That Omega is so cute and I can’t help Part 23
အိုလီ Facebookသုံးနေရင်း Raymus status အသစ်တင်တယ်လို့ သူ့မှာ Notiဝင်လာတာမို့ ကြည့်လိုက်တော့ ရေးထားတဲ့Caption က ''Its time for trip"တဲ့။
မနက်တုန်းက ကျောင်းမှာတွေ့တုန်းက ဒီကောင် ခရီးသွားမယ်လို့လဲ မပြောပါဘူး၊ အခုကျမှ ခရီးသွားမယ် ဆိုပါလား။ဘယ်ကိုသွားမှာလဲ မသိဘူး။
အိုလီ လက်မနှေးပဲ Raymusဆီ Messager ကနေ စာတစ်စောင် အမြန်ပို့လိုက်တယ်။
^ဟေ့ ယောက်ဖ^
^ပြော ယောက်ဖ^
Reply ပြန်လာတာ ချက်ချင်းပဲ၊ Raymus တစ်ကောင် ရည်းစားမရှိတာ အရမ်းသိသာတယ်။
စောင် FA ဆိုတော့လည်း Messagerမှာ စာပို့မယ့်သူက သူငယ်ချင်းပဲရှိတာကိုး၊ reply မြန်မှာပေါ့။
^မင်း Statusတွေ့လို့ ဘယ်သွားမလို့လဲ^
^ဟဲဟဲ ကိုကိုကြီးနဲ့ ခရီးသွားမလို့လေ^
^ဟမ် ကိုကိုကြီးနဲ့ ခရီးသွားမယ် ဟုတ်လား^
ကိုကိုကြီးဆိုတဲ့ အမည်နာမလေးကို စာကြောင်းအဖြစ်မြင်တွေ့လိုက်ရရုံနဲ့ အိုလီ့မှာ ဖျတ်ခနဲ ရင်ခုန်မြန်သွားတယ်။
အဲ့ဒီလောက်ထိ ချစ်ရတာတောင် ကိုကိုကြီးကတော့ အမူကောင်းနေတယ်။
ဘယ်မလဲ အိုလီ့အတွက် တရားမျှတမှု။
^အေး ဟုတ်တယ် ကိုကိုကြီးနဲ့^
^ဘယ်တော့ သွားမှာလဲ^
^မနက်ဖြန်သွားမှာ^
^ဘယ်ကိုသွားမှာလဲ မင်းကငါ့ကိုတောင်မပြောဘူး အချင်းချင်းလျှိုတယ်နော်^
^မဟုတ်ပါဘူးကွာ ကိုကိုကြီးက အလုပ်ကိစ္စနဲ့ သွားမှာ ငါတောင် ခုနကမှ သိရတာ ဒါပေမယ့် ငါလိုက်ချင်တယ်ဆိုပြီး ကိုကိုကြီးကို အတင်းပြောလို့ ကိုကိုကြီးကနှစ်ရက်ထဲသွားမှာမို့လို့ လိုက်ချင်လိုက်ခဲ့ဆိုပြီး ကိုကိုကြီးက ငါ့ကိုခွင့်ပြုလိုက်တာ^
^နေပါဦး ခရီးက ဘယ်ကိုသွားမှာလဲ ^
^ဪGolden beachကိုသွားမှာလေ သိလား^
^Golden beachကို ကောင်းလှချည်လား ဘာသွားလုပ်မှာလဲ^
^ကိုကိုကြီးတို့က အဲ့ဒီမှာ Hotelဝယ်မလို့တဲ့ အဲ့တာအခြေအနေ သွားကြည့်မလို့^
^ဟင် Hotel တောင်ဝယ်မယ် အဲ့ဒီက Hotelတွေက ဈေးမသေးဘူးမလား အသစ်ဆောက်မှာမဟုတ်ပဲ Hotelဝယ်မှာလား^
^အေး ဟုတ်တယ် အသစ်ဆောက်နေရင် ကြာလို့တဲ့ လက်ရှိ run နေတဲ့ Hotelကို ပဲ ပြန်ပြီး Renovateလုပ်ပြီး ကိုကိုကြီးတို့က ဖွင့်မယ်လို့ပြောတယ်^
^ကားကနေ Hotel ဘက်ကို ခြေဦးလှည့်မယ်ပေါ့လေ^
^ကားထုတ်တာကတော့ Daddyရဲ့ အမွေပေါ့ကွာ ဒါပေမယ့် ကိုကိုကြီးက နဂိုတည်းက Hotel ဘက်ကို စိတ်ဝင်စားတာဆိုတော့ Hotel တစ်လုံးဝယ်မယ်လို့ အမြဲပြောနေကြ၊ အခုမှပဲအကောင်အထည်ဖော်ရမှာ^
^ကောင်းတယ် ကောင်းတယ် ငါ့ရဲ့ကိုကိုကြီးကတော့ စီးပွားရေး အကွက်အကွင်းဆို မြင်တတ်သလားမမေးနဲ့ ^
^အံမယ် ငါ့ရဲ့ကိုကိုကြီးဆိုပဲ^
^ဟုတ်တာပဲ ငါ့ရဲ့ကိုကိုကြီး ၊ငါ့ရဲ့တစ်ဦးတည်းသော ကိုကိုကြီးလေ^
^မင်းကလဲ အလာကြီးပဲ ^
^ဒါနဲ့ မင်းခရီးသွားရင် ငါလည်းလိုက်ချင်တယ်^
^ဟျောင့် ခရီးက မနက်ဖန် သွားမှာနော မင်းအိမ်ကလွှတ်ပါ့မလား^
^အထူးအဆန်းလုပ်လို့ပြောနေပြန်ပြီ။ ငါ့အိမ်က မင်းနဲ့ဆိုရင် လကမ္ဘာသွားလဲလွှတ်တယ်။ ဒါနဲ့ဘာနဲ့သွားမှာလဲ^
^ကားနဲ့ပဲလေ ကိုကိုကြီးက သိပ်မဝေးတဲ့ ခရီးတွေဆိုရင် သူ့ကားနဲ့ပဲ အမြဲသွားနေကျဟာကို^
^ငါလိုက်လို့ရော ဖြစ်ပါ့မလား^
^ဖြစ်ပါတယ် ကားက အကျယ်ကြီးဟာကို ဒါတောင် မနက်ဖန် ခရီးသွားဖို့အတွက် ကားအကြီးတစ်စီး ရုံးကနေ ယူရင်ယူထားမှာ မပြောတတ်ဘူး^
^အဲ့တာဆိုရင် ငါမနက်လာခဲ့မယ်နော်၊ ဘယ်ချိန်လာရမှာလဲ ^
^အိမ်ကနေ ခြောက်နာရီလောက်ထွက်မယ် ပြောတာပဲ မင်း ငါးနာရီခွဲလောက် အရောက်လာခဲ့လေ^
^okieယောက်ဖ အာ့ဆို မနက်ဖန်မှ တွေ့မယ်နော် ဒါပဲ ဒါပဲ^
Raymusနဲ့ ဖုန်းချပြီး ဖုန်းကို ကုတင်ပေါ်ပစ်တင်ကာ အိုလီတစ်ယောက် ဗီဒိုကို ဝုန်းခနဲ ဖွင့်လိုက်တော့တယ်။
ကိုကိုကြီးနဲ့ နှစ်ယောက်အတူ ခရီးသွားရမှာဆိုတော့ ကိုကိုကြီးကို အစွမ်းကုန်ရှိုးပြဖို့အရေး အလှဆုံးဆိုတဲ့အကျီတွေ အမိုက်ဆုံးဆိုတဲ့အကျီတွေ ဝတ်သွားရမှာပဲ။
ဒါက အိုလီ့အတွက်တော့ သိပ်အခက်အခဲမရှိပါဘူး။
သူက Fashion kingပဲလေ၊ကိုကိုကြီး ကြွေကျသွားအောင် လုပ်ပစ်မှာ ၊ခရီးက ပြန်လာရင်တော့အိုလီတစ်ယောက် ဘဲရချည်သေးရဲ့။
xxxxxxxx
ဆောင်းရာသီ မနက်ခင်းက အတော်လေးအေးတာမို့ အိုလီ့မှာ အတွင်းအကျီ ဆွယ်တာအထူဝတ်ထားရတဲ့အပြင် အနွေးထည်အထူကြီးပါ ထပ်ဝတ်လာရတယ်။
အိုလီက အရမ်းအေးတဲ့ ဒဏ်ကိုမခံနိုင်တာမို့ နွေးနွေးထွေးထွေးဝတ်မှ တော်ကာကျမယ်။
တော်ကြာ ခရီးသွားပြီး နေမကောင်းဖြစ်နေလို့ ကိုကိုကြီးနဲ့နှစ်ပါးမသွားရပဲ ဆေးနဲ့နှစ်ပါးသွားနေရရင်ဒုက္ခ။
"Morning ကိုကိုကြီး''
ခြံရှေ့မှာ ရပ်ထားတဲ့ ကားနားမှာ ရပ်နေတဲ့ ကိုကိုကြီးနားကိုသွားပြီး အိုလီနှုတ်ဆက်လိုက်တော့ ကိုကိုကြီးမျက်နှာမှာ အံ့ဩမှုတွေ အတိုင်းသား။
"အိုလီ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ''
"အဟဲ ကိုကိုကြီးတို့နဲ့ ခရီးလိုက်မလို့လေ''
"ဘယ်…ဘယ်ကနေ ဘယ်လို သိသွားတာလဲ''
အထစ်ထစ်အငေါ့ငေါ့နဲ့မေးဟန်က အိုလီ ခရီးကိုလိုက်မယ်ဆိုလို့ လန့်သွားတာကို ဖော်ညွှန်းနေသယောင်။
*အဲ့ဒီလောက်လဲ ကြောက်မနေပါနဲ့ ကိုကိုကြီးရဲ့ ကျွန်တော်က ကိုကိုကြီးကို ဝါးမစားပါဘူး ဖြည်းဖြည်းချင်းပဲစားမှာ*
အိုလီ့ရဲ့ နဲနဲညစ်ညမ်းတဲ့ အတွေးကြောင့် ကိုယ့်ဘာသာ ပြုံးဖြီးဖြီး ဖြစ်သွားတယ်။
"ဟေ့ မေးနေတာ မဖြေပဲနဲ့ ဘာလို့ပြုံးစိစိလုပ်နေတာလဲ''
"သြော် ကိုကိုကြီးညီက ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းလေ အဲ့တော့ ကျွန်တော်သိတာ ဆန်းလို့လား''
"မင်းကို ဘယ်သူက ခရီးခေါ်သွားမယ်ပြောလို့ ဒီအထိရောက်လာတာလဲ''
"ကိုကိုကြီးကလည်း အဲ့လိုမလုပ်ပါနဲ့ ဟိုအရင်ကလည်း ကိုကိုကြီးတို့ မိသားစုခရီးသွားရင် ကျွန်တော်လိုက်နေကျပဲဟာကို ဘာဖြစ်လို့ အဲ့လောက်ထိ စိမ်းကားနေရတာလဲ''
အနည်းငယ် ဝမ်းနည်းသွားတဲ့ ဟန်ပန်မျိုး အိုလီ့မျက်နှာမှာ ဆင်မြန်းထားပြီး ကိုကိုကြီးကို မေးလိုက်တော့ ကိုကိုကြီးက ဘာမှမပြောပဲ သက်ပြင်းချတယ်။
"ပြီးရောပြီးရော အဲ့တာဆိုလည်းလိုက် ကိုယ့်ဘာကိုယ် Raymusနဲ့နေနော် ကိုယ်က အလုပ်များနေမှာ ကိုယ့်အနားမှာ လာမရှုပ်နဲ့ ''
ကိုကိုကြီးက သူ့အန္တာရာယ်ကို သူကြိုသိလို့ ထင်တယ်၊ကြိုတင်ပြီး စကားကာထားလေရဲ့။
*စိတ်မပူပါနဲ့ ကိုကိုကြီး ကျွန်တော်ကလည်း ကိုကိုကြီးကိုပဲ လိုက်ရှုပ်မှာပါ*
မိမိကို ပတ်ပြေးချင်နေတဲ့ ကိုကိုကြီးကို ဒီခရီးမှာ အပိုင်သိမ်းမယ်ဆိုတဲ့ အတွေးနဲ့ အိုလီ့စိတ်ထဲမှာ ဖြူစင်မနေခဲ့ဘူး။
ကိုကိုကြီး အိမ်ထဲဝင်သွားတာကို Raymusနဲ့အိုလီ ကားပေါ်မှာ ထိုင်စောင့်နေတဲ့ အချိန်မှာ ကိုလတ်ထွက်လာတာတွေ့လိုက်တယ်။
အဲ့တာကြောင့် အိုလီ့မှာ Raymusကို ခပ်တိုးတိုးမေးလိုက်တယ်။
"Raymus ကိုလတ်လိုက်မယ်လို့လည်း ငါ့ကိုမပြောပါလား''
"ဪ ငါပြောမို့ မေ့နေတာ''
"ဟာ ဒုက္ခပါပဲ ''
"မင်းကလည်း ငါ့အကိုကို ဘာဖြစ်လို့လဲ''
"ဘာမှမဖြစ်မှာစိုးလို့ကွ ငါက ဒီခရီးမှာ ကိုကိုကြီးကို အပီကပ်မယ်လို့ စဉ်းစားထားတာ ကိုလတ်ရှိနေတော့ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ မင်းလည်း သိတဲ့အတိုင်းပဲ ကိုလတ်နဲ့ ငါက အရင်တုန်းကတည်းက ကိုကိုကြီးထက် ရင်းနှီးတာဆိုတော့ ဒီခရီးကျမှ ခပ်ခွာခွာနေလို့မကောင်းဘူးလေ။ ကိုလတ်ကလဲ ငါ့ကိုလိုက်ကြည့်နေမှာပဲ''
Raymus ကို ခပ်တိုးတိုးကပ်ပြောလို့မှမဆုံးသေး၊ ကိုလတ်က အနားရောက်လာကာ အိုလီ့ကို နှုတ်ဆက်တော့တယ်။
"Morning အိုလီ၊ ကိုယ်တို့ အိုလီလေးက ဝီရိယကောင်းနေပါလား အစောကြီးရောက်နေတာလား''
"ဟုတ်တယ် ကိုလတ်ရဲ့ ကျွန်တော်က ကိုလတ်ခရီးလိုက်မယ်ဆိုတာတောင် မသိဘူး''
"သိတော့ စိတ်ညစ်သွားတာလား''
"ဟာ မဟုတ်ပါဘူးနော် ပျော်သွားတာပါ''
အိုလီ့ရဲ့ အဖြေကြောင့် Raymusက ခုနတုန်းကတော့ တစ်မျိုးဆိုပြီး အကြည့်မျိုးနဲ့ ကြည့်တယ်။
မတတ်နိုင်ဘူးလေ ကိုလတ်ကလဲ ယောက်ဖလောင်းပဲ ဖားရတော့မှာပေါ့။
အိုလီတို့နှစ်ယောက်နဲ့ကိုလတ်နဲ့ ဟိုဟိုဒီဒီစကားပြောနေတုန်းမှာပဲ ကိုကိုကြီးက အိမ်ထဲကနေ ထွက်လာတယ်။
"ကဲ သွားကြတော့မလား''
"ခနလေး ကိုကိုကြီး ကျွန်တော့်အတွင်းရေးမှူး မရောက်လာသေးလို့''
သြော် ကိုယ်တွေပဲတောင်မဟုတ်၊ ထပ်ပြီး တခြားလူပါသေးတာလား၊ အလုပ်ကိစ္စနဲ့ သွားမယ့်အရေးကို လူတွေအများကြီး ခရီးကို လိုက်နေတော့ BusinessTripနဲ့မတူပဲ Family tripနဲ့ တူနေတာပေါ့။
ဒါပေမယ့် ဘာနဲ့တူတူ အရေးမကြီးပါဘူးလေ၊ကိုလတ်က သူ့အတွင်းရေးမှူး ပါလာမယ်ဆိုတော့ သူ့ဘာသူ အလုပ်ရှုပ်နေရင် ကိုကိုကြီးနဲ့အိုလီကို အာရုံ သိပ်ထားနိုင်မှာ မဟုတ်ဘူး။
အဲ့တာပိုလို့တောင် ကောင်းသေးတယ်။
သိပ်တော့ မစောင့်လိုက်ရပါဘူး၊ငါးမိနစ်လောက်အတွင်းမှာပဲ ကိုလတ်ရဲ့အတွင်းရေးမှူး ဖြစ်ပုံရမယ့် အကိုလာတယ်။
အသားဖြူဖြူ မျက်မှန်ဝိုင်းနဲ့ ခန္တာကိုယ်ကတော့ တော်တော် ပိန်ပိန်ပါးပါးရှိတယ်။ ပုံစံလေးက တစ်မျိုးလေးဆိုပေမယ့် ချောတော့ ချောတာအမှန်ပဲ။
ပုံစံကို ကြည့်လိုက်တာနဲ့ အဲ့ဒါ omega တစ်ယောက်ပဲဆိုတာ အိုလီသိလိုက်ပြီ။
နေစမ်းပါဦး ကိုလတ်ရဲ့ အတွင်းရေးမှူးက Omegaတစ်ယောက်သာ မှန်ရင် ရုပ်ကလေးကလည်း ချောချောလေးဆိုတော့ ကိုလတ်နဲ့မှ ကင်းရှင်းရဲ့လား။
ချက်ဆို နားကွက်က မီးတောက်ပြီးသား အိုလီက ကိုယ့်အတွေးနဲ့ကိုယ် လျှောက်တွေးနေမိပြန်တယ်။
ဘေးက Raymusက ဘာလဲဆိုတဲ့ အထာနဲ့ ကြည့်ပေမယ့် ရှူးတိုးတိုးလို့သာ လုပ်ပြလိုက်ရတယ်။
ဒီကိစ္စက ဒီလိုအခြေအနေမှာ ဆွေးနွေးလို့ မကောင်းသေးဘူးလေ။
အိုလီဆက်ပြီး အကဲခတ်ကြည့်နေတဲ့ အချိန်မှာပဲ အဲ့ဒီအတွင်းရေးမှူးဘေးမှာ ကလေးလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
ကလေးရဲ့ပုံစံကို မြင်လိုက်တဲ့အချိန်မှာပဲ အိုလီနဲ့Raymus တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံသွားတယ်။
နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက ဘာကိုပြောချင်တယ်ဆိုတာ အချင်းချင်းတော့ နားလည်ကြတယ်။
ဒီကလေးလေးက တော်တော်ကြီးကို ကိုလတ်နဲ့တူတာပဲ။
နှစ်ယောက်လုံးက ငယ်ငယ်တည်းက ကိုလတ်လက်ပေါ်မှာ ကြီးတယ်လို့ ပြောလို့ရတာမို့ ကိုလတ်ယ်ငယ်တုန်းက ဘယ်လိုပုံစံလဲဆိုတာ ကောင်းကောင်းလေးသိတယ်လေ။
ကိုလတ်ဓာတ်ပုံတွေလည်း မြင်ဖူးတာမို့ ဒီကလေးလေးက ကိုလတ်အသေးစားလေးလို့ ပြောရင် ယုံနိုင်တယ်ဆိုတာ နှစ်ယောက်လုံးသဘောပေါက်လိုက်တယ်။
ဒါပေမယ့် သူတို့သဘောမပေါက်တာက ကိုလတ်နဲ့ အဲ့ဒီအတွင်းရေးမှူးကြားထဲမှာ ဘာတွေရှိမယ် ဆိုတာပဲ။
ဒီခရီးစဉ်ကတော့ မထင်မှတ်ပဲ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးစဉ်ဖြစ်လာတော့မှာအသေအချာပဲဆိုတာ အိုလီရိပ်စားမိလိုက်ပြီ။
xxxxxxxxx
Nicholas အခုတလော ဘာဖြစ်နေတယ်ဆိုတာကို Samနားမလည်နိုင်ဘူး။
တကယ်ဆို အခုသွားမယ့်ခရီးက သူမလိုက်လည်း ဘာမှမဖြစ်တာကို သူ့ကို လိုက်ခဲ့ဖို့ အတင်း force လုပ်ပြီးခေါ်တယ်။
သူ့မှာ ကလေးတစ်ယောက်နဲ့ ဒီလိုခရီးမျိုးကို မလိုက်နိုင်ဘူး ဆိုတာ Nicholas မရိပ်မိတာတော့မဖြစ်နိုင်၊ သိရက်သားနဲ့ တမင်လုပ်တာလို့ Sam ထင်တယ်။
ဘယ်သူကများ အသက်သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ရက်ပိုင်းလောက် ထိန်းပေးဖို့အတွက် လက်ခံပေးနိုင်မှာလဲ။
အမှန်ဆိုရင် Sam အခြေအနေက အလုပ်ထွက်ပြီးတောင် ကလေးနဲ့နေရမယ့် အခြေအနေထိ ဖြစ်ခဲ့တာ။
ဒီကလေးလေးမွေးပြီးတော့ တစ်နှစ်အကြာမှာ Samရဲ့မေမေက ဆုံးသွားတယ်။
မေမေရှိတုန်းကတော့ ကလေးကို မေမေက ထိန်းပေးပေမယ့် မေမေဆုံးသွာတဲ့ အချိန်မှာ ကလေးတစ်ဖက်နဲ့ Sam အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်။
Baby လေးကို ဒုက္ခလို့ မသတ်မှတ်ချင်ပေမယ့် Sam အဲ့ဒီအချိန်က တကယ့်ကိုကူကယ်ရာမဲ့ပြီးဒုက္ခပင်လယ်ဝေခဲ့တာအမှန်။ ကလေးထိန်းဖို့ အလုပ်ထွက်လိုက်ရင်လည်း သူက ဘယ်ပိုက်ဆံနဲ့ သွားပြီး စားသောက်ရမလဲ။
ပြီးတော့ ကလေးဆိုတာမျိုးက အရွယ်ရောက်ပြီး ကြီးလာဦးမှာ။ ဒီကလေးလေး ကြီးလာရင် ကုန်ကျမယ့် ကျောင်းစရိတ်ကအစ အကုန်လုံးက သူ့ခေါင်းပေါ်မှာပဲ။
အဲ့ဒီအတွက်ကြောင့် သူအလုပ်ထွက်ဖို့လည်း မဖြစ်နိုင်ဘူး။
တစ်နှစ်အရွယ် ကလေးလေးတစ်ယောက်နဲ့ သူဘာလုပ်ရမယ်မှန်းမသိ စိတ်ပင်ပန်းနေတဲ့အချိန်မှာ သူ့ရဲ့ညီမဝမ်းကွဲလေးတစ်ယောက်က မူကြိုဖွင့်မယ်ဆိုတော့ သူ့အတွက် ကယ်တင်ရှင်တွေ့လိုက်သလိုပဲ။
ပုံမှန်ဆိုရင် သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို နာရီပိုင်းလောက်ပဲ မူကြိုတွေက လက်ခံတတ်ကြပေမယ့် ဒီကလေးလေးက Sam ရဲ့သား၊ ညီမလေးရဲ့တူလဲ တော်စပ်တာကြောင့် မနက်ပိုင်း Sam ရုံးသွားတဲ့အချိန်ကနေ လာထားခဲ့ပြီး Sam ရုံးဆင်းတော့မှ လာခေါ်ဖို့ကို သဘောတူပေးခဲ့တယ်။
အဲ့ဒီအတွက် ညီမလေးကတော့ ငြင်းဆန်ခဲ့ပေမယ့် Sam က မူကြိုကျောင်းစရိတ်အပြင် အပိုဆောင်းပြီး ကျောင်းစရိတ် ၂ ဆပေးကာ ကလေးကို စောင့်ရှောက်ပေးဖို့ သူမကို အပ်ခဲ့ရတယ်။
အရင်တုန်းက Sam ရဲ့သူဌေးဖြစ်တဲ့ဥက္ကဌကြီးက Sam ရဲ့ အခြေအနေကို နားလည်ခဲ့တာမို့ လစာဆိုရင်လည်း တွေးပူစရာမလိုလောက်အောင် သာမာန်အတွင်းရေးမှူး တစ်ယောက်ထက်ပိုပြီး ပေးခဲ့တာမို့ ငွေရေးကြေးရေးကတော့ Sam အတွက် ပြဿနာအကြီးကြီး မရှိခဲ့ဘူး။
ဒါပေမယ့် ဘယ်လောက်ပဲ ညီမဝမ်းကွဲလေးလို့ ပြောပြော ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောကဆီမှာ သားလေးကို နေ့တိုင်းအကြာကြီး ထားခဲ့ရတာ Sam ရင်ထဲမှာ ပူပန်စိတ်တွေ ဒုနဲ့ဒေးပါပဲ။
ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ဒီလမ်းက Sam ရွေးချယ်ခဲ့တာ။
ဒီကလေးလေးကို ကိုယ်ဝန်ရှိနေပြီလို့ သိတဲ့အချိန်ကစပြီး Sam မှာ ဒီကလေးကို မမွေးဖို့အတွက် ဆုံးဖြတ်လိုက်ရင် ရပါလျက်နဲ့ သူက ဒီကလေးလေးကို လူ့လောကထဲကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။
ဒါ့ကြောင့်မို့ အခုချိန်မှာ သူနောင်တတွေရမနေချင်တော့ဘူး။ သူရွေးချယ်ခဲ့တဲ့ လမ်းက သူတစ်သက်လုံး လျှောက်မယ့်လမ်းပဲ။ သူတွဲထားမယ့်လက်ကလည်း ဒီကလေးလေးရဲ့ လက်ပေါ့။
"သားနာမည်က ဘယ်လိုခေါ်လဲ''
နားထဲဝင်လာတဲ့ အသံကြောင့် Sam အတွေးလွန်နေရာကနေပြီး လက်ရှိအခြေအနေကို ပြန်ရောက်လို့လာတယ်။
Sam နံဘေးနားမှာ ထိုင်နေတဲ့ သားဖြစ်သူကို အနောက်ခုံကနေ လှမ်းမေးတဲ့သူက Nathaniel Groupက သားအငယ်ဆုံး Raymus Nathaniel ဖြစ်တယ်။
သူ့ပုံကြည့်ရတာ သားသားကို အရမ်းစ်ိတ်ဝင်စားနေတဲ့ ပုံစံပဲ။
အေးပေါ့လေ သားသားက ချစ်မွှေးပါပြီး တစ်စုံတစ်ယောက်နဲ့ ဆင်နေတာကို။
"တားတား နာမည်က Nixonပါ ခင်ည''
အသက်ငယ်သေးပေမယ့် Sam ရဲ့ဆုံးမ ဩဝါဒအောက်မှာ နေတာမို့ သားက တစ်ခါတစ်ရံ ဂျစ်ကန်ကန်နိုင်တာက လွဲလို့ များသောအားဖြင့် ယဉ်ကျေးလိမ်မာတဲ့ ကလေးတစ်ယောက်လို့ လူတိုင်းက သတ်မှတ်ကြတယ်။
"အိုက်ရိုး နာမည်လေးက Nixon တဲ့လား။ ချစ်ဖို့ကောင်းလိုက်တာ သားသားက အသက်ဘယ်လောက်ရှိပြီလဲ''
"တားတား အတက်က တုံးနှစ်ပါ ခင်ည''
သားဖြစ်သူက Raymuမေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေနေတယ်။
ထူးတော့ထူးဆန်းတာပဲ သားက တော်ရုံလူကို အရောမဝင်တတ်ပေမယ့် ဒီမိသားစုနဲ့ ပတ်သတ်လာရင်တော့ အဲဒီလို မဟုတ်သလိုပဲ။
ဟိုတစ်နေ့ကလည်း Samရဲ့ ညီမလေးက Nicholas ဆီမှာ ထားခဲ့တော့ သူက အေးအေးဆေးဆေးပဲနေခဲ့တယ်။
အခုလည်း Raymusက သူ့ကို အမေးအမြန်းထူနေတာတောင် စိတ်ရှည်ရှည်နဲ့ ဖြေနေတုန်းပဲ။
Sam တို့ သားအဖနှစ်ယောက်ရယ် Nicholas တို့ ညီအစ်ကိုသုံးယောက်ရယ် နောက်Raymus သူငယ်ချင်း ကောင်လေးတစ်ယောက်ရယ် အားလုံးပေါင်း ခရီးသွားမယ့်သူက ၆ယောက်၊ ကားသမားအပါအဝင်ဆိုရင် ၇ယောက်ကို သူတို့က Nathaniel group ကထုတ်တဲ့ ကားအကြီးတစ်စီးနဲ့ပဲ အတူတူ ကမ်းခြေကို ထွက်လာခဲ့ကြတာ။
ကိုကိုကြီးကတော့ အရှေ့ခန်းမှာ ထိုင်ပြီး ကားရဲ့အလယ်ခန်းမှာတော့ Samရယ် သားသားရယ် Nicholas ရယ် ထိုင်ကြတယ်။
Sam နဲ့ ကလေးနဲ့ နောက်ခန်းမှာ သွားထိုင်မယ်လို့ ပြောပေမယ့် လမ်းခရီးမှာ ကလေးမူးတာအန်တာမျိုး ဖြစ်မှာစိုးလို့ သူတို့က အလယ်ခုံမှာပဲ ထိုင်ပါလို့ ပြောတာမို့ Sam မှာလည်း မငြင်းနိုင်တော့ပဲ ကိုလတ်နဲ့အတူ အလယ်ခုံမှာ ထိုင်ရတယ်။ ကလေးနဲ့က အခုမှခရီးဝေးကို ပထမဆုံးသွားဖူးတာဆိုတော့ ကလေးက ကားမူးမမူးဆိုတာ သူလဲ အသေအချာမသိနိုင်ပါ။
နောက်ခန်းမှာတော့ Raymus နဲ့သူ့သူငယ်ချင်း ကောင်လေးက ထိုင်တယ်။
သူ့သားက မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေနေတာမို့ Raymus တို့သူငယ်ချင်းနှစ်ယောက်နဲ့ သားသားက အဖွဲ့ကျလို့တောင်နေတယ်။
Sam မသိမသာနဲ့ သားသားရဲ့ ဘေးမှာထိုင်နေတဲ့ Nicholasကို တစ်ချက် အကဲခတ်ကြည့်လိုက်တယ်။
Nicholas ကတော့ သားပြောတာတွေကို စိတ်ဝင်စားပုံမရပါဘူး။
နေကာမျက်မှန်ကြီး တပ်လို့ ရှေ့တည့်တည့်ကို ရှုတည်တည်နဲ့ ကြည့်နေတာပဲ။ Nicholas က များသောအားဖြင့် အဲ့လိုပုံစံမျိုးပဲ။
သူလိုချင်တာရှိလို့ တောင်းဆိုတတ်တဲ့အချိန်မှသာ မျက်နှာချိုသွေးတတ်တာ။
"Sammy တားခေါင်းနဲနဲမူးဒယ်''
"ဟင် Babyခေါင်းအရမ်းမူးနေတာလား ဒုက္ခပါပဲ ဘယ်လိုလုပ်ရပါ့မလဲ၊ခဏလေး Daddyဆေးရှာပေးမယ်နော်''
Sam လည်း သားလေးမူးနေတယ်ဆိုတဲ့ စကားကြားတာမို့ သူ့ရဲ့အိတ်ကိုယူပြီး ခေါင်းမူးရင် တိုက်ရမယ့်ဆေး လိုက်ရှာနေလိုက်တယ်။
အဲ့ဒီအချိန်မှာပဲ Nicholas က သူ့အိတ်ကပ်ထဲမှာ ရှိတဲ့ သကြားလုံးတစ်ခုကိုယူပြီး သားလေးကိုပေးလိုက်တယ်။
"ရော့ မူးနေရင် ဒါလေးစားထားလိုက်၊ ဦးခေါင်းမူးရင် အမြဲစားနေကျ''
Nicholas စကားကိုကြားတော့ သားလေးက Nicholas လက်ထဲက သကြားလုံးကို ယူဖို့ လက်ဆန့်လိုက်တယ်။
"ခဏလေး ဦးဖောက်ပေးမယ်''
Nicholas က မထင်မှတ်ထားစွာ သားကို သကြားလုံးတောင် ဖောက်ကျွေးနေလိုက်သေးတယ်။ Sam မှာတော့ အံ့ဩပြီး သူတို့နှစ်ယောက်ကို ငေးကြည့်နေမိတယ်။
သားနဲ့ Nicholas က အရမ်းကို အဆင်ပြေနေတာ ထူးဆန်းလိုက်တာ။
ကလေးတစ်ယောက်ကို သကြားလုံးဖောက်ကျွေးဖို့လောက် စိတ်ရှည်ဖို့မပြောနဲ့ သူ့အတွက်သူတောင် သိပ်စိတ်ရှည်တတ်တာ မဟုတ်တဲ့ Nicholas က သားကိုတော့ စိတ်ရှည်လက်ရှည်နဲ့ လုပ်ပေးနေတာပဲ။
သားကလည်း Nicholas ကျွေးတာကို အမေးအမြန်းမရှိ ယူစားပြီး မျက်လုံးလေးပြန်မှိတ်ပြီး ကားနောက်ခုံကို မှီလို့နေတယ်။
"Baby အိပ်တော့မို့လား မအိပ်နဲ့ဦး၊Daddy ဒီမှာဆေးတိုက်မယ်လေ''
Sam စကားကို သားလေးက မတုံ့ပြန်ခင်မှာ Nicholas က ကြားဝင်ပြောတယ်။
"ဖြစ်နိုင်ရင် ကလေးကို ဆေးတွေမတိုက်ပါနဲ့၊ဆေးတွေက Side effectမရှိဘူးလို့ ဘယ်လောက်ပဲပြောပြော မလိုအပ်ရင် မတိုက်တာ အကောင်းဆုံးပဲ၊သကြားလုံးစားလိုက်ရင် သူအမူးပြေ သွားမှာပါ''
"အိပ်မယ် Sammy တားချေးမတောက်ချင်ဝူး''
သားလေးကပါ အဲ့လိုဝင်ပြောနေတော့Sam လည်း ဆေးကိုအိတ်ထဲ ပြန်ထည့်ထားလိုက်တယ်။
တအားဆိုးပြီး အန်လာမှပဲ တိုက်တော့မယ်လို့ Sam လည်း စဉ်းစားလိုက်တယ်။
တစ်အောင့်ကြာတော့ သားလေးက အိပ်ပျော်သွားတယ်ထင်ပါရဲ့။ သူ့ဘက်ကို မမှီပဲ Nicholas ရှိရာဘက်ကိုပဲ ခေါင်းက ဇက်ငိုက်ပြီး ကျသွားတယ်။
Sam ကတော့ ဘေးမှာ သားလေးရှိတာမို့ အိပ်မပျော်တော့ သားလေးအဲ့လိုဖြစ်တာကို တန်းမြင်တာပဲ။
Nicholas ကို အားနာတဲ့စိတ်နဲ့ Sam က သားရဲ့ကိုယ်ကို ဆွဲယူပြီး သူ့ဘက်ကို မှီပေးဖို့ ကြိုးစားတော့ Nicholas လက်က လှမ်းတားတာနဲ့ ကြုံပြန်တယ်။
"ကလေးက ဒီဘက်ကို မှီဖို့ အားသာနေလို့ဖြစ်မယ် နေပါစေ''
အဲ့ဒီလိုပြောပြီး သူက သားလေးကို သူ့ဘက်ကို ဆွဲယူလိုက်တယ်။
ဘုရားရေ Nicholas က ကလေးတစ်ယောက်ကို သူ့ပုခုံးကို မှီအိပ်ခိုင်းလိုက်တာလား။
Sam သူ့မျက်လုံးနဲ့ သူမြင်နေတာ မဟုတ်ရင် ယုံနိုင်မှာတောင် မဟုတ်ဘူး။
ပါးစပ်အဟောင်းသားနဲ့ ဘာမှမပြောနိုင်တဲ့ အချိန်မှာပဲ Nicholas က သားကိုဖက်ပြီး အိပ်စက်ဖို့ ကြိုးစားနေတာပဲ။
တစ်ကားလုံးက တိတ်ဆိတ်ငြိမ်သက်ပြီး သူ့ဘာသူ အိပ်ပျော်နေကြပေမယ့် Sam ရင်ထဲမှာတော့ စိုးရိမ်စိတ်တစ်ချို့နဲ့ အိပ်မပျော်နိုင်ဘူး။
*မဖြစ်ဘူး Nicholasနဲ့သားလေးကို ဒီထက်ပိုပြီး ရင်းနှီးစေလို့ မဖြစ်ဘူး*
Sam မှာ အတွေးတို့နဲ့ စိတ်မချမ်းမြေ့နိုင် ဖြစ်နေခဲ့တယ်။
A. N - ဇာတ်လမ်းကိုခွဲပစ်ရမလား မခွဲရဘူးလားလို့ မေးထားတာလေးကို ဖြေပေးကြလို့ကျေးဇူးတင်ပါတယ်။ အများစုရဲ့ဆန္ဒအရ ဒီအတိုင်းလေးပဲဆက်ရေးမှာပါ။ အပိုင်းတိုင်းကို အတွဲအားလုံးနီးပါးပါအောင် အရှည်ကြီးကြိုးစားပြီးရေးပေးထားပါတယ်။ နောက် အပိုင်းကရှည်လာပြီ ဇာတ်ရည်မလည်သေးဘူးဆိုတာလဲ တွေ့ပါတယ်။ ဝေဖန်ပေးလို့ကျေးဇူးတင်ပါတယ်။ ဒီဇာတ်လမ်းမှာ အမရေးတဲ့ပုံစံက မြှပ်ကွက်တွေအများကြီးလဲထည့်မထားပါဘူး။ ဒါပေမယ့် အခုမြင် အခုကြိုက်ဇာတ်လမ်းမျိုးမဟုတ်ပဲ အချိန်တစ်ခုကို ဇာတ်ကောင်တွေအားလုံးဖြတ်သန်းပြီးသွားမှ သူ့လူနဲ့သူ အဆင်ပြေသွားမှာပေါ့နော်။ အစတည်းကလဲ ဒီဇာတ်လမ်းက ရှည်မှာပါလို့တော့ပြောထားပါတယ်။ ချစ်ပေးကြတဲ့ အယောက် ၈၀၊၉၀ ဝန်းကျင်သော စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်။
Zawgyi
That Omega is so cute and I can’t help Part 23
အိုလီ Facebookသုံးေနရင္း Raymus status အသစ္တင္တယ္လို႔ သူ႕မွာ Notiဝင္လာတာမို႔ ၾကည့္လိုက္ေတာ့ ေရးထားတဲ့Caption က ''Its time for trip"တဲ့။
မနက္တုန္းက ေက်ာင္းမွာေတြ႕တုန္းက ဒီေကာင္ ခရီးသြားမယ္လို႔လဲ မေျပာပါဘူး၊ အခုက်မွ ခရီးသြားမယ္ ဆိုပါလား။ဘယ္ကိုသြားမွာလဲ မသိဘူး။
အိုလီ လက္မေႏွးပဲ Raymusဆီ Messager ကေန စာတစ္ေစာင္ အျမန္ပို႔လိုက္တယ္။
^ေဟ့ ေယာက္ဖ^
^ေျပာ ေယာက္ဖ^
Reply ျပန္လာတာ ခ်က္ခ်င္းပဲ၊ Raymus တစ္ေကာင္ ရည္းစားမရွိတာ အရမ္းသိသာတယ္။
ေစာင္ FA ဆိုေတာ့လည္း Messagerမွာ စာပို႔မယ့္သူက သူငယ္ခ်င္းပဲရွိတာကိုး၊ reply ျမန္မွာေပါ့။
^မင္း Statusေတြ႕လို႔ ဘယ္သြားမလို႔လဲ^
^ဟဲဟဲ ကိုကိုႀကီးနဲ႕ ခရီးသြားမလို႔ေလ^
^ဟမ္ ကိုကိုႀကီးနဲ႕ ခရီးသြားမယ္ ဟုတ္လား^
ကိုကိုႀကီးဆိုတဲ့ အမည္နာမေလးကို စာေၾကာင္းအျဖစ္ျမင္ေတြ႕လိုက္ရ႐ုံနဲ႕ အိုလီ့မွာ ဖ်တ္ခနဲ ရင္ခုန္ျမန္သြားတယ္။
အဲ့ဒီေလာက္ထိ ခ်စ္ရတာေတာင္ ကိုကိုႀကီးကေတာ့ အမူေကာင္းေနတယ္။
ဘယ္မလဲ အိုလီ့အတြက္ တရားမွ်တမႈ။
^ေအး ဟုတ္တယ္ ကိုကိုႀကီးနဲ႕^
^ဘယ္ေတာ့ သြားမွာလဲ^
^မနက္ျဖန္သြားမွာ^
^ဘယ္ကိုသြားမွာလဲ မင္းကငါ့ကိုေတာင္မေျပာဘူး အခ်င္းခ်င္းလွ်ိုတယ္ေနာ္^
^မဟုတ္ပါဘူးကြာ ကိုကိုႀကီးက အလုပ္ကိစၥနဲ႕ သြားမွာ ငါေတာင္ ခုနကမွ သိရတာ ဒါေပမယ့္ ငါလိုက္ခ်င္တယ္ဆိုၿပီး ကိုကိုႀကီးကို အတင္းေျပာလို႔ ကိုကိုႀကီးကႏွစ္ရက္ထဲသြားမွာမို႔လို႔ လိုက္ခ်င္လိုက္ခဲ့ဆိုၿပီး ကိုကိုႀကီးက ငါ့ကိုခြင့္ျပဳလိုက္တာ^
^ေနပါဦး ခရီးက ဘယ္ကိုသြားမွာလဲ ^
^ဪGolden beachကိုသြားမွာေလ သိလား^
^Golden beachကို ေကာင္းလွခ်ည္လား ဘာသြားလုပ္မွာလဲ^
^ကိုကိုႀကီးတို႔က အဲ့ဒီမွာ Hotelဝယ္မလို႔တဲ့ အဲ့တာအေျခအေန သြားၾကည့္မလို႔^
^ဟင္ Hotel ေတာင္ဝယ္မယ္ အဲ့ဒီက Hotelေတြက ေဈးမေသးဘူးမလား အသစ္ေဆာက္မွာမဟုတ္ပဲ Hotelဝယ္မွာလား^
^ေအး ဟုတ္တယ္ အသစ္ေဆာက္ေနရင္ ၾကာလို႔တဲ့ လက္ရွိ run ေနတဲ့ Hotelကို ပဲ ျပန္ၿပီး Renovateလုပ္ၿပီး ကိုကိုႀကီးတို႔က ဖြင့္မယ္လို႔ေျပာတယ္^
^ကားကေန Hotel ဘက္ကို ေျခဦးလွည့္မယ္ေပါ့ေလ^
^ကားထုတ္တာကေတာ့ Daddyရဲ႕ အေမြေပါ့ကြာ ဒါေပမယ့္ ကိုကိုႀကီးက နဂိုတည္းက Hotel ဘက္ကို စိတ္ဝင္စားတာဆိုေတာ့ Hotel တစ္လုံးဝယ္မယ္လို႔ အၿမဲေျပာေနၾက၊ အခုမွပဲအေကာင္အထည္ေဖာ္ရမွာ^
^ေကာင္းတယ္ ေကာင္းတယ္ ငါ့ရဲ႕ကိုကိုႀကီးကေတာ့ စီးပြားေရး အကြက္အကြင္းဆို ျမင္တတ္သလားမေမးနဲ႕ ^
^အံမယ္ ငါ့ရဲ႕ကိုကိုႀကီးဆိုပဲ^
^ဟုတ္တာပဲ ငါ့ရဲ႕ကိုကိုႀကီး ၊ငါ့ရဲ႕တစ္ဦးတည္းေသာ ကိုကိုႀကီးေလ^
^မင္းကလဲ အလာႀကီးပဲ ^
^ဒါနဲ႕ မင္းခရီးသြားရင္ ငါလည္းလိုက္ခ်င္တယ္^
^ေဟ်ာင့္ ခရီးက မနက္ဖန္ သြားမွာေနာ မင္းအိမ္ကလႊတ္ပါ့မလား^
^အထူးအဆန္းလုပ္လို႔ေျပာေနျပန္ၿပီ။ ငါ့အိမ္က မင္းနဲ႕ဆိုရင္ လကမာၻသြားလဲလႊတ္တယ္။ ဒါနဲ႕ဘာနဲ႕သြားမွာလဲ^
^ကားနဲ႕ပဲေလ ကိုကိုႀကီးက သိပ္မေဝးတဲ့ ခရီးေတြဆိုရင္ သူ႕ကားနဲ႕ပဲ အၿမဲသြားေနက်ဟာကို^
^ငါလိုက္လို႔ေရာ ျဖစ္ပါ့မလား^
^ျဖစ္ပါတယ္ ကားက အက်ယ္ႀကီးဟာကို ဒါေတာင္ မနက္ဖန္ ခရီးသြားဖို႔အတြက္ ကားအႀကီးတစ္စီး ႐ုံးကေန ယူရင္ယူထားမွာ မေျပာတတ္ဘူး^
^အဲ့တာဆိုရင္ ငါမနက္လာခဲ့မယ္ေနာ္၊ ဘယ္ခ်ိန္လာရမွာလဲ ^
^အိမ္ကေန ေျခာက္နာရီေလာက္ထြက္မယ္ ေျပာတာပဲ မင္း ငါးနာရီခြဲေလာက္ အေရာက္လာခဲ့ေလ^
^okieေယာက္ဖ အာ့ဆို မနက္ဖန္မွ ေတြ႕မယ္ေနာ္ ဒါပဲ ဒါပဲ^
Raymusနဲ႕ ဖုန္းခ်ၿပီး ဖုန္းကို ကုတင္ေပၚပစ္တင္ကာ အိုလီတစ္ေယာက္ ဗီဒိုကို ဝုန္းခနဲ ဖြင့္လိုက္ေတာ့တယ္။
ကိုကိုႀကီးနဲ႕ ႏွစ္ေယာက္အတူ ခရီးသြားရမွာဆိုေတာ့ ကိုကိုႀကီးကို အစြမ္းကုန္ရွိုးျပဖို႔အေရး အလွဆုံးဆိုတဲ့အက်ီေတြ အမိုက္ဆုံးဆိုတဲ့အက်ီေတြ ဝတ္သြားရမွာပဲ။
ဒါက အိုလီ့အတြက္ေတာ့ သိပ္အခက္အခဲမရွိပါဘူး။
သူက Fashion kingပဲေလ၊ကိုကိုႀကီး ေႂကြက်သြားေအာင္ လုပ္ပစ္မွာ ၊ခရီးက ျပန္လာရင္ေတာ့အိုလီတစ္ေယာက္ ဘဲရခ်ည္ေသးရဲ႕။
xxxxxxxx
ေဆာင္းရာသီ မနက္ခင္းက အေတာ္ေလးေအးတာမို႔ အိုလီ့မွာ အတြင္းအက်ီ ဆြယ္တာအထူဝတ္ထားရတဲ့အျပင္ အေႏြးထည္အထူႀကီးပါ ထပ္ဝတ္လာရတယ္။
အိုလီက အရမ္းေအးတဲ့ ဒဏ္ကိုမခံနိုင္တာမို႔ ေႏြးေႏြးေထြးေထြးဝတ္မွ ေတာ္ကာက်မယ္။
ေတာ္ၾကာ ခရီးသြားၿပီး ေနမေကာင္းျဖစ္ေနလို႔ ကိုကိုႀကီးနဲ႕ႏွစ္ပါးမသြားရပဲ ေဆးနဲ႕ႏွစ္ပါးသြားေနရရင္ဒုကၡ။
"Morning ကိုကိုႀကီး''
ၿခံေရွ႕မွာ ရပ္ထားတဲ့ ကားနားမွာ ရပ္ေနတဲ့ ကိုကိုႀကီးနားကိုသြားၿပီး အိုလီႏႈတ္ဆက္လိုက္ေတာ့ ကိုကိုႀကီးမ်က္ႏွာမွာ အံ့ဩမႈေတြ အတိုင္းသား။
"အိုလီ ဘယ္ကေန ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္လာတာလဲ''
"အဟဲ ကိုကိုႀကီးတို႔နဲ႕ ခရီးလိုက္မလို႔ေလ''
"ဘယ္…ဘယ္ကေန ဘယ္လို သိသြားတာလဲ''
အထစ္ထစ္အေငါ့ေငါ့နဲ႕ေမးဟန္က အိုလီ ခရီးကိုလိုက္မယ္ဆိုလို႔ လန႔္သြားတာကို ေဖာ္ၫႊန္းေနသေယာင္။
*အဲ့ဒီေလာက္လဲ ေၾကာက္မေနပါနဲ႕ ကိုကိုႀကီးရဲ႕ ကြၽန္ေတာ္က ကိုကိုႀကီးကို ဝါးမစားပါဘူး ျဖည္းျဖည္းခ်င္းပဲစားမွာ*
အိုလီ့ရဲ႕ နဲနဲညစ္ညမ္းတဲ့ အေတြးေၾကာင့္ ကိုယ့္ဘာသာ ၿပဳံးၿဖီးၿဖီး ျဖစ္သြားတယ္။
"ေဟ့ ေမးေနတာ မေျဖပဲနဲ႕ ဘာလို႔ၿပဳံးစိစိလုပ္ေနတာလဲ''
"ေၾသာ္ ကိုကိုႀကီးညီက ကြၽန္ေတာ့္ အခ်စ္ဆုံးသူငယ္ခ်င္းေလ အဲ့ေတာ့ ကြၽန္ေတာ္သိတာ ဆန္းလို႔လား''
"မင္းကို ဘယ္သူက ခရီးေခၚသြားမယ္ေျပာလို႔ ဒီအထိေရာက္လာတာလဲ''
"ကိုကိုႀကီးကလည္း အဲ့လိုမလုပ္ပါနဲ႕ ဟိုအရင္ကလည္း ကိုကိုႀကီးတို႔ မိသားစုခရီးသြားရင္ ကြၽန္ေတာ္လိုက္ေနက်ပဲဟာကို ဘာျဖစ္လို႔ အဲ့ေလာက္ထိ စိမ္းကားေနရတာလဲ''
အနည္းငယ္ ဝမ္းနည္းသြားတဲ့ ဟန္ပန္မ်ိဳး အိုလီ့မ်က္ႏွာမွာ ဆင္ျမန္းထားၿပီး ကိုကိုႀကီးကို ေမးလိုက္ေတာ့ ကိုကိုႀကီးက ဘာမွမေျပာပဲ သက္ျပင္းခ်တယ္။
"ၿပီးေရာၿပီးေရာ အဲ့တာဆိုလည္းလိုက္ ကိုယ့္ဘာကိုယ္ Raymusနဲ႕ေနေနာ္ ကိုယ္က အလုပ္မ်ားေနမွာ ကိုယ့္အနားမွာ လာမရႈပ္နဲ႕ ''
ကိုကိုႀကီးက သူ႕အႏၲာရာယ္ကို သူႀကိဳသိလို႔ ထင္တယ္၊ႀကိဳတင္ၿပီး စကားကာထားေလရဲ႕။
*စိတ္မပူပါနဲ႕ ကိုကိုႀကီး ကြၽန္ေတာ္ကလည္း ကိုကိုႀကီးကိုပဲ လိုက္ရႈပ္မွာပါ*
မိမိကို ပတ္ေျပးခ်င္ေနတဲ့ ကိုကိုႀကီးကို ဒီခရီးမွာ အပိုင္သိမ္းမယ္ဆိုတဲ့ အေတြးနဲ႕ အိုလီ့စိတ္ထဲမွာ ျဖဴစင္မေနခဲ့ဘူး။
ကိုကိုႀကီး အိမ္ထဲဝင္သြားတာကို Raymusနဲ႕အိုလီ ကားေပၚမွာ ထိုင္ေစာင့္ေနတဲ့ အခ်ိန္မွာ ကိုလတ္ထြက္လာတာေတြ႕လိုက္တယ္။
အဲ့တာေၾကာင့္ အိုလီ့မွာ Raymusကို ခပ္တိုးတိုးေမးလိုက္တယ္။
"Raymus ကိုလတ္လိုက္မယ္လို႔လည္း ငါ့ကိုမေျပာပါလား''
"ဪ ငါေျပာမို႔ ေမ့ေနတာ''
"ဟာ ဒုကၡပါပဲ ''
"မင္းကလည္း ငါ့အကိုကို ဘာျဖစ္လို႔လဲ''
"ဘာမွမျဖစ္မွာစိုးလို႔ကြ ငါက ဒီခရီးမွာ ကိုကိုႀကီးကို အပီကပ္မယ္လို႔ စဥ္းစားထားတာ ကိုလတ္ရွိေနေတာ့ ဘယ္လိုလုပ္အဆင္ေျပပါ့မလဲ မင္းလည္း သိတဲ့အတိုင္းပဲ ကိုလတ္နဲ႕ ငါက အရင္တုန္းကတည္းက ကိုကိုႀကီးထက္ ရင္းႏွီးတာဆိုေတာ့ ဒီခရီးက်မွ ခပ္ခြာခြာေနလို႔မေကာင္းဘူးေလ။ ကိုလတ္ကလဲ ငါ့ကိုလိုက္ၾကည့္ေနမွာပဲ''
Raymus ကို ခပ္တိုးတိုးကပ္ေျပာလို႔မွမဆုံးေသး၊ ကိုလတ္က အနားေရာက္လာကာ အိုလီ့ကို ႏႈတ္ဆက္ေတာ့တယ္။
"Morning အိုလီ၊ ကိုယ္တို႔ အိုလီေလးက ဝီရိယေကာင္းေနပါလား အေစာႀကီးေရာက္ေနတာလား''
"ဟုတ္တယ္ ကိုလတ္ရဲ႕ ကြၽန္ေတာ္က ကိုလတ္ခရီးလိုက္မယ္ဆိုတာေတာင္ မသိဘူး''
"သိေတာ့ စိတ္ညစ္သြားတာလား''
"ဟာ မဟုတ္ပါဘူးေနာ္ ေပ်ာ္သြားတာပါ''
အိုလီ့ရဲ႕ အေျဖေၾကာင့္ Raymusက ခုနတုန္းကေတာ့ တစ္မ်ိဳးဆိုၿပီး အၾကည့္မ်ိဳးနဲ႕ ၾကည့္တယ္။
မတတ္နိုင္ဘူးေလ ကိုလတ္ကလဲ ေယာက္ဖေလာင္းပဲ ဖားရေတာ့မွာေပါ့။
အိုလီတို႔ႏွစ္ေယာက္နဲ႕ကိုလတ္နဲ႕ ဟိုဟိုဒီဒီစကားေျပာေနတုန္းမွာပဲ ကိုကိုႀကီးက အိမ္ထဲကေန ထြက္လာတယ္။
"ကဲ သြားၾကေတာ့မလား''
"ခနေလး ကိုကိုႀကီး ကြၽန္ေတာ့္အတြင္းေရးမႉး မေရာက္လာေသးလို႔''
ေၾသာ္ ကိုယ္ေတြပဲေတာင္မဟုတ္၊ ထပ္ၿပီး တျခားလူပါေသးတာလား၊ အလုပ္ကိစၥနဲ႕ သြားမယ့္အေရးကို လူေတြအမ်ားႀကီး ခရီးကို လိုက္ေနေတာ့ BusinessTripနဲ႕မတူပဲ Family tripနဲ႕ တူေနတာေပါ့။
ဒါေပမယ့္ ဘာနဲ႕တူတူ အေရးမႀကီးပါဘူးေလ၊ကိုလတ္က သူ႕အတြင္းေရးမႉး ပါလာမယ္ဆိုေတာ့ သူ႕ဘာသူ အလုပ္ရႈပ္ေနရင္ ကိုကိုႀကီးနဲ႕အိုလီကို အာ႐ုံ သိပ္ထားနိုင္မွာ မဟုတ္ဘူး။
အဲ့တာပိုလို႔ေတာင္ ေကာင္းေသးတယ္။
သိပ္ေတာ့ မေစာင့္လိုက္ရပါဘူး၊ငါးမိနစ္ေလာက္အတြင္းမွာပဲ ကိုလတ္ရဲ႕အတြင္းေရးမႉး ျဖစ္ပုံရမယ့္ အကိုလာတယ္။
အသားျဖဴျဖဴ မ်က္မွန္ဝိုင္းနဲ႕ ခႏၲာကိုယ္ကေတာ့ ေတာ္ေတာ္ ပိန္ပိန္ပါးပါးရွိတယ္။ ပုံစံေလးက တစ္မ်ိဳးေလးဆိုေပမယ့္ ေခ်ာေတာ့ ေခ်ာတာအမွန္ပဲ။
ပုံစံကို ၾကည့္လိုက္တာနဲ႕ အဲ့ဒါ omega တစ္ေယာက္ပဲဆိုတာ အိုလီသိလိုက္ၿပီ။
ေနစမ္းပါဦး ကိုလတ္ရဲ႕ အတြင္းေရးမႉးက Omegaတစ္ေယာက္သာ မွန္ရင္ ႐ုပ္ကေလးကလည္း ေခ်ာေခ်ာေလးဆိုေတာ့ ကိုလတ္နဲ႕မွ ကင္းရွင္းရဲ႕လား။
ခ်က္ဆို နားကြက္က မီးေတာက္ၿပီးသား အိုလီက ကိုယ့္အေတြးနဲ႕ကိုယ္ ေလွ်ာက္ေတြးေနမိျပန္တယ္။
ေဘးက Raymusက ဘာလဲဆိုတဲ့ အထာနဲ႕ ၾကည့္ေပမယ့္ ရႉးတိုးတိုးလို႔သာ လုပ္ျပလိုက္ရတယ္။
ဒီကိစၥက ဒီလိုအေျခအေနမွာ ေဆြးေႏြးလို႔ မေကာင္းေသးဘူးေလ။
အိုလီဆက္ၿပီး အကဲခတ္ၾကည့္ေနတဲ့ အခ်ိန္မွာပဲ အဲ့ဒီအတြင္းေရးမႉးေဘးမွာ ကေလးေလးတစ္ေယာက္ကို ျမင္လိုက္ရတယ္။
ကေလးရဲ႕ပုံစံကို ျမင္လိုက္တဲ့အခ်ိန္မွာပဲ အိုလီနဲ႕Raymus တစ္ေယာက္နဲ႕တစ္ေယာက္ အၾကည့္ခ်င္းဆုံသြားတယ္။
ႏွစ္ေယာက္လုံးရဲ႕ မ်က္လုံးေတြက ဘာကိုေျပာခ်င္တယ္ဆိုတာ အခ်င္းခ်င္းေတာ့ နားလည္ၾကတယ္။
ဒီကေလးေလးက ေတာ္ေတာ္ႀကီးကို ကိုလတ္နဲ႕တူတာပဲ။
ႏွစ္ေယာက္လုံးက ငယ္ငယ္တည္းက ကိုလတ္လက္ေပၚမွာ ႀကီးတယ္လို႔ ေျပာလို႔ရတာမို႔ ကိုလတ္ယ္ငယ္တုန္းက ဘယ္လိုပုံစံလဲဆိုတာ ေကာင္းေကာင္းေလးသိတယ္ေလ။
ကိုလတ္ဓာတ္ပုံေတြလည္း ျမင္ဖူးတာမို႔ ဒီကေလးေလးက ကိုလတ္အေသးစားေလးလို႔ ေျပာရင္ ယုံနိုင္တယ္ဆိုတာ ႏွစ္ေယာက္လုံးသေဘာေပါက္လိုက္တယ္။
ဒါေပမယ့္ သူတို႔သေဘာမေပါက္တာက ကိုလတ္နဲ႕ အဲ့ဒီအတြင္းေရးမႉးၾကားထဲမွာ ဘာေတြရွိမယ္ ဆိုတာပဲ။
ဒီခရီးစဥ္ကေတာ့ မထင္မွတ္ပဲ စိတ္ဝင္စားစရာေကာင္းတဲ့ ခရီးစဥ္ျဖစ္လာေတာ့မွာအေသအခ်ာပဲဆိုတာ အိုလီရိပ္စားမိလိုက္ၿပီ။
xxxxxxxxx
Nicholas အခုတေလာ ဘာျဖစ္ေနတယ္ဆိုတာကို Samနားမလည္နိုင္ဘူး။
တကယ္ဆို အခုသြားမယ့္ခရီးက သူမလိုက္လည္း ဘာမွမျဖစ္တာကို သူ႕ကို လိုက္ခဲ့ဖို႔ အတင္း force လုပ္ၿပီးေခၚတယ္။
သူ႕မွာ ကေလးတစ္ေယာက္နဲ႕ ဒီလိုခရီးမ်ိဳးကို မလိုက္နိုင္ဘူး ဆိုတာ Nicholas မရိပ္မိတာေတာ့မျဖစ္နိုင္၊ သိရက္သားနဲ႕ တမင္လုပ္တာလို႔ Sam ထင္တယ္။
ဘယ္သူကမ်ား အသက္သုံးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ကို ရက္ပိုင္းေလာက္ ထိန္းေပးဖို႔အတြက္ လက္ခံေပးနိုင္မွာလဲ။
အမွန္ဆိုရင္ Sam အေျခအေနက အလုပ္ထြက္ၿပီးေတာင္ ကေလးနဲ႕ေနရမယ့္ အေျခအေနထိ ျဖစ္ခဲ့တာ။
ဒီကေလးေလးေမြးၿပီးေတာ့ တစ္ႏွစ္အၾကာမွာ Samရဲ႕ေမေမက ဆုံးသြားတယ္။
ေမေမရွိတုန္းကေတာ့ ကေလးကို ေမေမက ထိန္းေပးေပမယ့္ ေမေမဆုံးသြာတဲ့ အခ်ိန္မွာ ကေလးတစ္ဖက္နဲ႕ Sam အႀကီးအက်ယ္ ဒုကၡေရာက္ခဲ့တယ္။
Baby ေလးကို ဒုကၡလို႔ မသတ္မွတ္ခ်င္ေပမယ့္ Sam အဲ့ဒီအခ်ိန္က တကယ့္ကိုကူကယ္ရာမဲ့ၿပီးဒုကၡပင္လယ္ေဝခဲ့တာအမွန္။ ကေလးထိန္းဖို႔ အလုပ္ထြက္လိုက္ရင္လည္း သူက ဘယ္ပိုက္ဆံနဲ႕ သြားၿပီး စားေသာက္ရမလဲ။
ၿပီးေတာ့ ကေလးဆိုတာမ်ိဳးက အ႐ြယ္ေရာက္ၿပီး ႀကီးလာဦးမွာ။ ဒီကေလးေလး ႀကီးလာရင္ ကုန္က်မယ့္ ေက်ာင္းစရိတ္ကအစ အကုန္လုံးက သူ႕ေခါင္းေပၚမွာပဲ။
အဲ့ဒီအတြက္ေၾကာင့္ သူအလုပ္ထြက္ဖို႔လည္း မျဖစ္နိုင္ဘူး။
တစ္ႏွစ္အ႐ြယ္ ကေလးေလးတစ္ေယာက္နဲ႕ သူဘာလုပ္ရမယ္မွန္းမသိ စိတ္ပင္ပန္းေနတဲ့အခ်ိန္မွာ သူ႕ရဲ႕ညီမဝမ္းကြဲေလးတစ္ေယာက္က မူႀကိဳဖြင့္မယ္ဆိုေတာ့ သူ႕အတြက္ ကယ္တင္ရွင္ေတြ႕လိုက္သလိုပဲ။
ပုံမွန္ဆိုရင္ သုံးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ကို နာရီပိုင္းေလာက္ပဲ မူႀကိဳေတြက လက္ခံတတ္ၾကေပမယ့္ ဒီကေလးေလးက Sam ရဲ႕သား၊ ညီမေလးရဲ႕တူလဲ ေတာ္စပ္တာေၾကာင့္ မနက္ပိုင္း Sam ႐ုံးသြားတဲ့အခ်ိန္ကေန လာထားခဲ့ၿပီး Sam ႐ုံးဆင္းေတာ့မွ လာေခၚဖို႔ကို သေဘာတူေပးခဲ့တယ္။
အဲ့ဒီအတြက္ ညီမေလးကေတာ့ ျငင္းဆန္ခဲ့ေပမယ့္ Sam က မူႀကိဳေက်ာင္းစရိတ္အျပင္ အပိုေဆာင္းၿပီး ေက်ာင္းစရိတ္ ၂ ဆေပးကာ ကေလးကို ေစာင့္ေရွာက္ေပးဖို႔ သူမကို အပ္ခဲ့ရတယ္။
အရင္တုန္းက Sam ရဲ႕သူေဌးျဖစ္တဲ့ဥကၠဌႀကီးက Sam ရဲ႕ အေျခအေနကို နားလည္ခဲ့တာမို႔ လစာဆိုရင္လည္း ေတြးပူစရာမလိုေလာက္ေအာင္ သာမာန္အတြင္းေရးမႉး တစ္ေယာက္ထက္ပိုၿပီး ေပးခဲ့တာမို႔ ေငြေရးေၾကးေရးကေတာ့ Sam အတြက္ ျပႆနာအႀကီးႀကီး မရွိခဲ့ဘူး။
ဒါေပမယ့္ ဘယ္ေလာက္ပဲ ညီမဝမ္းကြဲေလးလို႔ ေျပာေျပာ ကိုယ္မဟုတ္တဲ့ သူစိမ္းတစ္ေယာကဆီမွာ သားေလးကို ေန႕တိုင္းအၾကာႀကီး ထားခဲ့ရတာ Sam ရင္ထဲမွာ ပူပန္စိတ္ေတြ ဒုနဲ႕ေဒးပါပဲ။
ဒါေပမယ့္ ဘယ္တတ္နိုင္မလဲ ဒီလမ္းက Sam ေ႐ြးခ်ယ္ခဲ့တာ။
ဒီကေလးေလးကို ကိုယ္ဝန္ရွိေနၿပီလို႔ သိတဲ့အခ်ိန္ကစၿပီး Sam မွာ ဒီကေလးကို မေမြးဖို႔အတြက္ ဆုံးျဖတ္လိုက္ရင္ ရပါလ်က္နဲ႕ သူက ဒီကေလးေလးကို လူ႕ေလာကထဲကို ေခၚဖို႔ ဆုံးျဖတ္ခဲ့တာပဲ။
ဒါ့ေၾကာင့္မို႔ အခုခ်ိန္မွာ သူေနာင္တေတြရမေနခ်င္ေတာ့ဘူး။ သူေ႐ြးခ်ယ္ခဲ့တဲ့ လမ္းက သူတစ္သက္လုံး ေလွ်ာက္မယ့္လမ္းပဲ။ သူတြဲထားမယ့္လက္ကလည္း ဒီကေလးေလးရဲ႕ လက္ေပါ့။
"သားနာမည္က ဘယ္လိုေခၚလဲ''
နားထဲဝင္လာတဲ့ အသံေၾကာင့္ Sam အေတြးလြန္ေနရာကေနၿပီး လက္ရွိအေျခအေနကို ျပန္ေရာက္လို႔လာတယ္။
Sam နံေဘးနားမွာ ထိုင္ေနတဲ့ သားျဖစ္သူကို အေနာက္ခုံကေန လွမ္းေမးတဲ့သူက Nathaniel Groupက သားအငယ္ဆုံး Raymus Nathaniel ျဖစ္တယ္။
သူ႕ပုံၾကည့္ရတာ သားသားကို အရမ္းစ္ိတ္ဝင္စားေနတဲ့ ပုံစံပဲ။
ေအးေပါ့ေလ သားသားက ခ်စ္ေမႊးပါၿပီး တစ္စုံတစ္ေယာက္နဲ႕ ဆင္ေနတာကို။
"တားတား နာမည္က Nixonပါ ခင္ည''
အသက္ငယ္ေသးေပမယ့္ Sam ရဲ႕ဆုံးမ ဩဝါဒေအာက္မွာ ေနတာမို႔ သားက တစ္ခါတစ္ရံ ဂ်စ္ကန္ကန္နိုင္တာက လြဲလို႔ မ်ားေသာအားျဖင့္ ယဥ္ေက်းလိမ္မာတဲ့ ကေလးတစ္ေယာက္လို႔ လူတိုင္းက သတ္မွတ္ၾကတယ္။
"အိုက္ရိုး နာမည္ေလးက Nixon တဲ့လား။ ခ်စ္ဖို႔ေကာင္းလိုက္တာ သားသားက အသက္ဘယ္ေလာက္ရွိၿပီလဲ''
"တားတား အတက္က တုံးႏွစ္ပါ ခင္ည''
သားျဖစ္သူက Raymuေမးသမွ်ကို စိတ္ရွည္လက္ရွည္နဲ႕ ျပန္ေျဖေနတယ္။
ထူးေတာ့ထူးဆန္းတာပဲ သားက ေတာ္႐ုံလူကို အေရာမဝင္တတ္ေပမယ့္ ဒီမိသားစုနဲ႕ ပတ္သတ္လာရင္ေတာ့ အဲဒီလို မဟုတ္သလိုပဲ။
ဟိုတစ္ေန႕ကလည္း Samရဲ႕ ညီမေလးက Nicholas ဆီမွာ ထားခဲ့ေတာ့ သူက ေအးေအးေဆးေဆးပဲေနခဲ့တယ္။
အခုလည္း Raymusက သူ႕ကို အေမးအျမန္းထူေနတာေတာင္ စိတ္ရွည္ရွည္နဲ႕ ေျဖေနတုန္းပဲ။
Sam တို႔ သားအဖႏွစ္ေယာက္ရယ္ Nicholas တို႔ ညီအစ္ကိုသုံးေယာက္ရယ္ ေနာက္Raymus သူငယ္ခ်င္း ေကာင္ေလးတစ္ေယာက္ရယ္ အားလုံးေပါင္း ခရီးသြားမယ့္သူက ၆ေယာက္၊ ကားသမားအပါအဝင္ဆိုရင္ ၇ေယာက္ကို သူတို႔က Nathaniel group ကထုတ္တဲ့ ကားအႀကီးတစ္စီးနဲ႕ပဲ အတူတူ ကမ္းေျခကို ထြက္လာခဲ့ၾကတာ။
ကိုကိုႀကီးကေတာ့ အေရွ႕ခန္းမွာ ထိုင္ၿပီး ကားရဲ႕အလယ္ခန္းမွာေတာ့ Samရယ္ သားသားရယ္ Nicholas ရယ္ ထိုင္ၾကတယ္။
Sam နဲ႕ ကေလးနဲ႕ ေနာက္ခန္းမွာ သြားထိုင္မယ္လို႔ ေျပာေပမယ့္ လမ္းခရီးမွာ ကေလးမူးတာအန္တာမ်ိဳး ျဖစ္မွာစိုးလို႔ သူတို႔က အလယ္ခုံမွာပဲ ထိုင္ပါလို႔ ေျပာတာမို႔ Sam မွာလည္း မျငင္းနိုင္ေတာ့ပဲ ကိုလတ္နဲ႕အတူ အလယ္ခုံမွာ ထိုင္ရတယ္။ ကေလးနဲ႕က အခုမွခရီးေဝးကို ပထမဆုံးသြားဖူးတာဆိုေတာ့ ကေလးက ကားမူးမမူးဆိုတာ သူလဲ အေသအခ်ာမသိနိုင္ပါ။
ေနာက္ခန္းမွာေတာ့ Raymus နဲ႕သူ႕သူငယ္ခ်င္း ေကာင္ေလးက ထိုင္တယ္။
သူ႕သားက ေမးသမွ်ကို စိတ္ရွည္လက္ရွည္ ေျဖေနတာမို႔ Raymus တို႔သူငယ္ခ်င္းႏွစ္ေယာက္နဲ႕ သားသားက အဖြဲ႕က်လိဳ႕ေတာင္ေနတယ္။
Sam မသိမသာနဲ႕ သားသားရဲ႕ ေဘးမွာထိုင္ေနတဲ့ Nicholasကို တစ္ခ်က္ အကဲခတ္ၾကည့္လိုက္တယ္။
Nicholas ကေတာ့ သားေျပာတာေတြကို စိတ္ဝင္စားပုံမရပါဘူး။
ေနကာမ်က္မွန္ႀကီး တပ္လို႔ ေရွ႕တည့္တည့္ကို ရႈတည္တည္နဲ႕ ၾကည့္ေနတာပဲ။ Nicholas က မ်ားေသာအားျဖင့္ အဲ့လိုပုံစံမ်ိဳးပဲ။
သူလိုခ်င္တာရွိလို႔ ေတာင္းဆိုတတ္တဲ့အခ်ိန္မွသာ မ်က္ႏွာခ်ိဳေသြးတတ္တာ။
"Sammy တားေခါင္းနဲနဲမူးဒယ္''
"ဟင္ Babyေခါင္းအရမ္းမူးေနတာလား ဒုကၡပါပဲ ဘယ္လိုလုပ္ရပါ့မလဲ၊ခဏေလး Daddyေဆးရွာေပးမယ္ေနာ္''
Sam လည္း သားေလးမူးေနတယ္ဆိုတဲ့ စကားၾကားတာမို႔ သူ႕ရဲ႕အိတ္ကိုယူၿပီး ေခါင္းမူးရင္ တိုက္ရမယ့္ေဆး လိုက္ရွာေနလိုက္တယ္။
အဲ့ဒီအခ်ိန္မွာပဲ Nicholas က သူ႕အိတ္ကပ္ထဲမွာ ရွိတဲ့ သၾကားလုံးတစ္ခုကိုယူၿပီး သားေလးကိုေပးလိုက္တယ္။
"ေရာ့ မူးေနရင္ ဒါေလးစားထားလိုက္၊ ဦးေခါင္းမူးရင္ အၿမဲစားေနက်''
Nicholas စကားကိုၾကားေတာ့ သားေလးက Nicholas လက္ထဲက သၾကားလုံးကို ယူဖို႔ လက္ဆန႔္လိုက္တယ္။
"ခဏေလး ဦးေဖာက္ေပးမယ္''
Nicholas က မထင္မွတ္ထားစြာ သားကို သၾကားလုံးေတာင္ ေဖာက္ေကြၽးေနလိုက္ေသးတယ္။ Sam မွာေတာ့ အံ့ဩၿပီး သူတို႔ႏွစ္ေယာက္ကို ေငးၾကည့္ေနမိတယ္။
သားနဲ႕ Nicholas က အရမ္းကို အဆင္ေျပေနတာ ထူးဆန္းလိုက္တာ။
ကေလးတစ္ေယာက္ကို သၾကားလုံးေဖာက္ေကြၽးဖို႔ေလာက္ စိတ္ရွည္ဖို႔မေျပာနဲ႕ သူ႕အတြက္သူေတာင္ သိပ္စိတ္ရွည္တတ္တာ မဟုတ္တဲ့ Nicholas က သားကိုေတာ့ စိတ္ရွည္လက္ရွည္နဲ႕ လုပ္ေပးေနတာပဲ။
သားကလည္း Nicholas ေကြၽးတာကို အေမးအျမန္းမရွိ ယူစားၿပီး မ်က္လုံးေလးျပန္မွိတ္ၿပီး ကားေနာက္ခုံကို မွီလို႔ေနတယ္။
"Baby အိပ္ေတာ့မို႔လား မအိပ္နဲ႕ဦး၊Daddy ဒီမွာေဆးတိုက္မယ္ေလ''
Sam စကားကို သားေလးက မတုံ႕ျပန္ခင္မွာ Nicholas က ၾကားဝင္ေျပာတယ္။
"ျဖစ္နိုင္ရင္ ကေလးကို ေဆးေတြမတိုက္ပါနဲ႕၊ေဆးေတြက Side effectမရွိဘူးလို႔ ဘယ္ေလာက္ပဲေျပာေျပာ မလိုအပ္ရင္ မတိုက္တာ အေကာင္းဆုံးပဲ၊သၾကားလုံးစားလိုက္ရင္ သူအမူးေျပ သြားမွာပါ''
"အိပ္မယ္ Sammy တားေခ်းမေတာက္ခ်င္ဝူး''
သားေလးကပါ အဲ့လိုဝင္ေျပာေနေတာ့Sam လည္း ေဆးကိုအိတ္ထဲ ျပန္ထည့္ထားလိုက္တယ္။
တအားဆိုးၿပီး အန္လာမွပဲ တိုက္ေတာ့မယ္လို႔ Sam လည္း စဥ္းစားလိုက္တယ္။
တစ္ေအာင့္ၾကာေတာ့ သားေလးက အိပ္ေပ်ာ္သြားတယ္ထင္ပါရဲ႕။ သူ႕ဘက္ကို မမွီပဲ Nicholas ရွိရာဘက္ကိုပဲ ေခါင္းက ဇက္ငိုက္ၿပီး က်သြားတယ္။
Sam ကေတာ့ ေဘးမွာ သားေလးရွိတာမို႔ အိပ္မေပ်ာ္ေတာ့ သားေလးအဲ့လိုျဖစ္တာကို တန္းျမင္တာပဲ။
Nicholas ကို အားနာတဲ့စိတ္နဲ႕ Sam က သားရဲ႕ကိုယ္ကို ဆြဲယူၿပီး သူ႕ဘက္ကို မွီေပးဖို႔ ႀကိဳးစားေတာ့ Nicholas လက္က လွမ္းတားတာနဲ႕ ႀကဳံျပန္တယ္။
"ကေလးက ဒီဘက္ကို မွီဖို႔ အားသာေနလို႔ျဖစ္မယ္ ေနပါေစ''
အဲ့ဒီလိုေျပာၿပီး သူက သားေလးကို သူ႕ဘက္ကို ဆြဲယူလိုက္တယ္။
ဘုရားေရ Nicholas က ကေလးတစ္ေယာက္ကို သူ႕ပုခုံးကို မွီအိပ္ခိုင္းလိုက္တာလား။
Sam သူ႕မ်က္လုံးနဲ႕ သူျမင္ေနတာ မဟုတ္ရင္ ယုံနိုင္မွာေတာင္ မဟုတ္ဘူး။
ပါးစပ္အေဟာင္းသားနဲ႕ ဘာမွမေျပာနိုင္တဲ့ အခ်ိန္မွာပဲ Nicholas က သားကိုဖက္ၿပီး အိပ္စက္ဖို႔ ႀကိဳးစားေနတာပဲ။
တစ္ကားလုံးက တိတ္ဆိတ္ၿငိမ္သက္ၿပီး သူ႕ဘာသူ အိပ္ေပ်ာ္ေနၾကေပမယ့္ Sam ရင္ထဲမွာေတာ့ စိုးရိမ္စိတ္တစ္ခ်ိဳ႕နဲ႕ အိပ္မေပ်ာ္နိုင္ဘူး။
*မျဖစ္ဘူး Nicholasနဲ႕သားေလးကို ဒီထက္ပိုၿပီး ရင္းႏွီးေစလို႔ မျဖစ္ဘူး*
Sam မွာ အေတြးတို႔နဲ႕ စိတ္မခ်မ္းေျမ့နိုင္ ျဖစ္ေနခဲ့တယ္။
A. N - ဇာတ္လမ္းကိုခြဲပစ္ရမလား မခြဲရဘူးလားလို႔ ေမးထားတာေလးကို ေျဖေပးၾကလို႔ေက်းဇူးတင္ပါတယ္။ အမ်ားစုရဲ႕ဆႏၵအရ ဒီအတိုင္းေလးပဲဆက္ေရးမွာပါ။ အပိုင္းတိုင္းကို အတြဲအားလုံးနီးပါးပါေအာင္ အရွည္ႀကီးႀကိဳးစားၿပီးေရးေပးထားပါတယ္။ ေနာက္ အပိုင္းကရွည္လာၿပီ ဇာတ္ရည္မလည္ေသးဘူးဆိုတာလဲ ေတြ႕ပါတယ္။ ေဝဖန္ေပးလို႔ေက်းဇူးတင္ပါတယ္။ ဒီဇာတ္လမ္းမွာ အမေရးတဲ့ပုံစံက ျမႇပ္ကြက္ေတြအမ်ားႀကီးလဲထည့္မထားပါဘူး။ ဒါေပမယ့္ အခုျမင္ အခုႀကိဳက္ဇာတ္လမ္းမ်ိဳးမဟုတ္ပဲ အခ်ိန္တစ္ခုကို ဇာတ္ေကာင္ေတြအားလုံးျဖတ္သန္းၿပီးသြားမွ သူ႕လူနဲ႕သူ အဆင္ေျပသြားမွာေပါ့ေနာ္။ အစတည္းကလဲ ဒီဇာတ္လမ္းက ရွည္မွာပါလို႔ေတာ့ေျပာထားပါတယ္။ ခ်စ္ေပးၾကတဲ့ အေယာက္ ၈၀၊၉၀ ဝန္းက်င္ေသာ စာဖတ္သူအားလုံးကိုေက်းဇူးတင္ပါတယ္။