SUN { Season 1 }
By AKA_404
1.6M 110K 14.2K
Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More
Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
Unicode - 9
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
SUN { 59 }
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
Unicode - 65
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
SUN { 74 }
Unicode - 74
SUN { 75 }
Unicode - 75
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
Unicode - 78
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )
SUN { 50 }
4.2K 199 16
By AKA_404
ညနေ လေး နာရီ . . ။
တက္ကသိုလ် ဆင်းချိန် ဖြစ်တာမို့ အိမ်အကူများ၏ အကူအညီဖြင့် ညစာ ချက်ခြင်း အမှုကို အပြီးသတ်လျက် ဝေယံ အိမ် အပြင်သို့ အပြေးတပိုင်း ထွက်လာခဲ့သည်။ နေသူရိန်မင်းခန့်သာ မြင်ပါက အေးရအေးနှင့် အပြင်ထိ ထွက်ကြိုသော သူ့ကို စိုးရိမ်စွာ ဆူပါဦးမည်။
သို့သော် မတတ်နိုင်။ တစ်နေ့လုံး အိမ်မှာ တစ်ယောက်တည်း အထီးကျန်နေခဲ့တာမို့ အချစ်ရဆုံး သူ အိမ် ပြန်လာချိန် မျက်နှာလေးကို ပထမဆုံး မြင်ချင်မိတာ ဝေယံ၏ ဆန္ဒ ဖြစ်သည်။
ဥယျာဉ်ထဲ ဆင်းကာ ခြံတံခါးဝသို့ သွားချိန်တွင် နေရောင်က နှင်းမှုန်များ မှေးခိုနေသော အဖြူရောင် သစ်ရွက်များပေါ် ရောက်နေခဲ့ပြီ ဖြစ်သည်။ ဆန့်ကျင်ရာ အရပ်မှ တိုက်ခတ်လိုက်သော ဆောင်းလေညင်းက မထင်မှတ်စွာ ပြင်းထန်လွန်း၏။ လက်ဖျံ လက်မောင်းတစ်လျှောက် ကြက်သီး မွမွ ထသွားစေသည်။
ဝေယံ ပခုံး ကျုံ့ကာ ဘယ်ဘက် လက်ဖြင့် အနွေးလက်ရှည် အပေါ်မှ တစ်ဆင့် အသာ ပွတ်သပ်လိုက်ရသည်။
ခြံ ရှေ့တွင် နေသူရိန်မင်းခန့် ကား ရောက်နေတာကို သံပန်း တံခါး၏ အကွက် စိပ်စိပ်ကလေးများမှ ဝေယံ မြင်နေရသည်။ ပုံမှန်ဆို အလိုအလျောက် တံခါး ဖွင့် စနစ်ဖြင့် အိမ်ထဲသို့ နေသူရိန်မင်းခန့် မောင်းဝင်လာနေကျ ဖြစ်သည်။
ကိစ္စ တစ်ခုခု ရှိလို့များလား။
တံခါး ဖွင့်ဖို့ လျှို့ဝှက် နံပါတ်များ ရိုက်ထည့်ချိန် မထင်မှတ်ဘဲ ခြံပြင်မှ စကားသံ တချို့ ဝေယံ ကြားလိုက်ရသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောနေသော စကားများ။ တစ်စွန်းတစ်စ ကြားရရုံ ဖြစ်သည်။ တံခါး ပွင့်သွားသည့်အခါ သူ အံ့သြသွားရသည်။ အပြင်သို့ ထွက်တော့မည့် ခြေလှမ်းများ ရပ်တန့်ကုန်၏။
နေသူရိန်မင်းခန့်နှင့် အတူ ရှိနေသော လူမှာ အမျိုးသမီး တစ်ယောက်။
ကုပ်ဝဲ ဆံပင် အတိုလေးက ပခုံးပေါ် မရောက်တရောက်၊ မျက်နှာ ဝိုင်းဝိုင်း၊ ရင်းနှီးသော အပြုံးနှင့် ပုပုသေးသေး ချစ်စရာကောင်းရုံ သွင်ပြင်မျိုး ရှိသော မိန်းကလေးကို စူးစမ်းသလို ဝေယံ စိုက်ကြည့်မိသွားသည်။ သူမက နေသူရိန်မင်းခန့်နှင့် နီးနီးကပ်ကပ် ရပ်ရင်း ရယ်ရယ်မောမော စကားပြောနေသည်။
သူတို့ နှစ်ဦးစလုံး ဝေယံ့ကို မမြင်။ သိပ် မနီးလွန်းသည့် အကွာအဝေး ဖြစ်တာမို့ ဘာတွေ ပြောနေမှန်းတော့ ဝေယံ သေချာ မသိရ။ သို့သော် စကားပြောပုံကို ကြည့်ရုံနှင့်တင် သူစိမ်းတွေ မဟုတ်မှန်း သူ ရိပ်မိသည်။
စကားပြောနေရင်းမှ ဗြုန်းခနဲ ဆိုသလို ထိုမိန်းကလေးက နေသူရိန်မင်းခန့် ဆံပင်ကို လှမ်းပြီး ထိကိုင်လာသည်။ ဝေယံ ရင်ထဲ နာကျင်စွာ ပူလောင်သွားသည်။ ပို ထူးဆန်းတာက ထိုအပြုအမူကို နေသူရိန်မင်းခန့်က ငြင်းဆန်တာမျိုး မရှိဘဲ သူမ မိမိရရ ထိကိုင်လို့ ရအောင်ပါ ကိုယ်ကို ကိုင်းညွှတ်ပေးထားတာပဲ ဖြစ်သည်။
ဝေယံ နှလုံးသားက စူးခနဲ။
ယခု အချိန်မှာ သူ ခံစားလိုက်ရတာက အရှိန်ဖြင့် ပြေးလာသော လူ တစ်ယောက်အား ရင်ဝသို့ ဆောင့်ကန်ခံလိုက်ရသလို ပြင်းထန် နာကျင်စေသည့် အခြေအနေ တစ်ခုပဲ ဖြစ်သည်။ သူ လွင့်ထွက်သွားပြီ။ သူ နာကျင်သွားပြီ။ သူ ပြိုလဲကျသွားပါပြီ။
အာရုံ ခံစားမှု တစ်ခုလုံး တစိမ့်စိမ့် ပူလောင်လာသည်။ ထိုအသိအား ထပ်ပြီး ပူပြင်း တောက်လောင်လာစေသော အရာက အတိတ်မှ ဖြစ်ရပ်များ။
တစ်ယောက်ပြီး တစ်ယောက် အပျော် တွဲခြင်း ခံခဲ့ရသော နေသူရိန်မင်းခန့်၏ ရည်းစားဟောင်းများ။ ပစ်ပယ်ခံလိုက်ရသော ထိုမိန်းကလေးများ စာရင်းတွင် သူရော ပါဝင်တော့မည်လား။
ဘယ်လို လူကများ အစားအသောက် တစ်မျိုးတည်းကို နေ့တိုင်း စားချင်မှာလဲ
အချိန် ကြာလာရင် ငြီးငွေ့သွားမှာပဲလေ
နည်းနည်းလေး မော်ဒန်လ် အောက်သွားတာနဲ့ အသစ် ရအောင် လဲယူတတ်တာ ငါ့အကျင့်ပဲ
ယခင်က ပြောခဲ့ဖူးသော စကားများ။
နားထဲ စူးစူးနစ်နစ် တိုးဝင်လာသည်။
ဟုတ်ပါသည်။
ခန္ဓာကိုယ် တစ်ခုလုံးကို ပေးအပ်ပြီးပြီ ဆိုမှတော့ ဝေယံအောင် ဟူသော လူသားတွင် နေသူရိန်မင်းခန့် မက်မောစရာ ဘာများ ကျန်တော့မှာလဲ။
ရင်ဘတ်ကြီး တစ်ခုလုံး မွန်းကျပ်လာသည်။ အထဲမှာ မီးတောင်ကြီး တစ်ခု ပေါက်ကွဲနေသလို။ အပြင်သို့ မီးတောက်ကြီးပင် ထွက်ကျလာလောက်သည်။ အကယ်၍ ဖြစ်နိုင်ပါက ရင်ထဲ အေးမြသွားအောင် ရေခဲရေ တစ်ဂါလံလောက် လောင်းထည့်လိုက်ချင်သည်။
ဝေယံ ဆက်ပြီး ရပ်မကြည့်နိုင်တော့။
ခြေလှမ်းများကို ရှေ့သို့ တိုးကာ ရင်ဆိုင် ဖြေရှင်းရမည့်အစား နောက်သို့ ဆုတ်လျက် ထွက်ပြေး တိမ်းရှောင်လာမိတော့သည်။
~•~ ~•~ ~•~
နေသူရိန်မင်းခန့် ခြံထဲသို့ ကားဖြင့် မောင်းဝင်လာခိုက် လျှောက်လမ်းမှာ အိမ်အကူ နှစ်ယောက်နှင့် ဆုံသည်။ အိမ် ပြန်ဖို့ ထွက်လာကြတာပဲ ဖြစ်၏။ ခေါ်ယူထားသော အစေခံများက အိမ်မှာ မနေ။ အချိန်ပိုင်းသာ ဖြစ်သည်။ ထို့ပြင် လုပ်အားခကို နာရီဖြင့် ရှင်းရသည်။
နေသူရိန်မင်းခန့် အစေခံများကို တစ်ချက် အသိအမှတ်ပြုရုံ နှုတ်ဆက်လျက် အိမ်ထဲသို့ ဝင်လာလိုက်သည်။
ဧည့်ခန်းသို့ သူ ရောက်သည့်အခါ အံ့သြသွား၏။
ဝေယံ ရှိမနေ။
ယခင်ကဆို တံခါးဝမှာ ရပ်စောင့်ရင်း အမောပြေအောင် နှုတ်ဆက် အနမ်းဖြင့် အမြဲ ကြိုဆိုတတ် သူ ဖြစ်သည်။
ယခု ဘယ်များ ရောက်နေပါလိမ့်။
"ယံ"
နေသူရိန်မင်းခန့် အော်ခေါ်လိုက်သည်။
ပြန်ထူးသံ မကြားရ။
"ဘေဘီ"
လှုပ်ရှားမှု တစ်ခုပင် မရှိ။
"ကျွန်တော် အိမ် ပြန်ရောက်ပြီနော်"
ကုတ်အရှည်ကို တိုင်မှာ ချိတ်လျက် အိမ် အောက်ထပ်ကို အကဲခတ်မိသည်။ ဘယ်သူမှ ရှိမနေ။ ကြည့်ရတာ အပေါ်ထပ်မှာပဲ ဖြစ်လိမ့်မည်။
အိပ်ခန်းသို့ နေသူရိန်မင်းခန့် ရောက်တော့ အခန်းမှာ မီး အလင်းရောင် မရှိ။ ခန်းဆီး လိုက်ကာများ ချထားတာကြောင့် သဘာဝ အလင်းရောင် မဝင်နိုင်ဘဲ ပိန်းပိတ်ထူအောင် မဲမှောင်နေတာပဲ ဖြစ်သည်။
"ယံ . . ဒီမှာ ရှိလား"
ပြန်ဖြေသံ မလာ။ သို့သော် ဝေယံ ရှိနေတာကို နေသူရိန်မင်းခန့် ခံစားရသည်။ သာမန်ထက် ပြင်းထန်သော အသက်ရှူသံက နှစ်ယောက်အိပ် ခုတင်ဆီမှ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် လာသည်။ ဘာတွေ စိတ်ကောက်နေပြန်ပြီလဲ မသိ။
အမှောင်ထဲမှာပဲ နံရံက မီးခလုတ်ကို နေသူရိန်မင်းခန့် နှိပ်ဖွင့်လိုက်သည်။ နှစ်ချီပြီး နေလာသည့် အိမ် ဖြစ်တာမို့ ဘယ်နေရာမှာ ဘာ ရှိသည် ဆိုတာ သူ အလွတ်ရသည်။ ရုတ်တရက် ထိန်လင်းသွားသော ဖန်လုံး မီးရောင် အောက် ဝေယံ့ကို သူ မြင်လိုက်ရသည်။ နေသူရိန်မင်းခန့် တစ်ကိုယ်လုံး တောင့်တင်းသွားတော့၏။
ဝေယံက ခုတင်ကြီး ဘေးမှာ ဒူးထောက်လျက် မျက်နှာကို မွေ့ရာပေါ် အပ်ထားသည်။ ပင်ပန်းတကြီး အသက်ကို ရှိုက်ကာ ရှိုက်ကာ ရှူနေရတာကြောင့် ကျောပြင်မှာ တသိမ့်သိမ့် တုန်ခါနေသည်။
"ယံ . . ဘာဖြစ်တာလဲ"
လျင်မြန်သော အရှိန်ဖြင့် အနားသို့ နေသူရိန်မင်းခန့် တိုးကပ်မိသွားသည်။ လက်မောင်း တစ်ဖက်မှ ဆွဲထူတော့ ခန္ဓာကိုယ်မှာ နှင်းစိုသော စက္ကူစ တစ်ခုလို ပျော့ခွေစွာ ပါလာသည်။ မျက်နှာကို စေ့စေ့ ကြည့်ဖို့ ကြိုးစားချိန် ပါးပြင်မှ မျက်ရည်စတို့ကို မထင်မှတ်စွာ မြင်လိုက်ရသည်။ နေသူရိန်မင်းခန့် နှလုံးသားက လည်ပင်းဆီသို့ ဆောင့်တက်သွားပြီး စိုးရိမ် ပူပန်စိတ်တို့ ချက်ချင်း ဖြာဝေလာသည်။
"ဘယ်သူက ဘာလုပ်လို့လဲ"
တိုးတိုးတိတ်တိတ် မေးခွန်း အဆုံး နေသူရိန်မင်းခန့် လက်ကို ဝေယံ ပုတ်ထုတ်လိုက်သည်။ သေချာသည်။ တရားခံက သူပဲ ဖြစ်၏။
ဘယ်အချိန်ကတည်းက ငိုထားမှန်း မသိ။ နှာခေါင်းထိပ်ကလေးပင် ရဲနေတော့သည်။ ထိုမျှမက မျက်လုံးများကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်ထားတာမို့ မျက်တောင်မွှေးတို့ ကျွတ်နေသေး၏။ မျက်ခမ်းစပ်မှာ တစ်ခု။ မျက်ခုံးစွန်းတွင် တစ်ခု။ နှမြောစရာကောင်းစွာ ကပ်ငြိနေတော့သည်။
"ယံ ကျွန်တော့်ကို စိတ်ဆိုးနေတာလား၊ ဒီလို မနေဘဲ ပြောပြလေနော်"
ဝေယံ တွေတွေကြီး ငြိမ်နေခိုက် ရင်ခွင်ထဲ ဆွဲသွင်းဖို့ နေသူရိန်မင်းခန့် ကြိုးစားမိသည်။ သို့သော် မအောင်မြင်။ အထိ မခံဘဲ ချက်ချင်း ရုန်းကန်ပစ်သည်။
"ယံ . . အချိန် တစ် မိနစ်ကို ဝမ်းနည်းစရာ အတွေးတွေနဲ့ပဲ ဖြတ်သန်းနေမယ် ဆိုရင် . . စိတ်ချမ်းသာစရာ စိတ်ကူးတွေအတွက် အချိန် စက္ကန့် ခြောက်ဆယ်စာ ဆုံးရှုံးလိုက်ရမှာနော်၊ အဲ့ဒီလို ဖြစ်ချင်လို့လား"
စကား အဆုံး ဗြုန်းခနဲ ဝေယံ လှည့်ကြည့်လာသည်။ တင်းမာသော မျက်လုံးများက နေသူရိန်မင်းခန့်ကို တစ်ချက် တုန်လှုပ်သွားစေသည်။ မဲနက်သော မျက်လုံးအိမ်၏ အတွင်းနက်နက် တစ်နေရာမှ လှုပ်ရှားမှု တစ်ခု။ အဲ့ဒါ ဝမ်းနည်းမှုတွေ မဟုတ်။ အဲ့ဒါ ဒေါသတရားတွေပဲ ဖြစ်သည်။
"ယံ . ."
"ပြောစမ်း . . ၊ အဲ့ဒီမိန်းမက ဘယ်သူလဲ"
ဝေယံ ရုတ်တရက် အော်ငေါက်လာသည်။
"ဟမ် . ."
ပထမတော့ ဝေယံ ဆိုလိုတာကို နေသူရိန်မင်းခန့် နားမလည်။
"မင်းနဲ့ ခြံ ရှေ့မှာ ရပ်ပြီး စကားပြောနေတဲ့ မိန်းမလေ၊ သူမက ဘယ်သူလဲ၊ ဘယ်သူမလို့ ဒီလောက်အထိ ပူးပူးကပ်ကပ် ဖြစ်နေရတာလဲ၊ ငါ့နောက်ကွယ်မှာ ဖောက်ပြန်ချင်နေတာလား . . ဟမ်"
နောက်မှ သဘောပေါက်တော့သည်။
တိတိကျကျကြီးကို သဘောပေါက်သွားတာပဲ ဖြစ်သည်။
"ဟ ဟား ဟား ဟား . . ၊ ဟား ဟ ဟ . . ၊ ဟား ဟား ခွီး"
လူကို ရှေ့မှာ ထားလျက် ရုတ်တရက်ကြီး တဟားဟား ရယ်ချလိုက်သည့် နေရိန်မင်းခန့်ကြောင့် ကျချင်နေသော ဝေယံ မျက်ရည်များ ခဏ တန့်သွားရသည်။ သူ မှုန်မှိုင်းသော မျက်နှာဖြင့် မကျေမချမ်း စိုက်ကြည့်မိသွားသည်။
"ဘာလို့ ရယ်နေတာလဲ၊ ငါ့ကို လှောင်နေတာလား"
နေသူရိန်မင်းခန့် ချက်ချင်း အရယ် ရပ်ကာ ညင်သာစွာ ငုံ့ကြည့် ဖြေသည်။
"ဝမ်းသာလို့ပါ၊ ယံ ကျွန်တော့်ကို ဒီလိုမျိုး သဝန်တိုတာ အရမ်း ပျော်တာပဲ"
ကြင်နာစွာ ပြုံးရင်း နှစ်သိမ့်လိုက်သော နေသူရိန်မင်းခန့် စကား အောက် ဝေယံ၏ ဝမ်းနည်းခြင်း မီးတောက်က ဖျတ်ခနဲ ငြိမ်းသည်။ ရုတ်တရက်ပဲ နေသူရိန်မင်းခန့် သူ့ကို ရင်ခွင်ထဲ ဆွဲယူ ပွေ့ဖက်သည်။ တင်းကျပ် နွေးထွေးစွာ ဖက်တွယ်ထားချိန် လက် တစ်ဖက်က ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးနေပြီး အခြား လက် တစ်ဖက်က ပါးပြင်မှ မျက်ရည်များကို တယုတယ သုတ်ပေးသည်။
"တကယ်တော့ . . သူမက ကျွန်တော့် သူငယ်ချင်း ဖူဂျိုရှီမလေးလေ၊ ယံမလို့ သူမနဲ့ အထင်မှားရတယ်လို့"
နေသူရိန်မင်းခန့် စကားကို ဝေယံ မယုံချင်သေး။
"သူငယ်ချင်းဆို ဘာလို့ ဆံပင်ကို အထိခံရတာလဲ၊ ငါ မကြိုက်ဘူး ဆိုတာ မင်း မသိဘူးလား"
နေသူရိန်မင်းခန့် မျက်မှောင်ချီလျက် သူ့ကို ခပ်ဆဆ ကြည့်သည်။
"တကယ်ဆို . . မကြိုက်ရမယ့် လူက ကျွန်တော်ပါ"
ဝေယံ နားမရှင်း ဖြစ်သွားသည်။
"ဘာလို့ . ."
"သူက ယံ့ကို မမြင်ဖူးပေမယ့် . . ကျွန်တော် ပြောပြထားတာတွေကြောင့် ချစ်စရာ Uke လေး ဆိုပြီး ယံ့ကို တအားတွေ သဘောကျနေတာလေ၊ နောက်ပြီး . . ကျွန်တော့် ဆံပင်ကို ကိုင်တယ် ဆိုတာကလည်း ယံ ညှပ်ပေးထားတဲ့ လက်ရာကို ချီးကျူးနေတာ"
နေသူရိန်မင်းခန့် ဝေယံ၏ နဖူးကို ညင်သာစွာ ဖွဖွလေး နမ်းရင်း ပြုံးနေသည်။
"မထူးဆန်းဘူးလား၊ ကျွန်တော့် အကြောင်းကို လူတကာထက် ပို သိရက်နဲ့ ယံ့ဘဝထဲ တစ်စိတ်တစ်ပိုင်းတောင် ပါဝင်ခြင်း မရှိခဲ့တဲ့ လူ တစ်ယောက်ရဲ့ အပြုအမူ အောက်မှာ လဲပြိုကျသွားတာလေ"
နေသူရိန်မင်းခန့် ရှင်းပြအပြီးမှာ သဝန်တိုမိခြင်းအပေါ် ဝေယံ ရှက်ရွံ့ ဝမ်းနည်းမိသွားသည်။ ပါးပြင်များ နွေးခနဲ ပူသွားတာမို့ နေသူရိန်မင်းခန့် ရင်ခွင်ထဲ မျက်နှာ အပ်လျက် ဖိကပ် ပုန်းခိုလိုက်မိသည်။
"ငါ တောင်းပန်ပါတယ်၊ မင်းအပေါ် မယုံကြည်သလို ဖြစ်သွားတယ်"
"မဟုတ်တာဘဲ၊ စိတ်ဆိုးစရာ တွေ့လို့မှ စိတ်မဆိုးတတ်ရင် . . ရယ်စရာ တွေ့လို့မှ မရယ်တတ်ရင် . . အဲ့ဒါ လူ မဟုတ်ဘူးလေ၊ နောက်ဆို များများ သဝန်တိုပါ၊ ယံ ကျွန်တော့်ကို သဝန်တိုတာ ကျွန်တော် အရမ်း သဘောကျတယ်"
ထပ်ပြီး သဝန်တိုရဦးမည်လား။
ချစ်သူ သမီးရည်းစားတို့ အကြားမှာ ဒီလို ကိစ္စမျိုးက ဖြစ်လေ့ရှိတာကို ဝေယံ နားလည်ပါသည်။
ဒီတစ်ခါ ဖြစ်သည့် ပြဿနာက အထင်လွဲမှု ဖြစ်တာမို့ လွယ်လွယ် အဆင်ပြေသွားခဲ့ပေမယ့် အနာဂတ်တွင် စောင့်ကြိုနေသည့် ပြဿနာများကရော ဒီလို လွယ်ကူစွာ အဆင်ပြေနိုင်ပါ့မလား။ နေသူရိန်မင်းခန့်အပေါ် ဝေယံ စိုးရိမ်စိတ် ဝင်မိသည်။
အိမ်ထောင်ရေး တစ်ခုမှာ သုံးနှစ် ကျော်လာပါက ယောကျာ်း အများစုက ဖောက်ပြန်တတ်ကြသည် ဟု စာအုပ်တွေထဲ ဝေယံ ဖတ်ခဲ့ရသည်။ ချစ်လွန်းအားကြီး၍ မဖောက်ပြန်ဘူး ဆိုလျှင်တောင် သာမန်ထက် ချောမော ခန့်ညားနေသော နေသူရိန်မင်းခန့် ရုပ်ရည် သွင်ပြင်က မိန်းကလေးများကို ဆွဲဆောင်ထားနိုင်မှာ အသေအချာ။
လတ်တလောတွင် ဝေယံ့မှာ နေသူရိန်မင်းခန့် လွတ်ထွက်မသွားဖို့ ချည်နှောင်စရာ ဘာတစ်ခုမှ မရှိသေး။ သာမန် မိန်းမတွေလို သူလည်း ကလေး မွေးနိုင်လျှင် အကောင်းသား။ အကယ်၍ ရင်သွေး ရှိလာပါက ကလေး အဖေ ဟူသော ဂုဏ်ပုဒ်ဟာ နေသူရိန်မင်းခန့်အပေါ် ကိန်းဝပ်နေသော မိန်းကလေး အများစု၏ စိတ်ဝင်စားမှုကို အဟန့်အတား ဖြစ်စေမှာ သေချာသည်။
"သူရိန် . . ငါ ကလေး လိုချင်တယ်"
ထိုစကားကို သူ၏ နှုတ်မှ ထွက်လာသည် ဟု ဝေယံ မယုံချင်။
နေသူရိန်မင်းခန့် အံ့သြ ကြောင်အစွာ ငေးကြည့်လာသည်။ ထို့နောက် တစ်ခုခုကို သဘောပေါက်ပုံဖြင့် ရင်ခွင်ထဲ ထည့်ထားရာမှ ဆွဲထူရင်း ခန္ဓာကိုယ် တစ်ခုလုံး ခုတင်ပေါ် မတင်ကာ နှုတ်ခမ်းများကို စုပ်ယူ နမ်းရှိုက်လာသည်။ ဝေယံ အောင့်သက်သက်ဖြင့် ငြင်းဆန်လိုက်ရသည်။
"ဘာလုပ်တာလဲ"
"ယံပဲ ကလေး လိုချင်တယ်ဆို . . ၊ ကျွန်တော် ရအောင် လုပ်ပေးမလို့လေ"
တိမ်မြှုပ်နေသော ဒေါသများ ထောင်းခနဲ။ အပေါ်မှ လေးလံ ပိကျပ်သော ခန္ဓာကိုယ်၏ တွန်းဖိမှုမှ ဝေယံ အမြန် ရုန်းထွက်လိုက်ရသည်။
"ငါ ဆိုလိုတာ အဲ့ဒါ မဟုတ်ဘူး၊ တကယ် ကလေး တစ်ယောက် လိုချင်တာ"
"ကောင်းပြီလေ၊ သားသား လိုချင်လား၊ မီးမီး လိုချင်လား"
ဘာဘာညာညာ မမေးဘဲ ချက်ချင်း လိုက်လျောလိုက်သည့် နေသူရိန်မင်းခန့်၏ မေးခွန်း ဆန်သော အဖြေကြောင့် ဝေယံ အံ့သြသွားရသည်။
နေမင်းကြီးက သူ လိုချင်တာ မှန်သမျှ ငြင်းဆန်ခြင်း မရှိဘဲ အမြဲလိုလို လိုက်လျော ဖြည့်ဆည်းပေးနေကျ ဖြစ်ပေမယ့် ယခု ကိစ္စအပေါ် လွယ်လွယ်ကူကူ သဘောတူလိုက်ခြင်းကတော့ . . ။
"ဘာလို့ ကလေး လိုချင်တာလဲ မမေးတော့ဘူးလား . . သူရိန်"
"တချို့ စကားလုံးတွေက နှုတ်က ထုတ်ပြောနေဖို့ မလိုဘဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်တယ်လေ"
နေသူရိန်မင်းခန့် ပြုံးသည်။ သိမ်မွေ့သော အပြုံးမှာ ချစ်သူ တစ်ယောက်ကို ပြုံးပြသော အပြုံးမျိုးထက် နက်ရှိုင်းစွာ ချစ်မိသည့် အိမ်ထောင်ဘက် တစ်ယောက်အား အရာရာ ဖြည့်ဆည်း ဖန်တီးပေးချင်သည့် အပြုံး တစ်ခုပဲ ဖြစ်သည်။
"ယံသာ ပျော်မယ်ဆို . . ဘာမဆို ဖြည့်ဆည်းပေးမှာ၊ ကျွန်တော် အဆင်မပြေနေရင်တောင် ယံကတော့ ပျော်နေမှ ဖြစ်မယ်"
ဝေယံ မမျှော်လင့်ခဲ့သော စကား ဖြစ်သည်။
နေသူရိန်မင်းခန့်ကို ကြည်နူးစွာ သူ မော့ကြည့်မိသွားသည်။
"သူရိန် . . မင်းကတော့လေ၊ နေ့ရက်တိုင်းမှာ မင်းကို ပိုပိုပြီး ချစ်လာအောင် လုပ်နေတော့တာပဲ"
နေသူရိန်မင်းခန့် ရယ်သည်။ ထို့နောက် ဝေယံ မျက်နှာကို နဂိုအတိုင်း ရင်ခွင်မှာ မှီတွယ် ခိုဝင်စေပြီး ဆံစတို့ကို လက်ချောင်းများဖြင့် အသာအယာ ဆော့ကစားသည်။
"ယံ သိလား၊ ကျွန်တော့် ဘဝရဲ့ ဖြစ်ခဲ့ဖူးသမျှ ကိစ္စတွေထဲမှာ အကောင်းဆုံး အရာက ယံ့ကို ချစ်မိခြင်းပဲ"
တစ်ဆက်တည်းမှာပဲ စိုးမိုး ညှို့ယူသော အနမ်းများဖြင့် သိမ်းပိုက်လာသည်။ ဒီတစ်ခါတော့ ဝေယံ မစိမ်းကားနိုင်တော့။ တမြတ်တနိုး ရူးသွပ်စွာ ခံယူမိသည်။
~•~ ~•~ ~•~
"ယံ"
မီးဖိုးခန်းမှ အထွက် ရုတ်တရက် လှမ်းခေါ်သော နေသူရိန်မင်းခန့် ခေါ်သံကြောင့် ဝေယံ ဧည့်ခန်းသို့ လျှောက်လာခဲ့သည်။ နေသူရိန်မင်းခန့်နှင့် အတူ ဧည့်ခန်းရှိ မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်နေသော လူက အစ်မ မာယာဆူး။ ဝေယံ အံ့သြ ပျော်ရွှင်သွားသည်။
"မမ ဘယ်တုန်းက ရောက်တာလဲ"
"အခုပဲ Yang Yang"
နေသူရိန်မင်းခန့် ဘေးမှာပဲ ဝေယံ ဝင်ထိုင်လိုက်သည်။ ထိုအချိန်မှ မာယာဆူး အနားတွင် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက် ရှိနေတာကို သူ သတိထားမိသွားသည်။
ဖြောင့်စင်းသော အနက်ရောင် ဆံပင်ရှည်နှင့် ကလေးမလေးက မာယာဆူးလို ဖွေးဥ ဖြူစင်းသော အသားအရောင် မရှိ။ ဝင်းဝါလျက် မြန်မာဆန်သည့် အသားအရေကိုသာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် မျက်နှာကို ဝေယံ မမြင်ရ။ သူမက ရှက်ရွံ့စွာ မာယာဆူး၏ ခန္ဓာကိုယ် အနောက်သို့ ပုန်းကွယ်နေသည်။
"သမီးရေ ဖေဖေတို့ကို နှုတ်ဆက်လိုက်ဦးလေ"
မာယာ စကားကြောင့် ဝေယံ မျက်ခုံး နှစ်ဖက်စလုံး မြင့်တက်သွားသည်။ နေသူရိန်မင်းခန့်ကို လှမ်းကြည့်တော့ ပိုပြီး မှင်တက်ရသည်။ အဓိပ္ပါယ် ဖော်ဆောင်နေသော မျက်လုံးများက အစ်မဖြစ်သူထံ သူကိုယ်တိုင် အကူအညီ တောင်းထားခြင်း ဖြစ်သည် ဟု ပြောနေသယောင်ယောင်။
"သမီးက နည်းနည်း အနေစိမ်းနေလို့ ဖေဖေတွေကို ရှက်နေတာ ဖြစ်မယ်၊ ဂေဟာမှာဆို သူမက သိပ် သွက်တဲ့ ကလေးလေးပဲ၊ လိမ္မာရေးခြားလည်း ရှိတယ်၊ သူမ စရောက်စတည်းက မမ စောင့်ကြည့်လာတာ . . သုံးနှစ်လောက်တော့ ရှိရော့မယ်"
မာယာဆူးက တိုကျိုမြို့တွင် ဖွဲ့စည်း ထူထောင်ထားသော ကလေးသူငယ် ညင်းပန်း နှိပ်စက်မှု ပပျောက်ရေးနှင့် ပြုစု ပျိုးထောင်ရေး အဖွဲ့အစည်းကြီး တစ်ခု၏ တက်ကြွ လှုပ်ရှားသူ ဖြစ်သည်။ လစဉ်လတိုင်း အလှူငွေများ မပြတ် ထောက်ပံ့တတ်ပြီး ထိုအဖွဲ့အစည်း၏ ပဲ့ကိုင်ရှင် ဟု ခေါ်ထိုက်သူ တစ်ဦး ဖြစ်သည်။
"ပို ထူးဆန်းတာက သမီးက မြန်မာမလေး ဖြစ်နေတာလေ၊ ဂျပန် စကားရော . . မြန်မာ စကားပါ ကောင်းကောင်းမွန်မွန် ပြောတတ်တယ်"
ဝမ်းသာအားရ ပြောလာသည့် မာယာဆူး အပြောကို ဝေယံ မအံ့သြမိတော့။ သူမ လက်မောင်း နောက်မှ တစ်ချက်တစ်ချက် ချောင်းကြည့်တတ်သော ကလေးမလေး၏ ရွှန်းလက်သော မျက်လုံးကလေး၊ မျက်ခုံးကလေးနှင့် နှာတံကလေးများက မြန်မာမလေး ဖြစ်ကြောင်း ငြင်းမရအောင် ထောက်ခံနေလေသည်။ ထိုမျှမက ထူထဲသော နှုတ်ခမ်းလွှာ အောက်ရှိ ညာဘက် မေးစေ့ အလယ်စွန်းစွန်းတွင် မှဲ့နက်လေး တစ်လုံးပါ ရှိနေသေးသည်။
ကြည့်စမ်းပါဦး။
သိပ် ချစ်စရာကောင်းသည့် ကလေးမလေးပါ့လား။
ဝေယံ ပြုံးပြတော့ မျက်နှာ ဝှက်လျက် ပြန်ပြီး ပုန်းခိုသွားသည်။
"ငါ့အထင် Yuu နဲ့ အသက် အတူတူပဲ ဖြစ်မယ်"
နေသူရိန်မင်းခန့် အပြော နောက်မှာ မာယာ ပြုံးသွားသည်။
"ဟုတ်ပ၊ ဒါ့ကြောင် ပိုပြီး သံယောဇဉ် ဖြစ်ရတာလေ"
ဒါဆို သူမက ရှစ်နှစ် သမီးလေးပဲ ဖြစ်ရမည်။
"သမီးကို မွေးစားတာနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းသွားမှာတော့ စိတ်ပူစရာ မရှိဘူး၊ ဂေဟာကို ရောက်လာကတည်းက ငါကိုယ်တိုင် ပြုစု ပျိုးထောင်ပေးလာတာ၊ အပြုအမူရော . . ကိုယ်ရည်ကိုယ်သွေးပါ အမှတ်ပြည့်ပဲ"
နေသူရိန်မင်းခန့် ခပ်မဲ့မဲ့ ရယ်သည်။
"ဒါဆို သေချာတယ်၊ ကလေးက နင့်လို ခေါင်းမာပြီး တစ်ဇွတ်ထိုး ဆန်တော့မှာပဲ"
"ကောင်စုတ် . ."
မာယာ မျက်စောင်းက မောင်ဖြစ်သူထံ ဒိုင်းခနဲ လွင့်စဉ်လာသည်။ နေသူရိန်မင်းခန့် ထိုမျက်စောင်းကို ရှောင်တိမ်းသည့် ပုံစံ လုပ်ရင်း ဝေယံ့ ပခုံးပေါ် ခေါင်း မှီကာ အစ်မဖြစ်သူအား လျှာထုတ် ပြောင်ပြသည်။
"စကားမစပ် ကလေးက ဘာလို့ အသား မဲနေရတာလဲ"
"ဟဲ့ . . ဒီလို ပြောစရာလား၊ သမီးကို စိတ်ဒဏ်ရာ ရသွားအောင်၊ နင် မသိဘူးလား၊ ဒါ . . ကမ္ဘာပေါ်မှာ အလှဆုံးလို့ တင်စားထားတဲ့ Gloden Brown ရွှေဝါရောင် အသားအရေလေ"
မာယာက ကလေးမလေး၏ လက်မောင်းကလေးကို ထိကိုင်ရင်း အပြစ် မရှိသည့် တရားခံအား တရား မျှတမှု ရအောင် ကြိုးစားပေးတော့မည့် ရှေ့နေ တစ်ယောက်လို ပြောလာသည်။
"နင် . . ကလေး အဖေ လုပ်ဖို့ အဆင်သင့် ဖြစ်ပြီ ဆိုတဲ့ စကားကရော သေချာရဲ့လား . . Aka"
"ဘာဆိုင်လဲ၊ ကလေးက ငါတို့နဲ့ ယှဉ်ရင် မဖြူတာတော့ အမှန်ပဲလေ"
ဝေယံ ငြိမ်ပြီး မနေနိုင်တော့။
ဝင်ပြောမှ ဖြစ်မည် ဟု တွေးသည်။
"သူရိန် . . ကလေးကို တခြားသူနဲ့ မခိုင်းနှိုင်း မနှိုင်းယှဉ်နဲ့လေ၊ လူတိုင်းမှာ ကိုယ်ပိုင်ဟန်တွေ ရှိကြပါတယ်၊ အဓိက အရေးကြီးတာ . . ကိုယ်နဲ့ သင့်တော်တဲ့ ခြားနားချက်ကို ရှာတွေ့ဖို့ပဲ လိုတာပါ"
"မြင်လား၊ Yang Yang ကမှ သိသေး . ."
မာယာ ထောက်ခံသလို ပြောတော့ နေသူရိန်မင်းခန့် ပြုံးသည်။ ကလေးမလေးအပေါ် ဝေယံ လက်ခံသည် ဆိုတာ သိနိုင်ဖို့ စမ်းသပ်သည့် နည်းလမ်းက အလုပ် ဖြစ်သည် ဟု ပြောရမည်။
"ကြည့်ရတာ ကလေးကို ယံ ချစ်တယ် ထင်တယ်၊ မွေးစားဖို့ သဘောတူမယ် မဟုတ်လား"
ဝေယံ ခေါင်း ဘယ်နှခါ ညိတ်မိမှန်းပင် မသိတော့။ ကလေးမလေးကို စမြင်ကတည်းက သမီးလေးအဖြစ် လိုချင်ခဲ့သည့် စိတ်ဆန္ဒကို သူသာ အသိဆုံး ဖြစ်သည်။
"ကဲ . . သမီးရေ ဒီမှာ ကြည့် . . ၊ ဖေဖေတို့နဲ့ မိတ်ဆက်ရအောင်၊ ဒီက လူချောလေး နာမည်က ယံတဲ့၊ သမီးရဲ့ ဖေဖေပေါ့"
ကလေးမလေးက မျက်နှာ ဝှက်ထားရာမှ နည်းနည်းချင်း ခေါင်းငဲ့ကာ ဝေယံ့ကို ကြည့်သည်။ သူ ကြည်နူး ချစ်ခင်စွာ ပြုံးပြ နှုတ်ဆက်လိုက်သည်။
"သူကတော့ နေသူရိန်မင်းခန့်၊ သမီးရဲ့ ဖေဖေကြီး ဖြစ်လာမှာ"
"တွေ့ရတာ ဝမ်းသာပါတယ်၊ မင်းက ချစ်စရာလေးပဲ"
"ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်လေ . . သမီး"
မာယာက ကလေးမလေး၏ ဆံနွယ်များကို ချစ်စနိုး သပ်ပေးလျက် တိုက်တွန်းသည်။
"ကျေးဇူးတင်ပါတယ်"
အသံက သေးသေးလေး။
ပုံစံလေးအတိုင်း ချစ်စရာ ဖြစ်သည်။
နေသူရိန်မင်းခန့်နှင့် မာယာတို့ နှစ်ယောက် ဧည့်ခန်း၌ ကလေးငယ်အား တရားဝင် မွေးစားဖို့ စာချုပ်စာတန်းများဖြင့် အလုပ်ရှုပ်နေချိန် ဝေယံ ကလေးမလေးကို လက်မှ ဆွဲကာ ထမင်းစားခန်းသို့ ခေါ်လာခဲ့သည်။ ဝေယံ၏ လက်သန်းကို ကောင်မလေးက သူမ လက်သေးသေးလေးများဖြင့် ချိတ်လျက် တကောက်ကောက် လိုက်လာသည်။
"သမီး ကွတ်ကီး ကြိုက်လား"    
တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးဖို့ဆို အစားအစာများဖြင့် သွေးဆောင် မြူဆွယ်တာက အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်။
ဝေယံ အစောပိုင်းကမှ ဖုတ်ထားသည့် ကွတ်ကီးများကို ပန်းကန်ထဲ သေသပ်စွာ ထည့်လျက် ကလေးမလေးထံ ကမ်းပေးလိုက်သည်။ ကွတ်ကီးများက ချစ်စဖွယ် အကောင်လေးများ ဖြစ်၏။
ပင်ကွင်း၊ ဇီးကွက်၊ ယုန်ကလေးများနှင့် ရွှေငါးလေးများ။
"စားလို့ ကောင်းရဲ့လား"
ဝေယံ နို့အေးအေးလေးပါ ငှဲ့ပေးလိုက်သည်။
"ဟုတ်၊ သိပ် ကြိုက်တာပဲ"
သူမက ကွက်ကီးများကို ဖြည်းဖြည်းချင်း စားပြီး နို့အေး ဖျော်ရည်ကို အဝ သောက်သည်။ အားလုံး စားပြီးချိန်မှာတော့ သူတို့ နှစ်ဦးဆီ နေသူရိန်မင်းခန့် ရောက်လာသည်။
"အားလုံး ပြီးသွားပြီလား သူရိန်"
နေသူရိန်မင်းခန့် ခေါင်းညိတ်လျက် စားပွဲမှာ ဝင်ထိုင်သည်။
"Sue လေးက အခုကစပြီး ကျွန်တော်တို့ရဲ့ သမီး ဖြစ်သွားပြီ"
"နာမည်က Sue တဲ့လား"
"အင်း . . ဂေဟာက နာမည်လေ၊ ဒါပေမယ့် အခုကစပြီး Sue မဟုတ်တော့ဘူး၊ နာမည် ပြောင်းရမယ်"
နေသူရိန်မင်းခန့် ကလေးမလေးကို တစ်ချက် စောင်းငဲ့ ကြည့်ပြီး ပြုံးသည်။
"နန်းယုဝေ"
လှလိုက်သည့် နာမည်လေး။
ဝေယံပါ ထပ်တူ ရေရွတ်မိသည်။
"နန်း ယု ဝေ"
"အခုကစပြီး မင်းက နန်းယုဝေ ဖြစ်သွားပြီ"
နန်း
နန်းဆန်ခြင်း အငွေ့အသက်တို့ ကိန်းဝပ်နေပြီး
ယု
ယုယ မြတ်နိုးခြင်း ပန်းတို့
ဝေ
ဝေဆာနေမည့် ကောင်မလေး တစ်ယောက်ပဲ ဖြစ်သည်။
ထိုအချိန်မှ စပြီး နေသူရိန်မင်းခန့်နှင့် ဝေယံအောင်တို့၏ အိမ်ထောင်ရေးတွင် နန်းယုဝေ ဆိုသော သမီးလေး တစ်ယောက် ရှိလာခဲ့တော့သည်။
~•~ S U N ~•~
5 / January / 2021
8 : 16 PM
Continue Reading
You'll Also Like
895K 47.6K 43
122K 7.1K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...
234K 18.1K 38
ရည်​မှန်းချက်​တူညီခဲ့တဲ့ သူတို့နှစ်​​ယောက်​။ ဘဝ​လျှောက်​လမ်း မတူညီတဲ့ သူတို့နှစ်​​ယောက်​။ အရမ်းချစ်​ကြတဲ့ သူတို့နှစ်​​ယောက်​။ ဘာဆက်​ဖြစ်​ကြမှာလဲ...
29.7K 1.5K 21
Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်၊ ကြောက်တက်တဲ့ ဂျပန်ကို...