That Omega is so cute and I can’t help Part 22
"ဆရာ Louis က ကျောင်းမလာဘူးလား''
Ben သူ့ရဲ့ Drama clubက လေ့ကျင့်ဖော်သူငယ်ချင်း Jimmy ကို မေးလိုက်တယ်။
"အေး ဟုတ်တယ်ကွ အရင်တစ်ပတ်ကလည်း မတွေ့ဘူးနော်၊နေများမကောင်းတာလား''
သူ့ဟာနဲ့သူဆိုရင် နေမကောင်းတာလားလို့ မတွေးမိပေမယ့် အခုတော့ လေ့ကျင့်ဖော်သူငယ်ချင်း Jimmy ရဲ့ အပြောကြောင့် Louis နေမကောင်းတာလားလို့ Ben စိတ်ပူသွားတယ်။
ခက်တာက သူတို့နှစ်ယောက်က Drama clubက ဆရာနဲ့ ကျောင်းသားဆိုတဲ့ ပတ်သတ်မှုက လွဲလို့ တခြားပတ်သတ်မှုမရှိသေးဘူး။
သူက Louis နဲ့ နီးစပ်အောင် စကားသွားပြောဖို့ ကြိုစားပေမယ့် Louis က သူနဲ့တွေ့ရင် အမြဲတမ်း သရဲသဘတ်နဲ့တွေ့သလို ရှောင်ပြေးတတ်တာမို့ အခုချိန်ထိ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ အနေအထားမရှိသေးဘူး။
ပိုဆိုးတာက Drama Clubမှာ သွားပြီး လေ့ကျင့်တယ်ဆိုတာက အတန်းတက်သလို နေ့တိုင်းသွားရတာ မဟုတ်ဘူးလေ။
တစ်ပတ်မှာ တစ်ရက်နှစ်ရက်ပဲ သွားရတာဆိုတော့ သူတို့နှစ်ယောက်က ခဏခဏတွေ့ဖို့ အခွင့်အရေးလဲ မရှိဘူး။
အခုဆိုရင် သူ Louis ကို မတွေ့ရတာ နှစ်ပတ်ရှိပြီ၊အရင်တစ်ပတ်ကသူ Drama clubကို လေ့ကျင့်ရေးလာတုန်းကလဲ Louis ကို မတွေ့ရဘူး။
အဲ့ဒီတုန်းကတော့ အကြောင်းတစ်ခုခုရှိလို့ မတွေ့ဖြစ်ဘူးလို့ပဲ သူထင်နေတာ။
အခု မတွေ့တာနှစ်ပတ်ဆိုတော့ သူ့ရဲ့လေ့ကျင့်ဖော်ပြောသလို နေမကောင်းတာလဲ ဖြစ်နိုင်တာပဲ။
Louis ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်လဲ သူ့မှာမရှိ ၊ ဘယ်မှာနေလဲ ဆိုတဲ့လိပ်စာလည်း သူ့မှာမရှိတာမို့ ဒုတိယဥက္ကဌကို မေးမယ်ဆိုပြီး လိုက်ရှာတော့ ဒုတိယဥက္ကဌကို မတွေ့ရဘူး။
အဲ့ဒါကြောင့် ကျောင်းကောင်စီဘက်ကို သူလျှောက်လာခဲ့တယ်။
ကျောင်းကောင်စီကတော့ ဆရာတွေရဲ့ လိပ်စာရှိမှာပဲလေ။
ကျောင်းကောင်စီက စာရေးလေးက သူ့ကိုမြင်တော့ အလန့်တကြား မော့ကြည့်တယ်။
သူဆိုတာ အခုမှ ပထမနှစ် ကျောင်းစတက်တာ တစ်လပဲ ရှိသေးပေမယ့် ကျောင်းဆရာတွေကိုလည်း ပြဿနာရှာတယ်၊ကျောင်းသားတွေ အချင်းချင်းလည်း ရန်ပွဲဖြစ်တာမို့ မသိတဲ့သူက မရှိသလောက်ပဲ။
ဒီစာရေးလေးနဲ့လည်း သူကျောင်းသားကဒ်လာထုတ်တုန်းက ဒီစာရေးလေးကို သူပြဿနာရှာတာမို့ အခုလည်း ဘာပြဿနာရှာဦးမလဲ ဆိုပြီး ကြည့်နေတယ် ထင်ပါရဲ့။
"ဟို ဟိုကျောင်းသား ဘာကိစ္စရှိလို့လဲဟင်''
"မင်း ဆရာLouis ကို သိတယ်မလား''
"ဟို Drama club က ဥက္ကဌကို ပြောတာလားဗျ''
"ဟုတ်တယ် သူပဲ''
"ဟုတ်ကဲ့ သိပါတယ် ဘာဖြစ်လို့လဲဟင်''
"ကျုပ်ကို သူ့ရဲ့လိပ်စာပေး''
"ဟို ဟိုဟာလေ အဲ့တာက ဆရာတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေမို့ ပေးလို့မရပါဘူးခင်ဗျ''
"ကျုပ်နာမည်က Benjamin Clark ဆိုတာ သိတယ်မလား''
မျက်နှာကို ပုံမှန်ထက် နှစ်ဆလောက်တင်းပြီး ခပ်တည်တည် စိုက်ကြည့်ပြီး မေးလိုက်တော့ စာရေးက ကြောက်ကြောက်လန့်လန့်နဲ့ပဲ ခေါင်းညိမ့်တယ်။
"ဟုတ် ဟုတ်ကဲ့ သိပါတယ်''
"အဲ့တာဆိုရင် ပေရှည်မနေပဲနဲ့ ကျုပ်တောင်းတာပေးလိုက်၊ခင်များ ဒီအလုပ်မှာ ဆက်ရှိချင်သေးတယ် မဟုတ်လား''
သူ့စကားကြောင့် စာရေးက လန့်သွားပုံပေါက်ပြီး ကွန်ပျူတာထဲမှာ တစ်စုံတစ်ခုကို ရှာဖွေနေတော့တယ်။
Benတို့ မိသားစုက Investment company ကြီး တစ်ခုပိုင်တာဖြစ်ပြီး ဒီကျောင်းမှာလည်း ရှယ်ယာပါတာမို့ Benကို ဘယ်သူကမှ ပြဿနာမရှာရဲကြဘူး။
အဲ့ဒါကြောင့်ပဲ Louisရဲ့ လိပ်စာကို Benအခက်အခဲမရှိပဲနဲ့ ရခဲ့တယ်။
ကျောင်းကောင်စီမှ လေကလေးချွန်ပြီးထွက်ခဲ့ရင်း ဖုန်းထဲမှာ မှတ်လာတဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကို ကြည့်လိုက်တယ်။
အိမ်အထိလိုက်သွားဖို့တော့ မလိုသေးပါဘူး၊ဖုန်းပဲ ခေါ်ကြည့်ရမယ်။
Ben အချိန်ဆွဲမနေတော့ပဲ ခပ်သွက်သွက်နဲ့ အဲဒီဖုန်းကိုခေါ်ကြည့်တော့ ဖုန်းက စက်ပိတ်ထားတယ်တဲ့။
ဘာလဲဟ ငါ့ကို ကျောင်းကောင်စီက စာရေးက လိမ်လိုက်တာတော့ မဟုတ်ဘူးမလား၊ အကြောင်းတစ်ခုခုကြောင့် ဖုန်းပိတ်ထားတာလဲ ဖြစ်နိုင်တာပဲ၊ စာရေးလေးက အခုတောင် သူ့ကိုသေမလိုကြောက်နေတာ၊ လိမ်တော့ မလိမ်ရဲလောက်ပါဘူး၊ ညနေလောက်မှ ပြန်ခေါ်ကြည့်မယ်ဆိုပြီး Ben အိမ်ပြန်ဖို့ ကားဆီဦးတည်လိုက်တယ်။
ကားပေါ်ရောက်တော့ ကားစက်မနှိုးခင် သူအသစ်ဝယ်ထားတဲ့သီချင်းCDချပ်ကို ကား dashboard ထဲ ကနေ ထုတ်နေတဲ့ အချိန်မှာ အောက်ပြုတ်ကျသွားတဲ့ နာမည်ကဒ်လေးတစ်ခုကို Ben ဖျတ်ခနဲတွေ့လိုက်ရတယ်။
ဘယ်သူ့ရဲ့ကဒ်က ဒီရောက်နေတာလဲဆိုပြီး Ben လှမ်းဆွဲကြည့်လိုက်တော့ နာမည်ကဒ်ပြားပေါ် ရေးထားတဲ့နာမည်လေးက Ben အာရုံတွေကိုဆွဲဆောင်လို့သွားတယ်။
ဘယ်တုန်းက ဒီကဒ်ကို သူရခဲ့တာလဲလို့ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ပြီးတဲ့နောက် Ben ရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတယ်။
ဟိုတလောက Nathaniel အုပ်စုက သားငယ်ဆုံးလေးက သူ့ကားကို တုတ်နဲ့ရိုက်လိုက်တုန်းက လျော်ကြေးလိုရင် ဆက်သွယ်ဖို့ပေးလိုက်တဲ့ ကဒ်ပဲ။
အဲ့ဒီတုန်းက Nathaniel အုပ်စုက သားငယ်ဆုံးပြောတာ ဘာ… သူ့ဦးလေးလိပ်စာဆိုလား။
ဒါဆို Louis က Nathaniel အုပ်စုနဲ့လည်း ပတ်သတ်နေတာလား။
နဂိုတည်းက ပုံပန်းသွင်ပြင်ကိုအကဲခတ်လိုက်တာနဲ့ အခြေအနေမဲ့ အနေအထားမဟုတ်ဘူးဆိုတာ သတိထားမိပေမယ့် အခုလို သိလိုက်ရတော့ ရှိန်တောင်သွားတယ်။ Louis ကလည်း ခေသူတော့ မဟုတ်ဘူးပဲ။
သူခပ်ပြုံးပြုံးနဲ့ Name Card ပေါ်က ဖုန်းနံပါတ်ကို သေချာကြည့်လိုက်တော့ ကျောင်းကောင်စီက ရတဲ့ ဖုန်းနံပါတ်မဟုတ်တာ သိလိုက်တယ်။
ကြည့်ရတာ Personal Phone နဲ့ Business Phone ကိုခွဲထားတယ် ထင်ပါရဲ့။
သူကားမထွက်သေးပဲ ကဒ်ပြားပေါ်က ဖုန်းနံပါတ်ကို ကောက်ခေါ်လိုက်တယ်။
ဒီတစ်ခါတော့ ဖုန်းကစက်ပိတ်မထားပဲ စက္ကန့်ပိုင်းလေးအတွင်းမှာ တစ်ဖက်က ဖုန်းဖြေဆိုလာတယ်။ ဖုန်းထဲမှာကြားလိုက်ရတဲ့အသံက သူလွမ်းဆွတ်နေတဲ့ Louis ရဲ့အသံပဲ။
“Hello ..”
"Hello ကျွန်တော်လွမ်းနေတာ ''
"ဗျာ ဖုန်းမှားနေတာလား''
ဖုန်းကိုင်ကိုင်ချင်းလွမ်းနေတယ်လို့ပြောလိုက်မိတော့ Louis က ယောင်နနနဲ့ ပြန်မေးလာတယ်။
"မမှားပါဘူး ကိုကို Louis ဆီ ဆက်တာ''
ကိုကိုဆိုတဲ့ အခေါ်အဝေါ်ကြောင့်ထင်၊ Louis တစ်ဖက်ကနေ အသံတိတ်သွားတယ်။
အသက်ရှူသံသေးသေးလေးကပဲ Benကို ရင်ခုန်မြန်စေတယ်။
ဒုက္ခပါပဲ သူတော့ Louisကို အတည်အဟုတ်ကြီး ဖြစ်နေပြီ ထင်ပါရဲ့။
"ကိုကိုလို့ … ကျွန်တော်ခေါ်နေတယ်လေ''
"မင်း ဖုန်းသရဲလား ငါ့ကို လာနောက်နေတာလား ''
"ဖုန်းသရဲမဟုတ်ပါဘူး အချစ်သရဲလေးပါ ကိုကို့ကို အရမ်းချစ်နေတဲ့ ကောင်လေးဆိုလဲဟုတ်တယ်''
"မင်းအခုလို မဟုတ်တာတွေပြောပြီး နှောင့်ယှက်နေမယ်ဆို ငါဖုန်းချလိုက်တော့မယ်''
"ဟေးဟေး ခနနေပါဦး၊ကိုကို့ကို ကျောင်းမှာမတွေ့လို့ နေမကောင်းလို့လားလို့ စိတ်ပူပြီးဆက်တဲ့ဟာကို''
"မင်းကကျောင်းကလား ကျောင်းသားလား ဘယ်သူလဲ''
"ဘယ်သူလဲဆိုတော့ ကိုကို့ကို ချစ်နေတဲ့သူပါဆို''
"မင်းအခုလို ငါ့ကို အရည်မရအဖက်မရနဲ့ နှောင့်ယှက်တဲ့စကားတွေ ဆက်ပြောနေမှာဆိုရင် ငါဖုန်းချလိုက်တော့မယ်၊နောက်နေ့ကျရင် မင်းရဲ့နံပါတ်ကို ကျောင်းမှာစုံစမ်းပြီး အရေးယူဖို့ ဆရာတွေကို ပြောရမယ်''
"အဟက် ကိုကိုခြိမ်းခြောက်နေတာကလေ မူကြိုကလေးလေး မုန့်လုစားခံရလို့ ဆရာမကို တိုင်နေတဲ့ပုံနဲ့ တူတယ် သိရဲ့လား ကျွန်တော့်ကို အရမ်းချစ်အောင် မလုပ်စမ်းပါနဲ့ ၊ကျွန်တော်မနေနိုင်ရင် အခုချက်ချင်း အိမ်လိုက်လာမိလိမ့်မယ်''
"ကျစ် မင်းနဲ့တော့ ဒုက္ခပဲ မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြော"
"ဟုတ်ပြီ ပြောမယ် ပြောပြီးရင်လည်း ကိုကိုနောက်နေ့ ကျွန်တော်ဖုန်းဆက်တဲ့အချိန် ဖုန်းမချပစ်ရဘူးနော်'
"ပြောမှာသာ ပြောစမ်းပါ''
"ကျွန်တော့နာမည် Ben၊ Benjamin Clarkလို့ခေါ်တယ်''
"ဘာ Benjamin Clark ဟုတ်လား''
"ဟုတ်တယ် ကဲ ကိုကို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် နောက်နေ့ကျမှ ကျောင်းမှာတွေ့မယ်''
Louis မှာတစ်ဖက်က ဖုန်းချသွားတာတောင် အူကြောင်ကြောင်နဲ့ ဖုန်းကြီးကို ဆက်ပြီး ကိုင်ထားနေမိတုန်းပဲ။
သူအခု သူ့ထက် အသက်အများကြီးငယ်တဲ့ ပထမနှစ် ကျောင်းသားလေးတစ်ယောက်ရဲ့ ရည်းစားစကားပြောခြင်းကို ခံလိုက်ရတာလား။
ပြီးတော့ အဲ့ဒီကျောင်းသားလေးက တခြားသူတောင် မဟုတ်ဘူး ကျောင်းမှာ အရမ်းဆိုးတယ်လို့ နာမည်ကြီးနေတဲ့ Alpha တစ်ယောက်ဖြစ်တဲ့ Benjamin Clark တဲ့လား။
အခုမှ တည်ငြိမ်ကာစဖြစ်နေတဲ့ သူ့ရဲ့စိတ်ခံစားမှု နဲ့ Pheromonesတွေကို ကပြောင်းကပြန်ဖြစ်အောင် လုပ်လိုက်သလိုပဲ။
Louis ကျောင်းမရောက်ဖြစ်တာ နှစ်ပတ်လောက်ရှိပြီ။
ဘာဖြစ်လို့လဲဆိုတော့ သူ Omega ထိန်းချုပ်ဆေး သွင်းနေရတဲ့ အချိန်မို့လို့ပဲ။
Omega ထိန်းချုပ်ဆေးက ပုံမှန်လူတွေအတွက် ပြောရမယ်ဆိုရင်တော့ ရောဂါကာကွယ်ဆေး ဒါမှမဟုတ်ရင် သန္ဓေသားထိန်းချုပ်ဆေးလိုမျိုးပဲ သုံးနှစ်ကိုတစ်ကြိမ် ဒါမှမဟုတ်ရင် ငါးနှစ်ကိုတစ်ကြိမ် ထိုးရလေ့ရှိတယ်။
အဲ့ဒီလို ဆေးမထိုးခင်လည်း Pheromones တည်ငြိမ်အောင် စောင့်ရသလို ဆေးထိုးပြီးရင်လည်း ဒီထိန်းချုပ်ဆေးက သက်ရောက်မှု အသားကျဖို့အတွက် အချိန်ခနလောက် အနားယူရတယ်။
ဒီတစ်ခေါက်ကတော့ သူဆေးထိုးတာ တတိယအကြိမ်ပဲ။
သူ့ရဲ့ Heat cycle ပြီးတဲ့အချိန် Pheromonesတည်ငြိမ်သွားတာ စောင့်ပြီး သူထိန်းချုပ်ဆေးထိုးနေတာမို့ သူနှစ်ပတ်လောက် ကျောင်းကနေခွင့်ယူပြီး အိမ်မှာနားနေရတယ်။
အခုမှ သူ့ရဲ့ Pheromonesနဲ့ ထိန်းချုပ်ဆေးက ခန္တာကိုယ်နဲ့ သဟဇာတဖြစ်ပြီး တည်ငြိမ်လို့ မနက်ဖြန်ကျောင်းပြန်တက်ဖို့ စဉ်းစားထားရုံ ရှိသေးတယ်၊အခုကြုံလိုက်ရတဲ့ ဖြစ်ရပ်ကြောင့် နောက်နေ့ကျောင်းတောင် မသွားရဲလောက်အောင်ပဲ။
စတွေ့ကတည်းက ဒီBenဆိုတဲ့ ကောင်လေးက သူ့ကို အတင်းတွေလိုက်ကြည့်တတ်တာ စကားတွေလိုက်ပြောဖို့ ကြိုးစားတတ်တာ သတိထားမိပေမယ့် အခုလို သူ့ကိုကြိုက်နေမယ်လို့ သူမထင်ထားခဲ့ဘူး။
အခုတော့ ဒီပထမနှစ်ကျောင်းသားလေးက သူ့ထက် အသက်ကိုးနှစ်ဆယ်နှစ်လောက် ပိုကြီးတဲ့ Louis ကိုမှ မျက်စိကျသတဲ့လား။
Louis က အဲ့လိုမျိုးဆိုးတဲ့ ကောင်လေးတွေကို မကြိုက်ပါ။ ပြီးတော့ သူ့ထက်အသက်ငယ်တဲ့ ကောင်လေးတွေကိုလည်း မကြိုက်ဘူး။
ကိုယ်တိုင်က အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေချင်တာမို့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ရှိတဲ့ လူမျိုးကိုပဲ သဘောကျတာ။
ဒီကောင်လေးကြောင့် စိတ်ရှုပ်ရမယ့် နေ့ရက်တွေကို ကြိုတွေးပြီး Louis ကျောင်းမသွားပဲတောင် အိမ်မှာပုန်းနေလိုက်ချင်တော့တာပဲ။
Xxxxxx
ကိုကိုကြီးနဲ့ အလုပ်ကိစ္စတစ်ခု ဆွေးနွေးဖို့ ခေါ်ထားတာမို့ Nicholas ကိုကိုကြီး အခန်းမှာ သွားတွေ့ပြီး ပြန်လာတော့ Sam က ထိုင်ခုံမှာ ရှိမနေဘူး။
ပြီးတော့မှ သူ Sam ကို အလုပ်ကိစ္စတစ်ခုနဲ့ အပြင်သွားဖို့ပြောထားတာ သတိရသွားတယ်။
Sam တစ်ယောက် အဲ့ဒီကို သွားနေတယ်ထင်ပါရဲ့။
သူလည်း အလုပ်ပြန်လုပ်ဖို့ ရုံးခန်းထဲဝင်ဖို့ လုပ်နေတုန်းမှာပဲ သူ့ရုံးခန်းနားကို လျှောက်လာတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းခေါ်တယ်။
"ဒီမှာရှင့် ဒီဟာက Sam ရဲ့ ရုံးခန်းလားမသိဘူးနော်''
"ဟုတ်ပါတယ် ခင်ဗျား ဘာကိစ္စရှိလို့လဲ ''
"ဟို Sam ရှိလားဟင် ကျွန်မသူနဲ့ တွေ့ဖို့လိုလို့ပါ''
သူက ပြန်မဖြေသေးပဲ အဲ့ဒီအမျိုးသမီးကို အကဲခတ်ပြီး ကြည့်လိုက်တယ်။
ကောင်မလေးက ရည်ရည်မွန်မွန်နဲ့ သာမာန် ရုပ်ရည်လေးပါပဲ။
ကောင်မလေးရဲ့ လက်တစ်ဖက်ကတော့ ကလေးလေးတစ်ယောက်ရဲ့လက်ကို ဆွဲထားတယ်။
(အိုင်တို့ကလေးလေး)
(Fan art credit to the owenr)
Nicholasက ကလေးချစ်တတ်တဲ့သူ မဟုတ်ပေမယ့် ဒီကလေးကိုတော့ တစ်ခါကြည့်ပြီး အကြည့်မလွှဲနိုင်အောင် ဖြစ်နေတယ်။
အကြောင်းကတော့ ဒီကလေးလေးက သောက်ကျိုးနည်း သူနဲ့ တူနေလို့ပါပဲ။
ဒီကလေးလေးက သူ့မှာရှိသလိုပဲ မျက်ဝန်းပြာပြာလေးတွေနဲ့ ပုံစံလေးကတော့ ဂျစ်တစ်တစ် ပေကပ်ကပ် ရုပ်ကလေးပဲ။
သူက အဲ့ဒီကလေးကို ခပ်တည်တည် စိုက်ကြည့်လိုက်တော့ အဲ့ဒီကလေးကလဲ သူ့ကို ပြန်ပြီးကြည့်တယ်။
မျက်ဝန်းအကြည့်တို့က မာန်တစ်မျိုးပါနေတယ်။ ကလေးသာဆိုတယ် ဇကတော့သေးမယ့်ပုံ မပေါ်ဘူး။
"ဟို အကို ကျွန်မကိုလေ Sam ဘယ်မှာရှိလဲ ပြောပြပေးလို့ရမလားရှင်''
ကလေးနဲ့အကြည့်ချင်းဆုံနေရာကနေ ထိုမိန်းကလေးရဲ့အသံ ကြားတော့မှ Nicholas သတိပြန်ဝင်လာတော့တယ်။
"Sam က ကျွန်တော့်ရဲ့ အတွင်းရေးမှူးပါ၊ ကျွန်တော် သူ့ကို အလုပ်ခိုင်းထားလို့ သူက အပြင်ခနသွားတယ်၊ညီမအပန်းမကြီးဘူးဆိုရင် ထိုင်စောင်နေလိုက်ပေါ့ ဒီနားကခုံမှာ ထိုင်လို့ရတယ်''
ဧည့်သည်လာရင် ထိုင်စောင့်နေကျ ခုံကို ညွှန်ပြပြီး Nicholasပြောလိုက်တယ်။
"အဲ့တာမှ ဒုက္ခပာပဲ ကျွန်မက အရေးကြီးသွားစရာလေး တစ်ခုရှိလို့ ကလေးကို Sam ဆီ လာပို့ပေးတာ''
"Sam ထွက်သွားတာတော့ကြာပြီ ခနနေလောက်ဆို ပြန်ရောက်တော့မှာပါ''
"ကျွန်မကလည်း အရေးကြီးကိစ္စ ချိန်းထားတာမို့ အခုသွားမှဖြစ်မှာ''
Nicholas က ဘယ်တုန်းကမှ လူတစ်ယောက်ကို အကြောင်းမဲ့သက်သက် မကူညီတတ်ပေမယ့် ဒီကလေးက Samနဲ့ ဘယ်လိုပတ်သတ်နေတယ် ဆိုတဲ့ အကြောင်းကိုသိချင်တာမို့ တစ်ခါမှ မပေးဖူးတဲ့ Offerတစ်ခုကို ပေးလိုက်မိတယ်။
"ညီမ အရေးကြီးနေတယ်ဆိုရင် ကလေးကို ကိုယ်နဲ့ထားခဲ့ချင်လား''
Nicholas ပြောစကားကြောင့် အဲ့ဒီကောင်မလေးက အံ့ဩသလို တစ်ချက်ကြည့်တယ်။ တစ်ခါမှ မမြင်ဖူးတဲ့သူစိမ်းတစ်ယောက်ဆီမှာ ကလေးတစ်ယောက်ကိုထားခဲ့ဖို့ သူမဆုံးဖြတ်ရခက်နေပုံပါပဲ။
"ဟိုလေ ဖြစ်ပါ့မလား၊ ကျွန်မကြောင့် အလုပ်ပိုသွားတာမျိုး မဖြစ်ချေင်ပါဘူးရှင်''
"ခဏပဲ ကြည့်ထားရမှာပဲ၊ ပြဿနာတော့ မရှိပါဘူး၊မင်းအဆင်ပြေတယ်ဆိုရင်တော့ ထားခဲ့ပေါ့''
"Baby လေး ဒီဦးဦးနဲ့ နေခဲ့မလားဟင်၊တီတီ သွားစရာရှိတာ အရေးကြီးနေလို့ပါ''
တီတီလို့ပြောပုံထောက်ရင် ဒီအမျိုးသမီးက ကလေးအမေ မဟုတ်တာ သေချာတယ်။
သူမ အမေးစကားကြောင့် တောက်လျှောက်ဘာမှမပြောပဲ ငြိမ်နေတဲ့ ကလေးလေးဆီကနေ စကားသံထွက်လာတယ်။
"ရပါဒယ် တားနေခဲ့ပါမယ်''
မျက်တောင်တစ်ချက်မခတ်ပဲ ပြောတဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် ဒီကလေးလေးက သူ့ကို နည်းနည်းလေးမှ ထိတ်လန့်နေပုံ မရဘူး။
သူဒီကလေးလေး အကြောင်းကို တစ်စထက်တစ်စ ပိုပြီး သိချင်လာပြီ။
"ဖြစ်တယ်နော် Babyလေး၊ Baby ဖြစ်တယ်ဆိုရင် တီတီ သွားမယ်နော်''
"ကလေးက ဖြစ်တယ်လို့ပြောနေတာပဲ ထားခဲ့လိုက်ပါ Sam ကလည်း သိပ်မကြာခင် ပြန်ရောက်လာတော့မှာပါ''
"ဟုတ်ကဲ့ အဲ့ဒါဆိုရင် ဒီကအကိုကို ကျေးဇူးတင်ပါတယ်နော်၊အဲ့တာဆိုရင် ကျွန်မသွားတော့မယ်''
"ဟုတ်ပါပြီ Sam ကိုလည်း အကြောင်းကြားလိုက်ပေါ့၊သူ့ရဲ့ CMOက ကလေးကိုခေါ်ထားတယ် ဆိုတာ ပြောပြလိုက်ပါ''
"ဟုတ်ကဲ့ ကျွန်မပြောလိုက်ပါ့မယ်''
အဲ့ဒီ အမျိုးသမီးက ကေလေးကို သူ့ရဲ့ကျောပိုးအိတ်လေး ကမ်းပေးခဲ့ပြီး အလျင်စလိုပုံစံမျိုးနဲ့ Nicholas အခန်းရှေ့ကနေ ထွက်သွားတယ်။
"ကဲ ချာတိတ်လေး ကိုယ်နဲ့ ရုံးခန်ထဲ လိုက်ခဲ့''
"ဟုတ်''
ကလေးက ဟုတ် တစ်ခွန်းပြောပြီး သူ့နောက်ကို ပါလာတယ်။
သူ့အခန်းထဲက ဧည့်သည်ထိုင်တဲ့ ဆိုဖာပေါ်မှာ ကလေးကို ထိုင်ခိုင်းလိုက်ပြီး Sam နဲ့ဘယ်လိုပက်သက်လဲဆိုတာကို ဘယ်လိုမေးရမလဲလို့ အကြံထုတ်နေမိတယ်။
ဒါပေမယ့် သူတောင် ဘာမှမပြောရသေးဘူး ကလေးဆီက စကားသံအရင် ထွက်လာတယ်။
"ဦးက Sammyရဲ့ တူထေးလား''
"Sammy ဆိုတာက Samကိုပြောတာလား''
"ဟုတ်ရယ်ယေ ဒါယေးတောင် မတိဝူးယား'''
မျက်စောင်းခဲလို့ ကြည့်တဲ့ပုံစံက မသိရင် သူနဲ့ရွယ်တူ သူငယ်ချင်းကို ကြည့်သလိုပဲ။
ဟက် ပုံစံလေးကတော့ Nicholas ငယ်ငယ်တုန်းက အတိုင်းပဲ တော်တော် ချစ်စရာကောင်းတာပဲ။
"ဒါနဲ့ မင်းက အသက်ဘယ်လောက်ရှိပြီလဲ''
"တားက အတက် တုံးနှစ်နဲ့နှစ်လ ရှိပါပီ၊အခု မူကြိုတက်နေတာ တီတီက တားရဲ့ မူကြို ချရာမလေ''
ရိုက်စစ်စရာ မလိုပဲ သူ့မျက်နှာကို မလွှတ်တမ်းကြည့်ပြီး ဖြေလာတဲ့ ကလေးရဲ့ ပုံစံက Nicholasသူ့ကိုယ်သူ ပြန်မြင်နေရသလို ခံစားရတယ်။
ဘာဖြစ်လို့ ဒီကလေးရဲ့ စကားပြောပုံဆိုပုံတွေက ဘာဖြစ်လို့ သူနဲ့ဆင်နေရတာလဲ။
"ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်လဲ''
"တားနာမည်က…''
"Baby ''
ကောင်လေးဆီက အဖြေစကားမကြားခင် အခန်းတံခါးဖွင့်ပြီး အသည်းအသန် ဝင်လာသူက Sam။
"Sammy''
ကလေးလေးက Sam ဝင်လာတာ မြင်တာနဲ့ ထိုင်နေရာကနေထကာ Sam ကို အပြေးအလွှား သွားဖက်တယ်။
Samနဲ့ ဘေးချင်းယှဉ်ရက် မြင်ပြန်တော့ ကလေးလေးက Samနဲ့လည်း တူနေသလိုပဲ။
ဘာဖြစ်လို့ ဒီကောင်လေးက သူတို့နှစ်ယောက်လုံးနဲ့ ဆင်နေရတာလဲ။
"ပြန်ရောက်လာပြီလား Sam''
"ဟုတ်ကဲ့ ပြန်ရောက်ပါပြီ၊CMO ခိုင်းထားတာလည်း ကျွန်တော်လုပ်ပြီးသွားပြီ ''
"ဪ Okie ကောင်းပြီ''
"CMO တကယ်လို့ တခြားခိုင်းစရာမရှိတော့ဘူးဆိုရင် ကျွန်တော်ရုံးနည်းနည်း စောဆင်းလို့ရမလား အခု ကလေးလည်း ရောက်လာလို့၊ ရုံးဆင်းဖို့လည်း ဆယ်မိနစ်လောက်ပဲ လိုတာဆိုတော့ အဆင်ပြေရင် ကျွန်တော် ရုံးနည်းနည်းစောဆင်းချင်လို့ပါ''
"ရုံးဆင်းတာတော့ ရပါတယ်၊ဒါပေမယ့် ကိုယ်မေးစရာ တစ်ခုရှိတယ်''
"ဟုတ်ကဲ့ ပြောပါ''
"ဒီကလေးက မင်းရဲ့ကလေးလား''
"CMOက ဘာလို့ သိချင်ရတာလဲ''
"ငါက မင်းရဲ့ အလုပ်ရှင်ပဲလေ မင်းနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ သိချင်တာ ထူးဆန်းလို့လား''
"ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာပါ၊CMOနဲ့ မဆိုင်ပါဘူး''
"Sammyကယဲ တားက Sammyရဲ့ တားပါရို့ ကြောလိုက်ရင်ယဲ ရတာပဲဟာကို ဘာဖြစ်ရို့ ဦးဦးကို မကြောကြနိုင်ရတာယဲ''
"Baby လူကြီးတွေ စကားပြောနေရင် ဝင်မပြောရဘူးလို့ မှာထားတယ်လေ''
"ချောရီးပါ Sammy''
ချာတိတ်လေးက သူ့ဘာသာ ဂျစ်ကန်ကန်ပုံစံပေါက်နေပေမယ့် Sam ကိုတော့ ကြောက်ပုံရကာ ရိုသေပုံလဲရတယ်။
"ကလေးတောင် ပြောနေပြီပဲ မင်းအမှန်အတိုင်း ဖြေတော့ ဘာဖြစ်မှာမို့လို့လဲ မင်းက ကိုယ့်ကို ဘာတွေထိန်ချန်ချင်နေတာလဲ''
"ထိန်ချန်ချင်နေတာ မဟုတ်ပါဘူး ကျွန်တော်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို CMOက ဘယ်တုန်းက စိတ်ဝင်စားခဲ့လို့ အခုလို လာမေးနေရတာလဲလို့ ထူးဆန်းလို့ပါ''
"မဆိုင်တဲ့အကြောင်းတွေကို ကွေ့ဝိုက်ပြီး ပြောမနေပဲ ကိုယ်မေးတာကို မင်းမြန်မြန်ဖြေလိုက်ပါ မင်းပဲ ရုံးဆင်းချင်နေပြီဆို''
"Baby သားလေး ခဏနေ Sammyတို့ ပြန်ကြမယ် အပြင်မှာ ခနလေး ထွက်စောင့်နေနော်''
Sam က သူမေးတာကို ချက်ချင်းမဖြေနိုင်ပဲ ကလေးကို အပြင်ထွက်ဖို့ မှာနေတယ်။
သူက ဘာအကြောင်းတွေ ပြောမှာမို့လို့ ကလေးကို မကြားစေချင်ရတာလဲ။
Nicholas ရင်ထဲမှာ သိချင်စိတ်တွေ ပိုတိုးလို့လာတယ်။
Sofa မှာ ထိုင်နေရာကနေ Sam တို့အနားကို တိုးလျှောက်သွားလိုက်တယ်။
ကလေးလေးကတော့ Sam စကားကို နားထောင်စွာနဲ့ပဲ အခန်းပြင်ကို ထွက်သွားပြီ။
"ဖြေလေ Sam ကလေးပြောတာဟုတ်လား၊ သူက မင်းရဲ့သားလား''
မျက်မှန်အောက်က အစိမ်းရောင်သမ်းနေတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း အဖြေကို စောင့်နေလိုက်တယ်။
အမြဲတမ်း သူနဲ့ အကြည့်ချင်းဆုံတိုင်း မျက်လွှာချသွားတတ်တဲ့ Samက ဒီတစ်ခေါက်တော့ သူ့မျက်ဝန်းတွေကို စူးစူးရဲရဲ ပြန်ကြည့်လို့နေတယ်။
ပြီးတော့ Sam က လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တာ သူမြင်လိုက်ရတယ်။
"ဟုတ်တယ် သူက ကျွန်တော့်ရဲ့ သားပဲ CMO သိချင်တာ သိရပြီ မဟုတ်လား၊ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး''
"ခဏနေဦး ဒီကောင်လေးက တကယ်ပဲ မင်းရဲ့သားပေါ့၊ ဒါဆို မင်းငါ့ကို သစ္စာဖောက်ခဲ့တာလား''
"သစ္စာဖောက်ခဲ့တယ် ဟုတ်လား ဒီစကားကို ဘယ်သူက ပြောရမှာလဲ၊သစ္စာဖောက်တယ်လို့ပြောရအောင် ဘယ်သူက ဘယ်သူ့ကို အရင်ထားခဲ့တာလဲ''
အမြဲတမ်းနူးညံ့တဲ့ အမြဲတမ်းအားငယ်ရိပ်သန်းနေတဲ့ မျက်ဝန်းတွေက ဒီတစ်ချိန်တော့ Nicholasရဲ့ မျက်ဝန်းတွေနဲ့ အပြိုင်အားပြိုင်လို့နေတယ်။
ခပ်ရဲရဲ မေးလိုက်တဲ့ မေးခွန်းကြောင့် Nicholas မှာ ကြက်သေသေသွားမိတယ်။
Sam က ဘယ်တုန်းက အခုလောက်ကြီး ရဲရင့်သွားရတာလဲ။
"ကျွန်တော့်ကို ထားခဲ့တဲ့သူက Nicholasပါ၊ Nicholas စိတ်နဲ့Nicholas ကျွန်တော့်ကို လမ်းခွဲစကားပြောပြီး ထားခဲ့ပြီး ကျွန်တော့်ဘာသာကျွန်တော် ဘာပဲဖြစ်ဖြစ် Nicholasနဲ့ မဆိုင်တော့ပါဘူး''
"မင်းအဲ့လို မပြောနဲ့လေ လမ်းမခွဲခင် အချိန်ထိ မင်းကငါ့ရည်းစားပဲ၊အခု ဒီကလေး အရွယ်က သုံးနှစ်ဆိုရင် မင်းက ငါနဲ့လမ်းခွဲ ပြီး သိပ်မကြာဘူး အိမ်ထောင်ပြုပြီးယောကျာ်းယူမှသာ ကလေးကိုမွေးနိုင်တာပေါ့ အဲ့တော့ မင်းကငါ့ကို သစ္စာဖောက်တာ မဖြစ်နိုင်ဘူးလား''
"Nicholas ရဲ့ တစ်ဖက်သတ်အမြင်တွေနဲ့ ကျွန်တော့်ရဲ့ သိက္ခာတရားကို မစော်ကားပါနဲ့ ကျွန်တော်က Nicholasလိုလူ မဟုတ်ဘူး''
"ငါက ဘယ်လိုလူ ဖြစ်နေလို့လဲ''
Sam နဲ့ဆိုရင်သူ့ကိုယ်သူ အမြဲတမ်း ကိုယ်လို့ပဲသုံးစွဲခဲ့ပေမယ့် အခုတခါတော့ ဒေါသအလွန်ထွက်သွားမိတာမို့ ငါ လို့ပြောလိုက်မိသလို လေသံကလဲ အတော်ကျယ်သွားမိတာ သူ့ကိုယ်သူ သတိထားလိုက်မိတယ်။
အရင်က သူစိတ်တိုတဲ့အခါ Sam က ကြောက်လန့်တတ်ပေမယ့် အခုတော့ မျက်တောင်တစ်ချက်ခတ်မသွား။
သူက မကောင်းတဲ့ကောင်၊သူက လူရှုပ်လူပွေဆိုတာ မှန်ပေမယ့် Samက သူ့ကို ဒီလိုမော့ကြည့်ပြီး ဘယ်တုန်းက ပြောဖူးလို့လဲ။
"ဒါကတော့ Nicholas ကိုယ့်ဘာသာ အသိဆုံးဖြစ်မှာပါ၊ ကျွန်တော်နဲ့Nicholas က လုပ်ငန်းခွင်မှာ Bossနဲ့အတွင်းရေးမှူး ဆိုပေမယ့် ကိုယ်ရေးကိုယ်တာအရတော့ ဘာမှပတ်သတ်မှုမရှိပါဘူး၊ အဲ့တာကြောင့် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်ဖို့ မစဉ်းစားပါနဲ့ ကျွန်တော် ပြန်လိုက်ပါတော့မယ်''
အဲ့ဒီစကားတွေကို သူ့မျက်ဝန်းတွေကို မျက်တောင်မခတ်တမ်းကြည့်ပြီး ပြောသွားတဲ့ ပြောလို့ပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားကာ အခန်းထဲက ထွက်သွားတယ်။
Nicholas မှာသာ လက်သီးကိုဆုပ်ပြီး Sam ဘာလို့ပြောင်းလဲသွားတာလဲလို့ အကြီးအကျယ်စဉ်းစားနေမိတယ်။
ပြီးတော့ Sam ပြောသလို သူနဲ့လမ်းခွဲ ပြီးခဏလေးအတွင်းမှာ နောက်တစ်ယောက်တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြီး ကလေးမွေးတာက ဟုတ်ရဲ့လား ဆိုတာတွေ ဒီကလေးလေးက ဘာလို့ သူနဲ့ ရုပ်ချင်းတူတာလဲ ဆိုတာတွေ မေးခွန်းတွေအများကြီးနဲ့ Nicholas ခေါင်းခဲပြီး ကျန်ခဲ့တယ်။
ဒီကလေးအဖေက ဘယ်သူလဲ၊ ပြီးတော့ အခု Sam မှာ အိမ်ထောင်ဖက်ရှိနေတာလားဟူ၍ပင်။
Part 23 to be continued
အရှည်ကြီးဟေ့ အရှည်ကြီး (မှတ်ချက် ဝမ်ရိပေါ်ရဲ့ကိုအရှည်ကြီးမဟုတ်ပါ၊ စာအရှည်ကြီးကိုပြောခြင်းဖြစ်သည်)။
တဖြည်းဖြည်းဇာတ်ရှိန်တက်လာပြီနော်၊ Sam သားလေးရဲ့အဖေက ဘယ်သူလို့ထင်လဲဟင်။
ကယ်လေးကို ကိုကိုဖမ်းခေါ်ပစ်တဲ့ Ben ရဲ့ ဇကလဲ သေးမနေဘူးနော်။
Zawgyi below
That Omega is so cute and I can’t help Part 22
"ဆရာ Louis က ေက်ာင္းမလာဘူးလား''
Ben သူ႕ရဲ႕ Drama clubက ေလ့က်င့္ေဖာ္သူငယ္ခ်င္း Jimmy ကို ေမးလိုက္တယ္။
"ေအး ဟုတ္တယ္ကြ အရင္တစ္ပတ္ကလည္း မေတြ႕ဘူးေနာ္၊ေနမ်ားမေကာင္းတာလား''
သူ႕ဟာနဲ႕သူဆိုရင္ ေနမေကာင္းတာလားလို႔ မေတြးမိေပမယ့္ အခုေတာ့ ေလ့က်င့္ေဖာ္သူငယ္ခ်င္း Jimmy ရဲ႕ အေျပာေၾကာင့္ Louis ေနမေကာင္းတာလားလို႔ Ben စိတ္ပူသြားတယ္။
ခက္တာက သူတို႔ႏွစ္ေယာက္က Drama clubက ဆရာနဲ႕ ေက်ာင္းသားဆိုတဲ့ ပတ္သတ္မႈက လြဲလို႔ တျခားပတ္သတ္မႈမရွိေသးဘူး။
သူက Louis နဲ႕ နီးစပ္ေအာင္ စကားသြားေျပာဖို႔ ႀကိဳစားေပမယ့္ Louis က သူနဲ႕ေတြ႕ရင္ အၿမဲတမ္း သရဲသဘတ္နဲ႕ေတြ႕သလို ေရွာင္ေျပးတတ္တာမို႔ အခုခ်ိန္ထိ သူတို႔ႏွစ္ေယာက္က ရင္းႏွီးတဲ့ အေနအထားမရွိေသးဘူး။
ပိုဆိုးတာက Drama Clubမွာ သြားၿပီး ေလ့က်င့္တယ္ဆိုတာက အတန္းတက္သလို ေန႕တိုင္းသြားရတာ မဟုတ္ဘူးေလ။
တစ္ပတ္မွာ တစ္ရက္ႏွစ္ရက္ပဲ သြားရတာဆိုေတာ့ သူတို႔ႏွစ္ေယာက္က ခဏခဏေတြ႕ဖို႔ အခြင့္အေရးလဲ မရွိဘူး။
အခုဆိုရင္ သူ Louis ကို မေတြ႕ရတာ ႏွစ္ပတ္ရွိၿပီ၊အရင္တစ္ပတ္ကသူ Drama clubကို ေလ့က်င့္ေရးလာတုန္းကလဲ Louis ကို မေတြ႕ရဘူး။
အဲ့ဒီတုန္းကေတာ့ အေၾကာင္းတစ္ခုခုရွိလို႔ မေတြ႕ျဖစ္ဘူးလို႔ပဲ သူထင္ေနတာ။
အခု မေတြ႕တာႏွစ္ပတ္ဆိုေတာ့ သူ႕ရဲ႕ေလ့က်င့္ေဖာ္ေျပာသလို ေနမေကာင္းတာလဲ ျဖစ္နိုင္တာပဲ။
Louis ကိုဆက္သြယ္ဖို႔ ဖုန္းနံပါတ္လဲ သူ႕မွာမရွိ ၊ ဘယ္မွာေနလဲ ဆိုတဲ့လိပ္စာလည္း သူ႕မွာမရွိတာမို႔ ဒုတိယဥကၠဌကို ေမးမယ္ဆိုၿပီး လိုက္ရွာေတာ့ ဒုတိယဥကၠဌကို မေတြ႕ရဘူး။
အဲ့ဒါေၾကာင့္ ေက်ာင္းေကာင္စီဘက္ကို သူေလွ်ာက္လာခဲ့တယ္။
ေက်ာင္းေကာင္စီကေတာ့ ဆရာေတြရဲ႕ လိပ္စာရွိမွာပဲေလ။
ေက်ာင္းေကာင္စီက စာေရးေလးက သူ႕ကိုျမင္ေတာ့ အလန႔္တၾကား ေမာ့ၾကည့္တယ္။
သူဆိုတာ အခုမွ ပထမႏွစ္ ေက်ာင္းစတက္တာ တစ္လပဲ ရွိေသးေပမယ့္ ေက်ာင္းဆရာေတြကိုလည္း ျပႆနာရွာတယ္၊ေက်ာင္းသားေတြ အခ်င္းခ်င္းလည္း ရန္ပြဲျဖစ္တာမို႔ မသိတဲ့သူက မရွိသေလာက္ပဲ။
ဒီစာေရးေလးနဲ႕လည္း သူေက်ာင္းသားကဒ္လာထုတ္တုန္းက ဒီစာေရးေလးကို သူျပႆနာရွာတာမို႔ အခုလည္း ဘာျပႆနာရွာဦးမလဲ ဆိုၿပီး ၾကည့္ေနတယ္ ထင္ပါရဲ႕။
"ဟို ဟိုေက်ာင္းသား ဘာကိစၥရွိလို႔လဲဟင္''
"မင္း ဆရာLouis ကို သိတယ္မလား''
"ဟို Drama club က ဥကၠဌကို ေျပာတာလားဗ်''
"ဟုတ္တယ္ သူပဲ''
"ဟုတ္ကဲ့ သိပါတယ္ ဘာျဖစ္လို႔လဲဟင္''
"က်ဳပ္ကို သူ႕ရဲ႕လိပ္စာေပး''
"ဟို ဟိုဟာေလ အဲ့တာက ဆရာတစ္ေယာက္ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြမို႔ ေပးလို႔မရပါဘူးခင္ဗ်''
"က်ဳပ္နာမည္က Benjamin Clark ဆိုတာ သိတယ္မလား''
မ်က္ႏွာကို ပုံမွန္ထက္ ႏွစ္ဆေလာက္တင္းၿပီး ခပ္တည္တည္ စိုက္ၾကည့္ၿပီး ေမးလိုက္ေတာ့ စာေရးက ေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ပဲ ေခါင္းညိမ့္တယ္။
"ဟုတ္ ဟုတ္ကဲ့ သိပါတယ္''
"အဲ့တာဆိုရင္ ေပရွည္မေနပဲနဲ႕ က်ဳပ္ေတာင္းတာေပးလိုက္၊ခင္မ်ား ဒီအလုပ္မွာ ဆက္ရွိခ်င္ေသးတယ္ မဟုတ္လား''
သူ႕စကားေၾကာင့္ စာေရးက လန႔္သြားပုံေပါက္ၿပီး ကြန္ပ်ဴတာထဲမွာ တစ္စုံတစ္ခုကို ရွာေဖြေနေတာ့တယ္။
Benတို႔ မိသားစုက Investment company ႀကီး တစ္ခုပိုင္တာျဖစ္ၿပီး ဒီေက်ာင္းမွာလည္း ရွယ္ယာပါတာမို႔ Benကို ဘယ္သူကမွ ျပႆနာမရွာရဲၾကဘူး။
အဲ့ဒါေၾကာင့္ပဲ Louisရဲ႕ လိပ္စာကို Benအခက္အခဲမရွိပဲနဲ႕ ရခဲ့တယ္။
ေက်ာင္းေကာင္စီမွ ေလကေလးခြၽန္ၿပီးထြက္ခဲ့ရင္း ဖုန္းထဲမွာ မွတ္လာတဲ့ လိပ္စာနဲ႕ဖုန္းနံပါတ္ကို ၾကည့္လိုက္တယ္။
အိမ္အထိလိုက္သြားဖို႔ေတာ့ မလိုေသးပါဘူး၊ဖုန္းပဲ ေခၚၾကည့္ရမယ္။
Ben အခ်ိန္ဆြဲမေနေတာ့ပဲ ခပ္သြက္သြက္နဲ႕ အဲဒီဖုန္းကိုေခၚၾကည့္ေတာ့ ဖုန္းက စက္ပိတ္ထားတယ္တဲ့။
ဘာလဲဟ ငါ့ကို ေက်ာင္းေကာင္စီက စာေရးက လိမ္လိုက္တာေတာ့ မဟုတ္ဘူးမလား၊ အေၾကာင္းတစ္ခုခုေၾကာင့္ ဖုန္းပိတ္ထားတာလဲ ျဖစ္နိုင္တာပဲ၊ စာေရးေလးက အခုေတာင္ သူ႕ကိုေသမလိုေၾကာက္ေနတာ၊ လိမ္ေတာ့ မလိမ္ရဲေလာက္ပါဘူး၊ ညေနေလာက္မွ ျပန္ေခၚၾကည့္မယ္ဆိုၿပီး Ben အိမ္ျပန္ဖို႔ ကားဆီဦးတည္လိုက္တယ္။
ကားေပၚေရာက္ေတာ့ ကားစက္မႏွိုးခင္ သူအသစ္ဝယ္ထားတဲ့သီခ်င္းCDခ်ပ္ကို ကား dashboard ထဲ ကေန ထုတ္ေနတဲ့ အခ်ိန္မွာ ေအာက္ျပဳတ္က်သြားတဲ့ နာမည္ကဒ္ေလးတစ္ခုကို Ben ဖ်တ္ခနဲေတြ႕လိုက္ရတယ္။
ဘယ္သူ႕ရဲ႕ကဒ္က ဒီေရာက္ေနတာလဲဆိုၿပီး Ben လွမ္းဆြဲၾကည့္လိုက္ေတာ့ နာမည္ကဒ္ျပားေပၚ ေရးထားတဲ့နာမည္ေလးက Ben အာ႐ုံေတြကိုဆြဲေဆာင္လို႔သြားတယ္။
ဘယ္တုန္းက ဒီကဒ္ကို သူရခဲ့တာလဲလို႔ ဦးေႏွာက္ကို အျမန္အလုပ္ေပးလိုက္ၿပီးတဲ့ေနာက္ Ben ရဲ႕မ်က္ႏွာမွာ အၿပဳံးတစ္ခုေပၚလာတယ္။
ဟိုတေလာက Nathaniel အုပ္စုက သားငယ္ဆုံးေလးက သူ႕ကားကို တုတ္နဲ႕ရိုက္လိုက္တုန္းက ေလ်ာ္ေၾကးလိုရင္ ဆက္သြယ္ဖို႔ေပးလိုက္တဲ့ ကဒ္ပဲ။
အဲ့ဒီတုန္းက Nathaniel အုပ္စုက သားငယ္ဆုံးေျပာတာ ဘာ… သူ႕ဦးေလးလိပ္စာဆိုလား။
ဒါဆို Louis က Nathaniel အုပ္စုနဲ႕လည္း ပတ္သတ္ေနတာလား။
နဂိုတည္းက ပုံပန္းသြင္ျပင္ကိုအကဲခတ္လိုက္တာနဲ႕ အေျခအေနမဲ့ အေနအထားမဟုတ္ဘူးဆိုတာ သတိထားမိေပမယ့္ အခုလို သိလိုက္ရေတာ့ ရွိန္ေတာင္သြားတယ္။ Louis ကလည္း ေခသူေတာ့ မဟုတ္ဘူးပဲ။
သူခပ္ၿပဳံးၿပဳံးနဲ႕ Name Card ေပၚက ဖုန္းနံပါတ္ကို ေသခ်ာၾကည့္လိုက္ေတာ့ ေက်ာင္းေကာင္စီက ရတဲ့ ဖုန္းနံပါတ္မဟုတ္တာ သိလိုက္တယ္။
ၾကည့္ရတာ Personal Phone နဲ႕ Business Phone ကိုခြဲထားတယ္ ထင္ပါရဲ႕။
သူကားမထြက္ေသးပဲ ကဒ္ျပားေပၚက ဖုန္းနံပါတ္ကို ေကာက္ေခၚလိုက္တယ္။
ဒီတစ္ခါေတာ့ ဖုန္းကစက္ပိတ္မထားပဲ စကၠန႔္ပိုင္းေလးအတြင္းမွာ တစ္ဖက္က ဖုန္းေျဖဆိုလာတယ္။ ဖုန္းထဲမွာၾကားလိုက္ရတဲ့အသံက သူလြမ္းဆြတ္ေနတဲ့ Louis ရဲ႕အသံပဲ။
“Hello ..”
"Hello ကြၽန္ေတာ္လြမ္းေနတာ ''
"ဗ်ာ ဖုန္းမွားေနတာလား''
ဖုန္းကိုင္ကိုင္ခ်င္းလြမ္းေနတယ္လို႔ေျပာလိုက္မိေတာ့ Louis က ေယာင္နနနဲ႕ ျပန္ေမးလာတယ္။
"မမွားပါဘူး ကိုကို Louis ဆီ ဆက္တာ''
ကိုကိုဆိုတဲ့ အေခၚအေဝၚေၾကာင့္ထင္၊ Louis တစ္ဖက္ကေန အသံတိတ္သြားတယ္။
အသက္ရႉသံေသးေသးေလးကပဲ Benကို ရင္ခုန္ျမန္ေစတယ္။
ဒုကၡပါပဲ သူေတာ့ Louisကို အတည္အဟုတ္ႀကီး ျဖစ္ေနၿပီ ထင္ပါရဲ႕။
"ကိုကိုလို႔ … ကြၽန္ေတာ္ေခၚေနတယ္ေလ''
"မင္း ဖုန္းသရဲလား ငါ့ကို လာေနာက္ေနတာလား ''
"ဖုန္းသရဲမဟုတ္ပါဘူး အခ်စ္သရဲေလးပါ ကိုကို႔ကို အရမ္းခ်စ္ေနတဲ့ ေကာင္ေလးဆိုလဲဟုတ္တယ္''
"မင္းအခုလို မဟုတ္တာေတြေျပာၿပီး ေႏွာင့္ယွက္ေနမယ္ဆို ငါဖုန္းခ်လိဳက္ေတာ့မယ္''
"ေဟးေဟး ခနေနပါဦး၊ကိုကို႔ကို ေက်ာင္းမွာမေတြ႕လို႔ ေနမေကာင္းလို႔လားလို႔ စိတ္ပူၿပီးဆက္တဲ့ဟာကို''
"မင္းကေက်ာင္းကလား ေက်ာင္းသားလား ဘယ္သူလဲ''
"ဘယ္သူလဲဆိုေတာ့ ကိုကို႔ကို ခ်စ္ေနတဲ့သူပါဆို''
"မင္းအခုလို ငါ့ကို အရည္မရအဖက္မရနဲ႕ ေႏွာင့္ယွက္တဲ့စကားေတြ ဆက္ေျပာေနမွာဆိုရင္ ငါဖုန္းခ်လိဳက္ေတာ့မယ္၊ေနာက္ေန႕က်ရင္ မင္းရဲ႕နံပါတ္ကို ေက်ာင္းမွာစုံစမ္းၿပီး အေရးယူဖို႔ ဆရာေတြကို ေျပာရမယ္''
"အဟက္ ကိုကိုၿခိမ္းေျခာက္ေနတာကေလ မူႀကိဳကေလးေလး မုန႔္လုစားခံရလို႔ ဆရာမကို တိုင္ေနတဲ့ပုံနဲ႕ တူတယ္ သိရဲ႕လား ကြၽန္ေတာ့္ကို အရမ္းခ်စ္ေအာင္ မလုပ္စမ္းပါနဲ႕ ၊ကြၽန္ေတာ္မေနနိုင္ရင္ အခုခ်က္ခ်င္း အိမ္လိုက္လာမိလိမ့္မယ္''
"က်စ္ မင္းနဲ႕ေတာ့ ဒုကၡပဲ မင္းဘယ္သူလဲဆိုတာ ငါ့ကိုေျပာ"
"ဟုတ္ၿပီ ေျပာမယ္ ေျပာၿပီးရင္လည္း ကိုကိုေနာက္ေန႕ ကြၽန္ေတာ္ဖုန္းဆက္တဲ့အခ်ိန္ ဖုန္းမခ်ပစ္ရဘူးေနာ္'
"ေျပာမွာသာ ေျပာစမ္းပါ''
"ကြၽန္ေတာ့နာမည္ Ben၊ Benjamin Clarkလို႔ေခၚတယ္''
"ဘာ Benjamin Clark ဟုတ္လား''
"ဟုတ္တယ္ ကဲ ကိုကို ကြၽန္ေတာ္ ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ ေနာက္ေန႕က်မွ ေက်ာင္းမွာေတြ႕မယ္''
Louis မွာတစ္ဖက္က ဖုန္းခ်သြားတာေတာင္ အူေၾကာင္ေၾကာင္နဲ႕ ဖုန္းႀကီးကို ဆက္ၿပီး ကိုင္ထားေနမိတုန္းပဲ။
သူအခု သူ႕ထက္ အသက္အမ်ားႀကီးငယ္တဲ့ ပထမႏွစ္ ေက်ာင္းသားေလးတစ္ေယာက္ရဲ႕ ရည္းစားစကားေျပာျခင္းကို ခံလိုက္ရတာလား။
ၿပီးေတာ့ အဲ့ဒီေက်ာင္းသားေလးက တျခားသူေတာင္ မဟုတ္ဘူး ေက်ာင္းမွာ အရမ္းဆိုးတယ္လို႔ နာမည္ႀကီးေနတဲ့ Alpha တစ္ေယာက္ျဖစ္တဲ့ Benjamin Clark တဲ့လား။
အခုမွ တည္ၿငိမ္ကာစျဖစ္ေနတဲ့ သူ႕ရဲ႕စိတ္ခံစားမႈ နဲ႕ Pheromonesေတြကို ကေျပာင္းကျပန္ျဖစ္ေအာင္ လုပ္လိုက္သလိုပဲ။
Louis ေက်ာင္းမေရာက္ျဖစ္တာ ႏွစ္ပတ္ေလာက္ရွိၿပီ။
ဘာျဖစ္လို႔လဲဆိုေတာ့ သူ Omega ထိန္းခ်ဳပ္ေဆး သြင္းေနရတဲ့ အခ်ိန္မို႔လို႔ပဲ။
Omega ထိန္းခ်ဳပ္ေဆးက ပုံမွန္လူေတြအတြက္ ေျပာရမယ္ဆိုရင္ေတာ့ ေရာဂါကာကြယ္ေဆး ဒါမွမဟုတ္ရင္ သေႏၶသားထိန္းခ်ဳပ္ေဆးလိုမ်ိဳးပဲ သုံးႏွစ္ကိုတစ္ႀကိမ္ ဒါမွမဟုတ္ရင္ ငါးႏွစ္ကိုတစ္ႀကိမ္ ထိုးရေလ့ရွိတယ္။
အဲ့ဒီလို ေဆးမထိုးခင္လည္း Pheromones တည္ၿငိမ္ေအာင္ ေစာင့္ရသလို ေဆးထိုးၿပီးရင္လည္း ဒီထိန္းခ်ဳပ္ေဆးက သက္ေရာက္မႈ အသားက်ဖိဳ႕အတြက္ အခ်ိန္ခနေလာက္ အနားယူရတယ္။
ဒီတစ္ေခါက္ကေတာ့ သူေဆးထိုးတာ တတိယအႀကိမ္ပဲ။
သူ႕ရဲ႕ Heat cycle ၿပီးတဲ့အခ်ိန္ Pheromonesတည္ၿငိမ္သြားတာ ေစာင့္ၿပီး သူထိန္းခ်ဳပ္ေဆးထိုးေနတာမို႔ သူႏွစ္ပတ္ေလာက္ ေက်ာင္းကေနခြင့္ယူၿပီး အိမ္မွာနားေနရတယ္။
အခုမွ သူ႕ရဲ႕ Pheromonesနဲ႕ ထိန္းခ်ဳပ္ေဆးက ခႏၲာကိုယ္နဲ႕ သဟဇာတျဖစ္ၿပီး တည္ၿငိမ္လို႔ မနက္ျဖန္ေက်ာင္းျပန္တက္ဖို႔ စဥ္းစားထား႐ုံ ရွိေသးတယ္၊အခုႀကဳံလိုက္ရတဲ့ ျဖစ္ရပ္ေၾကာင့္ ေနာက္ေန႕ေက်ာင္းေတာင္ မသြားရဲေလာက္ေအာင္ပဲ။
စေတြ႕ကတည္းက ဒီBenဆိုတဲ့ ေကာင္ေလးက သူ႕ကို အတင္းေတြလိုက္ၾကည့္တတ္တာ စကားေတြလိုက္ေျပာဖို႔ ႀကိဳးစားတတ္တာ သတိထားမိေပမယ့္ အခုလို သူ႕ကိုႀကိဳက္ေနမယ္လို႔ သူမထင္ထားခဲ့ဘူး။
အခုေတာ့ ဒီပထမႏွစ္ေက်ာင္းသားေလးက သူ႕ထက္ အသက္ကိုးႏွစ္ဆယ္ႏွစ္ေလာက္ ပိုႀကီးတဲ့ Louis ကိုမွ မ်က္စိက်သတဲ့လား။
Louis က အဲ့လိုမ်ိဳးဆိုးတဲ့ ေကာင္ေလးေတြကို မႀကိဳက္ပါ။ ၿပီးေတာ့ သူ႕ထက္အသက္ငယ္တဲ့ ေကာင္ေလးေတြကိုလည္း မႀကိဳက္ဘူး။
ကိုယ္တိုင္က ေအးေအးခ်မ္းခ်မ္း တည္တည္ၿငိမ္ၿငိမ္ ေနခ်င္တာမို႔ ေအးေအးခ်မ္းခ်မ္း တည္တည္ၿငိမ္ၿငိမ္ ရွိတဲ့ လူမ်ိဳးကိုပဲ သေဘာက်တာ။
ဒီေကာင္ေလးေၾကာင့္ စိတ္ရႈပ္ရမယ့္ ေန႕ရက္ေတြကို ႀကိဳေတြးၿပီး Louis ေက်ာင္းမသြားပဲေတာင္ အိမ္မွာပုန္းေနလိုက္ခ်င္ေတာ့တာပဲ။
Xxxxxx
ကိုကိုႀကီးနဲ႕ အလုပ္ကိစၥတစ္ခု ေဆြးေႏြးဖို႔ ေခၚထားတာမို႔ Nicholas ကိုကိုႀကီး အခန္းမွာ သြားေတြ႕ၿပီး ျပန္လာေတာ့ Sam က ထိုင္ခုံမွာ ရွိမေနဘူး။
ၿပီးေတာ့မွ သူ Sam ကို အလုပ္ကိစၥတစ္ခုနဲ႕ အျပင္သြားဖို႔ေျပာထားတာ သတိရသြားတယ္။
Sam တစ္ေယာက္ အဲ့ဒီကို သြားေနတယ္ထင္ပါရဲ႕။
သူလည္း အလုပ္ျပန္လုပ္ဖို႔ ႐ုံးခန္းထဲဝင္ဖို႔ လုပ္ေနတုန္းမွာပဲ သူ႕႐ုံးခန္းနားကို ေလွ်ာက္လာတဲ့ မိန္းကေလးတစ္ေယာက္က သူ႕ကို လွမ္းေခၚတယ္။
"ဒီမွာရွင့္ ဒီဟာက Sam ရဲ႕ ႐ုံးခန္းလားမသိဘူးေနာ္''
"ဟုတ္ပါတယ္ ခင္ဗ်ား ဘာကိစၥရွိလို႔လဲ ''
"ဟို Sam ရွိလားဟင္ ကြၽန္မသူနဲ႕ ေတြ႕ဖို႔လိုလို႔ပါ''
သူက ျပန္မေျဖေသးပဲ အဲ့ဒီအမ်ိဳးသမီးကို အကဲခတ္ၿပီး ၾကည့္လိုက္တယ္။
ေကာင္မေလးက ရည္ရည္မြန္မြန္နဲ႕ သာမာန္ ႐ုပ္ရည္ေလးပါပဲ။
ေကာင္မေလးရဲ႕ လက္တစ္ဖက္ကေတာ့ ကေလးေလးတစ္ေယာက္ရဲ႕လက္ကို ဆြဲထားတယ္။
(အိုင္တို႔ကေလးေလး)
(Fan art credit to the owenr)
Nicholasက ကေလးခ်စ္တတ္တဲ့သူ မဟုတ္ေပမယ့္ ဒီကေလးကိုေတာ့ တစ္ခါၾကည့္ၿပီး အၾကည့္မလႊဲနိုင္ေအာင္ ျဖစ္ေနတယ္။
အေၾကာင္းကေတာ့ ဒီကေလးေလးက ေသာက္က်ိဳးနည္း သူနဲ႕ တူေနလို႔ပါပဲ။
ဒီကေလးေလးက သူ႕မွာရွိသလိုပဲ မ်က္ဝန္းျပာျပာေလးေတြနဲ႕ ပုံစံေလးကေတာ့ ဂ်စ္တစ္တစ္ ေပကပ္ကပ္ ႐ုပ္ကေလးပဲ။
သူက အဲ့ဒီကေလးကို ခပ္တည္တည္ စိုက္ၾကည့္လိုက္ေတာ့ အဲ့ဒီကေလးကလဲ သူ႕ကို ျပန္ၿပီးၾကည့္တယ္။
မ်က္ဝန္းအၾကည့္တို႔က မာန္တစ္မ်ိဳးပါေနတယ္။ ကေလးသာဆိုတယ္ ဇကေတာ့ေသးမယ့္ပုံ မေပၚဘူး။
"ဟို အကို ကြၽန္မကိုေလ Sam ဘယ္မွာရွိလဲ ေျပာျပေပးလို႔ရမလားရွင္''
ကေလးနဲ႕အၾကည့္ခ်င္းဆုံေနရာကေန ထိုမိန္းကေလးရဲ႕အသံ ၾကားေတာ့မွ Nicholas သတိျပန္ဝင္လာေတာ့တယ္။
"Sam က ကြၽန္ေတာ့္ရဲ႕ အတြင္းေရးမႉးပါ၊ ကြၽန္ေတာ္ သူ႕ကို အလုပ္ခိုင္းထားလို႔ သူက အျပင္ခနသြားတယ္၊ညီမအပန္းမႀကီးဘူးဆိုရင္ ထိုင္ေစာင္ေနလိုက္ေပါ့ ဒီနားကခုံမွာ ထိုင္လို႔ရတယ္''
ဧည့္သည္လာရင္ ထိုင္ေစာင့္ေနက် ခုံကို ၫႊန္ျပၿပီး Nicholasေျပာလိုက္တယ္။
"အဲ့တာမွ ဒုကၡပာပဲ ကြၽန္မက အေရးႀကီးသြားစရာေလး တစ္ခုရွိလို႔ ကေလးကို Sam ဆီ လာပို႔ေပးတာ''
"Sam ထြက္သြားတာေတာ့ၾကာၿပီ ခနေနေလာက္ဆို ျပန္ေရာက္ေတာ့မွာပါ''
"ကြၽန္မကလည္း အေရးႀကီးကိစၥ ခ်ိန္းထားတာမို႔ အခုသြားမွျဖစ္မွာ''
Nicholas က ဘယ္တုန္းကမွ လူတစ္ေယာက္ကို အေၾကာင္းမဲ့သက္သက္ မကူညီတတ္ေပမယ့္ ဒီကေလးက Samနဲ႕ ဘယ္လိုပတ္သတ္ေနတယ္ ဆိုတဲ့ အေၾကာင္းကိုသိခ်င္တာမို႔ တစ္ခါမွ မေပးဖူးတဲ့ Offerတစ္ခုကို ေပးလိုက္မိတယ္။
"ညီမ အေရးႀကီးေနတယ္ဆိုရင္ ကေလးကို ကိုယ္နဲ႕ထားခဲ့ခ်င္လား''
Nicholas ေျပာစကားေၾကာင့္ အဲ့ဒီေကာင္မေလးက အံ့ဩသလို တစ္ခ်က္ၾကည့္တယ္။ တစ္ခါမွ မျမင္ဖူးတဲ့သူစိမ္းတစ္ေယာက္ဆီမွာ ကေလးတစ္ေယာက္ကိုထားခဲ့ဖို႔ သူမဆုံးျဖတ္ရခက္ေနပုံပါပဲ။
"ဟိုေလ ျဖစ္ပါ့မလား၊ ကြၽန္မေၾကာင့္ အလုပ္ပိုသြားတာမ်ိဳး မျဖစ္ေခ်င္ပါဘူးရွင္''
"ခဏပဲ ၾကည့္ထားရမွာပဲ၊ ျပႆနာေတာ့ မရွိပါဘူး၊မင္းအဆင္ေျပတယ္ဆိုရင္ေတာ့ ထားခဲ့ေပါ့''
"Baby ေလး ဒီဦးဦးနဲ႕ ေနခဲ့မလားဟင္၊တီတီ သြားစရာရွိတာ အေရးႀကီးေနလို႔ပါ''
တီတီလို႔ေျပာပုံေထာက္ရင္ ဒီအမ်ိဳးသမီးက ကေလးအေမ မဟုတ္တာ ေသခ်ာတယ္။
သူမ အေမးစကားေၾကာင့္ ေတာက္ေလွ်ာက္ဘာမွမေျပာပဲ ၿငိမ္ေနတဲ့ ကေလးေလးဆီကေန စကားသံထြက္လာတယ္။
"ရပါဒယ္ တားေနခဲ့ပါမယ္''
မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ေျပာတဲ့ပုံစံကို ၾကည့္ျခင္းအားျဖင့္ ဒီကေလးေလးက သူ႕ကို နည္းနည္းေလးမွ ထိတ္လန႔္ေနပုံ မရဘူး။
သူဒီကေလးေလး အေၾကာင္းကို တစ္စထက္တစ္စ ပိုၿပီး သိခ်င္လာၿပီ။
"ျဖစ္တယ္ေနာ္ Babyေလး၊ Baby ျဖစ္တယ္ဆိုရင္ တီတီ သြားမယ္ေနာ္''
"ကေလးက ျဖစ္တယ္လို႔ေျပာေနတာပဲ ထားခဲ့လိုက္ပါ Sam ကလည္း သိပ္မၾကာခင္ ျပန္ေရာက္လာေတာ့မွာပါ''
"ဟုတ္ကဲ့ အဲ့ဒါဆိုရင္ ဒီကအကိုကို ေက်းဇူးတင္ပါတယ္ေနာ္၊အဲ့တာဆိုရင္ ကြၽန္မသြားေတာ့မယ္''
"ဟုတ္ပါၿပီ Sam ကိုလည္း အေၾကာင္းၾကားလိုက္ေပါ့၊သူ႕ရဲ႕ CMOက ကေလးကိုေခၚထားတယ္ ဆိုတာ ေျပာျပလိုက္ပါ''
"ဟုတ္ကဲ့ ကြၽန္မေျပာလိုက္ပါ့မယ္''
အဲ့ဒီ အမ်ိဳးသမီးက ေကေလးကို သူ႕ရဲ႕ေက်ာပိုးအိတ္ေလး ကမ္းေပးခဲ့ၿပီး အလ်င္စလိုပုံစံမ်ိဳးနဲ႕ Nicholas အခန္းေရွ႕ကေန ထြက္သြားတယ္။
"ကဲ ခ်ာတိတ္ေလး ကိုယ္နဲ႕ ႐ုံးခန္ထဲ လိုက္ခဲ့''
"ဟုတ္''
ကေလးက ဟုတ္ တစ္ခြန္းေျပာၿပီး သူ႕ေနာက္ကို ပါလာတယ္။
သူ႕အခန္းထဲက ဧည့္သည္ထိုင္တဲ့ ဆိုဖာေပၚမွာ ကေလးကို ထိုင္ခိုင္းလိုက္ၿပီး Sam နဲ႕ဘယ္လိုပက္သက္လဲဆိုတာကို ဘယ္လိုေမးရမလဲလို႔ အႀကံထုတ္ေနမိတယ္။
ဒါေပမယ့္ သူေတာင္ ဘာမွမေျပာရေသးဘူး ကေလးဆီက စကားသံအရင္ ထြက္လာတယ္။
"ဦးက Sammyရဲ႕ တူေထးလား''
"Sammy ဆိုတာက Samကိုေျပာတာလား''
"ဟုတ္ရယ္ေယ ဒါေယးေတာင္ မတိဝူးယား'''
မ်က္ေစာင္းခဲလို႔ ၾကည့္တဲ့ပုံစံက မသိရင္ သူနဲ႕႐ြယ္တူ သူငယ္ခ်င္းကို ၾကည့္သလိုပဲ။
ဟက္ ပုံစံေလးကေတာ့ Nicholas ငယ္ငယ္တုန္းက အတိုင္းပဲ ေတာ္ေတာ္ ခ်စ္စရာေကာင္းတာပဲ။
"ဒါနဲ႕ မင္းက အသက္ဘယ္ေလာက္ရွိၿပီလဲ''
"တားက အတက္ တုံးႏွစ္နဲ႕ႏွစ္လ ရွိပါပီ၊အခု မူႀကိဳတက္ေနတာ တီတီက တားရဲ႕ မူႀကိဳ ခ်ရာမေလ''
ရိုက္စစ္စရာ မလိုပဲ သူ႕မ်က္ႏွာကို မလႊတ္တမ္းၾကည့္ၿပီး ေျဖလာတဲ့ ကေလးရဲ႕ ပုံစံက Nicholasသူ႕ကိုယ္သူ ျပန္ျမင္ေနရသလို ခံစားရတယ္။
ဘာျဖစ္လို႔ ဒီကေလးရဲ႕ စကားေျပာပုံဆိုပုံေတြက ဘာျဖစ္လို႔ သူနဲ႕ဆင္ေနရတာလဲ။
"ဒါနဲ႕ မင္းနာမည္က ဘယ္လိုေခၚလဲ''
"တားနာမည္က…''
"Baby ''
ေကာင္ေလးဆီက အေျဖစကားမၾကားခင္ အခန္းတံခါးဖြင့္ၿပီး အသည္းအသန္ ဝင္လာသူက Sam။
"Sammy''
ကေလးေလးက Sam ဝင္လာတာ ျမင္တာနဲ႕ ထိုင္ေနရာကေနထကာ Sam ကို အေျပးအလႊား သြားဖက္တယ္။
Samနဲ႕ ေဘးခ်င္းယွဥ္ရက္ ျမင္ျပန္ေတာ့ ကေလးေလးက Samနဲ႕လည္း တူေနသလိုပဲ။
ဘာျဖစ္လို႔ ဒီေကာင္ေလးက သူတို႔ႏွစ္ေယာက္လုံးနဲ႕ ဆင္ေနရတာလဲ။
"ျပန္ေရာက္လာၿပီလား Sam''
"ဟုတ္ကဲ့ ျပန္ေရာက္ပါၿပီ၊CMO ခိုင္းထားတာလည္း ကြၽန္ေတာ္လုပ္ၿပီးသြားၿပီ ''
"ဪ Okie ေကာင္းၿပီ''
"CMO တကယ္လို႔ တျခားခိုင္းစရာမရွိေတာ့ဘူးဆိုရင္ ကြၽန္ေတာ္႐ုံးနည္းနည္း ေစာဆင္းလို႔ရမလား အခု ကေလးလည္း ေရာက္လာလို႔၊ ႐ုံးဆင္းဖို႔လည္း ဆယ္မိနစ္ေလာက္ပဲ လိုတာဆိုေတာ့ အဆင္ေျပရင္ ကြၽန္ေတာ္ ႐ုံးနည္းနည္းေစာဆင္းခ်င္လို႔ပါ''
"႐ုံးဆင္းတာေတာ့ ရပါတယ္၊ဒါေပမယ့္ ကိုယ္ေမးစရာ တစ္ခုရွိတယ္''
"ဟုတ္ကဲ့ ေျပာပါ''
"ဒီကေလးက မင္းရဲ႕ကေလးလား''
"CMOက ဘာလို႔ သိခ်င္ရတာလဲ''
"ငါက မင္းရဲ႕ အလုပ္ရွင္ပဲေလ မင္းနဲ႕ ပတ္သတ္တဲ့ အေၾကာင္းေတြ သိခ်င္တာ ထူးဆန္းလို႔လား''
"ဒါေပမယ့္ ဒါက ကြၽန္ေတာ့္ရဲ႕ ကိုယ္ေရးကိုယ္တာပါ၊CMOနဲ႕ မဆိုင္ပါဘူး''
"Sammyကယဲ တားက Sammyရဲ႕ တားပါရို႔ ေၾကာလိုက္ရင္ယဲ ရတာပဲဟာကို ဘာျဖစ္ရို႔ ဦးဦးကို မေၾကာၾကနိုင္ရတာယဲ''
"Baby လူႀကီးေတြ စကားေျပာေနရင္ ဝင္မေျပာရဘူးလို႔ မွာထားတယ္ေလ''
"ေခ်ာရီးပါ Sammy''
ခ်ာတိတ္ေလးက သူ႕ဘာသာ ဂ်စ္ကန္ကန္ပုံစံေပါက္ေနေပမယ့္ Sam ကိုေတာ့ ေၾကာက္ပုံရကာ ရိုေသပုံလဲရတယ္။
"ကေလးေတာင္ ေျပာေနၿပီပဲ မင္းအမွန္အတိုင္း ေျဖေတာ့ ဘာျဖစ္မွာမို႔လို႔လဲ မင္းက ကိုယ့္ကို ဘာေတြထိန္ခ်န္ခ်င္ေနတာလဲ''
"ထိန္ခ်န္ခ်င္ေနတာ မဟုတ္ပါဘူး ကြၽန္ေတာ္နဲ႕ ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို CMOက ဘယ္တုန္းက စိတ္ဝင္စားခဲ့လို႔ အခုလို လာေမးေနရတာလဲလို႔ ထူးဆန္းလို႔ပါ''
"မဆိုင္တဲ့အေၾကာင္းေတြကို ေကြ႕ဝိုက္ၿပီး ေျပာမေနပဲ ကိုယ္ေမးတာကို မင္းျမန္ျမန္ေျဖလိုက္ပါ မင္းပဲ ႐ုံးဆင္းခ်င္ေနၿပီဆို''
"Baby သားေလး ခဏေန Sammyတို႔ ျပန္ၾကမယ္ အျပင္မွာ ခနေလး ထြက္ေစာင့္ေနေနာ္''
Sam က သူေမးတာကို ခ်က္ခ်င္းမေျဖနိုင္ပဲ ကေလးကို အျပင္ထြက္ဖို႔ မွာေနတယ္။
သူက ဘာအေၾကာင္းေတြ ေျပာမွာမို႔လို႔ ကေလးကို မၾကားေစခ်င္ရတာလဲ။
Nicholas ရင္ထဲမွာ သိခ်င္စိတ္ေတြ ပိုတိုးလို႔လာတယ္။
Sofa မွာ ထိုင္ေနရာကေန Sam တို႔အနားကို တိုးေလွ်ာက္သြားလိုက္တယ္။
ကေလးေလးကေတာ့ Sam စကားကို နားေထာင္စြာနဲ႕ပဲ အခန္းျပင္ကို ထြက္သြားၿပီ။
"ေျဖေလ Sam ကေလးေျပာတာဟုတ္လား၊ သူက မင္းရဲ႕သားလား''
မ်က္မွန္ေအာက္က အစိမ္းေရာင္သမ္းေနတဲ့ မ်က္ဝန္းေတြကို စိုက္ၾကည့္ရင္း အေျဖကို ေစာင့္ေနလိုက္တယ္။
အၿမဲတမ္း သူနဲ႕ အၾကည့္ခ်င္းဆုံတိုင္း မ်က္လႊာခ်သြားတတ္တဲ့ Samက ဒီတစ္ေခါက္ေတာ့ သူ႕မ်က္ဝန္းေတြကို စူးစူးရဲရဲ ျပန္ၾကည့္လို႔ေနတယ္။
ၿပီးေတာ့ Sam က လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္တာ သူျမင္လိုက္ရတယ္။
"ဟုတ္တယ္ သူက ကြၽန္ေတာ့္ရဲ႕ သားပဲ CMO သိခ်င္တာ သိရၿပီ မဟုတ္လား၊ကြၽန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး''
"ခဏေနဦး ဒီေကာင္ေလးက တကယ္ပဲ မင္းရဲ႕သားေပါ့၊ ဒါဆို မင္းငါ့ကို သစၥာေဖာက္ခဲ့တာလား''
"သစၥာေဖာက္ခဲ့တယ္ ဟုတ္လား ဒီစကားကို ဘယ္သူက ေျပာရမွာလဲ၊သစၥာေဖာက္တယ္လို႔ေျပာရေအာင္ ဘယ္သူက ဘယ္သူ႕ကို အရင္ထားခဲ့တာလဲ''
အၿမဲတမ္းႏူးညံ့တဲ့ အၿမဲတမ္းအားငယ္ရိပ္သန္းေနတဲ့ မ်က္ဝန္းေတြက ဒီတစ္ခ်ိန္ေတာ့ Nicholasရဲ႕ မ်က္ဝန္းေတြနဲ႕ အၿပိဳင္အားၿပိဳင္လို႔ေနတယ္။
ခပ္ရဲရဲ ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ Nicholas မွာ ၾကက္ေသေသသြားမိတယ္။
Sam က ဘယ္တုန္းက အခုေလာက္ႀကီး ရဲရင့္သြားရတာလဲ။
"ကြၽန္ေတာ့္ကို ထားခဲ့တဲ့သူက Nicholasပါ၊ Nicholas စိတ္နဲ႕Nicholas ကြၽန္ေတာ့္ကို လမ္းခြဲစကားေျပာၿပီး ထားခဲ့ၿပီး ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ ဘာပဲျဖစ္ျဖစ္ Nicholasနဲ႕ မဆိုင္ေတာ့ပါဘူး''
"မင္းအဲ့လို မေျပာနဲ႕ေလ လမ္းမခြဲခင္ အခ်ိန္ထိ မင္းကငါ့ရည္းစားပဲ၊အခု ဒီကေလး အ႐ြယ္က သုံးႏွစ္ဆိုရင္ မင္းက ငါနဲ႕လမ္းခြဲ ၿပီး သိပ္မၾကာဘူး အိမ္ေထာင္ျပဳၿပီးေယာက်ာ္းယူမွသာ ကေလးကိုေမြးနိုင္တာေပါ့ အဲ့ေတာ့ မင္းကငါ့ကို သစၥာေဖာက္တာ မျဖစ္နိုင္ဘူးလား''
"Nicholas ရဲ႕ တစ္ဖက္သတ္အျမင္ေတြနဲ႕ ကြၽန္ေတာ့္ရဲ႕ သိကၡာတရားကို မေစာ္ကားပါနဲ႕ ကြၽန္ေတာ္က Nicholasလိုလူ မဟုတ္ဘူး''
"ငါက ဘယ္လိုလူ ျဖစ္ေနလို႔လဲ''
Sam နဲ႕ဆိုရင္သူ႕ကိုယ္သူ အၿမဲတမ္း ကိုယ္လို႔ပဲသုံးစြဲခဲ့ေပမယ့္ အခုတခါေတာ့ ေဒါသအလြန္ထြက္သြားမိတာမို႔ ငါ လို႔ေျပာလိုက္မိသလို ေလသံကလဲ အေတာ္က်ယ္သြားမိတာ သူ႕ကိုယ္သူ သတိထားလိုက္မိတယ္။
အရင္က သူစိတ္တိုတဲ့အခါ Sam က ေၾကာက္လန႔္တတ္ေပမယ့္ အခုေတာ့ မ်က္ေတာင္တစ္ခ်က္ခတ္မသြား။
သူက မေကာင္းတဲ့ေကာင္၊သူက လူရႈပ္လူေပြဆိုတာ မွန္ေပမယ့္ Samက သူ႕ကို ဒီလိုေမာ့ၾကည့္ၿပီး ဘယ္တုန္းက ေျပာဖူးလို႔လဲ။
"ဒါကေတာ့ Nicholas ကိုယ့္ဘာသာ အသိဆုံးျဖစ္မွာပါ၊ ကြၽန္ေတာ္နဲ႕Nicholas က လုပ္ငန္းခြင္မွာ Bossနဲ႕အတြင္းေရးမႉး ဆိုေပမယ့္ ကိုယ္ေရးကိုယ္တာအရေတာ့ ဘာမွပတ္သတ္မႈမရွိပါဘူး၊ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ ကိုယ္ေရးကိုယ္တာကို ဝင္စြက္ဖက္ဖို႔ မစဥ္းစားပါနဲ႕ ကြၽန္ေတာ္ ျပန္လိုက္ပါေတာ့မယ္''
အဲ့ဒီစကားေတြကို သူ႕မ်က္ဝန္းေတြကို မ်က္ေတာင္မခတ္တမ္းၾကည့္ၿပီး ေျပာသြားတဲ့ ေျပာလို႔ၿပီးတာနဲ႕ ခ်ာကနဲ လွည့္ထြက္သြားကာ အခန္းထဲက ထြက္သြားတယ္။
Nicholas မွာသာ လက္သီးကိုဆုပ္ၿပီး Sam ဘာလို႔ေျပာင္းလဲသြားတာလဲလို႔ အႀကီးအက်ယ္စဥ္းစားေနမိတယ္။
ၿပီးေတာ့ Sam ေျပာသလို သူနဲ႕လမ္းခြဲ ၿပီးခဏေလးအတြင္းမွာ ေနာက္တစ္ေယာက္ေတြ႕ၿပီး အိမ္ေထာင္ျပဳလိုက္ၿပီး ကေလးေမြးတာက ဟုတ္ရဲ႕လား ဆိုတာေတြ ဒီကေလးေလးက ဘာလို႔ သူနဲ႕ ႐ုပ္ခ်င္းတူတာလဲ ဆိုတာေတြ ေမးခြန္းေတြအမ်ားႀကီးနဲ႕ Nicholas ေခါင္းခဲၿပီး က်န္ခဲ့တယ္။
ဒီကေလးအေဖက ဘယ္သူလဲ၊ ၿပီးေတာ့ အခု Sam မွာ အိမ္ေထာင္ဖက္ရွိေနတာလားဟူ၍ပင္။
Part 23 to be continued
အရွည္ႀကီးေဟ့ အရွည္ႀကီး (မွတ္ခ်က္ ဝမ္ရိေပၚရဲ႕ကိုအရွည္ႀကီးမဟုတ္ပါ၊ စာအရွည္ႀကီးကိုေျပာျခင္းျဖစ္သည္)။
တျဖည္းျဖည္းဇာတ္ရွိန္တက္လာၿပီေနာ္၊ Sam သားေလးရဲ႕အေဖက ဘယ္သူလို႔ထင္လဲဟင္။
ကယ္ေလးကို ကိုကိုဖမ္းေခၚပစ္တဲ့ Ben ရဲ႕ ဇကလဲ ေသးမေနဘူးေနာ္။