ဟေမန္တအလွန်

By SuWei_Akii

210K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၂၀ (Z + U)

4.2K 466 15
By SuWei_Akii

[UNICODE]

ဟန်စစ်မင်း အသက် ၁၅နှစ်အရွယ်ကဖြစ်သည်။ ထိုနေ့က ဟန်စစ်မင်းက အဖွားစေခိုင်း၍ စျေးသို့ ပစ္စည်းဝယ်ရန် သွားခဲ့သည်။ စျေးဆိုသည့်အတိုင်း များစွာသော လူအုပ်နှင့်အတူ အစုစုသောစျေးဆိုင်များ နှင့် လမ်းကြားများက ရှုပ်ထွေးလွန်းလှသည်။ ရုတ်တရက်
ဟန်စစ်မင်း၏ အမြင်အာရုံထဲသို့ မြင်ကွင်းတစ်ခုက တိုးဝင်လာသည်။ အခြားမဟုတ် လမ်းကြားထောင့်ချိုးရှိ ဆိုင်ခန်းအဟောင်းနားတွင် ဒူးနှစ်ဖက်ကို ပိုက်လျက်  ငိုနေသော ကလေးငယ်တစ်ယောက်ပင် ဖြစ်သည်။ ဟန်စစ်မင်း ထိုနေရာသို့သွားကာ ကလေးငယ်အားမေးသည်။

"ညီငယ် ၊ဘာများဖြစ်လို့လဲ?"

"အိမ်ပြန်ချင်တယ်"

ဟန်စစ်မင်းက မေးသည့်အခါ ဖြူဖြူလုံးလုံး
ပါးဖောင်းဖောင်းလေးနှင့် ထိုကလေးလေးက ရှိုက်ရင်း ဖြေသည်။ ဟန်စစ်မင်းက ထိုကလေး လမ်းပျောက်နေသည်ကို ရိပ်မိပြီး ပုံစံကို အကဲခတ်ကြည့်ရာ လူကုံထန်အသိုင်းအဝိုင်းကဟု သိလိုက်သည်။

"ညီငယ် အဖနာမည် သိသလား။"

"ဦးခွန်စိုင်း! "

အမည်ကြောင့် ဆယ်ကျော်သက်အရွယ် ဟန်စစ်မင်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ထိုကလေးကို ကြည့်သည်။  အမည်ပိုင်ရှင်က မြို့မျက်နှာဖုံး သူဌေးကြီးတစ်ဦးဖြစ်သည်မို့ ထိုအမည်ကို
အင်းဝတွင် မသိသူမရှိပေ။ ဟန်စစ်မင်းက
ထိုအဖြူလုံးလေးဆီ လက်ကို ကမ်းပေးရင်း
မေးလိုက်သည်။

"အကို အိမ်ပြန်လိုက်ပို့ပေးရမလား?"

"......"

ပြန်မဖြေသော်လည်း ဖြူဖြူတုတ်တုတ်
လက်ကလေးက ဟန်စစ်မင်း ကမ်းထားသည့် လက်ကို ဆုပ်ကိုင်လိုက်သည်။ဟန်စစ်မင်းက ပြုံးကာ ထိုလက်ကို လွတ်မသွားစေရန် မြဲမြံစွာ
ကိုင်လျက် သူဌေး ဦးခွန်စိုင်း၏ အိမ်သို့ ဦးတည်လိုက်သည်။

"ညီငယ် ၊ နောင်အခါ အိမ်က လူကြီးတွေမသိပဲ အပြင်လျှောက်မသွားရဘူးနော်။"

"....."

အဖြူလုံးလေးက ပြန်မဖြေ။ ဟန်စစ်မင်းကမူ မလွယ်ကြောလေးဟု တွေးလိုက်သည်။ လမ်းလျှောက်ချိန်ကား မကြာလိုက်ပဲ
ဦးခွန်စိုင်း၏ အိမ်ဝိုင်းရှေ့သို့ ရောက်သွားခဲ့ကြသည်။ ဟန်စစ်မင်းတို့ကို မြင်သည်နှင့် ခြံဝန်းအတွင်းမှ အမျိုးသမီး တစ်ဦးနှင့် အစေခံတချို့ ပြာပြာသလဲ ပြေးထွက်လာကြသည်။

"သခင်လေးစောယွန်း ပြန်လာပြီ။"

"သားလေးရယ် ပျောက်သွားလို့ အမေတို့မှာ စိတ်ပူလိုက်ရတာဆိုတာ။"

ထိုအမျိုးသမီးက စောယွန်းဆိုသည့် ထိုအဖြူလုံးကို ဖက်ကာ ငိုရင်းပြောသည်။ ဟန်စစ်မင်းက
သူတို့သားအမိကို မတုန်မလှုပ် ရပ်ကြည့်နေဆဲပင်။ ထိုအခါမှ ထိုအမျိုးသမီးက ရပ်နေသည့် ဟန်စစ်မင်းကို သတိထားမိသွားသည်။

"သားလေးကို အိမ်ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ် ။"

"ရပါတယ် အဒေါ် ၊ ညီငယ်က စျေးထဲမှာ
လမ်းပျောက်ပြီး ငိုနေတာ တွေ့လို့ ကျွန်တော် လိုက်ပို့ပေးတာပါ။"

"ကျေးဇူးပါကွယ် ။"

"ကျွန်တော့်ကို ခွင့်ပြုပါဦး။"

"သားလေး နာမည် ဘယ်လိုခေါ်သလဲ?"

ထိုအမျိုးသမီးက လှည့်ထွက်ရန် ခြေလှမ်းပြင်နေသည့်ဟန်စစ်မင်းကို လှမ်းမေးသည်။

"ဟန်စစ်မင်းပါ အဒေါ် ။"

ဟန်စစ်မင်းက အဖိုးအဖွားနှင့်သာ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး မိဘနှစ်ပါးက မည်သူမည်ဝါမှန်း သူမသိပေ။ မေးလည်း မမေးဖူးသလို မည်သူကမှလည်း သူ့ကို မပြောပြပေ။ ဟန်စစ်မင်းတို့ကား သာမန်မိသားစုတစ်ခုသာ ဖြစ်သည်။

ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ရက်အနည်းငယ်ခန့်အကြာ ဟန်စစ်မင်းက ခြံထဲရှိ ရေစည်ထဲသို့ ရေဖြည့်နေချိန်ဖြစ်သည်။ ခြံထဲသို့ ထိုနေ့က ကလေးလေး၏ အမေဖြစ်သည့် အမျိုးသမီးက ဝင်လာသည်။ သူမ၏ မျက်နှာက အားနာနေဟန်ရှိပြီး အတတ်နိုင်ဆုံး ပြုံးကာ ဟန်စစ်မင်းကို စကားဆိုသည်။

"သားလေး အဒေါ့်ကို မှတ်မိတယ်မဟုတ်လား?"

"ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်။"

"အဒေါ် အကူအညီလေးတောင်းစရာရှိလို့ပါ။ လူကြီးတွေရှိကြလား ? အဒေါ် လူကြီးတွေနဲ့ စကားပြောချင်လို့ပါ ။"

ထို့နောက် အခန်းအတွင်း ထိုအမျိုးသမီးနှင့် ယဟန်စစ်မင်း၏ အဖိုးအဖွားဖြစ်သူတို့ စကားပြောခဲ့ကြသည်။ ဟန်စစ်မင်းကမူ အပြင်မှာသာစောင့်နေရပြီး ဘာအကြောင်းကိစ္စမှန်းမသိခဲ့ချေ။

သို့သော် ထိုနေ့မှစကာ ဟန်စစ်မင်းသည် ယသူဌေးကြီး ဦးခွန်စိုင်း၏ အိမ်တော်သို့ မကြာ
မကြာ ဝင်ထွက်သွားလာရသည်။ အကြောင်းအရင်းမှာ စောယွန်းကြောင့်ပင်ဖြစ်သည်။
ဟန်စစ်မင်းရှိမှသာလျှင် စောယွန်းက စကားနားထောင်သည်။ ဟန်စစ်မင်းလည်း နောက်မှသာ စောယွန်းဆိုသည့် အဖြူလုံးလေးအကြောင်းကို သိခဲ့ရသည်။ ထိုအဖြူလုံးလေးမှာ အလွန်တရာမှ ချစ်ဖို့ကောင်းလှသော်လည်း အလွန်တရာမှ ဆိုးပေလွန်းလှသည်ကိုပင်။ အစောင့်တွေ ရှိသည့်ကြားက အပြင်ကို မကြာခဏ ခိုးထွက်တတ်သည်။ ပြောလျှင်လည်း စကားနားမထောင်ပဲ ပေကပ်ကပ်လုပ်သေးသည်။ သို့သော် ထူးဆန်းစွာဖြင့် ဟန်စစ်မင်းကိုမူ ကြောက်ရွံ့သည်။ 
ဟန်စစ်မင်း၏ စကားကို တစ်ခွန်းဆိုလျှင် ယတစ်ခွန်းနားထောင်သည်။ ဟန်စစ်မင်းလည်း ချော့တလှည့်ခြောက်တလှည့် ဖြင့်သာ စောယွန်းကို ထိန်းကြောင်းရသည်။

ဟန်စစ်မင်း သတိထားမိသည်မှာ စောယွန်းက စိတ်ရင်းကောင်းသည်။ ငယ်စဉ်ကတည်းက
သူ တစ်ခုစားရလျှင် ဟန်စစ်ကိုလည်း တစ်ဝက်ကျွေးတတ်သည်။ သို့သော် စိတ်ထင်တိုင်း ယလုပ်ချင်သည့်အရာကို လုပ်ပစ်လေ့ရှိပြီး စကားနားမထောင်ပဲ ဆိုးပေနေသည်ကိုသာ ထိန်းရခြင်းဖြစ်သည်။

ဟန်စစ်မင်း အသက် ၁၇နှစ်ပြည့်သည်နှင့်
သူဌေးကြီး ဦးခွန်စိုင်း၏ အထောက်အပံ့ဖြင့် ယသိန္နီမြို့ သို့ ပညာသင်ရန်သွားရောက်ခဲ့ရသည်။
ဟန်စစ်မင်းထံတွင် အရည်အချင်းကောင်းများစွာရှိပြီး နောင်တစ်ချိန်တွင် အလွန် ထူးချွန်ထက်မြက်သည့် လူငယ်တစ်ယောက်ဖြစ်လာနိုင်မှန်း ဦးခွန်စိုင်းက သတိထားမိလာခဲ့သည်။ ထို့ကြောင့်လည်း အစစအရာရာ ကူညီပေးခဲ့ခြင်းဖြစ်သည်။  ဟန်စစ်မင်းနှင့် စောယွန်းက
အသက် ၈ နှစ်ခန့် ကွာသဖြင့် ဟန်စစ်မင်းက ပညာတော်သင်သွားနေစဉ်တွင် စောယွန်းက အလွန်ငယ်သေးသဖြင့် သန္နီသို့ မလိုက်သွားနိုင်ခဲ့ပဲ တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့ရသည်။

ဟန်စစ်မင်း ပညာများသင်ယူတတ်မြောက်ပြီး၍ ပြန်လာချိန်တွင် ချက်ချင်းပင် နန်းတွင်းသို့ ဝင်ရောက်ခဲ့ရသည်။ သန္နီတွင် ပညာသင်ကြားစဉ် အကဲဖြတ်ခံရသည့် ရလဒ်များက အလွန်ကောင်းမွန်လှသဖြင့် အင်း၀ ပြည်သားဖြစ်သည့်အလျောက် နန်းတွင်း၏ သဘောကျနှစ်ခြိုက်မှုကို ခံခဲ့ရသည်။

ဟန်စစ်မင်း အဖိုး၏ တောင်းဆိုမှုကြောင့်
သူဌေးကြီး၏ အကူအညီဖြင့် နန်းတွင်းစစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် ဖြစ်လာခဲ့သည်။ စစ်ပွဲရှိလျှင်ရှိသလို နယ်စွန်နယ်ဖျားတွေအထိ သွားရောက်ခဲ့ရသည်မို့ စောယွန်းနှင့် ယခင်အချိန်များကဲ့သို့ မကြာခဏမတွေ့နိုင်တော့ပေ။

အချိန်အတန်ကြာ ခွဲခွာပြီးနောက် စောယွန်းနှင့် ပြန်လည်တွေ့ဆုံစဉ်က စောယွန်းက အသက် ၁၅ နှစ်ပင် ရှိနေပြီဖြစ်သည်။ ဆယ်ကျော်သက် ဖြစ်သော်ငြား ရှည်လျားသော အရပ်နှင့်
ဖော့ဖယောင်းနှယ် ပျော့ပျောင်းသွယ်လျသည့် ခန္ဓာကိုယ်ရှိနေပြီး ကလေးငယ်အသွင်က မှေးမှိန်သွားခဲ့သည်။ ထိုနေ့က စောယွန်းက ထုံးစံတိုင်း အရက်ဆိုင်တစ်ဆိုင်တွင် တစ်ယောက်တည်း သောက်စားနေပြီး ဟန်စစ်မင်းကိုပင် သတိမထားမိပေ။

"စောယွန်း အိမ်ပြန်ရအောင် တော်လောက်ပြီ။"

ဟန်စစ်မင်းက စောယွန်းလက်ထဲမှ ခွက်ကို
ယူလိုက်ရင်းပြောတော့ စောယွန်းက ခပ်စူးစူး
အကြည့်များနှင့် ကြည့်လာသည်။

"အသင့်ကိစ္စမဟုတ်သည်မို့ မမြင်သလိုသာ ကျော်သွားပါလေ။"

စောယွန်းက ငယ်စဥ်ထဲက ဟန်စစ်မင်းအား အကိုဟူ၍ မည်သည့် အခါကမှ မခေါ်ခဲ့ချေ။
ဟန်စစ်မင်းက အတတ်နိုင်ဆုံး စိတ်ကိုလျှော့ရင်း ထပ်ပြောသည်။

"အိမ်ပြန်ကြရအောင် သူဌေးကြီးတို့လည်း စိတ်ပူနေပြီ။ "

"မပြန်ဘူး။"

ဟန်စစ်မင်းက စောယွန်း၏ ရင်ဘတ်နားမှက အင်္ကျီစကို ဆောင့်ဆွဲလိုက်သောကြောင့်
စောယွန်းက အလိုက်သင့်ပါလာသည်။

"ဘယ်အချိန်ထိ အခုလို ပျက်စီးနေဦးမှာလဲ
စောယွန်း? "

ဟန်စစ်မင်း အသံက ဒေါသထွက်နေမှန်း သိသာသည်။

"အသင်က ဘာမို့လို အဲ့လောက်ဖြစ်နေရတာလဲ
ကျွန်ုပ်မိဘတွေတောင် ဘာမှ မဖြစ်.. "

ရုတ်တရက် ဟန်စစ်မင်း၏ လက်သီးက
စောယွန်း၏ ပါးပေါ် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

"ဘာမှ ပြန်မပြောနဲ့ ။"

ဟန်စစ်မင်း စောယွန်းကို ဂုတ်က မဆွဲရုံတမယ်ပင် ကိုင်ကာ ထိုညက အိမ်သို့ပြန်ခေါ်လာခဲ့သည်။ ထိုညမှစကာ စောယွန်းသည် ဟန်စစ်မင်းပြောလျှင်လည်း နားမထောင်တော့သလို အနားလည်းအကပ်မခံတော့ပေ။

ထိုအချိန်မှ စ၍ စောယွန်းက သူ့အပေါ်တွင် စိမ်းကားလာခဲ့သည်။ သူ့စကားဆိုလျှင်
နားမထောင်တော့သကဲ့သို့ ပို၍ ဆိုးသွမ်းလာခဲ့သည်။ ဟန်စစ်မင်းက အချိန်ရလျှင်ရသလို
စောယွန်းကို ဆုံးမသော်ငြား စောယွန်းက
နားမထောင်၊ လက်မခံပဲ ကန့်လန့်တိုက်ခဲ့သည်။

စောယွန်း အပြင်းဖျားခဲ့ပြီးနောက် သတိလစ်မေ့မြောသွားခဲ့သည် ဟူသည့် သတင်းကြောင့် ဟန်စစ်မင်းက ရောက်ရာအရပ်မှ မနားတမ်း
ခရီးနှင်လာခဲ့သည်။

စောယွန်း ပြန်လည်သတိရချိန်တွင် သူ တွေ့မြင်ရသော စောယွန်းက မြို့ထဲတွင် သူတွေ့ခဲ့သော ကလေးငယ် စောယွန်း၊ သူ့စကားကိုသာ နားထောင်သော စောယွန်းမဟုတ်မှန်း ဟန်စစ်မင်းက ချက်ချင်းသိခဲ့သည်။ စောယွန်းက သူ့ကို ခါးသီးစွာ မကြည့်တော့ပဲ အခြားလူတစ်ယောက်နှယ် ပြောင်းလဲသွားခဲ့ပြီး သူ့အား တရင်းတနှီး ကြည့်လာခဲ့သည်။ စကားအပြောအဆိုကအစ ပြောင်းလဲသွားသည်။ သို့သော် ထိုအပြောင်းအလဲက သူ့ကို စိတ်မပျက်စေသည်မှာ အမှန်ဖြစ်သည်။

ဟန်စစ်မင်းက ခြံထဲတွင် ထိုင်ကာ အရင်က အချိန်တွေဆီ ခေတ္တ ရောက်နေမိခြင်းဖြစ်သည်။

ထိုအချိန် ခြံဝန်းထဲ အစေအခံတစ်ဦး ဝင်လာပြီး ဟန်စစ်မင်း၏ အနားသို့ ကပ်ကာ ခပ်တိုးတိုးပြောသည်။ ကြားကြားချင်းပင်
ဟန်စစ်မင်း၏ မျက်နှာထားက တင်းမာသည့်ဘက်ကို ရုတ်ချည်းပြောင်းလဲသွားသည်။
အစေခံက ပြောပြီးသည်နှင့် ထိုနေရာမှ ထွက်ခွာသွားသည်။

စားပွဲပေါ်တင်ထားသည့် ဟန်စစ်မင်း၏ လက်က လက်သီးဆုပ်ထားလျက် အကြောများပင် ထင်းလာခဲ့သည်။

"အစထဲက သူတို့ကြားမှာ တစ်ခုခုရှိတာ ငါကြိုရိပ်မိခဲ့သင့်တယ်။ "

ဟန်စစ်မင်းက တောက် တစ်ချက်ခေါက်ကာ
ခပ်တိုးတိုး ရေရွတ်သည်။

"အရာအားလုံး နောက်ကျသွားခဲ့ပြီ စောယွန်း ၊ ကျွန်ုပ် စောယွန်းကြောင့်ပဲ ဖြစ်ဖြစ်
နောက်ပြန်လှည့်ဖို့ ခဏ ခဏ တွေးခဲ့ဖူးတယ်။ အခုတော့ စောယွန်းကြောင့်ပဲ ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်ပြီ။"

ဟန်စစ်မင်းက ခြံပြင်ကို ငေးကြည့်ရင်း ရေရွတ်သည်။


သည်နေ့ နန်းတော်အတွင်း အရာအားလုံးကို တခမ်းတနားဖြင့် ပြင်ဆင်ထားကြသည်။ အခမ်းအနားတစ်ခုရှိမှန်း သိသာစေပြီး
နန်းတွင်းအစေခံများကမူ ပျားပန်းခတ်တမျှအလုပ်များနေကြသည်။  နန်းတော်၏ မင်္ဂလာရှိရာအရပ်၌ ဆောက်လုပ်ထားသည့် ဘိသိတ်နန်းဆောင်ဝန်းအတွင်းသို့ မှူးကြီးမတ်ရာများ ၊
အင်းဝလက်အောက်ခံ ပြည်နယ်အချို့မှ မြို့စားမင်းများ ၊ သူဌေးမင်းများ စသည့် ဖိတ်ကြားထားသူများအားလုံးက တစ်စ တစ်စဖြင့် ရောက်ရှိလာကြသည်။

မင်္ဂလာ မဏ္ဍပ်အတွင်း သံဃာတော်များ ၊ ပုဏ္ဏားများလည်း အသီးသီး ရောက်ရှိနေကြပြီဖြစ်သည်။ ရာထူးအဆင့်အလိုက် အသီးသီးပြင်ဆင်ပေးထားသည့် နေရာများတွင် ထိုင်ကြရင်း အချင်းချင်း ပြုံးပြနှုတ်ဆက်ကြသူများလည်းရှိသည်။  ဟန်စစ်မင်းလည်း ရောက်ရှိလာပြီး သတ်မှတ်ထားသည့် နေရာတွင်ထိုင်သည်။ ထို့နောက် မလှမ်းမကမ်းက မျက်နှာချင်းဆိုင် နေရာတွင် ထိုင်နေသည့် စောယွန်းကို တွေ့လိုက်ရသည်။

စောယွန်းက ဟန်စစ်မင်းအား ပြုံးပြသောကြောင့် ဟန်စစ်မင်းက နှုတ်ခမ်းကွေးရုံသာ ပြန်လည်ပြုံးပြကာ ခေါင်းညိတ်ပြသည်။ ထို့နောက်
ဟန်စစ်မင်းက စောယွန်းထံမှ အကြည့်လွှဲကာ စောယွန်း၏ ရာထူးကို အထင်မသေးရန်တွေးမိသည်။ မကြာမှီပင် ဥပရာဇာ၏ အတိုင်ပင်ခံ ဖြစ်တော့မည်မို့ အရှိန်အဝါက ခေသူမဟုတ်တော့ပေ။

ထိုအချိန် အင်းဝပြည့်ရှင်နှင့် တောင်နန်းမိဖုရားကြီးက အတူယှဉ်တွဲ၍ ကြွချီလာသည်မို့ အားလုံးက ဝပ်တွားကာ အရိုအသေပေးကြသည်။
ခဏကြာသည်နှင့် ဥပရာဇာဘိသိတ်ခံ ပွဲစတင်လေသည်။

မင်း ၊ အိမ်ရှေ့စံ ၊ မိဖုရား စသည့် မည့်သည့်ရာထူးမဆို ဘိသတ်ခံယူထားသူကသာ သက်ဆိုင်ရာ ရာထူးအလိုက် အထမြောက်ကြောင်း အများကလက်ခံကြသည်။ ဘိသိတ်မခံယူထားပဲ မင်းအဖြစ်အုပ်ချုပ်ခဲ့ပါကလည်း မင်းဟုမဆိုထိုက်ကြောင်း သမုတ်ကြသည်။
ထို့ကြောင့် ဘိသိတ်ပွဲအခမ်းအနားသည် လွန်စွာအရေးပါသည့် ပွဲအခမ်းအနားတစ်ခုဟု ဆိုရမည်။ ၂၁ရာစုတွင်တော့ ဤသည်ကို ကျမ်းသစ္စာကျိန်ဆိုခြင်းအဖြစ် ပြောင်းလဲခဲ့ကြသည်။
စောယွန်းက ရှေးအစဥ်အဆက်က ပြုလုပ်လာခဲ့သည့် ဥပရာဇာဘိသိတ်ခံယူပွဲအား မြင်တွေရသောကြောင့် စိတ်လှုပ်ရှားမိသည်တော့ အမှန်ပင်။

အခမ်းအနားစသည်နှင့် သံဃာတော်များ ၊ ပုဏ္ဏားကြီးမှ စတင်ဦးဆောင်ကာ သုန္ဓက စည်းမျဥ်းစည်းကမ်းများအတိုင်း သေချာ လိုက်နာဆောင်ရွက်ရသည်။ ဦးစွာ ရတနာသုံးပါးအား ရှိခိုးကန်တော့ရသည်။ ထို့နောက် သက်ဆိုင်ရာ နတ်မင်းအပေါင်းအား ပူဇော်ခြင်းအမှုကို ပြုရသည်။ ပြီးသည်နှင့် သံဃာတော်များ၏ ပရိတ်တရားတော်များ ချီမြှင့်ခြင်းကို ခံယူကြရသည်။ နောက်ဆုံးအဆင့်တွင်တော့ ဥပရာဇာအနေဖြင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရန် ဆောင်ရွက်ပေးမည့်အကြောင်းနှင့်အတူ လိုက်နာရမည့် သတ်မှတ်ချက်များကို လိုက်နာကျင့်ကြံမည့်အကြောင်း သစ္စာဆိုရသည်။ ထို့ပြင် ထိုသစ္စာကတိအား ဖောက်ဖျက်မိပါက ဘေးဆိုးများနှင့် ကြုံတွေ့ပါစေသား ဟူသည့် ကျိန်စာကိုပါ ထည့်သွင်း ကျိန်ဆိုရသည်။

သုန္ဓ ကျိန်ဆိုနေစဥ် စောယွန်းက မသိမသာ
သက်ပျင်း ချမိသည်။ ရှေးက ကျိန်စာများက များပြားလွန်းကာ ကြောက်ဖို့ကောင်းလှသည်
မဟုတ်ပါလော။ စောယွန်းအနေဖြင့် ကျောက်စာများကိုပင် ပြေးကာသတိရမိလိုက်သည်။ များပြားလှကာ မချိမဆံ့ကျိန်ဆိုထားသည့် အကြောင်းအရာများမှာ ကြက်သီးထဖို့ပင် ကောင်းလှသည်မို့ သုန္ဓကို ကြည့်ကာ စောယွန်း သနားသလို ခံစားရသည်။

အဆင့်ဆင့်သော အစီအစဥ်များ အားလုံးပြီးစီးချိန်တွင် သုန္ဓက အများရှေ့မှောက်တွင် တည်ငြိမ်စွာ ရပ်ကာ ကြည့်သည်။ သုန္ဓ၏ မျက်နှာက ကြည်လင်နေကာ ပြုံးမနေသော်လည်း ပြုံးနေသယောင် အေးချမ်းလှသည်။ အနာဂတ်တွင်
မင်းကောင်းမင်းမြတ်အဖြစ် ဖြစ်လာမည့်သူဟု စောယွန်း ယုံကြည်သည်။

တစ်ချိန်ထဲမှာပင် သုန္ဓအား
မှူးမတ်အပေါင်းမှအစ ရှိရှိသမျှ လူအားလုံးက ဝပ်တွားကာ အရိုအသေပေးကြသည်။

ဤသို့ဖြင့် သုန္ဓ၏ ဥပရာဇာဘိသတ်ခံယူပွဲက ပြီးဆုံးခဲ့လေသည်။ သုန္ဓကား ယခုအချိန်မှစကာ သာမာန် မင်းသားတစ်ပါးမဟုတ်တော့ပဲ
အိမ်ရှေ့စံ အဖြစ်သို့ ရောက်ရှိခဲ့ပြီး စောယွန်းသည်လည်း အိမ်ရှေ့စံ၏ တိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

"အသင်စောယွန်း ။"

"မှန်လှပါ အရှင့်သား ။"

နှစ်ယောက်သား သုန္ဓ၏ နန်းဆောင်သို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။

"ပထမဆုံး နန်းတော်ဝင်ရတာ ဘယ်လိုနေသလဲ?"

"အတွေ့အကြုံသစ်တွေ အများကြီးရပါတယ် ဘုရား။"

"ဥပရာဇာဘိသိတ်ခံယူပွဲကိုလား?"

"မှန်လှပါ။"

သုန္ဓက ပြုံးရင်း ဆက်ပြောသည်။

"ပျော်စရာလည်းမကောင်းဘူး ပီအိုက်က အတည်ကြီးပြောနေတာပဲ ။ "

"အရှင့်သားလို ကျွန်တော်မျိုးက စနောက်မနေနိုင်ဘူး။ ပတ်ဝန်းကျင် ရှိသေးတာ။"

"ဟုတ်ပါပြီ ၊ ဒါဆို ကိုယ်တော် အဝတ်လဲတာ ယကူပေးပါဦး။ "

သုန္ဓက အခန်းဘက်လှည့်လိုက်ရင်းပြောသည်။

"အတိုင်ပင်ခံက အဝတ်လဲတာ ကူဖို့လိုလို့လား
အရှင့်သား"

စောယွန်း က မျက်မှောင်ကြုတ်၍ ပြောသည့်အခါ သုန္ဓက ပြုံးစစဖြင့် ပြန်ဖြေသည်။

"အချိန်ပြည့်ခစားရမယ်လို့ မိန့်ထားတယ်
မဟုတ်လား?"

"ဒါ ရာထူးကို အလွဲသုံးစားလုပ်ပြီး လက်အောက်ငယ်သားကို အချိန်ပို အလုပ်ခိုင်းတာပဲ-- "

စောယွန်း၏ စကားမဆုံးမီ သုန္ဓက စောယွန်းကို ပွေ့၍ ချီမလိုက်သဖြင့်စောယွန်းက အလျင်အမြန်ဆိုသည်။

"မြန်မြန်အောက်ချပေးပါ။ အပြင်က လူပျိုတော်တွေ အထဲဝင်လာမှဖြင့် !"

သုန္ဓက ခေါင်းခါသည်။

"တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေတာကို နည်းနည်းလေးတောင် အကူအညီပေးချင်တဲ့စိတ်မရှိဘူးလား ?"

စောယွန်းက အနှီ ၁၈ နှစ်သားကို ငုံ့ကြည့်လိုက်သည်။ ယခင်က သူ ဉာဏ်များခဲ့သမျှ ဝဋ်လည်ပြီထင်သည်။

"ဒါဆို ကူပေးပါ့မယ်၊အောက်ချပေးပါ--နော်? နော်လို့။"

သုန္ဓက နှုတ်ခမ်းအနည်းငယ် စူလျက် သူ့အား ကြည့်နေသဖြင့် စောယွန်း၏ မျက်နှာများက နီမြန်းလာသည်။

"ဒါ-ဒါဆို "

စောယွန်းက လျင်မြန်စွာ သုန္ဓ၏ ဘယ်ဖက်ပါးကို ခပ်ဖွဖွနမ်းလိုက်သည်။ သို့သော် သုန္ဓက သူ့ကို အောက်မချပေးသည့်အပြင် ညာဖက်ပါးကိုပင် ထိုးပေးသေးသည်။ စောယွန်းက အနည်းငယ် ရယ်လိုက်ပြီးနောက် ညာဖက်ပါးပြင်ကို နမ်းလိုက်သည်။ ထို့နောက် နဖူးပေါ်ကို လျင်မြန်စွာ နမ်းပြီးနောက် ပြောသည်။

"ကိုယ်တော်လေး၊ အဝတ်အစားလဲတော်မူပြီး ညစာသုံးဆောင်တော်မူပါတော့ !"

သုန္ဓက ခေါင်းခါပြန်သည်။

"ဗိုက်မဆာဘူး--"

စကားမဆုံးမီတွင် သူတို့နှစ်ဦးလုံး၏ အစာအိမ်များက အသီးသီး ဆန္ဒပြကြသဖြင့် တဂွီဂွီ အသံက ကျယ်လောင်စွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာရကား သူတို့နှစ်ယောက်က အတူတကွ ခပ်တိုးတိုး ရယ်မောလိုက်ကြသည်။


ဟန်စစ်မင်း၏ နေအိမ်တွင် ဗညားက ထုံးစံအတိုင်း သရက်ပင်အောက်က ခုံတန်းတွင်ထိုင်ရင်း ကလေးနှင့် ဆော့ကစားနေသည်။ ထိုစဥ် ကလေးငယ်က ခြံဝသို့ကြည့်ကာ ပြောသည်။

"ဦးလေးပြန်လာပြီ !"

ကလေးအသံကြားသည်နှင့် ဗညားက လှည့်ကြည့်သည့်အခါ ဟန်စစ်မင်း ပြန်လာသည်ကို တွေ့သည်။ တပြိုင်ထဲမှာပင် ဟန်စစ်မင်း မျက်နှာ မလန်းသည်ကိုလည်း ခံစားမိသည်။ ထို့ကြောင့် ဟန်စစ်မင်းအား မနှောက်ယှက်ရန် တွေးလိုက်မိကာ သူ့အား ကြည့်လာသော ဟန်စစ်မင်းကို ပြုံးပြလိုက်သည်။ ဟန်စစ်မင်းကလည်း ပြန်လည်ပြုံးပြကာ အိမ်ထဲသို့ ဝင်သွားသည်။

ဟန်စစ်မင်းက ရေချိုး ထမင်းစားပြီးသည်နှင့် အခန်းထဲတွင်သာ နေနေမိသည်။ လက်ထဲတွင်လည်း စာတစ်စောင်ကို ကိုင်ထားလျက် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ထိုနေ့က
မြောက်နန်းမိဖုရား၏ စကားကို နားထဲ ကြားယောင်နေဆဲ ဖြစ်သည်။

လွန်ခဲ့သော လက ဖြစ်သည်။ ဟန်စစ်မင်း
ဟံသာဝတီကို အောင်နိုင်ခဲ့သဖြင့် မြောက်နန်းမိဖုရားက ဆုလာဘ်ချီးမြှင့်တော်မူလိုကြောင်း
မိန့်တော်မူသောကြောင့် ဟန်စစ်မင်းက မိဖုရား၏ နန်းဆောင်သို့ သွားခဲ့သည်။ ဟန်စစ်မင်းရောက်သည့်အခါ အတွင်းဝန်အမတ်ကြီးလည်း ရောက်ရှိနေသည်ကို တွေ့ရသည်။ မြောက်နန်းမိဖုရားနှင့် အတွင်းဝန်ကား ဆွေမျိုးတွေဖြစ်သည်မို့ အတူရှိနေသည်က မထူးဆန်းသော်ငြား မိမိအား
သာမာန်ဆုချီးမြှင့်ချင်ရုံ ဆင့်ခေါ်ခြင်းမဟုတ်ကြောင်း ဟန်စစ်မင်း ရိပ်စားမိသည်။

"ကျွန်တော်မျိုး ရောက်ရှိကြောင်းပါ ။"

ဟန်စစ်မင်းက အရိုအသေပေးကာ ပြောသည်။

"စစ်သူကြီးမင်း ထိုင်ပါလေ။"

"မှန်လှပါ။ "

ဟန်စစ်မင်းက နေရာတွင် ထိုင်ကာ အခြေအနေကို အကဲခတ်သည်။

"စစ်သူကြီးမင်းရှိတာက တိုင်းပြည်အတွက်
အားတစ်ခုပါပဲ ၊ ဒီနှစ်တွေအတောအတွင်း စစ်သူကြီးက တိုင်းပြည်ကို ခြိမ်းခြောက်လာသမျှ အန္တရာယ်တွေကို အချိန်မနှောင့်နှေးစေပဲ ဖယ်ရှားခဲ့တာပ။"

"ကျွန်တော်မျိုးရဲ့ အသက်နဲ့ ခန္ဓာကို တိုင်းပြည်အတွက် ပေးအပ်ထားပြီးသားပါ ဘုရား။
ဒါ့ကြောင့် ကျွန်တော်မျိုး အသက်ရှင်နေသရွေ့တော့ တိုင်းပြည်အကျိုး ထမ်းရွက်နေဦးမှာပါ။"

"ဒါကြောင့်လည်း အင်းဝပြည်က စစ်သူကြီးမင်းကို လိုအပ်ပေတာပဲ။"

"မှန်လှပါ ။"

"ကျွန်ုပ်က စစ်သူကြီးမင်းအတွက် ပြင်ဆင်ထားတဲ့ ဆုလာဘ်တွေကို  သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။"

မြောက်နန်းမိဖုရား၏ စကားဆုံးသည်နှင့် အစေခံတစ်ဦးက ပေစာလိပ်တစ်ခုအား ဟန်စစ်မင်းထံ ရိုကျိုးစွာ ပေးသည်။ ထို့နောက် မိဖုရားက သူ၏ စကားကို ဆက်ပြောသည်။

"ဒါက လွန်ခဲ့တဲ့ ၂၅နှစ်က အမှုမှတ်တမ်း တစ်ခုပါ။ သာမာန်အရပ်သား တစ်ယောက်က အင်းဝပြည်ကို တိုက်ခိုက်ဖို့ အတွင်းသတင်းအချက်အလက်တွေကို တခြားတိုင်းပြည်ကို သတင်းပေးခဲ့တယ်ဆိုတဲ့ စွဲချက်ကြောင့် ဘုရင်မင်းမြတ်ကိုယ်တိုင် သတ်မိန့်ပေးခဲ့တဲ့ အမှုပဲ။
ဒါပေမယ့် ကျွန်ုပ်တို့ ဘက်က စုံစမ်းကြည့်တဲ့အခါမှာတော့ သက်သေအတုတွေနဲ့ ယိုးစွပ်ခံခဲ့ရတဲ့  သာမန်အရပ်သားတစ်ယောက်အဖို့
မတရားမှုဖြစ်နေခဲ့တယ်။  ကျန်ရစ်သူ မိသားစုခမျာလည်း ပုန်းလျှိုးကွယ်လျှိုး ဇာတ်မြုပ်နေထိုင်ခဲ့ရတယ်။ စစ်သူကြီးမင်း စိတ်ဝင်စားမယ် ထင်ပါတယ်။ "

ဟန်စစ်မင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မြောက်နန်းမိဖုရားက အဘယ်ကြောင့် ဤအမှုကိစ္စကို စိတ်ဝင်စားသနည်းဟုတွေးမိပြီး တစ်ချိန်တည်းတွင် ထိုအမှုကို စိတ်ဝင်စားမိသည်။

"မှန်လှပါ ကျွန်တော်မျိုး သေသေချာချာ စုံစမ်းစစ်ဆေးပါ့မယ်။"

"စစ်သူကြီးကို တစ်ခု တောင်းဆိုချင်တာ ရှိပါတယ်။"

"မိန့်တော်မူပါ ဘုရား။"

"ဒီအမှုမှန်ကို သိပြီးတာနဲ့ ဒီနန်းဆောင်ကို ပြန်လာခဲ့ပေးပါ ။ စစ်သူကြီးမင်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်အဖြေပေးပါ ။ "

"မှန်လှပါ ဘုရား။"

ဟန်စစ်မင်းက မိဖုရားနှင့် အနည်းငယ် စကားပြောပြီးနောက် နန်းဆောင်မှ ထွက်သွားခဲ့သည်။

ထိုမိဖုရားက ဟန်စစ်မင်း၏ ကျောပြင်ကို ကြည့်ရင်း ပြုံးသည်။ ဟန်စစ်မင်းက တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်သူဖြစ်သည့်အပြင် ခစားသည့်  ပြည့်ရှင်ဘုရင် အပေါ်တွင်လည်း သစ္စာပျက်မည့် လူစားမျိုးမဟုတ်ပေ။ရှင်ဘုရင်အပေါ်မှာလည်း သစ္စာစောင့်တည်သူ ဖြစ်သည်။ ထို့ပြင် အင်းဝပြည်၏ ပဓာနဖြစ်သော စစ်သူကြီးလေးဦးထဲတွင်လည်း အသက်အငယ်ဆုံးနှင့် အင်အားအကြီးဆုံးဖြစ်ပြန်သည်။

မြောက်နန်းမိဖုရားကြီးက ထိုသို့ ပြည့်စုံသောသူကို မိမိတို့ အစီအစဥ်အတွက် လက်လွတ်ခံမည်မဟုတ်ပေ။ သို့သော် တော်ရုံစကားပရိယာယ်လောက်နှင့်လည်း ဟန်စစ်မင်းကို သွေးဆောင်၍  ရမည်မဟုတ်မှန်း သိနေခဲ့သည်။ မိဖုရားကား ဟန်စစ်မင်းက သူ့ဘက်ပါလာစေနိုင်မည့် အခြားနည်းလမ်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

"စစ်သူကြီးမင်းက လက်ခံပါ့မလား ဘုရား။"

အတွင်းဝန်က ဒွိဟဖြစ်နေသည့် လေသံဖြင့် ဆိုသည်။

"သစ္စာတရားကို ငွေကြေးပေးပြီး ဝယ်လို့မရရင် လက်တုံ့ပြန်စေမယ့် သွေးကြွေးနဲ့ ဝယ်ယူရတာပေါ့ အကိုတော်။"

မြောက်နန်းမိဖုရားက နှုတ်ခမ်းတစ်ဖက်ကို ကွေးသည်ဆိုရုံမျှ ပြုံးကာ ရေခဲတမျှအေးစက်လှသည့် အသံဖြင့် ဆိုသည်။ အတွင်းဝန်ကမူတော့ ခေါင်းညိတ်လျှက် တဖြည်းဖြည်း မှ ပျောက်ကွယ်သွားသည့် ဟန်စစ်မင်း၏ ပုံရိပ်ကို ငေးကြည့်နေခဲ့သည်။

[ZAWGYI]

ဟန္စစ္မင္း အသက္ ၁၅ႏွစ္အ႐ြယ္ကျဖစ္သည္။ ထိုေန႕က ဟန္စစ္မင္းက အဖြားေစခိုင္း၍ ေစ်းသို႔ ပစၥည္းဝယ္ရန္ သြားခဲ့သည္။ ေစ်းဆိုသည့္အတိုင္း မ်ားစြာေသာ လူအုပ္ႏွင့္အတူ အစုစုေသာေစ်းဆိုင္မ်ား ႏွင့္ လမ္းၾကားမ်ားက ရႈပ္ေထြးလြန္းလွသည္။ ႐ုတ္တရက္
ဟန္စစ္မင္း၏ အျမင္အာ႐ုံထဲသို႔ ျမင္ကြင္းတစ္ခုက တိုးဝင္လာသည္။ အျခားမဟုတ္ လမ္းၾကားေထာင့္ခ်ိဳးရွိ ဆိုင္ခန္းအေဟာင္းနားတြင္ ဒူးႏွစ္ဖက္ကို ပိုက္လ်က္  ငိုေနေသာ ကေလးငယ္တစ္ေယာက္ပင္ ျဖစ္သည္။ ဟန္စစ္မင္း ထိုေနရာသို႔သြားကာ ကေလးငယ္အားေမးသည္။

"ညီငယ္ ၊ဘာမ်ားျဖစ္လို႔လဲ?"

"အိမ္ျပန္ခ်င္တယ္"

ဟန္စစ္မင္းက ေမးသည့္အခါ ျဖဴျဖဴလုံးလုံး
ပါးေဖာင္းေဖာင္းေလးႏွင့္ ထိုကေလးေလးက ရွိုက္ရင္း ေျဖသည္။ ဟန္စစ္မင္းက ထိုကေလး လမ္းေပ်ာက္ေနသည္ကို ရိပ္မိၿပီး ပုံစံကို အကဲခတ္ၾကည့္ရာ လူကုံထန္အသိုင္းအဝိုင္းကဟု သိလိုက္သည္။

"ညီငယ္ အဖနာမည္ သိသလား။"

"ဦးခြန္စိုင္း! "

အမည္ေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္ ဟန္စစ္မင္းက မ်က္ခုံးတစ္ဖက္ကို ပင့္ကာ ထိုကေလးကို ၾကည့္သည္။  အမည္ပိုင္ရွင္က ၿမိဳ႕မ်က္ႏွာဖုံး သူေဌးႀကီးတစ္ဦးျဖစ္သည္မို႔ ထိုအမည္ကို
အင္းဝတြင္ မသိသူမရွိေပ။ ဟန္စစ္မင္းက
ထိုအျဖဴလုံးေလးဆီ လက္ကို ကမ္းေပးရင္း
ေမးလိုက္သည္။

"အကို အိမ္ျပန္လိုက္ပို႔ေပးရမလား?"

"......"

ျပန္မေျဖေသာ္လည္း ျဖဴျဖဴတုတ္တုတ္
လက္ကေလးက ဟန္စစ္မင္း ကမ္းထားသည့္ လက္ကို ဆုပ္ကိုင္လိုက္သည္။ဟန္စစ္မင္းက ၿပဳံးကာ ထိုလက္ကို လြတ္မသြားေစရန္ ၿမဲၿမံစြာ
ကိုင္လ်က္ သူေဌး ဦးခြန္စိုင္း၏ အိမ္သို႔ ဦးတည္လိုက္သည္။

"ညီငယ္ ၊ ေနာင္အခါ အိမ္က လူႀကီးေတြမသိပဲ အျပင္ေလွ်ာက္မသြားရဘူးေနာ္။"

"....."

အျဖဴလုံးေလးက ျပန္မေျဖ။ ဟန္စစ္မင္းကမူ မလြယ္ေၾကာေလးဟု ေတြးလိုက္သည္။ လမ္းေလွ်ာက္ခ်ိန္ကား မၾကာလိုက္ပဲ
ဦးခြန္စိုင္း၏ အိမ္ဝိုင္းေရွ႕သို႔ ေရာက္သြားခဲ့ၾကသည္။ ဟန္စစ္မင္းတို႔ကို ျမင္သည္ႏွင့္ ၿခံဝန္းအတြင္းမွ အမ်ိဳးသမီး တစ္ဦးႏွင့္ အေစခံတခ်ိဳ႕ ျပာျပာသလဲ ေျပးထြက္လာၾကသည္။

"သခင္ေလးေစာယြန္း ျပန္လာၿပီ။"

"သားေလးရယ္ ေပ်ာက္သြားလို႔ အေမတို႔မွာ စိတ္ပူလိုက္ရတာဆိုတာ။"

ထိုအမ်ိဳးသမီးက ေစာယြန္းဆိုသည့္ ထိုအျဖဴလုံးကို ဖက္ကာ ငိုရင္းေျပာသည္။ ဟန္စစ္မင္းက
သူတို႔သားအမိကို မတုန္မလႈပ္ ရပ္ၾကည့္ေနဆဲပင္။ ထိုအခါမွ ထိုအမ်ိဳးသမီးက ရပ္ေနသည့္ ဟန္စစ္မင္းကို သတိထားမိသြားသည္။

"သားေလးကို အိမ္ျပန္ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္ကြယ္ ။"

"ရပါတယ္ အေဒၚ ၊ ညီငယ္က ေစ်းထဲမွာ
လမ္းေပ်ာက္ၿပီး ငိုေနတာ ေတြ႕လို႔ ကြၽန္ေတာ္ လိုက္ပို႔ေပးတာပါ။"

"ေက်းဇူးပါကြယ္ ။"

"ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး။"

"သားေလး နာမည္ ဘယ္လိုေခၚသလဲ?"

ထိုအမ်ိဳးသမီးက လွည့္ထြက္ရန္ ေျခလွမ္းျပင္ေနသည့္ဟန္စစ္မင္းကို လွမ္းေမးသည္။

"ဟန္စစ္မင္းပါ အေဒၚ ။"

ဟန္စစ္မင္းက အဖိုးအဖြားႏွင့္သာ ႀကီးျပင္းလာခဲ့ရသူျဖစ္ၿပီး မိဘႏွစ္ပါးက မည္သူမည္ဝါမွန္း သူမသိေပ။ ေမးလည္း မေမးဖူးသလို မည္သူကမွလည္း သူ႕ကို မေျပာျပေပ။ ဟန္စစ္မင္းတို႔ကား သာမန္မိသားစုတစ္ခုသာ ျဖစ္သည္။

ထိုအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ ရက္အနည္းငယ္ခန႔္အၾကာ ဟန္စစ္မင္းက ၿခံထဲရွိ ေရစည္ထဲသို႔ ေရျဖည့္ေနခ်ိန္ျဖစ္သည္။ ၿခံထဲသို႔ ထိုေန႕က ကေလးေလး၏ အေမျဖစ္သည့္ အမ်ိဳးသမီးက ဝင္လာသည္။ သူမ၏ မ်က္ႏွာက အားနာေနဟန္ရွိၿပီး အတတ္နိုင္ဆုံး ၿပဳံးကာ ဟန္စစ္မင္းကို စကားဆိုသည္။

"သားေလး အေဒၚ့ကို မွတ္မိတယ္မဟုတ္လား?"

"ဟုတ္ကဲ့ ကြၽန္ေတာ္မွတ္မိပါတယ္။"

"အေဒၚ အကူအညီေလးေတာင္းစရာရွိလို႔ပါ။ လူႀကီးေတြရွိၾကလား ? အေဒၚ လူႀကီးေတြနဲ႕ စကားေျပာခ်င္လို႔ပါ ။"

ထို႔ေနာက္ အခန္းအတြင္း ထိုအမ်ိဳးသမီးႏွင့္ ယဟန္စစ္မင္း၏ အဖိုးအဖြားျဖစ္သူတို႔ စကားေျပာခဲ့ၾကသည္။ ဟန္စစ္မင္းကမူ အျပင္မွာသာေစာင့္ေနရၿပီး ဘာအေၾကာင္းကိစၥမွန္းမသိခဲ့ေခ်။

သို႔ေသာ္ ထိုေန႕မွစကာ ဟန္စစ္မင္းသည္ ယသူေဌးႀကီး ဦးခြန္စိုင္း၏ အိမ္ေတာ္သို႔ မၾကာ
မၾကာ ဝင္ထြက္သြားလာရသည္။ အေၾကာင္းအရင္းမွာ ေစာယြန္းေၾကာင့္ပင္ျဖစ္သည္။
ဟန္စစ္မင္းရွိမွသာလွ်င္ ေစာယြန္းက စကားနားေထာင္သည္။ ဟန္စစ္မင္းလည္း ေနာက္မွသာ ေစာယြန္းဆိုသည့္ အျဖဴလုံးေလးအေၾကာင္းကို သိခဲ့ရသည္။ ထိုအျဖဴလုံးေလးမွာ အလြန္တရာမွ ခ်စ္ဖို႔ေကာင္းလွေသာ္လည္း အလြန္တရာမွ ဆိုးေပလြန္းလွသည္ကိုပင္။ အေစာင့္ေတြ ရွိသည့္ၾကားက အျပင္ကို မၾကာခဏ ခိုးထြက္တတ္သည္။ ေျပာလွ်င္လည္း စကားနားမေထာင္ပဲ ေပကပ္ကပ္လုပ္ေသးသည္။ သို႔ေသာ္ ထူးဆန္းစြာျဖင့္ ဟန္စစ္မင္းကိုမူ ေၾကာက္႐ြံ႕သည္။ 
ဟန္စစ္မင္း၏ စကားကို တစ္ခြန္းဆိုလွ်င္ ယတစ္ခြန္းနားေထာင္သည္။ ဟန္စစ္မင္းလည္း ေခ်ာ့တလွည့္ေျခာက္တလွည့္ ျဖင့္သာ ေစာယြန္းကို ထိန္းေၾကာင္းရသည္။

ဟန္စစ္မင္း သတိထားမိသည္မွာ ေစာယြန္းက စိတ္ရင္းေကာင္းသည္။ ငယ္စဥ္ကတည္းက
သူ တစ္ခုစားရလွ်င္ ဟန္စစ္ကိုလည္း တစ္ဝက္ေကြၽးတတ္သည္။ သို႔ေသာ္ စိတ္ထင္တိုင္း ယလုပ္ခ်င္သည့္အရာကို လုပ္ပစ္ေလ့ရွိၿပီး စကားနားမေထာင္ပဲ ဆိုးေပေနသည္ကိုသာ ထိန္းရျခင္းျဖစ္သည္။

ဟန္စစ္မင္း အသက္ ၁၇ႏွစ္ျပည့္သည္ႏွင့္
သူေဌးႀကီး ဦးခြန္စိုင္း၏ အေထာက္အပံ့ျဖင့္ ယသိႏၷီၿမိဳ႕ သို႔ ပညာသင္ရန္သြားေရာက္ခဲ့ရသည္။
ဟန္စစ္မင္းထံတြင္ အရည္အခ်င္းေကာင္းမ်ားစြာရွိၿပီး ေနာင္တစ္ခ်ိန္တြင္ အလြန္ ထူးခြၽန္ထက္ျမက္သည့္ လူငယ္တစ္ေယာက္ျဖစ္လာနိုင္မွန္း ဦးခြန္စိုင္းက သတိထားမိလာခဲ့သည္။ ထို႔ေၾကာင့္လည္း အစစအရာရာ ကူညီေပးခဲ့ျခင္းျဖစ္သည္။  ဟန္စစ္မင္းႏွင့္ ေစာယြန္းက
အသက္ ၈ ႏွစ္ခန႔္ ကြာသျဖင့္ ဟန္စစ္မင္းက ပညာေတာ္သင္သြားေနစဥ္တြင္ ေစာယြန္းက အလြန္ငယ္ေသးသျဖင့္ သႏၷီသို႔ မလိုက္သြားနိုင္ခဲ့ပဲ တစ္ေယာက္တည္း အထီးက်န္စြာ က်န္ရစ္ခဲ့ရသည္။

ဟန္စစ္မင္း ပညာမ်ားသင္ယူတတ္ေျမာက္ၿပီး၍ ျပန္လာခ်ိန္တြင္ ခ်က္ခ်င္းပင္ နန္းတြင္းသို႔ ဝင္ေရာက္ခဲ့ရသည္။ သႏၷီတြင္ ပညာသင္ၾကားစဥ္ အကဲျဖတ္ခံရသည့္ ရလဒ္မ်ားက အလြန္ေကာင္းမြန္လွသျဖင့္ အင္း၀ ျပည္သားျဖစ္သည့္အေလ်ာက္ နန္းတြင္း၏ သေဘာက်ႏွစ္ၿခိဳက္မႈကို ခံခဲ့ရသည္။

ဟန္စစ္မင္း အဖိုး၏ ေတာင္းဆိုမႈေၾကာင့္
သူေဌးႀကီး၏ အကူအညီျဖင့္ နန္းတြင္းစစ္တပ္တြင္ တာဝန္ထမ္းေဆာင္ရန္ ျဖစ္လာခဲ့သည္။ စစ္ပြဲရွိလွ်င္ရွိသလို နယ္စြန္နယ္ဖ်ားေတြအထိ သြားေရာက္ခဲ့ရသည္မို႔ ေစာယြန္းႏွင့္ ယခင္အခ်ိန္မ်ားကဲ့သို႔ မၾကာခဏမေတြ႕နိုင္ေတာ့ေပ။

အခ်ိန္အတန္ၾကာ ခြဲခြာၿပီးေနာက္ ေစာယြန္းႏွင့္ ျပန္လည္ေတြ႕ဆုံစဥ္က ေစာယြန္းက အသက္ ၁၅ ႏွစ္ပင္ ရွိေနၿပီျဖစ္သည္။ ဆယ္ေက်ာ္သက္ ျဖစ္ေသာ္ျငား ရွည္လ်ားေသာ အရပ္ႏွင့္
ေဖာ့ဖေယာင္းႏွယ္ ေပ်ာ့ေပ်ာင္းသြယ္လ်သည့္ ခႏၶာကိုယ္ရွိေနၿပီး ကေလးငယ္အသြင္က ေမွးမွိန္သြားခဲ့သည္။ ထိုေန႕က ေစာယြန္းက ထုံးစံတိုင္း အရက္ဆိုင္တစ္ဆိုင္တြင္ တစ္ေယာက္တည္း ေသာက္စားေနၿပီး ဟန္စစ္မင္းကိုပင္ သတိမထားမိေပ။

"ေစာယြန္း အိမ္ျပန္ရေအာင္ ေတာ္ေလာက္ၿပီ။"

ဟန္စစ္မင္းက ေစာယြန္းလက္ထဲမွ ခြက္ကို
ယူလိုက္ရင္းေျပာေတာ့ ေစာယြန္းက ခပ္စူးစူး
အၾကည့္မ်ားႏွင့္ ၾကည့္လာသည္။

"အသင့္ကိစၥမဟုတ္သည္မို႔ မျမင္သလိုသာ ေက်ာ္သြားပါေလ။"

ေစာယြန္းက ငယ္စဥ္ထဲက ဟန္စစ္မင္းအား အကိုဟူ၍ မည္သည့္ အခါကမွ မေခၚခဲ့ေခ်။
ဟန္စစ္မင္းက အတတ္နိုင္ဆုံး စိတ္ကိုေလွ်ာ့ရင္း ထပ္ေျပာသည္။

"အိမ္ျပန္ၾကရေအာင္ သူေဌးႀကီးတို႔လည္း စိတ္ပူေနၿပီ။ "

"မျပန္ဘူး။"

ဟန္စစ္မင္းက ေစာယြန္း၏ ရင္ဘတ္နားမွက အကၤ်ီစကို ေဆာင့္ဆြဲလိုက္ေသာေၾကာင့္
ေစာယြန္းက အလိုက္သင့္ပါလာသည္။

"ဘယ္အခ်ိန္ထိ အခုလို ပ်က္စီးေနဦးမွာလဲ
ေစာယြန္း? "

ဟန္စစ္မင္း အသံက ေဒါသထြက္ေနမွန္း သိသာသည္။

"အသင္က ဘာမို႔လို အဲ့ေလာက္ျဖစ္ေနရတာလဲ
ကျွန်ုပ်မိဘတွေတောင် ဘာမွ မျဖစ္.. "

႐ုတ္တရက္ ဟန္စစ္မင္း၏ လက္သီးက
ေစာယြန္း၏ ပါးေပၚ ျပင္းထန္စြာ ထိုးႏွက္လိုက္သည္။

"ဘာမွ ျပန္မေျပာနဲ႕ ။"

ဟန္စစ္မင္း ေစာယြန္းကို ဂုတ္က မဆြဲ႐ုံတမယ္ပင္ ကိုင္ကာ ထိုညက အိမ္သို႔ျပန္ေခၚလာခဲ့သည္။ ထိုညမွစကာ ေစာယြန္းသည္ ဟန္စစ္မင္းေျပာလွ်င္လည္း နားမေထာင္ေတာ့သလို အနားလည္းအကပ္မခံေတာ့ေပ။

ထိုအခ်ိန္မွ စ၍ ေစာယြန္းက သူ႕အေပၚတြင္ စိမ္းကားလာခဲ့သည္။ သူ႕စကားဆိုလွ်င္
နားမေထာင္ေတာ့သကဲ့သို႔ ပို၍ ဆိုးသြမ္းလာခဲ့သည္။ ဟန္စစ္မင္းက အခ်ိန္ရလွ်င္ရသလို
ေစာယြန္းကို ဆုံးမေသာ္ျငား ေစာယြန္းက
နားမေထာင္၊ လက္မခံပဲ ကန႔္လန႔္တိုက္ခဲ့သည္။

ေစာယြန္း အျပင္းဖ်ားခဲ့ၿပီးေနာက္ သတိလစ္ေမ့ေျမာသြားခဲ့သည္ ဟူသည့္ သတင္းေၾကာင့္ ဟန္စစ္မင္းက ေရာက္ရာအရပ္မွ မနားတမ္း
ခရီးႏွင္လာခဲ့သည္။

ေစာယြန္း ျပန္လည္သတိရခ်ိန္တြင္ သူ ေတြ႕ျမင္ရေသာ ေစာယြန္းက ၿမိဳ႕ထဲတြင္ သူေတြ႕ခဲ့ေသာ ကေလးငယ္ ေစာယြန္း၊ သူ႕စကားကိုသာ နားေထာင္ေသာ ေစာယြန္းမဟုတ္မွန္း ဟန္စစ္မင္းက ခ်က္ခ်င္းသိခဲ့သည္။ ေစာယြန္းက သူ႕ကို ခါးသီးစြာ မၾကည့္ေတာ့ပဲ အျခားလူတစ္ေယာက္ႏွယ္ ေျပာင္းလဲသြားခဲ့ၿပီး သူ႕အား တရင္းတႏွီး ၾကည့္လာခဲ့သည္။ စကားအေျပာအဆိုကအစ ေျပာင္းလဲသြားသည္။ သို႔ေသာ္ ထိုအေျပာင္းအလဲက သူ႕ကို စိတ္မပ်က္ေစသည္မွာ အမွန္ျဖစ္သည္။

ဟန္စစ္မင္းက ၿခံထဲတြင္ ထိုင္ကာ အရင္က အခ်ိန္ေတြဆီ ေခတၱ ေရာက္ေနမိျခင္းျဖစ္သည္။

ထိုအခ်ိန္ ၿခံဝန္းထဲ အေစအခံတစ္ဦး ဝင္လာၿပီး ဟန္စစ္မင္း၏ အနားသို႔ ကပ္ကာ ခပ္တိုးတိုးေျပာသည္။ ၾကားၾကားခ်င္းပင္
ဟန္စစ္မင္း၏ မ်က္ႏွာထားက တင္းမာသည့္ဘက္ကို ႐ုတ္ခ်ည္းေျပာင္းလဲသြားသည္။
အေစခံက ေျပာၿပီးသည္ႏွင့္ ထိုေနရာမွ ထြက္ခြာသြားသည္။

စားပြဲေပၚတင္ထားသည့္ ဟန္စစ္မင္း၏ လက္က လက္သီးဆုပ္ထားလ်က္ အေၾကာမ်ားပင္ ထင္းလာခဲ့သည္။

"အစထဲက သူတို႔ၾကားမွာ တစ္ခုခုရွိတာ ငါႀကိဳရိပ္မိခဲ့သင့္တယ္။ "

ဟန္စစ္မင္းက ေတာက္ တစ္ခ်က္ေခါက္ကာ
ခပ္တိုးတိုး ေရ႐ြတ္သည္။

"အရာအားလုံး ေနာက္က်သြားခဲ့ၿပီ ေစာယြန္း ၊ ကျွန်ုပ် ေစာယြန္းေၾကာင့္ပဲ ျဖစ္ျဖစ္
ေနာက္ျပန္လွည့္ဖို႔ ခဏ ခဏ ေတြးခဲ့ဖူးတယ္။ အခုေတာ့ ေစာယြန္းေၾကာင့္ပဲ ေရွ႕ဆက္တိုးဖို႔ ဆုံးျဖတ္လိုက္ၿပီ။"

ဟန္စစ္မင္းက ၿခံျပင္ကို ေငးၾကည့္ရင္း ေရ႐ြတ္သည္။


သည္ေန႕ နန္းေတာ္အတြင္း အရာအားလုံးကို တခမ္းတနားျဖင့္ ျပင္ဆင္ထားၾကသည္။ အခမ္းအနားတစ္ခုရွိမွန္း သိသာေစၿပီး
နန္းတြင္းအေစခံမ်ားကမူ ပ်ားပန္းခတ္တမွ်အလုပ္မ်ားေနၾကသည္။  နန္းေတာ္၏ မဂၤလာရွိရာအရပ္၌ ေဆာက္လုပ္ထားသည့္ ဘိသိတ္နန္းေဆာင္ဝန္းအတြင္းသို႔ မႉးႀကီးမတ္ရာမ်ား ၊
အင္းဝလက္ေအာက္ခံ ျပည္နယ္အခ်ိဳ႕မွ ၿမိဳ႕စားမင္းမ်ား ၊ သူေဌးမင္းမ်ား စသည့္ ဖိတ္ၾကားထားသူမ်ားအားလုံးက တစ္စ တစ္စျဖင့္ ေရာက္ရွိလာၾကသည္။

မဂၤလာ မ႑ပ္အတြင္း သံဃာေတာ္မ်ား ၊ ပုဏၰားမ်ားလည္း အသီးသီး ေရာက္ရွိေနၾကၿပီျဖစ္သည္။ ရာထူးအဆင့္အလိုက္ အသီးသီးျပင္ဆင္ေပးထားသည့္ ေနရာမ်ားတြင္ ထိုင္ၾကရင္း အခ်င္းခ်င္း ၿပဳံးျပႏႈတ္ဆက္ၾကသူမ်ားလည္းရွိသည္။  ဟန္စစ္မင္းလည္း ေရာက္ရွိလာၿပီး သတ္မွတ္ထားသည့္ ေနရာတြင္ထိုင္သည္။ ထို႔ေနာက္ မလွမ္းမကမ္းက မ်က္ႏွာခ်င္းဆိုင္ ေနရာတြင္ ထိုင္ေနသည့္ ေစာယြန္းကို ေတြ႕လိုက္ရသည္။

ေစာယြန္းက ဟန္စစ္မင္းအား ၿပဳံးျပေသာေၾကာင့္ ဟန္စစ္မင္းက ႏႈတ္ခမ္းေကြး႐ုံသာ ျပန္လည္ၿပဳံးျပကာ ေခါင္းညိတ္ျပသည္။ ထို႔ေနာက္
ဟန္စစ္မင္းက ေစာယြန္းထံမွ အၾကည့္လႊဲကာ ေစာယြန္း၏ ရာထူးကို အထင္မေသးရန္ေတြးမိသည္။ မၾကာမွီပင္ ဥပရာဇာ၏ အတိုင္ပင္ခံ ျဖစ္ေတာ့မည္မို႔ အရွိန္အဝါက ေခသူမဟုတ္ေတာ့ေပ။

ထိုအခ်ိန္ အင္းဝျပည့္ရွင္ႏွင့္ ေတာင္နန္းမိဖုရားႀကီးက အတူယွဥ္တြဲ၍ ႂကြခ်ီလာသည္မို႔ အားလုံးက ဝပ္တြားကာ အရိုအေသေပးၾကသည္။
ခဏၾကာသည္ႏွင့္ ဥပရာဇာဘိသိတ္ခံ ပြဲစတင္ေလသည္။

မင္း ၊ အိမ္ေရွ႕စံ ၊ မိဖုရား စသည့္ မည့္သည့္ရာထူးမဆို ဘိသတ္ခံယူထားသူကသာ သက္ဆိုင္ရာ ရာထူးအလိုက္ အထေျမာက္ေၾကာင္း အမ်ားကလက္ခံၾကသည္။ ဘိသိတ္မခံယူထားပဲ မင္းအျဖစ္အုပ္ခ်ဳပ္ခဲ့ပါကလည္း မင္းဟုမဆိုထိုက္ေၾကာင္း သမုတ္ၾကသည္။
ထို႔ေၾကာင့္ ဘိသိတ္ပြဲအခမ္းအနားသည္ လြန္စြာအေရးပါသည့္ ပြဲအခမ္းအနားတစ္ခုဟု ဆိုရမည္။ ၂၁ရာစုတြင္ေတာ့ ဤသည္ကို က်မ္းသစၥာက်ိန္ဆိုျခင္းအျဖစ္ ေျပာင္းလဲခဲ့ၾကသည္။
ေစာယြန္းက ေရွးအစဥ္အဆက္က ျပဳလုပ္လာခဲ့သည့္ ဥပရာဇာဘိသိတ္ခံယူပြဲအား ျမင္ေတြရေသာေၾကာင့္ စိတ္လႈပ္ရွားမိသည္ေတာ့ အမွန္ပင္။

အခမ္းအနားစသည္ႏွင့္ သံဃာေတာ္မ်ား ၊ ပုဏၰားႀကီးမွ စတင္ဦးေဆာင္ကာ သုႏၶက စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ေသခ်ာ လိုက္နာေဆာင္႐ြက္ရသည္။ ဦးစြာ ရတနာသုံးပါးအား ရွိခိုးကန္ေတာ့ရသည္။ ထို႔ေနာက္ သက္ဆိုင္ရာ နတ္မင္းအေပါင္းအား ပူေဇာ္ျခင္းအမႈကို ျပဳရသည္။ ၿပီးသည္ႏွင့္ သံဃာေတာ္မ်ား၏ ပရိတ္တရားေတာ္မ်ား ခ်ီျမႇင့္ျခင္းကို ခံယူၾကရသည္။ ေနာက္ဆုံးအဆင့္တြင္ေတာ့ ဥပရာဇာအေနျဖင့္ တိုင္းျပည္အက်ိဳးစီးပြား တိုးတက္ရန္ ေဆာင္႐ြက္ေပးမည့္အေၾကာင္းႏွင့္အတူ လိုက္နာရမည့္ သတ္မွတ္ခ်က္မ်ားကို လိုက္နာက်င့္ႀကံမည့္အေၾကာင္း သစၥာဆိုရသည္။ ထို႔ျပင္ ထိုသစၥာကတိအား ေဖာက္ဖ်က္မိပါက ေဘးဆိုးမ်ားႏွင့္ ႀကဳံေတြ႕ပါေစသား ဟူသည့္ က်ိန္စာကိုပါ ထည့္သြင္း က်ိန္ဆိုရသည္။

သုႏၶ က်ိန္ဆိုေနစဥ္ ေစာယြန္းက မသိမသာ
သက္ပ်င္း ခ်မိသည္။ ေရွးက က်ိန္စာမ်ားက မ်ားျပားလြန္းကာ ေၾကာက္ဖို႔ေကာင္းလွသည္
မဟုတ္ပါေလာ။ ေစာယြန္းအေနျဖင့္ ေက်ာက္စာမ်ားကိုပင္ ေျပးကာသတိရမိလိုက္သည္။ မ်ားျပားလွကာ မခ်ိမဆံ့က်ိန္ဆိုထားသည့္ အေၾကာင္းအရာမ်ားမွာ ၾကက္သီးထဖို႔ပင္ ေကာင္းလွသည္မို႔ သုႏၶကို ၾကည့္ကာ ေစာယြန္း သနားသလို ခံစားရသည္။

အဆင့္ဆင့္ေသာ အစီအစဥ္မ်ား အားလုံးၿပီးစီးခ်ိန္တြင္ သုႏၶက အမ်ားေရွ႕ေမွာက္တြင္ တည္ၿငိမ္စြာ ရပ္ကာ ၾကည့္သည္။ သုႏၶ၏ မ်က္ႏွာက ၾကည္လင္ေနကာ ၿပဳံးမေနေသာ္လည္း ၿပဳံးေနသေယာင္ ေအးခ်မ္းလွသည္။ အနာဂတ္တြင္
မင္းေကာင္းမင္းျမတ္အျဖစ္ ျဖစ္လာမည့္သူဟု ေစာယြန္း ယုံၾကည္သည္။

တစ္ခ်ိန္ထဲမွာပင္ သုႏၶအား
မႉးမတ္အေပါင္းမွအစ ရွိရွိသမွ် လူအားလုံးက ဝပ္တြားကာ အရိုအေသေပးၾကသည္။

ဤသို႔ျဖင့္ သုႏၶ၏ ဥပရာဇာဘိသတ္ခံယူပြဲက ၿပီးဆုံးခဲ့ေလသည္။ သုႏၶကား ယခုအခ်ိန္မွစကာ သာမာန္ မင္းသားတစ္ပါးမဟုတ္ေတာ့ပဲ
အိမ္ေရွ႕စံ အျဖစ္သို႔ ေရာက္ရွိခဲ့ၿပီး ေစာယြန္းသည္လည္း အိမ္ေရွ႕စံ၏ တိုင္ပင္ခံ ပုဂၢိုလ္ ျဖစ္လာခဲ့သည္။

"အသင္ေစာယြန္း ။"

"မွန္လွပါ အရွင့္သား ။"

ႏွစ္ေယာက္သား သုႏၶ၏ နန္းေဆာင္သို႔ ျပန္ေရာက္ေနၾကၿပီ ျဖစ္သည္။

"ပထမဆုံး နန္းေတာ္ဝင္ရတာ ဘယ္လိုေနသလဲ?"

"အေတြ႕အႀကဳံသစ္ေတြ အမ်ားႀကီးရပါတယ္ ဘုရား။"

"ဥပရာဇာဘိသိတ္ခံယူပြဲကိုလား?"

"မွန္လွပါ။"

သုႏၶက ၿပဳံးရင္း ဆက္ေျပာသည္။

"ေပ်ာ္စရာလည္းမေကာင္းဘူး ပီအိုက္က အတည္ႀကီးေျပာေနတာပဲ ။ "

"အရွင့္သားလို ကြၽန္ေတာ္မ်ိဳးက စေနာက္မေနနိုင္ဘူး။ ပတ္ဝန္းက်င္ ရွိေသးတာ။"

"ဟုတ္ပါၿပီ ၊ ဒါဆို ကိုယ္ေတာ္ အဝတ္လဲတာ ယကူေပးပါဦး။ "

သုႏၶက အခန္းဘက္လွည့္လိုက္ရင္းေျပာသည္။

"အတိုင္ပင္ခံက အဝတ္လဲတာ ကူဖို႔လိုလို႔လား
အရွင့္သား"

ေစာယြန္း က မ်က္ေမွာင္ၾကဳတ္၍ ေျပာသည့္အခါ သုႏၶက ၿပဳံးစစျဖင့္ ျပန္ေျဖသည္။

"အခ်ိန္ျပည့္ခစားရမယ္လို႔ မိန့္ထားတယ္
မဟုတ္လား?"

"ဒါ ရာထူးကို အလြဲသုံးစားလုပ္ၿပီး လက္ေအာက္ငယ္သားကို အခ်ိန္ပို အလုပ္ခိုင္းတာပဲ-- "

ေစာယြန္း၏ စကားမဆုံးမီ သုႏၶက ေစာယြန္းကို ေပြ႕၍ ခ်ီမလိုက္သျဖင့္ေစာယြန္းက အလ်င္အျမန္ဆိုသည္။

"ျမန္ျမန္ေအာက္ခ်ေပးပါ။ အျပင္က လူပ်ိဳေတာ္ေတြ အထဲဝင္လာမွျဖင့္ !"

သုႏၶက ေခါင္းခါသည္။

"တစ္ေန႕လုံး ပင္ပန္းႏြမ္းနယ္ေနတာကို နည္းနည္းေလးေတာင္ အကူအညီေပးခ်င္တဲ့စိတ္မရွိဘူးလား ?"

ေစာယြန္းက အႏွီ ၁၈ ႏွစ္သားကို ငုံ႕ၾကည့္လိုက္သည္။ ယခင္က သူ ဉာဏ္မ်ားခဲ့သမွ် ဝဋ္လည္ၿပီထင္သည္။

"ဒါဆို ကူေပးပါ့မယ္၊ေအာက္ခ်ေပးပါ--ေနာ္? ေနာ္လို႔။"

သုႏၶက ႏႈတ္ခမ္းအနည္းငယ္ စူလ်က္ သူ႕အား ၾကည့္ေနသျဖင့္ ေစာယြန္း၏ မ်က္ႏွာမ်ားက နီျမန္းလာသည္။

"ဒါ-ဒါဆို "

ေစာယြန္းက လ်င္ျမန္စြာ သုႏၶ၏ ဘယ္ဖက္ပါးကို ခပ္ဖြဖြနမ္းလိုက္သည္။ သို႔ေသာ္ သုႏၶက သူ႕ကို ေအာက္မခ်ေပးသည့္အျပင္ ညာဖက္ပါးကိုပင္ ထိုးေပးေသးသည္။ ေစာယြန္းက အနည္းငယ္ ရယ္လိုက္ၿပီးေနာက္ ညာဖက္ပါးျပင္ကို နမ္းလိုက္သည္။ ထို႔ေနာက္ နဖူးေပၚကို လ်င္ျမန္စြာ နမ္းၿပီးေနာက္ ေျပာသည္။

"ကိုယ္ေတာ္ေလး၊ အဝတ္အစားလဲေတာ္မူၿပီး ညစာသုံးေဆာင္ေတာ္မူပါေတာ့ !"

သုႏၶက ေခါင္းခါျပန္သည္။

"ဗိုက္မဆာဘူး--"

စကားမဆုံးမီတြင္ သူတို႔ႏွစ္ဦးလုံး၏ အစာအိမ္မ်ားက အသီးသီး ဆႏၵျပၾကသျဖင့္ တဂြီဂြီ အသံက က်ယ္ေလာင္စြာ တစ္ၿပိဳင္နက္တည္း ထြက္ေပၚလာရကား သူတို႔ႏွစ္ေယာက္က အတူတကြ ခပ္တိုးတိုး ရယ္ေမာလိုက္ၾကသည္။


ဟန္စစ္မင္း၏ ေနအိမ္တြင္ ဗညားက ထုံးစံအတိုင္း သရက္ပင္ေအာက္က ခုံတန္းတြင္ထိုင္ရင္း ကေလးႏွင့္ ေဆာ့ကစားေနသည္။ ထိုစဥ္ ကေလးငယ္က ၿခံဝသို႔ၾကည့္ကာ ေျပာသည္။

"ဦးေလးျပန္လာၿပီ !"

ကေလးအသံၾကားသည္ႏွင့္ ဗညားက လွည့္ၾကည့္သည့္အခါ ဟန္စစ္မင္း ျပန္လာသည္ကို ေတြ႕သည္။ တၿပိဳင္ထဲမွာပင္ ဟန္စစ္မင္း မ်က္ႏွာ မလန္းသည္ကိုလည္း ခံစားမိသည္။ ထို႔ေၾကာင့္ ဟန္စစ္မင္းအား မႏွောက္ယွက္ရန္ ေတြးလိုက္မိကာ သူ႕အား ၾကည့္လာေသာ ဟန္စစ္မင္းကို ၿပဳံးျပလိုက္သည္။ ဟန္စစ္မင္းကလည္း ျပန္လည္ၿပဳံးျပကာ အိမ္ထဲသို႔ ဝင္သြားသည္။

ဟန္စစ္မင္းက ေရခ်ိဳး ထမင္းစားၿပီးသည္ႏွင့္ အခန္းထဲတြင္သာ ေနေနမိသည္။ လက္ထဲတြင္လည္း စာတစ္ေစာင္ကို ကိုင္ထားလ်က္ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားသည္။ ထိုေန႕က
ေျမာက္နန္းမိဖုရား၏ စကားကို နားထဲ ၾကားေယာင္ေနဆဲ ျဖစ္သည္။

လြန္ခဲ့ေသာ လက ျဖစ္သည္။ ဟန္စစ္မင္း
ဟံသာဝတီကို ေအာင္နိုင္ခဲ့သျဖင့္ ေျမာက္နန္းမိဖုရားက ဆုလာဘ္ခ်ီးျမႇင့္ေတာ္မူလိုေၾကာင္း
မိန့္ေတာ္မူေသာေၾကာင့္ ဟန္စစ္မင္းက မိဖုရား၏ နန္းေဆာင္သို႔ သြားခဲ့သည္။ ဟန္စစ္မင္းေရာက္သည့္အခါ အတြင္းဝန္အမတ္ႀကီးလည္း ေရာက္ရွိေနသည္ကို ေတြ႕ရသည္။ ေျမာက္နန္းမိဖုရားႏွင့္ အတြင္းဝန္ကား ေဆြမ်ိဳးေတြျဖစ္သည္မို႔ အတူရွိေနသည္က မထူးဆန္းေသာ္ျငား မိမိအား
သာမာန္ဆုခ်ီးျမႇင့္ခ်င္႐ုံ ဆင့္ေခၚျခင္းမဟုတ္ေၾကာင္း ဟန္စစ္မင္း ရိပ္စားမိသည္။

"ကြၽန္ေတာ္မ်ိဳး ေရာက္ရွိေၾကာင္းပါ ။"

ဟန္စစ္မင္းက အရိုအေသေပးကာ ေျပာသည္။

"စစ္သူႀကီးမင္း ထိုင္ပါေလ။"

"မွန္လွပါ။ "

ဟန္စစ္မင္းက ေနရာတြင္ ထိုင္ကာ အေျခအေနကို အကဲခတ္သည္။

"စစ္သူႀကီးမင္းရွိတာက တိုင္းျပည္အတြက္
အားတစ္ခုပါပဲ ၊ ဒီႏွစ္ေတြအေတာအတြင္း စစ္သူႀကီးက တိုင္းျပည္ကို ၿခိမ္းေျခာက္လာသမွ် အႏၱရာယ္ေတြကို အခ်ိန္မႏွောင့္ႏွေးေစပဲ ဖယ္ရွားခဲ့တာပ။"

"ကြၽန္ေတာ္မ်ိဳးရဲ႕ အသက္နဲ႕ ခႏၶာကို တိုင္းျပည္အတြက္ ေပးအပ္ထားၿပီးသားပါ ဘုရား။
ဒါ့ေၾကာင့္ ကြၽန္ေတာ္မ်ိဳး အသက္ရွင္ေနသေ႐ြ႕ေတာ့ တိုင္းျပည္အက်ိဳး ထမ္း႐ြက္ေနဦးမွာပါ။"

"ဒါေၾကာင့္လည္း အင္းဝျပည္က စစ္သူႀကီးမင္းကို လိုအပ္ေပတာပဲ။"

"မွန္လွပါ ။"

"ကျွန်ုပ်က စစ္သူႀကီးမင္းအတြက္ ျပင္ဆင္ထားတဲ့ ဆုလာဘ္ေတြကို  သေဘာက်လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။"

ေျမာက္နန္းမိဖုရား၏ စကားဆုံးသည္ႏွင့္ အေစခံတစ္ဦးက ေပစာလိပ္တစ္ခုအား ဟန္စစ္မင္းထံ ရိုက်ိဳးစြာ ေပးသည္။ ထို႔ေနာက္ မိဖုရားက သူ၏ စကားကို ဆက္ေျပာသည္။

"ဒါက လြန္ခဲ့တဲ့ ၂၅ႏွစ္က အမႈမွတ္တမ္း တစ္ခုပါ။ သာမာန္အရပ္သား တစ္ေယာက္က အင္းဝျပည္ကို တိုက္ခိုက္ဖို႔ အတြင္းသတင္းအခ်က္အလက္ေတြကို တျခားတိုင္းျပည္ကို သတင္းေပးခဲ့တယ္ဆိုတဲ့ စြဲခ်က္ေၾကာင့္ ဘုရင္မင္းျမတ္ကိုယ္တိုင္ သတ္မိန့္ေပးခဲ့တဲ့ အမႈပဲ။
ဒါေပမယ့္ ကျွန်ုပ်တို့ ဘက္က စုံစမ္းၾကည့္တဲ့အခါမွာေတာ့ သက္ေသအတုေတြနဲ႕ ယိုးစြပ္ခံခဲ့ရတဲ့  သာမန္အရပ္သားတစ္ေယာက္အဖို႔
မတရားမႈျဖစ္ေနခဲ့တယ္။  က်န္ရစ္သူ မိသားစုခမ်ာလည္း ပုန္းလွ်ိုးကြယ္လွ်ိုး ဇာတ္ျမဳပ္ေနထိုင္ခဲ့ရတယ္။ စစ္သူႀကီးမင္း စိတ္ဝင္စားမယ္ ထင္ပါတယ္။ "

ဟန္စစ္မင္းက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေျမာက္နန္းမိဖုရားက အဘယ္ေၾကာင့္ ဤအမႈကိစၥကို စိတ္ဝင္စားသနည္းဟုေတြးမိၿပီး တစ္ခ်ိန္တည္းတြင္ ထိုအမႈကို စိတ္ဝင္စားမိသည္။

"မွန္လွပါ ကြၽန္ေတာ္မ်ိဳး ေသေသခ်ာခ်ာ စုံစမ္းစစ္ေဆးပါ့မယ္။"

"စစ္သူႀကီးကို တစ္ခု ေတာင္းဆိုခ်င္တာ ရွိပါတယ္။"

"မိန့္ေတာ္မူပါ ဘုရား။"

"ဒီအမႈမွန္ကို သိၿပီးတာနဲ႕ ဒီနန္းေဆာင္ကို ျပန္လာခဲ့ေပးပါ ။ စစ္သူႀကီးမင္းရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္အေျဖေပးပါ ။ "

"မွန္လွပါ ဘုရား။"

ဟန္စစ္မင္းက မိဖုရားႏွင့္ အနည္းငယ္ စကားေျပာၿပီးေနာက္ နန္းေဆာင္မွ ထြက္သြားခဲ့သည္။

ထိုမိဖုရားက ဟန္စစ္မင္း၏ ေက်ာျပင္ကို ၾကည့္ရင္း ၿပဳံးသည္။ ဟန္စစ္မင္းက တိုင္းျပည္အတြက္ အစြမ္းကုန္ ႀကိဳးစားအားထုတ္သူျဖစ္သည့္အျပင္ ခစားသည့္  ျပည့္ရွင္ဘုရင္ အေပၚတြင္လည္း သစၥာပ်က္မည့္ လူစားမ်ိဳးမဟုတ္ေပ။ရွင္ဘုရင္အေပၚမွာလည္း သစၥာေစာင့္တည္သူ ျဖစ္သည္။ ထို႔ျပင္ အင္းဝျပည္၏ ပဓာနျဖစ္ေသာ စစ္သူႀကီးေလးဦးထဲတြင္လည္း အသက္အငယ္ဆုံးႏွင့္ အင္အားအႀကီးဆုံးျဖစ္ျပန္သည္။

ေျမာက္နန္းမိဖုရားႀကီးက ထိုသို႔ ျပည့္စုံေသာသူကို မိမိတို႔ အစီအစဥ္အတြက္ လက္လြတ္ခံမည္မဟုတ္ေပ။ သို႔ေသာ္ ေတာ္႐ုံစကားပရိယာယ္ေလာက္ႏွင့္လည္း ဟန္စစ္မင္းကို ေသြးေဆာင္၍  ရမည္မဟုတ္မွန္း သိေနခဲ့သည္။ မိဖုရားကား ဟန္စစ္မင္းက သူ႕ဘက္ပါလာေစနိုင္မည့္ အျခားနည္းလမ္းကို ေအာင္ျမင္စြာ ရွာေဖြေတြ႕ရွိခဲ့သည္။

"စစ္သူႀကီးမင္းက လက္ခံပါ့မလား ဘုရား။"

အတြင္းဝန္က ဒြိဟျဖစ္ေနသည့္ ေလသံျဖင့္ ဆိုသည္။

"သစၥာတရားကို ေငြေၾကးေပးၿပီး ဝယ္လို႔မရရင္ လက္တုံ႕ျပန္ေစမယ့္ ေသြးေႂကြးနဲ႕ ဝယ္ယူရတာေပါ့ အကိုေတာ္။"

ေျမာက္နန္းမိဖုရားက ႏႈတ္ခမ္းတစ္ဖက္ကို ေကြးသည္ဆို႐ုံမွ် ၿပဳံးကာ ေရခဲတမွ်ေအးစက္လွသည့္ အသံျဖင့္ ဆိုသည္။ အတြင္းဝန္ကမူေတာ့ ေခါင္းညိတ္လွ်က္ တျဖည္းျဖည္း မွ ေပ်ာက္ကြယ္သြားသည့္ ဟန္စစ္မင္း၏ ပုံရိပ္ကို ေငးၾကည့္ေနခဲ့သည္။

Continue Reading

You'll Also Like

P I E C E S By Arr_Sheng

Mystery / Thriller

65.5K 7.9K 10
This story book presented by Zawgyi & UNICODE. #Zawgyi ဤဇာတ္လမ္းတြင္ ပါဝင္ေသာ ဇာတ္ေကာင္၊အေၾကာင္းအရာမ်ားသည္ စာေရးသူ၏ ကုိယ္ပုိင္စိတ္ကူးျဖင့္ ဖန္တီးေရးသ...
498K 50.4K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
142K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...
164K 19K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...