့္ေၾကာင့္ မီးဖိုခန္းထဲထြက္လာခဲ့လိုက္သည္။ မီးဖိုခန္းထဲမေရာက္ခင္ဘဲ သူမေျခလွမ္းေတြဟာဧည့္ခန္းမွာတင္ တုံ႔ကနဲရပ္တန႔္သြားသည္။ အေၾကာင္းမွာ အခုထိမအိပ္ေသးဘဲဆိုဖာေပၚထိုင္ကာ မ်က္မွန္အပါးတစ္လက္တပ္ၿပီး... laptopတစ္လုံးေပါင္ေပၚတင္လ်က္ တစ္ကုပ္ကုပ္လုပ္ေနတဲ့Jiminေၾကာင့္ေပ။

အစကေတာ့ သူ႔ကိုမသိဟန္ျပဳကာေက်ာ္သြားဖို႔ေတြးေပမယ့္ အေတြးေနာက္ကိုယ္မပါခဲ့။ ေျခလွမ္းေတြဟာသူ႔ဆီသာတန္းမတ္မတ္ဦးတည္သြားမိသည္။

" ဘာလုပ္ေနတာလဲ Jimin ssi..."

" အာ.. အေတာ္ပဲ။ အခုပဲလာေခၚေတာ့မလို႔။"

" ဘာလို႔..."

ထိုအခါ laptopကိုဆိုဖာေရွ႕က စားပြဲေပၚတင္လိုက္ၿပီး သူကေတာ့ဆိုဖာေပၚလွဲလိုက္ကာ သူ႔ရင္ခြင္ကိုလက္နဲ႔ပုတ္ျပေနသည္။ အခု... သူနဲ႔အတူအိပ္ဖို႔ေခၚေနတာလား...။

" လာခဲ့ေလ Haeun.. ႐ုပ္ရွင္အတူၾကည့္ၾကမယ္။"

သူမလည္းသူေခၚတဲ့အတိုင္း သူ႔ေဘးဆီဝင္လွဲၿပီးသူ႔ရင္ခြင္ထဲေက်ာအပ္ကာ laptopဖန္သားေပၚမွာလာေနတဲ့႐ုပ္ရွင္ကိုသူနဲ႔အတူၾကည့္ခဲ့သည္။ တစ္ခ်က္တစ္ခ်က္ အၾကည့္တို႔ဟာ႐ုပ္ရွင္မွာခြာကာ အေပၚစီးကအုပ္မိုးထားတဲ့သူမ်က္ႏွာေလးဆီခိုးၾကည့္မိျပန္သည္။ တစ္ေစာင္းအေနထားနဲ႔ျမင္ေနရေပမယ့္ ျပည့္စုံလြန္းတဲ့မ်က္ႏွာေလးဟာဝင္းကနဲမို႔ သူမရင္ခုန္သံေတြဟာအတိုင္းဆမဲ့စြာခုန္လာရျပန္သည္။

႐ုတ္တရက္ဖန္သားျပင္ေပၚ,ေပၚလာတဲ့အနမ္းခန္းေၾကာင့္မ်က္ႏွာတို႔ကပူလာရသည္။ သူေရာ.. သူဘယ္လိုေနမလဲမသိေပမယ့္ အခ်စ္ဇတ္ကားမို႔နမ္းရာမွတစ္ဆင့္ၿပီးတစ္ဆင့္တိုးလာေသာဇာတ္ဝင္ခန္းေတြေၾကာင့္ သူမဆက္ၾကည့္မေနႏိုင္ေတာ့ေပ... အဓိက,က ပူအိုက္လာတဲ့စိတ္တို႔ေၾကာင့္လည္းပါသည္။

" ကြၽန္မ.. အိပ္ခ်င္ၿပီ။ ဆက္မၾကည့္ပါနဲ႔ေတာ့လား။"

ထိုအခါ ဘာမွမျဖစ္သလိုlaptopကိုလွမ္းပိတ္လိုက္တဲ့သူရယ္ပါ။ ထို႔ေနာက္ သူ႔ကိုေက်ာေပးထားရာမွ ရင္ခြင္ဆီလွည့္ကာမ်က္ႏွာအပ္ရင္းကိုယ္သင္းနံ႔ကိုခပ္ဖြဖြရႉရႈိက္ၾကည့္ေတာ့ အနံ႔ေမႊးသင္းသင္းေလးကႏွာဖ်ားထက္ဆြတ္ပ်ံ႕သြားသည္။ ႂကြက္သားေတြေၾကာင့္ရင္အုပ္ကတင္းမာေနေပမယ့္ ႏူးညံ့ေသာခံစားခ်က္ကိုေပးသည္။ တစ္ေပြ႕တစ္ပိုက္တင္းက်ပ္စြာေထြးဖက္လာတဲ့သူ႔လက္ေမာင္းေတြၾကား သူမကိုယ္ေလးဟာေသးသေလး‌ပင္ရွိသည္။

သူမမ်က္ႏွာႏုႏုေပၚလာေရာက္ထိေတြ႕တဲ့ သူ႔ဝင္ေလထြက္ေလေႏြးေႏြးကိုတဝႀကီးခံယူရင္း ထိုညေလးကိုသက္ေသာင့္သက္သာအိပ္စက္ခဲ့ရပါသည္။

❤️❤️❤️

မနက္မိုးစင္စင္လင္းေတာ့မွအိပ္ရာႏိုးလာတဲ့သူမ... မ်က္လုံးေတြဖြင့္ဖြင့္ခ်င္းပင္ မ်က္စိေရွ႕မွာျမင္လိုက္ရတဲ့ခ်စ္ရသူေၾကာင့္ရင္ခုန္ရသလိုေပ်ာ္လည္းေပ်ာ္ရပါသည္။ ထိုအျဖဴ‌ရိပ္ေရာင္လူသားေလးကေတာ့ အိပ္လို႔ေကာင္းေနဆဲ။

သူ႔မ်က္ႏွာႏုႏုအားတစိမ့္စိမ့္ၾကည့္‌ေနရာမွ ဦးစြာ သူ႔မ်က္ခုံးတန္းေလးကိုလက္မေလးနဲ႔ခပ္ဖြဖြပြတ္ဆြဲမိသည္။ ၿပီး မ်က္ခြံမို႔မို႔.. ႏွာတံေသးေသးကိုပါထိေတြ႕မိေတာ့ တအင္းအင္းနဲ႔အသံပိစိေလးကထြက္လာသည္။ ႏႈတ္ခမ္းဖူးဖူးေတြကိုလက္ညႇိဳးနဲ႔တို႔ထိကာ သူမႏႈတ္ခမ္းနဲ႔ထိသည္ဆို႐ုံမွ်ဖိကပ္လိုက္‌ၿပီး ခ်စ္တယ္ဆိုတဲ့စကားေလးကိုပါဆိုရင္း... သူမခါးေပၚယွက္တင္ထားတဲ့သူ႔လက္ေတြကိုအသာေလးမ,ဖယ္ကာ အိပ္ေနရာမွထခဲ့လိုက္သည္။

တစ္ခနအၾကာမွာေတာ့ Jiminလည္းႏိုးလာၿပီျဖစ္ကာေရမိုးခ်ိဳးျပင္ဆင္ၿပီးတာနဲ႔ cafe shopေလးကိုႏွစ္ဦးသားထြက္လာခဲ့ၾကသည္။ ခ်စ္သူျဖစ္သည္ဆိုတာကလြဲၿပီး ခါတိုင္းေန႔လိုပင္... ဘာမွထူးမျခားနာခဲ့...။

ဆိုင္ေရွ႕ေရာက္ေတာ့ ဆိုင္ထဲမွာေတြ႕လိုက္ရတဲ့heejinေၾကာင့္ Haeunေျခလွမ္းေတြဟာရပ္တန႔္သြားခဲ့သည္။ သူမကသာလိုခ်င္တာတစ္ခုပဲၾကည့္ခဲ့တာ.. တစ္ကယ္တမ္းေမ့ေနခဲ့သည္က Jiminကသူမ်ားရည္းစားေလ။

ေရွ႕ဆက္လွမ္းဖို႔တုန္လႈပ္ေနတဲ့သူမကိုရိပ္မိတာမို႔ သူမလက္ေတြကိုတင္းက်ပ္စြာဆုပ္ကိုင္လာတဲ့jimin...။ Jiminကိုလွည့္ၾကည့္မိေတာ့ သူမကိုအႏူးညံ့ဆုံးၿပဳံးျပေနခဲ့တယ္။ အေၾကာင္းရင္းကိုမသိေပမယ့္ ထိုအၿပဳံးကသူမအတြက္လုံၿခဳံသလိုခံစားရသည္။ ထိုစိတ္နဲ႔ပဲဆိုင္ထဲကိုလွမ္းသြားခဲ့သည္။

" Oppa..."

ဆိုင္ထဲေရာက္တာနဲ႔jiminကိုေျပးဖက္ေလတဲ့heejin...။ Jiminျပန္မဖက္ခဲ့ေပ။ ဒါကို သတိထားမိတဲ့heejin..။ တစ္ဖက္ကေကာင္တာမွာရွိတဲ့namjoonဆီလွမ္းၾကည့္မိေတာ့ သက္ေသာင့္သက္သာစကားေျပာႏိုင္ဖို႔မသိခ်င္ေယာင္ေဆာင္ေပးေနဟန္တူသည္။

" Oppa... အဲ့ေန႔ကကိစၥကေလ ေဘဘီေသခ်ာစဥ္းစားၿပီးၿပီ။ oppaအသစ္ေတြ႕တာကလည္း ခနတာစိတ္‌ေဆာ့တာမလားဟင္။ ၿပီးရင္ ေဘဘီဆီပဲျပန္လာမွာမလား။ ေဘဘီ... ေဘဘီေစာင့္ေနမယ္ေလ... ဒါေၾကာင့္ ေဘဘီ့ကိုထားမသြားပါနဲ႔... ေနာ္။"

" ေစာင့္မေနပါနဲ႔ေတာ့ ေဘဘီ... ကိုယ္... ျပန္မလာျဖစ္ေတာ့ဘူး။"

အေျဖသိၿပီးသလိုေခါင္းတညိတ္ညိတ္နဲ႔heejinဟာ မ်က္ရည္ေတြၾကားနစ္ေနခဲ့သည္။

ခနပဲငိုရမွာပါ ေဘဘီ။ အမွန္ေတာ့ ေဘဘီ့အတြက္ကိုယ္ကအစတည္းကသင့္ေတာ္တဲ့လူမဟုတ္ခဲ့ဘူး။ ေဘဘီ့ကလည္းကိုယ့္အတြက္ဟုတ္မေနခဲ့ဘူးဆိုတာရိပ္မိတည္းက ေတြေဝေနရတဲ့ဆက္ဆံေရးထက္ အခုလိုျပတ္သားလိုက္တာကပိုသင့္ေတာ္တယ္ေလ။ ေဘဘီ့ကိုကိုယ့္ထက္ပိုခ်စ္ေပးႏိုင္တဲ့လူ.. ကိုယ့္ထက္အလိုလိုက္ေပးႏိုင္တဲ့လူရွိေနၿပီးသားမို႔ အခ်ိန္နည္းနည္းေလာက္ၾကာတာနဲ႔ေဘဘီ့ႏွလုံးသားကကုစားၿပီးသားျဖစ္သြားမွာပါ။

ထိုစကားေတြကို တစ္ကယ္တမ္းထုတ္မေျပာျဖစ္ခဲ့။ မ်က္ရည္ေတြကိုခပ္ၾကမ္းၾကမ္းဖိသုတ္ကာဆိုင္ျပင္သို႔ေျပးထြက္သြားတဲ့ေနာက္ေက်ာ‌တစ္စုံနဲ႔ အတူ သူမလက္ေတြကိုလွမ္းဆြဲၿပီးမတားမိေပ။

ပိုသာတဲ့ရင္ခြင္မွာ အလွဆုံးၿပဳံးေနပါ Heejin....။

❤️❤️❤️

ခန႔္မွန္းေျခ အပိုင္း၂၀  ဝန္းက်င္ေလာက္ထိရွိပါတယ္ေနာ္😍

Jan13,2021
Wednesday
#with love

Continue Reading

You'll Also Like

2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.3K 379 7
December က မင္းအတြက္ ဘာေတြမ်ား ယူေဆာင္လာလိမ့္မလဲ ? December က မင်းအတွက် ဘာတွေများ ယူဆောင်လာလိမ့်မလဲ ? Kim Tae Hyung x OC Both Zawgyi and Unicode avai...
58.9K 5.5K 22
Jungkook X OC Completed
24.9K 1.6K 8
MAGIC IS REAL......🔮🔮🔮🔮🔮🧙🏻‍♀️🧙🏻‍♀️🧙🏻‍♀️🧙🏻‍♀️ Available in both Zawkyi and Unicode Since it's a translate book,each chapter will be long...