I'm The Husband Of A Villain...

By henryake04

10.6K 815 64

လူနှစ်ဦးရဲ့ ချစ်ခြင်းကို ဖျက်စီး ခဲ့တဲ့သူကို ဗီလန် လို့ သတ်မှတ်ကြတယ်မလား ခက်တာက အဲ့ ဗီလိန်ရဲ့ ခင်ပွန်းက ငါဖြ... More

Part (1)
Part (2)
Character Introduce
Part (3)
Part(5)
Part(6)
Part (7-1)
Part (7-2)
kwi><
Part (8)

Part(4)

628 84 10
By henryake04

Unicode

အနည်းငယ် အေးစက်မှုကို ကျောပြင်မှ တစ်ဆင့် ခံစားရသောကြောင့် သောမတ်စ် သူ့အိပ်ခန်းမဟုတ်သော တစ်နေရာရာ တွင်ရောက်နေသည် ဟု သိလိုက်ရသည်။ မျက်လုံးမဖွင့်သေးပဲ သူ့လဲလျောင်းနေရာ ပတ်ဝန်းကျင်ကို လက်ဖြင့်စမ်းကြည့်တော့ မြက်များကို စမ်းမိသည်။သောမတ်စ် သိလိုက်ရသည်က သူ မြက်ခင်းပြင် တစ်ခုပေါ်တွင် လှဲလျောင်းနေမိခြင်းသာ

"ဒယ်ဒီ ထတော့လေ ဒယ်ဒီ"

သောမတ်စ် နားထဲ ကလေးသံလေး လိုလို အသံလေး ကြားလိုက်ရသောကြောင့် မျက်လုံးကို ဖွင့်လိုက်မိတော့
သူ့ကို နိုးနေသော ဆံပင်အနက်ရောင်နှင့် ကလေးလေး
ထို ကလေးကြောင့် သောမတ်စ် အနည်းငယ် ကြောင်အသွားပြီး

"အင်း အင်း ဒယ်ဒီ ထပြီ သားသား"

ကိုယ့်ကိုကိုယ် ဒယ်ဒီဟု သုံးလိုက်မိသောကြောင့် ထပ်ပြီး သူ့ကိုယ်သူ အံ့ဩ ရပြန်သည်။ငါဘာတွေများဖြစ်နေပါလိမ့်

"ထမယ် ဆိုမြန်မြန်ထ ဒယ်ဒီရာ ဟို မှာ..... စောင့်နေတယ်"

ဘယ်သူ စောင့်နေတယ် ဆိုသော နေရာ ကို သောမတ်စ်သေချာမကြားလိုက်

"ဟမ် သား ဘယ်သူစောင့်နေတာ"

"ဟိုမှာလေ ဒယ်ဒီရဲ့"

ကလေးငယ် လက်ညိုး ထိုးပြလိုက်သည့် နေရာကို ကြည့်လိုက်တော့
နေရောင် အောက်တွင် သူ့ဘက်သို့ လှည့်ကြည့်နေသော လူတစ်ယောက်
အဖြူရောင် ရှပ်အင်္ကျီ လက်ရှည်ကို စတိုင်ပင် အညိုရောင်ထဲသို့ ထည့်ဝတ်ထားသော ထိုသူ
ရင်ဘတ်နေရာသို့် ကြည့်လိုက်တော့ မို့မောက်မနေပဲ ခပ်ပြေပြေသာ ရှိသည်။
သောမတ်စ် လန့်ဖြန့်သွားပြီး ထိုလူ့ မျက်နှာ ကိုကြည့်လိုက်တော့
သူ့မျက်စိကို ထိုးထားသော နေရောင်ကြောင့် သေချာ မမြင်ရ
ဒါကြောင့် ထိုလူ အနားကို သွားရန် လက်ထောက်ပြီး ထလိုက်တော့

"ဝုန်း"

"အားလားလား နာလိုက်တာ"

သောမတ်စ် နာကျင်မှုကြောင့် ပတ်ဝန်းကျင် ကို ဝေ့ဝဲ ကြည့်မိတော့ ရင်းနှီး နေသည့် သူ့အခန်း
သောမတ်စ် သူ့ခေါင်းကို အလုပ်ပေးလိုက်ပြီး

"အော် ဒါဆို စောစောက အိမ်မက်ပေါ့ တော်သေးပါရဲ့"

သောမတ်စ် ကုတင်အောက်သို့ ပြုတ်ကျလျက်သား အနေအထားမှာပင် သက်ပြင်းချလိုက်ပြီး အိမ်မက် ကို ပြန်တွေးတော နေမိသည်။ဆံပင် အနက်ရောင်နှင့် ကလေးလေးက သောမတ်စ်ကို စိတ်အနှောင့်အယှက် မပေးသော်လည်း ပြားချပ်သော နေသော ရင်ဘတ်နှင့်လူကတော့ သူ့ စိတ်အစဥ်ကို ရှုပ်ထွေးစေသည်။
'ဘာလဲ ငါလည်း ရှောင့် လို ယောက်ကျားရသွားတာလား'
ထို အတွေးက သူ့ခေါင်းထဲတွင် ၁ မိနစ် အကြာနေကြာယူသွားပြီး
သူထပ်သတိရမိသည်က
'ခဏလေး နေပါဦး မိန်းမတွေမှာလည်း ရင်သားပြားတဲ့ မိန်းမတွေရှိတာပဲလေ မဟုတ်ဘူးလား
ဒါဆို သူလည်း မိန်းမတစ်ယောက်ပဲနေမှာပေါ့
ဘယ် ယောက်ကျား ကလေးမွေးနိုင်မှာမို့လို့လဲ ငါ့ရဲ့ စောစောကအတွေးက ရူးနှမ်းလိုက်တာ'
သောမတ်စ် ခေါင်းခါလိုက်ကာ သက်ပြင်းခပ်ဖွဖွ ကို နောက်တစ်ကြိမ်ချလိုက်မိသည်။

သောမတ်စ် အား ရှိသင့်သည့် ရင်သားအရွယ်အစား မရှိ သော မိန်းမများကို ကြိုက်လားလို့ မေးလျှင် သူခေါင်းငြိမ့်မည်မဟုတ်သလို ရင်သားကြီးသော မိန်းမများကိုပဲ ကြိုက်တာလား ဟု မေးလျှင်လည်း သူခေါင်းခါမိလိမ့်မည်။
ဘာလို့ဆို ရင်သား ကြီးခြင်း သေးခြင်း ကို ကြည့်၍ ရွေးချယ် ခြင်းမဟုတ် သူ ချစ်သည့် သူကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။

အတွေးစများကို ဖြတ်ကာ ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာမိတော့ မီးဖိုခန်းထဲတွင် မစ်စ်ဘယ်ရီ မတွေ့ရသောကြောင့် စိတ်ပူမိသွားသည်။ထိုအချိန်မှာပင် အိပ်ကပ်ထဲ ရှိ vibrate လုပ်ထားသော ဖုန်း၏ တုန်ခါ မှုကို ခံစားရမိ၏။
ဖုန်းကို ထုတ်ပြီး ကြည့်လိုက်တော့ မစ်စ် ဘယ်ရီထံမှ ခေါ်ဆိုသော ဖုန်း ဖြစ်နေခြင်းကြောင့် ကိုက်လိုက် ပြီး

"ဟယ်လို အမေ ဘယ်ရောက်နေတာလဲ ဘာလို့ အိမ်မှာမရှိရတာလဲ အခုရော ဘယ်မှာလဲ အဆင်ရောပြေရဲ့လား"

အစီအငေါ်မတည့်သော မေးခွန်းများနှင့် သောမတ်စ် ၏ စိတ်ပူနေသော လေသံကြောင့်

"သားရယ် စိတ်ပူတာကို လျော့ အမေ ဘာမှမဖြစ်ဘူး ပြီးတော့ အဆင်လည်းပြေတယ် အခု Shere ကို သွားတဲ့ လမ်းပေါ်မှာ"

"အမေ့ သူငယ်ချင်း ဆီကို အလည်သွားတာလား
သွားမယ် ဆိုလည်း ကျွန်တော့် ကို ကြိုပြောလေဗျာ လိုက်ပို့မှာပေါ့"

သောမတ်စ် ၏ အနည်းငယ် ဒေါသထွက်နေသော အသံကြောင့် မစ်စ် ဘယ်ရီ အသံထွက်ရယ်လိုက်ပြီး

"အမေ့သားလေး ကို မပင်ပန်းစေချင်လို့ မပြောမိလိုက်တာပါကွယ်"

"ဟုတ်ပါပြီ ဗျာ ဒါနဲ့ အဲ့မှာ ဘယ်လောက်ကြာကြာနေမှာလဲ အမေ"

"အင်း အဲ့တာကတော့ မပြောတတ်ဘူး အမေ့ သူငယ်ချင်း ဒေစီက သူတစ်ယောက်တည်း ဆိုတော့ လေ "

"ဒါဆို အမေက Shere မှာ အကြာကြီး နေမှာပေါ့"

"ဒါပေါ့ သားရယ် ကဲ အမေ့ကို စိတ်ဆိုးမနေနဲ့တော့
အော် မေ့တော့မလို့ ဧည့်ခန်းထဲက ခုံမှာသားအတွက် card ထားခဲ့တယ် ယူလိုက်ဦးနော် နံနက်စာလည်း စားလိုက်ဦး
အမေဖုန်းချလိုက်တော့မယ် ကောင်းကောင်းနေနော်ငါ့သား"

၁၅ မိနစ် အကြာစကားပြောဆိုပြီး ၍ မစ်စ်ဘယ်ရီ ဖုန်း ချသွားသည်။သောမတ်စ် လည်း မစ်စ် ဘယ်ရီ ထားခဲ့သော card ကိုသွားယူကြည့်ပြီး ခေါင်းတစ်ချက်ခါမိ၏။
ပြီးနောက် နံနက်စာ စားရန်အတွက် Marylebone လမ်းရှိ Burger King သို့ ခြေလျင် လျှောက် ပြီး သွားသည်။
ဆိုင်ရောက်တော့ သောမတ်စ် တန်းစီရပြီး သူ့ရှေ့က လူနှစ်ယောက် အလှည့် ပြီးသောအခါ သူ မှာရတော့သည်။အရောင်းဝန်ထမ်းမလေးမှ

"ဆရာ ဘာမှာမလဲ"

"Chicken Royale Sandwish တစ်ခုရယ်,Chicken Strips regular ရယ်, Tropicana Orange Juice တစ်ခွက်ရယ်"

"ဒါပဲလားရှင့်"

"ဟုတ်ပါတယ်"

"Chincken Royale Sand wish က £4.49 ပါ
Chicken Strips regular က £2.96 နဲ့ Tropicana Orange Juice က £1.49 ပါ
ဒါကြောင့် စုစုပေါင်း £8.49 ကျသင့်ပါတယ် ရှင် ဒါနဲ့ take away လား"

"Take away မဟုတ်ပါ ဘူး"

သောမတ်စ် ကျသင့်ငွေ ပေးချေလိုက်ပြီး မှာယူထား သော အစားအသောက်များကို သယ်ယူကာ အပြင်ဘက်ကို မြင်ရသည့် ခုံတွင် နေရာယူ လိုက်ပြီး စားသောက်ရန် ပြင်ဆင်သည်။
သောမတ်စ် စားနေစဥ် သူ့ခုံတွင် အအေးတစ်ခွက်ချကာ လာထိုင် သော သူကြောင့် အနည်းငယ် စနိုးစနောင့် ဖြစ်သွားပြီး ထိုသူ့ကို ကြည့်လိုက်တော့ လီယို

မျက်ခုံးတန်းများကွေးညွှတ်၍ သူ့ကို ကြည့်နေသော သောမတ်စ် ကို
'ဘာလို့လဲ'ဟူသော သဘောဖြင့် မျက်ခုံးပင့်ပြကာ သောမတ်စ် ၏ မျက်နှာချင်းဆိုင်နေရာ တွင်ဝင်ထိုင်ပြီး ငြိုးငယ်နေသောမျက်နှာဖြင့်

"ဦးလေးထိုင်နေတဲ့ ခုံမှာ ကျွန်တော်ဝင်ထိုင်လို့ စိ်တ်ခုသွားတာလား
စိတ်ခုသွားတယ် ဆိုရင်လည်း တောင်းပန်ပါတယ် ဗျာ
နေရာလွတ် မရှိလို့ ဝင်ထိုင်လိုက်မိတာပါ"

နေရာလွတ်မရှိတော့ဘူးဆိုသည့် စကားကို အတည်ပြုရန် သောမတ်စ် သူ၏ မျက်လုံး များကို ကစားလိုက်တော့
အမှန်ပင် ထိုင်စရာနေရာလွတ်မရှိ ။
သူ့ အပြုအမူကို ကြည့်ပြီး ထသွားရန် ပြင်နေသော လီယို အား

"ဟေ့ ကောင်လေး ငါ စိတ်မခုဘူး ရတယ် လာထိုင်"

သောမတ်စ် ၏ 'ရတယ်' ဟူသော အသံကြားမှ မျက်နှာလေး ပြန်လည်ဝင်းပလာပြီး စပ်ဖြဲ ဖြဲ နှင့် သူ့ အရှေ့တွင် ပြန်လာထိုင်သော ကောင်လေး
သောမတ်စ် တို့ နှစ်ယောက် ၅ မိနစ်နီးပါး ဘာစကားမှ မပြောမိပဲ စားစရာများကိုသာ စားနေမိသည်။
ထို အခြေအနေကို မကြိုက်သော လီယိုက သောမတ်စ် ၏ Chicken Strip ကိုယူစားတော့ သောမတ်စ် က သူ့စားစရာဗန်းကို လီယို ရှေ့သို့ အလိုက်တသိ တိုးပေး လာသည်။
ထိုအပြုအမူ ကြောင့် လီယို စိတ်ကလေး နွေးထွေးသွားပြီး
သောမတ်စ် အား သကာရည် လောင်းထားသကဲ့သို့ ချိုမြသော အပြုံးတစ်ခုကို ပြုံးပြပြီး ကြည့်နေလိုက်သည်။

"ဟေ့ ကောင်လေး ပြုံးပြီး ကြည့် မနေနဲ့ စားမှာဖြင့်စား
ငါ့ကို ကြည့်နေလို့ မင်း ဗိုက်မပြည့်ဘူးနော်"

ထို စကားကြောင့်
"ဦးလေးကို ကြည့်နေရရုံနဲ့တင် ကျွန်တော်ဗိုက်ပြည့်တယ်" ဟု လီယို တိုးတိုးလေး ရေ ရွတ်လိုက်မိသည်။သူ ရေ ရွတ် လိုက်သည်ကို ကြားသွားဟန်ရှိသော သောမတ်စ် က

"ဟမ် မင်းဘာ ပြောလိုက်တာလဲ"

"ဘာမှ မပြောလိုက်ပါဘူး"

ရယ်ကျဲကျဲ ဖြင့် ပြန်ပြောလိုက်တော့ ထိုတုံးအလွန်းသော အဖိုးကြီးက သူ့စကားကို ယုံကြည့်လိုက်ကာ ခေါင်းတဆတ်ဆတ် ငြိမ့်ပြီး

"ကောင်လေး မင်းဒါလေးနဲ့ ဗိုက်ဝလို့လား ငါ ထပ်မှာပေးရဦးမလား"

"မမှာပါနဲ့ ကျွန်တော် ဒီလောက် နဲ့ ဗိုက်ဝပါတယ်"

"အေးပါ ဒီလောက်လေး ပဲစားလို့ မင်း လူကောင်လေးက သေးသေးလေးဖြစ်နေတာ"

မျက်လုံးတစ်ဖက်မှိတ်ပြီး သူ့ခန္ဓာကိုယ် အား လက်ညိုးနဲ့ လက်မ ကို ကွေးတာ သေးသေးလေး ဟူသော ပုံစံနှင့် တိုင်းတာ ပြနေသော သောမတ်စ် အား အသဲယားမိသည်။

"ဒါနဲ့ ကောင်လေး မင်းက ဘယ်မှာနေတာလဲ"

" ကျွန်တော်ကလား Green Park နားမှာနေတာပါ"

"အင်း ဒါနဲ့ Green Park နဲ့ ဒီနဲ့က အတော်လှမ်းတာပဲ ဘာလို့ မင်း ဒီကိုလာတာလဲ"

"ဒီဆိုင် လေးကို စားချင်စိတ်ဖြစ်လာလို့ပါ"

လီယို စကားကို နားထောင်ရင်း သောမတ်စ် သူ၏ နာရီကို ကြည့် လိုက်ပြီး သူ ဒီရောက်နေသည်မှာ ၂၅ မိနစ်ခန့် ရှိပြီ ဖြစ်သောကြောင့်

"အေးပါကွာ ဒီနားထပ်ရောက်ရင် ငါ့အိမ်ကို လာလည်ပေါ့ အခုတော့ ငါ ပြန်တော့မယ် ကောင်လေး"

သောမတ်စ် ထံမှ သူ့အိမ် ဟူသော စကားကြောင့် လီယို ၏ မျက်လုံးများ တောက်ပလာပြီး မတ်တပ်ထရပ်ကာ ပြန်မည် လုပ်နေသော သောမတ်စ်၏ လက်ကိုလှမ်းဆွဲကာ

"ဦးလေး ဘာနဲ့ ပြန်မှာလည်း"

"ငါဒီကို ခြေနှစ်ဖက်လာတာကို ဘာနဲ့ ပြန်ရမှာလဲ"

"အတည်မေးနေတာကို ဗျာ"

"ငါလည်း တကယ် ဖြေနေတာလေ ခြေထောက်နဲ့ ပြန်မှာလို့"

"ဒါဆို ခြေထောက်နဲ့ မပြန်နဲ့ ကျွန်တော်လိုက်ပို့မယ်လေ နော် ကျွန်တော် လိုက်ပို့ပါရစေလို့"

သူ့လက်ကို ကိုင်ကာ အသနားခံနေသည့် မျက်လုံးများနှင့် တောင်းဆိုလာသော လီယို ကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး

"လာကွာ လိုက်ပို့ချင်သပ ဆိုရင်လည်း လိုက်ပို့ကွာ"

သူ့ စကားကြောင့် လီယို ပျော်ရွှင်သွားသည်ကို သောမတ်စ် ခံစား မိသည်။လီယိုက သူ့အား ကားနှင့် လိုက်ပို့မည်ဆိုသော ကြောင့် လီယို ကားရှိ ရာ သို့ လိုက်လာပြီး မြင်လိုက်ရသော လီယို့ ၏ ကားက သောမတ်စ်၏ ခန္ဓာကိုယ် အားတောင့်တင်းသွားစေသည်။
အဘယ့်ကြောင့်ဆိုသော် လီယို ၏ ကားမှာ BMW m5 2018 model ဖြစ်ပြီး အရောင်မှာ Champagner Quartz အရောင်လေး
သူ တအံ့တဩ ဖြစ်နေစဥ် လီယိုက

"ဦးလေး ကားထဲ ဝင်လေဗျာ ဘာရပ်ကြည့်နေတာလဲ"

"အေးပါ"

ကားထဲရောက်တော့ လီယိုက

"ဦးလေးဘယ်ကို ပို့ပေးရမလဲ"

"Linhope St.က တိုက်နံပါတ် 37 ကို"

အိမ်ပြန်လမ်းတစ်လျှောက် သူတို့နှစ်ယောက်စကားမပြောဖြစ်
သောမတ်စ်၏ အိမ်ရှေ့ရောက်တော့ လီယို က

"ဦးလေး အိမ်ရောက်ပြီ"

"အင်း"

စကားတစ်လုံးသာပြောပြီး ဆင်းသွားသော သောမတ်စ် ကြောင့် လီယို အောင့်သက်သက် ဖြစ်သွားသည်။
သောမတ်စ် အိမ်ထဲ သို့ ဝင်သည်အထိ လီယို စောင့်ကြည့်နေမိ၏။
သောမတ်စ် က အိမ်ထဲသို့ ဝင်ခါနီးမှ နောက်ပြန်လှည့်ကာ
လီယို ကားဆီသို့ လျှောက်လာပြီး ကားမှန်ချခိုင်းသည်။

"ကောင်လေး အိမ်ထဲ ဝင်မလား"

"ဟင် အမ်"

"မင်းကို ငါ့အိမ် ထဲ ဝင်မလားလို့ မေးတာပါ မဝင်ချင်လည်းရပါတတယ်"

သောမတ်စ် လှည့်ထွက်သွားတော့မှ လီယို အသိပြန်ဝင်လာကာ ကမန်းကတန်း ကားပေါ်က ဆင်းပြီး သောမတ်စ် နောက်သို့ လိုက်မိသည်။သောမတ်စ်က လီယိုကို အိမ်တွင်းသို့ အရင်ဝင်စေပြီး

"ကောင်လေး ဒါငါ့အိမ်ပဲ "

"ဟုတ် ဦးလေး"

တံခါးပေါက်တွင် မတ်တပ်ရပ်နေသော လီယိုအား သောမတ်စ် စိုက့်ကြည့်ပြီး

"ကောင်လေး မင်း ဒီနေရာ မှာပဲ ရပ်နေတော့မှာလား"

"ဗျာ"

"မင်း ဒီနေရာမှာပဲ ရပ်နေတော့မှာလားလို့"

"အဲ မဟုတ်ပါဘူး"

"ဒါဆို ဧည့်ခန်းမှာသွားထိုင်လေ"

"ဟုတ် ဟုတ် ဒါနဲ့ ကျွန်တော့်ကို ဘာလို့ အိမ်ထဲ ခေါ်တာလဲ ဟင်"

သောမတ်စ် က သူ့ရင်ဘတ်လောက်သာ နားလောက်သာ အရပ်ရှည်သော လီယို ၏ ခေါင်းအား ကိုင်လိုက်ပြီး

"မင်းကို နွားနို့တိုက် မလို့"

"ဟမ်"

"ဘာ ဟမ်လဲ အူတူတူ နဲ့ ဧည့်ခန်းမှာသွားထိုင်နေ နောက်ပြီး ငါလာခဲ့မယ်"

သောမတ်စ် မီးဖို ခန်းဘက်သို့ဝင် လျှောက် သွား သော်လည်း လီယို မှာ ထိုနေရာတွင်သာ တောင့်တောင့်ကြီး ရပ်ကျန်နေခဲ့ ပြီး သူ၏ မျက်နှာသည် လည်း အနီရောင်ဘက်သို့ ကူးပြောင်းနေသည်။
သောမတ်စ် ၏ စကားတစ်ခွန်းကြောင့် ရှက်သွေးဖြာသွားသော ကောင်လေးတစ်ယောက်ရှိသလို
လီယို အရပ်ပုနေသောကြောင့် စေတနာအပြည့်ဖြင့် မီးဖိုချောင်ရှိ ရေခဲ သေတ္တာထဲမှ နွားနို့ဘူးကို သွားယူကာ တိုက်ရန်ပြင်နေသော အသက်အလယ်အလတ် လူတစ်ယောက်လည်း ရှိနေသည်။

------------

A/N

ဒါက Ms. Berry သွားတဲ့ Shere ဆိုတဲ့ Village လေးပါ
Shere ကို Londonကနေ ရထားနဲ့ သွားချင်တယ်ဆိုရင်
Victoria Station ကနေ Dorking ကို မိနစ် ၅၆ မိနစ်ကြာ အရင်ရထားစီးရမှာ ဖြစ်ပါတယ်
ရထားခကတော့ US 11 dollars ကနေ 18 dollars ပါ
ပြီးရင် Dorking Deepdemne Station ကနေ Gomshall station ကို 10 မိနစ်ကြာရထားစီးရမှာပဲဖြစ်ပါတယ်
ရထားကတော့ US 5 dollars  ​ကနေ 8 dollars ပါ
ခရီးစဥ်နှစ်ခုပေါင်း ပြီး ကျသင့်တဲ့ ခရီးစရိတ်ကတော့ US 17 dollars  ကနေ 35 dollars ထိကျသင့်နိုင်ပါတယ်
စုစုပေါင်း ခရီးစရိတ်ကို မြန်မာငွေနဲ့ဆိုရင် 22400 ကျပ်ကနေစပြီး 46400 ကျပ်ထိ ကျသင့်မှာပါ
(ဟိုလေ စျေးနှုန်းကွာတာ က ကိုယ်ထိုင်တဲ့ နေရာ ပေါ်မှာ မူတည်လိုပြီး ကွာခြားတာပါ တော်ကြာ ဒီစာရေးသူက ဘာတွေလျှောက်ရေးနေလဲ ထင်မှာစိုးလို့ ပြီးတော့ မရှင်းတာရှိရင် ေမးခဲ့
လို့ရပါတယ်)

Taxi နဲ့ သွားမယ် ဆိုရင်တော့ 47 မိနစ်ခန့်ပဲ ကြာမှာဖြစ်ပြီး
US 110 dollars ကနေ 140 dollars အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်
မြန်မာငွေနဲ့ တွက်ရင်တော့ 146000 ကျပ်ကနေ 185000 ကျပ် အတွင်းကျသင့်နိုင်ပါတယ်
(ဒီမှာ စျေးနှုန်း ကွာခြားတာကတော့ Taxi လိုင်း တွေမတူ တာပဲ ဖြစ်မယ်လို့ ထင်တယ်)

Chicken Royale Sandwish - £4.49
မြန်မာငွေနဲ့ဆို 8100 ကျပ်ပါ (အမှန်တော့ 8085.88 ကျပ်ပါ 8100 ဆိုတာ မှတ်လို့လွယ်အောင် ပြောပြတာပါ)

Chicken Strips - £2.96
မြန်မာငွေနဲ့ဆို Regular တစ်ပွဲကို 5300 ကျပ်ပါ

Tropicana Orange Juice - £1.49
မြန်မာငွေနဲ့ဆို 2700 ကျပ် ပါ

ဒါက Leo စီးတဲ့ BMW m5 2018 model ပါ
ဒီကားရဲ့ စျေးနှုန်းက US dollar နဲ့ဆို 102,600 dollars ပါ
UK pound နဲ့ဆို 75,630 pounds ပါ
မြန်မာ ကျပ်နဲ့ ဆို 136,199,900 ကျပ်ပါ

ဒါတွေကတော့ ဗဟုသုတ အနေနဲ့ ထည့်ပေးလိုက်ပါတာ
အခုလို ဖတ်ရှုပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်
ဆက်လက်ကြိုးစားသွားပါဦးမယ် 💙

Zawgyi

အနည္းငယ္ ေအးစက္မႈကို ေက်ာျပင္မွ တစ္ဆင့္ ခံစားရေသာေၾကာင့္ ေသာမတ္စ္ သူ႕အိပ္ခန္းမဟုတ္ေသာ တစ္ေနရာရာ တြင္ေရာက္ေနသည္ ဟု သိလိုက္ရသည္။ မ်က္လုံးမဖြင့္ေသးပဲ သူ႕လဲေလ်ာင္းေနရာ ပတ္ဝန္းက်င္ကို လက္ျဖင့္စမ္းၾကည့္ေတာ့ ျမက္မ်ားကို စမ္းမိသည္။ေသာမတ္စ္ သိလိုက္ရသည္က သူ ျမက္ခင္းျပင္ တစ္ခုေပၚတြင္ လွဲေလ်ာင္းေနမိျခင္းသာ

"ဒယ္ဒီ ထေတာ့ေလ ဒယ္ဒီ"

ေသာမတ္စ္ နားထဲ ကေလးသံေလး လိုလို အသံေလး ၾကားလိုက္ရေသာေၾကာင့္ မ်က္လုံးကို ဖြင့္လိုက္မိေတာ့
သူ႕ကို နိုးေနေသာ ဆံပင္အနက္ေရာင္ႏွင့္ ကေလးေလး
ထို ကေလးေၾကာင့္ ေသာမတ္စ္ အနည္းငယ္ ေၾကာင္အသြားၿပီး

"အင္း အင္း ဒယ္ဒီ ထၿပီ သားသား"

ကိုယ့္ကိုကိုယ္ ဒယ္ဒီဟု သုံးလိုက္မိေသာေၾကာင့္ ထပ္ၿပီး သူ႕ကိုယ္သူ အံ့ဩ ရျပန္သည္။ငါဘာေတြမ်ားျဖစ္ေနပါလိမ့္

"ထမယ္ ဆိုျမန္ျမန္ထ ဒယ္ဒီရာ ဟို မွာ..... ေစာင့္ေနတယ္"

ဘယ္သူ ေစာင့္ေနတယ္ ဆိုေသာ ေနရာ ကို ေသာမတ္စ္ေသခ်ာမၾကားလိုက္

"ဟမ္ သား ဘယ္သူေစာင့္ေနတာ"

"ဟိုမွာေလ ဒယ္ဒီရဲ႕"

ကေလးငယ္ လက္ညိုး ထိုးျပလိုက္သည့္ ေနရာကို ၾကည့္လိုက္ေတာ့
ေနေရာင္ ေအာက္တြင္ သူ႕ဘက္သို႔ လွည့္ၾကည့္ေနေသာ လူတစ္ေယာက္
အျဖဴေရာင္ ရွပ္အကၤ်ီ လက္ရွည္ကို စတိုင္ပင္ အညိုေရာင္ထဲသို႔ ထည့္ဝတ္ထားေသာ ထိုသူ
ရင္ဘတ္ေနရာသို့္ ၾကည့္လိုက္ေတာ့ မို႔ေမာက္မေနပဲ ခပ္ေျပေျပသာ ရွိသည္။
ေသာမတ္စ္ လန့္ျဖန့္သြားၿပီး ထိုလူ႕ မ်က္ႏွာ ကိုၾကည့္လိုက္ေတာ့
သူ႕မ်က္စိကို ထိုးထားေသာ ေနေရာင္ေၾကာင့္ ေသခ်ာ မျမင္ရ
ဒါေၾကာင့္ ထိုလူ အနားကို သြားရန္ လက္ေထာက္ၿပီး ထလိုက္ေတာ့

"ဝုန္း"

"အားလားလား နာလိုက္တာ"

ေသာမတ္စ္ နာက်င္မႈေၾကာင့္ ပတ္ဝန္းက်င္ ကို ေဝ့ဝဲ ၾကည့္မိေတာ့ ရင္းႏွီး ေနသည့္ သူ႕အခန္း
ေသာမတ္စ္ သူ႕ေခါင္းကို အလုပ္ေပးလိုက္ၿပီး

"ေအာ္ ဒါဆို ေစာေစာက အိမ္မက္ေပါ့ ေတာ္ေသးပါရဲ႕"

ေသာမတ္စ္ ကုတင္ေအာက္သို႔ ျပဳတ္က်လ်က္သား အေနအထားမွာပင္ သက္ျပင္းခ်လိဳက္ၿပီး အိမ္မက္ ကို ျပန္ေတြးေတာ ေနမိသည္။ဆံပင္ အနက္ေရာင္ႏွင့္ ကေလးေလးက ေသာမတ္စ္ကို စိတ္အႏွောင့္အယွက္ မေပးေသာ္လည္း ျပားခ်ပ္ေသာ ေနေသာ ရင္ဘတ္ႏွင့္လူကေတာ့ သူ႕ စိတ္အစဥ္ကို ရႈပ္ေထြးေစသည္။
'ဘာလဲ ငါလည္း ေရွာင့္ လို ေယာက္က်ားရသြားတာလား'
ထို အေတြးက သူ႕ေခါင္းထဲတြင္ ၁ မိနစ္ အၾကာေနၾကာယူသြားၿပီး
သူထပ္သတိရမိသည္က
'ခဏေလး ေနပါဦး မိန္းမေတြမွာလည္း ရင္သားျပားတဲ့ မိန္းမေတြရွိတာပဲေလ မဟုတ္ဘူးလား
ဒါဆို သူလည္း မိန္းမတစ္ေယာက္ပဲေနမွာေပါ့
ဘယ္ ေယာက္က်ား ကေလးေမြးနိုင္မွာမို႔လို႔လဲ ငါ့ရဲ႕ ေစာေစာကအေတြးက ႐ူးႏွမ္းလိုက္တာ'
ေသာမတ္စ္ ေခါင္းခါလိုက္ကာ သက္ျပင္းခပ္ဖြဖြ ကို ေနာက္တစ္ႀကိမ္ခ်လိဳက္မိသည္။

ေသာမတ္စ္ အား ရွိသင့္သည့္ ရင္သားအ႐ြယ္အစား မရွိ ေသာ မိန္းမမ်ားကို ႀကိဳက္လားလို႔ ေမးလွ်င္ သူေခါင္းၿငိမ့္မည္မဟုတ္သလို ရင္သားႀကီးေသာ မိန္းမမ်ားကိုပဲ ႀကိဳက္တာလား ဟု ေမးလွ်င္လည္း သူေခါင္းခါမိလိမ့္မည္။
ဘာလို႔ဆို ရင္သား ႀကီးျခင္း ေသးျခင္း ကို ၾကည့္၍ ေ႐ြးခ်ယ္ ျခင္းမဟုတ္ သူ ခ်စ္သည့္ သူကိုသာ ေ႐ြးခ်ယ္ျခင္း ျဖစ္သည္။

အေတြးစမ်ားကို ျဖတ္ကာ ကိုယ္လက္သန့္စင္ၿပီး ေအာက္ထပ္ဆင္းလာမိေတာ့ မီးဖိုခန္းထဲတြင္ မစ္စ္ဘယ္ရီ မေတြ႕ရေသာေၾကာင့္ စိတ္ပူမိသြားသည္။ထိုအခ်ိန္မွာပင္ အိပ္ကပ္ထဲ ရွိ vibrate လုပ္ထားေသာ ဖုန္း၏ တုန္ခါ မႈကို ခံစားရမိ၏။
ဖုန္းကို ထုတ္ၿပီး ၾကည့္လိုက္ေတာ့ မစ္စ္ ဘယ္ရီထံမွ ေခၚဆိုေသာ ဖုန္း ျဖစ္ေနျခင္းေၾကာင့္ ကိုက္လိုက္ ၿပီး

"ဟယ္လို အေမ ဘယ္ေရာက္ေနတာလဲ ဘာလို႔ အိမ္မွာမရွိရတာလဲ အခုေရာ ဘယ္မွာလဲ အဆင္ေရာေျပရဲ႕လား"

အစီအေငၚမတည့္ေသာ ေမးခြန္းမ်ားႏွင့္ ေသာမတ္စ္ ၏ စိတ္ပူေနေသာ ေလသံေၾကာင့္

"သားရယ္ စိတ္ပူတာကို ေလ်ာ့ အေမ ဘာမွမျဖစ္ဘူး ၿပီးေတာ့ အဆင္လည္းေျပတယ္ အခု Shere ကို သြားတဲ့ လမ္းေပၚမွာ"

"အေမ့ သူငယ္ခ်င္း ဆီကို အလည္သြားတာလား
သြားမယ္ ဆိုလည္း ကြၽန္ေတာ့္ ကို ႀကိဳေျပာေလဗ်ာ လိုက္ပို႔မွာေပါ့"

ေသာမတ္စ္ ၏ အနည္းငယ္ ေဒါသထြက္ေနေသာ အသံေၾကာင့္ မစ္စ္ ဘယ္ရီ အသံထြက္ရယ္လိုက္ၿပီး

"အေမ့သားေလး ကို မပင္ပန္းေစခ်င္လို႔ မေျပာမိလိုက္တာပါကြယ္"

"ဟုတ္ပါၿပီ ဗ်ာ ဒါနဲ႕ အဲ့မွာ ဘယ္ေလာက္ၾကာၾကာေနမွာလဲ အေမ"

"အင္း အဲ့တာကေတာ့ မေျပာတတ္ဘူး အေမ့ သူငယ္ခ်င္း ေဒစီက သူတစ္ေယာက္တည္း ဆိုေတာ့ ေလ "

"ဒါဆို အေမက Shere မွာ အၾကာႀကီး ေနမွာေပါ့"

"ဒါေပါ့ သားရယ္ ကဲ အေမ့ကို စိတ္ဆိုးမေနနဲ႕ေတာ့
ေအာ္ ေမ့ေတာ့မလို႔ ဧည့္ခန္းထဲက ခုံမွာသားအတြက္ card ထားခဲ့တယ္ ယူလိုက္ဦးေနာ္ နံနက္စာလည္း စားလိုက္ဦး
အေမဖုန္းခ်လိဳက္ေတာ့မယ္ ေကာင္းေကာင္းေနေနာ္ငါ့သား"

၁၅ မိနစ္ အၾကာစကားေျပာဆိုၿပီး ၍ မစ္စ္ဘယ္ရီ ဖုန္း ခ်သြားသည္။ေသာမတ္စ္ လည္း မစ္စ္ ဘယ္ရီ ထားခဲ့ေသာ card ကိုသြားယူၾကည့္ၿပီး ေခါင္းတစ္ခ်က္ခါမိ၏။
ၿပီးေနာက္ နံနက္စာ စားရန္အတြက္ Marylebone လမ္းရွိ Burger King သို႔ ေျခလ်င္ ေလွ်ာက္ ၿပီး သြားသည္။
ဆိုင္ေရာက္ေတာ့ ေသာမတ္စ္ တန္းစီရၿပီး သူ႕ေရွ႕က လူႏွစ္ေယာက္ အလွည့္ ၿပီးေသာအခါ သူ မွာရေတာ့သည္။အေရာင္းဝန္ထမ္းမေလးမွ

"ဆရာ ဘာမွာမလဲ"

"Chicken Royale Sandwish တစ္ခုရယ္,Chicken Strips regular ရယ္, Tropicana Orange Juice တစ္ခြက္ရယ္"

"ဒါပဲလားရွင့္"

"ဟုတ္ပါတယ္"

"Chincken Royale Sand wish က £4.49 ပါ
Chicken Strips regular က £2.96 နဲ႕ Tropicana Orange Juice က £1.49 ပါ
ဒါေၾကာင့္ စုစုေပါင္း £8.49 က်သင့္ပါတယ္ ရွင္ ဒါနဲ႕ take away လား"

"Take away မဟုတ္ပါ ဘူး"

ေသာမတ္စ္ က်သင့္ေငြ ေပးေခ်လိဳက္ၿပီး မွာယူထား ေသာ အစားအေသာက္မ်ားကို သယ္ယူကာ အျပင္ဘက္ကို ျမင္ရသည့္ ခုံတြင္ ေနရာယူ လိုက္ၿပီး စားေသာက္ရန္ ျပင္ဆင္သည္။
ေသာမတ္စ္ စားေနစဥ္ သူ႕ခုံတြင္ အေအးတစ္ခြက္ခ်ကာ လာထိုင္ ေသာ သူေၾကာင့္ အနည္းငယ္ စနိုးစေနာင့္ ျဖစ္သြားၿပီး ထိုသူ႕ကို ၾကည့္လိုက္ေတာ့ လီယို

မ်က္ခုံးတန္းမ်ားေကြးၫႊတ္၍ သူ႕ကို ၾကည့္ေနေသာ ေသာမတ္စ္ ကို
'ဘာလို႔လဲ'ဟူေသာ သေဘာျဖင့္ မ်က္ခုံးပင့္ျပကာ ေသာမတ္စ္ ၏ မ်က္ႏွာခ်င္းဆိုင္ေနရာ တြင္ဝင္ထိုင္ၿပီး ၿငိဳးငယ္ေနေသာမ်က္ႏွာျဖင့္

"ဦးေလးထိုင္ေနတဲ့ ခုံမွာ ကြၽန္ေတာ္ဝင္ထိုင္လို႔ စိ္တ္ခုသြားတာလား
စိတ္ခုသြားတယ္ ဆိုရင္လည္း ေတာင္းပန္ပါတယ္ ဗ်ာ
ေနရာလြတ္ မရွိလို႔ ဝင္ထိုင္လိုက္မိတာပါ"

ေနရာလြတ္မရွိေတာ့ဘူးဆိုသည့္ စကားကို အတည္ျပဳရန္ ေသာမတ္စ္ သူ၏ မ်က္လုံး မ်ားကို ကစားလိုက္ေတာ့
အမွန္ပင္ ထိုင္စရာေနရာလြတ္မရွိ ။
သူ႕ အျပဳအမူကို ၾကည့္ၿပီး ထသြားရန္ ျပင္ေနေသာ လီယို အား

"ေဟ့ ေကာင္ေလး ငါ စိတ္မခုဘူး ရတယ္ လာထိုင္"

ေသာမတ္စ္ ၏ 'ရတယ္' ဟူေသာ အသံၾကားမွ မ်က္ႏွာေလး ျပန္လည္ဝင္းပလာၿပီး စပ္ၿဖဲ ၿဖဲ ႏွင့္ သူ႕ အေရွ႕တြင္ ျပန္လာထိုင္ေသာ ေကာင္ေလး
ေသာမတ္စ္ တို႔ ႏွစ္ေယာက္ ၅ မိနစ္နီးပါး ဘာစကားမွ မေျပာမိပဲ စားစရာမ်ားကိုသာ စားေနမိသည္။
ထို အေျခအေနကို မႀကိဳက္ေသာ လီယိုက ေသာမတ္စ္ ၏ Chicken Strip ကိုယူစားေတာ့ ေသာမတ္စ္ က သူ႕စားစရာဗန္းကို လီယို ေရွ႕သို႔ အလိုက္တသိ တိုးေပး လာသည္။
ထိုအျပဳအမူ ေၾကာင့္ လီယို စိတ္ကေလး ႏြေးေထြးသြားၿပီး
ေသာမတ္စ္ အား သကာရည္ ေလာင္းထားသကဲ့သို႔ ခ်ိဳျမေသာ အၿပဳံးတစ္ခုကို ၿပဳံးျပၿပီး ၾကည့္ေနလိုက္သည္။

"ေဟ့ ေကာင္ေလး ၿပဳံးၿပီး ၾကည့္ မေနနဲ႕ စားမွာျဖင့္စား
ငါ့ကို ၾကည့္ေနလို႔ မင္း ဗိုက္မျပည့္ဘူးေနာ္"

ထို စကားေၾကာင့္
"ဦးေလးကို ၾကည့္ေနရ႐ုံနဲ႕တင္ ကြၽန္ေတာ္ဗိုက္ျပည့္တယ္" ဟု လီယို တိုးတိုးေလး ေရ ႐ြတ္လိုက္မိသည္။သူ ေရ ႐ြတ္ လိုက္သည္ကို ၾကားသြားဟန္ရွိေသာ ေသာမတ္စ္ က

"ဟမ္ မင္းဘာ ေျပာလိုက္တာလဲ"

"ဘာမွ မေျပာလိုက္ပါဘူး"

ရယ္က်ဲက်ဲ ျဖင့္ ျပန္ေျပာလိုက္ေတာ့ ထိုတုံးအလြန္းေသာ အဖိုးႀကီးက သူ႕စကားကို ယုံၾကည့္လိုက္ကာ ေခါင္းတဆတ္ဆတ္ ၿငိမ့္ၿပီး

"ေကာင္ေလး မင္းဒါေလးနဲ႕ ဗိုက္ဝလို႔လား ငါ ထပ္မွာေပးရဦးမလား"

"မမွာပါနဲ႕ ကြၽန္ေတာ္ ဒီေလာက္ နဲ႕ ဗိုက္ဝပါတယ္"

"ေအးပါ ဒီေလာက္ေလး ပဲစားလို႔ မင္း လူေကာင္ေလးက ေသးေသးေလးျဖစ္ေနတာ"

မ်က္လုံးတစ္ဖက္မွိတ္ၿပီး သူ႕ခႏၶာကိုယ္ အား လက္ညိုးနဲ႕ လက္မ ကို ေကြးတာ ေသးေသးေလး ဟူေသာ ပုံစံႏွင့္ တိုင္းတာ ျပေနေသာ ေသာမတ္စ္ အား အသဲယားမိသည္။

"ဒါနဲ႕ ေကာင္ေလး မင္းက ဘယ္မွာေနတာလဲ"

" ကြၽန္ေတာ္ကလား Green Park နားမွာေနတာပါ"

"အင္း ဒါနဲ႕ Green Park နဲ႕ ဒီနဲ႕က အေတာ္လွမ္းတာပဲ ဘာလို႔ မင္း ဒီကိုလာတာလဲ"

"ဒီဆိုင္ ေလးကို စားခ်င္စိတ္ျဖစ္လာလို႔ပါ"

လီယို စကားကို နားေထာင္ရင္း ေသာမတ္စ္ သူ၏ နာရီကို ၾကည့္ လိုက္ၿပီး သူ ဒီေရာက္ေနသည္မွာ ၂၅ မိနစ္ခန့္ ရွိၿပီ ျဖစ္ေသာေၾကာင့္

"ေအးပါကြာ ဒီနားထပ္ေရာက္ရင္ ငါ့အိမ္ကို လာလည္ေပါ့ အခုေတာ့ ငါ ျပန္ေတာ့မယ္ ေကာင္ေလး"

ေသာမတ္စ္ ထံမွ သူ႕အိမ္ ဟူေသာ စကားေၾကာင့္ လီယို ၏ မ်က္လုံးမ်ား ေတာက္ပလာၿပီး မတ္တပ္ထရပ္ကာ ျပန္မည္ လုပ္ေနေသာ ေသာမတ္စ္၏ လက္ကိုလွမ္းဆြဲကာ

"ဦးေလး ဘာနဲ႕ ျပန္မွာလည္း"

"ငါဒီကို ေျခႏွစ္ဖက္လာတာကို ဘာနဲ႕ ျပန္ရမွာလဲ"

"အတည္ေမးေနတာကို ဗ်ာ"

"ငါလည္း တကယ္ ေျဖေနတာေလ ေျခေထာက္နဲ႕ ျပန္မွာလို႔"

"ဒါဆို ေျခေထာက္နဲ႕ မျပန္နဲ႕ ကြၽန္ေတာ္လိုက္ပို႔မယ္ေလ ေနာ္ ကြၽန္ေတာ္ လိုက္ပို႔ပါရေစလို႔"

သူ႕လက္ကို ကိုင္ကာ အသနားခံေနသည့္ မ်က္လုံးမ်ားႏွင့္ ေတာင္းဆိုလာေသာ လီယို ေၾကာင့္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး

"လာကြာ လိုက္ပို႔ခ်င္သပ ဆိုရင္လည္း လိုက္ပို႔ကြာ"

သူ႕ စကားေၾကာင့္ လီယို ေပ်ာ္႐ႊင္သြားသည္ကို ေသာမတ္စ္ ခံစား မိသည္။လီယိုက သူ႕အား ကားႏွင့္ လိုက္ပို႔မည္ဆိုေသာ ေၾကာင့္ လီယို ကားရွိ ရာ သို႔ လိုက္လာၿပီး ျမင္လိုက္ရေသာ လီယို႔ ၏ ကားက ေသာမတ္စ္၏ ခႏၶာကိုယ္ အားေတာင့္တင္းသြားေစသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ လီယို ၏ ကားမွာ BMW m5 2018 model ျဖစ္ၿပီး အေရာင္မွာ Champagner Quartz အေရာင္ေလး
သူ တအံ့တဩ ျဖစ္ေနစဥ္ လီယိုက

"ဦးေလး ကားထဲ ဝင္ေလဗ်ာ ဘာရပ္ၾကည့္ေနတာလဲ"

"ေအးပါ"

ကားထဲေရာက္ေတာ့ လီယိုက

"ဦးေလးဘယ္ကို ပို႔ေပးရမလဲ"

"Linhope St.က တိုက္နံပါတ္ 37 ကို"

အိမ္ျပန္လမ္းတစ္ေလွ်ာက္ သူတို႔ႏွစ္ေယာက္စကားမေျပာျဖစ္
ေသာမတ္စ္၏ အိမ္ေရွ႕ေရာက္ေတာ့ လီယို က

"ဦးေလး အိမ္ေရာက္ၿပီ"

"အင္း"

စကားတစ္လုံးသာေျပာၿပီး ဆင္းသြားေသာ ေသာမတ္စ္ ေၾကာင့္ လီယို ေအာင့္သက္သက္ ျဖစ္သြားသည္။
ေသာမတ္စ္ အိမ္ထဲ သို႔ ဝင္သည္အထိ လီယို ေစာင့္ၾကည့္ေနမိ၏။
ေသာမတ္စ္ က အိမ္ထဲသို႔ ဝင္ခါနီးမွ ေနာက္ျပန္လွည့္ကာ
လီယို ကားဆီသို႔ ေလွ်ာက္လာၿပီး ကားမွန္ခ်ခိဳင္းသည္။

"ေကာင္ေလး အိမ္ထဲ ဝင္မလား"

"ဟင္ အမ္"

"မင္းကို ငါ့အိမ္ ထဲ ဝင္မလားလို႔ ေမးတာပါ မဝင္ခ်င္လည္းရပါတတယ္"

ေသာမတ္စ္ လွည့္ထြက္သြားေတာ့မွ လီယို အသိျပန္ဝင္လာကာ ကမန္းကတန္း ကားေပၚက ဆင္းၿပီး ေသာမတ္စ္ ေနာက္သို႔ လိုက္မိသည္။ေသာမတ္စ္က လီယိုကို အိမ္တြင္းသို႔ အရင္ဝင္ေစၿပီး

"ေကာင္ေလး ဒါငါ့အိမ္ပဲ "

"ဟုတ္ ဦးေလး"

တံခါးေပါက္တြင္ မတ္တပ္ရပ္ေနေသာ လီယိုအား ေသာမတ္စ္ စိုက့္ၾကည့္ၿပီး

"ေကာင္ေလး မင္း ဒီေနရာ မွာပဲ ရပ္ေနေတာ့မွာလား"

"ဗ်ာ"

"မင္း ဒီေနရာမွာပဲ ရပ္ေနေတာ့မွာလားလို႔"

"အဲ မဟုတ္ပါဘူး"

"ဒါဆို ဧည့္ခန္းမွာသြားထိုင္ေလ"

"ဟုတ္ ဟုတ္ ဒါနဲ႕ ကြၽန္ေတာ့္ကို ဘာလို႔ အိမ္ထဲ ေခၚတာလဲ ဟင္"

ေသာမတ္စ္ က သူ႕ရင္ဘတ္ေလာက္သာ နားေလာက္သာ အရပ္ရွည္ေသာ လီယို ၏ ေခါင္းအား ကိုင္လိုက္ၿပီး

"မင္းကို ႏြားနို႔တိုက္ မလို႔"

"ဟမ္"

"ဘာ ဟမ္လဲ အူတူတူ နဲ႕ ဧည့္ခန္းမွာသြားထိုင္ေန ေနာက္ၿပီး ငါလာခဲ့မယ္"

ေသာမတ္စ္ မီးဖို ခန္းဘက္သို႔ဝင္ ေလွ်ာက္ သြား ေသာ္လည္း လီယို မွာ ထိုေနရာတြင္သာ ေတာင့္ေတာင့္ႀကီး ရပ္က်န္ေနခဲ့ ၿပီး သူ၏ မ်က္ႏွာသည္ လည္း အနီေရာင္ဘက္သို႔ ကူးေျပာင္းေနသည္။
ေသာမတ္စ္ ၏ စကားတစ္ခြန္းေၾကာင့္ ရွက္ေသြးျဖာသြားေသာ ေကာင္ေလးတစ္ေယာက္ရွိသလို
လီယို အရပ္ပုေနေသာေၾကာင့္ ေစတနာအျပည့္ျဖင့္ မီးဖိုေခ်ာင္ရွိ ေရခဲ ေသတၱာထဲမွ ႏြားနို႔ဘူးကို သြားယူကာ တိုက္ရန္ျပင္ေနေသာ အသက္အလယ္အလတ္ လူတစ္ေယာက္လည္း ရွိေနသည္။

------------

A/N

ဒါက Ms. Berry သြားတဲ့ Shere ဆိုတဲ့ Village ေလးပါ
Shere ကို Londonကေန ရထားနဲ႕ သြားခ်င္တယ္ဆိုရင္
Victoria Station ကေန Dorking ကို မိနစ္ ၅၆ မိနစ္ၾကာ အရင္ရထားစီးရမွာ ျဖစ္ပါတယ္
ရထားခကေတာ့ US 11 dollars ကေန 18 dollars ပါ
ၿပီးရင္ Dorking Deepdemne Station ကေန Gomshall station ကို 10 မိနစ္ၾကာရထားစီးရမွာပဲျဖစ္ပါတယ္
ရထားကေတာ့ US 5 dollars ကေန 8 dollars ပါ
ခရီးစဥ္ႏွစ္ခုေပါင္း ၿပီး က်သင့္တဲ့ ခရီးစရိတ္ကေတာ့ US 17 dollars ကေန 35 dollars ထိက်သင့္နိုင္ပါတယ္
စုစုေပါင္း ခရီးစရိတ္ကို ျမန္မာေငြနဲ႕ဆိုရင္ 22400 က်ပ္ကေနစၿပီး 46400 က်ပ္ထိ က်သင့္မွာပါ
(ဟိုေလ ေစ်းႏႈန္းကြာတာ က ကိုယ္ထိုင္တဲ့ ေနရာ ေပၚမွာ မူတည္လိုၿပီး ကြာျခားတာပါ ေတာ္ၾကာ ဒီစာေရးသူက ဘာေတြေလွ်ာက္ေရးေနလဲ ထင္မွာစိုးလို႔ ၿပီးေတာ့ မရွင္းတာရွိရင္ ေမးခဲ့
လို႔ရပါတယ္)

Taxi နဲ႕ သြားမယ္ ဆိုရင္ေတာ့ 47 မိနစ္ခန့္ပဲ ၾကာမွာျဖစ္ၿပီး
US 110 dollars ကေန 140 dollars အထိ က်သင့္မွာပဲ ျဖစ္ပါတယ္
ျမန္မာေငြနဲ႕ တြက္ရင္ေတာ့ 146000 က်ပ္ကေန 185000 က်ပ္ အတြင္းက်သင့္နိုင္ပါတယ္
(ဒီမွာ ေစ်းႏႈန္း ကြာျခားတာကေတာ့ Taxi လိုင္း ေတြမတူ တာပဲ ျဖစ္မယ္လို႔ ထင္တယ္)

Chicken Royale Sandwish - 4.49
ျမန္မာေငြနဲ႕ဆို 8100 က်ပ္ပါ (အမွန္ေတာ့ 8085.88 က်ပ္ပါ 8100 ဆိုတာ မွတ္လို႔လြယ္ေအာင္ ေျပာျပတာပါ)

Chicken Strips - 2.96
ျမန္မာေငြနဲ႕ဆို Regular တစ္ပြဲကို 5300 က်ပ္ပါ

Tropicana Orange Juice - 1.49
ျမန္မာေငြနဲ႕ဆို 2700 က်ပ္ ပါ

ဒါက Leo စီးတဲ့ BMW m5 2018 model ပါ
ဒီကားရဲ႕ ေစ်းႏႈန္းက US dollar နဲ႕ဆို 102,600 dollars ပါ
UK pound နဲ႕ဆို 75,630 pounds ပါ
ျမန္မာ က်ပ္နဲ႕ ဆို 136,199,900 က်ပ္ပါ

ဒါေတြကေတာ့ ဗဟုသုတ အေနနဲ႕ ထည့္ေပးလိုက္ပါတာ
အခုလို ဖတ္ရႈေပးၾကတဲ့ အတြက္ေက်းဇူးတင္ပါတယ္
ဆက္လက္ႀကိဳးစားသြားပါဦးမယ္ 💙

Continue Reading

You'll Also Like

258K 18.5K 143
Tác phẩm: Toàn thế giới đều đang đợi người động tâm. Tác giả: Tố Tây Ý là truyện này gõ nhanh quá nên chưa check lại được. Toai vẫn đang làm nên quý...
222K 1.2K 33
This is a mix of different animes that have smut in them
151K 4K 36
it is (the continuation) of the Wattpad of Shadowmonarch325 because I really like the concept with now all the school of oreigaru QQ Cote ... as well...
72.7K 3.2K 20
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !