Final Boss Is No Joke

By Trio3amethys

237K 35.4K 1.2K

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသ... More

ရှီရှန်း
Arc-1.1
Arc-1.2
Arc-1.3
Arc-1.4
Arc-1.5
Arc-1.6
Arc-1.7
Arc-1.8
Arc-1.9
Arc-1.10
Arc-1.11
Arc-1.12
Arc-1.13
Arc-1.14
Arc-1.15
Arc-1.16
Arc-1.17
Arc-1.18
Arc-1.19
Arc.1.20
Arc.1 ending note
Arc-2.0
Arc-2.1
Arc-2.2
Arc-2.3
Arc-2.4
Arc-2.5
Arc-2.6
🎄Merry ✨Christmas 🎄
Arc-2.7
Arc-2.8
Arc-2.9
Arc-2.10
Arc-2.11
Arc-2.12
Arc-2.13
Arc-2.14
Not update
Arc-2.15
Arc-2.16
Arc-2.17
Arc-2.18
Arc-2.19
Arc-2.20
Arc-2.21
Arc-2.22
Arc-2.23
Arc-2.24
Arc-2.26
Arc-2.27
Arc-2.28
Arc-2.29
Arc-2.30
Arc-2.31
👋👋👋
Arc-3
Arc-3.1
Arc-3.2
Arc -3.3
Arc-3.4
Arc-3.5
Arc-3.6
Arc-3.7
Arc-3.8
Sorry in advance
Arc-3.9
Arc-3.10
Hello
Arc-3.11
Arc-3.12
Arc-3.13
Arc-3.14
Arc-3.15
Arc-3.16
Arc-3.17
Arc-3.18
Arc-3.19
Arc-3.20
Arc-3.21
Arc- 3.22
Arc-3.23
Arc-3.24

Arc-2.25

2.4K 426 13
By Trio3amethys

➡️Unicode

ရှီမိုကလုံးဝမျှော်လင်မထားဘူး.သူအဲ့ဒီပုံတွေကိုမယုံနိုင်စွာပဲနဲ့ကြည့်နေခဲ့တယ် ရှရွှမ်းကသူမဟန်ဆောင်နေသလိုမျိုး သဘောမကောင်းဘူးဆိုတာကိုသူသိပေမဲ့လည်း

ဒါက အခြားချမ်းသာတဲ့မိသားစုသိုင်းအဝိုင်းက လူတွေလိုမာနကြီးတယ်လို့​လောက်ပဲ ထင်ထားတာ.

သူမကလူသတ်မှုကျူးလွန်တဲ့လူတစ်ယောက်ဖြစ်နေမယ်လို့တွေးကိုမတွေးခဲ့ဖူးဘူး

"ဥက္ကဋ္ဌ ရှီ, ကုမ္ပဏီပိုင်ရှင် ရှီကခေါ်နေပါတယ်"

သူ့ရဲ့လက်ထောက်က အခန်းထဲကိုဖုန်းယူလာပြီး ဂရုတစိုက်နဲ့ပြောလိုက်တယ.
ရှီမိုက ကွန်ပျူတာကိုဆောင့်ပိတ်လိုက်ပြီးသူ့လက်ထောက်လက်ထဲကဖုန်းကိုကိုင်လိုက်တယ်

"အဖေ"

"သတင်းစာရှင်းလင်းပွဲလုပ်လိုက်, မင်းနဲ့ရှရွှမ်းနဲ့ စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီလို့"

သူ့ရဲ့အသံကအရမ်းကိုမာကျောခက်ထန်နေတယ်

"မင်းအခုဘာလုပ်မလဲ ငါဂရုမစိုက်ဘူး,ဒါပေမဲ့ရှရွှမ်းက မင်းရဲ့သတို့သမီးမဖြစ်နိုင်တော့ဘူး,ငါပြောတာရှင်းလား"

"ကျွန်တော်နားလည်ပါပြီ"

ရှီမိုကဖုန်းကိုချလိုက်ပြီးသူ့ပုံစံကအရမ်းကိုခက်ထန်သွားတယ်

"အခုချက်ချင်းသတင်းစာရှင်းလင်းပွဲပြင်လိုက်"

#တုန်းဖန်း entertainmentက ရှရွှမ်းနဲ့စေ့စပ်ထားတာကို တစ်ဖက်သတ် ဖျက်သိမ်းကြောင်းကြေညာလိုက်ပါပြီ။ ဒီလိုလုပ်တာက  အရင်ကရှရွှမ်းတကယ်လူသတ်လိုက်လို့လား#

သတင်းထွက်လာတာနဲ့အမျှ ရှရွှမ်းကရှီမိုကိုဖုန်းခေါ်လိုက်တယ်.

ရှီမိုကကြည့်တောင်မကြည့်ဘဲ ဖုန်းကိုချပစ်လိုက်တယ်.သူရှရွှမ်းနဲ့ပတ်သက်ပြီးဘာမှမလုပ်ပေးနိုင်ဘူး .

သုံးဖန်းentertainmentက အရေးကြီးတဲ့အခြေအနေမှာရောက်နေတယ.  အဲဒါကြောင့်ရှရွှမ်းအတွက်နဲ့ သူ့ရဲ့အစီအစဥ်တွေကိုအပျက်စီးမခံနိုင်ဘူ.

ရှရွှမ်းကအပြင်ကိုမထွက်ရဲဘူး.အပြင်မှာသတင်းထောက်တွေနဲ့ ဒေါသထွက်နေတဲ့လူတစ်စုက သူမကိုစောင့်နေကြတယ်.သူမရဲ့အသိတွေထဲက လုံခြုံရေးတွေ နည်းနည်းပါးပါးရှိနေလို့.အိမ်ထဲမှာအေးအေးဆေးဆေးနေနိုင်တာ,သူတို့သာမရှိဘူးဆိုရင်အဲလူတွေအထဲကိုဝင်လို့ရလောက်နေပြီ .

ရှရွှမ်းတစ်ယောက်တည်း အဲမှာနေနေတာမဟုတ်ဘူး.အခြားသရုပ်ဆောင်တွေလည်းနေကြတယ် .

အဲ့ဒါကြောင့် သူတို့က တစ်စုံတစ်ယောက်ဝင်သွားတာပဲဖြစ်ဖြစ် ထွက်လာတာပဲဖစ်ဖြစ်သတိထားနေကြတယ်. နောက်ဆုံးမှာတော့ရဲတွေပါ ပါလာတော့တယ်

'တင်း..တောင်..တင်းတောင်...တင်းတောင်..'

တံခါးဘဲလ်တီးသံတွေက ထပ်ခါထပ်ခါမြည်နေပြီးတော့ ရဲဝတ်စုံဝတ်ထားတဲ့လူတွေက တစ်ဦးကိုတစ်ဦးကြည့်နေကြတယ.
သူတို့က ပိုင်ရှင်တံခါးဖွင့်လာမှာကို စောင့်နေတယ်.

တံခါးဖွင့်လာတဲ့အခါမှာတော့ သွေးညှီနံတွေကနံလာပြီး ရှရွှမ်းကညအိပ်ဝတ်စုံကို ဝတ်ထားတယ်.
သူမကဆိုဖာပေါ်မှာ လဲလျောင်းနေပြီးတော့သူမရဲ့လက်တစ်ဖက်က ရှရာတွေနဲ့ပြည့်နှက်နေတယ်.

သူမရဲ့လက်ကောက်ဝတ်ကအလှီးခံထားရပြီး လတ်ဆတ်တဲ့သွေးတွေက လက်ချောင်းတွေတစ်လျှောက်စီးကျနေပြီး အဖြူရောင်သိုးမွှေးခင်းကိုအနီရောင်ပြောင်းသွားစေခဲ့တယ်.

"ရဲဘော်,ရှရွှမ်းက သူမအပြစ်ဒဏ်မခံချင်လို့ကိုယ့်ကိုယ်ကိုသတ်သေသွားတာလား"

လူနာတင်ယာဥ်ရောက်လာတဲ့အခါမှာသတင်းထောက်တွေက ဝိုင်းဝိုင်းလည်နေတယ်

"ရှရွှမ်းသေဆုံးမှုက အသတ်ခံရတာလားသတ်သေတာလားမသိဖူး,သူမကတစ်ကယ်ဘဲ ၂၁၁ တက္ကသိုလ်ရဲ့လူသေဆုံးမှုမှာတကယ်အပြစ်ကျူးလွန်ခဲ့တာလား,အရာရှိ...တစ်ခုခုပြောသွားပါဦး"

"ကျွန်တော်တောင်းပန်ပါတယ်. ဒီကိစ္စကိုဖော်ပြဖို့အတွက် ဘာသက်သေမှမရှိသေးပါဘူး  ကျေးဇူးပြုပြီးလမ်းဖယ်ပေးပါ"

ရဲတွေက သတင်းထောက်တွေကို လမ်းဖယ်ခိုင်းပြီးစောင့်နေတဲ့ လူနာတင်ယာဥ်ဆီ ရှရွှမ်းကိုခေါ်သွားတယ်

#ရှရွှမ်းသည်အပြစ်ဒဏ်မခံလို၍ကိုယ့်ကိုယ်ကိုသတ်သေခြင်း#

#၂၁၁တက္ကသိုလ်မှလူသေဆုံးမှုနောက်ကွယ်ကပြစ်မှုကျူးလွန်သူ#

၂၁၁တက္ကသိုလ်ရဲ့သတင်းဟာအရှာဖွေခံရဆုံးဖြစ်လာခဲ့တယ်

"မင်းကို ရန်လာစရဲတဲ့ သူတွေကတော့ တစ်ကယ်ကို သနားစရာကောင်းတာဘဲ"

လုချင်းယွင်က ရှီရှမ်းကိုင်ထားတဲ့လက်ထဲက ဖုန်းscreenကိုစိုက်ကြည့်နေတယ်.သူ့မျက်နှာပေါ်ကအပြုံးက အရမ်းကိုကြင်နာမှုကင်းမဲ့ပြီး အေးစက်နေတယ်

"သနားစရာကောင်းတဲ့သူတွေကအဆိုးဆုံးပဲ"

ရှီရှန်းက သူမဖုန်းကိုအဝေးကို မပစ်လွှတ်ခင်မှာvသူ့ဘေးမှာထိုင်နေတဲ့သူကို ကြည့်လိုက်တယ်.

"လူကြီးမင်းလု,ရှင့်ဆီကနေ 'သနားစရာ' ဆိုတဲ့စကားကို ကြားရတာရီချင်လိုက်တာ"

လုချင်းယွင် ကတောက်ပစွာပြုံးလိုက်တယ်.
သူ့ရဲ့နက်ပြာရောင်မျက်လုံးတွေကကြယ်တွေလိုမျိုးတောက်ပနေတယ်

"ကိုယ်ကသာမာန်လူတစ်ယောက်ပဲ"

"ဟ..."

~သာမန်လူလား.....အဲလောက်တောင်‌ချော နေတဲ့ သာမာန်လူကို ရှင်တွေ့ဖူးလို့လား..ပြီးတော့ဘုရားသခင်လောက် နီးပါးချမ်းသာတဲ့သာမာန်လူကိုလကောတွေ့ဖူးလို့လား...ဟင်း..မေ့လိုက်ပါတော့လေ သူကငါ့ရဲ့နောက်ခံဘဲ.သူဘာပြောပြော ငါအငြင်းပွားလို့မဖြစ်ဘူး~

"ရှင်ကျွန်မကိုဘာလို့လေဆိပ်ကိုခေါ်လာတာလဲ"

ရှီရှမ်းကအပြင်ဘက်ကိုသံသယရှိရှိနဲ့ကြည့်လိုက်တယ်

"အဘိုးကိုသွားကြိုဖို့"

"အော်... အဘိုးလုတောင်ပြန်လာပြီလား..."

ရှီရှန်းကမျက်တောင်ခတ်ပြပြီးတော့လေးလေးနက်နက်အသံနဲ့မေးလိုက်တယ်

"ရှင်သိလား   ကျွန်မအခုတလောအရမ်းအလုပ်ရှုပ်နေတာ ပြီးတော့  ရှင်က ကျွန်မကိုအချိန်ကြာတာကိုလိုက်ပြီး ပိုက်ဆံပေးနေတာဆိုတော့ ကျွန်မစျေးနှုန်းနည်းနည်းပိုမြှင့်မယ်နော်"

လုချင်းယွင်ကဘာပြောရမှန်းမသိဖြစ်သွားတယ်

~ငါချမ်းသာတယ် ဆိုရင်တောင် မင်းငါ့ကို ဒီလိုမျိုးစျေးကိုင်လို့မရဘူး~

အချိန်ကိုလိုက်ပြီး ဝန်ဆောင်ခမြင့်မယ်ဆိုတာက သူနဲ့တွေ့တဲ့အကြိမ်အရေအတွက်ကိုပြောတာနဲ့အတူတူပ.

လေဆိပ်ကိုနီးလာတာနဲ့အမျှ လုချင်းယွင်ကအဘိုး သူ့ကိစ္စတွေမနှောက်ယှက်အောင် ငွေပဲသုံးနိုင်တယ်လေ။

ပြီးတော့ငွေတစ်ခုကဘဲvသူ့အတွက်မကုန်နိုင်တဲ့အရာလေ

"ဒီတော့....."

လုချင်းယွင်ကရှီရှန်းနားကိုတဖြည့်ဖြည့်ကပ်သွားခဲ့တယ်

"ငါ့ရဲ့ကောင်မလေးအနေနဲ့ ငါ့ကို တစ်ခုခုလုပ်ပေးလို့ မရဘူးလား"

ရှီရှန်းကလုချင်းယွင် ရုတ်တရက်ကြီးချဥ်းကပ်လာတာကို အံ့သြနေတယ်.

သူ့ဆီကနေ"တစ်ခုခု" ဆိုတာကို ကြားလိုက်တဲ့အချိန်မှာ ရှီရှန်းက နည်းနည်းတုံ့ဆိုင်းသွားတယ်

"လူကြီးမင်းလု,ကျွန်မက ကျွန်မရဲ့အရည်အချင်းတွေကိုပဲ ရောင်းတာပါ,ခန္ဓာကိုယ်ကိုမရောင်းပါဘူးနော်"

လုချင်းယွင်"...."

~မင်းကဘာအရည်အချင်းတွေရောင်းဦးမလို့လဲ,မင်းလုပ်နေတာဆိုလို့...ဖြုန်းမယ်...ဖြုန်းမယ်...ဖြုန်းရမယ်..!!~

လုချင်းယွင် ဘာတွေးနေတာလဲဆိုတာကို ရှီရှန်းသိသွားတဲ့အချိန်မှာ တည်ငြိမ်တဲ့လေသံနဲ့ပြောလိုက်တယ်

"ပိုက်ဆံဖြုန်းတယ် ဆိုတာကလည်း ဖြုန်းတတ်ဖို့လိုတယ် ရှင်သိလား ကျွန်မဖြုန်းနေတဲ့ပိုက်ဆံကလည်း ရှင့်ပိုက်ဆံတွေချည်းပဲလေ"

လုချင်းယွင်ကတိတ်တိတ်ကလေး နောက်ဆုတ်သွားတယ်

~ငါစပွန်ဆာပေးနေတဲ့သူက ပိုက်ဆံပဲရှာနေတဲ့သူ...ငါသူ့ကိုဆက်မဆွဲထားသင့်ဖူး,ဆိုးလိုက်တာ...~

လူတွေကလေဆိပ်မှာသွားလာနေကြတယ်

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရှီရှန်းကအဘိုးကိုသွားကြိုတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်းကြီးမနေဘဲ လုချင်းယွင်ရဲ့လက်မောင်းကို တွဲထားတယ.

သူတို့ရဲ့အနောက်က မိန်းကလေးနှစ်ယောက်ကသူတို့ကိုစောင့်ကြည့်နေတယ်

"သူမကအသားလုံးလေးနဲ့မတူဘူးလား"

"မဖြစ်နိုင်ပါဘူး, ဒီလိုသရုပ်ဆောင်ကဘယ်လိုလုပ်ကိုယ့်ကိုယ်ကိုပြနေမှာလဲ"

လို့တစ်ယောက်ကပြောပေမယ် အခြားတစ်ယောက်က​တော့သူမကိုအသားလုံးလေးလို့ထင်နေတုန်းပဲ

"ငါတို့သူမကိုသွားမေးမလား"

"အာ..အေး"

သူမကရှီရှန်းရဲ့မာဖလာကို မျက်နှာနီနီနဲ့ဆွဲလိုက်ကာ အသက်ပြင်းပြင်းရှူပြီး​မေးလိုက်တယ်

"ရှင်က ကကျန်းဝမ်လာမသိဘူး"

"အာ.."

ရှီရှန်းကခနလောက်တွေဝေသွားပြီးသူမခေါင်းကိုညိတ်လိုက်တယ်

"အင်းဟုတ်တယ်ကျွန်မပါ"

မိန်းကလေးနှစ်ယောက် အရမ်းကိုပျော်ရွှင်စိတ်လှုပ်ရှားပြီး တစ်ဦးကိုတစ်ဦးဆွဲနေကြတယ်.

သူတို့စိတ်ထဲမှာတွေးနေကြတာက

~ငါတို့နောက်ဆုံးတော့ အသားလုံးလေးကိုအပြင်မှာတွေ့ခွင့်ရပြီ. အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ.ငါတို့အခုနေသေရင်တောင်ပျော်ပါပြီ~

~စိတ်ထိန်း..စိတ်ထိန်း...စိတ်ထိန်း..အသားလုံးလေးရဲ့ပရိတ်သတ်အနေနဲ့ငါတို့တည်ငြိမ်နေရမယ်~

သူတို့နှစ်ယောက်လုံးက မနည်းစိတ်ငြိမ်အောင်လုပ်ပြီး ရှီရှန်းကိုအားကျတဲ့အမူအယာတွေနဲ့ကြည့်နေတယ်

"အမ်..ကျွန်မတို့ကရှင့်ရဲ့ပရိသတ်ပါ..ကျေးဇူးပြုပြီး ကျွန်မတို့ကိုautoရေးပေးလို့ရမလား"

"ကျွန်မရဲ့ပရိတ်သတ်အတွက် autoရေးပေးရတာက ကျေနပ်စရာတစ်ခုပါပဲ"

ရှီရှမ်းကလုချင်းယွင် အင်္ကျီအိတ်ကပ်ထဲကဘောပင်ကိုဆွဲထုတ်ပြီး ပြောလိုက်တယ်

"ဘယ်နေရာမှာထိုးပေးရမလဲ"

သူတို့ကလွယ်အိတ်ထဲကစာအုပ်တစ်အုပ်ကိုဆွဲထုတ်ပြီးပေးလိုက်တယ်

ပြီးတော့ရှီရှန်းကို မြတ်နိုးတဲ့အကြည့်တွေနဲ့ဆက်ကြည့်နေကြတယ်.

သူတို့စိတ်ထဲမှာ
~အသားလုံးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ...အသားလုံးလေးကအရမ်းမိုက်တယ်..ဝူးဝူးဝူးဝူး.......ငါသူမကိုလက်ထပ်ချင်လိုက်တာ~

ရှီရှန်းကလက်မှတ်ထိုးပေးပြီးစာအုပ်ကိုပြန်ပေးလိုက်တယ်

"မင်းတို့ကိုကြည့်ရတာ ကျောင်းသူတွေနဲ့တူတယ်။တစ်စုံတစ်ယောက်ကိုစောင့်နေတာလား? ရာသီဥတုကရုတ်တရက်ကြီးပူလာတယ်နော်.အပူမရှပ်အောင်ဂရုစိုက်ကြ"

"အသားလုံးလေးလည်း ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ.သရုပ်ဆောင်တာတွေပဲလုပ်ပြီးအရမ်းကြီးအပင်ပန်းမခံပါနဲ့ ကျွန်မတို့တွေလည်းနာကျင်ရလို့ပါ"

"အသားလုံးလေး...ရှင်အခုသရုပ်ဆောင်နေတဲ့ [​တော်၀င်စာအုပ်]က အရမ်းမိုက်တယ်{ချစ်စရာလေး}!!!...!အနာဂတ်မှာလည်း ဒီလိုတူညီတဲ့ ဇာတ်ကောင်မှာပဲသရုပ်ဆောင်သွားမှာလား"

[​တော်၀င်စာအုပ်]ဆိုတာက သူမ မကြာသေးမီက သရုပ်ဆောင်တဲ့အစီအစဥ်ပါ

အဲဒီမှာသူမက အဓိကဇာတ်လိုက်bမဟုတ်ပေမဲ့ အဓိကဇာတ်လိုက်ရဲ့အကူနေရာပါပြီးတော့ အဲဒီနေရာက အရမ်းအံသြဖို့ကောင်းတယ်။

သူမ​ပေါ်လာတဲ့အချိန်တိုင်းမှာ ​နောက်ခံသီချင်းက အရမ်းကိုနှစ်သက်ဖို့​ကောင်းပြီး  ပရိသတ်​တွေက စိတ်လှုပ်ရှားကြရပြီး​တော့  သူမရဲ့သရုပ်​ဆောင်စွမ်းရည်ကို ချီးကျူးကြရတယ်  .

သူမရဲ့​နေရာက ဘယ်လိုပဲဖြစ်​နေပါ​စေ အရမ်းမိုက်လွန်းတာက​တော့ အ​သေချာပဲ.
ပိုပြီး​တော့အံ့သြဖို့​ကောင်းတာက သူမရဲ့​နေရာက အမျိုးသားဇာတ်လိုက်ရဲ့ဇာတ်​ကောင်ထက် မိုက်ပြီး​တော့ အမျိုးသမီးဇာတ်လိုက်ရဲ့ဇာတ်​ကောင်နဲ့ ယှဥ်မယ်ဆိုရင်လည်း အဆ၁၀၀​လောက်ကိုမိုက်​နေတုန်းပဲ

"ဖြစ်နိုင်ပါတယ် "

ရှီရှန်းက မျက်​လုံးတစ်ဖက်ကို မှိတ်ပြလိုက်တယ်​.

ကောင်မ​လေး၂​ယောက်က အခင်းချင်းဖက်ပြီး ​အော်ထုတ်ပစ်လုနီးနီး စိတ်လှုပ်ရှားလိုက်ရ​ပေမယ့် သူမတို့ကိုယ်သူမ စိတ်ထိန်းလိုက်တယ်.အသားလုံး​လေးရဲ့တခြားfan​တွေကိုသူတို့မဆွဲ​ဆောင်မိချင်ဘူး

~ငါတို့က တခြားfan​တွေလိုမျိုး မတုံးအဘူ.  ကိုယ့် idolကို​တွေ့တိုင်း အားပြဲကြီးနဲ့​အော်​နေရင် တခြားလူ​တွေ၀ိုင်းအုံလာပြီး အသားလုံး​လေးကို ငါတို့ဆီက​နေ လုသွားကြလိမ့်မယ် ~

ကျောင်းသူ​လေးနှစ်​ယောက်က သူမတို့ရဲ့ခန္ဓာကိုယ်​တွေကို ပူးကပ်ထားပြီး ရှီရှန်းရဲ့အ​ရှေ့ပိုင်းကို သူများ​တွေမြင်နိုင်​အောင်ကွယ်ထားတယ်

အရပ်ခပ်မြင့်မြင့်နဲ့ လုချင်းယွင်က​လည်းရှီရှန်းကို ​ဘေးက​နေကွယ်​ပေးထားတာမို့လို့ အခြားဘယ်သူကမှ သူမကို သတိမထားမိကြဘူး

ဘယ်​လောက်​တောင် ဥာဏ်​ကောင်းလိုက်တဲ့ fan​လေး​တွေဲ..  အကြံအစည်​တွေက လန်ထွက်​နေတာပဲ

#Dora💜
#Anna💚
#Mia💙
8th Jan 2021

Annaအိပ်ပျော်သွားလို့ နောက်ကျသွားတယ် gomen

➡️Zawgyi






"အဖေ"

































"ဟ..."







"ရှင်သိလား   ကျွန်မအခုတလောအရမ်းအလုပ်ရှုပ်နေတာ ပြီးတော့  ရှင်က ကျွန်မကိုအချိန်ကြာတာကိုလိုက်ပြီး ပိုက်ဆံပေးနေတာဆိုတော့ ကျွန်မဈေးနှုန်းနည်းနည်းပိုမြှင့်မယ်နော်"


~ငါချမ်းသာတယ် ဆိုရင်တောင် မင်းငါ့ကို ဒီလိုမျိုးဈေးကိုင်လို့မရဘူး~




"ဒီတော့....."






လုချင်းယွင်"...."













"အာ..အေး"



"အာ.."


"အင်းဟုတ်တယ်ကျွန်မပါ"












သူတို့စိတ်ထဲမှာ









"ဖြစ်နိုင်ပါတယ် "







#Dora💜
#Anna💚
#Mia💙
8th Jan 2021


Continue Reading

You'll Also Like

657K 88.6K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
12K 386 29
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
403K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
99.3K 4.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။