Unicode
********
** G & S ( Company ) **
မြန်မာနိုင်ငံတွင်အအောင်မြင်ဆုံး Company
တစ်ခု....။ G & S Company စတင်တည်
ေထာင်သူ ဦးစိုင်းဇာနည် ကိုစီးပွားရေးလော
ကတွင်မသိတဲ့သူခပ်ရှားရှားပင်...။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ဦးစိုင်းဇာနည်
သည် Germany မှာပညာတော်သင်တက်နေ
သည့်သားဖြစ်သူကိုပြန်ခေါ်ကာ Company
တစ်ခုလုံးလွဲပြောင်းပေးအပ်ခဲ့ပြီး အပြီးတိုင်
အနားယူသွားခဲ့သည် ။ အခုချိန်မှာ G & S
Company ကိုဦးဆောင်နေသူက ဂုဏ်ရှိန်သွေး
ဆိုသည့်လူငယ်လေးပင်....။
G & S Company ကိုလက်လွဲယူပြီးတဲ့အချိန်
ကစပြီး ၅ နှစ်အတွင်း ဂုဏ့် အောင်မြင်မှုက
ရပ်တန့်ခြင်းမရှိခဲ့....။ မြန်မာနိုင်ငံရဲ့ Top 1
လုပ်ငန်းရှင်အဖြစ်ရပ်တည်နိုင်ချိန်တွင် ဂုဏ့်
အသက် ၂၈ ပြည့်ခါစပင်...။
နိုင်ငံခြားမှာကျောင်းတက်ကာ နိုင်ငံခြားမှာဘဲ
ကြီးပြင်းလာတဲ့ ဂုဏ် ကလွတ်လပ်ပေါ့ပါးစွာ
တွေးခေါ်တတ်သည် ။ Play Boy တစ်ယောက်
အဖြစ်လည်းနာမည်ကြီးသလို သူသဘောကျ
ပါက မိန်းကလေး ၊ ယောက်ျားလေး ခွဲမနေ..
အကုန်လုံးနဲ့တွဲသည် ။ ဒါကိုတောင် ဂုဏ့် ကု
တင်ပေါ်တက်ရဖို့အလုအယက်ကြိုးစားနေသူ
တွေကအများသား...။
အသက် ၂၈ နှစ်အရွယ်ဖြင့်မြန်မာနိုင်ငံရဲ့ထိပ်
သီးစီးပွားရေးလုပ်ငန်းရှင်အဖြစ်အောင်မြင်
ကျော်ကြားလာသည့် ဂုဏ် ကအနောက်တိုင်း
ဆန်ဆန်ချောမောသည့်မျက်နှာနှင့် 188 cm
ရှည်တဲ့အရပ်ကြီးကိုပိုင်ဆိုင်ထားသည် ။
ဂုဏ်ရှိန်သွေး ဆိုသည့်သူ့ကိုမက်မောကြတာ
လည်းမပြောနဲ့... အလုပ်အကိုင် ၊ ငွေရေးကြေး
ရေး ၊ ရုပ်ရည်ရူပကာ ဘာတစ်ခုမှအပြစ်ပြော
စရာမရှိ...။ ဒါပေမယ့် ဂုဏ့် မှာချွင်းချက်တစ်
ခုတော့ရှိတယ်...အဲ့တာက တစ်ခါမှအချစ်စစ်
နဲ့မချစ်ဖူးသေးတာဘဲ...။
** ဒေါက်....ဒေါက် **
" ဝင်ခဲ့ "
အစီရင်ခံစာတစ်ထပ်နဲ့အတူ ချွေးသံတရွဲရွဲ
ဖြင့်ပြေးဝင်လာသူက ဂုဏ့် အတွင်းရေးမှူး
ဆန်းထူး ပင်...။
" CEO.. ဆေးဝါးထုတ်လုပ်ခွင့်နဲ့ပတ်သက်ပြီးအစိုးရကပယ်ချလိုက်တယ်.. "
" ဘာ!!..."
ဂုဏ့် စားပွဲပေါ်ရောက်လာတဲ့အစီရင်ခံစာတစ်
ထပ်ကိုဆွဲယူပြီး အမြန်လှန်လောကြည့်လိုက်
သည် ။ အစီရင်ခံစာမှာထင်ရှားစွာဖော်ပြထား
သည်က လုပ်ပိုင်ခွင့်အားလုံးတရုတ်ပြည်က
လုပ်ငန်းရှင်တစ်ယောက်ကရယူပြီးပြီ ဖြစ်
ကြောင်း...။
" China ရဲ့ထိပ်သီးလုပ်ငန်းရှင်တစ်ယောက်
က ဇီဝကာကွယ်ဆေးထုတ်လုပ်ခွင့်ရထားပြီး
ပြီ... သူက Company ကိုဒီမှာအခြေစိုက်ချင်
နေတာဆိုတော့... အခုအစိုးရကမြန်မာနိုင်ငံရဲ့
ဆေးဝါးစျေးကွက်ကို အဲ့ဒီလူဆီပေးလိုက်ပုံရ
တယ် "
" တောက်!!...ထပ်ပြီး D & M ဘဲလား "
" ဟုတ်ကဲ့..."
D & M ( Company ) လွန်ခဲ့တဲ့ရက်အနည်း
ငယ်က တရုတ်ပြည်ရဲ့ဇီဝကာကွယ်ဆေးထုတ်
လုပ်ခွင့်ကိုအောင်မြင်စွာရယူခဲ့ပြီး ရှယ်ရာများ
ကိုလည်းပြန်လည်ရောင်းချခဲ့သည် ။
ရှယ်ရာကစားခြင်းကျွမ်းကျင်ကာ စီးပွားရေး
အကွက်မြင်တတ်လွန်းတဲ့ထိုလူက အသားတင်
အမြတ်ငွေသန်းပေါင်းများစွာရရှိခဲ့ပြီးလက်ရှိ
မှာ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၉ ဘီလီယံ
ဖြင့် အာရှ၏အချမ်းသာဆုံးလုပ်ငန်းရှင်ဖြစ်
လာသည် ။
" ဆန်းထူး...မြေယာစီမံကိန်းကိုပြင်ဆင်ထားလိုက်တော့..... "
စိတ်ရှုပ်နေပြီဖြစ်တာကြောင့် ဂုဏ် အလုပ်လုပ်
ရတာစိတ်မပါတော့...။ အတွင်းရေးမှူးကို
သာလုပ်လက်စအလုပ်တွေအပြီးသတ်ခိုင်း
လိုက်ပြီး သူကတော့ခြေဦးတည့်ရာသွားဖို့ရုံး
ခန်းအပြင်ကိုထွက်လာလိုက်သည် ။
သူ့နောက်မှာကျန်ခဲ့သည့် ကောင်လေးရဲ့နှုတ်
ခမ်းတွေကလှပစွာကွေးညွတ်နေခဲ့သည်ကို
တော့ ဘယ်သူမှမသိလိုက်ပေ...။
.....................................................
ရှိုင်းစေ တက္ကသိုလ်စတက်တဲ့အချိန်ကစပြီး
မေမေလေးရဲ့သားကြီး နေစစ် ရဲ့အပြုအမှု
တွေကအရမ်းပြောင်းလဲလာသည်။ မထင်ရင်
မထင်သလို တို့လိုက်ထိလိုက်လုပ်တတ်ပြီးလူ
လစ်ရင် သူ့လက်ကိုဆွဲယူကာပွတ်သပ်တာ
တွေလည်းလုပ်လာသည် ။
နေစစ် ရဲ့မရိုးမသားအပြုအမှုတွေကို မေမေ
လေးကလည်းမသိတာမဟုတ်...။ မမြင်ချင်
ယောင်ဆောင်သွားတတ်သည်မှာ အခါခါ...။
နောက်ဆုံးတော့ သူကိုယ်တိုင်ဘဲ နေစစ် ရဲ့
ရန်ကလွတ်ဖို့အတွက်ကျောင်းစောစောသွား
ရတော့သည် ။
" အကောင်ပေါက်...အစောကြီးပါလား "
" ဟုတ်ကဲ့...အကိုမင်းပိုင်...သား..စောစောလာမှဖြစ်မှာမလို့.."
" ဟမ်....ငါတို့အကောင်ပေါက်ကို...ဘွားတော်
ကြီးကမတရားခိုင်းပြန်ပြီလား..."
" ဟာ....မဟုတ်ပါဘူး... "
ခေါင်းလေးငုံ့ကာငြင်းလာသည့်အကောင်
ပေါက်ကို မင်းပိုင် ဂရုဏာသက်မိသည် ။ မိဘ
ကစွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့အပြင် မွေးစားတဲ့သူ
ပေါ်လာပြန်တော့လည်းဒီအကောင်ပေါက်လေး
အပေါ်ကြင်နာတဲ့သူကမရှိ...။ သူလေးကိုချစ်ပေးခဲ့ရှာတဲ့တစ်ဦးတည်းသော မွေးစားဦးလေး
ကလည်းစောစောစီးစီးခွဲခွာသွားခဲ့သည်..။
" အကောင်ပေါက်... မင်း မွေးစားဦးလေး ကို
ဘာလို့ အဖေ လို့မခေါ်ခဲ့တာလဲ....ဟိုဘွား
တော်ကြီးတောင် သူ့ကိုမေမေလေးလို့ခေါ်ခိုင်း
တာဘဲကို... "
အကိုမင်းပိုင် ပြောလိုက်သည့်စကားကသူ့ရင်
ထဲကနှုတ်မရတဲ့ဆူးတစ်ချောင်းပင်...။
: နင်သူ့ကိုအဖေလို့ခေါ်ခွင့်မရှိဘူး : လို့ပြော
လာသည့် ဒေါ်စိုးနန်းစံ ရဲ့စကားကြောင့်သူ့မှာ
ဦးလေး ရဲ့နောက်ဆုံးအချိန်ထိတောင် အဖေ
လို့ခေါ်ခွင့်မရခဲ့ပေ...။
" ေမမေလေး ကအဲ့လိုခေါ်ခွင့်မပေးဘူးလေ "
" ကြည့်...ကြည့်...ကြည့် အဲ့ဒီဘွားတော်ကအ
ယုတ်တမာတွေ့လား... သူ့ကျတော့ မေမေလေး လို့ခေါ်တဲ့ ဦးလေး ကိုကျတော့အဖေလို့
မခေါ်ရဘူးတဲ့... ေတာ်တော်တရားကျတာဘဲ "
လူကြီးကိုပြန်မပြောရဘူး...။ လူကြီးစကားနား
မထောင်ဘူးဆိုတာရိုင်းတာဘဲလို့ အမြဲနား
သွင်းခံထားရသည့် ရှိုင်းစေ က မင်းပိုင် ပြော
နေသည့်စကားတွေကို ပါးစပ်လေးဟကာငေး
ကြည့်နေမိသည် ။
" ဒါနဲ့...အကောင်ပေါက်လေး မင်းဆံပင်တွေအရမ်းရှည်နေပြီနော်... ညနေကျရင် အကိုဆံပင်လိုက်ညှပ်ပေးမယ်လေ "
မျက်တောင်လေးတွေဖြင့်ထိစပ်လုဖြစ်နေ
သည့်ဆံပင်ညိုညိုလေးတွေကို မင်ပိုင် ခပ်
ဖွဖွလှမ်းထိကာချော့လိုက်သည် ။
" ဟင့်အင်း... မညှပ်ဘူး "
မင်းပိုင် လက်ကိုအလန့်တကြားရိုက်ထုတ်ကာ
ခေါင်းလေးငုံ့သွားတဲ့ အကောင်ပေါက်လေးကို
အပြစ်မတင်ရက်ပေ...။ ဒီကလေးလေး ဆံပင်
မညှပ်ချင်ရတဲ့အကြောင်းအရင်းကိုသိနေတာ
မို့လို့...။
" အေးပါ...ေအးပါ မညှပ်ခိုင်းတော့ပါဘူး... "
တကယ်တော့သူ့ဆံပင်ကအရမ်းမရှည်သေး
ပါဘူး...။ မျက်ခုံးကျော်ကျော်အထိရှည်နေ
ပြီဖြစ်ပေမယ့် သူ့မျက်လုံးကိုဖုံးနေတဲ့ထိတော့
မရှည်သေး....။ မျက်လုံးလေးပေါ်ရုံထိအရှည်
ထားထားပြီး အမြဲတမ်းခေါင်းငုံ့နေလိုက်မယ်
ဆိုရင် သူ့မျက်လုံးတွေကိုဘယ်သူမှမမြင်နိုင်
တော့ဘူးလေ...။
** ဖြောင်း!! **
" အား....အမေကြမ်းရာ...နာလိုက်တာ.."
ကျောပေါ်ဗျောတင် လိုက်တဲ့အသံကျယ်
ကြီးနှင့် အကိုမင်းပိုင်ရဲ့ညည်းညူသံကြောင့်
ရှိုင်းစေ လန့်ဖြန့်ကာမော့ကြည့်လိုက်သည် ။
" ကလေးကိုစောင့်ရှောက်ပါဆို..ကမြင်း
ကြောထနေတယ်..ငြိမ်ငြိမ်ကိုမနေဘူး "
" ခစ်..ခစ်...မမဟန်နီ အတန်းမသွားသေးဘူး
လား "
" သွားမှာ...မမရဲ့မောင်လေးကိုစိတ်မချလို့လာ
ကြည့်တာ.."
ရှိုင်းစေ ဆီကရယ်သံလေးကြောင့်အသည်း
ယားစွာဖြင့်ပါးလေးကိုဆွဲဖျစ်လိုက်သည် ။
သေးသေးညှပ်ညှပ်ခန္ဓာကိုယ်လေးနဲ့ နွားနို့တုံး
လေးလိုအသားရည်ပိုင်ဆိုင်ထားတဲ့ ကလေး
ကိုမြင်မြင်ချင်းမောင်လေးတစ်ယောက်လို
မြတ်နိုးတွယ်တာခဲ့မိသည် ။
အခက်ခဲတွေဘယ်လောက်ဘဲများပါစေ ကိုယ့်
အားကိုယ်ကိုးတတ်သည့် ဒီကလေးလေး က
လေးစားစရာလည်းကောင်းသလို သနားချင်
စရာလည်းကောင်းနေပြန်သည် ။
" ကလေး အဆင်မပြေတာရှိလားလို့ မမ က
လာကြည့်တာ... အခုဘာမှထွေထွေထူးထူး
မရှိဘူးဆိုတော့ မမ လဲအတန်းသွားတက်တော့
မယ် "
သူ့ခေါင်းလေးကိုခပ်ဖွဖွပုပ်ပေးရင်းနှုတ်ဆက်
ကာထွက်သွားတဲ့ မမဟန်နီ ကိုတက်ကြွစွာ
လက်ပြနှုတ်ဆက်လိုက်သည် ။
** ဒုန်း..**
ထိုစဥ်အခန်းတံခါးကိုဆောင့်ကန်လိုက်တဲ့အသံ
ကြောင့် တစ်ခန်းလုံးတိတ်ဆိတ်သွားခဲ့သည်။
ပြဿနာလာရှာသူက နေစစ် နဲ့သူ့အပေါင်းအ
ပါတွေဆိုတာတွေ့လိုက်ရတာကြောင့် ဘယ်
သူမှအပြစ်မပြောရဲတော့ပေ...။ ကျောင်းမှာ
ဆေးချတဲ့ကောင်တွေဆိုလည်း နေစစ် က
ထိပ်ဆုံးက...။
ရန်ဖြစ်ပြီဟေ့ဆိုလည်း နေစစ်...။ စာမေးပွဲကျ
ကျောင်းခေါ်ချိန်မပြည့်တဲ့ကောင်ဆိုလည်း
နေစစ်...။ တစ်ကျောင်းလုံးချဥ်ဖက်ဖြစ်နေတဲ့
ကောင်ကို ဘယ်သူကမှသွားမပတ်သက်ချင်..။
" ဟက်....ဒီရောက်နေတာကိုး...အပြင်လိုက်ခဲ့"
ရှိုင်းစေ ရှိရာကိုတန်းတန်းမက်မက်ရောက်
လာကြသူတွေကြောင့် သူခေါင်းအတင်းငုံ့
ထားလိုက်မိသည် ။
" ဟေ့ကောင်...ပြောနေတာကြားလား!! "
သူ့ကိုအော်ဟောက်လာတဲ့အသံကဒေါသ
တွေပါနေခဲ့ပြီ...။ နေစစ် ကိုဒေါသထွက်အောင်
လုပ်မိရင် သူ့အတွက်ကောင်းတာဖြစ်မလာ
နိုင်မှန်းသိပေမယ့် ခေါင်းလေးအသာရမ်းကာ
ငြင်းဆန်လိုက်မိသည် ။
" တောက်!! ခေါ်ရင်ထွက်လာလိုက် ရှိုင်းစေ ငါဒေါသမထွက်ချင်ဘူး.."
" အင့်...ကျောင်းတက်တော့မှာ "
ထစ်ခနဲရှိမျက်ရည်ကျတတ်လွန်းသူမဟုတ်
ပေမယ့် တခြားလူတွေထက်အားငယ်လွယ်
လွန်းတာကိုတော့ဝန်ခံပါသည် ။ သိတတ်စ
အရွယ်ကတည်းကအနှိမ်ခံဘဝနဲ့ကျင့်သား
ရအောင်နေခဲ့ရပြီး နားဝင်မကောင်းတဲ့ဆဲဆို
သံတွေကြားမှာကြီးပြင်းခဲ့ရတာမို့ ရှိုင်းစေ
နှလုံးသားထဲမှာအားငယ်စိတ်ကအမြစ်တွယ်
နေခဲ့ပြီးပြီ...။
" အခုချက်ချင်း ထလိုက်..ရှိုင်းစေ "
" အင့်.....ဟင့်..."
အားနည်းပါတယ်ဆိုတဲ့သတ္တဝါလေးတွေကို
ကပိုပြီးအနိုင်ကျင့်လို့ကောင်းနေသယောင်..။
ခပ်တိုးတိုးရှိုက်သံလေးနဲ့ ငြင်းဆန်နေတဲ့ခန္ဓာ
ကိုယ်သေးသေးလေးက ချက်ချင်းဆွဲဆက်
လုပ်ပစ်ချင်လောက်အောင်အသည်းယားစေ
သည် ။ နေစစ် အတွက် ရှိုင်းစေ ဆိုတာအဲ့လို
ကလိ ကလိနဲ့အူယားသွားစေတာမျိုး....။
ခပ်ပျော့ပျော့ဆံပင်ညိုလေးတွေနှင့် နူးညံ့
နွေးထွေးမှုပေးသည့်အသားရည်လေးကိုအ
ရသာခံချင်စိတ်ဖြင့် နေစစ် သူ့လက်ကိုဆန့်
ထုတ်လိုက်သည် ။ သို့သော် သူ့လက်တွေ
ရှိုင်းစေ နားမရောက်ခင်မှာဘဲ မင်းပိုင် ဆိုတဲ့
ကောင်ဆီကတားမြစ်ခြင်းခံလိုက်ရသည် ။
" ငါ့အတန်းထဲမှာ ပြဿနာလာမရှာနဲ့... "
" ဟား....ဟား....ဟား...."
အကျည်းတန်စွာရယ်မောနေသည့် နေစစ် က
မင်းပိုင် လက်ကိုကြမ်းတမ်းစွာဖြုတ်ချလိုက်
သည် ။ ရှိုင်းစေ အနားမှာရစ်သီ ရစ်သီနဲ့အမြဲ
တွေ့နေတဲ့ ဒီကောင့်ကိုသူကြည့်မရခဲ့တာကြာ
ပြီ...။
" မင်း...ဒီအခြောက်ကလေးကိုစိတ်ဝင်စားနေတာလား.."
" တောက်!!! "
နေစစ် ရဲ့မျက်နှာတည့်တည့်ကိုထိုးပစ်လိုက်
ဖို့မက်တပ်ရပ်လိုက်ပေမယ့် သူ့အင်္ကျီအစွန်း
လေးကိုခပ်ဖွဖွဆွဲကာတားလိုက်သည့် ကလေး
ပေါက် ကြောင့် မင်းပိုင် သူ့လုပ်ရက်တွေကို
ရပ်တန့်လိုက်သည် ။
အောင်နိုင်သူကြီးလိုတဟားဟားအော်ရယ်
ကာထွက်သွားသည့် နေစစ် ကိုနောက်နေ့မှ
ချောင်းရိုက်ပစ်ဦးမယ်လို့တွေးထားလိုက်ပြီး
မျက်ရည်တွေကျကာကြောက်နေရှာတဲ့
ကလေးပေါက် ကိုချော့ပေးနေလိုက်သည် ။
" မရှိတော့ဘူး...မကြောက်နဲ့ "
" ...ဟုတ်.."
" ေနဦး အဲ့ဒီကောင်ကငါတို့ အကောင်ပေါက်
လေးကိုအနိုင်ကျင့်နေတာလား..."
ရှိုင်းစေ ခေါင်းလေးဘဲရမ်းပြလိုက်သည်။ သူ့
အပေါ် နေစစ် လုပ်ခဲ့သည့်လုပ်ရပ်တွေသာတ
ခြားလူတွေသိသွားရင် သူ့အတွက်မတရာဘူး
လို့တွေးကြမယ့်သူထက် သူ့ကိုအပြစ်ပြောကြ
မယ့်သူကပိုများလိမ့်မည် ။
မေမေလေးကလည်းအဲ့လိုဘဲပြောခဲ့တာပင်... ။
သူကအနေထိုင်မတတ်ဘဲကလူးမြူစွယ်ပြနေ
လို့ နေစစ် ကလူငယ်သဘာဝစနှောက်မိတာတဲ့....။
မနက်ခင်းကဖြစ်ခဲ့တဲ့ကိစ္စက မမဟန်နီ နား
ထဲဘယ်လိုရောက်သွားတယ်မသိ နေ့လည်အ
တန်းဆင်းချိန်ရောက်တော့ ရှိုင်းစေ အခန်းရှေ့
မှာစိတ်ရှုပ်နေသည့်ဟန်ဖြင့်ရောက်နေခဲ့သည် ။
" ကလေး....ဒီနေ့တော့ ကျောင်းထဲကဆိုင်ကိုလိုက်ခဲ့... မမ တို့နဲ့အတူတူလိုက်စား "
" ဒါပေမယ့်...သားက..ထမင်းဗူးပါတယ် "
ကလေး လက်ထဲကထမင်းဗူးလေးကိုဆွဲလု
ကာ မင်းပိုင် လက်ထဲပြောင်းထည့်ပေးလိုက်
ပြီး အဲ့ထမင်းဗူးကိုနင်ရှင်းလိုက် ဆိုသည့်ဟန်
ဖြင့်မျက်ခုံးပင့်ပြလိုက်သည် ။
" ဒီထမင်းဗူးက အကိုစားမှာ... မင်းကမင်း
မမ ဝယ်ကျွေးတာကိုစား...သွားမယ် "
ကျောင်းဝင်းထဲကစားသောက်ဆိုင်ဆီသွားနေ
တဲ့လမ်းတစ်လျှောက်လုံး နေစစ် ကိုမိုးမွန်
အောင်ကျိန်ဆဲလာသည့် အပျိုကြီးမမ ကို
ရှိုင်းစေ ပြုံးပြီးကြည့်နေမိသည် ။ စားသောက်
ဆိုင်ရောက်လို့ ထမင်း ၊ ဟင်း မှာပြီးတဲ့အချိန်
ထိသူ့မှာပြောလို့မပြီးသေး...။
" နေပါစေဦး....အဲ့ဒီကောင် ငါ့မျက်စိရှေ့ရောက်လာလို့ကတော့ ပါးဆွဲရိုက်ဦးမယ် "
သူက အကိုမင်းပိုင် ယူလာပေးတဲ့ဖျော်ရည်ဗူး
လေးသောက်နေစဥ် အကိုမင်းပိုင် ကတော့သူ့
ထမင်းဗူးလေးကိုအပြုတ်ဖြုတ်နေသည် ။
" ရို့....မကောင်းဆိုးဝါးက ဒီရောက်နေပါလား "
ရှိုင်းစေ ရဲ့နောက်ကျောဘက်ကနေရင်းနှီးနေ
တဲ့အသံကိုကြားလိုက်ရတာကြောင့် သူ့ခန္ဓာ
ကိုယ်လေးဆတ်ခနဲတုန်သွားရသည် ။
" အရမ်းကိုအရသာရှိရှိသောက်နေတာဘဲ..ဒါနဲ့ဟေ့ကောင်တွေ....သူ့မျက်လုံးတွေကိုသေချာမြင်ဖူးကြလား "
ပတ်ဝန်းကျင်တစ်ခုလုံးကြားအောင်အသံ
ကျယ်ကျယ်ဖြင့်ပြောနေသူက ရှိုင်းစေ ကိုလူ
တွေအကုန်အာရုံစိုက်လာအောင်ပင်...။ ဒီ
ကောင်လေးကလူသိပ်ကြောက်တတ်တာသူ
သိသည် ။ နောက်တစ်ခါသူ့ကိုကလန်ကဆန်
မလုပ်ရဲအောင်အခုကတည်းက ပညာပြထား
ပေးရမည်လေ...။
" မင်းတို့ကြည့်ချင်ရင် ငါပြမယ် "
" ဟ...လုပ်စမ်းပါကွာ "
အပေါင်းအသင်းနောက်လိုက်တွေရဲ့အားပေး
အားမြှောက်အသံတွေကြောင့် ေနစစ် သူ့ကိုယ်
သူယုံကြည်မှုတွေပိုရှိလာသည် ။ ယုန်ငယ်
လေးလိုတုန်နေရှာတဲ့ကောင်လေးရဲ့ ပုခုံးပေါ်
လက်တင်လိုက်စဥ် တစ်ယောက်ယောက်ရဲ့
ရိုက်ချခြင်းကိုခံလိုက်ရသည် ။
" တော်ရုံဘဲကောင်းမယ်..နေစစ်.."
နေစစ် ကိုရိုက်ချလိုက်သူကတခြားတော့မ
ဟုတ် ဟန်နီ ဆိုတဲ့မိန်းကလေးပင်...။
" နင့်ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေလိုက် ဟန်နီ...ဘာလဲ နင်ကပါဒီအခြောက်ကောင်ကိုကြိုက်နေတာလား "
** ဖြောင်း!! **
စိတ်မြန်လက်မြန်ရှိလှတာကြောင့် နေစစ်
ဆိုတဲ့ကောင်စကားမဆုံးခင်မှာဘဲ ဟန်နီ ပါး
ဆွဲရိုက်လိုက်ပြီးပြီ...။ အရိုက်ခံလိုက်ရတာ
ကိုမယုံကြည်နိုင်သလိုဖြစ်နေသည့် နေစစ် ကို
လှောင်ပြုံးတစ်ပွင့်ပေးလိုက်ကာ ထိုင်ခုံမှာထိုင်
ေနဆဲ ကလေး ကိုဆွဲထူလိုက်သည် ။
" ကလေး..ထ သွားမယ် ခွေးဟောင်သံေတွ နားထောင်နေစရာမလိုဘူး "
ဟန်နီ ခြေလှမ်းတွေမလှမ်းခင်မှာဘဲ မိန်းမ
တစ်ယောက်ဆီကအရိုက်ခံလိုက်ရတာကြောင့်
ရှက်ရမ်း ရမ်းနေသည့် နေစစ် ရဲ့ဆောင့်တွန်း
ခြင်းကိုခံလိုက်ရသည် ။
" တောက်!!.. မင်းလိုမိန်းမက ငါ့ကို..."
ခြေလှမ်းပျက်သွားတဲ့ မမဟန်နီ ကိုအားကုန်
ရိုက်ပစ်ဖို့ကြံရွယ်ထားဟန်ဖြင့် လက်မြှောက်
လိုက်သည့် နေစစ် ကြောင့် ရှိုင်းစေ ကြားထဲ
အမြန်ပြေးဝင်လိုက်သည် ။
** ဖြောင်း!!! **
ဒီရိုက်ချက်က မမဟန်နီ လိုမိန်းမလှလေးအ
ပေါ်သာကျရောက်သွားမယ်ဆိုစိုးရိမ်ဖွယ်ရာ
ပင်...။ ရှိုင်းစေ ကိုယ်တိုင်တောင်မျက်လုံးတွေ
ပြာသွားတဲ့ထိမူးဝေသွားရပြီး ကြမ်းပြင်ပေါ်
ပုံရက်လဲကျသွားခဲ့သည် ။ နဂိုဖြူဖွေးနေသည့်
အသားရည်ကြောင့် ပါးပြင်ပေါ်ကလက်ဖဝါး
ရာကြီးကကြောက်စရာပင်ကောင်းနေသည် ။
" ကလေးလေး..... မမကိုပြစမ်း "
ကြမ်းပြင်မှာပုံရက်ဖြစ်နေသည့် ကလေး ကို
စိုးရိမ်စွာဖြင့်နဖူးပေါ်ခပ်အုပ်အုပ်ကျနေသည့်
ဆံပင်လေးတွေကိုဆွဲဖယ်လိုက်တာကြောင့်
အဖိုးတန်ကျောက်စိမ်းလေးတွေလို အစိမ်း
ရောင်မျက်လုံးလေးတွေကထင်းခနဲထွက်ပေါ်
လာခဲ့သည် ။
" Oh My God!!! "
" တကယ်ကြီးအစိမ်းရောင်ဘဲ... "
" ကြည့်စမ်း အဲ့ဒီမျက်လုံးတွေကြောင့်သူ့မှာ
သူငယ်ချင်းမရှိတာနေမှာ... "
" တကယ်တော့သနားစရာလေးကို.... "
အခုဆိုပတ်ဝန်းကျင်ကလူတွေအကုန်လုံး သူ့
ရဲ့မျက်လုံးတွေကိုတွေ့လိုက်ကြမှာမမေးဘဲ
နဲ့တောင်သိလိုက်သည် ။ စာကလေးသိုက်လို
ဆူညံနေတဲ့ပတ်ဝန်းကျင်ရဲ့စကားတွေထဲ
သူ့မျက်လုံးလေးတွေကလှလိုက်တာဆိုတဲ့စ
ကားတစ်ခွန်းတောင်သူမကြားခဲ့ရပေ...။
_________________________________________________________________________
မြတ်နိုးခြင်းများစွာဖြင့်..... Aster
# 11.1.2021
Zawgyi
********
** G & S ( Company ) **
ျမန္မာနိုင္ငံတြင္အေအာင္ျမင္ဆုံး Company
တစ္ခု....။ G & S Company စတင္တည္
ေထာင်သူ ဦးစိုင္းဇာနည္ ကိုစီးပြားေရးေလာ
ကတြင္မသိတဲ့သူခပ္ရွားရွားပင္...။
လြန္ခဲ့သည့္ႏွစ္အနည္းငယ္က ဦးစိုင္းဇာနည္
သည္ Germany မွာပညာေတာ္သင္တက္ေန
သည့္သားျဖစ္သူကိုျပန္ေခၚကာ Company
တစ္ခုလုံးလြဲေျပာင္းေပးအပ္ခဲ့ၿပီး အၿပီးတိုင္
အနားယူသြားခဲ့သည္ ။ အခုခ်ိန္မွာ G & S
Company ကိုဦးေဆာင္ေနသူက ဂုဏ္ရွိန္ေသြး
ဆိုသည့္လူငယ္ေလးပင္....။
G & S Company ကိုလက္လြဲယူၿပီးတဲ့အခ်ိန္
ကစၿပီး ၅ ႏွစ္အတြင္း ဂုဏ့္ ေအာင္ျမင္မႈက
ရပ္တန့္ျခင္းမရွိခဲ့....။ ျမန္မာနိုင္ငံရဲ႕ Top 1
လုပ္ငန္းရွင္အျဖစ္ရပ္တည္နိုင္ခ်ိန္တြင္ ဂုဏ့္
အသက္ ၂၈ ျပည့္ခါစပင္...။
နိုင္ငံျခားမွာေက်ာင္းတက္ကာ နိုင္ငံျခားမွာဘဲ
ႀကီးျပင္းလာတဲ့ ဂုဏ္ ကလြတ္လပ္ေပါ့ပါးစြာ
ေတြးေခၚတတ္သည္ ။ Play Boy တစ္ေယာက္
အျဖစ္လည္းနာမည္ႀကီးသလို သူသေဘာက်
ပါက မိန္းကေလး ၊ ေယာက္်ားေလး ခြဲမေန..
အကုန္လုံးနဲ႕တြဲသည္ ။ ဒါကိုေတာင္ ဂုဏ့္ ကု
တင္ေပၚတက္ရဖို႔အလုအယက္ႀကိဳးစားေနသူ
ေတြကအမ်ားသား...။
အသက္ ၂၈ ႏွစ္အ႐ြယ္ျဖင့္ျမန္မာနိုင္ငံရဲ႕ထိပ္
သီးစီးပြားေရးလုပ္ငန္းရွင္အျဖစ္ေအာင္ျမင္
ေက်ာ္ၾကားလာသည့္ ဂုဏ္ ကအေနာက္တိုင္း
ဆန္ဆန္ေခ်ာေမာသည့္မ်က္ႏွာႏွင့္ 188 cm
ရွည္တဲ့အရပ္ႀကီးကိုပိုင္ဆိုင္ထားသည္ ။
ဂုဏ္ရွိန္ေသြး ဆိုသည့္သူ႕ကိုမက္ေမာၾကတာ
လည္းမေျပာနဲ႕... အလုပ္အကိုင္ ၊ ေငြေရးေၾကး
ေရး ၊ ႐ုပ္ရည္႐ူပကာ ဘာတစ္ခုမွအျပစ္ေျပာ
စရာမရွိ...။ ဒါေပမယ့္ ဂုဏ့္ မွာခြၽင္းခ်က္တစ္
ခုေတာ့ရွိတယ္...အဲ့တာက တစ္ခါမွအခ်စ္စစ္
နဲ႕မခ်စ္ဖူးေသးတာဘဲ...။
** ေဒါက္....ေဒါက္ **
" ဝင္ခဲ့ "
အစီရင္ခံစာတစ္ထပ္နဲ႕အတူ ေခြၽးသံတ႐ြဲ႐ြဲ
ျဖင့္ေျပးဝင္လာသူက ဂုဏ့္ အတြင္းေရးမႉး
ဆန္းထူး ပင္...။
" CEO.. ေဆးဝါးထုတ္လုပ္ခြင့္နဲ႕ပတ္သက္ၿပီးအစိုးရကပယ္ခ်လိဳက္တယ္.. "
" ဘာ!!..."
ဂုဏ့္ စားပြဲေပၚေရာက္လာတဲ့အစီရင္ခံစာတစ္
ထပ္ကိုဆြဲယူၿပီး အျမန္လွန္ေလာၾကည့္လိုက္
သည္ ။ အစီရင္ခံစာမွာထင္ရွားစြာေဖာ္ျပထား
သည္က လုပ္ပိုင္ခြင့္အားလုံးတ႐ုတ္ျပည္က
လုပ္ငန္းရွင္တစ္ေယာက္ကရယူၿပီးၿပီ ျဖစ္
ေၾကာင္း...။
" China ရဲ႕ထိပ္သီးလုပ္ငန္းရွင္တစ္ေယာက္
က ဇီဝကာကြယ္ေဆးထုတ္လုပ္ခြင့္ရထားၿပီး
ၿပီ... သူက Company ကိုဒီမွာအေျခစိုက္ခ်င္
ေနတာဆိုေတာ့... အခုအစိုးရကျမန္မာနိုင္ငံရဲ႕
ေဆးဝါးေစ်းကြက္ကို အဲ့ဒီလူဆီေပးလိုက္ပုံရ
တယ္ "
" ေတာက္!!...ထပ္ၿပီး D & M ဘဲလား "
" ဟုတ္ကဲ့..."
D & M ( Company ) လြန္ခဲ့တဲ့ရက္အနည္း
ငယ္က တ႐ုတ္ျပည္ရဲ႕ဇီဝကာကြယ္ေဆးထုတ္
လုပ္ခြင့္ကိုေအာင္ျမင္စြာရယူခဲ့ၿပီး ရွယ္ရာမ်ား
ကိုလည္းျပန္လည္ေရာင္းခ်ခဲ့သည္ ။
ရွယ္ရာကစားျခင္းကြၽမ္းက်င္ကာ စီးပြားေရး
အကြက္ျမင္တတ္လြန္းတဲ့ထိုလူက အသားတင္
အျမတ္ေငြသန္းေပါင္းမ်ားစြာရရွိခဲ့ၿပီးလက္ရွိ
မွာ အေမရိကန္ေဒၚလာ ၉၈ ဒသမ ၉ ဘီလီယံ
ျဖင့္ အာရွ၏အခ်မ္းသာဆုံးလုပ္ငန္းရွင္ျဖစ္
လာသည္ ။
" ဆန္းထူး...ေျမယာစီမံကိန္းကိုျပင္ဆင္ထားလိုက္ေတာ့..... "
စိတ္ရႈပ္ေနၿပီျဖစ္တာေၾကာင့္ ဂုဏ္ အလုပ္လုပ္
ရတာစိတ္မပါေတာ့...။ အတြင္းေရးမႉးကို
သာလုပ္လက္စအလုပ္ေတြအၿပီးသတ္ခိုင္း
လိုက္ၿပီး သူကေတာ့ေျခဦးတည့္ရာသြားဖို႔႐ုံး
ခန္းအျပင္ကိုထြက္လာလိုက္သည္ ။
သူ႕ေနာက္မွာက်န္ခဲ့သည့္ ေကာင္ေလးရဲ႕ႏႈတ္
ခမ္းေတြကလွပစြာေကြးၫြတ္ေနခဲ့သည္ကို
ေတာ့ ဘယ္သူမွမသိလိုက္ေပ...။
.....................................................
ရွိုင္းေစ တကၠသိုလ္စတက္တဲ့အခ်ိန္ကစၿပီး
ေမေမေလးရဲ႕သားႀကီး ေနစစ္ ရဲ႕အျပဳအမႈ
ေတြကအရမ္းေျပာင္းလဲလာသည္။ မထင္ရင္
မထင္သလို တို႔လိုက္ထိလိုက္လုပ္တတ္ၿပီးလူ
လစ္ရင္ သူ႕လက္ကိုဆြဲယူကာပြတ္သပ္တာ
ေတြလည္းလုပ္လာသည္ ။
ေနစစ္ ရဲ႕မရိုးမသားအျပဳအမႈေတြကို ေမေမ
ေလးကလည္းမသိတာမဟုတ္...။ မျမင္ခ်င္
ေယာင္ေဆာင္သြားတတ္သည္မွာ အခါခါ...။
ေနာက္ဆုံးေတာ့ သူကိုယ္တိုင္ဘဲ ေနစစ္ ရဲ႕
ရန္ကလြတ္ဖို႔အတြက္ေက်ာင္းေစာေစာသြား
ရေတာ့သည္ ။
" အေကာင္ေပါက္...အေစာႀကီးပါလား "
" ဟုတ္ကဲ့...အကိုမင္းပိုင္...သား..ေစာေစာလာမွျဖစ္မွာမလို႔.."
" ဟမ္....ငါတို႔အေကာင္ေပါက္ကို...ဘြားေတာ္
ႀကီးကမတရားခိုင္းျပန္ၿပီလား..."
" ဟာ....မဟုတ္ပါဘူး... "
ေခါင္းေလးငုံ႕ကာျငင္းလာသည့္အေကာင္
ေပါက္ကို မင္းပိုင္ ဂ႐ုဏာသက္မိသည္ ။ မိဘ
ကစြန့္ပစ္ျခင္းကိုခံခဲ့ရတဲ့အျပင္ ေမြးစားတဲ့သူ
ေပၚလာျပန္ေတာ့လည္းဒီအေကာင္ေပါက္ေလး
အေပၚၾကင္နာတဲ့သူကမရွိ...။ သူေလးကိုခ်စ္ေပးခဲ့ရွာတဲ့တစ္ဦးတည္းေသာ ေမြးစားဦးေလး
ကလည္းေစာေစာစီးစီးခြဲခြာသြားခဲ့သည္..။
" အေကာင္ေပါက္... မင္း ေမြးစားဦးေလး ကို
ဘာလို႔ အေဖ လို႔မေခၚခဲ့တာလဲ....ဟိုဘြား
ေတာ္ႀကီးေတာင္ သူ႕ကိုေမေမေလးလို႔ေခၚခိုင္း
တာဘဲကို... "
အကိုမင္းပိုင္ ေျပာလိုက္သည့္စကားကသူ႕ရင္
ထဲကႏႈတ္မရတဲ့ဆူးတစ္ေခ်ာင္းပင္...။
: နင္သူ႕ကိုအေဖလို႔ေခၚခြင့္မရွိဘူး : လို႔ေျပာ
လာသည့္ ေဒၚစိုးနန္းစံ ရဲ႕စကားေၾကာင့္သူ႕မွာ
ဦးေလး ရဲ႕ေနာက္ဆုံးအခ်ိန္ထိေတာင္ အေဖ
လို႔ေခၚခြင့္မရခဲ့ေပ...။
" ေမမေလေး ကအဲ့လိုေခၚခြင့္မေပးဘူးေလ "
" ၾကည့္...ၾကည့္...ၾကည့္ အဲ့ဒီဘြားေတာ္ကအ
ယုတ္တမာေတြ႕လား... သူ႕က်ေတာ့ ေမေမေလး လို႔ေခၚတဲ့ ဦးေလး ကိုက်ေတာ့အေဖလို႔
မေခၚရဘူးတဲ့... ေတာ်တော်တရားကျတာဘဲ "
လူႀကီးကိုျပန္မေျပာရဘူး...။ လူႀကီးစကားနား
မေထာင္ဘူးဆိုတာရိုင္းတာဘဲလို႔ အၿမဲနား
သြင္းခံထားရသည့္ ရွိုင္းေစ က မင္းပိုင္ ေျပာ
ေနသည့္စကားေတြကို ပါးစပ္ေလးဟကာေငး
ၾကည့္ေနမိသည္ ။
" ဒါနဲ႕...အေကာင္ေပါက္ေလး မင္းဆံပင္ေတြအရမ္းရွည္ေနၿပီေနာ္... ညေနက်ရင္ အကိုဆံပင္လိုက္ညွပ္ေပးမယ္ေလ "
မ်က္ေတာင္ေလးေတြျဖင့္ထိစပ္လုျဖစ္ေန
သည့္ဆံပင္ညိုညိုေလးေတြကို မင္ပိုင္ ခပ္
ဖြဖြလွမ္းထိကာေခ်ာ့လိုက္သည္ ။
" ဟင့္အင္း... မညွပ္ဘူး "
မင္းပိုင္ လက္ကိုအလန့္တၾကားရိုက္ထုတ္ကာ
ေခါင္းေလးငုံ႕သြားတဲ့ အေကာင္ေပါက္ေလးကို
အျပစ္မတင္ရက္ေပ...။ ဒီကေလးေလး ဆံပင္
မညွပ္ခ်င္ရတဲ့အေၾကာင္းအရင္းကိုသိေနတာ
မို႔လို႔...။
" ေအးပါ...ေအးပါ မညွပ္ခိုင္းေတာ့ပါဘူး... "
တကယ္ေတာ့သူ႕ဆံပင္ကအရမ္းမရွည္ေသး
ပါဘူး...။ မ်က္ခုံးေက်ာ္ေက်ာ္အထိရွည္ေန
ၿပီျဖစ္ေပမယ့္ သူ႕မ်က္လုံးကိုဖုံးေနတဲ့ထိေတာ့
မရွည္ေသး....။ မ်က္လုံးေလးေပၚ႐ုံထိအရွည္
ထားထားၿပီး အၿမဲတမ္းေခါင္းငုံ႕ေနလိုက္မယ္
ဆိုရင္ သူ႕မ်က္လုံးေတြကိုဘယ္သူမွမျမင္နိုင္
ေတာ့ဘူးေလ...။
** ေျဖာင္း!! **
" အား....အေမၾကမ္းရာ...နာလိုက္တာ.."
ေက်ာေပၚေဗ်ာတင္ လိုက္တဲ့အသံက်ယ္
ႀကီးႏွင့္ အကိုမင္းပိုင္ရဲ႕ညည္းၫူသံေၾကာင့္
ရွိုင္းေစ လန့္ျဖန့္ကာေမာ့ၾကည့္လိုက္သည္ ။
" ကေလးကိုေစာင့္ေရွာက္ပါဆို..ကျမင္း
ေၾကာထေနတယ္..ၿငိမ္ၿငိမ္ကိုမေနဘူး "
" ခစ္..ခစ္...မမဟန္နီ အတန္းမသြားေသးဘူး
လား "
" သြားမွာ...မမရဲ႕ေမာင္ေလးကိုစိတ္မခ်လိဳ႕လာ
ၾကည့္တာ.."
ရွိုင္းေစ ဆီကရယ္သံေလးေၾကာင့္အသည္း
ယားစြာျဖင့္ပါးေလးကိုဆြဲဖ်စ္လိုက္သည္ ။
ေသးေသးညွပ္ညွပ္ခႏၶာကိုယ္ေလးနဲ႕ ႏြားနို႔တုံး
ေလးလိုအသားရည္ပိုင္ဆိုင္ထားတဲ့ ကေလး
ကိုျမင္ျမင္ခ်င္းေမာင္ေလးတစ္ေယာက္လို
ျမတ္နိုးတြယ္တာခဲ့မိသည္ ။
အခက္ခဲေတြဘယ္ေလာက္ဘဲမ်ားပါေစ ကိုယ့္
အားကိုယ္ကိုးတတ္သည့္ ဒီကေလးေလး က
ေလးစားစရာလည္းေကာင္းသလို သနားခ်င္
စရာလည္းေကာင္းေနျပန္သည္ ။
" ကေလး အဆင္မေျပတာရွိလားလို႔ မမ က
လာၾကည့္တာ... အခုဘာမွေထြေထြထူးထူး
မရွိဘူးဆိုေတာ့ မမ လဲအတန္းသြားတက္ေတာ့
မယ္ "
သူ႕ေခါင္းေလးကိုခပ္ဖြဖြပုပ္ေပးရင္းႏႈတ္ဆက္
ကာထြက္သြားတဲ့ မမဟန္နီ ကိုတက္ႂကြစြာ
လက္ျပႏႈတ္ဆက္လိုက္သည္ ။
** ဒုန္း..**
ထိုစဥ္အခန္းတံခါးကိုေဆာင့္ကန္လိုက္တဲ့အသံ
ေၾကာင့္ တစ္ခန္းလုံးတိတ္ဆိတ္သြားခဲ့သည္။
ျပႆနာလာရွာသူက ေနစစ္ နဲ႕သူ႕အေပါင္းအ
ပါေတြဆိုတာေတြ႕လိုက္ရတာေၾကာင့္ ဘယ္
သူမွအျပစ္မေျပာရဲေတာ့ေပ...။ ေက်ာင္းမွာ
ေဆးခ်တဲ့ေကာင္ေတြဆိုလည္း ေနစစ္ က
ထိပ္ဆုံးက...။
ရန္ျဖစ္ၿပီေဟ့ဆိုလည္း ေနစစ္...။ စာေမးပြဲက်
ေက်ာင္းေခၚခ်ိန္မျပည့္တဲ့ေကာင္ဆိုလည္း
ေနစစ္...။ တစ္ေက်ာင္းလုံးခ်ဥ္ဖက္ျဖစ္ေနတဲ့
ေကာင္ကို ဘယ္သူကမွသြားမပတ္သက္ခ်င္..။
" ဟက္....ဒီေရာက္ေနတာကိုး...အျပင္လိုက္ခဲ့"
ရွိုင္းေစ ရွိရာကိုတန္းတန္းမက္မက္ေရာက္
လာၾကသူေတြေၾကာင့္ သူေခါင္းအတင္းငုံ႕
ထားလိုက္မိသည္ ။
" ေဟ့ေကာင္...ေျပာေနတာၾကားလား!! "
သူ႕ကိုေအာ္ေဟာက္လာတဲ့အသံကေဒါသ
ေတြပါေနခဲ့ၿပီ...။ ေနစစ္ ကိုေဒါသထြက္ေအာင္
လုပ္မိရင္ သူ႕အတြက္ေကာင္းတာျဖစ္မလာ
နိုင္မွန္းသိေပမယ့္ ေခါင္းေလးအသာရမ္းကာ
ျငင္းဆန္လိုက္မိသည္ ။
" ေတာက္!! ေခၚရင္ထြက္လာလိုက္ ရွိုင္းေစ ငါေဒါသမထြက္ခ်င္ဘူး.."
" အင့္...ေက်ာင္းတက္ေတာ့မွာ "
ထစ္ခနဲရွိမ်က္ရည္က်တတ္လြန္းသူမဟုတ္
ေပမယ့္ တျခားလူေတြထက္အားငယ္လြယ္
လြန္းတာကိုေတာ့ဝန္ခံပါသည္ ။ သိတတ္စ
အ႐ြယ္ကတည္းကအႏွိမ္ခံဘဝနဲ႕က်င့္သား
ရေအာင္ေနခဲ့ရၿပီး နားဝင္မေကာင္းတဲ့ဆဲဆို
သံေတြၾကားမွာႀကီးျပင္းခဲ့ရတာမို႔ ရွိုင္းေစ
ႏွလုံးသားထဲမွာအားငယ္စိတ္ကအျမစ္တြယ္
ေနခဲ့ၿပီးၿပီ...။
" အခုခ်က္ခ်င္း ထလိုက္..ရွိုင္းေစ "
" အင့္.....ဟင့္..."
အားနည္းပါတယ္ဆိုတဲ့သတၱဝါေလးေတြကို
ကပိုၿပီးအနိုင္က်င့္လို႔ေကာင္းေနသေယာင္..။
ခပ္တိုးတိုးရွိုက္သံေလးနဲ႕ ျငင္းဆန္ေနတဲ့ခႏၶာ
ကိုယ္ေသးေသးေလးက ခ်က္ခ်င္းဆြဲဆက္
လုပ္ပစ္ခ်င္ေလာက္ေအာင္အသည္းယားေစ
သည္ ။ ေနစစ္ အတြက္ ရွိုင္းေစ ဆိုတာအဲ့လို
ကလိ ကလိနဲ႕အူယားသြားေစတာမ်ိဳး....။
ခပ္ေပ်ာ့ေပ်ာ့ဆံပင္ညိုေလးေတြႏွင့္ ႏူးညံ့
ႏြေးေထြးမႈေပးသည့္အသားရည္ေလးကိုအ
ရသာခံခ်င္စိတ္ျဖင့္ ေနစစ္ သူ႕လက္ကိုဆန့္
ထုတ္လိုက္သည္ ။ သို႔ေသာ္ သူ႕လက္ေတြ
ရွိုင္းေစ နားမေရာက္ခင္မွာဘဲ မင္းပိုင္ ဆိုတဲ့
ေကာင္ဆီကတားျမစ္ျခင္းခံလိုက္ရသည္ ။
" ငါ့အတန္းထဲမွာ ျပႆနာလာမရွာနဲ႕... "
" ဟား....ဟား....ဟား...."
အက်ည္းတန္စြာရယ္ေမာေနသည့္ ေနစစ္ က
မင္းပိုင္ လက္ကိုၾကမ္းတမ္းစြာျဖဳတ္ခ်လိဳက္
သည္ ။ ရွိုင္းေစ အနားမွာရစ္သီ ရစ္သီနဲ႕အၿမဲ
ေတြ႕ေနတဲ့ ဒီေကာင့္ကိုသူၾကည့္မရခဲ့တာၾကာ
ၿပီ...။
" မင္း...ဒီအေျခာက္ကေလးကိုစိတ္ဝင္စားေနတာလား.."
" ေတာက္!!! "
ေနစစ္ ရဲ႕မ်က္ႏွာတည့္တည့္ကိုထိုးပစ္လိုက္
ဖို႔မက္တပ္ရပ္လိုက္ေပမယ့္ သူ႕အကၤ်ီအစြန္း
ေလးကိုခပ္ဖြဖြဆြဲကာတားလိုက္သည့္ ကေလး
ေပါက္ ေၾကာင့္ မင္းပိုင္ သူ႕လုပ္ရက္ေတြကို
ရပ္တန့္လိုက္သည္ ။
ေအာင္နိုင္သူႀကီးလိုတဟားဟားေအာ္ရယ္
ကာထြက္သြားသည့္ ေနစစ္ ကိုေနာက္ေန႕မွ
ေခ်ာင္းရိုက္ပစ္ဦးမယ္လို႔ေတြးထားလိုက္ၿပီး
မ်က္ရည္ေတြက်ကာေၾကာက္ေနရွာတဲ့
ကေလးေပါက္ ကိုေခ်ာ့ေပးေနလိုက္သည္ ။
" မရွိေတာ့ဘူး...မေၾကာက္နဲ႕ "
" ...ဟုတ္.."
" ေနဦး အဲ့ဒီေကာင္ကငါတို႔ အေကာင္ေပါက္
ေလးကိုအနိုင္က်င့္ေနတာလား..."
ရွိုင္းေစ ေခါင္းေလးဘဲရမ္းျပလိုက္သည္။ သူ႕
အေပၚ ေနစစ္ လုပ္ခဲ့သည့္လုပ္ရပ္ေတြသာတ
ျခားလူေတြသိသြားရင္ သူ႕အတြက္မတရာဘူး
လို႔ေတြးၾကမယ့္သူထက္ သူ႕ကိုအျပစ္ေျပာၾက
မယ့္သူကပိုမ်ားလိမ့္မည္ ။
ေမေမေလးကလည္းအဲ့လိုဘဲေျပာခဲ့တာပင္... ။
သူကအေနထိုင္မတတ္ဘဲကလူးျမဴစြယ္ျပေန
လို႔ ေနစစ္ ကလူငယ္သဘာဝစႏွောက္မိတာတဲ့....။
မနက္ခင္းကျဖစ္ခဲ့တဲ့ကိစၥက မမဟန္နီ နား
ထဲဘယ္လိုေရာက္သြားတယ္မသိ ေန႕လည္အ
တန္းဆင္းခ်ိန္ေရာက္ေတာ့ ရွိုင္းေစ အခန္းေရွ႕
မွာစိတ္ရႈပ္ေနသည့္ဟန္ျဖင့္ေရာက္ေနခဲ့သည္ ။
" ကေလး....ဒီေန႕ေတာ့ ေက်ာင္းထဲကဆိုင္ကိုလိုက္ခဲ့... မမ တို႔နဲ႕အတူတူလိုက္စား "
" ဒါေပမယ့္...သားက..ထမင္းဗူးပါတယ္ "
ကေလး လက္ထဲကထမင္းဗူးေလးကိုဆြဲလု
ကာ မင္းပိုင္ လက္ထဲေျပာင္းထည့္ေပးလိုက္
ၿပီး အဲ့ထမင္းဗူးကိုနင္ရွင္းလိုက္ ဆိုသည့္ဟန္
ျဖင့္မ်က္ခုံးပင့္ျပလိုက္သည္ ။
" ဒီထမင္းဗူးက အကိုစားမွာ... မင္းကမင္း
မမ ဝယ္ေကြၽးတာကိုစား...သြားမယ္ "
ေက်ာင္းဝင္းထဲကစားေသာက္ဆိုင္ဆီသြားေန
တဲ့လမ္းတစ္ေလွ်ာက္လုံး ေနစစ္ ကိုမိုးမြန္
ေအာင္က်ိန္ဆဲလာသည့္ အပ်ိဳႀကီးမမ ကို
ရွိုင္းေစ ၿပဳံးၿပီးၾကည့္ေနမိသည္ ။ စားေသာက္
ဆိုင္ေရာက္လို႔ ထမင္း ၊ ဟင္း မွာၿပီးတဲ့အခ်ိန္
ထိသူ႕မွာေျပာလို႔မၿပီးေသး...။
" ေနပါေစဦး....အဲ့ဒီေကာင္ ငါ့မ်က္စိေရွ႕ေရာက္လာလို႔ကေတာ့ ပါးဆြဲရိုက္ဦးမယ္ "
သူက အကိုမင္းပိုင္ ယူလာေပးတဲ့ေဖ်ာ္ရည္ဗူး
ေလးေသာက္ေနစဥ္ အကိုမင္းပိုင္ ကေတာ့သူ႕
ထမင္းဗူးေလးကိုအျပဳတ္ျဖဳတ္ေနသည္ ။
" ရို႔....မေကာင္းဆိုးဝါးက ဒီေရာက္ေနပါလား "
ရွိုင္းေစ ရဲ႕ေနာက္ေက်ာဘက္ကေနရင္းႏွီးေန
တဲ့အသံကိုၾကားလိုက္ရတာေၾကာင့္ သူ႕ခႏၶာ
ကိုယ္ေလးဆတ္ခနဲတုန္သြားရသည္ ။
" အရမ္းကိုအရသာရွိရွိေသာက္ေနတာဘဲ..ဒါနဲ႕ေဟ့ေကာင္ေတြ....သူ႕မ်က္လုံးေတြကိုေသခ်ာျမင္ဖူးၾကလား "
ပတ္ဝန္းက်င္တစ္ခုလုံးၾကားေအာင္အသံ
က်ယ္က်ယ္ျဖင့္ေျပာေနသူက ရွိုင္းေစ ကိုလူ
ေတြအကုန္အာ႐ုံစိုက္လာေအာင္ပင္...။ ဒီ
ေကာင္ေလးကလူသိပ္ေၾကာက္တတ္တာသူ
သိသည္ ။ ေနာက္တစ္ခါသူ႕ကိုကလန္ကဆန္
မလုပ္ရဲေအာင္အခုကတည္းက ပညာျပထား
ေပးရမည္ေလ...။
" မင္းတို႔ၾကည့္ခ်င္ရင္ ငါျပမယ္ "
" ဟ...လုပ္စမ္းပါကြာ "
အေပါင္းအသင္းေနာက္လိုက္ေတြရဲ႕အားေပး
အားျမႇောက္အသံေတြေၾကာင့္ ေနစစ် သူ႕ကိုယ္
သူယုံၾကည္မႈေတြပိုရွိလာသည္ ။ ယုန္ငယ္
ေလးလိုတုန္ေနရွာတဲ့ေကာင္ေလးရဲ႕ ပုခုံးေပၚ
လက္တင္လိုက္စဥ္ တစ္ေယာက္ေယာက္ရဲ႕
ရိုက္ခ်ျခင္းကိုခံလိုက္ရသည္ ။
" ေတာ္႐ုံဘဲေကာင္းမယ္..ေနစစ္.."
ေနစစ္ ကိုရိုက္ခ်လိဳက္သူကတျခားေတာ့မ
ဟုတ္ ဟန္နီ ဆိုတဲ့မိန္းကေလးပင္...။
" နင့္ပါးစပ္ပိတ္ၿပီး ၿငိမ္ၿငိမ္ေနလိုက္ ဟန္နီ...ဘာလဲ နင္ကပါဒီအေျခာက္ေကာင္ကိုႀကိဳက္ေနတာလား "
** ေျဖာင္း!! **
စိတ္ျမန္လက္ျမန္ရွိလွတာေၾကာင့္ ေနစစ္
ဆိုတဲ့ေကာင္စကားမဆုံးခင္မွာဘဲ ဟန္နီ ပါး
ဆြဲရိုက္လိုက္ၿပီးၿပီ...။ အရိုက္ခံလိုက္ရတာ
ကိုမယုံၾကည္နိုင္သလိုျဖစ္ေနသည့္ ေနစစ္ ကို
ေလွာင္ၿပဳံးတစ္ပြင့္ေပးလိုက္ကာ ထိုင္ခုံမွာထိုင္
ေနဆဲ ကေလး ကိုဆြဲထူလိုက္သည္ ။
" ကေလး..ထ သြားမယ္ ေခြးေဟာင္သံေတွ နားေထာင္ေနစရာမလိုဘူး "
ဟန္နီ ေျခလွမ္းေတြမလွမ္းခင္မွာဘဲ မိန္းမ
တစ္ေယာက္ဆီကအရိုက္ခံလိုက္ရတာေၾကာင့္
ရွက္ရမ္း ရမ္းေနသည့္ ေနစစ္ ရဲ႕ေဆာင့္တြန္း
ျခင္းကိုခံလိုက္ရသည္ ။
" ေတာက္!!.. မင္းလိုမိန္းမက ငါ့ကို..."
ေျခလွမ္းပ်က္သြားတဲ့ မမဟန္နီ ကိုအားကုန္
ရိုက္ပစ္ဖို႔ႀကံ႐ြယ္ထားဟန္ျဖင့္ လက္ျမႇောက္
လိုက္သည့္ ေနစစ္ ေၾကာင့္ ရွိုင္းေစ ၾကားထဲ
အျမန္ေျပးဝင္လိုက္သည္ ။
** ေျဖာင္း!!! **
ဒီရိုက္ခ်က္က မမဟန္နီ လိုမိန္းမလွေလးအ
ေပၚသာက်ေရာက္သြားမယ္ဆိုစိုးရိမ္ဖြယ္ရာ
ပင္...။ ရွိုင္းေစ ကိုယ္တိုင္ေတာင္မ်က္လုံးေတြ
ျပာသြားတဲ့ထိမူးေဝသြားရၿပီး ၾကမ္းျပင္ေပၚ
ပုံရက္လဲက်သြားခဲ့သည္ ။ နဂိုျဖဴေဖြးေနသည့္
အသားရည္ေၾကာင့္ ပါးျပင္ေပၚကလက္ဖဝါး
ရာႀကီးကေၾကာက္စရာပင္ေကာင္းေနသည္ ။
" ကေလးေလး..... မမကိုျပစမ္း "
ၾကမ္းျပင္မွာပုံရက္ျဖစ္ေနသည့္ ကေလး ကို
စိုးရိမ္စြာျဖင့္နဖူးေပၚခပ္အုပ္အုပ္က်ေနသည့္
ဆံပင္ေလးေတြကိုဆြဲဖယ္လိုက္တာေၾကာင့္
အဖိုးတန္ေက်ာက္စိမ္းေလးေတြလို အစိမ္း
ေရာင္မ်က္လုံးေလးေတြကထင္းခနဲထြက္ေပၚ
လာခဲ့သည္ ။
" Oh My God!!! "
" တကယ္ႀကီးအစိမ္းေရာင္ဘဲ... "
" ၾကည့္စမ္း အဲ့ဒီမ်က္လုံးေတြေၾကာင့္သူ႕မွာ
သူငယ္ခ်င္းမရွိတာေနမွာ... "
" တကယ္ေတာ့သနားစရာေလးကို.... "
အခုဆိုပတ္ဝန္းက်င္ကလူေတြအကုန္လုံး သူ႕
ရဲ႕မ်က္လုံးေတြကိုေတြ႕လိုက္ၾကမွာမေမးဘဲ
နဲ႕ေတာင္သိလိုက္သည္ ။ စာကေလးသိုက္လို
ဆူညံေနတဲ့ပတ္ဝန္းက်င္ရဲ႕စကားေတြထဲ
သူ႕မ်က္လုံးေလးေတြကလွလိုက္တာဆိုတဲ့စ
ကားတစ္ခြန္းေတာင္သူမၾကားခဲ့ရေပ...။
_________________________________________________________________________
ျမတ္နိုးျခင္းမ်ားစြာျဖင့္..... Aster
# 11.1.2021