Unicode
Heejinတစ်ယောက်တွေဝေသောမျက်ဝန်းအစုံနဲ့ Jiminကိုစေ့စေ့ကြည့်နေမိသည်။ ဝိဉာဉ်တဲ့လား... အဲ့လိုအရာမျိုးတွေက လောကကြီးမှာတည်ရှိနေရင်တောင် ဒီလိုအခြေနေမျိုးမှာယုံရမှာတဲ့လား။ Jiminရဲ့သူမကိုနားချော့တဲ့ယုံတမ်းစကားကအရမ်းပေါလွန်းတယ်လို့သူမ,တွေးသည်။
" ဝိဉာဉ်? ပေါလွန်းတယ် oppa..။ ယုံချင်စရာမကောင်းတဲ့စကားတွေကို မျက်စိမှိတ်ယုံပေးရလောက်တဲ့ထိ ဘေဘီတုံးအမနေဘူး။ "
ခပ်နင့်နင့်ပြောလာတဲ့heejinစကားတွေကိုတုံ့ပြန်ပေးဖို့ စကားတစ်စုံတရာရှာမတွေ့ခဲ့။ သူမဘက်ကကြည့်လည်း အခုလိုကိစ္စကိုယုံကြည်ပေးဖို့ဆိုတာခက်ရာကျနေမည်။ Jiminတုတ်တုတ်မျှမလှုပ်ဘဲ တိတ်ဆိတ်စွာရပ်နေခဲ့သည်။
" ပြောလေ oppa...."
တိတ်ဆိတ်ခြင်းဟာ ဝန်ခံခြင်းမည်၏တဲ့လေ...။ ထိုအခါမှစိတ်လွတ်လက်လွတ်ဖြင့်ကြမ်းပြင်ထက်အပုံလိုက်ထိုင်ချပစ်လိုက်တဲ့heejin...။ တသွင်သွင်စီးကျလာတဲ့အရည်ကြည်စတွေကိုမသုတ်ပစ်မိပါဘဲ မျက်ရည်ပေါ်မျက်ရည်ထပ်ကာရင်ထုမနာဖြင့်ငိုမိသည်။
" Heejin..."
သူမပုခုံးကိုခပ်ဖွဖွကိုင်ကာအမေးပြုလာတဲ့namjoonကို သူမမေးငေါ့ကြည့်ရင်း...
" Namjoon oppa... Heejinမှာဘာချို့ယွင်းချက်တွေရှိနေလို့လဲ။ ချစ်သူကနောက်တစ်ယောက်နဲ့တွဲနေရတဲ့အထိ heejinကငြီးငွေ့စရာကောင်းနေတာလား။ ဟင်?"
" မဟုတ်ဘူး Heejin... Jiminကအဲ့လိုလုပ်မယ့်လူမျိုးမဟုတ်ဘူးလေ။ ကိုယ်တို့အကြောင်းစုံကိုမေးရအောင်... နော်။"
" အကြောင်းစုံ?
ဘာမှအခြေမြစ်မရှိတဲ့စကားတွေနဲ့လိမ်နေတည်းက သူရိုးသားတော့သလား.. ဟမ်..။ တော်ပြီ.. oppaပဲသူ့ကိုမေးပြီးကျန်ခဲ့လိုက်... heejinကတော့ဘာမှမေးချင်စိတ်ရှိမနေဘူး။"
မျက်ရည်တွေကိုဖိသုတ်လိုက်ကာကြမ်းပြင်ပေါ်မှထပြီးထွက်သွားတဲ့heejinရဲ့ကျောပြင်ကိုကြည့်ပြီး namjoonသက်ပြင်းချမိသည်။ ထိုစဥ်မျက်စိထောင့်စွန်းကတွေ့လိုက်ရတာက ကုတင်ပေါ်မှာလက်မှိုင်ချကာထိုင်နေတဲ့Jimin...၊ ကုတင်ဆီကိုသူလျှောက်သွားလိုက်ပြီး jiminဘေးကိုဝင်ထိုင်တော့မှ အသိပြန်ဝင်လာတဲ့လူတစ်ယောက်လိုဖြစ်သွားတဲ့jiminကိုကြည့်ပြီး သူခပ်ဟဟပြုံးမိသည်။
" ဘာတွေဖြစ်ခဲ့တာလဲ Jimin..."
Namjoonရဲ့အမေးကိုနားမလည်သလိုဟန်နဲ့ကြည့်လေတော့ အရှေ့ဆီသို့အကြည့်လွှဲသွားကာေနာက်တစ်ခေါက်ပြန်မေးလာတဲ့namjoon...။
" မင်းပြောတဲ့ဝိဉာဉ်ဆိုတာကို ငါယုံတယ်လို့သဘောထားပြီး ကိစ္စရပ်တွေအကုန်ငါ့ကိုပြောပြ..."
" ပြောပြလို့ဖြစ်ပါ့မလား.. "
" ငါမင်းရဲ့hyungလေ... ဘာလို့မဖြစ်ရမှာလဲ။ "
ထိုသို့ပြောလေမှ Jiminလည်းမျက်ဝန်းပူတွေကိုတစ်ချက်မှိတ်ချလိုက်ကာ... Kang Haeunဆိုတဲ့ဝိဉာဉ်မလေးနဲ့စတွေ့သည့်အချိန်မှစပြီး အခုထိသူကြုံတွေ့ခဲ့ရသမျှကို namjoonယုံသည်..မယုံသည်ကိုဘေးချိတ်ထားပြီး ပြောပြမိသည်။ ကော်ဖီဆိုင်ကဧည့်သည်တစ်ယောက်သရဲတွေ့သည်ဆိုကာအကြောက်တလန့်ပြောလာသည်များကိုပါ သက်သေတစ်ခုအနေနဲ့ထည့်ပြောပြမိသည်။ ကိစ္စရပ်တွေအကုန်ပြောပြပြီးမှ namjoonရှိရာကိုအကြည့်ပို့ပြီးသူ့မျက်ဝန်းတွေထဲစေ့စေ့ကြည့်နေမိတဲ့ jimin...။
" အဲ့ဒါတွေပဲ hyung... ယုံဖို့ခက်တယ်ဆိုတာသိပေမယ့် အမှန်တရားတွေပါ။"
" ဒါဆို အဲ့နေ့ကဧည့်သည်ပြောတဲ့သရဲတွေ့တယ်ဆိုတဲ့ကိစ္စကမှန်နေခဲ့တာပေါ့။ ဟုတ်လား.. "
" ဟုတ်တယ် hyung.."
" ဒါဆို... heejinကိုဘယ်လိုရှင်းပြကြမလဲ။ "
ထိုသို့မေးတော့ခပ်ဆဆလေးပြုံးလာတဲ့jimin...။ heejinဟာ ကလေးဆန်တဲ့အပြင် စိတ်ဆက်လွန်းတဲ့မိန်းကလေးမို့ အကြောင်းရင်းကိုရှင်းပြဖို့ခဲယဉ်းမည်ဆိုတာသိသည်။ ဘယ်လိုနည်းနဲ့မှမယုံဘူးဆိုတာလည်းသိသည်။
" လောလောဆယ်တော့ ထားလိုက် hyung... သူမယုံလောက်ဘူး။"
" မင်း အဲ့သရဲမကိုကျွတ်လွတ်အောင်လုပ်ပေးသင့်တယ်မထင်ဘူးလား jimin..."
" ကျွတ်လွတ်အောင်လုပ်ရမယ်??"
ထိုစကားကြားပြီး ခနတာတွေဝေမိသည်။ ကျွတ်လွတ်သွားတဲ့တစ်နေ့ကျ haeunနဲ့ဒီထက်ပိုပြီးအတူရှိနေနိုင်မှာမဟုတ်တော့။ သံယောဇဉ်တွယ်တယ်ပဲဆိုမလား... အမှန်တိုင်းဆိုရရင် သူမနဲ့မဝေးချင်မိပါ။ စိတ်ရှုပ်အောင်အမြဲလုပ်တတ်သူဆိုပေမယ့်... ထိုအရာကိုပဲJiminမွေ့ပျော်သလိုခံစားနေရသည်။
ဒါကြောင့်... အခုလည်း namjoonရဲ့အမေးကိုယတိပြတ်ငြင်းဖို့သူဆုံးဖြတ်လိုက်သည်။
" အဲ့လိုလုပ်လို့ မဖြစ်ဘူး hyung...."
" ဘာဖြစ်လို့လဲ Jimin...."
" မဖြစ်တဲ့အကြောင်းရင်းတွေရှိနေတယ်။ ဘယ်လိုမဆို ကျွန်တော့်ကိုယုံကြည်ပေးလို့ကျေးဇူးပါ hyung..."
" ဝိဉာဉ်ကိစ္စကို အပြည့်အဝယုံတာမဟုတ်ဘဲ မင်းheejinအပေါ်ကိုသစ္စာမဖောက်ဘူးဆိုတာကိုယုံတယ်ဆိုပိုမှန်မယ် Jimin..."
"....."
" ကဲ... ငါသွားတော့မယ် Jimin..."
Jiminပုခုံးကိုခပ်ဆဆပုတ်ကာထွက်သွားတဲ့namjoon...။ အခန်းထဲကျန်ခဲ့တဲ့jiminမှာလည်း လေပူတွေကိုမှုတ်ထုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့်မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ဆွဲမိသည်။
" Jimin...."
နံရံကွယ်ရာမှထွက်လာတဲ့haeunကို Jiminမော့ကြည့်လိုက်ပြီး... အခုနက သူမရဲ့လျှို့ဝှက်ချက်ကိုမပြောမဆိုနဲ့ဖော်မိသွားသလိုဖြစ်နေတာမို့ သူမထံမျက်နှာပင်မပြဝံ့။
" Haeun... ငါတောင်းပန်ပါတယ်။"
" အကြောင်းရင်းကဘာလဲ။"
" ဟင်?"
" ငါကကျွတ်လွတ်လို့မဖြစ်ဘူးဆိုတဲ့အကြောင်းရင်းကဘာလဲ။ "
ထိုမေးခွန်းကိုရှောင်လွှဲချင်စိတ်မရှိတာမို့ သူမရဲ့မျက်ဝန်းတွေကိုတည်စူးစွာကြ ည့်လိုက်ရင်း...
" မင်းငါ့အနားမှာမရှိတော့မှာစိုးလို့... အကြောင်းရင်းကိုသေချာမသိပေမယ့် သံယောဇဉ်တစ်ခုတော့မင်းအပေါ်ကိုတွယ်မိပြီထင်တယ်။ တစ်ကိုယ်ကောင်းဆန်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်... တစ်သက်လုံးမဟုတ်တောင်.. အချိန်ကြာကြာတစ်ခုထိ ငါ့အနားမှာရှိပေး...။ အဲ့လို ကတိပေးနိုင်မလား Haeun.... ။"
Haeunရဲ့မင်သေသေမျက်ဝန်းတွေကိုကြည့်ပြီး Jiminအားနာမိသည်။ သူမအတွက် မတရားသလိုဖြစ်သွားပြီလား...
" ထားလိုက်ပါတော့... အခုနစကားကို စိတ်ထဲမထည့်... အွတ်!"
ပြောမည့်စကားလုံးများဟာသူမရဲ့လျှပ်တပြတ်အနမ်းတွေထဲအတိပျောက်ရှသွားသည်။ သူမဘာရည်ရွယ်ချက်နဲ့လုပ်သလဲမသိပေမယ့် သူမအနမ်းတွေကိုတွန်းဖယ်ပစ်ဖို့ jiminမတွေးမိ။ အချိန်ခနတာဆွံ့အနေစဉ် အနမ်းတွေကိုရုတ်ချည်းရပ်စဲလိုက်တဲ့သူမ... ။
" ဒီတိုင်းသံယောဇဉ်တွယ်တာမဟုတ်ဘဲ အချစ်များဖြစ်နေမလား..."
အစအနမဲ့စွာမေးလာတဲ့သူမရဲ့မေးခွန်းကို ဖြေဖို့ရာအေဖြကအတွေးထဲချက်ချင်းပေါ်မလာ။ မဟုတ်ဘူးလို့တန်းဖြေလိုက်လို့ဖြစ်ပေမယ့် ဘာလို့တွေဝေနေမိတာလဲ။
" ငါ.. ငါသေချာမသိဘူး။"
"အာ~"
"....."
" အင်း.. အခုနကနမ်းမိတာ အနှောင့်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။ စိတ်ထဲမထည့်နဲ့တော့နော်။"
ထိုသို့ပြောပြီး ပြုံးပြရင်းအခန်းထဲမှထွက်သွားတဲ့သူမ...။ အဲ့လိုပြောလိုက်တာ သူလွန်မိပြီလား။ ဒါပေမဲ့ အခုန သူမ,နမ်းလိုက်စဉ်က သူ့နှလုံးသားကဘာကြောင့်များကဆုန်ပေါက်လာရသလဲ။ အခုနောက်ပိုင်း သူမကြောင့်ရင်ခုန်ရပေါင်းများပြီ။
ဒါဟာ Haeunပြောသလို အချစ်များလား...။
ဒါဆို Heejinကရော?
အဖြေမသိနိုင်တဲ့မေးခွန်းပေါင်းများစွာက သူ့အေတွးထဲနေရာယူစဲ။ တစ်ကယ်ပဲ သူမကိုချစ်မိနေပြီဆိုရင်ရော....
°•°•°•°•°•°•°•°
" Hoseok hyung... ဒီနေ့နောက်ကျတယ်နော်။"
ဆိုင်ထဲဝင်လာတဲ့hoseokကိုjiminပြောလေတော့ နေမင်းကြီးထက်အောင်တောက်ပတဲ့အပြုံးတွေနဲ့ပြုံးကာ ပြန်ဖြေလာတဲ့hoseok....
" ဟုတ်တယ်... သန်ဘက်ခါပြန်ဖို့ နည်းနည်းစီစဥ်နေတာ... သိတဲ့အတိုင်းကိုယ်က သူများမောင်းတဲ့ကားလည်းမစီးဘူးလေ။ အဲ့တာကြောင့် နောက်ကျသွားတာပါ။"
" ဪ... ဒီနေ့ namjoon hyungကိုခွင့်တစ်ရက်ထပ်ပေးထားလို့ ကျွန်တော်လည်းဆိုင်စောစောသိမ်းဖြစ်မှာလေ။"
" .... "
" ဒါနဲ့ တစ်ခုမေးလို့ရမလား hyung.."
" မေးလေ jimin..."
" မမေးသင့်မှန်းသိပေမယ့် Hyungရဲ့ကားမတော်တဆမှုကိုလေ သေချာလေးသိခွင့်ရှိမလားဟင်။"
ထိုစကားကြားကြားချင်းခနတာတုံ့ဆိုင်းသွားပေမယ့်... ချက်ချင်းပင်အဖြေပြန်ပေးလေတဲ့ hoseok...။
" အမှန်ဆို ဒီကိစ္စကnamjoonလည်းသိပြီးသားပါ။ ဘာလို့ဆို မတော်တဆမှုမှာသူလည်းပါနေခဲ့တာလေ။ "
Jiminတွေးမိသည်။ ဟုတ်သား... လွန်ခဲ့တဲ့တစ်လကျော်လောက်က namjoon hyungလည်းကားမတော်တဆမှုဖြစ်ခဲ့တာပဲ။ Namjoon hyungကတော့အများကြီးမထိခိုက်သွားခဲ့ပေ။ ကားမတော်တဆမှုမှာသူငယ်ချင်းတစ်ယောက်ပါ အနာတရဖြစ်ရတယ်ဆိုတာသိပေမယ့်... Hoseokဖြစ်နေမယ်မှန်းမသိခဲ့ဘူး။
"ဒါကြောင့်ကိုယ်ပြောပြမယ်။ "
ထိုအခါမှ အရောင်တလဲ့လဲ့နဲ့မျက်ဝန်းတွေဟာ jiminမျက်နှာထက်အထင်းသား.. Haeunအတွက် သူတစ်ခုခုလုပ်ပေးနိုင်တော့မယ်လေ။ Haeunလည်းမလှမ်းမကမ်းမှာလည်းရှိပြီးနားထောင်နေခဲ့တယ်။
" ကိုယ့်ဘဝမှာ.. လုံးဝမမျှော့်လင့်ထားတဲ့ထူးခြားဖြစ်စဉ်ဆိုပါတော့။
ကိုယ်ကအမှန်ဆို ကားမတော်တဆမှုကြောင့်သေလုမျောမျောဖြစ်နေပါပြီ။ ဒါပေမယ့်... ကိုယ့်ကိုကူညီခဲ့သူက အဖြူရောင်အပိုင်းအစလေးတစ်ခု.. ရှင်းရှင်းပြောရရင် နတ်သမီးပေါ့။"
" နတ်သမီး..?"
" ယုံချင်စရာမကောင်းပေမယ့်... အမှန်တရားပါ Jimin....။ ကိုယ်လုံးဝမေ့မရဘဲမှတ်မိနေတာတစ်ခုရှိတယ်.. ကိုယ့်ရဲ့စိတ်ဝိဉာဉ်ကနေ ကူညီပေးဖို့အတင်းတောင်းဆိုနေခဲ့တုန်းက... မင်းကိုကူညီရင် ငါအပြစ်ဒဏ်ခံရလိမ့်မယ် ဆိုတဲ့စကားကိုအဲ့နတ်သမီးကိုယ်တိုင်ပြောခဲ့တာ... ။ ဒါပေမယ့် သူကူညီပေးသွားခဲ့တယ်။ ဒါကြောင့်သိချင်မိတာက.. သူမအခုဆိုအပြစ်ခံနေရလောက်ပြီလား၊ ကိုယ့်ကိုကူညီခဲ့လို့လေ။"
ဘာတစ်ခုမှမပြောနိုင်လောက်အောင်... Jiminဆွံ့အနေမိပြီ။
" ဘယ်လိုလဲ။ မင်းလည်းမယုံဘူးဟုတ်? အဟက်... ဖြစ်သင့်ပါတယ်။"
" ယုံတယ်ဆိုရင်ကော.. ?"
ထိုစကားကြောင့်... Jiminကိုစေ့စေ့ကြည့်လာတဲ့ hoseok။
" ယုံတယ်လား... ဒါဆိုရင် မင်းကnamjoonပြီးရင် အဲ့ကိစ္စကိုယုံပေးတဲ့ရှားပါးမိတ်ေဆွပဲ။ "
Jiminအပြုံးဖျော့ဖျော့နဲ့သာတုံ့ပြန်မိသည်။ တစ်ဖက်က Haeunကိုလှမ်းကြည့်မိတော့... တွေ့လိုက်ရတာက ဘာတစ်ခုမှနားမလည်နိုင်တဲ့မျက်နှာပေးနဲ့သူမ....။
တစ်ဖက်က သူမတွင်လည်း...
" အဲ့ကောင်လေးပြောတာတွေကအကုန်မှန်တယ် မိန်းကလေး..."
ဘေးနားမှာရှိနေတဲ့နတ်သားမူကိုလှည့်မကြည့်ဘဲ သူမပြန်မေးမိသည်။
" ဘာဖြစ်လို့လဲ နတ်သားမူ ...."
" မင်းက ဝိဉာဉ်တစ်ကောင် ၊ သရဲတစ်ကောင်မဟုတ်ဘဲ... နတ်မျိုးနွယ်ဝင်နတ်သမီးတစ်ယောက်... အထူးသဖြင့် အပြစ်ဒဏ်ခံနေရတဲ့ နတ်သမီး...။ "
" ဟင်...?"
" မင်းလက်ကနာမည်စာတန်းက တက်တူးမဟုတ်ဘဲ.. နတ်သား နတ်သမီးတွေဆီမှာရှိတတ်တဲ့အမှတ်အသားပဲ။ ငါ့မှာလည်းရှိပြီးသား။ "
" ပြီးရင်ရော... ပြီးရင်ရော ဘာတွေဆက်ရှိနေတာလဲ။"
တုန်ရီသောအသံဖြင့်သူမမေးမိသည်။
" မင်းက မင်းစောင့်ရှောက်ပေးဖို့တာဝန်မရှိတဲ့သူကိုကယ်တင်လိုက်တာမို့ မင်းအတွက်အခုလိုဘာစွမ်းအားမှမရှိတဲ့ဝိဉာဥ်ဘဝနဲ့အပြစ်ဒဏ်ကျရတာပဲ။
အဲ့တာထက်... မင်းစောင့်ရှောက်ဖို့တာဝန်ရှိတဲ့သူက.... Park jiminတစ်ယောက်တည်းပဲဖြစ်ခဲ့တာ Haeun...။ "
ကြားနေရသောစကားများက သူမ့အသိတစ်ခုလုံးကိုရိုက်ချိုးပစ်နေသယောင်။ သူမက နတ်မျိုးနွယ်.. အထူးသဖြင့်အပြစ်ခံနေရတဲ့နတ်သမီးဆိုတော့... ရှေ့လျှောက်ဘာတွေက သူမအတွက်စောင့်နေမှာလဲ။
အားလုံးထက်... အဲ့အပြစ်က Park jiminနဲ့ဝေးရမယ့်အရာဖြစ်လာမယ်ဆို သူမ,ရူးခါသွားနိုင်သည်။
ဟုတ်တယ်.၊ သူမ Park Jiminကို ချစ်နေမိပြီ....။
~•°•~•°•~•°•~•°•~
ခရီမီ ကျောင်းစာတွေသေချာပြန်လုပ်နေရတာမလို့ updateနောက်ကျသွားတာတောင်းပန်ပါတယ်နော် 🙇💜
January 8,2021
Friday
#with love
Zawgyi
Heejinတစ္ေယာက္ေတြေဝေသာမ်က္ဝန္းအစုံနဲ႔ Jiminကိုေစ့ေစ့ၾကည့္ေနမိသည္။ ဝိဉာဥ္တဲ့လား... အဲ့လိုအရာမ်ိဳးေတြက ေလာကႀကီးမွာတည္ရွိေနရင္ေတာင္ ဒီလိုအေျခေနမ်ိဳးမွာယုံရမွာတဲ့လား။ Jiminရဲ႕သူမကိုနားေခ်ာ့တဲ့ယုံတမ္းစကားကအရမ္းေပါလြန္းတယ္လို႔သူမ,ေတြးသည္။
" ဝိဉာဥ္? ေပါလြန္းတယ္ oppa..။ ယုံခ်င္စရာမေကာင္းတဲ့စကားေတြကို မ်က္စိမွိတ္ယုံေပးရေလာက္တဲ့ထိ ေဘဘီတုံးအမေနဘူး။ "
ခပ္နင့္နင့္ေျပာလာတဲ့heejinစကားေတြကိုတုံ႔ျပန္ေပးဖို႔ စကားတစ္စုံတရာရွာမေတြ႕ခဲ့။ သူမဘက္ကၾကည့္လည္း အခုလိုကိစၥကိုယုံၾကည္ေပးဖို႔ဆိုတာခက္ရာက်ေနမည္။ Jiminတုတ္တုတ္မွ်မလႈပ္ဘဲ တိတ္ဆိတ္စြာရပ္ေနခဲ့သည္။
" ေျပာေလ oppa...."
တိတ္ဆိတ္ျခင္းဟာ ဝန္ခံျခင္းမည္၏တဲ့ေလ...။ ထိုအခါမွစိတ္လြတ္လက္လြတ္ျဖင့္ၾကမ္းျပင္ထက္အပုံလိုက္ထိုင္ခ်ပစ္လိုက္တဲ့heejin...။ တသြင္သြင္စီးက်လာတဲ့အရည္ၾကည္စေတြကိုမသုတ္ပစ္မိပါဘဲ မ်က္ရည္ေပၚမ်က္ရည္ထပ္ကာရင္ထုမနာျဖင့္ငိုမိသည္။
" Heejin..."
သူမပုခုံးကိုခပ္ဖြဖြကိုင္ကာအေမးျပဳလာတဲ့namjoonကို သူမေမးေငါ့ၾကည့္ရင္း...
" Namjoon oppa... Heejinမွာဘာခ်ိဳ႕ယြင္းခ်က္ေတြရွိေနလို႔လဲ။ ခ်စ္သူကေနာက္တစ္ေယာက္နဲ႔တြဲေနရတဲ့အထိ heejinကၿငီးေငြ႕စရာေကာင္းေနတာလား။ ဟင္?"
" မဟုတ္ဘူး Heejin... Jiminကအဲ့လိုလုပ္မယ့္လူမ်ိဳးမဟုတ္ဘူးေလ။ ကိုယ္တို႔အေၾကာင္းစုံကိုေမးရေအာင္... ေနာ္။"
" အေၾကာင္းစုံ?
ဘာမွအေျချမစ္မရွိတဲ့စကားေတြနဲ႔လိမ္ေနတည္းက သူ႐ိုးသားေတာ့သလား.. ဟမ္..။ ေတာ္ၿပီ.. oppaပဲသူ႔ကိုေမးၿပီးက်န္ခဲ့လိုက္... heejinကေတာ့ဘာမွေမးခ်င္စိတ္ရွိမေနဘူး။"
မ်က္ရည္ေတြကိုဖိသုတ္လိုက္ကာၾကမ္းျပင္ေပၚမွထၿပီးထြက္သြားတဲ့heejinရဲ႕ေက်ာျပင္ကိုၾကည့္ၿပီး namjoonသက္ျပင္းခ်မိသည္။ ထိုစဥ္မ်က္စိေထာင့္စြန္းကေတြ႕လိုက္ရတာက ကုတင္ေပၚမွာလက္မႈိင္ခ်ကာထိုင္ေနတဲ့Jimin...၊ ကုတင္ဆီကိုသူေလွ်ာက္သြားလိုက္ၿပီး jiminေဘးကိုဝင္ထိုင္ေတာ့မွ အသိျပန္ဝင္လာတဲ့လူတစ္ေယာက္လိုျဖစ္သြားတဲ့jiminကိုၾကည့္ၿပီး သူခပ္ဟဟၿပဳံးမိသည္။
" ဘာေတြျဖစ္ခဲ့တာလဲ Jimin..."
Namjoonရဲ႕အေမးကိုနားမလည္သလိုဟန္နဲ႔ၾကည့္ေလေတာ့ အေရွ႕ဆီသို႔အၾကည့္လႊဲသြားကာေနာက္တစ္ေခါက္ျပန္ေမးလာတဲ့namjoon...။
" မင္းေျပာတဲ့ဝိဉာဥ္ဆိုတာကို ငါယုံတယ္လို႔သေဘာထားၿပီး ကိစၥရပ္ေတြအကုန္ငါ့ကိုေျပာျပ..."
" ေျပာျပလို႔ျဖစ္ပါ့မလား.. "
" ငါမင္းရဲ႕hyungေလ... ဘာလို႔မျဖစ္ရမွာလဲ။ "
ထိုသို႔ေျပာေလမွ Jiminလည္းမ်က္ဝန္းပူေတြကိုတစ္ခ်က္မွိတ္ခ်လိုက္ကာ... Kang Haeunဆိုတဲ့ဝိဉာဥ္မေလးနဲ႔စေတြ႕သည့္အခ်ိန္မွစၿပီး အခုထိသူႀကဳံေတြ႕ခဲ့ရသမွ်ကို namjoonယုံသည္..မယုံသည္ကိုေဘးခ်ိတ္ထားၿပီး ေျပာျပမိသည္။ ေကာ္ဖီဆိုင္ကဧည့္သည္တစ္ေယာက္သရဲေတြ႕သည္ဆိုကာအေၾကာက္တလန႔္ေျပာလာသည္မ်ားကိုပါ သက္ေသတစ္ခုအေနနဲ႔ထည့္ေျပာျပမိသည္။ ကိစၥရပ္ေတြအကုန္ေျပာျပၿပီးမွ namjoonရွိရာကိုအၾကည့္ပို႔ၿပီးသူ႔မ်က္ဝန္းေတြထဲေစ့ေစ့ၾကည့္ေနမိတဲ့ jimin...။
" အဲ့ဒါေတြပဲ hyung... ယုံဖို႔ခက္တယ္ဆိုတာသိေပမယ့္ အမွန္တရားေတြပါ။"
" ဒါဆို အဲ့ေန႔ကဧည့္သည္ေျပာတဲ့သရဲေတြ႕တယ္ဆိုတဲ့ကိစၥကမွန္ေနခဲ့တာေပါ့။ ဟုတ္လား.. "
" ဟုတ္တယ္ hyung.."
" ဒါဆို... heejinကိုဘယ္လိုရွင္းျပၾကမလဲ။ "
ထိုသို႔ေမးေတာ့ခပ္ဆဆေလးၿပဳံးလာတဲ့jimin...။ heejinဟာ ကေလးဆန္တဲ့အျပင္ စိတ္ဆက္လြန္းတဲ့မိန္းကေလးမို႔ အေၾကာင္းရင္းကိုရွင္းျပဖို႔ခဲယဥ္းမည္ဆိုတာသိသည္။ ဘယ္လိုနည္းနဲ႔မွမယုံဘူးဆိုတာလည္းသိသည္။
" ေလာေလာဆယ္ေတာ့ ထားလိုက္ hyung... သူမယုံေလာက္ဘူး။"
" မင္း အဲ့သရဲမကိုကြၽတ္လြတ္ေအာင္လုပ္ေပးသင့္တယ္မထင္ဘူးလား jimin..."
" ကြၽတ္လြတ္ေအာင္လုပ္ရမယ္??"
ထိုစကားၾကားၿပီး ခနတာေတြေဝမိသည္။ ကြၽတ္လြတ္သြားတဲ့တစ္ေန႔က် haeunနဲ႔ဒီထက္ပိုၿပီးအတူရွိေနႏိုင္မွာမဟုတ္ေတာ့။ သံေယာဇဥ္တြယ္တယ္ပဲဆိုမလား... အမွန္တိုင္းဆိုရရင္ သူမနဲ႔မေဝးခ်င္မိပါ။ စိတ္ရႈပ္ေအာင္အၿမဲလုပ္တတ္သူဆိုေပမယ့္... ထိုအရာကိုပဲJiminေမြ႕ေပ်ာ္သလိုခံစားေနရသည္။
ဒါေၾကာင့္... အခုလည္း namjoonရဲ႕အေမးကိုယတိျပတ္ျငင္းဖို႔သူဆုံးျဖတ္လိုက္သည္။
" အဲ့လိုလုပ္လို႔ မျဖစ္ဘူး hyung...."
" ဘာျဖစ္လို႔လဲ Jimin...."
" မျဖစ္တဲ့အေၾကာင္းရင္းေတြရွိေနတယ္။ ဘယ္လိုမဆို ကြၽန္ေတာ့္ကိုယုံၾကည္ေပးလို႔ေက်းဇူးပါ hyung..."
" ဝိဉာဥ္ကိစၥကို အျပည့္အဝယုံတာမဟုတ္ဘဲ မင္းheejinအေပၚကိုသစၥာမေဖာက္ဘူးဆိုတာကိုယုံတယ္ဆိုပိုမွန္မယ္ Jimin..."
"....."
" ကဲ... ငါသြားေတာ့မယ္ Jimin..."
Jiminပုခုံးကိုခပ္ဆဆပုတ္ကာထြက္သြားတဲ့namjoon...။ အခန္းထဲက်န္ခဲ့တဲ့jiminမွာလည္း ေလပူေတြကိုမႈတ္ထုတ္လိုက္ကာ လက္ႏွစ္ဖက္ျဖင့္မ်က္ႏွာကိုခပ္ၾကမ္းၾကမ္းပြတ္ဆြဲမိသည္။
" Jimin...."
နံရံကြယ္ရာမွထြက္လာတဲ့haeunကို Jiminေမာ့ၾကည့္လိုက္ၿပီး... အခုနက သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုမေျပာမဆိုနဲ႔ေဖာ္မိသြားသလိုျဖစ္ေနတာမို႔ သူမထံမ်က္ႏွာပင္မျပဝံ့။
" Haeun... ငါေတာင္းပန္ပါတယ္။"
" အေၾကာင္းရင္းကဘာလဲ။"
" ဟင္?"
" ငါကကြၽတ္လြတ္လို႔မျဖစ္ဘူးဆိုတဲ့အေၾကာင္းရင္းကဘာလဲ။ "
ထိုေမးခြန္းကိုေရွာင္လႊဲခ်င္စိတ္မရွိတာမို႔ သူမရဲ႕မ်က္ဝန္းေတြကိုတည္စူးစြာၾက ည့္လိုက္ရင္း...
" မင္းငါ့အနားမွာမရွိေတာ့မွာစိုးလို႔... အေၾကာင္းရင္းကိုေသခ်ာမသိေပမယ့္ သံေယာဇဥ္တစ္ခုေတာ့မင္းအေပၚကိုတြယ္မိၿပီထင္တယ္။ တစ္ကိုယ္ေကာင္းဆန္တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္... တစ္သက္လုံးမဟုတ္ေတာင္.. အခ်ိန္ၾကာၾကာတစ္ခုထိ ငါ့အနားမွာရွိေပး...။ အဲ့လို ကတိေပးႏိုင္မလား Haeun.... ။"
Haeunရဲ႕မင္ေသေသမ်က္ဝန္းေတြကိုၾကည့္ၿပီး Jiminအားနာမိသည္။ သူမအတြက္ မတရားသလိုျဖစ္သြားၿပီလား...
" ထားလိုက္ပါေတာ့... အခုနစကားကို စိတ္ထဲမထည့္... အြတ္!"
ေျပာမည့္စကားလုံးမ်ားဟာသူမရဲ႕လွ်ပ္တျပတ္အနမ္းေတြထဲအတိေပ်ာက္ရွသြားသည္။ သူမဘာရည္႐ြယ္ခ်က္နဲ႔လုပ္သလဲမသိေပမယ့္ သူမအနမ္းေတြကိုတြန္းဖယ္ပစ္ဖို႔ jiminမေတြးမိ။ အခ်ိန္ခနတာဆြံ႕အေနစဥ္ အနမ္းေတြကို႐ုတ္ခ်ည္းရပ္စဲလိုက္တဲ့သူမ... ။
" ဒီတိုင္းသံေယာဇဥ္တြယ္တာမဟုတ္ဘဲ အခ်စ္မ်ားျဖစ္ေနမလား..."
အစအနမဲ့စြာေမးလာတဲ့သူမရဲ႕ေမးခြန္းကို ေျဖဖို႔ရာအေျဖကအေတြးထဲခ်က္ခ်င္းေပၚမလာ။ မဟုတ္ဘူးလို႔တန္းေျဖလိုက္လို႔ျဖစ္ေပမယ့္ ဘာလို႔ေတြေဝေနမိတာလဲ။
" ငါ.. ငါေသခ်ာမသိဘူး။"
"အာ~"
"....."
" အင္း.. အခုနကနမ္းမိတာ အေႏွာင့္ယွက္ျဖစ္သြားရင္ေတာင္းပန္ပါတယ္။ စိတ္ထဲမထည့္နဲ႔ေတာ့ေနာ္။"
ထိုသို႔ေျပာၿပီး ၿပဳံးျပရင္းအခန္းထဲမွထြက္သြားတဲ့သူမ...။ အဲ့လိုေျပာလိုက္တာ သူလြန္မိၿပီလား။ ဒါေပမဲ့ အခုန သူမ,နမ္းလိုက္စဥ္က သူ႔ႏွလုံးသားကဘာေၾကာင့္မ်ားကဆုန္ေပါက္လာရသလဲ။ အခုေနာက္ပိုင္း သူမေၾကာင့္ရင္ခုန္ရေပါင္းမ်ားၿပီ။
ဒါဟာ Haeunေျပာသလို အခ်စ္မ်ားလား...။
ဒါဆို Heejinကေရာ?
အေျဖမသိႏိုင္တဲ့ေမးခြန္းေပါင္းမ်ားစြာက သူ႔အေတြးထဲေနရာယူစဲ။ တစ္ကယ္ပဲ သူမကိုခ်စ္မိေနၿပီဆိုရင္ေရာ....
°•°•°•°•°•°•°•°
" Hoseok hyung... ဒီေန႔ေနာက္က်တယ္ေနာ္။"
ဆိုင္ထဲဝင္လာတဲ့hoseokကိုjiminေျပာေလေတာ့ ေနမင္းႀကီးထက္ေအာင္ေတာက္ပတဲ့အၿပဳံးေတြနဲ႔ၿပဳံးကာ ျပန္ေျဖလာတဲ့hoseok....
" ဟုတ္တယ္... သန္ဘက္ခါျပန္ဖို႔ နည္းနည္းစီစဥ္ေနတာ... သိတဲ့အတိုင္းကိုယ္က သူမ်ားေမာင္းတဲ့ကားလည္းမစီးဘူးေလ။ အဲ့တာေၾကာင့္ ေနာက္က်သြားတာပါ။"
" ဪ... ဒီေန႔ namjoon hyungကိုခြင့္တစ္ရက္ထပ္ေပးထားလို႔ ကြၽန္ေတာ္လည္းဆိုင္ေစာေစာသိမ္းျဖစ္မွာေလ။"
" .... "
" ဒါနဲ႔ တစ္ခုေမးလို႔ရမလား hyung.."
" ေမးေလ jimin..."
" မေမးသင့္မွန္းသိေပမယ့္ Hyungရဲ႕ကားမေတာ္တဆမႈကိုေလ ေသခ်ာေလးသိခြင့္ရွိမလားဟင္။"
ထိုစကားၾကားၾကားခ်င္းခနတာတုံ႔ဆိုင္းသြားေပမယ့္... ခ်က္ခ်င္းပင္အေျဖျပန္ေပးေလတဲ့ hoseok...။
" အမွန္ဆို ဒီကိစၥကnamjoonလည္းသိၿပီးသားပါ။ ဘာလို႔ဆို မေတာ္တဆမႈမွာသူလည္းပါေနခဲ့တာေလ။ "
Jiminေတြးမိသည္။ ဟုတ္သား... လြန္ခဲ့တဲ့တစ္လေက်ာ္ေလာက္က namjoon hyungလည္းကားမေတာ္တဆမႈျဖစ္ခဲ့တာပဲ။ Namjoon hyungကေတာ့အမ်ားႀကီးမထိခိုက္သြားခဲ့ေပ။ ကားမေတာ္တဆမႈမွာသူငယ္ခ်င္းတစ္ေယာက္ပါ အနာတရျဖစ္ရတယ္ဆိုတာသိေပမယ့္... Hoseokျဖစ္ေနမယ္မွန္းမသိခဲ့ဘူး။
"ဒါေၾကာင့္ကိုယ္ေျပာျပမယ္။ "
ထိုအခါမွ အေရာင္တလဲ့လဲ့နဲ႔မ်က္ဝန္းေတြဟာ jiminမ်က္ႏွာထက္အထင္းသား.. Haeunအတြက္ သူတစ္ခုခုလုပ္ေပးႏိုင္ေတာ့မယ္ေလ။ Haeunလည္းမလွမ္းမကမ္းမွာလည္းရွိၿပီးနားေထာင္ေနခဲ့တယ္။
" ကိုယ့္ဘဝမွာ.. လုံးဝမေမွ်ာ့္လင့္ထားတဲ့ထူးျခားျဖစ္စဥ္ဆိုပါေတာ့။
ကိုယ္ကအမွန္ဆို ကားမေတာ္တဆမႈေၾကာင့္ေသလုေမ်ာေမ်ာျဖစ္ေနပါၿပီ။ ဒါေပမယ့္... ကိုယ့္ကိုကူညီခဲ့သူက အျဖဴေရာင္အပိုင္းအစေလးတစ္ခု.. ရွင္းရွင္းေျပာရရင္ နတ္သမီးေပါ့။"
" နတ္သမီး..?"
" ယုံခ်င္စရာမေကာင္းေပမယ့္... အမွန္တရားပါ Jimin....။ ကိုယ္လုံးဝေမ့မရဘဲမွတ္မိေနတာတစ္ခုရွိတယ္.. ကိုယ့္ရဲ႕စိတ္ဝိဉာဥ္ကေန ကူညီေပးဖို႔အတင္းေတာင္းဆိုေနခဲ့တုန္းက... မင္းကိုကူညီရင္ ငါအျပစ္ဒဏ္ခံရလိမ့္မယ္ ဆိုတဲ့စကားကိုအဲ့နတ္သမီးကိုယ္တိုင္ေျပာခဲ့တာ... ။ ဒါေပမယ့္ သူကူညီေပးသြားခဲ့တယ္။ ဒါေၾကာင့္သိခ်င္မိတာက.. သူမအခုဆိုအျပစ္ခံေနရေလာက္ၿပီလား၊ ကိုယ့္ကိုကူညီခဲ့လို႔ေလ။"
ဘာတစ္ခုမွမေျပာႏိုင္ေလာက္ေအာင္... Jiminဆြံ႕အေနမိၿပီ။
" ဘယ္လိုလဲ။ မင္းလည္းမယုံဘူးဟုတ္? အဟက္... ျဖစ္သင့္ပါတယ္။"
" ယုံတယ္ဆိုရင္ေကာ.. ?"
ထိုစကားေၾကာင့္... Jiminကိုေစ့ေစ့ၾကည့္လာတဲ့ hoseok။
" ယုံတယ္လား... ဒါဆိုရင္ မင္းကnamjoonၿပီးရင္ အဲ့ကိစၥကိုယုံေပးတဲ့ရွားပါးမိတ္ေဆြပဲ။ "
Jiminအၿပဳံးေဖ်ာ့ေဖ်ာ့နဲ႔သာတုံ႔ျပန္မိသည္။ တစ္ဖက္က Haeunကိုလွမ္းၾကည့္မိေတာ့... ေတြ႕လိုက္ရတာက ဘာတစ္ခုမွနားမလည္ႏိုင္တဲ့မ်က္ႏွာေပးနဲ႔သူမ....။
တစ္ဖက္က သူမတြင္လည္း...
" အဲ့ေကာင္ေလးေျပာတာေတြကအကုန္မွန္တယ္ မိန္းကေလး..."
ေဘးနားမွာရွိေနတဲ့နတ္သားမူကိုလွည့္မၾကည့္ဘဲ သူမျပန္ေမးမိသည္။
" ဘာျဖစ္လို႔လဲ နတ္သားမူ ...."
" မင္းက ဝိဉာဥ္တစ္ေကာင္ ၊ သရဲတစ္ေကာင္မဟုတ္ဘဲ... နတ္မ်ိဳးႏြယ္ဝင္နတ္သမီးတစ္ေယာက္... အထူးသျဖင့္ အျပစ္ဒဏ္ခံေနရတဲ့ နတ္သမီး...။ "
" ဟင္...?"
" မင္းလက္ကနာမည္စာတန္းက တက္တူးမဟုတ္ဘဲ.. နတ္သား နတ္သမီးေတြဆီမွာရွိတတ္တဲ့အမွတ္အသားပဲ။ ငါ့မွာလည္းရွိၿပီးသား။ "
" ၿပီးရင္ေရာ... ၿပီးရင္ေရာ ဘာေတြဆက္ရွိေနတာလဲ။"
တုန္ရီေသာအသံျဖင့္သူမေမးမိသည္။
" မင္းက မင္းေစာင့္ေရွာက္ေပးဖို႔တာဝန္မရွိတဲ့သူကိုကယ္တင္လိုက္တာမို႔ မင္းအတြက္အခုလိုဘာစြမ္းအားမွမရွိတဲ့ဝိဉာဥ္ဘဝနဲ႔အျပစ္ဒဏ္က်ရတာပဲ။
အဲ့တာထက္... မင္းေစာင့္ေရွာက္ဖို႔တာဝန္ရွိတဲ့သူက.... Park jiminတစ္ေယာက္တည္းပဲျဖစ္ခဲ့တာ Haeun...။ "
ၾကားေနရေသာစကားမ်ားက သူမ့အသိတစ္ခုလုံးကို႐ိုက္ခ်ိဳးပစ္ေနသေယာင္။ သူမက နတ္မ်ိဳးႏြယ္.. အထူးသျဖင့္အျပစ္ခံေနရတဲ့နတ္သမီးဆိုေတာ့... ေရွ႕ေလွ်ာက္ဘာေတြက သူမအတြက္ေစာင့္ေနမွာလဲ။
အားလုံးထက္... အဲ့အျပစ္က Park jiminနဲ႔ေဝးရမယ့္အရာျဖစ္လာမယ္ဆို သူမ,႐ူးခါသြားႏိုင္သည္။
ဟုတ္တယ္.၊ သူမ Park Jiminကို ခ်စ္ေနမိၿပီ....။
~•°•~•°•~•°•~•°•~
ခရီမီ ေက်ာင္းစာေတြေသခ်ာျပန္လုပ္ေနရတာမလို႔ updateေနာက္က်သြားတာေတာင္းပန္ပါတယ္ေနာ္ 🙇💜
January 8,2021
Friday
#with love