မေန႕က Fashion Show ရဲ႕ Theme က Winter collection ျဖစ္သည္။ Collin ဦးေဆာင္ေသာ ပြဲျဖစ္ေပမဲ့ တျခား Designer ငယ္ မ်ားလည္းပါသည္။ သူမရဲ႕ Design သုံးမ်ိဳးကလည္း comment ေကာင္းရကာ Trend ျဖစ္သြားေသးသည္ Collin ေလာက္မဟုတ္ေသာ္လည္း။ ပြဲ ၿပီးေနာက္ Party က်င္းပေတာ့ သူမထုံးစံအတိုင္းေသာက္လိုက္ေသးသည္။ နံနက္ေစာေစာ သူမ အခန္းရဲ႕ bellျမည္လာသံေၾကာင့္ နိုးသြားသည္။ ဘယ္သူလဲ ေတြးေနၿပီးမွ သူမ သတိရသြားသည္။
'ေၾသာ္ ေရာက္လာၿပီပဲ ဘယ္ေလာက္ေတာင္မ်က္ႏွာပ်က္သြားမလဲေစာင့္ၾကည့္ရမွာပဲ'
သူမ ထကာ မွန္ၾကည့္လိုက္သည္။
ညအိပ္ဝတ္စုံဝတ္ထားကာ မိတ္ကပ္ေတြမလိမ္းထားေသာ္လည္း မွန္ထဲက အမ်ိဳးသမီးရဲ႕အလွတရားကေတာ့ ညွို႔ခ်က္ျပင္းကာလွေနေသးသည္။
Jisoo သူမအလုပ္ကိစၥႏွင့္ Eliza Jane Hotel ကိုေရာက္ရွိေနသည္။ ပုံမွန္ဆို ဘာသာျပန္စာမူေတြကိုကိုယ္တိုင္ေပးစရာမလိုေသာ္လည္း တဖက္က Foreigner က French to English ဘာသာျပန္ကြၽမ္းက်င္သူကို Guide အေနႏွင့္ပါလိုအပ္ေသာေၾကာင့္သူမေရာက္ရွိေနျခင္းျဖစ္သည္။
Hotel အခန္း no. 161 ကိုၾကည့္လိုက္ေတာ့ A ႏွင့္ B ကိုေတြ႕လိုက္ရသည္။ သူမကိုေပးလိုက္တာက 161 ပဲ ဘယ္အခန္းပါလိမ့္။
ထို႔ေၾကာင့္ သူမ A အခန္းကို အရင္ႏွိပ္လိုက္သည္။
15min ေလာက္ထိ တံခါးလာမဖြင့္ေသာေၾကာင့္ B အခန္းကိုတဖန္ Bellႏွိပ္လိုက္သည္။
"Click''
တံခါးလာဖြင့္သူကိုၾကည့္လိုက္ေတာ့
"Jennie Kim''
သူမႏႈတ္က ထြက္သြားသည္။အတတ္နိုင္ဆုံးတည္ၿငိမ္ေအာင္ႀကိဳးစားကာ အၿပဳံးတပြင့္ကိုဆင္ျမန္းလိုက္ရင္း
"Ah Sorry အလုပ္ကိစၥနဲ႕လာတာ A နဲ႕B အခန္းမွားသြားတယ္ထင္တယ္''
သူမလွည့္ထြက္လာေတာ့ သူမလက္ကိုလွမ္းဆြဲလိုက္ေသာJennie ရဲ႕လက္ေတြ။
"Don't Pretend.Come on Kim Jisoo''
"ဒါဆို ငါ့ကိုGuide အျဖစ္ေခၚထားတာနင္ေပါ့''
"ဟုတ္တယ္ေလ''
Jennie ဟာ တံခါးေဘာင္ကိုမွီရင္း ဟန္ပါပါႏွင့္ လက္ႏွစ္ဖက္ပိုက္ကာ သူမကို မ်က္စ ခ်ီၿပီးေျပာေနသည္။ ဝတ္ထားတာက ညအိပ္dress အပါးႏွင့္ အတြင္းသားေတြပါ ျမင္ေနရသည္မို႔။
"ဒါဆိုလည္းေကာင္းၿပီေလ ဒီမွာပဲ အလုပ္ကိစၥကိုေဆြးေႏြးမွာလား''
"ဝင္လာခဲ့ပါ''
အခန္းထဲကဆိုဖာေပၚမွာသူမတို႔ႏွစ္ေယာက္လုံးစကားမေျပာပဲထိုင္ေနသည္မွာ အတန္ငယ္ၾကာသြားသည္။ Jisoo စကားစဖို႔ဟန္ျပင္ေနစဥ္ ph လာေသာေၾကာင့္
"Excuse me''
Jennie ကို ခြင့္ေတာင္းလိုက္ကာ ဖုန္းေျပာေနသည္။
Jennie တစ္ေယာက္ sofa ေပၚမွာေျခခ်ိတ္ထိုင္ရင္း Jisoo ကိုၾကည့္ေနမိသည္။ တကယ္ေတာ့ သူမအေနနဲ႕ ဘာtranslator မွမလို။ ျပင္သစ္စကားလည္းကြၽမ္းက်င္စြာေျပာတတ္သည္မို႔။ သူမ ေအာ္လီ႐ြန္ မလာခင္က ဒီႏြန္ company က္ို ဆက္သြယ္ၿပီးတမင္သက္သက္ Kim Jisoo က္ိုေခၚထုတ္ျခင္းျဖစ္သည္။
ထိုအေျခအေနကို စတင္သူက သူမျဖစ္ေသာ္လည္း
အခုခ်ိန္မွာ စိတ္မသက္မသာျဖစ္ေနသူမွာလည္း သူမပင္ျဖစ္သည္။
သူမထင္သည္။Kim Jisoo ဟာ လြန္ခဲ့တဲ့ဆယ္ႏွစ္ကထက္ အမ်ားႀကီးပိုလွေနသည္။သို႔ေသာ္ လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းကလို တည္ၿငိမ္ေနဆဲပင္။
"Sorry ဖုန္းေျပာတာနည္းနည္းၾကာသြားတယ္''
"ရတယ္''
Jisoo အိတ္ထဲက စာမူထုတ္ကို ယူကာ
"အကုန္ဘာသာျပန္ၿပီးသြားၿပီ နင့္မွာအေၾကာင္းအရင္းတစ္ခုေတာ့ရွိမွာပဲ Designer တစ္ေယာက္အေနနဲ႕ ဒီကဗ်ာေတြက ဘယ္လိုမွမအပ္စပ္ဘူးေလ''
"ဘယ္လိုလဲ Lice နဲ႕ေရာေပ်ာ္ေနရဲ႕လား''
Jennie ဟာ ေတာ္ေတာ္အမွတ္သည္းေျခႀကီးတာပဲ။Lice ကို ခုထိမ်ားခ်စ္ေနေသးတာလား။ဒါလည္းမျဖစ္နိုင္ပါ။ Liceနဲ႕တြဲတုန္းက Liceကို အခိုင္းအေစသာသာ သေဘာထားခဲ့သည့္လူက ခ်စ္တယ္ဆိုတာေတာ့မျဖစ္နိုင္။
"Lice လည္းသူ႕ဘဝနဲ႕သူ ငါလည္းငါ့ဘဝနဲ႕ငါပါ
ေက်းဇူးျပဳၿပီး Businessနဲ႕ privacy မေရာေထြးပါနဲ႕လား''
"အတိတ္က ငါ့ဆီကေန Lice ကိုလုယူသြားခဲ့တာနင္၊ ငါရရမဲ့ ဆုကို လုယူသြားခဲ့တဲ့နင္၊ လူၾကားထဲမွာ ငါ့ကိုအရွက္ကြဲေအာင္လုပ္ခဲ့တဲ့နင္ အဲ့လို နင္က ေအးေအးေဆးေဆးတည္ၿငိမ္ေနတာကို ငါေတာ့မလိုလားဘူး''
"The past is in the past. Let it go. Jennie''
"Shut up! အဲ့အတိ္တ္မွာ ပိတ္ေလွာင္ေနခဲ့ရတာ ငါေလ နင္ကဒီလိုလြယ္လြယ္ေျပာထြက္နိုင္တာလား''
"နင့္ဦးေနွာက္ထဲမွာသိုေလွာင္ထားတဲ့ Data ေတြက error တက္ေနတာခ်ည္းပဲ ငါ Lice ကိုဘယ္တုန္းကမွမလုယူခဲ့ဘူး နင့္ဆုကိုလုယူခဲ့တာမဟုတ္ပဲ နင့္ထက္ပိုေတာ္လို႔ ငါရခဲ့တာမဟုတ္ဘူးလား လူၾကားထဲမွာ အရွက္ကြဲခဲ့တာနင္ေပါ့ ဒါေပမဲ့ နင္ပါးရိုက္တာခံခဲ့ရတဲ့သူက ငါပါ Jennieရဲ႕ နင္ဘာလို႔သူမ်ားရဲ႕အမွားကိုပဲေထာက္ျပခ်င္ရတာလဲ တစ္ခါတေလေလာက္မ်ားနင္မွားေနတယ္လို႔မေတြးမိၾကည့္ဘူးလား''
Jisoo ေလသံေအးေအးနဲ႕ တည္တည္ၿငိမ္ၿငိမ္ပဲေျပာလိုက္သည္။ Jennie လိုမ်ိဳး ေဒါသသံလည္းမေရာစြက္။
"အဲ့ေတာ့ နင္မွန္တယ္ေပါ့''
"နင္ဘာလိုခ်င္လဲငါ့ဆီက''
"နင့္ပ်က္စီးမႈ''
Jennie စကားေၾကာင့္ Jisoo ၿပဳံးမိသြားသည္။ကေလးဆန္ခ်က္ပဲ။
"ဟုတ္ပါၿပီထားပါေတာ့ အခုငါကနင္နဲ႕အလုပ္ဆက္လုပ္ရမွာလား''
"ဒါေပါ့ ဒါေပမဲ့ ခုေတာ့ျပန္လိုက္ေတာ့ ငါျပန္အိပ္ခ်င္ေသးတယ္ Kim Jisoo ေနာက္ၿပီးေတာ့ နင့္စာမူေတြ ဟိုမွာေတြ႕တဲ့အမွိုက္ေတာင္းထဲထည့္ခဲ့လိုက္''
Jisoo ပထမဆုံးအႀကိမ္Jennieအေပၚေဒါသထြက္မိသြားသည္။ သို႔ေသာ္သူမေဒါသကိုျပန္ထိန္းကာ
"နင္မလိုအပ္ရင္ငါျပန္ယူသြားမယ္''
"ဒါနင့္ပစၥည္းမဟုတ္ေတာ့ဘူးေလ ေနာက္ၿပီးေတာ့ ခုခ်ိန္မွာ ငါက နင့္အလုပ္ရွင္ေလ''
Jisoo ဆက္ၿပီး Jennieနဲ႕ဆက္ရန္မျဖစ္ခ်င္ေတာ့။
"ေကာင္းၿပီေလ''
အခုလို ေတြ႕ဆုံမႈမ်ိဳးကို သူမတစ္ခါမွမေမွ်ာ္လင့္ခဲ့၊
အမုန္းေတြနဲ႕ျပည့္ႏွက္ေနသူကို ဘယ္လိုအေၾကာင္းအခ်င္းေတြနဲ႕ ဘယ္လိုႏွစ္သိမ့္မႈေတြ ဘယ္လိုေပးဆပ္မႈေတြ နဲ႕မ်ား ေျဖေလ်ာ့ေပးရမလဲ။
မွားယြင္းခဲ့သူဟာ သူမ မဟုတ္ခဲ့ေပမဲ့ ဆယ္ႏွစ္တာလုံး တစ္စုံတစ္ေယာက္ရဲ႕ရင္ထဲ ဗီလိန္ျဖစ္ေနခဲ့ရသတဲ့လား။ တျခားသူေတြရဲ႕ျပသနာေတြကိုေျဖရွင္းေပးခဲ့သည့္တိုင္ သူမရဲ႕ ျပသနာကို ေဆြးေႏြးဖို႔ ဘယ္Room ကိုမ်ားသြားသင့္ေနပါလိမ့္။
Unicode
မနေ့က Fashion Show ရဲ့ Theme က Winter collection ဖြစ်သည်။ Collin ဦးဆောင်သော ပွဲဖြစ်ပေမဲ့ တခြား Designer ငယ် များလည်းပါသည်။ သူမရဲ့ Design သုံးမျိုးကလည်း comment ကောင်းရကာ Trend ဖြစ်သွားသေးသည် Collin လောက်မဟုတ်သော်လည်း။ ပွဲ ပြီးနောက် Party ကျင်းပတော့ သူမထုံးစံအတိုင်းသောက်လိုက်သေးသည်။ နံနက်စောစော သူမ အခန်းရဲ့ bellမြည်လာသံကြောင့် နိုးသွားသည်။ ဘယ်သူလဲ တွေးနေပြီးမှ သူမ သတိရသွားသည်။
'သြော် ရောက်လာပြီပဲ ဘယ်လောက်တောင်မျက်နှာပျက်သွားမလဲစောင့်ကြည့်ရမှာပဲ'
သူမ ထကာ မှန်ကြည့်လိုက်သည်။
ညအိပ်ဝတ်စုံဝတ်ထားကာ မိတ်ကပ်တွေမလိမ်းထားသော်လည်း မှန်ထဲက အမျိုးသမီးရဲ့အလှတရားကတော့ ညှို့ချက်ပြင်းကာလှနေသေးသည်။
Jisoo သူမအလုပ်ကိစ္စနှင့် Eliza Jane Hotel ကိုရောက်ရှိနေသည်။ ပုံမှန်ဆို ဘာသာပြန်စာမူတွေကိုကိုယ်တိုင်ပေးစရာမလိုသော်လည်း တဖက်က Foreigner က French to English ဘာသာပြန်ကျွမ်းကျင်သူကို Guide အနေနှင့်ပါလိုအပ်သောကြောင့်သူမရောက်ရှိနေခြင်းဖြစ်သည်။
Hotel အခန်း no. 161 ကိုကြည့်လိုက်တော့ A နှင့် B ကိုတွေ့လိုက်ရသည်။ သူမကိုပေးလိုက်တာက 161 ပဲ ဘယ်အခန်းပါလိမ့်။
ထို့ကြောင့် သူမ A အခန်းကို အရင်နှိပ်လိုက်သည်။
15min လောက်ထိ တံခါးလာမဖွင့်သောကြောင့် B အခန်းကိုတဖန် Bellနှိပ်လိုက်သည်။
"Click''
တံခါးလာဖွင့်သူကိုကြည့်လိုက်တော့
"Jennie Kim''
သူမနှုတ်က ထွက်သွားသည်။အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားကာ အပြုံးတပွင့်ကိုဆင်မြန်းလိုက်ရင်း
"Ah Sorry အလုပ်ကိစ္စနဲ့လာတာ A နဲ့B အခန်းမှားသွားတယ်ထင်တယ်''
သူမလှည့်ထွက်လာတော့ သူမလက်ကိုလှမ်းဆွဲလိုက်သောJennie ရဲ့လက်တွေ။
"Don't Pretend.Come on Kim Jisoo''
"ဒါဆို ငါ့ကိုGuide အဖြစ်ခေါ်ထားတာနင်ပေါ့''
"ဟုတ်တယ်လေ''
Jennie ဟာ တံခါးဘောင်ကိုမှီရင်း ဟန်ပါပါနှင့် လက်နှစ်ဖက်ပိုက်ကာ သူမကို မျက်စ ချီပြီးပြောနေသည်။ ဝတ်ထားတာက ညအိပ်dress အပါးနှင့် အတွင်းသားတွေပါ မြင်နေရသည်မို့။
"ဒါဆိုလည်းကောင်းပြီလေ ဒီမှာပဲ အလုပ်ကိစ္စကိုဆွေးနွေးမှာလား''
"ဝင်လာခဲ့ပါ''
အခန်းထဲကဆိုဖာပေါ်မှာသူမတို့နှစ်ယောက်လုံးစကားမပြောပဲထိုင်နေသည်မှာ အတန်ငယ်ကြာသွားသည်။ Jisoo စကားစဖို့ဟန်ပြင်နေစဉ် ph လာသောကြောင့်
"Excuse me''
Jennie ကို ခွင့်တောင်းလိုက်ကာ ဖုန်းပြောနေသည်။
Jennie တစ်ယောက် sofa ပေါ်မှာခြေချိတ်ထိုင်ရင်း Jisoo ကိုကြည့်နေမိသည်။ တကယ်တော့ သူမအနေနဲ့ ဘာtranslator မှမလို။ ပြင်သစ်စကားလည်းကျွမ်းကျင်စွာပြောတတ်သည်မို့။ သူမ အော်လီရွန် မလာခင်က ဒီနွန် company က်ို ဆက်သွယ်ပြီးတမင်သက်သက် Kim Jisoo က်ိုခေါ်ထုတ်ခြင်းဖြစ်သည်။
ထိုအခြေအနေကို စတင်သူက သူမဖြစ်သော်လည်း
အခုချိန်မှာ စိတ်မသက်မသာဖြစ်နေသူမှာလည်း သူမပင်ဖြစ်သည်။
သူမထင်သည်။Kim Jisoo ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကထက် အများကြီးပိုလှနေသည်။သို့သော် လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလို တည်ငြိမ်နေဆဲပင်။
"Sorry ဖုန်းပြောတာနည်းနည်းကြာသွားတယ်''
"ရတယ်''
Jisoo အိတ်ထဲက စာမူထုတ်ကို ယူကာ
"အကုန်ဘာသာပြန်ပြီးသွားပြီ နင့်မှာအကြောင်းအရင်းတစ်ခုတော့ရှိမှာပဲ Designer တစ်ယောက်အနေနဲ့ ဒီကဗျာတွေက ဘယ်လိုမှမအပ်စပ်ဘူးလေ''
"ဘယ်လိုလဲ Lice နဲ့ရောပျော်နေရဲ့လား''
Jennie ဟာ တော်တော်အမှတ်သည်းခြေကြီးတာပဲ။Lice ကို ခုထိများချစ်နေသေးတာလား။ဒါလည်းမဖြစ်နိုင်ပါ။ Liceနဲ့တွဲတုန်းက Liceကို အခိုင်းအစေသာသာ သဘောထားခဲ့သည့်လူက ချစ်တယ်ဆိုတာတော့မဖြစ်နိုင်။
"Lice လည်းသူ့ဘဝနဲ့သူ ငါလည်းငါ့ဘဝနဲ့ငါပါ
ကျေးဇူးပြုပြီး Businessနဲ့ privacy မရောထွေးပါနဲ့လား''
"အတိတ်က ငါ့ဆီကနေ Lice ကိုလုယူသွားခဲ့တာနင်၊ ငါရရမဲ့ ဆုကို လုယူသွားခဲ့တဲ့နင်၊ လူကြားထဲမှာ ငါ့ကိုအရှက်ကွဲအောင်လုပ်ခဲ့တဲ့နင် အဲ့လို နင်က အေးအေးဆေးဆေးတည်ငြိမ်နေတာကို ငါတော့မလိုလားဘူး''
"The past is in the past. Let it go. Jennie''
"Shut up! အဲ့အတိတ်မှာ ပိတ်လှောင်နေခဲ့ရတာ ငါလေ နင်ကဒီလိုလွယ်လွယ်ပြောထွက်နိုင်တာလား''
"နင့်ဦးနှောက်ထဲမှာသိုလှောင်ထားတဲ့ Data တွေက error တက်နေတာချည်းပဲ ငါ Lice ကိုဘယ်တုန်းကမှမလုယူခဲ့ဘူး နင့်ဆုကိုလုယူခဲ့တာမဟုတ်ပဲ နင့်ထက်ပိုတော်လို့ ငါရခဲ့တာမဟုတ်ဘူးလား လူကြားထဲမှာ အရှက်ကွဲခဲ့တာနင်ပေါ့ ဒါပေမဲ့ နင်ပါးရိုက်တာခံခဲ့ရတဲ့သူက ငါပါ Jennieရဲ့ နင်ဘာလို့သူများရဲ့အမှားကိုပဲထောက်ပြချင်ရတာလဲ တစ်ခါတလေလောက်များနင်မှားနေတယ်လို့မတွေးမိကြည့်ဘူးလား''
Jisoo လေသံအေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်သည်။ Jennie လိုမျိုး ဒေါသသံလည်းမရောစွက်။
"အဲ့တော့ နင်မှန်တယ်ပေါ့''
"နင်ဘာလိုချင်လဲငါ့ဆီက''
"နင့်ပျက်စီးမှု''
Jennie စကားကြောင့် Jisoo ပြုံးမိသွားသည်။ကလေးဆန်ချက်ပဲ။
"ဟုတ်ပါပြီထားပါတော့ အခုငါကနင်နဲ့အလုပ်ဆက်လုပ်ရမှာလား''
"ဒါပေါ့ ဒါပေမဲ့ ခုတော့ပြန်လိုက်တော့ ငါပြန်အိပ်ချင်သေးတယ် Kim Jisoo နောက်ပြီးတော့ နင့်စာမူတွေ ဟိုမှာတွေ့တဲ့အမှိုက်တောင်းထဲထည့်ခဲ့လိုက်''
Jisoo ပထမဆုံးအကြိမ်Jennieအပေါ်ဒေါသထွက်မိသွားသည်။ သို့သော်သူမဒေါသကိုပြန်ထိန်းကာ
"နင်မလိုအပ်ရင်ငါပြန်ယူသွားမယ်''
"ဒါနင့်ပစ္စည်းမဟုတ်တော့ဘူးလေ နောက်ပြီးတော့ ခုချိန်မှာ ငါက နင့်အလုပ်ရှင်လေ''
Jisoo ဆက်ပြီး Jennieနဲ့ဆက်ရန်မဖြစ်ချင်တော့။
"ကောင်းပြီလေ''
အခုလို တွေ့ဆုံမှုမျိုးကို သူမတစ်ခါမှမမျှော်လင့်ခဲ့၊
အမုန်းတွေနဲ့ပြည့်နှက်နေသူကို ဘယ်လိုအကြောင်းအချင်းတွေနဲ့ ဘယ်လိုနှစ်သိမ့်မှုတွေ ဘယ်လိုပေးဆပ်မှုတွေ နဲ့များ ဖြေလျော့ပေးရမလဲ။
မှားယွင်းခဲ့သူဟာ သူမ မဟုတ်ခဲ့ပေမဲ့ ဆယ်နှစ်တာလုံး တစ်စုံတစ်ယောက်ရဲ့ရင်ထဲ ဗီလိန်ဖြစ်နေခဲ့ရသတဲ့လား။ တခြားသူတွေရဲ့ပြသနာတွေကိုဖြေရှင်းပေးခဲ့သည့်တိုင် သူမရဲ့ ပြဿနာကို ဆွေးနွေးဖို့ ဘယ်Room ကိုများသွားသင့်နေပါလိမ့်။