သူမ ညေနကတည္းက အိပ္ေပ်ာ္ေနတာ ႏိုးလာေတာ့ ည၁၁ နာရီ႐ွိေနၿပီ။ ဆက္၍ အိပ္လို႔မရေတာ့။
သူမ သတိရလာတာ ၁ ပတ္႐ွိခဲ့ၿပီ။
သူမ သတိရစဥ္တုန္းက 'Jennie' လို႔ေခၚတဲ့မိန္းမပ်ိဳကို အဲ့ေန႔ကတည္းက သူမခုထိမေတြ႔ရေတာ့။
Young တို႔ကိုေမးေတာ့လည္း မယ္မယ္ရရမေျဖ။
' သတိရလာတဲ့အခါေရာက္လာမွာပါSoo'
လို႔သာ ျပန္ေျဖသည္။
သူမဘာလို႔ သူ႔ကိုမမွတ္မိရတာလဲ။
ဒီရက္ေတြအတြင္း သူမ rehabilitative exercise(ျပန္လည္ထူေထာင္ေရးေလ့က်င့္ခန္း) ေတြကို ႀကိဳးစားၿပီးလုပ္ေသာေၾကာင့္ သူမ ခႏၶာကိုယ္နဲ႔လက္က ေကာင္းေကာင္းလႈပ္ႏိုင္ေနၿပီ။ ေျခေထာက္ကေတာ့ လမ္းေလ်ွာက္လိုက္တိုင္းနာေနဆဲပင္။
သူမအခန္းျပတင္းေပါက္ကေန လမင္းကိုလွမ္းျမင္ေနရသည္။ထို႔ေၾကာင့္ ထကာ wheel chair ေပၚကို တက္ရင္း ျပတင္းေပါက္နားကို တေရြ႔ေရြ႔တိုးသြားလိုက္သည္။ ျပတင္းတံခါးက ဂ်က္မထိုးထားတာမို႔ သူမ ေလရ႐ွိရန္ အသာေလးဖြင့္လိုက္သည္။
ညေလးေအးက သူမမ်က္ႏွာကို ကလူက်ီစယ္လ်က္။
'Jennie Jennie Jennie'
သူမသက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
ဝမ္းနည္းရိပ္သန္းေနတဲ့မ်က္ဝန္းေတြက ဘာလို႔နာက်င္စရာေကာင္းေနရတာလဲ။ေနာက္ၿပီး Jennie ရဲ႕မ်က္ခြံေပၚကမွဲ႔နက္တစ္လံုး သူမ ရဲ႕႐ွည္လ်ားတဲ့အိပ္မက္ေတြထဲမွာပါတဲ့ အမ်ိဳးသမီး လိုပဲ။
'အိပ္မက္ထဲက အမ်ိဳးသမီး က Jennie ပဲလား'
လမင္းရဲ့အလင္းေရာင္ရယ္ ေတာက္ပေနတဲ့ၾကယ္ကေလးေတြရယ္ ဟာ ပန္းခ်ီကားတစ္ခ်ပ္လိုပဲ။
တံခါးဖြင့္သံၾကားရ၍ သူမလန္႔သြားသည္။
အခန္းထဲက မီးေရာင္က အနည္းငယ္မွိန္ေဖ်ာ့ေနသည့္အျပင္ မ်က္လံုးကပါ အေဝးမျမင္ရတာေၾကာင့္ ဘယ္သူလဲ သူမ မွန္းဆမရ။
တျဖည္းျဖည္း ေ႐ွ႕ကိုတိုးလာတာေၾကာင့္ သူမမ်က္ႏွာကို ေသခ်ာျမင္ရသြားသည္။
"Jennie ဒီအခ်ိန္ႀကီး ဘာလာလုပ္တာလဲ''
"နင္ကေရာ ဒီအခ်ိန္ထိမအိပ္ေသးဘူးလားJisoo''
တစ္ပတ္ေလာက္ေပ်ာက္ေနသည့္လူက ႐ုတ္တရက္ေပၚလာေတာ့လည္း ညနက္ႀကီးမွာ။
Jisoo က မအိပ္ေသးပဲ wheel chairေပၚမွာထိုင္ရင္းျပတင္းေပါက္နားမွာ႐ွိေနေသာေၾကာင့္သူမလန္႔သြားသည္။
အခုလို Jisoo အိပ္ေနသည့္အခ်ိန္မွသူမလာကာ Jisoo ကိုၾကည့္ရင္းအလြမ္းေျဖရသည္။
အခုေတာ့ သူက ႏိုးေနေသာေၾကာင့္ သူမ အိုးတိုးအန္းတန္းျဖစ္သြားသည္။
"ေကာင္းကင္ႀကီးကိုၾကည့္ေနတာေလ အိပ္မေပ်ာ္တာနဲ႔ လမင္းႀကီးက အထီးက်န္သလိုမခံစားရဘူးလား ၾကယ္ေလးေတြနဲ႔မတူပဲ''
Jennie ဟာ သူမနားကိုလာရပ္ရင္း
"ငါအလုပ္မအားလို႔ ဒီအခ်ိန္မွနင့္ဆီလာျဖစ္တာ''
သူမ ၏ဆင္ေျခကို Jisoo က ဘာမွခြန္းတုန္႔မျပန္။
"လမင္းႀကီးက အထီးမက်န္ပါဘူး လမင္းကိုနင့္လိုပဲေငးၾကည့္တဲ့သူေတြ႐ွိေနတာပဲေလ''
"ငါတို႔အရင္က ဘယ္ေလာက္ထိရင္းႏွီးခဲ့ၾကလဲJennie Young တို႔လိုပဲလား''
"နင္နဲ႔ငါက အရင္တုန္းက မရင္းႏွီးခဲ့ၾကဘူး Jisoo ရဲ႕''
"ေျသာ္ သိခဲ့တာေရာၾကာၿပီလား''
"11 years ago ေပါ႔ နင္ကိုမာဝင္တဲ့ အခ်ိန္ကတည္းကတြက္ရင္ အဲ့ထဲကသ္ိခဲ့ၾကတာ ဒါေပမဲ့ ရယ္ေတာ့ရယ္ရတယ္ ငါတို႔ျပန္ေတြ႔ခဲ့တာ 2ပတ္ေက်ာ္ေက်ာ္ေလာက္ပဲ႐ွိေသးတာကို အခုလိုျဖစ္သြားတယ္
ေနာက္ၿပီး...
Jennie က ဆက္မေျပာေသးပဲ တံု႔ဆိုင္းေနသည္။
ထို႔ေနာက္စိတ္ကိုတင္းကာ
"နင္အခုလိုျဖစ္တာ ငါ႔ေၾကာင့္ပဲ Jisoo''
Jisooရဲ႕ မ်က္ႏွာကတည္ၿငိမ္ေနသည္။သူ႔ကိုအခုလိုျဖစ္ေအာင္လုပ္ခဲ့သူနဲ႔စကားေျပာေနေသာ္လည္း စိတ္ဆိုးဟန္ ေဒါသထြက္ဟန္မ႐ွိ။
"ဒါေပမဲ့ ငါအခုျပန္သတိရလာၿပီေလ ၿပီးေတာ့ Jennie နင့္ေၾကာင့္ျဖစ္တယ္ဆိုၿပီး ေနာင္တစိတ္ေတြနဲ႔မ႐ွင္သန္နဲ႔''
Jisoo က အရင္တုန္းကလိုပဲ သူမ်ားကိုအျပစ္တင္စိတ္မ႐ွိခဲ့။
"နင္ၾကယ္ေတြကိုခ်စ္လား Jennie''
"ၾကယ္တိုင္းေတာ့မဟုတ္ဘူးငါခ်စ္တဲ့ၾကယ္ေလးေတာ့႐ွ္ိတာေပါ႔''
"ေကာင္းကင္မွာၾကယ္ေတြအမ်ားႀကီးကို ဘယ္ၾကယ္ဆိုၿပီးေရြးခ်စ္လို႔ရေသးတာလား''
"ရတာေပါ႔ ဘာလို႔ဆို ငါခ်စ္တဲ့ၾကယ္ေလးက ငါ႔နားမွာ႐ွိတယ္ေလ''
Jennie စကားေၾကာင့္ Jisooျပံဳးမိသြားသည္။
Jennie က စိတ္ကူးယဥ္တတ္ေသးတာပဲ။
ထို္႔ေနာက္သူ က အခန္းမီး မွိန္ေဖ်ာ့ေဖ်ာ့ကိုပါသြားပိတ္လိုက္သည္။
"အခုမွပဲ လေရာင္ကို အျပည့္အဝခံစားရေတာ့တယ္''
Jennie က Jisoo ရဲ႕ေဘးမွာ မတ္တပ္ရပ္ေနသည္။
"ငါနင့္က္ုိ မမွတ္မိလို႔ေတာင္းပန္ပါတယ္ Jennie''
"အင္း ငါဝမ္းနည္းတယ္ Jisoo က်န္တဲ့လူေတြအကုန္လံုးေရာ နင့္အလုပ္အကိုင္ေတြပါ အကုန္မွတ္မိေနၿပီးမွ ငါတစ္ေယာက္တည္းကိုပဲ နင့္မွတ္ဥာဏ္ေတြက Delete လုပ္ပစ္ရက္တယ္''
Jennie ရဲ႕ အသံက တုန္ယင္ေနသည္။
"ဒါေပမဲ့ Jennie''
Jisoo ဘာဆက္ေျပာမလဲJennie နားစြင့္ေနသည္။
"ႏွလံုးသားမွာ မွတ္ဥာဏ္႐ွိတယ္ထင္တယ္''
"ငါ႔ႏွလံုးသားက နင့္ကိုရင္းႏွီးေနတယ္''
Jennie Jisoo ရဲ႕ wheel chair ကို သူမဖက္လွည့္ရင္း Jisoo ေ႐ွ႕မွာ ဒူးတစ္ဖက္ေထာက္ကာ ထိုင္ခ်လိုက္သည္။
"လေရာင္က လူ႔စိတ္ကိုျဖားေယာင္းတယ္ Jisoo အသိဥာဏ္ကိုပါ ညိဳွ႕ယူပစ္လိုက္သလိုမ်ိဳးေပါ႔''
တျဖည္းျဖည္း နဲ႔Jennie ရဲ႕မ်က္ႏွာဟာ Jisoo နဲ႔နီးကပ္လာသည္။
မ်က္ႏွာႏွစ္ခုၾကား အကြာအေဝးဟာ လက္တစ္ဝါးစာေလာက္ပဲ႐ွိေတာ့သည္။
"ငါ႔ကိုနမ္းမလို႔လား ''
Jisoo အသံၾကားမွ သူမ ႐ွက္ကိုး႐ွက္ကန္းျဖစ္ကာ မ်က္ႏွာကိုျပန္႐ုတ္လိုက္သည္။
"လေရာင္ရဲ႕ျဖားေယာင္းမႈေၾကာင့္ေတာ့ ငါအနမ္းတစ္ပြင့္ကိုမလိုခ်င္ဘူး''
"Sorry Jisoo''
"ရပါတယ္''
သူမတို႔ၾကားျပန္လည္တိတ္ဆိတ္သြားသည္။
"Astrophel''
Jisoo က ႐ုတ္တရက္ထေျပာလိုက္တာေၾကာင့္
"ဟင္''
"ၾကယ္ေတြကို ခ်စ္ျမတ္ႏိုးသူကို Astrophel လို႔ေခၚတာမလား''
"ေျသာ္ အင္း ဟုတ္တယ္ေလ'' သူမလည္းအေယာင္ေယာင္းအမွားမွားႏွင့္ေထာက္ခံလိုက္သည္။
"Philip Sidney ရဲ႕ Astrophel & Stella ဆိုတဲ့ Sonnet sequence ကို သတ္ိရသြားလို႔ပါ''
Sonnet-စာေၾကာင္း ၁၄ေၾကာင္းပါေသာ ကဗ်ာျဖစ္ၿပီး ကာရန္နေဘ ေတြက တသမတ္တည္းပံုစံႏွင့္လာသည္။
"Loving in truth, and fain in verse my love to show အဲ့ တစ္ပုဒ္ေတာ့ငါသိတယ္''
"အင္း ဟုတ္တယ္ Sonnet ေကာင္းတစ္ပုဒ္ျဖစ္ဖို႔အတြက္ Rhyme ေတြ႐ွိရတယ္
Pleasure might cause her read, reading might make her know အဲ့ဒီမွာ ဆို Show&Know က rhymeပဲေလ''
"အင္း''
"အခ်စ္ဆိုတဲ့ Sonnet တစ္ပုဒ္မွာ ႏွလံုးသား Rhyme ေတြပါသင့္တယ္မလား အဲ့ဒါေၾကာင့္ တစ္စံုတစ္ခုရဲ႕ျဖားေယာင္းမႈနဲ႔ စိတ္ခံစားခ်က္ကိုမတည္ေဆာက္နဲ႔''
Jisoo ဆိုလိုခ်င္သည့္အေၾကာင္းအရင္းကိုသူမ သေဘာေပါက္သြားသည္။
နာရီစင္ဆီမွ ၁၂ခ်က္ျမည္သံကိုၾကားရသည္။
" နင္ဒီမွာပဲ အိပ္သြားေလ အရမ္းညည့္နက္ေနၿပီမလားျပန္ဖို႔''
လူနာေစာင့္လွဲဖို႔ ဆိုဖာ႐ွိေသာ္လည္း ျခံဳဖို႔ေစာင္ကမ႐ွိ။
Jisooက Jennieရဲ႕အေတြးကိုသိသည့္အလား
ကုတင္ေပၚမွာပဲအိပ္လိုက္ေလ ကုတင္က က်ယ္ပါတယ္။
Jennie က ခဏေနေတာ့အိပ္ေပ်ာ္သြားသည္ထင္သည္။ Jisooကေတာ့ အိပ္လ္ု႔ိမေပ်ာ္ အေတြးေတြက ဦးေႏွာက္ထဲမွာပ့်ံၾကဲေနသည္။
Unicode
သူမ ညနေကတည်းက အိပ်ပျော်နေတာ နိုးလာတော့ ည၁၁ နာရီရှိနေပြီ။ ဆက်၍ အိပ်လို့မရတော့။
သူမ သတိရလာတာ ၁ ပတ်ရှိခဲ့ပြီ။
သူမ သတိရစဉ်တုန်းက 'Jennie' လို့ခေါ်တဲ့မိန်းမပျိုကို အဲ့နေ့ကတည်းက သူမခုထိမတွေ့ရတော့။
Young တို့ကိုမေးတော့လည်း မယ်မယ်ရရမဖြေ။
' သတိရလာတဲ့အခါရောက်လာမှာပါSoo'
လို့သာ ပြန်ဖြေသည်။
သူမဘာလို့ သူ့ကိုမမှတ်မိရတာလဲ။
ဒီရက်တွေအတွင်း သူမ rehabilitative exercise(ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်း) တွေကို ကြိုးစားပြီးလုပ်သောကြောင့် သူမ ခန္ဓာကိုယ်နဲ့လက်က ကောင်းကောင်းလှုပ်နိုင်နေပြီ။ ခြေထောက်ကတော့ လမ်းလျှောက်လိုက်တိုင်းနာနေဆဲပင်။
သူမအခန်းပြတင်းပေါက်ကနေ လမင်းကိုလှမ်းမြင်နေရသည်။ထို့ကြောင့် ထကာ wheel chair ပေါ်ကို တက်ရင်း ပြတင်းပေါက်နားကို တရွေ့ရွေ့တိုးသွားလိုက်သည်။ ပြတင်းတံခါးက ဂျက်မထိုးထားတာမို့ သူမ လေရရှိရန် အသာလေးဖွင့်လိုက်သည်။
ညလေးအေးက သူမမျက်နှာကို ကလူကျီစယ်လျက်။
'Jennie Jennie Jennie'
သူမသက်ပြင်းတစ်ချက်ချလိုက်သည်။
ဝမ်းနည်းရိပ်သန်းနေတဲ့မျက်ဝန်းတွေက ဘာလို့နာကျင်စရာကောင်းနေရတာလဲ။နောက်ပြီး Jennie ရဲ့မျက်ခွံပေါ်ကမှဲ့နက်တစ်လုံး သူမ ရဲ့ရှည်လျားတဲ့အိပ်မက်တွေထဲမှာပါတဲ့ အမျိုးသမီး လိုပဲ။
'အိပ်မက်ထဲက အမျိုးသမီး က Jennie ပဲလား'
လမင်းရဲ့အလင်းရောင်ရယ် တောက်ပနေတဲ့ကြယ်ကလေးတွေရယ် ဟာ ပန်းချီကားတစ်ချပ်လိုပဲ။
တံခါးဖွင့်သံကြားရ၍ သူမလန့်သွားသည်။
အခန်းထဲက မီးရောင်က အနည်းငယ်မှိန်ဖျော့နေသည့်အပြင် မျက်လုံးကပါ အဝေးမမြင်ရတာကြောင့် ဘယ်သူလဲ သူမ မှန်းဆမရ။
တဖြည်းဖြည်း ရှေ့ကိုတိုးလာတာကြောင့် သူမမျက်နှာကို သေချာမြင်ရသွားသည်။
"Jennie ဒီအချိန်ကြီး ဘာလာလုပ်တာလဲ''
"နင်ကရော ဒီအချိန်ထိမအိပ်သေးဘူးလားJisoo''
တစ်ပတ်လောက်ပျောက်နေသည့်လူက ရုတ်တရက်ပေါ်လာတော့လည်း ညနက်ကြီးမှာ။
Jisoo က မအိပ်သေးပဲ wheel chairပေါ်မှာထိုင်ရင်းပြတင်းပေါက်နားမှာရှိနေသောကြောင့်သူမလန့်သွားသည်။
အခုလို Jisoo အိပ်နေသည့်အချိန်မှသူမလာကာ Jisoo ကိုကြည့်ရင်းအလွမ်းဖြေရသည်။
အခုတော့ သူက နိုးနေသောကြောင့် သူမ အိုးတိုးအန်းတန်းဖြစ်သွားသည်။
"ကောင်းကင်ကြီးကိုကြည့်နေတာလေ အိပ်မပျော်တာနဲ့ လမင်းကြီးက အထီးကျန်သလိုမခံစားရဘူးလား ကြယ်လေးတွေနဲ့မတူပဲ''
Jennie ဟာ သူမနားကိုလာရပ်ရင်း
"ငါအလုပ်မအားလို့ ဒီအချိန်မှနင့်ဆီလာဖြစ်တာ''
သူမ ၏ဆင်ခြေကို Jisoo က ဘာမှခွန်းတုန့်မပြန်။
"လမင်းကြီးက အထီးမကျန်ပါဘူး လမင်းကိုနင့်လိုပဲငေးကြည့်တဲ့သူတွေရှိနေတာပဲလေ''
"ငါတို့အရင်က ဘယ်လောက်ထိရင်းနှီးခဲ့ကြလဲJennie Young တို့လိုပဲလား''
"နင်နဲ့ငါက အရင်တုန်းက မရင်းနှီးခဲ့ကြဘူး Jisoo ရဲ့''
"သြော် သိခဲ့တာရောကြာပြီလား''
"11 years ago ပေါ့ နင်ကိုမာဝင်တဲ့ အချိန်ကတည်းကတွက်ရင် အဲ့ထဲကသ်ိခဲ့ကြတာ ဒါပေမဲ့ ရယ်တော့ရယ်ရတယ် ငါတို့ပြန်တွေ့ခဲ့တာ 2ပတ်ကျော်ကျော်လောက်ပဲရှိသေးတာကို အခုလိုဖြစ်သွားတယ်
နောက်ပြီး...
Jennie က ဆက်မပြောသေးပဲ တုံ့ဆိုင်းနေသည်။
ထို့နောက်စိတ်ကိုတင်းကာ
"နင်အခုလိုဖြစ်တာ ငါ့ကြောင့်ပဲ Jisoo''
Jisooရဲ့ မျက်နှာကတည်ငြိမ်နေသည်။သူ့ကိုအခုလိုဖြစ်အောင်လုပ်ခဲ့သူနဲ့စကားပြောနေသော်လည်း စိတ်ဆိုးဟန် ဒေါသထွက်ဟန်မရှိ။
"ဒါပေမဲ့ ငါအခုပြန်သတိရလာပြီလေ ပြီးတော့ Jennie နင့်ကြောင့်ဖြစ်တယ်ဆိုပြီး နောင်တစိတ်တွေနဲ့မရှင်သန်နဲ့''
Jisoo က အရင်တုန်းကလိုပဲ သူများကိုအပြစ်တင်စိတ်မရှိခဲ့။
"နင်ကြယ်တွေကိုချစ်လား Jennie''
"ကြယ်တိုင်းတော့မဟုတ်ဘူးငါချစ်တဲ့ကြယ်လေးတော့ရှ်ိတာပေါ့''
"ကောင်းကင်မှာကြယ်တွေအများကြီးကို ဘယ်ကြယ်ဆိုပြီးရွေးချစ်လို့ရသေးတာလား''
"ရတာပေါ့ ဘာလို့ဆို ငါချစ်တဲ့ကြယ်လေးက ငါ့နားမှာရှိတယ်လေ''
Jennie စကားကြောင့် Jisooပြုံးမိသွားသည်။
Jennie က စိတ်ကူးယဉ်တတ်သေးတာပဲ။
ထို့်နောက်သူ က အခန်းမီး မှိန်ဖျော့ဖျော့ကိုပါသွားပိတ်လိုက်သည်။
"အခုမှပဲ လရောင်ကို အပြည့်အဝခံစားရတော့တယ်''
Jennie က Jisoo ရဲ့ဘေးမှာ မတ်တပ်ရပ်နေသည်။
"ငါနင့်က်ို မမှတ်မိလို့တောင်းပန်ပါတယ် Jennie''
"အင်း ငါဝမ်းနည်းတယ် Jisoo ကျန်တဲ့လူတွေအကုန်လုံးရော နင့်အလုပ်အကိုင်တွေပါ အကုန်မှတ်မိနေပြီးမှ ငါတစ်ယောက်တည်းကိုပဲ နင့်မှတ်ဉာဏ်တွေက Delete လုပ်ပစ်ရက်တယ်''
Jennie ရဲ့ အသံက တုန်ယင်နေသည်။
"ဒါပေမဲ့ Jennie''
Jisoo ဘာဆက်ပြောမလဲJennie နားစွင့်နေသည်။
"နှလုံးသားမှာ မှတ်ဉာဏ်ရှိတယ်ထင်တယ်''
"ငါ့နှလုံးသားက နင့်ကိုရင်းနှီးနေတယ်''
Jennie Jisoo ရဲ့ wheel chair ကို သူမဖက်လှည့်ရင်း Jisoo ရှေ့မှာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။
"လရောင်က လူ့စိတ်ကိုဖြားယောင်းတယ် Jisoo အသိဉာဏ်ကိုပါ ညှို့ယူပစ်လိုက်သလိုမျိုးပေါ့''
တဖြည်းဖြည်း နဲ့Jennie ရဲ့မျက်နှာဟာ Jisoo နဲ့နီးကပ်လာသည်။
မျက်နှာနှစ်ခုကြား အကွာအဝေးဟာ လက်တစ်ဝါးစာလောက်ပဲရှိတော့သည်။
"ငါ့ကိုနမ်းမလို့လား ''
Jisoo အသံကြားမှ သူမ ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာကိုပြန်ရုတ်လိုက်သည်။
"လရောင်ရဲ့ဖြားယောင်းမှုကြောင့်တော့ ငါအနမ်းတစ်ပွင့်ကိုမလိုချင်ဘူး''
"Sorry Jisoo''
"ရပါတယ်''
သူမတို့ကြားပြန်လည်တိတ်ဆိတ်သွားသည်။
"Astrophel''
Jisoo က ရုတ်တရက်ထပြောလိုက်တာကြောင့်
"ဟင်''
"ကြယ်တွေကို ချစ်မြတ်နိုးသူကို Astrophel လို့ခေါ်တာမလား''
"သြော် အင်း ဟုတ်တယ်လေ'' သူမလည်းအယောင်ယောင်းအမှားမှားနှင့်ထောက်ခံလိုက်သည်။
"Philip Sidney ရဲ့ Astrophel & Stella ဆိုတဲ့ Sonnet sequence ကို သတ်ိရသွားလို့ပါ''
(Sonnet-စာကြောင်း ၁၄ကြောင်းပါသော ကဗျာဖြစ်ပြီး ကာရန်နဘေ တွေက တသမတ်တည်းပုံစံနှင့်လာသည်။)
"Loving in truth, and fain in verse my love to show အဲ့ တစ်ပုဒ်တော့ငါသိတယ်''
"အင်း ဟုတ်တယ် Sonnet ကောင်းတစ်ပုဒ်ဖြစ်ဖို့အတွက် Rhyme တွေရှိရတယ်
Pleasure might cause her read, reading might make her know အဲ့ဒီမှာ ဆို Show&Know က rhymeပဲလေ''
"အင်း''
"အချစ်ဆိုတဲ့ Sonnet တစ်ပုဒ်မှာ နှလုံးသား Rhyme တွေပါသင့်တယ်မလား အဲ့ဒါကြောင့် တစ်စုံတစ်ခုရဲ့ဖြားယောင်းမှုနဲ့ စိတ်ခံစားချက်ကိုမတည်ဆောက်နဲ့''
Jisoo ဆိုလိုချင်သည့်အကြောင်းအရင်းကိုသူမ သဘောပေါက်သွားသည်။
နာရီစင်ဆီမှ ၁၂ချက်မြည်သံကိုကြားရသည်။
" နင်ဒီမှာပဲ အိပ်သွားလေ အရမ်းညည့်နက်နေပြီမလားပြန်ဖို့''
လူနာစောင့်လှဲဖို့ ဆိုဖာရှိသော်လည်း ခြုံဖို့စောင်ကမရှိ။
Jisooက Jennieရဲ့အတွေးကိုသိသည့်အလား
ကုတင်ပေါ်မှာပဲအိပ်လိုက်လေ ကုတင်က ကျယ်ပါတယ်။
Jennie က ခဏနေတော့အိပ်ပျော်သွားသည်ထင်သည်။ Jisooကတော့ အိပ်လို့မပျော် အတွေးတွေက ဦးနှောက်ထဲမှာပျံ့ကြဲနေသည်။