That Omega is so cute and I c...

By Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... More

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

17• Unexpected moment

6.4K 944 103
By Its_just_Thu


That Omega is so cute and I can’t help Part 17

အခန်းထဲက လိုက်ကာကို အသားလေးဟလို့ အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်တယ်။

နေဝင်ခါစအချိန် အုံ့စိုင်းစိုင်းဖြစ်နေတဲ့ ရာသီဥတုလေးက အိုလီ့အတွက်တော့ သာယာနေတယ်လို့ ခံစားရတာပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ည အိုလီနဲ့ကိုကိုကြီး Dinnerအတူစားဖို့ ချိန်းထားတယ်လေ။

ရှေ့တိုးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အိုလီ ကိုကိုကြီးနဲ့ နီးစပ်အောင် ကြိုးစားတယ်။

ကိုကိုကြီးနဲ့အတူ Golfသွားရိုက်ဖြစ်တာ သုံးရက်လောက်ရှိပြီ။

အခွင့်ကြုံတိုင်းလဲ ကိုကိုကြီးကို ညစာကျွေးချင်လို့ပါလို့ သူတောင်းဆိုတတ်မြဲ။

ဒီနေ့တော့ ကံကောင်းစွာနဲ့ ကိုကိုကြီးက အချိန်ရတယ် ညစာသွားစားမယ်လို့ မနေ့တုန်းက ပြောလိုက်တာမို့ အိုလီလည်း ကိုကိုကြီးနဲ့ ညစာအတူထွက်စားဖို့အတွက် ပြင်ဆင်ရတာပေါ့။

အိပ်ယာပေါ်မှာ ဖွထားတဲ့ အကျီတွေသာ စကားပြောတတ်မယ်ဆိုရင် အိုလီ့ကို ငြိုငြင်နေကြမှာ ကျိန်းသေပေါက်ပဲ။

ဗီဒိုတစ်ခုလုံးလည်း ရစရာမရှိအောင်ကို ပွထနေပြီ။

ကိုကိုကြီးနဲ့ နှစ်ယောက်အတူ ညစာသွားစားဖို့အတွက် ဘာဝတ်သွားရမလဲ ဆိုတာ အိုလီမစဉ်းစားတတ်အောင်ပဲ။

ဘယ်လိုလေးဝတ်ရင် ကိုကိုကြီးအမြင်မှာ သူက ကြည့်လို့ကောင်းနေမလဲ။

ကိုကိုကြီးက ဘယ်လိုပုံစံဝတ်ရင် သဘောကျမှာလဲလို့ အိုလီ့မှာ တွေးမတတ်ဘူး။ ကိုကိုကြီးနဲ့တွဲသွားမှာဆိုတော့ လူကြီးဆန်ဆန်လေးပဲဝတ်ရမလား၊ ကိုကိုကြီးကို ဖျားယောင်းဖို့ လူငယ်ဆန်ဆန် sexy type လေးပဲဝတ်ရမလား။

အကျီတစ်ထည် ဝတ်ကြည့်လိုက် စိတ်တိုင်းမကျလို့ ပြန်ချွတ်လိုက်၊နောက်တစ်ထည်ဝတ်လိုက်နဲ့ အချိန်တွေဘယ်လောက်ကုန်သွားလဲ မသိဘူး။

သေချာပြောရရင် သူအကျီထိုင်ဝတ်နေတာ ကျောင်းကပြန်ရောက်ပြီး နေ့လည်သုံးနာရီလောက် တည်းကပဲ။

ဒါပေမယ့် အခုချိန်ထိ စိတ်ကြိုက်အကျီကို မရနိုင်ဘူး။ အခန်းတစ်ခုလုံးပတ်မွှေနေတာမို့ ရေချိုးထားပြီးတာတောင် ချွေးတွေပြန်ထွက်ချင်နေပြီ။

နောက်တစ်ခေါက် ရေပြန်ချိုးလိုက်ရင် ကောင်းမလား အတွေးနဲ့သူ့မှာ ဂယောင်ချောက်ချားဖြစ်နေတယ်။

သူ့အကျီတစ်ထည် ကောက်ဝတ်နေတဲ့အချိန်မှာပဲ ကိုကိုကြီးဆီကနေ ဖုန်းဝင်လာတယ်။

*ဘုရားရေ ကိုကိုကြီးက ဘာလို့ဖုန်းဆက်တာလဲ၊သူနဲ့ချိန်းထားတာကို မအားတော့ဘူးဆိုပြီး ဖျက်ဖို့တော့ မဟုတ်ဘူးမလား*

သူ့မှာအထိတ်ထိတ်အလန့်လန့်နဲ့ ဖုန်းကိုကောက်ကိုင်လိုက်ရတယ်။

"Hello ကိုကိုကြီး ဘာဖြစ်လို့လဲဟင်၊ကိစ္စရှိလို့လား''

"Hey Hey အိုလီ!ဖြေးဖြေးပြောပါ၊ဘယ်လိုဖြစ်တာလဲ ညနေDinnerသွားဖို့အတွက် အဆင်သင့်ဖြစ်ပြီလား''

"ဟုတ် ဖြစ်နေပြီ ကိုကိုကြီး ကျွန်တော်အခုပဲ အကျီလဲပြီးတာ ''

အဆင်သင့်မဖြစ်သေးဘူးပြောလို့ရင် အကြောင်းတစ်ခုခုပြပြီး မတွေ့တော့ဘူး လို ပြောမှာကို စိုးရိမ်တဲ့အတွက် အိုလီအဆင်သင့်ဖြစ်နေပြီ လို့သာပြောလိုက်တယ်။

"ဪ အိုခေ အဲ့တာဆိုလို့ရှိရင် ကိုယ်အခုလာခေါ်တော့မယ်နော်''

"ဗျာ ကိုကိုကြီးက လာခေါ်မယ် ဟုတ်လား''

"အင်းလေ ကိုယ်နဲ့တူတူ ညစာသွားစားမှာပဲ၊ကိုယ်လာခေါ်ပေးလိုက်မယ်လေ၊လမ်းလည်း သင့်နေတဲ့ဟာပဲကို ''

ကိုကိုကြီးပြောလိုက်တဲ့စကားကြောင့် အိုလီ့မျက်နှာ အပြုံးပန်းတွေ ဖူးပွင့်သွားတယ်။

*အားယား ကိုကိုကြီးက တကယ့်တကယ် ယောကျာ်းပီသတဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ*

“ဟလို အိုလီ ကြားလား ကိုယ်အခုထွက်လာခဲ့မယ်နော်”

“ဗျာ ဟုတ်ကိုကိုကြီး ကျွန်တော်အဆင်သင့်စောင့်နေမယ်နော်”

ကိုကိုကြီးနဲ့ဖုန်းပြောပြီး အိုလီ အကျီမရွေးနိုင်ဘူး။ အသင့်တော်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ အကျီနဲ့ ဘောင်းဘီနဲ့ ကောက်လဲပြီး အပေါ်က long coat တစ်ထည်ကောက်ဝတ်လိုက်တယ်။

ဒီလောက်ဆို သူ ကိုကိုကြီးအမြင်မှာကြည့်လို့ကောင်းနေမှာပါလေ။

Xxxxxxxxxx

ကိုကိုကြီးနဲ့ အိုလီရဲ့ dinner date မမြည်တဲ့ ညစာစားခြင်းကိစ္စက အတော်လေးအဆင်ပြေပြေနဲ့ ကုန်ုဆုံးရတယ်လို့ဆိုရမှာပဲ။

ကိုကိုကြီးက အိုလီနဲ့ date ပုံစံမျိုးသွားတာမဟုတ်တာတောင် အိုလီ့ကို အရမ်းဂရုစိုက်ပေးတယ်။

ရာသီဥတုက ခပ်အေးအေးမို့ ရာသီဥတုနဲ့လိုက်အောင် အကင်သွားစားမယ်ဆိုတော့ နာမည်ကြီးတဲ့ဆိုင်တစ်ခုကို သေချာရွေးပြီးလိုက်ပို့ပေးတယ်။

အကင်ကင်စားကြတော့လဲ အိုလီစားဖို့ ကိုယ်တိုင် အကျအနကင်ပေးတယ်။

မီးရောင်ဝါဝါအောက်မှာ အကင်ထိုင်ကင်နေတဲ့ကိုကိုကြီးပုံစံက နဖူးပြင်မှာ ချွေးအနည်းငယ်စို့နေပေမယ့် မျက်လုံးမလွှဲချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိတယ်။

ပုံမှန်ဆို ခပ်တည်တည်ခပ်အေးအေးနေတတ်တဲ့ကိုကိုကြီးရဲ့ပုံစံက အခုလို လူတစ်ယောက်အပေါ် ကောင်းကောင်းကြီး take care လုပ်ပေးတတ်လိမ့်မယ်လို့ မထင်ထားမိခဲ့တာ အိုလီ လက်တွေ့ကြုံမှ မှားမှန်းသိတော့တယ်။

ဒါပေမယ့် ကိုကိုကြီးက စကားနည်းသူပီပီ ညစာထမင်းဝိုင်းမှာစကားအများကြီးပြောတဲ့သူကတော့ အိုလီပဲပေါ့။

ကိုကိုကြီးရဲ့အလုပ်အကြောင်းတွေ၊ ကိုကိုကြီးသဘောကျတဲ့အရာတွေအကြောင်း၊ ကိုကိုကြီး ဘာအစားအစာကြိုက်တတ်ကြောင်းတွေ အိုလီ နည်းမျိုးစုံနဲ့ အစ်အောက်မေးတော့ စိတ်ရှည်လက်ရှည်ဖြေပေးပြန်တယ်။

အဲဒီတော့ သူကိုကိုကြီးကို ကြွေပြီးရင်း ကြွေနေမိတာ သူ့အမှားမဟုတ်ဘူးပေါ့။

လူကြီးလူကောင်းပီသတဲ့ကိုကိုကြီးက သူနဲ့ညစာအတူစားနေချိန်မှာ ဖုန်းကို ယောင်လို့တောင် ထုတ်မကြည့်၊ ဖုန်းတစ်ခါမြည်သံကြားတာတောင် ကိုကိုကြီးက ဖုန်းကိုမဖြေပဲ ချပစ်လိုက်တာ၊ ဒီလိုလူလေးသာ အမြဲအလိုလိုက်အကြိုက်ဆောင်နေမယ်ဆို သူတော့ အရူးရင့်တော့မှာပဲ။

“ဘာတွေတွေးပြီး ပြုံးနေတာလဲ ပြောပါအုံး”

သူတစ်ယောက်တည်းပြုံးနေတာကို ကိုကိုကြီးက သတိထားမိပြီး မေးလာတော့ အိုလီ ခပ်ရှက်ရှက်နဲ့ တိုးတိုးရယ်တယ်။

“အဟဲ ဘာမှမဟုတ်ပါဘူး အကင်ကစားကောင်းလို့ သဘောကျနေတာ”

“ဟုတ်လို့လား မူးနေတာမဟုတ်ဘူးလား”

သူတို့ရောက်နေတာက ကိုရီးယားအကင်ဆိုင်ဖြစ်တာမို့ ကိုကိုကြီးက ဆိုဂျူတစ်ခွက်လောက်သောက်ကြမလားလို့ပြောတာနဲ့ သူတို့နှစ်ယောက် အကင်စားရင် ဆိုဂျူနည်းနည်းသောက်ထားတာမို့ ကိုကိုကြီးက သူ့ကိုမူးနေတယ်ထင်သွားပုံရတယ်။
တကယ်တော့ သူက ကိုကိုကြီးထင်သလို ရိုးသားတဲ့ ဖိုးသခွားလေးမဟုတ်ပဲ အရက်ဂျိုးတို့ ကြွက်တွင်းတို့ဆိုတဲ့ နာမည်ပြောင်ရလောက်တဲ့အထိ အသောက်ကြမ်းတယ်ဆိုတာ ကိုကိုကြီးကမသိဘူး။

အခု သူက ကိုကိုကြီးရှေ့မှာသောက်တယ်ဆိုတာ တကယ့်ကိုဟန်ပြအနေနဲ့ တစ်ခွက်နှစ်ခွက်လောက်သာ သောက်တာမို့ နည်းနည်းလေးမှ မူးမနေပါ။ ဒါပေမယ့် အနည်းငယ်တော့ မုသားလေးသုံးရမှာပေါ့။

“အာ မမူးပါဘူး နည်းနည်းလေးထွေရုံလေးပါဗျ”

“အဟား ဟုတ်ပါပြီကွာ ကဲ ဗိုက်ဝပြီဆိုရင် ပြန်ကြမလား အရမ်းနောက်ကျရင် အိုလီ့အိမ်က စိတ်ပူနေလိမ့်မယ်”

“ဟုတ်ကိုကိုကြီး”

သူက ညစာဝယ်ကျွေးပါရစေလို့ပြောပြီးခေါ်လာတာဖြစ်ပေမယ့် ကိုကိုကြီးက သူ့ကို ငွေအရှင်းမခံပဲ သူပဲရှင်းသွားကာ ဆိုင်ထဲကနေ ထွက်လာခဲ့ကြတယ်။

ပြန်လာတဲ့တစ်လမ်းလုံးလည်း သူပဲ ကားပေါ်မှာပေါက်ပေါက်ဖောက်လို့ စကားတွေပြောနေခဲ့တာပဲ။

အိမ်ရှေ့ရောက်တော့ သူ့ဘာသာတံခါးဖွင့်ဆင်းရင် ရပါလျက် တကူးတကနဲ့ ကားတံခါးလာဖွင့်ပေးတဲ့ ကိုကိုကြီးရဲ့အပြုအမူမှာ ကြွေကျပြီးသားဖြစ်တဲ့ အိုလီရဲ့အသည်းစိုင်တွေ ပြုတ်ထွက်မတတ်ဖြစ်သွားရတယ်။

မရတော့ဘူး၊ အရင်ကတော့ ကိုကိုကြီးအနားမှာ ညီလေးတစ်ယောက်လိုနေရရင် အဆင်ပြေပါပြီ ဘာညာနဲ့တွေးနေမိပေမယ့် အခုတော့ သူလောဘတက်လာမိပြီ။ ကိုကိုကြီးကို သူပိုင်ဆိုင်ခွင့်ရအောင် နည်းမျိုးစုံနဲ့ကြိုးစားမိတော့မယ်။

နှလုံးသားထဲက ယိုစီးလာတဲ့သတ္တိတွေကြောင့်ပဲလားမသိ၊ အိုလီ ကိုကိုကြီးရဲ့ပုခုံးနှစ်ဖက်ပေါ် လက်နှစ်ဖက်တင်ပြီး ကိုကိုကြီးအနားကို တိုးကပ်သွားလိုက်မိတယ်။

ရုတ်တရက်ပြုမူလိုက်တဲ့ အိုလီ့ရဲ့အပြုအမူကို ကိုကိုကြီးကတော့ နားမလည်နိုင်စွာနဲ့ မျက်လုံးအနည်းငယ်ဝင့်လို့ အိုလီ့ကိုကြည့်တယ်။

ကိုကိုကြီးက အိုလီထက် အရပ် ၄ လက်မလောက်ပိုရှည်တာမို့ အိုလီ့အရပ်က ကိုကိုကြီး ပုခုံးသာသာလောက်ပဲမို့ အိုလီ ခြေဖျားကိုထောက်လိုက်ကာ ကိုကိုကြီးနှုတ်ခမ်းပေါ်ကို အနမ်းတစ်ပွင့်ခြွေချမိတယ်။

မျက်လုံးကိုစုံမှိတ်ကာ သူ့အာရုံတွေက ဒီအနမ်းတွေပေါ်မှာ ဝပ်ဆင်းလို့ထားတယ်၊ နှုတ်ခမ်းနှစ်ခု ထိခပ်သွားရုံလေးဆိုပေမယ့် အိုလီကတော့ ရင်တစ်ခုလုံးပေါက်ထွက်မတတ် အခုန်မြန်နေတယ်။

ဒါဟာ ကိုကိုကြီးအတွက် ဘယ်နှစ်ခုမြောက်အနမ်းလဲ သူမသိချင်ဘူး၊ သူသိတာက ဒါက သူ့အတွက်ပထမဆုံးအနမ်း။

ဒီတစ်ယောက်ကိုသာ ရင်ခုန်ခဲ့၊ ချစ်ခဲ့ပြီး ဒီလူသားက သူ့အတွက် ပထမဆုံးအနမ်းဖြစ်တာနဲ့ကို သူအရမ်းပျော်ရွှင်နေရပြီဖြစ်တယ်။

အနမ်းတစ်ခုစာကနေ တစ်ဘဝလုံးစာအထိ သူ့ကိုယ်သူ ဒီလူသားထံမှာပဲ မြှပ်နှံပစ်ချင်စိတ်တွေက ပိုလို့သေချာလာတယ်။

ချစ်တယ်ဆိုတာထက်ပိုပြီး ဒီလူသားကို စုံမက်မြတ်နိုးရပါတယ်။

“အိုလီ ... ဒါဘာလုပ်တာလဲ”

သူ့ရင်ခုန်သံအဆုံးမသတ်နိုင်ခင်မှာပဲ ကိုကိုကြီးဆီမှ စကားသံက နားထဲကို အဆီအငေါ်မတည့်စွာတိုးဝင်လာတယ်။

ဘယ်လိုအကြောင်းပြချက်မျိုးပေးရမလဲလို့ ဦးနှောက်ကိုအလုပ်ပေးနေတုန်းမှာပဲ သူ့ကို ကိုကိုကြီးရဲ့ လက်တွေနဲ့ တွန်းဖယ်ခြင်းခံရတယ်။

“ကိုကိုကြီး .. ကျွန်တော်…”

“အိမ်ထဲဝင်နားတော့ အိုလီ..”

“ကိုကိုကြီး ကျွန်တော့်ကိုရှင်းပြခွင့်ပေး..”

ကိုကိုကြီးက အိုလီ့စကားကို ဆုံးအောင်နားမထောင်တော့ပဲ ကားမောင်းသူဘက်ခြမ်းကို ခပ်မြန်မြန်ပြန်သွားကာ ကားတံခါးကိုဆွဲဖွင့်လို့ ကားပေါ်တက်ကာ ထွက်ခွာသွားတော့တယ်။

အိုလီကတော့ ခုနက အနမ်းကိုမြင်ယောင်လို့ သူ့နှုတ်ခမ်းကို လက်နဲ့ ခပ်ဖွဖွလေးထိထားမိတယ်။

သူ ကိုကိုကြီးကို အဆုံးရှုံးမခံနိုင်အောင် ချစ်သွားမိခဲ့ပြီပဲ။

xxxxxxx

ဒီနေ့ Nicholasနဲ့Samတို့ အပြင်အတူထွက်ရတယ်။

အကြောင်းကတော့ သူတို့Marketing teamနဲ့ တွဲလုပ်ရတဲ့ Advertisiting companyက event တစ်ခုလုပ်တာမို့ သူတို့ကိုဖိတ်ကြားလို့ သူတို့အတူတူ ပွဲတက်ဖြစ်ခဲ့တယ်။

ပွဲက ပြန်တဲ့အချိန်ရောက်တော့ ညနေခြောက်နာရီတောင် ထိုးနေပြီမို့ ရုံးကိုမပြန်တော့ပဲ အိမ်ကိုပဲတန်းပြန်ဖို့ သူတို့ဆင်းလာခဲ့ကြတယ်။

ကားရပ်ထားတဲ့နေရာကို ဓာတ်လှေကားနဲ့ဆင်းသွားတဲ့အချိန် Nicholas ကတော့ အေးအေးလူလူဖြစ်နေပေမယ့် Samကတော့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေပုံပဲ။

ပုံမှန်လုပ်ငန်းခွင်မှာ ရှိနေတဲ့အချိန်ဆိုရင် Samကဖုန်းကိုကိုင်တာရှားတယ်။

အခုတော့ အလုပ်ချိန် ပြင်ပမို့လို့ပဲ ဖုန်းသုံးနေတာလား။

တခြားအရေးကြီးကိစ္စရှိလို့ပဲ ဖုန်းသုံးနေတာလားဆိုတာ Nicholasသေချာမသိဘူး။

ဓာတ်လှေကားထဲကအထွက် ကားဆီလျှောက်သွားတဲ့လမ်းမှာ လှေကားတစ်ထစ်ရှိနေတာကို မတွေ့ပဲတိုက်မိမလိုဖြစ်တာမို့ Nicholasလှမ်းဆွဲလိုက်ရတယ်။

"ဟေ့ အောက်ကိုကြည့်သွားဦးလေ၊ဘယ်လိုဖြစ်လို့ဖုန်းကိုပဲ ကြည့်နေတာလဲ''

Samပြုတ်ကျမှာကို စိုးရိမ်လို့ သူလှမ်းဆွဲလိုက်တာမှန်ပေမယ့် သူ့နှုတ်ဖျားကထွက်သွားတဲ့ စကားကတော့ချိုချိုသာသာမရှိဘူး။

Nicholasက ဒီလိုပုံပဲလေ၊လူတစ်ယောက်ကို စေတနာအရမ်းရှိနေရင်တောင် ကိုယ့်နှုတ်ဖျားက စေတနာရှိလှပါတယ်လို့ ချိုချိုသာသာမပြောတတ်ဘူး။

စကားကိုခပ်မာမာပြောတာ ငယ်ငယ်တည်းက သူ့ရဲ့အကျင့်မို့အသက်ကြီးလာတဲ့ထိ ပြင်ဖို့ကိုလည်း သူဆန္ဒမ
ရှိပေ။

ချော်လဲမလိုဖြစ်သွားတဲ့ SamကိုNicholasက လှမ်းဆွဲပေးလိုက်တော့ Samက ကျေးဇူးလို့ ခပ်တိုးတိုးပြောတယ်။

ဒါပေမယ့် သူ့ကြည့်ရတာသူက ဖုန်းထဲမှာပဲ။

သူက တစ်နေရာရာကို ဖုန်းအသည်းအသန်ခေါ်နေတဲ့ပုံ ပေါက်တယ်။

"ဘယ်လိုဖြစ်လို့ ဖုန်းကိုပဲကြည့်နေရတာလဲ''

Nicholas သဘောမကျစွာနဲ့ ထပ်ပြီးမေးလိုက်တယ်။

မဟုတ်မှလွဲရော ဒီလူ ဘဲနဲ့ ချိန်းနေတာတော့ မဟုတ်လောက်ပါဘူးနော်။

"Nicholas အခု အလုပ်ချိန်လဲ ပြီးပြီ၊ရုံးကိုပြန်မသွားတော့ဘူးမလား၊ကျွန်တော်သွားစရာရှိလို့ သွားလိုက်တော့မယ်''

"နေဦးလေ အိမ်ပြန်မှာမဟုတ်လား ကိုယ်လိုက်ပို့ပေးမယ်''

ဘယ်တုန်းကမှSamကို စေတနာထားခဲ့တာမျိုးမရှိပေမယ့် ဒီတစ်ခေါက်တော့ သူဘယ်ကိုသွားမှာလဲဆိုတာကို သိချင်စိတ်ဖြစ်မိတာမို့ လိုက်ပို့ပေးမယ်လို့ Nicholas ဘက်က ပြောလိုက်မိတာဖြစ်တယ်။

"ရတယ် ပြန်မပို့နဲ့ ကိုယ့်ဘာကိုယ်ပဲ သွားလိုက်မယ်''

"ဘယ်လိုဖြစ်တာလဲ ခင်များအိမ်က အရင်အိမ်ပဲမလား၊ကိုယ်ပြန်တဲ့လမ်းနဲ့ သင့်နေတာပဲလေ၊အဲ့တာ ဘာဖြစ်လို့ ငြင်းနေတာလဲ''

Samက ခေါင်းမာတဲ့Nicholasအကြောင်းကို ကောင်းကောင်းသိနေပုံပေါ်ပြီး ဘာမှဆက်မပြောပဲ သက်ပြင်းချလို့ ကားပေါ်ကို လိုက်ပါလာတယ်။

ကာပေါ်မှာရှိနေတဲ့ တစ်လျှောက်လည်း Samက သူ့ဖုန်းကိုပဲ ကြည့်နေတယ်။

သူဘယ်လိုမှ မသင်္ကာတော့ဘူး။

"ခင်ဗျား ဘယ်သူနဲ့ချိန်းထားလို့လဲ''

"ဟင် ကျွန်တော်လား ဘယ်သူနဲ့မှ မချိန်းပါဘူး၊ ဘာဖြစ်လို့လဲဟင်''

Samက သူ့ရဲ့ပုံစံအတိုင်း ယဉ်ယဉ်ကျေးကျေးလေးပဲ ပြန်ပြောတယ်။

အဲ့တာ အရင်တုန်းကတည်းကပဲ၊သူ့ထက် နှစ်နှစ်ပိုကြီးတယ်ဆိုပေမယ့် အမြဲတမ်းရိုကျိုးတဲ့ပုံစံနဲ့ပဲ သူ့ကိုဆက်ဆံတယ်။

သူ့စကားကိုလည်း အမြဲတမ်းနားထောင်လေ့ရှိတယ်။

ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်တော့ Samနဲ့ချစ်သူဖြစ်ခဲ့တဲ့အချိန် ၆လလောက်က သူ့အတွက်အတော်လေး ပျော်စရာကောင်းတဲ့ အချိန်တွေလို့ပြောလို့ရတယ်။

Sam က ချစ်သူမျက်နှာကိုတစ်ချက်အညိုမခံပဲ ရိုကျိုးတတ်တဲ့ နူးညံ့တဲ့ omega ပုံစံမျိုးပဲ။

"တစ်ချိန်လုံး ဖုန်းကိုပဲ ကြည့်နေလို့လေ၊ ဘယ်သူနဲ့ ချိန်းထားတာလဲလို့''

"ဪ မဟုတ်ပါဘူး ကျွန်တော်အိမ်မှာ ကိစ္စလေးရှိလို့ပါ''

"ခင်ဗျားအမေ ကိစ္စလား''

" မဟုတ်ပါဘူး အမေက ဆုံးသွားတာနှစ်နှစ်လောက်ရှိပြီ''

ညှိုးငယ်စွာပြောလာတဲ့ Samရဲ့မျက်နှာကို မြင်ရတော့ Nicholas ရင်ထဲမှာ အနည်းငယ်အားနာစိတ်ဖြစ်သွားမိတယ်။

Sam နဲ့ သူတွဲခဲ့စဉ်ကတည်းက Sam ကအဖေမရှိတော့ပဲ ရောဂါသည်အမေကို လုပ်ကျွေးနေတဲ့သားတစ်ယောက်။

သူက Samကို အပျော်တွဲခဲ့တယ် ဆိုပေမယ့်Samကတော့ သူ့ကိုအတည်တွဲခဲ့တာမို့လိုSamရဲ့အိမ်ကိုလဲရောက်ဖူးသလို သူ့အမေကိုလည်း သူတွေ့ခဲ့ဖူးတယ်။

နှလုံးရောဂါသည် Samရဲ့အမေ က ကျောင်းဆရာမဖြစ်တဲ့အလျောက် အပြုံးချိုချိုနဲ့

နားလည်မှုအတော်ပေးနိုင်တဲ့ သူလို့ပြောရမယ်။

Nicholas တို့ကိုလည်း ယောကျာ်းလေးချင်း သဘောကျနေတယ်ဆိုပြီး နှိမ်ချတာမျိုး သဘောမတူတာမျိုးမရှိဘူး။

အေးပေါ့လေ Nicholas ဆိုတာကလည်း သားမက်မတော်ချင်စရာ အကြောင်းရင်းမှမရှိတာ။

အဲ့တာကြောင့် သူ့ကိုကြည့်လို့ရတယ်ဆိုတာတော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။

"ဪ ခင်ဗျားအမေက ဆုံးသွားပြီလား၊ကိုယ်စိတ်မကောင်းပါဘူး''

"ရပါတယ် အမေက နဂိုတည်းက ရောဂါသည်ပဲလေ၊ဆေးနဲ့ပဲ အသက်ဆက်နေရတာဆိုတော့ သူဒီရောဂါကနေ မြန်မြန်လွတ်မြောက်သွားတယ်လို့ပဲ ကျွန်တော်ဖြေတွေးလိုက်ပါတယ်''

"အဲ့တာလည်းဟုတ်ပါတယ်လေ''

Samကို အလိုက်သင့်ပြန်ပြောရင်းနဲ့ Nicholasစဉ်းစားမိတာက Samရဲ့ အမေမရှိတော့ဘူးဆိုရင် ဘယ်သူ့ကိုဆက်သွယ်နေတာပါလိမ့်။

Samက သူ့လိပ်စာဘယ်မှာလို့ ပြန်ပြောပြစရာမလိုပဲ မှတ်မိနေတာ Nicholasထူးဆန်းတယ်။

ပုံမှန်ဆိုရင် Nicholasက ဘာကိုမှသိပ်ပြီး အလေးအနက်ထားပြီး မှတ်ထားလေ့မရှိဘူးလေ။

ဒါပေမယ့် Samရဲ့အိမ်လိပ်စာကို ဘာဖြစ်လို့သူ အလွတ်ရနေရတာလဲ။

အရင်တုန်းက ဘယ်လောက်ပဲ သွားဖူးခဲ့တယ်ဆိုပေမယ့် သူဒီနိုင်ငံမှာ မရှိတာတောင် လေးနှစ်လောက်ရှိပြီလေ။

ဒါပေမယ့် မသိစိတ်က သူ Samရဲ့ လိပ်စာကို နှစ်ခါပြန်စဉ်းစားစရာမလိုအောင်ကို မှတ်မိနေတယ်။

Samကလည်း သူSamရဲ့လိပ်စာကို မေးစရာမလိုပဲနဲ့ သိနေတာကိုနဲနဲလေး အံ့ဩနေတဲ့ပုံပဲ။

ဒါပေမယ့် ထုတ်ပြီးတော့တော့ မမေးဘူး။

Samက သာမာန်လူတန်းစားတွေ နေတဲ့ရပ်ကွက်ထဲမှာပဲ နေတာ။

Samက နဂိုတည်းက ပြည့်စုံတဲ့လူတစ်ယောက် မဟုတ်ဘူးလေ။

Samနေတဲ့ တိုက်ခန်းရှေ့တည့်တည့်မှာ သူကားရပ်လို့အဆင်မပြေတာကြောင့် တိုက်ခန်းနားလေးမှာ ကားရပ်ပေးလိုက်တယ်။

ကားပေါ်ကနေ အလျင်အမြန်ပြေးဆင်းသွားတဲ့ Samက သူ့ကို ကျေးဇူးတစ်ခွန်းပဲ ပြောသွားတယ်။

သူလည်း ကားကို မထွက်သေးပဲနဲ့ Samကို ဆက်ကြည့်နေလိုက်တယ်။

သူမြင်တာ မမှားဘူးဆိုရင် တိုက်ခန်းအောက်ခြေမှာ ကလေးလေးတစ်ယောက် ရပ်နေသလားလို့။

ကလေးက တော်တော်ငယ်ဦးမယ်၊အလွန်ဆုံးရှိမှ သုံး လေးနှစ်ပေါ့။

Samက သူနဲ့ပြတ်သွားတဲ့ အချိန်ပြီးမှ ကလေးတစ်ယောက်ရသွားတာလား။

Samက Omegaတစ်ယောက်ဆိုတာကို သူသိပေမယ့်လည်း သူနဲ့ပြတ်သွားတဲ့အချိန်ခနလေးအတွင်းမှာ ကလေးတစ်ယောက်မွေးလိုက်တာ ဖြစ်နိုင်ပါ့မလား။

သူ့ကို အရမ်းချစ်လှပါချည်ရဲ့လို့ ပြောတဲ့Samက သူနဲ့ပြတ်ပြီး အချိန်ခနလေး အတွင်းမှာပဲ အိမ်ထောင်ပြုပြီး ကလေးမွေးသွားတာက နည်းနည်းတော့ လက်ခံချင်စရာမကောင်းတဲ့ကိစ္စပဲ။

ဘာမှန်းသူသေချာမသိပေမယ့် သူနဲ့ဝေးနေတဲ့ အချိန်အတွင်းမှာ Samမှာ ကိစ္စတစ်ခုခုရှိခဲ့မှာပဲဆိုတာ Nicholasနားလည်လိုက်တယ်။

ခင်ဗျားမှာ ဘာလျှို့ဝှက်ချက်တွေပဲရှိရှိ ကိုယ်ကတော့ ဖော်ထုတ်ရမှာပဲ Sam။ မင်းက အခုချိန်ထိ ကိုယ်နဲ့ပက်သက်နေတဲ့ ကိုယ့်လက်အောက်ငယ်သားတစ်ယောက်ပဲမဟုတ်လား။

Part 18 to be continued

အနမ်းခံလိုက်ရတဲ့ ကိုကိုကြီးက အိုလီလေးကို ဘယ်လိုတုံ့ပြန်မှာလဲ။

Nicholas မြင်လိုက်တဲ့ကလေးလေးကရော တကယ်ပဲကလေးလေးလား၊ ဘယ်သူ့ကလေးလေးလဲ။

သိချင်နေကြပြီမဟုတ်လား။

Zawgyi below

That Omega is so cute and I can’t help Part 17

အခန္းထဲက လိုက္ကာကို အသားေလးဟလို႔ အျပင္ဘက္ကို တစ္ခ်က္ၾကည့္လိုက္တယ္။

ေနဝင္ခါစအခ်ိန္ အုံ႕စိုင္းစိုင္းျဖစ္ေနတဲ့ ရာသီဥတုေလးက အိုလီ့အတြက္ေတာ့ သာယာေနတယ္လို႔ ခံစားရတာပဲ။

ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေန႕ည အိုလီနဲ႕ကိုကိုႀကီး Dinnerအတူစားဖို႔ ခ်ိန္းထားတယ္ေလ။

ေရွ႕တိုးမယ္လို႔ ဆုံးျဖတ္ၿပီးကတည္းက အိုလီ ကိုကိုႀကီးနဲ႕ နီးစပ္ေအာင္ ႀကိဳးစားတယ္။

ကိုကိုႀကီးနဲ႕အတူ Golfသြားရိုက္ျဖစ္တာ သုံးရက္ေလာက္ရွိၿပီ။

အခြင့္ႀကဳံတိုင္းလဲ ကိုကိုႀကီးကို ညစာေကြၽးခ်င္လို႔ပါလို႔ သူေတာင္းဆိုတတ္ၿမဲ။

ဒီေန႕ေတာ့ ကံေကာင္းစြာနဲ႕ ကိုကိုႀကီးက အခ်ိန္ရတယ္ ညစာသြားစားမယ္လို႔ မေန႕တုန္းက ေျပာလိုက္တာမို႔ အိုလီလည္း ကိုကိုႀကီးနဲ႕ ညစာအတူထြက္စားဖို႔အတြက္ ျပင္ဆင္ရတာေပါ့။

အိပ္ယာေပၚမွာ ဖြထားတဲ့ အက်ီေတြသာ စကားေျပာတတ္မယ္ဆိုရင္ အိုလီ့ကို ၿငိဳျငင္ေနၾကမွာ က်ိန္းေသေပါက္ပဲ။

ဗီဒိုတစ္ခုလုံးလည္း ရစရာမရွိေအာင္ကို ပြထေနၿပီ။

ကိုကိုႀကီးနဲ႕ ႏွစ္ေယာက္အတူ ညစာသြားစားဖို႔အတြက္ ဘာဝတ္သြားရမလဲ ဆိုတာ အိုလီမစဥ္းစားတတ္ေအာင္ပဲ။

ဘယ္လိုေလးဝတ္ရင္ ကိုကိုႀကီးအျမင္မွာ သူက ၾကည့္လို႔ေကာင္းေနမလဲ။

ကိုကိုႀကီးက ဘယ္လိုပုံစံဝတ္ရင္ သေဘာက်မွာလဲလို႔ အိုလီ့မွာ ေတြးမတတ္ဘူး။ ကိုကိုႀကီးနဲ႕တြဲသြားမွာဆိုေတာ့ လူႀကီးဆန္ဆန္ေလးပဲဝတ္ရမလား၊ ကိုကိုႀကီးကို ဖ်ားေယာင္းဖို႔ လူငယ္ဆန္ဆန္ sexy type ေလးပဲဝတ္ရမလား။

အက်ီတစ္ထည္ ဝတ္ၾကည့္လိုက္ စိတ္တိုင္းမက်လိဳ႕ ျပန္ခြၽတ္လိုက္၊ေနာက္တစ္ထည္ဝတ္လိုက္နဲ႕ အခ်ိန္ေတြဘယ္ေလာက္ကုန္သြားလဲ မသိဘူး။

ေသခ်ာေျပာရရင္ သူအက်ီထိုင္ဝတ္ေနတာ ေက်ာင္းကျပန္ေရာက္ၿပီး ေန႕လည္သုံးနာရီေလာက္ တည္းကပဲ။

ဒါေပမယ့္ အခုခ်ိန္ထိ စိတ္ႀကိဳက္အက်ီကို မရနိုင္ဘူး။ အခန္းတစ္ခုလုံးပတ္ေမႊေနတာမို႔ ေရခ်ိဳးထားၿပီးတာေတာင္ ေခြၽးေတြျပန္ထြက္ခ်င္ေနၿပီ။

ေနာက္တစ္ေခါက္ ေရျပန္ခ်ိဳးလိုက္ရင္ ေကာင္းမလား အေတြးနဲ႕သူ႕မွာ ဂေယာင္ေခ်ာက္ခ်ားျဖစ္ေနတယ္။

သူ႕အက်ီတစ္ထည္ ေကာက္ဝတ္ေနတဲ့အခ်ိန္မွာပဲ ကိုကိုႀကီးဆီကေန ဖုန္းဝင္လာတယ္။

*ဘုရားေရ ကိုကိုႀကီးက ဘာလို႔ဖုန္းဆက္တာလဲ၊သူနဲ႕ခ်ိန္းထားတာကို မအားေတာ့ဘူးဆိုၿပီး ဖ်က္ဖို႔ေတာ့ မဟုတ္ဘူးမလား*

သူ႕မွာအထိတ္ထိတ္အလန႔္လန႔္နဲ႕ ဖုန္းကိုေကာက္ကိုင္လိုက္ရတယ္။

"Hello ကိုကိုႀကီး ဘာျဖစ္လို႔လဲဟင္၊ကိစၥရွိလို႔လား''

"Hey Hey အိုလီ!ေျဖးေျဖးေျပာပါ၊ဘယ္လိုျဖစ္တာလဲ ညေနDinnerသြားဖို႔အတြက္ အဆင္သင့္ျဖစ္ၿပီလား''

"ဟုတ္ ျဖစ္ေနၿပီ ကိုကိုႀကီး ကြၽန္ေတာ္အခုပဲ အက်ီလဲၿပီးတာ ''

အဆင္သင့္မျဖစ္ေသးဘူးေျပာလို႔ရင္ အေၾကာင္းတစ္ခုခုျပၿပီး မေတြ႕ေတာ့ဘူး လို ေျပာမွာကို စိုးရိမ္တဲ့အတြက္ အိုလီအဆင္သင့္ျဖစ္ေနၿပီ လို႔သာေျပာလိုက္တယ္။

"ဪ အိုေခ အဲ့တာဆိုလို႔ရွိရင္ ကိုယ္အခုလာေခၚေတာ့မယ္ေနာ္''

"ဗ်ာ ကိုကိုႀကီးက လာေခၚမယ္ ဟုတ္လား''

"အင္းေလ ကိုယ္နဲ႕တူတူ ညစာသြားစားမွာပဲ၊ကိုယ္လာေခၚေပးလိုက္မယ္ေလ၊လမ္းလည္း သင့္ေနတဲ့ဟာပဲကို ''

ကိုကိုႀကီးေျပာလိုက္တဲ့စကားေၾကာင့္ အိုလီ့မ်က္ႏွာ အၿပဳံးပန္းေတြ ဖူးပြင့္သြားတယ္။

*အားယား ကိုကိုႀကီးက တကယ့္တကယ္ ေယာက်ာ္းပီသတဲ့ လူႀကီးလူေကာင္းတစ္ေယာက္ပဲ*

“ဟလို အိုလီ ၾကားလား ကိုယ္အခုထြက္လာခဲ့မယ္ေနာ္”

“ဗ်ာ ဟုတ္ကိုကိုႀကီး ကြၽန္ေတာ္အဆင္သင့္ေစာင့္ေနမယ္ေနာ္”

ကိုကိုႀကီးနဲ႕ဖုန္းေျပာၿပီး အိုလီ အက်ီမေ႐ြးနိုင္ဘူး။ အသင့္ေတာ္ဆုံးျဖစ္မယ္လို႔ထင္ရတဲ့ အက်ီနဲ႕ ေဘာင္းဘီနဲ႕ ေကာက္လဲၿပီး အေပၚက long coat တစ္ထည္ေကာက္ဝတ္လိုက္တယ္။

ဒီေလာက္ဆို သူ ကိုကိုႀကီးအျမင္မွာၾကည့္လို႔ေကာင္းေနမွာပါေလ။

Xxxxxxxxxx

ကိုကိုႀကီးနဲ႕ အိုလီရဲ႕ dinner date မျမည္တဲ့ ညစာစားျခင္းကိစၥက အေတာ္ေလးအဆင္ေျပေျပနဲ႕ ကုန္ုဆုံးရတယ္လို႔ဆိုရမွာပဲ။

ကိုကိုႀကီးက အိုလီနဲ႕ date ပုံစံမ်ိဳးသြားတာမဟုတ္တာေတာင္ အိုလီ့ကို အရမ္းဂ႐ုစိုက္ေပးတယ္။

ရာသီဥတုက ခပ္ေအးေအးမို႔ ရာသီဥတုနဲ႕လိုက္ေအာင္ အကင္သြားစားမယ္ဆိုေတာ့ နာမည္ႀကီးတဲ့ဆိုင္တစ္ခုကို ေသခ်ာေ႐ြးၿပီးလိုက္ပို႔ေပးတယ္။

အကင္ကင္စားၾကေတာ့လဲ အိုလီစားဖို႔ ကိုယ္တိုင္ အက်အနကင္ေပးတယ္။

မီးေရာင္ဝါဝါေအာက္မွာ အကင္ထိုင္ကင္ေနတဲ့ကိုကိုႀကီးပုံစံက နဖူးျပင္မွာ ေခြၽးအနည္းငယ္စို႔ေနေပမယ့္ မ်က္လုံးမလႊဲခ်င္စရာေကာင္းေလာက္ေအာင္ ဆြဲေဆာင္မႈရွိတယ္။

ပုံမွန္ဆို ခပ္တည္တည္ခပ္ေအးေအးေနတတ္တဲ့ကိုကိုႀကီးရဲ႕ပုံစံက အခုလို လူတစ္ေယာက္အေပၚ ေကာင္းေကာင္းႀကီး take care လုပ္ေပးတတ္လိမ့္မယ္လို႔ မထင္ထားမိခဲ့တာ အိုလီ လက္ေတြ႕ႀကဳံမွ မွားမွန္းသိေတာ့တယ္။

ဒါေပမယ့္ ကိုကိုႀကီးက စကားနည္းသူပီပီ ညစာထမင္းဝိုင္းမွာစကားအမ်ားႀကီးေျပာတဲ့သူကေတာ့ အိုလီပဲေပါ့။

ကိုကိုႀကီးရဲ႕အလုပ္အေၾကာင္းေတြ၊ ကိုကိုႀကီးသေဘာက်တဲ့အရာေတြအေၾကာင္း၊ ကိုကိုႀကီး ဘာအစားအစာႀကိဳက္တတ္ေၾကာင္းေတြ အိုလီ နည္းမ်ိဳးစုံနဲ႕ အစ္ေအာက္ေမးေတာ့ စိတ္ရွည္လက္ရွည္ေျဖေပးျပန္တယ္။

အဲဒီေတာ့ သူကိုကိုႀကီးကို ေႂကြၿပီးရင္း ေႂကြေနမိတာ သူ႕အမွားမဟုတ္ဘူးေပါ့။

လူႀကီးလူေကာင္းပီသတဲ့ကိုကိုႀကီးက သူနဲ႕ညစာအတူစားေနခ်ိန္မွာ ဖုန္းကို ေယာင္လို႔ေတာင္ ထုတ္မၾကည့္၊ ဖုန္းတစ္ခါျမည္သံၾကားတာေတာင္ ကိုကိုႀကီးက ဖုန္းကိုမေျဖပဲ ခ်ပစ္လိုက္တာ၊ ဒီလိုလူေလးသာ အၿမဲအလိုလိုက္အႀကိဳက္ေဆာင္ေနမယ္ဆို သူေတာ့ အ႐ူးရင့္ေတာ့မွာပဲ။

“ဘာေတြေတြးၿပီး ၿပဳံးေနတာလဲ ေျပာပါအုံး”

သူတစ္ေယာက္တည္းၿပဳံးေနတာကို ကိုကိုႀကီးက သတိထားမိၿပီး ေမးလာေတာ့ အိုလီ ခပ္ရွက္ရွက္နဲ႕ တိုးတိုးရယ္တယ္။

“အဟဲ ဘာမွမဟုတ္ပါဘူး အကင္ကစားေကာင္းလို႔ သေဘာက်ေနတာ”

“ဟုတ္လို႔လား မူးေနတာမဟုတ္ဘူးလား”

သူတို႔ေရာက္ေနတာက ကိုရီးယားအကင္ဆိုင္ျဖစ္တာမို႔ ကိုကိုႀကီးက ဆိုဂ်ဴတစ္ခြက္ေလာက္ေသာက္ၾကမလားလို႔ေျပာတာနဲ႕ သူတို႔ႏွစ္ေယာက္ အကင္စားရင္ ဆိုဂ်ဴနည္းနည္းေသာက္ထားတာမို႔ ကိုကိုႀကီးက သူ႕ကိုမူးေနတယ္ထင္သြားပုံရတယ္။
တကယ္ေတာ့ သူက ကိုကိုႀကီးထင္သလို ရိုးသားတဲ့ ဖိုးသခြားေလးမဟုတ္ပဲ အရက္ဂ်ိဳးတို႔ ႂကြက္တြင္းတို႔ဆိုတဲ့ နာမည္ေျပာင္ရေလာက္တဲ့အထိ အေသာက္ၾကမ္းတယ္ဆိုတာ ကိုကိုႀကီးကမသိဘူး။

အခု သူက ကိုကိုႀကီးေရွ႕မွာေသာက္တယ္ဆိုတာ တကယ့္ကိုဟန္ျပအေနနဲ႕ တစ္ခြက္ႏွစ္ခြက္ေလာက္သာ ေသာက္တာမို႔ နည္းနည္းေလးမွ မူးမေနပါ။ ဒါေပမယ့္ အနည္းငယ္ေတာ့ မုသားေလးသုံးရမွာေပါ့။

“အာ မမူးပါဘူး နည္းနည္းေလးေထြ႐ုံေလးပါဗ်”

“အဟား ဟုတ္ပါၿပီကြာ ကဲ ဗိုက္ဝၿပီဆိုရင္ ျပန္ၾကမလား အရမ္းေနာက္က်ရင္ အိုလီ့အိမ္က စိတ္ပူေနလိမ့္မယ္”

“ဟုတ္ကိုကိုႀကီး”

သူက ညစာဝယ္ေကြၽးပါရေစလို႔ေျပာၿပီးေခၚလာတာျဖစ္ေပမယ့္ ကိုကိုႀကီးက သူ႕ကို ေငြအရွင္းမခံပဲ သူပဲရွင္းသြားကာ ဆိုင္ထဲကေန ထြက္လာခဲ့ၾကတယ္။

ျပန္လာတဲ့တစ္လမ္းလုံးလည္း သူပဲ ကားေပၚမွာေပါက္ေပါက္ေဖာက္လို႔ စကားေတြေျပာေနခဲ့တာပဲ။

အိမ္ေရွ႕ေရာက္ေတာ့ သူ႕ဘာသာတံခါးဖြင့္ဆင္းရင္ ရပါလ်က္ တကူးတကနဲ႕ ကားတံခါးလာဖြင့္ေပးတဲ့ ကိုကိုႀကီးရဲ႕အျပဳအမူမွာ ေႂကြက်ၿပီးသားျဖစ္တဲ့ အိုလီရဲ႕အသည္းစိုင္ေတြ ျပဳတ္ထြက္မတတ္ျဖစ္သြားရတယ္။

မရေတာ့ဘူး၊ အရင္ကေတာ့ ကိုကိုႀကီးအနားမွာ ညီေလးတစ္ေယာက္လိုေနရရင္ အဆင္ေျပပါၿပီ ဘာညာနဲ႕ေတြးေနမိေပမယ့္ အခုေတာ့ သူေလာဘတက္လာမိၿပီ။ ကိုကိုႀကီးကို သူပိုင္ဆိုင္ခြင့္ရေအာင္ နည္းမ်ိဳးစုံနဲ႕ႀကိဳးစားမိေတာ့မယ္။

ႏွလုံးသားထဲက ယိုစီးလာတဲ့သတၱိေတြေၾကာင့္ပဲလားမသိ၊ အိုလီ ကိုကိုႀကီးရဲ႕ပုခုံးႏွစ္ဖက္ေပၚ လက္ႏွစ္ဖက္တင္ၿပီး ကိုကိုႀကီးအနားကို တိုးကပ္သြားလိုက္မိတယ္။

႐ုတ္တရက္ျပဳမူလိုက္တဲ့ အိုလီ့ရဲ႕အျပဳအမူကို ကိုကိုႀကီးကေတာ့ နားမလည္နိုင္စြာနဲ႕ မ်က္လုံးအနည္းငယ္ဝင့္လို႔ အိုလီ့ကိုၾကည့္တယ္။

ကိုကိုႀကီးက အိုလီထက္ အရပ္ ၄ လက္မေလာက္ပိုရွည္တာမို႔ အိုလီ့အရပ္က ကိုကိုႀကီး ပုခုံးသာသာေလာက္ပဲမို႔ အိုလီ ေျခဖ်ားကိုေထာက္လိုက္ကာ ကိုကိုႀကီးႏႈတ္ခမ္းေပၚကို အနမ္းတစ္ပြင့္ေႁခြခ်မိတယ္။

မ်က္လုံးကိုစုံမွိတ္ကာ သူ႕အာ႐ုံေတြက ဒီအနမ္းေတြေပၚမွာ ဝပ္ဆင္းလို႔ထားတယ္၊ ႏႈတ္ခမ္းႏွစ္ခု ထိခပ္သြား႐ုံေလးဆိုေပမယ့္ အိုလီကေတာ့ ရင္တစ္ခုလုံးေပါက္ထြက္မတတ္ အခုန္ျမန္ေနတယ္။

ဒါဟာ ကိုကိုႀကီးအတြက္ ဘယ္ႏွစ္ခုေျမာက္အနမ္းလဲ သူမသိခ်င္ဘူး၊ သူသိတာက ဒါက သူ႕အတြက္ပထမဆုံးအနမ္း။

ဒီတစ္ေယာက္ကိုသာ ရင္ခုန္ခဲ့၊ ခ်စ္ခဲ့ၿပီး ဒီလူသားက သူ႕အတြက္ ပထမဆုံးအနမ္းျဖစ္တာနဲ႕ကို သူအရမ္းေပ်ာ္႐ႊင္ေနရၿပီျဖစ္တယ္။

အနမ္းတစ္ခုစာကေန တစ္ဘဝလုံးစာအထိ သူ႕ကိုယ္သူ ဒီလူသားထံမွာပဲ ျမႇပ္ႏွံပစ္ခ်င္စိတ္ေတြက ပိုလို႔ေသခ်ာလာတယ္။

ခ်စ္တယ္ဆိုတာထက္ပိုၿပီး ဒီလူသားကို စုံမက္ျမတ္နိုးရပါတယ္။

“အိုလီ ... ဒါဘာလုပ္တာလဲ”

သူ႕ရင္ခုန္သံအဆုံးမသတ္နိုင္ခင္မွာပဲ ကိုကိုႀကီးဆီမွ စကားသံက နားထဲကို အဆီအေငၚမတည့္စြာတိုးဝင္လာတယ္။

ဘယ္လိုအေၾကာင္းျပခ်က္မ်ိဳးေပးရမလဲလို႔ ဦးေႏွာက္ကိုအလုပ္ေပးေနတုန္းမွာပဲ သူ႕ကို ကိုကိုႀကီးရဲ႕ လက္ေတြနဲ႕ တြန္းဖယ္ျခင္းခံရတယ္။

“ကိုကိုႀကီး .. ကြၽန္ေတာ္…”

“အိမ္ထဲဝင္နားေတာ့ အိုလီ..”

“ကိုကိုႀကီး ကြၽန္ေတာ့္ကိုရွင္းျပခြင့္ေပး..”

ကိုကိုႀကီးက အိုလီ့စကားကို ဆုံးေအာင္နားမေထာင္ေတာ့ပဲ ကားေမာင္းသူဘက္ျခမ္းကို ခပ္ျမန္ျမန္ျပန္သြားကာ ကားတံခါးကိုဆြဲဖြင့္လို႔ ကားေပၚတက္ကာ ထြက္ခြာသြားေတာ့တယ္။

အိုလီကေတာ့ ခုနက အနမ္းကိုျမင္ေယာင္လို႔ သူ႕ႏႈတ္ခမ္းကို လက္နဲ႕ ခပ္ဖြဖြေလးထိထားမိတယ္။

သူ ကိုကိုႀကီးကို အဆုံးရႈံးမခံနိုင္ေအာင္ ခ်စ္သြားမိခဲ့ၿပီပဲ။

xxxxxxx

ဒီေန႕ Nicholasနဲ႕Samတို႔ အျပင္အတူထြက္ရတယ္။

အေၾကာင္းကေတာ့ သူတို႔Marketing teamနဲ႕ တြဲလုပ္ရတဲ့ Advertisiting companyက event တစ္ခုလုပ္တာမို႔ သူတို႔ကိုဖိတ္ၾကားလို႔ သူတို႔အတူတူ ပြဲတက္ျဖစ္ခဲ့တယ္။

ပြဲက ျပန္တဲ့အခ်ိန္ေရာက္ေတာ့ ညေနေျခာက္နာရီေတာင္ ထိုးေနၿပီမို႔ ႐ုံးကိုမျပန္ေတာ့ပဲ အိမ္ကိုပဲတန္းျပန္ဖို႔ သူတို႔ဆင္းလာခဲ့ၾကတယ္။

ကားရပ္ထားတဲ့ေနရာကို ဓာတ္ေလွကားနဲ႕ဆင္းသြားတဲ့အခ်ိန္ Nicholas ကေတာ့ ေအးေအးလူလူျဖစ္ေနေပမယ့္ Samကေတာ့ ဖုန္းတစ္လုံးနဲ႕ အလုပ္ရႈပ္ေနပုံပဲ။

ပုံမွန္လုပ္ငန္းခြင္မွာ ရွိေနတဲ့အခ်ိန္ဆိုရင္ Samကဖုန္းကိုကိုင္တာရွားတယ္။

အခုေတာ့ အလုပ္ခ်ိန္ ျပင္ပမို႔လို႔ပဲ ဖုန္းသုံးေနတာလား။

တျခားအေရးႀကီးကိစၥရွိလို႔ပဲ ဖုန္းသုံးေနတာလားဆိုတာ Nicholasေသခ်ာမသိဘူး။

ဓာတ္ေလွကားထဲကအထြက္ ကားဆီေလွ်ာက္သြားတဲ့လမ္းမွာ ေလွကားတစ္ထစ္ရွိေနတာကို မေတြ႕ပဲတိုက္မိမလိုျဖစ္တာမို႔ Nicholasလွမ္းဆြဲလိုက္ရတယ္။

"ေဟ့ ေအာက္ကိုၾကည့္သြားဦးေလ၊ဘယ္လိုျဖစ္လို႔ဖုန္းကိုပဲ ၾကည့္ေနတာလဲ''

Samျပဳတ္က်မွာကို စိုးရိမ္လို႔ သူလွမ္းဆြဲလိုက္တာမွန္ေပမယ့္ သူ႕ႏႈတ္ဖ်ားကထြက္သြားတဲ့ စကားကေတာ့ခ်ိဳခ်ိဳသာသာမရွိဘူး။

Nicholasက ဒီလိုပုံပဲေလ၊လူတစ္ေယာက္ကို ေစတနာအရမ္းရွိေနရင္ေတာင္ ကိုယ့္ႏႈတ္ဖ်ားက ေစတနာရွိလွပါတယ္လို႔ ခ်ိဳခ်ိဳသာသာမေျပာတတ္ဘူး။

စကားကိုခပ္မာမာေျပာတာ ငယ္ငယ္တည္းက သူ႕ရဲ႕အက်င့္မို႔အသက္ႀကီးလာတဲ့ထိ ျပင္ဖို႔ကိုလည္း သူဆႏၵမ
ရွိေပ။

ေခ်ာ္လဲမလိုျဖစ္သြားတဲ့ SamကိုNicholasက လွမ္းဆြဲေပးလိုက္ေတာ့ Samက ေက်းဇူးလို႔ ခပ္တိုးတိုးေျပာတယ္။

ဒါေပမယ့္ သူ႕ၾကည့္ရတာသူက ဖုန္းထဲမွာပဲ။

သူက တစ္ေနရာရာကို ဖုန္းအသည္းအသန္ေခၚေနတဲ့ပုံ ေပါက္တယ္။

"ဘယ္လိုျဖစ္လို႔ ဖုန္းကိုပဲၾကည့္ေနရတာလဲ''

Nicholas သေဘာမက်စြာနဲ႕ ထပ္ၿပီးေမးလိုက္တယ္။

မဟုတ္မွလြဲေရာ ဒီလူ ဘဲနဲ႕ ခ်ိန္းေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။

"Nicholas အခု အလုပ္ခ်ိန္လဲ ၿပီးၿပီ၊႐ုံးကိုျပန္မသြားေတာ့ဘူးမလား၊ကြၽန္ေတာ္သြားစရာရွိလို႔ သြားလိုက္ေတာ့မယ္''

"ေနဦးေလ အိမ္ျပန္မွာမဟုတ္လား ကိုယ္လိုက္ပို႔ေပးမယ္''

ဘယ္တုန္းကမွSamကို ေစတနာထားခဲ့တာမ်ိဳးမရွိေပမယ့္ ဒီတစ္ေခါက္ေတာ့ သူဘယ္ကိုသြားမွာလဲဆိုတာကို သိခ်င္စိတ္ျဖစ္မိတာမို႔ လိုက္ပို႔ေပးမယ္လို႔ Nicholas ဘက္က ေျပာလိုက္မိတာျဖစ္တယ္။

"ရတယ္ ျပန္မပို႔နဲ႕ ကိုယ့္ဘာကိုယ္ပဲ သြားလိုက္မယ္''

"ဘယ္လိုျဖစ္တာလဲ ခင္မ်ားအိမ္က အရင္အိမ္ပဲမလား၊ကိုယ္ျပန္တဲ့လမ္းနဲ႕ သင့္ေနတာပဲေလ၊အဲ့တာ ဘာျဖစ္လို႔ ျငင္းေနတာလဲ''

Samက ေခါင္းမာတဲ့Nicholasအေၾကာင္းကို ေကာင္းေကာင္းသိေနပုံေပၚၿပီး ဘာမွဆက္မေျပာပဲ သက္ျပင္းခ်လိဳ႕ ကားေပၚကို လိုက္ပါလာတယ္။

ကာေပၚမွာရွိေနတဲ့ တစ္ေလွ်ာက္လည္း Samက သူ႕ဖုန္းကိုပဲ ၾကည့္ေနတယ္။

သူဘယ္လိုမွ မသကၤာေတာ့ဘူး။

"ခင္ဗ်ား ဘယ္သူနဲ႕ခ်ိန္းထားလို႔လဲ''

"ဟင္ ကြၽန္ေတာ္လား ဘယ္သူနဲ႕မွ မခ်ိန္းပါဘူး၊ ဘာျဖစ္လို႔လဲဟင္''

Samက သူ႕ရဲ႕ပုံစံအတိုင္း ယဥ္ယဥ္ေက်းေက်းေလးပဲ ျပန္ေျပာတယ္။

အဲ့တာ အရင္တုန္းကတည္းကပဲ၊သူ႕ထက္ ႏွစ္ႏွစ္ပိုႀကီးတယ္ဆိုေပမယ့္ အၿမဲတမ္းရိုက်ိဳးတဲ့ပုံစံနဲ႕ပဲ သူ႕ကိုဆက္ဆံတယ္။

သူ႕စကားကိုလည္း အၿမဲတမ္းနားေထာင္ေလ့ရွိတယ္။

ျပန္ေတြးၾကည့္မယ္ဆိုလို႔ရွိရင္ေတာ့ Samနဲ႕ခ်စ္သူျဖစ္ခဲ့တဲ့အခ်ိန္ ၆လေလာက္က သူ႕အတြက္အေတာ္ေလး ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြလို႔ေျပာလို႔ရတယ္။

Sam က ခ်စ္သူမ်က္ႏွာကိုတစ္ခ်က္အညိုမခံပဲ ရိုက်ိဳးတတ္တဲ့ ႏူးညံ့တဲ့ omega ပုံစံမ်ိဳးပဲ။

"တစ္ခ်ိန္လုံး ဖုန္းကိုပဲ ၾကည့္ေနလို႔ေလ၊ ဘယ္သူနဲ႕ ခ်ိန္းထားတာလဲလို႔''

"ဪ မဟုတ္ပါဘူး ကြၽန္ေတာ္အိမ္မွာ ကိစၥေလးရွိလို႔ပါ''

"ခင္ဗ်ားအေမ ကိစၥလား''

" မဟုတ္ပါဘူး အေမက ဆုံးသြားတာႏွစ္ႏွစ္ေလာက္ရွိၿပီ''

ညွိုးငယ္စြာေျပာလာတဲ့ Samရဲ႕မ်က္ႏွာကို ျမင္ရေတာ့ Nicholas ရင္ထဲမွာ အနည္းငယ္အားနာစိတ္ျဖစ္သြားမိတယ္။

Sam နဲ႕ သူတြဲခဲ့စဥ္ကတည္းက Sam ကအေဖမရွိေတာ့ပဲ ေရာဂါသည္အေမကို လုပ္ေကြၽးေနတဲ့သားတစ္ေယာက္။

သူက Samကို အေပ်ာ္တြဲခဲ့တယ္ ဆိုေပမယ့္Samကေတာ့ သူ႕ကိုအတည္တြဲခဲ့တာမို႔လိုSamရဲ႕အိမ္ကိုလဲေရာက္ဖူးသလို သူ႕အေမကိုလည္း သူေတြ႕ခဲ့ဖူးတယ္။

ႏွလုံးေရာဂါသည္ Samရဲ႕အေမ က ေက်ာင္းဆရာမျဖစ္တဲ့အေလ်ာက္ အၿပဳံးခ်ိဳခ်ိဳနဲ႕

နားလည္မႈအေတာ္ေပးနိုင္တဲ့ သူလို႔ေျပာရမယ္။

Nicholas တို႔ကိုလည္း ေယာက်ာ္းေလးခ်င္း သေဘာက်ေနတယ္ဆိုၿပီး ႏွိမ္ခ်တာမ်ိဳး သေဘာမတူတာမ်ိဳးမရွိဘူး။

ေအးေပါ့ေလ Nicholas ဆိုတာကလည္း သားမက္မေတာ္ခ်င္စရာ အေၾကာင္းရင္းမွမရွိတာ။

အဲ့တာေၾကာင့္ သူ႕ကိုၾကည့္လို႔ရတယ္ဆိုတာေတာ့ ထူးဆန္းတဲ့ကိစၥ မဟုတ္ပါဘူး။

"ဪ ခင္ဗ်ားအေမက ဆုံးသြားၿပီလား၊ကိုယ္စိတ္မေကာင္းပါဘူး''

"ရပါတယ္ အေမက နဂိုတည္းက ေရာဂါသည္ပဲေလ၊ေဆးနဲ႕ပဲ အသက္ဆက္ေနရတာဆိုေတာ့ သူဒီေရာဂါကေန ျမန္ျမန္လြတ္ေျမာက္သြားတယ္လို႔ပဲ ကြၽန္ေတာ္ေျဖေတြးလိုက္ပါတယ္''

"အဲ့တာလည္းဟုတ္ပါတယ္ေလ''

Samကို အလိုက္သင့္ျပန္ေျပာရင္းနဲ႕ Nicholasစဥ္းစားမိတာက Samရဲ႕ အေမမရွိေတာ့ဘူးဆိုရင္ ဘယ္သူ႕ကိုဆက္သြယ္ေနတာပါလိမ့္။

Samက သူ႕လိပ္စာဘယ္မွာလို႔ ျပန္ေျပာျပစရာမလိုပဲ မွတ္မိေနတာ Nicholasထူးဆန္းတယ္။

ပုံမွန္ဆိုရင္ Nicholasက ဘာကိုမွသိပ္ၿပီး အေလးအနက္ထားၿပီး မွတ္ထားေလ့မရွိဘူးေလ။

ဒါေပမယ့္ Samရဲ႕အိမ္လိပ္စာကို ဘာျဖစ္လို႔သူ အလြတ္ရေနရတာလဲ။

အရင္တုန္းက ဘယ္ေလာက္ပဲ သြားဖူးခဲ့တယ္ဆိုေပမယ့္ သူဒီနိုင္ငံမွာ မရွိတာေတာင္ ေလးႏွစ္ေလာက္ရွိၿပီေလ။

ဒါေပမယ့္ မသိစိတ္က သူ Samရဲ႕ လိပ္စာကို ႏွစ္ခါျပန္စဥ္းစားစရာမလိုေအာင္ကို မွတ္မိေနတယ္။

Samကလည္း သူSamရဲ႕လိပ္စာကို ေမးစရာမလိုပဲနဲ႕ သိေနတာကိုနဲနဲေလး အံ့ဩေနတဲ့ပုံပဲ။

ဒါေပမယ့္ ထုတ္ၿပီးေတာ့ေတာ့ မေမးဘူး။

Samက သာမာန္လူတန္းစားေတြ ေနတဲ့ရပ္ကြက္ထဲမွာပဲ ေနတာ။

Samက နဂိုတည္းက ျပည့္စုံတဲ့လူတစ္ေယာက္ မဟုတ္ဘူးေလ။

Samေနတဲ့ တိုက္ခန္းေရွ႕တည့္တည့္မွာ သူကားရပ္လို႔အဆင္မေျပတာေၾကာင့္ တိုက္ခန္းနားေလးမွာ ကားရပ္ေပးလိုက္တယ္။

ကားေပၚကေန အလ်င္အျမန္ေျပးဆင္းသြားတဲ့ Samက သူ႕ကို ေက်းဇူးတစ္ခြန္းပဲ ေျပာသြားတယ္။

သူလည္း ကားကို မထြက္ေသးပဲနဲ႕ Samကို ဆက္ၾကည့္ေနလိုက္တယ္။

သူျမင္တာ မမွားဘူးဆိုရင္ တိုက္ခန္းေအာက္ေျခမွာ ကေလးေလးတစ္ေယာက္ ရပ္ေနသလားလို႔။

ကေလးက ေတာ္ေတာ္ငယ္ဦးမယ္၊အလြန္ဆုံးရွိမွ သုံး ေလးႏွစ္ေပါ့။

Samက သူနဲ႕ျပတ္သြားတဲ့ အခ်ိန္ၿပီးမွ ကေလးတစ္ေယာက္ရသြားတာလား။

Samက Omegaတစ္ေယာက္ဆိုတာကို သူသိေပမယ့္လည္း သူနဲ႕ျပတ္သြားတဲ့အခ်ိန္ခနေလးအတြင္းမွာ ကေလးတစ္ေယာက္ေမြးလိုက္တာ ျဖစ္နိုင္ပါ့မလား။

သူ႕ကို အရမ္းခ်စ္လွပါခ်ည္ရဲ႕လို႔ ေျပာတဲ့Samက သူနဲ႕ျပတ္ၿပီး အခ်ိန္ခနေလး အတြင္းမွာပဲ အိမ္ေထာင္ျပဳၿပီး ကေလးေမြးသြားတာက နည္းနည္းေတာ့ လက္ခံခ်င္စရာမေကာင္းတဲ့ကိစၥပဲ။

ဘာမွန္းသူေသခ်ာမသိေပမယ့္ သူနဲ႕ေဝးေနတဲ့ အခ်ိန္အတြင္းမွာ Samမွာ ကိစၥတစ္ခုခုရွိခဲ့မွာပဲဆိုတာ Nicholasနားလည္လိုက္တယ္။

ခင္ဗ်ားမွာ ဘာလွ်ို႔ဝွက္ခ်က္ေတြပဲရွိရွိ ကိုယ္ကေတာ့ ေဖာ္ထုတ္ရမွာပဲ Sam။ မင္းက အခုခ်ိန္ထိ ကိုယ္နဲ႕ပက္သက္ေနတဲ့ ကိုယ့္လက္ေအာက္ငယ္သားတစ္ေယာက္ပဲမဟုတ္လား။

Part 18 to be continued

အနမ္းခံလိုက္ရတဲ့ ကိုကိုႀကီးက အိုလီေလးကို ဘယ္လိုတုံ႕ျပန္မွာလဲ။

Nicholas ျမင္လိုက္တဲ့ကေလးေလးကေရာ တကယ္ပဲကေလးေလးလား၊ ဘယ္သူ႕ကေလးေလးလဲ။

သိခ်င္ေနၾကၿပီမဟုတ္လား။


Continue Reading

You'll Also Like

431K 42.1K 31
ထက္ျမက္ေသာဘုရင္တစ္ပါးနွင့္ သူ၏အူေႀကာင္ေႀကာင္ အမႈထမ္းတစ္ဦး ။ ဘုရင့္၏ အရႈပ္ေတာ္ပံုတို႔ကို ကူညီေျဖရွင္းေပးေနျခင္းလား။ ဘုရင့္၏ အရႈပ္ေတာ္လုပ္ေနျခင္းလား။ ...
152K 1.7K 2
ကျွန်​တော် သူ့ဆီက​နေ ထွက်​သွားခဲ့တယ် ။သို့​​သော် ကျွန်​တော် ကိုယ်တိုင်ပဲ ပြန်လာခဲ့တယ် ။ ဒိတစ်ခါ​တော့အရင်လို သူ့ အသည်းကို ထပ်ခွဲဖို့ မဟုတ် ........ က...
759K 8.1K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...