Unicode
"ဟား ဟား ဟား မင်းကိုဓားပြတိုက်ဖို့မဟုတ်ဘူး မင်းဘဝကို ဖျက်ဆီးဖို့ မင်းလွတ်လပ်ခွင့်တွေကို သိမ်းပိုက်ဖို့ မင်းကိုဖမ်းထားတာ"
"ဘာာ..ရှင် ရှင် ဘာစကားပြောလိုက်တာလဲ"
"ဘာလဲမကြားလိုက်လို့လား ပြန်ပြောပေးရမလား မင်းဘဝကိုဖျက်ဆီးဖို့ မင်းလွတ်လပ်ခွင့်တွေကို သိမ်းပိုက်ဖို့ ok"
"ရှင် ရှင် ထွီ"
"ဖြောင်း"
မင်းမြတ်စိတ်တိုတိုနဲ့ နှင်းရဲ့ပါးကိုရိုက်လိုက်တာကြောင့်
သူမရဲ့ပါးတစ်ခုလုံး စပ်ဖျင်းပြီတော့ တအားကိုနာသွားကာ မျက်ရည်များပင် ဝဲတက်လာသည်။
"ဒီနေ့တော့နေနှင့်ဦးပေါ့ နောက်နေ့မှမင်းငါနဲ့တွေ့မယ်"
မင်းမြတ်ပြောဆိုပြီးတော့ အခန်းထဲကနေထွက်လာခဲ့သည်။
အခန်းအပြင်ရောက်တော့ သူ အခန်းဘက်ကိုလှည့်ကြည့်ပြီး
"မင်းကတော်တော်မလွယ်တဲ့မိန်းမဘဲ"
ဆိုပြီးနောက် သူ ထိုအခန်းရှေ့ကနေ ထွက်လာခဲ့သည်။
နှင်း အခုအချိန်မှာ ငိုရုံမှလွဲပြီးဘာမှမတတ်နိုင် မျက်ရည်ကိုသာအဖော်ပြုနေရတော့သည်။
--
"သမီးနှင်း ဒီနေ့နောက်ကျလိုက်တာ နေတောင်စောင်းနေပြီ"
ဒေါ်လေးမုံတစ်ယောက် နှင်း ကိုစိတ်ပူနေတာကြောင့် အိမ်ရှေ့ကိုသာနှင်းပြန်လာနိုးနိုးတစ်မျှော်မျှော်ဖြစ်နေသည်။
"ခါတိုင်းဆိုနောက်မကျတတ်ဘဲနဲ့ နှင်းဒီနေ့မှဘာဖြစ်လို့ပါလိမ့်"
ဒေါ်လေးမုံတစ်ယောက်စိတ်ထဲ၌ အတွေးပေါင်းများစွာ စဥ်းစားနေရင်း...
"အိမ်ရှင်တို့ အိမ်ရှင်တို့"
ဒေါ်လေးမုံတစ်ယောက်ခေါ်သံကြားလို့အိမ်ရှေ့ထွက်လာတော့
အိမ်ရှေ့၌ စာပို့သမားကောင်လေး
"အန်တီက ဒေါ်ယမုံခင် လားရှင့်"
"ဟုတ်ပါတယ် "
"မနှင်းပန်းပွင့်ကစာပေးခိုင်းလိုက်လို့ပါ"
"အော် ဟုတ်ကဲ့ရှင့်"
"ဒီမှာ လက်မှတ်လေး ထိုးပေးပါနော်"
"ဟုတ်ကဲ့"
ဒေါ်လေးမုံတစ်ယောက် စာကိုဖတ်ကြည့်လိုက်တော့ အထဲ၌ရေးသားထားသည်က
"ဒေါ်လေးသမီး ခုရက်ပိုင်းအိမ်ကိုပြန်မလာဖြစ်လောက်ဘူး သမီးသူငယ်ချင်းနွယ်နွယ့်အဖေဆုံးလို့အဲ့ဒါ သူနဲ့နယ်ကိုခန လိုက်သွားပါတယ်ဒေါ်လေး သမီးလည်းလောနေလို့ ဖုန်းမဆက်ဖြစ်ဘဲ စာဘဲရေးထားခဲ့လိုက်တာပါနော် လအနည်းငယ်လောက်အထိလည်းကြာနိုင်ပါတယ် ဒေါ်လေး အဲ့ဒါ ဒေါ်လေးလည်းသမီးကိုစိတ်မပူဘဲနဲ့ ကျန်းမာရေးကိုဂရုစိုက်ပါနော်
သမီး နှင်းပန်းပွင့်"
"ဟုတ်ပါပြီ သမီးရယ်"
ဒေါ်လေးမုံစာသာဖတ်ပြီးတယ် စိတ်ထဲ၌ စိတ်ပူတာကတော့မကျသွားပေ။
---
နောက်တစ်နေ့
"ဝဏ"
"ဟုတ်ကဲ့ Boss"
"စာပို့ပြီးသွားပြီလား"
"ဟုတ်ကဲ့ boss မနေ့ကတည်းက ပို့ပြီးသွားပါပြီ"
"ဟုတ်ပြီ သွားလို့ရပြီ"
"ဟုတ်ကဲ့ boss"
ဝဏ ထွက်သွားပြီးနောက် မင်းမြတ် အကျေနပ်ကြီး ပြုံးပြီး
"စလိုက်ရတော့မလား"
မင်းမြတ် နှင်းကိုကြည့်ဖို့ အပေါ်ထပ်ကိုတက်လာခဲ့သည်။အပေါ်ထပ်ရောက်တော့ အစေခံတစ်ယောက် နှင်းအခန်းထဲက ထွက်လာမြင်တော့
"ဘာဖြစ်လို့လဲ"
သူမေးလိုက်သည်။
"ထမင်းမစားဘူးတဲ့ သခင်လေး ဘယ်လိုကျွေးကျွေး ကျွေးမရဘူးမနေ့ညကတည်းက"
"ကျွန်တော့်ကိုပေးခဲ့လိုက် ကျွန်တော်ကျွေးလိုက်မယ်"
"ဟုတ်ကဲ့သခင်လေး"
နှင်းမနေ့ညကတည်းက ဘာမှ မစားရသေးပြီးတော့ ငိုလည်းထားတာဆိုတော့ ခေါင်းကလဲ မူးနေသည်။
"ကျွီ"
တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့သူ။
နှင်းလည်းမနေ့ကကိစ္စကို မြင်ယောင်ပြီး မျက်နှာကိုဟိုဘက်လွှဲထားလိုက်သည်။
"ရော့ စား"
"မစားဘူး"
"ငါကမင်းကိုစေတနာရှိလို့ကျွေးတယ်ထင်နေလား မင်းနောက်ကို ငါနှိပ်စက်တာခံနိုင်အောင်လို့ကျွေးနေတာ"
"မစားဘူး ရှင်နှိပ်စက်တာခံရမယ့်အစားငတ်ပြီးသေတာကတော်သေးတယ်"
"အဟက် မင်းကအဲ့လောက်တောင်ဖြစ်နေပြီလား ငါမင်းကိုတောင်ဘာမှမလုပ်ရသေးဘူး မင်းစားချင်စားမစားချင်နေ ငါဒါကိုဒီမှာထားခဲ့မယ် မင်းကိုလည်းကြိုးဖြေပေးခဲ့မယ်"
"မလိုဘူး ကျွန်မကိုတစ်ခါတည်းသာသတ်လိုက်"
"သတ်မှာပါ စိတ်မပူပါနဲ့ မင်းမသတ်ခိုင်းရင်တောင်ငါက သတ်မှာ ရိုးရိုးတော့မသတ်ဘူး နှိပ်စက်ပြီးမှ သတ်မှာ"
"ရှင် ရှင် ရှင်နဲ့ကျွန်မနဲ့ ဘာရန်ငြိုးရှိလို့လဲ ရှင့်ကိုကျွန်မ ဘာမှလည်းလုပ်မထားပါဘူး"
"မင်းနောင်ကျရင် သိရမှာပါ"
"ကျွန်မတောင်းပန်ပါတယ်ရှင် ကျွန်မကိုလွှတ်ပေးပါနော်"
"မလွှတ်ပေးနိုင်ဘူး အပြင်မှာဘယ်သူရှိလဲ ခန လာခဲ့စမ်း"
"ဟုတ် boss ဘာခိုင်းမလို့လဲ"
"သူ့ကို ကြိုးဖြေပေးလိုက်"
"ဟုတ်"
ကြိုးဖြေပေးပြီးနောက်
"ကျွန်မကိုလွှတ်ပေးမလို့လားဟင်"
နှင်းဝမ်းသာစွာနဲ့မေးလိုက်၏။
"ရူးနေလား ငါက လွှတ်ပေးရအောင် ထမင်းစားခိုင်းမလို့"
သူပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် နှင်းရဲ့မျှော်လင့်ချက်တို့မှာ ရေခိုးရေငွေ့များပမာ ပျောက်ကွယ်သွားတော့သည်။
"ရော့ စား ပြီးရင် သူ့ကိုကြိုးနဲ့ပြန်ချည်ထားလိုက်နော်"
"ဟုတ်ကဲ့ boss"
"မစားဘူး"
"မစားလည်း မတတ်နိုင်ဘူး သူ့ကိုကြိုးနဲ့ ပြန်ချည်လိုက်တော့"
"ရှင်! ဖြောင်း!"
သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ သူမရဲ့ လက်တွေက သူ့ပါးပေါ်ရောက်သွားတော့သည်။
"မင်း! မင်း!"
မင်းမြတ်မှာ အရိုက်ခံလိုက်ရတာကြောင့် ဒေါသတို့ထွက်ရင်း သူမကိုသာစိုက်ကြည့်နေသည်။
"boss အဆင်ပြေရဲ့လား"
မင်းမြတ် တစ်ယောက် မဲ့ပြုံးတစ်ခုကိုနှုတ်ခမ်းထက်၌ ဆင်မြန်းရင်း
"မင်းဒီအတွက်ပြန်ပေးဆပ်ရမယ်"
"ဝဏ"
"ဟုတ်ကဲ့ boss"
"သူ့ကိုအအေးခန်းထဲထည့်လိုက်"
"ဟုတ်"
"အစကတော့ မင်းကို ဒီလောက်အစောကြီး စဖို့မတွေးထားဘူး ခုမင်းလုပ်ရက်ကြောင့်ငါစလိုက်ပြီ"
"ရှင် တော်တော်ယုတ်မာပါလား"
"ဟုတ်တယ် ငါကယုတ်မာတယ်"
နောက်က လူနှစ်ယောက်ကနေ နှင်းကိုဆွဲသွားကြသည်။
"လွှတ် လွှတ် ကျွန်မကိုလွှတ်"
နှင်းပါးစပ်ကသာ အော်နေပေမယ့် ဘာမှမလုပ်နိုင်။
သူတို့ဆွဲသွားရာနောက်ကို တရွတ်တိုက်ပါလာသည်။
အအေးခန်းရှေ့ရောက်တော့ နှင်းရဲ့ အင်္ကျီ တွေ ကို ဆွဲချွတ်လိုက်ကြပြီး အခန်းထဲကို ပစ်ထည့်လိုက်ကြ၏။
"မင်းအပြစ်နဲ့မင်းခံပေဦးပေါ့"
ပြောပြီးမင်းမြတ်အကျေနပ်ကြီးပြုံးကာအောက်သို့ဆင်းလာခဲ့သည်။
အအေးခန်းထဲ၌ နှင်းတစ်ယောက်ခဲပြီးသေတော့မယ့် အတိုင်းဘဲ အရမ်းကိုအေးလွန်းလှသည်။
"ကျွန်မရှင့်ကို အရမ်းမုန်းတယ်"
နှင်းတစ်ယောက်ပြောရင်းမျက်ရည်များစွာဖြင့်...
____________________________________
ဘယ်လိုလဲ ဖတ်ရတာအဆင်ပြေရဲ့လားရှင့်😁
*************************************
Zawgyi
"ရှင် ရှင် ထွီ"
"ဖြောင်း"
--
"ဟုတ်ပါတယ် "
"အော် ဟုတ်ကဲ့ရှင့်"
"ဟုတ်ကဲ့"
သမီး နှင်းပန်းပွင့်"
"ဟုတ်ပါပြီ သမီးရယ်"
---
နောက်တစ်နေ့
"ဝဏ"
"ဟုတ်ကဲ့ Boss"
"ဟုတ်ပြီ သွားလို့ရပြီ"
"ဟုတ်ကဲ့ boss"
"စလိုက်ရတော့မလား"
"ဘာဖြစ်လို့လဲ"
သူမေးလိုက်သည်။
"ဟုတ်ကဲ့သခင်လေး"
"ကျွီ"
"ရော့ စား"
"မစားဘူး"
"ဟုတ်"
"ဟုတ်ကဲ့ boss"
"မစားဘူး"
"ရှင်! ဖြောင်း!"
"မင်း! မင်း!"
"boss အဆင်ပြေရဲ့လား"
"ဝဏ"
"ဟုတ်ကဲ့ boss"
"ဟုတ်"
"ဟုတ်တယ် ငါကယုတ်မာတယ်"
____________________________________